Sunday, September 2, 2012
မန္တလေး ဆန္ဒဖော်ထုတ်ပွဲ စပြီ။ ပရိသတ် ၁၀၀၀၀ ခန့် 
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်
ပတ်သက်၍ သမ္မတကြီးအား ထောက်ခံကြောင်းနှင့် ကွင်တာနားအား ဆန့်ကျင်ကြောင်းကို
ဆန္ဒထုတ်ဖော်သည့်အနေဖြင့် မန္တလေးမြို့ပေါ်တွင် ဆရာတော်ဝီရသူဦးဆောင်သော
သံဃာတော်များနှင့်မန်းဒေသခံများ
နေ.လည် 1နာရီမှစတင်ပြီး 12လမ်းထောင့် 80 လမ်းမအတိုင်း 19x86ထောင့်ချီတက် ဆန္ဒထုတ်ဖော်စဉ်။ နေလည် 1နာရီမှစတင်ပြီး
သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ သမ္မတကြီးဦးသိန်းစိန် အောင်မြင်ပါစေ အမိမြန်မာနိုင်ငံတော်ကို ကာကွယ်ပါ ဟူသော ကြွှေးကြော်သံများကို ဆန္ဒထုတ်ဖော်သွားသည်ပုံ
နေ.လည် 1နာရီမှစတင်ပြီး 12လမ်းထောင့် 80 လမ်းမအတိုင်း 19x86ထောင့်ချီတက် ဆန္ဒထုတ်ဖော်စဉ်။ နေလည် 1နာရီမှစတင်ပြီး
သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ သမ္မတကြီးဦးသိန်းစိန် အောင်မြင်ပါစေ အမိမြန်မာနိုင်ငံတော်ကို ကာကွယ်ပါ ဟူသော ကြွှေးကြော်သံများကို ဆန္ဒထုတ်ဖော်သွားသည်ပုံ
မန္တလေးဟာ
အမြဲတမ်း ညီညွတ်မှု့ တွေ ၊ ရိုးသားမှု့ တွေ ၊ စည်းလုံးမှု့  တွေ နဲ့ အတူ
ဇာတိသွေး ၊ ဇာတိမာန် တွေနဲ့  အမြဲတမ်း ပြည့်နှက်နေတဲ့ မြို့ တော်ကြီး
တစ်ခုပါ။
-သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အမြဲတမ်း တက်ညီ လက်ညီတဲ့ မြို့ တော်ကြီး တစ်ခုပါ....။
-ရိုးသားမှု့  နဲ့  အမှန်တရားအတွက် အရာရာကို ရင်ဆိုင်ရဲ တဲ့ မြို့ တော်ကြီး တစ်ခုပါ...။
-သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အမြဲတမ်း တက်ညီ လက်ညီတဲ့ မြို့ တော်ကြီး တစ်ခုပါ....။
-ရိုးသားမှု့  နဲ့  အမှန်တရားအတွက် အရာရာကို ရင်ဆိုင်ရဲ တဲ့ မြို့ တော်ကြီး တစ်ခုပါ...။
-ရာဇ၀င်မှာ စာတင်နိုင်ခဲ့တဲ့ မြို့ တော်ကြီး တစ်ခုပါ..၊။
-အင်္ဂလိပ်အစိုးရကို ဆန့် ကျင်ဆန္ဒပြခဲ့တဲ့သမိုင်းဝင်အရေးတော်ပုံတွေတိုင်းမှာ လဲ အရာရာကို ရှေ့ ဆုံးကနေ တက်ကြွစွာ ဦးဆောင်ခဲ့တဲ့ စံပြ မြို့ တော်ကြီး တစ်ခုပါ..။
-အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့  သမိုင်းအခိုင်အမာ ရပ်တည်ခဲ့တဲ့ မြို့ တော်ကြီး တစ်ခုပါ...။
-သံဃာ ၊ လူထု ၊ ကျောင်းသားရယ် ဟု တစ်သားတည်း ညီညွတ်တဲ့ မြို့ တော်ကြီး တစ်ခုပါ...။
-အမျိုးသားရေး စိတ်ဓါတ် အပြည့်နဲ့  အခိုင်အမာ ရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့  ဒုတိယ မြို့ တော်ကြီး တစ်ခုပါ...။
-အခုဆိုရင့် မန္တလေးသားတွေ ရဲ့  အမျိုးသားရေး စိတ်ဓါတ်ကို ကမ္ဘာက သိမ့်သိမ့်တုန်အောင် ပြသလို့ နေပါပြီ..
-့ မန္တလေးသားတွေ အားလုံး သံဃာ ၊ ကျောင်းသာ ၊ လူထု ရယ်ဟု ညီညွတ်မှု့ ကို ပြသ နေကြပါပြီ....
-"ဘင်္ဂလီဟာ မြန်မာနိုင်ငံသားမဟုတ်ဘူး"လို ပြတ်ပြတ်သားသားပြောဆို ရပ်တည်ခဲ့တဲ့ သမ္မတကြီးကို အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့ အပြတ် ထောက်ခံနေကြပါပြီ..။
-ရခိုင်ပြည်ကိုကျူးကျော်နေတဲ့ ဘင်္ဂလီတွေကို အပြတ်ဆန့် ကျင့်ပြီး မြန်မာပြည်သူတွေရဲ့  ဆန္ဒအမှန်ကို ကမ္ဘာကသိအောင် ဆန္ဒဖော်ထုတ်နေကြပါပြီ....။
-မန္တလေးကပြည်သူတွေရဲ့  နိုင်ငံတော် နဲ့  နိုင်ငံသားတွေ အကျိုးစီးပွားအတွက် တာဝန်သိသိ ၊ သစ္စာရှိရှိ နဲ့  အမြဲ လက်မနှေးပဲ ထိပ်ဆုံးကနေ ရပ်တည်နေကြပါပြီ...။
မော်နီကာ
သီလဝါ အထူးစီးပွားရေးဇုန်တွင် ပြည်သူများ ရင်းနှီးမြှုပ်နှံနိုင်
ရန်ကုန်မြို့တဖက်ကမ်း သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာ၌ ဂျပန်ကုမ္ပဏီကြီးများနှင့်အတူ မြန်မာနိုင်ငံသားများ အနေဖြင့်လည်း အများပိုင်စီးပွားရေး အစုအဖွဲ့တည်ထောင်ကာ အရင်းအနှီးထည့်ဝင်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချူပ် (UMFCCI) က စီစဉ်နေကြောင်း သိရသည်။
မြန်မာအစိုးရနှင့် မစ်ဆူဘီရှီ၊ မရူဘီနီ၊ ဆူမစ်တိုမို စသည့် ကုမ္ပဏီကြီးများ အကြား အထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ဂျပန်ကုမ္ပဏီများဘက်မှ ၄၉ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း ထည့်ဝင်ရန် သဘောတူညီခဲ့ကြောင်း၊ မြန်မာဘက်မှထည့် ၀င်ရမည့် အစုရှယ်ယာကို တဦးတယောက်တည်းက ထည့်ဝင်ပြီး အကျိုးခံစားခြင်း မရှိစေဘဲ နိုင်ငံသားအားလုံး ခွဲဝေခံစားရန် စီစဉ်ခြင်းဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။
“မြန်မာနိုင်ငံသား မည်သူမဆို ရှယ်ယာတွေကို ၀ယ်ယူပြီး ပါဝင်နိုင်အောင် အများပိုင်ကုမ္ပဏီဖွဲ့ပြီး အများရဲ့ လုပ်ငန်းတခုအနေနဲ့ ဆောင်ရွက်မယ်။ ဒါမှ ပြည်သူတွေလည်း အကျိုးအမြတ်ကို ခွဲဝေခံစားနိုင်မယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အစုရှယ်ယာများ ရောင်းချရာတွင်လည်း တစုလျှင် ကျပ် ၁ သိန်းခန့်မှ စတင်ရောင်းချရန် စီစဉ်နေပြီး တဦးတယောက်တည်းမှ လက်ဝါးကြီးအုပ်ကာ အများအပြား ၀ယ်ယူခြင်းကိုလည်း ကာကွယ်ရန် စီစဉ်ထားကြောင်း၊ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းရာတွင် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး၊ ရှယ်ယာများကို ရောင်းချရာတွင် မီဒီယာများမှတဆင့် ကြော်ငြာကာ ရောင်းချသွားမည် ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။
အစုရှယ်ယာရှင်များ အနေဖြင့်လည်း အထူးစီးပွားရေးဇုန် ဖွံဖြိုးမှုအပေါ်တွင် မူတည်ပြီး အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အထူးစီးပွားရေး စီမံကိန်းသည် ဧက ၆ ထောင်ကျော် ကျယ်ဝန်းပြီး နိုင်ငံတော်ပိုင်မြေများဖြစ်ကြောင်း တည်ဆောက်ရာတွင် စက်ရုံများ၊ ရုံးခန်းများ၊ ဆိပ်ကမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လန်ချာဘန် အထူးစီးပွားရေးဇုန်တွင်လည်း ကမ္ဘာကျော် Ford ကားကုမ္ပဏီ အပါအ၀င် Samsung ကုမ္ပဏီကြီးများ၏ စက်ရုံများတည်ရှိပြီး ရေနက်ဆိပ်ကမ်းသည် ကမ္ဘာပေါ်တွင် ကုန်တင်ကုန်ချ အများဆုံး လုပ်ကိုင်ရသည့် ဆိပ်ကမ်းများတွင် အဆင့် ၂၂ တွင် ပါဝင်သည်။
မကြာသေးမီကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ထားဝယ်ရေနက်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်တခုကို အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံနှင့် သဘောတူညီမှုရယူခဲ့သေးသည်။
By Irrawaddy
တောင်ပြုန်းပွဲတော် ဆိုင်ခန်းငှားခများ ငါးဆ မြှင့်တက်
မန္တလေးတိုင်း
မတ္တရာမြို့နယ်အတွင်းရှိ တောင်ပြုံးမင်းနှစ်ပါး နတ်နန်းအတွင်း
ရိုးရာပူဇော်ပသမှု ပြုလုပ်နေ ကြသည့် အနယ်နယ်အရပ်ရပ်မှ ပရိတ်သတ်များကို သြဂုတ် ၂၉ ရက်၊ ၂ဝ၁၂ ခုနှစ်က တွေ့ရစဉ်။ |
နှစ်စဉ် ဝါခေါင်လတိုင်း အမရပူရမြို့နယ်တွင် ကျင်းပလေ့ရှိသော တောင်ပြုန်း နတ်ပွဲတော်၌ ယခုနှစ်ဈေး
ဆိုင်ခန်းများ ငှားရမ်းခမှာ ယမန်နှစ်ကထက် ငါးဆ မြင့်တက်ခဲ့သည်။
၂ဝ၁၁ ခုနှစ်က အစားအသောက်၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်း တခန်းလျှင် ပွဲ
တော် ကျင်းပသည့် သီတင်းတပတ်စာအတွက် ကျသင့်ငွေ ခြောက်သောင်းကျပ်သာ ရှိရာမှ ယခုနှစ်တွင်ကျပ်
သုံးသိန်းအထိမြင့်တက်သွားသည်။
“နှစ်တိုင်း ရောင်းနေကျဆိုတော့ မယူမဖြစ် အခန်းယူပြီး ရောင်းရတယ်။ ပွဲတော်က စည်ပေမယ့် မနှစ်က
လောက် အမြတ်မကျန်ဘူး။ ပွဲတော် စည်ကားလေလေ အခန်းငှားခတွေ တိုးယူလေလေ ဆိုတာမျိုးက မ
ကောင်းဘူး။နောက်နှစ်ကို ဒီလို မဖြစ်စေချင်ဘူး” ဆုတောင်းပြည့် ဘုရားစောင်းတန်းတွင် ကန်တော့ပွဲများ
အတွက် ငှက်ပျောသီး အုန်းသီး ရောင်းသူ မသီတာ က ဆိုသည်။
တောင်ပြုန်း ဈေးဆိုင်ခန်း လေလံရရှိထားသူ မန္တလေးဒေသခံ တဦးကမူ ယခုနှစ်တွင် ယခင်နှစ်ထက် စည်
ပင်သာယာ သို့ ပေးသွင်းရသည့် လေလံကြေးငွေမှာ ပိုမိုများပြားသည့်အတွက် ဆိုင်ခန်းခများတိုးမြှင့်ကောက်
ခံရခြင်းဖြစ်ကြောင်း မဇ္ဈိမကို ပြောပြသည်။
ယခုနှစ် ပွဲတော်သို့ သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ လာရောက်သူ ဦးရေ နှစ်သိန်း ဝန်းကျင်ရှိပြီး စက်တင်္ဘာလ ၁ ရက်နေ့အထိ တပတ်ကြာ ကျင်းပမည် ဖြစ်သည်။ ပွဲတော်တွင် ရောင်းချသည့် ဈေးကြီး ဈေး
လေးနှစ်ခုပေါင်း ဆိုင်ခန်း ၂၈၆ ခန်း ရှိကြောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက ဆိုသည်။
ရွှေဖျဉ်းကြီး-ရွှေဖျဉ်းငယ် နတ်ညီနောင်ကို အကြောင်းပြု၍ နတ်ပွဲ ကျင်းပရာ တောင်ပြုန်းရွာမှာ မန္တလေးမြို့
အနီးခြောက်မိုင်အကွာတွင် တည်ရှိပြီး လူဦးရေ လေးထောင်ကျော် မှီတင်းနေထိုင်သည့် ကျေးရွာတရွာဖြစ်
သည်။ ဒေသခံ အများစုမှာ ဆန်စပါး၊ ပဲ နှင့် နှမ်းတို့ကို စိုက်ပျိုးခြင်းဖြင့် အသက်မွေး နေထိုင်ကြသည်။
မန္တလေး (မဇ္ဈိမ)
အရေပြား ကြွေကျသည့် ရောဂါဆန်း တစ်မျိုး ခံစားနေရသည့်ကလေးငယ်
လူငါးသောင်းမှာ တစ်ယောက်နှုန်း ဖြစ်ပေါ်လေ့ရှိပြီး အရေပြား တစ်လွှာနဲ့ တစ်လွှာ ပေါင်းစပ်ဖို့ လိုအပ်တဲ့ ပရိုတင်း ချို့တဲ့တာကြောင့် ဖြစ်တဲ့ရောဂါပါ။ အရေပြားဟာ အရမ်းပါးပြီး အထိမခံနိုင်တာကြောင့်
ပွတ်တိုက်မှုလေး ရှိတာနဲ့ အရေပြားမှ သွေးထွက်ပြီး နာကျင်စေနိုင်ပါတယ်။
ဘယ်ပွတ်တိုက်မှုမျိုးမဆို အရေပြားနဲ့ ပါးစပ်အတွင်း အနာပေါက်စေနိုင်ပါတယ်။ ဒီရောဂါရှိတဲ့ ကလေးငယ်တွေဟာ အသက် တစ်နှစ်အတွင်း သေဆုံးသွားတတ်ကြပါတယ်။ အသက်ရှူ လမ်းကြောင်းမှ အရည်ကြည်ဖုတွေ ပေါက်ပြီး အသက်ရှူရ ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်သွားရတာကြောင့်ပါ။
SM
အမျိုးသားနှစ်ယောက်ရဲ့ ဖူးစာ
ထူးခြားတဲ့ဒီဓာတ်ပုံ Facebook ကို လွန်ခဲ့တဲ့ ၂ ရက်က ရောက်လာပါတယ်။ လက်ဆင့်ကမ်းနေကြသူ တထောင်ဝန်းကျင် ရှိနေပါပြီ။
အမျိုးသားနှစ်ဦး လက်
ထပ်ပွဲလုပ်တော့မယ့် ပုံစံမျိုး ခန့်ခန့်ငြားငြား၊ ခမ်းခမ်းနားနား
ရိုက်ကူးထားတဲ့ပုံပါ။
အမှန်တကယ်လည်း သူတို့ နှစ်ဦး လက်ထပ်တော့မယ်လို့ သိရပါတယ်။
ဘယ်သူတွေလဲ၊ ဘယ်တော့လဲ
တယောက်က မြန်မာပြည်က၊ တယောက်က စင်္ကာပူကလို့ ဆိုပါတယ်။
ဓာတ်ပုံဆရာကတော့ "real couple with Myanmar traditional wedding setting" ( မြန်မာ့ရိုးရာ မင်္ဂလာအခမ်းအနားနဲ့ တကယ့် စုံတွဲ) လို့ သူ ဖဘမှာ ရေးထားတာပါ။
"its pre-wedding, actually reception will be in dec" မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်ထားတာ၊ လက်ထပ်အခမ်းအနားကတော့ ဒီဇင်ဘာမှာ ဖြစ်လိမ့်မယ် တဲ့။
ကန့်ကွက်မှု
သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအကြို အလှရိုက်ဓာတ်ပုံကို ကြည့်ပြီး အများအပြားက ကန့်ကွက်ကြပါတယ်။ တယောက်က ဆိုရင် "မြန်မာ့ရိုးရာမင်္ဂလာပွဲသည် လိင်တူချင်းလက်ထပ်ရန်မဟုတ်...." လို့ မှတ်ချက်ချ ရေးထားပါတယ်။
ထောက်ခံမှု
လိင်တူ လက်ထပ်တာ ထောက်ခံတယ် လို့ ဓာတ်ပုံဆရာက ဆိုပါတယ်။
နောက်တယောက်ကတော့ Facebook မှာ အခုလို ရေးထားပါတယ်။
"တချို့က ငါးပိကြိုက်မယ်
တချို့က ငါးပိ မကြိုက်ဘူး
အဲဒီတော့ ငါးပိမကြိုက်တဲ့သူတွေက ငါးပိကြိုက်တဲ့သူတွေကို စိတ်ရောဂါသည် ဒါမှမဟုတ် စိတ်ဝေဒနာသည်လို့ သတ်မှတ်လို့ရလို့လား???
အဲဒီလိုပဲ သူ့လိင်စိတ်ခံယူမှုအရ သူ့ရွေးချယ်မှုကိုတော့ စိတ်ရောဂါတစ်ခုလိုသတ်မှတ်တာကတော့ သိပ်ပြီး ဘဝင်မကျဘူး
နောက်တစ်ချက်က အချစ်ဆိုတာ စိတ်ကထိန်းချုပ်နိုင်ရမယ်ဆိုတာက မသင့်တော်တဲ့အရာကိုပဲ ထိန်းရှုပ်ရမှာလေ
ဥပမာ မလွတ်လပ်သူ အရွယ်မရောက်သေးသူ စသဖြင့်ပေါ့
သူတို့ဘာသာ လွတ်လပ်သူအချင်းချင်း စိတ်တူသဘောတူ ချစ်ကြ ကြိုက်ကြ ယူကြတာကိုတော့ ဘာမှမပြောလိုပါ"
ဥပဒေ
လိင်တူ လက်ထပ်တာကို ကမ္ဘာ့ ဒေသတချို့မှာ တရားဝင်ခွင့်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာရော ဘယ်လိုပါလဲ?
တယောက်က အခုလို မှတ်ချက်ရေးထားပါတယ် -
"သေချာတာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေထဲတော့ မပါဘူး။
လိင်တူခြင်းလက်ထပ်ထိမ်းမြားဖို့အတွက် သီးသန့်ဥပဒေပြဌာန်းဖို့ လိုမယ် ထင်တယ်။
အရေးကြီးဥပဒေတွေ ဦးစားပေးနေရတဲ့ ဒီလိုအချိန်မျိုးမှာ ဒီကိစ္စ အသိအမှတ်ပြုဖို့အတွက် တော်တော်လေးလိုဦးမယ်..."
