This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 12, 2013

ပစ်ကပ်ထရပ်ကားများအခွန်သက်သာစွာတင်သွင်းနိုင်ပြီ

Kyi Win and မိုဘိုင်းနှင့်နည်းပညာသတင်းများဖြန့် ဝေသူ shared TechSpace Journal's photo.
ပစ်ကပ်ထရပ်ကားများအခွန်သက်သာစွာတင်သွင်းနိုင်ပြီ
သတင်း-မောင်နွေသစ်
မြန်မာ့အလင်းသတင်းစာ (မတ်လ-၁၀,၂၀၁၃)

            ပစ်ကပ်ထရပ်ကားများတင်သွင်းရာတွင် လူစီးယာဉ်အုပ်စုမှ လုပ်ငန်း
သုံးယာဉ်အုပ်စုသို့ ပြောင်းလဲတင်သွင်းခွင့်ပြုလိုက်သဖြင့် ပစ်ကပ်ထရပ်ကားများ
ကို သက်သာသောအခွန်နှုန်းထားဖြင့် တင်သွင်းနိုင်ပြီဖြစ်ကြောင်း  စီးပွားရေး
နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ    အရာရှိတစ်ဦးက   မြန်မာ့အလင်း
သို့ပြောကြားသည်။

            "ပစ်ကပ်ထရပ်ကား (Pick-up truck) ကားများကို  ယခင်က လူစီး
ယာဉ်အုပ်စုထဲမှာပါတဲ့အတွက် အခွန်ကို ၈၀ ရာခိုင်နှုန်းသတ်မှတ်ကောက်ခံ
ပါတယ်။ ဒါပေမယ့် အချို့   ပစ်ကပ်တွေက  အိမ်သုံးဈေးနှုန်းမြင့် ကားတွေမ
ဟုတ်ဘဲ လုပ်ငန်းသုံး ယာဉ်တွေဖြစ်နေတဲ့အတွက်  ကညနနဲ့  ညှိနှိုင်းပြီး  လုပ်
ငန်းသုံးယာဉ်အုပ်စုထဲကို ထည့်ပေးလိုက်ပါတယ်။    ဒီလိုအုပ်စုပြောင်းထည့်ပေး လိုက်တဲ့ အတွက်ကြောင့်    ပစ်ကပ်ထရပ်ကားတွေ တင်သွင်းရာမှာလည်းလုပ်
ငန်းဆိုင်ရာ  ယာဉ်တွေ တင်သွင်းတဲ့ အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်းသာ ကောက်ခံမှာ ဖြစ်ပါတယ်  " ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းနိုင်က ပြောကြားသည်။

           မတ် ၁ရက်မှစပြီး ပစ်ကပ်ထရပ်ကားများကို တင်သွင်းရာတွင် စီးပွား
ရေးလုပ်ငန်းသုံးယာဉ်များ တင်သွင်းသည့်  အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံပေးလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြား
သည်။ ပစ်ကပ်ထရပ်ကားများ အခွန်နှုန်းထားများ သက်သာစွာ တင်သွင်းနိုင်
မည်ဖြစ်သော်လည်း တံခါးပေါက်နှစ်ပေါက်ပါ ပစ်ကပ်ကားများ သာ ငါးရာခိုင်နှုန်း ဖြင့်တင်သွင်းခွင့် ပြုလိမ့်မည်ဖြစ်ကြောင်း ၊ တံခါးပေါက်လေး
ပေါက် ပါ ကားများမပါဝင်ကြောင်းသိရသည်။

            လက်ရှိ ဂျပန်ထုတ်ပစ်ကပ်ထရပ်ကားအသစ်စက်စက်တစ်စီးလျှင်
ဈေးကွက်တွင် အမေရီကန်ဒေါ်လာ ၁၅၀၀၀ မှ ၁၇၀၀၀ ကြားဈေးရှိကြောင်း
ကားတင်သွင်းရောင်းချသူ တစ်ဦးက ပြောကြားသည်။

          ထိုသို့  ပစ်ကပ်ထရပ်ကားများအခွန်နှုန်းသက်သာစွာ တင်သွင်းလာနိုင်
သဖြင့် ပစ်ကပ်ထရပ်ကားများဈေးနှုန်းကျဆင်း လာနိုင်ကြောင်း စီးပွားရေး
ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားလျက်ရှိသည်။

