This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 17, 2013

ငွေကြေးစာရင်းဇယားတွေကို အကောင်းဆုံးထိန်းသိမ်းကိုင်တွယ်ပေးမယ့် Adarian.Money.5.3.Build.3673

ငွေကြေးစာရင်းဇယားတွေကို အကောင်းဆုံးထိန်းသိမ်းကိုင်တွယ်ပေးမယ့် Adarian.Money.5.3.Build.3673 ဖြစ်ပါတယ်.. ဘတ်ဂျက်တွေစီမံခန့်ခွဲဖို့၊ Stock Investment တွေ စီမံခန့်ခွဲဖို့အကောင်းဆုံးလို့ပြောပါတယ်.. စာရင်းဇယားသမားတွေသိမှာပေါ့ဗျာ.. စာရင်းဇယားနဲ့ဆိုင်တဲ့ Software တွေ ဘယ်လောက်ဈေးကြီးလဲဆိုတာကိုလေ.. iStock တို့ ဘာတို့ပေါ့.. ဈေးကြီးတယ်.. ခု ဒီကောင်လေးကို သုံးကြည့်လိုက်.. ဘာမှ မပေးရဘူး..မောင်ပေါက်ဆီက အလကားယူသွား... ဖူးဗားရှင်းနှော်.. အထဲမှာ ကီးပါတယ်..

Adarian Money 5.3 Build 3673 is a personal finance software which allows you to easily manage your money. This software analyzes your spending, budgeting your monthly expenses and payment reminders to your future. It can keep from spending too much credit and your investment will be divided and shows you how much of your investment you've earned.

The key feature of the software Adarian Money:-

- Tracking Costs
- Budget Management
- Tracking Stock Investment
- Monthly billing plan
- Avoid spending more than credits
- Calculate mortgage

အဆင်ပြေပါစေ...

Download :5.38MB

Skype 6.2.0.106 Portable

Internet မှာ ဖရီးသုံးလို့ရတဲ့ ဆော့ဝဲပေါင်းများစွာထဲက Skype ဟာ သိပ်ထင်ရှားတယ်ဆိုတာ ပြောပြစရာမလိုလောက်ပါဘူး.. Online ပေါ်မှာ ရုပ်ကိုကြည့်ပြီး Video Chatting လဲရတယ်.. အသံကလည်း ကြည်လင်ပြတ်သားတယ်.. သုံးတာ သိပ်ကောင်းတာမို့ထင်ရှားတာပေါ့.. Skype 6.2.0.106 Portable ကို တင်ပေးလိုက်ပါတယ်.. ကိုယ်က သွားလေရာမှာ ယူဆောင်သွားနိုင်ပါတယ်.. စက်တိုင်းမှာ Skype ရှိဖို့ဆိုတာ မသေချာဘူးလေ.. မရှိရင်လည်းကိုယ့် memory လေးကို ထိုး.. Skype 6.2.0.106 Portable လေးကို Double Click ခေါက်ပြီး သုံး.. အိုခေ...

အဆင်ပြေပါစေ..

Credit to : http://komaungpauk.blogspot.com

Download Links: 17.3 MB

ဆမ်ဆောင်းဖုန်းကောင်းချက်က တမလွန်အထိတောင်လိုင်းဆွဲအားကောင်းတယ်ဆိုပဲ........ပုံပြင်မဟုတ်တဲ့ဇာတ်လမ်းလေးတစ်ခုပါ...ရယ်စရာမဟုတ်ပေမဲ့...နောက်ဆုံးအပိုဒ်ရောက်မှရယ်မိတာပါ...

ကြောက်တတ်သူများ ဖတ်ရန်မသင့်ပါ . . .

YanNaing Htoo Friday, February 2015. 

အိန္ဒိယနိုင်ငံက ရာချီမြို့တွင် လွန်ခဲ့သော တစ်လခန့်က ကွယ်လွန်သွားတဲ့ ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်ပါ။

သူမနာမည်က saba ဖြစ်ပြီး ထရပ်ကားတစ်စီး တိုက်မိပြီး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

saba ဟာ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှာအချိန်ပိုင်း အလုပ်လုပ်ပါတယ်။ သူမမှာ shahrukh ဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ 
သိပ်ချစ်ကြတဲ့ သူတို့ဟာ ဖုန်းပြောရင်လည်း နာရီနဲ့ချီပြီး ကြာပါတယ်။ saba ကို ဘယ်အချိန်ကြည့်ကြည့် ဖုန်းတစ်လုံးနဲ့ တတွတ်တွတ်ပြောနေတာပါပဲ။
shahrukh ကို သူမမိဘတွေကလည်း သဘောတူကြည်ဖြူပြီး အလွန်လဲ ခင်မင်ရင်းနှီးကြပါတယ်။ 
saba ဟာ မသေဆုံးခင်က သူငယ်ချင်းတွေနဲ့ မိဘတွေကို သူမသေသွားခဲ့ရင် သူမရဲ့ ဖုန်းကိုပါ တပါတည်း သူမအခေါင်းထဲ ထည့်ပေးလိုက်ဖို့ မှာခဲ့ပါတယ်။

