This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, September 5, 2012
***.. ရှားပါးသော မြန်မာပြည်မှ ဓါတ်ပုံများ..***
ရှင်စောပု ဘုရင်မကြီး အသုံးပြုခဲ.သော ခေါင်းဆောင်းတော်
၁၉၂၁ ခုနှစ်မှ ဆန်ဖွတ်နေသော ကချင်အိမရှင်မတဦး
မတ်လ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာ စစ်ကာလ အတွင်း ဂျပန် တို့ သိမ်းပိုက်ထားသော မန္တလေးမြို့ကြီးအား အင်္ဂလိပ်ဗုံးကြဲ လေယာဉ်များမှ ဗုံးများလာရောက်ကြဲချနေစဉ်
၁၉၄၅ မတ်လ ဒုတိယကမ္ဘာ စစ်ကာလ မန္တလေး မြို့သိမ်းတိုက်ပွဲအတွင်း ပန်ချာပီ(ဆစ်ခ်) တပ်သားများက ဂျပန် ခံကတုတ် ကျင်းများထဲသို့ ဖော့စဖိတ် လက်ပစ်ဗုံး ပစ်ထည့်ကာ စက်သေနတ်များနှင့် ပစ်၍ အနီးကပ်တိုက်ပွဲများပြင်းပြင်းထန်ထန် ဆင်နွှဲနေစဉ်။
မန္တလေး ဈေးချိုတနေရာ??? ပုံရလာသည့်နေရာမှာလဲ ဘာမှ ရေးမထားသည့်အတွက်ကြောင့် မခန့်မှန်းနိုင်သည်ကို ခွင့်လွှတ်ပါ
ဒုတိယကမ္ဘာစစ် အတွင်း မှ ဗုံးဒဏ်ကြောင့်ပျက်ဆီး နေသော ရန်ကုန်ဆိပ်ကမ်း
၁၉၄၀ ခုနှစ်များဆီက မြန်မာအမျိုးသမီးများ ဝတ်ဆင်ခဲ့ကြသော အတွင်းခံ ဘော်လီအင်္ကျီ(ရှင်မြီး)
အားလုံးဘဲ နှစ်သက်လိမ်.မယ်လို.ထင်ပါတယ် ရှားပါးတဲ. ခေါတ်ရဲ.အငွေ.အသက်လေးတွေပါ...။
from - http://hlyothwetuyin.blogspot.com
IT ခေတ် မြန်မာစကားပုံဖွင့်ဆိုချက်များ။ (ဟာသ)
ွGateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။
ကိုယ့်-င်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်
Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။
ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း
Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။
ဂါထာပေး တေးဖြစ်
မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။
ငါးစိမ်းမြင် ငါးကင်ပစ်
ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX
စသည်ဖြင့်အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။
စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်
ဆေးရိုးသည် = Access Denied Page
ဆင့်ပါးစပ် နှမ်းပက်
ဆင့်ပါးစပ် = Internet Users
နှမ်း = Internet Bandwidth
ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး
မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... :D
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်။
တစ်ရွာ တစ်ကျီဆောက်သည်
ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်။
ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်
ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။
ဒူးလောက်တင်မှ ရင်လောက်ကျသည်
Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။
နဂိုရှိမှ နကိုင်းထွက်သည်
Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။
ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)
မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။
ပျက်အစဉ် ပြင်ခဏ
MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်)
ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်
ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...
ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ
ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။
ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း
ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။
မမှားသောရှေ့နေ၊ မသေသောဆေးသမား
မကျဖူးသော ကွန်နက်ရှင်လိုင်း....
မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်
နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။
ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ
Mac Book Air, Pro, iPad 2, iPhone 5
လင်းတလောက်တော့ ငှက်တိုင်းလှသည်
လင်းတ = မြန်မာပြည် ကွန်နက်ရှင်
လယ်ထွန်သွား နွားမေ့
အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။
လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)
ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။
(ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)
ဝက်ဖြစ်မှ မစင်မကြောက်နှင့်
အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။
သန်းခေါင်ထက် ညဥ့်တိုးမနက်
Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။
သေချင်တဲ့ကျား၊ တောပြောင်း
မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။
အုတ်ရောရော ကျောက်ရောရော
Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါတက်လာလေ့ရှိသည်။
အရေးကြီးတော့ သွေးနီးရာ
အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။
အငိုလွယ်လျက် အရှိုက်ခက်သည်
Download လွယ်သလောက် Upload ခက်သည်။
အရူးမီးဝိုင်းသလို
တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။
အကြံတူရန်သူ
အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။
အနာပေါ်တုတ်ကျသည်
ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ..
from - http://hlyothwetuyin.blogspot.com
"မန်းဘူတာကြီးတွင် ကော်ရှူသည့် လေလွင့်ကလေးဦးရေ တိုးပွားနေ"
မန္တလေး ဘူတာကြီးတွင် မလေးရှားနိုင်ငံထုတ်
 oci S100 ပိုက်ဆက်ကော်စွဲလမ်းစွာ
ရှူရှိုက်နေကြသည့်  တောင်းရမ်း
စားသောက်ကြသော ကလေးငယ်များ
မျုားပြားနေကြာင်း ဒေသခံများထံက
သိရသည်။
 ကလေးငယ်အများစုအနေဖြင့် မလေးရှားနိုင်ငံထုတ် ociS100 အမှတ်တံဆိပ်
ပိုက်ဆက်ကော်အား ရှူ ရှိုက်ခြင်းမှာ ထမင်းအဆာပြေသောကြောင့် ရှူရှိုက်ရခြင်း
ဖြစ်ကြောင်း သုံးစွဲသူ ကလေးငယ်များထံက သိရှိရသည်။
 “ ကော်မရှုရရင်မနေနိုင်ဘူး၊ တောင်းရတဲ့ပိုက်ဆံနဲ့ ပိုက်ဆိုင်တွေကနေ ကော်တစ်ဘူး
(၆၀၀)နဲ့ ၀ယ်တယ်၊ ကော်တစ်ဘူးဆိုခဏနဲ့ ကုန်ကုန်သွားတယ်” ဟု ကော်ရှုရင်း ပိုက်ဆံတောင်းနေသော(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးက ပြောသည်။
 ဘူတာကြီးတွင်နေထိုင်သောကလေးဦးရေ(၂၀)ကျော်(၃၀)ခန့်ရှိကြောင်း သိရှိရပြီး လေလွင့် ရောက်ရှိလာသော ကလေးငယ်များဖြစ်ပြီး စားဝတ်နေရေးအခက်
အခဲကြောင့် ဘူတာကြီးအနီးတွင် တောင်းရမ်း စားသောက်နေခြင်းဖြစ်ကြောင်း
ကိုလည်း သိရှိရသည်။
“ကလေးတွေကအုပ်စုဖွဲ့ပြီးနေတယ်၊ လစ်ရင်လစ်သလိုအလစ်သုတ်တယ် တစ်ချို့
ကလေးတွေက မိုက်ရိုင်းတယ် သူတို့ကိုငေါက်ရင်တောင် ပြန်ဆဲတယ်”ဟု ဘူတာကြီးတွင် ဈေးရောင်းသော ဒေါ်အေးသန်းက ပြောသည်။
 ကော်ရှူသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာဝန်တစ်ဦးက ယခုကဲ့သို့ ဆိုသည်။
 “ ကော်ရှူလို့ထမင်းမဆာတာကတော့ သူတို့ရဲ့စွဲလမ်းမှုတစ်ခုပဲနေမှာပါ
 ကော်ရှူလို့ ချက်ခြင်း အသက်အန္တရယ် မထိခိုက်ပေ မယ့်ကြာလာရင် ကော်ခဲမှာပါတဲ့ဓာတုပစ္စည်းတွေကအသဲခြောက်ရောပါ
ဖြစ်စေနိုင် ပါတယ်။” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
ကလေးငယ်များအားလူငယ်ပြုစုပျိုးထောင်ရေးအသင်းများမှခေါ်သူစောင့်
ရှောက်နေသော်လည်းပြန်လည်ထွက်ပြေးလေ့ရှိကြောင်းကို လည်း
သိရှိရသည်။
 ထိုကဲ့သို့ ကလေးငယ်များစိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများမှ စတင်ပြီး နောင်အနာဂတ်
တွင်ရာဇ၀တ်မှုများပါ ကျူးလွန်လာနိုင်ကြောင်း   လူ့အခွင့်ရေးလှုပ်ရှားသူ
ကိုမျိုးမင်းထွန်းက ၄င်း၏ အမြင်ကို သုံးသပ်သည်။
မြစ်မခမီဒီယာ
ရွှေမြန်မာ
ဇယား ၃ နဲ့ ငြိနေတဲ့ ဦးအောင်သိန်းလင်း
ဒီတပတ် တနင်္လာနေ့လွှတ်တော်မှာ ဦးအောင်သိန်းလင်းရဲ့ စားကျက်မြေဆိုင်ရာ အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD အမတ်တွေ၊ ဒီမိုကရက်တစ်ပါတီအမတ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ထိုင်နေခြင်းဖြင့် ကန့်ကွက်ခဲ့ပါတယ်။
ဒါပေမယ့် လွှတ်တော်မှာ အင်အားအများဆုံးဖြစ်တဲ့ ကြံ့ဖွံ့ပါတီအမတ်တွေက ထောက်ခံတဲ့အတွက် မဲအများဆုံးရပြီး ပြည်သူ့လွှတ်တော်က ဒါကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့က ဘာကြောင့် ကန့်ကွက်ရပါသလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
ဦးအောင်သိန်းလင်းအဆိုက "တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ ကုမဏီအမည်ဖောက်၍လည်းကောင်း ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမဏီများမှ သီးစားခရယူနေခြင်းများ ရှိနေပါသဖြင့် လယ်ယာမြေကို အမှန်တကယ် လုပ်ကိုင်နေသူများ လယ်သမားများကိုသာ ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" တဲ့။
စာစီထားတာ ဖတ်ကြည့်ရင်တော့ လယ်သမားတွေအတွက် ရှေ့ရှုတင်တဲ့အဆိုလို့ ထင်ရပါတယ်။ ဒါပေမယ့် နောက်ကွယ်က ၀ှက်ဖဲကိုလည်း သံသယ ရှိနေကြတာပေါ့လေ။
သုံးသပ်သူတချို့ကတော့ တောင်ဥက္ကလာပအမတ် ဦးအောင်သိန်းလင်းက သူ့သိက္ခာပြန်ဆယ်ချင်လို့ လယ်သမားအရေးဆိုင်ရာ အဆိုကို တင်တယ်လို့လည်း မြင်ကြတယ်။ တကယ်သာ ဒီအဆိုကို လက်ခံဆွေးနွေးပီး ဥပဒေဘာညာ ထွက်လာရင် ဦးပိုင်အမည်ပေါက် ဟာ တကယ့်လယ်သမားတွေနာမည် ဖြစ်ဖို့တော့ သတိထားသင့်တယ်လို့ သုံးသပ်ကြတယ်။
ကန့်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးကြည့်တဲ့အခါကျတော့ သူ့အဆိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၃ နဲ့ ငြိနေလို့ပါတဲ့။
ကဲ ... လာပြန်ပြီ။ ဖွဲ့စည်းပုံနဲ့ ငြိတဲ့ နောက်တခု။ ဘယ်လိုငြိတာပါလဲ။
ဇယား ၃ ပါ ဥပဒေပြုစာရင်းတွေထဲမှာ စားကျက်မြေများထိန်းသိမ်းရေး နဲ့ဆိုင်တာ ဥပဒေပြုရမှာ ပါပါတယ်။ ပုဒ်မ ၁၉၆ အတိုင်းဆိုရင် ဇယား ၃ ပါ ဥပဒေပြုစာရင်းကို ဥပဒေပြုခွင့်ရှိသူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ဒေသ ဦးစီးအဖွဲ့၊ တိုင်းနဲ့ဒေသကြီးလွှတ်တော်တွေက ဖြစ်ပါတယ်။
ပြည်နယ် တိုင်းလွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်အာဏာကို ပြည်သူ့လွှတ်တော်က ဥပဒေပြုဖို့ တင်တဲ့အမတ်က တင်တယ်။ ဆွေးနွေးဖို့လည်း ထောက်ခံတယ်ဆိုတော့ ဗိုလ်ပြုတ် အမတ်တွေ ကိုယ့်ခေါင်းဆောင်ကြီးရေးခဲ့တဲ့ ဖွဲ့စည်းပုံကို ဆန့်ကျင်တာလား။ တိုင်း၊ ဒေသတွေရဲ့ ဥပဒေပြုရေး အာဏာကို စွက်ဖက်ချင်တာလား။ ဒါမှမဟုတ် ဖွဲ့စည်းပုံမှာ ပါတာတွေ သေချာ မလေ့လာဘဲ ပြည်သူ့အကျိုးပြုသယောင်ယောင် ပြည်သူကို ဆွယ်ချင်တာလား။
၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား ၃ ကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။
ဇယား ၃
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း
(ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်)
