This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Saturday, July 12, 2014

ဘွတ်ကီး နိုင်ငံတကာပွဲ ပေါက်ဈေးများနှင့် ၈ိုးစဂိုးများ 12.7.2014

ဇတ်ကြမ်း
7:30Seinajoen-65&2-35
ROPS1+35&2-40
8:00Viking-25&2-100
8:30Mjallby-75&2-50
AIKbSolna1+50&3+85
10:00Malmo1-55&3+65
10:30Odd-15&3+75
Lillestorm1+50&3+5
Start-15&3+65
Stromsgodset-20&3-5
2:30Brzil-65&3+15


Tuesday, July 8, 2014

၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ ................

Posted by: Ko Myo on Tuesday, July 08, 2014 Categories:
၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ဘရာဇီးလ်မှာ ကျင်းပနေတာ ကွာတားဖိုင်နယ် အဆင့်တောင် ပြီးပါပြီ။ ဘောလုံးပွဲတွေ ကြည့်ရင်း ကမ္ဘာ့ဖလားပွဲ ပြင်ဆင်ထားတဲ့ အကြောင်း ဘောလုံးကွင်း၊ ဘောလုံးနည်းပညာတွေ အကြောင်းလည်း ဖတ်ကြည့်ဖြစ် ပါတယ်။ ဘောလုံးရောဂါ ထနေတဲ့ အချိန်ဖြစ်လို့ ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့ ဖလားပြိုင်ပွဲ ဘရာဇီးလ်မှာ ပထမဦးဆုံး သုံးစွဲခဲ့တဲ့ နည်းပညာ အသစ်တွေ အကြောင်း ရေးထားပါတယ်။

ဂိုးလိုင်းနည်းပညာ အစ

ဘောလုံး ပြိုင်ပွဲကြီးတွေ ကျင်းပ ပြီးစီးတိုင်း အောင်မြင်သူတွေ၊ ကျရှုံးသူတွေ ပေါ်ထွက်လာတဲ့ နောက်ကွယ်မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဘောလုံးအသင်း၊ ကစားသမားတွေ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာမှုတွေ၊ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ အကြောင်းလည်း ပြောစရာဖြစ်၊ ကျန်ရစ် ခဲ့လေ့ ရှိပါတယ်။

ကွင်းလယ် ဒိုင်တဦးတည်းကနေ တကွင်းလုံး စောင့်ကြည့်ရတာ ဖြစ်လို့ မှားယွင်းဆုံးဖြတ်မှု တွေလည်း ရှိနိုင်ပါတယ်။ ကွင်းလယ်ဒိုင် တွေရဲ့ ကစားသမားတယောက်ကို အနီကတ်ပြ ထုတ်ပယ်လိုက်မှုတွေ၊ လူကျွံဘော သတ်မှတ် လိုက်မှု တွေ၊ ပင်နယ်တီ အဆုံးအဖြတ် ပေးလိုက်တာတွေ၊ ဘောလုံး ဂိုးစည်း ကျော်သွားတယ်လို့ သတ်မှတ်မှု တွေဟာ အမြဲ အငြင်းပွားစရာ ဖြစ်နေတတ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကွင်းလယ် ဒိုင်ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံး အတည်ဖြစ်ပြီး ဘယ်လိုမှ အယူခံဝင်ခွင့် မရှိပါဘူး။ တခြား ဆုံးဖြတ်ချက်တွေ ထက်စာရင် ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် နောက်တန်းက ဖျက်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် တိုင်ထိပြီး ဂိုးစည်း ကျော်သွားတယ် ဆိုပြီး မပေးသင့်တဲ့ ဘောလုံးကို ဂိုးပေးမိ လိုက်တာမျိုးဟာ တဖက်အသင်း အတွက် အထူးအခွင့်အရေး ပေးလိုက်သလို ကျန်တဲ့ တဖက်အသင်း အတွက် အများကြီး ထိခိုက် နစ်နာသွားစေပါတယ်။

၂၀ဝ၀ ပြည့်နှစ် အာဖရိကနိုင်ငံများ ဖလား ဖိုင်နယ်ဘောလုံး ပြိုင်ပွဲရဲ့ ဖိုင်နယ်ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယားနဲ့ ကင်မရွန်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်။ အဲဒီ ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယား ကစားသမား ဗစ်တာ (Victor Ikpeba) ကန်သွင်းတဲ့ ဘောလုံးကို ကွင်းလယ်ဒိုင်က ဂိုးစည်း မကျော်သွားဘူး ဆိုပြီး ဂိုးမဝင်ဘူးလို့ ဆုံးဖြတ် ခဲ့ပါတယ်။

ဒါပေမယ့် တီဗီကင်မရာမှာ ပြန်ကြည့်တဲ့ အခါမှာတော့ ဘောလုံးဟာ ဂိုးစည်း ကျော်သွားပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်လို့ ကင်မရွန်းက အနိုင်ရ ဗိုလ်စွဲသွားပြီး အာဖရိက ညီညွတ်ရေး ဖလားကို ကိုင်မြှောက်ခွင့် ရသွားခဲ့ပါတယ်။

၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင် ဟမ်ဟော့စပါး ဘောလုံးပွဲ မှာလည်း တော့တင်ဟမ် ကွင်းလယ်လူ ပီဒရိုမင်းန်ဒက်စ် (Pedro Mendes) က ၅၅ ကိုက်အကွာက ကန်လိုက်တဲ့ ဘောလုံးကို မန်ယူဂိုးသမား ရွိုင်းကာရိုးလ် (Roy Carroll) က ဖမ်းရာမှာ လက်ထဲကလွတ်ကျပြီး ဂိုးလိုင်းနဲ့ တကိုက်လောက် ကျော်သွားပြီးမှ ပြန်ပုတ်ထုတ် လိုက်တာကို ကွင်းလယ်ဒိုင်ကရော စည်းကျပ်ဒိုင်ကပါ မမြင်ခဲ့ဘဲ ဂိုးမပေးခဲ့ပါဘူး။

အဲဒီလိုဖြစ်ရပ်မျိုးကို ၂၀ဝ၉ ခုနှစ်၊ ဩဂုတ်လမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရစ်စတို စီးတီးရဲ့ ပွဲမှာလည်း အလားတူ အငြင်းပွားစရာ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်။

အဲဒီလို မှားယွင်းဆုံးဖြတ်မှုတွေ မဖြစ်အောင် ဂိုးလိုင်း နည်းပညာ သုံးဖို့ စကော့တလန်နဲ့ အင်္ဂလန်က ဘောလုံး အဖွဲ့ချုပ်တွေက ၆ မဲ ၂ မဲနဲ့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။ UEFA ဥရောပ ဖလားရဲ့ ပြိုင်ပွဲဝင်အသင်း ခေါင်းဆောင်တွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ကလည်း ဂိုးလိုင်းနည်းပညာကို အသုံးပြုဖို့ မဲပေးခဲ့ကြ ပါတယ်။

၂၀၁၀ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အာဖရိကမှာ ဂျာမနီနဲ့ အင်္ဂလန် ဘောလုံးပွဲမှာ ဂျာမနီက ၄း ၁ နဲ့ အနိုင်ရရှိခဲ့ ပါတယ်။ အဲဒီပွဲမှာ ဖရန့်လမ်းပတ် (Frank Lampard) က ပင်နယ်တီ စည်းအပြင်ဘက်ကနေ ကန်လိုက်တဲ့ ဘောလုံးဟာ ဂိုးတိုင်အပေါ်တန်းထိပြီး ဂိုးစည်း ကျော်သွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စည်းကျပ်ဒိုင်ကနေ ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့လို့ ဖြစ်ပါ တယ်။

အဲ့ဒီမှာ ဖီဖာက ဂိုးလိုင်း နည်းပညာသုံးဖို့ ပိုပြီး စိတ်ဝင် စားလာပါတယ်။ ၂၀၁၂ ခုနှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲ မတိုင်ခင်က ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီ (Michel Platini) က ဂိုးလိုင်း နည်းပညာ အစား လက်ထောက်ဒိုင် တဦးကို ဂိုး ၂ ဖက်မှာ တာဝန်ပေး ကစားဖို့ ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမယ့် အုပ်စု (D) ပွဲစဉ် ယူကရိန်းနဲ့ အင်္ဂလန် ပွဲစဉ်မှာ ဟန်ဂေရီဒိုင်လူကြီး မာကိုဒီဗစ် (Marko Devic) နဲ့ အစ်စ်ဗန်ဗက် (Istvan Vad) တို့ နှစ်ဦး စလုံး အင်္ဂလန်က ဂျွန်တယ်ရီ (Joho Terry) သွင်းလိုက်တဲ့ ဂိုးစည်း ကျော်သွားတဲ့ ဘောလုံးကို မမြင်လိုက် ပါဘူး။

ဂိုးလိုင်းနည်းပညာတွေ

ဂိုးလိုင်းနည်းပညာ တွေကို စတင်စမ်းသပ်ခဲ့တာ ကြာပါပြီ။ နည်းပညာတွေ ကလည်း အမျိုးမျိုးရှိနေ ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက သုံးစွဲစမ်းသပ်ခဲ့တဲ့ နည်းပညာတွေ ရှိနေပြီး အဲဒီ နည်းပညာတွေ အကြောင်း အရင်ရေးထား ပါတယ်။

ကိုင်ရို ဂိုးလိုင်းနည်းပညာ

ကမ္ဘာကျော် အားကစားကုမ္ပဏီကြီး အက်ဒီ ဒက်စ်ကုမ္ပဏီနဲ့ ကိုင်ရိုနည်းပညာ ကုမ္ပဏီ (Cairos Technologies AG) တို့ တီထွင်ထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ကင်မရာ မသုံးဘဲ သံလိုက် စက်ကွင်းတွေ သုံးပြီး ဘောလုံးရဲ့ တည်နေရာကို ခြေရာခံ လုပ်ဆောင် စစ်ဆေးပေးမယ့် နည်းပညာ ဖြစ်ပါတယ်။

