Friday, December 14, 2012
Android စက်ရုပ် ဖုန်းမှာ တင်ဘို့ မြန်မာ့အရုဏ်သစ်ရဲ့ ဘလော့လေး
Android
စက်ရုပ် ဖုန်းမှာ တင်ဘို့ မြန်မာ့အရုဏ်သစ်ရဲ့ ဘလော့လေး ဖြစ်ပါတယ်။
Android Apk ကို ဤပုံ အသုံးပြု၍ မဆွဲချနိုင်ပါက အောက်ပါလင့်မှလည်း
ဆွဲချယူနိုင်ပါသည်။ http://db.tt/W7FtEdjX သို့မဟုတ် http://dl.dropbox.com/u/ 11126335/Softs/My%20Products/ com.aryumthit.apk
မှ ဆွဲချယူနိုင်ပါသည်။ Screen shot နမူနာများ မိုဘိုင်းဖုန်းပေါ်ရှိ
မြန်မာ့အရုဏ်သစ်၏ သဏ္ဍာန် စဖွင့်လျှင် အကြောင်းအရာအလိုက် စီထားပုံ
မြင်ရပါမည်။ လတ်တလောတင်ထားသော စာမူများကို latest တွင် ဖတ်နိုင်ပါသည်။
နှစ်သက်ရာကို star ပြ၍ ရွေးချယ်ထားပြီး အလွယ်တကူ ရှာနိုင်ပါသည်။ Source မှ
ရွေးချယ်လိုက်သော ဆောင်းပါးအုပ်စုကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ပါသည်။
ညာအစွန်ရှိ apply membership ကို နှိပ်၍ မန်ဘာဝင်ရောက်နိုင်ပါသည်။
အွန်လိုင်းဖြစ်နေဘို့ လိုပါမည်။ Project description here -> https://code.google.com/p/ arumthit-news-reader/ — Myanma Arunthit on Android platform (8 photos)
အင်တာနက်ကွန်နက်ရှင်မြန်စေတဲ့ဂါထာ နှင့် Facebook မှာ မိမိအကောင့်လူစည်ကားစေတဲ့ဂါထာ
*ဂါထာလေးတွေ ရွတ်လို့ ရအောင်ဆယ်ခဲ့ပါတယ် * နားနားပြီး
ရွတ်..... မကြာ မကြာ
ရွတ်....တောက်လျှောက်ရွတ်......အားတိုင်းရွတ်ရန်...ရွတ်ရင် ရွတ်သလောက်
မောဖို့ အာမခံပါသည်။
Facebook မှာ မိမိအကောင့်လူစည်ကားစေတဲ့ဂါထာ :P
အင်တာနက်ကွန်နက်ရှင်မြန်စေတဲ့ဂါထာ :P
တင်တဲ့ပို့ စ်ကိုကြည့်ပဲကြည့်ပြီးကွန်မက်မပေး Like မပေးတဲ့သူတွေ အတွက် ကျိန်စာဂါထာ :P
အပျော်သက်သက်ပါ။ဘာကိုမှမရည်ရွယ်ပါဘူး။

အားလုံးကိုလေးစားလျက်.....
ဗဟုသုတတိုးပွားကြပါစေနော်.....
