This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, September 14, 2012

Mozilla Firefox Browser Internet Speed မြန်အောင် ပြုလုပ်နည်း


https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash4/391321_333165290110887_1064929351_n.jpgMozilla Firefox Browser Internet Speed မြန်အောင် ပြုလုပ်နည်း

ဒီနည်းလမ်းတွေကို အဆင့်တိုင်းကို သေသေချာချာ လုပ်သွားပါကFIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက် မြန်နှုန်းမြင့်လာမယ်ဆိုတာ အားမခံပါသည်...{စကာချပ်}

မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေ ဖို့ ၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။ FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။



network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့ Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUE ပြောင်းလိုက်ပါ။



network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။



network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီး တန်ဖိုးကို TRUE ပြောင်းလိုက်ပါ။



network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUE
ပြောင်းပေးပါဦး။



CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာ RIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲက NEW ကိုရွေးပြီး BOOLEAN ကိုတဆင့် ရွေးပေးပါ။ ပေါ်လာတဲ့ New boolean value pop-up window ထဲမှာ content.interrupt.parsing လို့ရိုက်ထည့်ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUE ထားပေးပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက INTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 2250000 လို့ထားလိုက်ပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက INTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ 750000 လို့ထားပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက BOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUE ထားပေးပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက INTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5 လို့ထားပေးပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက INTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menuအတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။
OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။



နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲက INTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။



အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက် စရာမြန်ဆန်နေ ခဲ့ပြီပေါ့။
— with Ko Myo, Real Laminn, Myokolwin Sai Myokolwin Sai, Grace Period, Pyi Thit Naing, Real Mggyi and Thet Naing.

သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ နမ်ဘီယား ရခိုင်အရေး ဆွေးနွေး


ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဦးဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က နေပြည်တော် သမ္မတ အိမ်တော်ခမ်းမမှာ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံကြရမှာ လာမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို သမ္မတ ဦးသိန်းစိန် တက်ရောက် မည့် ကိစ္စ အပါအ၀င် ကုလသမဂ္ဂနဲ့ မြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စနှင့် လက်ရှိ လုပ် ဆောင်နေမှုအစီအစဉ်တွေ၊ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေမှုတွေကို ဆွေးနွေးခဲ့ကြတယ် လို့ နိုင်ငံပိုင် သတင်းတွေက ဆိုပါတယ်။

ဒီအပြင် တူရကီ၊ အင်ဒိုနီးရှား၊ အမေရိကန်၊ နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကရှေ့ ပြေးအဖွဲ့ တွေ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာနိုင်ရေး မြန်မာအစိုးရဘက်က စီစဉ်ဆောင်ရွက် မှုတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

"" ဒုံးလက်နက်ဝယ်ယူရန် ရုရှားသို့ စေလွှတ် ပြီ""


ရုရှားနိုင်ငံမှ ဒုံးလက်နက်ဝယ်ယူရန်အတွက်
ကကဝယ် မှဗိုလ်ချုပ်ဇာနည်ဝင်းအား
မြန်မာ့ကာကွယ်ရေးက စေလွှတ်

ထားကြောင်း သံတမန် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဗိုလ်ချုပ်ဇာနည်ဝင်းက ကကဝယ် ကလေ။ ကာကွယ်ရေး လက်နက်ဝယ်ယူရေး
ဌာနက အကြီးအကဲပေါ့။ ဩဂတ်စ် ၂၂ ရက်တုန်းက စေလွှတ်တယ်” -
ဟု အဆိုပါ သံတမန်တဦးက ပြောပါသည်။

အဆိုပါ ဝယ်ယူမည့် ဒုံးလက်နက်များအား မည်သည့်အမျိုးအစားဝယ်ယူမည်ကို
မသိသော်ငြားလည်း (၄) လတကြိမ်ရုရှားမှသယ်ယူရန် လေယာဉ်စေလွှတ်မည်
ဖြစ်ကြောင်းလည်း ပြောပါသည်။

“အဲဒီလက်နက်တွေ ဘယ်နိုင်ငံခြားတိုင်းပြည်နဲ့ စစ်ဖြစ်မှာလဲ။ တိုင်းရင်းသားတွေကိုဘဲ
 ပစ်မှာပေါ့။


                                          ၂၀ဝ၈ ခုနှဏ်အစောပိုင်းက ရန်ကုန်လေဆိပ်
                                           ၌တွေ့ရသော MiG-29 2711 ဒုံးလေယာဉ်

အရင်တုန်း က ဗမာပြည် ကွန်မြူနစ်ပါတီကိုဘဲတိုက်ရတာ။ မော်စီတုန်းမရှိတဲ့နောက်ပိုင်း နိုင်ငံခြားထောက်ပံ့တဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ဖို့လဲမရှိ တော့ဘူးဘဲ”
- ဟု   ပြောပါသည်။

မြန်မာအစိုးရသည် ရုရှားနိုင်ငံမှ MIG ဒုံးယာဉ် ၁၄ စီးကို ဝယ်ယူခဲ့ပြီးဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန်ကလည်း  ယခုနှစ်ဧပြီလ ကရင်အမျိုးသား အစည်းအရုံး
KNU နှင့်တွေ့ဆုံဆွေးနွေးစဉ် -“ ကျနော်တို့အချင်းချင်းတွေ တိုက်ခိုက်
သတ်ဖြတ်နေကြတယ်။

ကရင်စစ်သား တစ်ယောက်သေတာ ကိုယ့်နိုင်ငံသားတစ်ယောက်ဆုံးရှုံးတာဘဲ၊
ဗမာစစ်သား တစ်ယောက်သေတာ ကိုယ်နိုင်ငံသားတစ်ယောက် ဆုံးရှုံး ရသ လိုဘဲ၊
အလားတူဘဲ သျှမ်းလည်းဒီအတိုင်းဘဲ၊ ကချင်လည်း ဒီအတိုင်းဘဲ၊မွန်လည်း
 ဒီအတိုင်းဘဲ။

 ပြောကြစတမ်းဆိုရင်တော့ ဒီဆုံးရှုံးတာတွေက အမှန်တော့ နိုင်ငံအတွက်ဆုံးရှုံးတာဘဲ။ ဒီဆုံးရှုံးမှုတွေကို ပြန်ပြီးတော့ ကျနော်တို့ နောင်တရဖို့ ကောင်းပြီ” ဟုပြောကြားခဲ့သည်။

သို့သော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည်  စစ်တပ်အပေါ်
 ညွှန်ကြားခွင့်မရှိ ၊ အရေးအကြောင်းရှိပါက စစ်တပ်နှင့် ကာလုံဟုအများက သိကြသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌သာတင်ပြညှိနှိုင်းပိုင်ခွင့်ရှိသည်ဟု ဥပဒေကျွမ်းကျင်သူများကဆိုပါသည်။

မြန်မာ့တပ်မတော်တွင် ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး (ကကဒုံး)လက်အောက်ခံ ဒုံးတပ်ရင်း
 ၁၀ ရင်း ရှိရာ သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ တွင် တရင်းနှင့် သျှမ်းပြည်အရှေ့ပိုင်း
ကျိုင်းတုံတွင် တပ်ရင်းတရင်းရှိ သည်ဟု NDD မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသော စာအုပ်တွင်ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှကူယူးဖော်ပြသည်။

ရွှေမြန်မာ

သံအမတ် သေဆုံးမှုအတွက် တရားမျှတမှု ပြန်လည်ရယူမည်ဟု အိုဘားမားပြောကြား



လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။

လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။ အစ္စလာမ် အစွန်းရောက် တိုက်ခိုက်ရေး သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗန်စ်နှင့် အခြားသော အမေရိကန်နိုင်ငံသား သံရုံးဝန်ထမ်း(၃)ဦးတို့သည် ခုခံနိုင်စွမ်း လျော့နည်းသည့် ဘန်ဂါဇီမြို့ရှိ ကောင်စစ်ဝန်ရုံးတွင်ရှိနေစဉ် အင်္ဂါနေ့ည ပစ်ခတ်မှုများအတွင်း သေဆုံးသွားခဲ့သည်။ အဆိုပါ သေနတ်သမားများက အမေရိကန်တွင် ပရောဖက် မိုဟာမက်ကို စော်ကားသည့် ရုပ်ရှင်ဇာတ်ကားတစ်ခု ရိုက်ကူးမှုကြောင့် ယခုလို တုံ့ပြန်ခြင်းဟု ကြေညာထားခဲ့သည်။

ဘန်ဟာဇီတွင် ဖြစ်ပွားသော အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ယခုအခါ အိုဘားမားက "အမေရိကန် ပြည်ထောင်စုဟာ ခုလို တုန်လှုပ်စရာ တိုက်ခိုက်မှုမျိုးအတွက် အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ ဒါဟာ လစ်ဗျားအစိုးရသစ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးကို အများကြီး ထိခိုက်စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လစ်ဗျားအစိုးရသစ်နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့သူတွေဆီက တရားမျှတမှုကို ပြန်ယူပါမယ်"ဟု ပြောကြားလိုက်သည်။ လစ်ဗျားခေါင်းဆောင် မိုဟာမက် မာဂရစ်ဖ်သည် ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကန် အစိုးရထံ တောင်းပန်မှု ပြုလုပ်ထားကြောင်းလည်း သိရသည်။

အသက်(၅၂)နှစ်ရှိ သံအမတ်သည် အာဖဂန်နစ္စတန်တွင် (၁၉၇၉)ခုနှစ်က တိုက်ခိုက်မှုအတွင်း အဒေါ့ဖ်ဒက်ဘ်စ် သေဆုံးမှုနောက်ပိုင်း ပထမဆုံး သတ်ဖြတ်ခံရသည့် အမေရိကန် သံအမတ်လည်း ဖြစ်လာသည်။ ယခုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် အမေရိကန် စစ်တပ်သည် ရေတပ်မှ ဖျက်သင်္ဘော (၂)စင်းကို လစ်ဗျားကမ်းခြေသို့ ချက်ချင်း စေလွှတ်လိုက်သည်။ ထို့အပြင် လိုအပ်ပါက ရေတပ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးကွန်မန်ဒိုများကို စေလွှတ်ရန် တပ်လှန့်မှုလည်း ပြုလုပ်ထားကြောင်း သိရှိရသည်။

Source: Reuters
Copy from - New MyanmarFoundation

KIA နှင့် လွယ်ဂျယ်အနီး တိုက်ပွဲတွင် အစိုးရတပ် ၂၆ ဦးကျ


Photo: KIA Masat (3) Dap Ba Ginra, Pang Shan 
=========================
Kaw Myen Hte KIA Gasat Poi Byin.
=====================
2012 ning September (12) ya shani, KIA 
Masat (3) Dap Ba ginra, Byeng Wai lawu 
na Pang Shan mare kaw, Myen Hpyen 
Dap, Dap Nu (88) na hpyen hpung ni hte 
KIA Masat (3) Dap Ba kata na hpyen 
hpung ni gasat poi byin ai lam chye lu ai. 
Gasat poi byin ai shara hta hpyen lahkawng 
maga si, hkala ai lam hpe hkrak n chye lu ai.

Man Maw kaw nna lung wa ai, Myen Hpyen 
Dap, hpyen hpung ni hte hpyen Mawdaw (6),
 Sang Gang de htu lung wa ai hpe KIA Masat 
(15) Dap Dung na hpyen hpung ni (11-9-2012) 
ya shani hkying (11:15)am aten daram hta 
Wa Wang hte Kum Bang kaw hkap gasat ai 
hta Myen Dap maga na marai (4) hkala ai 
lam chye lu ai.
(source-kachinnet)

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) နယ်မြေတွင် မြန်မာ အစိုးရတပ်ဖွဲ့နှင့် ယမန်နေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဘက် ၂၆ ဦး သေဆုံးခဲ့ကြောင်း KIA ကပြောသည်။
KIA တပ်မဟာ (၃) နယ်မြေ ဗန်းမော်-လွယ်ဂျယ် သွားလမ်းရှိ ပန်ရှန်ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၂ ရက် ယမန်နေ့ မနက် ၆ နာရီမှ နာရီဝက်ကြာ အစိုးရစစ်တပ် ခလရ (၂၃၇) တပ်ဖွဲ့နှင့် KIA တပ်ရင်း (၁) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် ကျဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KIA အရာရှိများ ပြောသည်။
ထိုသို့ တိုက်ပွဲ ဖြစ်ပွားသည် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ဖြစ်ပွားချိန် KIA ဘက်မှ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ရာ အစိုးရဘက်မှ ၂၆ ဦးသေဆုံးပြီး တပ်ရင်းမှူး ဒဏ်ရာ ရခဲ့ကြောင်း KIA အရာရှိတစ်ဦး ပြောသည်။
ထို့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း ဖားကန့်ေ ကျာက်စိမ်းမှော် ဒေသရှိ မှော်ဝမ်းကလေးတွင် ညနေ ၆ နာရီမှ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း ဖားကန့် ဒေသခံများ ပြောသည်။
ထို့အတူ တချိန်ထဲတွင် ဖားကန့်ဒေသ ဆွတ်ငိုင်ကောင် (Sut Ngai Kawng) ကျောက်စိမ်းမှော်တွင် အစိုးရ စစ်တပ်ဖွဲ့နှင့် KIA ကြား ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောသည်။
 
ဆက်လက်၍ ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေး တပ်များ အခြေစိုက်ရာ နေရာများတွင် အစိုးရတပ်များ ထိုးစစ်ဆင် ၀င်ရောက်လာဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

လက်နက်ချ စိုင်းနော်ခမ်းတပည့် ပြည်တော်ပြန်မရောက် မိသားစုဝင်များစိတ်ပူ


သျှမ်းသံတော်ဆင့်

တရုတ်အစိုးရလက်သို့ ယာယီလွှဲအပ်ခြင်းခံရသည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒု လက်ထောက် စိုင်းအောင်မြတ် သည် သတ်မှတ်ရက်ကျော်လွန်၍ ပြည်တော်ပြန်မရောက်သေးသည့်အပေါ် မိသားစုဝင်များက စိုးရိမ်နေကြောင်း နီးစပ်သည့်အသိုင်းအ ဝိုင်း ကပြောပါသည်။

“စိုင်းနော်ခမ်းကို တရုတ်လက်ထဲလွှဲပေးတုန်းကလိုမျိုး တရားဝင်မဟုတ်ဘူး။ လူသိရှင်ကြား မဟုတ် ဘူးလေ။ အောက်လမ်းကနေဘဲ သိုသို သိပ်သိပ် ပို့လိုက်တယ်ဆိုတော့ စိုင်းနော်ခမ်းနဲ့အတူတူ ပြစ်ဒဏ်ချခံ ရပြီလားဆိုတာ မိသားစုက စိတ်ပူနေတာ။ ပြောတုန်းက ၇ ရက် တပတ်ဘဲ ယူသွားမယ်ဆိုတော့လေ။ အခု လဝက်ကျော်နေပြီ ပြန်မရောက်သေးဘူး” မိသားစုနှင့်နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

စိုင်းအောင်မြတ်အား ဩဂတ်စ်လ ၂၈ မနက် ၄ နာရီက ကျိုင်းတုံထောင်မှ ထုတ်ကာ ကျိုင်းတုံ-မိုင်းလား လမ်းမှ တဆင့် တရုတ်နယ်စပ်သို့ပို့ဆောင်ကြောင်း၊ ၎င်းနှင့်အတူ ကျိုင်းတုံမှ အဆင့်မြင့်မူးယစ်အရာရှိ ၂ ဦးလည်း လိုက် ပါသွားရာ စိုင်းနော်ခမ်းအမှုစစ်ဆေးရာ၌ နိုင်ငံတော်သက်အဖြစ် ခေတ္တခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း မိသားစုများအား ကျိုင်းတုံ အာဏာပိုင်အချို့က ပြောကြားခဲ့ဖူးသော်လည်း ယခုထက်ထိ ပြန်လာမည့်သတင်းမရ သောကြောင့် စိတ်ပူနေမိကြောင်း အဆိုပါ နီးစပ်သူက ဆက်လက် ပြောပြသည်။

“အသွားတုန်းကလည်း တာ့ပင်းတံတားကူးပြီးတာနဲ့ ခြေချင်း၊ လက်ထိပ်ခတ်၊ ခေါင်းကိုအိတ်နဲ့စွပ်ပြီး ကားတင် သွားတယ်။ တခြားလူမပြောနဲ့ စိုင်းအောင်မြတ်ကိုတရုတ်အာဏာပိုင်တွေ လာကြိုတဲ့ အကြောင်း မိုင်းလား အာ ဏာပိုင်တွေတောင်မသိဘူး ဆိုဘဲ။ မြန်မာအာဏာပိုင်တွေဘက်က အသိ မပေးဘူးတဲ့။ အဲလိုမျိုး လျှို့လျှို့ဝှက်ဝှက်နဲ့ဆိုတော့ စိုင်းနော်ခမ်းနဲ့အတူတူ သေဒဏ်ချဖွယ် ခံရပြီလား - ဆိုပြီးတော့ပေါ့ မိသားစု ဝင် တွေ ဆွေမျိုးသားချင်းတွေက စိတ်ပူနေကြတယ်လေ။ ခုထိ ဘာသတင်းမှ မကြားရသေးဘူးလေ” - ဟု နယ်စပ် ရောက် အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

လောဝ် (လာအို)နိုင်ငံ၌ စိုင်းနော်ခမ်းအဖမ်းခံရပြီး ရက်ပိုင်းအတွင်း ၎င်း၏ လက်ထောက်တဦးဖြစ်သော စိုင်းအောင်မြတ်သည် နောက်လိုက်အင်အား ၂၀ ခန့်အားဦးဆောင်၌ တာချီလိတ်ရှိ မြန်မာ အာဏာပိုင်များထံ လက်နက်ချခဲ့သည်။ ၎င်း၏နောက်လိုက်များအား စစ်ဆေးပြီး ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း စိုင်းအောင်မြတ်ကိုမူ ဆက်လက်စစ်ဆေးရန်အတွက်ဟု စရဖ တို့ ထိန်းသိမ်းထားရာမှ တရုတ်အစိုးရလက်ထဲ လွဲပြောင်း ပေးခဲ့ရသည့်အခြေအနေအထိ ဖြစ်ခဲ့သည်။ တရုတ်ထံမလွဲအပ်ပေးမီ စိုင်းအောင်မြတ်အား လွှတ်ပေး ရန် နေပြည်တော်မှ အမိန့်ချလာပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကပြောသည်။ ယနေ့တိုင် စိုင်းအောင်မြတ်မှာ လွတ်မြောက်ခြင်းမရှိသေး ဘဲ မည်သို့ ပြစ်ဒဏ်ချခံရမည်ကိုလည်း မသိရသေးပေ။

စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ယောက် စုစုပေါင်း ၄ ယောက်အား စက်တင်ဘာလအတွင်းအမှုစစ်ဆေးမည်ဟု တရုတ်မီဒီယာများက သတင်းထုတ်ပြန်ခဲ့ သော်လည်း နောက်ဆက်တွဲရုံးတင်စစ်ဆေးခံရသည့်သတင်း ဆက် လက်ထုတ်ပြန်ခြင်း မရှိသေးပေ။

မြန်မာပြည်အတွက် ဂြိုလ်တု လွှတ်တင်နိုင်တော့မယ်



မြန်မာနိုင်ငံအတွက် သတင်းကဏ္ဍ၊
ဆက်သွယ်ရေး ဆိုင်ရာတွေနဲ့ တခြား
ကဏ္ဍတွေအတွက် ဂျပန်အကူအညီ
ယူပြီး ဂြိုလ်တု လွှတ်တင်ရေး အစီအစဉ်
ရှိနေပါပြီ။


ဂြိုလ်တုလွှတ်တင်ရေး ပြင်ဆင်တဲ့ အနေနဲ့ လာမယ့် အောက်တိုဘာလ ဒုတိယပတ်မှာ
အလုပ်ရုံ ဆွေးနွေးပွဲ တခု ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး ကျင်းပဖို့ ရှိတယ်လို့ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

ဂျပန်အခြေစိုက် Marubeni Aerospace Corporation မန်နေဂျင်း ဒါရိုက်တာ
 Hiroshi Ikuno နဲ့ မြန်မာ အစိုးရ ပို့ဆောင် ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်တို့ဟာ
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ဆွေးနွေးခဲ့ကြတာ ကို မြန်မာ့အလင်း သတင်းစာ
က ဆိုထားပါတယ်။

ဂျပန်အစိုးရက သစ်တောထိမ်းသိမ်းရေး၊ စိုက်ပျိုးရေး၊ အဏ္ဏ၀ါဗေဒ၊ ရာသီဥတု စတဲ့
ကဏ္ဍတွေအတွက် မြန်မာ ကို အကူ အညီပေးရေးဆိုင်ရာ အသေးစား မြေကမ္ဘာလေ့
လာရေး ဂြိုလ်တု လွှတ်တင်ရေးနဲ့ပတ်သက်ပြီး အမြင်တွေဖလှယ်ဖို့ အလုပ် ရုံ ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်တဲ့။

ဒီအပြင် ဂျပန်က အာကာသ သိပ္ပံဆိုင်ရာ နည်းပညာတွေ လေ့လာသင်ယူဖို့လည်းသူတို့
တက္ကသိုလ်တွေကနေ တဆင့် အကူအညီပေးအုံးမှာဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေအရတော့ ဂြိုလ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး မြန်မာအနေနဲ့
အဖွဲ့ဝင် ၅ ဦးပါတဲ့ ဗဟိုကော်မတီ တခုဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၇ ဦးပါတဲ့
လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

ဂျပန်နိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလာတုန်းက မြန်မာ့ဒီမိုကရေစီအရေး အားပေးတဲ့အနေနဲ့
 မြန်မာနိုင်ငံက ပေးဖို့ ရှိတဲ့ အကြွေး ဂျပန် ယန်းငွေ ဘီလျံ ၃၀၀ (အမေရိကန်ဒေါ်လာ
 ၃.၆၈ ဘီလျံ) ကိုလည်း လျှော်ပေးဖို့ ဆုံးဖြတ်ခဲ့ ပါသေးတယ်။

(ဧရာဝတီ)

၎ ရက်ခိုးတာတန် ၃၀၀ Thieves run away


၎ ရက်ခိုးတာတန် ၃၀၀

 

မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီမှ မြန်မာဝမ်ပေါင်ကုမ္ပဏီသို့ လုပ်ငန်းလွှဲပြောင်းချိန် ကြေးနီမသမာမှု သက်ဆိုင်ရာက အရေးယူ

မုံရွာ၊ စက်တင်ဘာ-၂

ကြေးစင်တောင်နှင့် စံပယ်တောင်ကြေးနီစီမံကိန်းနယ်မြေအတွင်း ကြေးနီတန်ချိန် သုံးရာကျော် (၃၃၈ ဒသ မ ၉၃၂ တန်)အား မသမာသော နည်းဖြင့် ဆောင်ရွက်သူများအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ကြေးနီမသမာမှုဥပဒေပုဒ်မ (၆-၁) အရ အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

“ကြေးနီမသမာမှုအနေနဲ့ ဥ ပဒေပုဒ်မ (၆-၁)နဲ့ အမှုဖွင့်ထားတယ်။ ဒီအမှုမှာ အာမခံပေးလို့ မရဘူး။ ကြေးနီမသမာမှုမှာ ပါဝင်သူနှစ်ဦးကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ကျန်နှစ်ဦးက ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဒီအမှုမှာတရားလိုအဖြစ် သတ္တုတွင်းဝန်ကြီးဌာနက ဦးဖေသိန်းက တိုင်
ကြားခဲ့တာပါ”ဟု ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီသည် ၁၉၉၈ ခုနှစ်တွင် ME (1) အမှတ်(၁) ကြေးနီသတ္တုတွင်းလုပ်ငန်း၊ သတ္တုတွင်းဝန်ကြီးဌာနနှင့်ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့သည်။ မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီသည် ၂၀၁၀ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက်တွင် လုပ်ငန်းရပ်ဆိုင်း ညွှန်ကြားခဲ့သော်လည်း အထွေထွေမန်နေဂျာ၊ အတွင်းရေးမှူး၊ စက်ရုံမှူး ဦးအောင်လောဟာ၊ ကြေးနီပို့ဆောင်ရေးတာဝန်ခံ ဦးကျော်ဆွေတို့သည် ၂၀၁၁ ခုနှစ်ဇန်န၀ါရီ ၁ ရက်မှ ၄ ရက်အထိစက်ရုံလည်ပတ်ခဲ့ရာ အရည်အသွေးမီ ကတ်သုတ်ကြေးနီ ၃၃၈ တန်ကျော်အား ထုတ်လုပ်ရရှိခဲ့
ကြောင်း သိရသည်။ ထို့ကြောင့်ကြေးနီမသမာမှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်းက ဖြစ်ပေါ် ခဲ့တဲ့အမှုပါ။ မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ အလွှဲအပြောင်း အချိန်မှာ ကြေးနီမသမာမှုဖြစ်ခဲ့တာပါ”ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီနှင့် မြန်မာ ၀မ်ပေါင်ကုမ္ပဏီ လွှဲပြောင်းချိန် ကာလများအတွင်းကြေးနီ မသမာမှုအား စစ်ဆေးအရေးယူပေးနိုင်ရန် ကြေးစင်တောင် ကြေးနီတူးဖော်ရေးလုပ် ငန်းမှ ၀န်ထမ်း ၄၆ ဦးက ပထမအကြိမ်အဖြစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် တစ်ကြိမ်၊ ဒုတိယအကြိမ်အဖြစ် ကြေးနီဝန်ထမ်း ၄၆ ဦးက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် တစ်ကြိမ်၊ တတိယအကြိမ်မြောက်အဖြစ် ကြေးနီဝန်ထမ်း ၄၃၈ ဦးက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်တွင် တစ်ကြိမ် စုပေါင်းလက်မှတ်ရေးထိုး၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အရည်အသွေးမီ ကြေးနီအလွဲသုံးစား ပြုလုပ်သောသူများအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ (၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ် ရေးအက်ဥပဒေ ၆(၁)အရ) စက်ရုံမှူး ဦးအောင်လောဟာနှင့် ကြေးနီပို့ဆောင်ရေးတာဝန်ခံဦးကျော်ဆွေတို့အား သြဂုတ်လ ၂၉ ရက်တွင် အမှုဖွင့်စစ် ဆေးအရေးယူခဲ့ပြီး ကျန်ရှိနေသေးသော ကြေးနီစက်ရုံအထွေထွေမန်နေဂျာနှင့် အတွင်းရေးမှူးအား ဆက်လက်စစ်ဆေးအရေးယူနိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရသည်။

အရပ်အမြင့်ဆုံး ထိုင်းအမျိုးသမီး


~



ထိုင်းနိုင်ငံက အမျိုးသမီးငယ်တဦးက အရပ် ၆ ပေ ၁၀ လက်မ ရှိပါတယ်။

ဒီလို အရပ် အင်မတန်မြင့်ပြီး ကြီးထွားလာတာဟာ ဦးနှောက်မှာ နာ့ဗ်ကြောတခုကို ဖိမိနေတဲ့ အကြိတ်ကြောင့် ဟိုမုန်းမညီမျှမှုကနေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

ဆရာဝန်တွေက သူ ဆက်လက် ကြီးထွားမလာအောင် ထိုးဆေးနဲ့ ကုသမှုပေးတယ်၊ ကုန်ကျစရိတ်ကတော့ ကြောက်စရာပါပဲ တဲ့။
သုံးလတကြိမ် ဆေးထိုးတိုင်း ဒေါ်လာ သုံးထောင်ဝန်းကျင် ကုန်ကျတယ်လို့ ဆိုတယ်။

