This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, June 5, 2012

သံတွဲမြို့တွင်ဂျီတီအိုင်ကျောင်းကို ပိတ်ထားလိုက်ပြီ


ဓါတ်ပုံ- နိရဉ္စရာ
သံတွဲမြို့တွင်ဂျီတီအိုင်ကျောင်းကို ပိတ်ထားလိုက်ပြီဖြစ်ပြီး တက်ရောက်နေကြသော တောင်ကုတ်မြို့မှ ကျောင်းသူကျောင်းသား များကို တောင်ကုတ်မြို့ခံများက မော်တော်ကားလေးစီးဖြင့်
လာရောက်ခေါ်ဆောင် သွားပြီ ဖြစ်ကြောင်း သိရသည်။

 ရခိုင်ကျောင်းသားများနှင့် သံတွဲမြို့ရှိ အစ္စလာမ်ဘာသာဝင်တို့
 အကြား ပြဿနာများဖြစ်မလာစေရန် နေရပ်သို့
ပြန်လည်ခေါ်ဆောင်ထား ခြင်းဖြစ်သည်ဟု သိရသည်။

7Day News Journal - Facebook

ဥရောပဖလား ဘောလုံးပြိုင်ပွဲ (ပိုလန် – ယူကရိန်း)



၁၄ ကြိမ်မြောက် ဥရောပဖလား ချန်ပီယံရှစ် ဘောလုံးပွဲတွေကို ၂၀၁၂ ခုနှစ် ဇွန် လ ၈ ရက်နေ့မှာ ပိုလန်နိုင်ငံနဲ့ ယူကရိန်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ယခု ပြိုင်ပွဲသမိုင်းကြောင်းအရ ၁၉၂၇ မှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဟန်နရီ ဒီလောနေက ဥရောပနိုင်ငံ ဘောလုံးအသင်းတွေ တပေါင်းတစည်းထဲ ကျင်းပဖို့ စတင်စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုမရလို့ ၁၉၆၀ ခုနှစ်မှသာ ဥရောပ ဖလားအိပ်မက်ကို စတင်အကောင်အထည် ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀ အထိ ဥရောပဖလား အုပ်စုပွဲစဉ်တွေ မရှိဘဲ နောက်ဆုံးအဆင့်သာရှိပြီး ၄ သင်းသာ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့တာဖြစ်တယ်။ ယခုအချိန်မှာတော့ ခြေစစ်ပွဲအောင် ၁၆ အသင်းအထိ ခွင့်ပြုပြီး အုပ်စု ၄ စုခွဲကာ ကျင်းပနေခဲ့ပြီ ဖြစ်ပါတယ်။

ဥရောပဖလား ပြိုင်ပွဲ သမိုင်းအကျဉ်း

၁၉၆၀ – ပထမဆုံးအကြိမ်အဖြစ် ဥရောပဖလား ချန်ပီယံရှစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး ဆိုဗီယက်ယူနီယံနိုင်ငံက ဗိုလ်စွဲခဲ့ပါတယ်။ ၁၉၆၆ မှာ ကမ္ဘာ့ဖလားရရှိမယ့် အင်္ဂလန်အသင်း ပါဝင်ခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ဘဲ ဂိုသမား ဂေါ်ဒန်ဘန့်ကတော့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဂိုးသမားအဖြစ် ဘောလုံးပရိသတ်တွေရဲ့ အားပေးမှု ကိုရရှိခဲ့ပါတယ်။
၁၉၆၄ – ယခု အချိန်မှာ နာမည်ကြီး ရေပန်းစားနေတဲ့ စပိန်အသင်းဟာ ဥရောပ ဖလားကြီးကို ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ၁၉၆၄ နှစ်မှာပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စပိန်အသင်းက အိမ်ကွင်းမြေမှာ လူးဝစ် ဆွာရက်စ် ဆိုတဲ့ ကစားသမားရဲ့ ဦးဆောင်မှုအောက်မှာ ဖလားရယူနိုင်ခဲ့ပါတယ်။ ၁၉၆၄ ကစပြီး နိုင်ငံတကာ ပွဲစဉ်တွေမှာ စပိန်အသင်းဟာ အောင်မြင်မှုနဲ့ ဝေးနေခဲ့ပြီး ၂၀၀၈ ခုနှစ်မှသာ ပြန်လည်အောင်မြင်မှု ရရှိနေတဲ့အသင်း ဖြစ်ပါတယ်။

၁၉၆၈ – အိမ်ကွင်း အားသာချက်နဲ့အတူ အီတလီအသင်းဟာ ရှေ့ချန်ပီယံတွေဖြစ်တဲ့ ဆိုဗီယက်နဲ့ စပိန်နည်းတူ အိမ်ရှင်လုပ်ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ နာမည်ကြီး အင်္ဂလန်ကတော့ နောက်ဆုံး ၄ သင်းအဆင့်ကို ရောက်ခဲ့ပေမယ့် ယူဂိုစလားဗီးယားနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့သလို အင်္ဂလန်ကစားသမား အလန် မူလာရီဟာ အနီကတ် ပြခံရပြီး ပွဲချိန်အတွင်း အထုတ်ခံခဲ့ရပါတယ်။

၁၉၇၂ – လက်ရှိချန်ပီယံ အရှေ့ဂျာမနီ အသင်းက ဘယ်ဂျီယန်မြေမှာ ဖလားယူနိုင်ခဲ့ပြီး ယခုလက်ရှိ ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ဖရန့် ဘက်ခမ်ဘောင်ဝါက အရှေ့ဂျာမနီ အသင်းနဲ့အတူ နာမည်ကျော်ကြားလာခဲ့ပါတယ်။

၁၉၇၆ – ချက်ကိုစလိုဗက်ကီးယားဟာ လက်ရှိချန်ပီယံ အနောက်ဂျာမနီကို ပယ်နတီ အဆုံးအဖြတ်နဲ့ ဖလားရယူသွားပြီး ထူးထူးခြားခြားအဖြစ် ဝေလ ဘောလုံးအသင်းကလည်း ပြိုင်ပွဲအတွင်း ခြေစွမ်းပြနိုင်ခဲ့ကာ ဆီးမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပါတယ်။

