This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 3, 2013

ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့

ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများနှင့် အတူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ

 ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူမှာ ဦးအောင်သာဖြူ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

“ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကပါ။ ပလက်ဝမြို့နယ် သရော်အိုင်မှာ ဦးကျော်သိန်းညွှန့် စက်လှေ ပေါ်က ဖမ်းမိတာပါ။ ကျည်ဆံက ၃၀၀ တောင့်ပါ။ ပိုင်ရှင်က ဦးအောင်သာဖြူ ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ကျည်ဆံများကို ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ခိုးထုတ်စဉ် စက်လှေပေါ်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ တပ်ထဲမှာ ကျည်ဆံများကို ခိုးထုတ်ပြီး အပြင်တွင် ရောင်းချရန် စီစဉ်နေသည့် ကျောက်တော်မြို့နယ် လမ်းမတော်ရွာမှ ဒေါ် မအေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က ကျဉ်ဆန် ၃၀၀ နှင့် အတူ ဖမ်းဆီးမိခဲ့သည်။

အဆိုပါကျည်ဆံများသည် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ သူမ၏ ခဲအိုတော်စပ်သူ တပ်ကြပ်ကျော်ဝေမှ ခိုးထုတ်ထားသော ကျည်ဆံများ ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် တပ်ကြပ်ကျော်ဝေကို ရဲက ဖမ်းဆီးခဲ့သည်။

နှစ်လုံး/သုံးလုံး လောင်းကစား ဒိုင်ကြီးအား အဖွဲ့များခွဲ၍ ၀င်ရောက်ဖမ်းဆီး အရေးယူ ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ (၂၉)လမ်း၊ (၃)လွှာရှိ အမှတ်(၁၀၀)နေအိမ် သို့ ၀င်ရောက်ရှာဖွေ

Thursday, 1 August 2013

ပန်းဘဲတန်းမြို့နယ်ရှိ လောင်းကစား ဒိုင်ကြီးအား ဖမ်းဆီး အရေးယူ

ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံး လောင်းကစား ဒိုင်ကြီးအား အဖွဲ့များခွဲ၍ ၀င်ရောက်ဖမ်းဆီး အရေးယူ ရန်ကုန်၊ သြဂုတ် ၁

၁.၈.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂) နှင့် အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်း အကူဌာနမှ တပ်ဖွဲ့ဝင်များသည် ပန်းဘဲတန်း မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ အဖွဲ့များခွဲကာ လောင်းကစား သတင်းအရ သက်သေများနှင့် အတူ ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ (၂၉)လမ်း၊ (၃)လွှာရှိ အမှတ်(၁၀၀)နေအိမ် သို့ ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ်၏ ၀ဲဘက်ခြမ်းတွင် နေမျိုးလွင်၊ (ဘ)ဦးသန်းလွင်၊ ပန်းဘဲတန်းမြို့နယ် နေသူနှင့် ထွန်းရွှေ၊ (ဘ)ဦးကြည်အေး၊ လသာမြို့နယ်နေသူတို့ (၂)ဦးအား နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ် ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေကျပ်(၁၃၈၁၀၀) တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၃/၂၀၁၃၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က)/ ၁၆(က) ဖြင့် အရေးယူထားရှိပါသည်။