ကိုယ်ခန္ဓာကြီးထွားတဲ့အတွက် ထိုင်ရာက ထရင် တခါတလေ အကူအညီလိုတယ်လို့ ဆိုပါတယ်။


အင်္ဂါနေ့က အွန်လိုင်းရောက်လာတဲ့ ပုံတပုံမှာတော့ သူ့ကို မွန်တိုင်းရင်းသူဝတ်စုံနဲ့ တွေ့ရပါတယ်။
ပုံကို https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinIMgdSFt7Th7U6gfaEkDX4OsdTq5p9KA6753_t49nrXxYPWetIeY2bKs1Z2RWD0wEegqhWlUWedjLsT_UO1K5V0QW2AGZdiK79Ug9HGlHZAPianTWKoUSAgPUbtnyb5lfKnI_BEqAsuq6/s1600/C000542.jpg
မှာ ကြည့်ပါ။ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်က မွန်တိုင်းရင်းသားဒေသမှာ ရိုက်ကူးထားတဲ့ပုံလို့ သိရပါတယ်။

တခြားနိုင်ငံတွေမှာလည်း ဒီလို အဆမတန် အရပ်မြင့်သူတွေ ရှိနေပါတယ်။

www.tallwomen.org
www.oddee.com
www.nairaland.com
http://toptenplus.com/top-10-tallest-women-in-the-world တို့မှာ တွေ့ရတဲ့ ဓာတ်ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။
























ဒီလိုအိပ်ယာမွေ.နဲ.အိပ်မလားဟင်.(Creative bedtoppings )တွေပါ

ဒီလိုအိပ်ယာမွေ.နဲ.အိပ်မလားဟင်.



Hi, every body  i found  it from my QQ page ,so  Share with you  , hope you will like it.Bye Bye.

လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။



လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။

တားနေကြတဲ့သူတွေရော၊ ဖြန်ဖြေပါတယ်လို့  ပြောနေသူတွေရော၊ အရေးမယူပါဖူးလို့  ပြောနေကြသူတွေရော လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။ တောင်သူလယ်သမားတွေကို မတရားလုပ်တာ ရပ်တန့် ပါ။သိန်းစိန်တို့ နဲ့ တရုတ်အစိုးရ အတူလုပ်ထားတဲ့ စီမံကိန်းမို့ လို့ ဆိုပြီး တောင်သူလယ်သမားတွေရဲ့ တစ်နေ့ ဆို တစ်နေ့  တစ်နာရီဆို တစ်နာရီ ဘ၀တွေ ဒုက္ခရောက်နေတာမို့  အချိန်ဆွဲပြီး စောင့်ဆိုင်းနေရမယ့် ကိစ္စ မဟုတ်ပါဖူး။ ထို့ အတူ ဆုံးရှုံးနစ်နာမှုတွေအတွက် မတရားခံရမှုတွေအတွက် ဆန္ဒပြတောင်းဆိုတာဟာ ပြဿနာဖန်တီးတာလည်း မဟုတ်သလို၊ ၀ိုင်းဝန်းပံ့ပိုးကြတဲ့ ကိုယ်ချင်းစာတရားနဲ့  ဖေးမကူညီကြတဲ့ လက်တွဲပူးပေါင်းပေးကြတဲ့သူတွေဟာ ဘေးပယောဂ ဖန်တီးသူတွေ မဟုတ်ကြပါ။ ဆူပူသောင်းကျန်းသူတွေလည်း မဟုတ်ကြပါ။

အမှန်တရားအတွက် ဆောင်ရွက်တယ်ဆိုရင် မှန်တာလုပ်သူတွေဘက် ခိုင်ခိုင်မာမာ ရပ်တည်ပေးပါ၊ မမှန်တာလုပ်သူတွေကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်ပြောဆိုရဲပါစေ။ အမှန်တရားအတွက် ပြောဆိုဆောင်ရွက်နေကြသူတွေဘက်ကိုလည်း အပြစ်မြင်၊ မမှန်ကန်စွာ မတရားဆောင်ရွက်နေကြသူတွေဘက်ကို ဖေးဖေးမမ ပြောဆိုနေတာတွေဆိုရင် ပုံစံမကျပါဖူး။

ဒီအတွက် လက်တွေ့ ပြကြပါ။ တားနေကြတဲ့သူတွေရော၊ ဖြန်ဖြေပါတယ်လို့  ပြောနေသူတွေရော၊ အရေးမယူပါဖူးလို့  ပြောနေကြသူတွေရော လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။ တောင်သူလယ်သမားတွေကို မတရားလုပ်တာ ရပ်တန့် ပါ။

သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု


မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင်သွားရောက်ဖို့ ရှိပါ တယ်။ တရုတ် နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-တရုတ် နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ဖို့ရှိသလို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။သမ္မတဦးသိန်းစိန်ဟာ စက်တင်ဘာလအတွင်း ပြည်ပခရီးစဉ်နှစ်ခု သွားရောက်ဖို့ ရှိနေတာမှာ ပထမ ခရီးစဉ် ဖြစ်တဲ့ တရုတ်နိုင်ငံကို အခုလ ၁၈ ရက်နေ့မှာ ရောက်ဖို့ရှိတဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“အကြမ်းဖျင်းကတော့ နန်နင်းကုန်စည်ပြပွဲကိုသွားမယ်။ ASEAN-China ကိုသွားရင်းနဲ့ တချို့   နေရာတွေသွားမယ်။ ၁၈ ရက် နေ့လောက် ထွက်မယ်။”

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပမယ့် ကိုးကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ ကို တက်ရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံမှာ သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ သူသမ္မတဖြစ်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ပြီးခဲ့တဲ့နှစ် မေလတုန်းက တကြိမ် သွားရောက် လည်ပတ်ပြီး ဖြစ်တာကြောင့် ဒါဟာ သမ္မတအနေနဲ့ တရုတ်နိုင်ငံကို ဒုတိယ အကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံကို ခဏပြန်လာပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

“အကြမ်းဖျင်းကတော့ ၂၇ ကျရင် UN မှာ မိန့်ခွန်းပြောမယ်ဆိုတာလောက်ပဲ သိသေးတယ်။ မနက်ဖြန်ကျမှ UN ကိုယ်စားလှယ် မစ္စတာ နမ်ဘီယားနဲ့ တွေ့မှာ။ အဲဒီကျမှ final schedule လုပ်မှာ။ မနက်ဖြန်မှာ တွေ့မယ်။”

သမ္မတအနေနဲ့ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၂၃ ရက်နေ့လောက်မှာ အမေရိကန်ခရီးစဉ်ကို စတင်မယ်လို့ သိရပြီး ဒီခရီးစဉ်ဟာလည်း ပျမ်းမျှအားဖြင့် သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတရဲ့ခရီးစဉ် အသေးစိတ်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar နဲ့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံပြီးတော့မှပဲ သိရမှာဖြစ်တဲ့အတွက် မစ္စတာနမ်ဘီယားနဲ့ တွေ့ဆုံပြီးမှပဲ သမ္မတရုံးက အသေးစိတ်ကို ထုတ်ပြန် မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာအစိုးရက အမည်မည်းစာရင်းထဲပါနေသူ ခြောက်ထောင်ကျော်ထဲက နှစ်ထောင်ကျော်ရဲ့ အမည် စာရင်းကို သြဂုတ်လ ၂၈ ရက်နေ့က ပယ်ဖျက်ပေးပြီး မရှေးမနှောင်းမှာပဲ အမေရိကန် ပြည်ထောင်စု ကလည်း သမ္မတ ဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တချို့အပေါ် တဦး ချင်းစီအလိုက် ပိတ်ဆို့ အရေးယူထားတာနဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက် တချို့ကို လျှော့ချပေး လိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

အခုလို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ကာလမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို ပြသလိုတဲ့အတွက်ကြောင့် သမ္မတဦးသိန်းစိန်အပေါ် ဗီဇာကန့်သတ်ချက်ကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နည်းတူပဲ မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမေရိကန် နိုင်ငံကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာဖို့ ရှိနေတာ ပါ။ ဒေါ်အောင်ဆန်းစု ကြည်ဟာ အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က ချီးမြှင့်ထားတဲ့ Congressional Gold Medal Award ခေါ် ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ကိုယ်တိုင် လက်ခံရယူမှာဖြစ်သလို လွှတ်တော်မှာလည်း စကားပြော မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်နိုင်ငံမှာ ရှိနေစဉ်အတွင်း နယူးယောက်၊ ၀ါရှင်တန်၊ ကယ်လီဖိုးနီးယားနဲ့ အင်ဒီယားနားပြည်နယ်တွေမှာ ရှိနေကြတဲ့ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင် နှစ်ယောက်ဖြစ်ကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန်နိုင်ငံကို တပြိုင်တည်း ရောက်နေတဲ့အချိန်မှာ အမေရိကန်သမ္မတ Barak Obama အနေနဲ့ ဒီ ခေါင်းဆောင် နှစ်ယောက်စလုံးနဲ့ တွေ့ဆုံသင့်တဲ့အကြောင်း CSIS လို့ခေါ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနက အကြံပြုချက် ထုတ်ပြန်ထားပါတယ်။

ဒီ CSIS အဖွဲ့ဟာ မြန်မာအစိုးရက လက်ရှိပြုလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း သွားရောက်လေ့လာခဲ့ကြပြီး အမေရိကန်အစိုးရကို မူဝါဒဆိုင်ရာ အကြံပြုချက်တွေ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းဖို့ ၂၆ ရွာ ဆန္ဒပြတောင်းဆို


