This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, July 9, 2013

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ


        ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။
ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက်တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း


        
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေး အတွက် ကောင်းကြောင်း လေ့လာ ချက် အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော

အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစားကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်လိုပိုးလောက်စ်က “ကျွန်မတို့ရဲ့ တင်ပါးနဲ့ ပေါင်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေဟာ ဝမ်းဗိုက်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေနဲ့ မတူပါဘူး။ ကျန်းမာရေး အတွက် ကောင်းတဲ့ ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရော ရှိသလိုပဲ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီဆိုတာ ရှိပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေဟာ ခန္ဓာကိုယ် အထက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေနဲ့ မတူပါဘူး” ဟုဆို၏ ယခုတွေ့ရှိချက်အရ လူတစ်ဦး၏ ခါးနှင့် တင်ပါးအချိုးသည် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးဖြစ်သော BMI ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းရန် အသုံးဝင်သည်ဟု ဆိုသည်။ ဘီယွန်ဆေးနိုးသည် ဝသော်လည်း တင်ပါးနှင့် ပေါင်လုံးကြီးပြီး ကျန်းမာသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်

TV မှ မြ၀တီလိုင်းကို android ဖုန်းပေါ်တွင်တိုက်ရိုက်ကြည့်မယ်

ပထမဆုံး vplayer လေးကို မိမိ android ဖုန်းထဲသို့ install လုပ်လိုက်ပါ vplayer download link
http://www.mediafire.com/download/kgufpybt2hkqt0b/me.abitno.vplayer...
ပထမဆုံး အင်တာနက် ဖွင့်ပါ ။ပြီးရင် vplayer ကိုဖွင့်လိုက်ပါ.......... ပြီးလျှင် stream ကို ရွေးပေးပါ......
ညာဘက်အပေါ် ဒေါင့်နားလေးက + ကိုနှိပ်လိုက်ပါ....Add stream ဆိုပြီးဖြည့်ဖို့ဇယားကွက်လေးကျလာပါမယ်
Group ဆိုတဲ့နေရာမှာ Default ပဲထားပါTittle ဆိုတဲ့နေရာမှာ MWD လို့name ပေးလိုက်ပါ
Stream ဆိုတဲ့နေရာမှာ http://www.myawaddy.net.mm/mwdlive လို့ရေးပြီး ok ကိုနိုပ်လိုက်ပါ....loading လုပ်နေပါလိမ့်မည်၊ ပြီးလျှင်အဆင်ပြေပြေကြည့်ရှုနိုင်ပါပြီ

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ နှင့် ပတ်သတ်ပြီး ဒေါ်စန္ဒာမင်း မေးမြန်းချက်

(ဒေါ်စန္ဒာမင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ပြည်သူ့လွှတ်တော် ဥက္ကဌကြီးရှင် … ကျွန်မဒီနေ့ မေးမြန်းမဲ့မေးခွန်းလေးကတော့ ၁၉၄၉ ခုနှစ်
ပြည်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေနှင့်ပတ်သက်ပီး မေးမြန်းလိုခြင်းဖြစ်ပါတယ်…

ပြည့်တန်ဆာဆိုတာ ဗုဒ္ဓခေတ်ကတည်းက ရှိခဲ့တာပါ…
ကျမ်းဂန်တွေအရတော့ နာဂါဆိုဘီနီ nagar sobhini လို့ ခေါ်ဆိုကြပြီး မြို့တော်မှပိုင်ဆိုင်တဲ့အလှမယ်ဆိုတဲ့အဓိပါယ်ရပါတယ်…

နိုင်ငံပိုင်ပြည့်တန်ဆာ အဖြစ် အသက်မွေးရတဲ့ ရာထူးအဆင့်ကို အပ်နှင်းလိုက်ချင်းပါ… ဆိုဘီနီခေါ်ပြည့်တန်ဆာဘွဲ့အပ်နှင်းခြင်းကို ဝဇီ(Vajji) ဘုရင်က စတင်အပ်နှင်းတယ်လို့လည်း ကျမ်းဂန်တွေအရသိရပါတယ်…
ရှေ့ဟောင်း ဗုဒ္ဓဘာသာ စာပေတွေမှာတော့ ပြည့်တန်ဆာတွေကို အဆိုးမြင်သဘောထားတွေနဲ့ ဖော်ပြထားတာမရှိပါဘူး…
ဗုဒ္ဓကိုယ်တိုင် ဒီလိုမျိုးအမျိုးသမီးတွေကို ဇာတ်နိမ့်ဇာတ်မြင့် ဒါမှမဟုတ် အယူဝါဒ မခွဲခြားဘဲ နိဗာန်ကို လျှောက်လှမ်းခွင့်ပေးခဲ့ပါတယ်…

ဝေသာလီပြည်က အမပါလီဆိုတဲ့ ပြည့်တန်ဆာဟာ
ကသဖဘုရားရှင်လက်ထက်မှာ ဘီက္ခူနီဖြစ်ခဲ့ပြီး တာဝတီံသာနတ်ပြည်မှ စံစားခဲ့ရကာ ဆုတေပြီးနောက် နောက်ဆုံးဘဝအဖြစ် ဂေါတမ ဘုရားရှင်လက်ထက်မှာလည်း ပြည့်တန်ဆာ ထပ်ဖြစ်ခဲ့ပြီး ဗုဒ္ဓရဲ့တရားတော်တွေကြောင့် ရဟန်းနာ ဘဝကို ရောက်ခဲ့ပါတယ်။
သာလာဝတီ ဆိုတဲ့ ပြည့်တန်ဆာဟာလည်း ဘုရားရှင်နဲ့ သံဃာတွေကို ဆေးကုသပေးရတဲ့ သမားတော်ကြီး ဇီဝကရဲ့ မယ်တော်ပါ။ ဆိုလိုခြင်တာက ပြည့်တန်ဆာတွေဟာ ဗုဒ္ဓလက်ထက်ကတည်းကရှိခဲ့ပြီး ကျွတ်တန်းဝင်သွားခဲ့တယ်ဆိုတာပါ။

လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်....

ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံတိုင်းမှာ ပြည့်တန်ဆာတွေရှိနေပါတယ်… ဘာသာရေးအထိန်းအကွပ်ကြောင့် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးတဲ့နိုင်ငံနဲ့ မဖွံ့ဖြိုးတာပဲ ကွာပါတယ်… ပြည့်တန်ဆာတွေနဲ့ ပက်သက်တဲ့ဥပဒေတွေကိုလည်းကမ္ဘာနိုင်ငံ့အများစုမှာ ပြထန်းထားပါတယ်… အာရှဒေသက ဂျပန်၊ တရုတ် ၊ ထိုင်း ၊ စင်ကာပူ တွေမှာဆိုရင် တရားဝင်ဈေးကွက်အဖြစ်ကိုသက်မှတ်ပေးထားတာပါ… ဒါဟာ လူဖြစ်နေလို့ မလွန်ဆန်နိုင်တဲ့လူတန်းစားတွေအတွက် သီးခြားသက်မှတ်ပေးထားတာလည်းဖြစ်ပါတယ်…

ဘယ်နိုင်ငံမဆို ပြည့်တန်ဆာက အနည်းနဲ့အများရှိနေပါတယ်…
မြန်မာနိုင်ငံမှာ လည်း ပြည်တန်ဆာဆိုတာ ခေတ်အဆက်ဆက်တိုင်ရှိခဲ့ပီ ယနေ့အချိန်ထိလျော့နည်းပပြောက်သွားခြင်းမရှိသေးပါဘူး…

လေးစားအပ်ပါသေား ဥက္ကဌကြီး .ရှင့်....

၁၉၄၉ခုနှစ် ဧပြီ ၂၁ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ပြည့်တန်ဆာ ပပျောက်ရေးဥပဒေဟာ တချို့နေရာတွေမှာ ဥပဒေကို လက်တစ်လုံးခြားကျင့်သုံးတဲ့ တာဝန်ရှိသူအချို့ကြောင့် ပြည့်တန်ဆာတွေအနေနဲ့ ပိုမိုနှစ်နာရပါတယ်… ဘယ်သူမဆို ဒီဘဝကို ဝဋ် ရှိလို့သာရောက်ခဲ့ရတာပါ… ငွေကိုလွယ်လွယ်ရလိုမှု ၊ လုပ်စရာ အလုပ်အကိုင်မရှိလို့ လုပ်ရကာနေ နှစ်မွန်းသွားပြီး မထူးဇာတ်ခင်းကြတဲ့သူတွေလည်းအများကြီးပါ…
ရုန်းထွက်ချင်ပေမဲ့ ကောင်းရာကောင်းကြောင်းလုပ်ရင် တစ်လ တစ်သိန်းလောက်တောင် မရဘဲ ၄၊၅ ရက်လောက်နဲ့ တစ်သိန်းရတယ်ဆိုပြီး နစ်မွန်းနေသူတွေလည်း အများကြီးပါ… သူတို့အတွက် မထူးတော့တဲ့အခြေအနေမို့ ဆက်လုပ်နေရတဲ့သူတွေလည်း ရှိပါတယ်…

ဒီအခါမှာ ၁၉၄၁ ခုနှစ်ပြည့်တန်ဆာ ပပျောက်ရေးဥပဒေကို အလွဲသုံးသူတချို့ကိုလည်း ပြည့်တန်ဆာတွေရင်ဆိုင်နေကြရပါတယ်… စီမံချက်ရှိရင် မကျေနပ်ရင် ကွန်ဒုံးဆောင်ထားတဲ့ သာမန်ရိုးရိုးမိန်ကလေးကိုတောင်မှ ပြည့်တန်ဆာအဖြစ်မြူဆွယ်လုပ်ကိုင်တယ်ဆိုပြီး ဖမ်းလို့ရပါတယ်… ပြည့်တန်ဆာတွေအနေနဲ့လည်း
သူတို့ရဲ့ကျန်းမာရေးအတွက် ကွန်ဒုံးကို ဆောင်ရမှာပါ…

ရဲတချို့ကတော့လူကိုမခင်ရင် ထောင်ထဲပို့ပြီး လူကိုခင်ရင် မူကိုပြင်ပြီး အိပ်ခန်းထဲခေါ်သွားကြတယ်လို့လည်း ပြည့်တန်ဆာလောက ကနေသိနေရပါတယ်…
ဒီအတွက် ပြည့်တန်ဆာတွေကို ဘယ်ထိန်းသိန်းမလည်းဆိုတာကျွန်မတို့စဉ်စားရတော့မယ်

၁။.....ဒီအလုပ် လုပ်တဲ့သူတွေကို ကျန်းမာရေးအရ ဆေးစစ်ပြီးသာဖြစ်လို့ လိင်နဲ့ပတ်သက်တဲ့ရောဂါတွေ ကူဆက်ပြန့်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာဖြစ်ပါတယ်…
၂။ …… ပြည့်တန်ဆာဆိုပေမယ့် နိုင်ငံသားတစ်ဦးဖြစ်လို့ နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိတဲ့ တရားဥပဒေနဲ့အခွင်းအရေးတွေကိုလည်း ပြည့်တန်ဆာတွေရရှိနိုင်မှာဖြစ်ပါတယ်…

၃။မနေနိုင်တဲ့အမျိုးသားတွေအနေနဲ့လည်း ဒီလိုနေရာတွေကို တရားဝင် သွားရောက်နိုင်တဲ့အတွက် ကလေးသူငယ် အရွယ်လေးတွေ မုဒိန်းကျင့်ခံရခြင်း၊ မိကောင်းဖခင် အမျိုးသမီးလေးတွေအပေါ် ပစ်မှတ်ထားနိုင်တဲ့ အမျိုးသားတွေရဲ့ အန္တရာယ်ကနေ အတိုင်းအတာတစ်ခုထိ လျှော့ပါစေမှာဖြစ်ပြီး မဒိန်းမှုအန္တရာယ်ကိုလည်း အတိုင်းအတာတစ်ရပ်အထိလျှော့ချနိုင်မယ်လို့ ယူဆမိပါတယ်…


လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်..

