အေးချမ်းသာယာပြီးစန္ဒာလမင်းကြီးသာတဲ့ဆောင်းညတစ်ညမှာ
ကျွန်တော်တို့ သူငယ်ချင်း၆ယောက် တောလိုက်ထွက်ကြသည်။ ထိုနေရာကား
မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ် နယ်စပ်ဖြစ်သည့် နန့် ပန်တပ် တောင်တန်းဟုခေါ်သော နန့် ပန်တပ်ရွာအနီးရှိတောင်ကြီးတစ်တောင်ပေါ်ဖြစ်သည် တောင်၏နာမည်မှာမဲ
လုံးတောင်ဟုခေါ်ဝေါ်ကြလေသည် မဲလုံးတောင်ဟုခေါ်ဝေါ်ခြင်းမှာတစ်ခါကမောင်မဲလုံးအမည်ရှိကောင်လေးတစ်ယောက်သည် ထိုတောင်ပေါ်တွင် ၀ါးခုတ်ရင်းဝါးထိုးမိရာပွဲချင်းပြီးသေဆုံးသောကြောင့်မဲလုံးကိုအစွဲပြုပြီးမဲလုံးတောင်ဟု
ခေါ်ဆိုကြလေသည် ။
ညနေချမ်းတစ်ည ကျွန်တော်တို့ တောလိုက်ထွက်ရာတွင် ယုန်-တောကြောင်များထောင်သော ပိုက်(ပိုးချည်ဖြင့်ရက်လုပ်ထားသောပိုက်ကွန်တစ်မျိုး) မောင်းကွင်း- သုတ်ကိုင်း-များနဲ့အတူ တူမီး(လက်လုပ်သေနတ်)၃လက် ဓါတ်မီးအပြည့်စုံဖြင့် ကျွန်တော်တို့  မဲလုံးတောင်သို့ ထွက်ခဲ့ကြသည် လမ်းတွင်စနောက်ပျော်ပါးစွာဖြင့် တောင်စွယ်ကနေ၀င်ချိန်ကိုကြည်နူးစွာကြည့်ရင်းညနေပိုင်းသို
့ရောက်ကာနေ၀င်ချိန်တွေကျော်လွန်ခဲ့ကြသည် ည လမင်းကြီးထိန်ထိန်သာလို့ ကျွန်တော်တို့ တွေ သုတ်ကိုင်း မောင်း ပိုက်တွေလိုက်ထောင်နေကြသည် ကျွန်တော်နှင့်အိုက်ထွန်း
-စောလင်းထွေးတို့ ကတစ်ဖွဲ့  ငမဲ-၀င်းနိုင်-ဇာနီမင်းတို့ ကတစ်ဖွဲ့ ဖြစ်သည် ပိုက်တွေလိုက်ထောင်ပြီးတော့နာရီကြည့်လိုက်တော့၉နာရီပင်ခွဲစပြုနေပြီဖြစ်သည် ကျွန်တော်တို့ တဲထိုးထားသောနေရာပြန်ရောက်တော့ ငမဲတိုံအဖွဲ့ကပြန်ရောက်နှင့်ပြီသူလှည်းပြောလာသည်။
ငမဲ=ဝေးငနောင်ကြာလှချည်လားကွ ကျွန်တော်=ဟုတ်တယ်ကွာ
ငါတို့ နေရာတွေချဲပြီးလိုက်ထောင်နေလို့ 
ဝင်းနိုင်=ဘယ်နေရာတွေထောင်တာလည်းဟ ကျွန်တော်=ဟိုအနောက်ဘက်မြှောင်ကကတွတ်ပင်နဲ့ညောင်ကြပ်ပင်မှာကြာသွားတယ်ကွ
ဇာနိမင်း=အေးမင်းတို့ မို့ အဲဒီနားသွားကွာ(စိုးရိမ်သံဖြင့်) ကွိန်တော်=ဘာလို့ လည်းကွ ဝေး ဒါတောနော်ရှောက်မပြောနဲ့