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြနေကြသူများ ( ၀၉/၁၂/၁၂။)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြမှုတွေကို ဆက်တိုက်ဆောင်ရွက်နေတဲ့ ရွာပေါင်း ၂၆ ရွာက ရာနဲ့ ချီတဲ့ ဒေသခံတွေဟာ ဆယ်တဲရွာမှာ လူထုအစည်းအဝေးပွဲလုပ်ပြီးတော့ ရွာသားတွေအနေနဲ့ နစ် နာကြေးကို မလိုချင်တဲ့အကြောင်း၊ စီမံကိန်းရပ်တန့်ဖို့ကိုပဲ လိုလားကြောင်းကို သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီကြေးနီတောင် စီမံကိန်းကြောင့်မို့လို့ လယ်မြေဆုံးရှုံးမှုတွေ၊ ရွာတွေ ပြောင်းရွှေ့ခံရတာတွေ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတာတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဖြစ်ရတာကို မကျေနပ်ကြတဲ့ ဒေသခံတွေက ဆန္ဒပြ တောင်းဆိုနေကြတာပါ။အာဏာပိုင်တွေဘက်က ဆန္ဒပြသူတချို့ကို ဖမ်းဆီးခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခြေအနေတွေက ပိုပြီး တင်းမာလာသလိုပဲ ဆန္ဒပြမှုတွေကလည်း တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာနေတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ၆ ကြိမ်မြောက် လူထု အစည်းဝေးပွဲ ကို ဆည်တဲရွာမှာ ပြုလုပ်ခဲ့ရာမှာ ရွာပေါင်း ၂၆ ရွာကို ကိုယ်စားပြုတဲ့ ရွာသား ၃၀၀ ကျော်တက်ခဲ့ပြီး ကြားဝင် ဆောင်ရွက်ပေးသူတွေအနေနဲ့ လက်ပန်းတောင်းတောင် စီမံကိန်းတခုလုံး ရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင် ပြောပြ တာက

“လက်ပန်းတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေး ကော်မီတီ ဆိုတာကို ဖွဲ့စည်းထား ပါတယ်။ ကော်မီတီက ခြောက်ကြိမ်မြောက် အစည်းအဝေးကို ဒီနေ့ နေ့လည်မှာ ကျင်းပ ခဲ့ပြီးတော့ ပြည်သူတွေက သဘောတူညီချက် တစ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရေးသာ အလိုရှိကြောင်းနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စတင်တဲ့ အချိန်က စပြီးတော့ နစ်နာမှုအမျိုးမျိုး၊ ဖမ်းဆီးမှု အမျိုးမျိုးကို ကုမ္ပဏီက တာဝန်ယူ ဖြေရှင်းပေးရမယ်ဆိုတဲ့ တောင်းဆိုချက် နှစ်ချက်ကိုပဲ သူတို့လက်ခံတယ်ဆိုတဲ့အကြောင်း သူတို့ ပြောပါတယ်။

မြေယာလျှော်ကြေးတွေ ဘယ်လောက်ရရ၊ ရွာတွေကို ဘယ်လိုပဲလုပ်လုပ် သူတို့ ဒါတွေကို မလိုချင် ဘူး။ သူတို့မြေ၊ သူတို့ရွာမှာ ထာဝရနေပြီး ထာဝရလုပ်ကိုင်ချင်တယ်။ အဓိကအကျဆုံးကတော့ လက်ပန်း တောင်း ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးကိုသာ သူတို့အလိုရှိကြောင်းကို ကျေးရွာပေါင်း ၂၆ ရွာက ရွာသားပေါင်း ၃၀၀ ကျော်နဲ့ ထောက်ခံပြီးတော့ အတည်ပြုထားပါတယ်။”

ဆည်တဲရွာက ဒေသခံရွာသားတဦးကတော့ မိရိုးဖလာ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေ ဆုံးရှုံးမှာ၊ ချင်းတွင်းမြစ်ရေ ညစ်ညမ်းမှာ ဒေသခံအားလုံးက သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီး တာ၊ သားစဉ် မြေးဆက် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲမှာကို မလိုလားကြောင်း၊ ဒီအတွက် နစ် နာကြေး ယူတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျနော်ကတော့ ဆည်တဲရွာက မိုးဇော်ထွန်းဖြစ်ပါတယ်။ အခု ကျနော်တို့ မြေသိမ်းတိုက်ပွဲဆိုပြီး ဆန္ဒပြနေတဲ့ ရွာဖျက်ခံရတဲ့ တောင်သူတွေက အခုဆိုရင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက်ကိုပဲ လိုလားပါတယ်။ ဒီဥစ္စကို ဝန်ကြီးတွေနဲ့ သွားညှိနှိုင်းမယ်ဆိုတဲ့ အဖွဲ့ အစည်းအသီးသီးကလည်းပဲ တွေ့ဆုံညှိနှိုင်းဖို့ကို သူတို့က စိတ်ဆန္ဒပြင်းပျနေတယ်ဆိုပေမဲ့လည်း ကျနော်တို့ကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းရေးအတွက်ပဲ ညှိနှိုင်းပါလို့ပဲ ကျနော်တို့က ပြောချင်ပါတယ်။ ကျနော်တို့က မြေယာလျော်ကြးတွေ မလိုချင်ဘူး၊ သူတို့ပေးမယ့် လျော်ကြးတွေက တနပ်စားပဲဖြစ်တယ်၊

ကျနော်တို့မှာ သားသမီးတွေရှိတယ်။ သားသမီးတွေရဲ့ ဘဝရှေ့ရေးက ဒီ မြေတွေ၊ ယာတွေ ရှိမှဖြစ်မှာပါ။ အဲဒါကြောင့် ကျနော်တို့က ဒီ လတ်တလောပေးတဲ့ လျော်ကြေးကို မလိုချင်ဘူး။ ပြီးတော့လည်း ဒီစီမံကိန်းကြီးကြောင့် ဖြစ်ပေါ် လာမယ့် ဆိုးကျိုးတွေက မုံရွာမြို့ကြီးမှာ ထိခိုက်လာမှာ ဖြစ်ပါတယ်။ လျော်ကြေးကို ညှိနှိုင်းပေး မယ်၊ တောင်းဆိုပေးမယ်ဆိုတာကို လုံးဝ လက်မခံပါဘူး။

တောင်းဆိုချင်တာကတော့ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက်ပါပဲ။ ဒါမှလည်း နောင်လာနောက်သားတွေက ဒီရွာမှာ သူတို့ လုပ်ကိုင်စားသောက်နိုင်မှာ ဖြစ်ပါတယ်။ အခု ကျနော်တို့က လျော်ကြေးယူလိုက်မယ်ဆိုလို့ရှိရင် ချင်းတွင်းမြစ် တဘက်ကမ်းမှာရှိတဲ့ လူတွေရဲ့ ဒုက္ခက ပိုပြီး ကြီးသွားမှာစိုးတဲ့အတွက် လျော်ကြေးကဏ္ဍကို ကျနော်တို့ မလိုချင်ပါဘူး။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းရေးအတွက်ကိုပဲ ကျနော်တို့ လိုလားပါတယ်။”

မုံရွာဘက်မှာတော့ သပိတ်စခန်း ဖွင့်ထားတဲ့ဘုန်းကြီးကျောင်းကို လုံထိန်းတွေက ဖိအာေးပးနေ တာကြောင့် ဘုန်းကြီးက ကျောင်းသားတွေကို ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံနေတယ်လို့ ဆိုပါတယ်။ ဒီနေ့ နေလည်ပိုင်း မှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် လာရောက်ပြီး  အချက် အလက် ကောက်ခံမှုတွေ လုပ်သလို ဆန္ဒပြသူတွေကို ဖိနှိပ်မှုတွေ မလုပ်ဖို့ ကြားဝင် ဆောင်ရွက်ပေးခဲ့ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသာေးတွလည်း  မုံရွာဘက်ကို ကြားဝင် ဆောင်ရွက်ပေးဖို့ လာနေ ကြပြီလို့ သိရပါတယ်။  ဒီအချိန်မှာပဲ အာဏာပိုင်တွေနဲ့ လူထုကြား တင်းမာမှုတွေ ဆက်ဖြစ်နေတယ် လို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“စစ်ကိုင်းတိုင်းဝန်ကြီး ဦးသာအေးက ဆားလင်းကြီးမြို့နယ် အထက်တန်းကျောင်း တကျောင်းကို လာပြီးတော့ ဆရာ-ဆရာမတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့အတွက် ဒေသခံ ပြည်သူလူထုက သွားပြီး ဆန္ဒပြတယ်။ သူနဲ့တော့ မတွေ့သေးဘူး။ မိုးကြိုးပြင် မြောက်ရွာကနေပြီးတော့ ပြည်သူ အင်အား ၈၀၀ လောက်ကနေ ဆန္ဒပြဖို့ စောင့်နေကြတယ်။