ကျမ...မေးချင်တဲ့....မေးခွန်ူးတွေကတော့. ......ပြည်ထောင်စုသမ္မတ အစိုးရလက်ထက်မှာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်းအရေးအတွက် ဘယ်လောက်ရှိပါသလဲ…

အဆိုပါမှုခင်းများဖြစ်ပွာ်းရခြင်းမှာ နိုင်ငံ့ရဲ့ဆင်းရဲမွဲတေမှုပြသနာနဲ့ အလုပ်အကိုင်ရှားပါမှု ပြသနာတို့ကြောင့် ပြည့်တန်ဆာမှုခင်းအများအပျားဖြစ်လာပြီး ဖမ်းဆီး ပြစ်ဒဏ်ပေးရုံနဲ့ ပြည့်တန်ဆာလုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်တွေများပျားလာခြင်းကို ဟန့်တားနိုင်မှာလား …

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ အရေးယူခံရတဲ့အမျိုးသမီးများဟာ အကျဉ်းထောင်ထဲမှာ HIV/AIDS ရောဂါပပြောက်ရေးအတွက် လည်းကောင်း၊ ဘ၀သစ်ပြန်လည်ထူထောင်ရေးအတွက်လည်းကောင်း၊ကျန်းမာရေး လူမှုရေးရှု့ထောင့်ကနေပြီးတော့ ထောင်ကထွက်လာတဲ့အခါမှာ ဘယ်ကဲ့သို့ကူညီထားပါသလဲ…

အကျဉ်းထောင်မှပြန်လည်လွှတ်မြောက်လာတဲ့အခါမှာ မူလပြည့်တန်ဆာလုပ်ငန်းကိုပြန်လည် မရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်မှမည်ကဲ့သို့ထားစီမံရှိပါသလဲ…

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေဟာ ယနေ့ခောတ်ကာလနှင့်လိုက်လျောညီထွေးမှုမရှိတော့တဲ့အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲ့ရန် အစီအစဉ်ရှိပါသလားဆိုတဲ့မေးခွန်းကိုမေးမြန်းချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးးတင်ပါတယ်ရှင်-

ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် အစိုးရနှင့် ဒေါ်စု ဝေဖန်

 အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရန်ဂျန် မာသိုင်း Ranjan Mathai က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မူ ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ၎င်းတို့၏ သဘောထားကို ကြားသိခဲ့ရခြင်းဖြစ်ကြောင်း အိန္ဒိယ နေ့စဉ်ထုတ် သတင်းစာများက ရေးသားကြသည်။

မြန်မာဝန်ကြီးအနေဖြင့် တနင်္ဂနွေအဖြစ်အပျက်နှင့် အကြမ်းဖက်သမားများ ကွန်ယက်ဖွဲ့နေမှုကို ရှုတ်ချ ပြစ်တင်ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည့်နေဖြင့် အဆိုပါ အဖြစ်အပျက်အပေါ် ထိခိုက် တုန်လှုပ်မိရကြောင်းနှင့် လုံခြုံရေး ပိုမိုချထားပေးရန် မျှော်လင့်ကြောင်း အိန္ဒိယ သတင်းစာများက ဆိုသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရရှိချက်များကိုလည်း မြန်မာနိုင်ငံနှင့် မျှဝေသွားမည်ဟု မစ္စတာ မာသိုင်း က ပြောဆိုခဲ့သည်။

“ရရှိလာတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံနဲ့ မျှဝေသွားမှာပါ။ ဗုဒ္ဓဂယာကို ငြိမ်းချမ်းပြီး ဘုရားဖူးရာအရပ်အဖြစ် ဆက်လက် တည်နေစေပါမယ်”

ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း တည်ဆောက်သွားမည်ဟု ဆိုသည်။

ဒဏ်ရာရ မြန်မာသံဃာတော်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရမယ့် အန္တရာယ် မရှိတော့ဘဲ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောဆိုခဲ့သည်။

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေ နံနက်စောပိုင်းက နာရီဝက်အတွင်း ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရမှုနှင့် ပတ်သက်၍ အိန္ဒိယ၏ သံခင်းတမန်ခင်း ဆက်ဆံရေးတွင် အရှက်ရစရာတခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ တရုတ်၊ ဂျပန်၊ ဘူတန်နိုင်ငံတို့နှင့် ဖြစ်သည်။ ထိုနိုင်ငံများအတွက် အိန္ဒိယမှာ ကမ္ဘာ့ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း ထူးခြားမှု ရှိနေသည်။

ထို့ကြောင့် နိုင်ငံတကာဆိုင်ရာ ဘာသာရေး အဆောက်အအုံများအား လုံခြုံရေး နှစ်ဆတိုးမြှင့်ချထားဖို့ ဖြစ်လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ၊ အထူးသဖြင့် မူဆလင်များနှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံများ လုံခြုံရေးပိုင်းတွင် အိန္ဒိယအနေနှင့် ပိုမိုစွမ်းသန်သည့် ကဏ္ဍမှ ပါဝင်ဖို့ လိုအပ်လာကြောင်း သတင်းစာများက ထောက်ပြကြသည်။

မဟာဗောဓိ ပရဝုဏ်အတွင်းတွင်ပင် ဗုံး လေးလုံး ပေါက်ကွဲခဲ့ရာ PhD ဘွဲ့ယူရန် ပညာသင် ရောက်ရှိနေသော မြန်မာသံဃာတပါးနှင့် တိဘက်လူမျိုးတဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဂါယာဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသည်။

လုံခြုံရေး ကင်မရာများ၏ မှတ်တမ်းများအရ မသင်္ကာသူ နှစ်ဦးကို ပုံဖော်နိုင်ခဲ့ပြီး စုံစမ်းထောက်လှမ်းရာမှ တဦးကို တနင်္လာနေ့က ဖမ်းဆီးရမိပြီး စစ်ဆေးနေဆဲဖြစ်သည်။

» ရွှေတိဂုံနှင့် မန္တလေး အထင်ကရဘုရားများ လုံခြုံရေး တိုးမြှင့်

 ရန်ကုန်၊ ဇူလိုင် ၈

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် ဗုံးကွဲမှုအပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ ရွှေတိဂုံစေတီတော်နှင့် မန္တလေးတိုင်းဒေသကြီးရှိ အထင်ကရ ဘုရား၊ စေတီ၊ ပုထိုးများကို လုံခြုံရေး တိုးမြှင့်ချထားဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

ဗုဒ္ဓဂယာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ကာကွယ်ရန်အတွက် လုံခြုံရေးအရ စီမံဆောင်ရွက်မှုများ လုပ်ဆောင်နေသည်မှာ မှန်ကန်ကြောင်း၊ သို့သော် မည်ကဲ့သို့ ဆောင်ရွက် မည်ကို လုံခြုံရေးအရ အသိပေး ပြောဆိုနိုင်ခြင်း မရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ရွှေတိဂုံစေတီတော်တွင် လုံခြုံရေး တိုးမြှင့်ချထားရန် ဇူလိုင်လ ၈ ရက်နေ့ ညနေ ၃ နာရီခန့်က အဆိုပါ ဘုရား ရုံးခန်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ အစိုးရအဖွဲ့များ၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း တာဝန်ရှိသူများ က အစည်းအဝေး ပြုလုပ်ကာ ဆွေးနွေး တိုင်ပင်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လက်ရှိထက် လုံခြုံရေးကို ပိုပြီး တိုးမြှင့်မယ်။ သက်ဆိုင်ရာ ဂေါပကအဖွဲ့ နဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်သွားပြီး ရဲတပ်ဖွဲ့ရဲ့ စီမံအုပ်ချုပ်မှုနဲ့ လုပ်ဆောင်သွားမှာပါ။ ဗုဒ္ဓဂယာမှာ ဗုံးပေါက်လို့ ချည်းရယ်လို့ မဟုတ်ပါဘူး။ အာဇာနည်နေ့ လုံခြုံရေးအတွက်လည်း ပါပါတယ်။ အင်အား ဘယ်လောက်နဲ့ ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတာကိုတော့ လုံခြုံရေးအရ ပြောပြလို့ မရဘူး” ဟု ၎င်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အကြိမ်ကြိမ် ဖုန်းဆက် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားခြင်း မရှိပေ။

