This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, May 6, 2013

ရန်ကုန်-မေ၅ မြန်မာနိုင်ငံတွင် ပထမဦးဆုံးHuawei Show Room ဖွင့်ပွဲကို မေလ ၅ ရက်နေ့ မနက် ၁၀ နာရီတွင် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးကွန်ဒိုတွင် ကျင်းပသည်။

Photo: ရန်ကုန်-မေ၅ မြန်မာနိုင်ငံတွင် ပထမဦးဆုံးHuawei Show Room ဖွင့်ပွဲကို မေလ ၅ ရက်နေ့ မနက် ၁၀ နာရီတွင် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးကွန်ဒိုတွင် ကျင်းပသည်။ 

ယခုဖွင့်လှစ်သောShow Room တွင် Huawei Handset မျိုးစုံအပြင် Media Pad နဲ့ Mobile Broad Band များကိုလည်း ရရှိနိုင်ပြီး Show Room ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖွင့်ပွဲနေ့တွင် ၀ယ်ယူအားပေးကြသူများအား Huawei Media Pad, C8813 နှင့် Y 300 တို့အပြင် အခြားဆုမဲများကိုလည်း မဲဖောက်ပေးခဲ့သည်။ ဤဆိုင်တွင် မေလ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၀ယ်ယူအား ပေးကြသူများအတွက်လည်း အထူးလက်ဆောင်များ စိစဉ်ထားကြောင်း သိရသည်။ Huawei Handset များကို ၀ယ်ယူ အားပေးကြသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Huawei ၏ distributor များနှင့် ပူးပေါင်းပြီး Branded Shop ဆိုင် ၂၀ ကျော်နှင့် Service center များကိုလည်း မကြာမီကာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

DKBA နဲ့ အစိုးရတပ်ရဲ့ ရာဇသံ

Sunday, May 5, 2013

 လှိုင်းဘွဲ့မြို့နယ်ထဲက သံလွင်မြစ်ကမ်းနဘေးမှာအခြေစိုက်တဲ့ ကလို့ထူးဘောDKBA အဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်းလုံခြုံရေးအတွက်
အဲဒီနေရာကနေ စနေနေ့ နောက်ဆုံးထား ထွက်ခွာပေးရမယ်လို့ ဒေသခံ အစိုးရစစ်တပ် ခမရ ၃၃၈  က ဗိုလ်မှူးထွန်းထွန်းဝင်း ပေးထားတဲ့ ရာဇသံကို
DKBA က ပယ်ချထားပေမဲ့ အခုအချိန်အထိတော့ သေနတ်ဖောက်သံတွေ မကြားရသေးဘူး။

DKBA
ဌာနချုပ်တနေရာ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
 
 အစိုးရစစ်တပ်က တိုက်လာရင်   မြ၀တီ-ကော့ကရိတ်နဲ့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောကို ဖြတ်တောက် ပိတ်ဆို့မယ် လို့ DKBA ဌာနချုပ်မှာ  ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်သက်က ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

ဗိုလ်မှူးချုပ်ကျော်သက်

“ကျွန်တော်တို့က အစိုးရနဲ့ငြိမ်းချမ်းရေး လုပ်ထားပြီး ကရင်ပြည်နယ်မှာနေတာပါ။ ကရင် မဟုတ်တဲ့လူတွေက ကျွန်တော်တို့ကို မောင်းထုတ်မယ်ဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
သူတို့ဘက်ကစပြီးတိုက်ခိုက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့အစီအစဉ်အတိုင်း လက်တုန့်ပြန်မှာဖြစ်တယ်။
လူထုအတွက်ကိုစိုးရိမ်ပေမဲ့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ လူထုကိုတော့အသိပေးမှာပါ။ ကျွန်တော်တို့မှာ ရွေးစရာမရှိတော့ဘူး” လို့ပြောပါတယ်။
 
