This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, May 22, 2012

စင်္ကြာနွယ်စဉ်ရပ် ကစ္စနားပုဏ္ဍားဘုရားကျောင်းအနီး.....


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့်၃၆လမ်းကြား၊၇၃လမ်းနှင့်ရ၄လမ်းကြား စင်္ကြာနွယ်စဉ်ရပ် ကစ္စနားပုဏ္ဍားဘုရားကျောင်းအနီး နှစ်ပေါင်း(၁၅၀)နီးပါးရှိ အများသုံးရေတွင်းအား မေ၁၆ရက်နံနက်ပိုင်းက ဆယ်ယူရှင်းလင်း ရာမှ ရှေးခေတ်ကျည်(၉၇၁) တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ပြည်သူများက နံနက်၆နာရီတွင် ရေတွင်းတူးဖော်ရာ မွန်းတည့်၁၂နာရီအရောက်တွင် ကျည်(၉၇၁)တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည်။

ဒီရေတွင်းက ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေ လက်ထက်ကတည်းက ရှိတာလို့သိရတယ် ကျွန်တော်အဖေတွေလက်ထက် လွန်ခဲ့တဲ့နှစ်(၅၀)လောက်က ရေတွင်းကို တစ်ခါဆယ်ဖူးတယ် အဲဒီတုန်းက အနည်းငယ် လောက်ပဲ ဆယ်လိုက် ရတာ ရေထွက်ကောင်းလို့ ဆက်မဆယ်တော့ဘူးလို့ အဖေကပြောဘူးတယ်၊ ခုလည်းဒီရေတွင်းကို ကျွန်တော်ကိုယ်တိုင်ပါဝင်ပြီးဆယ်တာ တော်တော်အနက်ရောက်မှခုလိုမျိုး ကျည်တွေနဲ့ လူအရိုးစုတွေ့တာပါ ဟု ရပ်ကွက် နေပြည်သူ တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းမ်

လျှပ်စစ်ရရှိရေး ဆန္ဒထုတ်ဖေါ်မှုဖြစ်ပြီးနာရီပိုင်းအကြာတွင် သတင်းစာရှင်းလင်း


ယမန်နေ့ည ၇ နာရီဝန်းကျင်က လျှပ်စစ်မီးရရှိရေးအတွက် မန္တလေးမြို့နေ လူထု ရာနှင့်ချီ ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း တိုင်းဒေသကြီး ၀န်ကြီးအပါအ၀င် တိုင်းလျှပ်စစ်မန်နေဂျာတို့က သတင်းစာရှင်းလင်းပွဲ တရပ်ကို ညတွင်းချင်း ပြုလုပ်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်မှု ...အခြေအနေဆိုးရွားသဖြင့် မန္တလေးမြို့ခံများက တိုင်းလျှပ်စစ်ရုံးအနီးနှင့် ဆီဒိုးနား ဟိုတယ်အနီး နေရာ ၂ နေရာ၌ ဖယောင်းတိုင်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ယမန်နေ့ည ၇ နာရီကျော်က ယင်းသို့ ဆန္ဒထုတ်ဖေါ်သည့် အဖြစ်အပျက်ဖြစ်ပွားပြီး ၂နာရီအကြာ ည ၉နာရီကျော်၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူ၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ တို့က လျှပ်စစ်မီးရရှိရေးနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်နေမှုများကို သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယခုလ ၁၉ ရက်နေ့နံနက်စောစောပိုင်းက ရွှေလီ မန်ဆန် လျှပ်စစ်ဓါတ်အားပေးလိုင်းက တာဝါတိုင် အချို့ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က မိုင်းခွဲမှုကြောင့် ပြိုလဲသွားခြင်းကြောင့် လျှပ်စစ်မီး မက်ဂါဝပ် ၂၀၀ ကျော်လျော့နည်းပြီး ရန်ကုန်မှာ လျှပ်စစ်ဓါတ်အား အလှည့်ကျပေးရသည်ဟု မကြာခင်ရက်ပိုင်း က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့သည်။

မြန်မာတနိုင်ငံလုံး သုံးစွဲသည့် လျှပ်စစ်ဓါတ်အား ပမာဏမှ မက်ဂါဝပ် ၁၅၀၀ ကျော်သာရှိပြီး ယင်းပမာဏ၏ ၅၀ ရာနှုန်းကျော်မှာ ရန်ကုန်မြို့မှ သုံးစွဲနေခြင်းဖြစ်သည်ဟု ၀န်ကြီးဋ္ဌာနမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

YPI 
မှကူးယူသည်။

ပွင့်သော ပန်းတိုင်း လန်းစေလို...

ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ အခန်းပေါင်း နှစ်ဆယ် ပါဝင်သည့် ခပ်လတ်လတ် ဟိုတယ်တခုထဲသို့ စုံတွဲတတွဲ ၀င်လာသည်။ ညနေ လေးနာရီဝန်းကျင်။ ဟိုတယ်အမည်ခံ အချိန်ပိုင်း အခန်းငှားသည့် တည်းခိုခန်းများရှိ ၀န်ထမ်းအားလုံး နားလည်ပြီးသားဖြစ်ပါသည်။ ဧည့်သည်ကို မျက်လုံးချင်း မဆုံစေရ။ လိုအပ်သည့် စကားသာပြောရမည်။ အကဲခတ်မကြည့်ရ။ ဧည့်သည်အကြောင်းကို အချင်းချင်း သော်လည်းကောင်း၊ အပြင်ကိုသော်လည်းကောင်း လုံးဝမပြောရ။
လက်ခံကောင်တာရှေ့ ရှိကြွေပြားများကို အ၀တ်တံမြက်စည်းနှင့် မတ်တတ်ရပ်ရင်း ပွတ်တိုက်နေသည့် မအိတာ၏ မြင်ကွင်းထဲသို့ ခြေထောက် ဖောင်းဖောင်းလေး တစုံဝင်လာသည်။ ခြေညှပ်ဖိနပ် ဖြူဖြူလေး စီးထားသည့် ခြေဖမိုးပေါ်မှာ ဘဲခေါင်းစိမ်းရောင် လုံချည် ပျော့လေး ပုံကျနေသည်။ ထိုမှတဆင့် သော့ချိတ်ကလေးများနှင့် အပြာရောင်ကျောပိုးအိတ်လေး။ စာအုပ်တချို့ကိုပိုက်ထား သည့် လက်ကလေးများ။ လက်မောင်းနှင့် ရင်ဘတ်မှာ တံဆိပ်တချို့တပ်ထားသည့် အင်္ကျီဖြူ ။ မအိတာ မလုပ်သင့်တာကို လုပ်လိုက်မိသည်။ ဧည့်သည်မိန်းကလေး၏ မျက်နှာကို ခပ်ရှန်းရှန်းကြည့်လိုက် သည်။ ပုခုံး မရောက် တရောက် ဖြောင့်စင်းစင်း ဆံပင်နက်ကလေး နှင့် မိန်းကလေးမှာ အသက် ဆယ့်ငါးနှစ်ထက် ပိုပုံမရ။
မအိတာသက်ပြင်းချလိုက်ရင်း ကြွေပြားများကိုသာ ခပ်ဖိဖိဆက်ပြီး တိုက်နေလိုက်သည်။ တနာရီခွဲခန့် ကြာသောအခါ ဧည့်သည်များထွက်သွားသည့် အခန်းကို ရှင်းရန် မန်နေဂျာ အစ်မက မအိတာကို ခေါ်ပြောသည်။ အခန်းထဲဝင်လိုက်တော့ ခုတင်ဘေးက စားပွဲပေါ်တွင် ပုံနှိပ်စာအုပ်တချို့ ရှိနေသည်။ ၂၀၀၂ ခုနှစ်မှာ ဆယ်တန်းကျပြီး ကျောင်းထွက်ခဲ.ရသည့် မအိတာ Grade 10 ဆိုတာ ဆယ်တန်းလား၊ ကိုးတန်းလား မသိပေမယ့် အထဲက စာနှင့် ပုံများကြောင့် န၀မတန်း ဇီဝဗေဒ ဖတ်စာအုပ်မှန်းတော့ သိပါသည်။ အခန်းရှင်းပြီး ကျန်ခဲ့သည့် စာအုပ်ကို အပ်ရန် ယူလာစဉ် စောစောက အဖြူအစိမ်း ကောင်မလေး ကောင်တာမှာ ရပ်နေသည်ကို တွေ့ရသည်။ “သြော် အဲဒါ သမီးစာအုပ်တွေ မကြီး။ ရှင် ဟုတ်ကဲ့။ လေးအုပ်ပါ။ ယူသွားမယ်နော်။ ကျေးဇူးတင်ပါတယ် မကြီး။ ဘယ်လိုမှသဘော မထားပါနဲ့နော်။ သမီးလက်ဆောင်ပေးတာပါ”ဟု ဆိုပြီး မအိတာ လက်ထဲကို ကျပ် ၁၀၀၀ တန် တရွက် အတင်းထိုးထည့်ရင်း ပြော ပြောဆိုဆိုနှင့် ခပ်သုတ်သုတ် ပြန်ထွက် သွားသည်။
