This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, November 24, 2013

ရွှေလီနှင့် မူဆယ်တွင် အိမ်ထောင်ရေးမိတ်ဆက်စာ ဝေငှခဲ့သူ တရုတ်နိုင်ငံသားကို အရေးယူ............................




ရွှေလီနှင့် မူဆယ်တွင် အိမ်ထောင်ရေး မိတ်ဆက်စာ ဝေငှခဲ့သူ တရုတ်နိုင်ငံ သားကို အရေးယူ
*************************************************
ရွှေလီနှ င့်မူဆယ်၌ အိမ်ထောင် ရေး မိတ်ဆက်စာကို မြန်မာ ဘာသာဖြင့် ဝေငှခဲ့သည့် တရုတ်နိုင်ငံသား လီပင်းရီ ကို တရုတ်ရဲ များက နှင်ထုတ်ခြင်းဖြင့် အရေးယူ လိုက်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောသည်။

''တရုတ်ရဲတွေက သူ့ရဲ့နေရပ်ကျန်းစု ပြည်နယ်ကို နှင်ထုတ်လိုက် တာဖြစ်ပါတယ် ဟု ၄င်းကပြောသည်။
မြန်မာဘက်မှ စစ်ဆေးပေးရန် တောင်းဆိုမှုပြုခဲ့၍ တရုတ်ရဲများက စစ်ဆေးကာ ဟုတ်မှန်ခဲ့သည့်အတွက် ထိုသို့ အရေးယူအပြစ်ပေးလိုက်ခြင်း ဖြစ် ကြောင်း ၄င်းက Popular News သို့ ပြောသည်။

တရုတ်ရဲများက နိုဝင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခွဲတွင် အပြစ်ပေး အမိန့်ထုတ် ခဲ့ပြီး လီပင်းရီ၏ အိမ်ထောင် ရေး မိတ်ဆက် လိုင်စင်ကိုပါ ရုတ်သိမ်းလိုက် သည်ဟု ဒုရဲမှူးကြီးကဆက်လက်ပြော သည်။

တရုတ်နိုင်ငံတွင် အိမ်ထောင်ရေး မိတ်ဆက်ခြင်းလုပ်ငန်းကို တရားဝင် ခွင့်ပြု ၍ လိုင်စင်ချထားပေးမှု ရှိသော်လည်း ယင်းလိုင်စင်က တရုတ်နိုင်ငံသား အချင်း ချင်း အတွက်သာဖြစ်ကြောင်း သိရသည်။ သို့သော် လီပင်းရီက ထိုသို့မဟုတ်ဘဲ မြန်မာဘာသာနှင့်ပါ ပြန်ဆိုကာ မြန်မာ အမျိုးသားများကို ဦးတည်နေသောပုံစံ ဖြစ်နေ၍ အရေးယူခံရခြင်းဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

ဘာသာပြန်ရန်အတွက် လီပင်းရီ ခန့်အပ်ထားသော မြန်မာနိုင်ငံသား အမျိုး သမီးကိုမူ အရေးမယူသော်လည်း သတိ ပေးမှု ပြုလုပ်ထားသည်ဟု သိရသည်။

''ကျွန်တော်တို့ လူကုန်ကူးမှု ကိစ္စရပ် တွေကို တင်းတင်းကျပ်ကျပ် ကိုင် တွယ်နေ ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စတွေကို လုံးဝ လက်မခံပါဘူး'' ဟု ဒုတိယ ရဲမှူးကြီးက ထပ်လောင်းဆိုသည်။

မစ္စတာ လီပင်းရီ၏ ကြေညာစာတွင် တရုတ်ပြည်၌ တရားဝင် မှတ်ပုံတင်၍ အိမ်ထောင်ပြု လက်မှတ် ရယူနိုင်ပါကြောင်း၊ သင့်တွင် ဆွေမျိုးပေါင်းဖော် မိတ်ဆွေ သူငယ်ချင်းများက တရုတ်ပြည်တွင် အိမ်ထောင်ပြုလိုပါက ကျွန်ုပ်ထံသို့ ဆက်သွယ်ပါ။ အောင်မြင်လျှင် ကျွန်ုပ်က ယွမ် ၃ဝဝဝ ပေးအပ်မည် ဟု ဖော်ပြထားသည်။

