This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, October 4, 2012

Chrome browser တွင် ဇော်ဂျီနှင့် ယူနီကုဒ်များကို font ထည့်သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်မည့်


Chrome browser တွင် ဇော်ဂျီနှင့် ယူနီကုဒ်များကို font ထည့်သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်မည့် add-on ဖြစ်သည်။ တန်ခူး (Tagu) ဟု ခေါ်တွင်ပြီး developer ဖြစ်သူ saturngod မှ ဖန်တီးပြုလုပ်ထားသည်။

၎င်းကို အောက်ဖော်ပြပါ link သို့ သွားရောက်ပြီး install ပြုလုပ်နိုင်သည်။

https://chrome.google.com/webstore/detail/tagu/ddjpcdpfemhkibhpmgcd...

တောင်းရမ်းစားသောက်သည့် ကလေးများ၏ နောက်ကွယ်မှ ထိန်းသည့်သူများကို အဓိက ဖမ်းဆီးသွားမည်


ထိန်းသည့်သူများကို အဓိက ဖမ်းဆီးသွားမည်

မန္တလေးမြို့တော် စည်ပင်သာယာရေး
 ကော်မတီနယ်နိမိတ်အတွင်းတောင်းရမ်း
စားသောက်သည့် ကလေးများ၏ နောက်
ကွယ်မှ ထိန်းသည့်သူများကို

အဓိကဖမ်းဆီးရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်
မတီ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

"မန္တလေးမှာ တောင်းရမ်းစား သောက်သူပပျောက်ရေးကို စီမံချက်ရေးပြီး
ဆောင်ရွက်ရမှာပါ။ ရန်ကုန်မှာက လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်မှာရှိတဲ့ 
သက်ဆိုင်ရာဌာနတွေကို အသက်အပိုင်းအခြားအလိုက် အပ်နှံသွားတာကို
 လေ့လာတွေ့ရှိရပါတယ်။ 
မန္တလေးအနေနဲ့ကတော့ အနာကြီးရောဂါသည်တွေကို မတ္တရာမြို့နယ်က 
အနာကြီးရောဂါဆေးရုံကို ပို့လို့ရပါတယ်။ ကျန်ဖမ်းဆီးရမိသူတွေကိုတော့ 
ကျန်းမာရေးဌာနက အသက်အပိုင်းအခြားအလိုက် သတ်မှတ်ပြီး လူမှုဝန်ထမ်း
ဦးစီးဌာနကို ပို့ဆောင်ရပါမယ်။ နောက်ကွယ်က ထိန်းတဲ့သူတွေကို အဓိကဖမ်းရ
ပါ မယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

တောင်းရမ်းစားသောက်သူများကို တရားစွဲဆိုရန် စည်ပင်သာယာ ဥပဒေတွင် မပါရှိသဖြင့် တောင်းရမ်းစားသောက်သူများ ရှင်းလင်းပပျောက်ရေး ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကာ အရေးယူပိုင်ခွင့်ရှိသည့် မြို့နယ်ရဲ
တပ်ဖွဲနှင့် မြို့နယ်တရားရုံးများ၏ ပူးပေါင်းပါဝင်မှုနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ 
ပူးပေါင်းပါဝင်မှုလည်း လိုအပ်ကြောင်း သိရသည်။

"အရင်တုန်းက တောင်းရမ်း စားသောက်တဲ့သူတွေ၊ ကလေးတွေကို စည်ပင်သာယာရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးခြံတွေမှာ အလုပ်ပေးပါတယ်။ ဒါပေမယ့်သူတို့တွေက ထွက်ပြေးကြတယ်။ နောက်ပြီးမိဘတွေ ကိုယ်တိုင်က တောင်းခိုင်းတာတွေရှိတယ်။
 နောက်ကွယ်က ခိုင်းတာတွေ လည်းရှိတယ်။ ဒါတွေကို အရေးယူပိုင်ခွင့်စည်ပင်မှာ 
မရှိပါဘူး။ 
 ဒါ့ကြောင့် အရေးယူပိုင်ခွင့်ရှိတဲ့ ဌာနတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုအပ်ပါတယ်
"ဟု သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။

ယခုအခါ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း
တောင်းရမ်းစားသောက်သူ ပပျောက်ရေးကို စတင်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ
၂၄ ရက်နေ့က ၃၅ လမ်း ခုံးကျော်တံတားတွင်တောင်းရမ်းစားသောက်သူနှစ်ဦးအား 
အမှတ်(၈)ရဲ စခန်းမှ ရဲအက် ၄၀ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

Skype သုံးသူများအတွက်ပါ


ဒီပို့စ် လေးကတော့ သယ်ရင်းတယောက်မေးထားလို့ တင်ပေးလိုက်တာပါ မသိသေးတဲ့ သယ်ရင်းတွေအတွက်လဲ အဆင်ပြေအောင်ပေါ့
Skype သုံးသူတွေ မြန်မာစာသုံးလို့ရအောင်လုပ်တဲ့ နည်းလေးပါ လွယ်ပါတယ် ပုံလေးတွေနဲ့ပြထားပါတယ်

  ဒါဆို မြန်မာစာလဲ ရိုက်လို့ရ ရုပ်လဲမြင်ရပါပီ။ ကျွှန်တော်ကတော့ skype က vzo ထက်ပြောရတာကောင်းတယ်လို့မြင်ပါတယ်၊  အဆင်ပြေပါစေ..ဆော့ဝဲလ်လေးပါလိုချင်ရင် တင်ပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေပါစေဗျာ
 ဒီနေရာလေးမှာ သွားယူလိုက်ဗျာ

