This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, June 11, 2014

တူဖြစ်သူခိုးယူလာသည့် မိန်းကလေးကို ဦးလေးက အဓမ္မပြုကျင့် .................

10 June 2014 21:54(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

 ရန်ကုန်၊ မဇ္ဈိမ။             ။ တိုက်ကြီးမြို့နယ်တွင် နေထိုင်သည့် အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးက ၎င်း၏ရည်းစားဖြင့် ခိုးရာလိုက်ပြေးလာစဉ် ရည်းစားဖြစ်သူ၏ ဦးလေးက အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၈ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ အထက်ပါမိန်းကလေးသည် ၎င်း၏ရည်းစားဖြစ်သူ အုတ်လုပ်သား စိုးမင်းဦးနှင့် ခိုးရာလိုက်ပြေးလာပြီး တိုက်ကြီးမြို့နယ်၊ တိုးဂိတ်အနီးရှိ အောင်ပြည့်စုံစားသောက်ဆိုင်တွင် စိုးမင်းဦး၏ ဦးလေးဖြစ်သူ စန်းမင်းထွေး (၂၆)နှစ်နှင့် (၃)ယောက်အတူ စားသောက်နေခဲ့သည်ဟု ဆိုသည်။

၁၅ မိနစ်ခန့်အကြာတွင် စန်းမင်းထွေးက အိမ်ငှားပေးမည်ဟုဆိုကာ မိန်းကလေးကို ဆိုင်ကယ်ဖြင့် တင်ဆောင်သွားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် တိုက်ကြီးမြို့နယ်၊ လသာကုန်းရွာ(ရန်ကုန်ဘက်သို့အထွက်) မြောင်းတံတားထိပ် လမ်းဘေးအရောက်တွင် အထက်ပါမိန်းကလေးကို ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းပြီး တွန်းလှဲကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီး စားသောက်ဆိုင်တွင် ကျန်နေခဲ့သည့် တူတော်စပ်သူ စိုးမင်းဦးထံ ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်။

စားသောက်ဆိုင်သို့ ပြန်အရောက်တွင် ၎င်း၏ရည်းစားဖြစ်သူကို ပြောပြပြီး ဥပ္ပုံစုရပ်ကွက် ဆယ်အိမ်မှူးထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ စန်းမင်းထွေးကို အရေးယူပေးပါရန် အထက်ပါ မိန်းကလေး၏ တရားလိုပြု တိုင်တန်းချက်ကို တိုက်ကြီးမြို့မရဲစခန်းက(ပ)၂၁၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူကို ဖမ်းစီးစစ်ဆေးလျှက်ရှိသည်။

Written by  ဖြိုးဝေလင်း
Mizzima - News in Burmese


နိုင်ငံတကာ ဈေးကွက် ကောင်းနေသည့် ချောင်းရိုက် စီးပွားရေး ..................