ဗိုလ်မှူးချုပ်စောဘိ(စောတိုင်းဆွေ)
 မြိုင်ကြီးငူမှာအခြေစိုက်တဲ့ DKBA တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဘိ(စောတိုင်းဆွေ)ကလည်း  လက်ရှိပြဿနာကို မဖြစ်ဖြစ်အောင်ဖန်တီးတာက အစိုးရစစ်တပ်ပဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“သူတို့က လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ။ ကရင်ပြည်နယ်မှာ ကရင်နေလို့မရဘူးဆိုရင် အခြားလူတွေလည်း မနေနဲ့။
လက်ရှိအခြေအနေက သေနတ်တကမ်းမှာပဲ။ တဖက်နဲ့တဖက်ထိပ်တိုက်တိုးမဲ့အနေအထားမှာရှိတယ်။
အခုအချိန်ထိတော့ သေနတ် ဖောက်သံ မကြားရသေးဘူး” လို့ ဆိုပါတယ်။

KNU ဘယ်ဘက်က ပါနေသလဲ

ကရင်ပြည်နယ်ထဲက အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU ရဲ့ ရပ်တည်မှုက ဘယ်လိုရှိတယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ပြီးခဲ့တဲ့အပတ်က ၃ ရက်ကြာဖြစ်ခဲ့တဲ့ DKBA နဲ့(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF တိုက်ပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ က
ဗိုလ်တာမလာနဲ့ တပ်ဖွဲ့ဝင် ၂၀ လောက်ဟာ BGF ဘက်ကနေ ၀င်ရောက် တိုက်ခိုက်ပေးတယ်လို့ ဗိုလ်မှူးချုပ်ကျော်သက်က ပြောပါတယ်။

”အမှန်ဆိုရင် KNU အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး။ အခုအခြေအနေကအတော့်ကို ဆိုးရွားနေတယ်၊  ဒီတခါတော့ ကျွန်တော်တို့ကို တိုက်တဲ့လူမှန်သမျှ
ဘယ်အဖွဲ့ကိုမဆို ပြန်တိုက်ရမှာပဲ” လို့ မနေ့က  သူတို့ရဲ့ ဝေါ်လေဌာနချုပ်ရောက်လာတဲ့ သတင်းထောက်တွေကို ဗိုလ်မှူးချုပ်ကျော်သက်က ပြောလိုက်ပါတယ်။

 DKBA ရဲ့ ပြောဆိုချက်ကို KNU က ငြင်းပါတယ်။

”ဒီကိစ္စက အထင်လွဲမှားတာဖြစ်ပါလိမ့်မယ်။ KNU နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှာက အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးမူဝါဒပဲ ရှိတယ်။
 ဒီတိုက်ပွဲမှာ တပ်မဟာ ၇ ကတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပါဝင်ပတ်သက်မှုလုံးဝမရှိဘူး” လို့  KNU တပ်မဟာ ၇ က တပ်မဟာရုံးထိုင်မှူး ဗိုလ်မှူးအဲဆဲဆဲက  ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

လက်ရှိအခြေအနေ တင်းမာ

အခုဆိုရင် မြိုင်ကြီးငူဒေသမှာ နှစ်ဘက်ထိပ်တိုက်ဖြစ်မဲ့အနေအထားတွေရောက်ရှိနေပြီး နှစ်ဘက်တပ်တွေလည်း အဆင့်မြင့်တပ်လှန့်မှုတွေ လုပ်ထားပါပြိ။

 DKBA ဌာနချုပ်ရှိတဲ့မြ၀တီမှာလည်း နှစ်ဘက်တပ်တွေ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရတဲ့အတွက် ဒေသခံတွေက  စိတ်မသက်မသာဖြစ်နေကြရတယ်လို့ ရင်ဖွင့်ကြပါတယ်။