          တက္ကစီယာဉ်များ၊ ဘတ်စ်ကားများ၊ ကုန်ပစ္စည်းတင်ထရပ်ကားများကို 
စီးပွားရေးလုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန်ငါးရာခိုင်နှုန်းဖြင့် တင်
သွင်းခွင့်ပြုထားသည်။  သို့ရာတွင် အိမ်စီးမော်ဒယ်မြင့် ကားများကို တင်သွင်းရာ
တွင် အခွန် ၈၀ ရာခိုင်နှုန်း ၀န်းကျင်ကောက်ခံကြောင်းသိရသည်။

Credit:
မြန်မာ့အလင်းသတင်းစာ

--------------------

TSJ Tech Team

လက်ပံတောင်းတောင်အစီရင်ခံစာက စီမံကိန်းဆက်လက်အကောင်အထည်ဖော်စေမည်

ရန်ကုန်၊ မတ်-၁၁
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍လေ့လာတွေ့သောအားနည်းချက်များကို ပြုပြင်စေကာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ချုပ်ဆိုထားသောစာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုစေပြီး စီမံကိန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင်ဖော်ပြထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန

Updated 3 minutes ago
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မတ်လ ၁၁ ရက်နေ့ တရုတ် စံတော်ချိန် ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၁ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့ပြီး နေ့လည် ထမင်းစားပြီးချိန်မှ စတင်ပြီး ဆွေးနွေးပွဲကို ခေတ္တ ရပ်နားခဲ့ကာ ည ၉ နာရီအချိန်တွင် ဆက်လက် ကျင်းပခဲ့ပြီး ည ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးဆုံးခဲ့ခြင်း ဖြစ်ပါသည်။ (သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြပါမည်)

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် ငြမ်းဆင်နေစဉ် ရောင်ခြည်တော်ကွန့်မြူး........^_^

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အ တွက် ငြမ်းဆင်နေစဉ် ရောင်ခြည်တော် ကွန့်မြူး ခဲ့ကြောင်း သိရှိရသည်။
ပြင်ဦးလွင်မှဘုရားဖူးအဖွဲ့မှ ကားဆရာများဖြစ် သည့် ကိုအောင်ကိုကိုဦးနှင့် ကိုကျော်ဇေယျာလွင် တို့နှစ်ဦးမှာ ငြမ်းဆင်နေသည့် ကျိုက်ထီးရိုး ဆံတော်ရှင် မြတ်ပုံတော်အား ဖုန်းဖြင့် ဓာတ် ပုံရိုက်ရာမှ ရောင်ခြည်တော်ကွန့်မြူးနေသည့် ပုံတော်အား ရိုက်ကူးဖူးမျှော်မိခြင်းဖြစ်သည်။

ယင်းကားဆရာများမှာ ကျိုက်ထီးရိုးစေတီတော်သို့ ပထမဦးဆုံးအကြိမ်သွားရောက်ဖူးမျှော်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ရောင်ခြည်တော်ကွန့်မြူးနေပုံအား ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ဆံတော်ရှင်စေတီအား ကားဆရာနှစ်ဦးပြိုင်တူရိုက်ကူးခဲ့ခြင်းဖြစ်သော်လည်း ကိုအောင်ကိုကိုဦး ရိုက်ကူး သည့် ပုံတော်၌သာ ယခုလို ရောင်ခြည်တော်ကွန့်မြူးသည့်ပုံထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ (၂၄) ရက်နေ့ (၇) နာရီ(၂၆) မိနစ်မှာ ကျွန်တော်တို့ ဓာတ်ပုံရိုက်တော့ ကျွန်တော့် ဘေး နား မှာလည်း ကျွန်တော့် အကိုတစ်ယောက်ပါ ဓာတ်ပုံအတူတူရိုက်ကြတယ်။ ကျွန်တော်တို့က လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ဖို့ ငြမ်းတွေဆင်နေတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း ဘုရားကို ကိုယ် တိုင်ရွှေသင်္ကန်းမကပ်ရဘူး။ ငြမ်းဆင်နေတဲ့ ပုံကိုအမှတ်တရဖြစ်အောင်ဖုန်းနဲ့ရိုက်လိုက်တယ်။ ဖုန်းနဲ့ ရိုက်လိုက်တဲ့အချိန်မှာ ပေါ်လာတာပါ”ဟု ဥာဏ်တော်ကွန့်မြူးပုံ ဓာတ်ပုံကိုယ်တိုင်ရိုက်ကူးခဲ့သူ ကိုအောင်ကိုကိုဦး က ပြောသည်။