Ref: BBC

၁၉၈၀ – ပြိုင်ပွဲပုံစံကို ပြန်လည်ပြောင်းလဲခဲ့ပြီး ဖိုင်နယ်အုပ်စုပွဲတွေမှာ အသင်း ၈ အထိ ပါဝင်လာပါတယ်။ အရှေ့ဂျာမနီမှာ ဥရောပတလျှောက် ဆက်လက် ကြီးစိုးခဲ့ပြီး ဖလားရယူနိုင်ခဲ့သလို ဘယ်ဂျီယမ် အသင်းဟာလည်း ဖိုင်နယ်အထိ တက်ရောက်ပြီး ဖလားရခါနီးမှ အရှေ့ဂျာမနီကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

၁၉၈၄ – ပြင်သစ်အသင်းဟာ အိမ်ကွင်းမြေမှာ ဥရောပဖလားကို ပြန်လည်ဆုပ်ကိုင်နိုင်ခဲ့ပြီး ၁၉၈၂ ကမ္ဘာ့ဖလားမှာ ပြိုင်ဖက် အရှေ့ဂျာမနီကို ရှုံးနိမ့်ခဲ့မှုကို ခြေဖျက်နိုင်ခဲ့ပါတယ်။ ယခု လက်ရှိ ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ်ရှယ် ပလာတီနီဟာ ၁၉၈၂ ချန်ပီယံ ပြင်သစ်အသင်းကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ – ဥရောပမှာ နယ်သာလန်တို့ တစခန်းထနိုင်ခဲ့ပြီး နယ်သာလန်အသင်းမှ မာကို ဗန်ဘက်စတန်ဆိုတဲ့ ဂန္ထ၀င် ကစားသမား ပေါ်ထွက်လာခဲ့ပါတယ်။ ဗန်ဘက်စတန်­ဟာ ယခု ကမ္ဘာ့အကောင်းဆုံးကလပ်လို့ ဆိုတဲ့ ဘာစီလိုနာ အသင်းမှာလည်း ကစားခဲ့ဖူးပြီး ကလပ်အသင်းရဲ့ ဂန္ထ၀င် ကစားသမားအဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါတယ်။

၁၉၉၂ – ဒိန်းမတ်အသင်းအတွက် ဆန်းကြယ်စရာတွေ ဖြစ်လာခဲ့နှစ်ပါ။ ဒိန်းမတ်အသင်းဟာ ဆွီဒင်မြေမှာ ကျင်းပတဲ့ ဥရောပဖလားခြေစစ်ပွဲကို မအောင်မြင်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ယူဂိုစလားဗီးယား နိုင်ငံရဲ့ ပြည်တွင်းစစ် အခြေအနေတွေကြောင့် အစားထိုး ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ဖိုင်နယ်အထိ တက်ရောက်လာခဲ့ပြီး အင်အားကြီး ဂျာမနီကို အနိုင်ယူကာ ထိုက်ထိုက်တန်တန် ဖလားရယူနိုင်ခဲ့ကာ ဒိန်းမတ်နိုင်ငံသားတွေ ပျော်ရွှင်ခဲ့ရတဲ့နှစ် ဖြစ်ခဲ့ပါတယ်။

၁၉၉၆ – ဘောလုံးအားကစား စတင်မွေးဖွားရာလို့ဆိုတဲ့ အင်္ဂလန်မြေမှာ ကျင်းပခဲ့ပြီး အင်္ဂလန်အသင်းဟာ ဆီးမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ပြီးမှ ဂျာမနီအသင်းကို ပယ်နတီဖြင့် ရှုံးနိမ့်ကာ ဖလားနဲ့ ပွတ်ကာသီကာ လွဲခဲ့ရပါတယ်။ ဂျာမနီအသင်းက ဖိုင်နယ်မှာ ချက်ဇ်အသင်းကို ၀င်ဘလေ ကွင်းကြီးမှာ အနိုင်ယူပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။

၂၀၀၀ – အင်္ဂလန်အသင်းဟာ အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်က ဥရောပ သရဖူကို ပူးတွဲ အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ ဘယ်ဂျီယန်နဲ့ ဟော်လန်နိုင်ငံတို့မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

၂၀၀၄ – ဘောလုံးဝါသနာရှင်တွေ မထင်မှတ်ထားတဲ့ အသင်းချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ အိမ်ကွင်းမှာ ဖလားယူဖို့ရန် ဖိုင်နယ်အထိ ရောက်ရှိခဲ့ပေမယ့် ဂရိအသင်းရဲ့ ခံစစ်ကျစ်လစ်တဲ့ နောက်တန်းကို အရေးနိမ့်ခဲ့ပြီး ဂျာမနီ နည်းပြ အော်တို ရီဟေးဂယ်ရဲ့ ဦးဆောင်မှုနဲ့  ဂရိအသင်း ချန်ပီယံဖြစ်ခဲ့ပါတယ်။

၂၀၀၈ – အသင်းအားလုံးဟာ ခြေစွမ်းချင်း သူမသာကိုယ်မသာနဲ့ ပွဲစဉ်တော်တော်များများဟာ ကြည့်ကောင်းခဲ့ပါတယ်။ သြစတြီးယားနဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဥရောပ ချန်ပီယံလုပွဲမှာ စပိန်အသင်းဟာ ၄၄ နှစ်ကြာ စောင့်မျှော်နေခဲ့ရတဲ့ ဖလားကြီးကို စပိန်မြေသို့ သယ်ဆောင်နိုင်ခဲ့ပါတယ်။

မကြာမီ ကျင်းပတော့မည့် ယူရို ၂၀၁၂ အုပ်စုဇယား

အုပ်စု (A)

ချက်ဇ်

ဂရိ

ပိုလန် (အိမ်ရှင်)

ရုရှား

အုပ်စု (B)