ဒီလိုနဲ့ သူမသေဆုံးပြီးသင်္ဂြိုလ်ဖို့ ခေါင်းကိုမတဲ့အခါ ခေါင်းဟာဘယ်လိုမှ မလို့ မရဖြစ်နေပါတော့တယ် လူအင်အားသုံးပြီးပုံစံမျိုးစုံနဲ့ မပေမဲ့ ခေါင်းက လုံးဝကြွတက်မလာပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ဝိဥာဉ်တွေနဲ့ စကားပြောရာမှာ နာမည်ကြီးတဲ့ ဆရာတစ်ပါးကိုပင့်ပြီး မေးရပါတော့တယ်။ ဆရာဟာခေါင်းနားမှာ ထိုင်ချလိုက်ပြီး အလောင်းကိုကြည့်ကာ ပါးစပ်မှ တတွတ်တွတ်ရွတ်လို့နေပါတယ်။ 
ခနအကြာမှာ အိမ်သားတွေဘက်လှည့်ပြီး ပြောပါတယ် "သူ့ပစ္စည်းတစ်ခုပါမှ သွားမယ်လို့ ပြောနေတယ်။" 

ဒီတော့မှ သူငယ်ချင်းတွေနဲ့ မိဘတွေဟာ သူမပြောခဲ့ဖူးတာကို သတိရသွားပြီး သူမရဲ့ ဖုန်းကို ဆင်းကဒ်နဲ့တကွ ခေါင်းထဲ ထည့်ပေးလိုက်ပါတယ်။ ဖုန်းကို ထည့်လိုက်ပြီး ခေါင်းကို အလွယ်တကူ မလို့ရသွားပါတယ်။

saba ရဲ့ မိဘတွေဟာ သူမကွယ်လွန်သွားတာကို သူ့ချစ်သူ shahrukh ကို မပြောဘဲ ထားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပါတ်လောက်ကြာတော့ shahrukh က saba ရဲ့ အမေဆီကို ဖုန်းဆက်ပါတယ် 
"အန်တီ သားဒီနေ့ အိမ်လာလည်မယ်၊ ဟင်းကောင်းကောင်းချက်ထားနော်။ saba ကိုတော့ မပြောနဲ့ဦး surprise လုပ်မလို့" ဆိုတော့ saba ရဲ့ အမေက "အိမ်ကိုသာလာခဲ့ပါကွယ် သားကိုပြောစရာရှိတယ်"

shahrukh အိမ်ရောက်တဲ့အခါ saba သေသွားပြီ ဆိုတဲ့အကြောင်း ပြောပြလိုက်ပါတယ်။
shahrukh က "မနောက်ကြပါနဲ့ဗျာ saba ကို ထွက်လာခိုင်းလိုက်ပါတော့ သူ့အတွက် ကျွန်တော် လက်ဆောင်ဝယ်လာလို့ပါ" လို့ မယုံဘဲရယ်မောနေလိုက်ပါတယ်။ 
နောက်ဆုံး saba ရဲ့ သေစာရင်းကို ထုတ်ပြလိုက်မှ shahrukh မျက်လုံးပြူးသွားပြီး ခြွေးတွေ ပျံလာပါတော့တယ်။ 
"မဟုတ်ဘူး မနေ့ကပဲ သူနဲ့ကျွန်တော် ဖုန်းပြောနေကြသေးတယ်" မိဘတွေကလဲ မဖြစ်နိုင်တဲ့အကြောင်း saba ဆုံးတာ နှစ်ပတ်ကျော်ပြီဖြစ်ကြောင်း ပြောနေစဉ်မှာပဲ shahrukh ရဲ့ ဖုန်းမြည်လာပါတယ်။ 
သူက ဖုန်းကိုကြည့်လိုက်ပြီး တုန်ယင်စွာနဲ့ အိမ်သားတွေဘက်ကို ဖုန်းကိုပြလိုက်ပြီး 
"ဒီမှာ saba ဖုန်းခေါ်နေတယ်" 
အားလုံးက သူ့ကိုဖုန်းဖြေလိုက်ဖို့ပြောတဲ့အခါ shahrukh ဟာ ဖုန်းစပီကာကို ဖွင့်ပြီး ထူးလိုက်ပါတယ်။

shahrukh : အချစ်ရေ ဘယ်ရောက်နေလဲ သူတို့က ချစ်ကို သေပြီလို့ ပြောနေကြတယ် . .
saba: မောင်ရေ ကျွန်မတစ်ကယ်ပဲ သေခဲ့ပါပြီ ~
shahrukh: ဒ ဒါဆို ချစ်က ခုဘယ်က ပြောနေတာလဲ?
saba: တမလွန်က ပြောနေတာလေ မောင့်ရဲ့ ~ လိုင်းကြည်ရဲ့လား
shahrukh: ကြ ကြည်ပါတယ် .