ဘောလုံးကွင်းရဲ့ ပင်နယ်တီ ဧရိယာ အတွင်း မြက်ခင်း အောက်မှာ ဝါယာ အသေးလေးတွေ မြှုပ်ထားပြီး ဆင်ဆာတွေ ကနေ သံလိုက်စက်ကွင်း ဇယားကွက်တွေကို တိုင်းတာပြီး ရလာတဲ့ ဒေတာတွေကို ကွန် ပျူတာဆီကိုပို့၊ ကွန်ပျူတာကနေ ဘောလုံး ဂိုးစည်း ကျော်မကျော် ဆုံးဖြတ် တွက်ချက်ပေးပါလိမ့်မယ်။ အဲဒီ ကိုင်ရိုနည်းပညာကို ၂၀ဝ၅ ခုနှစ် အသက် ၁၇ အောက် ဖီဖာကမ္ဘာ့ချန်ပီယံရှစ်ပ် ပြိုင်ပွဲမှာ စမ်းသပ် သုံးခဲ့ပေမယ့် လုံလောက်တဲ့ အမြန်နှုန်းနဲ့ တိကျမှု မရခဲ့ပါဘူး။

အက်ဒီဒက်စ်ရဲ့ တင်းမ်ဂျီးယက်စ်

ကိုင်ရို-အက်ဒီဒက်စ် နည်းပညာနဲ့ တွဲသုံးမယ့် ဘောလုံး ဖြစ်ပါတယ်။ အက်ဒီဒက်စ်ကနေ တီထွင် ထားပြီး၊ ဘောလုံးထဲမှာ ချစ်ပ် (Chip) ကို သံအထိန်း ကြိုးတွေနဲ့ တွဲထိန်းထားပါမယ်။ အဲဒီမှာ ပြဿနာရှိတာက လက်ရှိ သုံးစွဲနေတဲ့ ဘောလုံးတွေ အားလုံး သုံးလို့ မရတော့ဘဲ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေကို ပြောင်းသုံး ရပါမယ်။ ပြိုင်ပွဲမှာ သာမက လေ့ကျင့်တဲ့ အချိန်တွေ အတွက်ပါ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေ လိုအပ်မှာ ဖြစ်လို့ ငွေကြေး အကုန် အကျ များလွန်းတယ် ဆိုပြီး ဂျာမန် ဘွန်ဒက်စ်လီဂါက ဘောလုံးအသင်းကြီးတွေ ကန့်ကွက် ခဲ့ပါတယ်။

ချစ်ပ် သုံးထားတဲ့ ဘောလုံးတွေကို သုံးမယ် ဆိုရင် ပေါင်စတာလင် ၁၀ သန်းလောက် ကုန်ကျမှာ ဖြစ်ပြီး သိန်းငှက်မျက်လုံး(Hawk-Eye) ဒါမှမဟုတ် Goal Control နည်းပညာကို သုံးရင် ပေါင်စတာလင် သန်း ၂၀ ကျော်လောက် ကုန်ကျမှာဖြစ်လို့ ဘွန် ဒက်စ်လီဂါက အသင်းတော်တော်များများက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဘောလုံးနဲ့ နည်းပညာကို ပီရူးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀ဝ၇ ခုနှစ် အသက် ၁၇ အောက် ကမ္ဘာ့ဖလား လူငယ် ဘောလုံး ပြိုင်ပွဲမှာ စမ်းသပ်သုံး ခဲ့ပါတယ်။ တိကျမှု အနေနဲ့ ၉၅ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တဲ့ အတွက် ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ္တလာက အဲဒီ နည်းပညာကို လက်ခံသုံးစွဲဖို့ ငြင်းဆိုခဲ့ပါတယ်။

သိန်းငှက်မျက်လုံး (Hawk-Eye)

ဘောလုံးပြိုင်ပွဲတွေမှာ မသုံးခင်ကတည်းက ခရစ်ကတ်၊ တင်းနစ်နဲ့ စနူကာပြိုင်ပွဲတွေမှာ သုံးခဲ့ ပြီးတဲ့ နည်းပညာ ဖြစ်ပါတယ်။ အခု ဘောလုံးပြိုင်ပွဲ တွေမှာ ဂိုးဝင်၊ မဝင် စောင့်ကြည့်ပေးမယ့် လုပ်ဆောင်ချက် ကတော့ မြန်နှုန်းမြင့် ဗီဒီယိုကင်မရာတွေ တပ်ဆင်ထားပြီး ဘောလုံးရဲ့ တည်နေရာကို တွက်ချက် လုပ်ဆောင်ပေးပါမယ်။

ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးတဲ့ ဂိုးလိုင်းနည်းပညာ

ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးထားတဲ့ ဂိုးလိုင်းနည်းပညာကို Goal Control လို့ ခေါ်ပါတယ်။ အဲဒီ နည်းပညာဟာ သိန်းငှက်မျက်လုံး နည်းပညာနဲ့ ဆင်တူပေမယ့် ၁၀ဝ ရာခိုင်နှုန်း တိကျမှုရှိတယ် လို့ ပြောပါတယ်။

ဂိုးတိုင် တဖက်စီမှာ မြန်နှုန်းမြင့် ကင်မရာ ၇ လုံးစီနဲ့ ဂိုးတိုင်နှစ်ဖက် အတွက် ကင်မရာ ၁၄ လုံး သုံးထားပါတယ်။ အဲဒီ ကင်မရာတွေက တခြား အားကစားနည်းတွေမှာ သုံးထားသလိုမျိုး ရှုထောင့် အမျိုးမျိုးကနေ ရိုက်ထားပြီး အနှေး ပြန်ရစ်ကြည့် တာမျိုး မဟုတ်ပါဘူး။ အဲဒီကင်မရာတွေဟာ တမိနစ်ကို ပုံ ၅၀ဝ လောက် အထိ ရိုက်ပါတယ်။ ဂျာမနီက တီတွင်ထားပြီး ဂိုးတိုင်တဖက်စီမှာ ဗွီဒီယိုကင်မရာ ၇ လုံး၊ ဂိုးတိုင် နှစ်ဖက်မှာ ကင်မရာ ၁၄ လုံး တပ် ထားပါမယ်။

အဲဒီ ဗီဒီယိုကင်မရာ ၁၄ လုံးကနေ ဘောလုံးသွားတဲ့ လမ်းကြောင်းကို အဆက်မပြတ် ရိုက်ကူးနေပြီး ဘောလုံး ဂိုးစည်းကို ကျော်၊ မကျော် စစ်ဆေးပေးပါ လိမ့်မယ်။ ကင်မရာတွေ ဖမ်းမိမယ့် ဧရိယာအတွင်းကို ရောက်လာတဲ့ အရာတွေ အားလုံးကို ဖမ်းယူထားပြီး ဘောလုံးရဲ့ တည်နေရာကို ၃ ဖက်မြင် X-Y-Z coordinate ကို အဆက်မပြတ် တွက်ချက်ပေးမှာ ဖြစ်ပြီး ဘောလုံးတည်နေရာကို မီလီမီတာ လောက်အထိ အတိအကျ ပြသနိုင်ပါမယ်။

ဘောလုံးက ဂိုးစည်းကျော်သွားခဲ့ရင် လျှို့ဝှက်အချက် ပေးမှု ပြောင်းထားတဲ့ ရေဒီယို အချက်ပေးမှု (En-crypted Radio Signal) တွေကို ကွင်းလယ်ဒိုင်ရဲ့ စမတ်လက် ပတ်နာရီကို တစက္ကန့် အတွင်း ပို့ပေးပါမယ်။ အဲဒီ Virtual 3 D ပုံတွေကိုလည်း Screen မှာ ဖော်ပြပေး နိုင်ပါတယ်။
ပထမဦးဆုံး ဂိုးလိုင်း နည်းပညာ သုံးတဲ့ပွဲ

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်တခုဖြစ်တဲ့ ပြင်သစ်နဲ့ ဟွန်ဒူးရပ်စ်ပွဲ ဘီရာရီယို (Beira-Rio) ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပြင်သစ်က သွင်းလိုက်တဲ့ ဒုတိယမြောက် ဘောလုံးဟာ ဟွန်ဒူးရပ်စ် ဂိုးသမား ရဲ့ ဘယ်ဘက်ဂိုးတိုင်ကို ထိပြီး ပြန်ကန်လာတာကို ဂိုးသမားဖမ်းရာမှာ ဂိုးသမားနဲ့ထိပြီးမှ ဂိုးဝင်သွားခဲ့ ပါတယ်။

အဲဒီမှာ ဂိုးတိုင်ထိတဲ့ အချိန်မှာ ဂိုးလိုင်း နည်းပညာက ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ပြီး ဂိုးသမားနဲ့ ထိပြီးတဲ့အချိန်မှာ ဂိုးဝင်တယ်လို့ ဆုံးဖြတ်ပေးပါတယ်။ ဘီဘီစီ ရုပ်သံသတင်းကြေညာ သူတွေအတွက် အနှောင့်အယှက် ဖြစ်စေပြီး ဟွန်ဒူးရပ်စ်နည်းပြ၊ ပြင်သစ်နည်းပြတို့ပါ နားလည်မှုတွေ လွဲကုန်ပြီး ဂိုးလိုင်းနည်းပညာရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို အတည်ပြုချက် ရယူမလဲဆိုတာ အငြင်းပွားစရာတွေ ဖြစ်ကုန်ပါတယ်။

ဖီဖာကတော့ ဂိုးလိုင်းနည်းပညာ သုံးစွဲတာနဲ့ မရင်းနှီးသေးလို့ အခုလိုဖြစ်တာလို့ ဆိုပါတယ်။ အဲဒီ ပွဲစဉ်ရဲ့ ရုပ်သံထုတ်လွှင့်မှုတွေနဲ့ ဂိုးလိုင်းနည်းပညာ တွေကို ပြန်လည်သုံးသပ်ပြီး ဘောလုံးဝါသနာအိုးတွေ အတွက် အကောင်းဆုံး အတွေ့အကြုံသစ်တွေ ရရှိအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ ပြောပါတယ်။