ဒီအကြောင်းအရာဟာ တချိန်မှာ လွှတ်တော်ထဲ ရောက်သွားနိုင်ပါတယ်။ သို့သော်လည်း အကြိတ်အနယ်ဆွေးနွေးတဲ့အခြေအနေကို ရောက်ဖို့ကတော့ အချိန်အတော်ကြာအုံးမယ်လို့ ယူဆရပါတယ်။
ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် အာမခံသည့် (၈)လ သင်တန်း
ကြယ်ငါးပွင့်ဟိုတယ်ကြီးများနှင့်
ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် ရာခိုင်နှုန်းပြည့်
အာ
မခံသည့် (၈)လ သင်တန်းအား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းအား မလေးရှားနိုင်ငံအခြေစိုက် Green City International College
တွင် တက်ရောက် သင်ကြားရ မည်ဖြစ်ပြီး ကျောင်းလခအနေဖြင့် ဗီဇာကြေး၊
နေထိုင်စားသောက်မူစရိတ် အပါဝင် မလေးရှား
ရင်းဂစ် (၁၆၂၃ဝ)ဖြစ်ပြီး
သင်တန်းကာလပြီးဆုံးပါက Carnival Cruise Lines, Celebrity Cruises, Holland America
Line, Princess Cruises, P & O Cruises, Royal Caribbean Cruise Ltd,
Star Cruise နှင့် အခြားနာမည်ကြီး သဘောင်္ကြီးများတွင် အလုပ်လုပ်ကိုင် ခွင့်ရနိုင်မည်ဖြစ်ကြောင်း သိရ
သည်။
''တက္ကသိုလ်ဝင်တန်းအာင်မြင်ပြီး အင်္ဂလိပ်စာကျွမ်းကျင်တဲ့မည်သူမဆို လျှောက်ထားနိုင်ပါတယ်။ သင်တန်း
တက်နေတုန်းမှာ ဟိုတယ်ကြီးတွေမှာလဲ အချိန်ပိုင်းအလုပ်ကို တရားဝင်လုပ်လို့ရတယ်။'' ဟု Crown Education မှ ဦးအောင်ကျော်စန်း ကပြောသည်။
၎င်း သင်တန်းလျှောက်ထားလိုပါက ရန်ကုန်မြို့၊ မြေနီကုန်းရှိ Crown Education မှတဆင့်လျှောက် ထား
နိုင်ကြောင်း သိရသည်။
သင်တန်းတွင် ပထမလေးလပါတ်အနေဖြင့် ပင်လယ်ကူးသဘောင်္ကြီးများတွင် စီမံခန့်ခွဲမှုသင်တန်း (Professional Certificate in Cruise Management)အား
စာတွေ့သင်ကြားရ မည်ဖြစ်ပြီးဒုတိယလေး
လပါတ်၌
မလေးရှားနိုင်ငံကွာလာလမ်ပူနှင့် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တို့တွင်
လက်တွေ့ သင်ကြားရမည်ဖြစ်
ကြောင်း သိရသည်။
''အခုခေတ်မှာအလုပ်တစ်ခုရဖို့ အရမ်းခက်ခဲနေတာ။ ဒီသင်တန်းပြီးတာနဲ့ အလုပ်ရဖို့သေချာတယ် ဆို
တော့ အရမ်းကောင်းတဲ့သင်တန်းဖြစ်မှာပါ'' ဟု အဆင့်မြင့်ဟိုတယ်တစ်ခုမှ ဝန်ထမ်းဖြစ်သူ ကိုသူထင်က
ပြောသည်။
သင်တန်းကာလပြီးစီးပါက STCW-95 ( Standards of Training Certification and Watch keeping for Sea Farers) လက်မှတ်နှင့် Cruise Ship Diploma လက်မှတ်များရရှိနိုင်မည်ဖြစ်သည်။
''သင်တန်းပြီးရင် အလုပ်ခွင်ဝင်ရမယ်။ အတွေ့အကြုံရလာတဲ့အခါ ကျောင်းဆက်တက်ချင် သေးတယ်ဆိုရင်
ဒီလက်မှတ်နဲ့ မလေးရှား၊ အင်္ဂလန်နိုင်ငံကြီးတွေမှာရှိတဲ့ တက္ကသိုလ်ကြီးများတွင် ဆက်လက်ပညာသင်ကြား
နိုင်မယ့် အခွင့်အလမ်းလဲ ရှိတယ်။'' ဟု Crown Education မှ ဦးအောင်ကျော်စန်း ကပြောသည်။
ထိုသင်တန်းသည် သင်တန်းတက်အလုပ်ရှာနေသူများအတွက်သာ ရည်စူးခြင်းဖြစ်ပြီး Academic ပညာ
ရေးပိုင်းကို အားသာသည့် ကျောင်းသားကျောင်းသူများအတွက် တက်ရောက်ရန် အားမပေး ကြောင်း ၄င်း
က ဆက်လက်အကြုံပြုပြောဆိုသည်။
Crown Education Center:
Apple ကို လျော်ကြေးပေးလိုက်တယ်ဆိုတဲ့ အကြွေစေ့ ထိမှန်ခံရခြင်း)
~
တိတ် ~
တယောက်ယောက်က နောက်ပြောင်ပြီးရေးလိုက်တဲ့ အောက်ဖော်ပြပါ သတင်းကို တကယ်ထင်မှတ်သူ အများအပြား ရှိပါတယ် တဲ့။
ကဲ - ဖတ်ကြည့်ပါအုံး။
ဒဏ်ငွေလား … ယူပေါ့
ဒေါ်လာ ၅ ပြားစေ့တွေ အပြည့်တင်ထားတဲ့ ကုန်ကား အစည်း ၃၀ ကျော် မနေ့မနက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဌာနချုပ်ရှေ့ကို ရောက်လာပါတယ်။
ကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းတွေက ကုန်ကားတွေ နေရာမှာပြီး ရောက်လာတယ်ပေါ့။
သူတို့ထင်တာ မှားသွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မိနစ်အနည်းငယ်အကြာမှာ ဆမ်ဆုန်င် (Sumsung) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် (CEO) က ပန်းသီး CEO တင်မ် ကွတ်ခ် (Tim Cook) ကို ဖုန်းဆက်ပြီး အဲ့ဒီငွေတွေအကြောင်း ရှင်းပြတာကိုး။
“ဒီငွေတွေဟာ ကျုပ်တို့ကုမ္ပဏီက ခင်ဗျားတို့ကို ပေးရမယ့် ဒဏ်ငွေတွေပါ” တဲ့။
မူပိုင်ခွင့် ချိုးဖောက်တယ်ဆိုပြီး ဆမ်ဆုန်င် က ပန်းသီးကို လျော်ကြေးငွေ ဒေါ်လာ ၁.၀၅ ဘီလီယံပေးဖို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမြို့ (San Jose) ဖက်ဒရယ်တရားရုံး ဂျူရီလူကြီးတွေက မကြာသေးခင်ရက်ပိုင်းမှာ အမိန့်ချခဲ့တာပါ။
ဒါပေမယ့် ဒဏ်ငွေပေးဖို့ လက်မှတ်ထိုးရတဲ့ သဘောတူချက်ထဲမှာ ဘယ်လိုနည်းနဲ့ပေးရမလဲဆိုတာကို တိတိကျကျ သတ်မှတ် ထားတာမရှိတာမို့ ဆမ်ဆုန်င်အနေနဲ့ ပေးချင်တဲ့ပုံစံနဲ့ ပေးနိုင်တယ်လို့ သိရပါတယ်။
ဆမ်ဆုန်င်ဥက္ကဌ လီကွန်ဟီး (Lee Kun-hee) ကလည်း မီဒီယာတွေကို အခုလို ပြောပါသေးတယ်။
“သူတို့ဘာသာသူတို့ ဒီအကြွေစေ့တွေနဲ့ အချိုရည်ပဲ ဝယ်သောက်သောက်၊ အဲ့ဒီအကြွေစေ့တွေကို အရည်ကျိုပြီး ကွန်ပျူတာလုပ်လုပ် ကျနော်နဲ့မဆိုင်ဘူး။ ဥပဒေအတိုင်း ပေးစရာရှိတာကို ပေးပြီးပြီလေ။”
ဒေါ်လာ ၁.၀၅ ဘီလီယံအတွက် အကြွေစေ့စုစုပေါင်း ၂၀ ဘီလီယံကို သူ ဘယ်ကများ သွားရှာလာပါလိမ့်။
ကိုးကား။ http://en.paperblog.com/samsung-pays-apple-1-billion-sending-30-trucks-full-of-5-cents-coins-294795/
တကယ်တမ်းတော့ အဲဒါက တရားရုံး ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပဲ ရှိပါသေးတယ်။
တရားသူကြီးရဲ့ ဆုံးဖြတ်ချက် မဟုတ်သေးပါဘူး။
တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ထွက်လာရင် လျော်ကြေးပမာဏက ဒီထက် ပိုများသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
သို့သော်လည်း နောက်ပြောင်ရေးလိုက်တဲ့ အထက်ပါ သတင်းကြောင့် တကယ်ပဲ ၅ ဆင့်တန် အကြွေစေ့တွေ ကားနဲ့တင်ပြီး သွားပေးတယ်လို့ ထင်နေသူတွေ မနည်းမနောပါပဲ။
ခုတလော နည်းပညာသတင်းဖတ်သူတွေအတွက်တော့ အရယ်ရဆုံးဖတ်စရာတပုဒ်ပေါ့။
ပျော်စေပျက်စေ ရေးသားသူများက ဧပြီ ၁ ရက်နေ့ရောက်အောင် မစောင့်နိုင်ကြဘူး ဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတော့တယ်။
~
ဖားကန့် မှာ KIA ဆက်ကြေးကောက်ခံမှု တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရှိ
ဆင်းမ်ကတ်ကို ဝယ်ယူသည့် နေရာတွင် မဖြစ်မနေ ချိုးရန် မလိုတော့
ဆင်းမ်ကတ်ကို ဝယ်ယူသည့် နေရာတွင် မဖြစ်မနေ ချိုးရန် မလိုတော့မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်တွင်း အသုံးပြုနေသော မိုဘိုင်းဖုန်းများ အားလုံးကို Local Roaming စနစ် ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ယင်း လုပ်ငန်း၏ မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ်က ပြောသည်။
လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများသည် ယခုကဲ့သို့ Local Roaming စနစ် မဖွင့်ပေးမီက ဆင်းမ်ကတ်ကို မချိုးရသေးဘဲနှင့် အခြား နေရာဒေသများသို့ သယ်ဆောင် အသုံးမပြုနိုင်ခဲ့ပေ။
