This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 6, 2013

Facebook ပေါ်ကို ဓါတ်ပုံတွေ Video တွေ အမြန်တင်ချင်ရင် (For Android)


 
 Kyaung Thar:  ညီလေးဖုန်းက ဓါတ်ပုံတွေတင်မရလို့ ဓါတ်ပုံ နဲ့ Video တင်လို့ရတဲ့ဆော့ဖ်ဝဲ လေးတင်ပေးပါ့လား...အကို....
ဘယ်နေရာကို Upload တင်ဖို့လဲတော့ မသိပါဘူး (ပြည့်စုံအောင်ရေးမထားတဲ့အတွက်) ပြီးတော့ လူသုံးများတဲ့ Android ဖုန်းအတွက်ထင်ပြီး ဒီ Speedy Uploader လေးကိုပဲ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်.... ဖုန်းထဲကို Install ပြီးရင် မိမိ Facebook ကို Login ဝင်ပါ ... ဓါတ်ပုံတွေ Video တွေကို စိတ်ကြိုက် Upload တင်နိုင်ပါပြီ...:)

Speedy Uploader for Facebook APK v1.5.2

 BATCH Upload PHOTOS
BATCH Upload VIDEOS
MULTIPLE Photos Selection
ADD captions to Photos/Videos
UPLOAD High Res or Optimized Photos
UPLOAD Photos to Pages that you Manage
BACKGROUND Uploading with Retries
TAG Friends, Objects in Photos
SHARE photos via Twitter, Email
CREATE New Photo Albums
ROTATE Photo before upload
TAG Existing Photos
VIEW Existing Albums
VIEW Friend's Albums
VIEW Uploaded Photos
VIEW & COMMENT posts
UPDATE your Status



Click Here to Download
 
 

ဒေသန္တာရ အမိန့်ကိုထောက်ခံသည့် စစ်တွေ ဆန္ဒဖေါ်ထုတ်ပွဲ လူပေါင်း ၂၀၀၀ ခန့် ပူးပေါင်း ပါဝင်

မောင်ရမ္မာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ပြုလုပ်ခဲ့သော လူထု ဆန္ဒ ဖေါ်ထုတ်ပွဲသို့ အဖွဲ့အစည်း (၂၅) ဖွဲ့နှင့် လူပေါင်း ၂၀၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များ အတွင်း မူဆလင် မိသားစု တစ်အိမ်ထောင် ကလေးနှစ်ဦး ထက်ပို မယူရဟု ရခိုင်ပြည်နယ် အစိုးရ၏ ဒေသန္တာရအမိန့်ထုတ်ပြီး ကန့်သတ်မူကို ထောက်ခံသည့် အနေဖြင့် စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး အနီးရှိ ၀င်္ကပါကွင်းမှ စတင်ပြီး ယနေ့ နေ့လည် (၁) နာရီက ဆန္ဒ ဖေါ်ထုတ်ခဲ့ကြသည်။

ဆန္ဒဖေါ်ထုတ်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးသုမနက နိရဉ္စရာသို့ ပြောသည်။

“ ဦးဇင်းတို့ ၀င်္ကဘာကွင်းက တနစ်ရီမှာ စထွက်ပါတယ်။ ၀င်္ကဘာကွင်းက မင်းဘာကြီးလမ်းကို ၀င်ပြီး မင်းဘာ ကြီး လမ်းကနေမြောက်ဘက်ကိုသွားပြီး လမ်းမကြီးကနေပြီးတော့ ၀င်္ကဘာကွင်းကို ၂နာရီ ၂၀ လောက်မှာ ပြန်ဝင်ပါမယ်။”


ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဦးသုမနက ယခုကဲ့သို့ မိန့်ကြားသည်။

“အဓိက က ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဘင်္ဂလီမူဆလင် လူဦးရေ ကြောက်ခမန်းလိလိ တိုးပွားနေတယ်။ အနာဂတ်မှာ တိုင်းပြည် အတွက် အန္တရာယ် ဖြစ်လာနိုင်တဲ့ အတွက် လူဦးရေ ထိန်းချုပ်ဖို့ ချမှတ်ထားတဲ့ တအိမ်ထောင် ကလေးနှစ်ယောက် မွေးဖွားခွင့်နဲ့ အမျိုးသားတစ်ဦးကို မိန်းမ တယောက်သာ ယူရမယ်ဆိုတဲ့ ဒေသန္တရ အမိန့်ကို ရခိုင်ပြည်သူတရပ်လုံးက ထောက်ခံတယ်ဆိုတာကို ပြသလိုက်တဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။”