+++++++++++++++++++++++++++++++++++++
ညစ်ညမ်း ဆိုဒ်တွေမှာ မန်းလေး-ချောင်းသာ သန့်စင်ခန်း မှ အလန်းလေးများ ဆိုပြီးထွက် နေပြီလို့ သိရပါတယ်၊ မမ ညီမလေးများ သတိထားကြဘို့ အတွက်နော၊
တနိုင်ငံလုံးမှာ မျက်လုံးတွေ ရှိနေလို့  အမျိုးကောင်းသမီးတွေ သတိထားကြရပါမယ်၊ အိမ်သာတို့  ရေချိုးခန်းတို့ မှာ မသင်္ကာစရာ ကင်မရာတွေ့ ခဲ့ရင် တာဝန်ရှိတဲ့ တာဝန်ရှိတဲ့ မန်နေဂျာ-
ဆီသွားပြီး တိုက်ရိုက် တိုင်ကြားနိုင်ပါတယ်၊
နိုင်ငံတကာမှာဆိုရင် ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ရင် ဟော်တည်ပိတ်ပလိုက်ရတဲ့အထိ အရေးယူ လို့ ရတယ်၊
တိုင်းပြည်တွင်းမှာချောင်းရိုက် စီးပွားရေးဈေးကောင်းနေပြီး နိုင်ငံတကာရဲ့ အပြာဝက်ဆိုဒ်တွေမှာ home made myanmar တွေ ဗီဒီယို ဇတ်လမ်းတွေ အင်တာနက်မှာ ရေပန်းစားလာတာကြောင့်
တရုတ်ပြည်ကနေ ပုံစံမျိုးစုံချောင်းရိုက် ကင်မရာ တွေတင်သွင်းပြီး ထုတ်ထုပ်ရောင်းချ နေတဲ့ သူတွေကို အရေးယူမယ့် သူမ၇ှိလို့  ပိုပြီးကျယ်ပြန့် လာနေတယ်။
ဒီလိုညစ်ညမ်းခွေတွေကို လမ်းဘေးမှာတောင် လိုင်းကြေးပေးပြီးအော်ရောင်းနေတယိဆိုတော့
နောက်ပိုင်းဆို ရင် နိုင်ငံတကာ လိင်ဗူးအဖွဲ့ ဝင် တွေ နိုင်ငံတွင်းကို အစုလိုက်အပြုံလိုက် ရောက် လာ တော့မှာ၊ ပိုဆိုးလာနိုင်တာက ခလေးငယ်တွေနဲ့ လိမ် ဆက်ဆံတာ ..မုဒိန်းကျင့်ပွဲတွေကို ပြောင်းပြောင်းတင်းတင်းရိုက်လာကြတော့မယ် ။
ကံဗောရီးယား နိုင်ငံမှာ မိမိသားသမီးတွေကို နိုင်ငံခြားသားတွေဆီမှာ လိင်ဆက်ဆံဘို့  ရောင်းစား နေရာမျိုးတွေ လည်း ဖြစ်လာနိုင်ပါတယ်၊
ထိုင်းမှာတော့ ခလေးငယ်နဲ့ အမျိုးသမီးစောင်းေ၇ှာက်ရေး အဖွဲ့ တွေကေ၇ှ့ နေနဲ့ ရဲတွေရဲ့ အကူညီ ယူပြီး ညစ်ညမ်းမှုခင်းတွေ လိုက်နိမ်နင်းကြပါတယ် ..။
You might also like:

မန္တလေးမှ သီလရှင်တစ်ပါး ကြိုးဆွဲချသတ်သေ ..............

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့
နယ်အတွင်း သီတင်းသုံးသူ အသက်(၂၁)နှစ်
အရွယ်ရှိ သီလရှင် တစ်ပါးမှာ ကိုယ်ရုံ
သင်္ကန်းအား အသုံးပြု၍ ကြိုးဆွဲချသတ်သေ
ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်မှာ ဇွန် ၂ ရက်နေ့ ၂ နာရီ ၂၀ မိနစ်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂) ရပ်ကွက်၊ ၆၉-၇၀ကြား၊ လမ်းသွယ်(၂) (ဆ-၆/၈၃) နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ၊ သေဆုံးသူမှာ ၀မ်းတွင်းမြို့ သိမ်ထောင်မုံတိုင် ကျောင်းတိုက်မှ သီလရှင် ဒေါ်နိမလနန္ဒီ (ခ) မနှင်းယုယုထွေး ၂၁ နှစ်၊ ၀ါတော်၃ ၀ါ၊ မြို့သစ်(၂) ရပ်ကွက် ချမ်းမြသာစည် မြို့နယ်နေသူ ဖြစ်ပြီး လည်ပင်းတွင် လိမ်ထားသော ကိုယ်ရုံ သင်္ကန်းကြိုးအား ချည်လျက် တန်းလန်းဖြင့် နေအိမ်စတိုခန်း ထုပ်တန်းတွင် ဆွဲကြိုးချသေဆုံး နေခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အား စုံစမ်းရာတွင် ၄င်းသည် လွန်ခဲ့သော ၂နှစ်ခန့် မှစ၍ ၀မ်းတွင်းမြို့၊ သိမ်ထောင်မုံတိုင် ကျောင်းတိုက်တွင် သီလရှင် ၀တ်ခဲ့ပြီး ၄င်းကျောင်းတွင် နေထိုင်စဉ် သီလရှင် အချင်းချင်း စကားများ ရန်ဖြစ်ပြီးနောက် ကျောင်းမှ ပြန်လွှတ်ခဲ့သဖြင့် နေအိမ်တွင် ပြန်လည် နေထိုင်ခဲ့ကြောင်း၊ ၄င်းသင်ကြားလိုသည့် ဗုဒ္ဓစာပေများအား ဆက်လက် မသင်ကြားရတော့သဖြင့် အမြဲတမ်း စိတ်ညစ်နေသူ တစ်ဦးလည်း ဖြစ်ကြောင်း၊