မည်သည့် အမျိုးအစား ဆင်းမ်ကတ်များကိုမဆို ကတ်မချိုးရသေးလျှင်လည်း အခြားသော နေရာများသို့ သယ်ဆောင်သွားပြီး အသုံးပြုနိုင်တော့မည် ဖြစ်သည်။ “အရင်ကဆို နယ်မှာဝယ်တဲ့ ဆင်းမ်ကတ်ကို ကတ်ချိုးပြီး မသုံးသေးဘဲ တခြားနေရာကို သယ်သွားပြီး သုံးလို့မရဘူး။ အခု ဘယ်နေရာမှာဝယ်ဝယ် ကတ်မချိုးရသေးလည်း တခြားနေရာရောက်မှ ကတ်ကို ချိုးပြီးသုံးလို့ရပြီ” ဟု အင်ဂျင်နီယာချုပ်က ဆက်လက် ရှင်းပြသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထိုကဲ့သို့ ဖွင့်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ခြင်းကြောင့် နယ်မြို့များမှ ဖုန်းအသုံးပြုသူများအတွက် အဆင်မပြေခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း မိုဘိုင်းဖုန်းအသုံးပြုသူများ ထံမှ သိရသည်။ “နှစ်သိန်းဖုန်းတွေ စစချင်း ဝယ်တယ်ဗျာ။ မိတ္ထီလာမှာ ဝယ်တာပေါ့။ ကတ်ကိုမချိုးသေးဘဲ ရန်ကုန်ရောက်မှ ချိုးပြီးသုံးတော့ မရဘူးဗျ။ အဲ့ဒါ နယ်ပြန်ပြီး ကတ်ကိုချိုးသုံးမှ လိုင်းပွင့်တယ်။
အဲ့ဒီတော့မှ မိတ္ထီလာပြင်ပ တခြားနေရာတွေ သယ်ပြီး သုံးလို့ရတယ်” ဟု မိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးက ပြောသည်။
ယုဇနကိုကို
အစိုးရတပ်များ ဆုတ်ပေးပါက နေရာမရွေး ဆွေးနွေးမည်ဟု KIO ပြော
ဖနိဒါ
အစိုးရဘက်မှ တပ်များ ဆုတ်ခွာပေးပါက မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ် လပ် ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် နေပြည်တော်တွင် နှစ်ဘက် တွေ့ဆုံလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီမှ သြဂုတ်လ ၂၅ ရက်နေ့က KIO ထံ ကမ်းလှမ်းခဲ့သည့်အပေါ် ၎င်းက တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မဆွေးနွေးရသေးဘူး။ နေပြည်တော်နဲ့ မူဆယ်မှာ တွေ့ရအောင်ပြောတာ ကြာပြီ အဖြေ မပေးသေး ဘူး။ ကျနော်တို့ပြောထားတာက လုံခြုံတဲ့ နေရာ ဘယ်နေရာဖြစ်ဖြစ် တွေ့လို့ ရတယ်။ တကယ်လို့ သူတို့ဘက်က တပ်တွေ ဆုတ်လိုက် မယ် ဆိုရင် ဗန်းမော်မှာ ဖြစ်ဖြစ် ရတယ်” ဟု ဗိုလ် မှူးကြီး ဂျီးနောင်က ပြောသည်။
ထိုကမ်းလှမ်းမှုနှင့်ပတ်သက်၍ “အစိုးရဘက်က ရှင်းရှင်းလင်းလင်း မပြောဘူး။ အလွတ်သဘော တွေ့ဖို့ပဲ ပြောတယ်။ ကျနော်တို့က အလွတ်သ ဘော မဟုတ်ဘဲ၊ တရားဝင် တွေ့ဆုံ ဆွေးနွေးချင်တာ”ဟု သူက မဇ္စျိမကို ပြော သည်။
KIO ဘက်မှ တုံ့ပြန်မှုအား စောင့်နေသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။ ပို့လိုက်သော စာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြောင်းလဲခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်၍ မူဆယ် သို့မဟုတ် နေပြည်တော်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
KIO ဘက်ကမူ တရုတ်နယ်စပ် ပရဝမ်ဒေသတွင် တွေ့ဆုံရန်သာ ပြောဆိုနေခြင်း ဖြစ်သည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ယခု နေပြည်တော်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံမည့် အစီအစဉ်သည် KIO ဘက်မှ အနည်းငယ် အခက်အခဲ ရှိနိုင်မည်ဟု ယူဆကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာက ပြောသည်။
“KIO ဘက်ကလည်း ပြန်တွေ့ဖို့ ပြောထားတယ်။ ဒါပေမယ့် ရှေ့တန်းမှာ စစ်ဆင်ရေး များလာလို့ အရင်တခေါက်ပြောတဲ့ မူဆယ်နဲ့ ဗန်းမော်မှာ မသွားနိုင်းဘူး ပြောထားတာ။ ခုလည်း ဖားကန့်ဘက်မှာလည်း တိုက်နေတုန်းပဲ။ ခုလည်း မတွေ့ဘူးလို့ ပြောတာမဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
သောကြာနေ့တွင်လည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ တင်းမာနေသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း KIO တပ်အရာရှိ တဦးက ပြောသည်။
ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ဖက် နောက်ဆုံး ဆွေးနွေးမှုတွင် အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုတ်သိမ်းပေးရန် KIO ဘက်မှ တင်ပြချက်အချို့ကို အစိုးရဘက်မှ သဘောတူခဲ့ပြီး တချို့ကို မြေပုံနှင့်တကွ စစ်ဘက်ဆိုင်ရာ အရာရှိများ ထပ်မံဆွေးနွေးရန် သဘောတူခဲ့ရာမှ ယခုထိ ပြန်လည်မတွေ့ဆုံနိုင်သေးခြင်း ဖြစ်သည်။
Posted by
ကိုကို :D
at
11:30 AM
အစိုးရဘက်မှ တပ်များ ဆုတ်ခွာပေးပါက မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ် လပ် ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် နေပြည်တော်တွင် နှစ်ဘက် တွေ့ဆုံလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီမှ သြဂုတ်လ ၂၅ ရက်နေ့က KIO ထံ ကမ်းလှမ်းခဲ့သည့်အပေါ် ၎င်းက တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မဆွေးနွေးရသေးဘူး။ နေပြည်တော်နဲ့ မူဆယ်မှာ တွေ့ရအောင်ပြောတာ ကြာပြီ အဖြေ မပေးသေး ဘူး။ ကျနော်တို့ပြောထားတာက လုံခြုံတဲ့ နေရာ ဘယ်နေရာဖြစ်ဖြစ် တွေ့လို့ ရတယ်။ တကယ်လို့ သူတို့ဘက်က တပ်တွေ ဆုတ်လိုက် မယ် ဆိုရင် ဗန်းမော်မှာ ဖြစ်ဖြစ် ရတယ်” ဟု ဗိုလ် မှူးကြီး ဂျီးနောင်က ပြောသည်။
ထိုကမ်းလှမ်းမှုနှင့်ပတ်သက်၍ “အစိုးရဘက်က ရှင်းရှင်းလင်းလင်း မပြောဘူး။ အလွတ်သဘော တွေ့ဖို့ပဲ ပြောတယ်။ ကျနော်တို့က အလွတ်သ ဘော မဟုတ်ဘဲ၊ တရားဝင် တွေ့ဆုံ ဆွေးနွေးချင်တာ”ဟု သူက မဇ္စျိမကို ပြော သည်။
KIO ဘက်မှ တုံ့ပြန်မှုအား စောင့်နေသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။ ပို့လိုက်သော စာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြောင်းလဲခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်၍ မူဆယ် သို့မဟုတ် နေပြည်တော်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
KIO ဘက်ကမူ တရုတ်နယ်စပ် ပရဝမ်ဒေသတွင် တွေ့ဆုံရန်သာ ပြောဆိုနေခြင်း ဖြစ်သည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ယခု နေပြည်တော်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံမည့် အစီအစဉ်သည် KIO ဘက်မှ အနည်းငယ် အခက်အခဲ ရှိနိုင်မည်ဟု ယူဆကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာက ပြောသည်။
“KIO ဘက်ကလည်း ပြန်တွေ့ဖို့ ပြောထားတယ်။ ဒါပေမယ့် ရှေ့တန်းမှာ စစ်ဆင်ရေး များလာလို့ အရင်တခေါက်ပြောတဲ့ မူဆယ်နဲ့ ဗန်းမော်မှာ မသွားနိုင်းဘူး ပြောထားတာ။ ခုလည်း ဖားကန့်ဘက်မှာလည်း တိုက်နေတုန်းပဲ။ ခုလည်း မတွေ့ဘူးလို့ ပြောတာမဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
သောကြာနေ့တွင်လည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ တင်းမာနေသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း KIO တပ်အရာရှိ တဦးက ပြောသည်။
ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ဖက် နောက်ဆုံး ဆွေးနွေးမှုတွင် အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုတ်သိမ်းပေးရန် KIO ဘက်မှ တင်ပြချက်အချို့ကို အစိုးရဘက်မှ သဘောတူခဲ့ပြီး တချို့ကို မြေပုံနှင့်တကွ စစ်ဘက်ဆိုင်ရာ အရာရှိများ ထပ်မံဆွေးနွေးရန် သဘောတူခဲ့ရာမှ ယခုထိ ပြန်လည်မတွေ့ဆုံနိုင်သေးခြင်း ဖြစ်သည်။