ဟိုတယ်နှင့် တည်းခိုခန်းများသို့ အချိန်ပိုင်းလာရောက်ကြသော စုံတွဲများတွင် အမျိုးသမီးငယ်များ၏ အသက်သည် ဆယ်ကျော်သက် ၀န်းကျင်များဖြစ်လာကြသည်ဟု သိရသည်။ သမီးရည်းစား အနေနှင့် လာသောစုံတွဲများဖြစ်စေ၊ အခကြေးငွေနှင့် ခေါ်လာ သော စုံတွဲများဖြစ်စေ မိန်းကလေးများသည် ခပ်ငယ်ငယ်သာ များသည်။ သမီးရည်းစားအနေနှင့် လာသည့် စုံတွဲများတွင်ပင် ယောက်ျားလေးက မိန်းကလေးထက် အတန်ငယ်အသက်ကြီးပုံရပြီး တခြား စုံ တွဲများသည်ကြည့်ရုံနှင့်ပင် အသက် သုံးဆယ်ထက် မနည်း ကွာဟကြောင်း သိနိုင်သည်ဟု တည်းခိုခန်း ၀န်ထမ်းများ၏ ပြောပြချက် အရ သိရသည်။ ဟိုတယ်သို့ တဦးတည်း ပုံမှန်လာသော အမျိုးသားများအတွက် အဖော်ရှာပေးရသော ဟိုတယ်ဝန်ထမ်း အမျိုးသားတဦးက“ကျနော် တို့နဲ့ ချိတ်ထားတဲ့ အထဲမှာ ခပ်ငယ်ငယ်လေးတွေတော့ ရှိပါတယ်။ ၁၆နှစ်ကတော့ အငယ်ဆုံးပဲ။သူတို့ဘာသာ ခေါ်လာတာ လေး တွေက ပိုတောင်ငယ်သေးတယ်။ အခုခေတ်က အသက်၂၀ကျော်ရင် အွတ်ပြီလေ(အရွယ်ဟိုင်းသွားခြင်းကို ဆိုလိုသည်)”ဟုပြော သည်။ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်ကြသည့် အမျိုးသမီးငယ်အများစုသည် ဘီယာဆိုင်တွင် သီချင်းဆိုရင်း၊ ဆေးလိပ်နှင့် အရက် အရောင်းမြှင့်တင်ရေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ရင်း၊ ကေတီဗီနှင့် အနှိပ်ခန်း စသည့် ယောက်ျားများနှင့် လက်ပွန်းတတီး ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းခွင်များမှတဆင့် ထိုလမ်းကြောင်းပေါ်သို့ အလွယ်တကူရောက်လာကြသည်ဟု ကာယကံရှင်နှင့် နီးစပ် သည့် အသိုင်းအ၀ိုင်း၏ ပြောပြချက်များအရ သိရသည်။
မိသားစု စီးပွားရေး အဆင်မပြေမှုကို မနိုင်ဝန်ထမ်းရခြင်းနှင့် အများနည်းတူ သုံးစွဲဝတ်စားချင်သည့် စိတ်ဆန္ဒတို့ သည် မိန်းကလေး ငယ် များအား ထိုလမ်းကြောင်းပေါ်ရောက်စေသည့် အကြောင်းများဖြစ်သည်။ အုပ်ထိန်းသူပေါ့လျော့ခြင်း၊ အသက်မပြည့်ခင် အိမ် ထောင်ပြုခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း၊ မက်လုံးပေး စည်းရုံးသိမ်းသွင်း ခံရခြင်းများလည်း ပါဝင်သည်။ “သမီးက အရင်က မာဆတ်မှာ လုပ်တာ။ တနေ့လုံး ညောင်းချိထူပူနေအောင် နှိပ်မှ ကော်မရှင်က ဘယ်လောက်မှ ရတာ မဟုတ် ဘူး။ လုပ်ခါစကတော့ တော်တော်ရှက်တာ။ ဒါပေမယ့် ဧည့်သည်က အအေးထဲမှာ ဘာထည့်တိုက်လိုက်လဲ မသိဘူး။ အဲဒီတော့မှစိတ်ထဲမှာ ရဲသွားတာ။ မာဆတ်က မဟုတ်ဘဲ ပလိန်းကြီးလိုင်းဝင်သွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုပဲပေါ့”ဟု ပြောပြသည့် အသက် ၁၆ နှစ်ခန့်ရှိ စနိုး ၏ ပုံစံက ပေါ့ပေါ့ပါးပါးပင်။ ပုံပန်းမကျသည့် ဆံပင်ကျဲကျဲ၊ ငယ်နုသည့်မျက်နှာနှင့် ဘာမှပြင်ဆင်ခြယ်သ ထားခြင်းမရှိသည့် မိညိုက စကပ်တိုတိုနှင့် ကားမှတ် တိုင်မှာ ထိုင်နေသည်။ တရပ်ကွက်တည်းနေ အမျိုးသမီးကြီးက သူ့အကြောင်းကို ဖောက်သည်ချသည်။ “ကလေးမလေးက သိပ်ကျပ်မပြည့်ဘူး။ သူ့အမေအသုံးမကျလို့ ဖြစ်ရတာ။ ရူးတူးပေါတောနဲ့ သူ့အကြောင်းတွေမေးရင် အကုန်ပြော တာ။ နိုင်ငံခြားသားကြီးက ချမ်းချမ်းစီးစီးကြီးမှာ ရေချိုးခိုင်းတာ။ ချမ်းလည်း ချိုးရတယ်တဲ့။ သူ့ ရွံလို့ နေမှာပေါ့။ ဖွံ့ဖွံ့ထွားထွားလည်း မဟုတ်ပါဘူး။
ငယ်ဂုဏ်လေးရှိလို့ ခေါ်ကြတာ”ဟု မိညို မကြားနိုင်လောက်သော်လည်း အမျိုးသမီးကြီးက အသံကို နှိမ့်ပြီး အနားကပ် ပြောသည်။ “အဘောရှင်းလည်း နှစ်ခါဖြစ်ဖူးတယ် လေ။ အဲဒါတောင် ကြာကြာ မနားလိုက်ရပါဘူး။ ပိုက်ဆံပြန်ရှာရတာပဲ။ သနားဖို့လည်း ကောင်း ပါတယ်”ဟု အမျိုးသမီးကြီးက ဆက်ပြောပြသည်။ လိင်အလုပ်သမ အဖြစ် အမြဲတစေ အသက်မွေးရန် မရည်ရွယ်ဘဲ တကြိမ် အစပြုလိုက်ရာမှ အစရှိနောင်နောင် ဆိုသကဲ့သို့ မထူးဇာတ် ခင်းကြရသည့် မိန်းကလေးငယ်တချို့လည်း ရှိသည်။ ထို မိန်းကလေးများသည် အကင်ရောင်းသည်။ တချို့က ဂေါက်ကွင်းတွင် ကယ်ရီလိုက်သည်။ တချို့က အရောင်းဝန်ထမ်း။ အရောင်းအ၀ယ်ပါးပြီး အကင်များ မကုန်သည့် ရက်များ ဆက်လာသောအခါ၊ ဂေါက်ကွင်း လူမလာ၍ လက်ဗလာနှင့် အိမ်ပြန်ရ သော အခါများတွင် သူတို့ အိမ်ပြန် နောက်ကျကြလေသည်။ သို့သော် အတန်အသင့် ပြည့်ဖောင်းသော ပိုက်ဆံအိတ်ငယ် ကိုယ်စီနှင့် ဖြစ်သည်။ ထိုငွေသည် သုံးလေးရက်စာ အိမ် အသုံး စရိတ် ပြေလည်စေပြီး ရံဖန်ရံခါ သဘောကျသည့် အ၀တ်ဆန်းကလေးများ ၀ယ်ရသည်ထက်တော့ ဘာမှ မပိုခဲ့ပါ။
“တညလုံး ရှာလာတဲ့ ပိုက်ဆံကို မနက်ကျတော့ အဆောင်မှာအတူတူနေတဲ့ ကောင်မလေးတွေနဲ့ ဖဲရှုံးသွားတဲ့ ရက်တွေလည်းရှိဖူး တယ်”ဟု လူသိများသည့် နာမည်ကြီး တံဆိပ် ဘီယာ အရောင်းမြှင့်တင်ရေး ၀န်ထမ်း ကောင်မလေး၏ ပြောစကားဖြစ်သည်။ အဌမတန်း အရွယ်မှာ အိမ်ထောင်ကျပြီး အလုပ်လက်မဲ့ ခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေသူ ချစ်ယု(အမည် အပြည့်အစုံမဟုတ်)၏ လက်ရှိ အလုပ်ခွင်က အနှိပ်ခန်းတခုတွင် ဖြစ်သည်။ အိမ်ထောင်သက် ၂ နှစ် ရှိပြီဖြစ်သည့် သူမကတော့ အလုပ်သွားတိုင်း လိုက်ပို့ လိုက်ကြို ပေးသော သူ့ထက် ၅ နှစ်ကြီးသည့် သူမ၏ အိမ်ဦးနတ်ကို ချစ်သည်ဟု ဆိုပါသည်။ အဆောင်ငှားခ ပေးရန် ပိုက်ဆံပြတ်လပ်ခိုက် သူငယ်ချင်းတယောက် အဆက်အသွယ်ဖြင့် ပထမဆုံး အတွေ့အကြုံကို ငွေကျပ် နှစ် သိန်း နှင့် လဲလှယ်ခဲ့သော တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးလည်း ရှိကြောင်း ချစ်ယု၏ သူငယ်ချင်းကတဆင့် သိရသည်။ နယ်မှရန်ကုန်သို့ လာရောက်နေထိုင်အလုပ်လုပ်သူ မိန်းကလေးများသည် သာမာန်အသုံးစရိတ်အပြင် အဆောင်ငှားခနှင့် စားစရိတ် ပါ ပိုမိုကုန်ကျလေသည်။ ထို့သို့သော အထည်ချုပ် စက်ရုံ ၀န်ထမ်း မိန်းကလေးတချို့နှင့် လခစားဝန်ထမ်း မိန်းကလေးတချို့သည် အဖိုးနည်း ၀န်ပါ စပွန်ဆာပေးသူများနှင့် ပတ်သက်ရလေသည်။ အိမ်တဆောင် မီးတပြောင်မဟုတ်သော်လည်း အဆောင်ငှားခနှင့် စက်ရုံမှ တလစာနီးပါး ပိုက်ဆံတို့သည် အမြဲတမ်း မဟုတ်သည့် ရံဖန်ရံခါ လိုက်လျောမှုများနှင့် ထိုက်တန်ပါသည်ဟု ချုပ်ထည်ပါးလို့ ညည်းညူနေသည့် မိန်းကလေးငယ်တချို့က ခပ်ဆိုင်းဆိုင်းဖြေ သည်။
ဟိုတယ်သို့ လာသော ကောင်မလေးငယ်ငယ်လေးများကို တွေ့ရဖန် များလာသောအခါ အလုပ်ထွက်ချင်စိတ်ပင် ပေါက်သည်ဟု မအိတာက ပြောသည်။ ဧည့်သည် အ၀င်များလျှင် မုန့်ဖိုးပိုရသည်မှန်သော်လည်း ထိုမိန်းကလေးများ၏ ပိုက်ဆံကို သူမယူရက်တာ မှန်သောသစ္စာပါဟု ဆို သည်။ မအိတာ တခါတခါ တွေးမိတာက သူတို့ နောင်တချိန် လင်ကောင်းသားကောင်းမှ ရပါ့မလား။ အသက်ကငယ်တော့ အမှု အခင်းတွေများ ဖြစ်မလား၊ ကျန်းမာရေးကိစ္စတွေ ဘယ်လိုများဖြစ်မလဲ ဆိုတာပါတဲ့။ မအိတာက သူတို့ ဟိုတယ်အနောက် အပြင်ဘက်က ခုံတန်းမှာထိုင်ရင်း၊ တထောင် တန် အသစ်ကလေးကို ထုတ်ပြရင်း“ကျမ အိမ်မှာ မဟာစည် သာသနာ့ရိပ်သာ အတွက် ရည်စူးပြီး တနှစ်စာထည့်ရတဲ စုဘူး ရှိတယ်။ သူတို့ပေးတဲ့ မုန့်ဖိုး ရလာတိုင်း မသုံးဘူး။ စုဘူးထဲ ထည့်တယ်။ သူတို့ကတော့ ဒီဘ၀က ကျွတ်ချင်လား မကျွတ်ချင်လား မသိဘူး။ ကျမကတော့ ထည့်တိုင်း အသံ ထွက်ပြီး ဆုတောင်းတယ်။ နောင်ဘ၀မှာတောင် မဟုတ်ပါဘူး။ အခုဘ၀မှာတင် ဒီလိုမလုပ်စားရဘဲ အဆင်ပြေပါစေ။ ထီရင်လည်း ပေါက်ကြပါစေ။ ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေလို့”ဟု ပြောပြသွားပါသည်။ ။
ဖေ့ဘုတ်ထဲမှ ကိုစမ်းမောင်ရေးသားထားသောစာဖြစ်ပါသည် ။  အရမ်းတန်ဖိုး၇ှိလို့ ပြန်တင်ပေးလိုက်တာပါ....

