This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, April 16, 2013

"၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်လာမယ်" - စံဇာဏီဘို


MONDAY, APRIL 15, 2013
၂ဝ၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်  သမ္မတဖြစ်လာလိမ့်မယ် ဆိုတဲ့ ဟောကိန်းကို မပြင်ဆင်နိုင်ဘူး လို့ နက္ခတ်ဗေဒပညာရှင် စံဇာဏီဘိုက ပြောလိုက်ပါတယ်။

ဒီလ ၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်နဲ့အင်တာဗျူးမှာ အဲဒီလို ပြောလိုက်တာပါ။

(ဗိုလ်ချုပ်ကြီးတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖွယ် မရှိပါဘူး။)

ဒီအခြေခံဥပဒေကို လေ့လာထားသူတချို့ကတော့ စံဇာဏီဘိုဟာ ဥပဒေအကြောင်း မသိလို့ ဒီလိုဟောကိန်းထုတ်တာလို့ ယူဆကြပါတယ် တဲ့။

ဒီဝေဖန်ချက်နဲ့ ပတ်သက်ပြီး  
နက္ခတ်ဗေဒပညာရှင် ရဲ့ တုံ့ပြန်ချက်က ဒီလိုပါ - "ကျွန်တော့ကို ဥပဒေအကြောင်း မသိဘူးလား တဲ့။ ကျွန်တော် သိစရာမလိုဘူး။ ကျွန်တော် ဗေဒင်ဟောတာ။ လွှတ်တော်မှာ ဘယ်စာအုပ်၊ ဘယ်စာမျက်နှာမှာ ဘယ်ဥပဒေရှိတယ် ဆိုတာ ကျွန်တော် သိစရာ မလိုဘူး။ ကောင်းကင်မှာ ဘယ်ဂြိုဟ်ရှိတယ်၊ အဲသည်ဂြိုဟ်ပြောင်းရင် ဘာဖြစ်မယ် ဆိုတာပဲ ကျွန်တော်သိဖို့လိုတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်လာမယ် ဆိုတဲ့ စကားကို ကျွန်တော် ဘယ်ပြင်မလဲ"

ဆရာ စံဇာဏီဘိုကတော့ အဲဒီလို ရဲရဲဝံ့ဝံ့ ထပ်ပြောလိုက်ပါပြီ။
ဒါဆိုရင် အခြေခံဥပဒေ အပြောင်းအလဲဖြစ်ဖို့ပဲ လိုပါတော့တယ်။

"ကျွန်တော့အယူအဆအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို သြဂုတ်လ ၂၁ ရက်ကနေ အောက်တိုဘာ ၂ဝ အတွင်းမှာ ပြင်ဆင်ဖို့ ဖြစ်မယ်" လို့ သူက ဟောကိန်းထုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ဖို့ ဥပဒေအပြောင်းအလဲတချို့ ရှိခဲ့ပြီးပါပြီ။

အခုလည်း  ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားပြုနေတဲ့ အခြေခံဥပဒေပါအချက်တချို့ကို ပြင်ဆင်လာဖွယ်ရှိကြောင်း ဆရာရဲ့ ဟောချက်မှာ တွေ့ရပါတယ်။

လက်ရှိသမ္မတ ~
အင်တာဗျူးမှာ ဆရာက ၂၀၁၀ ကနေ ၂၀၁၅ အထိ တာဝန်ယူရမယ့် သမ္မတဦးသိန်းစိန်အကြောင်းလည်း ဟောထားပါတယ်။

"သမ္မတက တစ်စုံတစ်ရာ ကျန်းမာရေး ချို့ယွင်းတာ၊ လုပ်ကြံခံရတာမျိုး မတွေ့ဘူး။ ဒုတိယသမ္မတကနေ သမ္မတဖြစ်တဲ့ အမှတ်အသားလည်း မတွေ့ဘူး။ သည်သမ္မတကို ပယ်ပြီး တခြားသော ရွေးကောက်ပွဲ ကျင်းပတာလည်း မမြင်ဘူး" လို့ ဆရာက တွက်ပါတယ်။

ရှိရင်းစွဲအုပ်ချုပ်သူက အားကောင်းပြီးတော့ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်မယ်။ အုပ်ချုပ်တဲ့ ပုံသဏ္ဌာန် အသွင်ပြောင်းမယ်လို့လည်း တွက်ပါတယ်။

မိတ္ထီလာဖြစ်ရပ်များ ~
မိတ္ထီလာမြို့မှာ မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဆရာက
မြန်မာပြည်ရဲ့ လာမယ့်နှစ်သစ်ကူးမှာ ကြုံလာနိုင်ခြေရှိတာတွေကို တွက်ပြရင်း ပြောလိုက်ပါတယ်။

"မိတ္ထီလာမှာဖြစ်တဲ့ ဖြစ်ရပ်မျိုးကျတော့ ဗေဒင်အရ လူသတ်လုယက် လို့ ခေါ်တယ်။ လူမျိုးရေးနဲ့ မဆိုင်ဘူး။ အဲသည်သဘာဝတော့ ရှိနေမယ်။ အရမ်းကို များမယ်" တဲ့။

ဘာကြောင့် ဒီလိုကြုံရမယ် ဆိုတာကို သူရှင်းပြတာက ဒီလိုပါ -
"နက္ခတ်က လှည်းဦးဖောက်၊  ကြယ်ကိုထမ်းပိုးဖောက်တဲ့ အနေအထား ဆိုတော့ လုကြမှာပဲ။ အဲသည်တော့ သွားတာလာတာကအစ ကျစ်ကျစ်လျစ်လျစ် ရှိဖို့ လိုတယ်။ နို့မို့ဆိုရင် လုမှာယက်မှာ သေချာတယ်။ ကိုယ့်လုံခြုံရေး ကိုယ်ယူရမယ်။ လာမယ့်နှစ် တစ်နှစ်လုံးမှာ အုပ်စုဖွဲ့လုတာ ယက်တာ ရှိမယ်"

