This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, March 15, 2013

( အားသွားလို့လာ ? သူငယ်ချင်း )



http://t3.gstatic.com/images?q=tbn:ANd9GcTL0jNM1f1ze32KkzrvgF9sQLs9hBGI_YvDN_v-tc5ecYUi7Mij
မင်း ငါဆုံခိုက် ဘု၇ားလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်

ဥပုသ်နေ့ဍ် ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်

ဆိတ်ငြိမ်နေရာ အေးရိပ်သာဝယ်
အာနာပါန ရသမျှကို
သွင်းပရှုရိုက် အတူလိုက်ဖို့

ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်

ဟိုတစ်နေ့က
မအားနေရင်း သူငယ်ချင်းဟာ
သေမင်းခေါ်ရာ မငြင်းသာဘဲ
လိုက်ပါသွားရ ရှာလေပြီ

ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း
ခုမှမငြင်း လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ဆိုမိငြားလည်း
အားသွားလို့လား ? သူငယ်ချင်း

                                                                                                     ဒါနရှင်       အရှင် နိမလ
http://www.kopaelay.blogspot.com/  မှ

တမလွန်မှ အလင်းပေးသူ


 
တမလွန်ဘဝသို့ ရောက်ရှိ သွားသောသူသည် မွန်မြတ်သော အလှူဒါန တစ်ခုကို အောင်မြင်စွာ လုပ်ဆောင် သွားသည့် ကိစ္စရပ်အား (၄.၃.၂ဝ၁၃) ရက်နေ့တွင် တွေ့ကြုံ ခဲ့ရပါသည်။ ၄.၃.၂ဝ၁၃ ရက်နေ့တွင် အမှတ် ၉၂၂၊ ပင်းယလမ်း၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်နေ ဒေါ်ဖုန်းမေ အသက် (၆၈) နှစ်သည် ကွယ်လွန်သွားခဲ့ သည်။ နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားနှင့် ယာဉ်မောင်း/နောက်လိုက်တို့ ရောက်ရှိချိန် ၌ နာရေးရှင် မိသားစုတို့မှ ခေတ္တခဏ စောင့်ဆိုင်း ပေးပါရန် တောင်းဆို ခဲ့သဖြင့် (၁ဝ) မိနစ်ခန့် စောင့်ခဲ့သည်။ နာရေးရှင်၏ ပြောပြချက်အရ ကွယ်လွန်သူ ဒေါ်ဖုန်းမေသည် မိမိ၏ မျက်ကြည်လွှာအား အမျိုးသား မျက်စိဘဏ်တွင် လှူဒါန်းထားပြီး ဖြစ်သည်။
 
အမျိုးသား မျက်စိဘဏ်မှ မျက်ကြည်လွှာအား သူနာပြု (Nurse) ရောက်ရှိသောအခါ မျက်ကြည်လွှာ အလှူရှင် ဒေါ်ဖုန်းမေ၏ မျက်ကြည်လွှာ (၁) စုံအား မိနစ် (၃ဝ) ခန့် ထုတ်ယူ ခဲ့ပြီးနောက် နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။ မျက်စိဝေဒနာရှင် တစ်ဦး မျက်ကြည်လွှာ မကောင်းလျှင် ကွယ်လွန်သွားသူတို့မှ လှူဒါန်းထားသော မျက် ကြည်လွှာဖြင့်သာ အစားထိုး ကုသရပေသည်။ မျက်ကြည်လွှာ အလှူသည် အလှူရှင် ကွယ်လွန်မှသာ ရသည်ဖြစ်၍ လွန်စွာ ရှားပါးသော အလှူဒါနဖြစ်သည်။ မျက်စိမမြင်သူ နှစ်ဦး၏ ဘဝအား အမြင်အာရုံပြန် လည်ရရှိစေပြီး လူ့ လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင် သွားနိုင်မည်ဖြစ်သည်။
 
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်ပင် လေးအသေင်္ချနှင့် ကမ္ဘာတစ်သိန်း စွန့်ခြင်းငါးပါး ဖြစ်သော လက်၊ ခြေ၊ မျက်လုံး၊ အသက်တို့အပြင် ဇနီး၊ သားသမီး တို့အား ဝေနေယျများစွာ သတ္တဝါတို့အတွက် လောကအကျိုးစီးပွားအလို့ငှာ ကြိမ်ဖန်များစွာ စွန့်လွှတ်အနစ်နာခံကာ လှူဒါန်းခဲ့သည်။ အလွန့်အလွန် မွန်မြတ် သော အလှူဒါနပါရမီ ဖြစ်ပါသည်။ ထို့ကြောင့် တမလွန်မှ အလင်းပေးသွားသော မျက်ကြည်လွှာအလှူရှင် ဒေါ်ဖုန်းမေအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ လိုက်လံပို့ဆောင် သင်္ဂြိုလ်လိုက်ရသည့်အတွက် အလှူရှင်များနှင့်တကွ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/သူများ၊ ဝန်ထမ်းများတို့မှ ကုသိုလ်အကျိုးထူးများရရှိသဖြင့် မျက်ကြည်လွှာ အလှူရှင် ဒေါ်ဖုန်းမေ အား သာဓု .. သာဓု .. သာဓု ခေါ်ဆိုလိုက်ရပါတော့သည်။ မျက်စိလှူကြ၊ မျက်ကြည်ရ၊ မြတ်သည့်လှူဒါန တစ်ခုဖြစ်သည်။
 
by: Kyaw Thu

ဗိုလ်သန်းရွှေ ထီပေါက်ခြင်း (ကိုဇာဂနာ ဖတ်ဖို့ ဟာသ) သွေးနဲ့ စိုက်တဲ့ စပါး၊ မျက်ရည်နဲ့ချက်တဲ့ ထမင်း

