This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အဂတိလိုက်စားမူ. Show all posts
Showing posts with label အဂတိလိုက်စားမူ. Show all posts

Wednesday, June 11, 2014

လယ်ယာသုံး ကျွဲ၊ နွား ၀ယ်ယူရာတွင် ကျပ်ငါးသောင်းခန့်အထိ လာဘ်ပေးနေရ.............

မင်းမင်း
မိုးသီးနှံစိုက်ပျိုးရာသီရောက်လာပြီဖြစ်သည့် မြောင်းမြမြို့နယ်ရှိ လယ်သမားတို့မှာ ၎င်းတို့၏ လယ်မြေများ ထွန်ယက်ရန် ကျွဲ၊ နွားများဝယ်ယူရာတွင် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ရယူရန် ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းထိ ပေးနေရသည်ဟု ဒေသခံတို့က မဇ္ဈိမကို ပြောသည်။

ဒေသခံများသည် ကျွဲ၊ နွားများကိုသတ်ရန်ဝယ်ယူခြင်းမဟုတ်ကြောင်း ကျေးရွာရှိအုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ရယူရရန် ယခုကဲ့သို့ ငွေပေးနေရခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ယခုနှစ် ဧပြီလအတွင်းက မြောင်းမြမြို့နယ်တွင် သံဃာတော်များ ဦးဆောင်သည့် ဇီဝိတဒါနအဖွဲ့က ကျွဲ၊ နွားသားသတ်လိုင်စင်ကို လေလံအောင်ပြီးနောက် ယခုကဲ့သို့ ထောက်ခံချက်ရယူနေရခြင်းဖြစ်သည်။ ထိုကဲ့ သို့ လေလံအောင်ပြီးနောက် ကျေးရွာအချို့တွင်လည်း အမဲသားတွေ့လျှင်ပင် အရေးယူမည်ဟု အုပ်ချုပ်ရေး အဖွဲ့က ဒေသန္တရအမိန့်ထုတ်ထားသည်ဟုလည်း ဒေသခံတို့က ပြောသည်။

“အရင်တုန်းက ဘာမှမရှိဘူးလေဗျာ။ အခုဟာက ထောက်ခံစာလုပ်ရမယ်ဆိုပြီး သုံးသောင်းပေးခဲ့ရတယ် လေ။ နွားသိမ်းလို့ ရတယ်ဆိုပြီးပြောနေတော့။ ခိုင်းခွင်ကလည်းရောက်နေပြီ” ဟု ကညင်ကင်းကျေးရွာ အုပ်စုမှ ဦးခင်စိုးကပြောသည်။

၎င်းကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ရှမ်းကွင်းကျေးရွာမှ ခိုင်းနွားတစ်ရှဉ်းကို ငါးသိန်းတစ်သောင်းကျပ်ဖြင့် ၀ယ်ယူပြီးနောက် ထောက်ခံချက်ယူပြီး ငွေပေးရသည့်အတွေ့အကြုံကို ဦးခင်စိုးက ပြန်ပြောပြ ခြင်းဖြစ် သည်။

သို့ရာတွင် ထောက်ခံစာလုပ်ပေးသည့် ရှမ်းကွင်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးထံ မဇ္ဈိမက ဆက်သွယ်၍ မရရှိခဲ့ပေ။ ယခုနှစ်လအတွင်း အလားတူဖြစ်စဉ်မျိုး မြောင်းမြမြို့နယ် လယ်သမားအများအပြား ကြုံတွေ့နေ ရသည်ဟုလည်း မြို့နယ်တောင်သူလယ်သမားသမဂ္ဂအတွင်းရေးမှူး ဦးတင့်ဇော်ဦးက ဆိုသည်။

သားသတ်လိုင်စင်ကို သံဃာတော်များလေလံအောင်ထားသည့်အတွက် မြောင်းမြမြို့နယ်တွင် ဒေသခံများ အမဲသားမစားရသည်အထိ အခက်တွေ့နေခြင်းဖြစ်သည်။

မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်သိန်းထွန်းက“မြို့နယ်အဆင့်ကို တော့ ဒီကိစ္စတွေမရောက်လာသေးဘူး။ တကယ်တော့ အုပ်ချုပ်ရေးမှူးတွေ တောင်းလို့မရဘူးလေ။ စုံစမ်း ကြည့်လို့သိရင်တော့ အရေးယူရမှာပဲ” ဟု ပြောသည်။

ဗီယက်နမ် ဘဏ်သူဌေး၊ အခွန်ရှောင်မှု၊ အလွဲသုံးစားမှုထောင်အနှစ်၃၀ကျ (9-June-2014)..........