ဘရာဇူကာ

၂၀၁၄ ကမ္ဘာ့ဖလား ဘရာဇီးလ်မှာ အသုံးပြု ခဲ့တဲ့ ဘောလုံးကို အက်ဒီဒက်စ် (Adidas) ကုမ္ပဏီ ကြီးက တီထွင်ထားပြီး ဘရာဇူကာ (Brazuca) လို့ နာမည် ပေးထားပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား တောင်အာဖရိကမှာ သုံးခဲ့တဲ့ ဂျာဘူလာနီ (Jabulani) လို့ ခေါ်ခဲ့ပါတယ်။ အဲဒီ ဂျာဘူလာနီ ဘောလုံးဟာ လမ်းကြောင်း ပြောင်းသွားလေ့ ရှိလို့ ဂိုးသမားတွေက ဖမ်းရခက်တယ် လို့ ညည်းတွားနေတာမျိုး အခု ဘောလုံး အသစ် ဘရာဇူကာမှာ မဖြစ်အောင် ဒီဇိုင်း လုပ်ထားပြီး အရင်ဘောလုံး ထက်စာရင်လည်း ကုတ်အား ပိုကောင်းလာတယ် လို့ သိရပါတယ်။

အက်ဒီဒက်စ်ရဲ့ ပုံမှန်သုံးနေကျ ဘောလုံးတွေကို ၃၂ ခြမ်း စပ်ထားပြီး ဂျာဘူလာနီက ၈ ခြမ်း၊ အခု ဘရာဇူကာက ၆ ခြမ်းစပ် ထုတ်လုပ်ထားပါတယ်။ ဂျာဘူလာနီက တိုက်စစ်မှူးတွေ အတွက် အခွင့် အရေးရစေမယ့် ဘောလုံးဖြစ်ပါတယ်။ အက်ဒီဒက်စ်ရဲ့ ပြောကြားချက်အရ အရင်က ဘောလုံးထက် ပိုကုတ်အား ကောင်းလာမယ်၊ ပိုအကြမ်းခံ၊ တည်ငြိမ် မှုလည်း ပိုရှိလာမယ့် အပြင် လေထုထဲမှာ ဖြတ်သန်း သွားတဲ့ အရာဝတ္ထုတွေရဲ့ လေခွင်းအား သက်ရောက်မှုကို တိုင်းတာတဲ့ အယ်ရိုဒိုင်းနမစ် (Aerodynamic) နည်းပညာအရ လေခွင်းအား ပိုကောင်းလာစေတယ် လို့ သိရပါတယ်။

အဲဒီ ဘောလုံးကို အမေရိက အာကာသသိပ္ပံ ဆိုင်ရာ အဖွဲ့အစည်း နာဆာ (NASA) ကနေ အယ်ရိုဒိုင်းနမစ် နည်းပညာအရ စမ်းသပ်ခဲ့ပါတယ်။ သူတို့ စမ်းသပ်ချက် အရလည်း ဘရာဇူကာ ဘောလုံးဟာ ရှေ့တန်း တိုက်စစ်မှူးတွေ ထက်စာရင် ဂိုးသမားတွေ အတွက် အခွင့်အရေး ပိုရစေမယ်လို့ ပြောပါတယ်။ တရားဝင် (Offical) ဘောလုံးတွေက ဒေါ်လာ ၁၅၀ လောက် ပေးရမှာဖြစ်ပြီး၊ ပုံစံတူ ရောင်းချတဲ့ ဘောလုံးတွေက ဒေါ်လာ ၄၀ လောက်နဲ့ ရောင်းချ ထားပါတယ်။

9:15 Fairplay

အလွတ်တည်ကန်ဘော (ဖရီးကစ်) တွေမှာ ကစားသမားတွေက လူနံရံလုပ်ကာတဲ့ နေရာနဲ့ ဖရီးကစ်ကန်မယ့် သူရဲ့ နေရာ အကွာအဝေးကို သတ်မှတ်ပေးပြီး ကစားသမားတွေ စည်းခိုးတာ၊ နေရာရွှေ့တာမျိုး၊ ဒိုင်က စောင့်ကြည့် အာရုံစိုက်နေစရာ မလိုအောင် အဖြူရောင် စပရေးဘူးတွေသုံး လိုင်းသားတာ တွေ့မိမှာပါ။

အဲဒီ အဖြူရောင် စပရေးဘူးတွေ ကို 9:15 Fairplay လို့ခေါ်ပြီး ဓာတုပစ္စည်း မပါဘဲ ဇီဝဓာတ်ပြယ်မှု ဖြစ်စေကာ အဖြူရောင် စပရေးဘူးတွေကို အမေရိကန်ဘောလုံး (American Football) မေဂျာလိဂ် ဘောလုံးပွဲတွေနဲ့ ဘရာဇီးလ်လိဂ်တွေမှာ သုံးခဲ့ပြီးဖြစ်ပေမယ့် ကမ္ဘာ့ဖလားမှာတော့ ဒီနှစ်မှ စတင်သုံးခဲ့တဲ့ နည်းပညာအသစ် ဖြစ်ပါတယ်။

တကယ်တမ်း လက်တွေ့ လုပ်ဆောင်ရာမှာတော့ နည်းပညာတွေက ကွင်းလယ်ဒိုင်လူကြီးကို အထောက်အကူ ပေးတဲ့ အဆင့်ပဲ ရှိနေပြီး ကွင်းလယ် ဒိုင်ကပဲ နောက်ဆုံး ဆုံးဖြတ်ချက် ချရမှာဖြစ်သလို လက်ရှိ ဘောလုံးပွဲတွေရဲ့ အငြင်းပွားစရာ ဖြစ်ရပ်တွေ ကလည်း ဂိုးလိုင်းနည်းပညာ တခုတည်းမဟုတ်ဘဲ တခြားဆုံးဖြတ်ချက်တွေ ရှိနေသေးတဲ့ အတွက် ပြဿနာတွေကတော့ ဆက်ရှိနေပါဦးမယ်။

ဘယ်လို ပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာ့ဖလားမှာ သုံးတဲ့ နည်းပညာတွေအကြောင်း၊ အားကစားပွဲတွေရဲ့ နောက်ကွယ်မှာ လည်း သတင်းအချက်အလက် နည်းပညာတွေ၊ ဆက်သွယ်ရေးနည်းပညာတွေဟာ မရှိမဖြစ် လိုအပ် နေပါကြောင်း ရေးသားလိုက်ရပါတယ်။ ။


The post ၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ appeared first on ဧရာဝတီ.
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဘွတ်ကီး နိုင်ငံတကာ ပေါက်ဈေးများနှင့် ဂိုးစဂိုးများ 8.7.2014

ဇတ်ကြမ်း
2:30Brazil-5&2=


Monday, July 7, 2014

ဘွတ်ကီး နိုင်ငံတကာ ပေါက်ဈေးများနှင့် ၈ိုးစဂိုးများ7.7.2014

ဇတ်ကြမ်း
10;00Lahti-90&2=
Mypa-65&2-65
11:30AIK Slona-35&2-100
Odd1+45&3+50
11:35Djurgardens-5&2-65

Saturday, July 5, 2014

ဘွတ်ကီး နိုင်ငံတကာ ပေါက်ဈေးများနှင့် ဂိုးစဂိုးများ5.7.2014

ဇတ်ကြမ်း
10:30Argentina-70&2-30
2:30Netherland1=&2-50


Friday, July 4, 2014

ဘွတ်ကီး နိုင်ငံတကာ ပေါက်ဈေးများနှင့် ဂိုးစဂိုးများ4.7.2014

ဇတ်ကြမ်း
10;30Germany-25&2-25
1:15Bray-50&2-100
Limerick-15&2-50
2:30Brazil1+75&2-40



Wednesday, July 2, 2014

Tuesday, July 1, 2014

ဘွက်ကီး ပေါက်ဈေးနုန်းများနှင့် ဂိုးစဂိုးများ1.7.2014

ဇတ်ကြမ်း
10:30Argentina1=&3+60
2:30Belgium1+95&2-35




Monday, June 30, 2014

ဘွက်ကီးဈေးနုန်းများနှင့်ဂိုးစဂို3း0.6.2014

10:30France1-25&2-100
2:30Germany2+75&3-5

Saturday, June 28, 2014

ကမ္ဘာဖလားဘောလုံး၊ အုပ်စုပွဲများ အောင်မြင်စွာပြီးဆုံး....................






ကမ္ဘာဖလားဘောလုံး၊ အုပ်စုပွဲများ အောင်မြင်စွာပြီးဆုံး
မိုးမခအားကစား၊ ဇွန် ၂၈၊ ၂၀၁၄
 
 








ခေါ်က်ဆွဲမစားတဲ့ ဘောလုံးပွဲ
 
မျှော်လင့်ထားတဲ့အသင်းအများစု ရှုံးထွက်ပွဲကို ၁၆သင်းတက်သွားကြပါပြီ။ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့၊ အကြိုက်ဆုံးပွဲကတော့ အုပ်စုဂျီ Group G ဂျာမဏီနဲ့အမေရိကန် အုပ်စုနောက်ဆုံးပွဲဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှာ ကမ္ဘာ့ဆင်းရဲနိုင်ငံတိုင်း မလွဲမသွေကြုံရတဲ့၊ လာဘ်စားမှု၊ အခွန်ရှောင်မှု၊ ဘတ်ဂျတ်အလွဲသုံးမှု စသဖြင့် ရတဲ့အခွင့်အရေးကိုသုံးပြီး၊ မိမိကြီးပွားချမ်းသာရေးလုပ်ဆောင်နေချိန်၊ လာလ်စားမှုမရှိသလောက်နည်းပါးပြီး၊ ကမ္ဘာ့အကောင်းဆုံးအစိုးရလဲဖြစ်၊ ကမ္ဘာ့အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အတတ်ပညာ အရာရာမှာ စံနမူနာ ထိပ်တန်းရောက်နေတဲ့ အမေရိကန်နဲ့ဂျာမဏီ နှစ်နိုင်ငံ၊ အုပ်စုနောက်ဆုံးပွဲက တကမ္ဘာလုံး ဘောလုံးဝါသနာရှင်များ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