ဗိုလ်သန်းရွှေ ထီပေါက်ခြင်း (ကိုဇာဂနာ ဖတ်ဖို့ ဟာသ)
ပျော်တော်ဆက်သာဂိ
အောက်တိုဘာ ၂၂၊ ၂၀၀၉
(လွန်ခဲ့တဲ့ ၃ နှစ်က ရေးခဲ့တဲ့ သရော်စာကို အခု ပရိသတ် ပျော်ရအောင် ပြန်လည်တင်ဆက်ပါတယ်။
စာမရေးတာ အတော်ကြာပေါ့ဗျာ။ နေကောင်းတယ် မဟုတ်လား။ တလောကတောင် ခင်ဗျားကို ဆုတွေပေးတယ် ကြားတယ်။ ဆုတွေရတာ ၀မ်းသာတယ်ဗျာ သို့သော် စစ်တပ်က လွတ်ငြိမ်းချမ်းသာဆုကျတော့ ခင်ဗျားရော၊ ၈၈ မျိုးဆက်ကျောင်းသားတွေရော မပါဘူး။ စစ်အစိုးရက ပေးတဲ့ ဆုတွေနဲ့တော့ အလှမ်းက ဝေးသားပဲ။
အိုဘားမားတောင်မှ နိုဘယ်ဆုတွေ ဘာတွေ ရသေးတယ်ဗျာ။ ကျနော်တို့တိုင်းပြည်က စစ်ဗိုလ်ချုပ်မှူးကြီးတွေက ဘယ်ဆုမှ မရကြဘူး။ သူတို့လည်း ဆုလေး ဘာလေး လိုချင်ရှာပါပဲနော်။ သူ့မိတ်ဆွေ ကိုတရုတ်တို့ ကိုရွတ်ရှားတို့ကလည်း နအဖအတွက် ဆုလေး ဘာလေးတွေ ဖန်တီးပြီး မပေးကြဘူး။ ဥပမာဗျာ – နိုဘယ်ငြိမ်းချမ်းရေးဆုကို အံတုပြီးတော့ နိုဘယ်အကြမ်းဖက်ဆုတို့ ဘာတို့ပေးရင် ဗိုလ်သန်းရွှေ ပျော်ရှာမှာ။ မိုးမခချစ်သူများဆုကနေ မိုးမခအော့ကျောလန်ဆု ဆိုပြီး ပေးရင်ကော ဘယ့်နှယ်နေ မလဲဗျ။ ဆုတော့ ဆုပဲဗျာ … ဖွတ်ကလိဒင်္ဂါးတော့ မပါဘူး။
အံမယ် ကျနော်တို့က ခင်ဗျားကို စိတ်ပျော်ရွှင်အောင်လို့ ရယ်စရာ မောစရာလေးတွေ ကြံဖန်ပြီး လှမ်းရေးနေတာပါ။ စစ်သဘက်တွေ (စစ်ဘီလူးတွေ၊ ဖက်ဆစ်တွေ ဆိုပြီး ပြောရတာ အာညောင်းလို့ သဘက်ဆိုတဲ့ အမည်သစ် ပေါ့ဗျာ …)က အမေရိကန်ကို လာတော့ ဖိနပ်နဲ့ အပေါက်ခံရသေးသဗျ။ ဆုတော့မရဘူး … ဖိနပ်စာပဲ ဖြစ်ကုန်တယ် ပြောတယ်။ ဟိုဘိုးတော်တယောက်က ပရိတ်ရေနဲ့ အဲသည် စစ်သဘက်ကို လှမ်းပက်လိုက်သေးတယ်။ စစ်သဘက်ကြီးတွေက ကျွတ်ချိန်မကျသေးတော့ အလွန်မြင့်မြတ်တဲ့ ပရိတ်ရည်တွေဟာ အလွန်ပူလောင်တဲ့ ကာဖီရည်တွေ ဖြစ်ကုန်တယ်တဲ့။ အဲဒါကို စိတ်ဆိုးလိုက်ကြတာ တီကို ဆားနဲ့ ပက်သလိုပဲ တဲ့ဗျ။ မျက်နှာမရ ဖိနပ်ရ ဆိုတာ အဲသည်လိုနဲ့ တူပါရဲ့။
စစ်သဘက်ကြီးတွေက ဆုတွေ ကြံဖန်ပြီး လိုချင်တော့ သူတို့ကို ပိတ်တာ ဆို့တာတွေကို ဖွင့်ပေးဖို့ ပြောတယ်လေ။ အမေရိကန်က လုံခြုံရေးယူထားတဲ့ ပုဂ္ဂိုလ်တွေက စစ်သဘက်တွေကို ဥပမာပေးပြီး ရှင်းပြတော့မှ နည်းနည်း ငြိမ်သွားသတဲ့။ ဖွင့် ပေး ဖွင့် ပေး ဆိုပြီး လျှောက်လျှောက် ပြောမနေနဲ့ တဲ့။ အခုတွေ့လား ကားပြတင်းတွေ ပိတ်ထားလို့ သက်သာတာ။ ဖွင့်ပေးထားလိုက်လို့ကတော့ ဖိနပ်တွေကော ကော်ဖီရည်တွေကော တခါတည်း မျက်နှာတည့်တည့် လာမှန်တော့မှာ။ ဖွင့်ခိုင်းချင်သေးသလား တဲ့။
ဗိုလ်သန်းရွှေကတော့ အခုလိုမျိုး စိတ်တွေ ပျော့ပြောင်းတယ် ဘာတယ်ပေါ့ဗျာ။ အရှေ့ အနောက် တောင် မြောက်နဲ့ ဆက်ဆံရေးတွေလုပ်၊ ပြောင်းမယ် ပြင်မယ် လျောက်ပြောနေတာ အကောင်းမထင်ပါနဲ့ ကိုဇာဂနာရယ်။ ခင်ဗျားတို့က ကျုပ်တို့လောက် အတွင်းသတင်းတွေ မသိပါဘူး။
ဖြစ်ပုံက ဒီလို …။ ဗိုလ်သန်းရွှေက လောကဓာတ်ပညာ အသစ်အဆန်းတွေကို ရွံမုန်းတယ်။ ဗဟုသုတ တိမ်တော့ အသစ်အဆန်း အပြောင်းအလဲတွေကို လက်မခံနိုင်တဲ့သဘောပေါ့ဗျာ။ အသစ်အဆန်းဆိုလို့ မန္တလေးကျုံးထဲက နန်းတော်ပြင်တာလောက်၊ ကျုံးဆယ်တာလောက်၊ ပုဂံမှာ မျှော်စင်ဆောက်ပြီး ထီးကြီးအုပ်ပေးထားတာမျိုးလောက် လုပ်တတ်တာကလား။ ပျဉ်းမနားကို သွားတာကလည်း ဂူထဲမှာပဲ နေမလို့သွားတာ။ ဟို ကိုရီးယားကားတွေထဲကလိုမျိုး တခန်းတနားတွေလုပ်ချင်တယ် ဆိုတဲ့ သူ့မိသားစုကြောင့်သာ သူ့မှာ နေပြည်တော်တွေ ဘာတွေ ဖြစ်ကုန်ရတာလို့ ပြောတယ် ကိုဇာဂနာ ရယ့်။
သူက အင်တာနက်နဲ့ အီးမေးကို သူ့နန်းတော်မှာ ဆင်ပေးခိုင်းထားတာ သိပ်မကြာသေးဘူး ဆိုပဲ။ ဒေါ်စုဆီကို ရေကူးဝင်တဲ့မျက်နှာဖြူကောင်က ယူကျုမှာ ပုံတွေ အရုပ်တွေ တင်ဖို့ ၀င်လာတာ လို့ ထွက်ချက်ပေးတော့ သူလည်း ယူကျုတို့ အိုင်ကျု တို့ကို စိတ်ဝင်စားသွားတယ်။ သူသိတာက စစ်ကြောရေးအစီရင်ခံစာက ကေကျု လောက်သိတာကိုး။ (ကေကျု = ကေ ကေ ကေ = ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်) – စကားချပ်) သူ့အီးမေးလိပ်စာကိုလည်း တော်တော်ခန့်မှန်းရခက်အောင် လုပ်ထားတယ်လို့ ပြောတယ်။ ကျနော်လည်း အတိအကျတော့ မသိဘူးလေ။ အီးမေးနဲ့ ဖတ်တဲ့စာတွေထဲမှာ လေးထောင့်တုံးတွေ နဲ့ စာတွေကိုတော့ သူ မဖတ်တတ်ဖူးတဲ့။ သူတပည့်တွေကလည်း အဲဒါ မြန်မာစာလုံးတွေ၊ ဇော်ဂျီဖောင့်တို့ ဘာတို့ ထည့်ရတယ် ဆိုတာကို သွား မပြောရဲဖူးတဲ့။ ပြောမိလို့ ပြည်ပက စာတွေ ဖတ်မိရင် စိတ်ညိုညင်မှာ စိုး ဆိုပဲ။
တနေ့မှာ ဗိုလ်သန်းရွှေဆီကို စာတစောင် (အီးမေးတစောင်) ရောက်လာတယ်။ နိုင်ဂျီးရီးယားက အာဏာရှင်တဦးက ပိုက်ဆံတွေ ၀ှက်ထားတာကို ခွဲပေးချင်တဲ့အကြောင်း လျို့ဝှက်ပြီး ဆက်သွယ်လာတဲ့စာတစောင် ဖြစ်နေတယ်။ ဗိုလ်သန်းရွှေဆိုတာ အရမ်းကို စိတ်လှုပ်ရှားသွားပြီး ၀မ်းသာလုံး ဆို့သွားတယ်။ သူ့မှာလည်း သည်လို တိုင်းပြည်ဘဏ္ဍာတွေ ခိုးဝှက်သိမ်းဆည်းထားတဲ့ အတွေ့အကြုံမျိုး ရှိတော့ ဒီလိုစာကို သူက အကြွင်းမဲ့ ယုံကြည်တယ်လေ။ အပြင်ဗဟုသုတ ရှိတဲ့ ကလေးတွေတောင် အင်တာနက်ပေါ်မှာ ဒီလိုစာမျိုးတွေ ဖြန့်တဲ့ အီးမေးလူလိမ်တွေရှိတယ်ဆိုတာ သိကြပေမယ့် ကိုရီးယားကားထဲမှာ အဲသည်ဇာတ်ကွက်တွေမပါတော့ ဗိုလ်သန်းရွှေက အမှားကို အမှန်ထင်တာ မဆန်းဘူးပေါ့။ ဘ၀တလျောက်လုံးမှာ အမှားတွေကို အမှန်ထင်နေခဲ့တာကလည်း အကျင့်ပါနေပြီကိုးလေ။
ခက်တာက ဒီနိုင်ဂျီးရီးယားက အာဏာရှင်ကြီးခွဲပေးမယ့် ငွေတွေကို ဘယ်လိုလက်ခံမလဲဆိုတာက ပြဿနာဖြစ်နေတော့ ဗိုလ်သန်းရွှေခင်ဗျာ အတော် အကြံအိုက်သွားတယ်။ ကြက်ဆူပင်ကြိုင်ကြိုင်တို့နဲ့လည်း မတိုင်ပင်ချင်ဘူး။ ဒီလောက်များတဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာတွေကို ကြိုင်ကြိုင်လက်ထဲလည်း မထည့်ချင်ဘူးတဲ့။ သူ့လက်အောက်က ဗိုလ်ချုပ်ကြီးတွေနဲ့လည်း မိုက်ကြေးမခွဲချင်ဘူးလို့လည်း သူက လောဘဇောဖြစ်လာတယ်လို့ ပြောကြတယ်။ အဲဒီမှာ ဗိုလ်သန်းရွှေလည်း အကြံအိုက်နေတော့ သူတိုင်ပင်ဖို့ လူရှာတော့တယ့် ဆိုပဲ။