“မန္တလေးမြို့မှာဆိုရင် ဘုရားကြီး၊ ပြင်ဦးလွင်မြို့မှာဆိုရင် မဟာအံ့ထူးကံသာ ဘုရား၊ ကျောက်ဆည်မြို့ မှာဆိုရင် ရွှေသိမ်တော်ဘုရား၊ ညောင်ဦးမြို့မှာ ဆိုရင် ပုဂံဘုရားတွေမှာ လုံခြုံရေး သတိထားဖို့ သက်ဆိုင်ရာ ခရိုင်အလိုက် ညွှန်ကြားထားတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦးစိုးငြိမ်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရရှိသည့် ဘုရားများကို လုံခြုံရေး ယခင်ကထက် ပိုသတိထားရန်နှင့် နေ့ည လုံခြုံရေး လှည့်ကင်း များ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ၎င်းက ရှင်းပြသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲသည့် နေရာများသို့ ခရီးသွားများ ဝင်ခွင့်ပိတ်

 ရန်ကုန်၊ ဇူလိုင် ၈

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများတွင် လုံခြုံရေး တင်းကျပ် ထားပြီး နိုင်ငံတကာမှ ဘုရားဖူး ခရီးသွားများကို ယင်းနေရာများသို့ မဝင်ရောက်ရန် တားမြစ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က The Voice သို့ ပြောကြား သည်။

ယင်းသို့ တားမြစ်ထားမှုကြောင့် ၎င်းနေရာများ အတွင်းသို့ ခရီးသွားများ ဝင်ရောက် ဖူးမြော်ခွင့် မရရှိဘဲ အခြားနေရာများသို့ ခရီးသွားများအား အစားထိုး ပို့ဆောင်ရမှုများရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခုနှစ် ဘုရားဖူး ခရီးစဉ်အတွက် ကြိုတင် စာရင်းပေးထားသူ ဘုရားဖူး ခရီးသည် ၁၀၀ ကျော်ခန့်ရှိပြီး၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ကြိုတင် စာရင်းပေးထားခြင်းကို ပြန်ဖျက်သိမ်းမှု မရှိသေးကြောင်း မြန်မာနိုင်ငံရှိ ဒါနဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းက အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့မှ နိုင်ငံခြားရေး တာဝန်ရှိသူများ၊ သံရုံးများနှင့် ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်၏ လုံခြုံရေး ကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှ ခရီးသွားများကို မှုခင်းများ၊ ပြဿနာများ တစ်စုံတစ်ရာ ဖြစ်ပွားပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိရှိစေရန် ပညာပေး အစီအစဉ် တစ်ရပ် ပြုလုပ်သွားရန် ရှိကြောင်း၊ မြန်မာနိုင်ငံမှ ခရီးသွားများကို ခရီးသွား အာမခံ Travel Agency ယူသွားရန် ခရီးသွား လုပ်ငန်းများသို့ တိုက်တွန်းထားကြောင်း ဦးနောင်းနောင်းဟန်က ပြောကြားသည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဒေသတွင် ဇူလိုင် ၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်၌ မဟာဗောဓိ စေတီတော် ပရဝုဏ်အတွင်း ဗုံးပေါက်ကွဲမှု လေး ကြိမ်၊ ထရီဂါ Tregg မေ ဘုန်းကြီးကျောင်းဝင်း အတွင်း သုံးကြိမ်၊ ဂျပန် ဘုရားတွင် တစ်ကြိမ်၊ ဘတ်စ်ကား မှတ်တိုင်တွင် တစ်ကြိမ် စုစုပေါင်း ကိုးကြိမ် ပေါက်ကွဲခဲ့ရာ ရဟန်း နှစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ဘုရားဖူးများသည် ဗုဒ္ဓဂယာကို ခရီးသွား ရာသီဖြစ်သော စက်တင်ဘာလမှ စတင် သွားရောက်လေ့ရှိသည်။

ဟိန်းမြတ်စိုး၊ ဆွတ်ရိန်

CDMA ကွန်ရက် ပြည့်ကျပ်လာသည့် အတွက် GSM ကို ပြောင်းလဲချပေးဖွယ်ရှိ

 ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းလိုင်း အတွက် ရည်ရွယ် တည်ဆောက်ခဲ့သည့် CDMA 800 မိုဘိုင်းကွန်ရက်သည် သတ်မှတ်လိုင်း အရေအတွက် ပြည့်ခဲ့ပြီ ဖြစ်သည့် အတွက် ထပ်မံချထားပေးမည့် မို ဘိုင်းဖုန်းလိုင်းများမှာ GSM ဖုန်းလိုင်းများ ဖြစ်လာဖွယ်ရှိကြောင်း ဆက်သွယ်ရေး အင်ဂျင်နီယာမှူး တစ်ဦး က ပြောသည်။

“ညွှန်ကြားချက်တော့ မရောက်သေးဘူး။ ဖြစ်နိုင်ပါတယ်။ GSM ချထားပေးမယ်ဆိုတာ။ CDMA လိုင်းတွေကလည်း ပြည့်နေပြီဆိုတော့”” ဟု ၎င်းက ပြောသည်။ လက်ရှိကာလ၌ ငွေကျပ် ၁၅၀၀ ဖြင့် လိုင်းအရေအတွက် အများဆုံး ရောင်းချပေးနေသည့် CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ က ပူးပေါင်းရောင်းချခဲ့ခြင်းဖြစ်သည်။