၁။ မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ
၂။ လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
၂။ ပြည်သူ့ကျန်းမာရေး
၎။ စည်ပင်သာယာရေးလုပ်ငန်း၊
၅။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
၆။ စားကျက်မြေများ ထိန်းသိမ်းရေး
၇။ သစ်တော်များ ကာကွယ်ထိန်းသိမ်းရေး
၈။ ပြည်ထောင်စုက ပြဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၉။ မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာကိစ္စ၊
၁၀၊ မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာကိစ္စ၊
ပုဒ်မ ၁၉၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအား မိမိတို့ တိုင်း သို့မဟုတ် ဒေသအတွက် ဇယား ၃ တွင် ဖော်ပြထားသော ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့်အာဏာများကို ခွဲဝေအပ်နှင်းသည်။
By Irrawaddy
ခေတ်သစ်ပန်းဦးလွှတ်ပွဲ
Inbox
x
ခါတိုင်းလိုပင် ထွေလီကာလီစကားဝိုင်းလေးကို
သောက်နေကျလက်ဖက်ရည်ဆိုင်သို့သွားကာ လူစုံသည်နှင့်တပြိုင်နက် အစပြု
လိုက်ကြသည်။ မိုးကလည်း အလွန်စွေနေသည်မှာ ကြာပြီဖြစ်သောကြောင့်
အိမ်တွင်းအောင်းနေရင်း စကားဝိုင်းလေး ပြန်မစဖြစ်သည်မှာ
အချိန်အတော်နှောင်းသွားရသဖြင့် ပြောစရာထွေလီကာလီ အကြောင်းအရာတွေလည်း
အားလုံးတွင် ကိုယ်စီကိုယ်ငှ တပုံတပင် များပြား လှနေတော့မည်။
လူငယ်လေးတွေချည်းစုပြီး ဝိုင်းဖွဲ့နေကြသော စကားဝိုင်းမှ အသံများသည်
မိုးသံလေသံများအကြားတွင် တဝါးဝါး တဟားဟားဖြင့် မိုးမင်းနှင့်အပြိုင်
သူနိုင်ကိုယ်နိုင်ကျဲနေကြသည်။ ထိုသို့မိုးသံလေသံများအကြားမှ
တစ်ယောက်သောသူ၏ အသံက ကျယ်လောင်စွာထွက်ပေါ်လာပါတယ်။
“ငယ်ငယ်က မိုးရာသီကျောင်းဖွင့်ရက်တွေမှာ ကိုရွှေမိုးမင်းက
ညနေကျောင်းဆင်းချိန်တိုင်း အခုလို အုံးအုံးဒိုင်းဒိုင်းနဲ့ သည်းသည်းမဲမဲ
ကို ရွာသွန်းဖြိုးလေ့ရှိတယ်။ အိမ်ကိုပြန်တဲ့လမ်းနဘေး ကားလမ်းက
ဘယ်ညာမျက်စိတစ်ဆုံး လယ်ကွက်ကြီးတွေတစ်လျှောက်မှာ မိုးစက်
မိုးပေါက်တွေအကြား တေးတကြော်ကြော်နဲ့ လယ်ထွန်နေတဲ့ လယ်သမားကြီးတွေကို
အမြဲတွေ့ရလေ့ရှိတယ်။ ကိုယ်တွေကတော့ ထီးကလေးကိုဆောင်း လွယ်အိတ်ကလေးကို
ရင်မှာပိုက်လို့ ကွင်းပြင်ကြီးထဲမှာ အပေါ်ပိုင်းဗလာ ခါးတောင်းကျိုက်လေးနဲ့
မိုးတရွှဲရွဲ ရွှံ့ထဲ ဗွက်ထဲမှာ ခြေသလုံး ‘မျှော့’ အတွယ်ခံရင်း
လယ်ထွန်နေကြတဲ့ သူတို့တွေကိုကြည့်ရင်း အံသြမိတယ်။ ဒါတောင် “ထွေးညို
ထွေးညို” ဆိုတဲ့တေးချိုချိုအသံလေးတွေလည်း မိုးသံလေသံကို ထိုးဖောက်ပြီး
ကိုယ်တွေနားထဲရောက်အောင် တေးတကြော်ကြော်နဲ့ ဦးကြီးတွေသီဆို လယ်ထွန်ရင်း
ပျော်နေကြတယ်။ ပြောချင်တာက အခုလိုမိုးရာသီဟာ ဆန်ကိုသာအဓိကထားစားသုံး
စိုက်ပျိုးရောင်းချကြတဲ့ ကိုယ်တို့နိုင်ငံ အတွက် မိုးစပါးစိုက်ရတဲ့
အချိန်ပဲဖြစ်တယ်။ ဒီအချိန်မှာ တောင်သူဦးကြီးတွေဟာ မိုးထဲရေထဲ
မျှော့တွဲလွဲနဲ့ ပျော်တပြုံးပြုံး နွားနှင့်ဖက်ပြီး ရုန်းကြရလေ့ရှိတယ်။
အခုတော့…”
                                               ဟုဆိုကာ
စကားကိုဆက်ပြောသေးဘဲ လက်ဖက်ရည်တစ်ခွက်ကို အသာယူမော့လိုက်ပါတယ်။ ပြီးမှ
သူ့စကားကို စိတ်ဝင်တစားအာရုံစူးစိုက်နားထောင်နေကြတဲ့ သူတွေကို
တစ်ချက်ဝှေ့ကြည့်ကာ သူကပဲဆက်ပြောပါတော့တယ်။
“ တကယ်တော့ ကိုယ်တို့နိုင်ငံရဲ့ အဓိကထွက်ကုန်ဟာ ဆန်စပါးဖြစ်တယ်။
ဒါကြောင့် တောင်သူဦးကြီးများကို နိုင်ငံဝင်ငွေ အတွက်ရော
တိုင်းပြည်စားနပ်ရိက္ခာအတွက်ပါ အားကိုးအားထားပြုရတယ်။ သူတို့တတွေဟာ
လက်မှုလယ်ယာတောင် မနည်းကုန်းရုန်း အားစိုက်ပြီး လုပ်နေကြရတဲ့
ကိုယ်တို့နိုင်ငံမှာ တစ်မိသားစုလုံး မိုးရွာနေပူမရှောင် ရွှံ့ထဲဗွက်ထဲမှာ
ထမင်းကြမ်းခဲစားပြီးတစ်နှစ်ပတ်လုံး ပါတ်ချာလည်နေကြရှာတယ်။ သူတို့တတွေဟာ
သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေကို ဘိုးဘွားပိုင်အဖြစ်
စဉ်ဆက်မပြတ်ထိန်းသိမ်း စောင့်ရှောက်ရင်း အခြားတိုးတက်ရာ လုပ်ငန်းတွေထက်
ပင်ပန်းဆင်းရဲတဲ့ လယ်ယာလုပ်ငန်းကိုပဲ မိရိုးဖလာအလုပ်အကိုင်အဖြစ်
ရိုးဂုဏ်မြောက်စွာ ဆက်လက်လုပ်ကိုင်ကြတယ်။ မြန်မာပြည်မှာရှိတဲ့ သန်း(၆၀)
သောလူထုဟာ သူတို့ချွေးနဲ့ ရင်းထားတဲ့ ဆန်ကိုချက်ပြီး ထမင်းအဖြစ်
အဟာရနေ့စဉ်မှီဝဲကြရတယ်။ ဒါကြောင့် တောင်သူဦးကြီးတွေဟာ လူထုရဲ့ ထမင်းရှင်၊
ကျေးဇူးရှင်ဖြစ်တယ်။ အခုလိုမိုးသည်းတဲ့ကာလမှာ မျက်ရည်ရွှဲနေရတဲ့
သူတို့ရဲ့အဖြစ်ကိုမြင်တော့ ရင်ထဲမချိအောင်ခံစားရတယ်။ အရင်က “ထွေးညို”
သံချိုနဲ့ ကောက်စိုက်တေးသံတွေ အစား ကိုယ့်ဘိုးဘွားပိုင် လယ်ယာမြေကို
အသာငေးကြည့်ရင်း တောင်သူဦးကြီးတွေ ရင်ထဲနှလုံးသားထဲ နှစ်လုံးသားထဲက
မချိတင်ကဲ ခံစားချက်တွေနဲ့ မတရားမှုအပေါ် မတရားမှန်းသိပေမယ့် အံကြိတ်ကာ
မျက်ရည်တလိပ်လိပ်ကျနေတဲ့ မျက်ဝန်းညို စိုစိုကြီးတွေနဲ့ ငိုရှိုက်သံတွေဟာ
မိုးသံလေသံကို လွှမ်းလို့ လယ်ကန်သင်းရိုးတစ်လျှောက် ပျံ့လွှင့်နေတယ်။”
“ ဘာကြောင့် ‘ထွေးညို’ အစား ‘ ဆွေးငို’ နေရတာလည်းဆိုတော့ အာဏာကို
တိုင်းပြည်ကောင်းစားရေးထက် မိမိကြီးပွားရေးကို သာ တလွဲသုံးတဲ့
အာဏာရူးတွေရယ်၊ “ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့အာဏာရူးတွေနဲ့
ပေါင်းပြီး အကျင့်ပျက်ခြစားနေကြတဲ့ ခေတ်ပျက်စီးပွားရေးသမား
လောဘရူးတွေကြောင့် ပဲဖြစ်တယ်။ အဲဒီအာဏာရူး၊ လောဘရူးတွေဟာ လူထုတွေဖြစ်တဲ့
အလုပ်သမား လူတန်းစားအလွှာကို ဂုတ်သွေးစုတ်လို့ အားမရသေးတဲ့အပြင်
ကိုယ့်နိုင်ငံရဲ့ ကျေးဇူးရှင် ထမင်းရှင်ဖြစ်တဲ့ ရိုးသားတဲ့ စာပေမနှံစပ်၊
ဥပဒေမကျွမ်းကျင်တဲ့ တောင်သူဦးကြီးတွေကိုပါ ပါဝါပြပြီး ဥပဒေကိုင်ကာ
ခြောက်လိုခြောက်၊ ငွေထုတ်ကလေးတရမ်းရမ်းနဲ့ ဂုဏ်မောက်ကာ ငေါက်လိုငေါက်နဲ့
ယုတ်မာကောက်ကျစ်ကြတယ်။ နိုင်ငံတော်ကို နှစ်ပေါင်းများစွာ
အခွန်မပြတ်ပေးဆောင်လာတဲ့ ဘိုးဘွားပိုင် လယ်ယာမြေ ဧကပေါင်းများစွာကို
မတရားသဖြင့် သိမ်းတယ်။ ပြီးတော့သူတို့တွေ ကြီးပွားရာကြီးပွားကြောင်း
စက်ရုံကြီးတွေထောင်ဖို့ မြေကွက် ရိုက်ရောင်းစားကြတယ်။ လယ်သမားကြီးတွေဟာ
ဘာလို့ဘာကိုင်ရမှန်းမသိဘဲ အခွန်တော်ဖြတ်ပိုင်းလေးတွေ
လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်ရည်ဖြိုင်ဖြိုင်ကျနေရတယ်။
အဲဒီမျက်ရည်တွေကို ခြေဆေးရေအဖြစ် အာဏာရူးတွေ လောဘရူးတွေက
ပျော်ပျော်ပါးပါးကြီး မျက်နှာပြောင်တိုက်ကာ
ဆေးကြောသန့်စင်နေကြတုန်းဖြစ်တယ်။”
“လယ်သမားကြီးတစ်ဦးရဲ့ ဆန္ဒထုတ်ဖေါ်နေတဲ့ ဓာတ်ပုံတစ်ခုကို
ဖေ့ဘုတ်စာမျက်နှာပေါ်မြင်ရတဲ့အခါ ရင်ထဲ သိပ်ကိုမွန်းကြပ်ခံစား သွားရတယ်။
လယ်သမားကြီးက မျက်ရည်တွေစိုရွှဲနေတဲ့ မျက်ဝန်းညိုညိုကြီးနဲ့အတူ လက်ထဲမှာ
ကိုင်ထားတဲ့ ကတ်ထူပြားလေးပေါ် “ကျွန်တော်တို့ စာမတတ်တဲ့အတွက်
စာတတ်တဲ့သူများ ကူညီပေးကြပါခင်ဗျား” ဆိုပြီး ရေးထားတယ်။ လှိုင်သာယာက
မတရား လယ်မြေအသိမ်းခံရတဲ့ လယ်သမားထုကြီးဆီက မြင်တွေ့လိုက်ရတဲ့
ပုံရိပ်လွှာတစ်ခုပဲဖြစ်တယ်။ တခြား တွံတေးမြို့နယ် ထော်ကူးဘက်က
မတရားအသိမ်းခံထားရတဲ့ လယ်မြေဧက(၈၀၀) ကျော်၊ နောက်ထပ်ပေါ်ပေါက်လာတဲ့
လှိုင်သာယာမြို့နယ် ပဒန်းကျေးရွာ၊ ကျွန်းကလေး၊ ကျွန်းကြီး၊ ကမ်းပြို
စတဲ့ရွာပေါင်းလေးရွာက လယ်မြေဧက (၆၈၀) ကျော်၊ မုံရွာခရိုင်
ကက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် မတရားအသိမ်းခံရတဲ့
ဆားလင်းကြီးမြို့နယ်က လယ်ဧကပေါင်း(၇၈၀၀) ကျော်စသဖြင့်
နိုင်ငံတော်တဝှမ်းမှာ မတရားသဖြင့် အမြတ်ထုတ် မှုတွေ ဖုံးလွှမ်းနေတယ်။
အမှန်တရားနဲ့ တရားဥပဒေဆိုတာ ဘာလဲလို့ တောင်သူဦးကြီးတွေအဖို့ ဘယ်သူမှ
အဖြေမထုတ်ပေးနိုင်ကြတော့ ဘူးလားလို့ တွေးမိတယ်။”
“မတရားအသိမ်းခံရတဲ့ နိုင်ငံတော်တဝှမ်းသတင်းတွေထဲက မောင်းစည်သံလွှမ်းပြီး
မေတ္တာပို့သံနဲ့အတူ ညာချီသံ နံပါတ်တုတ်နဲ့ ဒိုင်းကို
တဘုန်းဘုန်းခြောက်လှန့်ရိုက်မြည်သံ လွှမ်းတဲ့ရမ်းချင်တိုင်းရမ်းနေကြတဲ့
မုံရွာ ဆားလင်းကြီးမြို့ အဖြစ်အပျက်တစ်ခုကိုပဲ ထုတ်ပြီးပြောပြရမယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က တောင်သူဦးကြီးတွေကို စီမံကိန်းအတွက်
လယ်ကွင်းတွေကို ကားကြီးတွေဖြတ်ပြီးမောင်း သွားမှာ ဖြစ်တာကြောင့်
ဆိုပြီးသီးနှံတွေအတွက်လျော်ကြေးအဖြစ် သုံးနှစ်စာ ကျပ်ငွေငါးသိန်းနဲ့
နှစ်သောင်းလောက်ပေးခဲ့တယ်။ တောင်သူဦးကြီးတွေခမျာ
မိမိတို့စိုက်ပျိုးထွန်ယက်ထားတဲ့ လယ်ယာမြေတွေအပေါ်
ကားကြီးတွေဖြတ်မောင်းသွားမှာကို မကြိုက်ပေမယ့် လည်း
မပြောဝံ့မပြောရဲတာတွေကြောင့် တစ်နှစ်စာ သီးနှံအထွက်ဖိုးလောက်တောင်မရှိတဲ့
ငွေကိုသုံးနှစ်စာလျော်ကြေးအဖြစ် ကြောက်ကြောက်နဲ့ ရိုးသားစွာ
လက်ခံလိုက်ရတယ်။ အခုလိုသုံးနှစ်အကြာ ၂၀၁၂ ခုနှစ်လည်းရောက်ရော
“စည်းကျော်လျှင် ပစ်မည်” ဆိုတဲ့ ဆိုင်းဘုတ်တွေတပ်ပြီး
အပြီးတိုင်သိမ်းပိုက်လိုက်ကြတယ်။ တစ်ထောင်ကျော်ခန့်သော လယ်သမားထုကြီးဟာ ‘
ကျေးရွာပိုင် ယာမြေများအပေါ် မည်သူမျှ မကျူးကျော်ရ’
ဆိုတဲ့ဆိုင်းဘုတ်ကလေးတွေကို ကိုင်ပြီး သူတို့လယ်ယာမြေတွေဆီ
ငြိမ်းချမ်းစွာ ချီတက်လာကြတယ်။ ‘ ပြည်သူ့အသက်ဦးအိမ်စည်းစိမ်ကို
ကာကွယ်စောင့်ရှောက်ပါမည်’ ဆိုတဲ့ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေက
ကားကြီးတွေတဝူးဝူးမောင်းလို့ ဒိုင်းကို ရာဘာတုတ်နဲ့ ရိုက်ပြီး
ညာသံချီချောက်လို့ ဘာလက်နက်မှမပါတဲ့ တောင်သူဦးကြီးတွေကို
သူပုန်သူကန်တွေလို သေနတ်ကြီး တွေထောင်လို့ တောမောင်းသလို ခြောက်ကြ
လှန့်ကြတယ်”
“ ကိုယ့်ရဲ့ ဆွေစဉ်မျိုးဆက်နှစ်ပေါင်းများစွာ စိုက်ပျိုးထွန်ယက်လာကြတဲ့
ဘိုးဘွားပိုင်မြေကို မည်သူမဆိုမြတ်နိုးကြမှာဖြစ်တယ်။ အခုလို
မတရားအသိမ်းခံရတဲ့အခါ ‘ ငါတို့က စာမတတ်ဘူး၊ တရားရုံးတက်ပြီးရှင်းရင်လည်း
ရှုံးမှာပဲ၊ ဒါကြောင့်သေရင်သေပါစေ၊ တို့မြေကို
အဆုံးရှုံးမခံနိုင်ဘူး၊’ဆိုတဲ့ မတရားမှုကို တော်လှန်တဲ့ ရိုးမာန်နဲ့
ညာချီသံတွေကို လွှမ်းအောင် မောင်းကိုထုပြီးချီတက်ကြတယ်။
အရင်ရိုးရိုးသားသား လယ်ယာစိုက်ပြိုးဖို့အတွက် အသုံးပြုတဲ့ ပေါက်တူး၊
တံစဉ်၊ ဝါးချွန်တွေကို ကိုယ်စီကိုင်လို့ ‘ ရန်ပြုရင် လှန်မဟယ်’ ဆိုပြီး
မဝံ့မရဲ လက်နက်သဖွယ် ကိုင်ဆောင်ထားကြတယ်။ ပြည်သူထဲက ပေါက်ဖွားလာတဲ့
သကောင့်သား ပြည်သူ့ရတပ်ဖွဲ့တွေရှေ့မှာ ငုတ်တုတ်ကလေးတွေထိုင်ပြီး
တောင်သူဦးကြီးတွေ၊ ကောက်စိုက်သမလေးတွေ အချို့ဟာ
ငိုယိုရှိခိုးတောင်းပန်ကြတယ်။ “စည်းကျော်ရင် ပစ်မည်”
ဆိုတဲ့ဆိုင်းဘုတ်ရှေ့မှာ “ ကျေးရွာပိုင်ယာမြေ မည်သူမျှ မကျူးကျော်ရ”
ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ရဲဝံ့စွာစိုက်ထူကြတယ်။
“ကိုယ်စိုက်ပျိုးတဲ့အပင်၊ ကိုယ်ပြန်ရိတ်သိမ်းရတယ်” ဆိုတဲ့စကားဟာ
သူတို့အတွက်တော့ အမှား၊ နားခါးစရာပဲဖြစ်တယ်။ တကယ်တော့ တောင်သူဦးကြီးတွေဟာ