ကားပေါက်ဈေး 21-5-2012

Inbox
x

u myo myo.value.u4@gmail.com
May 21 (2 days ago)

to mrsorcerer
1။ 2000 မော်ဒယ် မစ်ဆူဘီရှီ ပါဂျရိုး အင်ဂျင်ပါဝါ 2.8 ဒီဇယ် 4ဃ.......... 300 သိန်း
2။ 96 မော်ဒယ် ပရာဒို ဒီဇယ် အင်ဂျင်ပါဝါ 3.0 ယာယီနံပါတ် 370 သိန်း
3။ ဟွန်ဒါ crv အင်ဂျင်ပါဝါ 2.0 အောက်တိန်း ၇ဂ........ 215 သိန်း
4။ ကိုရိုနာ ဗင် ဓာတ်ဆီ 6က........ အင်ဂျင်ပါဝါ 1.5 ချက်ဆီနံပါတ် et176-0014231 120 သိန်း

ယနေ့ နစီးရီးများ 70 သိန်း စွန်းစွန်းနားမှာပဲ အရောင်းအ၀ယ်ဖြစ်ပါတယ်
cng ပါ နစီးရီးများ 80 သိန်း စွန်းစွန်းနားမှာပဲ အရောင်းအ၀ယ်ဖြစ်ကြပါတယ်
တနေ့တခြား ဈေးကျလာတဲ့ သဘောပါ။

09 42100 5717

စင်္ကာပူမှာ မြန်မာမိန်းကလေးအလောင်းတွေ့




မနေ့က မနက်ပိုင်းမှာ အသက် ၂၄ နှစ်အရွယ် မြန်မာ အိမ်ဖော်မလေး တယောက် စင်္ကာပူမှာ တိုက်ပေါ်က ပြုတ်ကျ သေဆုံးသွားပြန်ပါတယ်။

သူ့ရဲ့ ဒဏ်ရာတွေ ဗလပွနဲ့ ရုပ်အလောင်းကို စင်္ကာပူနိုင်ငံ Blk 421 Canberra Road က အထပ်မြင့် အဆောက်အအုံ တခုရဲ့ ခြေရင်းမှာ တွေ့လိုက်ရတာပါ တဲ့။

အလုပ်သမားတယောက်အဆိုအရ အဲဒီမိန်းကလေးက Sembawang က ၁၃ ထပ် က မီးဖိုချောင် တံခါးကနေ ထွက်ပြေးဖို့ ကြိုးစားရင်း အခုလို ပြုတ်ကျသေဆုံးတယ်လို့ သတင်း ထွက်နေပေမယ့် သေဆုံးရပုံ ဖြစ်ရပ်မှန်ကို အတည်မပြုနိုင်သေးပါဘူး တဲ့။ 
http://sg.news.yahoo.com မှာ ဒီသတင်း ဖော်ပြထားပါတယ်။

စင်္ကာပူရဲ ကတော့ စုံစမ်းမှု လုပ်နေတယ်လို့ ဆိုပါတယ်။ မကြာသေးမီကလည်း မြန်မာမိန်းကလေးတချို့ စင်္ကာပူမှာ တိုက်ပေါ်က ကျပြီး  သေဆုံးမှု ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။

မစ်ဆူဘီရှီ မြန်မာပြည် လာမည်







ဂျပန်ကားကုမ္ပဏီ မစ်ဆူဘီရှီ (Mitsubishi) က မြန်မာပြည်ရဲ့ ကားဈေးကွက် အလားအလာကောင်းတယ်လို့ ယူဆနေပြီး အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေပါတယ် တဲ့။

မစ်ဆူဘီရှီ ရန်ကုန်ရုံးခွဲ ဒုတိယ အထွေထွေမန်နေဂာ ဦးမောင်မောင်တင်က ပြောလိုက်တာပါ။

"ဒီမှာ စက်ရုံတွေ ဖွင့်ဖို့ အင်မတန် စိတ်ဝင်စားနေပါတယ်။ မြန်မာပြည်မှာ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်မှုဇုန် ထူထောင်ဖို့အထိ ဖြစ်သွားနိုင်ပါတယ်" လို့ ဦးမောင်မောင်တင်က ဆိုတယ်။



မစ်ဆူဘီရှီက ကမ္ဘာတလွှား ဒေသ ၁၀၀ ကျော်မှာ လှုပ်ရှားနေပြီး မော်တော်ယာဉ်မျိုးစုံကို ထုတ်လုပ်နေတာပါ။

မြန်မာပြည်မှာ လှုပ်ရှားဖို့ကတော့ အစိုးရရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေအပေါ် အများကြီး မူတည်နေပါတယ် တဲ့။



၂၀၀၇ မော်ဒယ်နဲ့အထက် မော်တော်ကားတွေကို တယောက်တစီးနှုန်း သွင်းခွင့်ပြုလိုက်ပါတယ်။ ကားဈေးကွက်လည်းေ တ်ာတော်လေး လှုပ်ခတ်သွားပါတယ်။
အသည်းကွဲသူကွဲ၊ ပီတိဖြစ်သူဖြစ်ပေါ့။


ကားတွေ အများကြီး လာပြီ ဆိုတော့ ကားမျိုးစုံ မြင်ဖူးတော့မယ်လို့ ကာတွန်းဆရာတယောက်က သရော်လိုက်ပါတယ်။