နောက်တခုက ကျနော်တို့ရွာ ပတ်ဝန်းကျင်တွေမှာလည်း လာပြီးတော့ ကုမ္ပဏီက သုံးနေရာ လေးနေ ရာ လောက်ကို ဘူဒိုဇာကြီးနဲ့ထိုးပြီးတော့ မြေတွေလာပုံလို့ ရွာသားတွေက မြေသားတွေရှေ့မှာ ရပ်တန့် ကာကွယ်ပြီးတော့ လူတံတိုင်းကာတာ၊ သူတို့ ဆက်ပြီးတော့ လည်ပတ်မှုကို ခဏ ရပ်ဆိုင်း ထားတယ်။ ဒါပေမဲ့ လူမရှိတာနဲ့ သူတို့က လယ်မြေတွေထဲကို ဘူဒိုဇာတွေနဲ့ ထိုးပြီးတော့ လမ်းဖောက် တာတို့၊ မြေကြီးတွေ လာပုံတာတို့ တောက်လျှောက်လုပ်နေတဲ့ အတွက် ကျေးရွာသားတွေနဲ့က သုံးလေးနေရာမှာ ဒီနေ့မှာ ပဋိပက္ခတွေ တော်တော်ဖြစ်တယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့အတွက် ဒေသခံတွေ လိုလားနေကြပြီး မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ တရုတ်ကုမ္ပဏီ မြန်မာ-၀မ်ပေါင်ကုမ္ပဏီတို့ကတော့ စီမံကိန်း လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်.။

လူနေရပ်ကွက်ထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် အပြစ်မဲကလေးငယ်များ သေဆုံးရ


Photo: MAW WAN MAW MAKAU KAW GASAT
========================
ကချင် ပြည်နယ်၊ ဖားကန့် ဥရုဆိုင်းမော် ၊
မော်ဝမ်းမောက် ကောင်တွင် တပ်ထိုင်ထား
သောမြန်မာ အစိုးရစစ်တပ်သည် (သြဂုတ်လ 
၊၁၃)ရက်နေ့ညနေ (၃း၄၅)နာရီ ကျောင်းဆင်း
ချိန် မှစတင်၍ ညနေ (၅း၃၀)အချိန် ထိ မော်ဝမ်း
လူနေ ရပ်ကွက်ထဲ သို့ လက်နက်ကြီးများဖြင့် 
ဆက်တိုက်ပစ်ခတ် သဖြင့် ကျောင်းသား (၇)ဦး
အားထိမှန်ကြောင်းသိရှိရပါသည်။ ယခုအခါ ၄င်း
ဒဏ်ရာရရှိသော ကျောင်းသား(၇)ဦးအနက် (၃)
ဦးအား ဆေးရုံတွင်တင်ထားပြီး မှူလတန်း
ကျောင်း သားလေး(၁)ဦးမှာသေဆုံးသွားပြီ
ဖြစ်ကြောင်းသတင်းရရှိပါသည်။ 

September (13) bat Mali
Wunpawng Mungdan Shanglawt Asuya 
Sinna Ginwang Dap Ba (2) Ginra Uru 
Seng Maw Hpakant Maw Wan Maw na 
maza sumpum, mawdaw lam hpunggaw 
kaw lai lung wa ai myen asuya hpyen 
hpung ni hpe  dai na maga hkying (3:45pm) 
ten hta KIA myu tsaw share ninghkring 
ni kawn remove bawm hte hkap gap 
gasat lai wa sai lam shiga na chye lu ai. 
N dai zawn bawm hte hkap gasat ai hta 
myen hpyen la (10) dai kaw nan si galau
taw mat sai lam mung na chye lu ai. 
Myen asuya hpyen ni hkrat sum ai law 
wa ai majaw Maw Wan Mawk Kawng 
kaw dung nga ai myen asuya hpyen dap 
ni kawn Maw Wan Mare kaba de myawk
 kaba ni hte (5:30pm) ten ram du hkra 
gap sharu bun lai wa sai lam shiga na 
chye lu ai.
Myen hpyen dap ni gap dat ai myawk 
kaba pala ni gaw jawng yu ten kaw ang 
nna jawng ma marai (7) hpe mung hkra 
mat ai lam na chye lu ai. N dai zawn hkala 
hkrum ai ni gaw Myitung Pan hpe lagaw 
kaw hkra ai lam, Yaku ngu ai hpe gaw kan 
kaw hkra nna, ya yang hkala hkrum ai 
jawng ma masun hpe gaw mung shawa
 tsirung de du taw sai lam, jawng kaji
 lung nga ai la kasha langai mi gaw si 
hkrum lai wa sai lam shiga na chye lu ai.
 N dai Mawk kawng kaw dung nga ai 
myen asuya hpyen hpung ni hta Maru 
ga, Rawang ga shaga ai hpyen la ni grai 
lawm ai lam hpe mung bunga masha ni 
kawn na chye lu ai.
(source-jinghpawkasablog)
 
ကချင် ပြည်နယ်၊ ဖားကန့် ဥရုဆိုင်းမော် ၊ မော်ဝမ်းမောက် ကောင်တွင် တပ်ထိုင်ထားသော မြန်မာ အစိုးရ စစ်တပ်သည် (သြဂုတ်လ ၊၁၃)ရက်နေ့ ညနေ (၃း၄၅)နာရီ ကျောင်းဆင်းချိန် မှစတင်၍ ညနေ (၅း၃၀)အချိန် ထိ မော်ဝမ်းလူနေ ရပ်ကွက်ထဲ သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် သဖြင့် ကျောင်းသား (၇)ဦးအား ထိမှန်ကြောင်းသိရှိရပါသည်။
 
ယခုအခါ ၄င်းဒဏ်ရာ ရရှိသော ကျောင်းသား(၇)ဦး အနက် (၃)ဦးအား ဆေးရုံတွင် တင်ထားပြီး မှူလတန်း ကျောင်း သားလေး(၁)ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
Copy from - Lachid Kachin

Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်း မြောက်များစွာကို အမြင်သစ်ပေးခဲ့...





Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်း မြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေးတစ်ခွက်လဲ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့၊ ဂျေရူဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။

အဲဒီနေ့ ပါလက်စတိုင်း လူမျိုးတွေက အစ္စရေး တိုးချဲ့အိမ်ရာ စီမံကိန်းများကို သပိတ်မှောက်နေခဲ့ တာဖြစ်ပါတယ်။

အဲဒီထဲမှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်း ကောင်လေး တစ်ယောက်ဟာ ပါလက်စတိုင်း အလံကိုင်လျှက် ပါဝင်နေတုန်း၊ အစ္စရေး နယ်ခြားစောင့်ရဲ တစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ လက်ဖမ်းတာ
ခံရပါတယ်။

ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်၊ မညှာမသာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေး တက္ကသိုလ် ကျောင်းသူ တစ်ယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေး စေခဲ့ပါတယ်။

အစ္စရေး လူမျိုးနဲ့ ပါလက်စတိုင်း လူမျိုးဆိုတာ ရာဇ၀င် လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလဲ ပြောဆိုလာကြပါတယ်။

သို့သော်လည်း၊ သူ့လူမျိုး (အစ္စရေး) အချင်းချင်း တွေရဲ့ ဝေဖန် ကဲ့ရဲ့ခြင်းများကိုလဲ ခံရပါတယ်။

လူတစ်ဦး တစ်ယောက်ရဲ့ စိတ်ထား မှန်ကန်စွာ ပြုမူလိုက်ခြင်းသည် လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေး၊ အားမြောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ် တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူ တစ်ယောက် အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေ ရှိကောင်းရှိမှာပါ။

ဘယ်နေရာ မဆို အမှန်တရား ဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတစ်ယောက်ရဲ့ တန်ဖိုးပါပဲ။

မူရင်း သတင်းလင့်
http://972mag.com/armed-border-officer-chases-10-year-old-palestinian-boy-for-holding-flag/46412/
အင်တာနက်စာမျက်နှာသတင်း

"ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်"



ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ် သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံး
အား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြု
အမူဖြစ်ကြောင်း မြန် မာပြည် ပြန်လာ ခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။ ထိုသို့ ပြည်တော်ဝင်ရေး အ တွက် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇော ထံသို့ ဆက်သွယ် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ရဲဘော် သုံးကျိပ်ဝင်တစ်ဦး အဖြစ်သာ လက်ခံ အသိ မှတ်ပြုခြင်း ၊ အတူ လိုက်ပါ နိုင် သည့် မိသားစု များအဖြစ် သမီး ကြီး ဒေါက် တာ လှကျော်ဇောနှင့် သြစတြေးလျရှိ သမီး လတ် ဒေါ် စန်းကျော်ဇော တို့ နှစ်ဦး ကို သာ ခွင့်ပြု ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။ ”အစိုးရ ဘက်က ရဲဘော် သုံးကျိပ်ဝင် ဆိုတဲ့ သမိုင်း အကန့်လေး တစ်ခု တည်း နဲ့ လက်ခံတယ် ဆိုတာ လက်တွေ့မကျပါဘူး။ ရိုးသားမှု တကယ် ရှိတယ်ဆိုရင်၊ ပြန်လည် ပေါင်းစည်း ချင်တယ် ဆိုရင် ဒီလို မသတ်မှတ် သင့် ပါဘူး”ဟု ၄င်းက ပြောသည်။
ဗိုလ်မှူးချုပ် ကျော်ဇော အနေ ဖြင့် မြန်မာ့ လွတ်လပ်ရေး သမိုင်းတွင် ရဲဘော် သုံးကျိပ်ဝင် အဖြစ် သာမက ဗမာ့ တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူး အထိ စွမ်းစွမ်း တမံ ထမ်းဆောင်ခဲ့ပြီး ၁၉၅၄၊ ၅၅ ခုနှစ် များ တွင် ရန်ကြီးအောင်၊ ဘုရင့်နောင် စစ်ကြောင်း များဖြင့် ကူမင် တန် တရုတ် ဖြူ တပ် များ ကျူးေ ကျာ် မှု ကို ဦးဆောင် တိုက်ခိုက်ခဲ့ သူဖြစ်သည်။ ၁၉၅၇ ခုနှစ် ဧပြီလ တွင် ဗမာ့ တပ်မတော်မှ အနားပေးခြင်း ခံရကာ ၁၉၇၆ တွင် ဗမာပြည် ကွန်မြူနစ် ပါတီ အခြေစိုက် တရုတ် နယ်စပ် သို့ မိသားစုနှင့် အတူ ထွက်ခွာ သွား ခဲ့ ခြင်း ဖြစ်သည်။
”ဒါလူတိုင်း သိနေတာပဲ။ ငြင်းပယ်လို့ မရပါဘူး။ ကွန်မြူနစ် ပါတီ ဗဟို ကော် မတီ ဆိုတာ ကြာလှပြီ မရှိတော့တာ။ တိုင်းပြည်ရဲ့ ခေါင်းဆောင် တစ်ေ ယာက် ၊ ပြည်သူတွေ ရဲ့ ခေါင်းဆောင် တစ်ယောက် ကို ပြည်သူတွေ ပဲ ပိုင် တာ။ အစိုးရ အနေ နဲ့ ဒီအရွယ် ဒီအဘိုးကြီး ဘယ်လို ပုံစံနဲ့ လာလာ လက်ခံ တယ် ပြောရမှာပါ။ တကယ်လို့ ရဲဘော်သုံးကျိပ် သာ မဟုတ်ဘူး ဆိုရင် လက် မ ခံ ဘူး လား”ဟု ဦးအောင်ကျော်ဇောက မေးခွန်းထုတ်သည်။
ယင်း သို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ လှကျော်ဇောအား ဧရာ ဝတီ သတင်း ဌာန မှ ဆက်သွယ်၍ မေးမြန်း ခဲ့သည့် အင်တာဗျူး တစ်ခု တွင် သူမက”အစိုးရ အနေနဲ့ တိုင်းပြည်ကြီးကို တကယ် ပဲချစ်တယ်။ တ ကယ် တည်ဆောက် ချင်တယ် ဆိုရင်တော့ အယူဝါဒ မရွေး၊ လူမျိုး မရွေး၊ ဘာသာ မရွေး ပေါ့။ ပြန်လာ ချင်တဲ့ သူပြန်လာခွင့် ပြုရမယ်။ အခု ဖေဖေ့ ကို ပြန်ခေါ် တာတောင် ကျွန်မတို့ မိသားစု ဝင် တွေ အကုန် မခေါ် ဘူး ။ ဖေဖေ့ မှာ သား သမီး သုံးယောက် ရှိတယ်။ မြေး ခုနစ်ယောက် ရှိတယ်။ အကုန်ပြန် မခေါ် ဘူး။ ဦးအောင်မင်း ပြောတာက အဘ ဦးကျော်ဇော ကို အနီးကပ် ပြုစု ဖို့ သမီးနှစ်ယောက် ကို လိုက်ပါ ခွင့်ပြုတယ် လို့ပဲ ပြော တာေ လ။ ကျွန် မမောင် ကိုအောင်ကျော်ဇော လည်းမပါဘူး။ အဲဒီလို အကန့် အ သတ်တွေ နဲ့ တော့ တိုင်းပြည် ကြီးကို အမျိုးသား စည်းလုံး ညီညွတ်ရေး၊ အမျိုး သား ပြန် လည် သင့်မြတ်ရေးတွေ အတွက်တော့ သိပ် မသင့်တော် ဘူး ထင်တယ်” ဟု ဖြေခဲ့ သည်။
ဗိုလ်မှူးချုပ် ကျော်ဇော အား ဒေါက်တာ လှကျော်ဇော နှင့်အတူ အနီး ကပ် ပြု စု စောင့်ရှောက် မှုပြုနေ ခဲ့သော သားဖြစ်သူ ဦးအောင်ကျော်ဇော အနေဖြင့်မူ သူ ၏ ဖခင်ကို အမှီပြု၍ နိုင်ငံရေး အရ အသုံးမချ သင့် ကြကြောင်း၊ ၄င်း အပြင် အဆိုပါ ကိစ္စ များနှင့် ပတ်သက်၍ ကွန်မြူနစ် ပါတီ အနေဖြင့် ပြောရန် အခွင့် မရှိကြောင်း ဆိုသည်။ ၄င်းအနေဖြင့် မူ ပြည်တွင်း စစ် မီးမလောင် တော့ဘဲ ပြည်သူများ ၏ ဘဝ အမှန် တကယ် လွတ်မြောက် ချိန်မှ သာ တိုင်းပြည်သို့ ပြန်လာ မည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။ ”ဒါ ကျွန်တော် မသွားရလို့ ပြောတာ မဟုတ်ပါဘူး။ အဖေ့ ကို လိုက်ပို့ ချင် ပို့ မယ်။ ဒါပေမဲ့ ကျွန်တော် တစ်ဦးချင်း အနေနဲ့တော့ အခုလို ရှုပ်ယှက် ခတ်နေ တဲ့ အချိန် မှာ ပြန်စရာ အကြောင်း မရှိပါဘူး။ လက်ရှိ ဗမာပြည် ရဲ့ အပြောင်း အလဲ ကို မယုံကြည်သေး လို့ပါ။ ပြည်သူ့ ဘဝ တကယ်ရော လွတ်မြောက်ပြီ လား။ တကယ်ရော ထမင်းငတ် တာတွေ လုံလောက်ပြီလား။ ပြည် တွင်းစစ် မီးမလောင်တော့ ဘူး။ တိုင်းပြည် လည်း တိုးတက်ပြီ ဆိုရင် ဘယ်သူမှ အသိ အမှတ်ပြု စရာမလို ပါဘူး။ ကိုယ့် အထုပ် ကိုယ်ကိုင်ပြီး မူဆယ် အပေါက်ဝ ကနေ ပြန်လာ လိုက်မယ်”ဟု ၄င်းက ပြောသည်။
၎င်းအနေဖြင့် အသက် ၁၈ နှစ်မှစ၍ နိုင်ငံရေး လုပ်ကိုင်ခဲ့ပြီး ယခု ၆၄ နှစ် အရွယ် အထိ မြန်မာနိုင်ငံသား အယုတ် အလတ် အမြတ် မရွေး မည်သူ့ ကို မဆို ၄င်းတို့၏ အခက် အခဲနှင့် ပြဿနာ များကို ကူညီပေးနေ ဆဲ ဖြစ်ကြော င်းနှင့် ယုံ ကြည်ရာ ကို သာ လုပ်ခဲ့ခြင်းဖြစ် ကြောင်း ထပ်လော င်း ဆို ပါ သည်။ ”တိုင်းပြည် ကို ဖျက်ဖို့ လုပ် ခဲ့တာ မဟုတ်ဘူး။ တိုင်းပြည် ကောင်း မယ် ထင်လို့ ပျော်စရာ ကောင်းတဲ့ လူငယ် ဘဝကို စွန့်ပြီး မိသားစု အလိုက် ကွန်မြူနစ် အလံတော် အောက်ကို ဝင်ခဲ့တာ။ မဖြစ်ခဲ့တာ ကတော့ မ တတ်နိုင် ဘူး။ ကောင်း အောင် လုပ်ချင် လို့ လာခဲ့တာပဲ။ တိုင်းပြည်ေ ကာင်းပြီ ဆို ပြန်ခဲ့မှာပါ။ ဘယ်သူမှ ခေါ်စရာတောင် မလိုပါ ဘူး” ဟု ဦးအောင်ကျော်ဇောက ပြောသည်။ လက်ရှိ အခြေ အနေ များသည် ဗိုလ်မှူး ချုပ်ကျော်ေ ဇာ ကူမင်း ဆေးရုံတွင် တက်ရောက် ကုသစဉ် ရွှေတိဂုံ ဘုရားဖူး ချင် သည်ဟု ပြောခဲ့ ရာမှ အစပြုခဲ့ပြီး အဆိုပါ အချက် မှာလည်း ဗိုလ်မှူး ချုပ် ကျော်ဇော ကွယ်လွန် ချိန် မှသာ ဖော်ပြစေ လို ခဲ့ကြောင်း ၄င်းက ရှင်းပြ သည်။
”မီဒီယာကို ဘာလို့ ကျွန်တော် ပြောခဲ့လဲ ဆိုတော့ ဖေဖေ ကွယ်လွန်ချိန် မှာ ကွန်မြူနစ် တစ်ယောက် အနေ နဲ့ သေခဲ့တယ် ဆိုတာမျိုး မဖြစ်စေ ချင် ဘူး။ ဖေဖေ က တိုင်းပြည် ရယ်၊ တပ်မတော် ရယ်၊ သူ့ပြည်သူရယ် ကို တကယ် ချစ်တယ်။ ပြီးတော့ ဖေဖေ က ဗုဒ္ဓဘာသာကို နက်နက် ရှိုင်းရှိုင်း သက်ဝင် ယုံကြည်သူ တစ်ယောက် ပါ။ သူ့ရဲ့ တကယ့်နောက်ဆုံး ဆန္ဒက ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ရဲ့ စွန့်ခွာခြင်း မျိုးနဲ့ ဘဝ ကို အဆုံး သတ်သွားချင်တာပါ။ ရွှေတိဂုံ ဘုရားဖူး ချင်တဲ့ အကြောင်း ကို လည်း ဖေဖေ ကွန်လွန်မှသာ ဖော်ပြဖို့ ပြောခဲ့တာပါ”ဟု ၄င်းက ဆိုသည်။ ဗိုလ်မှူး ချုပ်ကျော်ဇော သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ တည်ထောင် ခဲ့သော တပ်မတော် တွင် တိုင်းပြည်နှင့် လူမျိုးအား ထိပါးသော ကျူးကျော် ရန်သူ များအား နှိမ်နင်းခဲ့ ပြီး တိုင်းရင်းသား များနှင့် ဖြစ်ပွား သည့် ပြည်တွင်းစစ် ကာလ အင်းစိန် တိုက်ပွဲမှ လွဲ၍ ပြည်တွင်း ငြိမ်းချမ်းရေး ကို လိုလားသော ပုဂ္ဂိုလ် တစ်ဦးဖြစ် ကြောင်း ၄င်း၏ ဖခင် နှင့်ပတ်သက်၍ ဦးအောင်ကျော်ဇော က ပြောသည်။ ၄င်း အနေဖြင့်မူ ဖခင်၏ နောက်ဆုံး ဆန္ဒ အရ မြန် မာပြည် ကို ဘုရားဖူး ရန် အတွက် ခွင့်ပြုပါက လိုက်ပို့ခြင်းမှ လွဲ၍ လတ်တလော တွင် ပြန်လိုသည့် စိတ်ကူးမရှိ သေးကြောင်းကို ” ပြန်မယ့် စိတ်ကူး မရှိသေး ပါဘူး။ အဓိက က သွေးချင်းတွေ၊ KIA တို့ လက်နက် ကိုင် တော်လှန်ရေး လုပ် ခဲ့တဲ့ ကချင် တွေ၊ ကရင်တွေ သူတို့ အားလုံး သူတို့ ဒေသတွေ မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ ပြန်နေရ တဲ့ အချိန်မှာ ပြန်လာမယ်” ဟု သူ၏ ဆန္ဒ ကို ဆိုခဲ့သည်။
ဦးအောင်ကျော်ဇော သည် မိသားစုနှင့် အတူ လက်ရှိတွင် တရုတ် -မြန်မာ နယ်စပ် တွင် နေထိုင် ကာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်ဝေဖန် သူ တစ်ဦး အဖြစ် ရပ်တည်နေပြီး တိုင်းရင်းသား များ တန်းတူ ညီတူ နေထိုင်ရေး၊ ငြိမ်း ချမ်းရေး နှင့် လွတ်လပ် တရားမျှတရေး တို့အတွက် ကူညီဆောင် ရွက်ပေးနေ သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