MEC သည် ဧပြီလမှ စတင်၍ ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်းလိုင်းကို တစ်လလျှင် လိုင်းအရေအတွက် ၃ သိန်းခွဲချထားပေးခဲ့သည့် အတွက် လက်ရှိအချိန် ၌ MEC မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်မှာ ၁၀ သိန်းကျော် အထိ ရှိလာခဲ့သည်။ “ဂျီ (GSM) ရရင် တော့ ဂျီပဲ ကိုင်ချင်တာပေါ့။ ဘယ်သူ့မေးမေး နားလည်တဲ့လူတိုင်း CDMA တော့ ဘယ်သုံးချင်မလဲ။ ဒါပေမယ့်လည်း သူတို့ရောင်းတာပဲ ၀ယ်ရတာ။ ကိုယ်လိုချင်တာ ဝယ်လို့မှမရတာ””ဟု CDMA ဖုန်းလိုင်း ကို ကိုင်ဆောင်ထားသည့် ကိုအာကာ က ပြောသည်။

“GSM ချထားပေးမယ်ဆို ကောင်းတာပေါ့။ အားလုံးကလည်း ဒါကိုပဲ မျှော်နေကြတာပါ။ ဈေးကွက်က သိပ်ပြီးပြောင်းလဲသွားမယ် မထင်ဘူး။ ဆိုင်တွေကလည်း များတယ်။ ထွက်တဲ့ကတ်ကလည်း နည်းတယ်။ သူမိတ်နဲ့ သူနဲ့ပဲသွားမယ် ထင်တယ်။ အရင်လို CDMA 800 ဖုန်းတွေလိုပဲ ဖြစ်မယ်ထင်တယ်”ဟု ACE ဟန်းဆက် အရောင်းဆိုင်မှ ဦးသန်းထိုက် က ပြောသည်။

တရုတ် ဗိုလ်ချုပ်ကြီးသား မုဒိမ်းမှုနဲ့ စွဲဆို

ပြုပြင်ရေး စခန်း အပို့ ခံရဖူးတဲ့ Li Tianyi တရုတ် ပြည်မှာ စစ်ဗိုလ်ချုပ်ကြီး တဦးရဲ့ ဆယ်ကျော်သက် အရွယ်သားကို အမျိုးသမီး တယောက်ကို အုပ်စုလိုက် မတရား ပြုကျင့်မှု နဲ့ စွဲဆို ထားပါတယ်။

အသက် ၁၇ နှစ် အရွယ် Li Tianyi ကို ဖေဖော်ဝါရီ လက ဘေဂျင်း မြို့တော် ဟိုတယ် တလုံးမှာ မူးယစ် သောက်စားပြီး တခြား လူ ၄ ယောက်နဲ့ အတူ အမျိုးသမီး တယောက်ကို ကျူးလွန် စော်ကား ခဲ့မှုနဲ့ စွဲဆို ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ နှစ် ကလည်း သူ မောင်းတဲ့ နံပါတ်ပြား မပါတဲ့ ဇိမ်ခံကား ရှေ့က လမ်းပိတ်တယ် ဆိုပြီး တခြား ကားပိုင်ရှင် စုံတွဲကို စော်ကား ရန်စမှု အတွက် ပြုပြင်ရေး စခန်းကို တနှစ် အပို့ ခံရဖူးပါတယ်။

ရုပ်သံမှာ မျိုးချစ် စိတ် တက်ကြွဖွယ် သီချင်းတွေ ဆိုလေ့ ရှိတဲ့ သူ့ဖခင် ဗိုလ်ချုပ်ကြီး Li Shuangjiang ကိုယ်တိုင် ဒီစုံတွဲကို တောင်းပန် ခဲ့ရပါတယ်။

တရုတ် မီးရထား ဝန်ကြီးဟောင်းကိုလည်း ဒေါ်လာ ဆယ်သန်း လာဘ်စားမှုနဲ့လည်း ဆိုင်းငံ့ သေဒဏ် ပေးခဲ့ပါတယ်။

လောစစ်ဟန်က စစ်အစိုးရ သက်ဆိုးရှည်အောင် တဖက်တလမ်းကနေ ကူညီပေးခဲ့တာ


Tuesday, July 9, 2013

ကိုးကန့်အင်အားစုရဲ့  ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်သလို အရှေ့တောင်အာရှ မှုးယစ်ဆေးဝါးနဲ့ ဘိန်း မှောက်ခိုကူးသူလို့ လူသိများတဲ့ လော်စစ်ဟန်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားပါတယ်။ လော်စစ်ဟန်ဟာ ရန်ကုန်မြို့ အောင်ရတနာ အထူးကုဆေးခန်းမှာ ဇူလိုင် ၆ ရက်နေ့ ညက နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

လော်စစ်ဟန်ရဲ့ ဈာပနကို လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီးတော့ ယူနန်သုသာန်ကို ပိုဆောင် ဂူသွင်းသင်္ဂြိုဟ်မှာလည်း ဖြစ်ပါတယ်။

လော်စစ်ဟန်ဟာ ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာ အာဏာရှင် ဦးနေ၀င်း တည်ထောင်ခဲ့တဲ့ ဒေသခံ ပြည်သူစစ်တွေကို ခေါင်းဆောင်ပြီး ကိုးကန့်ဒေသတွင်းက ကွန်မြူနစ်တွေကို တိုက်ခိုက်ရာမှာ ပါဝင်ကူညီခဲ့တဲ့အတွက် အလဲအလှယ်အနေနဲ့ မူးယစ်ဆေးဝါး ကုန်ကူးခွင့်ကို ရရှိခဲ့တဲ့အကြောင်း ရွှေတြိဂံ ဘိန်းကုန်ကူးမှု သုံးသပ်ချက် စာအုပ်မှာ ဘာတေလ်းလင့်တနာက ရေးသားထားပါတယ်။

၁၉၇၃ မှာ  လော်စစ်ဟန်ကို ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ထိုင်းစစ်တပ်က ဖမ်းဆီးပြီး မြန်မာအစိုးရကို လွဲပြောင်းခဲ့ရာမှာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၁၉၈၀ မှာ ပြန်လည် လွတ်မြောက်လာပါတယ်။

၁၉၉၂ မှာတော့ ဦးလော်စစ်ဟန်ဟာ သား စတီဗင်လောနဲ့ အတူ အေရှားဝေါလ်ကုမ္ပဏီကို ထူထောင်ခဲ့ပြီး နောက်မှာတော့ မြန်မာပြည် စီးပွားရေးလုပ်ငန်းမှာ ဩဇာကိတ္တိမရှိတဲ့သူတဦး ဖြစ်လာပါတယ်။ စစ်အစိုးရကို ထောက်ခံပေးခဲ့တဲ့အတွက် ဆိပ်ကမ်း၊ အဝေးပြေးလမ်းတွေနဲ့ လေယာဉ်ကွင်းတွေ ဆောက်လုပ်ခွင့် ကန်ထရိုက် ရလာပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနကတော့ လော်စစ်ဟန်ကို ဟီရိုအင်းခေါင်းကိုင်ဆရာကြီး ဘိန်းရာဇာ အဖြစ် အမည် ပေးခဲ့ပြီးတော့  ၂၀၀၈ ခုနှစ် ငွေကြေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