ဆန္ဒဖေါ်ထုတ်ပွဲတွင် ၎င်းကဲ့သို့ ဒေသန္တရ အမိန့်ကို ရခိုင်ပြည်နယ်တခုလုံးတွင် ထုတ်ပြန်ပေးရန်နှင့် မောင်တောမြို့နယ်အတွင်း ဆွဲ-တင်-စစ် လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည် ဖေါ်ဆောင် ပေးရန် အပါအ၀င် အချက်ပေါင်း ၁၃ ချက်ကို တောင်းဆိုခဲ့ကြသည်ဟု ဆန္ဒ ဖေါ်ထုတ်ရာတွင် ပါဝင်သူ ကျောင်းသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ တောင်းဆိုခဲ့တာက လူ့အခွင့်အရေးကို ရှေ့တန်းတင်သူတွေအနေနဲ့ လူ့အခွင့်အရေးကို အညီ အမျှပေးဖို့၊ ဥပဒေကို လေးစားဖို့၊ ကျွန်တော်တို့ ရခိုင်သားတွေကို သနားဖို့၊ နယ်စပ်လူဦးရေ ကန့်သတ်ပေးဖို့၊ တရားဥပဒေစိုမိုးဖို့၊ အမျိုးဘာသာ သာသနာကို ကာကွယ်ပေးတွေအပါအ၀င် ၁၃ ချက်တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။”

ဆန္ဒဖေါ်ထုတ်ပွဲကို သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာ ၀င်ရောက်ဟန့်တာခြင်းမရှိဘဲ နေ့လည် ၂နာရီ ကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲကို စစ်တွေမြို့ပေါ်ရှိ ရဟန်းသံဃာတော အပါး ၃၀၀ ကျော်ခန့်နှင့် အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ မြို့သူမြို့သား စုစုပေါင်းအင်အား ၂၀၀၀ ကျော် ပါဝင်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဘူသီးတောင်နှင့် မောင်တောဒေသတွင် ဘင်္ဂါလီလူဦးရေမှာ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ရှိနေသဖြင့် ဘင်္ဂါလီမိသားစုများအနေဖြင့် တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ မွေးဖွား ခွင့်ပြုရန် ဒေသန္တရအမိန့်ကို ၁၉၉၅ ခုနှစ်က စတင်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ယနေ့အထူးဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း တရားဝင်ကြော်ငြာ


 video by - Philosophermg Myathar
Wednesday, June 05, 2013
ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေ ထိမ်းသိမ်းနိုင်ခဲ့ကြောင်
း မလေးရှားနိုင်ငံ နာမည်ကြီး သတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှ
ာ တရားဝင် ကြော်ငြာသွားခဲ့ပါတယ်။

ယနေ့ 5.6.2013 အတွက် အထူးအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့များစွာဖွဲ့ကာ စတင် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း။

ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ
Wednesday, June 05, 2013

ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတည်ရှိရာ လမ်းများအားလုံး
ပိတ်ဆို့စစ်ဆေးမှု့ (အော်ပရာစီ) စတင်ပြုလုပ်နေပြီ ယနေ့ 5.6.2013 နံနက် 11 နာရီမှ စတင်ပြီး ကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များ
တည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များတွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား
(ပြည်သူ့စစ်)များပါဝင်သည့် အထူးစီမံချက်တစ်ရပ်ပြုလုပ်ကာ မည်သူ့ကို
မဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ ကြားတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု့များ ကြောင့် ယနေ့ကွာလာလမ်ပူတစ်ဝိုက်
Block Checking များ ၊ နေအိမ်များသို့ ရှောင်တခင် စစ်ဆေးမှု့များ နှင့်
ုမြန်မာနိုင်ငံသားများနေထိုင်မှုများသောနေရာဒေသများတွင် အထူးစီမံချက်
ဖြင့် ဖမ်းဆီးစစ်ဆေးမှု့များ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးသည့် အဖွဲ့တွင်ပါဝင်သော ရေးလားမှ ပြောပြခဲ့တာ သိရပါတယ် ။