အုပ်ချုပ်သူများ မထိန်းချုပ်နိုင်ဘူး၊ အားနည်းချက်တွေ ရှိလိမ့်မယ်လို့ ဆရာ စံ-ဇာဏီဘိုက ဆိုပါတယ်။

"ပြည်သူလူထုက ကိုယ့်အချင်းချင်း ထိန်းရမယ်" လို့ တွက်ပြပါတယ်။

တိုင်းပြည်အုပ်ချုပ်မယ့်မျိုးဆက် ~
စံ-ဇာဏီဘို နောက်ဆုံး တွက်ချက်ပြတာကတော့ ကြံ့ခိုင်ရေး၊ NLD စတဲ့ ထိပ်သီးတွေထက် "သာတဲ့ ပါတီ" တခု ပေါ်လာမယ် ဆိုတာပါပဲ။ အဲဒါကတော့ (ပါတီအဖြစ် အသွင်ပြောင်းမယ်လို့ သတင်းထွက်နေတဲ့) ၈၈မျိုးဆက်လည်း မဟုတ်ဘူး တဲ့။ 

"သည်နှစ်ထဲမှာ ဇူလိုင်လ ၂၁ ကနေ စပြီး ခြောက်လအတွင်း ပေါ်လာမယ်။ ပါတီသစ်တခုပေါ့။ သည်အုပ်စုက အင်န်အယ်လ်ဒီကိုလည်း ထောက်ပြမယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုလည်း ထောက်ပြမယ့်အုပ်စု ဖြစ်တယ်။ နိုင်ငံတကာအဆင့် မျက်လုံး ရှိတဲ့သူ ဖြစ်တယ်။ ဗေဒင်အရ ရှိကို ရှိနေပြီ" လို့ ဆိုပါတယ်။

တတိယမျိုးဆက်သစ် လို့ပဲ ပြောပါတယ်။ ပါတီနာမည်တော့ ဆရာက မပြောပါ။
အထင်ကရ နိုင်ငံရေးအင်အားစုကြီးတခု ဖြစ်ခဲ့တဲ့ လူ့ဘောင်သစ်ပါတီကလည်း မြန်မာပြည်တွင်း ပြန်လည် လှုပ်ရှားဖို့ လောလောဆယ် တာစူနေပါပြီ။ 

လူ့ဘောင်သစ်ပါတီ အားကောင်းလာမယ်လို့ ဆိုလိုတာများလားလို့ တွေးမိပါတယ်။ 

ဒါတွေက ဧပြီ ၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်မှာ ဖတ်ရတာတွေပါ။ 
ဆရာ ဟောကိန်းထုတ်တာတွေ ဘယ်လောက်အထိ ဒက်ထိ မှန်ကန်မယ် ဆိုတာကိုတော့ မဝေးတော့တဲ့ အနာဂတ်မှာ သိကြရမှာ ဖြစ်ပါတယ်။
 

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter 
 


ဒါပေမဲ့ဘ၀မှာ ၆၅% လောက် ဒီပိုက်ဆံရှိမှ .....
ငွေရှိတိုင်း မဖြစ်နှိင်သောအရာများလောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက် …အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။

1.ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်းဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကိုဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကိုဝယ်လို့မရဘူး။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကိုဝယ်လို့မရဘူး။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home)ကို ဝယ်လို့မရဘူး။

7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကိုမင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကိုဝယ်လို့မရဘူး။

8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကိုဝယ်လို့မရဘူး။

9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)ကို ဝယ်လို့မရဘူး။

10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန်(Time) ကို ဝယ်လို့မရဘူး။

11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်းဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။

12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်းဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကိုဝယ်လို့မရဘူး။

13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်းထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကိုဝယ်လို့မရဘူး။

14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင်ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကိုဝယ်လို့မရဘူး။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကိုမင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကိုဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကိုငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်းဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီးသိက္ခာဆည်လို့မရဘူး။

18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်ပြန်ကာလို့မရဘူး။

19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူနှစ်မျိုးသာရှိတယ်။

(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလိုသုံးချင်သူ။

(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

မှတ်ချက်။ ။ ဗဟုသုတ အဖြစ် မျှဝေပါသည်။

လိုတာလေးတွေရှိရင် Command မှာဖြည့်ပေးနော်...


 Myanmar News Update တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်
ငွေရှိတိုင်း မဖြစ်နှိင်သောအရာများလောကမှာငွေ
ရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက် …အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။

1.ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်းဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကိုဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကိုဝယ်လို့မရဘူး။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကိုဝယ်လို့မရဘူး။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home)ကို ဝယ်လို့မရဘူး။

7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကိုမင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကိုဝယ်လို့မရဘူး။

8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကိုဝယ်လို့မရဘူး။

9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)ကို ဝယ်လို့မရဘူး။

10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန်(Time) ကို ဝယ်လို့မရဘူး။

11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်းဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။

12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်းဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကိုဝယ်လို့မရဘူး။

13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်းထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကိုဝယ်လို့မရဘူး။

14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင်ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကိုဝယ်လို့မရဘူး။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကိုမင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကိုဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကိုငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်းဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီးသိက္ခာဆည်လို့မရဘူး

18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်ပြန်ကာလို့မရဘူး။

19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူနှစ်မျိုးသာရှိတယ်။

(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလိုသုံးချင်သူ။

(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

မှတ်ချက်။ ။ ဗဟုသုတ အဖြစ် မျှဝေပါသည်။

လိုတာလေးတွေရှိရင် Command မှာဖြည့်ပေးနော်...