တသင်းသင်း ဂိုးပြတ်ရှုံးသွားရင် ရှုံးတဲ့အသင်း အုပ်စုကထွက်သွားနိုင်ပါတယ်။ သရေကျရင်တော့ ၂သင်းစလုံး နောက်တဆင့်ကိုတက်သွားနိုင်မှာမို့ ၊ ထုံးစံအတိုင်း သရေလုပ်ပွဲကစားသွားမယ် ခန့်မှန်းကြပါတယ်။ အသင်း၂သင်းစလုံး ချစ်ကြည်ရင်းနှီးတဲ့အခြေနေမှာရှိပြီး၊ အထူးသဖြင့် အမေရိကန်အသင်းနည်းပြက ဂျာမန်လူမျိုး ကရင်စမန် ဖြစ်နေပါတယ်။ ဂျာမန်လူမျိုး ဘောသမားများလည်း အမေရိကန်အသင်းမှာ ပါဝင်နေပါတယ်။ ဒါကြောင့် သရေပဲကန်မယ် သေချာပေါက်ပြောကြပေမဲ့၊ တကယ်တန်းကန်တော့ ခြေစွမ်းထက်မြတ်တဲ့ ဂျာမဏီအသင်းက ၁းဝ နဲ့ အနိုင်ရရှိသွားပါတယ်။ ခြားစားမှု၊ လာဘ်စားမှု မရှိတဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲ နောက်ဆုံးအရေးကြီးပွဲကို ဝမ်းမြောက်စွာကြည့်ရှုရလို့ ပျော်စရာကောင်းပါတယ်။

အမေရိကန်အသင်း ဂိုးပြတ်မရှုံးပေမဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပေါ်တူဂီက အာဖရိကအသင်း ဂါနာကို ၂း၁ ဂိုးမပြတ်ပဲနိုင်ခဲ့လို့၊ အမေရိကန်-ပေါ်တူဂီ အမှတ်တူပေမဲ့ အမေရိကန်အသင်း ဂိုးကွာခြားမှုနဲ့ နောက်တဆင့်တက်သွားပါတယ်။

ဂိုးသွင်းမှကြည့်ရတာပျော်တယ်

လူတွေမျှော်လင့်၊ အားထားရတဲ့အတိုင်း ဝမ်းမြောက်ပျော်ရွှင်၊ စိတ်လှုပ်ရှားပြီး ကြည့်ရတဲ့ အုပ်စုတွေကတော့ ဘရားဇီးအုပ်စု၊ နယ်သာလန်အုပ်စု နဲ့ အာဂျင်တီးနားအုပ်စု တွေပဲဖြစ်ပါတယ်။ အဲဒီအသင်းကြီး၃သင်း ခြေစွမ်းတွေပြနိုင်ပြီး၊ ဂိုးတွေလည်း တော်တော်သွင်းနိုင်ကြပါတယ်။ ပရိတ်သတ်ကို ကောင်းကောင်း ဖြေဖျော်မှုပေးနိုင်ပါတယ်။ နာမည်ကျော် ဘရားဇီး-နေမာ၊ နယ်သာလန်-ပါစီနဲ့ရိုဘင်၂ဦး၊ အာဂျင်တီးနား-မက်ဆီ၊ ဂျာမဏီ-မူလာ၊ ပြင်သစ်-ဘင်ဇီမာ၊ ကိုလံဘီယာ-ရိုဒရီဂရုစ်၊ ဆွဒ်ဇာလန်-ရှာကွီရီ စတဲ့ ဂိုးသွင်းတိုက်စစ်မှုးများ နာမည်ကျော်လာပါတယ်။ ဂိုးသွင်းမှာ လူကြိုက်များခြင်း ဖြစ်ပေမဲ့ ကျင်းပရေးကော်မတီက ဆုအမျိုးမျိုးပေးပါတယ်။ အကောင်းဆုံးနောက်ခံလူ၊ အလယ်တန်းလူ၊ အကောင်းဆုံးဂိုးသမား၊ အကောင်းဆုံးမန်နေဂျာ အပြင်၊ အကောင်းဆုံးအားပေးပရိတ်သတ်အဖြစ်လည်း ကိုယ့်အမှိုက်ကိုယ်ရှင်းသွားတဲ့၊ ဂျပန်အားပေးပရိတ်သတ်များကို အထူးအလေးပေးဖေါ်ပြကြပါတယ်။

ဂိုးအများဆုံးသွင်းမဲ့လူအဖြစ် ဘရာဇီး-နေမာ၊ အာဂျင်တီးနား-မက်ဆီ တို့ကို မျော်လင့်၊ ခန့်မှန်းထားသူများစွာရှိပါတယ်။ ဒုတိယအုပ်စု ဇယားအရ ပွဲတိုင်းနိုင်မယ်ဆိုရင် ဘရားဇီးနဲ့အာဂျင်တီးနား ဗိုလ်လုပွဲတက်လာနိုင်လို့ နေမာ၊ မက်ဆီ ၂ယောက်ကို အသားပေးကြတာပါ။ လက်ရှိလဲ သူတို့၂ယောက် နဲ့ ဂျာမဏီက မူလာတို့ တစ်ဦးကို ၄ဂိုးစီသွင်းပြီး ထိပ်ဆုံးမှာရှိနေကြပါတယ်။ ဂိုးသွင်းဖို့ တည်ပေးနိုင်သူများကိုလည်း နာမည်မထွက်ပဲ ပံ့ပိုးပေးနိုင်သူအဖြစ် သတ်မှတ်ပါတယ်။ ကိုလံဗီယာ ဂျိမ်းစ်ရိုဒရီဂုစ်ဟာ ၃ဂိုးသွင်းပြီး၊ ၂ဂိုး တည်ဘောပေးခဲ့သူဖြစ်ပါတယ်။ ပြင်သစ်-ဘင်ဇီမာ ၃ဂိုးသွင်းပြီး၊ ၂ဂိုး မတည်ဘောပေးခဲ့သူဖြစ်ပါတယ်။ ဆွဒ်ဇာလန်က ရီကာဒိုရိုဒရီဂုစ် ၂ကြိမ် မတည်ဘောပေးခဲ့ပါတယ်။ အုပ်စုပွဲပြီးချိန် အများဆုံး မတည်ဘောဖန်တီးပေးသူများမှာ ၃ဂိုး မတည်ပေးသူ၂ဦးရှိပါတယ်။ နယ်သာလန် နောက်ခံဘယ်ဝန်းကစားသမား ဘလိုင်း နဲ့၊ ကိုလံဘီယာ နောက်ခံ၊အလယ်တန်းလူ ဂါဒရာဒိုဖြစ်ပါတယ်။ ဂါဒရာဒိုဟာ ပယ်နယ်တီတစ်ဂိုး ဂျပန်ကို ၄း၁ အနိုင်ယူတဲ့ပွဲမှာ သွင်းနိုင်ခဲ့ပါတယ်။

အုပ်စုပွဲအားလုံး ၂၄ပွဲ ကစားပြီးချိန်မှာ ဂိုးပေါင်းများစွာ၊ စိတ်လှုပ်ရှား၊ ဆွဲဆောင်မှုများနဲ့ သွင်းနိုင်ခဲ့ပါတယ်။ အရင်၎နှစ်က တစ်ပွဲ  ပျှမ်းမျှ ၂.၃ ဂိုးသာ သွင်းနိုင်ပေမဲ့၊ အခုပွဲမှာ ၂.၈ ဂိုး သွင်းနိုင်ပါတယ်။ ၀းဝ သရေကျတဲ့ ၄ပွဲပဲ ရှိပါတယ်။ ၇ဂိုးသွင်းတဲ့ ပြင်သစ်-ဆွဒ်ဇာလန် ၅း၂ ၊  နယ်သာလန်-စပိန် ၅း၁၊  အယ်ဂျီးယား-ကိုးရီးယာ ၄း၂၊ ဘရာဇီး-ကင်မရွန်း ၄း၁၊ နယ်သာလန်-သြစတြေးလျား ၃း၂၊ ခရိုရှား-ဂျပန် ၄း၁၊ အာဂျင်တီးနား-နိုင်ဂျီးယား ၃း၂ စတဲ့ အပြန်အလှန်ဂိုးသွင်းပွဲများစွာ ကြည့်ရတဲ့အတွက် ခြေရည်သိပ်မကွာတာကို မြင်ရပါတယ်။




အုပ်စု နောက်ဆုံးပွဲ(တတိယပွဲ)များ

အုပ်စုတိုင်းက ပထမ၊ ဒုတိယ ၂သင်း၊ စုစုပေါင်း ၁၆သင်း ရှုံးထွက်ပွဲကို တက်ရမှာဖြစ်ပါတယ်။ ၂ပွဲစီ ကစားပြီးတဲ့အချိန်မှာ အများစုက နောက်တဆင့်တက်ဖို့သေချာပေမဲ့၊ ဂရိ၊ ဥရုဂွေး၊ ဆွဒ်ဇာလန်၊ နိုင်ဂျီးယား၊ အယ်ဂျီးယာ ၅သင်းကတော့ နောက်ဆုံးပွဲတွေပြီးမှာ အုပ်စုဒုတိယရပြီး၊ အိုကေသွားပါတယ်။ 

 ခန့်မှန်းထားတဲ့ အကြပ်ဆုံးအုပ်စု၃ခု (ဘီ၊ ဒီ၊ အက်ဖ်) Group B, D, F  ဖြစ်ပါတယ်။ အဆိုးဆုံးတွေကတော့ အုပ်စုဘီက လက်ရှိကမ္ဘာ့ချန်ပီယံ နဲ့ ဥရောပချန်ပီယံ၂ခါဆက်တိုက်ရတဲ့ စပိန်အသင်း ပွဲဦးထွက်၂ပွဲစလုံးရှုံးပြီး၊ နောက်ဆုံးတပွဲကျန်ချိန် အုပ်စုကထွက်ခွာရပါတယ်။ ပွဲဦးထွက်မှာ နယ်သာလန်ကို ၁း၅ နဲ့ အပြက်သတ်ရှုံးရခြင်းဟာ ရှက်စရာဖြစ်ပါတယ်။ ဖြစ်ခဲလှပေမဲ့ ဖြစ်သွားတာကို မျက်ဝါးထင်ထင်တွေ့ပါတယ်။ နောက်ဆုံးပွဲကိုတော့ အာရှအသင်း သြစတြေလျားကို ၃းဝ နိုင်ပြီး အဖတ်ဆယ်သွားခဲ့ပါတယ်။