ဒိန်းမတ်

ဂျာမနီ

ပေါ်တူဂီ

နယ်သာလန်

အုပ်စု (C)

ခရိုအေးရှား

အီတလီ

အိုင်ယာလန်

စပိန်

အုပ်စု (D)

အင်္ဂလန်

ပြင်သစ်

ဆွီဒင်

ယူကရိန်း (အိမ်ရှင်)

http://burma.irrawaddy.org/archives/11249

အလွဲသုံးစားမှုအား မကျေနပ်၍ ပဲခူး ကြံ့ခိုင်ရေးပါတီဝင်များ နုတ်ထွက်


ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၇ မိနစ်

စံခလပူရီ (မဇ္ဈိမ)။   ။ ပဲခူးမြို့ ရပ်ကွက် ခုနှစ်ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများ အပါအ၀င် ပါတီဝင် အများအပြားသည် အထက်အဆင့်၏ အလွဲသုံးစားပြုမှုအား သက်ဆိုင်ရာ တိုင်းပါတီရုံးသို့ တိုင်းကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပါတီမှ ဇွန်လဆန်းက နုတ်ထွက်ခဲ့ကြကြောင်း တိုင်း/ရုံး အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ပဲခူးမြို့ခံ တဦးက ပြောသည်။

“အောက်ခြေက အဖွဲ့ဝင်တွေက တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်တွေက ခြစားနေတယ်။ ဒီလူတွေနဲ့ တွဲမလုပ်နိုင်ဘူး ဆိုပြီး နုတ်ထွက်ကုန်ကြတာ။ တိတိကျကျ သိရသလောက်တော့ ခုနှစ်ရပ်ကွက်ကတော့ လုံးဝ ဖွဲ့လို့ မရတော့ဘူး ၊ ရပ်/ကျေးအဆင့် ကော်မတီဝင် ၁၅ ဦး နုတ်ထွက် ကုန်ကြတယ်။ သာမန် ပါတီဝင်တွေ ဦးရေက ၁,၀၀၀ ကျော်လောက် ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

လွန်ခဲ့သည့် လများ အတွင်း၌ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်မှ ကော်မီတီဝင်များမှ လယ်သမားများအား ဖြန့်ဖြူးရန် အကြောင်းပြ၍ ဓါတ်မြေသြဇာ လျှောက်ထားခဲ့ပြီး ရရှိလာသည့်အခါ သုခမိန် ပွဲရုံ၌ ရောင်းချခဲ့ကြသည်။ ထိုမှ ရရှိ လာသည့် အမြတ်ငွေ ကျပ်သိန်း ၆၀၀ ခန့်အား ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည်။ အလားတူ စားအုန်းဆီ ဖြန့်ဖြူးရေးနှင့် အခြား စီးပွားရေး လုပ်ပိုင်ခွင့် ပါမစ်များအား အစိုးရထံမှ လျှောက်ထားပြီး ပါမစ်များအား ရောင်းချကာ ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

“တိုင်းဒေသကြီး အဆင့်က ဆိုတာက ဒီကိစ္စတွေက လွန်သွားပြီ။ သူတို့တွေ အနေနဲ့ ဘာမှ လုပ်လို့ မရတော့လို့။ ဒီကိစ္စ ပြည်သူတွေ သိသွားရင် သူတို့ စည်းရုံးရေး လုပ်ငန်းစဉ်တွေ ထိခိုက်ပြီး ပြည်သူတွေ အယုံအကြည် မရှိမှာစိုးလို့ သိုသိုသိပ်သိပ်ပဲ ဒီကိစ္စကို လုပ်ဆောင်နေကြတာ။ ဒါပေမယ့် ဒီခြစားမှုကို တကယ်သိတဲ့ အောက်ခြေ အဖွဲ့ဝင်တွေက လုံးဝ မကျေနပ်ကြလို့ အခုလို ဖြစ်သွားတာ” ဟု အဆိုပါ တိုင်းရုံး ပါတီဝင်ဟောင်း တဦးက ပြောသည်။

ပဲခူးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း က “တိုင်စာများသည့် အုပ်ချုပ်ရေးမှူးများအား ထုတ်ပယ်ပေးမည်”ဟု ပြောထားသဖြင့် ပဲခူးတိုင်း စည်ပင် ဝန်ကြီး ဦးရဲမြင့်၏ တပည့်များက ရပ်ရွာအုပ်ချုပ်ရေး ကိစ္စရပ်များတွင် ဝင်ရောက် ချယ်လှယ်ကြကာ ၎င်းတို့နှင့် အဆင်မပြေသည့် အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများအား “လီဆယ် တိုင်တန်းလျက်” ရှိနေကြောင်း အင်းတကော် ကျေးရွာမှ ပြည်ခိုင်ဖြိုး ပါတီဝင် တဦးမှ မီဒီယာများသို့ ပေးပို့သည့် စာတစောင်၌ ဖော်ပြပါရှိသည်။

ခြင်ဆေးခွေ ဈေးကွက်



~


ခင်မျိုးသွယ်

"---ထွန်းလိုက်ရင် ခြင်တွေ အကောင်လိုက် ပြုတ်ကျသေတယ်။ ယင်ကောင်တွေတောင် သေတယ်ဆိုပြီး တစ်ယောက်စကားနဲ့ တစ်ယောက် ဝိုင်းဝန်းသုံးစွဲ လိုက်ကြတာ ခြင်ဆေးခွေဈေးပါ တက်သွားသလို ဈေးကွက်ထဲမှာ အရောင်းရဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်---"