လွှတ်တော်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ အချိန်မကုန်သင့်ဟု အင်အားကြီးပါတီများ သုံးသပ်
လွှတ်တော်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ အချိန်မကုန်သင့်ဟု အင်အားကြီးပါတီများ သုံးသပ်
မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရာတွင်
သဘောထားကွဲလွဲခြင်း ၊မတိုက်ဆိုင်ခြင်းများ ဖြစ်ပေါ်တတ်သော်လည်း
လွှတ်တော်အတွင်းတွင် ဖြစ်ပေါ်နေသော ခုံရုံးကိစ္စနှင့်ပတ်သက်ပြီး ရေရှည်ဆက်လက်
အငြင်းပွားခြင်း မဖြစ်ပေါ်သင့်ကြောင်း နိုင်ငံရေးပါတီအချို့က
သုံးသပ်သည်။''ဒီမိုကရေစီစနစ်မှာတော့ မတိုက်ဆိုင်တာတွေ သဘောထားကွဲလွဲတာတွေ မညီညွတ်တာတွေတော့ ရှိတတ်ပါတယ်။ လွှတ်တော် အတွင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရေရှည်ကြာရှည် မဖြစ်သင့်ဘူးပေါ့ ဒါကိုအကြောင်းပြုပြီးဖြစ်နေရင် ပြည်သူလူထုအတွက် လုပ်နေတာမဟုတ်ဘူး အချင်းချင်းဖြေရှင်း နေရတာနဲ့ပဲ အချိန်တွေပေးနေတယ်လို့ ပြည်သူတွေထင်တာလဲ ထင်စရာပါပဲ ''ဟု ဒီချုပ်ပါတီမှနာယက ဦးတင်ဦးက သုံးသပ်ပြောဆိုသည်။
လွှတ်တော်အတွင်းတွင် ဖွဲ့စည်းခဲ့သော ကော်မတီများကို ပြည်ထောင်စုအဆင့်အဖြစ်မသတ်မှတ်ကြောင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ သတ်မှတ်ခြင်းကို မှားသည်ဟု ဝန်ခံခိုင်းခြင်း ၊ နှုတ်ထွက်ခိုင်းခြင်းသည် ကောင်းမွန်သော အခြေအနေတစ်ရပ်မဟုတ်သောကြောင့်ငြိမ်းချမ်းစွာဖြေရှင်းသင့်ကြောင်း ဦးတင်ဦးက အကြံပြုပြောဆိုသည်။
'' လွှတ်တော်ရယ်လို့ဖြစ်လာတာ တစ်နှစ်ပဲရှိသေးတယ်နော် တစ်နှစ်အတောအတွင်းမှာဒီလောက်ဖြစ်တယ်ဆိုတော့ သိပ်ပြီးတော့ မြင်ရပြုရတာတော့ စိတ်မကောင်းစရာ ပေါ့နော်။ တစ်ချို့ကတော့ နှုတ်ထွက်ရမယ်ပြုရမယ်ဆိုတာတော့ မကောင်းပါဘူး ဘာလို့လဲဆိုတော့ ဒီမိုကရေစီရဲ့စနစ်မှာကတော့ လွတ်လွတ်လပ်လပ် ပြောနိုင်တယ်ဆိုနိုင်တယ် ဆိုတဲ့ဟာကတော့ အခွင့်အရေးတွေ ရှိကြတာပဲလေ ငြိမ်းချမ်းစွာဖြေရှင်းသင့်တယ်'' ဟု ဦးတင်ဦးက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစပြုချိန်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အတွင်းတွင် မှားသည် ၊ မှန်သည်ဟု ဆုံးဖြတ်နေခြင်းသည် နိုင်ငံရေးသမား မဖြစ်နိုင်ကြောင်း တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ဥက္ကဌက သုံးသပ်ပြောဆိုသည်။
'' နုနယ်တဲ့ လွှတ်တော်လေးတစ်ခု နုနယ်တဲ့ ဒီမိုကရေစီကို အစကူးတဲ့အခါမှာ ဘာမဟုတ် တာနဲ့တောင်မှ ဒီလိုဖြစ်နေကြရင် အဲ့ဒီလောက်တောင်မှ အပေးအယူလေးတွေ အလျော့ အတင်းလေးတွေ မလုပ်နိုင်ကြဘဲ ငါမှမှန်တယ်၊ ငါပြောတာမှဆိုတာ နိုင်ငံရေးသမား ဆိုတာ ငါပြောတာမှမှန်တယ်။ ငါယူဆတာမှမှန်တယ်။ အဲ့ဒီလို တရားသေစွဲကိုင်ရင်နိုင်ငံရေးသမားမဟုတ်ဘူး။ '' ဟုတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဥက္ကဌ ဦးခင်မောင်သိန်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတို့ အငြင်းပွားမည့်အစား ပြည်သူအတွက် အကျိုးရှိသော ကိစ္စတစ်ရပ်ကို ဆွေးနွေးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။
'' ခုံရုံးကိစ္စကို အဓိကထားပြီး ဦးစားပေးမလုပ်သင့်ဘဲနဲ့ အန်ကယ်တို့လိုချင်တဲ့ Peace ဖြစ်ဖို့လုပ်ရမယ် အထွဋ်အထိပ်ဖြစ်တဲ့ လွှတ်တော်မှာတောင် မအေးချမ်းဘူးဆိုရင် သဘော ပြောပြတာပါ။ ဒီလောက်ထိမလုပ်သင့်ဘဲ ရေကြီးတဲ့ကိစ္စတွေ ပြည်သူနစ်နာနေတာတွေလယ်သမားတွေဆုံးရှုံးမှုတွေ အလုပ်သမားတွေ ဆုံးရှုံးမှုတွေ အဲ့ဒီမှာ ပြတ်ပြတ်သားသား ပြောသင့်တာတွေ ထောက်သင့်တာတွေ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးဖို့အတွက် မဟုတ်ဘဲ အဲ့ဒါမျိုးလေးတွေ အကျိုးရှိမယ့်ဟာတွေကို နိုင်ငံတော်အတွက် အကျိုးရှိအောင် ကမ္ဘာက လက်ခံလာအောင် အရှေ့တောင်အာရှမှာ ရင်ဘောင်တန်းနိုင်အောင် လိုအပ်တဲ့ အတတ်ပညာတွေ အသိပညာတွေ လိုအပ်တဲ့ အဆုံးအဖြတ်တွေ အဲ့ဒါတွေနဲ့ ကမ္ဘာကိုရင်ဘောင်တန်းပြီးထွက်နိုင်အောင်လူငယ်တွေကို ဘယ်လိုပျိုးထောင်မလဲ ဘယ်လိုပညာတော်သင်တွေလွှတ်မလဲ တိုင်းနဲ့ပြည်နယ် တွေကို မျှမျှတတဖြစ်အောင် ဗမာချည်းပဲ အခွင့်အရေးတွေ အများကြီးယူနေကြပြီးတော့ ကချင်တွေ ၊ ချင်းတွေချန်ခဲ့တာမျိုးချည်းဘဲ မဖြစ်ရအောင် ဘယ်လိုမျှမျှတတနဲ့ လုပ်ကြမယ်အဲ့ဒီဟာတွေသာလျှင်အန်ကယ်မြင်တာတော့ ဒီကာလတွေမှာ အလေးပေးပြီးတော့ ဒါတွေလုပ်သင့်ပါတယ်။ '' ဟု ၄င်းက ဆိုသည်။
နိုင်ငံတကာမှလည်း မြန်မာနိုင်ငံကို ချီးမွမ်းခန်းဖွင့်ချိန်ဖြစ်သောကြောင့် လွှတ်တော်အတွင်းတွင် အချင်းများ အငြင်းပွားမနေဘဲ လွှတ်တော်ကိုယ်စားလှယ်များ ၊ အစိုးရအဖွဲ့များ ၊ တာဝန် အရှိဆုံးပုဂ္ဂိုလ်များနှင့် အတူပူးပေါင်းဆောင်ရွက်ပြီး ခုံရုံးကိစ္စကို ဖြေရှင်းသင့်သလို နိုင်ငံနှင့်ပြည်သူအကျိုးပြုလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၄င်းက အကြံပြုပြောဆိုခဲ့သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
တာချီလိတ်တွင် ရာဘထုတ်လုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
မြန်မာပြည်အရှေ့ခြမ်း တာချီလိတ်မြို့နယ်အတွင်း ရာဘခေါ် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်တလုံးအပါအ၀င် ရာဘဆေးပြားများ နှင့် ဆက်စပ်ပစ္စည်း များ ယနေ့နံနက်က ဖမ်းမိသည်။
တာချီလိတ် ခရိုင်ရဲ၊ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် မူးယစ်အထူးအဖွဲ့မှ တာဝန်ရှိသူများကဟောင်လိတ်ကျေးရွာအုပ်စု၊၀ိန်း ကျောက်ကျေးရွာရှိမောင် လောတ၏ နေအိမ်သို့ သတင်းအရ ၀င်ရောက်ရှာဖွေရာမှ ဖမ်းမိခြင်းဖြစ်သည်ဟု အာဏာပိုင်နှင့် နီးစပ်သူ တာချီ လိတ်မြို့ခံ တဦးက အခုလို ပြောသည်။
“ကီလိုနဲ့မိတာလေ။ ရာဘက (၇) ကီလို၊ သူ့ကို လုပ်တဲ့ အမှုန့်က လေးကီလို မိ တယ်။ နောက် လျှပ်စစ်မော်တာနဲ့ ဆေးထုတ်လုပ်တဲ့ စက် တလုံးမိတယ်။ အ ရောင်စပ်တဲ့ ဆေးရည်က တစ်လီတာ တလုံးမိတယ်။ အရောင် အမှုန့်က တစ်လီတာ နှစ်လုံး၊ မိတယ်။”
ရာဘ အလုံးရေ မည်မျှရှိသည်ကို မသိသေးသော်လည်း ဖမ်းဆီးမိသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါး ကာလတန်ဖိုး သိန်း (၁၀၀၀) ကျော်ခန့် ရှိနိုင်ကြောင်း ဒေသခံက ခန့်မှန်း ပြောဆိုသည်။
လောလောဆယ် လောတ အပါအ၀င် လူလေးဦးအား တာချီလိတ် မြို့နယ် မူးယစ် အထူးတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။
ရွှေတြိဂံဒေသတွင် လှုပ်ရှားနေသည့် မူးယစ်ဆေးဝါး ခေါင်းဆောင် စိုင်းနော်ခမ်းအား လွန်ခဲ့သည့် ဧပြီလ (၂၅) ရက်နေ့က လောနိုင်ငံဖက် ခြမ်း တွင် ဖမ်းဆီးမိပြီးနောက် လက်ကျန် တပ်ဖွဲ့များ အစိုးရထံ လက်နက်ချ အလင်းဝင်ရောက် လာခဲ့သည်။
သို့သော် စိုင်းနော်ခမ်း အပါအ၀င် ၎င်း၏တပ်ဖွဲ့ဝင်များ အားနည်းသွားသော်လည်း ဒေသတွင်း မူးယစ်ဆေးဝါး လုံးဝပျောက်ကွယ်သွားမည် မ ဟုတ်ကြောင်း မူးယစ်ဆေးဝါး စောင့်ကြည့် သူများက သုံးသပ်ပြောဆိုသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း မငြိမ်မသက်မှု များကြောင့် စွပ်စွဲဖမ်းဆီးခံနေရသည့် ရခိုင်လူမျိုးများစာရင်း