ယင်းသေဆုံးနေသည်အား တစ်အိမ်တည်းနေ အိမ်ဖော် ဖြစ်သူ မခင်အေး ၂၄ နှစ်မှ စတိုခန်းအနီး လှန်းထားသည့် အ၀တ်များအား သွားယူစဉ် မြင်တွေ့ခဲ့ရခြင်း ဖြစ်ကာ၎င်း၏ဖခင်အား ပြောပြ၍ ၄င်း၏ ဖခင်ကလည်ပင်းက ထုပ်တန်းသို့ တွဲလောင်း ချည်ထားသော ကိုယ်ရုံ သင်္ကန်းကြိုးအား ဖြုတ်ကာ မနှင်းယုယုထွေးအား နေအိမ် ဧည့်ခန်းသို့ ပွေ့ချီထားခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် သေဆုံးသူအား မန္တလေး ဆေးရုံကြီးသို့ ပို့အပ်လျက် နယ်မြေ ရဲစခန်း(အမှတ်-၁)က သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၄ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tomoorow News Journal

ဇနီးဖြစ်သူအား ကိုယ်ထိလက်ရောက်ရန်ပြုသူကို ခင်ပွန်းဖြစ်သူမှ ထိုးကြိတ်ခဲ့သဖြင့် သေဆုံး............


ရန်ကုန်၊ ဇွန် ၁၀

၉.၆.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန် လသာမြို့နယ်နေ ကိုနန္ဒကျော်
သည် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးတွင် မဆုပြည့်ဝင်း
အား မူးယစ်ပြီးကိုယ်ထိလက်ရောက်စော်ကားရန်ပြုခဲ့ကြောင်း၊ ထိုသို့ရန်ပြုသည်ကို မဆုပြည့်ဝင်း၏ ခင်ပွန်း ဖြစ်သူ နိုင်ကိုကို မှမကျေနပ်သဖြင့် ကိုနန္ဒကျော်အား ရင်ဘတ်ဆောင့်တွန်းကာ
ထိုးကြိတ်ခဲ့သောကြောင့် ကိုနန္ဒကျော်တွင် နှာခေါင်းသွေးထွက်၊ အပေါ်နှုတ်ခမ်းဖူးရောင်၊ ၀ဲဒူးပွန်း

ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်
ဆေးရုံကြီးတွင် ပြင်ပလူနာ အဖြစ်ကုသကာ ၂၂၀၀ အချိန်တွင်
နေအိမ်သို့ ပြန်လာခဲ့ကြောင်းသိရှိရပါသည်။

နေအိမ်သို့ရောက်ရှိပြီး ပက်လက်ကုလားထိုင်ပေါ်တွင်အိပ်ပျေ
ာ်
နေ၍လှုပ်နှိုးရာ မရသဖြင့် ၁၀.၆.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ထပ်မံတင်ပို့ခဲ့ကြောင်း၊ ဆေးရုံအရောက်တွင် ကိုနန္ဒကျော်မှာ သေဆုံးနေသည်ကိုသိရှိရသဖြင့် နိုင်ကိုကိုအား
အရေးယူပေးရန် ကိုနန္ဒကျော်၏အစ်မဖြစ်သူ ဒေါ်လီလီမှ တိုင်တန်း
လာခဲ့ပါသည်။

တိုင်တန်းချက်အရ ပြစ်မှုကျူးလွန်သူ နိုင်ကိုကို၊ (၂၃)နှစ်၊
(ဘ)ဦးမျိုးညွန့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၃၆၉/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်

လယ်ယာသုံး ကျွဲ၊ နွား ၀ယ်ယူရာတွင် ကျပ်ငါးသောင်းခန့်အထိ လာဘ်ပေးနေရ.............

မင်းမင်း
မိုးသီးနှံစိုက်ပျိုးရာသီရောက်လာပြီဖြစ်သည့် မြောင်းမြမြို့နယ်ရှိ လယ်သမားတို့မှာ ၎င်းတို့၏ လယ်မြေများ ထွန်ယက်ရန် ကျွဲ၊ နွားများဝယ်ယူရာတွင် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ရယူရန် ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းထိ ပေးနေရသည်ဟု ဒေသခံတို့က မဇ္ဈိမကို ပြောသည်။

