This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, July 27, 2013

စက်ရုပ်လေးမှာ အသံတိုးနေသူတွေအတွက် Volume + လာပြီ


===================================
မိမိစက်ရုပ်လေးမှာ အသံတိုးနေပါတယ်ဆိုသူများ Volume+ လေးကိုသုံးလိုက်ပါ
ဘာတွေကောင်းလဲဆိုတော့ ကိုယ့် Device က ထုတ်သမျှ အသံအားလုံးကို
လိုသလို EQ ချိန်နိုင်ပါတယ် Ringtone တွေကိုလည်း ပိုကျယ်စေနိုင်တာပေါ့
Bass လည်း ပိုကောင်းလာတယ် Android version 4.1 တွေနဲ့လည်း
အဆင်ပြေပါတယ် ကဲပြောနေတာကြာပါတယ်ဒေါင်းပြိးစမ်းလိုက်
File size 0.11MB အင်မတန်နည်းပါတယ်

Download >>http://adlock.in/HhqMu

ယနေ့ ည မြစ်ကြီးနားမြို့ မှာ သိန်းရာနှင့်ချီ တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါး နှင့် ကျောက်စိမ်းတုံး များ ဖမ်းမိ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် တရားခံများ - ဓါတ်ပုံ







 (ဘိန်းဖြူ ဆပ်ပြာခွက်(၄၉)ခွက်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀)ပြား၊ ဖုန်(၁)လုံး၊ SURF ကား(၁)စီး၊ ကျောက်စိမ်းရိုင်းတုံး(၂၈)တုံး ဖမ်းဆီးမှု သတင်း )


                   (သတင်းရယူဖမ်းဆီးမှု)

၂၅-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ ရောင်းချရန် သယ်ဆောင်လာမည် ဖြစ်ကြောင်း သတင်းအရ သက်သေများနှင့် အတူ မြစ်ကြီးနားမြို့ ၊ မြို့ သစ်ကြီးရပ်ကွက်၊ စက်မှုလယ်ယာရုံး အနီး မြို့ ပတ်လမ်းပေါ်တွင် မြစ်ကြီးနားမှ ဖားကန့်သို့ ထွက်ခွာမည့် ယာဉ်အမှတ် ၅က/၇၉၂၇ ဗင်ကား အဖြူရောင်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးမိ ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ဒေါ်ဒူးဂျီဖူ(မ) သယ်ဆောင်လာသော ပလပ်စတစ်ခြင်းအား နှစ်ထပ်အံဝှက်  ပြုလုပ်ထားသည့် အတွင်း  ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၀)ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်
အလေးချိန်(၂၄၉.၈)ဂရမ်ခန့် (တစ်ဂရမ်လျှင် ၈၀၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး ၁၉၉၈၄၀၀၀ိ/-) (တစ်ရာ ကိုးဆယ့်ကိုးသိန်း - ရှစ်သောင်း လေးထောင်ကျပ်တိတိ) နှင့် အပြာရောင်ကပ်ခွာ အိတ်ငယ်များဖြင့် ထည့်လျက် WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၅၀၀)ပြား (တစ်ပြားလျှင် ၃၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး အား ၇၅၀၀၀၀၀ိ/-)(ခုနှစ်ဆယ့် ငါးသိန်းကျပ်တိတိ)တို့အား ရှာဖွေတွေ့ ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ကွင်းဆက်ဖော်ထုတ်ချက်အရ မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်၊ ကမ်းနားလမ်းနေ ဦးဆီရဲ့ ဟဲ့(ကျား)ထံမှ ၀ယ်ယူလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ၄င်းတို့ (၂)ဦးအား မြစ်ကြီးနားနယ်မြေ ရဲစခန်းမယ(ပ) ၈၆/
၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

               (ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိမှု)

မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် ၂၅-၇-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက်၊ ရပ်ကွက်(၁)နေ အထက်ပါအမှုမှ ကွင်းဆက်တရားခံ ဦးဆီရဲ့ ဟဲ့ ၏ နေအိမ်အား ၀င်ရောက်
စစ်ဆေးရှာဖွေခဲ့ရာ ၄င်း၏နေအိမ် အိပ်ခန်း ကုတင်ဘယ်ဘက်ရှိ သစ်သားနံရံအား အံဝှက်ပြုလုပ် သိမ်းဆည်းထားသည့် ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၉)ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့် အလေးချိန်(၃၄၂)ဂရမ်ခန့် (တစ်ဂရမ်လျှင် ၈၀၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး ၂၇၃၆၀၀၀၀ိ/-)(နှစ်ရာခုနှစ်ဆယ့် သုံးသိန်းခြောက်သောင်း ကျပ်တိတိ)၊ မူးယစ် ဆေးဝါးရောင်းချရငွေ (၁၆၇၅၄၀၀၀ိ/-) (တစ်ရာခြောက်ဆယ့် ခုနှစ်သိန်း ငါးသောင်း လေးထောင်ကျပ်တိတိ)၊  မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံး၊
၎ခ/၈၁၇၃ နံပတ်ပါ SURF ကား(၁)စီး၊ ကျောက်စိမ်းရိုင်းတုံး (၂၈) တုံး  (အလေးချိန် ၁၈၆.၄)ပိဿာ
တို့အား ရှာဖွေတွေ့ ရှိ သိမ်းဆည်းရမိခဲ့သဖြင့်  မြစ်ကြီးနားမြို့ မ ရဲစခန်းမယ(ပ) ၆၃/ ၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

by Myanmar News Now

တရားခံများ၏ ကိုယ်ရေးအချက်အလက်များ

(က)ဒေါ်ဒူးဂျီဖူ(မ)၊ အသက် ၅၈ နှစ်၊ (ဘ)ဦးအာခီးဟူး၊ ၁/ပတအ(နိုင်)၀၂၀၁၆၁၊
ပိတောက်မြိုင်ကျးရွာ၊ မြစ်ကြီးနားမြို့ နယ်။

(ခ)ဆီးရဲ့ ဟဲ့(ကျား)၊ အသက် ၇၅ နှစ်၊ (ဘ)ဦးယိုအာကျော၊
၁/ပတအ(နိုင်)၀၂၅၈၆၆၊ အိမ်အမှတ် (၁/၉၀)၊ နယ်မြေ(၁)၊ မန်ခိန်ရပ်ကွက်၊
မြစ်ကြီးနားမြို့ ။

ဝိုင်းမော်မြို့နယ်အတွင်း စိတ်ကြွဆေးပြား ၊ ဘိန်းဖြူနှင့် ဘိန်းမဲများ ဖမ်းဆီးရမိ

ဒေါ်ဒေါင်လမ်း


ဦးအောင်သိန်းသန်း
၂၅-၇-၂၀၁၃ ရက်နေ့ (၁၀၃၀) အချိန် ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးယုနိုင်ဦးစီး၍ စခန်းမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့သည် သက်သေများနှင့် အတူ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ
လမြန်ရပ်ကွက်နေ ဒေါ်ဒေါင်လမ်း ၏ နေအိမ်၌မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်စီးနင်း ရှာဖွေရာ ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ဒေါ်ဒေါင်းလမ်း နေအိမ် အိပ်ခန်း တစ်ခုအတွင်းရှိ အဝတ်ဘီဒို အတွင်း ဘိန်းမဲထုတ်(၂)ထုတ် အလေးချိန် (၅၂.၆၆)ဂရမ်ခန့် ဘီဒိုဘေး အဝတ်ပုံအတွင်းရှိ အဖြူရောင် ကျန်ကျောင်း အိတ်အတွင်းမှ ဘိန်းဖြူမှုန့် (၁၅)ဂရမ်ခန့်စီပါ ဆပ်ပြာခွက် (၂)ခွက် (အလေးချိန်-၃၀ ဂရမ်) နှင့် အပြာရောင် ကပ်ခွာအိတ်ငယ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားစီပါ (၅)ထုတ် စုစုပေါင်းဆေးပြား (၁၀၀၀)ပြား ၊ အိပ်ခန်းအတွင်း မွေ့ယာအတွင်းမှ အဖြူရောင် ကြွတ်ကြွတ်အိတ် အတွင်း၌ ဘိန်းဖြူမှုန့်များပါ အဖြူရောင်ကော်ဗူး(၇)ဗူး (အလေးချိန်-၃.၁၅)ဂရမ် စုစုပေါင်း ကာလတန်ဖိုး (၄၇၃၆၄၉၀)ကျပ်၊ ဒေါ်ဒေါင်လမ်း လွယ်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချရငွေ (၅)သိန်းကျပ်တွေ့ရှိ သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါးများအား ရောင်းချသူ ဒေါ်ဒေါင်လမ်းအား ဝိုင်းမော်မြို့မရဲစခန်း မယ(ပ)၂၀၁/၂၀၁၃ မူယစ်/စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

အလားတူ မြစ်ကြီးနားမြို့ တွင်လည်း ၂၅-၇-၂၀၁၃ ရက်နေ့၁၂၀၀နာရီအချိန်ခန့်တွင် မြစ်ကြီးနားခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် အောင်မြသန်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာနေ ဦးအောင်သိန်းသန်း၏ နေအိမ်သို့ သက်သေများနှင့်အတူ ၀င်ရောက် ရှုာဖွေရာ ၄င်း၏နေအိမ်အိပ်ခန်း အတွင်းရှိ ဆန်အိတ်ထဲတွင် ၀ှက်သိမ်းထားသော (WY) ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၆၁၀)ပြား ကာလတန်ဖိုး ၁၈၃၀၀၀၀ ကျပ်ရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိသဖြင့် တရားခံအောင်သိန်းသန်း ၃၇/၁၃ နှစ်(ဘ)ဦးချစ်ေ၇ွှ   ၊ ၅/ခဥန(နိုင်)၀၉၃၂၉၇ တီယန်ဇွတ်ရွာ ၊ မြစ်ကြိးနားမြို့နယ်နေသူအား မြစ်ကြီးနားမြို့၊ မြို့မရဲစခန်း မယ(ပ) ၆၂/၂၀၁၃ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။

အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ရဲဒင်းဖြင့် ခုတ်သတ်ခံရ

မောင်နီမိုး

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ဇူလိုင်လ ၂၀ ရက်နေ့က ရဲဒင်းဖြင့် ခုတ်သတ် ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ အမ်းမြို့နယ်၊ ကင်းခြေအုပ်စု၊ ဝေချောင်း ကျေးရွာမှ မူလတန်း ကျောင်းအုပ် ဆရာမ ဒေါ်မြင့်မြင့်ဇော် (၃၄) နှစ် (ဘ) ဦးပီတာ ဖြစ်သည်။


ဒေါ်မြင့်မြင့်ဇော်အား ရဲဒင်းဖြင့် ခုတ်သတ်သူမှာ ကြက်တင်းပစ်ကျွန်း ကျေးရွာနေ ကိုဝင်းစိုး (အသက်၂၈နှစ်) (ဘ) ဦးမောင်ယောင်းနှင့် ၄င်း၏ ညီဖြစ်သူ ကိုဝင်းဌေး တို့ ဖြစ်ကြသည်။

ကိုဝင်းစိုးတို့ ညီအစ်ကို နှစ်ဦးသည် ဇူလိုင်လ ၂၀ ရက်နေ့က ဒေါ်မြင့်မြင့်ဇော် နေထိုင်ရာ နေအိမ်ပေါ်သို့ တက်၍ ရဲဒင်းဖြင့် ခုတ်သတ်သွားခဲ့သည်ဟု နယ်မြေခံ တပ်တောင်ရဲစခန်းမှ ပြောသည်။

အခင်းဖြစ်ပွားခံပုံနှင့် ပတ်သက်၍ သေဆုံးသူ ဒေါ်မြင့်မြင့်ဇော်၏ ခင်ပွန်းဖြစ်သူ ဦးမောင်သန်းမြင့်က ယခုလို ပြောသည်။

“ အခင်းဖြစ်တဲ့နေ့ ညနေ ၄နာရီကျော်လောက်မှာ ရဲဒင်းကိုင်ပြီး ကိုဝင်းစိုးတို့ ညီအစ်ကိုနှစ်ယောက် ကျနော်တို့ အိမ်ကို ရောက်လာတယ်။ ငွေပေး ခိုင်းစေချက် အရ ကျနော့်ကို အပြတ်ရှင်းဖို့ သူတို့ လာရကြောင်း ပြောဆို ကြိမ်းဝါးနေလို့ ရွာသားတွေကို သွှားခေါ်ခဲ့တယ်။ ၅ မိနစ်လောက်အကြာ ကျနော် အိမ်ပြန်ရောက်တဲ့အခါ ကျနော့် အမျိုးသမီးကို ရဲဒင်းနဲ့ ခုတ်သတ် နေတာတွေ့ရလို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ရွာသားတွေက ၀ိုင်းပြီး ထိန်းသိမ်း လိုက်ရတယ်” ဟု ပြောသည်။

အသတ်ခံရသူ ဆရာမ ဒေါ်မြင့်မြင့်ဇော်မှာ ထိုနေ့ညနေ ၄နာရီ ၄၄မိနစ်တွင် ဦးခေါင်းတွင် ဒဏ်ရာ ၆ချက်နှင့် ဒူးဒဏ်ရာ တစ်ချက်၊ စုစုပေါင်းဒဏ်ရာ ခုနစ်ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ခင်ပွန်းဖြစ်သူ ဦးမောင်သန်းမြင့် မှလည်း ရဲဒင်းထိ၍ သွားနှစ်ချောင်းကျိုးကာ နှာခေါင်းဒဏ်ရာများရသွားခဲ့သည်။

ကိုစိုးဝင်းအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်သိ ပြည်သူများပူးပေါင်းမှုဖြင့် ကိုဝင်းစိုးအား ယင်းနေ့ညနေ ၇ နာရီတွင် တပ်တောင်ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ၄င်း၏ ညီဖြစ်သူ ကိုဝင်းဌေး မှာ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့က လူသတ်မှုဖြင့်အဖမ်းခံနေရသူ ကိုစိုးဝင်းအား အမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့ကြောင်းလည်း တပ်တောင်ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းက နိရဉ္ဖရာကို ပြောသည်။

ပြစ်မှုကျူးလွန်သူအဖြစ်စွပ်စွဲခံရသူအားတပ်တောင်ရဲစခန်းမှ အမှုအမှတ် (ပ)၅၄/၂၀၁၃၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အရေးယူခဲ့ပြီး၊ တရားခံပြေးကိုဝင်းဌေးအား ပုဒ်မ၁၁၄ဖြင့် အမှုဖွင့်ကာ ၄င်းအား အမြန်ဆုံး ဖမ်းမိရေးအ တွက် အပူတပြင်း လိုက်လံ ရှာဖွေ ဖမ်းဆီးလျှက်ရှိကြောင်း တပ်တောင်ရဲစခန်းမှသိရသည်။

ဂျပန် မြှုပ်နှံထားခဲ့သည့် ရွှေ သုံးတန်ကို တွေ့ရှိပြီ

ကို့မရှိ ပြည်မရှိ


25.7.2013

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံ ထားခဲ့သည့် ရွှေသုံး တန်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က စတင်ရှာဖွေခဲ့ရာတွေ့ရှိပြီဟု ရှာဖွေရေး အဖွဲ့ထဲတွင် ပါဝင်သည့် ဘူမိဗေဒပညာရှင် ပါမောက္ခ ဟောင်း ဦးစိုးသိန်းက ပြောသည်။''ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မတီ ဖွဲ့ပြီး တော့ ဆောင်ရွက်နေတာ''ဟု ၄င်းက ဆိုသည်။

ကော်မတီထဲတွင်ပါဝင်သော အဖွဲ့ဝင် အမည်များကို ၄င်းက ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်အတွင်း၌ ရှာဖွေနေသည်ဟု ၄င်းက ဆက်ပြောသည်။

''ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တူးဖော်မှု မှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိနေသေးတယ်''ဟု ပြော သည်။

ဂျပန်တို့အနေဖြင့် ဒုတိယကမ္ဘာစစ်ကာလ အတွင်းက မြန်မာနိုင်ငံမှ တိမ်းရှောင်ထွက်ခွာစဉ် မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များ၏ပြောကြား ချက်အရ သိရသည်။

အစိုးရသစ်ကာလအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက မြှုပ်နှံထား ခဲ့သော ကမ္ဘာစစ်လက်ကျန် ပစ္စည်းများကို ရှာဖွေနေမှုမှာ ဗြိတိသျှ စဖစ်ဖိုင်း ယားပြီးလျှင် ယခု ဂျပန်ရွှေသုံးတန်မှာ ဒုတိယ မြောက်ဖြစ်ကြောင်း သိရသည်။

စဖစ်ဖိုင်းယားရှာဖွေမှုကို တွေ့ရှိနေပြီ ဖြစ် ကြောင်း၊ စတင် တူးဖော်တော့မည်ဖြစ်ကြောင်း မီဒီယာများထံသို့ ပြောကြားခဲ့ကြသော်လည်း ယခုအချိန်အထိ ရှာဖွေနေဆဲဟုသာ ပြန်လည် ဖြေကြားနေကြသည်။

ယခုတစ်ခေါက်ဂျပန်ခေတ်ကမြှုပ်နှံခဲ့သော ရွှေသုံးတန်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင်ရှာဖွေ နေသည် ဟုသာပြောကြားပြီး အကျိုးအမြတ် ခွဲဝေမှုကိုမူ မပြောကြားသေးပေ။

မင်းသုအောင်
Popular Myanmar News Journal