ကုမ္ပဏီ သုံးခုနှင့် လူပုဂ္ဂိုလ်များကို အမည်ပျက်စာရင်းသွင်း


Photo

သွင်းကုန်လိုင်စင် ခွင့်ပြုထားခြင်း မရှိသော ကားနှင့် ကားပစ္စည်း အစိတ်အပိုင်းများ တင်သွင်းခြင်းနှင့် အရောင်းအဝယ် ကတိစာချုပ် ဖောက်ဖျက်ခြင်းတို့ကြောင့် ကုမ္ပဏီ သုံးခုနှင့် လူပုဂ္ဂိုလ်များကို အမည်ပျက်စာရင်းသွင်း


သွင်းကုန်လိုင်စင် ခွင့်ပြုထားခြင်း မရှိသော ကားနှင့် ကားပစ္စည်း အစိတ်အပိုင်းများ တင်သွင်းခြင်းနှင့် အရောင်းအဝယ် ကတိစာချုပ် ဖောက်ဖျက်ခြင်းတို့ကြောင့် ကုမ္ပဏီ သုံးခုနှင့် အဆိုပါ ကုမ္ပဏီများမှ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များကို အမည်ပျက်စာရင်း ရေးသွင်းကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ အလုံမြို့နယ်၊ အေးရှားဝေါလ် ဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းသို့ ရောက်ရှိလာသည့် Nay & Aung Trading Co.,Ltd နှင့် Universal Dexterity Group Co.,Ltd တို့မှ တင်သွင်းလာသော ကုန်သေတ္တာများအား ဖွင့်ဖောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သွင်းကုန်လိုင်စင် ခွင့်ပြုထားခြင်း မရှိသော ကားနှင့်ကားပစ္စည်း အစိတ်အပိုင်းများ တင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးပို့ချက်အရ ယင်းကုမ္ပဏီနှစ်ခုအား ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီး လူပုဂ္ဂိုလ်များအား အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သွင်းကုန်လိုင်စင် ခွင့်ပြုထားခြင်း မရှိသော ကားနှင့် ကားပစ္စည်း အစိတ်အပိုင်းများ တင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့် အဆိုပါ ကုမ္ပဏီနှစ်ခုမှ ဒါရိုက်တာအဖွဲ့ဝင် ၁၀ ဦးအား အမည်ပျက်စာရင်း သွင်းခဲ့ကြောင်း သိရှိရသည်။ အရောင်းအဝယ်ကတိစာချုပ် ဖောက်ဖျက်မှုကြောင့် အမည်ပျက်စာရင်း သွင်းခံရသည့် အခြားကုမ္ပဏီတစ်ခုမှာ Thein Mining Co.,Ltd ဖြစ်ပြီး ယင်းကဲ့သို့ အမည်ပျက်စာရင်း သွင်းရခြင်းမှာ အဆိုပါကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာသည် တရုတ်နိုင်ငံ၊ လီချန်းကုမ္ပဏီနှင့် ကတိပြုစာချုပ် (Sale Contract) ချုပ်ဆိုခဲ့သည့် ခနောက်စိမ်းသတ္တုရိုင်း တန် (၅၀၀) အရောင်းအဝယ် ပြုလုပ်သည့် ကိစ္စတွင် ကတိစာချုပ် ဖောက်ဖျက်ခဲ့ကြောင်း  ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်တွေ့ရှိ ပေးပို့ခဲ့သဖြင့် အဆိုပါ ကုမ္ပဏီအား   ဖျက်သိမ်းပြီး ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်အား အမည်ပျက် စာရင်းတွင် ထည့်သွင်း သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။    


http://www.yatanarpon.com.mm/news/news-68970     Ref; Eleven Media Group

မိမိနေထိုင်ရာ နိုင်ငံအပေါ် သစ္စာစောင့်သိဖို့ ကိုမင်းကိုနိုင် ပြောကြား *

Inbox
x




t



May Zaw Khin RFA




ဒီပွဲမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က -




" ကျွန်တော်တို့ ၈၈ ကျောင်းသားတွေ အနေနဲ့တော့ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြား ဆက်ဆံတာမျိုးကို လုံးဝ လက်မခံပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ထဲကို ဘိုးစဉ်ဘောင်ဆက်ထဲက အခြေချ နေထိုင်ပြီးတော့


ဟော့ဒီမြေ ဟော့ဒီရေဟာ ငါတို့ပြည် ငါတို့မြေ။ ငါတို့ဟာ အခွင့်အရေးကြီး ပဲ တောင်းဆိုနေမှာ မဟုတ်ဘူး။ အရေးကြုံရင် ဒီမြေ ဒီရေ အပေါ်မှာ သစ္စာစောင့်သိပါမယ် ဆိုတဲ့ အသိတရားလည်း ရှိဖို့လိုပါတယ်။ "

- လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။




၅ ရက်ကြာမြင့်မယ့် မြန်မာပြည်အလယ်ပိုင်း ခရီးစဉ်အတွင်း ကျောက်ဆည်၊ သဲတော၊ ၀မ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ဘုရားငါးဆူနဲ့ ယင်းမာပင်မြို့တွေကို သွားရောက်မှာဖြစ်ပြီး မြို့ခံလူထုတွေနဲ့


တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိ *

Inbox
x




ပါကစ္စတန် နိုင်ငံ မှသင်္ဘော ကွန်တိန် နာ ထဲ တွင် M 16 မောင်းပြန် ရိုင် ဖယ် ၃၀ ကျော် ( သတိပေးချက်) *
Inbox
x


☺☺☺☺ ☺☺☺☺ smith.mt354



Boxbe
ကြားဖြတ် သတင်း ....................