Myanmar News Update တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

“မေခလာသိန်း(သမီး) အထည်ဆိုင်နှင့် ဗုဒ္ဓစေတီရုပ်ပုံတော်”နောက်ဆက်တွဲ အဖြစ်မှန်သတင်း


***************************************
by Wira Thu (Notes) on Monday, April 15, 2013 at 10:10pm

11.4.2013-ရက်နေ့ကဖြစ်ပါတယ်။မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာ မေခလာသိန်း (သမီး) အမည်ရတဲ့ အထည်ဆိုင်သို့ သာကေတမြို့နယ်၊NLD-ပါတီဝင် မဥမ္မာက ယောဂီထမီလာဝယ် ပါတယ်။

ယောဂီထမီအတွက်အထည်တွေ ရွေးနေစဉ်မှာ ဆိုင်ရှင်အမျိုးသမီးက “ဒီလိုအဆင်တွေလည်း ရှိတယ်”ဆိုပြီး အထည်စကိုကိုင်ပြပါတယ်။ မဥမ္မာက ကြည့်လိုက်တာနှင့် တန်းသိပါတယ်။ စေတီပုံက ထင်ထင်ရှားရှားကြီးဖြစ်နေတာကိုး။ ဒါနဲ့ ၃၅၀၀ိ/ဖြင့် တစ်ထည်ဝယ်လိုက်ပါတယ်။

မင်္ဂလာတောင်ညွန့်-ဈေးသို့မဥမ္မာတစ်ယောက်တည်း လာတာမဟုတ်ပါဘူး။ ကိုကျော်ကျော်၊ ကိုအောင်ငြိမ်းကျော်နှင့် အခြားလူငယ်တွေလည်းပါပါတယ်။မဥမ္မာက ယောဂီထမီသွားဝယ်တာဖြစ်လို့ တစ်နေရာမှာ စောင့်ကျန်နေခဲ့တာပါ။ မဥမ္မာက စေတီပုံပါတဲ့အထည်စကိုခေါက်ပြီး ကိုအောင်ငြိမ်း ကျော်တို့ဆီ အပြေးသွားပါတယ်။ ကိုအောင်ငြိမ်းကျော်တို့ကြည့်ပြီးတာနဲ့ မေခလာသိန်း(သမီး) ဆိုင်ကို တန်းသွားပါတယ်။

သဘောကျဟန်ဆောင်ပြီးသွားမေးရာမှာ “တစ်ထည်ချင်းဆို(၃၅၀၀)ကျပ်။ ဆယ်ထည်ဈေး ဆို(၃၀၀၀)ကျပ်၊ အလိပ်လိုက်ဝယ်ရင်လည်းရတယ်မောင်လေး ဈေးလျှော့ပေးမယ်”-လို့ ဆိုင်ရှင်အမျိုးသမီးက ပြောပါတယ်။ ဒါနဲ့ ကိုအောင်ငြိမ်းကျော်ကအပြာရောင်နှင့် အနီရောင်တစ်ထည်စီ ၀ယ်လိုက်ပါတယ်။ ဆယ်ထည်ဈေး (၃၀၀၀)ကျပ်နှင့်ပဲ ရခဲ့တာပါ။

ကိုအောင်ငြိမ်းကျော်တို့ကDVB သတင်းထောက်ကို လှမ်းခေါ်လိုက်ပါတယ်။ အဲဒီအချိန်မှာ မဥမ္မာဝယ်ထားတဲ့ အထည်ကို ရဲကသိမ်းသွားပါပြီ။ဒီကိုအောင်ငြိမ်းကျော်တို့က မဥမ္မာကိုခေါ်ပြီး ရပ်ကွက်ရုံးကိုသွားပြောပါတယ်။ ရပ်ကွက်ရုံးမှာမြို့နယ်တပ်ဖွဲ့မှူး ဦးဝင်အောင်နီနှင့် စခန်းမှူး ဦးသက်နိုင်တို့ ရောက်လာပြီး စကားပြောကြတာ(၁၁း၀၀)နာရီမှာ (၁၃း၀၀)နာရီထိ နှစ်နာရီဝန်းကျင် ကြာမြင့်ခဲ့ပါတယ်။

၎င်းနောက်ရဲတွေဦးဆောင်ပြီး မေခလာသိန်း(သမီး)ဆိုင်ကို သွားကြပါတယ်။ အားလုံးသိမ်း ဆည်းပြီးသွားပါပြီ။ဒီလိုဖြစ်တာဟာ ရဲတွေက မဥမ္မာတို့အဖွဲ့ကို အချိန်ဆွဲထားပြီးနောက်ပိုင်းမှာ အစဖျောက်ခိုင်းထားပုံရတယ်လို့ ကိုအောင်ငြိမ်းကျော်တို့က ယူဆထားပါတယ်။

မေခလာသိန်း(သမီး)ဆိုင်မှာရဲတွေကိုယ်တိုင်တက်နေချိန်မှာ မွတ်စလင်မ် အမျိုးသမီးကြီး ရောက်လာပြီး “ဒို့က ဗုဒ္ဓဘာသာတွေပါ၊ဒါမျိုးတွေ ဘယ်ရောင်းပါမလဲ”ပြောပြီး ရဲတွေကိုရော ကိုအောင်ငြိမ်းကျော်တို့ကိုပါ ထိုင်ကန်တော့ပါတယ်။ဒီအချိန်မှာ DVB-သတင်းထောက် ရောက်ရှိလို့ နေပါပြီ။ မှတ်တမ်းလည်းတင်နေပါပြီ။ ကန်တော့နေတဲ့ပုံတွေလည်းရိုက်ကူးပြီးပါပြီ။

ချက်ချင်းလက်ငင်းကြီးပျောက်သွားတာဆိုတော့ မဥမ္မာတို့က၊ မယုံကြည်ပါဘူး။ ဒါကြောင့် မဥမ္မာကိုယ်တိုင် တက်ရှာဖွေပါတယ်။ခြောက်ထည်တွေ့ပါတယ်။ ဟိုအလိပ်ကြားကတစ်ထည် ဒီအလိပ်ကြားက တစ်ထည် ထွက်လာတာပါ။