ဗီယက်နမ် ဘဏ်သူဌေး၊ အခွန်ရှောင်မှု၊ အလွဲသုံးစားမှုထောင်အနှစ်၃၀ကျ   (9-June-2014)
မိုးမခအထောက်တော် (စင်္ကာပူ)၊ ဇွန် ၁၁၊ ၂၀၁၄
 
ဗီယက်နမ်နီုင်ငံ ACB ဘဏ် စတင်တည်ထောင်ခဲ့သူ ငုရင်ဒုကင် Nguyen Duc Kien (၅၀နှစ်)ကို အခွန်ရှောင်မှု၊ တရားမဝင်ကုန်သွယ်မှု၊ အလွဲသုံးစားမှု၊ ဥပဒေလက်တလုံးခြားလုပ်မှု ..တွေနဲ့ ထောင်ဒဏ်အနှစ်၃၀ ချလိုက်ပါတယ်။ ဘဏ်ရဲ့ စီအီးအို အကြီးကဲလုပ်သူ လီဇွမ်ဟိုင် Ly Xuan Hai ကိုလည်း ထောင်ဒဏ် ၉နှစ်ချလိုက်ပါတယ်။ ဘဏ်ဒါရိုက်တာ နဲ့ ဘဏ်ငွေစာရင်းကိုင် တို့ကိုတော့ ထောင်ဒဏ် ၅နှစ် ချလိုက်ပါတယ်။ ဒဏ်ငွေ ဒေါ်လာသန်းနဲ့ချီပြီး ချမှတ်လိုက်ပါတယ်။
ငုရင်ဒုကင် ရဲ့ ဇနီးသည်နဲ့ သမီးကိုလည်း ရာဇဝတ်မှုနဲ့ စုံစမ်းလျှက်ရှိပါတယ်။
ယခင် ဗီယက်နမ်အစိုးရ ရင်းနှီးမြှတ်နှံမှုဝန်ကြီးဖြစ်သူ အသက်၇၅နှစ်အရွယ်ရှိတဲ့ ထရမ်စွမ်ဂီ ကိုတော့ အသက်ကြီး၊ကျန်းမာရေးကြောင့် တရားရုံမလာနိုင်ပါ။ တရားစီရင်မဲ့နေ့ကို ရွှေ့လိုက်ပါတယ်။ သူဟာ အစိုးရဝန်ကြီးအဖြစ်မှ အငြိမ်စားယူပြီး ၂၀၀၈မှ ACB ဘဏ်ရဲ့ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ဗီယက်နမ် ဘဏ်ဥပဒေအရ၊ ဘဏ်မှာအပ်နှံငွေများကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ အတိုးနှုန်း ၁၄% ရှိပါတယ်။ ACB ဘဏ်က  ပြည်သူလူထုငွေများ၊ အခြားဒေသဆိုင်ရာ ဘဏ်အငယ်လေးများထံမ တရားမဝင်လုပ်ဆောင်မှုများစွာနဲ့ ဒေါ်လာသန်းပေါင်းများစွာ အမြတ်ထုတ်ယူခြင်းဖြစ်ပါတယ်။ ငုရင်ဒုကင် ကိုယ်တိုင် ရွှေအရောင်းဝယ်များ၊ တရားမဝင်ကုန်သွယ်မှုများ စတဲ့ အလွဲသုံးစား၊ ဥပဒေမဲ့ စီးပွားရှာခြင်းများစွာအတွက် ထောင်ဒဏ်ပေးခံရခြင်းဖြစ်ပါတယ်။
တိုင်းပြည်ကို ပြုပြင်ပြောင်းလဲနေတဲ့ ဗီယက်နမ်အာဏာပိုင်များဟာ စီးပွားရေးခရိုနီများ၊ အစိုးရအရာရှိဟောင်းကြီးများရဲ့ အခွန်ရှောင်မှု၊ ဥပဒေအလွဲသုံစားလုပ်မှုများကို ဖမ်းဆီး၊ ဒဏ်ငွေချ၊ ထောင်ဒဏ်ချမှတ်ခြင်းများ ဆောင်ရွက်လေ့ရှိပါတယ်။ ဥပဒေစိုးမိုးမှုကို ဗီယက်နမ်အစိုးရက အထူးလုပ်ဆောင်ပေးပါတယ်။ ဗီယက်နမ်နိုင်ငံတွင်းမှာ အလုပ်လက်မဲ့မရှိသလောက် ဖြစ်ပြီး၊ အိမ်မြေခြံဈေးနှုန်းများကို ဈေးမတက်ဖို့ အစိုးရက ကောင်းမွန်စွာထိမ်းချုပ်ထားပါတယ်။ လုပ်ငန်းငယ်များကိုလဲ အစိုးရအားပေးမှုနဲ့ တိုးတက်စေပါတယ်။ ဗီယက်နမ်လုပ်ငန်းရှင် အမြောက်အများ မြန်မာနိုင်ငံကိုလာရောက် ရင်းနှီးမြှတ်နှံလုပ်ကိုင်လျှက်ရှိပါတယ်။ အလုပ်သမားများရဲ့ ပျမ်းမျှဝင်ငွေ တစ်နှစ်ဒေါ်လာ၄၀၀၀ (တစ်လ ဒေါ်လာ၃၀၀) ရရှိကြပြီး၊ ရရှိတဲ့လစာနဲ့ စားဝတ်နေစရိတ်များ လူတန်းစေ့နေနိုင်ပါတယ်။ လူတိုင်းလဲ မိုဘိုင်းဖုန်း ဈေးချိုစွာအသုံးပြုနိုင်ပြီး၊ ဆင်းရဲမွဲတေမှုကို ၁၅နှစ်အတွင် ပပျောက်သွားအောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ အစိုးရရဲ့ အားနည်းချက်များ ရှိပေမဲ့ ဗီယက်နမ်လူမျိုးများဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ Happy Planet ဒုတိယရရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
Photo: ဗီယက်နမ်ရဲအမှုထမ်းများနှင့်တရားရုံးအမိန့်နာခံနေစဉ် 9-June-2014)