လော်စစ်ဟန်ရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုမှာ ပါဝင်ပတ်သက်မှု၊ သူကွယ်လွန်သွားတဲ့ နောက်မှာ မြန်မာ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေရဲ့ အလားအလာနဲ့ ပတ်သက်ပြီးတော့ မူးယစ်ဆေးဝါး စောင့်ကြည့်ရေး ထုတ်ပြန်ချက်တွေကို ထုတ်ဝေနေတဲ့ ရှမ်းသံတော်ဆင့်သတင်းဌာနက အယ်ဒီတာ ဦးခွန်စိုင်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

သူကြောင့်မို့ အမည်းစက် စွန်းထင်းခဲ့တာမျိုး ရှိလား။

“အနည်းနဲ့ အများတော့ ရှိတာပေါ့။ ဒါပေမယ့် တဖက်ကလည်း သူကို အပြစ်ပုံချလို့မှ မရတာ၊ ဘာဖြစ်လို့လဲ ဆိုတော့ မူးယစ်ဆေးဝါးဆိုတာ သူ့ခေတ်နဲ့ လာတာကိုး။ အဲဒီခေတ်တုန်းက ဆိုလို့ရှိရင် ကိုးကန့်တို့၊ ၀တို့၊ ၀ိုင်းမော်တို့ဆိုတာ သူတို့က ဘိန်းနဲ့ ပတ်သက်ပြီးတော့မှ အခွင့်အရေးကို ရဖို့ဆိုလို့ရှိရင် အစိုးရက လုံးဝ တိတိလင်းလင်း အခွင့်အရေးပေးထားတာကိုး။ အဲဒါကြောင့်မို့လို့ သူတို့ အဲဒီ အခြေအနေမှာ သူတို့ကို သွားပြီးတော့မှ အပြစ်ပုံချလို့ မရဘူး။”

သူ ဘိန်းလုပ်ခဲ့အချိန်က အစိုးရနဲ့ ပူးပေါင်းပက်သက်မှု ရှိခဲ့လား။

“ရှိတာပေါ့။ ၁၉၆၀ ခုနှစ်မှာ သူတို့က ကာကွယ်ရေး ဖြစ်တာကိုး အစိုးရက ဖွင့်ပေးထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အခါကျတော့ အစိုးရက သူတို့ကို ကွန်မြူနစ်နဲ့ ဆန့်ကျင့် တိုက်ခိုက်ဖို့မှာ သူတို့ကို အသုံးချတယ်။ ဒီတော့ သူကလည်း တဖက်တလမ်းကနေပြီးတော့မှ ဘိန်းကုန်ကူးဖို့အတွက် အစိုးရဘက်က သူတို့ကို အခွင့်အလမ်းပေးထားတယ်။ အဲဒီတော့ အကြီးအကျယ် သူလုပ်နိုင်တာကိုး။ အဲဒီအချိန်မှာ သူဟာ ရှမ်းပြည်မှာဆိုလို့ရှိရင် ပထမ ဘိန်းဘုရင်ဆိုတာ ကိုးကန့်ပဲ၊ အမျိုးသမီးက အောလစ်ယန်း ဖြစ်တယ်။ အောလစ်ယန်း အဖမ်းခံရပြီးနောက်ပိုင်းမှာ ဒုတိယကတော့ ဒီလောစစ်ဟန်ပေါ့။ ဒီလောစစ်ဟန်က ၁၉၆၀ ကျော်ကျော်ကနေပြီးတော့မှ ၁၉၇၁ မှာ ဆိုလိုရှိရင် အင်မတန်မှ နာမည်ကြီးတယ်။ ဒါကြောင့်မိုလို့ သူ့ကို အဲဒီတုန်းက အမေရိကန်ကလည်း လိုချင်တယ်။ မူးယစ်ဆေးဝါး  အကြီးအကျယ် ထုတ်တယ်။ ခွန်ဆာထက် အရင် နာမည်ကြီးတဲ့လူပေါ့။ ၁၉၇၃ ခုနှစ်မှာကျတော့ ကာကွယ်ရေးတွေကို သူတို့က ဖျက်လိုက်တော့ သူက တောခိုတယ်။ တောခိုပြီးတော့ ဒီ အက်စ်အက်စ်အေနဲ့ ပေါင်းပြီးတော့မှ မူးယစ်ဆေးဝါး ပပျောက်ရေး အဆိုပြုလွှာကို သူတို့ ပူးတွဲပြီးတော့မှ လာထုတ်တယ်။ အဲဒီမူးယစ်ဆေးဝါး ပပျောက်ရေးက ဘာလဲဆိုတော့ နံပါတ် ၁ ကတော့ ၁၉၇၃ ခုနှစ်မှာ ထွက်တဲ့ ဘိန်းတွေအားလုံးကို အမေရိကန် အစိုးရက ၀ယ်ယူပါ။ ဒီလို ၀ယ်ယူခြင်းအားဖြင့် ဘိန်းဖြူ မဖြစ်သွားအောင် တားဆီးနိုင်မယ်။ နံပါတ် ၂ ကတော့ ကျနော်တို့ မြန်မာပြည်မှာ ရှိနေတဲ့ စစ်အစိုးရကို ၁၉၄၇ အခြေခံဖွဲ့စည်းပုံဥပဒေကို ပြန်လည်ကိုင်ဆွဲအောင် တိုက်တွန်းပေးပါ။ အဲဒီအချိန်မှာ ဆိုလို့ရှိရင် ဒီမိုကရေစီလည်း ပြန်ရောက်လာမယ် ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီမိုကရေစီ နည်းအကျ ရွေးကောက်တဲ့ ရှမ်းပြည်နယ် အစိုးရဆိုတာလည်း ဖြစ်လာမယ်။ အဲဒီအချိန်မှာဆိုလို့ရှိရင် မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်သွားနိုင်လိမ့်မယ်တဲ့ ဆိုပြီးတော့မှ သူတို့ ပူးတွဲ တင်ပြခဲ့တာကိုး။ ဒါပေမယ့် သူက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီထိုင်းနိုင်ငံထဲကို ၀င်လာပြီး ဆွေးနွေးဖို့ လုပ်တဲ့အခါကျတော့ ထိုင်းဘက်က သူ့ကို ဖမ်းလိုက်တယ်။ ဖမ်းပြီးနောက်ပိုင်းကျတော့ မြန်မာအစိုးရက သူ့ကို ပြန်ပြီးတော့ တောင်းယူတယ်။ တောင်းယူပြီးတော့ သူ့ကို သေဒဏ်ပေးတယ်။ သေဒဏ်ပေးပြီးတော့ ၁၉၈၀ ကျတော့ သူက လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတာပေါ့။”