ရဲတွေကDVB-သတင်းထောက်ကို မလွှင့်ဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ကင်မရာသိမ်းဖို့အထိ ရည်ရွယ်ကာကင်မရာကိုတောင်းလာပါတယ်။ “ပြဿနာတက်သွားမယ် မလွှင့်နဲ့လို့”။ ပြောပြီး ကင်မရာတောင်းတာပါ။DVB-သတင်းထောက်မလေး လေးမွန်က လိပ်စာကဒ်ပဲ ပေးလိုက်ပါတယ်။ အရေးယူလိုက ဆက်သွယ်ရန်ဖြစ်ပါတယ်။

ယိုးဒယားကလာတယ်လို့ဆိုင်ရှင်တွေကပြောတာကို ကိုအောင်ငြိမ်းကျော်တို့က လုံးဝမယုံ ပါဘူး “ဒါဆိုလဲ ယိုးဒယားထိလိုက်မယ်ဗျာ”လို့ပြောခဲ့ပါတယ်။

11.4.2013-ရက်နေ့ည ၈း၀၀ နာရီသတင်းမှာ DVB-က၊ ထုတ်လွှင့်ခဲ့ပါတယ်။

12.4.2013-ရက်နေ့မှာကိုကျော်ကျော်တို့ ကိုအောင်ငြိမ်းကျော်တို့က ဗန်မော်ဆရာတော်ကြီး ထံ သွားတိုင်ပါတယ်။ဗန်မော်ဆရာတော်ကြီးက အပြာရောင်တစ်ထည်နှင့် ဘောင်ချာတစ်ခုကို ယူထားလိုက်ပါတယ်။ တရားစွဲဖို့လည်းတိုက်တွန်းတယ်လို့ ကိုကျော်ကျော်က ပြောပြပါတယ်။

၎င်းညမှာပဲကိုကျော်ကျော်တို့ NLD-အဖွဲ့ဝင်တွေနဲ့ ဆရာတော်ဦးကေသရတို့ အစည်းဝေးထိုင်ပါတယ်။ ဆရာတော်ဦးကေသရဆိုတာထေရ၀ါဒဓမ္မကွန်ရက် အဖွဲ့က သက်တော်ငါး ဆယ်ကျော် အရွယ်ရှိ ဆရာတော်ကြီးတစ်ပါးပါ။

13.4.2013-ရက်နေ့မှာဆရာတော်ဦးကေသရတို့အဖွဲ့ဟာ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းသို့ သွားခဲ့ကြပါတယ်။ ဆရာတော်ဦးကေသရနှင့်အတူ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၊ ဦးနေမိန္ဒ၊ ဦးသုစရိတ၊ ဦးသောပါက(ဒုလ္လဘ၊NLD) ဦးအာစာရ-အားလုံး ဒဂုံအရှေ့ပိုင်းမှ သံဃာ(၆) ပါးနှင့် အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်မှဆရာတော်တစ်ပါး စုစုပေါင်း သံဃာ(၇)ပါး။

ရှေ့နေကြီးဦးအေးပိုင်၊ မေတ္တာတံခွန်အသင်းမှ ကိုလပြည့်ဇင်၊ သာကေတ NLD-မှ မဥမ္မာ၊ ကိုအောင်ငြိမ်းကျော်၊ကိုကျော်ကျော်၊ ကိုဝင်းကြိုင်(ပွဲစား) ကင်မရာဆရာနှင့် ကားဆရာ လေးယောက် တို့ပါ ၀င်ခဲ့ကြပါတယ်။

နှစ်ဦးနှစ်ဖက်ဆွေးနွေးရာမှ အောက်ပါအချက်ဆယ်ချက်ကို ရဲတပ်ဖွဲ့ထံမှ ရရှိလာခဲ့ပါတယ်။


(၁)အထည်စမှာ စေတီပုံတွေပါလာတာဟာ သဘောရိုးနဲ့လုပ်တာပါဟု မြို့နယ်တပ်ဖွဲ့မှူးက ထပ်ခါတလဲလဲပြောကြား။

(၂)ပိတ်လိပ်တစ်ခုလုံး မဟုတ်ဘဲ ဟိုးနားတစ်ကွက် ဒီးနားတစ်ကွက် ပါတာဖြစ်လို့ မတော်တဆ ရိုက်နှိပ်မိသွားတာပါဟုပြောကြား။

(၃)မေးခလာသိန်း(သမီး) အပါအ၀င် (၃)ဆိုင်လုံးဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ယခင် သာယာကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေပါဟု ပြောကြား။

(၄)လာဘ်ပေးလာဘ်ယူ လုံးဝယူမထားပါဘူး။ ကိုယ့်ကိုကိုယ်တော့ တာဝန်ယူပါတယ် ဟုပြော။

(၅)ဒီအထည်အလိပ်ပေါ်မှာ စေတီပါလာတဲ့အတွက် ဘယ်သူနစ်နာသွားလဲ၊ နစ်နာသူ ဘယ်သူတွေရှိလဲဟုမေး။

(၆)အမှုဖွင့်ထားခြင်းမရှိသေးပါ။ အထက်အဆင့်ဆင့်ကို တင်ပြထားပါတယ်ဟုပြောကြား။ (ရှေ့နေ ဦးအေးပိုင်ကမေးရာ-အမှုဖွင့်ဖို့ အလားအလာမရှိပါ။ နောင်လည်း ဖွင့်မှာမဟုတ်ဟုပြောကြား)

(ရ)သိမ်းထားတဲ့ ထမီ(၇)ထည်လည်း မရှိတော့ဘူး။ အထက်ကိုတင်ပြထားပါတယ်။ (ဆရာတော် ဦးကေသရမေးတာကိုဖြေခြင်းဖြစ်)(မဥမ္မာထံမှ တစ်ထည်၊ မဥမ္မာကိုယ်တိုင်တက်ရှာလို့ တွေ့ခဲ့ရတဲ့ ၆ ထည်ကို ဆိုလို။)