Thursday, February 20, 2014

မြန်မာနိုင်ငံမှာ ၁၅လအတွင်း ငွေခ၀ါချမှု တန်ဖိုး ဒေါ်သန်း ၂၀၀ရှိ ABC.....................

မြန်မာနိုင်ငံမှာ ​၁၅ ​လတာ ​ကာလအတွင်း ​ငွေကြေး ​ခဝါချခဲ့တဲ့ ​အမှုပေါင်း ​၇၀ ​လောက်ရှိခဲ့ပြီး ​အဲဒီလုပ်ငန်းတွေရဲ့ ​စုစုပေါင်း ​တန်ဖိုးဟာ ​ဒေါ်လာ ​သန်း ​၂၀၀ ​ဒါမှမဟုတ် ​မြန်မာကျပ်ငွေ ​သန်း ​နှစ်သိန်း ​ဝန်းကျင်လောက် ​ရှိတယ်လို့ ​သိရပါတယ်။

အဲဒီငွေအများစုဟာ ​မူးယစ်ဆေးဝါး ​ကုန်ကူးရောင်းချမှုတွေနဲ့ ​လူကုန်ကူးမှုကရတဲ့ ​ငွေမဲတွေကို ​ငွေဖြူဖြစ်အောင် ​ကြိုးစားတဲ့ ​အမှုတွေနဲ့ ​ဆက်နွယ်တယ်လို့ ​မြန်မာရဲအရာရှိ ​ဦးမြင့်စိုးကို ​ကိုးကားပြီး ​မဇ္မျိမသတင်းမှာ ​ဖော်ပြထားပါတယ်။

ဒီလို ​ငွေကြေး ​ခဝါချမှုတွေဟာ ​တရားဥပဒေ ​စိုးမိုးရေး ​အားနည်းတဲ့ ​ဒေသမှာ ​ပိုအဖြစ်များတယ်လို့လည်း ​သိရပါတယ်။

ဒီလို ​ငွေကြေးခခါချမှုကို ​ဖျက်သိမ်းနိုင်ရင် ​နိုင်ငံရဲ့ ​ဂုဏ်ကို ​မြင့်တင်နိုင်ပြီး ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှု ​ပိုမိုရရှိစေနိုင်တယ်လို့လည်း ​ပြောပါတယ်။