တဖက်နဲ့တဖက်အလျှော့ပေးပုံမပေါ်တဲ့ နှစ်ဘက်တင်းမာမှုတွေက လက်ရှိငြိမ်းချမ်းရေးကို ကျိုးပျက်စေမှာလား၊ ဒေသခံတွေကို မြေဇာပင်ဖြစ်စေမှာလား၊
ဒါမှမဟုတ် ဒေသတွင်းမှာ၊ တကျော့ပြန်စစ်မီး ပြန်တောက်လေမလား ဆိုတာကိုတော့ နှစ်ဘက်ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိမှုအပေါ်မှာပဲ မူတည်တဲ့အကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။

အသေအပျောက် အများအပြား ရှိခဲ့တဲ့ အရင်လ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ ဖြစ်ပွားခဲ့တဲ့ BGF နဲ့  DKBA  တိုက်ပွဲအပြီးမှာ ဒေသခံ အစိုးရတပ်က (ဒီကေဘီအေ)ကို လက်ရှိအခြေစိုက်နေရာ သံလွင်မြစ်အနီးကနေ ဖယ်ရှားခိုင်းခြင်းဖြစ်တယ်လို့  ဗိုလ်မှူးချုပ်စောဘိက ပြောပါတယ်။
 
.
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

Huawei Y220T Root ရပါပြီ

Driver (1)
DOWNLOAD

 Y220T Research Download (2)
DOWLNOAD

  220T Root.pac (3)
DOWNLOAD

 Root Tool (4)
DOWNLOAD
 အရင်ဆုံး Driver ကိုသွင်းရပါမယ်။
Y220T_Research_Download ဆိုတဲ့ ဖိုဒါထဲက Reseach Dowload.exe ကို run လိုက်ပါ။ ။
220T ROOT.pac ဖိုင်ကို Open လုပ်ပါမယ်။
ပြီးရင် တတိယခလုပ်လေးကို နှိပ်လိုက်ပါ။ play ပုံစံလေးပါ။

 နောက် ဖုန်းကို ပါဝါပိတ် ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ VOL Down ခလုတ်ကို နှိပ်လျက်နဲ့ USB ထိုးလိုက်ပါ။
ဒါဆိုရင် Software ကစပြီးအလုပ်လုပ်ပါပြီ။ ဖုန်းထဲကို လိုတဲ့ဖိုင်တွေ ရိုက်ထည့်သွားပါမယ်။
အားလုံးပြီးသွားပြီဆိုရင်တော့ PASS ဆိုပြီး အစိမ်းရောင်လေးပေါ်လာပါမယ်။
ဖုန်းကို usb ဖြုတ်။ ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ ပါဝါဖွင့်ပါ။
ပြီးရင် (4) မှာဒေါင်းထားတဲ့ Root Tool နဲ့ Root လုပ်လိုက်ပါ … ။
All Done !!~ ပြီးပါပြီခင်ဗျာ။

 Final Root ကို unlock root နဲ့လည်းအဆင်ပြေပါတယ်ခင်ဗျာ။

ဒီလောက်ဆိုရင် သူငယ်ချင်းအားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။

ဒီပို့လေးကို www.myanmarmobilesoftwaredeveloper.com ကူးယူပြီး ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြား

Zawminmaung Zawminmaung and Kaung Myat shared Thit Htoo Lwin blog's photo.
ပြည်တွင်း၌ အကြမ်းဖက် ဖေါက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန် ညွှန်ကြားထား၊ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် မြို့များ၌ စီမံချက်ဖြင့် စုံစမ်း စစ်ဆေးလျက်ရှိ

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပနိုင်ငံ အချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ပြီး ဖောက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ထွန်းနိုင်က "မြန်မာနိုင်ငံကို ဂျီဟတ်ဆင်နွဲမယ်ဆိုပြီးတော့ ပြောကြားm လိုက်တဲ့အတွက် ကျွန်တော်တို့ တိုင်းအတွင်းမှာ ယခင်ကထက် လုံခြုံရေးကို ပိုမိုဆောင်ရွက်နေပါတယ်။