ပါကစ္စတန် နိုင်ငံ မှ ဂျုံစေ့ များ မြန်မာ နိုင်ငံ သို့  တင်ပို့  လိုက်သည့်
သင်္ဘော ကွန်တိန် နာ ထဲ တွင် M 16 မောင်းပြန် ရိုင် ဖယ် ၃၀ ကျော် ၊ ပခုံး
ထမ်း လောင်ခြာ ခြောက် ခု နှင့် ပေါက် ကွဲ စေတတ်သည့် လက်နက် ခဲ
ယမ်း များ လည်း ပါဝင်လာသည် ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့ မှုး ရုံး က FNG
ကို အတည် ပြု ပြောသည်။ ထို ကွန်တိန် နာသည် ဒဂုံမြို့  သစ် ရှိ စက်မှုဇုန်
တစ်ခု တွင် ရောက် ရှိ နေခြင်းဖြစ်ပြီး ပါကစ္စတန် မှ တင်ဆောင်သည့် ကုန်
ပစ္စည်း ကို စင်္ကာ ပူ လိုင်း ဖြင့် ရောက်ရှိ လာခြင်း ဖြစ်သည်။ 
M 16 မောင်းပြန် ရိုင် ဖယ် ၃၀ ကျော် ၊ ပခုံးထမ်း လောင်ခြာ ခြောက် ခု နှင့် ပေါက် ကွဲ စေတတ်သည့် လက်နက် ခဲယမ်း များ ဘာလုပ်ဖို့လဲ ။ ဘာအတွက်လဲ ။ ဗိုလ်ချုပ်တို့ လုပ်ကြံမခံရခင်တုန်းက လက်နက်တွေပျောက်တယ်လို့ ကြားဘူးပါတယ် ။ ခုလက်နက်တွေ ခိုးသွင်းနေပါတယ်လို့ ကြားနေရပြီ ။ ခေါင်းဆောင်ကြီးတွေ အားလုံးအစစ အရာရာ ဂရုစိုက်ကြပါဗျို့ ။
Inline image 1


Eleven Media Group:
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များကို စင်ကာပူကုမ္ပဏီမှ တင်သွင်းပေးခြင်းဟု သိရပြီး လတ်တလောတွင် ဖြစ်စဉ်အပြည့်အစုံအား သိရှိရခြင်း မရှိသေးသော်လည်း မကြာမီ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရသည်။ အဆိုပါ ကွန်တိန်နာ သယ်ဆောင်သည့် နိုင်ငံနှင့် ဆိပ်ကမ်းများကိုလည်း သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးအစာအိမ်ထဲမှ လေးပေါင် အလေးချိန်ရှိ အမွှေးလုံးကြီးဖယ်ရှားခဲ့ရ



Indore ပြည်နယ် ရှိ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ အစာအိမ်ထဲမှာ မယုံနိုင်ဖွယ်ရာ အမွှေးတွေစုပြုံနေတဲ့အလုံးကြီးတစ်လုံးရှိနေခဲ့တယ် ။ အဲဒီမိန်းကလေးဟာ အစားအစာကို မယ်မယ်ရရမစားပဲ Snack လို့ခေါ်တဲ့ သရေစာတွေကို သာ တပ်မက်နေခဲ့တယ် ။ အခုတော့ အဲဒီအရာကသူ့ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေခဲ့ရပါပြီ ။

လွန်ခဲ့တဲ့လက အင်ဒိုးပြည်နယ်ရှိ Maharaja Yeshwantrao ဆေးရုံကို သွားရောက်ခဲ့ပြီး “ ကျွန်မ ရက်အနည်းငယ်လောက် စားလည်းမစားနိုင် သောက်လည်းမသောက်နိုင် ဖြစ်နေတယ် ” ဆိုပြီးပြောပြခဲ့တယ် ။ စမ်းသပ်စစ်ဆေးမှုတွေလုပ်လိုက်တဲ့အခါဆရာဝန်တွေက လေးပေါင်အလေးချိန်ခန့်ရှိတဲ့ အမွှေးလုံးကြီး တစ်လုံးကို အစာအိမ်နဲ့ အူတွေကြားမှာ တွေ့ခဲ့ရတယ်လို့ New York Daily News မှာဖော်ပြပေးထားပါတယ် ။ ဒီမိန်းကလေးမှာ ထူးခြားတဲ့အကျင့်ဆိုးလေးတစ်ခုလည်းရှိနေပြန်တယ်။