မကြာသေးခင်ကပဲ ​မြန်မာနိုင်ငံလွှတ်တော်မှာ ​ငွေကြေးခဝါချမှု ​တိုက်ဖျက်ရေး ​ဥပဒေကြမ်းကို ​အထက်လွှတ်တော်က ​အတည်ပြုလိုက်ပြီး ​ကုလသမဂ္ဂရဲ့ ​အကူအညီနဲ့ ​အဲဒီဥပဒေကို ​ချောမွေ့အောင် ​ပြင်ဆင်ပြီးမှ ​ဥပဒေအဖြစ် ​အသက်သွင်းဖို့ရှိတယ်လို့လည်း ​Voice ​daily ​သတင်းစာမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ​ဥပဒေကြမ်းဟာ ​နိုင်ငံတကာ ​အဆင့်မမှီဘူးလို့ ​ကုလသမဂ္ဂ ​မူးယစ်ဆေးဝါးနဲ့ ​ရာဇာဝတ်မှု ​တိုက်ဖျက်ရေး ​ဆိုင်ရာအဖွဲ့က ​အကြံပြုပြီးနောက် ​ခုလို ​ပြင်ဆင်ဖို့ ​လုပ်ဆောင်တာဖြစ်တယ်လို့ ​ရေးသားထားတဲ့အကြောင်း ​ကျိုဒိုးသတင်းအရ ​သိရပါတယ်။

Wednesday, December 25, 2013

ကျပ်ဘီလီယံချီရှိနေသော အခွန်ကြွေးကျန်များ အကျေမဆောင်က အရေးယူမည်ဟုဆို .....................................

သီဟကိုကို

တစ်ဦးချင်းအနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်ကြွေးကျန် ကျပ်ငွေဘီလီယံနှင့်ချီကာရှိနေပြီး ယင်းတို့ကို လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းသန်းက မဇ္ဈိမသို့ ပြောသည်။

မဇ္ဈိမက အခွန်ကြွေးကျန်များနှင့် စပ်လျဉ်းကာ ဒီဇင်ဘာ ၁၉ ရက်တွင် မေးမြန်းခြင်းအပေါ် ဦးထွန်းသန်း က အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး တစ်ဦးချင်း၏ အခွန်ကြွေးကျန်များမှာ တစ်ဦးတည်းပိုင် စီးပွား ရေးလုပ်ငန်းများ၏ ယခင်ခေတ် အဆက်ဆက်မှ ကြွေးကျန်များဖြစ်ပြီး ၀င်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် အမြတ်ခွန်တို့ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။

ဦးထွန်းသန်းက “အခွန်ပေးဆောင်ဖို့ ကျန်ရှိနေတဲ့ အခွန်ထမ်းတွေအနေနဲ့ ကြွေးကျန်တွေကို ၂၀၁၄ မတ်လ ၃၁ ထိ ပေးသွင်းဖို့ ကျန်ရှိနေရင် အခွန်ဆိုင်ရာ ဥပဒေတွေအတိုင်း အရေးယူဆောင်ရွက်သွား မယ်” ဟု ပြောကြားသည်။

အခွန်ကြွေးကျန်များကိစ္စနှင့် စပ်လျဉ်းကာ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ထပ် မံမေးမြန်းရာတွင် ဒီဇင်ဘာ ၁၃ ရက်အထိ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်း၌ပင် အခွန် ကြွေးကျန် ကျပ်ငွေ ၆၇ ဘီလီယံအထိရှိနေကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ကျော်က မဇ္ဈိမသို့ ပြန်လည်ဖြေကြားခဲ့သည်။

အခွန်ကြွေးကျန်များကို သတ်မှတ်ကာလအတွင်း ပေးသွင်းရန်ကျန်ရှိသည့် လုပ်ငန်းများ၊ ပုဂိ္ဂုလ်များကို အခွန်ဥပဒေများအရ ကျန်ငွေ၏တစ်ဆအား ငွေဒဏ်အဖြစ်ဒဏ်ရိုက်နိုင်ပြီး ပိုင်ဆိုင်မှုပစ္စည်းများအား ၀ရမ်းကပ်ကာ လေလံတင်ရောင်းချသည်အထိ အရေးယူနိုင်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ တာဝန်ရှိသူများက ပြောကြားသည်။

အခွန်များ ကျပ်ငွေဘီလီယံနှင့်ချီကာ မပေးဆောင်ဘဲ ကျန်ရှိနေခြင်းသည် အခွန်စည်းကြပ်ပုံနည်းစနစ် အပြင်ဘဏ်အသုံးပြုမှု နည်းပါးသေးခြင်းကြောင့်လည်း ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးလှမောင်က ပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ့လူဦးရေ၏ တစ်ရာခိုင်နှုန်းသည်သာ အခွန်ပေး ဆောင်မှုရှိသေးပြီး ကျွမ်းကျင်သူများ၏အဆိုအရ နိုင်ငံGDP တွင် အခွန်၏ ပါဝင်မှုသည် သုံးရာခိုင်နှုန်း ၀န်းကျင်သာရှိနေကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံနှင့်နှိုင်းလျှင်ပင် နည်းပါးလွန်းနေသေးသည်ဟုဆိုသည်။

Tuesday, December 17, 2013

ရွှေကြွေးကျန် တစ်တန်ခွဲ ပေးသွင်းရန် ကုမ္ပဏီများကို ဒု-၀န်ကြီး သတိပေး ........................