အဲသည်မှာ အမေရိကားက ဂျင်ဝက်တို့နဲ့ တွေ့တော့တာပဲ။ ဂျင်ဝက်ကလည်း အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဘာညာနဲ့ ချည်းကပ်လာတယ်။ ဗိုလ်သန်းရွှေကလည်း အောက်လမ်းက ၀င်လာမဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာတွေကို မျက်စိထဲ မြင်နေတော့ အခုလိုနိုင်ငံရေးကိစ္စတွေ တိုင်းရေးပြည်ရေးကိစ္စတွေကို အချိန်ကုန်ခံပြီး စကားမပြောချင်တော့ဘူး ဖြစ်နေတယ်။ ဒါနဲ့ သန်းရွှေကလည်း မင်းလည်း တွေ့ချင်တဲ့သူတွေနဲ့ တွေ့၊ ပြောချင်တာတွေ ပြောဆိုပြီး လွှတ်ပေးလိုက်တယ် ဆိုပဲ။ သူ့မှာ အဓိကက နိုင်ဂျီးရီးယားက ငွေတွေကို ဘယ်လို ထုတ်ရလဲ ဆိုတာက ထိပ်တန်း ဦးစားပေးကိစ္စဖြစ်နေတာကိုး။ သူက ပိတ်ထားတာတွေ ဖွင့်ပေး၊ ဘဏ်တွေ ငွေတွေ ဖွင့်တာ လွှဲတာတွေ အဆင်ပြေရင် ပြီးပြီ ဆိုပြီးတော့ အရိပ်အမြွက်ပြလိုက်တယ် ဆိုတယ်။
ဒါကြောင့် ဗိုလ်သန်းရွှေက ခင်ဗျားတို့ကို ထောင်ထဲကနေ ခေါ်ထုတ်ပြီး သီးခြားခေါ်တွေ့ဖို့ စီစဉ်နေတယ်လို့ ကြားတာပဲ။ ဒေါ်စုကလည်း ဆုတွေ ဘာတွေ ရဖူးတော့ အဲသည်ငွေတွေကို ဘယ်လိုမျိုး ထိန်းသိမ်းထားသလဲ၊ ထုတ်သလဲဆိုတာမျိုးတွေ မေးဖို့ ဆက်ဆံရေးဝန်ကြီး အောင်ကြည်ကို တဖက်လှည့်နဲ့ ခိုင်းတော့တာကိုးလေ။ သူကိစ္စက ဆုရတာ မဟုတ်ပေမယ့် ထီပေါက်ထားသလိုမျိုး ငွေတွေကို လှည့်ပတ်ပြီး ထုတ်မယ်လို့ စဉ်းစားထားပုံရတယ်ဗျ။ အန်တီစုကလည်း အရိုးခံနဲ့ဆိုတော့ အော် … စစ်တပ်ကြီးခင်ဗျာ ပိတ်ဆို့ထားတာတွေ ခံထားရတာ နှစ်လ ကြာတော့ ဒီတခါမှာတော့ဖြင့် သူတို့အခက်အခဲတွေကို နားလည်အောင် လုပ်ကြည့်မှပဲ ဆိုပြီး စတိတ်မင့်တွေ ဘာတွေ ထုတ်တော့ တကမ္ဘာလုံးကလည်း မျက်စိတွေ လည်ကုန်ကြတာ အတွင်းသတင်းမှ မသိထားတာကိုးလေ။
ကဲ … ကြွက်ကို ဘယ်သူ ခြူဆွဲပေးမလဲ ဆိုသလို ဗိုလ်သန်းရွှေကို အခုလိုမျိုး နိုင်ဂျီးရီးယားက ထီ ( ထီလို့ပဲ ထားပါတော့) ပေါက်တယ်ဆိုတာ တကယ်မဟုတ်ဘူး။ ခင်ဗျားကြီး အလိမ်ခံရတာလို့ ဘယ်သူက ပြောရဲသလဲ။ အခုတောင် ဗိုလ်သန်းရွှေက နိုင်ဂျီးရီးယားက ဒေါ်လာ သန်း ရာ ထောင်ချီတဲ့ ငွေတွေကို တန်းတန်းစွဲပြီး ဖုံးတလှည့် ဖော်တလှည့်နဲ့ အစ ရှာနေတာကို အနီးကပ်လူတွေကတော့ ရိပ်မိနေပေမယ့် အကုန်လုံး သိတာမဟုတ်ဘူးတဲ့ဗျ။ ဗဟုသုတနည်းနည်း ရှိတဲ့ ရဲချုပ်ခင်ရီက ဗိုလ်ချုပ်မှူးကြီး ဒါက လိမ်တာနဲ့ တူတယ်ပြောလို့ ရွှေဘောတော်ဆိုးပြီး မြေတိုက်ထဲမှာ ခြေချုပ်ချထားလိုက်သေးတာကိုး။
ကဲ သည်တော့ ခင်ဗျားကို အဲသည် ငွေတွေ ဘယ်လို ထုတ်ရမလဲ၊ လွှဲရမလဲလို့ မေးလာရင် ခင်ဗျား မီးစင်ကြည့်က ပေတော့ ကိုဇာဂနာ။ အမေရိကန်က စီအိုင်အေတို့၊ အက်ဖ်ဘီအိုင်တို့၊ ဘာတို့ ညာတို့ကတော့ သတင်းအစအန ရထားပြီးလို့ သမ္မတကြီး အိုဘားမားကို ပြောထားပြီးပြီ တဲ့။ မြန်မာပြည်က သန်းရွှေတယောက် နိုင်ဂျီးရီးယားထီပေါက်လို့ တောင်ရောက် မြောက်ရောက် ဖြစ်နေတယ်။ ဒီအချိန်မှာ အခွင့်ကောင်းယူပြီး ဆွေးနွေးဖို့ လိုတယ်လို့ အကြံပေးတွေ ပရောဟိတ်တွေကလည်း အခါတော်ပေးနေကြတယ် ဆိုတယ်။ ၂၀၁၀ မတိုင်ခင်မှာ သူ့အထင်ပေါက်နေတဲ့ အိပ်မက်တွေ အရည်မပျော်သွားခင်မှာ ခင်ဗျားကို လာမေးမယ် မြန်းမယ် ဆိုရင် သူ့ကို ခင်ဗျား ကြည့်ပြီးတော့ ပြောစရာရှိတာ၊ ခိုင်းချင်တာရှိတာတွေ ခိုင်းပေတော့ပဲ။
အင်း … တခုတော့ ရှိတယ်ဗျ။ ပြည်ပက မြန်မာတွေကိုလည်း တိုင်ပင်ပြီးတော့ အဲသည်ငွေတွေ ဘယ်လို ထုတ်ရမလဲ မေးကြည့်ဖို့ အကြံပေးခိုင်းပေါ့ဗျာ။ ဗိုလ်သန်းရွှေကြီးတယောက် အမှားတွေ အမှန် ထင်နေတဲ့အကြောင်းတော့ ဘယ်လိုလူမျိုးက အခုလို အချိန်မျိုးမှာ ပက်ခနဲ ပြောရဲလေမလဲတော့ မသိ။
ဟဲဟဲ … နောက်ကျရင် နိုင်ဂျီးရီးယားအာဏာရှင်ကြီးဆီက ခွဲပေးမယ့် ငွေတွေ ဆိုပြီး အီးမေးတွေ မလာတော့ဘဲနဲ့ မြန်မာပြည်က အာဏာရှင်ကြီးဆီက ခွဲပေးမယ့် ငွေတွေ ဆိုပြီး အီးမေးတွေ လာနေမှဖြင့် ခင်ဗျားတို့ ကျနော်တို့တတွေ တရားခံတွေပဲ ဖြစ်မလား။ အလိမ်ခံရသူတွေပဲ ဖြစ်မလား၊ လူလိမ်တွေပဲ ဖြစ်နေလေမလား မသိပေဘူးပေါ့ခင်ဗျား။
တော် သေ ဘီ။ လက်ရေးသည်းခံပါ။ နောက် တွေ့ကြသေးတာပေါ့။ ခင်ဗျားလည်း အင်္ဂလန်ထီကြီးတွေ ပေါက်ပါစေသော်ဝ်။
ကဗျာ သွေးနဲ့ စိုက်တဲ့ စပါး၊ မျက်ရည်နဲ့ချက်တဲ့ ထမင်း
ဟိုးအရင်တုန်းက
ကျေးဇူးရှင် တောင်သူလယ်သမားကြီးများ
ခုကျ ကြွေးမီတင် တောင်သူလယ်သမားကြီးများ။
ဟိုးတုန်းက
ကျေးဇူးရှင် တောင်သူဦးကြီးများ
ခုကျ ကျေးဇူးရှင် ခရိုနီကြီးများ။
နာမည်တပ်ထားတာက
ပြည်သူ့ ရဲ
ခုကျ ခရိုနီရဲ့ ရဲ။
မအူပင်မှာ အမှုဆင်ပြီ
သေသော်မှတည့် သြော်ကောင်း၏။
ထမင်းမစားချင်တော့ဘူး
ဂျုံပြောင်းစားမယ့်ကိန်း။
တောင်သူလယ်သမားတွေရဲ့
သွေးတွေနဲ့ စိုက်တဲ့ စပါး
တောင်သူလယ်သမားတွေရဲ့
မျက်ရည်များရောနေတဲ့ ထမင်း
မင်းတို့ မိန်ရည်ရှက်ရည် မျိုချလျက်လား
ငါ ထမင်းမစားချင်တော့ဘူး။
စိုက်ပျိုးရေးနိုင်ငံမှာ
စိုက်ပျိုးရေးလုပ်သူတွေ ငတ်နေရ
မိုးခေါင်ချိန်မှာ ထွန်းလင်း နေ
မီးပမာ ပူချေပြီ။
မတရားမှုတွေက
မြေနိမ့်ရာ စူးစိုက်ဝင်တတ်လား
လက်ပိုက်ကြည့်မနေကြနဲ့ 
တချက်ငိုက် အသိ မဝေဝါးနဲ့ ။
တရားလက်လွတ်တွေကြောင့်
သေမထူး နေမထူး စေတတ်
ဝမ်းတထွာအခက်ကြုံရင်
ဧကရာဇ်အင်ပါယာလည်း ဖျက်ရဲတယ်
ခရိုနီ၊ ကိုလိုနီတွေ ဒီတခါ မင်းတို့ အလှည့်။
တရားခံအစစ်ကို သိလျက်နဲ့ 
တရားခွင်တံခါး ပိတ်
မင်းကြီးတာက ထွက်တဲ့ ရာဇဝတ်ကောင်
ပန်ကာအောက်မှာ ထိုင်နေတယ်။
ကျေးဇူးရှင် လယ်သမားတွေကို ဝန်းရံ
တရားခံအစစ် တွေ့ အောင်ရှာ
အမြစ်မကျန် သုတ်သင်ဖို့  အချိန်တန်ပြီ
ဆိုင်းလည်းဆင့် ဗုံလဲဆင့်
ခရိုနီတွေကို တောထုတ်ကြရအောင်။
ပြည်သူ့ ရဲတွေကို
ပြည်သူတွေကိုစော်ကားဖို့ များ
သင်တန်းပေးထားလား
ဟေ့ကောင် .. ရဲတွေ
မင်းတို့ တွေအထဲမှာ
လယ်သမားရဲ့သားတွေပါတယ်နော်
မင်းတို့ ရဲ့ နံပတ်တုတ်နဲ့ သေနတ်ပြောင်းတွေ
ဘက်ပြောင်း ပြန်လှည့်
ခေတ်သစ် အဇာတသတ်။
ဒီလိုမှမဟုတ်ရင်
ဆရာစံရဲ့ ဂဠုန်တပ်တွေ
တကြော့ပြန် ဝိညာဉ်လှန်မယ်။
တိုင်းပြည်ကိုက
ငြိမ်းချမ်းဆန္ဒ ထုတ်ဖော်ခွင့် မရ
တုတ် တုတ်ချင်း၊ ဓါး ဓါးချင်းမှလား။
ဒါဆိုရင် ဗမာပြည်မှာ
ဂဠုန်ဆရာစံပုံတွေ
လယ်မြေဧရိယာတိုင်းမှာ ပြန်စိုက်။ ။