(၈)ဒီအထည်စတွေကို ၂၀၀၀/၂၀၀၁ ခုနှစ်လောက်ကတည်းက တွေ့တာဆိုတော့ ဘယ်ကထုတ်တယ်၊ ဘယ်သူဖြန့်ချီတယ်ဆိုတာမမှတ်မိတော့ဘူး။ တစ်ဝက် တစ်ပျက်ပဲ မှတ်မိတယ်။ ဘောင်ချာလည်းမရှိတော့ဘူး။

(၉)ရည်ရွယ်ချက်မရှိဘဲနဲ့ ပြုလုပ်ကြတာသာဖြစ်။

(၁၀)ပိတ်စ ပိတ်လိပ်သာဖြစ်ဟု အကြိမ်ကြိမ်ပြော။

13.4.2013ရက်နေ့ ညရောက်တဲ့အခါ ဆရာတော်ဦးကေသရက မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဖုန်းဆက်မေးရာ အမှုဖွင့်လိုက်တာပါဘုရား။အထက်ဖွင့်ခိုင်းလို့ ဖွင့်လိုက်တာပါဘုရား ဟုပြန်လည် လျောက်ထားခဲ့သည်။

ရှေ့နေကြီးဦးအေးပိုင်က ဖုန်းဆက်မေးရာ ပုဒ်မ(၂၉၅) ပ-နံပါတ်မရှိသေး။ တရားလို စခန်းမှူး ဦးသက်ပိုင်တရားခံ ရှာဖွေဆဲ ဖြစ်ကြောင်း ပြန်ပြောသည်ဟု သိရပါသည်။

မေခလာသိန်းဆိုင်ဟာဗုဒ္ဓဘာသာဝင်တွေဟုတ်/မဟုတ် တစ်မြို့လုံး တစ်ဈေးလုံးက သိကြပါတယ်။

ဘာပဲဖြစ်ဖြစ်ရွှေမြန်မာတွေ ယဉ်ကျေးတယ်လို့ ပြောရမှာပါ။ ဘင်္ဂလားဒေ့ရှ်မှာ Facebook ထဲမှာ ကုရ်အန်ကျမ်းမီးလောင်ပြီးစ ကုရ်အန်ကျမ်းကို ဗုဒ္ဓဘာသာကောင်လေးတစ်ယောက်က ကိုင်ထားတာတွေ့ရုံနဲ့ ကိုရင်သေးသေးလေးပါမချန်အကုန်သတ်၊ အကုန်ရိုက်၊ အကုန်ဖျက်၊ အကုန်မီးရှို့ အကြမ်းဖက်ခဲ့တာ ကမ္ဘာအသိပါပဲ။

ရွှေမြန်မာတွေကျတော့မသတီစရာထမီ အထည်ကြီးမှာ ဦးထိပ်ထားကိုးကွယ်ရာ အထွဋ်အမြတ် စေတီတော်ပုံတွေကို သိသိကြီးနဲ့ရည်ရွယ်ချက်ရှိရှိ စော်ကားမော်ကား ပြုလုပ်တာတောင် ဥပဒေဘောင်အတွင်းကပဲ ဆုံးမပဲ့ပြင်ဖို့ပြင်ဆင်နေကြတာ လက်တွေ့မဟုတ်လား။


အပြည့်အစုံသိလိုက ဆက်သွယ်ရန်=


(၁)ဦးကေသရ (ထေရ၀ါဒ ဓမ္မကွန်ရက်) 01.585370

။ ။ 09.5085224

(၂)ဦးနေမိန္ဒ (ထေရ၀ါဒ ဓမ္မကွန်ရက်) 09.5096829

(၃)ဦးအေးပိုင် (ရှေ့နေ) 09.73151922

(၄)ကိုအောင်ငြိမ်းကျော် (သာကေတ NLD) 09.73015620

(၅)ကိုလှမိုး (သာကေတ NLD) 09.421019592

(၆)ကိုလပြည့်ဇင် (မေတ္တာတံခွန်) 09.450059582

(၇)ဦးဝင်အောင်နီ (မြို့နယ်ရဲတပ်ဖွဲ့မှူး) 09.8530345

(၈)ဦးသက်ပိုင် (စခန်းမှူး) 09.5402847
___________________________________
Wira Thu ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

လူတွေသေဆုံး ပြီးပြီးခြင်း ဘယ်အရာ ရှင်ပြီးကျန်နေသေးသလဲ?



(၁) နှလုံးက ဆယ်မိနစ်အထိ ရှင်တယ်။
(၂) ဦးနှောက်က မိနစ်နှစ်ဆယ်အထိ ရှင်တယ်။
(၃) မျက်လုံးက လေးနာရီအထိ ရှင်တယ်။
(၄) အရေပြားက ငါးရက်အထိ ရှင်တယ်။
(၅) အရိုးက ရက်သုံးဆယ်အထိ ရှင်တယ်။


(((ကောင်းတဲ့ အကျင့်သီလကတော့ တမလွန်အထိ ရှင်တယ်)))

by အတွေး
လူတွေသေဆုံး ပြီးပြီးခြင်း ဘယ်အရာ ရှင်ပြီးကျန်နေသေးသလဲ?