လောစစ်ဟန်က အေးရှားဝေါး ကုမ္ပဏီကို သူ့သားနဲ့ထူထောင်ခဲ့တယ်။ သူအရင်တုန်းက ဘိန်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တစုံတရာ အပြစ်ပေးမခံရဘဲနဲ့ မြန်မာပြည် စီးပွားရေး လောကမှာ အခုထိ လွှမ်းမိုးထားနိုင်တဲ့အပေါ်ဘယ်လိုမြင်လဲ။

“သူ (လောစစ်ဟန်) က မြန်မာပြည်ရဲ့ စစ်အစိုးရကို တဖက်တလမ်းကနေ သက်ဆိုးရှည်အောင် ကူညီပေးခဲ့တာကိုး။ ၁၉၈၈ တို့ ၁၉၈၉ တို့ဆိုတာ စစ်အစိုးရက အဲဒီအချိန်မှာ ဒီမိုကရေစီ လှုပ်ရှားမှုတွေနဲ့ အလူးအလဲဖြစ်နေတဲ့ အချိန်မှာ သူက အစိုးရနဲ့ ဗကပကို တော်လှန်လိုက်တဲ့ ကိုးကန့်တို့ ၀နဲ့ စေ့စပ်ဆွေးနွေးမှုမှာ သူက ကြားဝင် ဆောင်ရွက်ပေးခဲ့တယ်။ အဲဒါကြောင့်မို့လို့ အစိုးရကလည်း သူကို ကျေးဇူးဆပ်တာပေါ့။ သူကလည်း အဲဒီအချိန်မှာ အေးရှားဝေါးလ် ကုမ္ပဏီကို သူက ထောင်တဲ့အခါကျတော့ အစိုးရကလည်းသူကို အထောက်အကူပေးတာပေါ့ အဲဒီအချိန်ကစပြီးတော့ ကြီးပွားလာတာပေါ့။”

သူ့ကြောင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့၊ မြောက်ပိုင်းတို့ရဲ့ တော်လှန်ရေးလုပ်ငန်းမှာ ပုံရိပ်တွေ နည်းနည်း စွန်းထင်းတာနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်သေးလဲ။

“ရှမ်းပြည်မှာ တော်လှန်ရေး လုပ်တယ်ဆိုလို့ရှိရင် ဘိန်းတို့ မူးယစ်ဆေးဝါးတို့ ဒီကိစ္စဟာ ဘယ်အဖွဲ့မှ လွဲရှောင်လို့မရတဲ့ ကိစ္စဖြစ်တယ်။ ကိုယ့်ရဲ့ပြည်သူတွေက ဘိန်းစိုက်နေတော့ ကိုယ်က သွားပြီးတော့ ဘိန်းကို သွားဖျက်မယ်ဆိုတာ ရမှမရဘဲ၊ ကိုယ်က ပြည်သူအပေါ်မှာ အားကိုးပြီးတော့ နေနေရတဲ့ တော်လှန်ရေးတွေကိုး။ အဲဒီတော့ ဘိန်းက ပတ်သက်နေတယ်။ သို့သော်လည်းပဲ အဲဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ နိုင်ငံခြားဘက်က သူတို့ မူးယစ်ဆေးဝါး ပပျောက်ရေး ဆိုပြီးတော့ မူးယစ်ဆေးဝါး စစ်ဆင်ရေးကို လုပ်နေတဲ့အချိန်မှာ သူက ဘိန်းရာဇာအဖြစ် ကြီးပွားလာတဲ့အခါကျတော့ သူ့ရဲ့နာမည်ဟာလည်း ရှမ်းအမျိုးသား တော်လှန်ရေးတွေ အပေါ်မှာ လာပြီးတော့ စွန်းထင်လာတော့ ဒီဥစ္စာဟာ လွဲရှောင်လို့မရတဲ့ ဟာပဲပေါ့ အဲဒီလိုပဲ ပြောရတော့မှာပေါ့။”

သူ့ကို အမေရိကန် အစိုးရကလည်း လိုချင်တယ်၊ ဒါပေမယ့် အခုအချိန်မှာ အမေရိကလည်း သူကို ပြည့်ပြည့်၀၀ အရေးယူနိုင်ခဲ့ခြင်း မရှိတဲ့အပေါ်မှာ ဘယ်လိုသဘောထားလဲ။

“နံပါတ် ၁ က ကျနော်တို့ နိုင်ငံမှာရှိနေတဲ့ အစိုးရက သူ့ရဲ့နိုင်ငံရေး ရပ်တည်မှုထက် သူ့ရဲ့ သက်ဆိုးရှည်မှုအတွက် အထောက်အကူပြုတဲ့ လူတွေ မှန်သမျှ သူတို့ကလည်း အထောက်အကူပြန်ပြုတာကိုး၊ ဒီဥစ္စာဟာ မဖမ်းဘူးပေါ့။ နံပါတ် ၂ ကလည်း အမေရိကန်အစိုးရက မြန်မာအစိုးရနဲ့ ဆက်ဆံရေး ဘယ်လောက် ကောင်းသလဲ၊ မကောင်းဘူးလဲ အဲဒါတော့ ပြန်ကြည့်ရမှာပေါ့။ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ၁၉၈၈ ကနေ ပြီးခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်လောက်ထိ အစိုးရနဲ့ အမေရိကန် အစိုးရ ဆက်ဆံရေး မကောင်းခဲ့ပဲ။ အဲဒီမကောင်းခဲ့တဲ့ အခြေအနေမှာ လောစစ်ဟန်ကို အပ်ပေးရမယ်၊ ခွန်ဆာတို့ကို အပ်ပေးရမယ်၊ ဒီဥစ္စာတွေဟာ စဉ်းစားလို့ မရတဲ့ ဟာတွေပဲ ဖြစ်မှာပေါ့။”

သူကွယ်လွန်သွားတာက ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လုပ်ငန်းအပေါ် ဘယ်လို သက်ရောက်မှုမျိုးတွေ ရှိလာနိုင်မယ်လို့ ခန့်မှန်းလဲ။