မြန်မာနိုင်ငံရှိ Mobile Phone သင်တန်းများကို သတိထားတက်ကြရန်

သူငယ်ချင်းများကို ကျွန်တော်တို့လို မခံရလေအောင် သတိပေးချင်းဖြစ်ပါတယ်။ ကျွန်တော်သည် ရန်ကုန်တွင်ရှိသော Mobile Phone သင်တန်းတစ်ခုကို တက်ခဲ့ပါတယ်။ သင်တန်းကြေးကတော့ ၄သိန်း ပေးခဲ့ရပါတယ်။ သူတို့က ကြော်ငြာမှာကြော်ငြာတုန်းကတော့ Software and Hardware ရောသင်ပေးမယ်လို့ ကြော်ငြာခဲ့ပါတယ်။သင်တန်းသွားအပ်တဲ့ အချိန်တုံးကလည်း နှစ်မျိုးစလုံးသင်မှာလားလို့ မေးပါတယ် သင်ပေးမယ်လို့လည်းပြောပါတယ်။ တကယ် သင်တန်းလည်းတက်ရော Software ဆိုတာက လွယ်လွယ်လေးကိုသာ သင်ပေးကြပါတယ်။ Hardware ဆိုတာကတော့ နည်းနည်းဆို နည်းနည်းပဲ သင်ပေးပါတယ်။ သင်တန်းမှာသုံးနေသော Computer and Phone တွေကြတော့လည်း အဟောင်းတွေနဲ့ပဲသင်ပေးပါတယ်။ ပြောချင်တာတွေကတော့ အများကြီးပါ ဒါပေမဲ့ မပြောတော့ပါဘူး။ ကျွန်တော့လို သူငယ်ချင်းတွေနဲ့ သူငယ်ချင်းတို့ရဲ့ အပေါင်းသင်းများ၊ မိတ်ဆွေများကိုလည်း ရန်ကုန်ရှိ Mobile သင်တန်းများကို တက်ရင် သတိထားပြီးအပ်ကြပါလို့ ပြောချင်ပါတယ်။