(၁) နှလုံးက ဆယ်မိနစ်အထိ ရှင်တယ်။
(၂) ဦးနှောက်က မိနစ်နှစ်ဆယ်အထိ ရှင်တယ်။
(၃) မျက်လုံးက လေးနာရီအထိ ရှင်တယ်။
(၄) အရေပြားက ငါးရက်အထိ ရှင်တယ်။
(၅) အရိုးက ရက်သုံးဆယ်အထိ ရှင်တယ်။


(((ကောင်းတဲ့ အကျင့်သီလကတော့ တမလွန်အထိ ရှင်တယ်)))

by အတွေး

ရဲသားကြီးတို့ရဲ့ ဘဝ

လက်တို့ပြီး ပြောလိုက်ချင်ပါရဲ့  ကိုကိုရယ်

KyawKyaw Soe
***** လက်တို့ပြီး ပြောလိုက်ချင်ပါရဲ့  ကိုကိုရယ် *****


မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေချိန်တွင် မြို့ပြလူနေမှုစနစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ခေတ်မီဆက်သွယ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကြောင့် မြို့နေပြည်သူလူထု ခေတ်မီတိုးတက်လာနေချိန်တွင် ပြည်သူလူထုများ ဥပဒေအကာအကွယ်အောက် တွင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ပြည်တွင်းလုံခြုံရေးဆောင်ရွက် နေရသည့် ရဲတပ်ဖွဲ့အား ဥပဒေနည်းဥပဒေများဖြင့် မှုခင်းများလျော့နည်းပပျောက် ရေးအတွက် နိုင်ငံတကာတွင် လက်တွေ့အောင်မြင်မှု ရရှိနေသော ပြည်သူလူထု ပူးပေါင်းပါဝင်သောရဲလုပ်ငန်းစနစ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ဆောင်ရွက်သော်လည်း နည်းပညာများတိုးတက်လာသည်နှင့်အမျှ ကင်းလှည့်ဆောင်ရွက်ရာတွင် လျင်မြန် စွာ ဆက်သွယ်အသုံးပြုနိုင်မည့် ခေတ်မီမော်တော်ယာဉ်/ဆက်သွယ်ရေး စက်များ ပြည့်စုံမှုမရှိသည့်အပြင် သတ်မှတ်ထားသည့် ရဲဝတ်တန်ဆာများ၊ ခရီး/လုံခြုံရေး/ သင်တန်း/ဆေးကုသ စသည့်စရိတ်များကို ထောက်ပံ့ပေးမှုမရှိခြင်း၊ လက်အောက် ငယ်သားများ၏ တင်ပြမှုကို လှစ်လျူရှု့ချောင်ထိုးသည့်အပြင် မိမိအပိုင်မြို့နယ်များ ၏လိုအပ်ချက်အပေါ် အထက်သို့တင်ပြမှုမရှိခြင်း၊ တပ်ဖွဲ့မှ သတ်မှတ်စည်းကမ်းနှင့် အညီ ချပေးထုတ်ပေးသောပစ္စည်းများအား အောက်ခြေရဲစခန်းထိ လစဉ်ပုံမှန် ချပေးမှုမရှိဘဲ မိမိကိုယ်ကျိုးအတွက်အသုံးပြုနေကြခြင်း၊ (၄)လခြားတစ်ကြိမ် သင်တန်းတက်ရောက်နေရပြီး စားစရိတ်/အုပ်ချုပ်မှု စရိတ်များကို ထောက်ပံ့ပေး ခြင်းမရှိသည့်အပြင် တပ်ဖွဲ့ဝင်များ နှုတ်ထွက်ခွင့်တင်ပြကြသော်လည်း နှုတ်ထွက် ခွင့်မပေးမှုတို့ကြောင့် တပ်ဖွဲ့ဝင်များ ရဲလုပ်ငန်းများကိုစိတ်ဝင်စားမှုနည်းပါးကာ အချိန်နှောင့်နှေးကြန့်ကြာမှုဖြစ်ပါသဖြင့် ပြည်သူနှင့်ရဲဆက်ဆံမှုမှာ အလှမ်းကွာဝေး နေကြရပါတယ်။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အချိန်နှင့်အမျှပြောင်းလဲတိုးတက် လာစဉ် ရဲလုပ်ငန်းဆောင်ရွက်ရာတွင် အချိန်မီ ပြုလုပ်ဆောင်ရွက်နိုင်စေရေးအ တွက် ရဲတပ်ဖွဲ့လုပ်ငန်းသုံး ရဲအထောက်အကူပြုပစ္စည်းများအား တင်ပြတောင်းခံ ခြင်းမပြုသည်ကို တွေ့မြင်ရပြီး လျှပ်စစ်မီတာကြေး၊ တယ်လီဖုန်းကြေး၊ ခရီးစရိတ်၊ အထွေထွေအသုံးစရိတ် လုံလောက်စွာချပေးပြီးဖြစ်ကြောင်း လွှတ်တော်မှာ ဆွေး နွေးသွားတာဖတ်ဖူးပါသော်လည်း အောက်ခြေသို့ အမှန်တကယ်ရောက်ရှိခြင်းမရှိ အထက်နှင့် အောက်ကြား အလည်မှာပျောက်နေတာ ဘာကြောင့်လည်း မေးရမဲ့ ကိန်း၊ ဒီကိစ္စတွေ စုံစမ်းစစ်ဆေးလည်း အရာမရောက်သည့် အပြင် အရာရှိကြီး များမှ မိမိ၏လိပ်စာကဒ်များကို အရေးယူခြင်းမှ ကင်းဝေးစေရန် ကြွယ်ဝချမ်းသာ သူများကိုပေးထားခြင်း၊ ဇနီးသည်များမှလည်း ယောင်္ကျားပါဝါကို အသုံးပြုပြီး လက်အောက်တပ်ဖွဲ့ဝင်များကို အနိုင်ကျင့်ခြင်း၊ မိမိနှင့်မဆိုင်ဘဲ လုပ်ငန်းတာဝန် များကို ၀င်ရောက်စွက်ဖက်ခြင်းများပြုလုပ်နေသဖြင့် တပ်ဖွဲ့ဝင်များ မလုပ်ချင်သော် လည်း လုပ်နေရ၊ မလုပ်မိပါက သိတဲ့အတိုင်း မြောင်းထဲရောက်ပြီပေါ့၊ မယားထိ ဓါးကြည့်ဆိုထားတာကိုး။ ဒီလိုတွေဖြစ်နေတော့ ရဲလုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု များဖြစ်ပြီး ပြည်သူလူထုမှ အထင်အမြင်လွှဲမှား အတိုင်ခံရခြင်းများ ဖြစ်ပေါ်နေပါ တယ်။ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အသွင်သဏ္ဍာန် ပြောင်းလဲယုံမဟုတ်ဘဲ အနှစ်သာရပါပြောင်းလဲကာ နိုင်ငံတကာအဆင့်မီ ပြုပြင်မှ သာလျှင် တိုးတက်ပြောင်းလဲလာမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှလည်း ဥပဒေ/ နည်းပဒေများနှင့်အညီ စည်းကမ်းရှိစွာ ကိုင်တွယ်အသုံးပြုဆောင်ရွက်မှသာလျှင် ပိုမိုတိုးတက်လာပါလိမ့်မယ်။ စနစ်ဟောင်းအတိုင်း ဆက်လျှောက်နေမည်ဆိုလျှင် ရဲတပ်ဖွဲ့တိုးတက်ဖို့မမြင်သည့်အပြင် ရဲလုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုလျှော့နည်း ကာ ဖြစ်ချင်ရာဖြစ်ဘ၀ကိုစတေးပြီး လာဘ်ယူမှုများ ဆက်လက်ပေါ်ပေါက်နေမည် ဖြစ်ရာ ရဲတပ်ဖွဲ့မှ ရဲအသုံးအဆောင်၊ တပ်ဖွဲ့လုပ်ငန်းသုံးပစ္စည်းများ နိုင်ငံတကာ အဆင့်မီပြုပြင်ပြောင်းလဲမှသာလျှင် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အခုတော့ ဘာမျှမရှိ၊ မိသားစု စားရေး/ကျောင်းစရိတ်/ပြောင်းရွှေ့ ခရီးစရိတ်စသည့် မပါဝင်ဘဲ၊ ၀တ်စားဆင်ယဉ်မှုများကို အောက်ပုံအတိုင်း ကိုယ်ပိုင်လစာများမှ သုံးစွဲနေရသည် ကို တွေ့မြင်ရပါကြောင်း။။။ ဒါတွေ မပြောင်းနိုင်သရွှေ့
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲနိုင်ပါစေလို့ဆန္ဒပြုရင်း