သို့ပါသောကြောင့် ယနေ့ 5.6.2013 ညနေပိုင်း အဖမ်းဆီးများရှင်းလင်း
သည်အထိ အထောက်အထားမရှိသော မြန်မာနိုင်ငံသားများ ကွာလာလမ်ပူ
မြို့သို့ သွားလာမှုဆင်ခြင်ရန် သတိပေးရပါတယ် ။ ယခု ချိန်အထိ Mydin
ဒေါင့် ၊ ကိုတာယာရာ ထောင့် ၊ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး စသည့်
မြန်မာဆိုင်များတည်ရှိရာလမ်းများ နှင့် မြန်မာဆိုင်တိုင်းစီ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စစ်ဆေးဖမ်းဆီးနေကြောင်း မလေးရှားရောက် မြန်မာ တို့အား အချိန်မှီ သတိပေးရပါသည် ။

မလေးရှားရောက် မြန်မာများ
ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

 ထိုသို့ ဖမ်းဆီးရသည့် အကြောင်းရင်းမှာ မေလ 30 ရက်နေ့မှ ဇွန်လ 4 ရက်နေ့အတွင်း ဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခ များကြောင့် ထိရောက်စွာ ကိုင်တွယ်ရန် စတင်ခြင်းဖြစ်ကြောင်း ။

မြန်မာနိုင်ငံသား 2 ဦးေ သဆုံးပြီး အချို့မှာ လက်ရှိဆေးရုံတွင်ပင် ဆက်လက် ကုသနေရဆဲဖြစ်ကြောင်း ၊ ပြဿနာ 7 ကြိမ် တိတိဖြစ်ပွားခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ။

မလေးရှားတွင် သွေးထွက်သံယို ပြဿနာများ မပေါ်ပေါက်ရန် နှင့် တရားမဝင် နေထိုင်သူများအား မြန်မာပြည်သို့ပြန်ပို့ပြီး ကာကွယ်ရာရောက်ကြောင်း ဖော်ပြသွားပါတယ် ။

နိုင်ငံပိုင်သတင်းစာကဲ့သို့ လက်ရှိ အစိုးရထုတ်သတင်းစာဖြစ်တာကြောင့် သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြတဲ့သတင်းလောက်ပဲ ရေးသား တင်ဆက်ထားတာကို တွေ့ရပါတယ် ။ ထိုသတင်းတွင်ပဲ အောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသော အသုံးနှုန်းအား သုံးစွဲထားပြီး ထိုသို့ ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရှိ တာဝန်ရှိ အုပ်စုကြီး 2 စုနှင့် တွေ့ဆုံးထားပြီး ဖြစ်ကြောင်းကိုပါ The Star သတင်းဌာနက ဖော်ပြသွားပါတယ် ။

မည်၍ မည်မျှ အထိ ဆက်လက် ဆောင်ရွက်သွားမည်ဟု မဖော်ပြထားပဲ Task Force ဟု သုံးစွဲထားပြီး ယနေ့ အများဆုံး ဖမ်းဆီးသည့်နေရာအဖြစ် Brickfield (မြန်မာဆိုင်များနေရာအား မဖော်ပြ) နှင့် Sentul တို့တွင် အများဆုံး ဖမ်းဆီးခဲ့ကြောင်းကို သာဖော်ပြသွားခဲ့ပါသည်။

မလေးရှားရောက် မြန်မာများ Facebook

Android Device ကနေ Printer နဲ့ချိတ်ဆက်ပြီး Print ထုတ်ပေးမယ့် PrintHand Mobile Print Premium 4.1.2





ကိုယ့်ရဲ့ Android Device ဆီကနေ Print ထုတ်ဖို့အတွက် ကွန်ပျူတာနဲ့ ချိတ်ဆက်နေစရာ မလိုပါဘူး.. Bluetooth, Wifi စနစ်ပါတဲ့ Printer သာရှိမယ်ဆိုရင် PrintHand Mobile Print Premium 4.1.2 ကို Android Device မှာ Install လုပ်ပြီး တိုက်ရိုက်ချိတ်ဆက်ကာ Print ထုတ်နိုင်ပါတယ်.. ကိုယ့်ထဲမှာရှိတဲ့ Data တွေသာမက Cloud Server က Data တွေ၊ Facebook Album, Web page, Box, DropBox ဆီက Data တွေကိုပါ Print ထုတ်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ.. Premium ဖြစ်တာကြောင့် ဖရီးဗားရှင်းထက် ပိုမိုကောင်းမွန်မှာပါ.. Google Play မှာတော့ 12.95 ဒေါ်လာနဲ့ ဝယ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်..
Print from your device directly via WiFi or Bluetooth without a computer.
You can print:
- Office documents (DOC, XLS, PPT, PDF, TXT)
- Images and photos
- Emails and attachments
- Web pages
- Calendar, call log, text messages
- Google Drive files
- Facebook albums
- Files from Dropbox
- Files from Box
- Files from SugarSync
- Content from many other apps, by clicking on Share button
Print to Mac or Windows shared printers, Workgroup, Domain and Active Directory. Print directly via USB cable from Android 4.0 and above. Print to Google Cloud. Share the printer with our free software for Mac and PC from printhand.com, and print to any printer as long as you can print from the computer.
Our Printer Setup Wizard will detect your printers automatically, and guide through the configuration process if needed. In a few clicks you’ll be able to print.
You can try to print test page in our free app, but for unlimited printing you have to purchase premium app or make in-app purchase in free app.
Have a good print!