Popular Myanmar News Journal

ရွှေလီနှင့်မူဆယ်၌ အိမ်ထောင်ရေးမိတ်ဆက်စာကို မြန်မာဘာသာဖြင့် ဝေငှခဲ့သည့် တရုတ်နိုင်ငံသား လီပင်းရီကို တရုတ်ရဲများက နှင်ထုတ်ခြင်းဖြင့် အရေးယူလိုက်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်လှက ပြောသည်။


''တရုတ်ရဲတွေက သူ့ရဲ့နေရပ်ကျန်းစု ပြည်နယ်ကို နှင်ထုတ်လိုက် တာဖြစ်ပါတယ် ဟု ၄င်းကပြောသည်။
မြန်မာဘက်မှ စစ်ဆေးပေးရန် တောင်းဆိုမှုပြုခဲ့၍ တရုတ်ရဲများက စစ်ဆေးကာ ဟုတ်မှန်ခဲ့သည့်အတွက် ထိုသို့ အရေးယူအပြစ်ပေးလိုက်ခြင်း ဖြစ် ကြောင်း ၄င်းက Popular News သို့ ပြောသည်။

တရုတ်ရဲများက နိုဝင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခွဲတွင် အပြစ်ပေး အမိန့်ထုတ် ခဲ့ပြီး လီပင်းရီ၏ အိမ်ထောင် ရေး မိတ်ဆက် လိုင်စင်ကိုပါ ရုတ်သိမ်းလိုက် သည်ဟု ဒုရဲမှူးကြီးကဆက်လက်ပြော သည်။

တရုတ်နိုင်ငံတွင် အိမ်ထောင်ရေး မိတ်ဆက်ခြင်းလုပ်ငန်းကို တရားဝင် ခွင့်ပြု ၍ လိုင်စင်ချထားပေးမှု ရှိသော်လည်း ယင်းလိုင်စင်က တရုတ်နိုင်ငံသား အချင်း ချင်း အတွက်သာဖြစ်ကြောင်း သိရသည်။ သို့သော် လီပင်းရီက ထိုသို့မဟုတ်ဘဲ မြန်မာဘာသာနှင့်ပါ ပြန်ဆိုကာ မြန်မာ အမျိုးသားများကို ဦးတည်နေသောပုံစံ ဖြစ်နေ၍ အရေးယူခံရခြင်းဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

ဘာသာပြန်ရန်အတွက် လီပင်းရီ ခန့်အပ်ထားသော မြန်မာနိုင်ငံသား အမျိုးသမီးကိုမူ အရေးမယူသော်လည်း သတိ ပေးမှု ပြုလုပ်ထားသည်ဟု သိရသည်။

''ကျွန်တော်တို့ လူကုန်ကူးမှု ကိစ္စရပ် တွေကို တင်းတင်းကျပ်ကျပ် ကိုင် တွယ်နေ ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စတွေကို လုံးဝ လက်မခံပါဘူး'' ဟု ဒုတိယ ရဲမှူးကြီးက ထပ်လောင်းဆိုသည်။

မစ္စတာ လီပင်းရီ၏ ကြေညာစာတွင် တရုတ်ပြည်၌ တရားဝင် မှတ်ပုံတင်၍ အိမ်ထောင်ပြု လက်မှတ် ရယူနိုင်ပါကြောင်း၊ သင့်တွင် ဆွေမျိုးပေါင်းဖော် မိတ်ဆွေ သူငယ်ချင်းများက တရုတ်ပြည်တွင် အိမ်ထောင်ပြုလိုပါက ကျွန်ုပ်ထံသို့ ဆက်သွယ်ပါ။ အောင်မြင်လျှင် ကျွန်ုပ်က ယွမ် ၃ဝဝဝ ပေးအပ်မည် ဟု ဖော်ပြထားသည်။

Popular Myanmar News Journal


--

သန်လျင်တွင် ၁၀၀၀ တန် အတုများ မိ.......................



http://www.thithtoolwin.com/