့ပြန်ရိတ်သိမ်းဖို့နေသာသာ စိုက်ပျိုးစရာမြေတောင် မရှိဖြစ်နေရရှာတယ်။
မတရားအသိမ်းပိုက်ခံထားရတယ်။ သူတို့တတွေပြောလေ့ရှိတဲ့ ‘မင်းမဲ့စရိုက်’
ဆိုတာဥပဒေကို နားရွက် တံတွေးစွတ်နေကြတဲ့ သူတို့ဆီမှာသာလျှင် ရှိနေတယ်။
လယ်သမား ကြီးတွေဟာ လယ်ယာမြေကို မှီခိုအားထားပြီး အသက်ဆက်နေရသူတွေဖြစ်တယ်။
သူတို့ရဲ့ မိသားစုတွေဟာ လယ်ယာမြေမရှိတော့တဲ့ အတွက် ဘာကိုလုပ်လို့
ဘာနဲ့စားပြီး အသက်ဆက်ရမလဲဆိုတာ မသိနိုင်တော့ကြအောင်ကို ဖြစ်နေတယ်။အခုလို
မိုးရာသီကျောင်းဖွင့်ချိန် တောင်သူဦးကြီးတွေရဲ့ ကလေးတွေ ဘယ်ကငွေနဲ့
ကျောင်းဆက်ထားရမလဲဆိုတာ သူတို့မတွေးတတ်တော့ကြရအောင် ဖြစ်နေတယ်။
အရင်လိုမိုးရာသီမှာ တေးတကြော်ကြော်အော်ရင်းးထွန်တုံးနဲ့ ပျော်နေကြရတဲ့
တောင်သူဦးကြီးတွေဟာ သောကအပူမီးတွေ ရင်မှာပိုက်ပြီး မျက်ရည်စက်လက်နဲ့
စိုက်ပျိုးစရာ လယ်ယာမဲ့ဘဝဟာ အနာဂတ်မဲ့နေသလို ခံစားနေကြရရှာတယ်”
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က ပုဂံပြည်ကြီးမှာ
အရည်းကြီးတွေဟာ “ပန်းဦးလွှတ်” ပွဲတော်ကို ကျင်းပလေ့ရှိတယ်။ “
ပန်းဦးလွှတ်ပွဲ” လို့ဘာကြောင့်ခေါ်ရသလဲဆိုတော့ ပန်းကလေးတစ်ပွင့်လို
လှပဖြူစင်တဲ့ အပျိုစင်အမျိုးသမီးငယ်လေးကို ဦးဦးဖျားဖျား
တစ်ညတာအိပ်စက်ဖို့ အရည်းကြီးတွေဆီပို့လွှတ်ရတဲ့အတွက်ဖြစ်တယ်။ မိဘတွေဟာ
သူတို့သမီးပျို အိမ်ထောင်ပြု မင်္ဂလာဆောင်တော့ မယ်ဆိုရင် အရည်းကြီးတွေရဲ့
ကျောင်းတော်ကြီးဆီ ပန်းဦးလွှတ်ပွဲလုပ်ပြီး တစ်ညသွားပိုရလေ့ရှိတယ်။
အရည်းကြီးဆိုသူ လူယုတ်မာတွေ ရဲ့ အုပ်စုလိုက် အပျိုရည်ဖျက်တာခံပြီးတော့မှ
သတို့သမီးဟာ သတို့သားလောင်းကို လက်ထပ်ခွင့်ရှိတယ်။ ဘုရင်က
အရည်းကြီးဆိုသူတွေ ကို ကိုးကွယ်ထားလေတော့ ပြည်သူတွေဟာ
ကိုယ်သမီးပျိုလေးကို မျက်ရည်စက်လက်ကနဲ့ အဖျက်အဆီးခံရမယ့်ဆီ
ပွဲတော်ကျင်းပလို့ ပို့ဆောင်ခဲ့ရတယ်။ အရည်းကြီးတွေဟာ
ဘာသာရေးမှိုင်းတိုက်ပြီး မသိနားမလည်တဲ့ ပြည်သူနဲ့
ဘုရင်ကိုမျက်လှည့်ပြလိမ်လည်လှည့်ဖျားပြီး မိဘတွေရဲ့ သောကအပူမီး
မျက်ရည်ပူတွေနဲ့ ခြေဆေးလို့ သမီးပျိုလေးတွေကို ဖျက်ဆီးတဲ့
ကိုယ်ကြိုးသက်သက်သမား လူယုတ်မာတွေ သာဖြစ်တယ်။ တောင်သူကြီးတွေဟာ
သူတို့စိုက်ပျိုးနေတဲ့လယ်ယာမြေကို သားသမီးသဖွယ်
စောင့်ရှောက်ထိန်းသိမ်းမြတ်နိုးကြတယ်။ အခုတော့ မုံရွာဆားလင်းကြီးက
တောင်သူဦးကြီးတွေဟာ မသက်သာတဲ့အဆုံး ခေတ်သစ်အရည်းကြီးလက်သစ်တွေထဲ ကို
ပန်းဦးလွှတ်သလို သုံးနှစ်စာလောက် ကားလမ်းအဖြစ် မိမိတို့ရဲ့လယ်ယာမြေကို
အပျိုရည်အဖျက်ခံရတယ်။ အရည်းကြီးတွေကမှ ပန်းဦးလွှတ်ပွဲတစ်ညပြီးရင်
သမီးပျိုကို ပြန်အပ်ပေမယ့် ခေတ်သစ်အရည်းကြီးတွေကတော့
အပိုင်သိမ်းလိုက်ကြတော့တယ်။ အခုလို မိုးသည်းတွေအတိုင်း
ငယ်ငယ်ကျောင်းသားဘဝက ညနေကျောင်းပြန်ချိန်တိုင်း မြင်ခဲ့ရတဲ့
လယ်ကွင်းထဲမှာ တေးတကြော်ကြော်နဲ့ မိုးထဲရေထဲက နွားနဲ့အတူ လယ်ထွန်နေကြတဲ့
တောင်သူကြီးတွေရဲ့ ကောက်စိုက်သေးသံကို နားထဲပြန်ကြားနေမိတယ်။ ပြီးတော့
မိုးရေထဲမှာ အရင်လိုစိုက်ပျိုးခွင့်မရှိတော့တဲ့ မတရားအသိမ်းခံလိုက်ရတဲ့
ကိုယ်ပိုင်ယာမြေလေးတွေကို ကြည့်ရင်းနားထဲမှာ နိုင်ငံရဲ့ ရိုးသားလှတဲ့
ကျေးဇူးရှင်တောင်သူဦးကြီးတွေရဲ့ ငိုရှိုက်သံတွေကို သဲ့သဲ့
ကြားယောင်နေမိတယ်..။”
ဟုပြောကာ သူ့မျက်ဝန်းတွင်းမှလည်း မျက်ရည်စလေးများ စီးကျလာပါတော့တယ်။
သူ၏စကားအဆုံးတွင် ကျွန်တော်သက်ပြင်းရှည်ကြီးတစ်ခုကို ပင်ပန်းကြီးစွာ
မှုတ်ထုတ်မိလိုက်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ‘စာတတ်သူများ ကူညီကြပါ’ ဆိုတဲ့
တောင်သူဦးကြီးတွေအတွက် စာတတ်ပညာတတ်သော ကျွန်တော်တို့တတွေရော ဘာများ
လုပ်နိုင်ဦးမည်နည်းဟု စဉ်းစားကာ သူပြောသလို “ခေတ်သစ်
ပန်းဦးလွှတ်ပွဲ”တွေကို အရသာရှိရှိခြေတော်တင်နေကြတဲ့ မျက်ရည်ပူတွေနဲ့
ခြေဆေးနေကြတဲ့ ခေတ်သစ်အရည်းကြီးများသည် ယနေ့လွှတ်တော်ထဲသို့ ရောက်ရှိနေသော
အမတ်လောင်းကြီးများ ဖြစ်နေသည်ရှိသော် ဟုတွေးမိကာ  ရင်ထဲမွန်းကြပ်စွာ
ခံစားမိသွားသောကြောင့်ပါတည်း။
မောင်ပြည်သိမ်း
ခေတ်လူများ၏မှတ်စု ဂျာနယ်၊ အမှတ်(၈)
ထွေလီကာလီစကားဝိုင်း ကဏ္ဍမှ
--
[image: Inline image 1]http://www.facebook.com/groups/Myanma.ArunThit.Org/
*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**
ပြည်ထောင်စုဝန်ကြီးများ လခ တစ်လ ကျပ် ၆ သိန်းသာ ရရှိဟုဆို
အရင် စစ်အစိုးရလက်ထက်က ပြဋ္ဌဌာန်းခဲ့တဲ့
 ပြည်ထောင်စုအစိုးရအဖွဲ့ ဥပေဒမှာ
 ပြည်ထောင်စုဝန်ကြီး တဦးရဲ့ လစာကို
တလ ကျပ် သိန်း ၃၀ ခံစားဖို့ ပြဋ္ဌဌာန်း
ထားပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူစဉ်ကစပြီး ယနေ့ အချိန်ထိ
တလ ကျပ် ၆ သိန်းသာ ရယူခံစားနေကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က
 ပြောပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအေဝးမှာ
သူက ခုလို ရှင်းပြတာဖြစ်ပြီး ဒုဝန်ကြီးတွေလည်း လစာ ကျပ် သိန်း ၂၀ ပြဋ္ဌဌာန်းထားပေမယ့်
ကျပ် ၄ သိန်းခွဲသာ ရယူခံစားနေတယ်လို့ ပြောပါတယ်။
လက်ရှိ အစိုးရအဖွဲ့မှာ သမ္မတ ရုံးဝန်ကြီး ၆ ဦး ထားရှိတာကို များတယ်လို့ ဝေဖန်တာနဲ့  ပတ်
သက်ပြီး သူက အီတလီမှာ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ၆ ဦး၊ ထိုင်း ဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီး
၃ ဦး၊ စင်ကာပူ ဝန်ကြီးချုပ်ရုံးမှာဝန်ကြီး  ၃ ဦး၊ လာအို အစိုးရ အဖွဲ့ရုံးမှာ ဝန်ကြီး ၆ ဦး၊
 မေလးရှား ဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီး ၆ ဦး၊ ကေမ္ဘာဒီးယားဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီး
၁၂ ဦးအထိ ခန့် အပ် အလုပ်လုပ်နေတယ်လို့ ရှင်းပါတယ်။
DVB (မြန်မာပိုင်း)
ရွှေမြန်မာ
FBI ကွန်ပျုတာ ထဲ မှာ Apple သုံးစွဲ သူ တို့  ၏ ID သန်း ကျော် ကို ဟက်ကာ တွေ ရရှိ
Anti Sec နှင့် Anonymous အုပ်စု များ မှ
FBI ကွန်ပျုတာ များ တွင် မွှေနှောက် ရာ
Appleထုတ်ကုန် များ ဖြစ်သည့် iPhone ၊
iPad , iPod နှင့် iTunes တို့  ကို အသုံး
 ပြု သည့် လှို့ ဝှက် စာ ဖြစ်သည့် Apple ID ၁၂ သန်း ကို ရရှိ ခဲ့ ပြီး ပထမ
တစ်သန်း ကို ယနေ့  ထုတ် ပြန်သည်။
FBI က ဟက်ကာ များ သည် ၎င်း တို့  ၏ ကွန် ပျုတာ အတွင်း သို့  ၀င်ရောက် ခဲ့
သည့် ခြေရာလက် ရာ တစ်စုံ တစ်ရာ မရှိ ဘဲ အခြေ အမြစ် မရှိ လျှောက် ပြောနေသည်
ဟု ဆိုသည်။
၎င်း တို့  ၏ ဧဂျင့် လပ်တောပ် ထဲ မှာ ဒေတာ ၁၂ သန်း ကျော် ကို ဟက်ကာတို့  ရရှိ ခဲ့
သည် ဆိုခြင်း နှင့် ပတ်သက် ပြီး FBI က မည်သည့် Apple ID မျှ  ရယူ ထား ခြင်း မရှိ ဟု
 ငြင်း ဆို ခဲ့ သည်။
Operation Anti-Security သည် အစိုးရ များ ၏ တရား မ၀င် စုံ စမ်း ထောက် လှမ်း သတင်း
ရယူ မှု များ ကို ၂၀၁၀ ခု နှစ် မှ စတင် ဖော် ထုတ် ခဲ့ သည်။ Anti Sec သည် Anonymous
လှုပ်ရှား မှု ၏ အစိတ် အပိုင်း ဖြစ်သည်။
Apple ကွန်ပျုတာ ကုမ္ပဏီ က မူ ထို သတင်း နှင့် ပတ်သက် ပြီး တစ်စုံ တစ်ရာ မှတ် ချက် ပေး
ပြော ဆို ခြင်း မရှိ သေးချေ။
ဟက်ကာ များ မှ ပထမ အသုတ်  ထုတ်ပြန်ထား သည့် Apple ID စာရင်း တစ်သန်း အနက် အချို့ 
ကို ကြည့် ရှု ရ နိုင်သည့် ဆိုတ် များ အနက်  နဲ့ 
ကို ကလစ် နှပ်ပါ
ထပ်မံ  ကြည့် ရှု နိုင်သည့် ဆိုတ်များ ကို မကြာခင် ဆက်လက် ဖော်ပြ ပေး ပါမည်။
ရွှေမြန်မာ
ဒယ်အိုးဆရာတော်က ရခိုင်ပြဿနာမှာ နိုင်ငံတော် လုံခြုံရေး ပြဿနာ ဖြစ်ကြောင်း အမေရိကန်တွင် ပြောကြား
အမေရိကန်ပြည်ထောင်စု တက္ကဆက်
ပြည်နယ် အမာရီလိုမြို့ ရှိ ဇေယျသုခ
ဓမ္မရိပ်သာ မြန်မာ ဘုန်းတော်ကြီး ကျောင်း
၏ စုပေါင်း ၀ါဆို သင်္ကန်းဆက်ကပ်
လှူဒါန်းပွဲတော်နှင့် ဓမ္မပူဇာ ဓမ္မသဘင်တွင်
 နိုင်ငံကျော်ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) က
“ညီညွတ်ကြမှချမ်းသာရ” သစ္စာတရား ရေအေးတော်ကို တိုက်ကျွေး
 ဟောကြားခဲ့သည်။
ညနေချမ်းအချိန်တွင် ပြုလုပ်သော အဆိုပါ တရားပွဲတော်တွင် ဆရာတော် ဥူးသုမင်္ဂလ
က လက်ရှိ ရခိုင်ပြည်နယ် တွင် ဖြစ်ပျက်နေသော အခြေအနေများနှင့် ပတ်သက်ပြီး
 ဟောပြောသွားရာတွင် ရခိုင် ပြဿနာ မှာ အမျိုးသားရေး ပြဿနာ ဖြစ်ကြောင်း
 ဟောပြောခဲ့သည်။
“လက်ရှိ ရခိုင် ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြသနာဟာ ရခိုင် တိုင်းရင်းသားတွေနဲ့
မဟုတ်သလို ဘာသာရေး သက်သက်လည်း မဟုတ်ဘူး၊  နိုင်ငံတော် လုံခြုံရေး
 ပြဿနာဖြစ်သလို အမျိုးသားရေး ပြဿနာလည်း ဖြစ်တဲ့ အတွက် တစ်မျိုးသားလုံးက ညီညီညွတ်ညွတ်နဲ့ ကာကွယ် စောင့်ရှောက်ကြရမှာဖြစ်တယ်” ဟု ဆရာတော်က
 ပြောဆိုသည်။
စက်တင်ဘာလ ၂ ရက် တနင်္ဂနွေနေ့  တွင် ပြုလုပ်သောအဆိုပါ တရားပွဲတော်သို့
အမာရီလိုမြို့ တစ်ဝိုက်မှ  ဗုဒ္ဓဘာသာဝင်  လူပေါင်း နှစ်ရာကျော်ခန့်တက်ရောက်ခဲ့ပြီး
တရားပွဲတော်တွင် ဆရာတော်ကြီးက ထိုသို့ မိန့်ကြားသွားခြင်း ဖြစ်သည်။
နိုင်ငံကျော် ဓမ္မကထိက တရားဟောတရားပြအကျော် ဆရာတော် ဥူးသုမင်္ဂလသည်
စက်တင်ဘာလ ၂ ရက် (တနင်္ဂနွေနေ့ ) နံနံက် ဆယ်နာရီခန့် တွင် အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် ဒင်ဘာမြို့  အပြည်ပြည်ဆိုင်ရာဒင်ဘာလေဆိပ်မှ  အမာရီလို့ မြို့  အမာရီလိုလေဆိပ်သို့ ရောက်ရှိ လာရာ မြို့ ခံ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ တိုင်းရင်း
သားပေါင်းစုံတို့ က ရိုးရာ ယဉ်ကျေးမူ ၀တ်စုံများ ၀တ်ဆင်ကာ အိုးစည် ဒိုးပတ်ဝိုင်း
များဖြင့် ဆရာတော် ဥူးသုမင်္ဂလကို ကြိုဆို ပင့်ဆောင် ခဲ့ကြကြောင်း သိရှိရသည်။
ယခုကဲ့သို့ မြန်မာတိုင်းရင်းသားများက ညီညီညွှတ်ညွှတ် စည်းစည်းလုံးလုံးဖြင့်
တိုင်းရင်းသား ၀တ်စုံများ ၀တ်ဆင်ပြီး ကြိုဆိုနေကြသည်ကို တွေ့မြင်ရသဖြင့်
ဆရာတော် အနေဖြင့် အထူး ၀မ်းသာပီတိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
“ပြည်ထောင်စုဖွား တိုင်းရင်းသား ညီနောင် သွေးချင်းများက ခုလို ရိုးရာယဉ်ကျေးမူ
ဓလေ့ ရိုးရာ ၀တ်စုံတွေကို  ၀တ်ဆင်ပြီး ကြိုဆိုကြတော့ မြင်ရတော့ ဦးဇင်းက
 တော့်တော့ကို ၀မ်းသာ ပီတိဖြစ်မိတယ်။
အမေရိကန် နိုင်ငံက လေဆိပ် မဟုတ်ပဲ မြန်မာနိုင်ငံက လေဆိပ်တစ်ခုခုနဲ့ 
များ မှားပြီး ဆင်းလာမိသလားလို့ တောင် ထင်ရတယ်” ဟု ဆရာတော်
မိန့် ကြားသည်။
ဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲတော်နှင့် ဓမ္မပူဇာ ဓမ္မသဘင်တွင် ဒယ်အိုး
ဆရာတော်ကြီးနှင့် တခြား သီတင်းသုံးနေသော ဆရာတော်များအား ၀ါဆိုသင်္ကန်းများ
 ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပွဲသဘင်သို့ ကြွရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းကို ညီညွတ်သော
ပအိုဝ့် တိုင်းရင်းသား များမှ နေ့ ဆွမ်း ထမင်း အဟာအရတို့ ဖြင့် တည်ခင်းဧည့်ခံကာ