ဇနကတော့ အွန်လိုင်းပင်လယ်မှာ ဆက်ပြီးလက်ပစ်ကူးလိုက်ဦးမယ် ကောင်းတဲ့အရာလေးတွေဆို ဆယ်ပြီး မျှဝေပေးပါ့မယ်နော်။ :) :) :)
သူငယ်ချင်းတို့ ရဲ့ Like အား ကွန်မက်အားနဲ့  ဆက်လက်ပြီး အွန်လိုင်းပင်လယ်ပြင်မှာ လက်ပစ်ကူးဖို့ အားအင်ပေးပါနော်....:) :)

ဝေလာမသုတ်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်ေ

နသော အနာထပိဏ် သူဌေးအား မြတ်စွာဘုရားသည်-
''သူကြွယ် သင်၏ အိမ်၌ အလှူကို ပေးလှူ၏လော''ဟု မေးတော်မူ၏။
အသျှင်ဘုရား အကျွန်ုပ်၏ အိမ်၌ အလှူကို ပေးလှူပါ၏၊ ထိုအလှူသည်လည်း ပအုံးရည်လျှင် နှစ်ခွက်မြောက်သော ယုတ်ညံ့သော ဆန်ကွဲထမင်းမျှသာ ဖြစ်ပါ သည် ဟု (လျှောက်၏)။
သူကြွယ် ယုတ်ညံ့သည်ဖြစ်စေ မွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊
ထိုအလှူကိုလည်း မရိုမသေ လှူပါမူ၊
စိတ်မပါဘဲ လှူပါမူ၊
မိမိလက်ဖြင့် (ကိုယ်တိုင်) မဟုတ်ဘဲ လှူပါမူ၊
လွှင့်ပစ် သကဲ့သို့ လှူပါမူ၊
ကံ ကံ၏ အကျိုးရှိ၏ဟု အယူမရှိဘဲ လှူပါမူ...
ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ ...
မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်မညွတ်၊
မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်မညွတ်၊
မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်မညွတ်၊
မွန်မြတ်သော ကာမဂုဏ် ငါးပါးတို့၌ သုံးဆောင်ရန် စိတ်မညွတ်၊
သားမယား အလုပ်သမားတို့သည်လည်း (ပြောစကားကို) မနာခံကုန်၊
နားမထောင်ကုန်၊ သိရန် စိတ်ကို မထားကုန်။
ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ...
သူကြွယ် မရိုမသေ ပြုအပ်ကုန်သော
(ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း။

ထိုအလှူကိုလည်း ရိုရိုသေသေ လှူပါမူ၊
စိတ်ပါဝင်စားစွာ လှူပါမူ၊
မိမိလက်ဖြင့် (ကိုယ်တိုင်) လှူပါမူ၊
လွှင့်ပစ် သကဲ့သို့မဟုတ်ဘဲ လှူပါမူ၊
ကံ ကံ၏ အကျိုးရှိ၏ဟု အယူရှိ၍ လှူပါမူ၊
အလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ ...
မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်ညွတ်၏၊
မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊
မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊
မွန်မြတ်သော ကာမဂုဏ် ငါးပါးတို့၌ သုံးဆောင်ရန် စိတ်ညွတ်၏၊
သားမယား အလုပ်သမားတို့သည်လည်း (ပြောစကားကို)နာခံလိုကုန်၏၊
နားထောင်ကုန်၏၊ သိရန် စိတ်ကို ထားကုန်၏။

သူကြွယ် ရိုရိုသေသေ ပြုအပ်ကုန်သော

