This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, June 30, 2014
ပုခုံးလွယ်အိတ်မျိုးတွေကို ဖက်ရှင်အနေနဲ့ လွယ်လာကြ............
၁၃,၅ဝဝ
ဖက်ရှင်နဲ့ အလှအပကို ဦးစားပေးတဲ့ ဒီနေ့ခေတ်ရေစီးကြောင်းထဲမှာ လူကြီး၊ လူငယ် ကျား၊မ မရွေး ကျောင်းသားဆိုလည်း ကျောင်းသားအလျောက်၊ လုပ်ငန်းခွင်ထဲကသူတွေကလည်း လုပ်ငန်းခွင်အလျောက် သူတို့ရဲ့ နေ့စဉ်လှုပ်ရှား ဆောင်ရွက်နေကြတဲ့ လုပ်ငန်းဆောင်တာတွေမှာ အဝတ်အစားကို စမတ်ကျကျနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်စားဆင်ယင်လာကြတာကို တွေ့ရပါတယ်။
ဖက်ရှင်ကျအောင် ဝတ်စားဆင်ယင်တဲ့နေရာမှာ အဝတ်အစားအပြင် အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဦးထုတ်၊ ဖိနပ်၊ Accessories အစရှိတာတွေအပြင် နေ့စဉ်လှုပ်ရှားသွားလာမှုတွေထဲမှာ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတခုကတော့ အိတ်ပါပဲ။
အိတ်ဆိုရင် ကျောပိုးအိတ်၊ ဘေးလွယ်အိတ်၊ လက်ကိုင်အိတ် အစရှိသဖြင့် အမျိုးမျိုးရှိပြီး အဲဒီအိတ်ထဲကိုမှ ပိုက်ဆံအိတ်၊ ဖုန်း၊ ခေါက်ထီး၊ စာရေးကိရိယာ၊ တစ်ရှူး၊ မိန်းကလေးဆိုရင်လည်း အလှပြင်ပစ္စည်း အစရှိတဲ့ ပစ္စည်းပစ္စယတွေ၊ စုံစီနဖာတွေ ထည့်သို သယ်ယူဖို့အတွက် အိတ်ကို အသုံးပြုကြပါတယ်။
အိတ်ဟာ သယ်ဆောင်စရာပစ္စည်းတွေကို ထည့်သွင်းသယ်ဆောင်စရာတခုအဖြစ် အသုံးပြုနေကြတဲ့ အသုံးဝင် ပစ္စည်းတခုဖြစ်သလို ဖက်ရှင်အတွက်လည်း တနည်းအားဖြင့် ပံ့ပိုးပေးတဲ့ အရာတခုပါပဲ။
ဒီနေ့ခေတ် ဖက်ရှင် ရေစီးကြောင်းထဲမှာဆိုရင် အမျိုးသမီးတွေသာမကဘဲ အမျိုးသားအချို့ကပါ Tote လို့ခေါ်တဲ့ ပုခုံးလွယ်အိတ်မျိုးတွေကို ဖက်ရှင်အနေနဲ့ လွယ်လာကြတာကို တွေ့ရပါတယ်။
ရုံးတက်အလုပ်လုပ်ကြတဲ့ အမျိုးသားတွေ၊ အသက် ၂၀ကျော် လူငယ်အမျိုးသားတွေနဲ့ မော်ဒယ်၊ Dancer စတဲ့ အနုပညာနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အမျိုးသားတွေက စမတ်ကျတဲ့ဝတ်စားဆင်ယင်မှုပုံစံ၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး Free Style ဒါမှမဟုတ် ကိုးရီးယားဆန်တဲ့ K-pop style ဖက်ရှင်တွေနဲ့ လိုက်ဖက်အောင် ပုံစံအမျိုးမျိုးနဲ့ ကိုယ့်အထာနဲ့ကိုယ် ဆလင်းဘတ်လို လက်ကိုင်အိတ်တွေကို ဖက်ရှင်တခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြု ကိုင်တွယ်လာကြတာကို တွေ့ရပါတယ်။
ဒီလိုမျိုး ပုခုံးလွယ်အိတ်တွေကို ဆိုင်တချို့မှာ မြန်မာပြည်ရဲ့ မြန်မာကိုးရီးယားမင်းသားလို့ တင်စားထားတဲ့ “မင်းသားအောင်ရဲလင်း ကိုင်တဲ့အိတ်” လို့ လည်း သုံးစွဲခေါ်ဝေါ် ရောင်းချကြပါသေးတယ်။
လက်ကိုင်အိတ်တွေရဲ့ ဈေးနှုန်းတွေကတော့ နာမည်ရှိပြီးသား branded လက်ကိုင်အိတ်တွေဆိုရင် မိကျောင်းသားရေ၊ မြွေသားရေ အစရှိတဲ့ လယ်သာအသားတွေနဲ့ ချုပ်လုပ်ထုတ်လုပ်ထားတာကြောင့် ဈေးနှုန်းငါးသောင်းအထက်ကနေ  သိန်းဂဏန်းကျော်တဲ့အထိ အစားစားရှိပါတယ်။ နာမည်ကြီး အိတ် Brand အချို့ကတော့ Gucci, LV, Coach, Charles & Keith အစရှိတဲ့ brand တွေပါ။