စောလင်းထွေးက တော်ပါပြိကွာထားလိုက်ပါတော့အခုဘာချက်ထားလည်း ၀င်းနိုင်=ဘာမှမချက်ထားဘူးမီးဖိုပေါ်မှာထမင်းရှိတယ် ဟင်းကတော့အိမ်ကယူလာတဲ့ငါးခြောက်နဲ့အမဲသားကြော်သာစားပေတော့ ထိုအချိန်တွင် အိုက်ထွန်းကဟာကွာမင်းတို့ တော့ထဲလာတာအမဲသားထည့်လာတယ် ဟုတ်လား????????????????ဇာနီမင်း=ဟုတ်တယ်လေကြာက်ဥလည်းပါတယ် ဘာဖြစ်လို့ လည်း
အိုက်ထွန်း=ဘာမှမဖြစ်ပါဘူးကွာ တောတောင်ဆိုတာကြက်ဥနဲ
့အမဲသားယူမလာရဘူးဆိုတာမင်းတို့ မသိကြဘူးလားကွာ ဒီနေ့ ညကိုဘယ်လိုဖြတ်သန်းရမယ်ဆိုတာငါမတွေးရဲဘူး.................(စိတ်ပျက်သောလေသံဖြင့်)
ကျွန်တော်=တော်ပြီဘာပြောမနေနဲ့ တော့သူတို့ ကလူသစ်ဘဲကွာထားလိုက်ပါ တောတောင်းလာတာဘဲ ဘာမဖြစ်လောက်ပါဘူး
ဒီလိနဲ့ စကားစတွေရပ်သွားကြသည် ကျွန်တော်တို့ တွေထမင်းစားပြီးတော့ဆေးလိပ်သောက်ကြရင်း ကျွန်တော်စကားစပျိုးလိုက်သည်
ဒီညတောကောင်တွေကိုပစ်ဖို့ ဘယ်လိုအဖွဲ့ ခွဲကြမလည်းဘယ်သူတွေကတစ်ဖွဲ့ လည်း
ဝင်းနိုင်ကငါနဲ့ ဇာနီမင်းနဲ့ ငမဲနဲ့ တစ်ဖွဲ့ သွားမယ်ကွာ ကျွန်တော်=အေးရတယ်လေ မင်းတို့ ကတူမီး၂လက်ယူသွား
တစ်ခုတော့ပြောလိုက်မယ်နော် အမှတ်(သွေးဟုဆိုလိုသည်=တောထဲတွက်သွေးဟုမထွက်ရပါ)
ဘဲရရင်အချက်ပြဆက်မလိုက်နဲ့ ငါတို့ တူတူလိုက်မယ် ဇာနီိမင်းအေးပါကွာသိပါတယ်
ကျွန်တော်+စိုးလင်းထွေး+အိုက်ထွန်းတို့ ကတစ်ဖွဲ့ ထွက်လာသည် အိုက်ထွန်း=ငါတို့ ဝက်သေမြောင်ဘက်သွားကြမယ်ဘယ်လိုလည်းအရင်
၁ခေါက်ကလည်းအဲဒီမှာအကောင်ကြီးတွေတွေ့ တယ် စိုးလင်းထွေး=အေးဝေးငနောင်သွားကြမလား ကျွန်တော်=အေးသွားကြမယ်လေ ကျွန်တော်တို့ တွေစိတ်တူညီစွာဝက်သေမြောင်ဘက် ထွက်လာခဲ့လေသည်
၁နာရီနီးပါးလျောက်သောအခါဝက်သေမြောင်သို့ ဆိုက်မြိုက်စွာရောက်လာပါသည် အိုက်ထွန်း=ဝေးငါတို့ ညောင်ကြပ်ပင်ဘက်သွားကြမယ်အဲဒီအပေါ်ကဆိုရင်
လွပ်လွပ်လပ်လပ်ပြစ်လို့ ရတယ် ကျွန်တော်+စိုးလင်းထွေး=အေးသွားကြတာပေါ့ကွာ ကျွန်တော်တို့ တောကောင်စောင့်ရင်းည၁၂နာရီခွဲလောက်တွင်
ကြမ်းတမ်းသောတောတိုးသံတစ်ခုကိုကြားလိုက်ရသည် ကွန်တော်ကဓါတ်မီးကိုသေချာကိုထားသလိုစိုးလင်းထွေးကလည်းသေချာကိုင်ထားသည် ။
အိုက်ထွန်းကတော့တူမီးပေါ်ကမောင်းတင်ပြီးသားခွင်ကြနေပြီဖြစ်သည် ကျွန်တော်တို့ စောင့်နေရင်း၅မိနစ်လောက်ကြာတော့ သတ္တ၀ါတစ်ကောင်ပေါ်လာသည် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးကြီးလိုက်တဲ့ဝက်တောင်းကြီးဗျာ သင်းကွဲဝက်ပေါ့ ၀က်သိုးကြီး ဂုတ်ကအမွေးတွေကလည်းလရောင်အောက်မှာထောင်နေတာပင်ကြက်သိးထချင်စရာ အိုက်ထွန်းကသေနတ်ကို သေချာစွာချိန်ပြီးမှ အောက်ပြန်ချလိုက်သည် ကျွန်တော်တို့ မိးထိုးပေးမယ်လုပ်တော့သူကလက်နဲ့ အချက်ပြသည်မထိုးဖို့  ကျွန်တော်တို့ လက်တွေညိမ်သွားသည် တောဝက်လည်း=
လူးအိုင်(သဘာဝဆားဓါတ်ပေါက်နေသောမြေ)ပေါ်တွင်ကျေနပ်စွာလျက်ပြီးထွက်ခွာသွားလေသည် ။
ကျွန်တော်ကအိုက်ထွန်းကို မင်းဘာလို့ မပစ်တာလည်း အပေါ်စီးကအသာကြီးပစ်ရတာကို စိုးလင်းထွေး=ဟုတ်တယ်ကွာမင်းမပစ်လိုက်ဘူး
အိုက်ထွန်း=မင်းတို့ သာပစ်ခိုင်းနေဟိုကငါ့သေနတ်ကြည်ထွက်တာနဲ့ ကနေမှာ စွယ်ပိတ်ဖြစ်နေပြီကွ ကျွန်တော်သဘောပေါက်သွားသည် စွယ်ပိတ်သောတောဝက်တစ်ကောင်သည်ကြည်မထွက်ကြောင်းသတိပြုမိလေသည် အချိန်ကတစ်စစနဲ့ ညနက်ပိုင်းသို့ ရောက်လာသည် ဟိုးအရှေ့ ဘက် ကတောင်စွယ်ကနေဒိုင်းဆိုတဲ့အသံကဆူညံသောတစ်ခုအဖြစ်ကြားလိုက်သည် ။
နောက်၁၀မိနစ်လောက်တွင်မီးအနီရောင်မီးကြည်လင်းလာသည် ကျွန်တော်တို့ တွေဘာမှမစဉ်းစားတော့ အပင်ပ်ါကဆင်းပြီးထိုမိုးရောင်ရှိရင်အပြေးနှင်မိလေသည် ကို့ အနားတွင်လူပါမပါဆိုတာပင်မသိတော့ကို့ အတွေးနဲ့ ကိုစိုးရိမ်မှုတွေနဲ့ ပြေးမိလေသည် ထိုတောင်ကုန်းထက်ရောက်တော့ ဇာနီမင်းကမျက်စိကြောင်တောင်စွာဖြင့်ကျွန်တော်တို့ ကိုငူငူကြည့်နေလေသည် စကားပြောနေသည်ဟုယူဆရသော်လည်းစကားမထွက် ငမဲကိုကြည့်လိုက်တော့ မျက်ရည်စတွေနဲ့ ကျွန်တော်တို့ ကိုတွေ့ တော့ပိုဆိုးလာသည် ကျွန်တော်မျက်စိလည်ကာကြည့်မိသည် ၀င်းနိုင်ပျောက်နေသည်
ဝေး=ဘယ်မှာလည်းဟိုတစ်ယောက်(တောထဲတွင်နာမည်မခေါ်သင့်သောကြောင့်)ကျွန်တော်မေးလိုက်သည်။
ဇာနီမင်း=ငါ................သူ့ ကို....................မှားပစ်လိုက်မိတယ်;;;;;;;;;;;;;သူသွေးတွေနဲ့ လျိုထဲဆင်းပြေးသွားပြီ
အိုက်ထွန်း=ဟေအမှတ်တွေထားခဲ့ရင်လိုက်ရှာမယ်လေထကွာအချိန်ဆွဲမနေနဲ့  ကျွန်တော်တို့ မစဉ်းစားနိုင်တော့ပါ သွေးကြရာတစ်လျောက်အပြေးလိုက်မိကြသည် တစ်နေရာေ၇ာက်တော့သွေးကွက်ရာပျောက်သွားသည် အမှတ်တွေပျောက်သွားပြီ သေချာကြည့်ကြပါဦး ဟောတွေ့ ပါပြီ တစ်နေရာတွင်လဲကြနေသော သတ္တ၀ါတစ်ကောင် ကြည့်လိုက်တော့လူမဟုတ်တာသေချာသည် သွားကြည့်တော့ အိုက်ထွန်းက ဝေးနောက်ဆုတ် စိတ်မချနဲ့ သူပြောလို့ မဆုံးသေးပါ..................ဝေါင်းးးးးးးးးးးးးးးးးးးးးးးးးးးးး.
...ထိုသတ္တ၀ါရဲ့ လက်သည်းချွန်မြမြကကျွန်တော့ပံခုံးကြွက်သားတွေကိုဖဲ့ ထုတ်ပစ်လေပြီ ထိုသို့ လုံးထွေးနေချိန်တွင်အိုက်ထွန်းကတိကျစွာဖြင့် ပစ်လိုက်သည် ဒိုင်းးးးးးးးးးးးးးးးးးးးးးးးးးးးးကျွန်တော်လည်းလဲကျသွားသည် ထိုအကောင်လည်းလဲကျသွားလေသည်
ထိုအကောင်လှဲကြမသေချာကြည့်မိသည် ကျားနက်ကြီးတစ်ကောင်ပါလား ကျွန်တော်အသက်မသေသည်ပင်ကျေးဇူးတင်ရမည်လို ထိုအချိန်တွင်ဝင်းနိုင်ကိုသတိရမိသည် သူကဆေးကျောင်းတက်နေသည့်ကျောင်းသားမဟုတ်ပါလား..................ဝေးဟိုတစ်ယောက်ကိုရှာရမယ် ဒီကောင်ကိုအမှတ်နဲ့ သေချာသိမ်းခဲ့မနက်မှလာယူမယ် ကျွန်တော်တို့ လူစု ၀င်းနိုင်ကိုရှာဖွေကြသည်မတွေ့ မီးထွန်းတော့လည်းပြန်မထွန်း ၀ူး.၀ါးအော်တော့လည်းတောင်ရဲ့ ရိုက်ခက်သံကလွဲလို့ တိတ်ဆိတ်နေသည် မထူးတော့ပြီ မနက်အာရုံပင်လာတော့မည်မဟုတ်ပါလား တာသို့ ခဏပြန်ကြရအောင်ကွာ ၁နာရီ၂နာရီလောက်နေမှပြန်ရှာကြတာပေါ့ ကျွန်တော်သိနေသည် ။
ကျွန်တော်မဟန်တော့ပါ သွေးတွေကလည်းတော်တော်ထွက်နေသေးသည် တဲပြန်ရောက်တော့မီးဖိုမီးပြန်ထိုးသူကထိုး ရေနွေးတည်သူကတည်ဖြင့်စဉ်းစားတွေးတောနေကြသည် အတွေးတွေကတော့ကျွန်တော်ထင်သည် ၀င်းနိုင်ဆီသာရောက်နေကြမည် ။
ကျွန်တော်လည်းဝင်းနိုင်ဆီသာစိတ်ရောက်နေမိသည် ။သိပ်မကြာပါ တောတောင်ရဲ့ ပင့်တင်သံတစ်ခုကြားလိုက်ရသည် ဒိုင်း...........အကုန်လုံးခေါင်းထောင်သွားကြသည် ၀င်းနိုင်သာဖြစ်လိမ့်မည်ဆိုတာသာတွေးတောနေကြသည် အချက်ပြမီးတွေသာပြနေရသည်လူမသွားနိုင်တော့ မနက်၎နာရီခွဲလောက်တွင် အ၀တ်စားတွေစုတ်ပြတ်သတ်ကာသွေးအလူးလူးပေနေသောဝင်းနိုင်ပြန်ရောက်လာသည် ပခုံးထက်တွင် ချေပျိုလေးတစ်ကောင်တော့ထမ်းလျက် တဲပြန်ရောက်တော့သတိပါလစ်သွားသည် ကျွန်တော်တို့ နိုင်းလို့ မရတဲ့ ပျော်ရွှင်ခြင်းနဲ့ ပျော်မိသည်။