ရခိုင်ပြည်နယ် ကျောက်တော်မြို့
နယ်တွင်း မငြိမ်မသက်မှုများကြောင့်
စွပ်စွဲဖမ်းဆီးခံနေရသည့် ရခိုင်လူမျိုး
များစာရင်းကိုအောက်ပါအတိုင်း
ဖော်ပြလိုရပါသည်။
(၁) ဦးမောင်အေးတင် / ၅၀-နှစ် / လယ်သမား / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၂) ဦးကျော်လှထွန်း / ၅၀-နှစ် / စာရေး / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၃) ဦးထွန်းအောင်ကြည် / ၅၂-နှစ် / လယ်သမား / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၄) ဦးအောင်ကျော်ဇံ / ၆၄-နှစ် / လယ်သမား / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၅) ဒေါ်မစော / ၅၈-နှစ် / ကျဘန်း / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၆) ဒေါ်လှစိန်နု (ခ) ဒေါ်လှတင်စော / ၃၀-နှစ် / ကျဘန်း / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂
(၇) ဦးစိုးသိန်းအောင် / ၃၂-နှစ် / ကျဘန်း / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၈) မောင်သန်းမြင့် / ၂၉-နှစ် / တက္ကသိုလ်ကျောင်းသား / ရွှေပြည်ကျေးရွာ / ၁၇-၀၆-၂၀၁၂ အဖမ်းခံရ
(၉) ဦးဦးစောလှ / ၄၂-နှစ် / လယ်လုပ် / ရွှေပြည်ကျေးရွာ / ၁၇-၀၆-၂၀၁၂ အဖမ်းခံရ
(၁၀) ဦးသိန်းမြင့် / ၄၂-နှစ် / ကျဘန်း / မဟာမုနိကျေးရွာ / ၁၇-၀၆-၂၀၁၂ အဖမ်းခံရ
(၁၁) ဦးအေးမောင် / ၃၇-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၂) ဦးထွန်းစံအောင် / ၄၀-နှစ် / လယ်လုပ် / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၃) ဦးစောလှထွန်း / ၅၀-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၄) ဦးမြင့်ဆွေ / ၂၇-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၅) ဦးအောင်ကျော်သာ / ၄၀-နှစ် / လယ်လုပ် / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၆) ဦးရွှေမြင့်မောင် / ၄၅-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၇) ဦးကျော်ဌေး / ၃၈-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၈) ဦးမောင်တင်ညို / ၂၅-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၉) ဦးအောင်ထွန်းသာ / ၅၀-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၂၀) ဦးလှထွန်းသာ / ၄၁-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၂၂) ဦးစံသာ / ၅၁-နှစ် / လယ်လုပ် / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၃) ဦးကျော်လှဖြူ / ၅၅-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၄) ဦးမောင်စံလှိုင် / ၄၅-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၅) ဦးမောင်ထွန်းဝင်း / ၃၀-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၆) ဦးအောင်သန်းဌေး / ၂၀-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၇) ဦးအေးချေ / ၃၂-နှစ် / ကျဘန်း / ရွာသစ်ကေကျေးရွာ / ၁၄-၀၈-၂၀၁၂ အဖမ်းခံရ
(၂၈) ဦးမောင်သိန်းဝင်း / ၃၅-နှစ် / ကျဘန်း / ရွာသစ်ကေကျေးရွာ / ၁၄-၀၈-၂၀၁၂ အဖမ်းခံရ
(၂၉) ဦးစောမောင်ရွှေ / အသက်မသိ / လယ်လုပ် / ကသစ်တောကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၃၀) ဦးကျော်ဆန်း / အသက်မသိ / ကျဘန်း / ကသစ်တောကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၃၁) ဦးကျော်ထွန်းဝင်း / အသက်မသိ / ကျဘန်း / ကသစ်တောကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
Coral Arakan News Agency
ရွှေမြန်မာ
ငြိမ်းချမ်းရေးကြောင့် ကားအစီးငါးရာ ဒုက္ခရောက်
ဒီနေ့ ကရင်ပြည်နယ် မြ၀တီကနေတဆင့် အနယ်နယ်အရပ်ရပ်ကို ထွက်ခွာကြမဲ့ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားကြီး အ
စီးရေ ၅၀၀ ကျော်လောက် မြ၀တီမြို့ထဲမှာ ၃ နာရီနီး ပါးပိတ်မိသွားပါတယ်။
မြန်မာအစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဘားအံသွားမယ့် KNU အဖွဲ့ရဲ့ယာဉ်တန်းအတွက် ကားလမ်း ယာယီ ပိတ်လိုက်တာကြောင့် ကားတွေ ရာနဲ့ချီ အခုလို ဒုက္ခရောက်ရတာပါလို့ ကုန်တင်ကားမောင်းတဲ့လူတွေက ပြောပါတယ်။
၁၂ ဘီးကားမောင်းသူတဦးက “မြ၀တီအထွက်ဂိတ်ဖြစ်တဲ့ တံတားကျိုးဂိတ်ကိုပုံမှန် ၆ နာရီမှာဖွင့်တယ်။ ဒီနေ့ ကားအဆင်းနေ့မှာ KNU အဖွဲ့ ဘားအံသွားတဲ့ယာဉ်တန်း ရှိလို့ မနက် ၆ နာရီက ၉ နာရီအထိ ကားထွက်ဖို့ စောင့်ခဲ့ရတယ်။ အမှန်က ကျွန်တော်တို့ကားတွေကို ဂိတ်ဖွင့်ချိန်မှာ လွှတ်လိုက်ပြီး ၉ နာရီကျမှ ပြန်ပိတ်လိုက်လည်း ရတာပဲ။ အခုတော့ အားလုံး ဒုက္ခဖြစ်ကြရတယ်” လို့ ပြောပါတယ်။
မြ၀တီကအထွက် တောင်ပေါ်လမ်းဟာ ကား ၂စီး ရှောင်လို့မရလောက်အောင် ကျဉ်းမြောင်းပါတယ်။ ဒါကြောင့် ဒီနေ့လို "ကားအဆင်းနေ့တွေ"မှာ မြ၀တီကနေ ထွက်တဲ့ကားတွေပဲ ရှိပါတယ်။ မနက်ဖြန်လို "အတက်နေ့"တွေမှာတော့ မြ၀တီကိုလာမယ့်ကားတွေပဲ ရှိပါတယ်။
အတက်နေ့၊ အဆင်းနေ့ ဆိုပြီး ကန့်သတ် သွားလာနေရတဲ့ လမ်းရဲ့ အခြေအနေကလည်း ကျင်းတွေချိုင့်တွေနဲ့ပါ။
ကုန်သည်တဦးပြောတာက -
“ထိုင်းမှာဆိုရင် မြ၀တီ-ကော့ကရိတ်ခရီးမိုင် ၄၀ လောက် ဆိုရင် သူတို့ဆီမှာ အလွန်ဆုံး တနာရီပဲ။ ဒီမှာက ၃ နာရီလောက်အချိန်ကုန်တယ်။ နောက်ပြီး ဟုတ်တိပတိလမ်းပြင်တာ မရှိပေမဲ့ လမ်းကြေးကောက်တာကတော့ မတန်တဆပဲ။ ဒီလမ်းပိုင်းမှာတာဝန်ယူ ထားတဲ့ AK ကုမ္မဏီကတော့ ပိုက်ဆံပဲကောက်ပြီး လမ်းအပေါက်တွေကိုမြေကြီးနဲ့ပဲ လိုက်ဖာနေတော့ ဒီလမ်းကြောပြန်ကောင်းဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး”
VIP ယာဉ်တန်း ဆိုတာတွေကြောင့်လည်း အပြောင်းအလဲကြီးတွေ ဖြစ်ရပါတယ် တဲ့။
“ဒီလမ်းမှာ အဆိုးဆုံးပြဿနာက လူကြီးယာဉ်တန်း၊ VIP ယာဉ်တန်း လာပြီ ဆိုရင် ရှိသမျှကားတွေ အကုန်ရပ်ပဲ။ တချို့ဆိုရင်တောထဲမှာပဲ မကြာခဏညအိပ်ရတယ်” ဆိုပြီး အဲဒီကုန်သည်က ဆက်ပြီး ရင်ဖွင့်ပါတယ်။
ဒေသခံတွေပြောဆိုချက်အရ ဆိုရင် VIP ယာဉ်တန်းထဲ ပါဝင်တဲ့ ကားတွေဟာ အရေးပါသလို ဒီလမ်းမကြီးမှာ သွားလာနေတဲ့ ကားတွေကလည်း သူ့နည်းသူ့ဟန် အရေးကြီးနေကြတာပဲ မဟုတ်ပါလား။
မြ၀တီ-ကော့ကရိတ်လမ်းအကြောင်း ပြန်ဆက်ရမယ် ဆိုရင် ~
ထိုင်း-မြန်မာနယ်စပ်ရဲ့အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောဖြစ်တဲ့ မြ၀တီ-ကော့ကရိတ်လမ်းကြောကို အစိုးရက စနစ်တကျပြင်ပေးတာ တခါမှ မရှိသေးဘူးလို့လည်း ဒီလမ်းကြောမှာ ယာဉ်မောင်းသက်တမ်း ၂၀ ရှိပြီး ဖြစ်တဲ့ ဦးစိုးမောင်က ပြောပါတယ်။
ကုန်ဈေးနှုန်းတက်ရတဲ့အကြောင်းရင်းတခုထဲမှာ ဒီလမ်းအခြေအနေဆိုးချက်လည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။
သစ်သီးကုန်သည်ဒေါ်လုံးက ထိုင်းကုန်တွေ အဆမတန် ဈေးတက်ခြင်းဟာ လမ်းခရီးကြမ်းတမ်းမှုကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း၊ လမ်းခရီးမှာ အာဏာပိုင်များက စာရင်းမရှိ အင်းမရှိ ဂိတ်ကြေး နဲ့ လမ်းတံတားကြေးများကောက်ခံခြင်းတို့ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
By Irrawaddy