ဈေးနှုန်းချိုသာပြီး ဒီဇိုင်းလှတဲ့ ပုခုံးလွယ်အိတ်နဲ့ လက်ကိုင်အိတ်တွေလည်း ရှိပါတယ်။ ဒီအိတ်တွေကတော့ branded အိတ် တွေလောက် အရည်အသွေးမမြင့်မားပေမယ့် ဈေးနှုန်းက ထောင်ဂဏန်း၊ သောင်းဂဏန်းဝန်းကျင်မို့ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏပေါ်မူတည်ပြီး ကြိုက်နှစ်သက်ရာ အိတ်ဒီဇိုင်းကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
ဒီအိတ်တွေ အများစုကတော့ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင် အစရှိတဲ့နိုင်ငံတွေကနေ တင်သွင်းတဲ့ အိတ်တွေလို့ သိရပါတယ်။
ဒီတော့ ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေထဲမှာ ကျောပိုးအိတ်၊ ပုခုံးလွယ်အိတ်တွေကို အသုံးပြုရတာကို ရိုးအီလာပြီဆိုရင် ဖက်ရှင်လည်းကျ စတိုင်လည်းမိုက်မယ့် Tote ပုခုံးလွယ်အိတ်မျိုးတွေကို ပြောင်းသုံးဖို့ အကြံပြုချင်ပါတယ်။ ဒီတပတ်မှာတော့ ဈေးနှုန်းသင့်တင့်တဲ့ အမျိုးသားကိုင် အိတ်အချို့နဲ့ အမျိုးသမီးကိုင် အိတ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပုံမှာပြထားတဲ့ အမျိုးသား၊ အမျိုးသမီးကိုင် အိတ်တွေကို အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ 119 Fashion Complex မှာ သွားရောက် ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။
၁၇,၅ဝဝ
၂၄,ဝဝဝ
၁၇,၅ဝဝ
၁ဝ,၅ဝဝ
၂၄,၅ဝဝ
၁၂,၅ဝဝ
၉,၅ဝဝ
ဘွက်ကီးဈေးနုန်းများနှင့်ဂိုးစဂို3း0.6.2014
10:30France1-25&2-100
2:30Germany2+75&3-5
အစိုးရ အဖွဲ့၏ အတွင်းရေး အရှုပ်တော်ပုံများ...........................
Bookmark and Share [ ]
လေးဆယ်ကျော် ရှိသည်။ အကြံပေး အချင်းချင်းပင် သမ္မတတွင် အကြံပေး မည်မျှ ရှိသည်ကို တိတိကျကျ မ
ပြောနိုင်ပေ။ သမ္မတရုံးတွင် ၀န်ကြီးငါးဦး ရှိသည့် အနက် ဦးစိုးသိန်းသည် သမ္မတ၏ အခန်းသို့ တံခါးမရှိ ဓါး
မရှိ ၀င်ထွက်ခွင့်ရသည်။ အခြား ၀န်ကြီးများ ၀င်လိုက ကိုယ်ရေး အရာရှိ မှတစ်ဆင့် ခွင့်တောင်းပြီးမှ ၀င်ရ
သော်လည်း ဦးစိုးသိန်းမူ သမ္မတ ရုံးခန်းတံခါးကို သူကိုယ်တိုင်ဖွင့်ပြီး ၀င်လိုသည့် အချိန် ၀င်နိုင်သည်။
နာဂစ် ကာလက ရေတပ်မှ စစ်သင်္ဘော သုံးစီး နစ်မြုပ် သွားသဖြင့် ရေတပ် ဦးစီးချုပ် ရာထူးမှ ဖယ်ရှား ခံရ
တော့မည့် ဦးစိုးသိန်းကို တစ်ပတ်စဉ်ထဲ သူငယ်ချင်း ဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသနား ခံပြီး
ကယ်တင် ထားခဲ့သည်ဟုလည်း အတွင်းသိများက ပြောဆိုနေကြသည်။
သို့သော် ဦးစိုးသိန်းသည် သူ၏ ကယ်တင်ရှင် ဦးသူရရွှေမန်းကို မောက်မာစွာ ဆက်ဆံသည်။ ဦးရွှေမန်းက စကားပြောလျှင်ပင် ပြန်ပြောချင်မှ ပြောသည်ဟုလည်း နာမည်ကြီးသည်။ အစိုးရ ၀န်ကြီးများ အတွင်းတွင် အမောက်မာဆုံး ပုဂ္ဂိုလ်ဟုလည်း နာမည်တစ်လုံး ရထားသူဖြစ်သည်။
စီးပွားကူးသန်း ၀န်ကြီးကား အခြား ၀န်ကြီးများနှင့် ယှဉ်တိုင်း အပြောဆိုခံရသည်။ ထို့ကြောင့် ဗိုလ်ချုပ်တွေ
ကြားမှာ ကျွန်တော် တစ်ယောက်ပဲ ရိုးရိုးသားသား စစ်သားပါဟု ရင်ဖွင့်လေ့ရှိသည်။ ပြည်ထောင်စု ၀န်ကြီး
၃၆ဦးတွင် ပညာရေး ၀န်ကြီး၊ စီးပွား ကူးသန်း ၀န်ကြီး၊ အမျိုးသား စီမံကိန်းများ ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီး၊
ကျန်းမာရေး ၀န်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီး၊ ဆောက်လုပ်
ရေးဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး၊ အားကစား ၀န်ကြီးတို့ ၈ဦးသာ အရပ်သားများ ဖြစ်ပြီး ကျန်ဝန်ကြီး
၂၈ပါးမှာ စစ်ဗိုလ်များ ဖြစ်ကြသည်။
ထိုအထဲတွင်လည်း စစ်တက္ကသိုလ်မှ ဆင်းသည့် ၀န်ကြီးက ၂၅ ဦးပါပြီး ဗိုလ်သင်တန်း ကျောင်းဆင်း ၀န်
ကြီးမှာ ၃ပါးသာ ပါရှိသည်။ စစ်ဗိုလ်ဝန်ကြီး ၂၅ပါးတွင် လေတပ်မှ ၂ဦး၊ ရေတပ်မှ ၂ဦးပါဝင်သည်။
ထို့ကြောင့် ၀န်ကြီးများကို အချိုးကျ ကြည့်လျှင် စစ်ဗိုလ်များက ၇၇.၂ ရာခိုင်နှုန်းနှင့် အရပ်သားများက ၂၂.၈ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရသည်။ တစ်ဖန် စစ်ဗိုလ်များကို အချိုးချ ကြည့်လျှင် စစ်တက္ကသိုလ် ကျောင်း
ဆင်းများက ၈၉.၂ရာခိုင်နှုန်း ၀န်ကြီးများ နေရာများ ရရှိထားပြီး ဗိုလ်သင်တန်း ကျောင်းဆင်းများက ၁၀၁.၈
ရာခိုင်နှုန်းသာ ရရှိထားသည်။
သမ္မတကြီးသည် စစ်တက္ကသိုလ် အမှတ် ၉ မှဖြစ်ပြီး သတ္တုတွင်း ၀န်ကြီး ဦးမြင့်အောင်မှာ သမ္မတနှင့် တစ် ပတ်စဉ်ထဲ ဖြစ်သည်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပို့ဆောင်ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင် သမ၀ါယမ
ဝန်ကြီး ဦးကျော်ဆန်း တို့သည် စစ် တက္ကသိုလ် အမှတ်စဉ် ၁၁ သင်တန်း ဆင်းများ ဖြစ်ပြီး ပြည်ထောင်စု
လွှတ်တော် နာယက ဦးရွှေမန်းနှင့် တစ်ပတ်စဉ်ထဲ သူငယ်ချင်းများ ဖြစ်ကြသည်။
ယဉ်ကျေးမှု ၀န်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၀ မှဖြစ်သည်။ သမ္မတ ၀န်ကြီးရုံး ဦးသိန်းညွန့် သည်
စစ်တက္ကသိုလ် အမှတ်စဉ် ၁၂မှဖြစ်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် စစ်တက္ကသိုလ် အမှတ်စဉ်
၁၃မှဖြစ်ပြီး ဦးနေ၀င်း လက်ထက် ထောက်လှမ်းရေးများကို ဖြိုခွင်းခဲ့စဉ် ကျန်ခဲ့သူ ဖြစ်သည်။
စစ်တက္ကသိုလ် အမှတ်စဉ် ၁၅ တွင် ၀န်ကြီးများ အဖြစ် ဦးလှထွန်း၊ ဦးဆန်းဆင့်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးဌေးအောင်တို့ ဖြစ်သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၆မှ နိုင်ငံခြားရေးဝန်ကြီး တစ်ဦးရှိပြီး စစ်တက္ကသိုလ်
အမှတ်စဉ် ၁၇မှ ဦးမြင့်လှိုင်၊ ဦးမြတ်ဟိန်း ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးသန်းဌေး၊ ဦးစိုးမောင် ဦးတင်နိုင်သိန်း ၀န်
ကြီး ၇ပါးရှိသည်။
ကာကွယ်ရေး ၀န်ကြီသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၈မှ ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်
ကြီး ကိုကိုနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၉မှ ဖြစ်ပြီး တပ်မတော် ကာ
ကွယ်ရေး ဦးစီးချုပ်နှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။
စက်မှုဝန်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၀မှဖြစ်ပြီး ဦးဇေယျာအောင်သည် စစ် တက္ကသိုလ် အမှတ်
စဉ် ၂၂မှဖြစ်သည်။ ဗိုလ်သင်တန်း ကျောင်းဆင်းများမှ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြန်ကြားရေး ၀န်ကြီးနှင့် အ