သူကြွယ် ရှေးက ဖြစ်ဖူးသည်ကား ဝေလာမမည်သော ပုဏ္ဏား (ဟု) ရှိခဲ့ဖူး၏၊ ထို ပုဏ္ဏားသည် ဤမျှကြီးကျယ်သော အလှူကို လှူခဲ့၏၊ ငွေဖြင့် ပြည့်သော ရွှေခွက် ရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ ရွှေဖြင့် ပြည့်သော ငွေခွက် ရှစ်သောင်း လေးထောင်တို့ကို လှူခဲ့၏၊ ရတနာခုနစ်ပါးဖြင့် ပြည့်သော ကြေးခွက် ရှစ်သောင်း လေးထောင်တို့ကို လှူခဲ့၏၊ ရွှေတန်ဆာ ရွှေတံခွန် ရွှေကွန်ရက် ဖုံးလွှမ်းအပ်ကုန် သော ဆင် ရှစ်သောင်းလေးထောင် တို့ကို လှူခဲ့၏၊ ခြင်္သေ့ရေ ကျားရေ သစ်ရေ ပဏ္ဍုကမ္ဗလာတို့ဖြင့် ခြံရံအပ်ကုန်သော ရွှေတန်ဆာ ရွှေတံခွန် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ရထား ရှစ်သောင်းလေးထောင် တို့ကို လှူခဲ့၏၊ ဘွဲ့ဖြူပုဆိုး ခင်းအပ်ကုန်သော ငွေ(နို့ရေခံ) ခွက်ရှိကုန်သော နွားမ ရှစ်သောင်းလေးထောင် တို့ကို လှူခဲ့၏၊ ပတ္တမြား နားတောင်းဝတ်သော အမျိုးသမီး ရှစ်သောင်း လေးထောင် တို့ကို လှူခဲ့၏၊ မွေးရှည် ကော်ဇောကြီး သားမွေးဖြူအခင်း ပန်းပြောက်ခြယ် သားမွေးအခင်းဖြင့် ခင်းအပ်ကုန်သော၊ ဝံပိုင့်ရေ အခင်းမြတ်, (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက် ရှိကုန်သော ပလ္လင် ရှစ်သောင်း လေးထောင် တို့ကို လှူခဲ့၏၊ သိမ်မွေ့နူးညံ့သော ခေါမမည်သော ပုဆိုး သိမ်မွေ့ သော ပိုးချည်အဝတ် သိမ်မွေ့သော ဝါချည်အဝတ် ကုဋေရှစ်သောင်း လေးထောင် တို့ကို လှူခဲ့၏၊ ထမင်းခဲဖွယ် စားဖွယ် လျက်ဖွယ် သောက်ဖွယ်ကို လှူခြင်း၌ကား ဆိုဖွယ်မရှိ မြစ်ရေ စီးသကဲ့သို့ ထင်ရကုန်၏။
သူကြွယ် ''ထိုအခါက ဖြစ်ခဲ့သော ထိုကြီးကျယ်သော အလှူကို လှူခဲ့သော ဝေလာမပုဏ္ဏားဟူသည် အခြားသူ ဖြစ်တန်ရာ၏'' ဟု သင့်အား ဤသို့ အကြံ ဖြစ်ရာ၏၊ သူကြွယ် ထိုအကြောင်းကို ဤသို့ မမှတ်လင့်၊ ငါသည် ထိုအခါက ဝေလာမပုဏ္ဏား ဖြစ်ခဲ့ဖူး၏၊ ငါသည် ထိုကြီးကျယ်သော အလှူကို လှူခဲ့၏။
သူကြွယ် ထိုအလှူ၌ မြတ်သော အလှူကို ခံထိုက်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့၊ တစ်ဦး တစ်ယောက်မျှ မြတ်သော အလှူကို မသုတ်သင်နိုင်ခဲ့။
သူကြွယ် ဝေလာမပုဏ္ဏားသည် အကြင် ကြီးကျယ်သော အလှူကို လှူခဲ့၏။ ★အကြင် တစ်ဦး တစ်ယောက်သည်ကား အယူပြည့်စုံသူ သောတာပန်တစ်ဦးကို ကျွေးမွေးရာ၏၊ ထိုသောတာပန်တစ်ဦးကို ကျွေးမွေးရခြင်းသည် ထိုဝေလာမ ပုဏ္ဏား၏ အလှူကြီးထက် သာ၍ အကျိုးကြီး၏။
★အကြင်သူသည် သောတာပန် တစ်ရာကို ကျွေးမွေးရာ၏၊ ★အကြင်သူသည်ကား သကဒါဂါမ်တစ်ဦးကို ကျွေးမွေးရာ၏၊
★ဤသကဒါဂါမ် တစ်ဦးကို ကျွေးမွေးရခြင်း သည် ထိုသောတာပန် တစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။
★အကြင်သူသည် သကဒါဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား အနာဂါမ်တစ်ဦးကို ကျွေးမွေးရာ၏ ဤ အနာဂါမ်တစ်ဦးကို ကျွေးမွေးရခြင်းသည် ထို သကဒါဂါမ်တစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။
★အကြင်သူသည် အနာဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ရဟန္တာ တစ်ပါးကို ကျွေးမွေးရာ၏။ ဤ ရဟန္တာ တစ်ပါးကို ကျွေးမွေးရခြင်းသည် ထို အနာဂါမ်တစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။
★အကြင်သူသည် ရဟန္တာတစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ပစ္စေကဗုဒ္ဓါတစ်ပါးကို ကျွေးမွေးရာ၏။ ဤ ပစ္စေကဗုဒ္ဓါတစ်ပါးကို ကျွေးမွေးရခြင်း သည် ထို ရဟန္တာတစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။
★အကြင်သူသည် ပစ္စေက ဗုဒ္ဓါတစ်ရာကို ကျွေးမွေးရာ၏၊ အကြင် သူသည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ကျွေးမွေးရာ၏။ ဤ မြတ်စွာဘုရားကို ကျွေးမွေးရခြင်းသည် ထို ပစ္စေက ဗုဒ္ဓါတစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။
★အကြင်သူသည်ကား မြတ်စွာဘုရား အမှူးရှိသော ရဟန်း သံဃာကို ကျွေးမွေး ရာ ၏။ ပ ။
★အကြင်သူသည်ကား အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်း ဆောက်ရာ၏။ ပ ။
★အကြင်သူသည်ကား ကြည်ညိုစိတ် ရှိသဖြင့် ဘုရား တရား သံဃာကို ကိုးကွယ်ရာ ဟု ဆည်းကပ်ရာ၏။ ပ ။
★အကြင်သူသည်ကား ကြည်ညိုစိတ် ရှိသဖြင့် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်မှု၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်မှု၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်မှု၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်မှု (ဟူသော) "သိက္ခာ ပုဒ်"တို့ကို ဆောက်တည်ရာ၏။
★★★အကြင်သူသည်ကား အယုတ်သဖြင့် နံ့သာ တစ်ရှူခန့်မျှ အချိန်လောက် မေတ္တာ စိတ်ကို ပွါးများရာ၏၊★★★
★အကြင်သူသည်ကား လက်ဖျစ် တစ်တွက်ခန့်မျှ အချိန်လောက် အနိစ္စသညာကို ပွါးများရာ၏၊ ဤလက်ဖျစ် တစ်တွက်ခန့် အချိန်လောက် အနိစ္စသညာကို ပွါးများခြင်းသည် ထိုမေတ္တာ ပွါးများခြင်းထက်သာ၍အကျိုးကြီး၏။
သူကြွယ် ဝေလာမပုဏ္ဏားသည် အကြင် အလှူကြီးကို လှူခဲ့၏၊
★အကြင်သူသည်ကား အယူပြည့်စုံသူ (သောတာပန်) တစ်ဦးကို ကျွေးမွေးရာ၏၊
★အကြင်သူသည် အယူပြည့်စုံသူ (သောတာပန်) တစ်ရာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား သကဒါဂါမ် တစ်ဦးကို ကျွေးမွေးရာ၏၊