ဆက်လက်၍ အဆိုပါနေအိမ်၏ ယာဘက်ခြမ်းတွင် ထွန်းသိန်း (ခ)ကစ္စနား (ဘ)ဦးမာရီပါး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စိုးဝင်း(ခ)ရှဖီး (ဘ)ဦးသန်းမြင့်၊ ပန်းဘဲတန်းမြို့နယ်၊ အီစမိုင်အင် (ဘ)ဦးရာကွပ်၊ ပန်းဘဲတန်းမြို့နယ်၊ အောင်ဝင်း (ဘ)ဦးလှမောင်၊ ပုဇွန်တောင်မြို့နယ်၊ ဗာလု (ဘ) ဦးရေနေမလယ်၊ မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ အောင်မြင့် (ဘ)ဦးဘစိန်၊ဒဂုံမြောက်မြို့နယ်၊ တမီးလ် (ဘ)ဦးဆာမိ၊ ဒလမြို့နယ်၊ ကျော်ကျော်လွင် (ဘ)ဦးသိန်းလွင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်ကြည် (ဘ)ဦးမောင်ပါ၊ ပန်းဘဲတန်းမြို့နယ်၊ ရာအိမ် (ဘ)ဦးအဒူရမန် သင်္ဃန်းကျွန်းမြို့နယ်၊ မောင်သန်း (ဘ)ဦးမြသိန်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မောင်တင် (ဘ)ဦးအဇူး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဥာဏ်ထွန်း (ဘ)ဦးချစ်လွန်း၊ လမ်းမတော် မြို့နယ်၊ သန်းအေး (ဘ)ဦးစိန်လှအောင်၊ ဒလမြို့နယ်၊ ဖာဂွန် (ခ)သန်းထွန်း (ဘ)ဦးနူမော်မက်၊ ပန်းဘဲတန်းမြို့နယ်၊ မတင်လှ (ဘ)ဦးရှိန်ဒါဝင်၊ ဒလမြို့နယ်၊ မဥမ္မာ (ဘ)ဦးကျော်၊သာကေတမြို့နယ်၊ စိုးရာဇာဝင်း (ဘ)ဦးမြင့်သန်း၊ မရမ်းကုန်းမြို့နယ်၊ ဇော်ဝင်း (ဘ)ဦးလှရွှေ၊ ပန်းဘဲတန်းမြို့နယ်၊ ခင်ဇော် (ဘ)ဦးတင်လှိုင်၊ သာကေတမြို့နယ်၊ တင်ငွေ (ဘ)ဦးခင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ လှဝင်း (ဘ)ဦးလှမောင်၊ ပန်းဘဲတန်းမြို့နယ်၊ မောင်အေး (ဘ)ဦးမြင့်သိန်း၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒိုင်ချုပ်ဖြစ်သူ ကျော်ကိုကို (ခ)အငယ်လေး (ဘ)ဦးမောင်စိန်၊ ပန်းဘဲတန်းမြို့နယ် နေသူတို့ (၂၄)ဦးတို့အား နှစ်လုံးထီ၊ သုံးလုံးထီလောင်း ကစားစာရွက်စာတမ်း များနှင့် လောင်းကြေးငွေကျပ်(၃၃၁၁၉၅၀)နှင့်အတူ တွေ့ရှိဖမ်းဆီးရမိ သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၄/ ၂၀၁၃၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

Edward Snowden ကို ရုရှားနိုင်ငံက ခိုလှုံခွင့် ပေးလိုက်ပြီ

Snowden ရုရှားမှာ ယာယီခိုလှုံခွင့်ရရှိ

စနိုဒမ်အတွက် ရုရှနိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီ အထောက်အထား (သြဂုတ်လ ၁၊ ၂၀၁၃) အမေရိကန်ထောက်လှမ်းရေးဌာနမှာ ၀န်ထမ်းခဲ့တဲ့ ၀ရမ်းပြေး Edward Snowden ကို ရုရှားနိုင်ငံက ခိုလှုံခွင့် ပေးလိုက်ပြီဖြစ်တဲ့အတွက် သူရောက်နေတဲ့ မော်စကိုမြို့လေဆိပ် ဖြတ်သန်းရာ နားနေဇုံကနေ ရုရှားနိုင်ငံထဲကို တရားဝင် ၀င်ရောက်သွားပြီ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ထောက်လှမ်းရေးဝန်ထမ်းဟောင်း စနိုဒန်ကို ရုရှားအာဏာပိုင်တွေက ၁ နှစ် ခိုလှုံခွင့်ပြုလိုက်တဲ့အကြောင်း စနိုဒန်ရဲ့ရှေ့နေ Anatoly Kuchenrena က ကြာသပတေးနေ့မှာ ပြောပါတယ်။ သူ့ကို ထွက်ခွာခွင့်ပြုတဲ့ စာရွက် သူ့လက်ထဲ ထဲ့ပေးပြီး နာရီအနည်းငယ်အကြာမှာပဲ လေဆိပ်ကနေ သူထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ စနိုဒန်ဟာ လျှို့ဝှက် လုံခြုံတဲ့နေရာကို ဦးတည်သွားနေတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို အမေရိကန်အစိုးရက ဖျက်သိမ်းလိုက်တဲ့အတွက် စနိုဒန်ဟာ ဘယ်ကိုမှ ထွက်ခွာခွင့်မရှိပဲ မော်စကိုမြို့ Sheremetyevo လေဆိပ်က ဖြတ်သန်းရာ နားနေဇုံမှာ တလကျော်ကြာ ပိတ်မိနေခဲ့တာပါ။ သူ့ကို သူလျှိုမှုနဲ့ စွဲချက်တင်နိုင်ရေးအတွက် သူ့ကို ပြန်ပို့ပေးဖို့ အမေရိကန်အစိုးရက လိုလားနေတာ ဖြစ်ပါတယ်။