ညနေစာ အဟာရများကို ညီညွတ်သော မျိုးချစ် ရခိုင်လူငယ်များမှ ခေါက်ဆွဲကျော်
 အဖျော်ရည်များဖြင့် တည်ခင်း ဧည့်ခံ ခဲ့ကြောင်း သိရှိရသည်။
ပွဲတော်တွင် မျိုးချစ်ရခိုင်လူငယ်များက သမိုင်းသုတေသီ ဦးရွေစံနှင့် သမိုင်းပါမောက္ခ
 ဒေါက်တာ အေးချမ်းတို့  ပူးပေါင်း ရေးသား ထုတ်ဝေထားသည့် ဘင်္ဂလီရိုဟင်ဂျာများ
 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့  စတင်ဝင်ရောက်ပျံ့ နှံ့ လာပုံ “Influence Virus” အမည်ရ
စာအုပ်ကို တက်ရောက်လာသူများအား လက်ဆောင် ပေးအပ် လှူဒါန်းခဲ့ကြောင်းလည်း
 သိရှိရသည်။
နိရဉ္စရာ
ရွှေမြန်မာ
NLD ပါတီဝင်များ တွံတေးမြို့ အမျိုးသားဒီမိုကရေစီ ရုံးရှေ့တွင်ဆန္ဒပြ
ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်း
 ကျေးရွာ ၇၃ အုပ်စုက NLD ပါတီဝင်
 အင်အား ၁၅၀ လောက်ဟာ NLD
ပါတီရုံးချုပ်ရဲ့ ရပ်၊ ကျေးကော်မရှင်နဲ့
ပါတီဝင်တွေ ပြန်ရွေးချယ်မှုကို မကျေနပ်
တဲ့အတွက် ဒီကနေ့ နေ့လည် ၁ နာရီမှာ တွံတေးမြို့ ကျွန်းတောရပ်ကွက် အမျိုးသား ဒီမိုကရေစီ
 ရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
NLD ပါတီရဲ့ ပါတီဝင်နဲ့ ကော်မရှင် ပြန်လည်ရွေးချယ်မှုကို မကျေနပ်လို့ ဆန္ဒပြတာ ဖြစ်ပေမယ့် ပါတီကနေ နှုတ်ထွက်မှာ မဟုတ်ဘဲ နိုင်ငံအကျိုးကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
တွံတေးမြို့ NLD အဖွဲ့ဝင်တွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို အကြွင်းမဲ့ ထောက်ခံကြောင်း၊ NLD ဗဟိုရဲ့ လုပ်ဆောင်ချက်တွေ
တရားမျှတမှု မရှိတဲ့အတွက် ကန့်ကွက်ကြောင်း၊
NLD ပါတီဝင် လျှောက်လွှာတွေကို မြို့နယ်ကော်မရှင်က လက်ခံမှု
မရှိတာ၊ နီးစပ်ရာ နေရာပေးမှုနဲ့ ဗဟိုဦးစီး ပုံစံစနစ်ဖြင့် လုပ်ဆောင်နေတာတွေကို
ရပ်တန့်ဖို့ လိုကြောင်း၊ ပြေလည်မှုရရှိအောင် ညှိနှိုင်းဆောင်ရွက်ရမယ့်အစား
တဖက်သတ်ဘက် လိုက်ပါ ဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့လိုကြောင်း စတဲ့
စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
အခုလိုဆန္ဒပြဖို့အတွက် ပြီးခဲ့တဲ့ လထဲက မြို့နယ်ရဲစခန်းမှာ လျှောက်ထားပြီး ခွင့်ပြုမိန့်
ရယူခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီအတောအတွင်း NLD ဗဟိုရဲ့ ရပ်၊ ကျေးကော်မရှင်နဲ့ ပါတီဝင်တွေ ပြန်ရွေးချယ်မှုကို
 မကျေနပ်တဲ့အတွက် ဧရာဝတီတိုင်း မြောင်းမြမြို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးမြင့်ကျော်နဲ့
ဦးဝင်းရွှေတို့ကို NLD ဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင် အဖြစ်ကနေ ရပ်ဆိုင်း
ထားလိုက်ကြောင်း ရန်ကုန် NLD ရုံးချုပ်က မနေ့က ရက်စွဲနဲ့ ကြေညာချက်
ထုတ်ပြန်ပါတယ်။
RFA (မြန်မာပိုင်း)
ရွှေမြန်မာ
ပုဇွန်တောင်မြို့နယ်တွင် ကျူရှင်ဆရာမ တစ်ဦး လုယက်ခံရ
The Voice Weekly:
ပုဇွန်တောင်မြို့နယ်တွင် ကျူရှင်ဆရာမ တစ်ဦး လုယက်ခံရ
ရန်ကုန်၊ စက်တင်ဘာ ၎
ရန်ကုန်မြို့တော်၏ လူနေထပ်သောမြို့နယ် တစ်ခုဖြစ်သည့်  ပုဇွန်တောင် မြို့နယ်တွင် စာသင်ပြီး နေအိမ်သို့ ပြန်လာသော အသက်၃၀ကျော် အရွယ် ကျူရှင်ဆရာမ တစ်ဦး စက်တင်ဘာလ ၁ရက်နေ့ ည၁၀နာရီ ကျော်ကျော်တွင်  ရွှေနှင့် လက်ကိုင်အိတ် လုယက် ခံခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ကျူရှင်ဆရာမမှာ ဒေါ်ခင်ချိုဝင်းဖြစ်ပြီး၊ ယင်းမြို့နယ် ၇ ရပ်ကွက်၊ မဟာသုခလမ်း၊ အမှတ်၁၇ ၊ ၄လွှာ တွင်နေထိုင်သူဖြစ်ကြောင်း၊ ယင်းနေ့က မင်္ဂလာတောင်ညွန့် ဘက်မှ စာသင်ပြီး ပြန်လာခဲ့ရာ  တိုက်ခန်းရှေ့ လှေကားတွင် သော့ဖွင့်နေစဉ် အသက်၂၅ နှစ်အရွယ်၊ အမျိုးသား နှစ်ဦးက သော့ကူ ဖွင့်ပေးကြောင်း ယင်းနောက် သော့ပြန်တောင်းပြီး လှေကားပေါ်သို့ တက်ရာ ၎င်းတို့ပါ လိုက်တက် လာကြောင်း၊ ဒုတိယထပ် အတက်တွင် တစ်ဦးက လက်မောင်းကို လှမ်းဆွဲလိုက်ပြီး၊ လှေကားပေါ်မှ လဲကျစဉ် ယင်းအမျိုးသား နှစ်ဦးက ဒေါ်ခင်ချိုဝင်း၏ မျက်နှာနှင့် ဦးခေါင်းတို့ကို ရိုက်နှက်ပြီး၊လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုးနှင့် လက်ကိုင်အိတ် အတွင်းမှ လက်ကိုင်ဖုန်း အပါအ၀င်  နိုင်ငံသား စိစစ်ရေးကဒ် နှင့် ငွေသုံးသောင်းကျော်ခန့် ယူသွားကြောင်း၊ အဆိုပါ အမျိုးသမီး၏ တိုင်ကြားချက်အရ သိရသည်။
ဒေါ်ခင်ချိုဝင်းမှာ အရိုက်ခံရသောကြောင့် ဦးခေါင်း ဘယ်ဘက် နှင့် အနောက်ဘက်တွင်ဖူးယောင် ဒဏ်ရာ၊ ညာဘက်နားနှင့် ပါးမျက်လုံးအောက်တွင် ဖူးယောင်ညိုမဲ ဒဏ်ရာနှင့် ဘယ်ဘက်ပါးရိုး နာကျင်ဒဏ်ရာများ ရရှိ သောကြောင့် ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာ အဖြစ် ကုသမှု ခံယူနေကြောင်း၊ ယင်းမြို့နယ် ရဲစခန်း ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ လုယက်မှုကို ပုဇွန်တောင် မြို့နယ်ရဲစခန်း (ပ)၂၅၅/၁၂ ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ထားကြောင်း ယင်းရဲစခန်း  ထံမှ သိရသည်။
(Sent via Seesmic http://www.seesmic.com)
မြန်မာအစိုးရကို အတုခိုးတဲ့ ဗြိတိသျှအစိုးရ
by Myo Tha Htet 
ခေါင်းစဉ်ကိုကြည့်ပြီး မဟုတ်တရုတ် ပြောတော့မယ်လို့တော့ မထင်လိုက်ပါနဲ့၊ တကယ် တကယ်... တိုက်ဆိုင်ပုံများရယ်လို့ပဲ ပြောရမှာပါ။ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးမှာ တွန့်ဆုတ် ကျောက်ကန်နေသူတွေကို ထားခဲ့မယ်လို့ ပြောခဲ့ပြီးနောက်ပိုင်း အချိန်ကျတဲ့အခါ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို ကျားကွက်ရွှေ့သလို အပြောင်းအလဲ လုပ်ပစ်လိုက်ပါတယ်။
အများစု ထင်ကြေးပေး တွက်ဆထားတဲ့အတိုင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို နေရာရွှေ့ပစ်လိုက်တယ်။ ခပ်ရွတ်ရွတ် စကားပြောခဲ့တဲ့ လျှပ်စစ်(၁)၀န်ကြီး ဦးဇော်မင်းကို အနားယူစေလိုက်တယ်။ လွှတ်တော်နဲ့စပ်ပြီး ပြဿနာတက်ခဲ့တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်လည်း နားသွားရတယ်။
အရပ်စကား၊ ၀ိုင်းစကားပြောရရင်တော့ သန့်ရှင်းရေး လုပ်ပစ်လိုက်တာ... အိမ်သန့်လိုက်တာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ဘေးထိုင်ကြည့်နေသူတွေ သဘောကျသွားတယ်။ ပိုကောင်းတာက အစိုးရဟာ ဆက်သွယ်ရေး နည်းပညာကို တကယ်ကို အသုံးချလာတာပါပဲ။
အရင်ကဆို မသိမသာ ပြောင်းလိုက်တာ၊ သတင်းစာ အမြဲဖတ်နေသူသာ ရာထူး အတိုး၊ အဆုတ်ကို သိလိုက်တာမျိုး မဟုတ်ဘဲ သမ္မတရုံး ညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘုတ်ကနေ သတင်းတွေ တက်နေလိုက်တာမှ မသိရင် ဖေ့စ်ဘုတ်သုံးနေသူတွေဟာ အစိုးရအဖွဲ့ထဲ ပါနေသလိုကို ထင်သွားရပြီး နာရီမဆိုင်းဘဲနဲ့ကို ဝေဖန်သုံးသပ်နိုင်ခဲ့ကြပါတယ်။ နိုင်ငံ့အရေး ကိုယ့်အရေးဟာ တကယ်ဖြစ်နေတော့တာပါ။
တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ စက်တင်ဘာ ၄ မှာပဲ ဗြိတိသျှ အစိုးရကလည်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို အပြောင်းအလဲ လုပ်လိုက်ပါတယ်။ မသန့်ရှင်းသူ၊ စွမ်းဆောင်ရည်နည်းသူတွေကို နေရာရွှေ့ပြောင်း ဒါမှမဟုတ် ဖယ်ရှားပစ်လိုက်ပြီး စွမ်းရည်ပြခဲ့သူတွေ၊ တင်းတင်းရင်းရင်း လုပ်မယ့်သူတွေကို နေရာပေးလိုက်ပါတယ်။
ဒါကို ဘီဘီစီရဲ့ နိုင်ငံရေးဆိုင်ရာ အယ်ဒီတာ နစ် ရောဘင်ဆင်က ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ စီးပွားရေး ခေါင်းဆောင် တယောက်လို တွက်ချက်ပြီး အစိုးရရဲ့ အားနည်းချက်ကို ပြင်ဖို့ အခုလို လုပ်လိုက်တာဖြစ်တယ်၊ ၀န်ကြီးချုပ်က အလုပ်ဖြုတ်တယ်၊ အလုပ်ခန့်တယ် ဒါကို လုပ်လိုက်တယ်လို့ ၀ါရင့် သတင်းစာဆရာကြီး နိုင်ငံရေး ပရောဟိတ်က တွက်ချက် ဝေဖန်ပါတယ်။
တကယ်တော့ သမ္မတ ဦးသိန်းစိန်လိုပဲ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း သူ့အစိုးရ မူဝါဒတွေ တင်းရင်းအောင် ပြုပြင်ရင်း လက်ကျန် သက်တမ်းကို ဆက်လျှောက်ဖို့ ပြင်လိုက်တာပါ။ တခုပဲ ရှိတယ်၊ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက တပါတီထဲ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖြစ်နေတာ မဟုတ်ဘူး၊ သူက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် မနိုင်ခဲ့တော့ လစ်ဘရယ် ဒီမိုကရက်ပါတီနဲ့ ပေါင်းပြီး အစိုးရ ဖွဲ့ထားရတာ... သမ္မတ ဦးသိန်းစိန်ကတော့ အပြတ်အသတ် နိုင်ထားခဲ့တော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ ပေါင်းပြီး အစိုးရ ဖွဲ့ထားကြတာ... ဒီတခုတော့ ကွာပါတယ်။
နောက်တခု ကွာတယ်လို့ ပြောနိုင်တာက ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (၄၅ နှစ်) က အစိုးရအဖွဲ့ခေါင်းဆောင် အနေနဲ့ တာဝန်ယူပြီး ၂၈ လ အကြာမှာ အစိုးရအဖွဲ့ဝင်တွေကို အပြောင်းအလဲ လုပ်လာဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန် (၆၈ နှစ်) ကတော့ အစိုးရအဖွဲ့ ခေါင်းဆောင် အနေနဲ့ တာဝန်ယူပြီး ၁၇ လ အကြာမှာ အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအစိုးရနောက်က လိုက်လုပ်တဲ့ နောက်တချက်လို့ သုံးသပ်နိုင်တာက သမ္မတ ဦးသိန်းစိန်က သူ့အစိုးရအဖွဲ့ထဲ စွမ်းရည်ပြခဲ့တဲ့ ၀န်ကြီးလေးဦးကို (သမ္မတရုံး ၀န်ကြီးတွေအဖြစ်) သူ့နားခေါ်လိုက်တာပါ၊ ဒါဟာ သူ့ပြုပြင်လမ်းကြောင်းရဲ့ တိုက်စစ်မှူးတွေအဖြစ် ရုပ်လုံးဖော်လိုက်တာလို့လည်း ယေဘူယျ တွက်ဆနိုင်ပါတယ်။ သမ္မတရုံး ၀န်ကြီးတွေ ဖြစ်လာသူတွေကတော့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဦးလှထွန်းတို့ပဲ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း သူ့အစိုးရရဲ့ မူဝါဒ မောင်းနှင်အား ဒါမှမဟုတ် အမာခံ ခေါင်းဆောင်တွေ ဖြစ်တဲ့ ၀န်ကြီးလေးဦး... ဘဏ္ဍာရေးဝန်ကြီး ဂျော့ အော့စဘွန်း၊ ပြည်ထဲရေးဝန်ကြီး ထရီဇာ မေ၊ နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟိဂ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖိလစ် ဟမ်မန်းတို့ကို လက်ကျန် အစိုးရ သက်တမ်းမှာ အပြည့်အ၀ အသုံးချဖို့ ဆက်ထားလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်က ၀န်ကြီးဦးကျော်ဆန်း အပါအ၀င် လေးဦးကို ခပ်ပြင်းပြင်း ဖယ်ရှား ရှင်းလင်းလိုက်သလို ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း ၀န်ကြီးငါးဦးနေရာကို ခပ်ကြမ်းကြမ်း အပြောင်းအလဲ လုပ်ပစ်လိုက်ပါတယ်။ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စွမ်းရည်မပြနိုင်တဲ့ ကျန်းမာရေးဝန်ကြီး အင်ဒရူး လန့်စ်လေကို ဖယ်ပြီး သူ့နေရာမှာ လန်ဒန်အိုလံပစ် ၂၀၁၂ ကို တခမ်းတနား ဖြစ်အောင် ဦးဆောင်ကျင်းပခဲ့တဲ့ ယဉ်ကျေးမှုဝန်ကြီး ဂျရယ်မီ ဟန့်ကို ခန့်အပ်လိုက်ပါတယ်။
