Thursday, February 20, 2014

မြန်မာနိုင်ငံမှာ ၁၅လအတွင်း ငွေခ၀ါချမှု တန်ဖိုး ဒေါ်သန်း ၂၀၀ရှိ ABC.....................



မြန်မာနိုင်ငံမှာ ​၁၅ ​လတာ ​ကာလအတွင်း ​ငွေကြေး ​ခဝါချခဲ့တဲ့ ​အမှုပေါင်း ​၇၀ ​လောက်ရှိခဲ့ပြီး ​အဲဒီလုပ်ငန်းတွေရဲ့ ​စုစုပေါင်း ​တန်ဖိုးဟာ ​ဒေါ်လာ ​သန်း ​၂၀၀ ​ဒါမှမဟုတ် ​မြန်မာကျပ်ငွေ ​သန်း ​နှစ်သိန်း ​ဝန်းကျင်လောက် ​ရှိတယ်လို့ ​သိရပါတယ်။

အဲဒီငွေအများစုဟာ ​မူးယစ်ဆေးဝါး ​ကုန်ကူးရောင်းချမှုတွေနဲ့ ​လူကုန်ကူးမှုကရတဲ့ ​ငွေမဲတွေကို ​ငွေဖြူဖြစ်အောင် ​ကြိုးစားတဲ့ ​အမှုတွေနဲ့ ​ဆက်နွယ်တယ်လို့ ​မြန်မာရဲအရာရှိ ​ဦးမြင့်စိုးကို ​ကိုးကားပြီး ​မဇ္မျိမသတင်းမှာ ​ဖော်ပြထားပါတယ်။

ဒီလို ​ငွေကြေး ​ခဝါချမှုတွေဟာ ​တရားဥပဒေ ​စိုးမိုးရေး ​အားနည်းတဲ့ ​ဒေသမှာ ​ပိုအဖြစ်များတယ်လို့လည်း ​သိရပါတယ်။

ဒီလို ​ငွေကြေးခခါချမှုကို ​ဖျက်သိမ်းနိုင်ရင် ​နိုင်ငံရဲ့ ​ဂုဏ်ကို ​မြင့်တင်နိုင်ပြီး ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှု ​ပိုမိုရရှိစေနိုင်တယ်လို့လည်း ​ပြောပါတယ်။

မကြာသေးခင်ကပဲ ​မြန်မာနိုင်ငံလွှတ်တော်မှာ ​ငွေကြေးခဝါချမှု ​တိုက်ဖျက်ရေး ​ဥပဒေကြမ်းကို ​အထက်လွှတ်တော်က ​အတည်ပြုလိုက်ပြီး ​ကုလသမဂ္ဂရဲ့ ​အကူအညီနဲ့ ​အဲဒီဥပဒေကို ​ချောမွေ့အောင် ​ပြင်ဆင်ပြီးမှ ​ဥပဒေအဖြစ် ​အသက်သွင်းဖို့ရှိတယ်လို့လည်း ​Voice ​daily ​သတင်းစာမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ​ဥပဒေကြမ်းဟာ ​နိုင်ငံတကာ ​အဆင့်မမှီဘူးလို့ ​ကုလသမဂ္ဂ ​မူးယစ်ဆေးဝါးနဲ့ ​ရာဇာဝတ်မှု ​တိုက်ဖျက်ရေး ​ဆိုင်ရာအဖွဲ့က ​အကြံပြုပြီးနောက် ​ခုလို ​ပြင်ဆင်ဖို့ ​လုပ်ဆောင်တာဖြစ်တယ်လို့ ​ရေးသားထားတဲ့အကြောင်း ​ကျိုဒိုးသတင်းအရ ​သိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment