This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, February 28, 2013

သမ္မတဦးသိန်းစိန်ကို အော်စလိုက မြန်မာတွေ ဆန္ဒပြမှုနဲ့ကြို

ဖေဖော်ဝါရီလ ၂၆ ရက် အင်္ဂါနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်အား မြန်မာ ၅၀ ခန့်က ကြွေးကြော်သံများဖြင့် ဟစ်အော်ဆန္ဒပြခဲ့ကြသည်။

ဒေသစံတော်ချိန် ညနေ ၄နာရီခွဲတွင် အော်စလိုမြို့လည် လူစည်ကားရာ လမ်းဆုံရှိ သမ္မတဦးသိန်းစိန် တည်းခိုရာ Hotel Continental ရှေ့၌ “ ၂၀၀၈ဖွဲ့စည်းပုံ အလိုမရှိ” “ပြည်တွင်းစစ် အလိုမရှိ” “ အစိုးရ အကျင့်ပျက် ခြစားမှု ချက်ခြင်းရပ်” ဟူသည့် ကြွေးကြော်သံများနှင့် အော်ဟစ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆန္ဒပြနေစဉ် နော်ေ၀၀န်ကြီးချုပ် Jens Stoltenberg နှင့်အတူ သတင်းစာရှင်းပွဲအပြီး ဟော်တယ်သို့ ပြန်လည်ဆိုက်ရောက်လာသည့် သမ္မတ ဦးသိန်းစိန် အဖွဲ့နှင့် ဆန္ဒပြသူတို့ ထိပ်တိုက် တိုးခဲ့ကြသည်။ နောက်ပိုင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းနှင့် ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွဋ် တို့က ဆန္ဒပြကိုယ်စားလှယ် နှစ်ဦးအား တည်းခိုရာ ဟော်တယ်တွင် ခေါ်ယူတွေ့ဆုံ ပြီး ဆန္ဒပြရသည့် အကြောင်းအရင်းကို မေးမြန်းခဲ့သည်။

ဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့် ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမြင့်အေးက “ ကျနော်တို့ရှင်းပြတာက အခု ပြုပြင်ပြောင်းလဲရေး လုပ်နေတာတွေဟာ တကယ့်အခြေခံကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကို မလုပ်ရင် အနှစ်သာရရှိတဲ့ အပြောင်းအလဲ မဖြစ်နိုင်တဲ့ အကြောင်း ထောက်ပြတယ်။ ဥပမာ ပထမအချက်က ဒေါ်အောင်ဆန်းစုကြည်က ၇၅ ရာခိုင်နှုန်း နိုင်တယ်ဆိုရင်တောင် သမ္မတ မဖြစ်နိုင်ဘူး။ ဒုတိယအချက်က လူထုမရွေးကောက်ပဲ စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထိုင်ခုံပေါ်ရောက်နေတာကလည်း ဒီမိုကရေစီ အသွင်းပြောင်င်းဖို့ အခက်အခဲတွေဖြစ်တယ်။ တတိယအချက်က တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းချက်ကို ရေရှည်အာမ မခံတဲ့အကြောင်း။ ဒါတွေကို သမ္မတအနေနဲ့ အမြန်ဆုံးပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်း ကျနော်တို့ ထောက်ပြခဲ့တယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက မိမိတို့ကိုယ်၌က ဖွဲ့စည်းပုံကို ပြင်လိုတဲ့ဆန္ဒရှိကြောင်း၊ သို့သော် ဖွဲ့စည်းပုံကို လွှတ်တော်တွင်းမှာသာ ပြင်ဆင်နိုင်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်မှုကို မလိုလားသေး၍ အချိန်ယူပြင်ဆင်ရမှာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်ဟု ကိုမြင့်အေးက ဆိုသည်။