စာသင်ချိန်တွေအတွင်းမှာ သူမဟာ မြေဖြူတောင့်နဲ့ သူမ ဆံပင်တွေကို စားနေတတ်တဲ့အကျင့်ရှိပြီး ဒီနှစ်ခုပေါင်းစပ်လိုက်ခြင်း ကနောက်ဆုံး သူ့ကို ဒီအဖြစ်ဆိုးကြီးဖြစ်စေခဲ့တာဖြစ်ပါတယ် ။ ဒီအလုံးကြီးကိုဖယ်ထုတ်ပေးခဲ့တဲ့ဆရာဝန်ကတော့ အစာအိမ်နဲ့အူလမ်းကြောင်းခွဲစိတ်ဆရာဝန် Dr.Parvinder Singh Lubana ဖြစ်တယ်လို့ NDTV.com မှာဖော်ပြထားပါတယ် ။ ၂၀၀၇ ခုနှစ်တုန်းကလည်း အလားတူဖြစ်ရပ်မျိုး ချီကာဂိုမှာ ဆရာဝန်တွေက ဖယ်ထုတ်ပေးခဲ့ရဖူးပါတယ် ။ အဲဒီတုန်းကလည်း ကြောက်မက်ဖွယ်ရာအလုံးကြီးဟာ ဆယ်ပေါင်နီးနီးရှိပြီး ၁၅ လက်မ အရွယ်အစားလောက်ရှိခဲ့တယ်လို့ CNN မှာဖော်ပြထားပါတယ် ။
 

မန္တလေးမြို့မှ မူဆယ်သို့တင်ပို့မည် တရားမ၀င် အမဲသား ပိသာ ၈၀၀၀ကျော် ဖမ်းဆီးရမိ *

Inbox
x






Aye Chan Mon:
မန္တလေးမြို့မှ မူဆယ်သို့တင်ပို့မည် တရားမ၀င် အမဲသား ပိသာ ၈၀၀၀ကျော် ဖမ်းဆီးရမိ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး)မှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ
အောက်တိုဘာ ၁ရက် မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ် ကံရွာမှ တရားမ၀င်အမဲသားများကို
မော်တော်ယာဉ်ဖြင့် တင်ဆောင်ပြီး ထွက်ခွာမည့် ၆ဂ/--------ကွန်တိန်နာ ၁၂ဘီးကားအား
...ရန်ကုန်-မန္တလေးကားလမ်း စက်မှုပန်းခြံအနီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ
အအေးခန်း အမဲသား ၁၄တန် ပိသာ ၈၀၀၀ခန့်အား ပီနံအိတ် ၅၈၂အိတ်ဖြင့်ထည့်သွင်း
သယ်ဆောင်သည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးရေးအဖွဲ့ဖြင့် ဆက်လက်စစ်ဆေးနိုင်ရန်
မော်တော်ယာဉ်အား စည်ပင်သာယာရဲတပ်ဖွဲ့သို့ ခေါ်ဆောင်ခဲ့သည်။
ဖြစ်စဉ်တွင် ယာဉ်မောင်း ဦးမောင်နိုင်(ခ)ဦးမျိုးဝေ၏ ထွက်ဆိုချက်အရ ဦးဇော်ဝင်း(အားကျုံး)
နွားထွက်ကုန်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး ကံရွာနေထိုင်သူ ပိုင်ဆိုင်သည့် အမဲသားများအား
မူဆယ်မြို့သို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
တရားဝင်သယ်ယူခွင့် တရိစ္ဆာန်ကုသရေးမှူး၏ထောက်ခံချက်မပါရှိဘဲ မန်းစည်ပင်၏ နည်းဥပဒေအရ နယ်စပ်ဒေသို့ သယ်ယူပို့ဆောင်ခွင့်ပြုထားခြင်းမရှိသဖြင့်
အဆိုပါ အမဲသားများအား အောက်တိုဘာ ၂ရက် မွန်းလွဲပိုင်းတွင် လေလံပြိုင်စနစ်ဖြင့်
ဆက်လက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အမဲသားများပိုင်ရှင်ဖြစ်သူ ဦးဇော်ဝင်း(အားကျုံး)(ဘ)ဦးဖုန်ချစ်နှင့် ယာဉ်မောင်း
ဦးမောင်နိုင်(ခ)ဦးနိုင်မျိုးဝေတို့အား မန်းစည်ပင်နည်းဥပဒေအရ သယ်ယူပို့ခွင့်မရှိဘဲ
သယ်ဆောင်သည့်အတွက် အထူးတရားရုံး(စည်ပင်သာယာ)သို့ စည်ပင် ဥပဒေပုဒ်မ-၂၆အရ
တရားစွဲဆို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

News from : မန္တလေး မော်ကွန်း
Post by အေးချမ်းမွန်

"ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်သော ဆိုက်ဘာရာဇဝတ် ဥပဒေ ပြဋ္ဌာန်းခြင်းကြောင့် ဖိလစ်ပိုင်အစိုးရအား လူ့အခွင့်အရေးအုပ်စုများ ရှုတ်ချ" *