စနိုဒန်ကို ရုရှားနိုင်ငံက အခုလို ခိုလှုံခွင့်ပြုလိုက်တဲ့အတွက် အမေရိကန်နဲ့ ရုရှားနိုင်ငံအကြား ဆက်ဆံရေးတွေ ပိုတင်းမာလာနိုင်ပါတယ်။ စနိုဒန်ကို အမေရိကန် ပြန်ပို့ပေးဖို့ ရုရှားသမ္မတ Vladimir Putin ကို အမေရိကန်သမ္မတ Barack Obama က တောင်းဆိုခဲ့ပေမယ့် မစ္စတာ ပူတင်က ငြင်းဆိုခဲ့ပါတယ်။ ရုရှားရဲ့ အဲဒီ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။

Voice Mail ဆိုတာ

မြန်မာနိုင်ငံတွင် Voice Mail စတင်အသုံးပြုနိုင်ပြီဆိုပဲ...


Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။

GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး ၁၅၀၀ ဖုန်းတွေမှာတော့
အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာမသိပါဘူး။

အသုံးပြုပုံကတော့ ...

မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီ
ကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mail
တွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။

အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကို
နှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။

Voice Mail ကိုစတင်အသုံးပြုဖို့အတွက် MPT တွင်လျောက်ထားရမှာ
ဖြစ်ပြီး လက်ရှိအခြေနေမှာတော့ SMS ကတဆင့်လျောက်လို့မရသေးကြောင်း

Voice Mail အသုံးပြုလိုပါက ရွှေဂုံတိုင်ရုံးတွင် ၁၅၀၀ ကျပ်ဖြင့်လျောက်ထား
နိုင်ကြောင်း Yadanarpone Teleport မှဖြေကြားချက်အရသိရှိရပါကြောင်း။

Ref : Thit Htoo Lwin
Credit to : Alex in WinKabarKyaw.net

မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်းစားပြု တင်ပြမှာမဟုတ်ဟု NLD ဆို

ABC

အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ် ​NLD ​ရဲ့ ​လွှတ်တော်ကိုယ်စားလှယ် ​တွေအနေနဲ့ ​မျိုးစောင့်ဥပဒေကို ​လွှတ်တော်ထဲမှာ ​ကိုယ်စားပြုပြီး ​တင်ပြဖို့ ​အစီအစဉ် ​မရှိဘူးလို့ ​ပြောပါတယ်။

ဗုဒ္ဓဘာသာ ​ဘုန်းတော်ကြီး ​အများစုကတော့ ​ဒီဥပဒေဟာ ​မြန်မာ ​အမျိုးသမီးတွေ ​အတွက်လိုအပ်တယ်ဆိုပြီး ​ဥပဒေပြဌာန်းဖို့ ​ကြိုးစားမယ်လို့ ​အတိအလင်းပြောလာပါတယ်။ ​ဒီအကြောင်း ​အပြည့်အစုံကိုတော့ ​ဆက်သွယ်မေးမြန်းပြီး ​သတင်းရယူထားတဲ့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော်က ​ပြောပြမှာ ​ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ​ထောက်ခံမဲပေါင်း ​၂ ​သန်း ​နီးပါးနဲ့ ​လွှတ်တော်မှာ ​ဥပဒေတစ်ခု ​ဖြစ်ဖို့ ​တင်ပြလိုက်ပြီ ​ဖြစ်တဲ့ ​မျိုးစောင့် ​ဥပဒေကို ​အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ်ရဲ့လွှတ်တော် ​ကိုယ်စားလှယ် ​၄၀ကျော်က ​ကိုယ်စားပြုပြီး ​တင်ပြမှာ ​မဟုတ်သလို ​ဒီဥပဒေဟာ ​မလိုအပ်တဲ့ ​ဥပဒေတစ်ခု ​ဖြစ်တယ်လို့ ​နေပြည်တော် ​ဇဗ္ဓူသီ၇ီ ​မြို့နယ် ​မဲဆဒနယ်က ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ် ​ဒေါ်စန္ဒာမင်းကပြောပါတယ်။

ဒီဥပဒေနဲ့ ​ပတ်သက်ပြီးတော့ ​ကျမတို့ ​လွှတ်တော်ထဲမှာ ​တင်ပြလာတာ ​မရှိသေးပါဘူး။လွှတ်တော်ကိုယ်စားလှယ် ​များ ​အနေနဲ့ ​လည်းတင်ဖို့ ​အစီအစဉ် ​မရှိပါဘူး။ ​သေချာတာကတော့ ​ကျမတို့ ​အဖွဲ့ချုပ်က ​လွှတ်တော် ​ကိုယ်စားလှယ် ​၄၃ ​ဦးလုံးက ​တင်ပြထားတာ ​မရှိပါဘူး။ ​ကျမတို့အနေနဲ့ ​ကတော့ ​မြန်မာဓလေ့ ​ထုံးတမ်း ​ဥပဒေတွေ ​ကတော့ ​ရှိပြီးသားပါ။