“ကျနော်တို့က လယ်မြေသိမ်းတဲ့ကိစ္စ ထောက်ပြတော့လည်း ဒီကိစ္စ အရင်အစိုးရက လုပ်ခဲ့တဲ့ အရှုပ်အထွေးကို သူတို့က ရှင်းနေရပါတယ်လို့ ပြောတယ်။ ကျနော်က ဒီကနေ့တင် မအူပင်မြို့နယ်က လယ်သမားတွေ ပစ်ခတ်ခံရကြောင်း ရှင်းပြတော့ သူတို့အတော်အံ့သြသွားတယ်။ မြန်မာပြည်ကို လှမ်းပြီး စုံစမ်းတာတွေ လုပ်နေတယ်” ဟုလည်း ဦးမြင့်အေးက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲ၌ တချိန်က နာမည်ကြီး ခေတ်ပေါ်အဆိုတော် မွန်းအောင်က “အရေးကြီးပြီ” သီချင်းနှင့် “သွေးမုန်တိုင်း ”သီချင်းတို့ကို သီဆို ဆန္ဒပြခဲ့သည်။

“ကျနော်တို့က ဗမာပြည်မှာ အပြောင်းအလဲဖြစ်တယ်ဆိုတာကို လက်မခံနိုင်သေးလို့ ဆန္ဒပြတာဖြစ်တယ်။ လူ့အခွင့်အရေးတို့ တိုင်းရင်းသားအခွင့်အရေးတို့ဆိုတာ ဗမာပြည်မှာ မရှိသေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဆက်သွား နောက်ထပ် အနှစ် ၅၀ ကျော် စစ်အစိုးရအောက်မှာပဲ ရှိဦးမယ်။ အခုလည်း ကျနော်တို့ နှစ်ပေါင်း ၅၀ ဖြတ်ခဲ့ပြီးပြီ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒီမိုကရေစီလို့ပြောပြီး ကျောင်းသားတွေကို ထောင်ချခဲ့တဲ့ အစိုးရက ဒီမိုကရေစီလို့ ပြောပြီး ကမ္ဘာလှည့်ပြီး ညာနေတုံးပဲ” ဟု အဆိုတော် မွန်းအောင်က ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ၃ ရက်ကြာ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်း ယနေ့ဗုဒ္ဓဟူးနေ့တွင် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ကို တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်ဟုသိရသည်။

ခရီးစဉ် အဆုံးသပ်မည့် ကြာသပတေးနေ့တွင် ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် စက်မှုကုန်ထုတ်ဆိုင်ရာ ၀န်ကြီးများနှင့် တွေ့ဆုံပြီး ရေအားလျှပ်စစ်စွမ်းအားထုတ်လုပ်ရာ Askim နှင့် Ostfold အရပ်သို့လည်း သွားရောက် လည်ပတ်ကြည့်ရှုမည်ဟု သိရသည်။

နော်ဝေ မီဒီယာများက ဦးသိန်းစိန်ကို သတိကြီးစွာ ပြောဆိုဆက်ဆံတတ်သူ ရှေးရိုးစွဲဝါဒီအဖြစ် ပုံဖော် တင်ပြကြသည်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ နှစ်နိုင်ငံကြား မည်သည့် အရေးပါသည့် သဘောတူစာချုပ်ကိုမျှ လက်မှတ်ရေးထိုးရန် အစီအစဉ် မရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်မှုများ ဖြစ်ထွန်းခဲ့သော်လည်း လုပ်ဆောင်စရာ များစွာကျန်နေသေးကြောင်း Kjetil Elsebutangen က ပြောဆိုပြီး "နော်ဝေဘက်က အပြုသဘောတိုးတက်မှုတွေကို ထောက်ခံဖို့၊ မှန်ကန်တဲ့ ဦးတည်ချက်ဆီ ချီတက်နေသူတွေကို ကူညီဖို့ အရေးကြီးတယ်လို့ ခံယူထားပါတယ်" ဟုလည်း ပြောခဲ့သည်။

https://www.facebook.com/photo.php?fbid=540267166017440&set=a.142225162488311.26254.121507374560090&type=1
Print this post

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း 
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု 
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် 

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။                
 
PN-051
‎မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် တစ်ဦးတည်း ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။

PN-051

အနားယူတော့မည့် ပုဒ်ရဟန်းမင်းကြီး နောက်ဆုံးဝတ်ပြု

Ko Sein Than shared ကို စိန်သန်း's photo.
အနားယူတော့မည့် ပုဒ်ရဟန်းမင်းကြီး နောက်ဆုံးဝတ်ပြု 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ကြာသပတေးနေ့မှာ ရိုမန်ကက်သလစ် ဘုရားကျောင်းကြီးရဲ့ အကြီးအကဲ တာဝန်ကနေ အနားယူ
တော့မယ့်  ပုပ်ရဟန်းမင်းကြီး Benedict ဟာ နောက်ဆုံး အကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ပရိတ်သတ် ရဲ့ ပူဇော်တာကို ခံယူပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
 
ရောမမြို့က စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီး Benedict က ဦးဆောင် ၀တ်ပြု ဆုတောင်းရင်း ပရိတ်သတ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
 
သမိုင်းတွင်မယ့် ဒီဆုတောင်းပွဲကို တက်ရောက်ဖို့ လက်မှတ်ပေါင်း ၅ သောင်းလောက် ဖြန့်ဝေပေး ခဲ့ပေမဲ့ နောက်ထပ်လည်း ထောင်နဲ့ချီပြီး လာရောက်ကြဖို့ ရှိမယ်လို့ အာဏာပိုင်တွေက တွက်ထား တာပါ။
 
သူတာဝန်ယူနေတဲ့ ကာလအတွင်း ကျောင်းတော်အတွက် မုန်တိုင်းထန်တဲ့ ရေပြင်လို  ပြဿနာ အခက်အခဲတွေ  ကြုံခဲ့ရပေမဲ့ ဘုရားသခင်က နစ်မြုပ် မသွားအောင် ကယ်တင်ခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီး Benedict က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ 
 
အခုလို အနားယူ နှုတ်ထွက်ဖို့ လုပ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်မျိုး ဘယ်သူကမှ မလုပ်ခဲ့ဖူးသေးသလို ဒါဟာ ဘယ်လောက် အရေးပါတယ် ဆိုတာကို သူ သိထားတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို သူ လုပ်ဆောင်ခဲ့တာဟာ သေသေချာချာ စဉ်းစားပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ခဲ့ တာဖြစ်ကြောင်းနဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်းကြီးရဲ့ အနာဂတ်အတွက် သူ့မှာ ယုံကြည်မှု အပြည့်ရှိတယ်လို့ပါ ပြောကြားခဲ့ပါတယ်။
 
ပုပ်ရဟန်းမင်းကြီးက စာရွက်ပေါ်မှာ ရေးထားတဲ့ သူ့ရဲ့မိန့်ခွန်းကို အီတလီဘာသာနဲ့ ဖတ်ပြခဲ့ တာဖြစ်ပြီး ပရိတ်သတ်တွေက မကြာခဏ လက်ခုတ်တီး သြဘာပေး ခဲ့ကြတာပါ။
 
မိန့်ခွန်းမပြောခင်မှာ  ကားတွေ မလာအောင် ပိတ်ထားတဲ့ စိန့်ပီတာ ရင်ပြင်ထဲက လမ်းတွေပေါ် လှည့်လည် အကြည်ညိုခံရင်း လူအုပ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့သလို ဖြတ်သွားရင်း တွေ့တဲ့ ကလေးငယ်တွေအတွက် မကြာမကြာ ရပ်ပြီးလည်း ဆုတောင်း ပေးခဲ့ပါတယ်။
 
အခုလို အကြည်ညိုခံ ထွက်တာကို တပတ်ကြာ ပြုလုပ်ခဲ့ပေမဲ့ အခု နောက်ဆုံးနေ့ မှာတော့ အရင် ကထက် ပရိတ်သတ်က ပိုပြီး များပါတယ်။ 

http://burmese.voanews.com/content/pope-gives-final-audience/1611802.html

၂ဝ၁၃ ဆီးဂိမ်းအတွက် မကြောက်နဲ့ ကြုံး ၂ဝ၁၃ သီချင်းဖန်တီး J.me

Myanmar Hip Hop News,Myanmar Hip Hop Artist
ရန်ကုန်မြို့အကြောင်း၊ ဥရောပ ချန်ပီယံလိဂ် ဘောလုံးပွဲအကြောင်း စတဲ့ အတွေးအခေါ် အယူအဆဆန်း ဆန်းတွေနဲ့ ဟစ်ဟော့ပ်သီချင်းတွေ ကို ဖန်တီးလေ့ရှိတဲ့ ဟစ်ေ ဟာ့ပ်အဆိုတော် ဂျေမီက ၂ဝ၁၃ ဆီးဂိမ်းအတွက် ဟစ် ဟော့ပ်သီချင်းတစ်ပုဒ်ကိုအားတီနဲ့ အတူ ဖန်တီးသီဆိုထားပါတယ်။ အဲဒီ ဆီးဂိမ်းလှုံ့ဆော်ရေး တေးသီချင်း အကြောင်းကို ဂျေမီက “သီချင်းနာ မည်က ‘မကြောက်နဲ့ကြုံး ၂ဝ၁၃’ ။ ရည်ရွယ်ချက်ကတော့ ပရိသတ်တွေ ကို ဘာပဲဖြစ်ဖြစ် စိတ်မလှုပ်ရှားဖို့၊ ကြောက်စိတ်မရှိဖို့ ပြော ထားတာပါ။အဓိကကတော့ မြန်မာ နိုင်ငံမှာ ကျင်းပမှာဖြစ်တဲ့အတွက် ကျွန်တော် တို့ သက်တမ်းတစ်လျှောက်မှာ ဒီ တစ်ကြိမ်ပဲ ကြုံဖူးတာဆိုတော့ စိတ်လှုပ် ရှားမှုတွေ  ၊ ကြောက်စိတ်တွေ အတွက် ရင်ဆိုင်ဖို့ခွန်အားအနေနဲ့ ရေးထား တာပါ” လို့ပြောပါတယ်။ ဂျေမီရဲ့ အကြိုက်ဆုံးအားကစားနည်းနဲ့ မြန်မာ့ လက်ရွေးစင်တွေအတွက် အားေ ပး စကားက”ကျွန်တော်ကတော့ သိုင်း တို့၊ ဂျူဒိုတို့ကစားတာကြိုက်တယ်။ မြန်မာတွေက တော်တာများပါတယ်။ ညံ့တဲ့သူတစ်ယောက်မှမရှိသလိုပဲ။ အဓိကကတော့   တော်တာ၊ မတော်တာ ထက်လေ့ကျင့်မှုများတဲ့သူ၊ သက်လုံ ကောင်းတဲ့သူက ဆရာဖြစ်သွားတာ ပဲ။ နေရာတိုင်းမှာပေါ့။ မြူးဇစ်လည်း အဲဒီလိုပဲ။ ဘယ်လောက်ပဲ တော်ေ န တော်နေ လေ့ကျင့်မှုမရှိရင်တော့ ပြုတ် ကျသွားမှာ ပဲ” လို့ပြောပါတယ်။
၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ  ပြိုင်ပွဲ ဝင်မယ့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားတွေနဲ့ အားပေးမယ့် ပရိသတ် တွေကိုလည်း ဂျေမီက “ဘယ်သူ့ကိုပဲ အားပေး၊ အားပေး ပရိသတ်ကတော့ဘုံပါပဲ။ ပွဲကြည့်ချင်လို့လာတဲ့အတွက် ပွဲလှဖို့ကတော့ ကိုယ့်အပေါ်မှာပဲ တာဝန်ရှိတ ယ်။ စည်းကမ်းရှိဖို့က လည်း လိုတယ်။ အိမ်ကွင်းဖြစ်တဲ့ အတွက် တခြားနိုင်ငံ သူတို့အိမ်ကွင်း ကို သူတို့ ဘယ်လိုတာဝန်ယူသွားလဲ။ အဲဒါကို ကြည့်ပြီး ပညာယူရမှာပေါ့။ အားကစားသမားတွေမှမဟုတ်ဘူး။ တကယ်လုပ်ပြီဆိုရင်တော့ စေတနာ ပါပါနဲ့ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးပြီး အားလုံး မော်ကြည့်နိုင်အောင် တာဝန်ရှိဖို့ လွှဲ အပ်ခံထားရတဲ့လူတိုင်း မှာ တာဝန်ရှိ တယ်” လို့ပြောပါတယ်။ ဆက်လက် ပြီး ဂျေမီက ‘မကြောက်နဲ့ကြုံး၂ဝ၁၃’ သီချင်းကိုဟစ်ဟော့ပ်နားထောင်တဲ့ မြန်မာလူမျိုးတွေအတွက် မာန် အပြည့်နဲ့ဖန်တီး ထားကြောင်း ပြောပြ ပါတယ်။ဆက်လက်ပြီး ဂျေမီကို ဒီနေ့ ခေတ် Underground  က ဟစ်ဟော့ပ် သမားတွေနဲ့Main Stream ပေါ်က ဟစ်ဟော့ပ်သမား တွေ ရဲ့အခြေ အနေ ကို မေးကြည့်တော့”သူများတွေလည်း စိတ်မဆိုးအောင်၊ စကားလည်းထိ ရောက်အောင် ရှင်းရှင်းလေးပဲ ကျွန်တော် ပြောမယ်ဗျာ။ သိအောင် လုပ်ရင်တ တ်မယ်၊ မသိအောင် လုပ်ရင် မတတ်ဘူး။ ရောက်အောင် သွားရင်ရောက်မယ်၊ မရောက်အောင် သွားရင်မရောက်ဘူး။ သူများသားသမီးတွေ ကြိုးစားလို့ အောင်မြင်သွား တာ အများကြီးပဲ။ ကိုယ့်ကိုယ်ကိုယ် သနားနေရင် ဘယ်တော့မှမသိဘူး၊ ဘယ်တော့မှမတတ်ဘူး။ ကိုယ့်ကို ချုပ်နှောင်ထားတဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် ထောင်ထဲက ထွက်မှရမယ်။ လူက တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ထောင်ထဲထည့်ထားတတ်တယ်။ အဲဒါ ကိုယ့်ကိုယ်ကိုယ်အသိဆုံးပဲ။ ကိုယ်တိုင် အပြင်ကိုထွက်ကြည့်ပြီး တော့ လက်ခံကြည့်၊ မြင် ကြည့်၊ စား သုံးကြည့်၊ ရှူရှိုက်ကြည့်၊ ပြီးတော့မှ လေ့လာကြည့်ပေါ့။ ဒီလိုလုပ်မှရ မယ်။ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ် တင်လုပ်နေရင်တော့ဒုံရင်းက ဒုံရင်း ပဲဖြစ်မှာပဲ” လို့ ဂျေမီကပြောပါတယ်။
 ဂီတသမားတွေအတွက် နိုင်ငံ တကာနည်းတူ မူပိုင်ခွင့်ကို ဂျေမီ ဖြစ်ချင်တဲ့ဆန္ဒက “အဲဒါက ဂီတ အစည်းအရုံးမှာ ဖြစ်နေတဲ့ပြဿနာ ပါ။ အကုန်လုံး ဝိုင်းပြီး စီစဉ်ပေးမှရ မှာ။ ကျွန်တော့် သီချင်းကိုခိုးရင်တော့ ကျွန်တော်က တရားစွဲမှာပဲ။ ကိုယ့် ပိုက်ဆံကို သူကရအောင်ယူထားတာ လေ။ အဲဒီတော့ သူ့ပိုက်ဆံကို ကိုယ်က ရအောင် ပြန်ပြီး ယူရမယ့်နည်းရှိ တယ်လေ။ ကိုယ့်ပိုက်ဆံကုန်သွား သလိုပဲ သူ့ပိုက်ဆံကုန်ရမယ်။ ဘဲစား ဘဲကျေပေါ့။ အဲဒီလို ညစ်တွန်းတွန်း တဲ့နည်းကို လုပ်ကိုလုပ်ရမယ်။ ဆိုးတော့
မဆိုးပါဘူး။တော်တော်တော့ လိုက်ဖမ်း နေကြတာပဲ”  လို့ပြောပါတယ်။ ဂျေမီရဲ့သီချင်းတွေကို ဇာတ်ဝင် တေးအဖြစ် ယူသုံးထားတာတွေရှိ မလား၊ ယူသုံးထားရင် ကော ဘယ်လိုမျိုး အကြောင်း ကြားလဲဆိုတဲ့အမေး ကို “သူတို့က အကြောင်းမကြားဘဲ နဲ့တော့ မရဘူးလေ။ လာတော့ အကြောင်းကြားတယ်။ ဒါပေမဲ့ သုံးပြီးသွားမှ။ အခွေ ထွက်ခါနီးကျမှ ကျွန်တော့် သီချင်းကိုသုံးထား တယ်။ ဘယ်လောက်ပေးရ မလဲဆိုတော့ ကျွန်တော် က ထားလိုက်ပါ၊ ငါးသိန်း တို့၊ ခြောက်သိန်းတို့ဆို တော့ ဒါကမူရင်း တန်ဖိုး ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပိုက်ဆံက အတီးခလည်း ပေးရမယ်၊ပရိုဂျူဆာကို လည်းဥာဏ်ပူဇော်ခပေးရမယ်၊ ဝင်ရေးတဲ့လူရှိတယ်။ ဧည့် သည်အဆိုတော်ရှိတယ်။ အဲဒါကိုမှ သူတို့က သုံးသိန်း လောက်နဲ့လုပ်ပါ။ ကျွန်တော်က မလုပ်ပေးနိုင် ဘူးလို့ပြောရင်သူတို့က ဘာလုပ်လဲဆိုတော့ ကိုယ့်ကိုနိုင်တဲ့ သူနဲ့သွားလျှောက်ကြတာ။ ဥပမာ-
ချမ်းအေးဝင်းသီချင်းကို သုံးတယ် ဆိုရင် ချမ်းအေးဝင်းအဖေကို သွားပြော တယ်။ ကျွန်တော့်သီချင်းတုန်းက လည်း ကျွန်တော့်အဖေကို လာပြော တယ်။ ကျွန်တော့်အဖေ ကိုကျတော့ ကျွန်တော်က လုံးဝမလွန်ဆန်နိုင်ဘူး။ ကျွန်တော့်အဖေက အဂေါ်ဆုံး ဆိုတော့ကျွန်တော့်အဖေတစ်ခွန်းဆို ကျွန်တော်ကတစ်ခွန်းပဲ။ သုံးသိန်း ဆိုတော့လည်း ယူလိုက်ရတာပေါ့။ ဒါပေမဲ့ နောက်ဘယ်တော့မှ အဖြစ် မခံဘူး” လို့ပြောပါတယ်။
မျိုးမောင် @ Popular News Journal
Related Tracks 

စည်းလုံးမှ လွတ်လပ်မှု အတူ ခံစားရမယ်လို့ ဘုန်းတော်ကြီး တူးတူး ပြော

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက မြန်မာ နိုင်ငံမှာ စည်းလုံး ညီညွတ်ခြင်းနဲ့သာ လွတ်လပ်မှုကို အတူ တကွ ခံစား နိုင်မယ်လို့ ပြော ပါတယ်။

ဒါ့အပြင် ပုံစံသစ်နဲ့ အသား အရောင် ခွဲခြားမှုမျိုး မဖြစ်သင့်ဘူး လို့လည်း သူက ပြောပါတယ်။

ရန်ကုန်မြို့ အမေရိကန် စင်တာမှာ ဗုဒ္ဓဟူး နေ့က ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ တောင်အာဖရိက ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက အာဏာရှင် မှန်သမျှဟာ တနေ့တော့ မြေမှုန် လေးတွေလို ဖြစ်ပြီး ကျဆုံး ရတာပဲလို့ ပြောခဲ့ ပါတယ်။

အုပ်ချုပ်သူတွေ အနေနဲ့ လူတွေကို လွတ်လပ်ခွင့် ပေးတာဟာ ဖိနှိပ်တဲ့ နည်းထက် ပိုကောင်းတယ်လို့ သူပြောနေကျ ထုံးစံ အတိုင်း အရယ် အသော လေးတွေနဲ့ သူ ပြောသွားခဲ့ ပါတယ်။ ဖိနှိပ် တာတွေ မလုပ်တဲ့ အတွက် ထောင်သွင်း အကျဉ်း ချတာတွေ မလိုတော့ သလို ပိတ်ဆို့ အရေးယူ တာတွေ လည်းမရှိ တော့ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် တဦးနဲ့ တဦး ခွင့်လွှတ်တာ၊ အပြန် အလှန် လက်ခံ တာကသာ အဖြေရ နိုင်ပြီး လက်စား ချေခြင်း အားဖြင့် အကျိုးရှိ လာမှာ မဟုတ်တဲ့ အကြောင်း သူက ပြောခဲ့ပါ တယ်။