သူ .ကိုသေပြီဟု ယူဆထားသည်မဟုတ်ပါလား........သူငယ်ချင်းအသက်ရှင်လျက်ပြန်လာသည်လေ ဇာနိမင်းဆိုလျင်ဝင်းနိုင်ကိုသွားသွားကိုင်ကြည့်လျက် မျက်ရည်တွေဖြိုင်ဖြိုင်ကြနေသည် ၀င်းနိုင်သွေးထွက်တဲ့နေရာကြည့်မိတော့ကျွန်တော့လိုဘဲ ပခုံးတွင်ဒါဏ်ရာနဲ့  ဘာဖြစ်မှန်းပင်မသိပါ..................................
သူသတိရလာတော့မနက်၁၁နာရီပင်ထိုးနေပြီ ၀င်းနိုင်=ဟရောင်တွေဘာဖြစ်နေကြတာလည်းကွ ကျွန်တော်တို့ ကိုမေးနေသည်။
ကျွန်တော်ကမင်းကိုမနော့ကဇာနီမင်းသေနတ်နဲ့ ပစ်မိတယ်ဆိုဘယ်ထိသွားလည်း
ဝင်းနိုင်=ဘာပြောတယ်ကွ ငါအပေါ့သွားချင်လို့ ဆိုပြီးသူတို့ ကိုပြောသွားတယ်လေကွာ အဲဒီမှာအပေါ့စွန့် ရင်းမဲမဲမြင်လို့ လိုက်သွားတာတော်တော်အဝေးရောက်မှန်းမသိရောက်
သွားတယ် ရောက်တဲ့နေရာသေချာကြည့်မှ သဖန်းတောရောက်နေတယ် အဲဒိမှာငါ့ကိုအကောင်တစ်ကောင်အလစ်ဝင်တိုက်လို့ ငါလုံးထွေးရင်းဒါဏ်ရာ၇လာတာ သူလုံးထွေးသည်ပြောမှသတိရကြသည် ငမဲကငါတို့ညကပစ်တဲ့ အကောင်သွားထမ်းကြမယ် မင်းတို့ ၂ယောက်ကနားကြပေါ့ကွာ ကျွန်တော်လည်းတဲနဲ့ သိပ်မဝေးလှတာမို့ ၎ယောက်ဆိုလောက်ပါတယ်လေ ဆိုပြီးလိုက်မသွားပါ ခဏနေတော့ငမဲပြန်ရောက်လာသည် ဝေးခဏလိုက်ခဲ့ ကြတဲ
့ကျွန်တော်လည်းဘာမသိညာမသိလိုက်သွားသည် ။
ဟိုရောက်တော့ညကအပင်တွင်အမှတ်သားလုပ်ခဲ့ကြတာတွေ့ သည် သူတို့ ကညကဒီမှာအကောင်ထားခဲ့တာနော် ကျွန်တော်=ဟုတ်တယ်လေ အခုဘာမှမ၇ှိပါလားကွသေချာကြည့်မိသည် ဘာမှရှိမနေပါ ကျွန်တော့အမှတ်သားကိုသေချာကြည့်သည်မှန်ပါသည်မမှား ဒါဆိုဘာလည်းတွေးတောမရပေ နေ့လယ်ရောက်တော့ကျွန်တော်တို့ ပြန်ဖို့ လုပ်ကြသည် ပိုက်တွေလိုက်သိမ်းကြတဲ့ ၃ယောက်လည်းပြန်လာသည် ယုန်၂ကောင်နှင့်တောကြောင်တစ်ကောင်ပါလာသည် အဲဒါလေးကိုင်ရင်ချီပျိုမလေးကိုထမ်းရင်းပြန်လာကြသည် ၀င်းနိုင်နဲ့ ကွန်တော်ကဘာမှယူမပြန်ပါ အပြန်လမ်းမျာတော့အတွေးတွေကိုစီနဲ့ ကျားတစ်ကောင်လုံးဘယ်ပျောက်သွားလည်းပေါ့ .................................................