saba: ကြည်ဆို ခုပြောနေတာ "ချစ်ရဲ့ samsaung galaxy နဲ့လေ မောင်ရဲ့ လိုင်းဆွဲအားကောင်းတယ် video call ခေါ်မလို့ပဲ . . ချစ်က နားရွက်ပြတ်ပြီး မျက်လုံးတစ်လုံး ထွက်နေတာ ~ မောင်မြင်ရင် ကြောက်မှာစိုးလို့" ဆိုသတဲ့

Samsung တို့များ မိုက်ချက် ~ တမလွန်ထိတောင် လိုင်းဆွဲအားကောင်း ဆိုပဲ  ~ 

Samsung Galaxy ကြောင်ငြာဝင်ခြင်းဖြစ်ပါတယ် :xp

လူကုန်ကူးမှုကို တရားဝန်ကျူးလွန်နေကြသူများ

လူကုန်ကူးမှုကို တရားဝန်ကျူးလွန်နေကြသူများ
ကျွန်တော်ရဲ့တွေ့ကြုံခဲ့ရတဲ့ အဖြစ်လေးကို ကျွန်တော့်လိုဘဲ သူငယ်ချင်းတွေ မကြုံတွေ့စေချင်လို့ ဒီပို့စ်ကိုတင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ဒီပို့စ်လေးကို ဖတ်ပြီးသွားရင် သူငယ်ချင်းတို့ နီးစပ်ရာ သူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများကိုလည်း သိအောင်လို့ Share လုပ်ဖြစ်အောင်လုပ်ပေးပါလို့ ကျေးဇူးပြုပြီးတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
ဇတ်လမ်းကတော့ ဒီလိုဗျာ။ ကျွန်တော်ရဲ့ ၂၀၀၅ ခုနှစ်က အကြောင်းအရာလေးကို အခုမြန်မာနိုင်ငံမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများလုပ်နေသောအချိန်နဲ့တိုက်ဆိုင်နေလို့ ဒီပို့စ်လေးကို တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒီလိုဗျာ ကျွန်တော် ၂၀၀၅ ခုနှစ် April ကနေစပြီး မလေးရှားဆိုတဲ့နိုင်ငံကြီးကို သွားဖို့လုပ်ပါတယ်ခင်ဗျာ။ Agency နာမည်ကိုတော့မပြောတော့ပါဘူး။ ကြောက်လို့မဟုတ်ဘူးနော်၊ သူများစီးပွားရေးကို ဒုတ်နဲ့မထိုးချင်လို့။ ကျွန်တော်တို့ကို ပိုင်ရှင်ကပြောတော့ ၃လပဲကြာမယ်တဲ့။ ကျွန်တော်လည်းစောင့်တာပေါ့ ဘယ်ပြောကောင်းမလဲ။ ဘယ်လောက်ကြာသွားလည်းသိလား။ ခလေးတစ်ယောက်တောင်မွှေးလို့ရတယ် လတောင်ကြာသွားတယ်ဗျာ။ ကျွန်တော်သွားမဲ့အဖွဲ့က အယောက် ၂၀ ရှိတယ်။  ဒီထဲမှာ ရန်ကုန်သားကအများဆုံးပါတယ်ဗျာ။ ဘယ်ပြောကောင်းမလဲ ဒီကောင်တွေက Agency ကိုသွားပြီး သောင်းကျန်းကြတာ။ Agencyက ဘယ်ပြောကောင်းမလဲ ကျွန်တော်တို့ကို တန်းပြီး နိုင်ငံခြားကိုပို့တာပဲ။ ကျွန်တော်တို့လည်း မလေးကိုလည်းရောက်ရော အဲဒီမှာဇာတ်လမ်းကစတွေ့တာ။ ဘာလဲဆိုတော့ Agencyနဲ့ စပြီးအလုပ်အပ်တုန်းကပြောတဲ့ စက်ရုံမဟုတ်တော့ဘူး။ Angency ရဲ့စေတနာပါ။ သူတို့ပို့လိုက်တဲ့စက်ရုံက အရမ်းကိုကောင်းတာဗျာ ပြောမနေနဲ့။ လစာကိုအိမ်ကိုပို့ဖို့နေနေသာသာ ကိုယ်စားဖို့တောင်အနိုင်နိုင်။ ပြောရအုံးမယ် ကျွန်တော်တို့အထဲမှာ သူတို့နဲ့ဆွေမျိုးနီးစပ်တော်တဲ့လူလည်းပါတယ်နော်။ ဒီလိုနဲ့ ၂ နှစ်နေခဲ့ရတာ။ ဒုက္ခတွေကိုတော့မပြောတော့ပါဘူး ရှည်နေမှာစိုးလို့။ ကျွန်တော် ၂၀၀၈ ၃ လပိုင်းမှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်။