မကြာသေးခင်ကပဲ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေး ဌာနကနေ ခြင်ဆေးခွေ အသုံးပြုနေကြတဲ့ ပြည်သူတွေ အတွက် နိုင်ငံပိုင် မီဒီယာတွေကနေ သတိပေး ထုတ်ပြန်ချက်တွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ အတွင်းကို ပြည်ပက နည်းမျိုးစုံနဲ့ ခြင်ဆေးခွေတွေ ဝင်ရောက်နေကြောင်း။ ဈေးကွက်အတွင်း ရောင်းချနေတဲ့ ခြင်ဆေးခွေအချို့မှာ တရားဝင် ပိုးသတ်ဆေး မှတ်ပုံတင်ခွင့် ပြုထားခြင်း မရှိတဲ့ အဆိပ်ရှိ ပစ္စည်းများဖြင့် ထုတ်လုပ်ထားတာကို စစ်ဆေး တွေ့ရှိကြောင်း။ မြန်မာနိုင်ငံ ပိုးသတ်ဆေး ဥပဒေအရ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့မှာလဲ တရားဝင်မှတ်ပုံတင် ခွင့်ပြုချက် ရယူထားခြင်း မရှိကြောင်း။ ဒီခြင်ဆေးခွေများမှာ အဆိပ်ရှိ ပစ္စည်းပါဝင်မှု ပမာဏမှာလဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ အမြင့်ဆုံးပါဝင်မှု ပမာဏထက် ပိုမိုပါဝင်နေလို့ အသုံးပြုသူများရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း။ ဒါကြောင့် အဲဒီခြင်ဆေးခွေတွေကို သုံးစွဲခြင်း မပြုကြဖို့နဲ့ ပိုးသတ်ဆေး မှတ်ပုံတင်ခွင့် ပြုထားခြင်းမရှိတဲ့ အဆိပ်ရှိ ပစ္စည်းများဖြင့် ထုတ်လုပ်ထားတဲ့ ခြင်ဆေးခွေများကို တင်သွင်းခြင်း၊ ရောင်းချခြင်းတို့ကို တားဆီးအရေးယူခြင်းနဲ့ သိမ်းဆည်းမှုပြုလုပ်ဖို့ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်းတို့ ပါဝင်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်တွေ မထွက်ပေါ်လာခင် ကတည်းက ပြည်ပက တရုတ်စာတွေ၊ ထိုင်းစာလုံးတွေနဲ့ ရေးထားတဲ့ ခြင်ဆေးခွေ ဘူးတွေဟာ ထွန်းလိုက်ရင် ခြင်တွေ အကောင်လိုက် ပြုတ်ကျသေတယ်။ ယင်ကောင်တွေတောင် သေတယ်ဆိုပြီး တစ်ယောက်စကားနဲ့ တစ်ယောက် ဝိုင်းဝန်းသုံးစွဲ လိုက်ကြတာ ခြင်ဆေးခွေဈေးပါ တက်သွားသလို ဈေးကွက်ထဲမှာ အရောင်းရဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သိပ်မကြာပါဘူး။ ခြင်ဆေးခွေမှာ သုံးထားတဲ့ အဆိပ်ပါဝင်မှုနှုန်းက ပုံမှန်ခြင်ဆေးခွေတွေထက် သုံးဆနီးပါး ရှိနေလေတော့ ရှူမိသူတွေ ခေါင်းကိုက်တာ၊ ရင်ကျပ်ပြန် ထလာတာ၊ နံရံပေါ်က အိမ်မြှောင်တွေ ပြုတ်ကျသေဆုံးတာတွေကို သတိပြုမိသူတွေ ရှိလာပါတယ်။

ဒီခြင်ဆေးခွေတွေနဲ့ ပတ်သက်ပြီး ဇူလိုင်လဆန်းလောက်မှာ သတင်းတွေ ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါကြောင့် မှော်ဘီမြို့နယ်က ပိုးသတ်ဆေး စစ်ဆေးရေးဌာနကို သွားရောက်မေးမြန်းဖြစ်တော့ -

''ပြည်ပက တရားမဝင် တင်သွင်းရောင်းချနေတဲ့ ခြင်ဆေးခွေတွေကို ဇွန်လလယ်မှာ တွေ့ရှိခဲ့တဲ့အတွက် ဌာနမှာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျင်းထုံ အမှတ်တံဆိပ်မှာ သုံးထားတဲ့ ဆိုင်ရင်လိုသရင်းဆိုရင် ခြင်ဆေးအတွက်ရော ပိုးသတ်ဆေး အတွက်ရော မှတ်ပုံတင်ထားတာ မရှိပါဘူး။ သူ့ရဲ့ ဘူးခွံမှာ တံဆိပ်အမည်နဲ့ ခြင်နိုင်ဆေးခွေလို့သာ မြန်မာလို ရေးထားပြီး ကျန်တာတွေကို လူအများ မဖတ်နိုင်တဲ့ တရုတ်စာ အညွှန်းတွေ ရေးထားတာပါ။ ဒါကြောင့် အဲဒီ အညွှန်းမှာ ဘယ်လို ပစ္စည်းတွေ ပါဝင်တယ် ဆိုတာကို အလွယ်တကူ မသိနိုင်ပါဘူး။ ထိုင်းစာတွေနဲ့ ဝင်လာတဲ့ Baby Care ခြင်ဆေးခွေကလဲ သူ့မှာသုံးထားတဲ့ Normal Louthilate မှတ်ပုံတင်ထားတာ မရှိသေးပါဘူး''လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။
"---ရှူမိသူတွေ ခေါင်းကိုက်တာ၊ ရင်ကျပ်ပြန် ထလာတာ၊ နံရံပေါ်က အိမ်မြှောင်တွေ ပြုတ်ကျသေဆုံးတာတွေ---"

ပိုးသတ်ဆေးဥပဒေအရ အဆိပ်ရှိတဲ့ ပစ္စည်းတွေကိုလည်းကောင်း၊ ခြင်ဆေးခွေများကိုလည်းကောင်း ထုတ်လုပ်တင်သွင်း ဖြန့်ချိမည် ဆိုပါက မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ပိုးသတ်ဆေး ဌာနတွင် မှတ်ပုံတင်ရမှာပါ။ အဲဒီလိုမှတ်ပုံမတင်တဲ့ ပစ္စည်းကို တင်သွင်းထုတ်လုပ်မိပါက ပိုးသတ်ဆေး ဥပဒေအရ အရေးယူခံရမယ်လို့ သိရပါတယ်။