Solidfiles ကနေ တင်ထားပေးပါတယ် တစ်ခါတစ်ရံ 505 Error တက်တတ်ပါတယ်.ဒါဆိုလိုရင်နောက်နေ့မှပြန်ဒေါင်းပါ..မဟုတ်ရင်လည်း အခြားကွန်နက်ရှင်နဲ့ဒေါင်းပါခင်မျာ...အဆင်ပြေပါစေ....


Click Here to Download

မလေးရှားတွင် မြန်မာများကို အဖမ်းအဆီးကြမ်း

လင်းသန့်

မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့တွင် မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရက်သတ္တ တပတ်အတွင်း အမည်မသိ လူအုပ်စု၏ တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။

မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာ ဆုံရှုံးခြင်းတို့ ဖြစ်ပွားမှုအတွက် မလေးရှား သံအမတ်ကြီး မစ္စတာ အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက်အား နိုင်ငံခြားရေး ဒု ၀န်ကြီး ဦးဇင်ယော်က ပြစ်မှုကျူးလွန်သူများကို ချက်ချင်း စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးရန်၊ ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် မလေးရှား အစိုးရက လိုအပ်သည်များကို အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို သတိထောက်လွှာ ပေးပို့၍ အကြောင်းကြားခြင်း ဖြစ်သည်။

ယင်းသို့ သတိထောက်လွှာ ပေးပို့ပြီးနောက် ယမန်နေ့ညမှ စတင်ကာ တရားဝင် အလုပ်လုပ်နေသည့်မြန်မာများရော တရားမဝင် အလုပ်လုပ်နေသည့် မြန်မာများကိုပါ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

“အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး ရဲတွေ၊ လ၀ကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့ အဖွဲ့တွေက အထူးစီမံချက်နဲ့ မနေ့ညကရော၊ ဒီတမနက်လုံး မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့ ဆာလာရမ်းဘက်မှာ အဓိက လုပ်တာပါ” ဟု မလေးရှားနိုင်ငံရောက် မြန်မာတဦးဖြစ်သူ ဦးဝင်းအောင်က ဧရာဝတီကို ပြောသည်။

ယမန်နေ့ညနှင့် ယနေ့ ဖမ်းဆီးမှုများကြောင့် အနည်းဆုံး မြန်မာ ၁၀၀ ခန့် အဖမ်းခံရကြောင်း၊ ထိုကဲ့သို့ ရှောင်တခင် ဖမ်းဆီးမှုမျိုး ယခင်က ရှိခဲ့သော်လည်း ယခု ဖမ်းဆီးမှုမှာ အပြင်းထန်ဆုံး လူဖမ်းပွဲဖြစ်သည်ဟု ကွာလာလမ်ပူရှိ မျက်မြင် မြန်မာတဦးက ပြောသည်။

အမည်မဖော်လိုသူ မြန်မာတဦးကလည်း “လုပ်တာကလည်း လူအုပ်လိုက်၊ လုပ်တာလည်း တပုံစံတည်း၊ လုပ်သွားတဲ့ လူတွေကို ဖမ်းရမယ့်အစား သူတို့က မြန်မာမြင်တိုင်း အကုန် ဖမ်းတော့တာပဲ” ဟု ဆိုသည်။

မလေးရှားတွင် လာရောက်နေထိုင် အလုပ်လုပ်နေကြသော ရခိုင်နှင့် မြန်မာများ ယခင်က တိုက်ခိုက်မှု အကြိမ်ကြိမ် ခံခဲ့ရသော်လည်း မလေးရှား သတင်းမီဒီယာ တော်တော်များများက မဖော်ပြခဲ့ကြကြောင်းလည်း သူက ဆက်ပြောသည်။