အုပ်စုဘီ Group B အကြောင်း အထက်မှာရေးခဲ့ပါတယ်။ ကမ္ဘာ့အဆင့်၁ စပိန်အသင်း မရှုမလှ အုပ်စုကထွက်ရပါတယ်။ သြစတြေးလျားကတော့ ထင်တဲ့အတိုင်း ပွဲတိုင်းရှုံးပေမဲ့၊ ရှုံးချက်မနာပါဘူး။ အသင်းကြီးများကို အကြိတ်အနယ်ကစား၊ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အုပ်စုကထွက်ရဖို့များတဲ့ ချီလီအသင်းက ပထမ၂ပွဲ ဆက်တိုက်နိုင်ပြီး လူကြိုက်များတဲ့အသင်း ဖြစ်လာပါတယ်။ အသင်းလိုက်၊ တစ်ဦးချင်း ကစားပုံများ လှပတဲ့ တောင်အမေရိကအသင်း ခြေစွမ်းပြခဲ့ပါတယ်။

နောက်တသင်းကတော့ အုပ်စုဒီ Group D ကမ္ဘာ့ဖလား ၄ကြိမ်ဗိုလ်စွဲဖူးတဲ့ အီတလီအသင်း၊ ၁ကြိမ်ဗိုလ်စွဲဖူးတဲ့ အင်္ဂလန်အသင်း ထွက်ခွာရခြင်းဖြစ်ပါတယ်။ ကော့စတာရီကာအသင်း ခြေစွမ်းပြပြီး အုပ်စုပထမ ရရှိသွားပါတယ်။ ပထမ၂ပွဲစလုံး ရှုံးသွားတဲ့ အင်္ဂလန်အသင်း နောက်ဆုံးပွဲမကစားခင်ကတည်းက ထွက်ရပါပြီ၊ အင်္ဂလန်ကို သံယောဇဉ်ရှိတဲ့ မြန်မာပရိသတ်များ စိတ်ပျက်စရာဖြစ်သွားပါတယ်။ နောက်ဆုံးပွဲတော့ ကော့စတာရီကာကို သရေကစားပြီး၊ သိက္ခာဆယ်နိုင်ခဲ့ပါတယ်။ အီတလီအသင်းကတော့ နောက်ဆုံးပွဲမှာ ဥရုဂွေးကို ၁းဝ နောက်ဆုံးမိနစ်၉၀မှာ ရှုံးသွားလို့ ဆင်ပြောင်ကြီးအမြှီးတစ် ဖြစ်သွားရှာပါတယ်။ သရေကျရင်တောင် အုပ်စုဒုတိယနဲ့ နောက်တဆင့်တက်ရမှာ ပွဲပြီးခါနီးမှ ဂိုးသွင်းခံလိုက်ရလို့ ကံကြမ္မာကိုပဲ ပုံချဖို့ရှိပါတော့တယ်။ ဒီအုပ်စုဒီ အလွန်ကျပ်တဲ့အုပ်စုဖြစ်ပြီး၊ ကမ္ဘာ့ချန်ပီယံဟောင်း ၃သင်းနဲ့ အစဉ်လာမရှိပေမဲ့၊ ခြေစွမ်းထက်တဲ့ ကိုစတာရီကာတို့ ပြိုင်ကြတာ၊ စိတ်လှုပ်ရှားစရာ တော်တော်ကောင်းပါတယ်။ အီတလီမန်နေဂျာကတော့ အုပ်စုကထွက်ရပြီးတဲ့နောက် သူ့မှာတာဝန်ရှိတယ်ပြောပြီး အလုပ်ကထွက်စာတင်လိုက်ပါတော့တယ်။ အင်္ဂလန်မန်နေဂျာကြီးကတော့ ခပ်တည်တည်ပဲ၊ အလုပ်ကမထွက်ဖူးလို့ ကြေညာပါတယ်။ ထုံးစံအတိုင်းဆိုရင် ကမ္ဘာ့ဖလားရှုံးသွားတဲ့အသင်းမန်နေဂျာများ တာဝန်ယူတဲ့အနေနဲ့ ထွက်စာတင်လေ့ရှိပါတယ်။ လစာလည်း အလွန်ကောင်းတော့ ငွေကြေး၊ ဆုကြေးတွေအပြင်၊ ငါ့ကြောင့်မဟုတ်ဘူးဆိုပြီး အင်္ဂလန်မန်နေဂျာက မထွက်ပါဘူး။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့လည်း အဆင်ပြေတာ အဓိကဖြစ်မယ် မျှော်လင့်ပါတယ်။ အမှန်တော့ အင်္ဂလန်မန်နေဂျာကြီး တာဝန်ယူပြီးထွက်စာ တင်သင့်ပါတယ်။

အုပ်စု အက်ဖ် Group F ကတော့ အုပ်စုပထမ၊ ဒုတိယ ရပြီးနောက်တဆင့်တက်ဖို့ ရေပန်းစားနေတဲ့ နာမည်ကြီး အင်္ဂလန်၊ အီတလီအသင်း၂သင်း အုပ်စုက ထွက်သွားရပါတယ်။ ကိုစတာရီကာနဲ့ ဥရုဂွေးတို့ နောက်တဆင့် တက်သွားပါတယ်။ အီတလီကို နောက်ဆုံးပွဲ၊ နောက်ဆုံးမိနစ်မှာ ၁းဝ နိုင်သွားတဲ့ ဥရုဂွေးက နာမည်ကျော်တိုက်စစ်မှုး ဆာရက် (လစ်ဗာပူအသင်း) အီတလီကစားသမားပုခုံးကို သွားနဲ့ပေါက်အောင် ကိုက်လိုက်တဲ့ ပြသနာကြီးတစ်ခု ဒိုင်လူကြီးမမြင်လိုက်ပါဘူး။ အဲဒါဖြစ်ပြီးမှ ဥရုဂွေး တစ်ဂိုးသွင်းပြီး အီတလီကို အနိုင်ယူ၊ အုပ်စုဒုတိယရသွားပါတယ်။ အီတလီအသင်းတော့ သရေကျရင်တောင် အုပ်စုက တက်နိုင်မဲ့အရေး၊ တိရိစ္ဆာန်လို ကိုက်တတ်တဲ့ ဥရုဂွေးတိုက်စစ်မှုးကို ဒိုင်လူကြီးမမြင်လို့ ပြစ်ဒဏ်မပေး၊ တော်တော်အရုပ်ဆိုးသွားပါတယ်။

 နောက်တစ်နေ့မှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒါမျိုးအကျင့်ပျက်၊ အားကစားသမားမပီသတဲ့ တိုက်စစ်မှုး ရှာရက်ကို ကမ္ဘာ့ဖလားပွဲက ထုတ်ပယ်လိုက်ပါတယ်။ ၄လ ကွင်းထဲလာခွင့်မပြု၊ ပွဲ၁၂ပွဲ ကစားခွင့်ပိတ်လိုက်ပါတယ်။ အလွန်ပြင်းထန်လို့ ဥရုဂွေးတစ်နိုင်ငံလို့က အသင်းငယ်လေးကို ပြစ်ဒဏ်ကြီးပေးတယ်ဆိုပြီး ကန့်ကွက်ကြပါတယ်။ ၁၉၅၀ ကမ္ဘာ့ဖလားပွဲတုန်းက ဘရားဇီးကို အနိုင်ဂိုးသွင်းသွားသူ ဥရုဂွေးတိုက်စစ်မှုကြီးကတော့ ဒီပြစ်ဒဏ် တရာမျှတတယ်လို့ မှတ်ချက်ချပါတယ်။

မျှော်လင့်ချက်နည်းတဲ့အသင်းများ

ဂရိအသင်းက ထွက်ရပြီအောက်မေ့ပေမဲ့၊ နောက်ဆုံးပွဲမှာ အာဖရိက အလွန်ကောင်းတဲ့ အိုင်ဗရီကိုစ်အသင်းကို ၂း၁ အနိုင်ကစားလိုက်လို့ အုပ်စုဒုတိယရပြီး၊ ဒုတိယအဆင့် တက်လှမ်းသွားပါတယ်။ အာဖရိကအသင်းတိုင်း ခြေစွမ်းပြနိုင်ပါတယ်။ ကမ္ဘာ့ကလပ်အသင်းကြီးများမှာ ဈေးကြီးပေးတဲ့ ဘောသမားကောင်း များစွာလည်း ပါဝင်ကစားကြပါတယ်။ အာဖရိကအသင်းအားလုံး ဒုတိယအဆင့်ကို တက်လှမ်းနိုင်ပေမဲ့ နိုင်ဂျီးယား၊ အယ်ဂျီးယား ၂သင်းပဲ အုပ်စုဒုတိယနဲ့ ခက်ခက်ခဲခဲ ကစားပြီး တက်သွားပါတယ်။ ဂါနာ၊ အိုင်ဗရီကို့စ် ၂သင်းကတော့ အုပ်စုတတိယပဲရပြီး ထွက်ရပါတယ်။ အထူးသဖြင့် ဂါနာအသင်းဟာ ဂျာမဏီအသင်းကြီးကို ၂း၂ သရေကျအောင် အပြန်လှန် ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အလားတူ အိုင်ဗရီကို့စ်အသင်းလည်း ဂျပန်တစ်ခုပဲ ၂း၁ အနိုင်ရပြီး၊ ကျန်တဲ့ပွဲ အထူးသဖြင့် နောက်ဆုံးပွဲမှာ သရေကျရင်တောင် အုပ်စုတက်မဲ့ပွဲမှာ ဂရိကို ၂း၁ နဲ့ရှုံးသွားလို့ အုပ်စုကထွက်ရပါတယ်။ 