စတင်ရိုက်ကူးစဉ် ရာသီဥတုကောင်းမွန်ပြီး ကောင်းကင်မှာကြည်လင်တောက်ပလျှက်ရှိပြီး ရိုက်သည့် အချိန်တွင် ယခုကဲ့သို့ ပေါ်လာခြင်းဖြစ်ပြီး ဘေးနားမှဓာတ်ပုံရိုက်နေသူအား မေးမြန်းရာတွင် ၄င်းပုံ ၌ ရောင်ခြည်တော်ကွန့်မြူးခြင်းမရှိကြောင်းကိုလည်း သိရသည်။

“ရိုက်နေတဲ့အချိန်မှာ ကောင်းကင်ကတကယ်တမ်းကျတော့ လျှပ်စီးတွေလည်းမရှိဘူး။မိုးတွေလည်း မအုံ့ဘူး။ ရိုက်လိုက်တဲ့အချိန်မှာမှ လျှပ်စီးတန်းကြီးကကျလာတာ။ ကျွန်တော်ကလည်း အဲ့လို အလင်း တန်းကြီးတွေကျလာတော၊့ ကျွန်တော့်ဖုန်းကပဲ အလင်းပြန်တာလားဆိုပြီး ဘေးနားမှာရှိတဲ့ အကို တစ်ယောက်ကို မေးတော့ ဆက်ရိုက်ကြည့်ဆိုပြီးတော့ ပြောတယ်။ ပထမဆုံးရိုက်လိုက်တော့ လျှပ်စီးတွေ ကျနေတဲ့ပုံပေါ်တယ်။ ဒုတိယပုံရိုက်လိုက်တော့ ဘုရားရဲ့စိန်ဖူးတော်နားကအ၀ိုင်းနားမှာ ခရမ်းရောင်တွေ ဟပ်ပြီးတော့ အောက်မှာရွှေ ရောင်တွေ ဟပ်နေတယ်။” ဟု ကိုအောင်ကိုကိုဦးမှ ၄င်း၏ အတွေ့အကြုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဓာတ်ပုံရိုက်ကူးသည့်အခါတွင် ဘုရားပေါ်တွင်ရှိသော ဓာတ်ပုံဆရာများအား မေးမြန်းကြည့်ရာ ဘုရားမှရောင်ခြည်တော် ကွန့်မြူးတတ်ကြောင်းနှင့်သုံးနှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူရာ၌ ထူးခြားမှုပြလေ့ရှိကြောင်းကိုလည်း သိရှိရသည်။

“ဒါက ရောင်ခြည်တော်ကွန့်မြူးတာတဲ့ သုံးနှစ်တစ်ကြိမ်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်တိုင်း ထူးခြား မှုတွေ ပြတယ်။ ဒီနှစ်မှာအကိုရဲ့ကံနဲ့ဘုရားရဲ့တန်ခိုးကြောင့် အကိုရတာပါလို့ပြောတယ်။ ကင်မရာ သမားတွေကို အကိုတို့ ရိုက်တဲ့သက်တမ်းတစ်လျှောက်မှာ ဒီလိုလျှပ်စီးလက်တာတွေပါလားလို့မေးတော့ ကျွန်တော်တို့ဘုရားပေါ်မှာ စရိုက်ကတည်းက ဘုရားပေါ်မှာ ဒီလိုမျိုးကျခဲ့တာတွေမရှိဘူးလို့ ပြောတယ်။ အဲ့ဒီ ကင်မရာသမားတွေက သူတို့ကိုပေးခဲ့ဖို့ တောင်းသေးတယ်”ဟု ကိုအောင်ကိုကိုဦးက ပြောသည်။

ဓာတ်ပုံရိုက်သည့်နှစ်ယောက်စလုံးမှာ တစ်ချိန်တည်းတစ်ပြိုင်တည်း ရိုက်ခဲ့ခြင်းဖြစ်ပြီး ရိုက်ကူး လိုက်သည့် ပုံတွင် ရောင်ခြည်တော်ကွန့်မြူးပုံ မပေါ်သည့် ကိုကျော်ဇေယျာလွင်က ၄င်း၏ အတွေ့အကြုံနှင့် ပတ်သက် ၍ ပြောသည်။