“မနှစ်က ရခိုင်ကိစ္စဖြစ်ပြီး နောက်ပိုင်း ဒီက ရခိုင်တွေ၊ မြန်မာတွေ ဆက်တိုက် တိုက်ခိုက် ခံလာခဲ့ရတာ၊ မြန်မာ သံရုံးကလည်း လုံးဝ အားမကိုးရဘူး” ဟု သူက ဆိုသည်။

ဒုတိယ ရဲမင်းကြီး Amar Singh Ishar Singh ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာ၌ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များ ဖြစ်ပွားမှု ဂယက်က ကွာလာလမ်ပူကို ရိုက်ခတ်ခြင်း ဖြစ်နိုင်ကြောင်း၊ တင်းမာမှုများကို ထိန်းချုပ်ရန် မြန်မာ ၆၀ ခန့်ကို ဖမ်းဆီးထားကြောင်း ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမ၀င် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီ၍လည်း ရှိကြောင်း သိရသည်။

gtalk ထဲမှာလူရှိန်အောင် location လိမ်ပြောတဲ့သူတွေကိုဖမ်းကြရအောင်



Gtalk ထဲမှာချက်ကြတဲ့အခါ တစ်ချို့ တစ်ချို့တွေက ကျွန်မက ကျွန်တော်က ခုစင်္ကာပူမှာကျောင်းတက်နေတာ၊ Uk မှာအလုပ်လုပ်နေတာ၊အော်ဇီ မှာ shopping ထွက်ရင်း လျှောက်လည်နေတာ အစရှိသည်ဖြင့် မြန်မာနိုင်ငံ က public cafe တစ်ခုခုကနေလျှေက်ပြောနေတဲ့ ကိုကိုတွေ၊မမတွေကိုခြေရာခံလို့ရပါပြီ။နောက်ပြီးကိုယ်ပို့လိုက်တဲ့ မေးကိုလဲသူဖတ်မဖတ် စစ်လို့ရပါတယ်။
(သိရှိပြီးသူများအား အားနာပါတယ်။မသိသေးသူတွေအတွက်ရည်ရွယ်ပါတယ်)

အဆင့် ၁- browser တစ်ခုကနေ http://www.spypig.com ဆိုပြီးဖွင့်လိုက်ပါ။အောက်ကပုံပါတဲ့မျက်နှာပြင်တခုကျလာမှာပါ

အပေါ်ကပုံမှာပြထားတဲ့အတိုင်း

အဆင့် ၂- spying page ပွင့်လာရင် your email address မှာ သင့် email(or)gmail ကိုရေးထည့်လိုက်ပါ။

အဆင့် ၃- your message title မှာရေးခြင်တာတစ်ခုရေးလိုက်ပါ။(ဥပမာ- hi)။

အဆင့် ၄- your spypig tracking image မှာပေးထားတဲ့ပုံတွေထဲကနှစ်သက်ရာတစ်ပုံရွေးလိုက်ပါ။

အဆင့် ၅- Click to Create my SpyPig ဆိုတာကို click လိုက်ပါ။


အဆင့် ၆ -လက်ရှိဖွင့်ထားတဲ့ browser မှာပဲ new tab တစ်ခုခေါ်ပြီး မိမိ gmil ကိုဖွင့်လိုက်ပါ။ပြီးရင် compose mail ကိုဖွင့်လိုက်ပါ။

အဆင့် ၇ -ပြီးရင်စောစောက spying page မှာရထားတဲ့ပုံလေးကို mouse နဲ့drag ဆွဲယူလာပြီးGmailဖွင့်ထားတဲ့ tab နေရာထိဆွဲယူသွားပါ။ gmail ဖွင့်ထားတဲ့ Tab ရောက်တာနဲ့ စောစောကဖွင့်ထားတဲ့ gmail compose mail ပေါ်လာရင်
mail body နေရာမှာ အဲဒီဟိုဘက်ကဆွဲယူလာတဲ့ ပုံလေးကို ကလစ်လွှတ်ချလိုက်ပါ။ဒီလိုမလုပ်တတ်လို့
မရှင်းဘူးဆိုရင်လည်း ကျနော် ပုံမှာပြထားတဲ့ အတိုင်း ကိုယ်ရွေးထားပေးတဲ့ပုံလေးကို မောက်နဲ့ ဒရက်(ဂ်)ဆွဲ
hilight ဖြစ်သွားရင် Copy (Ctrl+C) လုပ် Gmail Compose mail က mail body မှာ Ctrl+V နှိပ်ပေးလိုက် ရင်လဲရပါတယ်