အဲဒီလိုတော့ ကျွန်တော်လည်းတစ်ခါခံရတာကိုအားမရသေးဘူး။ မလေးမှာမကောင်းရင် တခြားနိုင်ငံမှာကောင်းမယ်ထင်ပြီး စင်္ကာပူကို ဆက်ပြီး run တာပေါ့။ Singapore ကိုသွားဖို့ကို သေချာစုံစမ်းတော့ ၀န်ဆောင်ခက အရမ်းကိုပေးရမှာဗျာ။ ဘွဲ့ရတာတောင်လစာ နည်းနေတယ်။ အဲဒါနဲ့ ကျွန်တော်လည်းဘယ်ပြောကောင်းမလဲ ကျွန်တော့အမျိုးသမီးကလည်း နိုင်ငံခြားသွားချင်တာနဲ့ မလေးကိုထပ်ပြီးသွားဖို့ကို လုပ်လိုက်တယ်ဗျာ။ ကိုယ်ကလည်းထင်တာက အရင်ဟာနဲ့တော့မတူဘူးထင်တာပေါ့နော်။ သူကအစကတော့အပြောကောင်းတယ်ဗျာ။ နောက်ပိုင်းကြမှ အစွယ်ကိုမြင်ရတာ။ သူတို့ကလည်းအရင် Agency လိုဘဲကြာတာ။ ကျွန်တော်လည်းမစောင့်နိုင်တာနဲ့ မသွားတော့ဘူးဆိုပြီးပြောတာပေါ့။ အဓိကတော့ ပိုက်ဆံပြန်တောင်းတာပေါ့။ စဉ်းစားကြည့်ကြပါ ဒီကိစ္စက ကလေးကစားနေတာမဟုတ်ဘူးလေ။ အဲဒါနဲ့ ကျွန်တော်လည်းပိုက်ဆံကို မရရအောင်တောင်းတာပေါ့။ ဘယ်ပြောကောင်းမလဲ သူကလည်း ပြောတာများလို့လားမသိဘူး ကျွန်တော့ကိုပေးတာပေါ့။ ပိုက်ဆံတော့ထင်မသွားနဲ့နော် အခန်းပိတ်ပြီး သူ့လူ ယောက်နဲ့ လွှတ်ပေးတာ။ ဘယ်ပြောကောင်းမလဲ ကိုယ်ခံပညာလေးဘာလေးသင်ထားလို့တော်သေးတယ်ဗျာ။ နောက်မို့ဆိုရင် သေပြီနော်။
အခုမြန်မာနိုင်ငံမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်နေတယ်လေ။ ကျွန်တော်ပြောချင်တာက လူကုန်ကူးမှုမှာပါတဲ့ Law က လူတစ်ယောက်ကို လူတစ်ယောက်က မိုင်ထက်ကျော်ပြီး သဘောမတူဘဲ ခေါ်ဆောင်သွားရင် လူကုန်ကူးမှုတဲ့။ အခု မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံခြားကိုသွားဖို့Serviceပေးနေသော Agency တွေက လူတစ်ယောက်ကို ဒီအချိန်အတွင်းသေချာအောင်လုပ်ဆောင်ပေးပါမယ်လို့ပြောပြီး မလုပ်ပေးတာတွေကြတော့ ဘယ်လိုလုပ်ကြမလဲမသိဘူးခင်ဗျာ။ ဒီနေရာကိုပြောပြီး ဟိုနေရာကိုပို့ပေးတာတွေလည်းရှိတယ်နော်။ မိုင်တောင်မကဘူးနော် တခြားနိုင်ငံကိုပို့နေတာ။ ဒီကိစ္စကို လူကုန်ကူးမှုတိုက်ပျက်ရေးမှာ အားကြိုးမာန်တက်လုပ်ဆောင်နေသောလူတွေလည်း ဒီ Agency တွေရဲ့လုပ်ဆောင်နေတာတွေကို ဘယ်အပိုင်းကနေ ကျွန်တော်တို့လိုခံစားရတဲ့လူမျိုးတွေနောက်ပိုင်းမရှိအောင်ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲဆိုတာမသိဘူးနော်။ အကြောင်းအရာက ခံစားဖူးတဲ့လူမှသိတာနော်။
ကျွန်တော်အခု မြန်မာနိုင်ငံမှာ အရမ်းကိုရေပန်းစားနေတဲ့ Mobile ဆိုတဲ့  ပညာကြီးကို သင်နေတယ်နော်။ မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းသင်တန်းတွေရဲ့ကောင်းတာတွေ၊ Technologies တွေကို သင်တန်းကြီးပြီးမှ ပြောပြအုံးမယ်နော်။
နိုင်ငံတော်သမ္မတကြီးနှင့် ဒီကိစ္စနဲ့ဆိုင်သော အကြီးအကဲတွေသာ ဒီလိုအကြောင်းအရာလေးတွေကိုသာ ဖတ်ရရင်အရမ်းကိုကောင်းမယ်ဗျာ။ အခုအချိန်ကိုပြောတာပါ။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ထိုင်းနှင့် ဂျပန်ကြား သဘောထားကွဲလွဲမှုများရှိနေကြောင်း

မြန်မာနိုင်ငံအတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော် တည်ဆောက်မှုမှာ စီမံကိန်းမသေချာမှုများနှင့် ရင်းနှီးမြှုပ်နှံသူများကြား သဘောထားကွဲလွဲမှုများကြောင့် နှောင့်နှေးနေရသည်ဟု ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး ချက်ဒ်ချတ် ဆစ်တီပွတ်က ဝန်ခံပြောကြားလိုက်သည်။
မြန်မာနိုင်ငံအတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော် တည်ဆောက်မှုမှာ စီမံကိန်းမသေချာမှုများနှင့် ရင်းနှီးမြှုပ်နှံသူများကြား သဘောထားကွဲလွဲမှုများကြောင့် နှောင့်နှေးနေရသည်ဟု ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး ချက်ဒ်ချတ် ဆစ်တီပွတ်က တနင်္လာနေ့တွင် ဝန်ခံပြောကြားလိုက်ကြောင်း Bangkok Post တွင် ဖော်ပြသည်။ ၎င်းသည် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်၌ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး ဆပ်ကော်မတီ၏ ဦးဆောင်သူလည်း ဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် ထားဝယ်ရေနက်ဆိပ်မ်း စီမံကိန်းတွင် ဂျပန်နိုင်ငံအား အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်လာစေရန် ကြိုးပမ်းမှုမှ အခက်အခဲများ ကြုံနေရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်သည့် ထိုင်းနိုင်ငံ၏ ဆိပ်ကမ်းတည်နေရာများ အဆိုပြုတင်ပြချက်ကို ဂျပန်က သဘောမတူခဲ့ကြောင်း ချက်ဒ်ချတ်က ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော် တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ထိုင်းနှင့် ဂျပန်ကြား သဘောထားကွဲလွဲမှုများရှိနေကြောင်း ၎င်းက ဝန်ခံသည်။
ထို့အတူ ထားဝယ်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဟု ဂျပန်နိုင်ငံထံမှ အာမခံချက်ရရှိရန်လည်း မနီးစပ်သေးကြောင်း ထိုင်းဝန်ကြီးကဆိုသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ရင်းနှီးမြှုပ်နှံရမည့် ငွေကြေးပမာဏမှာ ထိုင်းဘတ်ငွေ ၂၉၀ ဘီလျံကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
Source: BangkokPost
------------------------------------------------------------------------
Planet Myanmar Network ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
You might also like:

ခန္ဒာကိုယ်အပိုင်းပိုင်းပြတ် အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ သပြေလှချောင်းထဲတွင် မသင်္ကာ ဖွယ်ရာ ပီနံအိတ်အတွင်း ကျွတ်ကျွတ်အိတ်အမဲဖြင့်ထုပ်ထားသော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်း အရှေ့ ဘက်ေ ဘးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့်

ယောကျာ်းဝတ်ပုဆိုးအနီးတစ်ထည်ကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင်အဖြစ် တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