အာဖရိကအသင်း၂ခုကတော့ ဒုတိယအဆင့်မှာ  ပြင်သစ်-နိုင်ဂျီးယား၊ ဂျာမဏီ-အယ်ဂျီးယား တွေ့ကြမယ်ဖြစ်ပါတယ်။
အာရှတိုက်အသင်းများကတော့ နဂိုကတည်းက အုပ်စုတက်ဖို့အလွန်ခဲယဉ်မယ် သတ်မှတ်ထားပါတယ်။ တကယ်လဲ တောင်ကိုးရီးယား၊ ဂျပန်၊ အီရန်၊ သြစတြေးလျား ၄သင်းစလုံး အုပ်စု ဘိတ်ချီးဘဝနဲ့ ထွက်ခွာရပါတယ်။ အုပ်စုထဲမှာ နောက်ဘိတ်ဆုံး ဆိုပေမဲ့ သြစတြေးလျားတစ်သင်းပဲ အုပ်စုကြပ်ထဲကျပြီး ပွဲတိုင်း ရှုံးသွားရပါတယ်။ ကျန်တဲ့ တောင်ကိုးရီးယား၊ ဂျပန်၊ အီရန်တို့ တစ်ပွဲတော့ သရေကစားနိုင်ပါတယ်။ ခြေမသာပေမဲ့ အသင်းလိုက်၊ စည်းကမ်းနဲ့ အပြန်အလှန်ကစားနိုင်ပါတယ်။ ပွဲတိုင်းနီးပါးလည်း ပြိုင်ဖက်များကို ဂိုးပြန်သွင်းနိုင်ပါတယ်။ အဆင့်အတန်းရှိရှိ ၊ သိက္ခာရှိစွာနဲ့ ရှုံးရခြင်းဖြစ်ပါတယ်။

အုပ်စုပွဲမှာ ၃ပွဲစလုံး၊ ပွဲတိုင်းကိုအနိုင်ရပြီး၊ ၉မှတ်အပြည့်ရတဲ့ အသင်းများကတော့ နယ်သာလန်၊ ကိုလံဗီယာ၊ အာဂျင်တီးနား၊ ဘယ်လဂျီယံတို့ဖြစ်ပါတယ်။ ဘရာဇီး၊ ဂျာမဏီ၊ ပြင်သစ်၊ ကိုစတာရီကာ တို့လည်း ၂ပွဲနိုင်၊တစ်ပွဲသရေနဲ့ အုပ်စုပထမရပါတယ်။ အဲဒီ အုပ်စုပထမရတဲ့ ၈သင်းထဲကပဲ ဆက်လက်နိုင်ပွဲဆက်မယ်လို့ မျှော်လင့်ပေမဲ့၊ ဥရောပအသင်း ဆွဒ်ဇာလန်၊ ဂရိ၊ အမေရိကတိုက်က မက္ကဆီကို၊ ချီလီ၊ အမေရိကန်၊ ဥရုဂွေးအသင်းများလည်း အကြိတ်အနယ်ယှဉ်ပြိုင်နိုင်ပါတယ်။ အာဖရိကအသင်း၂သင်း အယ်ဂျီးယာ၊ နိုင်ဂျိးယား မှာလည်း ဘောသမားတဦးချင်းထူးချွန်သူ များစွာ ပါဝင်ပြီး၊ အသင်းလိုက်ညီညွတ်လာရင် မထင်မှတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့ဖလားနိုင်ငံအချို့မှအမျိုးသမီးနိုင်ငံခေါင်းဆောင်များ

မှတ်မှတ်ရရ ဘရာဇီးနိုင်ငံရဲ့ သမ္မတရွေးပွဲ ၂၀၁၄မှာ အမျိုးသမီးသမ္မတတက်လာပါတယ်။ Dilma Rousseff ဆိုတဲ့ အမျိုးသမီးကြီး၊ နိုင်ငံသမ္မတဖြစ်လာပြီး၊ လက်ရှိကမ္ဘာ့ဖလားပွဲကို သူပဲဖွင့်လှစ်ပေးခဲ့ပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများမညီညွတ်ဖြစ်နေချိန်မှာ အလွန်ကောင်းမွန်တဲ့ ခေါင်းဆောင်များဖြစ်လာလေ့ရှိပါတယ်။ အမျိုးသားခေါင်းဆောင်များ အခက်ခဲဖြစ်နေချိန် အမျိုးသမီးကိုခေါင်းဆောင်တင်ပေးလိုက်ရင်၊ ကြားခံဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ တောင်ကိုးရီးယားသမ္မတလည်း အမျိုးသမီး Park Geun Hye ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး ဂျာမဏီနိုင်ငံခေါင်းဆောင် နန်းရင်းဝန် Angela Merkel ဖြစ်ပါတယ်။ ဂျာမန်ဘောလုံးအသင်းကန်တဲ့တိုင်းပြည်ကို အဲဒီအမျိုးသမီးကြီး ရောက်လာပြီး အားပေးလေ့ရှိပါတယ်။ အာဂျင်တီးနားသမ္မတ Christian ဆိုတဲ့အမျိုးသမီးကြီးဖြစ်ပါတယ်။ ချီလီသမ္မတလည်း အမျိုးသမီး Michelle Bachelet၊ ဆွဒ်ဇာလန်ဦးရှောင်အဖွဲ့ဝင်အမျိုးသမီးကြီး Simonetta Sommaruga ၊ ကောစတာရီကာသမ္မတ Laura Chinchilla တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံခေါင်းဆောင်ကတော့ အမျိုးသမီးဖြစ်ဖို့ခဲယဉ်ပါတယ်။ လောလောဆယ်တော့ အမျိုးသမီး ဝန်ကြီးရယ်လို့တောင် ၃၂ပါးမှာ တစ်ယောက်မှမရှိသေးပါဘူး။ သူများနိုင်ငံမှာ အမျိုးသမီးများကို ဦးစားပေးနေတဲ့ သာယာဝပြောသောနိုင်ငံအချို့က အမျိုးသမီးခေါင်းဆောင်များဖြစ်ပါတယ်။ 
အမျိုးသမီးနိုင်ငံခေါင်းဆောင်ဖြစ်နေတဲ့ ဂျမဏီခေါင်းဆောင်အမျိုးသမီးကြီးလဲ ဘရာဇီးနိုင်ငံအထိ သွားရောက်အားပေးနေတာကို တီဗွီမှာတွေ့ရပါတယ်။ ဘောလုံးထိပ်သီး အာဂျင်တီးနားနိုင်ငံရဲ့ အကြီးအကဲလဲ အမျိုးသမီးကြီးဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံအကြီးအကဲ အုပ်ချုပ်သူလဲ အမျိုးသမီးကြီးပဲ ဖြစ်နေပြန်ပါတယ်။ 

(ပုံ)

Leisure Time အားလပ်ချိန်၊ငွေအသုံးဆုံးဘောလုံးကစားပွဲ

ကမ္ဘာပေါ်မှာ အားလပ်ချိန်ငွေသုံး၊ဖြုန်းဆုံးကတော့ အားကစားပဲဖြစ်ပါတယ်။ ဂီတ၊ရုပ်ရှင်၊ခရီးသွား၊ စာအုပ် စသဖြင့် ဘယ်လိုပဲ တရားမျှတမှုကို ကြိုးစားပေမဲ့၊ ဘောလုံးလောက် ငွေမသုံးကြပါဘူး။ လူလည်း စိတ်အဝင်စားဆုံးဖြစ်ပါတယ်။ အခုနောက်ပိုင်း မိန်းကလေး ဘောလုံးပွဲများတောင် ကစားလာတဲ့အတွက် ဘောလုံးပွဲဟာ လူကြိုက်အများဆုံး၊ တီဗွီပိုက်ဆံအရဆုံး ဖြစ်နေဆဲပါပဲ။  

ဖီဖာ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ၁၉၀၄မှာ စတင်ပြီး ဌာနချုပ်က ဆွဒ်ဇာလန်နိုင်ငံမှာ ရှိပြီး၊ အခု နိုင်ငံပေါင်း ၂၀၉နိုင်ငံ အဖွဲ့ဝင်ထားပါတယ်။ ထုံးစံအတိုင်း လုပ်ပွဲများ၊ ဒိုင်လူကြီးဖက်လိုက်မှု၊ အိမ်ရှင်အသင်းကို အသားပေးမှု၊ ဒိုင်လူကြီး စိတ်လိုက်မာန်မာ ပင်နယ်တီပေးခြင်း၊ ကစားသမားဒေါသ၊ ဒိုင်လူကြီးဒေါသ၊ ပရိသတ်ဒေါသ ..စတဲ့ လောဘ၊ ဒေါသ၊ မောဟ များကြောင့် မမျှတမှုများကို တွေ့မြင်နေရဦးမယ်ဖြစ်ပါတယ်။ အခုချိန်ထိတော့ အသင်းများ၊ ကစားသမားများ၊ ဒိုင်လူကြီးများ၊ ပရိတ်သတ်များ၊ အုပ်ချုပ်သူများ ..အားလုံးအခြေအနေကောင်းလျှက် ရှိနေဆဲ ဖြစ်ပါတယ်။  နည်းပညာနဲ့ကာကွယ်ထားတဲ့အတွက် Drug စိတ်ကြွဆေးစားသုံးမှု၊ ဂိုးဝင်/မဝင် ဆုံးဖြတ်မှု၊ ကြမ်းရမ်းအနီကဒ်ကစားသမားလည်း နည်းပါတယ်။

ယခင်ကတော့ အမေရိကန်နိုင်ငံမှာ ဘော့စ်ဘော၊ ဘတ်စကက်ဘော၊ ဂေါက်သီး၊ တင်းနစ် စတဲ့ အားကစားပွဲတွေပဲ လူတွေကစား၊ တီဗွီပွဲကြည့်ကြပါတယ်။ အမေရိကန်ရောက် အာရှ၊ ဥရောပတိုက်သားများကတော့ ဘောလုံးပွဲကို အထူးစိတ်ဝင်တစား၊ ကြည့်ရှုကြပေမဲ့ အမေရိကန်ဘိုးဘွားအဆက်ဆက် နေထိုင်လာသူများကတော့ ဘေ့စ်ဘော၊ ဘတ်စကတ်ဘောပဲ ဦးစားပေးနေဆဲဖြစ်မှာပါ။ လော့အိန်ဂျယ် ကမ္ဘာ့အိုလံပစ်ပွဲ ဘောလုံးပွဲတွေမှာ အမေရိကန်အစိုးရက အားပေး၊ မြှင့်တင်မှုတွေကြောင့် ဘောလုံးကစားနည်း ခေတ်စားလာခဲ့ပါတယ်။ အခုဆို အမေရိကန်ဘောလုံးအသင်းဟာ ၄နှစ်တခါ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဆက်တိုက်အောင်မြင်လာပါတယ်။ အခု ဘရာဇီးပွဲမှာလည်း အုပ်စုအဆင့်ကနေ ကျော်လွန်ပြီး ဒုတိယအဆင့်ကို တက်သွားပါတယ်။

ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေးငွေ ကန်ဒေါ်လာ ၃၅သန်း ရမှာဖြစ်ပါတယ်။ ဒုတိယ ၂၅သန်း၊ တတိယ ၂၂သန်း၊ စတ္တုထ ၂၀သန်း၊ ကွားတားဖိုင်နယ်တက်လာရင် ၁၄သန်း၊ အုပ်စုအဆင့်ကျော်လာရင် ၉သန်း၊ အုပ်စုပြိုင်ပွဲဝင်တဲ့အသင်းတိုင်းကို ကန်ဒေါ်လာ၈သန်း ဆုကြေးပေးမယ်ဖြစ်ပါတယ်။ အသင်းတိုင်း ပြင်ဆင်စရိတ် ဒေါ်လာ၁.၅သန်း ပေးမယ်ဖြစ်ပါတယ်။ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် FIFAက  စုစုပေါင်း ဆုကြေးငွေ ဒေါ်လာသန်းပေါင်း ၅၇၆သန်း သုံးစွဲမယ်ဖြစ်ပါတယ်။

လာဘ်စားမှု၊ အာဏာအလွဲသုံးမှုအနည်းငယ်
ဆုကြေးတွေလည်း များစွာပေးမယ်ဖြစ်ပါတယ်။ အလွန်သြဇာကြီးလှတဲ့၊ ငွေကြေးချမ်းသာလှတဲ့၊ ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဌနေရာ ၁၆နှစ်ကျော် (၃ကြိမ်) ရွေးချယ်ခံရထားတဲ့ ဆွဒ်ဇာလန်နိုင်ငံသား ဆက်ဘလိတ်တာ (၇၈နှစ်) Sepp Blatter ကို ဖယ်ပေးဖို့ တောင်းဆိုလာပါတယ်။ ဖီဖာဥက္ကဌဖြစ်ဖို့ ငွေချမ်းသာဖို့မလိုပါဘူး။ သြဇာကြီးဖို့၊ တရားမျှတသူဖြစ်ဖို့ပဲ အထူးလိုအပ်ပါတယ်။ 

 သူ့ကို ယုံကြည်မှုပျက်ပြားခြင်း ဖြစ်ပုံက ၂၀၁၈ ကမ္ဘာ့ဖလားပွဲကို အာရပ်သူဌေးနိုင်ငံ ကာတာ ကျင့်ပခွင့်ရသွားတဲ့ ကိစ္စဖြစ်ပါတယ်။ ရွေးချယ်ရေးအတွက် မဲပေးအာဏာရှိသူများ တစ်ယောက်စီကို ဒေါ်လာ၂သန်းကျော် လာဘ်ထိုးတဲ့ကိစ္စ ပေါ်လာလို့ဖြစ်ပါတယ်။ ကာတာ တာဝန်ရှိသူများက လာဘ်မဟုတ်ပါ၊ လက်ဆောင်၊ ဂုဏ်ပြုငွေ လိုလို ဆိုကြပေမဲ့ လက်ရှိဥက္ကဌကတော့ နောက်ထပ်ရွေးကောက်ပွဲမှာ ဝင်ဦးမယ်လို့ ဆိုပါတယ်။ ပိုက်ဆံရှိပေမဲ့ နာမည်လိုချင်၊ အာဏာလိုချင်တော့ ထိုင်ခုံဖယ်မပေးချင်တာ မဆန်းပါဘူး။ စောင့်ကြည့်ရပါမယ်။ မြန်မာပြည်မှာလည်း လာဘ်နဲ့လက်ဆောင် အတူတူပဲ သဘောထားနေကြချိန်မှာ တရားမျှတပါတယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာတောင် ငွေကြေးဟာ အခန်းကဏ္ဍတစ်ခုက ကြီးများစွာ ပါဝင်နေတာကို တွေ့ရပါတယ်။ 

ကိုယ်တိုင် ပိုက်ဆံမယူ၊ လာဘ်မစားပေမဲ့ Corruption & Nepotism ဆိုတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ လောကနိယာမအရဆိုရင် ဆင်းရဲတဲ့နိုင်ငံများမှာ အာဏာ၊ငွေ ရှိသူက အကျင့်ပျက်လေ့ရှိပါတယ်။ မြန်မာလိခ်  ဖေဖေါ်ဝါရီ-၂၀၁၄  အောင်ဆန်းကွင်းမှာ ဇွဲကပင်အသင်းပိုင်ရှင် သူဌေးကြီးက သူ့အသင်း ရတနာပုံကို ရှုံးလို့ ပွဲကစားပြီးချိန် ကွင်းလည်ဒိုင်လူကြီးကို လူပုံအလယ်မှာပါးရိုက် ဆုံးမလိုက်တယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်ကလဲ ဘာမှမပြော၊ ဒိုင်လူကြီးကလဲ ပါးရိုက်ခံ၊ ပြန်မတိုင်ဘူး၊ သူဌေးကလဲ ဒေါသနဲဆဲဆိုကြိမ်းမောင်းပြီး ပြန်သွားတယ်။ သူဌေးဆိုတော့ အတိုင်းတာတစ်ခုထိ အာဏာ၊သြဇာရှိပါတယ်။ နိုင်ငံတကာမှာတော့ ဒါမျိုးလုပ်ခွင့်မပါဘူး။ မြန်မာပြည်မှာလည်း အုပ်ချုပ်သူအာဏာပိုင်များက တိုးတက်၊ ပြုပြင်ပြောင်းလဲလာမယ်မျှော်လင့်ပါတယ်။

ဆင်းရဲတဲ့နိုင်ငံများ အထူးသဖြင့် အာဖရိကတိုက်ဘောလုံးသမားများ အမြဲတမ်း ဆုကြေးငွေပြသနာတက်ကြပါတယ်။ သူတို့နိုင်ငံဘောလုံးအဖွဲ့ချုပ်က လူကြီးတွေ အသုံးစရိတ်များသွားလို့ တကယ်ကန်တဲ့ဘောသမားတွေ ဆုကြေးမရဖြစ်သွားလေ့ရှိပါတယ်။ အုပ်စုပွဲ ၃ပွဲကန်ပြီးအုပ်စုကထွက်ရင် အသင်းတိုင်း ကန်ဒေါ်လာ၈သန်း ဆုကြေးနဲ့ ပြင်ဆင်စရိတ် ဒေါ်လာ၁.၅သန်း၊ စုစုပေါင်း ဒေါ်လာ၉.၅သန်း အနည်း ဖီဖာက ပွဲပြီးတာနဲ့ ချက်ခြင်းပေးပါတယ်။ ဒါပေမဲ့ အာဖရိကအသင်းအုပ်ချုပ်သူတွေက နည်းမျိုးစုံနဲ့ငွေတွေကြိုသုံးမိလို့ ဘတ်ဂျတ်အသုံးမတတ်ခြင်း၊ စာရင်းစစ်မရှိခြင်း စတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဖြစ်လေ့ရှိတဲ့အတိုင်း ငွေနဲ့ပတ်သက်လာရင် ပြသနာဖြစ်လာပါတယ်။ နောက်ဆုံးတော့ ဘောလုံးသမားတွေ ရသင့်တာမရဖြစ်သွားလေ့ရှိပါတယ်။ တခြားနိုင်ငံတွေမှာ ဖြစ်လေ့မရှိပါဘူး။ 

ဒီနှစ်မှာတော့ အကြိတ်အနယ်ကစားပေးသွားတဲ့ ဂါနာဘောလုံးသမားတွေက ခါတိုင်းလိုမဖြစ်အောင် ကြိုတင်ညီညွတ်စွာ တောင်းဆိုကြပါတယ်။ ဂါနာဘောလုံးအဖွဲ့ချုပ်က သူတို့နိုင်ငံရတဲ့ ဒေါ်လာ၉.၅သန်းကို ဘောလုံးသမား ၂၂ယောက်၊ တစ်ယောက်ကို ဒေါ်လာ၇၅၀၀၀ နဲ့ ၁၀၀၀၀၀ (၇သောင်းခွဲနဲ့တစ်သိန်းကြား) ပေးမယ်လို့ ကတိထားပါတယ်။ အဖွဲ့ချုပ်က ကတိမတည်ဖြစ်တတ်လွန်းလို့ ကစားသမားများက သူတို့ဘဏ်စာရင်းထဲကို ငွေကြိုပြီး ထည့်ပေးစေချင်ကြပါတယ်။ မထည့်ပေးရင် ဘရာဇီးကိုမသွားဖူးလို့ ဂါနာ၊ ကင်မရွန်းအသင်းတွေက ဆန္ဒပြပါတယ်။ ဂါနာနိုင်ငံက သမ္မတကိုယ်တိုင် ဝင်ဖြေရှင်းပေးရပါတယ်။ ဆုကြေးငွေ ဒေါ်လာ၈သန်းမှာ ဂါနာဘောလုံးသမားများ ၁.၇ - ၂.၃သန်း လောက်ဆုကြေးရမယ်ဖြစ်ပါတယ်။ နောက်ဆုံးပွဲ ဂါနာ-ပေါ်တူဂီ မကစားခင် ဂါနာအစိုးရက ဒေါ်လာ၃သန်း လေယဉ်နဲ့တင်ပြီး ဘရာဇီးအသင်းကို သွားပေးလိုက်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ ဖီဖာကလည်း ပွဲပြီးမှ ဒေါ်လာ၈သန်း၊ ပေးမှာဖြစ်လို့၊ ဘောလုံးသမားများလဲ ပွဲအားလုံးပြီးမှ ပိုက်ဆံရမှာဖြစ်ပါတယ်။ 