Monday, December 16, 2013

ဝင်းကိုကိုလတ်၊ ထင်လင်းအောင်

နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် ရွှေပိဿာချိန် ၁,၀၀၀ (တစ်တန်ခွဲနီးပါး) အမြန်ဆုံးပေးသွင်းရန် ရွှေ လုပ်ငန်းရှင်များသို့ သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ၁၁ ကြိမ်မြောက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ၁၁ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် တိုက်တွန်းသွားခြင်း ဖြစ်သည်။

“ရွှေလုပ်ကွက်တွေကနေ ပေးသွင်းဖို့ကျန်ရှိနေသေးတဲ့ ရွှေစင်ကျပ်သားတွေကို ဆက်လက်ပြီး အမြန်ဆုံး ပေးသွင်းသွားစေချင်ပါတယ်”ဟု ဦးသန်းထွန်းအောင်က ပြောသည်။

ရွှေလုပ်ကွက်လုပ်ကိုင်သူများသည် တစ်နှစ်လျှင် တစ်ဧကလုပ်ကွက်အတွက် နိုင်ငံတော်အား ရွှေစင် နှစ် ကျပ်သား ပေးသွင်းရခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ရွှေလုပ်ကွက်လုပ်ကိုင်သူအချို့ နိုင်ငံတော် သို့ ပေးသွင်းမှုမရှိသဖြင့် ကျန်ရှိနေခြင်းဟု မြန်မာ့သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသံဒိုင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ဘယ်အချိန်နောက်ဆုံးထား ပေးသွင်းရမယ်ဆိုတဲ့ နောက်ဆုံးပေးသွင်းရက်ကို သတ်မှတ်ထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ အမြန်ဆုံးပေးသွင်းသွားဖို့အတွက်ကိုတော့ လုပ်ငန်းရှင်တွေကို ပြောထားပါတယ်” ဦး သံဒိုင်က ပြောသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ သတ္တုတွင်းဝန်ကြီးဌာနသို့ စာရင်းစစ် ၀င်ရောက်သည့် အချိန်တွင် ၂၀၀၇ ခုနှစ်မှစတင်ကာ ကုမ္ပဏီပေါင်း ၂၀၀ နီးပါးမှ ရွှေစင်ပိဿာချိန် ၁၀၀၀၊ တန်အားဖြင့် တစ်တန်ခွဲနီးပါး ပေးသွင်းရန် ကျန်ရှိနေခြင်းကို တွေ့ရှိရခြင်းဖြစ်သည်ဟု မြန်မာ့သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဦးသံဒိုင်က ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံတွင် ရွှေသတ္တုတူးဖော်သည့် အကြီးစားလုပ်ကွက် ငါးကွက်နှင့် အသေးစားလုပ်ကွက် ၄၇၂ ကွက်ရှိရာ ယင်းတို့မှ ရွှေပေးသွင်းရန် ကျန် နေခြင်းဖြစ်သည်။

ယင်းသို့ ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင်ကျပ်သားများကိုလည်း လုပ်ငန်းရှင်များထံမှ အမြန်ဆုံး တောင်းခံပေးသွားမည်ဟုလည်း သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ပြီးခဲ့သည့် ပထမအကြိမ်၊ ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ပြောဆိုထားသည်။

ရွှေလုပ်ကွက်လုပ်ကိုင်သူ လုပ်ငန်းရှင်များသည် ယခင်က နိုင်ငံတော်သို့ပေးသွင်းရမည့် ရွှေများကို လစဉ် နှစ်ကျပ်သား ပေးသွင်းခဲ့ရသော်လည်း ၂၀၁၁ ဇူလိုင်လမှစတင်ကာ တစ်နှစ်စာအတွက် ၂၄ ကျပ်သား တစ်ကြိမ်တည်း ပေးသွင်းရန် ပြောင်းလဲသည်။

Saturday, May 4, 2013

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်းရှိ အိမ်ခြေ အိမ်ထောင်စုပေါင်း 1730 ရှိသည့် ဆင်ထုံးအုပ်စုမှာ ဖြစ်ပေါ်နေသော အုပ်ချုပ်ရေးမှူး ကျော်သိန်း လာဘ်စားတဲ့ သတင်းပါဗျာ ဖြစ်ပွားပုံမှာ 19.4.13 ရက်နေ့တွင…