Ref:အောင်ခွန်းဆက်(Popular Myanmar News)
Posted By Admin-HWH

ပြန်မလာတဲ့ စစ်တွေတက္ကသိုလ် ဆရာတွေ လစာဖြတ်


ခင်ဦးသာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၈၀ ကျော်သည် မိမိတို့ နေရပ် ဒေသ အသီးသီးသို့ ပြန်သွားကြပြီး အချိန်မီ ပြန်ရောက်မလာသောကြောင့် လစာ ဖြတ်တောက်ခံရသည်။

ဇွန်လဆန်းက စတင်သော ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်အပါအ၀င် တက္ကသိုလ်များအား ခေတ္တ ပိတ် ထားရသဖြင့် ပြန်သွားကြ သော ဆရာ၊ ဆရာမ များကို ဇူလိုင် ၂၀ ရက်တွင် ပြန်လာကြရန် စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ် က စာထုတ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်မရောက်သူများ၏ လစာဖြတ်ခံရ ကြောင်း စစ်တွေ တက္ကသိုလ်မှ ကျောင်း ဆရာတဦး က ဧရာဝတီ ကို ပြောသည်။

“အရေးပေါ်ကာလ ဖြစ်တဲ့အတွက် ၂၀ ရက်မှာ အားလုံးအရောက်ပြန်လာဖို့၊ မရောက်ဘူးဆိုရင် ရက်အလိုက် လစာဖြတ်မယ် ဆိုတဲ့ အကြောင်းကို ပါမောက္ခချုပ်က ကြိုတင်ပြောထားတာ တော့ရှိတယ်၊ ဖြတ်ခံရတဲ့ ငွေက ကျပ်သိန်း ၅၀ ၀န်းကျင် လို့ သိ ရတယ်”ဟု ၎င်း က ဆိုသည်။

ဆရာ၊ ဆရာမ များ၏ လစာဖြတ်တောက်ခြင်းကို ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တဦးလျှင် ၁၀ ရက်မှ ၁၅ ရက်စာ ဖြတ်ခံရ၍ လစာ တ၀က်ခန့်သာ ရကြကြောင်း၊ တက္ကသိုလ် ဆရာ၊ဆရာမ တဦး၏ လစာသည် ကျပ် တသိန်း ၃ သောင်းရှိကြောင်း၊ စစ်တွေ တက္ကသိုလ်တွင် ဆရာ၊ ဆရာမ ဦးရေ ၂၀၀ ၀န်းကျင်ရှိ ကြောင်း သိရသည်။

စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ လစာဖြတ်တောက်ခံရမှု ကိစ္စကို ပြန်လည် စဉ်းစားပေးရန်အတွက် တက္ကသိုလ် ဆရာ၊ဆရာမများအသင်း ( ရန်ကုန် တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်) စသည့် တို့မှ ဆရာ၊ ဆရာများသည် စက်တင်ဘာလ ၁၁ နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာ တစောင်ထုတ်ပြန်၍ သက်ဆိုင်ရာ ဌာန များသို့ ပေးပို့ထားကြောင်း ပေါ်ပြူလာဂျာနယ်၌ ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် တက္ကသိုလ် ဆရာ၊ ဆရာမ အသင်း ၏ ထုတ်ပြန်ချက်အား နိုင်ငံတော် သမ္မတရုံး၊ ပညာရေး ၀န်ကြီးဌာန၊ လွှတ်တော်ရေးရာ ဌာနများသို့ ပေးပို့ ထားကြောင်းလည်း သိရသည်။

အဝေးရောက်နေသည့် ဆရာ၊ ဆရာမ များသည် ခရီးလမ်းကြောင်း၊ လမ်းစရိတ်၊ မိသားစု အရေး စသည့် အခက်အခဲများ အပြင် ရခိုင်ဒေသတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့် စသည့် အခြေအနေတို့ကြောင့် လုံခြုံရေး စိုးရိမ်မှုများ ရှိနေသေး ခြင်း စသည့် အခြေအနေများ ရှိနေခြင်းအပေါ် မိသားစု သဘောထားဖြင့် ပြန်လည်သုံးသပ်ပေးရန် ကြေညာချက်၌ ဖော်ပြထားကြောင်း ပေါ်ပြူလာဂျာနယ်က ရေးထားသည်။

ဇွန်လဆန်းမှ စတင်ပြီး စစ်တွေမြို့နယ် အပါအ၀င် ရခိုင်ပြည်၏ မြို့အများစု၌ ပဋိပက္ခများဖြစ်ပွားသည့်အတွက် တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာ ကျောင်းများ ပိတ်ထားခဲ့ရသည်။ တက္ကသိုလ်တချို့နှင့် အခြေခံ ပညာကျောင်း တချို့အား ဇူလိုင် လ အတွင်း ပြန်လည် ဖွင့်ခဲ့ပြီး စစ်တွေ တက္ကသိုလ် (ပင်မ )အား သြဂုတ်လ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထိုပဋိပက္ခ များကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ စသည့်မြို့နယ်များ မှ ဒေသခံ မဟုတ်သည့် ဆရာ၊ ဆရာမ များ သည် မိမိဒေသ အသီးသီးသို့ ပြန်သွားကြသည်။ စစ်တွေ တက္ကသိုလ် ဆရာ၊ ဆရာမ အများစု သည် ရခိုင်ပြည် နယ်နှင့် ရန်ကုန်တိုင်း တို့မှ ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့မှ ပါဝင်ကြောင်း သိရသည်။

ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေ ညာခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ကြေညာခဲ့သည်။ အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့က စတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒေသတွင်း ပဋိပက္ခဖြစ်ပွားပြီး ၃ လ ကျော်လာသည့်တိုင် တည်ငြိမ်မှု အပြည့်အ၀ မရှိသေးပေ။ လုံခြုံရေး အားနည်း သည့် မြို့နယ် တချို့တွင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး ကျောက်တော်မြို့နယ် အတွင်းမှ ဦးကျော်မောင်ချေ ဆိုသူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၇၇ ဦးသေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း ကျော်ရှိနေပြီး အရေးပေါ်အကူ အ ညီနှင့် ပြန်လည် ထူထောင်ရေး အကူအညီများ လိုအပ်နေသည်ဟု နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဇူလိုင် ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၌ ကျင်းပသော အစိုးရ သတင်းရှင်းလင်းပွဲတွင် ပြောသည်။

ပဋိပက္ခများကြောင့် အဆောက်အအုံ ၄၈၂၂ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက် စီး သွားခဲ့သည် ဟု လည်း သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။