 
ဒီနေ့ ကြေးမုံသတင်းစာမှာဖော်ပြထားတဲ့ မြန်မာပြည်ရောက် ဂျပန်ကားများအကြောင်း

သတင်းအပြည့်အစုံကို ဒီမှာ http://www.irrawaddy.org/archives/4671 ဖတ်နိုင်ပါပြီ။

ကားပေါက်ဈေး 19-5-2012

Inbox
x

u myo myo.value.u4@gmail.com
May 19 (4 days ago)

to mrsorcerer
1။ မတ်တူး 99 2.0 trente ကားနံပါတ် အသစ် အင်ဂျင်ပါဝါ 2.0 190 သိန်း
2။ 1997 Hilux Surf SSRG Intercooler Diesel
Sunroof, Compass guage, wooden trim   အင်ဂျင်ပါဝါ 3.0
ကားနံပါတ် 1ဃ........ 310 သိန်း
3။ 99 မော်ဒယ် New Shape KZN185 Hilux Surf
Intercooler Diesel (Black Metallic Colour)
Very clean condition inside out. အင်ဂျင်ပါဝါ 3.0 1ဃ........ 360 သိန်း
4။ န ပါဘလေကာ 77သိန်း
5။ တိုယိုတာ vitz အင်ဂျင်ပါဝါ 1.3  2007 မော်ဒယ် 200 သိန်း
6။ တိုယိုတာ belta 2009 မော်ဒယ် အင်ဂျင်ပါဝါ 1.3 နံပါတ် 3ဃ......
ခေါ်ဈေး 220 သိန်း
7။ ဆူဇီကီး swift 2008 မော်ဒယ် အင်ဂျင်ပါဝါ 1.2 180 သိန်း

09 42100-5717

နိုက်ကလပ် တက်မှ ဂုဏ်ရှိတယ်ထင်တဲ့မမများဖတ်ဖြစ်အောင်ဖတ်


STOMPer Alexsondra was disgusted at the sight of this guy groping a drunk girl at a Clarke Quay club. The guy only stopped when the club's bouncers stepped in.
အရက်မူးနေသောမိန်းကလေးတဦးအား ကလပ်ထဲတွင် လူငယ်တဦးမှ အခွင့်ကောင်းယူပြီး ကာမဆက်ဆံပြုလုပ်နေခြင်း။
ထိုလူငယ်သည် သူ၏ချစ်သူ (သို့မဟုတ်)တွဲကနေသောသူတစ်ဦးဖြစ်ပြီး တဖက်မိန်းကလေး အရက်အရမ်းမူးနေခြင်းအပေါ်အခွင့်ကောင်းယူကာ ပြင်ပတည်းခိုခန်းနှင့်ဟိုတယ်များသို့ပင် မသွားနိုင်တော့ပဲ နိုက်ကလပ်ထဲတွင်ကာမဆက်ဆံခြင်းများပြုလုပ်နေခဲ့သည်။ထိုအခြင်းအရာကို ကလပ်တက်နေသူများမှအမြင်မတော်သဖြင့် တာဝန်ကျလုံခြုံရေး ဘောက်ဆာများအား အကြောင်းကြားလိုက်သဖြင့် ထိုနေရာသို့ ရောက်လာကာ တားမြစ်သော်လည်း ထိုလူငယ်သည် ကာမဂုဏ်ခံစားနေသဖြင့် လုံခြုံရေး(bouncers)များ ကိုပင်ဂရုမစိုက်ပဲ ကာမဆက်လက်ပြုလုပ်နေခြင်းကြောင့်

သန္ဓေသားကလေး အလောင်းကို အခြောက်လှမ်း၊ အောက်လမ်းနည်းတွေနဲ့ စီရင်ထားတဲ့ “သားခြောက်”


သန္ဓေသားကလေး အလောင်းကို အခြောက်လှမ်း၊ အောက်လမ်းနည်းတွေနဲ့ စီရင်ထားတဲ့ “သားခြောက်” လို့ မြန်မာလို ခေါ်ပြီး ထိုင်းဘာသာစကားနဲ့ဆို “ကုံမာန်ထုန်”လို့ ဆိုတာတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရောင်ဝါရတ် ဟော်တယ် တခုမှာ အသက် ၂၈ နှစ်ရှိ ထိုင်ဝမ် နိုင်ငံသား တယောက်ဆီက ဖမ်းဆီးရမိပါတယ်။



မေလ ၁၈ ရက်နေ့က ကလေးသူငယ်နဲ့ အမျိုးသမီးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့က အဆိုပါ ထိုင်ဝမ်လူငယ်ဆီကနေ ရွှေချထားတဲ့ မွေးကင်းစ သားခြောက် ၆ ခုနဲ့ အတူဖမ်းမိလိုက်တာဖြစ်ပါတယ်။

ထူးဆန်းတာက ညဖက်တွေမှာ အနီးအနားပတ်ဝန်းကျင်က လူတွေက ကလေးတွေရဲ့ ငိုသံတွေကြားရလို့ သံသယဖြစ်တာ နဲ့ ရဲကို အကြောင်းကြားတယ် တဲ့။ ဒါနဲ့ ရဲတွေက အဲဒီအသံကြားရတယ်ဆိုတဲ့ နေရာကို ၀င်ရှာတယ်။