ဒေသခံများသည် ကျွဲ၊ နွားများကိုသတ်ရန်ဝယ်ယူခြင်းမဟုတ်ကြောင်း ကျေးရွာရှိအုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ရယူရရန် ယခုကဲ့သို့ ငွေပေးနေရခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ယခုနှစ် ဧပြီလအတွင်းက မြောင်းမြမြို့နယ်တွင် သံဃာတော်များ ဦးဆောင်သည့် ဇီဝိတဒါနအဖွဲ့က ကျွဲ၊ နွားသားသတ်လိုင်စင်ကို လေလံအောင်ပြီးနောက် ယခုကဲ့သို့ ထောက်ခံချက်ရယူနေရခြင်းဖြစ်သည်။ ထိုကဲ့ သို့ လေလံအောင်ပြီးနောက် ကျေးရွာအချို့တွင်လည်း အမဲသားတွေ့လျှင်ပင် အရေးယူမည်ဟု အုပ်ချုပ်ရေး အဖွဲ့က ဒေသန္တရအမိန့်ထုတ်ထားသည်ဟုလည်း ဒေသခံတို့က ပြောသည်။

“အရင်တုန်းက ဘာမှမရှိဘူးလေဗျာ။ အခုဟာက ထောက်ခံစာလုပ်ရမယ်ဆိုပြီး သုံးသောင်းပေးခဲ့ရတယ် လေ။ နွားသိမ်းလို့ ရတယ်ဆိုပြီးပြောနေတော့။ ခိုင်းခွင်ကလည်းရောက်နေပြီ” ဟု ကညင်ကင်းကျေးရွာ အုပ်စုမှ ဦးခင်စိုးကပြောသည်။

၎င်းကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ရှမ်းကွင်းကျေးရွာမှ ခိုင်းနွားတစ်ရှဉ်းကို ငါးသိန်းတစ်သောင်းကျပ်ဖြင့် ၀ယ်ယူပြီးနောက် ထောက်ခံချက်ယူပြီး ငွေပေးရသည့်အတွေ့အကြုံကို ဦးခင်စိုးက ပြန်ပြောပြ ခြင်းဖြစ် သည်။

သို့ရာတွင် ထောက်ခံစာလုပ်ပေးသည့် ရှမ်းကွင်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးထံ မဇ္ဈိမက ဆက်သွယ်၍ မရရှိခဲ့ပေ။ ယခုနှစ်လအတွင်း အလားတူဖြစ်စဉ်မျိုး မြောင်းမြမြို့နယ် လယ်သမားအများအပြား ကြုံတွေ့နေ ရသည်ဟုလည်း မြို့နယ်တောင်သူလယ်သမားသမဂ္ဂအတွင်းရေးမှူး ဦးတင့်ဇော်ဦးက ဆိုသည်။

သားသတ်လိုင်စင်ကို သံဃာတော်များလေလံအောင်ထားသည့်အတွက် မြောင်းမြမြို့နယ်တွင် ဒေသခံများ အမဲသားမစားရသည်အထိ အခက်တွေ့နေခြင်းဖြစ်သည်။

မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်သိန်းထွန်းက“မြို့နယ်အဆင့်ကို တော့ ဒီကိစ္စတွေမရောက်လာသေးဘူး။ တကယ်တော့ အုပ်ချုပ်ရေးမှူးတွေ တောင်းလို့မရဘူးလေ။ စုံစမ်း ကြည့်လို့သိရင်တော့ အရေးယူရမှာပဲ” ဟု ပြောသည်။

ကားအသုံးပြုမှု ဆန့်ကျင်သူ ထောင်ပေါင်းများစွာ အ၀တ်ဗလာဖြင့် စက်ဘီးစီးဆန္ဒပြ..............

Posted by: Ko Myo on Tuesday, June 10, 2014 Categories:

၂၀၁၄ ဇွန်လ ၇ ရက်တွင် ကျရောက်သော ၁၁ နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာစက်ဘီးစီးနေ့အတွက် ပေါ့လန်းမြို့လမ်းမများတွင် လှည့်လည်၍ ပြင်ဆင်နေသော စက်ဘီးစီးသူများ (REUTERS/Steve Dipaola)

ပေါ့လန်း- မော်တော်ကားဖြင့် မောင်းနှင်သွားလာခြင်းအစား စက်ဘီးစီးသူပိုများလာစေရန် ဆန္ဒပြသည့် (၁၁) နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာဖြင့် စက်ဘီးစီးနေ့တွင် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့၏ လမ်းမများတွင် အ၀တ်ဗလာဖြင့် လူထောင်ပေါင်းများစွာသည် စက်ဘီးများ စီး၍ ဆန္ဒပြခဲ့ ကြသည်။

၎င်းတို့သည် စက်ဘီးတာယာများတွင် တပ်ထားသော မီးများဖွင့်၍ ခေါင်းလောင်းများတီးကာ ဆန္ဒပြခဲ့ ကြပြီး ပရိသတ်များက သြဘာပေးခဲ့သည်။