လုပ်သမား ၀န်ကြီးတို့ ၃ဦး ဖြစ်သည်။
ပြည်သူ အများစုက အစိုးရ အဖွဲ့အစည်းအဝေး ကက်ဘိနပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို လူသိများသော်လည်း နိုင်ငံတော် စီးပွားရေး ကော်မတီဆိုသည့် ဦးစိုးသိန်း ဥက္ကဋ္ဌလုပ်နေသော အဖွဲ့ကို လူ
သိနည်းသည်။
ထိုအဖွဲ့သည် ၀န်ကြီးဌာနများနှင့် အစိုးရ အဖွဲ့အစည်း များက တင်ပြလာသော ငွေကြေးသုံးစွဲခွင့်နှင့် စီးပွား
ရေး လုပ်ငန်းများကို အဆုံးအဖြတ်ပေးသည်။ ဆိုရလျှင် စစ်အစိုးရခေတ်က ကုန်သွယ်ရေး မူဝါဒ ကောင်စီ
၏ အလုပ်ကို လုပ်သည်။ ထိုနေရာမှ သတင်းဦး ရသူသည် စီးပွားရေး လောကတွင် နေ့ချင်း သူဌေး ဖြစ်
သွားနိုင်သည့် စီးပွားရေး မူဝါဒ ချမှတ်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။
ကားအိုကားဟောင်းများ အပ်ပြီး ကားသစ်များ ပါမစ်ထုတ်ပေးသည့် သတင်းကို ကြိုတင်ရရှိသူများက နယ်
အနှံ့ ကားအိုကားဟောင်းများ ဆင်းဝယ်ပြီး အချီကြီးပွသွားသည့် ကိစ္စမျိုးဖြစ်သည်။
အစိုးရ အဖွဲ့အတွင်းတွင်လည်း သမ္မတ၏ သဘောကောင်းမှုကို အခွင့်အရေး တစ်ရပ်အဖြစ် ယူနေသူများ
လည်း ရှိသည်။ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကို အပုပ်နံ့ အထွက် များသဖြင့် ရာထူးမှ ဖယ်ရှားရန် ကြံစည်ခဲ့သော်လည်း ဦးကျော်ဆန်းက သူ့ကို ရာထူးမှ ဖယ်ရှားပါက လည်ပင်းတွင် စာဆွဲပြီး လွှတ်တော်
ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြမည်ဟု ပြန်လည် ခြိမ်းခြောက်သဖြင့် ၀န်ကြီးဌာနသာ ပြောင်းလဲလိုက်ရ
သည်ဟုလည်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။
လက်ရှိတွင်လည်း ကျန်းမာရေး ၀န်ကြီး ဌာနသည် စွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ လာဘ်ပေးလာဘ်ယူ အ
သံများ ထွက်ခြင်းကြောင့် ကျန်းမာရေး ၀န်ကြီးကို သမ္မတရုံးတွင် တွဲဖက် ထိုင်စေပြီး ဒုသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းက ကျန်းမာရေး ၀န်ကြီးဌာနကို ကိုင်တွယ်နေရသည်။
ထို့ကြောင့် ဒုသမ္မတက ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်ကို ရာထူးမှ ထွက်စာတင်ရန်ပြောရာ
ဒေါက်တာ ဖေသက်ခင်က မထွက်ဘူးဆိုရင်ရောဗျာဟု ပြန်လည် တုန့်ပြန်သဖြင့် ရာထူးမှ မဖယ်ရှားရဲပဲ
ထားနေရသည်ဟု ဆိုသည်။
အထူးသဖြင့် သမ္မတအနီးမှ အကြံပေးများနှင့် ၀န်ကြီးအချို့သည် လုပ်ပိုင်ခွင့်များကို နည်းအမျိုးမျိုးနှင့် ရယူ
နေကြသည်။ ယခုလည်း သန္တိသုခကျောင်း ကိစ္စတွင် ကိုင်တွယ် ဖြေရှင်းသော ဦးအံ့မောင်သည် သမ္မတ
ရုံး အကြံပေး မဟုတ်ပါဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုသွားသည်။
သို့သော် ဦးအံ့မောင်သည် ရန်ကုန် ကမ္ဘာအေးရှိ သာသနာရေး ဦးစီး ဌာနတွင် ရုံးတက် နေပြီး ရုံးခန်းတွင်
နိုင်ငံတော် သမ္မတ အကြံပေး ပုဂ္ဂိုလ်ဟု မည်သည့်အတွက် ဆိုင်းဘုတ် ချိတ်ထားသည်ကို စဉ်းစားရန် ဖြစ်
လာသည်။
သန္တိသုခကျောင်းကို စစ်ပွဲ ပုံစံညဘက် စီးနင်းရာတွင် တာဝန်ရှိသော သာသနာရေး ၀န်ကြီးကိုလည်း ရာ
ထူးမှ အနားပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန်၏ စိတ်နေ