မြန်မာနိုင်ငံမှ ဟင်းသီးဟင်ရွက်များ စကာင်္ပူသို့ အလည်သွားရန် ဗီဇာရပြီ

သေးငယ်လှသည့် နိုင်ငံလေးတစ်နိုင်ငံဖြစ်သည့် စကာင်္ပူနိုင်ငံ။ ရာသီဥတုဆိုလျှင်လဲ နွေ၊မိုးဆောင်း ဆိုသည့် ပြောင်းလဲရာသီမရှိ။ တစ်နှစ်ပတ်လုံး တစ်မျိုးတစ်စားထဲ တစ်သားထဲ ၊ နေပူလျှင်ပူ ။ နေမပူလျှင်မိုးရွာ။ နေမင်းနဲ့ မိုးမင်း အမြဲထာဝစဉ်စစ်ခင်းနေ၍ အစိုးမရသည့်ရာသီဥတု။ မိုးရွာချင်သည့်အချိန် ကောက်ကာငင်ကာ ရွာချတတ်ပြီး ၊မိုးရွာပြီး နာရီဝက်မျှမကြာ နေမင်းကြီး အပြိုင်ဆင်းကာ ပူပြင်းတတ်သည့်အခါများလဲ ရှိခဲ့ပါသည်။
အရှေ့တောင်အာရှမှာ ဖွင့်ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံ ။ ကမ္ဘာမှာ ကမ္ဘာလှည့် ခရီးသည်များ မျက်စေ့ကျသည့် နိုင်ငံများထဲမှ နာမည်ကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သော စကာင်္ပူနိုင်ငံသည် သူ့နိုင်ငံမှ မည့်သည့် ထုတ်ကုန်မျှမရှိ။
အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ သစ်သီဝလံ ၊ အမဲ ၊ကြက်၊ ဝက်၊ငါး မှစ၍ ကြက်ဥဆုံးတိုင် အသားငါးတို့ကိုလဲ ပြည်ပမှ မှာယူတင်သွင်းရသည့်နိုင်ငံ။ ကုန်ကုန်ပြောရလျှင် နိုင်ငံတွင်းမှာ ရေချိုများပင်မရှိခဲ့၍ နိုင်ငံတွင်းမှာ ရေစီးရေလာကောင်းသည့် ရေမြောင်းများဖော်ကာ မိုးရေများခံယူ၍ ဆည်မြောင်းထဲသို့ ရေလှောင်ထားခြင်း ၊ အိမ်တိုင်း အိမ်တိုင်းမှ အသုံးပြုထားပြီးသော ရေများကို မြောင်းတစ်ခုထဲ စီးဝင်စေကာ ရေလှောင်ကန်ထဲသို့ စီးဝင်စေခြင်း ၊ ထိုရေများကို ပြန်လည်သန့်စင်၍ ပြည်သူတွေထံ အခကြေးငွေဖြစ် ပြန်လည်ဖြန့်ဝေခြင်း၊ ထိုမျှနှင့် မလုံလောက်၍ မလေးရှားမှ ရေပင် ဝယ်ယူ အသုံးပြုခဲ့ရသည့် နိုင်ငံဖြစ်ပါသည်။
သို့သော် စကာင်္ပူနိုင်ငံသည် ထုတ်ကုန်မရှိပေမဲ့ တိုးတက်သည့်နိုင်ငံ။ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံမဟုတ်ပဲ စက်မှုကိုအခြေခံသည့် နိုင်ငံ။ စက်မှုကို အခြေခံသည် ဆိုသော်လည်း သှူုနိုင်ငံတွင်းမှ မည်သည့်စက်မှုထုတ်ကုန်မှ ထုတ်လုပ်နိုင်ခြင်းမရှိသေး။ သို့သော် စီးပွားရေးအချက်အခြာကျသည့် ကျွန်းနိုင်ငံငယ်လေး အဖြစ် တိုးတက်သည့် နိုင်ငံ၊ အာရှကျားတစ်ကောင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။
ထုတ်ကုန်မရှိပေမဲ့ ကမ္ဘာအနှံအပြားမှ စားသောက်ဖွယ်ရာများ စကာင်္ပူနိုင်ငံတွင်ရှိသည်။ ရာသီပေါ်သီးနှံများ စဉ်ဆက်မပြတ် စကာင်္ပူနိုင်ငံတွင်ရှိသည်။ တစ်နိုင်ငံမှ မရလျှင် အခြားနိုင်ငံမှ တင်သွင်းသောကြောင့် ရာသီပေါ်သီးနှံမှာလဲ တစ်နှစ်ပတ်လုံးရှိစမြဲ။
ပြည်ပမှ တင်ယူပစ္စည်းများနှင့် နေသားကျနေသည့် စကာင်္ပူနိုင်ငံကြီး မြန်မာနိုင်ငံမှ စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များ တရားဝင်တင်သွင်းပေတော့မည်ဟု နိုင်ငံပိုင်သတင်းစာများထဲတွင် (၁၁.၃.၂၀၁၃) နေ့တွင် ထည့်ဝင်ရေးသားထားခဲ့သည်။

စိုက်ပျိုးမြေ ကျယ်ပြောလှသည့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသား မြေယာပိုင်ရှင် ခြံသမားများ ၊ စကာင်္ပူနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များပူပေါင်း၍ ခေတ်မှီနည်းစနစ်များဖြစ် စိုက်ပျိုးကာ စကာင်္ပူနိုင်ငံမှ စားသောက်ကုန်စစ်ဆေးရေး အဖွဲ့ Agri-Food and Veterinary Authority (AVA) ၏ စစ်ဆေးမှုများဖြစ် စစ်ဆေးကာ ဟင်းသီးဟင်းရွက်ကို  တင်ယူပို့ဆောင်ပါတော့မည်။
စကာင်္ပူနိုင်ငံမှ အဆင့်မြင့် ခေတ်မှီ  စိုက်ပျိုးနည်းပညာများကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဖြန့်ဝေသွားမည်ဆိုသည့်အကြောင်းလဲ ထည့်ဝင်ရေးသားထားပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပင်လယ်စာများကိုလဲ နောင်တွင် တင်သွင်းရန် စကားကမ်းလှမ်းထားပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်များကတော့ စကာင်္ပူသို့ အလည်သွားရန် ဗီဇာရခဲ့ပါပြီ။ ကျန်းမာရေးအတွက် သေချာသော စစ်ဆေးစမ်းသတ်မှုများပြုလုပ်ပြီး စိတ်ချရသည့် အနေအထားရှိမှ နိုင်ငံသို့ တင်သွင်းခွင့်ပြုသည့် စကာင်္ပူနိုင်ငံ၏ ထုံးစံကြောင့် အသီးအနှံများ စိုက်ပျိုးရာတွင် အသုံးပြုရမည့် ပိုးသတ်ဆေးနှင့် ဓာတုဓာတ်မြေဩဇာ အတိုင်းအတာ အကန့်အသတ်တို့သည် စလုံးတစ်နိုင်ငံထဲအတွက်သာ မရည်ရွယ်ပဲ မြန်မာ နိုင်ငံသားတို့စားသုံးသည့် အစားအသောက်အတွက်ပါ ညီမျှစွာ အသုံးချမည်ဆိုလျှင် ပြည်သူတို့၏ အစားအသောက် အန္တရယ်ကို ကာကွယ်နိုင်ရန် စိတ်ချရပါပြီ။
ခေတ်မှီနည်းစနစ်ကို အသုံးချပြီး သီးနှံအထွက်တိုးလျှင် ပြည်သူတို့စားဝတ်နေရေး ဖူလုံမှုအတွက် စိုးရိမ်စရာမရှိတော့ပြီ။
သို့သော်..........
ထိုသို့သော် ဆိုသည်မှာ အနည်းငယ်စိုးရိမ်ဖွယ် အသံစွက်နေခဲ့သည်..။ နိုင်ငံခြားဝင်ငွေ ရရှိမှုအတွက် ပြည်ပကို တင်ယူပို့ဆောင်ကြရင်း အိမ်တွင်းစားစရာမရှိ အဖြစ်မှ ကင်းဝေးရလိုပါသည်။
တင်သွင်းမှုများစလာသည်နှင့် တပြိုင်နက် ဖူလုံသည့် ထုတ်ကုန်များ တိုးမြင့်လာနိုင်ကြပါစေလို့ ပဲ ဆန္ဒပြုရင်း စည်ပင်ဝပြောလာမည့် နေ့လေးတစ်နေ့ကို ကြိုတင်မျှော်လင့်လျှက်
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

ဝီးဂျာဘုတ်ပြားကို အသုံးပြု၍ ၀ိညာဉ်လောကနှင့် ဆက်သွယ်ခြင်း(စဆုံး)

ဝိညာဉ်ခေါ်နိုင်တဲ့ ၀ီးဂျာဘုတ်ပြားနဲ့ ပါတ်သက်လို့ သိပ္ပံပညာရှင်တွေနဲ့ စိတ်ပညာရှင်တွေက စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်ခြင်းကို သုံးသပ်သလို သုံးသတ်ပါတယ်။ ၀ီးဂျားဘုတ်ပြားပေါ်မှာ ၀ိညာဉ်ခေါ်လိုသူတွေ ကိုယ်တိုင် အသည်းနှလုံးပုံ ပလန်ရှက်အပြားကလေးကို လက်ဖျားကလေးတွေနဲ့ ထိပြီး ဘုတ်ပြားအနှံ့ လိုက်ရွေ့ ပေးနေရာက (၀ိညာဉ်တစ်ခုခု ရောက်လာတဲ့အခါ) ပလန်ရှက်အပြားကလေးဟာ အလိုအလျှောက် ဦးဆောင် လှုပ်ရှားသွားတယ်ဆိုတာ တကယ်တော့ ၀ိညာဉ်ခေါ်လိုသူတွေရဲ့ ကြွက်သားလှုပ်ရှားမှု့တွေကနေ ဆက်စပ် လှုပ်ရှားသွားတာပါလို့ သိပ္ပံပညာရှင်တွေက ပြောကြတယ်။