''ကျင်းထုံ ခြင်ဆေးခွေကို စမ်းသပ်ရင်း ထပ်တွေ့တာက မီပါဖလူးသရင်း Meperfulthrin ပါ။ ခြင်ဆေး ခွေတွေမှာ မီပါဖလူသရင်းကို အသုံး ပြုမယ်ဆိုရင် အမြင့်ဆုံးအနေနဲ့ ဝ.ဝ၄ ရာခိုင်နှုန်းအထိ WHO က ခွင့်ပြုထားပါတယ်။ ကျင်းထုံ အမှတ်တံ ဆိပ်ဘူးအပြာမှာ မီပါဖလူသရင်း ဝ.ဝ၆ ရာခိုင်နှုန်း၊ ဘူးအနီနဲ့ အစိမ်းမှာ မီပါဖလူသရင်း ဝ.၁၁ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ အဲဒီပိုးသတ် ဆေးကို များများရှူမိရင် ခေါင်းမူး ခေါင်းကိုက်၊ နှာယို၊ ဝမ်းသွားတာက စလို့ အဆုတ်ကင်ဆာ အထိ ဖြစ်ပွားနိုင်ပါတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲထားတာကြောင့် သုံးစွဲသူတွေအတွက် အလွန်အန္တရာယ် များပါတယ်။ ဒါကြောင့် ပြည်တွင်းက ထုတ်လုပ်တဲ့ ခြင်ဆေးခွေရော၊ ခြင်ဆေးဘူးတွေရောကို ပိုးသတ်ဆေး ဌာနရဲ့ စံချိန်၊ စံညွှန်းနဲ့အညီ စမ်း သပ်စစ်ဆေးပြီးမှ ထုတ်လုပ်ခွင့်ပြု ထားပါတယ်။ ဈေးကွက်ထဲကလဲ ယူပြီး ထပ်မံစမ်းသပ်ပါတယ်။ ဒါကြောင့် ပြည်တွင်းထုတ် ခြင်ဆေးခွေ နဲ့ခြင်ဆေးဘူးတွေကို အန္တရာယ် ကင်းရှင်းတဲ့အတွက် ဌာနအနေနဲ့ အများပြည်သူ သုံးစွဲခွင့်ပြုထားတာ ပါလို့ ယင်းဌာနမှ ပိုးသတ်ဆေး အရာရှိတစ်ဦးက ရှင်းပြပါတယ်။
"---ပြည်တွင်းထုတ် ခြင်ဆေးခွေနဲ့ ခြင်ဆေးဘူး အမျိုးအစား ၁၃၃ မျိုးရှိနေ---"

ပြည်တွင်းထုတ် ခြင်ဆေးခွေနဲ့ ခြင်ဆေးဘူး
ပိုးသတ်ဆေးဌာနက အရာရှိ တစ်ဦးရဲ့ ပြောပြချက်အရ ပြည်တွင်းထုတ် ခြင်ဆေးခွေနဲ့ ခြင်ဆေးဘူး အမျိုးအစား ၁၃၃ မျိုးရှိနေပါတယ်။ အဲဒီပစ္စည်းထုတ်လုပ်သူ တချို့ကို တွေ့ဆုံခဲ့ပါတယ်။

ခြင်ဆေးခွေထုတ်လုပ်တဲ့ စက်ရုံ အများစုကို ရန်ကုန် အခြေစိုက် စက်မှု ဇုန်တွေမှာ အများဆုံး တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ တွေ့ရတဲ့ ခြင်ဆေး ခွေတွေက ဂေါ်ဇီလာ၊ ဖိုက်တာ၊ ဂျမ်ဘို၊ မော့စ်ဖလိုင်း၊ ဂိုးလ်၊ မားစ်၊ ဂွတ်နိုက်၊ စပိုက်ဒါ၊ ဒိုင်းနာက တက်ခ်၊ ဆင်ဖြူတော် စသည်ဖြင့် တံဆိပ်တော်တော်စုံပါတယ်။ အဲဒီ တံဆိပ်တွေထဲက ဈေးကွက်ကို ဦး ဆောင်နေသူတွေ ရှိသလို မူရင်း အမှတ်တံဆိပ် ထုတ်လုပ်မှုကို ရပ်ပြီး အပ်ထည် လက်ခံ ထုတ်လုပ်နေတဲ့ စက်ရုံတွေလဲရှိပါတယ်။
ခြင်ဆေးခွေ စက်ရုံကြီးတစ်ခုဆိုရင် ပြည်တွင်း ခြင်ဆေးခွေ ဈေးကွက်ရဲ့ ၆ဝ ရာခိုင်နှုန်း ကျော်ကို ရရှိထားတယ်လို့ ခြင် ဆေး ခွေဈေးကွက်လေ့လာသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လောလောဆယ် ပြည်တွင်းခြင်ဆေးခွေတွေထဲမှာ ပြည်တွင်းထွက် နနွင်းတက်ကို ကုန်ကြမ်းသုံး ထုတ်လုပ်လာတဲ့ တော်ဝင်၊ သဘာဝ၊ ဗိုင်ပါ၊ ဖူဂျီ၊ စူပါ၊ ဂန္ဓမာစတဲ့ အမှတ်တံဆိပ်တွေလဲ ဈေးကွက်ဝေစု ဖဲ့ယူလာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပက တင်သွင်းတဲ့ ဂျမ်ဘို၊ မော့စ်ဖလိုင်းတို့လို၊ ပြည်တွင်းထုတ် အရေပြားပေါ် ဖျန်းတဲ့ ခြင်ပြေး စပရေးဘူးတွေ၊ လိမ်းဆေး ကရင်မ်တွေ၊ ခြင်ပြေး ဖယောင်းတိုင်တွေ ထုတ်လုပ်လာတာကိုလဲ တွေ့ရပါတယ်။