စိတ်ထားအရ တစ်နှစ်သာ ကျန်တော့သည့် အစိုးရ သက်တမ်းတွင် ၀န် ကြီး အားလုံးကို အတတ်နိုင်ဆုံး
မဖြုတ်ပဲ လက်တွဲခေါ်ယူသွားမည့် အခြေအနေက ပိုဖြစ်နိုင်သည်ဟု အတွင်းသိများက ပြောကြသည်။
နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးခုတွင် တရားစီရင်ရေး မဏ္ဍိုင်ကလည်း လုပ်ချင်ရာ လုပ်နေသည်။ လွှတ်တော်
တွင် တရားစီရင်ရေးမဏ္ဍိုင်သည် ပြိုလုဖြစ်နေပြီဟု ဆွေးနွေးခဲ့ကြသော်လည်း တရားရေးမှ တာဝန်ရှိသူများ
က မည်သူ့ကိုမျှ မကြောက်၊ ချချင်သည့် အမိန့်တွေ ချနေကြသည်။ လာဘ် စားမြဲစားနေကြသည်။ ယခင်က
အုပ်ချုပ်ရေး မဏ္ဍိုင်၏ လက်အောက်တွင် နေခဲ့သဖြင့် အညှိုးနှင့် လက်စားချေနေသလား ထင်ရအောင် မ
တော်မတရား အမိန့်များချသည်။
လက်နက်မှုသည် အာမခံ မပေးရဟု ဆိုသော်လည်း ပြောင်ပြောင်တင်းတင်း အာမခံပေးပစ်သည်။ စီရင်
ချက်အတွက် အနည်းဆုံး ပြစ်ဒဏ်နှင့် အများဆုံး ပြစ်ဒဏ်ကြားတွင် တရားရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ
ပျော်ပျော်ကြီး ခရီးနှင် နေကြသည်။ အုပ်ချုပ်ရေးမှ တာဝန်ရှိသူ လူကြီးတစ်ဦးက ဒီတရားစီရင်ရေး မဏ္ဍိုင်
ကြောင့် ဘာမှအုပ်ချုပ်လို့ကို မရတော့ပါဘူးဟု ငြီးတွားရသည့် အခြေအနေ ရောက်နေသည်။
တစ်ချိန်တည်းတွင် အစိုးရသည် တစ်ပါတီတည်း ဖြစ်သော ကြံ့ခိုင်ရေး ပါတီဝင် လွှတ်တော် အမတ်များ၊
လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် နာယကတို့နှင့်လည်း အဆင်မပြေ ဖြစ်နေသည်။ လွှတ်တော် နာယက
သူရဦးရွှေမန်းက သမ္မတနှင့် တရားဝင် တွေ့ဆုံခွင့် တောင်းထားသည်မှာ ခြောက်လကျော်ပြီ ဖြစ်သော်
လည်း သမ္မတက တွေ့ခွင့်မပေးဟု အမျက်ထွက်သည်။
သမ္မတကလည်း သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ် ၇ ကျော် အဘယ်ကြောင့် တွေ့
ဆုံသနည်းဟု မေးခွန်း ထုတ်ပြန်သည်ဟု ကြားရသည်။ မေလတွင် တပ်မတော်က စာမျက်နှာ ခြောက်
မျက်နှာပါသော စာတစ်စောင်ကို သမ္မတနှင့် လွှတ်တော် နာယကထံပို့သည့် သတင်းများ ထွက်ပေါ်သည်။
စာထဲတွင် မည်သည်တို့ကို ရေးထားသည်ကို မသိသော်လည်း ထိုစာရပြီးနောက် သမ္မတ၊ လွှတ်တော် နာ
ယကနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ သုံးပွင့်ဆိုင်တွေ့ကြသည်ဟု သတင်းရရှိသည်။
မေလ နောက်ဆုံးအပတ်တွင် ကြံ့ခိုင်ရေး ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို တံခါးပိတ် ကျင်းပ
ပြီး ပါတီ လျှောက်လှမ်းမည့် အနာဂတ်လမ်းကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဟာဗျူဟာများ
ချမှတ်လိုက်သည်ဟု သိရသည်။ ယခု အပတ်တော့ ဤမျှနှင့် နားပါဦးမည်။ ရှေ့ပတ်တွင် လွှတ်တော်၊ နိုင်
ငံရေး ပါတီများနှင့် မီဒီယာများအကြား အရှုတ်တော်ပုံများ ရေးပါဦးမည်။
သံဖနောင့်
Tomorrow
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အစိုးရ အဖွဲ့၏ အတွင်းရေး အရှုပ်တော်ပုံများ http://www.simon-vlog.com/2014/06/blog-post_965.html#ixzz3641shvRL
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
ကျောင်းသူ တစ်ဦးကို ရေသန့် ဘူးထဲ လိင် စိတ်ကြွဆေး ခပ်၍ အဓမ္မ ပြုကျင့်သူကို အမှုဖွင့်.............