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်သွားမည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်သည် ဧရာတိုင်း ဒေသကြီးမှ ရေဘေးဒုက္ခ သည်များကို သွားရောက် အားပေးရန် စက်တင်ဘာ တစ်ရက် ( မနက်ဖြန် )တွင် ပုသိမ်မြို့ သို
့သွားရောက် မည်ဖြစ်ကြောင်း ဒီချုပ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်း
ကပြောသည်။
ဧရာတိုင်းဒေသကြီး တွင် သြဂုတ်လ လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ကြောင့်မြို့ နယ် ပေါင်း ၂၄ မြို့ နယ်အတွင်း ရေလွှမ်းမိုးနှင့်ကြုံေ တွ့ ခဲ့ရပြီးမိုးစပါးဧက သုံးသိန်းနီးပါး နစ်မြုပ်ခဲ့သည်။
7Day News Journal
ဇာဂနာ ဘာကြောင့် ဆဲဆိုခဲ့သနည်း
တနေ့က ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ပြည်ပရောက် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါက်တာ
နိုင်အောင်၊ ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့် တို့ ၃ ဦးကို ရန်ကုန် လေဆိပ်ကို သွားရောက်ကြိုဆိုရင်း လူရွှင်တော် ဦးဇာဂနာက
သတင်းထောက်များကို ဆဲလိုက်တယ်ဆိုတဲ့ဖြစ်ရပ်ဟာ အတော်ပွဲဆူသွားပါတယ်။
ကမ္ဘာကပါ သိတဲ့ မြန်မာလူရွှင်တော် တယောက်အနေနဲ့ ဒီလို သတင်းထောက်တွေကို ဆဲဆိုတာမျိုး မဖြစ်သင့် ဘူးလို့ ဝေဖန်မှုတွေက ကျယ်လောင်ပါတယ်။ ဆဲဆိုသံပါတဲ့ ရုပ်သံ ပြကွက်ကလည်း အင်တာနက်မှာ ပျံ့နှံနေ တာပါ။
ဓာတ်ပုံ- ဒေါက်တာ လွမ်းဆွေဖေ့စ်ဘုတ်
ဒါပေမယ့် အခု ဒီကိစ္စကို ဒေါက်တာလွမ်းဆွေနဲ့ ချက်တင်မှာ ပြောလိုက်တာကတော့ သူဆဲတာ တွန်းချတဲ့သူကို ပါတဲ့ ။ ကံကောင်းလို့ တွန်းချသူကြောင့် နဖူးမကွဲတာပါတဲ့။ ကြားထဲက ကျန်တဲ့သူတွေက ဖွလိုက်တာလို့ ဆိုပါ တယ်။ ဖြစ်စဉ် အမှန်ကို ကာယကံရှင်တွေက အသိဆုံးဖြစ်မှာပါ။
By Irrawaddy
စစ်တွေတက္ကသိုလ် မှ ဆရာ၊ ဆရာမ (၈၂)ဦး မတရားသဖြင့် လစာဖြတ်ခံရ
ရခိုင်ပြည်နယ် စစ်တွေမြို့  စစ်တွေ တက္ကသိုလ်မှာ သြဂုတ်လ (၃၁) ရက်နေ့ က ဆရာ၊
ဆရာမများ လစာထုတ် ပေးရာမှာ လစာ အားလုံး နီးပါးကို ဖြတ်တောက် လိုက်
ကြောင်း သိရပါတယ်။ ကျောင်းကို ဇူလိုင်လ (၂၀)ရက်နေ့ မရောက် တာကြောင့်ဟု
အကြောင်းပြကာ စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်း က
ဆရာ၊ ဆရာမ (၈၂)ဦးရဲ့ လစာ အားလုံး နီးပါးကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။-----
ချယ်ရီကား ကိစ္စ တရုတ် ကုမ္ပဏီထံ မြန်မာ အစိုးရ ဖြေရှင်းချက် တောင်း
ရန်ကုန်၊ သြဂုတ် ၂၉
သြစတြေးလျနိုင်ငံတွင် ချယ်ရီ (Chery) ကားအပါအ၀င် တရုတ်နိုင်ငံထုတ်ကားများတွင် အဆုတ်ကင်ဆာဖြစ်စေသော
Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ အသုံးပြုထားခြင်းကို တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံလုပ် ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ ကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သော ကုမ္ပဏီထံ ဖြေရှင်းချက် တောင်းခံထားကြောင်း စက်မှုဝန်ကြီး ဌာနမှ ရုံးအဖွဲ့မှူး ဦးသွင်မြင့်မောင်က ပြောကြားသည်။
အဆုတ်ကင်ဆာ ရောဂါ ဖြစ်စေနိုင် သော Asbestos ဖိုင်ဘာဓာတ်များကို မော်ဒယ် အမြင့် ချယ်ရီကားများ တွင်သာ ပါပြီး မြန်မာနိုင်ငံသို့ သွင်းထားသော ချယ်ရီကားများမှာ မော်ဒယ် အနိမ့်ကား များသာဖြစ်သဖြင့် အဆုတ် ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများ မပါဝင်နိုင်ကြောင်း ၎င်းင်းက The Voice Weekly သို့ပြောကြားသည်။
“မြန်မာနိုင်ငံကို သွင်းထားတဲ့ ချယ်ရီကားတွေမှာ အဆုတ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း သုံးထားလား၊ မသုံးထားလား ဆိုတာ သိရဖို့အတွက် တရုတ်က ကားထုတ်တဲ့ ကုမ္ပဏီကို ဓာတ်ခွဲ စမ်းသပ် ခိုင်းထားတယ်။ အဖြေ ရရင် တရားဝင် ထုတ်ပြန်သွားမယ်”ဟု ဦးသွင်မြင့်မောင်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းမှ စတင်၍ မြန်မာနိုင်ငံတွင် ချယ်ရီကားများ အစီးရေ ၂၀၀၀ ကျော် သွင်းထားပြီ ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာနထံမှ သိရှိ ရသည်။
ချယ်ရီ (Chery) ကားအပါအဝင် တရုတ်နိုင်ငံထုတ် ကားများတွင် အဆုတ် ကင်ဆာဖြစ်စေသော Asbestos ဖိုင်ဘာ ဓာတ်ပစ္စည်းများ အသုံးပြုထားသည်ကို တွေ့ရှိရခြင်းကြောင့် သြစတြေးလျ နိုင်ငံတွင် ကားစီးရေ ၂၃ç၀၀၀ ကိုပြန် လည် သိမ်းယူလျက် ရှိကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများသည် အဆုတ်ကင်ဆာ ဖြစ်စေသောကြောင့် နိုင်ငံပေါင်း ၅၀ ကျော် က သုံးစွဲခွင့် ပိတ်ပင်ထားသောပစ္စည်း များဖြစ်သည်။
တရုတ်နိုင်ငံထုတ် (Chery) ချယ်ရီကားများထဲမှ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါနှင့် အဆုတ်ကင် ဆာဖြစ်ပွားစေသော Asbestos ဖိုင်ဘာ ဓာတ်ပစ္စည်းပါဝင်သည့် ကားအမျိုး အစားများမှာ J3 နှင့် T11 ကားအမျိုး အစားများဖြစ်သည်။
အန္တရာယ်ဖြစ်စေသော ဓာတ်ပစ္စည်း များပါဝင်ခြင်းကြောင့် ပြန်သိမ်းယူသည့် တရုတ်နိုင်ငံထုတ် ကားများတွင် (Chery) ချယ်ရီ အမှတ်တံဆိပ် ကားများ သာမက Great Wall အမှတ်တံဆိပ် ကားများလည်း ပါဝင်သည်။ စင်ကာပူနိုင်ငံတွင် အဆုတ် ကင်ဆာနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ ဖစ်စေနိုင်သော Asbestos ဓာတ်ပစ္စည်းကို အဆောက်အအုံသုံး ပစ္စည်း များ၌ အသုံးမပြုရန် ၁၉၈၉ ခုနှစ် ကစ၍ တားမြစ်ထားခဲ့ပြီး ကားများတွင် အသုံး မပြုရန်ကိုမူ ၂၀၀၄ ခုနှစ်က စ၍ တားမြစ် ထားခဲ့သည်။
By The Voice Weekly
ဝိဥာဉ် နှစ်ခုရဲ့ အသံ (ဖြစ်ရပ်မှန် ဇာတ်လမ်း)
ဇူလိုင်လက
မြန်မာနိုင်ငံနဲ့ မြန်မာနယ်စပ်တလျှောက် မိုး
သည်းကြီးမည်းကြီးရွာချိန်ပေါ့။ လူကြီးတယောက်က သူရဲ့ ၇ နှစ်အရွယ် သမီးလေးနဲ့
၅ နှစ်အရွယ်သားလေးကို သူနဲ့အတူ မျှစ်ချိုးသွားဖို့ ခေါ်လိုက်တယ်။
တောင်ရဲ့တဖက်ခြမ်းမှာ … တဲ့။ ကလေး လေးတွေက မိုးရေထဲ ပြေးဆော့နေကြတယ်။
အခုသွားရမှာက
အဖေနဲ့ အတူတူ နဲနဲလေး ဝေးမှာမို့ ကလေးတွေက
အရမ်းကိုပျော်နေကြတယ်။ကလေးနှစ်ယောက်က အဖေနဲ့အတူ ပျော်ရွင်စွာ
လိုက်သွားကြတယ်။တောနက်လာတဲ့နောက်မှာ ကလေးနှစ်ယောက်က အဖေနဲ့ကွဲပြီး လမ်း
ပျောက်သွားတယ်။
သမီးကြီးက မောင်လေးရဲ့လက်ကို ကိုင်ထားပြီး အဖေ့ကို
လိုက်ရှာလေတယ်။အဖေ့ကို လိုက်ရှာလေ … မတွေ့တော့လေ ပဲ။အဖေကိုယ်တိုင်က
လမ်းစဖျောက်လိုက်တယ် ဆိုတာကို ကလေးနှစ်ယောက်က မသိလဲမသိဘူး၊ တွေးထင် ရလောက်
အောင်လည်း ဉာဏ်မီအုံးမှာ မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတာကိုလည်း
တွေးတတ်အုံးမှာ မဟုတ်ဘူး။
တကယ်တော့ မိထွေးက လင်ပါ သမီးနဲ့သားကို
ဘယ်လိုမှ လက်မခံလို့ ဖခင်ဖြစ်သူကသမီးလေးနဲ့ သားကို တောနက်ထဲ
သွားပစ်ထားခဲ့ရတာ။ဒါဟာ ကြားဖူးနေကျ ဒဏ္ဍာရီပုံပြင်လို့ ထင်ကြမှာ။ ခုဟာက ၂၀၀၆
ဇူလိုင်လ က ထိုင်း-မြန်မာ နယ် စပ်ရွာက တကယ့်အဖြစ်မှန်ပါ။
ကလေးနှစ်ယောက်က အဖေ့ကို လိုက်ရှာရင်း အဖိုးကြီးတယောက်ကို တွေ့တယ်။ကလေးက အားရဝမ်းသာနဲ့
"ဖိုးဖိုး ဘယ်ကိုပြန်မှာလဲ ဟင်?"