စိတ်ပညာရှင်တွေကြတော့ ၀ိညာဉ်ခေါ်မယ့် ကြိတ်ဝိုင်းမှာ ၀ိုင်းထိုင်နေကြသူတွေရဲ့ မသိစိတ်တွေ စုပေါင်းပြီး စိတ်စွမ်းအင် (Psychokenis) တွေ ပေါ်ပေါက်လာတာဖြစ်လို့ မသိစိတ်နယ်ပယ်က ထူးခြားတဲ့ အသိထူးတွေ၊ ထူးခြားတဲ့ ထိုးထွင်းသိမြင်မှု့တွေ ပေါ်ပေါက်လာပြီး အဖြေထုပ်ပေးတာတွေ၊ အကြံပြုပေးတာတွေ ဖြစ်ပေါ်လာတာပဲလို့ ပြောကြတယ်။ အဲဒီနေရာမှာ သိပ္ပံပညာရှင်တစ်ချို့ဆိုရင် မသိစိတ်ရဲ့ စွမ်းအင်ကိုတောင် အသိအမှတ် မပြုဘူး။ သူတို့က ၀ိညာဉ်ခေါ်သူတွေရဲ့ သိစိတ်နဲ့ပဲ အဖြေထုပ်သွားတာပါလို့ ဆုံးဖြတ်ကြတယ်။

အလွန်ခေါင်းမာတဲ့ သိပ္ပံပညာရှင်တစ်ဦး(အမည်မသိ) ဆိုရင် သူက ဒီလို စမ်းသပ်တယ်။ ၀ီးဂျားဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်နေကြတာကို သူက ဘေးက ထိုင်ကြည့်တယ်။ ပလန်ရှက်အပြားကလေးကို ပွတ်သတ်ရွေ့ပြီး အမေးအဖြေ လုပ်နေကြတာကိုလည်း ထိုင်ကြည့်တယ်။ ပြီးတော့မှ သူက ၀ိုင်းကလူတွေကို မျက်လုံးတွေမှာ ပ၀ါလိုက်စည်းပေးပြီး ဘာမှမမြင်ရအောင် လုပ်လိုက်တယ်။ ၀ီးဂျာဘုတ်ပြားကိုလည်း ၀ိုင်းကလူတွေ မသိအောင် ၁၈၀ ဒီဂရီ လှည့်ပစ်လိုက်တယ်။ အဲဒီနောက်မှာ ၀ိုင်းကလူတွေ မူလက သိထားတဲ့ ဟုတ်တယ် မဟုတ်ဘူး စာလုံးတွေနေရာကိုပဲ ပလန်ရှက်အပြားကလေးက ရောက်ရောက်သွားလေတော့ ဘုတ်ပြားပေါ်က ဗလာနေရာ လွတ်တွေကိုပဲ ညွန်ပြသလို ဖြစ်သွားတော့တာပေါ့။

ဒါကိုထောက်ရှု့ပြီး သူက ၀ိုင်းကလူတွေရဲ့ သိစိတ်နဲ့ပဲ လုပ်နေကြတာ။ ကိုယ့်ဆန္ဒနဲ့ကိုယ် မေးဖြေနေကြတာလို့ ကောက်ချက်ဆွဲလိုက်တာပဲ။ ၀ိညာဉ်လောက ယုံကြည်သူတွေဟာ ၀ီးဂျာဘုတ်ပြား ကိစ္စကို သုံးသပ်မှု့ ပြုရာမှာ သိပ္ပံပညာရှင်တွေထက် သာလွန်ချက်ရှိသွားတယ်လို့ ပြောရမှာပဲ။ သူတို့ပြောတာက စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်တာပဲဖြစ်ဖြစ် အဲဒီစားပွဲခုံနဲ့ ၀ီးဂျာဘုတ်ပြားတို့မှာ ဘာအစွမ်းသတ္တိ ဘာတန်ခိုးမှ ရှိတာ မဟုတ်ပါဘူးတဲ့။ စားပွဲခုံတို့ ၀ီးဂျာဘုတ်ပြားတို့ဆိုတာ ၀ိညာဉ်နဲ့ ဆက်သွယ်ရာမှာ ဆက်သွယ်ရ အဆင်ပြေအောင် ကြားခံဆောင်ရွက်ပေးတဲ့ ကြားခံပစ္စည်းတွေသာ ဖြစ်ပါတယ်တဲ့။

တမလွန်လောကမှာ ရှိနေတဲ့ ၀ိညာဉ်တစ်ခုခုနဲ့ ၀ိညာဉ်ခေါ်သူတွေအကြား တစ်စုံတစ်ရာ အကြောင်း တစ်ခုခုကြောင့် ပတ်သက်မှု့ရှိနေပြီး အဲဒီ ၀ိညာဉ်တွေကိုယ်တိုင်က လာချင်စိတ်ရှိမှ ဆက်သွယ်ချင်စိတ်လည်း ရှိနေတာမို့ ဆက်သွယ်နိုင်ကြတာပါတဲ့။ ဒါကြောင့်လည်း တချို့ ကြိတ်ဝိုင်းတွေမှာ ၀ိညာဉ်ကို ဘယ်လိုခေါ်ခေါ် ရောက်မလာကြပါဘူးတဲ့။






ဝီးဂျားဘုတ်ပြားဆိုတာကလည်း အမေရိကန်က ဖောက်စ်ညီအမနှစ်ဦးရဲ့ စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်ခြင်း အောင်မြင်သွားရာက တမလွန်က ၀ိညာဉ်တစ်ဦးရဲ့ ပြောမယ့်စကားတွေကို စာအဖြစ်ပေါ်လာအောင် ကုတ်သင်္ကေတ (code)တွေ ဖော်ထုတ်ခဲ့ရင်းနဲ့ ဆင့်ပွားပေါ်လာတဲ့ ကိရိယာတစ်ခုပါ။ ၀ီးဂျာဘုတ်ပြားကြတော့ ကုတ်သင်္ကေတတွေ မလိုတဲ့အတွက် ၀ိညာဉ်ခေါ်သူတွေအတွက် ပိုမို လွယ်ကူသွားတာပေါ့။ ဒါတောင် အဲဒီနှစ်မျိုး စလုံးဟာ စာမတတ်တဲ့ ၀ိညာဉ်တွေကြတော့ သုံးလို့ မရပါဘူး။ (စာမတတ်တဲ့ ၀ိညာဉ်တွေကြတော့ တိုက်ရိုက် အသံနဲ့ ပြောတဲ့နည်း၊ ဓာတ်စီးနတ်ဝင်သည် တစ်ဦးဦးကို ၀င်ပူးပြီး ပြောတဲ့နည်းတွေကိုပဲ သုံးလို့ရမှာပါ)

ပြင်သစ်လူမျိုး ပလန်ရှက်တီထွင်ခဲ့တဲ့ ခဲတံတပ်ထားတဲ့ အသည်းနှလုံးပုံ ပလန်ရှက်အပြား ဆိုတာလည်း စာရေး တတ်တဲ့ ၀ိညာဉ်တွေမှပဲ သုံးလို့ရတာပါ။ ဒါတောင်မှ ဓာတ်စီးနတ်ဝင်သည်ဆီ ပူးဝင်ပြီး ဓာတ်စီးနတ်ဝင်သည်ရဲ့ လက်ကို ထိမ်းချုပ်ရေးသားတဲ့ အလိုအလျှောက်စာရေးခြင်း (auto-matic writing) လောက် အဆင်မပြေလို့ မသုံးကြတော့တာပါ။ ဒီလိုနဲ့ ပလန်ရှက် အပြားကလေးကနေ ခဲတံဖြုတ် ၊ အောက်ခံစက္ကူဖြူ အချပ်နေရာမှာ ၀ီးဂျာဘုတ်ပြားကို အစားထိုးလိုက်တော့မှ စာရေးတတ်တဲ့ ၀ိညာဉ်တွေအတွက်ရော ဓာတ်စီးနတ်ဝင်သည်မပါဘဲ ၀ိညာဉ်ခေါ်ချင်တဲ့ ကြိတ်ဝိုင်းကလေးတွေအတွက်ပါ အဆင်ပြေသွားခဲ့တဲ့ပါ အဆင်ပြေသွားခဲ့တဲ့ သဘောပါ။