Myanmar YoungSoom Co.
၂ဝဝ၂ ခုနှစ်ကစပြီး ဂိုးလ်အမှတ်တံဆိပ်ကို စတင်ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီပါ။ ဈေးကွက်ခိုင်မာလာတဲ့အခါ စပိုက်ဒါနဲ့ ဒိုင်နိုတံဆိပ်နှစ်ခုကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ ဒိုင်နိုအမှတ်တံဆိပ်မှာ တစ်ချပ်သုံးခွေပါ။ (တစ်ဘူး ၂၁ ခွေ) ပါဝင်အောင် ထုတ်လုပ်ခဲ့သလို စပိုက်ဒါ ခြင်ဆေးခွေကိုလဲ အဝိုင်း၊ ခြောက်ထောင့်၊ ရှစ်ထောင့်၊ လေးထောင့်စတဲ့ ပုံစံလေးမျိုးနဲ့ ဆန်းသစ်ပြီး ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။ စက်ရုံက တောင်ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှာ ရှိနေပါတယ်။

Moving Forward Generation Company
တောင်ဒဂုံဆိပ်ကမ်း အခြေစိုက် ခြင်ဆေးခွေစက်ရုံက နနွင်းကုန်ကြမ်းနဲ့ ထုတ်လုပ်ခဲ့တာပါ။ ဗိုင်ပါအမှတ် တံဆိပ်ဖြစ်ပါတယ်။ ထုတ်လုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ''နနွင်းနဲ့ ခြင်ပြေးတယ် ဆိုတာကို စမ်းသပ်တွေ့ရှိခဲ့တာကြောင့် ဗိုင်ပါကို ထုတ်လုပ်ခဲ့တာပါ။ နနွင်း အနံ့ကို နယ်တွေက လူတွေပိုကြိုက်တာ တွေ့ရတယ်။ ခြင်ဆေးခွေ အများဆုံး သုံးတာလဲ နယ်ဒေသတွေ ဖြစ်တာကြောင့် နနွင်းအနံ့ ခြင်ဆေးခွေကို ထုတ်လုပ်ဖြစ်တာပါ။ နနွင်းအနံ့က ခြင်ဆေးတွေလို မမွှန်ဘဲ ရှူမိရင် လူသက်သာတဲ့ အနေအထားမှာ ရှိပါတယ်''လို့ လုပ်ငန်းရှင် ဦးသိန်းစိုးက ပြောပါတယ်။

အဆိုပါစက်ရုံဟာ Myanmar Yowng Soom နဲ့ ညီနောင်ကုမ္ပဏီ တစ်ခုလို့ သိရပါတယ်။

မားစ်အမှတ်တံဆိပ် ခြင်ဆေးခွေ
၁၉၈၈ ဝန်းကျင်မှာ ဆင်ဖြူတော် အမှတ်တံဆိပ် ခြင်ဆေးခွေကိုသာ အတွေ့များခဲ့ရာက ၁၉၉၇-၉၈ ခုနှစ်လောက်မှာ စိုက်ပျိုးရေးဌာနနဲ့ ဂျပန်ပညာရှင်တွေ ပူးပေါင်းထုတ်လုပ်တဲ့ မားစ်တံဆိပ် ခြင်ဆေးခွေကို သတိပြုလာမိပါတယ်။ အဲဒီတုန်းက ပြည်တွင်းမှာ ဖြန့်ချိသလို ပြည်ပနိုင်ငံ အတော်များများကို တင်ပို့ ရောင်းချခဲ့တာ သိရပါတယ်။ ၂ဝဝ၆ ခုနှစ်ထဲမှာ အကြောင်းအမျိုးမျိုး ကြောင့် စက်ရုံလည်ပတ်မှုကို ရပ်ဆိုင်းသွားခဲ့ပါတယ်။ သူရဲ့ အမှတ်တံဆိပ်ကို Asia Light ကို ရောင်းချခဲ့ပြီး မားစ်အမှတ်တံဆိပ်၊ မားစ်ပါဝါ၊ မားစ်ဂိုးလ် အမှတ်တံဆိပ် သုံးခု ထုတ်လုပ်နေပါတယ် လို့ ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပြခဲ့ပါတယ်။

Fly Away အရေပြားဖျန်း စပရေးဘူး
Nagar Min Yarzar စက်ရုံက ထုတ်လုပ်တာပါ။ ခြင်ပြေး အရေပြား ဖျန်းဆေး စပရေးဘူး အနေနဲ့ မြန်မာပြည်မှာ ပထမဆုံး ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

''ခြင်ပြေး ဖျန်းဆေးအနေနဲ့ OFF အမှတ်တံဆိပ်တို့၊ John & John အမှတ်တံဆိပ်တို့က ကမ္ဘာ့ဈေးကွက်မှာ ဈေးကွက်ပေါက်ပြီး လူသိများ သုံးစွဲတဲ့ ပစ္စည်းပါ။ အဲဒီ ပုံစံမျိုး မြန်မာပြည်မှာ ထုတ်လုပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ခြင်ပြေးဖို့အတွက် တချို့က အရေပြားပေါ် ဖျန်းတဲ့ဆေးကို သုံးချင်လာသူတွေ ရှိလာတယ်။ သုံးမယ်ဆိုရင် ပြည်ပက တံဆိပ်တွေပဲ ရှိတယ်။ ပြည်တွင်းတံဆိပ်ကို သုံးချင်သူတွေ အတွက် နံ့သာဖြူ၊ ပန်းပေါင်းစုံနဲ့ ဝတ်မှုန်ပေါင်ဒါ အနံ့တွေနဲ့ သုံးမျိုး ထုတ်လုပ်ထားတာပါ။ ခြင်နဲ့အင်း ဆက်ပိုးမွှား အန္တရာယ်တွေကို သဘာဝအလျောက် ကာကွယ်ပေးတဲ့ သဘာဝ ပန်းမန်အပင်တွေရဲ့ အဆီ အနှစ်နဲ့ ဖော်စပ်ထုတ်လုပ်ထားပါတယ်။ ဓာတုပစ္စည်း ပါဝင်မှု မရှိတဲ့အတွက် ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ဆေးကြောင့် အရေပြား ပြဿနာ ပေါ်တာ၊ ဆေးဖျန်းပြီး အသားအရေပေါ်မှာ စေးကပ်နေတာ၊ အဝတ်အထည်စွန်းထင်းတာလုံးဝ မရှိပါဘူးလို့ အာမခံပါတယ်။ ခြင်နဲ့ ရောဂါပိုးမွှားအန္တရာယ်ကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်''လို့ လုပ်ငန်းရှင်က ရှင်းပြပါတယ်။