★အကြင်သူသည် သကဒါဂါမ် တစ်ရာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား အနာဂါမ်တစ်ဦးကို ကျွေးမွေးရာ၏၊
★အကြင်သူသည် အနာဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား ရဟန္တာတစ်ပါးကို ကျွေးမွေးရာ၏၊
★အကြင်သူသည် ရဟန္တာတစ်ရာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား ပစ္စေကဗုဒ္ဓါ တစ်ပါးကို ကျွေးမွေးရာ၏၊
★အကြင်သူသည် ပစ္စေကဗုဒ္ဓါတစ်ရာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား မြတ်စွာဘုရားကို ကျွေးမွေးရာ၏၊
★အကြင်သူသည် ဘုရားအမှူးရှိသော သံဃာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍
ကျောင်းဆောက်ရာ၏၊
★အကြင်သူသည် ကြည်ညိုစိတ်ရှိသဖြင့် ဘုရား တရား သံဃာကို ကိုးကွယ်ရာ၏၊
★အကြင်သူသည်ကား သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်မှု။ပ။
ယစ်မူးမေ့လျော့ခြင်း၏ ★အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ် မှု ဟူသော သိက္ခာပုဒ်တို့ကို ဆောက်တည်ရာ၏၊
★အကြင်သူသည် နံ့သာ တစ်ရှူခန့်မျှ အချိန်လောက် မေတ္တာစိတ်ကို ပွါးများရာ၏၊
★အကြင်သူသည်ကား လက်ဖျစ်တစ်တွက်ခန့်မျှ အချိန်လောက် အနိစ္စသညာကို ပွါးများရာ၏၊
★ဤ လက်ဖျစ် တစ်တွက်ခန့်မျှ အချိန်လောက် အနိစ္စသညာကို ပွါးများခြင်းသည် ထိုမေတ္တာစိတ်ကို ပွါးများခြင်းထက် သာ၍ အကျိုးကြီး၏ ဟု (မိန့်တော်မူ၏)။
ကိုးကား..၁ဝ - ဝေလာမသုတ်၊ သမ္ဘောဓိဝဂ်၊ နဝကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကြီးပွား ချမ်းသာခြင်း အကြောင်းတရားများ
၁။ ထထကြွကြွ ၀ီရိယရှိရခြင်း၊
၂။ စောင့်ရှောက်ရခြင်း၊
၃။ မိတ်ဆွေကောင်းရှိရခြင်း၊
၎။ အ၀င်အထွက် မျှရခြင်း၊
ဒီ၎ပါးနဲ့ပြည့်စုံရင် ဒီဘ၀မှာ စီးပွားချမ်းသာဖို့ရာ ဖြစ်တယ်။
၁။ ထထကြွကြွ ၀ီရိယရှိရမယ်ဆိုတာ စီးပွားရေးလုပ်ငန်းမှာ ကျွမ်းကျင်ရ တယ်၊ မပျင်းရဘူး၊ စူးစမ်းရတယ်၊ ကိုယ်တိုင် လုပ်နိုင်ရတယ်။ သူတစ်ပါးကို စီမံနိုင်ရတယ်။
၂။ တရားနဲ့အညီ ကြိုးကြိုးစားစား ရှာဖွေလို့ရရှိထားတဲ့ ပစ္စည်းဥစ္စာတွေကို မင်းဆိုး၊ သူခိုး၊ မီး၊ ရေ၊ အမွေခံ သားသမီးဆိုးတွေ မဖျက်စီးနိုင်အောင်
စောင့်ရှောက်ရတယ်။
၃။ မိမိနေရာ မြို့ရွာနိဂုံတွေမှာ သဒ္ဓါ၊ သီလ၊ ဒါန၊ ပညာနဲ့ ပြည့်စုံကြတဲ့ ကြီးကြီးငယ်ငယ် သူကြွယ်၊ သူကြွယ်သားတွေရှိမယ်၊ အဲဒီလူတွေနဲ့အတူ စကားပြောရတယ်၊ ဆွေးနွေးရတယ်၊ သူတို့လို သဒ္ဓါ၊ သီလ၊ ဒါန၊ ပညာ ရှိလာအောင် အတုလိုက်ကျင့်ရတယ်၊ အဲဒါဟာ မိတ်ဆွေကောင်းရှိတာပဲ။