Bookmark and Share [ ]
ကန့်ဘလူ ၊ ၂၉-၆-၂၀၁၄
ရွှေဘိုခရိုင် ကန့်ဘလူမြို့ ၌ ဧပြီ ၁၄ ရက်တွင် ဒသမတန်း ကျောင်းသူ တစ်ဦးကို ရေသန့်ဘူး ထဲ၌ လိင်စိတ်
ကြွဆေး ခပ်တိုက်၍ သားမယား အဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် ဟန်လင်းမြို့ ဟောင်းတွင် နေထိုင်သည့် တေဇာဝင်း (ခ) မွတ်တား သည် ကန့်ဘလူမြို့
မြန်မာ - အာရဗီ သိပ္ပံကျောင်း၌ ကျောင်းတက်ရန် ဇနီးဖြစ်သူ၏ အဒေါ် နေအိမ်၌ သွားရောက် နေထိုင် ခဲ့
သည်။
ထိုသို့ တည်းခို နေထိုင်စဉ် ဧပြီ ၁၄ ရက် ည ၁၂ နာရီက အဆိုပါ နေအိမ် အပေါ်ထပ်တွင် စာကျက် နေသည့်
အသက် ၁၅ နှစ်အရွယ် ၁ဝ တန်း ကျောင်းသူ မ-----၏ ရေသန့်ဘူးကို ရေဖြည့် ပေးမည်ဟု တေဇာဝင်း (ခ)
မွတ်တား က ယူဆောင် သွားခဲ့ပြီး အဆိုပါ ရေသန့်ဘူး အတွင်းမှ ရေများ ကို မ----- က သောက်သုံး မိ ခဲ့ရာ ကိုယ်ခန္ဓာ ခြေလက်များ လှုပ်ရှား မရ ချိန်၌ တေဇာဝင်း (ခ) မွတ်တားက အလို မတူဘဲ အဓမ္မ ပြု ကျင့်မှု ဖြစ်
ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၂ဝ ရက်က အမည်မသိသူ တစ်ဦးသည် မ---၏ မိဘများထံ ရောက်လာ
ပြီး စာတစ်စောင်နှင့် ဒီဗွီဒီတစ်ချပ်ကို တေဇာဝင်း (ခ) မွတ်တားက ပေးခိုင်း၍ လာရောက် ပေးကြောင်း ပြော
၍ ပေးသွား ခဲ့သည်။
အဆိုပါ စာကို မ---၏ မိဘများက ဖွင့်ဖောက် ကြည့်ရာ တေဇာဝင်း (ခ) မွတ်တား က မ----ဆို သူနှင့် သား
မယား အဖြစ် နေထိုင်ပြီး ဖြစ်ကြောင်း၊ အပျိုစင် ဘဝကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ မ-----နှင့် သားမယား အ
ဖြစ် နေထိုင်သည်ကို ဗီဒီယို ရိုက်ကူး ထားကြောင်း ထိုအခွေကို ပို့လိုက်ကြောင်း မ----နှင့် ၄င်းကို မပေးစား
ပါဘဲ တိုင်ကြားပါက အင်တာနက် ပေါ်တင်ပြီး တစ်ကမ္ဘာလုံး သိ၍ အရှက်ရ စေမည် ဖြစ်ကြောင်း၊ အဆိုပါ
စာတွင် ခြိမ်းခြောက် ဖော်ပြထား သည်ကို မ-----၏ မိဘများက ဖတ်ရှုသိရှိ ခဲ့ရသည်။ ထို့ကြောင့် မ------မိ
ဘများက ကန့်ဘလူမြို့မ ရဲစခန်းသို့ အမှုဖွင့် အရေးယူ ပေးရန် တိုင်တန်း ခဲ့သည်။
အဆိုပါ တိုင်တန်းချက် နှင့် ပတ်သက် ၍ ကန့်ဘလူမြို့မ ရဲစခန်းက ဇွန်၂၇ ရက် ည ၈ နာရီခွဲက တေဇာဝင်း
(ခ) မွတ်တား ကို ပြစ်မှုကြီး ဖြစ်စဉ် အမှတ်၈/၂ဝ၁၄ (ပ)၁၇၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် ဆောင်
ရွက်လျက် ရှိကြောင်း သိရှိရသည်။
Yadanarpondaily
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကျောင်းသူ တစ်ဦးကို ရေသန့် ဘူးထဲ လိင် စိတ်ကြွဆေး ခပ်၍ အဓမ္မ ပြုကျင့်သူကို အမှုဖွင့် http://www.simon-vlog.com/2014/06/blog-post_6481.html#ixzz3640gQJPl
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
အမျိုးသမီး များ၏ လိင်စိတ် အနိုးကြွစေဆုံး အပိုင်းကို သုတေသီများ တွေ့ရှိ (+၁၈)......................
Bookmark and Share [ ]
အမျိုးသမီး တစ်ယောက်ကို ဘာက တကယ် လိင်ပိုင်း ဆိုင်ရာနိုးကြွစေလဲ ဆိုတဲ့မေးခွန်းကို နောက်ဆုံးတော့
သုသေတီ တွေက ဖြေကြားပေး လိုက်ပါပြီ။
လေ့လာမှုသစ် တစ်ရပ်မှာ ဘယ် အပိုင်းတွေက တုံ့ပြန်မှု အားအကောင်း ဆုံးလဲ ဆိုတာကို တိတိကျကျ ရှာ
ဖွေ ဖော်ထုတ်ဖို့ အတွက် အမျိုးသမီး ကိုယ် ခန္ဓာပေါ် က ဖွဖွ ရွရွ ထိတွေ့မှု၊ ဖိအားနဲ့ တုန်ခါမှု တွေရဲ့ သက်
ရောက် မှုတွေကို လေ့လာ သုံးသပ် ခဲ့ပါတယ်။
သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ရတာ ကတာ့ ဖွဖွရွရွ ထိတွေ့မှုအတွက် လည်ပင်းဟာ တုံ့ပြန်မှု အားအကောင်း
ဆုံး၊ ဖိအား အတွက် အမျိုးသမီး အင်္ဂါထိပ်နဲ့ သားမြတ်ဖူး တွေဟာ တုံ့ပြန်မှု အားအကောင်းဆုံး၊ တုန်ခါမှု အ
တွက်တော့ အမျိုးသမီး အင်္ဂါထိပ်ဟာ တုံ့ပြန်မှု အားအကောင်းဆုံး ဆိုတာပါပဲ။
အသက် ၁၈နှစ်ကနေ ၃၅နှစ်ကြား ကျန်းမာတဲ့ အမျိုးသမီး အယောက် ၃၀နဲ့ လေ့လာ စမ်းသပ် ခဲ့တာပါ။ ထိ
တွေ့မှုပုံစံ အမျိုးမျိုး သက်ရောက်စေဖို့ အတွက် သိပ္ပံနည်းကျ ကိရိယာတွေကို သုံးခဲ့ပါတယ်။
၁ ဒသမ စက္ကန့် နှိုးဆွ လိုက်ပြီး ၅ စက္ကန့် စောင့်ပြီးမှ အမျိုးသမီး တွေကို ဘယ်လို ခံစား ရကြောင်း မေးမြန်းခဲ့
တာပါ။ သုတေသီ တွေဟာ သားမြတ် ထုထည်၊ BMI (အရပ် အမြင့်နဲ့ ကိုယ် အလေးချိန် အချိုးအစား) ဟော်
မုန်းဆိုင်ရာ သန္ဓေ တားခြင်း၊ ဓမ္မတာ စက်ဝိုင်းနဲ့ လိင်ပိုင်း ဆိုင်ရာ စိတ်သန်မှု စတာတွေကို စိစစ် လေ့လာခဲ့
တယ်လို့ သိရပါတယ်။
Ref:dailymail.co.uk
Trend Myanmar
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အမျိုးသမီး များ၏ လိင်စိတ် အနိုးကြွစေဆုံး အပိုင်းကို သုတေသီများ တွေ့ရှိ (+၁၈) http://www.simon-vlog.com/2014/06/blog-post_3983.html#ixzz363xwaVrP
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ထိုးဆန္ဒပြုသူပေါင်း ၂၆ သိန်း ကောက်ယူရရှိထား ....................
ရွှေအောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု စတင်ခဲ့တဲ့ တလအတွင်း တိုင်း ၃ တိုင်းမှာ လက်မှတ်ပေါင်း ၂၆ သိန်းလောက် ကောက်ယူရရှိခဲ့တယ်လို့ အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကစပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြုလက်မှတ်ကောက်ယူခဲ့ရာမှာ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းတို့မှာ အခုလို ကောက်ယူရရှိထားတာဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲတဲ့ ပြည်နယ်တိုင်းတွေက လက်မှတ်စာရင်းတွေ ရောက်မလာသေးဘူးလို့လည်း သူက ပြောပါတယ်။
“အားလုံးပေါင်းလိုက်မယ်ဆိုရင် ၂၅ သိန်း ၂၆ သိန်းလောက် စာရင်းဝင်နေပြီ။ ဒါက အကုန်မဟုတ်သေးဘူး။ စစ်ကိုင်းတိုင်း အထက်ပိုင်း တွေဆိုရင် သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက ခက်ခဲတဲ့အတွက် ကျနော်တို့ဆီကို ရောက်မလာသေးဘူး။ နောက်ကချင်ပြည်နယ်။ ပြည်နယ်တွေကနေ ကျနော်တို့ဆီကို ရောက်မလာသေးဘူး။ ကျနော်တို့နဲ့ ဆက်သွယ်ရေးလွယ်ကူတဲ့ ဒေသတွေ ဆိုရင် အခု သိန်း ၂၀ ကျော်နေပြီ ခင်ဗျ။”
ဒါ့အပြင် အခုရက်ပိုင်း လက်မှတ်ထိုးကောက်ခံမှုတွေမှာ လူတစုတဖွဲ့က မသမာမှုတွေ ပြုလုပ်လာနေတာတွေ့ရပြီး ဘယ်အုပ်စုဘယ်အဖွဲ့အစည်းက လုပ်နေသလဲဆိုတာကို စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။
“လက်မှတ်ရေးထိုး ကောက်ယူမှုကိစ္စတွေမှာ တန်ပြန် သဘောသက်ရောက်တဲ့ဟာလေးတွေ လုပ်လာတွေ့တယ်ဗျ။ လက်မှတ်ရေးထိုးကောက်ယူတဲ့နေရာမှာ ကျနော်တို့လူတွေ မဟုတ်တဲ့ သူတွေဝင်လာပြီး လူတွေကို မချေမငံ ဆက်ဆံပြောဆိုတာလေးတွေရှိတယ်။ ၄၃၆ ကို လက်မှတ်ထိုး၊ မထိုးဘူး။ ဘာလို့ထိုးရမှာ ၄၃၆ က ဘာလဲဘာညာဆိုရင်၊ ဒါလေးတောင် မသိဘူးလား၊ တိုင်းပြည်အတွက် ဒါလေးတောင် တာဝန်မကျေနိုင်ဘူးလား ဘာညာဆိုပြီး လုပ်တဲ့ ပုံစံလေးတွေပေါ့။”
မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာလို့လည်း ဦးထင်လင်းဦးက ပြောပါတယ်။
အန်အယ်ဒီနဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲတွေ ပြုလုပ်နေရာမှာလည်း ကချင်၊ ချင်းစတဲ့ ပြည်နယ်တွေမှာ ဟောပြောပွဲကျင်းပခွင့် မပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေကို လာမယ့်ဇူလိုင်လ ၁၉ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
♪ Facebook Account ကို လုံခြုံအောင် ထိန်းသိမ်းမယ် အပိုင်း(၁) ♫ ...................