စီးပွားရေး တိုးတက်ရေးကို တနည်းတလမ်းနဲ့ ထောက်ကူဖို့နဲ့ ဥရောပရဲ့ အကြီးဆုံးနဲ့ အကောင်းဆုံး ခရီးသည်ဝန်ဆောင်မှုပေး လေဆိပ်ကြီး အဖြစ် ဆက်ရပ်တည်နိုင်ဖို့ လန်ဒန်က ဟီးသရိုးလေဆိပ်ကြီးမှာ ပြေးလမ်း နံပါတ်သုံး တိုးဆောက်/မဆောက် အခြေအတင် ပြဿနာမှာ အရေးကြီးတဲ့ နေရာက ရှိနေတဲ့ ပို့ဆောင်ရေး ၀န်ကြီးကို ဖယ်ပြီး ပါတီလှုံ့ဆော်ရေးမှူး ပက်ထရစ် မက်လော့လင်းနဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။ တရားရေးဝန်ကြီးကိုလည်း လဲပစ် လိုက်သလို ပါတီ ဥက္ကဌ ဘယ်ရိုနက်စ် ၀ါစီကိုလည်း (အစိုးရ အသုံးစရိတ် အလွဲသုံးမှု စွပ်စွဲချက်တွေ ရှိခဲ့သူ) ဖယ်ရှားပစ်လိုက်ပါတယ်။
ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ပြန်ပြင်ဖွဲ့လိုက်တဲ့ အစိုးရမှာ ဌာနလက်ကိုင်မဲ့ ၀န်ကြီးတဦးနဲ့ ရှေ့နေချုပ် အပါအ၀င် ၂၇ ဦး http://www.bbc.co.uk/news/uk-politics-19475248 ပါဝင်လာတာကို တွေ့ရပါတယ်။ ၂၂ ဦးက သူတို့ပါတီက ဖြစ်ပြီး၊ ကျန် ၅ ဦးကတော့ ဒုတိယ ၀န်ကြီးချုပ် နစ် ကလက်ခ်ျရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ဖြစ်ပါတယ်။
မြန်မာကို အတုခိုးတယ်လို့ ပြောနိုင်တဲ့ နောက်တချက်က ပြုပြင်ပြောင်းလဲ ၀န်ကြီးစာရင်းတွေကို ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သူ့ရဲ့ တွစ်တာ အကောင့်ကနေ လူထုကို အသိပေးခဲ့တာပါ။ ဒါကို`` တွစ်တာ အပြောင်းအလဲ`` လို့တောင် သတင်းစာတစောင်က ခေါ်ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အပြောင်းအလဲကိုလည်း ဖေ့စ်ဘုတ်မှာ သမ္မတရုံး ညွှန်ကြားရေးမှူးက တောက်လျှောက် တင်နေခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းလို တွစ်တာရော မြန်မာလူထုတချို့ မက်မက်စက်စက် သုံးကြတဲ့ ဖေ့စ်ဘုတ်ကိုပါ ကိုယ်တိုင် သုံးသေးပုံ မရပါဘူး။ သူ့နာမည်နဲ့ အကောင့် မတွေ့သေးပါဘူး။ ဗြိတိန်မှာတော့ ၀န်ကြီးတွေက သူတို့ ၀န်ကြီး ဒါမှမဟုတ် ရာထူး အပြောင်းအလဲ ဖြစ်တာကို ပြောင်းတာနဲ့ ချက်ချင်း ဆိုသလို တင်ကြပါတယ်။ ပါတီ ဥက္ကဌ ရာထူးကနေ နားရတဲ့ ၀ါစီဆို ပါတီဥက္ကဌဆိုတဲ့ အကောင့်နာမည်ကနေ သူ့နာမည်နဲ့ အကောင့်ကို ပြောင်းလိုက်တဲ့အကြောင်း တွစ်တာကနေ ပြောခဲ့ပါတယ်။
သူတို့က နောက်မှ လုပ်တာပါ၊ မြန်မာပြည်က ပြန်ကြားရေး ဒုတိယ၀န်ကြီး ဖြစ်လာတဲ့ ဦးရဲထွဋ်က အရင် လုပ်ခဲ့တာပါ။ ညွှန်ကြားရေးမှူးချုပ်ကနေ ဒုတိယ ၀န်ကြီး ဖြစ်သွားပေမယ့် သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်ကို ဆက်ထားမှာ ဖြစ်တဲ့ အကြောင်းနဲ့ သမ္မတကြီးက ချီးမြှင့် မြှောက်စားတာကို ကျေးဇူးတင်ကြောင်း၊ တာဝန်များကို အသေအချာ ဆက်လက် ထမ်းဆောင်ပါမယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာအစိုးရလောက်တောင် မဟုတ်မဟပ် တွေ့ရတာက ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အမျိုးသမီး သုံးဦးကို အစိုးရအဖွဲ့ထဲကနေ ဖယ်လိုက်ပါတယ်။ သူတို့ကတော့ ခုန ပြောခဲ့တဲ့ ပါတီ ဥက္ကဌရယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ကယ်ရိုလင်း စပယ်မန်းနဲ့ ဝေလပြည်နယ်ဝန်ကြီး ချယ်ရီ ဂီလန်းတို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ သမ္မတ ဦးသိန်းစိန်က ဒုတိယ၀န်ကြီးနေရာမှာ အမျိုးသမီးတွေကို ထပ်တိုးလို့ ခန့်ခဲ့ပါသေးတယ်။ ဒါကြောင့် မြန်မာကတောင် ခပ်သာသာရယ်လို့ ပြောလိုက်ချင်ပါတယ်။
အဲ... အဆုံးမသတ်ခင်လေး စိတ်ဝင်စားစရာတခု ပြောပြချင်တာကတော့ မြန်မာပြည်ကို လာသွားခဲ့တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး အင်ဒရူး မစ်ချယ်ကတော့ ပါတီရဲ့ လှုံ့ဆော်ရေးမှူး နေရာကို ပြောင်းရွှေ့ခြင်း ခံလိုက်ရပါတယ်။ ၀ါရင့် နိုင်ငံရေးသမားတဦးလည်း ဖြစ်တဲ့ အင်ဒရူး မစ်ချယ်ဟာ မြန်မာ့အရေးကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရဲ့ လူယုံတဦးလို့လည်း ဆိုကြပါတယ်။
၂၀၁၂ စက်တင်ဘာ ၄၊ ည ၁၀ နာရီ။
လန်ဒန်။
ရည်ညွှန်း- www.bbc.co.uk/news, London Evening Standard newspaper (September 4, 2012).
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း ကန့်သတ်ချက်များနေဟု ဝေဖန်ခံရ
by Lu Cifer on Wednesday, 5 September 2012 at 22:13 ·
A construction labourer walks on a construction site in Naypidaw in April 2012.
Myanmar's plans for an eagerly awaited foreign investment law leave
small domestic firms out in the cold, stunting the benefits of
proposals aimed at reawakening the economy, business leaders warned
Tuesday
ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
ဥပဒေမူကြမ်းသည် ကျန်အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ ဥပဒေနှင့်
နှိုင်းယှဉ်လျှင် ကန့်သတ်ချက် များပြားနေသဖြင့် နိုင်ငံခြား
ရင်းနှီးမြုပ်နှံသူများကို တွန့်ဆုတ်သွားစေနိုင်သည်ဟု ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က
ဝေဖန်ပြောကြား လိုက်သည်။
လွှတ်တော်နှစ်ရပ်လုံးတွင် ဆွေးနွေး အတည်ပြုပြီးဖြစ်ကာ
သမ္မတဦးသိန်းစိန်ထံပေးပို့ထားသော ဥပဒေမူကြမ်းတွင်
နိုင်ငံခြားသားများအနေဖြင့် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ငါးသန်း
ရင်းနှီးမြှုပ်နှံရမည်ဟုပါရြှိ
ပီး မြန်မာနိုင်ငံသား
လုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်လိုပါက နိုင်ငံခြားသားက
အရင်းအနှီး၏ အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်းအထိ
ထည့်ဝင်ခွင့်ရှိသည်ဆိုသော အချက်ကို အဓိက ထောက်ပြသွားးသည်။
အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအနက် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊
စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင် နိုင်ငံခြားသား များအတွက်
အနိမ့်ဆုံးရင်းနှီးမြှုပ်နှံရမည့် ငွေကြေးပမာဏကို သတ်မှတ်
ကန့်သတ်ထားခြင်းမရှိပါ။ ထို့အပြင် ကျန်နိုင်ငံ များအနက်
အမြင့်ဆုံးဖြစ်သော လာအိုနိုင်ငံတွင်ပင်
အနိမ့်ဆုံးမြုပ်နှံရမည့်ငွေပမာဏကို ဒေါ်လာသုံးသိန်းသာ သတ်မှတ်ထားသည်။
“လူအများစု မလိုက်နာနိုင်တဲ့ ဥပဒေကို ပြဌာန်းမိရင် ဥပဒေကို ချိုးဖောက်
ကြပါလိမ့်မယ်။ ပြီးတော့ မနှစ်မြို့ဖွယ် ကွင်းဆက်တွေဖြစ်လာလိမ့်မယ်” ဟု
ဦးဝင်းအောင်က ရန်ကုန်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ်တွင် အင်္ဂါနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ဖက်စပ်လုပ်ကိုင်လိုသော် နိုင်ငံခြားသားက အနည်းဆုံး ၃၅ ရာခိုင်နှုန်း မတည်
ပိုင်ဆိုင်ရမည်ဟု ပြဌာန်းပါက မြန်မာ လုပ်ငန်းရှင်က
ဖက်စပ်လုပ်ငန်းတစ်ခုလုံး(၁၀၀ ရာခိုင်နှုန်း) ကို ဝယ်ယူခွင့် မရှိတော့သည့်
ကိန်းသေပြဌာန်းချက်
ဖြစ်သဖြင့် မြန်မာနိုင်ငံသားများ၏ လုပ်ငန်းချဲ့ထွင်နိုင်မှုကို
ချုပ်ချယ်လိုက်သလို ဖြစ်စေမည်ဟု ယူဆကြသည်ဟု ဆိုသည်။
ထို့ပြင် နိုင်ငံခြားသားက ဖက်စပ်လုပ်ငန်း၏ အများဆုံး ၄၉
ရာခိုင်နှုန်းအထိသာ ပိုင်ဆိုင်ရမည်ဟု ပြဌာန်းပါကလည်း
မြန်မာလုပ်ငန်းရှင်များအတွက်  ၅၁ ရာခိုင်နှုန်းအထိ
ငွေမလိုက်နိုင်ဘဲဖြစ်မှာကို စိုးရိမ်သူများလည်းရှိသည်။
ရင်းနှီးမတည်ငွေ အမြောက်အများတတ်နိုင်သည့် မြန်မာလုပ်ငန်းရှင်အနည်းစု
အတွက်သာ အလုပ်ဖြစ်ပြီး အငယ်စား
နှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်
နိုင်ငံခြားလုပ်ငန်းရှင်နှင့် လက်တွဲလုပ်ကိုင်ခွင့် ဆုံးရှုံးလိမ့်မည်ဟု
လုပ်ငန်းရှင်အချို့က ယုံကြည်နေကြသည်။
အတိုက်အခံ  အမျိုးသားဒီမိုကရေစီပါတီသစ်၏ အောက်လွှတ်တော်အမတ် ဦးသိန်းညွန့်က
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာ နိုင်ငံခြား သားတွေ
လာရင်းနှီးမြှုပ်နှံအောင် ဆွဲဆောင်ရတဲ့ ဥပဒေဆိုတော့ မျှော်မှန်းသလို
နိုင်ငံခြားသား
တွေကို မဆွဲဆောင်နိုင်ရင်၊ လက်တွေ့လုပ်ရင်းနဲ့ အဆင်မပြေရင် အတည်ပြုပြီးမှ
ပြန်ပြင်ရမှာပေါ့”ဟု မဇ္ဈိမကိုပြော သည်။
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့်
လူမှုရေးအကြံပေး ကောင်စီ အဖွဲ့ဝင်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေရေးဆွဲစဉ်က အစိုးရကို အကြံဉာဏ်များ ပေးခဲ့သူ  ဒေါက်တာဇော်ဦးကလည်း
ဥပဒေမူကြမ်းတွင် ကန့်သတ်မှုတွေများနေကြောင်း သဘောတူလက်ခံသည်။
“ဥပဒေအကျပ်အတည်းကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ မလာတော့ရင်
စီးပွားရေး ပိတ်ဆို့မှုတွေရပ်ဖို့ အားကောင်း မောင်းသန် ဝိုင်းပြောပေးမယ့်
အဖွဲ့တွေမရှိနိုင်တော့ဘူး” ဟု ဦးဇော်ဦးက မီဒီယာများကို ပြောကြားသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာနမှ
အကြီးတန်းအရာရှိတဦးဖြစ်သူ ဦးကျော်ဇောမောင်က မဇ္ဈိမသို့
ပြောကြားမှုတခုတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ စက်တင်ဘာလထဲတွင်
ထွက်ရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားပြီး လူနည်းစု
စီးပွားရေးလုပ်ငန်းရှင်များကိုသာ အကျိုးပြုမှာမဟုတ်ကြောင်း
ကာကွယ်ပြောကြားသွားသည်။
ကျော်ဖုန်းကျော်၊ နေလင်းအောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်
မဇ္ဈိမ
http://mizzimaburmese.com/news/business/10037-2012-09-05-12-47-38.htm
--
မန္တလေးမြို့ပေါ်တွင် စံချိန်တင် ရေကြီးမူ
ယနေ့ မွန်းလွဲ(၂)နာရီ(၃၀)မိနစ်ကစတင်
ရွာသွန်းခဲ့သည့် မိုးကြောင့် မန္တလေးမြို့ရှိ လူသုံးအများဆုံးအဓိကလမ်းမကြီးများဖြစ်
သော လမ်း ၈၀ နှင့် ၇၈ လမ်းတို့တွင် ရေကြီးရေ
လျှံမှုများ နာရီဝက်အတွင်းဖြစ်ပေါ်ခဲ့သည်။
အခြားလမ်းအချို့လည်းရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့သည်။ လမ်းပေါ်ရေကြီးရေလျှံမှုကြောင့် ဆိုင်ကယ်နှင့်ကားများပျက်ခြင်း၊ချို့င့်ခွက်များကိုမမြင်၍ ဆိုင်ကယ်နှင့်စက်ဘီးများ လဲခြင်းတို့ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။
 ကျောင်းဆင်းရုံးဆင်းချိန်ဖြစ်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းကြုံ
တွေ့နေရသည်။
မန္တလေးမြို့တွင် ယခုနှစ်မိုးရာသီအစမှ စ၍ ယနေ့ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း
မရှိခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။
ယနေ့ရွာသွန်းသည့်မိုးသည် တိုက်ဆိုင်စွာပင် မန္တလေးတွင် ပြုလုပ်နေသည့် ဆန္ဒဖော်ထုတ်ပွဲများ
 ပြီးဆုံးချိန်တွင် ရွာသွန်းခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-ညီညီဇော်
ဓါက်ပုံ The Voice weekly
သတင်း 7 day news
ရွှေမြန်မာ
“ရေပြာချောင်း အတွင်း စက်လှေတိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ ၁၅ ဦးပျောက်ဆုံး”
ယနေ့နေ့လည် (၁၁)နာရီခွဲအချိန်က
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းများ
တိုတ်မှုကြောင့် ရေပြာချောင်း အတွင်း