၎။ စည်းစိမ်ဥစ္စာတွေရဲ့ အ၀င်အထွက်ကို သိပြီး အ၀င်အထွက် မများစေရ၊ ဥပမာ.....ချိန်ခွင်ချိန်သူဟာ ချိန်ခွင်ကို မြှောက်လိုက်ပြီး ချိန်ခွင်လျှာဟာ ဒီလောက် အောက်ကျတယ်။ ဒီလောက် အပေါ်တက်တယ်လို့ သိရသလိုပါပဲ။
ဝင်ငွေနည်းပြီး ကြီးကြီးကျယ်ကျယ် အသက်မွေးရင် (အသုံးများရင်) သဖန်းသီးစားသူလို စည်းစိမ်ဥစ္စာတွေကို သုံးစွဲတယ်လို့ ပြောတတ်ကြ တယ်၊ သဖန်းသီးတွေကို စားလိုသူဟာ အသီးတွေမှည့်နေတဲ့ သဖန်းပင်ကို လှုပ်လိုက်တဲ့အခါ တစ်ကြိမ်လှုပ်လိုက်အသီးတွေ အများကြီး ကြွေကျတယ်။ စားကောင်းမယ့် အသီးတွေကို စားတယ်။ ကျန်တဲ့အသီးတွေအများကြီးကို ထားခဲ့ပြီးသွားတယ်၊ အဲဒီလူလိုပဲ အ၀င်ထက်အထွက်များအောင် သုံးစွဲတယ် လို့ ဆိုလိုပါတယ်။ ၀င်ငွေများပြီး ဆင်းဆင်းရဲရဲ အသက်မွေးရင်ကိုးကွယ်
ရာမဲ့သူလို သေရလိမ့်မယ်လို့ပြောတတ်ကြတယ်။
၁။ မိန်းမ လိုက်စားတာ(ပွေတာ)၊
၂။ သေရည်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊
၃။ အလောင်းအစား လုပ်တာ၊
၎။ မိတ်ဆွေညံနဲ့ ပေါင်းသင်းတာ၊
အဲဒီ၎ခုဟာ ပစ္စည်းဥစ္စာ ထွက်ပေါက် ၄ခုပဲ။ ဥပမာ .. . တစ်ဖက်တည်ကန်
ကြီးမှာ ထွက်ပေါက်က ၄ခု၊ ၀င်ပေါက်က ၄ခု ရှိတယ်။ ၀င်ပေါက်တွေ ကို ပိတ်ထားပြီး ထွက်ပေါက်တွေကို ဖွင့်ထားရင် မိုးကလည်း ကောင်းကောင်း မရွာရင် ရေကုန်သာ ကုန်သွားမယ်။ တိုးမလာနိုင်သလိုပါပဲ။
၁။ မိန်းမ မလိုက်စား၊
၂။ သေရည်၊ အရက်၊ မူးယစ်ဆေးဝါး မသုံးစွဲ၊
၃။ အလောင်းအစား မလုပ်၊
၎။ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းခြင်း၊
အဲဒီ ၄ခုဟာ ပစ္စည်းဥစ္စာ ၀င်ပေါက် ၄ခုပဲ။ ဥပမာ .......တစ်ဖက်ဆည်ကန် ကြီးမှာ ၀င်ပေါက်တွေကို ဖွင့်ထားပြီး ထွက်ပေါက်တွေကို ပိတ်ထားရင် မိုး ကလည်း ကောင်းကောင်းရွာရင် ရေဟာ တိုးဖို့သာ ရှိတယ်၊ လျော့သွားဖို့ မရှိသလိုပါပဲ။
ကောလိယရဲ့သား ဒီဃဇာဏုနဲ့ ဥဇ္ဇယပုဏ္ဏားတို့က ဘုရားရှင်အား တောင်း ပန်လျှောက်ထားလို့ ဘုရားရှင်က သူတို့အား အထက်ပါ စကားတွေ ကို ဟောကြားတော်မူခဲ့ပါတယ်။

တရားအသိတိုးပွား၍ ငြိမ်းအေးသောဘဝပိုင်ရှင်များဖြစ်ကြပါစေ...
(၃) လကြာ ပျောက်သွားတဲ့ အိမ်ဖော်ကောင်မလေး ပြန်ရှာတွေ့ပြီ

အိမ်ဖော် လာရောက် လုပ်ကိုင်နေသော မိန်းကလေး တစ်ဦး လူကုန်ကူး ရောင်းစား
ခံရသဖြင့် ပျောက်ဆုံး သွားသလို၊ အိမ်ရှင်မှ နှိပ်စက် ညှင်းပန်းပြီး သတ်ဖြတ်
အလောင်းဖျောက် ခံရသလို အသံများ ထွက်ပေါ်ခဲ့သော ဟင်္သာတမြို့ ဘုရားကြီး(၃)လမ်း
က အိမ်ဖော်မလေး ပျောက်ဆုံးသွားခဲ့သော လူပျောက်မှုကို---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