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်းရှိ အိမ်ခြေ အိမ်ထောင်စုပေါင်း 1730 ရှိသည့် ဆင်ထုံးအုပ်စုမှာ ဖြစ်ပေါ်နေသော အုပ်ချုပ်ရေးမှူး ကျော်သိန်း လာဘ်စားတဲ့ သတင်းပါဗျာ
ဖြစ်ပွားပုံမှာ 19.4.13 ရက်နေ့တွင်အုပ်ချုပ်ရေးမှူး ကျော်သိန်း ကိုယ်တိုင် အသံချဲ့စက်ဖြင့်ဆက်သွယ်ရေးဋ္ဌာနမှ တန်ဖိုးနည်း 1500 တန်ဖုန်းကဒ်များကို 24. 4 .13 နေ့တွင်ရောင်းချပေးမည်ဖြစ်ကြောင်းလျှောက်တားလိုသူများသည် မိမိတို့၏ အိမ်ထောင်စုစာရင်းမှတ်ပုံတင်
မိတူနှင့်တကွဖုန်းလျှောက်ထားခ တစ်ဦးလျှင်ငွေကျပ် ငါးရာနီးစပ်ရာတာဝန်ရှိဆယ်အိမ်မှူးများမှတစ်ဆင့် အုပ်ချုပ်ရေးမှူးကျော်သိန်းထံသို့
ပေးပို့လျွှောက်ထားနိုင်ကြောင်းကြော်ငြာသည့်အတွက်ပြည်သူများလျှောက်ထားခဲ့ရာအိမ်ခြေ 1730 ရှိသည့် ကျွန်တော်တို့ဆင်ထုံး
အုပ်စု အတွက်ဖုန်းကတ်ခွဲတမ်း 144 ကဒ်ရရှိသည်ဟုကြားသိရပါသော်လည်း ယခု 3.5.13.နေ့ရောက်သည့်အထိဖုန်းလျှောက်ထားခဲ့သော
ဒေသခံ ပြည်သများတစ်ဦးတစ်ယောက်မှ ဖုန်းကဒ်မရရှိသေးပါ
သို့ဖြစ်ပါသောကြောင့် ဒေသခံပြည်သူများထံမှ လိမ်ညာပြီး လာဘ်စားခဲ့သောအုပ်ချုပ်ရေးမှူး ကျော်သိန်း ၏ ကျေင့်ပျက်ခြစားမှုများကို
သမတကြီးနှင့်တကွ တာဝန်သရှိလူကြီးမင်းများနိုင်စေရန် ယခုလို အွန်းလိုင်းမှတစ်ဆင့်တင်ပြလိုက်ပါသည်
.....ကျေးဇူးပြုပြီးတော့ .....
တာဝန်ရှိသူများမြင်တွေ့ ...ကြားသိ...စာနာ..ကာပြည်သူတို့၏အကျိုးအတွက်ရှေးရှုလို့ဆောင်ရွက်ပေးပါရန်
တောင်းဆိုလိုက်ရပါသည်....။