Inbox
x








Popular Myanmar News Journal:
"ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်သော ဆိုက်ဘာရာဇဝတ် ဥပဒေ ပြဋ္ဌာန်းခြင်းကြောင့် ဖိလစ်ပိုင်အစိုးရအား လူ့အခွင့်အရေးအုပ်စုများ ရှုတ်ချ"
ဖိလစ်ပိုင် အစိုးရက ဖေ့စ်ဘွတ်နှင့် တွစ်တာကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်များတွင် အသရေပျက်စေသော မှတ်ချက်ရေးသားသူများ အား ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်သော ဆိုက်ဘာ ရာဇဝတ်ဥပဒေ တစ်ရပ်အား ပြဋ္ဌာန်းလိုက်ခြင်းကြောင့် လူ့အခွင့်အရေး အုပ်စုများ၏ အပြင်းအထန် ဝေဖန်တိုက်ခိုက်မှုကို ခံနေရသည်ဟု The Economic Times သတင်းစာအရ သိရသည်။ အွန်လိုင်း ရာဇဝတ်မှု ကျူး လွန်ခြင်း၊ ကာမရာဂ ထကြွစေသော အရာများ ဖြန့်ဝေခြင်း၊ ဆိုက်ဘာစနစ်များ ဖောက်ထွင်း ခံရခြင်း နှင့် ကိုယ်ရေးအချက်အလက်များ ခိုးယူခြင်းတို့အား ကိုင်တွယ်ရန် တရားဝင် ပြဋ္ဌာန်းထားသော ဥပဒေများ မရှိခြင်းအပေါ် ရဲအရာ ရှိများက ကန့်ကွက်ထောက်ပြမှု များကြောင့် ၄င်းတို့အား တိုက်ဖျက်ရန် ရည်ရွယ်၍ ဆိုက်ဘာရာဇဝတ် ဥပဒေအား ပြဋ္ဌာန်း ရခြင်း ဖြစ်သည်ဟု အစိုးရက ဆိုထားသည်။ သို့ရာတွင် အဆိုပါ ဥပဒေ တွင်ပါ ရှိသော အွန်လိုင်း အသရေ ဖျက်မှု ပြစ်ဒဏ်မှာ ပုံနှိပ်မီဒီယာ အပေါ်သတ်မှတ်သော အသရေဖျက် မှု ပြစ်ဒဏ်ထက် များစွာ ပြင်းထန်နေ သည်ကို တွေ့ရသည်။ ဖေ့စ်ဘွတ် နှင့် တွစ်တာတို့ကဲ့သို့ သော လူမှုရေး ဝက်ဘ်ဆိုက်များတွင် အသရေ ဖျက်မှု မြောက်စေ သော မှတ်ချက်များ ရေးသားသူကိုပင် ထောင်ဒဏ် အများဆုံး ၁၂ နှစ်နှင့် ငွေဒဏ် ပီဆို ၁ သန်းအထိ ချမှတ်နိုင်သည်ဖြစ်ရာ အသရေဖျက်မှုအတွက် ပုံနှိပ် မီဒီယာအပေါ် အရေးယူသော အများ ဆုံး ထောင်ဒဏ် ၄နှစ်နှင့် ငွေဒဏ်ပီဆို ၆ဝဝဝ တို့နှင့် နှိုင်းယှဉ်ပါက လွန် စွာပြင်းထန် နေရာ လူ့အခွင့်အရေးအုပ်စု များက အပြင်း အထန် ဝေဖန် ရှုတ် ချလျက်ရှိသည်။ ထို့အတူ ယခု သတ်မှတ် ပြဋ္ဌာန်းလိုက်သော ဆိုက်ဘာ ရာဇဝတ်ဥပဒေအရ အာဏာပိုင် များသည် မီဒီယာတွင် အသုံး ပြုသူများ၏ ကိုယ်ရေးအချက်အ လက်များ စုဆောင်းခြင်းကို ဝရမ်းမလိုအပ်ဘဲ ပြုလုပ်နိုင် မည် ဖြစ်သည်။ ၄င်းဥပဒေအား ပြည်တွင်းမှ လူ့အခွင့်အရေး အဖွဲ့များ သာမက နယူးယောက်မြို့ အခြေစိုက် လူ့ အခွင့်အရေးစောင့်ကြည့် အဖွဲ့ (HRW) က ယင်းဥပဒေသည် ဖိလစ်ပိုင် နိုင်ငံသားများ အပေါ် ကြောက်မက် ဖွယ် သက်ရောက်မှု ရှိလာမည်ဖြစ်၍ အစိုးရအနေနှင့် ပြန်လည် သုံးသပ် ရန် တောင်းဆို ထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ ၉၅ သန်းခန့်ရှိပြီး ကမ္ဘာ ပေါ်တွင် ဖေ့စ်ဘွတ်နှင့် တွစ်တာ ကဲ့သို့သော လူမှုရေးဝက်ဘ်ဆိုက် အသုံးပြုမှု အများဆုံးစာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
PN-055
Ref: The Economic Times

"Germany War.flv" မြန်မာ့ဆက်သွယ်ရေးနဲ့ စာချူပ် ချူပ်တဲ့ ဟစ်တလာ

"Germany War.flv"
Inbox
x

YouTube Service noreply@youtube.com
5:57 PM (10 hours ago)

to me





aung lin has made a comment on Germany War.flv
To reply to this comment click here. To see all comments on this video click here.