ဝင်နိုင်ကလည်းပြောသည် သူ့ ကိုဝင်လုံးတာမဲမဲကြီးဆိုတာပင်
နန်းပန်တက်ပန်ရောက်တော့မှရွာခံသူငယ်ချင်းတွေလူကြီးတွေကပြောကြသည် မဲလုံးတောင်ကိုသွားတာအသက်မသေဘဲပြန်လာတာမင်းတို့ တစ်ဖွဲ့ ဘဲရှိသေးသည်တဲ့ 
ကျွန်တော်တို့ အကောင်ပျောက်တဲ့ နေရာမေးကြည့်တော့မဲလုံးကိုမြုတ်ထားတဲ
့နေရာဖြစ်နေသည် တောတောင်ထဲတွင်သေသဖြင့်ရွာသို့ ပြန်မသယ်ဘဲမြုတ်ခဲ့ ဟန်တူသည် ကလောသို့ ပြန်ရောက်သောအခါညနေပိုင်းတွင်ဇာနီမင်းအကောင်းကြီးကနေထဖောက်တော့သည် ဘာဖြစ်မှန်းပင်မသိမျက်စိတွေနီရဲကာဘာမှန်းမသိတဲ့ စကားတွေပြောနေသည်
နောက်တော့ပယောဂမှန်းသိသဖြင့် ဆရာပင့်ပြီးပြရာသူကမဲလုံးဖြစ်ကြောင်းသူ့ အပိုင်တွင်သူ့ ထံခွင့်ပြုချက်မယူ
သဖြင့်ကိုထင်ပြရာ ယခုသူဝင်နေသောကလေးကသေနပ်ဖြင့်ပစ်သဖြင့်ပြန်ပြေးခဲ့ကြောင်း
ထို့ နောက် ကျွန်တော့ပခုံးတွင်ဒါဏ်ရာရစေချင်းမှာထပ်မလုပ်အောင်အသိပေးတာဖြစ်ပြီးညာ
တာစွာလုပ်ကြောင်းပြောပြီးအမျှပေးဝေခိုင်းကာထွက်သွားသည် ----
-ကြက်ဥနဲ့ အမဲသားသူယူလာလို့ ဖြစ်သည်ဟုစိတ်ထဲစွဲကာခံစားနေရသော
ဇာနီမင်းလည်းနောက်၂လ၃လလောက်တွင်အိမ်မှာကွယ်လွန်သွားရှာလေသည် ကျွန်တော်တို့ တွေအသိရလိုက်ပါသည် ကျွန်တော်တို့ မုဆိုးမဟုတ်ပါသားကောင်တွေပြန်ဖြစ်နေကြရသည်လေ'''''''''''''''''''''''''''
ကျွန်တော်တောင်းဆုပြုလိုက်ပါတယ် သူငယ်ချင်းဇာနီမင်း မုဆိုးကသားကောင် သားကောင်ကမုဆိုးဖြစ်မဲ့ ဘ၀ကင်းဝေးပါစေလို့ 
အလွမ်းသခင်

0 ကွန်မန့်ရေးရန်:
Post a Comment