ဒါပေမဲ့ ​တစ်ဖက်မှာတော့ ​ဗုဒဘာသာ ​သံဃာတော် ​အချို့ကတော့ ​ဒီဥပဒေဟာ ​လိုအပ်တယ်ဆိုပြီးတော့လည်း ​ပြောဆိုမှုတွေ ​ရှိနေတာပါ။ ​ဒီဥပဒေကို ​အတည်ပြုနိုင်ဖို့ ​လွှတ်တော်ထဲမှာ ​ဥပဒေကြမ်းအဖြစ် ​တင်ပြလိုက်ပြီလို့လည်း ​မျိုးစောင့် ​ဥပဒေ ​ရေးဆွဲပြဌာန်းနိုင်ရေး ​ကြိုးပမ်းနေတဲ့ ​အဖွဲ့က ​ပြန်ကြားရေးတာဝန်ခံ ​ဆရာတော် ​တစ်ပါး ​ဖြစ်တဲ့ ​ဦးစန္ဒာသီ၇ီက ​မိန့်ပါတယ်။

လွှတ်တော်ရယ် ​နိုင်ငံတော်သမ္မတရယ် ​ကိုတင်ပြထားပါတယ်။ ​မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ​မြို့နယ် ​အသီးသီးက ​ပြည်သူ ​တွေ ​လက်မှတ်ထိုးထားတဲ ​ထောက်ခံလက်မှတ် ​၁၈.၉ ​သန်းကိုလည်း ​တင်ပြထားပြီးဖြစ်ပါတယ်။

လွှတ်တော်ထဲ ​ဒီဥပဒေနဲ့ ​ပတ်သက်ပြီး ​မဲခွဲ ​ဆုံးဖြတ်မှုတွေ ​လုပ်တဲ့ ​အခါမှာ ​ဒီမိုကရေစီ ​နည်းအရ ​ကန့်ကွက်သူတွေ ​ရှိရင်လည်း ​ထွက်လာတဲ့ ​ဆုံးဖြတ် ​ချက်အပေါ်မှာ ​ကြည့် ​ရမယ်လို့ ​၉၆၉ ​လှုပ်ရှားမှုမှာ ​ဦးဆောင်သူဖြစ်တဲ့ ​မန္တလေးမြို့ ​မစိုးရိမ်တိုက်သစ် ​ဆရာတော် ​ဦးဝီရသူ ​က ​မိန့်ပါတယ်။

ဒီမိုကရေစီခေတ်က ​ဒီလိုပဲလေ။ ​အမြင်မတူသူတွေ ​ငြိမ်သက်စွာ၊ ​ငြင်သာစွာ၊ ​သိမ်မွေ့စွာ၊ ​ငြင်းခုံကြတာပဲလေ၊ ​လွှတ်တော်ထဲမှာလည်း ​ငြင်းခုံကြမှာပဲလေ၊ ​ထောက်ခံသူ ​ကန့်ကွက်သူတွေ ​လည်းရှိပါတယ်။ ​ဦးဇင်းတို့ ​ကတော့ ​အမြင်လွှတ်လပ်စွာ ​ကွဲလွဲခွင့် ​ပေးထားတယ်။

ဒီမျိုးစောင့် ​ဥပဒေကြမ်းမှာတော့ ​မြန်မာဗုဒ္ဓဘာသာဝင် ​အမျိုးသမီးကို ​လက်ထပ်မယ့်သူဟာ ​တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ ​ဆိုထားပါတယ်။ ​ဒါမှမဟုတ် ​လက်ထပ်မယ်ဆိုရင် ​ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း ​တရားဝင် ​လက်မှတ်ရှိရမယ်လို့ ​ဆိုရပါတယ်။ ​ဒါကိုမလိုက်နာရင် ​ထောင်ဒဏ် ​၁၀ ​နှစ်အထိ ​ကျခံရမယ်ဆိုပြီး ​ပြစ်ဒဏ်ကိုပါ ​တပါတည်း ​အဆိုပြုထားပါတယ်။

ဒါကြောင့် ​ပြည်တွင်းပြည်ပ ​က ​လူ့အခွင့်အရေးလှုပ်ရှားသူတွေ ​ဒီဥပဒေဟာ ​လူအခွင့်အရေး ​ချိုးဖောက်မှု ​တွေ ​ရှိနေတယ်လို့ ​ပြောဆိုမှုတွေ ​လည်းရှိနေပါတယ်။

မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်

 သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ သန်လျင် GTC ကျောင်း၌ ကျောင်းသားနှင့် ကျောင်းသူနှစ်ဦးစာသင်ခန်းအတွင်း ချစ်ရည်လူးနေကြသော ဗီဒီယိုဖိုင် ကို မသမာသူများကအင်တာနက် မှ လွှင့်တင်လိုက်ရာ ဂျာနယ်စာ မျက်နှာထက် ရောက်ရှိလာပြီး နောက် ယခုအခါ Vedio အခွေ များအဖြစ်ရောင်းချလာသည်ကို တွေ့ရသည်။

ယခုကဲ့သို့ အခွေရောင်းချ လာမှုအပေါ် ခရီးသွားပြည်သူ တစ်ဦးက ပြောကြားရာတွင် ““အင်းယားလမ်းမီးပွိုင့်နဲ့ ဦးဝိစာရ မီးပွိုင့်ကြားမှာ GTC  အခွေတွေ ပြပြီး လူငယ်တွေလိုက်ရောင်းနေ တယ်။ ဒါဟာမလုပ်သင့်တဲ့ကိစ္စပါ။လုပ်စားတဲ့အနေနဲ့ရိုက်ထားတဲ့ နိုင်ငံခြားအပြာခွေတွေလိုက်ရောင်း တာ ဘာမှမပြောလိုပေမဲ့ အခုလို လုပ်တာတော့ နှမချင်းစာနာသင့် ပါတယ်။ မီးပွိုင့်မှာလည်း ယာဉ် ထိန်းရဲတွေရှိတာပဲ။ မဖမ်းချင်ရင် တောင်တားမြစ်သင့်သလို၊ရဲစခန်း ကိုအကြောင်းကြားသင့်ပါတယ်။ ဒီကိစ္စမှာ လူငယ်နှစ်ဦးမှားယွင်း တာဖြစ်ပေမဲ့ မသမာသူတွေရဲ့ လုပ်ရပ်ကြောင့် လူအများကြီးမှာ ထိခိုက်ခဲ့ရပါတယ်။ ထဘီနက်ပြာ ၀တ်တဲ့ ကျောင်းသူတွေကို တချို့က ပြုံးစိစိနဲ့ကြည့်တာမြင်ရ တော့ သူတို့လည်း ဂုဏ်သိက္ခာ ကျရပါတယ်။ အဲဒါကြောင့်အခွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေ ကို ဖမ်းဆီးအရေးယူသင့်ပါတယ်”” ဟု ပြောကြားသွားခဲ့သည်။

အဆိုပါ GTC ကျောင်းသား ကျောင်းသူကိစ္စနှင့် ပတ်သက်ပြီး သတင်းဂျာနယ်တစ်စောင်၌ ဖော် ပြခဲ့ရာ GTC  ကျောင်းသားများ နှင့် ကျောင်းသူများက ရှင်းလင်း ပွဲတစ်ခုပြုလုပ်ခဲ့ပြီးအဆိုပါဂျာနယ် အနေဖြင့် တောင်းပန်ခြင်း ပြန် လည်ထည့်သွင်းပေးရန်တောင်းဆို ထားကြောင်းလည်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကိုတင်ပို့မယ့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းနီးပါးကို စစ်တွေ-ဘူးသီးတောင် အမြန်ရေယာဉ်ဂိတ်မှာ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့

ကျပ်သိန်း ၁၄ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ စစ်တွေမှာ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကိုတင်ပို့မယ့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းနီးပါးကို စစ်တွေ-ဘူးသီးတောင် အမြန်ရေယာဉ်ဂိတ်မှာ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိတဲ့ ဒီမူးယစ်ဆေးဝါးတွေကို စစ်တွေမြို့မှာနေထိုင်သူတစ်ဦးက လက်ဆွဲအိတ်မှာထည့်ပြီး စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့ကို သွားရောက်ဖို့ပြင်ဆင်နေစဉ် ရွှေပြည်တန်အမြန်ရေယာဉ်ဂိတ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိတယ်လို့လည်း ရဲအရာရှိတွေကဆိုပါတယ်။

ဒါ့အပြင် ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောဒေသကနေတဆင့် တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မယ်လို့ယူဆရကြောင်း စစ်တွေမြို့မှာ တာဝန်ကျနေတဲ့ ရဲအရာရှိတွေက RFA ကိုပြောဆိုပါတယ်။