ရယ်ရတယ်ဗျာ နောက်လဲ
ဒိထက်ရယ်ရတဲ့ စာတင်ပေးပေါ့နော်







©2012 YouTube, LLC 901 Cherry Ave, San Bruno, CA 94066


YouTube - Videos from this email
ko pae Lay kopaelay@gmail.com
5:57 PM (10 hours ago)

to 3JiFsUAcLCKEOP.
http://www.kopaelay.blogspot.com/  ( ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် )

မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး


မြန်မာနိုင်ငံမှ အမျိုးသမီးများကို
တရုတ် နိုင်ငံသားများနှင့် အဓမ္မ
ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန်
ကူးရန် ဗြောင်ကျစွာ စည်းရုံး


လာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး
 ညွန့်လှိုင်က ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့်
 ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ပန်ဒါ ဟိုတယ်၌ ပြု
လုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင်
၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။

“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။
 သိန်းသုံးဆယ် ရမယ်။ ပြီးရင် ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီး
လုပ်တာ အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသား ဦးရေနှင့် အမျိုးသမီး ဦးရေ
ကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခု
သဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်
တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်း
မှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိကြောင်း လူကုန်ကူးမှု တားဆီး
 နှိမ်နင်းရေး အဖွဲ့မှ သိရှိရသည်။

ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ နိုင်ငံမှ အဆင့်မြင့် အရာရှိများ အောက်တိုဘာလ အတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ဆိုသည်။

အဆိုပါ အမျိုးသမီးများကို တရုတ် အမျိုးသားများက ပိုက်ဆံပေး
ဝယ်ယူခြင်းကို တရုတ် ရဲတပ်ဖွဲ့ကလည်း အချိန်မရွေး ဖမ်းဆီးနိုင်
သဖြင့် မည်သို့မျှ တရားမဝင်ကြောင်း၊ ယင်းသို့ လူကုန်ကူးမှုများ
မဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် လိုက်လံ
တားဆီး နေကြောင်း ၎င်းက ရှင်းပြသည်။

စစ်မက် ဖြစ်ပွားနေသော ဒေသများတွင် အသက် ၁၄ နှစ်ခန့် အမျိုးသမီး
ငယ်များသည် တရုတ်သမ္မတ နိုင်ငံသို့ လိင်ပိုင်းဆိုင်ရာ ရောင်းစားခြင်း
ခံနေရပြီး အချို့ မိန်းကလေးငယ်များမှာ မိသားစု အခြေအနေကြောင့်
 မိမိကိုယ်တိုင် ရောင်းချမှု ရှိနေကြောင်း အလုပ်သမား အရေးများကို
 ဆောင်ရွက်သူ တစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာက ပြောကြားသည်။

မြန်မာအစိုးရ၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို
အမေရိကန် အစိုးရက စောင့်ကြည့် အဆင့်လျှော့ချ အသိအမှတ် ပြုခဲ့သည်။

မြန်မာနိုင်ငံမှ လူကုန်ကူးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဦးတည်မှု
 ၈၄ ရာခိုင်နှုန်းရှိကြောင်း၊ လူကုန်ကူး ခံရမှု အမျိုးအစားများတွင် အဓမ္မ
ထိမ်းမြားခြင်းမှာ ၆၀ ရာခိုင်နှုန်း ရှိကြောင်း အစိုးရက တရားဝင်
ထုတ်ပြန်ထားသည်။

တစ်ဦးတစ်ယောက်၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
 ခေါင်းပုံဖြတ်ခြင်း ပြုရန် ရည်ရွယ်၍ ခြိမ်းခြောက်၊ သွေးဆောင်၊ လိမ်လည်
လှည့်ဖျား၊ အခွင့်အာဏာ အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ်တည်ရန်
 ခက်ခဲနေ သော အခြေအနေကို အလွဲသုံးစားပြုခြင်း စသည်တို့ကို
အကြောင်းပြုပြီး သိမ်းသွင်းစုဆောင်း၊ သယ်ယူပို့ဆောင်၊ လွှဲပြောင်း
 ရောင်းချခြင်း၊ ခိုလှုံခွင့်ပေးခြင်း စသည်တို့ကို လူကုန်ကူးမှုဟု အဓိပ္ပာယ်
သက်ရောက်ကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေတွင်
 ဖော်ပြထားသည်။

OIC ဆိုတာ ဘယ် လို အဖွဲ့ အစည်းမျိုးလဲ။ မြန်မာနှိုင်ငံ နဲ့  "ရခိုင်"တို့  ရဲ့ အနာဂါတ်ရော့ ဘယ်လဲ *

Inbox
x


OIC ဆိုတာ ဘယ် လို အဖွဲ့ အစည်းမျိုးလဲ။ မြန်မာနှိုင်ငံ နဲ့  "ရခိုင်"တို
့ ရဲ့ အနာဂါတ်ရော့ ဘယ်လဲ
Wednesday, 3 October 2012

OIC အဖွဲ့ကို ကမ္ဘာ့နိုင်ငံပေါင်း(၅၇)နိုင်ငံနဲ့ ဖွဲ့စည်းထားတယ်။ OIC မှာ
အခြားနိုင်ငံ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ (၁၂)ခုလည်း လေ့လာသူများအဖြစ်
ပါဝင်တယ်။

မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနဲ့
အင်ဒိုနီးရှားတို့ဟာ တင်းပြည့်အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး
ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်တောင်ပိုင်းရှိ မိုရိုအစ္စလမ္မစ်အဖွဲ့တို့မှာ
OIC လေ့လာရေးအဖွဲ့မှာ
ပါဝင်တယ်။

ကုလသမဂ္ဂ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM)၊ အာရပ်အဖွဲ့ချုပ် (LAS)၊
အဖရိကသမဂ္ဂ (AU)၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ECO)လို
အဖွဲ့ကြီးတွေလည်း လေ့လာဆဲအဖွဲ့ဝင်တွေမှာ ပါဝင်တယ်။ ဒါကြောင့်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သမ္မတသိန်းစိန်နဲ့
တွေ့တုန်း OIC နဲ့ သတိထားဆက်ဆံဖို့ ပြောခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။
ကမ္ဘာ့ဇာတ်ခုံမှာ ကုလသမဂ္ဂပြီးယင် ဒုတိယအကြီးဆုံးအဖွဲ့ ဖြစ်လို့ပါပဲ။