“ကျွန်တော်တို့ရိုက်တာက Samsumg ဖုန်းနှစ်လုံးနဲ့ရိုက်တယ်။ ရိုက်တဲ့အချိန်က တစ်ပြိုင်တည်း တစ်ချိန်တည်းမှာ ရိုက်ကြတာ။ ကျွန်တော့် Samsumg ဖုန်းထဲမှာကြတော့ မပေါ်ဘူး။ အောင်ကိုကိုဦးရဲ့ ဖုန်းထဲမှာကြတော့ထူးထူး ခြားခြားပေါ်တာ။” ဟု ကိုကျော်ဇေယျာလွင်ကပြော သည်။

ယခုလိုရောင်ခြည်တော်ကွန့်မြူးသည့်ပုံတော်အားဘုရားဖူးလိုက်ပါလာသည့်သူ (၁၈၁) \ဦးမှ ဖူးမျှော်ရန် အ တွက် ဓာတ်ပုံကူးယူလိုက်သည့်အခါတွင်လည်း ယခုကဲ့သို့ လျှပ်စီးများကျရောက်နေသည့် ပုံများသာ ထွက် လာပြီး ယခုအခါ ထိုရောင်ခြည်တော်ကွန့်မြူးသည့်ဓာတ်ပုံအား ပြန်လည်ကူးယူ၍ ကျိုက်ထီး ရိုးဂေါပက \အဖွဲ့ထံ လှူဒါန်းမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ကိုအောင်ကိုကိုဦးမှာ လူထုမေတ္တာ ပြင်ဦးလွင်-မန္တလေး မော်တော်ယာဉ်အသင်းမှ ယာဉ်မောင်း တစ် ဦးဖြစ်ပြီး ၄င်း၏ ပထမအကြိမ်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ခရီးစဉ်တွင် ယခုကဲ့သို့ ရောင်ခြည်တော် ကွန့်မြူးမှု ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

from: Tin Tun Aung

မောင်တောမြို့နယ်၊ ငခူရအုပ်စု၊ မြို့သစ်ရွာမှာ ဘင်္ဂါလီများ အုပ်စုဖွဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြ

Powahhtoo Mooehhtoo and Mg Mg Aye shared Wira Thu's photo.
“ရခိုင်ပြည် တတိယဂျီဟတ် စစ်ပွဲ စ,တော့မည်လော”
 
       ယမန်နေ့ည ညဥ့်နက်သန်းခေါင် နာရီပြန်တစ်ချက် (10-2-2013 AM 1း00)ခန့်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ ငခူရအုပ်စု၊ မြို့သစ်ရွာမှာ ဘင်္ဂါလီများ အုပ်စုဖွဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ 
 ဘင်္ဂါလီအုပ်စုမှာ လူဦးရေ (၁၈)ယောက်ပါဝင်ပြီး (၄)ယောက်က န.စ.က ဝတ်စုံတွေ ဝင်ဆင်ထားကာ ကျန်(၁၄)ယောက်က အရပ်ဝတ်များ ဝတ်ဆင်ထားပါတယ်။ ဘင်္ဂါလားဒေ့ရှ်လုပ် သေနတ်နှစ်လက်ကို န.စ.က နှစ်ယောက်က ကိုင်ဆောင်ထားပြီး ကျန်(၁၆)ယောက်က ဓားလှံလက်နက်တွေ ကိုင်ဆောင်ထားပါတယ်။ 
 မြို့သစ်ရွာ ဦးဘဒင်အိမ်ကို ဝင်စီးတာပါ။ န.စ.ကတွေထင်ပြီး တံခါးဖွင့်ပေးလိုက်တာနဲ့ သေနတ်နဲ့စပစ်တာ ခံခဲ့ရတာပါ။ ဦးဘဒင်အိမ်မှာ အမျိုးသားချည်း လေးယောက်နေကြတာပါ။ လေးယောက်လုံးက ပြန်လည်ခုခံခဲ့ကြပါတယ်။ လေးယောက်ထဲက သုံးယောက် သေနတ်ထိမှန်သွားပြီး ကျန်တစ်ယောက်က ဓားနဲ့ အခုတ်ခံရတာပါ။ 
 သေနတ်ထိမှန်သွားတဲ့ သုံးယောက်ထဲက ဦးအေးမောင်(ဦးမောင်အေး)ဟာ ဆေးရုံးအသွား လမ်းတစ်ဝက်မှာ သေဆုံးခဲ့ရပြီး ဒီနေ့ မွန်းလွဲ(၁)နာရီမှာ အသုဘချဖို့ စီစဉ်နေပါတယ်။ 
 ဇော်လင်းအောင်(၂၀)နှစ်ဟာ ခြေထောက်နှစ်ဘက်လုံး သေနတ်ဒဏ်ရာရထားပါတယ်။ အခြားတစ်ယောက်နှင့်အတူ ဆေးရုံးတက်ရောက် ကုသနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိ ဘူးလို့ သိရပါတယ်။ 
 ဦးဘဒင်ကတော့ ဦးခေါင်း၊ ဆီးစပ်၊ ပေါင်၊ ပုခုံးတို့မှာ ဓားဒဏ်ရာရထားပြီး ဆေးရုံအရေးပေါ်ကုသဆောင်မှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောပါတယ်။ 
 မြို့သစ်ရွာဆိုတာ ရခိုင်ရွာဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် (တောင်ပြို)သွား ကားလမ်းဘေး ငခူရ၊ တောတန်း၊ ကြက်ဖြူမ-စတဲ့ ဘင်္ဂလီရွာတွေကြားမှာ တည်ရှိကာ အိမ်ခြေ(၁၂)အိမ်သာရှိ ရွာငယ်လေးပါ။ ခြံကြီးများ ကျယ်ဝန်းတာကြောင့် တစ်အိမ်နှင့်တစ်အိမ် အဆက်အသွယ် ပျက်ကြကြောင်း သိရပါတယ်။ 
 ဘင်္ဂါလီများဟာ လူသတ်ဖို့လာတာဖြစ်လို့ ပစ္စည်းတွေယူမသွားဘူးလို့ သိရပါတယ်။ အခင်းဖြစ်ပြီး တစ်နာရီခန့်မှာ လုံခြုံရေးတွေ ရောက်လာပေမယ့် အစအနကို ရှာမတွေ့တော့ပါဘူး။ ဘင်္ဂါလီရွာတွေကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာကြောင့် ရွာထဲရောက်သွားရင် တရားခံပျောက်သွားတက်ပါတယ်။ ဒီလို တိုက်ခိုက်ခံရတာ အခြားမဒိန်းကျင့်ခံရတာ လုပ်ကြံသတ်ဖြတ် ခံရတာတွေ ကြုံတိုင်း ဘယ်သောအခါမှ လက်သည်မပေါ်ခဲ့ပါဘူး။ ရခိုင်တွေ မနေနိုင်အောင် ဒီနည်းနဲ့မောင်းထုတ်တာ နှစ်ပေါင်းခြောက်ဆယ်ကျော်ခဲ့ပါပြီ။ 
 ဘင်္ဂလီရွာတွေကြားထဲက ရခိုင်ရွာတွေကို ရွေ့ပြောင်းခိုင်းပြီး စစ်အခြေစိုက် စခန်းတွေချထားဖို့ ကျန်ရစ်ရခိုင်စီးပွားရေးတွေကို စစ်တပ်(ဦးပိုင်)က စီမံကိမ်းတွေချမှတ် အကောင်အထည်ဖေါ်ဖို့ ရခိုင်ရွာတွေ ရက်ကွက်တွေမှာ အမြဲတမ်း လုံခြုံရေးစစ်တပ်တွေ မျှော်စင်တွေ လှည့်ကင်းတွေ စီမံပေးဖို့လိုပါပြီ။ 
 ထိုင်းတောင်ပိုင်းလို ရခိုင်ပြည်မရမချင်း အကြမ်းဖက်လုပ်ကြံနေဦးမှာပါ။ မြန်မာမြေ တစ်လက်မမှ အပဲ့မခံနိုင်ဘူးဆိုတဲ့ ကြွေးကြော်သံတွေ ရခိုင်ပြည်ကို ကုလားပြည်အလုပ်မခံနိုင်ဘူး ဆိုတဲ့ အုပ်ချုပ်သူတွေ ရခိုင်အရေး ပေါ့ပေါ့မတွေးနဲ့နော်..။ ပေါ့ပေါ့တွေးတဲ့သူတွေကို ဘင်္ဂလီတွေက လျှော့လျှော့တွေးမှာလည်း မဟုတ်ဘူး။ ပြော့ပြော့လေးပေးမှာလည်း မဟုတ်ဘူးနော်.။
     သတင်းရင်းမြစ် 
     ဟစ်တိုင်စစ်
     10-2-2013
     AM-10.00
                                                         ဆက်သွယ်ရန်= 09-49270939
         09421740556