သတင်းထပ်မံရရှိပါက ဆက်လက်ဖော်ပြပါမည်။

မူရင်လင့် >>>> http://drguidingstar.blogspot.com/

ရှေးခေတ် ရခိုင်လှေကြီး တူးဖေါ်မူ ပြန်စတင်

နိရဉ္စရာ

ဇန္န၀ါရီလ ၂၀ ရက်နေ့က နေ ရက်အတန်ကြာ ရပ်နားထားခဲ့ရတဲ့ ရှေးခေတ် ရခိုင်လှေကြီး တူးဖေါ်မူကိုဘင်္ဂလာဒေခ်ျ့နိုင်ငံရှေးဟောင်းသုတေ သန အဖွဲ့က မနေ့က ပြန်လည် စတင်လိုက်ပြီလို့ ဘင်္ဂလာ ဒေခ်ျ့နိုင်ငံထုတ် The Daily Star သတင်းစာကြီးက ရေးသားဖေါ်ပြပါ တယ်။

ပင်လယ်ရေ မြင့်တက်နေတာကြောင့် ဇန္န၀ါရီလ ၂၀ ရက်နေ့ကနေ တူးဖေါ်မူကို ရပ်နားထားရာကနေ မနေ့က ပြန်လည် စတင်ခဲ့တာ ဖြစ်ပါ တယ်။ အခုအခါ ပင်လယ်ရေ ပြန်ကျသွားပြီ ဖြစ်တဲ့ အတွက် လှေ ကြီးကို ဖေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

အခုတွေ့ရှိတဲ့ ရခိုင်ရှေးဟောင်းလှေကြီးဟာ အလျားပေ ၇၂ ပေရှိပြီး အနံ အကျယ်က ၂၃ ပေရှိပြီး ဗမာဘုရင် ဘိုးတော် ဦးဝိုင်း ရခိုင်ပြည်ကို ၀င်ရောက် သိမ်းပိုက်တဲ့ ၁၇၈၄ ခုနှစ်က ရခိုင်မိသားစုတွေ ဘင်္ဂလာကို ထွက်ပြေးလာရာမှာ အသုံးပြုခဲ့တဲ့ လှေကြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အ၀ကျွန်း ဒေသခံ အသက် ၇၀ ရှိပြီ ဖြစ်တဲ့ ဦးသာစိန်က ၁၇၈၄ ခုနှစ် ရခိုင်ပြည်မှာ ရက်စက်စွာ သတ်ဖြတ်မူတွေကြောင့် ရခိုင် မိသားစု ၁၅၀ ခန့်ဟာ လှေကြီးတွေကို အသုံးပြုပြီး အဲဒီဒေသကို ထွက်ပြေးလာတယ်လို့ ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က အသုံးပြုခဲ့တဲ့ လှေကြီး ဖြစ်တာကြောင့် သမိုင်းအရ တန်ဖိုးရှိတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနက လှေကြီးကို ပြန်လည် ဖေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အခု တူးဖေါ်မူကို ဦးဆောင်နေတဲ့ ရှေးဟောင်း လှေတွေကို တူးဖေါ်နေတဲ့ အဖွဲ့ ခေါင်းဆောင် Yves Marre ကတော့ ဒီတူးဖေါ်မူကို စိန်ခေါ် နေတာကတော့ တန်သုံးဆယ်ကျော်ခန့်လေးတဲ့ လှေကြီးကို မြေပေါ်ကို မယူနိုင်ရေးဘဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရှေးဟောင်းလှေကြီးကို လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်နေ့က မြန်မာ- ရခိုင် အခေါ် အ၀ကျွန်းဒေသ (ဘင်္ဂလာဒေခ်ျ့ အခေါ် Kuakata ) ဂင်္ဂါ မတီမြစ် အနီးက ပင်လယ်ကမ်းစပ်မှာ ရေတွေကျသွားချိန်မှာ သဲသောင်ပြင်က ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

'ဝိပဿနာရှုနည်းကျမ်း စာအုပ် 2MB

လေ့လာချင်တဲ့သူငယ်ချင်းတွေအတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ် 
Download>>>>mirrorupload (or)mediafire (or)zippyshare

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း ( ဆရာ စံဇာဏီဘို )

လူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်နဲ့ မွေးနံကိုသိရင် သူရဲ့ပင်ကိုယ် အတွင်းသဘောကို သိနိုင်တဲ့ နည်းလေးမို့
ဆရာစံဇာဏီဘို ရဲ့ တွက်နည်းလေးကို သူငယ်ချင်းတို့အတွက် တင်ပြလိုက်ပါတယ်
လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား

ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။
သူငယ်ချင်းတို့ရေ ...ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအတွက်ပဲဖြစ်ဖြစ် ချစ်သူအတွက်ပဲ ဖြစ်ဖြစ် တွက်ကြည့်လိုက်ကြရအောင်နော်........................။

တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
ကျွန်တော့်ရဲ့ ခုနှစ်သက္ကရာဇ်က 1353 ခု သောကြာသားဆိုတော့ 6ပေါ့
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ် .

ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....
အကြွင်း (0) လောဘ
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။
ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား
တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ ။။။။။။။

အကြွင်း (1) ဒေါသ
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ
ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။။။။

အကြွင်း (2)မောဟ
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်(3) မေတ္တာ
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။

အကြွင်း(4)ဂရုဏာ
ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း(5)မုဒိတာ
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။ မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း(6)ဥပေက္ခာ
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေ့ပညာရှိတွေက ဆိုပါတယ် ။

Credit - ဆရာ စံဇာဏီဘို

ပေါက်တောမြို့နယ်သည် ထိုင်းတောင်ပိုင်းကဲ့သို့ ဖြစ်နေပြီလော [ဓါတ်ပုံသတင်း]

Ko Sein Than shared Coral Arakan News's photo.
ပေါက်တောမြို့နယ်သည် ထိုင်းတောင်ပိုင်းကဲ့သို့ ဖြစ်နေပြီလော [ဓါတ်ပုံသတင်း]

By Ko Tun (Ma-nya-ka)

ပေါက်တော ၊ ၁၇ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ဓါတ်ပုံသတင်း]

ဓါတ်ပုံရည်ညွှန်းစာသား - (၀ဲဘက်ပုံ) ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် ဆယ်နာရီခန့် တွင် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းပေါ်ရှိ မညင်းကိုင်းကျေးရွာမှ ဆွမ်းချိုင့်လာပို့သူ အလှူရှင်များအား ကြိမ်နီပြင် ဘင်္ဂါလီစခန်းအနီးရှိ “မာလာတော်ဓါတ်” စေတီတော်မြတ် ပြုပြင်မွမ်းမံ ရေစက်ချအခမ်းအနား သို့ မြန်မာစစ်သားအချို့က တောလမ်းမှ ဦးဆောင်ခေါ်ယူ လိုက်ပို့နေကြစဉ်။ 

ဓါတ်ပုံရည်ညွှန်းစာသား - (ယာဘက်ပုံ) ၂၀၁၁-ခုနှစ် စက်တင်ဘာလအတွင်း ထိုင်းတောင်ပိုင်း ပတ္တနီပြည်နယ် က Leamnok ကျေးရွာ၌ သံဃာတော်များ ဆွမ်းခံထွက်ရာတွင် ထိုင်းစစ်သားများက လိုက်ပါစောင့်ရှောက် ပေးကြရပုံ။

======================

ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း (ခေါ်) ပိန္နဲချောင်းကျွန်းပေါ်ရှိ မာလာတော်ဓါတ် ပြုပြင်မွမ်းမံခြင်းကို အလှူရှင် ဗိုလ်မှူးစောလင်းဆောင် က ဦးဆောင်လှူဒါန်းပြီး ကမကထပြုလုပ်ရာ၊ ထို့အတွက် ရေစက်ချ အမျှပေးဝေခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၃)ရက်နေ့က ကျင်းပရာ၌ စေတီတော် အနီးတစ်ဝိုက်တွင် ဘင်္ဂါလီကုလားဦးရေမှာ စိုးရိမ်လောက်ဖွယ်များပြားနေသဖြင့် အလှူရှင်များ နှင့် အခမ်းအနားတက်ရောက်ကြသူများအား အသွားအပြန် လုံခြုံရေး အစောင့်အရှောက် အကြိုအပို့ လုပ်ဆောင်ခဲ့ရသည်။ 

စစ်တွေမြို့ ရူပရပ်နေ ဒေါ်ဒါဇံဖြူ နှင့် သားသမီးမိသားစုများက အဓိကပါဝင်လှူဒါန်းပြုပြင်မွမ်းမံကြသော ဤစေတီတော်မြတ်မှာ ကုလားဦးရေထောင်ပေါင်းများစွာရှိနေပြီဖြစ်သော ကြိမ်နီပြင် ဘင်္ဂါလီစခန်းနှင့် တစ်ပြမျှသာ ဝေးကွာသည့်အပြင်၊ ထိုနေရာနှင့် တောင်ကြောတစ်ဘက်တစ်ချက်တွင် အလားတူ ဘင်္ဂါလီ ထောင်ပေါင်းများစွာ ရောက်ရှိနေကြသော အနောက်ရွဲ ဘင်္ဂါလီစခန်းရှိနေသည်။

ယင်းနှင့်မလှမ်းမကမ်းတွင်လည်း ဆင်တက်မော်ကုလားရွာကြီးရှိနေလေရာ ဤနေရာတစ်ဝိုက်ရှိ ဒေသခံရခိုင်လူမျိုးများမှာ ယခုကဲ့သို့ အလှူအတန်းကိစ္စ တွင်သာမက နိစ္စဒူဝ ကဏန်းရှာ ငါးဖမ်း အလုပ်များကိုပါ မလုပ်နိုင်ကြသည်မှာ လပေါင်းများစွာ ရှိသွားပြီဖြစ်သည်။

ထိုကဲ့သို့ ဒေသခံများမှာ အစစအရာရာ စိုးရိမ်ကြောင့်ကြနေကြရသည့်အတွက် ပေါက်တောမြို့နယ်သားပေါင်း (၆၅၅၀) ဦး လက်မှတ်ရေးထိုးကာ ထိုဘင်္ဂါလီများအားပြောင်းရွှေ့ပေးပါရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ အသနားးခံစာတစ်စောင်ကို ပြီးခဲ့သည့် ဇွန်န၀ါရီလ (၃၁) ရက်နေ့ကပေးပို့ခဲ့သည်။ 

ဘင်္ဂါလီဆူပူမှုနှစ်ကျော့အတွင်း ဘင်္ဂါလီကုလားများ သည် မိမိတို့ လူဦးရေအသာစီးရသည့်နေရာများထံ ပြောင်းရွှေ့စုစည်းနေကြသည့် ဗျူဟာကို ကျင့်သုံးခဲ့ကြသည်။

[ ဓါတ်ပုံ နှင့် သတင်း ကို ကိုထွန်း(မညက) က Coral Arakan အတွက် ရိုက်ကူးရေးသား ပေးပို့သည်။ ]

ရုရှားနိုင်ငံမှ ခန္ဓာကိုယ်အပျော့ပျောင်းဆုံးမိန်းကလေး

ရုရှားနိုင်ငံမှ Zlata ဆိုတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပျော့ပျောင်းမှု ပြကွက်တွေဖြစ်ပါတယ် ။ အံ့သြဖွယ် ကောင်းရ လောက်အောင်ပျော့ပျောင်းတဲ့ သူမရဲ့ ပြကွက်တွေဟာ မြင်သူတကာရင်ကို ရင်သပ်အံ့သြ သွားစေပါတယ် ။

ဗဟုသုတအဖြစ်သာမျှဝေပါသည်။
... အနာဂတ်ကောင်းကင်မှလွမ်းပိုင်ရှင်၏ ပိုစ့်အားပြန်လည်မျှဝေပါသည်

ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်

ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
ယင်းသို့ ဆင်းကတ်ရောင်းမည့် အချိန်ကိုအတိအကျ ပြောဆိုသော် လည်း ပြည်သူများသိချင်နေကြသော ဆင်းကတ် ဈေးနှုန်းအတိ အကျကိုမူ ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
”ဈေးနှုန်းကိုတော့ ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ဒီထက် လည်း လျော့သွားနိုင်သလို နည်းနည်းလည်း အပြောင်းအလဲ ရှိသွားနိုင်တယ်။ ဒါကြောင့် အခုနေအခါမှာ ဈေးနှုန်းပြောလလိုက်လို့ အပြောင်းအလဲရှိသွားခဲ့ရင် ဘယ်ကောင်း မလဲ”ဟု ပြည်ထောင်စု
ဝန်ကြီးက ပြောသည်။
ပြည်သူတို့ အလွယ်တကူ ဝယ်ယူနိုင် မည့်ဈေးနှုန်းတစ်ခု ဖြစ်လိမ့် မည့်အကြောင်း ဦးစိုးသိန်းက ကတိပြုပြောသည်။ အစိုးရက ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချနေစဉ်တွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅ဝဝဝ တန်ဖုန်းများ ရောင်းချပေးမည်ဟု ပြောဆိုခဲ့ဖူးပြီး ဆက်သွယ်ရေးလုပ်ငန်း၌ အော်ပရေတာ အဖြစ်ရွေးချယ်ခံရပါက …
ဖုန်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများကို အခမဲ့ ပေးသွား မည်ဟု Red Link ကုမ္ပဏီကလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက ကြေညာခဲ့သည်။
”မူကိုက တကယ်ကျသွား အောင်ကို လုပ်ရမယ်လေ။ အခု ဟာက ဆက်သွယ်ရေးက အမှုကို တာဝန်ရှိသူတွေ စစ်ဆေးနေတော့ ဖုန်းရောင်းချမယ့် ကိစ္စကို လတ် တလော မလုပ်နိုင်သေးတာ” ဟု ဦးစိုးသိန်းက ဆက်ပြောသည်။
ဆက်သွယ်ရေးသတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က အများဝမ်းမြောက်ဝမ်းသာဖြစ် မည့် ဈေးနှုန်းတစ်ခုဖြင့် ဖုန်းများ ရောင်း ချပေးမည့်အကြောင်း ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည်။