 မြို့အ၀င် အထွက်တွေမှာလဲ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ မြို့တွင်းမှာလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ တိုင်းတစ်ခုလုံး အနေနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲအင်အားက တစ်ရက်ကို ပျှမ်းမျှဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။

 ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ပေါက်ကွဲမှုတွေ အကယ်၍ ဖြစ်ပွား လာပြီဆိုရင် ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး ရောက်ရှိဖို့ အမြန်ဆုံး စစ်ဆေးဖမ်းဆီး အရေးယူဖို့အတွက် အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်။ 

ဗုံးနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း လုံခြုံရေးသတိ အမြဲတမ်းရှိစေဖို့အတွက် ပညာရေး ဟောပြောပွဲတွေမှာ ထည့်သွင်းပြောကြားနေပါတယ်" ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာဘာရှာ၏ တိုက်တွန်းခဲ့မှုကြောင့် အစ္စလာမ်ဘာသာဝင်များ အများစု နေထိုင်သည့် မြို့များတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများ၏ အစီအမံဖြင့် စီမံချက် ချမှတ်ကာ စုံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး လှမိုးက ပြောပြခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က "ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက အဖြူရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့အတွက် အကြမ်းဖက်မှုတွေ လုံးဝမဖြစ်ပွားအောင်လို့တော့ အစစအရာရာ ကြိုပြီးတော့ စီမံထားတယ်။ 

သက်ဆိုင်ရာ မြို့နယ်အလိုက် အမာခံ သတင်းပေးတွေနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ နေ့စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်တွေပူးပေါင်းပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံးမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီးတော့ လုံခြုံရေး ဆောင်ရွက်နေတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က "ပြည်တွင်းကို အကြမ်းဖက်သမားတွေက ၀င်ရောက်ပြီးတော့ ဖောက် ခွဲဖျက်စီးမှု ပြုလုပ်မယ်လို့ သတင်းရရှိထားပါတယ်။ 

ဒါကြောင့် လုံခြုံရေးကို အရင်ကထက် ကြပ်မတ်ဆောင်ရွက် ဖို့ ညွှန်ကြားထားပါတယ်။ သူတို့တွေက အခွင့်အရေးရတဲ့ အချိန်ကို စောင့်ပြီးတော့ ဖျက်စီးမှုတွေ ပြုလုပ်နိုင်တဲ့အတွက် အမြဲတမ်း သတိရှိနေဖို့ လိုအပ်ပါတယ်။ 

အခု နယ်စပ်ဂိတ်ပေါက်တွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှုးကြီးမြ၀င်း က "အခုလို ပြောဆိုနေတာတွေကို သတင်းရရှိပြီး ဖြစ်တဲ့အတွက် မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေးမှု ပြုလုပ်နေတယ်။ အဓိကတော့ လူစိမ်းတွေ ၀င်တာနဲ့ သတင်းရရှိအောင် ဆောင်ရွက်ထားတယ်။ 

ဟိုတယ်တွေ၊ တည်းခိုးခန်းတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သတင်းကို အမြန်ဆုံး ရရှိဖို့အတွက် ဖြန့်ကြက်ထားပြီး ဖြစ်ပါတယ်။

 သတင်းတွေကို လက်ဦးရရှိဖို့အတွက် အလွှာအသီးသီးကိုလည်း လုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် လာသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာများကိုလည်း စနစ်တကျ စစ်ဆေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဌာန အနေနဲ့ နိုင်ငံခြားသားတွေ ရဲ့ဗီဇာတွေကို နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ 

Black List စာရင်းဝင်တဲ့ သူတွေကိုတော့ အဓိကထားပြီး စောင့်ကြည့် စစ်ဆေးနေပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရုံးအဖွဲ့မှူးဖြစ်သူ ဦးသန်းနိုင်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ကြီး ခုနစ်ဖွဲ့ရှိပြီး ယင်းတို့မှာ မှုးခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာ ရဲတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့ဖြစ်ကြောင်း သိရှိရသည်။

News From Eleven Media Group