ဝိညာဉ်လောကကို ယုံကြည်သူတွေထဲမှာ ပညာတတ်သူတွေလည်း ပါတဲ့အတွက် ဆင်ကန်းတောတိုး ယုံကြည်မှု့မျိုး မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ အဲဒီပညာတတ်တွေဟာ စူးစမ်းလေ့လာပြီးမှ ယုံကြည်ကြတာပါ။ အဲဒီပညာတတ်တွေဟာ စူးစမ်းလေ့လာပြီးမှ ယုံကြည်ကြတာပါ။ အတုနဲ့ အစစ်ကိုလည်း ခွဲခြားကြပါသေးတယ်။ ဒါကြောင့် ၀ီးဂျာဘုတ်ပြားနဲ့ ပတ်သက်ရင် သူတို့က ဒါဟာ သစ်သားပြားတစ်ပြားသာ ဖြစ်လို့ ဘာမှ ပြောစရာ မရှိကြောင်း ၊ ၀ီးဂျားဘုတ်ပြား အသုံးပြုပြီး ၀ိညာဉ်ခေါ်လို သူများကိုသာ သတိပေးလိုကြောင်း ပြောကြတယ်။ ၀ီးဂျားဘုတ်ပြား အသုံးပြုပြီး ၀ိညာဉ်ခေါ်ကြမယ့် အိမ်တွင်းကြိတ်ဝိုင်းကလေးတွေမှာ ၀ိညာဉ် လောကကို လုံးဝ အယုံအကြည်မရှိတဲ့ သူတွေကို ခေါ်မထားသင့်ပါဘူးလို့ ဆိုတယ်။ စိတ်ဓာတ်မခိုင်မာတဲ့ ဆယ်ကျော်သက် ကလေးတွေ စိတ်ရောဂါရှိသူတွေ ၊ အဆင်အခြင် ကင်းမဲ့သူတွေကို ဆိုရင်လည်း လုံးဝပါဝင်ခိုင်းလို့ မဖြစ်ပါဘူးလို့ ဆိုပါတယ်။

သူတို့ အဲဒီလို သတိပေးတာ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေ ရှိလို့ပါပဲ။ ၁၉၉၀ သို့မဟုတ် ၁၉၉၁-ခုနှစ်အတွင်းက အဖြစ်အပျက်ကလေး တစ်ခုဆိုရင် ဆယ်ကျော်သက်တွေအကြား ဖြစ်ပျက်သွားခဲ့တာပါ။ ဖြစ်တဲ့နေရာက အမေရိကန်နိုင်ငံ ၊ ချီကာဂိုမြို့က ဘင်နက်ဒက်တီးန် တက္ကသိုလ်ကျောင်းသား တစ်စုဟာ တက္ကသိုလ် ကျောင်းဝင်း အတွင်း သချိုင်းအုပ်ဂူကလေး တစ်ခု အနီးမှာ ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်ခဲ့ကြပါသတဲ့။

ဝိညာဉ်ခေါ်နေစဉ်အတွင်းမှာပဲ အဲဒီဝိုင်းထဲက ကျောင်းသားကလေးတစ်ဦးကို ၀ိညာဉ်က ၀င်ပူးခဲ့တယ်လို့ ဆိုတယ်။ အစပိုင်းမှာ သူဟာ အသံနက်ကြီးနဲ့ ထအော်ပြီး နောက်ပိုင်းမှာတော့ ထိန်းမနိုင်သိမ်းမရ သောင်းကျန်း တော့တာပဲ။ အတူရှိနေတဲ့ သူငယ်ချင်းတွေကို ကန်တယ်။ ကိုက်တယ်။ ထိုးတယ်။ သူငယ်ချင်းတွေက သူု့ကို ချော့မော့ ထိန်းသိမ်းကြပေမယ့် ထိန်းမနိုင်ဖြစ်ခဲ့တယ်။ တက္ကသိုလ်ဝင်းထဲက အစောင့်ရဲတွေကို ပြေးခေါ်ကြရတယ်။ ရဲတွေက သူ့ကို ထိန်းချုပ်ပြီး ဆေးရုံပို့လိုက်ရတယ်။ ဆေးကုသမှု့ကို အချိန်အတော်ကြာ လုပ်လိုက်ရသတဲ့။ ဒီသတင်းဟာ တက္ကသိုလ်တစ်ခုလုံး ပျံ့နှံ့သွားတာပေါ့။ တစ်ချို့ကလည်း ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်တာ တကယ်လာတယ်လို့ ပြောကြသလို ဒီလိုများ ၀င်ပူးရင်တော့ ဒုက္ခပဲလို့ ကြောက်လန့် သွားကြသူတွေလည်း ရှိတယ်။

အဲဒီလို ဖြစ်ရပ်မျိုးတွေကြောင့် ၀ီးဂျာဘုတ်ပြားကို ရွံတွန့်တွန့် ဖြစ်သွားရတဲ့အထဲ နာမည်ကြီး မျက်လှည့်ဆရာ ဟာရီဟူဒိနီကလည်း အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ။ ကာရစ်တိုမြို့က လူငါးယောက်ဟာ ၀ီးဂျာဘုတ်ပြာအသုံးပြု ၀ိညာဉ်ခေါ်ကြရင်း ရူးသွတ်သွားကြရတယ်လို့ ဆောင်းပါး ရေးသားလိုက်တာရယ် ၊ စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးက ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်တဲ့ အလုပ်ဟာ လူတွေကို စိတ်ဂယောက် ဂယက် ဖြစ်စေလို့ ရူးသွတ်သွားကြမှာ စိုးရိမ်ရတယ်လို့ ပြောလိုက်တာရယ်ကြောင့် လူတွေရဲ့ စိတ်ထဲမှာ မသိုးမသန့်တွေ ဖြစ်ကုန်ကြတယ်။



ဟူဒိနီ၏မျက်လှည်ပြကွက်တစ်ချို့




ဒါ့အပြင် ၁၉၂၇ ခုနှစ်မှာ The Exorcist ဆိုတဲ့သရဲကားတစ်ကား ထွက်လာတော့ ဝီးဂျာဘုတ်ပြားအတွက် ပိုဆိုးသွားပြန်ရော။ အဲဒီသရဲကားထဲမှာ ရီဂန်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ဝီးဂျာဘုတ်ပြားအသုံးပြုပြီး ဝိညာဉ်ခေါ်ရာက“ပါဇူးဇူး ”လို့ခေါ်တဲ့သရဲတစ်ကောင်နဲ့ ဆက်မိသွားတယ်။ အဲဒီသရဲက ကောင်မလေးကို မကြာခဏ ဝင်ဝင်ပူးတဲ့ ဇာတ်လမ်းပဲ။ အဲဒီဇာတ်ကားကိုကြည့်ပြီးမှ ဝီးဂျာဘုတ်ပြားနဲ့ ဝိညာဉ်ခေါ်ရင် သရဲလည်း ပူးတတ်တယ်ဆိုပြိး အိမ်မှာဝယ်ထားတဲ့ ဝီးဂျာဘုတ်ပြားတွေကို မီးရှို့ပစ်တဲ့လူတွေ မနည်းဘူးတဲ့။

အဲဒီအချိန်ကာလ ပိုင်းကဆိုရင် စတိုးဆိုင်တွေက ဝီးဂျာဘုတ်ပြား ရောင်းအားပါ ကျသွားတယ်လို့ဆိုတယ်။ ဒါပေမယ့် ဒီလိုဖြစ်သွားတဲ့ အချိန်ကာလပိုင်းဟာ သိပ်တော့လည်း မကြာလိုက်ဘူးလို့ဆိုတယ်။ စတိုးဆိုင်တွေမှာ အရောင်းအဝယ်ပြန်ဖြစ်လာသလို အိမ်တွင်းကြိတ်ဝိုင်း ကလေးတွေလည်း ပြန်ပေါ်လာသတဲ့။ ဝီးဂျာဘုတ်ပြား ကြောင့် အဆင်ပြေသွားသူတွေရဲ့ သတင်းတွေကလဲ ဝီးဂျာဘုတ်ပြားရဲ့နာမည်ကို ပြန်အဖတ် ဆယ် သွားတဲ့ သဘောပါပဲ။