စက်လှေ တစ်စီး တိမ်းမှောက် နစ်မြှပ်
ခဲ့ကြောင်း သတင်းရရှိသည်။
ထိုလှေပေါ်တွင် ပေါက်မြို့မှ ကျောက်ထုမြို့သို့ သွားရောက် စာသင်ကြား မည့် ကျောင်း
ဆရာမ လေးဦးနှင့် အခြားခရီးသည် (၁၆)ဦးခန့် ပါဝင်ပြီးလှေတိမ်းမှောက်မှုကြောင့်
ဆရာမလေးဦး အပါအ၀င် ခရီးသည် ၁၅ ဦးမှာ ပျောက်ဆုံးလျှက် ရှိကြောင်း ဒေသခံ
တစ်ဦးကပြောသည်။
လောလောဆယ် ဒီနေ့ နေ့လည်(၂)နာရီ အထိ အမျိုးသမီး အလောင်း တစ်လောင်းပဲ
ရှာတွေ့သေးတယ်။
ကျန်တာကို လိုက်ရှာနေတုန်းပဲ။ မိုးကလည်း တော်တော်သည်းတဲ့ အပြင် ရေစီးကလည်း
အရမ်းသန်တော့ ရှာရတာ ခက်ခဲတယ်။ ဒီလိုမျိုးဖြစ်ရတာက ရေပြာချောင်း တံတားကို ပြန်ပြီး
 မပြင်ပေးလို့ အခုလိုဖြစ်ရတာဟု ၄င်းကဆိုသည်။
ရေပြာချောင်း တံတားမှာ ၂၀၁၁ အောက်တိုဘာလ (၁၉) ရက်နေ့က ကုန်းတွင်းမုန်တိုင်း ၀င်ရောက်တိုတ်ခိုက်မှု ဖြစ်စဉ် က ပြိုကျပျက်စီး ခဲ့ခြင်းဖြစ်သော်လည်း သက်ဆိုင်ရာမှ
ယနေ့တိုင် ပြုပြင်မှု မရှိသေးကြောင်း သိရသည်။
သူရထွန်း
 PopularNews
အောင်မြေသစ် ကျေးရွာဒေသခံ ကချင် အမျိုးသမီးတစ်ဦး အဓ္ဓမပြုကျင့် အသတ်ခံရ
ကချင် လီဆူးအမျိုးနွယ် အမျိုးသမီးနှစ်ဦး
ကချင် လီဆူးအမျိုးနွယ် အမျိုးသမီးနှစ်ဦး
စက်တင်ဘာလ 04 ရက် 2012 ခုနှစ်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် လိုင်ဇာ သွားလမ်းပေါ်ရှိ အောင်မြေသစ်ကျေးရွာမှ အမျိုးသမီး တစ်ဦးသည် မည်သူပြုလုပ်ထားခြင်း မသိရပဲ အဓ္ဓမ ပြုကျင့် သတ်ဖြတ် ခံခဲ့ရကြောင်း ဒေသခံများ ပြောသည်။
အောင်မြေသစ် ကျေးရွာနေ အသက် (၃၀) အရွယ် ကချင်(လီဆူး) အမျိုးသမီးအား သြဂုတ်လ ၃၁ ရက်နေ့တွင် ထိုကျေးရွာမှ ၂ ဖာလုံခန့် အကွာတွင်ရှိသော ကားလမ်းပေါ်ရှိ လယ်ကွင်းတွင် အ၀တ်ဗလာဖြင့် အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ရွာသား တစ်ဦးက ပြောသည်။
“သူ့အလောင်းကိုတော့ ကားလမ်းဘေးနားက လယ်ကွင်းမှာ သြဂုတ်လ ၃၁ ရက် မနက်မှာတွေ့တာ။ သူ့ရဲ့ အထဲခံဘောင်းဘီ အင်္ကျီ ဘော်လီ ဖိနပ်တွေ ကိုတော့ တံတားအောက်မှာ ချွတ်ထားပေးတယ်။ အဲဒါနဲ့ နည်းနည်းဝေးတဲ့ လယ်ကွင်းက ရေမြောင်း တူးထားတဲ့နေရာမှာ အလောင်းကို အ၀တ်မပါ ကိုယ်ဗလာနဲ့ မောက်ပြီး ထိုးထည့်ထားတယ်။ ဒါပေမဲ့ ဆွေမျိုးတွေ ပြောတော့ ရဲတွေလာပြီး အလောင်းကို လှန်ကြည့်တော့ သူ့ရဲ့မျက်ခုံးမှာလည်း နားအောက်မှာလည်း ဓါးနဲ့ထိုးထားပေး တဲ့အရာ ရှိတယ်တဲ့။ နောက်စိမှာလည်း ဒဏ်ရာ ရှိတယ်တဲ့။”
ထိုအမျိုးသမီး ရုပ်အလာင်းအား ၀ိုင်းမော်မြို့မှ ရဲများရောက်ရှိလာကာ ၀ိုင်းမော် ပြည်သူ့ဆေးရုံသို့သယ်ဆောင် ခွဲစိတ်စစ်ဆေးခဲ့ပြီးနောက် ညနေပိုင်းတွင် အိမ်သို့ ပြန်သယ်လာကာ အလောင်းကို ညတွင်းချင်း အောင်မြေသစ် လီဆူးသချိုင်းတွင် သဂြိုလ်လိုက်ကြောင်း သိရသည်။
ခွဲစိတ် စစ်ဆေးရာချက်အရ ထိုအမျိုးသမီးသည် သြဂုတ်လ ၃၀ ရက်ည ၁၂ နာရီခန့်တွင် သေဆုံးခြင်း ဖြစ်သည် ဟု ဆရာဝန်များက မှတ်ချက် ချနိုင်ကြောင်း ပြောဆိုသည်။
အမျိုးသမီးအား မဖွယ်မရာပြုကျင့် သတ်ဖြတ်ထားခဲ့သော တရားခံများကို သက်ဆိုင်ရာများမှ စုံစမ်းစစ်ဆေး နေဆဲဖြစ်သော်လည်း အာဏာပိုင်များသည် ထိုအမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ အဓမ္မပြုကျင့်ခြင်းကြောင့် သေဆုံးခြင်း မဖြစ်နိုင်ကြောင်း မိသားစုဝင်များအား ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုခြင်းနှင့်ပတ်သက်၍ ဒေသခံများသည် ညမထွက်ရအမိန့်ထုတ်ထားသောအချိန် ညသန်းခေါင်တွင် အစိုးရတပ်စခန်းနှင့် နီးသောနေရာဖြစ်သောကြောင့် လုံခြုံရေးယူနေသော စစ်သားများကို သင်္ကာမကင်းဖြစ် နေကြသည်။
“အဲဒီမိန်းကလေးက စိတ်နည်းနည်း မနံ့ဘူးဟုတ်တယ်။ ဒါပေမဲ့ ကြည့်လိုက်တော့ အကောင်းပဲ သူ့အကြောင်း သိတဲ့သူမှ သူစိတ်မနံ့ဘူး ဆိုတာသိတာ။ ဓါးပြတိုက်လောက်အောင်လည်း သူ့ဆီမှာ ရွှေတွေလည်း မပါဆိုတော့။ မဒိမ်းမှု မဟုတ်ရင် အင်္ကျီတွေ ဘာဖြစ်လို့ချွတ်ပေးတာလဲနော်။ ဆေးရုံက မှတ်ချက်ပေးတာက ည ၁၂ နာရီ လောက်မှာ သေတယ်ဆိုပြီး မှတ်ချက် ချတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အခုချိန်က နိုင်ငံရေး ရှုပ်နေတဲ့အချိန် အဲဒီအချိန်ဆိုရင် ရွာကလူတွေက ညမထွက်ရဘူး မာရှယ်လောရှိ တယ်လေ။ ထွက်တာက သူတို့ပဲ ဆိုင်ကယ်တွေ ကားတွေနဲ့ ကင်းလှည့် သွားနေတယ်။ ပြီးတော့ အခင်းဖြစ်တဲ့ နေရာနဲ့ သူတို့အစိုးရ စစ်သား တွေနေတဲ့ စခန်းနဲ့လည်း နီးတယ်လေ။ ဘယ်သူဆိုတာတော့ မပြောတတ်ဘူးပေါ့။ လူတွေကလည်း ပြောလို့တော့မရ တွေ့တာလည်း မဟုတ်ဘူးဆိုတော့ အားလုံးလည်း အဲလိုပဲ ထင်ကြတာလေ” ဟု ဒေသခံတစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
ထိုအမျိုးသမီးသည် သြဂုတ်လ ၃၀ ရက်နေ့တွင် အနီးနားအိမ်များတွင် အလည်လာသွားခဲ့ပြီး ထိုညအိမ်သို့ ရောက်မလာပဲ နောက်မနက်မှ သေနေသောအလောင်းကို ရွာကဈေးသည်များက ကားလမ်းနှံဘေးရှိ လယ်ကွင်းရေမြောင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) များ လှုပ်ရှားနယ်မြေ ၀ိုင်းမော်ဒေသတွင် စစ်ရေးတင်း မာနေဆဲဖြစ်ပြီး ညမထွက်ရ အမိန့်ထုတ်ထားခြင်းကြောင့် ညနေမိုးချုပ်ချိန်မှစ၍ ဒေသခံများသည် သွားလာမှုများ မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန
တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ
ကြယ်ပြာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ ပေးပို့ထားသည့် ပါတီဝင် လျှောက်လွှာများ ပျောက်ပျက်မှုကို တာဝန်ယူမှု မရှိခြင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ခန့်အပ်မှုအပေါ် မကျနပ်ခြင်းကြောင့် တွံ့တေးမြို့နယ် NLD အဖွဲ့ဝင်များက ယနေ့ ဆန္ဒပြကြ ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့ ပေးပို့ထားသော ပါတီဝင် လျှောက်လွှာ ၆၀၀ ကျော် ပျောက်ပျက်ခဲ့ကြောင်း၊ တွံတေးမြို့နယ် ညီလာခံပေါ် ပေါက် ရေး ကော်မရှင် အဖွဲ့ဝင် ၁၅ ဦး ခန့်အပ်ရာတွင် ဒေသခံပါတီဝင်များ၏ သဘောထားကို တောင်းခံခြင်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ နေ့လည် ၁ နာရီမှ စတင်၍ တွံတေးမြို့ပေါ်၌ NLD အဖွဲ့ဝင်များ ဆန္ဒပြကြကြောင်း သိရသည်။
“ဖောင်တွေသွားပို့ရင် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါလို့ ပြောရင် မထိုးပေးနိင်ဘူး၊ တင်ချင် တင်မတင်ချင်နေလို့ပြောတယ်၊ ဖောင် တွေပျောက်တာကလည်း များပြီ။ ဧရာဝတီတတိုင်းလုံး ပျောက်နေတာပဲ။ ဒါတွေကို သည်းမခံနိုင် တော့လို့ ဆန္ဒ ပြရတာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တွံတေးမြို့နယ် NLD ပါတီဝင် ဦးဇော်မင်းထွန်းက ပြောသည်။
လူအင်အား ၁၀၀ ဖြင့် ဆန္ဒပြလိုကြောင်းစာအား သြဂုတ်လ ၁၅ ရက်နေ့တွင် အာဏာပိုင်များထံ တင်ခဲ့ကြောင်း၊ တွံတေးမြို့နယ်၌ ကျေး ရွာ အုပ်စုပေါင်း ၇၃ အုပ်စုအတွင်း ရွာပေါင်း၂၁၉ ရွာတွင် NLD အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်ရှိကြောင်း၊ လူအင်အား ၁၀၀ ဖြင့်သာ ပြုလုပ် မည် ဟု စာတင်ထားခြင်းကြောင့် ယင်း ကျေးရွာတခုချင်းစီမှ အဖွဲ့အား ကိုယ်စားပြုပြီး အများဆုံး လူ ၂ ဦးသာ လာရန် ညွှန်ကြားထား ကြောင်း သိရသည်။
တွံတေးမြို့နယ် ကျွန်းတောရပ်ကွက် ကန်သာယာ ၁၀ လမ်းတွင် ပြုလုပ်သော ဆန္ဒပြပွဲသို့ ဆန္ဒပြသူ ၁၀၀ နှင့် လိုက်ပါအားပေးသူ ၁၅၀ ခန့် လာရောက်ကြောင်း သိရှိရသည်။
NLD ရုံးချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်ကတော့ ဘာမှမသိဘူး။ ဘာမှလဲ မကြားဘူး” ဟု ဆိုသည်။
တွံတေးမြို့နယ် ညီလာခံ ပေါ်ပေါက်ရေး ကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် NLD ဗဟိုမှ ဖွဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊တချို့သောရပ် ကွက် များတွင် လမ်းတလမ်းထဲ၌ NLD ပါတီရုံး နှစ်ခု ရှိနေကြောင်း သိရသည်။
NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးတင်ဦးကမူ “သူတို့မကြိုက်ရင် ဗြောင်လာပြောပေါ့။ ဟိုတခါကလည်း ပုသိမ်မှာ ဆူခဲ့ပြီးပြီ။ ဒါကို ထပ် လုပ် ကြပြန်ပြီ။ အရင်ကသူတို့ အဲလို မဟုတ်ကြဘူး။ သူတို့အချင်းချင်း ညှိကြပါလား” ဟု ပြောသည်။
တစ္တေ ခြောက်သောည (တဲအတွင်းမှ နာနာဘာဝ)´
                   `ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ´
မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျှက် လေများကလည်း အဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင်မိုးသံ တို့မှာရောနှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်းမိုးချုပ်လုစ အချိန် ဖြစ်သည်။ ပတ်ဝန်းကျင်းကလည်းမှောင်မည်းစပြု နေပြီမိုးကလည်း တိတ်မည့်ပုံမပေါ်ပေ။ သည့်အတွက်ကျွန်တော်ဘယ်မှာ နားခိုရမည်နည်း။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကအကျီင်္ရှည်ကြီးတစ်ထည်မှလွဲ၍ ဘာမှမပါပေ။ လမ်းမှာလည်း တောလမ်းလေးဖြစ်သည့် အလျှောက် ရွှံ့ဗွက်များမှာထူထပ်နေပေသည်။ ဒီ့အပြင် မိုးချုပ်နေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရမည်နည်း.. မိုးအတွက် အကာအကွယ်ယူရပေဦးမယ်။ တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ ပါသည်.။ မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ၀ိုးတိုးဝါးတား အရာဝတ္ထု တစ်ခုကိုကျွန်တော်တွေ့လိုက် ရတယ်။ ထိုအရာသည်သက်မဲ့ ဖြစ်ဟန်တူသည်။ ကျွန်တော်၏ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာဖြစ်ကောင်း ဖြစ်နိုင်တယ် ´ ဟုစိတ်ကရေ၇ွှတ်ရင်း မထင်မရှားမြင်နေရသော အရာဝတ္ထုဆီကို ဦးတည်ခဲ့ ပါသည်။ အနားရောက်မှ တဲလေးတစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်တော် အတိုင်းမသိ ၀မ်းသာသွားခဲ့တယ်။