Fly Away ခြင်ပြေး ဖျန်းဆေးကို တရုတ်တိုင်ပေနည်းပညာနဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အဲဒီဆေးက ခြင်နဲ့ ပိုးမွှားများ ကိုက်နိုင်တဲ့ ခန္ဓာကိုယ်မှာ ခြောက်နာရီခြား တစ်ကြိမ်ဖျန်းပြီး ကာကွယ်ရတာပါ။

ခြင်နိုင်မင်း ခြင်ပြေးလိမ်းဆေး
စပါးလင်အဆီနဲ့ စနိုးကို ကုန်ကြမ်းအဖြစ်သုံးပြီး ထုတ်လုပ်ထားတာပါ။ ထုတ်လုပ်ဖြစ်ပုံနဲ့ပတ်သက်ပြီး ''သားအတွက် ခြင်ဆေးခွေ မသုံးချင်လို့ စမ်းသပ်ထုတ်လုပ်ရာက ဈေးကွက်ထဲ ဖြန့်ဖြစ်တာပါ။ ဒီဆေးမှာ ပိုးသတ်ဆေး လုံးဝမပါဘူး။ ပါးစပ်ထဲဝင်လဲ ပြဿနာမရှိဘူး။ ခြင်မသေဘူး။ ခြင်ပြေးအောင်ပဲ ထုတ်လုပ်ထားတာပါ။ အသားအရေကို ထိခိုက်စေတဲ့ ဓာတုဆေးဝါးတွေလဲ မပါဝင်ပါဘူး။ လိမ်းလိုက်ရင် အသား အရေကို ချောမောစေတဲ့ Lotion ပုံစံ မျိုးဖြစ်အောင် ခြင်ပြေးအောင် ဂျပန်နည်းပညာနဲ့ ထုတ်လုပ်ထားတာပါ။ ရဟန်းသံဃာတွေ၊ တရားထိုင်သူတွေ ခြင်ပြေးအောင် လိမ်းလို့ရပါတယ်''လို့ ထုတ်လုပ်သူဦးကျော်နိုင်က ပြောပြပါတယ်။

ခြင်နိုင်မင်း ခြင်ပြေးလိမ်းဆေးကို ခြင်နှင့် ပိုးမွှားကိုက်ခြင်းက ကာကွယ်နိုင်ရန် နှစ်နာရီခြားတစ်ကြိမ် လိမ်းပေးရမယ်လို့ သိရပါတယ်။ ခြင်ပြေးလိမ်းဆေး ထုတ်လုပ်တဲ့နေရာက လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ အမှတ် ၇၇၆ မှာပါ။

Medlite Co.
ရောင်နီအမှတ်တံဆိပ် ခြင်ပြေး ဖယောင်းတိုင်နဲ့ စီထိုခရင်မ်၊ စီထို စပရေးဘူးတို့ကို ထုတ်လုပ်တဲ့ ကုမ္ပဏီပါ။

''ခြင်ပြေးဖယောင်းတိုင် တစ်တိုင်ထွန်းထားရင် ၁ဝ ပေပတ်လည်အထိ ခြင်မကိုက်အောင် တာဝန်ယူနိုင်ပါတယ်။ ဖယောင်းတိုင် အကြီးတစ်တိုင်ဆို သုံးနာရီအထိ အထွန်းခံပါတယ်။ စီထိုကရင်မ်ကတော့ ခြင်ကိုက်နိုင်တဲ့ အရေပြားပေါ်ကို လိမ်းပြီး ကာကွယ်ရတာပါ။ စီထို စပရေး ဖျန်းဘူးက ခြင်ကိုက်နိုင်တဲ့ အရေပြားပေါ်ကို ဖျန်းပြီး ကာကွယ်နိုင်ပါတယ်။ ဒီခြင်ပြေး ဖယောင်းတိုင်နဲ့ ခြင်နိုင်ခရင်မ်တို့ကို သဘာဝ အပင်တွေနဲ့ ထုတ်လုပ်ထားတာကြောင့် ဘေးထွက်ဆိုးကျိုး မရှိပါဘူး''လို့ ယင်းကုမ္ပဏီက ဦးမြင့်သန်းက ပြောပြခဲ့ပါတယ်။

ခြင်နိုင်ဆေး သနပ်ခါး
Proflife က ထုတ်လုပ်တဲ့ မော့စ်အမှတ်တံဆိပ် ဆေးသနပ်ခါးပါ။ တစ်ခါလိမ်းထားရုံနဲ့ ခြင်ကျားကိုက်တာ ခြောက်နာရီ ကာကွယ်နိုင်ပါတယ်။ ခြင်နိုင်ဆေး သနပ်ခါးကို အရေပြားပေါ်မှာ လိမ်းလိုက်တဲ့အတွက် အန္တရာယ်မရှိကြောင်း WHO က အသိအမှတ်ပြု စမ်းသပ်နည်းနဲ့ တီထွင် ထုတ်လုပ်ထားတာလို့ ထုတ်လုပ်သူ ဦးလှဖေက ပြောပြခဲ့ပါတယ်။

''ခြင်ဆေးခွေ၊ ခြင်ဆေးဖျန်း အသုံးပြုတာတွေနဲ့ ပတ်သက်ပြီး ဆေးအနံ့နဲ့ မတည့်သူတွေမှာ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်တယ်။ ရောဂါမရှိသူတွေလဲ ရောဂါဖြစ်လာနိုင်ပါတယ်။