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ “ ဘရက်ဒ်ဘာရီ ”လို့ခေါ်တဲ့ အဆောက်အဦး တစ်ခုရှိတယ်။ ကြည့်လိုက်တာနဲ့ ဂမ္ဘီရဆန်တဲ့ အသွင်အပြင်ရှိတယ်လို့ နာမည်ကြီးတယ်။ အဲဒီအဆောက်အဦမှာ ရုပ်ရှင်လာရိုက်ပြီး နာမည်ကြီးသွားတဲ့ ရုပ်ရှင်ကားတွေရှိတယ်။ DOA, Blade Runner, Seven ဆိုတဲ့ ဇာတ်ကားတွေပေါ့။ အဲဒီအဆောက်အဦပိုင်ရှင် ဂျော့ခ်ျ ဝိုင်မင်ဆိုသူဟာ ဝီးဂျာဘုတ်ပြား အသုံးပြုပြီး ကွယ်လွန်ပြီးဖြစ်တဲ့ သူ့အစ်ကိုနဲ့ အဆက်အသွယ် ရခဲ့တယ်လို့ ပြောတယ်။ သူ့အစ်ကိုက အကြံပြုတဲ့အတိုင်း အဲဒီအဆောက်အဦကို ၁၈၉၃ ခုနှစ်မှာ ဆောက်လိုက်တာလို့ ဆိုတယ်။ ဒီအဆောက်အဦက သူ့ကိုထင်ပေါ်ကျော်ကြားအောင် လုပ်ပေးခဲ့တယ်လို့ပြောပြတယ်။

Sax Rohmer လို့ နာမည်ကျော်ကြားတဲ့ စာရေးဆရာ ဟင်နရီဝပ်ဒ်ဟာ “ဖန်မန်ချူး” ဆိုတဲ့ ဝတ္ထုနဲ့ နာမည်ကျော် သွားခဲ့တယ်။ သူက ဝီးဂျာဘုတ်ပြား အသုံးပြုပြီး ဆက်သွယ်မိတဲ့ ဝိညာဉ်ကို ဘာအကြောင်းအရာ ရေးရင် ကောင်းမလဲလို့ မေးကြည့်တော့ ဝိညာဉ်က chinaman လို့ စာလုံးပေါင်းပြသတဲ့။ ဒါနဲ့ “ ဖန်မန်ချူး ” ဆိုတဲ့ တရုတ်လူမျိုးတစ်ယောက်ကို ဇာတ်လိုက်လုပ်ပြီး စွန့်စားခန်း ဝတ္ထုရေးလိုက်တာ “ပေါက်” သွားတယ်လို့ဆိုတယ်။ အဲဒီကစပြီး best seller စာရေးဆရာ ဖြစ်သွားသတဲ။

နောက်တစ်ယောက်ကတော့ ပါးလ် ကာရန်လို့ခေါ်တဲ့ စာရေးဆရာမ တစ်ယောက်ပါ။ ဝီးဂျာဘုတ်ပြားကတစ်ဆင့် Patience Worth လို့ခေါ်တဲ့ ဝိညာဉ်ဆီကရတဲ့ အကြံညဏ်တွေနဲ့ ကဗျာပေါင်းများစွာ ရေးသားနိုင်ခဲ့တယ်လို့ ဆိုတယ်။ သူမဟာ ၁၉ ရာစုအစောပိုင်းရဲ့ စာပေလောကကို ကိုင်လှုပ်နိုင်ခဲ့သူတစ်ဦးပါ။ ၁၉၁၉ ခုနှစ်မှာ စာရေးဆရာ စတီးဝပ်အက်ဒဝပ် ဝှိုက်တ်ဟာ ဇနီးဖြစ်သူ ဘက်တီရဲ့ ဝိညာဉ်ခေါ်မှုတွေကို လေ့လာခဲ့ပါသတဲ့။ ဘက်တီဟာ အစပိုင်းမှာ ဝီးဂျာဘုတ်ပြားကို အသုံးပြုပြီး ဝိညာဉ်အုပ်စု တစ်စုနဲ့ အဆက်အသွယ်ရခဲ့သတဲ့။

နောက်ပိုင်းကျတော့ အဆက်အသွယ် အရမ်းကောင်းသွားပြီး ဝိညာဉ်တွေက သူမရဲ့လက်ကို ထိန်းချုပ် စာရေးပြတဲ့အထိ တိုးတက်သွားခဲ့သတဲ့။ စာရေးဆရာ ဝှိုက်ဟာ အဲဒီအကြောင်းအရာ တွေကို ၁၉၃၇ ခုနှစ်ရောက်တော့ စာအုပ်တွေအဖြစ် ထုတ်ဝေခဲ့တာ အတော်ရောင်းကောင်းခဲ့ပါသတဲ့။ ဒီတော့ ဝီးဂျာဘုတ်ပြားဟာ “သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်တော့ ဘေး” လို့ ကောက်ချက်ဆွဲရပါလိမ့်မယ်။ ယနေ့တိုင် ခေတ်စားနေတယ် ဆိုတဲ့အကြောင်း အချက်ကလည်း သုံးတတ်တဲ့ လူတွေများလို့ ဆိုတာကို ဖော်ပြနေပါတယ်။ (အောင်အေး-ရန်ကုန်တက္ကသိုလ်)

အားလုံးစိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...
(ရဲတေဇကျော်)*****-ဆရာဟိန်းတင့်ဇော်ထံမှတဆင့်

တောင်ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများအတွက်အထူးသတင်း

မတ်လ၁၈ရက်နေ့မှ စတင်ပြီး အထောက်အထားမဲ့အလုပ်သမားများ (ဗီဇာမဲ့ တရားမ၀င်နေထိုင်သူ) အား စတင် ဖမ်းဆီးရန် တရားရေးမှ ကြေညာ

တရားရေးဝန်ကြီးဌာနဟာ လာမည့် မတ်လ ၁၈ရက်နေ့မှ စတင်ပြီး အထောက်အထားမဲ့(ဗီစာမဲ့)နေထိုင် အလုပ်လုပ်ကိုင်သူ ရွှေ့ပြောင်းအလုပ်သမားများအား စတင်ဖမ်းဆီးသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ဖမ်းဆီးရာတွင် သက်ဆိုင်ရာ ဒေသအသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးဌာနများ အချင်းချင်း ပူးပေါင်းပြီး ဖမ်းဆီးမယ့် နည်းလမ်းကို အသုံးပြုမှာဖြစ်ပါတယ်။

တရားရေးဝန်ကြီးဌာနဟာ ဖမ်းဆီးမယ့် ရက်မတိုင်မီ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်လုပ် ကိုင်လေ့ရှိကြတဲ့ ဒေသတွင်းရှိ လုပ်ငန်းရှင်များထံ ကြိုတင်ပြီး အသိပေးစာများအား ပေးပို့သွား မှာ ဖြစ်ပါတယ်။ အသိပေးစာတွင် အထောက်အထားမဲ့ အလုပ်သမားများအား အသုံးပြုပါက ငွေဒဏ် ၀မ် သိန်း၂၀၀ (သို့) ထောင်ဒဏ် ၃နှစ်ကျခံရမှာ ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားများအား အသုံးပြုခွင့်ကို လည်း ဆုံးရှုံးရမှာဖြစ်ကြောင်း ပါရှိပါတယ်။




ကိုရီးယားတွင် အီးပီအက်စ်စနစ်ဖြင့် ၀င်ရောက်အလုပ်လုပ်ကိုင်သူမျ
ား အနက် မနှစ်က သက်တန်းပြည့်သူ ၄သောင်းအနက် တစ်သောင်းကျော် ဟာ အထောက်အထားမဲ့ အလုပ်သမားအဖြစ်ဖြင့် ဆက်လက် အလုပ်လုပ် ကိုင်နေထိုင်လျှက်ရှိနေကြပါတယ်။
ဒါကြောင့် ယခုနှစ်တွင် အထောက်အထားမဲ့ အလုပ်သမားအရေအတွက် ၂သိန်းကျော်မည် ဖြစ်ပြီး ၂၀၁၄ တွင် ၂သိန်း၂သောင်းကျော်မယ်လို့ ခန့်မှန်းနေကြပါတယ်။

လာမည့် မတ်လ ၁၈ရက်နေ့မှ စတင်ပြီး ရွှေ့ပြောင်းအလုပ်သမားများ ထူထပ်တဲ့ နေရာတွေမှာ ဖမ်းဆီးမှုတွေကို စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အစိုးရရဲ့ အဖမ်းအဆီးများကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့် အရေးအဖွဲ့အစည်းများကလည်း ကန့်ကွက်ကြေညာစာများကို ထုတ်ပြန်ဖို့ စီစဉ်နေကြပါတယ်။
နေ့စဉ် ချွေး တရွှဲရွှဲဖြင့် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေထိုင်ကြသူ ရွှေ့ပြောင်းအလုပ်သမားများ အားလုံး မထိမခိုက်ပဲ ဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပါတယ်။