အဆင့် ၈ -ပြီးရင်ခါတိုင်းပို့နေကျပုံစံအတိုင်း ခေါင်းစဉ်တစ်ခုတပ်ပြီး ကိုယ် spy လုပ်ချင်တဲ့သူဆီပို့လိုက်ပါ။

(ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖွင့်လိုက်တာနဲ့  Spypig ကနေ တစ်ဖက်က Mail ဖတ်ပြီးတဲ့အကြောင်း
ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။အဲဒီထဲမှာ တစ်ဖက်လူရဲ့ IP လည်း ပါလာပါလိမ့်မယ်။ IP ရပြီဆိုရင် တစ်ဖက်လူကဘယ်နိုင်ငံမှာလဲဆိုတာထောက်လှမ်းလို့ရပါပြီ။)

 အပေါ်ကပုံလို  SpyPig  က မေး(လ်) နှစ် စောင် ပို့လာပါမယ်
ဒုတိယအစောင်ကိုဖောက်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရမှာပါ

အဆင့် ၉-http://www.ip2location.com/free.asp ဆိုတာကိုဖွင့်လိုက်ပါ။

အဆင့် ၁၀-စောစောကရရှိလာတဲ့ တစ်ဖက်လူရဲ့ IP ကို Enter IP Address(es):နေရာမှာရိုက်ထည့်လိုက်ပါ။(သေချာရိုက်ပါလွဲလို့မရပါ။)

အဆင့် ၁၁-Find location ကို click လိုက်ပါ။

(အဲအဆင့်တွေပြီးပြီ ဆိုရင် တစ်ဖက်လူက ဘယ်နိုင်ငံကလဲဆိုတာ ဖော်ပြပါလိမ့်မယ်။ )

ဖတ်ရှုမှုအတွက်ကျေးဇူးတင်ပါတယ်။ online ပေါ်မှလိမ်လည်မှုတွေကင်းဝေးကြပါစေ။
ကိုဆရာကြီးရေးသောပို့(စ်)ကို ကျနော်ပြန်ပြီးဖြည့်စွက်ထားတာ ဖြစ်ပါတယ် 
 
http://www.itguidemyanmar.blogspot.com/2012/09/gtalk-location.html

“ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ”

Wednesday, June 5, 2013
 


ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း
 UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

"ဝဒေသကို ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မရည်ရွယ်ပါဘူး" ဟု  UWSA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော UWSP ပါတီ ပြောခွင့်ရ အရာရှိ ဦးဆမ်ခွန်က ဧရာဝတီကို ပြောသည်။

"ဒေသ" ဟူသည်မှာ "ပြည်နယ်"ထက် သေးငယ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုသည်ကို လက်ခံနိုင်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ဝဒေသ တောင်ပိုင်းနှင့် ပတ်သက်ပြီး  အစိုးရနှင့် ဝ ခေါင်းဆောင်တို့ သဘောထားခြင်း မတိုက်ဆိုင်ကြဟု ဆိုသည်။

“အဲဒီနေရာကနေ ဖယ်မပေးနိုင်ဘူး။ အဲဒီနေရာကို စစ်ပွဲတွေနဲ့ ရင်းပြီး ရထားတာပါ။
ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ။ ဒီအတိုင်းတော့ ကျနော်တို့ ထွက်မသွားနိုင်ပါဘူး” ဟု ဝ အရာရှိက ပြောသည်။

(ငြိမ်းငြိမ်း ရေးသားတဲ့ UWSA Wants Autonomous State, Not Independence  www.irrawaddy.org/archives/36522 ကနေ ကောက်နုတ်ဖော်ပြပါတယ်။) 



.

ဖုန်းလာရင် မီးလေး တဖျက်ဖျက်လင်းပေးမယ့် Flashlight call pro 2.2



အတော်များများသိကြပါတယ်ဖုန်းလာရင် မီးလေးလင်းတာလေ
ညဘက်ဆို ပိုအဆင်ပြေတာပေါ့ တောင်းဆိုထားလို့ ကျွန်တော့်ဆိုဒ်မှာလည်း
မရှိတာနဲ့ တင်ပေးလိုက်တာပါ အခု version က Pro 
နော်...