လုပ်သင့်တာက ခြင်ဆေးထွန်းမယ်၊ ခြင်ဆေးဖျန်းမယ်ဆိုရင် အခန်းအကျယ်အပေါ် မူတည်ပြီး ချင့်ချိန်သုံး ရပါမယ်။ ဆေးတွေသုံးပြီးတာနဲ့ တစ်ပြိုင်နက် အိမ်တံခါးကို အလုံပိတ်ပြီး လူတွေက အပြင်မှာ ခဏရှောင်နေပါ။ မိနစ် ၃ဝ လောက်ကြာမှ တံခါးပြန် ဖွင့်လိုက်ရင် ခြင်တွေလဲ သေနေလိမ့်မယ်။ ဆေးအနံ့တွေလဲ ပြယ်နေလိမ့်မယ်။ အဲဒီတော့မှ တံခါးပြန်ပိတ်သင့်ပါတယ်''လို့ ဆေးသုတေသန ဦးစီးဌာနက အငြိမ်းစား ညွှန်ကြားရေးမှူး ဦးလှဖေက ပြောပါတယ်။

အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတစ်ခုကို ဝယ်ယူရင်
''အခုဝယ်ယူ သုံးစွဲတဲ့ ခြင်ဆေးခွေတွေရဲ့ အတွေ့အကြုံအရ ကျွန်မအိမ်က ကလေးတွေအတွက် ခြင်ပြဿနာ ဖြေရှင်းဖို့ ပြည်ပက တရားမဝင် ဝင်ရောက်ခဲ့တဲ့ ကျင်းထုံ၊ Baby Care, Lao Jun, A.estar Power, Tianshi တို့ကို ဝယ်သုံးမိခဲ့ပါတယ်။ ရောင်းတဲ့သူကလဲ ခြင်တကယ်သေတယ်။ ကောင်းတယ်ဆိုလို့ ဝယ်သုံး မိခဲ့တာပါ။ သုံးထားတဲ့ ပိုးသတ်ဆေးက ဒီလောက်များနေတာ။ ငွေပေးပြီး အဆိပ်ငွေ့ ဝယ်ရှူသလို ဖြစ်ခဲ့ရတယ်။ စဉ်းစားကြည့်ရင် တစ်ပိုင်တစ်နိုင် တင်သွင်းတာတွေ၊ လိုင်စင်မဲ့ ဝင်ရောက်တာတွေဟာ စားသုံးတဲ့ ပစ္စည်းပဲဖြစ်ဖြစ်၊ ခြင်ဆေးခွေပဲဖြစ်ဖြစ်၊ ဆေးဝါးပစ္စည်းပဲဖြစ်ဖြစ် တကယ့်အန္တရာယ်ပါပဲ။ တစ်ခုခု ပြဿနာ ပေါ်လာရင် တင်သွင်းသူ မရှိဘူး။ ဘယ်သူ့ကို လက်ညှိုးထိုးရမှန်း မသိဘူး။ ပြည်တွင်းမှာ အထိုင်ချ ထုတ်လုပ်တဲ့ စက်ရုံတွေကျတော့ အန္တရာယ် ရှိတာမျိုး၊ ပြဿနာ ပေါ်တာမျိုး ဖြစ်ခဲ့ရင် ဈေးကွက်ပျောက်မှာ၊ စက်ရုံပိတ်ရမှာကို ကြောက်ကြတော့ ပြဿနာ မဖြစ်အောင် စည်းတွေ၊ ဘောင်တွေထဲက သွားကြမယ်လို့ ယူဆလို့ ရပါတယ်။ ဒါကြောင့် အန္တရာယ် ရှိနိုင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင် ပြည်တွင်းထုတ် အရည်အသွေးကောင်း ပစ္စည်းတွေကို ရွေးချယ်သုံးသင့်ပါတယ်။ အဓိကကတော့ အာမခံချက် ခိုင်မာမှုကို ရွေးရမှာပါပဲ''လို့ အရည်အသွေး စစ်ဆေးရေးဌာနမှာ တာဝန်ထမ်း ဆောင်နေတဲ့ အစိုးရ အရာထမ်း တစ်ဦးက သုံးသပ်ပြောပြပါတယ်။

မည်သို့ပင်ဆိုစေ လက်ရှိ ခြင်ဆေးခွေ ဈေးကွက်မှာတော့ ပြည်တွင်း ထုတ်ပစ္စည်းများက အားသာမှုဖြင့် အသာစီးရရှိနေပြီး ပြည်ပက တင်သွင်းဝင်ရောက်မယ့် ခြင်ဆေးခွေများနဲ့ အရည်အသွေးပိုင်း၊ ဈေးနှုန်းပိုင်းနဲ့ အာမခံနိုင်မှု အပိုင်းတို့အတွက် ဈေးကွက်ထဲမှာ ဆက်လက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ညွှန်း - ဈေးကွက်ဂျာနယ် အင်တာနက်စာမျက်နှာ http://www.zaygwet.com/eco_opinion.php?id=88

ပြန်ကြားရေးဝန်ကြီးဌာန အမှားပြင်ဆင်ချက်ထုတ်ပြန်


၅-၆-၂၀၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၇) ကော်လံ(၅)နှင့် (၆) တွင် ဖော်ပြပါရှိသည့် သံတွဲ-ရန်ကုန် ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်စလင်ကုလား (၁၀) ဦးအသတ်ခံရမှု သတင်းနှင့် စပ်လျဉ်း၍ "သံတွဲမှ ရန်ကုန်သို့ အစ္စလာမ်ဘာသာ ကိုးကွယ်သူ (၁၀) ဦး အသတ်ခံရ "ဟူ၍ ပြင်ဆင်ဖတ်ရှုပါရန် နှင့် သတင်းစာသားများ၌လည်း "ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ " ဟူ၍ ပြင်ဆင်ဖတ်ရှုပါရန် ဟူ၍ ပြန်ကြားရေးဝန်ကြီးဌာန ၏ အင်တာနက်စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက ဖော်ပြလိုက်သည်။

The Voice Weekly