Monday, April 8, 2013

ခြ

Saturday, April 6, 2013

Larry Jagan - Translation

ခြစားမှုခင်းများနှင့်မြန်မာထိပ်တန်းအရာရှိကြီးများ - by Larry Jagan
ဧပြီ ၆၊ ၂၀၁၃
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသိန်းဇော် (ယခု ကချင်ပြည်နယ်ဝန်ကြီး) လည်း စစ်ဆေးခံရသည်ဟု ဆိုသည်။ ထိပ်ပိုင်း လူကြီး ၆၀ အနက် ၂၀ မှာ ယာယီထိန်းသိမ်းခံထားရသည်။
တရုပ်ကုမ္ပဏီ Huawei and ZTE  တို့က အလွန်အမြက်စွန်းရှိသော ဆက်သွယ်ရေးကန်ထရိုက်များ ရရန်ကြိုးစားကြနေကြပါသည်။ ၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း၁၅၀ ချေးငှားပြီး ဆက်သွယ်ရေးဝါယာကြိုးများ ရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီးရောင်းခဲ့သည်။ ဆက်သွယ်ရေးကန်ထရိုက်များအတွက် ထူးကုမ္ပဏီအုပ်စု အီလိုက်နှင့် ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။
ယခင် စီမံဘဏ္ဍာဝန်ကြီး ဦးလှထွန်းက ခြစားမှုများကို စီစစ်နေသည်။ ဦးလှထွန်းသည် သမ္မတဦးသိန်းစိန်နှင့် နီးစပ်သူဖြစ်သည်။
ယခင် ငါးလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းလည်း စစ်ဆေးခံရပြီးနောက် အထက်တန်းအရာရှိ ဦးခင်ကိုလေးသည် ချက်ချင်းတာဝန်မှ ရပ်နားခံရသည်။ ယခု ငါးလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့် ပြင်သစ်နိုင်ငံသွားမည့်ခရီးစဉ် ဖျက်သိမ်းခံရပြီး ကချင်ငြိမ်းချမ်းရေး အရာရှိအဖြစ် တာဝန်ပြောင်းခံရသည်။ ပြင်သစ်ကုမ္ပဏီနှင့် မဖေါ်ပြနိုင်သော ကိစ္စရှိသည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို စစ်ဆေးခံရပြီး၊ သူ့ကိုယ်ရေးအရာရှိမှာ တာဝန်မှရပ်နားခံရသည်။
စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်လည်း မြန်မာနိုင်ငံနှင့် မသင့်လျှော်သော ဈေးကြီးသည့် ဟိုက်ဘရစ်ဆန်စက်များ တင်သွင်းမှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသည်။
အတိုက်အခံ အင်အယ်ဒီပါတီ ပြောဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ခြစားမှုထင်ရှားလျှင် ပြစ်ဒဏ်ချရန်လိုသည်ဟု ဆိုသည်။ ကြံခိုင်ရေးပါတီ ဥက္ကဌဦးဌေးဦးမှာ ခြစားမှုကိစ္စအတွက် အန်င်အယ်ဒီပါတီ အဆိုပြုချက်ကို ပယ်ချလိုက်သည်။ သူတို့သည် ခြမစားပါ။ ခြစားမှုကို တိုက်ဖျက်နေသူများ ဖြစ်သည်ဟု ဆိုသည်။  ကြံခိုင်ရေးပါတီတွင် ယခင်အစိုးရ အရာရှိဟောင်းများစွာ ရှိသည်။
လာရီဂျာကင် (မြန်မာအရေး ကျွမ်းကျင်သူ Bangkok)

Saturday, April 6, 2013

အာဏာပိုင်ဆိုသူတွေရဲ့ မတရားအနိုင်ကျင့် ခံရတဲ့ အခါ

ရဲတွေ မမှန်မကန်လုပ်တာ တွေ့ရင် ..

ခေတ်နောက်ပြန်ဆွဲချင်တဲ့ ဌာန ဆိုင်ရာ ၀န်ထမ်းတွေ ပညာ ပြလွန်း ရင် ..
မမှန်မကန် လုပ်တဲ့ ရဲတွေ တွေ့ရင် ..

ခေတ်နောက်ပြန်ဆွဲချင်တဲ့ ဌာန ဆိုင်ရာ ၀န်ထမ်းတွေ ပညာ ပြလွန်း ရင် .. 

အသုံးပြုဖို့ သိမ်းထားရမဲ့ ဖုန်းနံပါတ်တွေ ..

{ ဘယ်လိုဘဲ ပြောပြော .. မမှန်ကန်တဲ့ ညွန်ချုပ် ၅ ယောက် နဲ့ ပါချုပ် ၁ ယောက် ကို ..
အနားပေး လိုက်နိုင်တာ ဟာ တာဝန်သိသိ တိုင်ကြားရဲတဲ့ သူတွေ ရှိလို့ဘဲ }

---------------------------------------------------------------------------------------
(((မမှန်မကန် ဆောင်ရွက်တဲ့ ရဲတွေ တွေ့ရင် .. ဒီဖုန်းနံပါတ် တွေကို အားပေးကြပါအုံး)))

ရဲတပ်ဖွဲ့ဝင်များ မမှန်မကန် ဆောင်ရွက်ပါက တိုင်ကြားရန် ထုတ်ပြန် ထားသော ဖုန်းနံပါတ်များသို့ တိုင်ကြားမှု ဒုတိယလတွင် လျော့နည်းလာ...

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ မမှန်မကန် ဆောင်ရွက်ပါက တိုင်ကြားရန် ဖုန်းနံပါတ်များသို့ တိုင်ကြားမှုများ ဒုတိယ လတွင် လျော့နည်းသွားကြောင်း၊ ယင်း ဖုန်းလက်ခံ ဖြေကြားသူ တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ မတ်လ ၃၁ ရက်တွင် ပြောကြားသည်။