အဆိုပါတဲလေး၏ အမိုးမှာကောင်းမွန်၍ တဲအတွင်း၌ ခြောက်သွေ့နေမည်ဟု တဲ လေး၏အသွင်အပြင်ကိုကြည့် ၍ကျွန်တော်ယူဆ မိ လိုက်ခြင်းဖြစ်သည်။ တဲမှာလူနေဟန်ရှိမည်မတူ ။တံခါးမှာ သော့မရှိပေမယ့်ဂျလက် ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်းလာသည်ဟုထင်ရပေသည်။ ထိုတဲအတွင်းမှာတစ်ညတာ တည်းခိုရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်တွေဝေမနေတော့ပဲ တံခါးဂျလက်ကို ဖွင့်ကာတဲ ထဲသို့ဝင်ခဲတယ်။ တဲအတွင်းမှာ မှောင်ပြီးထိုင်းမှိုင်းနေသည်ကိုတွေ့ရပေသည်။ အသင့်ပါလာသောမီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ တဲအတွင်းသို့ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့်မြင်တွေ့လိုက်ရပေသည်။ ခုလိုစိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည့်လမ်းကလေးမှ တစ်ဦးတစ်ယောက်ဖြတ်သွားမည်ကို အနည်းငယ်သာစိုးရိမ်ဖွယ်ရှိသော်လည်း တဲတံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက်ပိတ်လိုက်လေ၏။ ကျွန်တော်မီးခြစ်တစ်ချက်ထပ်ခြစ်ပြီး အတွင်းလမ်းလေးအတိုင်းဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကိုတွေ့ရလေသည်။ ထိုအခန်းငယ်တွင်လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာရှိသွားခဲ့ တယ်။ ထို့ပြင်သံချေးတက်နေသော မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။ ကျွန်တော်၏အတွင်းတွင်ခံ ၀တ်ထားသော အကျီင်္မှ အပိုင်း တစ်ချို့ကပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။ မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန် ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်.။  ကျွန်တော့်၏ ဘွတ်ဖိနပ်ကု ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင်ထောင်ထား လိုက်တယ်။ အားလုံးအဆင်ပြေသွားပြီဖြစ်သောကြောင့် ကျွန်တော့် ၏ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲချလိုက်ပါသည်။ ခဏတာမှေးခနဲ အိပ်ပျော်သွားပေမယ်.. နိုးလာတဲ့ အခါ မီးဖိုမှမီးများက ၀င်လက်စွာတောက်လောင်နေသောကြောင့် ကျွန်တော်ကြာရှည်စွာ အိပ်မရပေ။
ထိုအပြင် ကျွန်တော်၏ ခန္ဒာကိုယ်ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏သွား လာလှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်းဖြစ်သည်။ တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့လာသည့် ခြေသံကိုကြားနေရသောကြောင့် ကျွန်တော်ထိတ်လန့် သွားခဲ့ တယ်။ ပြတင်းပေါက်များက်ုပျဉ်ပြားနှင့် အသေပိတ်ထားသည့်အပြင် အ၀င်တံခါးကိုလည်းကျွန်တော် သေချာပိတ်ခဲ့ ခြင်းဖြစ်၍ တဲအတွင်းသို့ ၀င်ရန်အပေါက်မရှိပေ။ ထို့ကြောင့် ကျွန်တော်အတော်အတန်ကြောက်လန့် သွားသော်လည်း ထ၍ရင်ဆိုင်ရသည်မှ တစ်ပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသောလူစိမ်းသည် သွက်လက်ခြင်းမရှိ ၊မီးတောက်နေသောမီးဖို ဆီသို့တဖြေးဖြေး  လျှောက်၍သွားလေသည်။
သူသည်အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာမီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွားရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။ ထိုလူကိုကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာခုလိုညမျိုးတွင် လူသားတစ်ယောက်ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ် လျှက်ရှိသည်ကို တွေရပေသည်။ အ၀တ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျလျှက်ရှိပေသည်။ ဦးထုပ်လည်းဆောင်းထားခြင်းမရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တိုက မီးကျီခဲ များ အပေါ်သို့စီးကျနေသောကြောင့် တစ် ရှဲ..ရှဲ မြည်နေပေသည်။ ထိုလူကိုကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်း မှလူမဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန်တွေးယူမိလိုက်ပြန်သည်။ ထို့ကြောင့်ကျွန်တော်ကပဲ သူ့ကို စတင်နူတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။
`ကျွန်တော်တို့ လူသားတွေအတွက် တော့ သာယာတဲ့ မိုးလေ၀သ ဆိုတာ ဘယ်မှာရှိနိုင်မှာလဲ  မိတ်ဆွေရာ ။ ဒါပေမယ့် ဒီတဲကလေးက ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ဆိုရမှာပေါ့ဗျာ´
တဲအပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့် အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည်  မိုးရေကြောင့် ယိမ်းထိုးနေကြလေသည်။ ထိုလူစိမ်းက `တစ်ချိန်က ဒီတဲလေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။ ဒါပေမယ့် သာမာန် ဧည့်ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့နေတဲ့ အမြဲနေတဲ့သူ မရှိတော့ဘူး´ သို့သော် သူတောင်းစားများနေထိုင်သည့် နေရာတို့တွင် တွေ့ရတတ်သော ဘူးခွံ၊ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။
 `ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´
သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူး ဆိုရင် အခု ဘာကြောင့် အဲ့ အရာများ မတွေ့ရသနည်း။ ကျွန်တော်မေးခွန်း ထုတ်နေမိသည်။ ထိုလူက အဖြေစကားမဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင် ချကာ
 `ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´
ကျွန်တော်မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။ `အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှ ရှိတဲ့ ရေတွင်း ပျက်ထဲကို ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´
ကျွန်တော်စိတ်ဝင်စား သွားပြီးသူ့အနားကို တိုးသွားမိတယ်။ ဒီ့နောက်သူက ဆက်ပြီးပြောတယ် `တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံး ရွှံ့တွေပေပြီးသေနေတယ်။ အဲ့ဒီ့သရဲက ဒီတဲပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတယ် ။ တစ်ခါ တခါ ဒီတဲထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´ ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။  ကျွန်တော်က-
 `ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲကခြောက်မှာ တော့ မဟုတ်ပါဘူး ´
`ဟုတ်ကဲ့ ….ကျွန်တော်တို့ကိုသူက ခြောက်မယ်မထင်ပါဘူး´ သူ့စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး ….`ဟား..ဟား..ဟားး… ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှမမြင်ဖူးပါဘူး´ ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။ ပြီးတော့.သူက……
` ဟုတ်ကဲ့ ခင်ဗျားဘယ်တော့မှမြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့် …ဒီတဲမှာ ၀င်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာမရှိဘူး ။ အကုန်လုံးခြောက်ခံ ရတာကြီး ပဲ´
ထိုသူမည်သို့ပင်ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။
`ကျွန်တော့်ကို အိပ်ရေးပျက်အောင်လုပ်နေတာ သရဲမဟုတ်ဘူး..။ မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော်နိုးသွားတာ.. ´
ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေသည်။ `ဟား…ဟာ.း…ဟား…ဟား…ဟား´ သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျ နေပေသည်။  သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။
`ဘု ရားရေ….မိတ်ဆွေ ….အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´ ဟု ကျွန်တော် ပြောလိုက်မိသည် ။ ထိုလူက အနည်းငယ်ရယ်လိုက်ပြီး ………
`မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ ကျွန်တော်က ဘယ်တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေ၀သ ကောင်းကောင်း ၊ ဆိုးဆိုး နွေဖြစ်ဖြစ်၊ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´
ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီးကျွန်တော့်ကို စူးစိုက်ကြညိ့နေလေသည်။ ကျွန်တော် အခုမှ သူပြောသမျှတွေသတိရ သွားပြီး ကျွန်တော့် ဘွတ်ဖိနပ်ကိုကောက်ယူကာ ကြောက်လန့်တကြားအော် ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။
Writing by –Ye’ Tay Za Kyaw (ကာရန်ငယ်)
                               Thankyou.
အတူတူတွဲ မအိပ်သင့်တဲ့ အရာ(၅)မျိုး
ကျန်းမာရေးဟောပြောပွဲတစ်ခုမှာကျွန်တော်ကြားသိခဲ့ရတာလေးတစ်ခုပါ။ဟောပြောသွားတဲ့သူကလည်း Blog တစ်ခုမှာဖတ်ဖူးတာလို့ပြောပါတယ်။ဘယ်သူ့ Blog လို့ပြောမသွားတဲ့အတွက်မူရင်းရေးသူကိုကျွန်တော်လဲမသိပါဘူး။ဒါပေမယ့် မသိသေးတဲ့ မိတ်ဆွေအတွက်ကျွန်တော်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
၁။ နာရီဝတ်ပြီးမအိပ်ပါနဲ
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်။ နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို                      ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ။
၂။ အမျိုးသမီးများ ဘရာ(အတွင်းခံအကျီင်္)၀တ်ပြီးမအိပ်ပါနဲ့
အမေရိကန်မှ သုတေသနပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများဟာ (၁၂)နာရီထက်ကျော်လွန်ပြီး အတွင်းခံအကျီ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ             အလွန်များပါတယ်။ဒါကြောင့်သက်တောင့်သက်သာနဲ့လဲအိပ်ရ၊ကျန်းမာရေးအတွက်ပါ အတွင်းခံအကျီ(ဘရာ)ချွတ်အိပ်ပါ။
၃။ ဖုန်းနဲ့အတူတူမအိပ်ပါနဲ့
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာနံဘေး(သို့) အနီးအနားမှာထားပြီးအိပ်ခြင်ဟာလဲမကောင်းပါဘူး။တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုဖို့ဖုန်းကို ခေါင်းအုန်းဘေးမှာထားတတ်ပါတယ်။         အဲဒီလိုအသုံးပြူခြင်တယဆိုရင်လဲ မိမိအခန်းထဲက အိပ်ရာနဲ့နည်းနည်းဝေးတဲ့နေရာမှာထားပါ။ သုတေသနပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့      လက်ကိုင်ဖုန်းအပါအ၀င်    တယ်လီဗေးရှင်းစက်တွေဟာ သံလိုက်လှိုင်းတွေကိုထုတ်လွှင့်နေကြောင်း သက်သေပြခဲ့ကြပါတယ်။အဲဒီသံလိုက်လှိုင်းတွေဟာ လူတွေရဲ့       အာရုံကြောတွေကိုထိခိုက်စေပါတယ်။ဒါကြောင့်     ဖုန်းကို အိပ်ရာဘေးမှာ ထားမအိပ်ပါနဲ့။
၎။မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့
ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့ မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူတွေဟာ ရေရှည်မှာ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။မိပ်ကပ်လိမ်းပြီးအိပ်ခြင်းအားဖြင့်   မိပ်ကပ်တွေဟာအရေပြားပေါ်ရှိ   ချွေးပေါက်တွေကို ပိတ်ဆို့စေးပြီး မှဲ့ခြောက်၊၀က်ခြ၊ံတင်းတိပ် အစရှိတဲ့ မျက်နှာအရေပြားပေါ်မှာဖြစ်တတ်တဲ့ရောဂါ တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်  ညအိပ်ရာဝင်ရင် မျက်နှာကို     စင်ကြယ်အောင်သစ်ပြီးမှအိပ်ပါ။မျက်နှာပြောင်နဲ့မအိပ်တတ်ရင်တော့ သနပ်ခါး(တောင်နံကြီး၊ရှင်မတောင်) ကိုခပ်ပါးပါးလေးသွေးလိမ်းနိုင်ပါတယ်။
၅။ သူတစ်ပါးရဲ့ယောင်္ကျား(သို့) မိန်းများနဲ့အတူတူမအိပ်ပါနဲ့ နောက်ဆုံးတစ်ခကတော့ကျန်းမာရေးနဲ့မဆိုင်ပေမယ့်လူမှုရေးအရ အရေးကြီးပါတယ်။ အဲဒါကတော့ မယားရှိသောလင် နှင့် လင်ရှိသောမယား တွေနဲ့အတူတူမအိပ်ပါနဲ့။အဲလိုအိပ်မိလျှင်        သင့်အတွက် သေလောက်အောင်အရှက်ရစေနိုင်ပါတယ်။လူမှုရေးနဲ့ပတ်ဝန်းကျင် နယ်ပယ်ထဲမှာ သင်ဟာအလိုလိုနေရင်း ကျရှုံး သွားရပါလိမ့်မယ်။ အဲလိုတစ်ခါအိပ်မိယုံနဲ့ သင်ဟာ         အသက်ရှင်နေပေမယ့် ဘ၀ကတော့သေဆုံးသွားမှာဖြစ်ပြီးဘယ်တော့မှပြန်လည်ရှင်သန်နိုင်လိမ့်မည်မဟုတ်ပါ။ဒါကြောင့် ကာမပိုင်ရှိသော ယောင်္ကျား(သို့)မိန်းမ နဲ့အတူတူမအိပ်မိပါစေနှင့်။
အားလုံးကိုကျေးဇူးတင်ပါတယ်။အသက်ရှည်၊ကျန်းမာပြီးအိမ်မက်လှလှတွေနှင့်အ
တူနှစ်ခြိုက်စွာအိပ်နိုင်ကြပါစေ................
ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်နေတဲ့...KIA
From : ကချင်ပြည်နယ် စစ်ရေးလေ့လာသူတစ်ဦး
ကျွန်တော်တို့ ကချင်ပြည်နယ်အတွက် မည့်သည့်အချိန်ကမှ ကောင်းကျိုးမပေးခဲ့တဲ့ KIA အဖွဲ့ဟာ ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုထားပြီးအကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း ဘီလူးမှန်းသိအောင်အစွယ် ထုတ်ပြလျက်ရှိပါတယ်၊
KIA ဟာ ကချင်ပြည်နယ်နဲ့ ကချင်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့
အစည်းမဟုတ်တဲ့အတွက် ပြည်နယ်ရဲ့အလှအပတွေ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါတဲ့ လမ်း၊ တံတား၊ စက်ရုံအလုပ်ရုံတွေ စတဲ့ ရုပ်ပိုင်း ဆိုင်ရာတွေကို ဖျက်ဆီးပစ်ခဲ့ရုံသာမက ကျွန်တော်တို့ပြည်နယ်အတွင်းက တိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်ရေးရာအပိုင်းကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပါတယ်၊ နောက်ဆုံး လုပ်ဆောင် မှုကတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းကုမ္ပဏီတွေကို ပြင်း ထန် စွာဖောက်ခွဲဖျက် ဆီး လာခြင်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၉ ရက်နေ့က ဖားကန့်မြို့နယ်အတွင်း ကြီးမားတဲ့ဖောက်ခွဲဖျက်ဆီးမှုကြီးနှစ်ခုကို KIA မှ ဆောင်ရွက်ခဲ့ပါတယ်၊ ပထမ ဖောက်ခွဲမှုကြီးက မှော်မောင်းလျှံရွာက ဝေကုမ္ပဏီ ကို ဖောက်ခွဲဖျက်ဆီးခဲ့ တာဖြစ်ပြီး ဒုတိယကတော့ မက်လင်ချောင်ရွာမှာရှိတဲ့ ရွှေဂေါင်ဂေါင်ကုမ္ပဏီကို ဖောက်ခွဲဖျက်ဆီး ခဲ့တာပါ၊ ဝေကုမ္ပဏီက အသက်မသေဘဲ လွတ်မြောက်လာသူတစ်ဦးက အဖြစ်မှန်ကို ဒီလိုပြောပြခဲ့ပါတယ်။
“ညနေဘက်မှာ ကံဆီး KIA တပ်ရင်းက ကားနှစ်စီး ကုမ္ပဏီဝန်းထဲကို တရကြမ်းမောင်းဝင်လာတယ်၊ KIA ၁၀ ယောက်ကျော်လောက်ပါမယ်ထင်တယ်၊ ကုမ္ပဏီဝန်းထဲရောက်ပြီး တစ်ဖွဲ့က မြင်သမျှလူတွေကို မဲမဲမြင်ရာ ပစ်ခတ်ပါတော့တယ်၊ ပစ်ခတ်နေတုန်း ကျန်တဲ့အဖွဲ့က သူတို့မှာအသင့်ပါလာတဲ့ မိုင်းတွေကို အဆောက်အဦတွေ၊ ဓါတ်ဆီ/ ဒီဇယ်ပေပါတွေ၊ ဆီလှောင်ကန်တွေမှာ လိုက်ကပ်တယ်၊ ပြီးတာနဲ့ချ
က်ချင်းပြန်ထွက်သွားတယ်၊ သိပ်မကြာခင်မှာ ၀ုန်းဆိုတဲ့ အသံကြီးကြားရပြီး ကျွန်တော်တို့ ကုမ္ပဏီဝန်းတစ်ခုလုံး သိမ့်သိမ့်ခုန်ကာမီးခိုးလုံးကြီး တက်သွားတယ်၊ပေါက်ကွဲသံဟာ နားကွဲမတတ် ကျယ်လောင်လှပါတယ်၊ ကုမ္ပဏီကလူတွေကို KIA က ပစ်ခတ် သတ်ဖြတ်နေတဲ့အသံကြောင့်မလှမ်းမကမ်းမှာရောက်နေတဲ့စစ်တပ်ကအဖွဲ့တစ်ဖွဲ့ ပြေးလာတာ တွေ့ရတယ်၊ KIA က ကားနဲ့ပြန်ထွက်သွား တာဖြစ်တဲ့အတွက် မမှီလိုက်ဘူး၊ ရောက်လာတဲ့ စစ်တပ်အဖွဲ့ ကျွန်တော့်အထင်၉ ယောက်၁၀ယောက်လောက်ရှိမယ်၊ သူတို့အားလုံး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတယ်”
KIA ရဲ့ ရက်စက်တဲ့လုပ်ရပ်ကြောင့် ကုမ္ပဏီဝန်းထဲမှာရှိနေသူ ဘယ်နှစ်ယောက်လောက် သေဆုံး သွားသလဲ၊ ဘာတွေပျက်စီးသွားသလဲလို့ ဆက်မေးကြည့်တဲ့အခါ သူက ဒီလိုဆက်ပြောပါတယ်။
“KIAကမဲမဲမြင်ရာပစ်လို့သေတဲ့လူက၁၅ယောက်လောက်ရှိမယ်၊ထွက်မပြေးနိုင်တဲ့ အသက်ကြီးသူတွေ၊ ကလေးတွေအားလုံး ၂၀ ကျော်လောက်ဟာ ပေါက်ကွဲမှုကြီးကြောင့် ကိုယ်ခန္ဓာတွေ မီးလောင်ပြီး အပိုင်းပိုင်းပြတ် သေဆုံးခဲ့တယ်၊ ကုမ္ပဏီက ယာဉ်ကြီး၊ ယာဉ်ငယ် အစီး ၆၀ ကျော် ပျက်စီး ခဲ့ပါတယ်”
အဲဒီနေ့ညမှာပဲရွှေဂေါင်ဂေါင်ကျောက်စိမ်းကုမ္ပဏီကိုလည်းအလားတူဖောက်ခွဲဖျက်ဆီးမှုတွေ ဆက်လုပ်ခဲ့ပါတယ်၊
နောက်ဆုံးသိရှိရတဲ့သတင်းအရရွှေဂေါင်ဂေါင်ကုမ္ပဏီဝန်းအတွင်းကလုပ်ငန်း အသုံးပြုတဲ့ ယာဉ်တွေ၊ စက်ပစ္စည်းတွေ၊အဆောက်အဦတွေ၊စက်သုံးဆီတွေစတဲ့တန်ဖိုးကြီးပစ္စည်းအားလုံးပျက်စီးခဲ့ရပြီး ကျန်းမာရေးမကောင်းသူ၊အသက်အရွယ်ကြီးရင့်သူနဲ့နို့စို့အရွယ်ကလေးငယ်တွေစုစုပေါင်း ၃၀ လောက် သေကြေခဲ့ရတယ်။
KIAရဲ့ဖျက်ဆီးခြင်းခံရတဲ့ ကျောက်စိမ်းကုမ္ပဏီတွေအပါအ၀င်ဖားကန့်ကကုမ္ပဏီအားလုံးဟာ KIAကို လစဉ်ကြေး၊ နှစ်စဉ်ကြေးနဲ့ လုပ်ပိုင်ခွင့်အတွက်ဆက်ကြေးအမျိုးမျိုးကို ပေးနေရတာပါ၊ ကုမ္ပဏီတစ်ခုအတွက် သန်းငါးရာကနေ သန်းသုံးထောင်ကြားရှိပါတယ်၊ ဖားကန့်ဒေသမှာကုမ္ပဏီပေါင်းရာချီရှိတဲ့အတွက်KIAတွေရနိုင်မယ့်ဆက်ကြေးငွေကို တွက်ချက်ကြည့်နိုင်ပါလိမ့်မယ်။
ကုမ္ပဏီနဲ့နီးစပ်သူ ဒေသခံတစ်ဦးကတော့ သူ့ခံစားချက်ကို အခုလိုပြောပြပါတယ်။
“ဖျက်ဆီးခံရတဲ့ ကုမ္ပဏီတွေဟာ KIA အတွက် နှစ်ပေါင်းများစွာ ဆက်ကြေးပေးဆောင်ခဲ့တဲ့ ကုမ္ပဏီတွေ ပါဗျာ၊ KIA အတွက် လက်နက်/ခဲယမ်း၊ မိုင်း၊ ၀တ်စုံ တွေအပြင် သူတို့စားနေတဲ့ ဆန်ဟာလည်း ကုမ္ပဏီတွေက ပေးတဲ့ ဆက်ကြေးငွေနဲ့ ၀ယ်နေရတာဖြစ်ပါတယ်။
KIA ဟာ ထမင်းကျွေးတဲ့ လက်ကိုပြန်ကိုက်တဲ့ ခွေးလိုပါပဲ သစ္စာမဲ့လုပ်ရပ်တွေအတွက် ဘုရားသခင် ဒဏ်ခတ်ပါ လိမ့်မယ်ဗျာ။”
KIA ရဲ့ ယုတ်မာကောက်ကျစ်တဲ့ အကျင့်စရိုက်အရ ဖောက်ခွဲဖျက်ဆီးမှုတွေနဲ့ပတ်သက်ပြီး စစ်တပ်ကပဲလုပ်သလိုလိုဦးအောင်သတင်းလွှင့်နေတာတွေလည်းရှိပါတယ်၊အဖြစ်မှန်ကိုသိတဲ့ ဖားကန့်ဒေသခံတွေကတော့ပျက်စီးသေဆုံးရသူများရဲ့ကိုယ်စားKIAအပေါ်ပြင်းထန်တဲ့နာကျည်း မုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။
ဒါ့အပြင်ထိုးစစ်မဆင်တဲ့စစ်တပ်အပေါ်ကိုလည်းအားမလို အားမ ရဖြစ်နေပြီး ဖားကန့်နားမှာသာမက ကချင်ပြည်နယ်ထဲမှာ ရှိတဲ့ KIA အားလုံးကို စစ်တပ် က ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းပစ်ရေးကို အထူးလိုလားလျက်ရှိနေကြောင်း သိရပါတယ်။
မြန်မာWebSiteများ
မြန်မာ အင်တာနက် ကြည့်တဲ့ ပရိတ်သတ်တွေ အတွက် အဆင်ပြေစေရန် မြန်မာ ၀က်ဆိုဒ် လေး တွေ ကို စုစည်း ပေးထားတာဖြစ် ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ web site ကို Address bar မှာ ရိုက်စရာ မလိုပါဘူး။ ကိုယ်ကြည်ချင်တဲ့web site ပေါ်မှာ ကလစ်လေး နှစ်လိုက်ရုံပါပဲ။
1. www.planet.com.mm  (သတင်းလေးတွေစုံတယ်နော်)
2.www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
3.www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
4.www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
5.www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
6.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
7.www.myanmar-music.com(သီချင်းလေးတွေပါပဲ)
8.www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
9.www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)
10.www.shwedream.com(vcd လေးတွေကြည့်မယ်)  
11.www.burmeseclassic.com(ဓမ္မသီချင်းများ)
12.www.shweclassic.com (ဓမ္မသီချင်းများ)
13.www.royal-myanmar.com (ဒါလည်းစုံတယ်နော်)
14.www.yinkhonthanfm.com
15.www.popularmyanmar.com
(ပေါ်ပြူလာဂျာနယ်လေးနော်)
16.www.myanmarpyithar.com
17.www.first-11.com
18.www.weeklyeleven.com
(eleven ဂျာနယ်စုံ)
19.www.snapshop.com(လျှပ်တစ်ပြက်ဂျာနယ်)
20.www.myanmar.com(ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
21.www.mrtv3.net.mm(ဒါလည်း သတင်းစာရောဖတ်လို့ရပါတယ်)
22.www.myanmarinternetjournal.com(အင်တာနက်ဂျာနယ်ဖတ်ရအောင်)
23.www.soccermyanmar.com(ဘောလုံးသတင်း တွေအစုံပါတယ်)
24.www.livescore.com(ဘောလုံးပွဲစဉ်တွေကြည့်မယ်)
25.www.asianbookie.com(ဘောလုံးပွဲပေါက်ကြေးတွေ ကြည့်မယ်)
26.www.perfectmagazineonline.com(အောင်မြင်မဂ္ဂဇင်းလေးနော်)
27.www.studying-singapore.com(ကျောင်းလျှောက်တာ တွေ ကြည့်ချင်ရင်)
28.www.csstb.gov.mm(၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး က ခေါ်တဲ့ အလုပ်တွေနော်)
29.csstb.imis.com.mm(နေပြည်တော် ရုံးအမှတ် (၁၇) ရဲ့ ကြေငြာချက်တွေကြည့်မယ်)
30.www.unjobs.org(NGO ကခေါ်တဲ့ အလုပ်တွေရှာ မယ်)
31.www.thanzinhlaing.com
32.www.naykabyar.com
33.www.journalopportunity.com ( အလုပ်တွေ ရှာ မယ်နော်)
34.www.iburmese.com
35.www.mymyanmar.net
36.www.myanmar.mmtimes.com (မြန်မာတိုင်းစ် ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)
37.www.etrademyanmar.com
38.www.myanmarelibrary.com(အင်္ဂလိပ်-မြန်မာအဘိဓာန်)
39.www.mandalaygazette.com
40.www.shopping.com.mm
41.www.healthymyanmar.com
42.www.jivitahospital.org(ဇီဝိတဒါန ဆေးရုံ အကြောင်း သိချင်ရင်)
43.www.myanmarbible.net
44.www.myanmargoal.com
45.www.myanmarhotjob.com(ဒီမှာလည်း အလုပ်အကြောင်းသိချင်ရင်)
46.www.myanmarscholarship.com
47.www.myanmarmyanmar.com
48.www.bobo.6te.net (ကလေးများ အတွက် ဘိုဘိုရဲ့ လောကနက်ဂိမ်းနဲ့ ကာတွန်း)
49.www.myanmarmedicine.com(ဆေးပညာ အကြောင်းဖတ်ချင်ရင်)
50.www.hird.hypermart.net
51.www.serenapowers.com
52.www.most.gov.mm(နည်းပညာတက္ကသိုလ်အကြောင်းတွေ သိချင်ရင်)
53.www.ucsy.edu.mm (ကွန်ပျူတာတက္ကသိုလ်အကြောင်း တွေ ဖတ်ချင်ရင်)
54.www.bagan.net.mm(မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
55.www.foreverspace.com.mm
56.www.redmyanmar.net
57.www.thanlwin.com
58.www.myanmartraining.com(နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
59.www.mysuboo.com(ဒါကတော့ စုဗူးလေးနော်)
60.www.mmthingyan.com(မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
61.www.ainmat.com(ဘယ်လိုအိမ်မက်တွေမက်ထားလဲ ကြည့်ချင်ရင်)
62.www.yinkhonthanfm.com(FM သီချင်းလေးတွေနားထောင်ရအောင်နော်)
63.www.myanmarelottery.com(အွန်လိုင်းကနေထီ တိုက်ရအောင်နော်)
64.www.myanmarspace.com(ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
65.www.mysteryzillion.com(နည်းပညာတွေနှီးနှော် ဖလှယ်ရအောင်)
66.www.myanmaritpros.com (နည်းပညာအကြောင်းလေးတွေ ဖတ်ရအောင်)
67.
www.dhamadarna.net ( ဓမ္မဒါန  )
68.www.myanmarengineer.org ( မြန်မာ အင်ဂျင်နီယာများအသင်း  )
69. www.phatpa.com (ဖတ်ပါ့ သတင်းဂျာနယ် )
70.www.ourmandalay.net  (ကျွန်ုတို့ ရဲ့ မန္တလေး  )
71. www.myanmarchatonline.org (online သတင်းလေးတွေ )
72. www.problemclean.ning.com( နည်းပညာလေးတွေဆွေးနွေးရအောင် )
73.www.wikimyanmar.org ( မြန်မာ အွန်လိုင်း စွယ်စုံကျမ်း )
74.www.minnkyansis.com ( မင်းကျန်စစ်ရဲ့ ရသကမ္ဘာ )
်from - http://maungzawgyi.page.tl