မြန်မာ နိုင်ငံကို ရောက်လာတုန်း ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခဲ့ ရတာကို ဝမ်းသာကြောင်း၊ လက်ရှိ ပြုပြင် ပြောင်းလဲရေး တွေနဲ့ ပတ်သက်လို့ လည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် တွေကို ချီးကျူး ကြောင်းနဲ့ တဘက်မှာလည်း ရိုဟင်ဂျာတွေ ကြုံတွေ့ နေရတဲ့ ဒုက္ခတွေကို စိတ်မကောင်း ဖြစ်မိတဲ့ အကြောင်း ပြောပါတယ်။

အာဖရိက နိုင်ငံမှာ ကြုံတွေ့ ခဲ့ရတဲ့ အခြေ အနေတွေနဲ့ နှိုင်းယှဉ်ပြီး ဒီမှာလည်း နောက်ထပ် အသား အရောင် ခွဲခြားတဲ့ ပုံစံမျိုး ဖြစ်မလာ သင့်ဘူးလို့လည်း သူက ပြောခဲ့ ပါတယ်။

ဟောပြောပွဲ အပြီး သတင်းထောက် တွေနဲ့ သီးခြား တွေ့ဆုံတဲ့ အခါ မြန်မာ နိုင်ငံမှာ အတိတ်က ဖြစ်ခဲ့တာ တွေနဲ့ ပတ်သက်လို့ လူတွေက သူတို့ ဘယ်လို ခံစားခဲ့ရတယ် ဆိုတာတွေကို ပြန်ပြော ပြခွင့် ရသင့်တယ်လို့ ပြောခဲ့ ပါ တယ်။

လူအများစု အနေနဲ့ သူတို့ ဘယ်လို ဒုက္ခတွေ ခံစား ခဲ့ရတယ် ဆိုတာ ပြောပြချင် ကြတယ်။ သူတို့ ဆီမှာ အမှန်တရားနဲ့ ရင်ကြားစေ့ရေး ကော်မရှင်မှာ လူနှစ်သောင်း လောက်ရဲ့ အဖြစ် အပျက်တွေကို ကြားခဲ့ရ တာ ရှိခဲ့ တယ်။ အဲဒီထဲမှာ သူတို့ ခံစား ခဲ့ရတာ အတွက် ပြန်လည် လက်စား ချေ ခင်တယ် ဆိုတဲ့ လူမျိုး မကြုံခဲ့ ရဘူးလို့ ဘုန်းတော်ကြီး တူးတူးက ပြောပါတယ်။

တကယ် စမ်းကြည့်ရင် လူတွေရဲ့ ခွင့်လွှတ်ခြင်း တရား ကြီးမားပုံကို တွေ့လာရလိမ့် မယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံမှာ အဖမ်းခံ ထားရတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် လျူရှောင်ဘိုနဲ့ ပတ်သက် လို့လည်း သူ့ရဲ့ စိတ်ဓါတ်ကို ချိုးနှိမ်လို့ ရမှာ မဟုတ်ကြောင်းနဲ့ တကယ့် လွတ်လပ်မှုကို ပေးတဲ့ အခါ တွေ့လာ ရမယ့် စွမ်းအားတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ တရုတ်နိုင်ငံ အနေနဲ့ တကယ်လုပ် ကြည့်ရင် အံသြစရာ တွေ့လာရ လိမ့်မယ်လို့ လည်း တောင်အာဖရိက ဘုန်းတော်ကြီးက ပြောခဲ့ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဘုန်းတော်ကြီး တူးတူးက အမေရိကန် စင်တာမှာ ဟောပြောခဲ့