OIC အဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့
တတိယနိုင်ငံများမှာ ပြန့်ကျဲူနေတယ့် ဘင်္ဂါလီလူမျိုးများကို စုစည်းပြီး
Myanmar Arakan Rohingya အဖွဲ့ အမည်နဲ့ ထူထောင်ပေးခဲ့တယ်။ ဒီအဖွဲ့ကို
ဒေါက်တာဝါကာအူဒင်ကို ဦးဆောင်စေပါတယ်။

ဒေါက်တာဝါကာအူဒင်က အမေရိကန်မှာ ပါမောက္ခတစ်ဦးအနေနဲ့ ရပ်တည်နေပြီး လက်ရှိ
OIC အထွေထွေအတွင်းရေးမှူး တူရကီနိုင်ငံသား အက္ခမီလဒ္ဒင် အီးစင်နော့ခ်လူလည်း
ပညာတတ်တစ်ဦးပါ။

ဒီပုဂ္ဂိုလ်နှစ်ဦးက ကုလသမဂ္ဂအကူအညီကို အမိအရ ယူပြီး ရခိုင်ပြည်နယ်ရှိ
ဘင်္ဂါလီမူစလင်များကို ရိုဟင်ဂျာလူမျိုးများအဖြစ် သတ်မှတ်ပြီး
မြန်မာနိုင်ငံ
သားများဖြစ်ကြောင်း အသိအမှတ်ပြုပေးဖို့ လုပ်မှာ ဖြစ်တယ်။

လက်ရှိအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအက္ခမီလဒ္ဒင် အီးစင်နောခ်
လူမှာ (၉)ဦးမြောက် ဖြစ်ပြီး မဲစနစ်နဲ့ တက်လာသူ ဖြစ်တယ်။ သူက
သိပ္ပံဆိုင်ရာ၊ အစ္စလမ္မစ်ဆိုင်ရာ ကျမ်းပေါင်းများစွာ ပြုစုခဲ့ပြီး
ပြင်သစ်နဲ့ အီရန်ဘာသာစကားကိုလည်း တတ်မြောက်သူ ဖြစ်တယ်။ ပညာရှင်တစ်ဦး
ဖြစ်ရုံမျှမက သံတမန်ရေးမှာလည်း ဆရာတစ်ဆူ ဖြစ်ကြောင်း သိရတယ်။

OIC ဦးစီးတယ့် Contact Group Meeting တစ်ခုမှာ မြန်မာရိုဟင်ဂျာတွေက
အပြည့်အဝ ထောက်ခံမှု ရကြပြီး မစ္စတာအက္ခမီလဒ္ဒင်က မြန်မာရိုဟင်ဂျာတွေ
အတွက် နိုင်ငံသားဖြစ်ခွင့်ကို မြန်မာအစိုးရက အာမခံချက်ပေးမှ မြန်မာနိုင်ငံ
ကို အလည်လာမယ်လို့ ဆိုပါတယ်။ (တိုက်ရိုက်ဘာသာပြန်ချက်မဟုတ်)

OIC အဖွဲ့သမိုင်းကို ပြန်ကြည့်ယင် အစ္စလမ္မစ်အစွန်းရောက်များရဲ့
အကြမ်းဖက်မှုကို တာဝန်ခံလေ့ မရှိတာကို တွေ့ရတယ်။ ဥပမာ
ဖိလစ်ပိုင်တောင်ပိုင်းရှိ မိုရိုအကြမ်းဖက်သမားများ၊ ထိုင်းတောင်ပိုင်းရှိ
မူစလင်အကြမ်းဖက်သမားများ၊ ရခိုင်ဒေသရှိဘင်္ဂါလီအကြမ်းဖက်သမားများ၊
မနေ့တနေ့က ပန်းဝါတိုက်ခိုက်မှုများကို တာဝန်ခံခြင်းမရှိပါ။

OIC အဖွဲ့ဟာ မူစလင်ဘာသာဝင်များ အချင်းချင်းကူးလူးဆက်ဆံရေး၊
ပူးပေါင်းဆောင်ရွက်ရေး၊ ရိုင်းပင်းကူညီရေးအတွက် အဓိကဖွဲ့စည်းထားလို့
ကမ္ဘာအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများ၊ မူစလင်ဘာသာဝင်များ တိုက်ခိုက်ခံရပါက
အပြည့်အဝ တာဝန်ယူဖြေရှင်းပေးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ရခိုင်အရေးအခင်းဖြစ်တော့ OIC က သူ့မူအတိုင်း
သံတမန်ရေးအရ တတ်နိုင်သမျှ ဖိအားပေးခဲ့ပြီး ဘင်္ဂါလီများကို ကူညီပေးဖို့
မြန်မာနိုင်ငံကို ဝင်လာခြင်းဖြစ်တယ်။ OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို
ဝင်လာခြင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ဖို့သက်သက်မဟုတ်ကြောင်း၊
ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး မြန်မာရိုဟင်ဂျာကို နိုင်ငံသားဖြစ်ဖို့
ကူညီပေးဖို့ ဖြစ်ကြောင်း မစ္စတာအက္ခမီလဒ္ဒင်က အတိအလင်း ပြောခဲ့ပြီဖြစ်ပါတယ်။