"
သမီးတို့က --- --- --- ရွာ၊ ဇုံ --- --- မှာ နေတယ်။ သမီးက ---
---ကျောင်းမှာ ၂ တန်း ကျောင်းနေတယ်။ သမီးတို့ကို
ပြန်လိုက်ပို့ပေးပါနော်လို့ …” တောင်းပန်ကြတယ်။
ကလေးလေး နှစ်ယောက်က မိုးသည်းထဲမှာ တုန်နေတယ်။ ချမ်းနေတာရော၊ ကြောက်နေတာရော ပေါ့။အဖိုးကြီးက တွေးမိတယ်။
“ဒီလို
တောနက်တဲ့နေရာမှာ ဘယ်ကလေး မှ မရောက်နိုင်ဘူး။ ဒါဟာ လူ
ကလေးတွေမဟုတ်နိုင်ဘူး။ ငါ့ကို တော ခြောက် နေတာ။ ဒါဟာ နာနာဘာဝ သရဲ …”
ဆိုပြီးထွက်ပြေးရော။
ကလေးနှစ်ယောက်ကလည်း အဖိုးကြီးနောက်ကို
ပြေးလိုက်တယ်။ ဒါပေမဲ့လိုက်မမီခဲ့ဘူး။ အဖိုးကြီး ရွာပြန်ရောက် သွား တယ်။
၁ရက်၊ ၂ရက်၊ ၃ရက်…စိတ်ထဲမှာ မပျော်ဘူး။ ကလေးနှစ်ယောက်ကို မျက်စိထဲပဲ
မြင်ယောင်နေတယ်လေ။
စိတ်ထဲ တမျိုးကြီး ဖြစ်နေတာမို့ ရွာက
ရွာလူကြီးတွေကို ပြောပြတယ်။တာဝန်ကျတဲ့ နယ်စပ်လူကြီးတွေနဲ့အတူ အဲဒီ တော
ထဲကို သွားပြန်ကြည့်တော့သစ်ပင်ကြီးကြီး တပင်အောက်မှာ လဲရက်နဲ့ အမဖြစ်သူက
မောင်လေးကိုဖက်ထား ရင်းနဲ့ နှစ်ယောက်စလုံး အသက် မရှိကြတော့ဘူး။
အခု
ဖြစ်ရပ်မှာ လူသားမဆန်ဘဲ မိန်းမဘက်လိုက်တဲ့ ဖခင်ကို
အပြစ်တင်မလား။သွေးသားမဟုတ်လို့ လက်မခံနိုင်တဲ့ မိထွေးကို
အပြစ်ပြောမလား။လူမှန်း မသိ သရဲမှန်း မသိတဲ့ အဖိုးကြီးကိုပဲ
အပြစ်ဖို့မလား။ဘယ်သူက ဘာဖြစ်တယ် စ သည်ဖြင့် အပြစ်ရှာနေမယ့် အစား၊ ခု ...
ကလေးလေးနှစ်ယောက်ရဲ့ ဝိဥာဉ်က အသနားခံ နေတယ်။ တောင်း ဆိုနေ တယ်။
ရွာကို ပြန်ပို့ပေးဖို့ မဟုတ်ဘူး။ အဖေ့အိမ်ကို ပို့ပေးဖို့ မဟုတ်ဘူး။
အသိတရား … မေတ္တာတရား အကြင်နာတရား ... အမှောင်ကျနေတဲ့ လောကကြီးမှာ …
သူတို့နှစ်ယောက်လို အဖြစ်ဆိုးမျိုး ထပ်မဖြစ်ရလေအောင် ကူညီပေးကြဖို့ပဲ။
**တိုကျိုမြို့ ၌ စက်ရုပ်အမျိုးသမီး စားသောက်ဆိုင်ဖွင့်လှစ်**
ဖိတ်ခေါ်မှုများလည်း ပြုလုပ်လျက်ရှိသည်။ ယင်းစက်ရုပ်စားသောက်ဆိုင်အတွင်း ဝင်ရောက်စားသုံးပါက ဘင်တိုဖျော်ရည်တစ်ပုလင်း၊ ဖျော်ယမကာတစ်ခွက်နှင့် စက်ရုပ်အမျိုးသမီးများ၏ ဖျော်ဖြေမှုများအတွက် အမေရိကန်ဒေါ်လာ ၆၄ ဒေါ်လာခန့် ကုန်ကျမည်ဖြစ်သည်။ ၄င်းစက်ရုပ်စားသောက်ဆိုင်တွင် ၃ ဒသမ ၆ မီတာမြင့်သော အမျိုးသမီးစက်ရုပ်များကိုထားရှိရန် သုံးနှစ်ကြာမျှ စီစဉ်ခဲ့ရကြောင်း၊ စက်ရုပ်စားသောက်ဆိုင်အတွက်ဂျပန်ယန်းငွေ ၁ဝ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း ဆိုင်ပိုင်ရှင်က ပြောကြားသည်။ (အင်တာနက်)
ABSDF တောင်ပိုင်းစခန်းတွင် တပ်မတော်ထောက်လှမ်းရေးမှဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသူ ကိုစိုးလင်းနှင့်တွေ့ဆုံခြင်း
Eleven Media Group:
ရှင်းစရာရှိတာတွေကို အရင်မရှင်းဘဲ လက်ဝါးချင်းရိုက်ပြီးပြန်လာတာလို့ပဲမြင်ပါတယ် ( ABSDF တောင်ပိုင်းစခန်းတွင် တပ်မတော်ထောက်လှမ်းရေးမှဟုစွပ် စွဲကာ ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသူ ကိုစိုးလင်းနှင့်တွေ့ဆုံခြင်း)
၁၉၈၈ ခုနှစ်ပြည်သူ့အရေတော်ပုံကြီး အပြီးတွင် မြန်မာနိုင်ငံနယ်စပ်စခန်းများရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ရှိရာသို့ ကျောင်းသားလူငယ်များ ၎င်းတို့၏နိုင်ငံရေး ယုံကြည်ချက်ကိုအကောင်အထည်ဖော် ရန်
သွားရောက်ခဲ့မှု များရှိခဲ့ပါသည်။ ABSDF ဆိုသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ
ကျောင်းသာများဒီမိုကရက်တစ် တပ်ဦးကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး
ဒီမိုကရေစီရရှိရန် ကြိုးပမ်းခဲ့ကြသည်။ ထိုကဲ့သို့ကြိုးပမ်းနေစဉ်
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသ၌ ကျောင်းသား အချင်းချင်း
တပ်မတော်ထောက်လှမ်းရေးမှဟု စွပ်စွဲကာညှင်းပန်းသတ်ဖြတ်ခဲ့မှု
ဖြစ်စဉ်များပေါ်ပေါက်ခဲ့ပါသည်။ အဆိုပါစွပ်စွဲသတ်ဖြတ်မှုမှာ မြောက် ပိုင်း
ဒေသဟုခေါ်တွင်နေသည့် ပါဂျောင်ဒေသမှသည် တောင်ပိုင်းဟု ခေါ် သည့်
မာနယ်ပလောဒေသသို့ပါ ကူးစက်သွား ခဲ့သည်။ မြောက်ပိုင်းဒေသမှ
နှိပ်စက်သတ်ဖြတ်မှုများနှင့် ပတ် သက်ပြီး နှစ်ပေါင်း ၂၀
ကာလကျော်လွန်ခဲ့ပြီးနောက် ရှုထောင့်အသီးသီးမှပြောဆိုမှုများ ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် မြောက်ပိုင်းဒေသမှ ဗဟိုညီလာခံ တက်ရောက်ရန် တောင်ပိုင်းဒေသသို့သွားရောက်ရင်း
ထောက် လှမ်းရေးဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရကာ စစ်ဆေးနှိပ်စက်ခံရပြီး
ABSDF စစ်ကော်မတီ၏ ထောင်ဒဏ် ၁၀ နှစ်အပြစ်ပေးခြင်းခံခဲ့ရသူ
ကိုစိုးလင်းနှင့်တွေ့ဆုံပြီး ထိုစဉ်ကကြုံတွေ့ခဲ့ရသော
အဖြစ်အပျက်များကိုမေးမြန်းခဲ့ သည်များအား ပြန်လည်တင်ပြအပ်ပါသည်။
ရှင်းစရာရှိတာတွေကို အရင်မရှင်းဘဲ လက်ဝါးချင်းရိုက်ပြီးပြန်လာတာလိ
၁၉၈၈ ခုနှစ်ပြည်သူ့အရေတော်ပုံကြီး အပြီးတွင် မြန်မာနိုင်ငံနယ်စပ်စခန်းများရှ
မိုးသီးဇွန်ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိ
Popular Myanmar News Journal:
မိုးသီးဇွန်ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်
ရန်ကုန်လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိလာသည်။
၎င်းတို့အဖွဲ့ကို လူဘောင်သစ်ပါတီအဖွဲ့အပါအ၀င်နို
င်ငံရေးလှုပ်ရှားသူ အများစုလေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။
ပြည်တွင်း၌နေထိုင်ခွင့် ဘယ်လောက်ရသလဲ ၎င်းတို့ မသိဘူးကြောင်း
ခန့်မှန်းချေနေထိုင်ခွင့် တလခန့့် ရမည်ဟု အဖွဲ့တွင်းပါလာသူတစ်ဦးကပြောသည် ။
မြန်မာပြည်ရောက်ချိန်တွင် ၎င်းတို့အနေဖြင့်ကချင်ဒေသကိုလည်းသွားရောက်မည်ဖြစ်ပြီး
ပြည်တွင်း၌လက်ရှိ နိုင်ငံရေးလှုပ်ရှားနေသည့် ဒေသများ အဖွဲ့အစည်းများထံကို သွားရောက်တွေ့ဆုံမည်ဟုသိရသည်။
ယနေ့ ရန်ကုန်သို့ ရောက်ရောက်ခြင်းေ၇ွှတိဂုံဘုရားနှင့်
အင်းယားကန်သို့ သွားရောက်မည်ဖြစ်သည်။
ယခုလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံကိုလာရောက်သည့်ကိ စ္စနှင့်
ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲ ကို ယုဇနဟိုတယ်တွင် ပြုလုပ်မည်ဟုသိရသည်။
မိုးသီးဇွန်ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်
ရန်ကုန်လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိလာသည်။
၎င်းတို့အဖွဲ့ကို လူဘောင်သစ်ပါတီအဖွဲ့အပါအ၀င်နို
ပြည်တွင်း၌နေထိုင်ခွင့် ဘယ်လောက်ရသလဲ ၎င်းတို့ မသိဘူးကြောင်း
ခန့်မှန်းချေနေထိုင်ခွင့် တလခန့့် ရမည်ဟု အဖွဲ့တွင်းပါလာသူတစ်ဦးကပြောသည်
မြန်မာပြည်ရောက်ချိန်တွင် ၎င်းတို့အနေဖြင့်ကချင်ဒေသကိုလည်းသွ
ပြည်တွင်း၌လက်ရှိ နိုင်ငံရေးလှုပ်ရှားနေသည့် ဒေသများ အဖွဲ့အစည်းများထံကို သွားရောက်တွေ့ဆုံမည်ဟုသိရသည်။
ယနေ့ ရန်ကုန်သို့ ရောက်ရောက်ခြင်းေ၇ွှတိဂုံဘုရားနှင့်
အင်းယားကန်သို့ သွားရောက်မည်ဖြစ်သည်။
ယခုလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံကိုလာရောက်သည့်ကိ
ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