“ကျနော်မြင်တာကတော့ သူရော၊ ခွန်ဆာရော သူတို့ ဆုံးသွားကြပေမယ့် မူးယစ်ဆေးဝါးက ဘာမှ မပျောက်သွားဘူး၊ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ဘိန်းရာဇာတွေနဲ့ ဘာမှ မဆိုင်ဘူး။ ဒါတွေက မြန်မာပြည်မှာရှိနေတဲ့ နိုင်ငံရေး၊ အထူးသဖြင့် ရှမ်းပြည်နဲ့ ပတ်သက်တဲ့ မြန်မာအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ မြန်မာပြည်အစိုးရက ရှမ်းပြည်နယ်မှာရှိတဲ့ အမျိုးသားတွေကို အုပ်ချုပ်တဲ့နေရာမှာ လိမ်မာ ပါးနပ်မှု မရှိမှု အဲဒီအပေါ်ကနေ ဖြစ်ပေါ်လာတာကိုး။ တကယ်လို့သာ နိုင်ငံရေး ပြဿနာတွေကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုလို့ရှိရင် ရှမ်းပြည်နယ်ဟာ အေးချမ်းသာယာနေမယ်၊ ရှမ်းပြည် အေးချမ်းသာယာနေလို့ရှိရင် ဥပဒေ စိုးမိုးရေး ဆိုတာကိုလည်း လုပ်နိုင်မယ်။ ဒီစိုးမိုးရေးကို လုပ်နိုင်လို့ရှိရင် ဒီပြဿနာတွေကိုလည်း ဖြေရှင်းနိုင်တာပဲ၊ အဲဒါကို မဖြေရှင်းနိုင်ခဲ့လို့ အခုအထိ ခံနေရတာပေါ့။ ၁၉၇၃ ခုနှစ်တုန်းက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သူတို့ တင်ပြပေးခဲ့ပြီးပဲ။ အခု နှစ်ပေါင်း ၄၀ ကျော်တောင် ရှိသွားပြီ။ တကယ်လို့ အစိုးရဘက်ကရော၊ အမေရိကန် အစိုးရဘက်ကရော၊ ကမ္ဘာ့ နိုင်ငံတွေကရော အရေးတယူ ဖြေရှင်းပေးခဲ့မယ်၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သူတို့ အခွင့်အလမ်းတွေ ကူညီပေးခဲ့မယ်ဆိုရင် အခုအခြေအနေ ဘယ်လို ဖြစ်မလဲ။ ဒါဟာ အများကြီး အားလုံး ၀ိုင်းစဉ်စားပြီးတော့မှ လမ်းကြောင်းပြောင်းဖို့ အချိန်ရောက်လာပြီလို့ပဲ ပြောချင်တယ်။”

by ကို​ထွေး​ (ဒီဗွီဘီ)

Thit Htoo Lwin - News

အင်တာနက်နဲ့ချိတ်ဆက်ပြီးတော့ ကမ္ဘာလုံးက ရုပ်သံတွေကို ကြည့်ချင်တဲ့ သူငယ်ချင်းတွေအတွက် ရုပ်ရှင် သီချင်း ဖက်ရှင် အားကစား HD ရုပ်ရှင် စသည်ဖြင့်

ChrisTV Online! Free Edition v9.10 Portable 10MB

အင်တာနက်နဲ့ချိတ်ဆက်ပြီးတော့ ကမ္ဘာလုံးက ရုပ်သံတွေကို ကြည့်ချင်တဲ့ သူငယ်ချင်းတွေအတွက် 
ရုပ်ရှင် သီချင်း ဖက်ရှင် အားကစား HD ရုပ်ရှင် စသည်ဖြင့် အစုံအလင်ကိုကြည့်လို့ရပါတယ် 
လိုင်းကောင်းမှ ရမယ်ဆိုတော့ မြန်မာနိုင်ငံအတွက် အဆင်မပြေပါဘူး 
နိုင်ငံခြားမှ သူငယ်ချင်းများ စိတ်ဝင်စားရင် အောက်ကလိပ်စာမှာရယူုနိုင်ပါတယ်
Download>>>mirrorcreator (or)zippyshare (or)solidfiles
ကျွန်တော်ကတော့ အားကစား ကိုးရီးယား တရုတ် လိုင်းတွေ စမ်းပြီးတော့ ကြည့်ပီးပါပီ

*** ထိုင်းနိုင်ငံအတွင်း DTAC SIM ကဒ် နှင့် အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း ***

                 
     ***   ထိုင်းနိုင်ငံအတွင်း DTAC SIM ကဒ် နှင့် အင်တာနက်သုံးသူများအတွက် ပရိုမိုးရှင်း ***
                       .................................................................................................................................................................................................................................
                   ထိုင်းနိုင်ငံရှိ မြန်မာများ အတွက်..................................
                       Dtac SimCard ရဲ့...ပရိုမိုးရှင်း...............

Unlimited Starter 3G အမြန်နူန်း 150 MB နှင့် 1ရက်ကို 49ဘတ်
*104 * 29* 5443522 # call ကိုနှိပ်ပါ

Unlimited Starter 3G အမြန်နှုန်း 1GB နှင့် 1 လကို 399ဘတ်
*104* 21 * 5443522 # call ကိုနှိပ်ပါ

Unlimited Pro 3G အမြန်နှုန်း 3 GB နှင့် Dtac wifi အကန့်သတ်မရှိ 1လကို 650 ဘတ်
* 104* 23* 5443522 # call ကိုနှိပ်ပါ

Unlimited Master 3G မြန်နှုန်း 5GB နှင့် Dtac wifi အကန့်သတ်မရှိ 1လ ကို 890 ဘတ်
*104* 22* 5443522 # call ကိုနှိပ်ပါ

(အင်တာနက် နာရီပိုင်းသုံးသူများအတွက်) 3G မြန်နူန်း 384 Kbps အထိအသုံးပြုခွင့်ရမည်

အင်တာနက် 1 ရက်အတွင်း 3နာရီကို 15 ဘတ်
*104* 30 * 5443522 # call ကိုနှိပ်ပါ

အင်တာနက် 1လ အတွင်း နာရီ 20 ကို 99 ဘတ်
*104* 12 * 5443522 # call ကိုနှိပ်ပါ

အင်တာနက် 1လ အတွင်း နာရီ 70 ကို 199 ဘတ်
*104 * 13* 5443522 # call ကိုနှိပ်ပါ


အင်တာနက်လက်ကျန်မိနစ်စစ်ရန်-*101*4# call နှိပ်ပါ