http://thesocialsuite.com/wp-content/uploads/2011/08/facebook-security-400x2661.jpg
facebook Account ကို လုံခြုံအောင် ထိန်းသိမ်းမယ် အပိုင်း ( ၁ )  ။ facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။ဒီနေ့ မှာတော့  general setting နှင့်  security အကြောင်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်။
ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်မိတ် ဆွေ
ganeral account settings
---------------------------------------------------
ဒီအဆင့် မှာတော့ ရှင်းပြစရာထွေထွေထူးထူးမရှိပါဘူး။အောက်ကပုံလေးထဲကအတိုင်း
  •  name           = ဆိုတာကတော့ မိမိနာမည်ပါ။
  • username      =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။
  • email             = ကတော့ မိမိရဲ့ အီးမေးလိပ်စာပါ။
  • networks        =ဆိုတာကတော့ သာမန်user တစ်ယောက်အနေနဲ့ မသုံးပါဘူး
  • language        =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။
Security settings
---------------------------------------
ဒီကောင်လေးကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိထားသင့် ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။
Secure browsing
-------------------------------------
ဒီကောင်လေးကိုတော့  virus ,spam , hacker တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။အောက်ကပုံလေးလိုမျိုး edit ကိုနိပ်ပြီးအမှန်လေးခြစ်ထားပေးရင်save change လုပ်ထားပေးရင် အကာအကွယ်တစ်ခုတော့ အထောက်အကူရပါတယ်။
login notification
----------------------------------
ဒီကောင်လေးကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကိုသတိပေးပါတယ်။ ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။
login apporvals
----------------------------
login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင့် ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို့ ရပါတယ်။ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင့် ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို့ မရနိုင်ပါ။။တကယ်လို့ လုံခြုံရေး တိုးမြှင့် သည့် အခါမျိုး တွင်သုံးနိုင်ပါသည်။အောက်မှာပြထားသည့် ပုံလေးထဲကအတိုင်းအမှန်ခြစ်လေးပေးလိုက်ပါ။
ဒီနေရာမှာအောက်ကပုံလေးအတိုင်း get started ကိုနိပ်လိုက်ရင် မိမိတို့  account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။
code generator
----------------------------------
အသုံးပြုချင်တယ်ဆိုရင် set up ကိုနိုပ်ပါ။မိမိ password ကိုထည့် ပါ။ပြီးရင် sumbit ကိုနိပ်ပါ။
မိမိကြိုက်တဲ့  security code ကိုထည့် ပါ။
app password
---------------------------------
app password ဆိုတာကလည်းလုံခြုံရေး ကို ထပ်မံတိုးမြှင့် ထားတဲ့ ( special password ) ပါပဲ။ဒီကောင်လေးကို မိမိတို့  login ဝင်ရောက်တိုင်း တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။login apporvals ကိုမိမိကအသုံးပြုထားတယ်ဆိုရင် တစ်ခါတစ်လေ အကောင့် ဟာ tempoary lock ကျတဲ့ အခါမျိုးမှာ app password နဲ့ ဝင်ရောက်လို့ ရပါတယ်။အသုံးပြုမယ်ပုံလေးကတော့ (
  1. Account Settings > Security)
  2. Find the App Passwords section and click Edit
  3. Click the Generate app passwords link
  4. Type in the name of the App and click Generate Password
  5. Go to your app and use that password to log in
trusted contant
--------------------------------------
trusted contant  ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့ တဲ့ အခါမျိုးမှာ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူချင်ရင်ဒီမှာ မိမိသူငယ်ချင်းနာမည်ကို ရွေးထားပေးခြင်းအားဖြင့်  မိမိ အကောင့်  lock ကျတဲ့ အခါမှာ အကူအညီရနိုင်ပါတယ်။ကြိုတင်လုပ်ဆောင်သင့် တဲ့ အချက်ကလေးပါပဲ။အသုံးပြုမယဆိုရ်င choose trusted contants ကိုနိပ်ပြီးမိမိ သူငယ်ချင်းတွေကို add လုပ်ထားနိုင်ပါတယ်။
trusted browser
-----------------------------------
trusted browser ဆိုတာကတော့ မိမိရဲ့  facebook အကောင့် ကိုဝင်ရောက်ခဲ့ တဲ့ browser တွေကိုကြည့် ရှူ ပြီးခြေရာကောက်နိုင်ပါတယ်။ဖုန်းနှင့် ဝင်ရောက်သွား
တာလား Windows နှင့် ဝင်ရောက်တာလားဆိုတာကွဲကွဲပြားပြား သိနိုင်ပါတယ်။
Where You're Logged In
-----------------------------------------------
Where You're Logged In ဆိုတာကတော့  မိမိ အကောင့် ကိုအသုံးပြုနေတဲ့ နေရာ ရယ် windows ရယ် browser တွေကို တိတိကျကျ ခြေ ရာကောက် နိုင်ပါတယ်။ ( history လိုက်လို့ ရပါတယ်)
decative account
------------------------------------
decative account ကိုတော့ လုံးဝ(လုံးဝ) မနိပ်ပါနှင့် ခင်ဗျာ facebook ကြီးကလွမ်းသွားပါလိမ့် မယ်။
Credit to ရဲရင့်အောင်Aung MIn Han