ဒါဖြစ်ယင် မြန်မာနိုင်ငံက OIC အဖွဲ့ဝင်လည်း မဟုတ်၊ OIC ကလည်း
မူစလင်ဘာသာဝင်များကိုပဲ ကူညီပေးမယ်မှန်းသိရက်နဲ့ သိန်းစိန်အစိုးရက
မြန်မာနိုင်ငံမှာ OIC ရုံးကို ဘာကြောင့် အခြေစိုက်ခွင့် ပေးခဲ့သလဲ။
အရှင်းဆုံးပြောရယင် OIC နဲ့ အစ္စလမ္မစ်စစ်သွေးကြွများအနက် တစ်ခုကို
ရွေးခိုင်းတယ့်နေရာမှာ သိပ်မထူးပေမယ့် ဂုဏ်သရေရှိ OIC ကို
ရွေးချယ်လိုက်ခြင်းဖြစ်တယ်။

OIC ကို လက်ခံလိုက်ယင် ကျည်ဆံအစား ကယ်ဆယ်ရေးပစ္စည်းတွေ ဝင်လာမှာ၊
ရိုဟင်ဂျာအမည်ခံပြီး သတင်းမှားပေးနေတယ့် မူစလင်
ဘာသာဝင်အချို့လည်း အကြံပျက်မှာဖြစ်တယ်။ ငန်ကြားမြွေလည်း အဆိပ်ရှိတာပဲ၊
မြွေဟောက်လည်း အဆိပ်ရှိတာပဲ၊ ဒါပေမယ့် ငန်းကြားမြွေရှိနေယင် ဘာမြွေမှ
မလာတော့ဘူး။

အဲဒီမြွေကို ထားထားယင် ကျန်သမျှမြွေအန္တရာယ် ကင်းစင်တယ်။ လစ်ဗျားမှာ
ဖြစ်တယ့်ကိစ္စ၊ ဒဂုံဆိပ်ကမ်းရောက် လက်နက်များဟာ ပါကစ္စတန်က
မြစ်ဖျားခံခဲ့တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ပူပူနွေးနွေး
ကော့ခ်ဘဇား ရာမူး(ပန်းဝါ) အကြမ်းဖက်မှုဟာ ရိုဟင်ဂျာတို့လက်ချက်
ဖြစ်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက စွပ်စွဲထားပါတယ်။

ရခိုင်လူမျိုးတွေဟာ ပါလစတိုင်းက အစ္စလာမ်နိုင်ငံ မဖြစ်သေးတယ့် ၁၂
ရာစုမတိုင်မီအထိ အိန္ဒိယနိုင်ငံနဲ့ အေးချမ်းစွာ နေထိုင်နိုင်ခဲ့တယ်။
ရခိုင်လူမျိုးများဟာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူများဖြစ်ပေမယ့်
ယဉ်ကျေးမှုမြင့်မားကြသူများဖြစ်တယ်။ မိမိကို ရန်မရှာယင် ပြန်မလုပ်
တတ်ကြပါ။

ဒါကို OIC သိအောင် လုပ်ရမယ်။သိန်းစိန်အစိုးရအနေနဲ့ မြန်မာမူစလင်များကို
ကုလားမခေါ်ဖို့ လုပ်ခဲ့သလို ရခိုင်တွေလည်း မကြိုက်ရှိလည်း မရှိဖူးတယ့်
ရိုဟင်ဂျာအမည်ကို မသုံးဖို့၊ မြန်မာပြည်တွင်းရေးကို မစွပ်ဖက်ဖို့ OIC ကို
ဖိအားပေးလို့ ရပါတယ်။ OIC ဟာ ပြဿနာကို ဖန်တီး၊ မြန်မာပြည်ကို
ဝင်သိမ်းဖို့ ဝင်လာတယ့် ဗြိတိသျှကိုယ်စားလှယ်လို မဖြစ်ဖို့ သတိထား
ရပါ့မယ်။ ဒီဗြိတိသျှကိုယ်စားလှယ်တွေကြောင့် မန္တလေးနေပြည်တော်ဟာ
သက်တမ်း(၂၆)နှစ်မျှလောက်ပဲ မြန်မာဘုရင်တွေ နန်းစိုက်နိုင်ခဲ့တယ်။

ဒါပေမယ့် OIC ဟာ အဖွဲ့ကြီးဖြစ်ပေမယ့် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်
လို့တော့ မရပါဘူး။ သိန်းစိန်အစိုးရအနေနဲ့ အဲဒီနိုင်ငံတကာဥပဒေကို
အသုံးချပြီး မိမိနိုင်ငံကို ကာကွယ်နိုင်သလို ရခိုင်နဲ့ မြန်မာ့မူစလင်များ
အတွက်လည်း ဥပဒေအရ အကျိုးဆောင်ပေးနိုင်မှာ ဖြစ်တယ်။ ရခိုင်ဒေသ
ငြိမ်သက်သွားတာနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ OIC ကို သံတမန်ရေးအရ
လုပ်ဆောင်နိုင်ပါစေ။



ရွှေမြန်မာမီဒီယာ

--

[image: Inline image 1]http://www.facebook.com/groups/Myanma.ArunThit.Org/

*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*