ယင်းက “ဒီဖုန်းတွေကို ဖေဖော် ဝါရီ ၁၁ ရက်က စဖွင့်ပြီး တိုင်ကြား တာတွေ လက်ခံခဲ့တာပါ။ အဲဒီလ တုန်းက တိုင်ကြားမှု ၁၁၆ ကြိမ်ရှိ ပါတယ်။ အခု မတ်လမှာတော့ ၃၇ ကြိမ်ပဲ တိုင်ကြားထားတာ ရှိပါတယ်။ အဓိက က တော့ ချဲ၊ နှစ်လုံးနဲ့ ဘောလုံးပွဲ လောင်းကစားမှုတွေ အများ ဆုံးတိုင်ပါတယ်။ တချို့က ဥပဒေကို နားမလည်လို့ တိုင်တယ်။ ရဲကလည်း ရဲလုပ်ငန်းနဲ့ လုပ်တာပဲ။ အမှုတိုင်တဲ့လူက အားမရလို့ နှေးနေတယ် ထင်လို့ တိုင်တာတွေ လည်း ရှိတယ်။ ရဲတပ်ဖွဲ့တချို့ရဲ့ မှားယွင်းတဲ့လုပ်ရပ် တွေ၊ တိုင်တာတွေလည်း ရှိတယ်။ တချို့က လည်း တမင်တကာကို မမှန်မကန် တိုင်ကြားမှုတွေ ရှိတယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ယင်းက ဆက်လက်ပြောကြား ရာတွင် “ပထမလတုန်းကတော့ တိုင်တာများတယ်။ အခုလနည်းသွား တယ်။ အားတိုင်းလျှောက်တိုင်နေ တာမျိုး မဟုတ်တော့ဘဲ တကယ်နစ် နာတဲ့သူတွေပဲ တိုင်တာများတယ်။ ကျွန်တော် တို့က ဖြေရှင်းဆောင်ရွက် ပေးနေတာပါပဲ။ တချို့ကိစ္စတွေက ရှုတ်ထွေးတော့ အဖွဲ့လေးတွေဖွဲ့ပြီး ဆောင်ရွက်ရ တာမျိုး ရှိတယ်။ စိတ်မရှည်တဲ့ ပြည်သူတွေက အရေးမယူသေးဘူးလား ဆိုပြီး ပြန်မေးတာတွေတောင် ရှိတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မမှန်မကန် ဆောင်ရွက်ပါက နေပြည်တော် ဝ၆၇၅၅ဝ၃၃၃၊ ရန်ကုန် ဝ၁၂၃ဝ၂၁၉၉၊ မန္တလေး ဝ၂၆၁၄၄၄၄၊ မကွေး ဝ၆၃၂၈ဝ၉၉၊ မွန် ဝ၅၇၂၄၉၈၇၊ ပဲခူး ဝ၅၂၂၃၉၉၉၊ စစ်ကိုင်း ဝ၇၁၂၄၉၉၆၊ ရခိုင် ဝ၄၃၂၂၈၃၃၊ ရှမ်း ဝ၈၁၂၁၂၅၄၅၅၊ ဧရာဝတီ ဝ၄၂၂၃၈၄၄၊ ကရင် ဝ၅၈၂၃၅၅၅ နှင့် ကချင် ဝ၇၄၂၁၄၄၄ သို့ ဆက်သွယ် သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရသည်။
(Myanmar Independent News journal)

---------------------------------------------------------------------------------------
((( အာဏာပိုင်ဆိုသူတွေရဲ့ မတရားအနိုင်ကျင့် ခံရတဲ့ အခါ )))

အောက်ခြေမှာ တိုင်လို့ ..

ပုလင်းတူဗူးစို့တွေ နှာစေးနေရင် ..

အကောင်ကြီးကြီး အမြီးရှည်ရှည် တွေ ပါတ်သက်နေရင် ..

သမ္မတဆီ အွန်လိုင်းမှ တိုင်ကြားနိုင်ဖို့ ..

 (သမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာလိပ်စာ http://www.president-office.gov.mm/ )

Friday, April 5, 2013

ကြင်ယာတော်ရဲ့ အလွဲသုံးစားမှုနဲ့ စပိန်မင်းသမီးကို ရုံးတော်က ဆင့်ခေါ်

စပိန်နိုင်ငံမှာ တော်ဝင် မင်းသမီး ခရစ်စတီးနားရဲ့ ကြင်ယာတော်ဟာ အများပိုင်ငွေ ယူရို သန်းပေါင်းများစွာကို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလကုန်ပိုင်းမှာ တရားရုံးကို လာရောက် ရင်ဆိုင်ဖို့ မင်းသမီးကို ဆင့်ခေါ် ခံထားရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စပိန် မင်းသမီးနဲ့ ကြင်ယာတော် Inaki Urdangarin