ကိုကိုရဲ့  ညီမ နှင့်ပွင့်သဇင်ကျော် (ရန်ကုန်)
KyawKyaw Soe

မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေချိန်တွင် မြို့ပြလူနေမှုစနစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ခေတ်မီဆက်သွယ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကြောင့် မြို့နေပြည်သူလူထု ခေတ်မီတိုးတက်လာနေချိန်တွင် ပြည်သူလူထုများ ဥပဒေအကာအကွယ်အောက်တွင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက်
ပြည်တွင်းလုံခြုံရေးဆောင်ရွက် နေရသည့် ရဲတပ်ဖွဲ့အား ဥပဒေနည်းဥပဒေများဖြင့် မှုခင်းများလျော့နည်းပပျောက် ရေးအတွက် နိုင်ငံတကာတွင် လက်တွေ့အောင်မြင်မှု ရရှိနေသော ပြည်သူလူထု ပူးပေါင်းပါဝင်သောရဲလုပ်ငန်းစနစ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ဆောင်ရွက်သော်လည်း နည်းပညာများတိုးတက်လာသည်နှင့်အမျှ ကင်းလှည့်ဆောင်ရွက်ရာတွင် လျင်မြန် စွာ ဆက်သွယ်အသုံးပြုနိုင်မည့် ခေတ်မီမော်တော်ယာဉ်/ဆက်သွယ်ရေး စက်များ ပြည့်စုံမှုမရှိသည့်အပြင် သတ်မှတ်ထားသည့် ရဲဝတ်တန်ဆာများ၊ ခရီး/လုံခြုံရေး/ သင်တန်း/ဆေးကုသ စသည့်စရိတ်များကို ထောက်ပံ့ပေးမှုမရှိခြင်း၊ လက်အောက် ငယ်သားများ၏ တင်ပြမှုကို လှစ်လျူရှု့ချောင်ထိုးသည့်အပြင် မိမိအပိုင်မြို့နယ်များ ၏လိုအပ်ချက်အပေါ် အထက်သို့တင်ပြမှုမရှိခြင်း၊ တပ်ဖွဲ့မှ သတ်မှတ်စည်းကမ်းနှင့် အညီ ချပေးထုတ်ပေးသောပစ္စည်းများအား အောက်ခြေရဲစခန်းထိ လစဉ်ပုံမှန် ချပေးမှုမရှိဘဲ မိမိကိုယ်ကျိုးအတွက်အသုံးပြုနေကြခြင်း၊ (၄)လခြားတစ်ကြိမ် သင်တန်းတက်ရောက်နေရပြီး စားစရိတ်/အုပ်ချုပ်မှု စရိတ်များကို ထောက်ပံ့ပေး ခြင်းမရှိသည့်အပြင် တပ်ဖွဲ့ဝင်များ နှုတ်ထွက်ခွင့်တင်ပြကြသော်လည်း နှုတ်ထွက် ခွင့်မပေးမှုတို့ကြောင့် တပ်ဖွဲ့ဝင်များ ရဲလုပ်ငန်းများကိုစိတ်ဝင်စားမှုနည်းပါးကာ အချိန်နှောင့်နှေးကြန့်ကြာမှုဖြစ်ပါသဖြင့် ပြည်သူနှင့်ရဲဆက်ဆံမှုမှာ အလှမ်းကွာဝေး နေကြရပါတယ်။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အချိန်နှင့်အမျှပြောင်းလဲတိုးတက် လာစဉ် ရဲလုပ်ငန်းဆောင်ရွက်ရာတွင် အချိန်မီ ပြုလုပ်ဆောင်ရွက်နိုင်စေရေးအ တွက် ရဲတပ်ဖွဲ့လုပ်ငန်းသုံး ရဲအထောက်အကူပြုပစ္စည်းများအား တင်ပြတောင်းခံ ခြင်းမပြုသည်ကို တွေ့မြင်ရပြီး လျှပ်စစ်မီတာကြေး၊ တယ်လီဖုန်းကြေး၊ ခရီးစရိတ်၊ အထွေထွေအသုံးစရိတ် လုံလောက်စွာချပေးပြီးဖြစ်ကြောင်း လွှတ်တော်မှာ ဆွေး နွေးသွားတာဖတ်ဖူးပါသော်လည်း အောက်ခြေသို့ အမှန်တကယ်ရောက်ရှိခြင်းမရှိ အထက်နှင့် အောက်ကြား အလည်မှာပျောက်နေတာ ဘာကြောင့်လည်း မေးရမဲ့ ကိန်း၊ ဒီကိစ္စတွေ စုံစမ်းစစ်ဆေးလည်း အရာမရောက်သည့် အပြင် အရာရှိကြီး များမှ မိမိ၏လိပ်စာကဒ်များကို အရေးယူခြင်းမှ ကင်းဝေးစေရန် ကြွယ်ဝချမ်းသာ သူများကိုပေးထားခြင်း၊ ဇနီးသည်များမှလည်း ယောင်္ကျားပါဝါကို အသုံးပြုပြီး လက်အောက်တပ်ဖွဲ့ဝင်များကို အနိုင်ကျင့်ခြင်း၊ မိမိနှင့်မဆိုင်ဘဲ လုပ်ငန်းတာဝန် များကို ၀င်ရောက်စွက်ဖက်ခြင်းများပြုလုပ်နေသဖြင့် တပ်ဖွဲ့ဝင်များ မလုပ်ချင်သော် လည်း လုပ်နေရ၊ မလုပ်မိပါက သိတဲ့အတိုင်း မြောင်းထဲရောက်ပြီပေါ့၊ မယားထိ ဓါးကြည့်ဆိုထားတာကိုး။ ဒီလိုတွေဖြစ်နေတော့ ရဲလုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု များဖြစ်ပြီး ပြည်သူလူထုမှ အထင်အမြင်လွှဲမှား အတိုင်ခံရခြင်းများ ဖြစ်ပေါ်နေပါ တယ်။ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အသွင်သဏ္ဍာန် ပြောင်းလဲယုံမဟုတ်ဘဲ အနှစ်သာရပါပြောင်းလဲကာ နိုင်ငံတကာအဆင့်မီ ပြုပြင်မှ သာလျှင် တိုးတက်ပြောင်းလဲလာမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှလည်း ဥပဒေ/ နည်းပဒေများနှင့်အညီ စည်းကမ်းရှိစွာ ကိုင်တွယ်အသုံးပြုဆောင်ရွက်မှသာလျှင် ပိုမိုတိုးတက်လာပါလိမ့်မယ်။ စနစ်ဟောင်းအတိုင်း ဆက်လျှောက်နေမည်ဆိုလျှင် ရဲတပ်ဖွဲ့တိုးတက်ဖို့မမြင်သည့်အပြင် ရဲလုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုလျှော့နည်း ကာ ဖြစ်ချင်ရာဖြစ်ဘ၀ကိုစတေးပြီး လာဘ်ယူမှုများ ဆက်လက်ပေါ်ပေါက်နေမည် ဖြစ်ရာ ရဲတပ်ဖွဲ့မှ ရဲအသုံးအဆောင်၊ တပ်ဖွဲ့လုပ်ငန်းသုံးပစ္စည်းများ နိုင်ငံတကာ အဆင့်မီပြုပြင်ပြောင်းလဲမှသာလျှင် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အခုတော့ ဘာမျှမရှိ၊ မိသားစု စားရေး/ကျောင်းစရိတ်/ပြောင်းရွှေ့ ခရီးစရိတ်စသည့် မပါဝင်ဘဲ၊ ၀တ်စားဆင်ယဉ်မှုများကို အောက်ပုံအတိုင်း ကိုယ်ပိုင်လစာများမှ သုံးစွဲနေရသည် ကို တွေ့မြင်ရပါကြောင်း။။။ ဒါတွေ မပြောင်းနိုင်သရွှေ့
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲနိုင်ပါစေလို့ဆန္ဒပြုရင်း

ကိုကိုရဲ့  ညီမ နှင့်ပွင့်သဇင်ကျော် (ရန်ကုန်)

လူငယ်အုပ်စုတစ်စုက အမျိုးသမီးငယ်များကို မဖွယ်မရာများပြုလုပ်ခဲ့

ဒီနေ့ Facebook မှာတော်တော်များများ Share ထားတဲ့ဓါတ်ပုံပါ။ ရေးထားတာကာတော့ ထိုင်းမှာလိုလို ရေးထားကြတာပါ။

အမှန်ကတော့ တရုတ်နိုင်ငံ Hainan ပြည်နယ် Baoting ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာ နှစ်စဉ်ကျင်းပတဲ့ The Seven Fairies Hot Spring Water Festival လို့ခေါ်တဲ့ ရေကစားပွဲတော်က ပုံဖြစ်ပါတယ်။ ကြာသပတေးနေ့ နံနက် ( ၈း၃၀ ) အချိန်မှာစတင်ကျင်းပပြီး မိနစ်အနည်းငယ်အကြာမှာဘဲ လူငယ်အုပ်စုတစ်စုက အမျိုးသမီးငယ်များကို မဖွယ်မရာများပြုလုပ်ခဲ့တာဖြစ်ပါတယ်။

http://www.sharingfly.com/focus/hainan-water-festival-some-young-women-suffered-sexual-harassment/