ကလေး တယောက်တလေမှ မတွေ့ရဘဲ ထိုင်ဝမ် အမျိုးသားကိုပဲ တွေ့ကြတယ်။ သူတို့ ကလေးတွေ ဆိုတာကို ရှာတာ မ တွေ့လို့ ပြန်သွားကြတယ်တဲ့။ ရဲတွေ ပြန်သွားပြီဆိုရင် ခုနက ကလေးငိုသံတွေ ကြားရပြန်ရော တဲ့။

ဒါနဲ့ ရဲကို ဒီအကြောင်း အသေးစိပ် ထပ်အကြောင်းကြားတော့ နောက်ဆုံး ထိုင်ဝမ် အမျိုးသားကို သံသယဖြစ်တာနဲ့ ထပ်မံ ရှာဖွေ၊ စစ်မေး လိုက်တဲ့အခါမှာ ရွှေချထားတဲ့ သားခြောက် ဆိုတာတွေကိုတွေ့လိုက်ရ တာပါပဲ တဲ့။

ဒီ သားခြောက်ဆိုတာတွေကို အထူးသဖြင့် အယူသည်းတဲ့ တချို့ တရုတ်လူမျိုးတွေက ဆိုင်တွေ၊ အိမ်တွေနဲ့ သူတို့ လုပ် ငန်းတွေမှာ ထားရင် လာဘ်လာဘ ကောင်းတယ်လို့ ယုံကြည်ကြပါတယ် တဲ့။ အဲဒီလို သားခြောက် ကလေး အလောင်း တခုကို ထိုင်ဝမ်မှာ ရောင်းချရင် ထိုင်းဘတ် ငွေ ၁.၈ သိန်းကနေ ၂ သိန်း နဲ့ အထက် ရတယ်၊ ကြိုက်ဈေးတွေ့ရင် ဒီထက်တောင်ပိုပါသေး တယ် တဲ့။

သူကတော့ အင်တာနက်ကနေ လေလံခေါ်ရောင်းချနေသူလည်း ဖြစ်ပါသတဲ့ ။

ထိုင်းနိုင်ငံမှာ ဒီကနေ့ထုတ် ထိုင်း၊ အင်္ဂလိပ် သတင်းစာတွေအားလုံးက မျက်နှာဖုံးမှာ ဖော်ပြထားကြတဲ့သတင်းလည်း ဖြစ်ပါတယ်။



ဆင်ခြေထောက်လူသားလေး


Posted: 20 May 2012 02:08 AM PDT
ယူဂန္ဒာနိုင်ငံက ကလေးငယ်တစ်ဦးဟာသေစေနိုင်တဲ့ အသားစားကူးစက်ရောဂါတစ်မျိုးစွဲ
ကပ်နေပါတယ်။
အသက်(၁၀)နှစ်ရှိပြီဖြစ်တဲ့ ဗင်းဆင့်အိုကက်ခ်ျလို့ အမည်ရပြီးယောင်္ကျားကလေးပါ။သူ့ ခြေထောက်တွေ
ဟာဆင်ခြေထောက်ကဲ့ သို့ ရောင်ကိုင်းနေတဲ့ တွက်ဘောင်းဘီမ၀တ်နိုင်ရှာပါဘူး။စကဒ်လေးတွေသာ
ဝတ်နေရရှာတဲ့ ကလေးငယ်ဟာလမ်းလဲမလျှောက်နိုင်တဲ့ အတွက်အိပ်ရာထဲမှာပဲနေရှာပါတယ်။
သူနေထိုင်ရာရွာလေးကဆရာဝန်တွေကဆေးမကုပေးနိုင်ရင်ကလေးဟာအသက်ဆုံးရှုံးရဖွယ်ရှိပါတယ်။
ဒါကြောင့်နိုင်ငံတကာမှဆရာဝန်များကူညီပေးရန်မေတ္တာရပ်ခံထားပါတယ်။
ကလေးရဲ့ ရောဂါကိုသတိထားတာကလေးအသက် ၁၈ လသားအရွယ်ကတည်းကဖြစ်ပြီးကလေးမိဘတွေ
ဟာဆင်းရဲတဲ့ အတွက်ဆေးကုမပေးနိုင်ကြပါဘူး။ကလေးရဲ့ ခြေထောက်ကတစ်ဖြည်းဖြည်းပိုကြီးထွားလာ
ပြီးအခြေတေပိုဆိုးရွားလာပါတယ်။ယခုအချိန်မှာတော့ဗြိတိန်ဆရာဝန်တစ်ဦး