ဒုတိယအဆင့် တက်သွားတဲ့အသင်းတွေလည်း ထုံးစံကတော့ တဆင့်ပြီးရင်၊ ဆုကြေးငွေ ချက်ခြင်းသူတို့ ဘဏ်ထဲထည့်ပေးလေ့ရှိပါတယ်။ ပိုက်ဆံနဲ့ပတ်သက်ပြီး ဘောလုံးသမားတွေ စိတ်အနှောက်ယှက်မဖြစ်စေလိုခြင်းပါ။ နိုင်ဂျီးယားအသင်းလဲ အုပ်စုအဆင့်ကို ကျော်ရင် ဆုကြေး ဒေါ်လာ၃သောင်း ရမယ်ဆိုပါတယ်။ မနှစ်ကအတွေ့အကြုံကြောင့် ဒုတိယအဆင့်မှာ ပြင်သစ်နဲ့ကစားရမဲ့ ဘောလုံးသမားများက လေ့ကျင့်ခဏ်မဆင်းပဲ သပိတ်မှောက်ပါတယ်။  အသင်းကလည်း ဖီဖာ FIFA ဆုကြေးမရသေးခင် ဘောသမားများကိုပေးဖို့ ခက်ခဲနေပါတယ်။ နိုင်ဂျီးယားသမ္မတက ကြားဝင်ပြီး အာမခံပေးရပါတယ်။

မြန်မာနိုင်ငံကတော့ အောင်ပွဲရအားကစားသမားများကို ဆုတံဆိပ်သာမက၊ ငွေကြေးနဲ့ပါ ဂုဏ်ပြုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ အရှေ့တောင်အားကစားပြိုင်ပွဲ ရွှေငွေကြေး ဆုရသူများကို၊ ငွေကြေးအားဖြင့်လည်း ကျပ်သိန်းပေါင်းများစွာ ဆုချခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့အားကစား အုပ်ချုပ်သူများဟာ အာဖရိကဘောလုံးအသင်းများထက် သာပါတယ်။
လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲများမှာတော့ အုပ်စုပွဲတွေအထိ တရားမျှတမှုရှိတယ်လို့ ဆိုရပါမယ်။




ဒုတိယအဆင့် ပွဲစဉ်များဇယား (ပုံ)

အတိုင်းဆိုရင် ၈သင်းအုပ်စု၂ခုမှာ ၊ အများစုက မှန်းထားတဲ့အသင်းတွေ ဖြစ်နေပါတယ်။ အစဉ်အလာကြီးပြီး၊ ကမ္ဘာ့ဖလားရဖူးတဲ့ တကယ်လဲကောင်းတဲ့အသင်းများပဲ အနိုင်ရ ကွာတာ၊ ဆီးမီး၊ ဖိုင်နယ် တက်လာဖို့ များပါတယ်။ ပထမ ၈သင်းမှာ ဘရာဇီး-ချီလီ၊ ကိုလံဗီယာ-ဥရုဂွေး၊ ပြင်သစ်-နိုင်ဂျီးယား၊ ဂျာမဏီ-အယ်ဂျီးယား တို့ဖြစ်ပြီး ဂျာမဏီနဲ့ဘရားဇီးတို့ ဆီးမီးဖိုင်နယ်တက်လာဖို့ များတယ် ခန့်မှန်းကြပါတယ်။ ဒုတိယ ၈သင်းအုပ်စုမှာတော့ နယ်သာလန်-မက္ကဆီကို၊ ကိုစတာရီကာ-ဂရိ၊ အာဂျင်တီးနား-ဆွဒ်ဇာလန်၊ ဘယ်လဂျီယံ-အမေရိကန် တို့ဖြစ်ပြီး၊ နယ်သလန်နဲ့အာဂျင်တီးနားတို့ ဆီးမီးဖိုင်နယ်ကို ရောက်ဖို့ အများစုမျှော်လင့်ပါတယ်။ ဗိုလ်လုပွဲကိုတော့ ဂျာမဏီ-ဘရာဇီး၊ နယ်သာလန်-အာဂျင်တီးနား ၄သင်းမှာ ဘရာဇီး-အာဂျင်တီးနားတို့ ဗိုလ်လုပွဲတက်ပြီး၊ အိမ်ရှင်ဘရာဇီး ဗိုလ်စွဲမယ်လို့ စာရေးသူ မျှော်လင့်ခန့်မှန်းပါတယ်။

ဘောလုံးဆိုတာ လုံးနေတာဖြစ်လို့ အသင်းငယ်များဖြစ်ပြီး ဒုတိယပွဲစဉ်များမှာ အမေရိကတိုက်က နိုင်ငံများဖြစ်တဲ့ ချီလီ၊ ကိုလံဗီယာ၊ ကိုစတာရီကာ၊ မက္ကဆီကို တို့လည်း အကြိတ်အနယ်ကစားကြမှာဖြစ်ပါတယ်။ ရလဒ်ကိုတော့ စောင့်ကြည့်ရမှာပါ။ ဂိုးများများ သွင်းပြီး လူထုစိတ်ဝင်စားတဲ့၊ အားကစားစိတ်ဓါတ်နဲ့ငြိမ်းချမ်းရေးမြှင့်တင်ပေးတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲဖြစ်ပါစေ၊ မြန်မာပြည်မှာလည်း အာဏာပိုင်များကိုယ်တိုင် အားကစားစိတ်ဓါတ်မျိုးနဲ့ တိုင်းပြည်ကိုအုပ်ချုပ်နိုင်ပါစေလို့ မျှော်လင့်ဆုပန်လိုက်ပါတယ်။ 

(မိုးမခအားကစား ၂၇-ဇွန်-၂၀၁၄)


Largest gathering for outdoor screen in Korea 2002  world cup , Red Devil
Categories:

Saturday, January 4, 2014

ဆီးဂိမ်းအမျိုးသားအသင်း ကျရှုံးမှုကြောင့် နေရှင်နယ်လိဂ် ပရိသတ်စိတ်ဝင်စားမှုလျော့နည်းနိုင် ..........................

သောကြာ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ပြီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၂၃ အသင်း အုပ်စုအဆင့်က ထွက်ခဲ့ရ သဖြင့် လာမည့် ၂၀၁၄ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားမှု လျော့နည်းလာနိုင် ဖွယ်ရှိသည်ဟု သုံးသပ်မှုများ ပေါ်ထွက်လာခဲ့သည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၂၃ အသင်းကို အောင်မြင်မှုရယူနိုင်လိမ့်မည်ဟု ပရိသတ်များက မျှော်လင့်ထားခဲ့ကြသော်လည်း အုပ်စုအဆင့်မှပင် ကျော်ဖြတ်နိုင်ခြင်းမရှိ သောကြောင့် ပရိသတ်များအနေဖြင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ ဆီးဂိမ်းတွင် မအောင်မမြင်ဖြစ်ခဲ့ သည့် မြန်မာအသင်းကြောင့် နေရှင်နယ်လိဂ်ပြိုင်ပွဲကိုလည်း သက်ရောက်မှုရှိလိမ့်မည်ဟု ဧရာဝတီ ယူနိုက်တက်အသင်း စီမံမန်နေဂျာ ဦးဇော်မြင့်က သုံးသပ်သည်။

“အထိုက်အလျှောက်တော့ ထိခိုက်မှုရှိသွားလိမ့်မယ်။ နေရှင်နယ်လိဂ်ကို ပရိသတ် နည်းနည်းလျော့သွား နိုင်တယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေက ဆီးဂိမ်းကို တအားဖြစ်ချင်ကြတယ်။ ကျွန်တော်တို့ အပါ အ၀င်ပေါ့နော်။ မဖြစ်လာဘူးဆိုတော့ နည်းနည်း ကရုဏာသက်သွားတာလေးတွေရှိတယ်” ဟု သုံးသပ် ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲသည် စတင်ကျင်း ပသည့်နှစ်တွင် ပရိသတ်အများအပြား လာရောက်အားပေးခဲ့သော်လည်း နောက်ပိုင်းရာသီများတွင် ပရိ သတ်အားပေးမှု ကျဆင်းခဲ့သည်။ နေရှင်နယ်လိဂ် ပရိသတ် အားပေးမှုကျဆင်းခြင်းနှင့် ပတ်သက်ပြီး မနောမြေအသင်း စီအီးအို ဦးဝင်းမြင့်သွင်ကလည်း “ပရိသတ်လျော့ကျတယ်ဆိုတာ ကစားသမားတွေ ပေါ်မူတည်ပါတယ်။ ကစားသမားတွေက ပရိသတ်ကို ဆွဲဆောင်မှုရှိအောင်ကစားနိုင်တဲ့ စွမ်းရည်မရှိဘူး။ အရင်က မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ၀င်းအောင်တို့ ကစားတဲ့ခေတ်မှာ သူတို့တစ်ဦးချင်းရဲ့စွမ်းရည်က ဘောလုံးကို ဘယ်လိုလိမ်တယ်။ ဘယ်လိုထွက်တယ်။ ၀င်းအောင်ဆိုဘယ်လိုခေါင်းတိုက်တယ်။ ဒါလေး တွေကို ပရိသတ်က ကြည့်ချင်လို့လာတာလေ။ အခုနေရှင်နယ်လိဂ်မှာ ဒါမျိုးတွေက မရှိသလောက် ရှားပါးသွားတယ်။ ပရိသတ်ကလည်း ဒါတွေမတွေ့တော့တဲ့အတွက် သိပ်စိတ်ဝင်စားမှုမရှိတော့ဘူး” ဟု ပြောခဲ့သည်။ ရန်ကုန်မြို့၌ပြုလုပ်သည့် နေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ပရိသတ်အားပေးမှု နည်းသော် လည်း မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာကွင်းများ၌ ပြုလုပ်သည့် နေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ပရိသတ်ဝင်ရောက် အားပေးမှုမှာ များပြားနေဆဲပင်ဖြစ်သည်။

Tuesday, December 24, 2013

ကောင်းခြင်းငါးဖြာ ပြည့်စုံလှသည် အမျိုးဂုဏ်ဆောင်ကြ ချစ်နှမတို့... ..................

တာဝတိံသာ နတ်ရွာလော ... နတ်ရွာလော ...

ကောင်းခြင်းငါးဖြာ ပြည့်စုံလှသည် အမျိုးဂုဏ်ဆောင်ကြ ချစ်နှမတို့...