အလားတူ ဆန္ဒပြပွဲများကို အမေရိကန်နိုင်ငံရှိ မြို့ပေါင်း ၇၅ မြို့နှင့် အခြားနိုင်ငံပေါင်း ၂၀ တို့တွင် ပြုလုပ် ခဲ့သော်လည်း ပေါ့လန်းမြို့တွင် ယမန်နှစ်က ဆန္ဒပြသူ ၈၀၀၀ ခန့်ရှိပြီး အင်အားအများဆုံး ဖြစ်သည်ဟု သိရသည်။

သို့သော် အခြားမြို့များတွင်ကဲ့သို့မဟုတ်ဘဲ ပေါ့လန်းမြို့ စက်ဘီးစီးချီတက်မှုမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတစ်ခုအဖြစ် အများက မှတ်ယူကြသည်။

ယခု ဆန္ဒပြပွဲမှာ စက်ဘီးစီးသူများ၏ ထိခိုက်လွယ်မှုကို ပြသခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

‘‘ဘေးပတ်ဝန်းကျင်က လူနည်းနည်းလောက် ကျွန်တော်တို့ဆီ တိုင်ထားပါတယ်။ ဒါပေမဲ့ အားလုံးခြုံကြည့် ရင် စိုးရိမ်စရာ ကိစ္စ များများစားစား မရှိပါဘူး’’ ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပီတာဆင်ဆွမ်က ယင်း စက်ဘီးစီးဆန္ဒပြပွဲ မတိုင်မီ ပြောကြားပြီး မိမိအနေဖြင့် အကောင်းဆုံး အကြံပေးလိုသည်မှာ အ၀တ်ဗ လာဖြင့် စက်ဘီးစီးဆန္ဒပြသူများကို မမြင်တွေ့လိုသူများအနေဖြင့် အိမ်အပြင်မထွက်ကြရန်ပင်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

—Ref: Reuters


(Steve Dipaola/REUTERS)


၂၀၁၄ ဇွန်လ ၇ ရက်တွင် ကျရောက်သော ၁၁ နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာစက်ဘီးစီးနေ့တွင် ပါဝင်ဆင်နွှဲသူများကို တွေ့ရစဉ် (Steve Dipaola/REUTERS)


7Day News Journal
No.405 Tuesday, June 10, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

လေ့ကျင့်ခန်းလုပ်ရာမှာ ဘယ်တော့မှ မ၀တ်သင့်တဲ့ အရာတွေ................



Posted by: Ko Myo on Tuesday, June 10, 2014 Categories:

Angel on 2014-06-10 16:00

အားကစားနည်းတစ်ခုကို လုပ်တော့မယ်ဆိုရင် စိတ်ဓာတ်ခွန်အားကလည်း ပြီးဆုံးတိုင် အောင်မြင်ဖို့  အရေးကြီးဆုံးဖြစ်သလို သင် ရဲ့ အ၀တ်အစားကလည်း အရေးကြီးပါတယ်။ ပွပွယောင်းယောင်းရှိတဲ့ အားကစား ဘောင်းဘီနဲ့ ချည်သား တီရှပ်တို့ က သက်တောင့်သက်သာရှိနိုင်ပေမယ့် သင့်ရဲ့ ကိုယ်ခန္ဓာ ကိုလည်း အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

မှန်ကန်သင့်တော်တဲ့ လေ့ကျင့်ခန်းဝတ်စုံက ချွေးစုပ်လွယ်သလို ကိုယ်လက်လှုပ်ရှားမှုကိုလည်း လွတ် လွတ် လပ်လပ်လုပ်နိုင်ပြီး ထိခိုက်လွယ်တဲ့အသားအရေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။ ကဲ အားကစား ခန်းမကို မသွားခင် ဘယ်တော့မှ မ၀တ်သွားသင့်တဲ့ အ၀တ်အစားတွေကို ကြည့်ရအောင်။

၁။ ၁၀၀ ရာခိုင်နှုန်း ချည်ထည် အ၀တ်အစားတွေ

၁၀၀ ရာခိုင်နှုန်းချည်ထည်နဲ့ လုပ်ထားတဲ့ လေ့ကျင့်ခန်းဝတ်စုံကို ရှောင်ကြဉ်ပါ။ ဒီချည်ထည်အမျှင်တွေဟာ အေးအေးလူလူနဲ့ သက်တောင့်သက်သာဖြစ်တယ်လို့ ထင်ရပေမယ့် ချည်ထည်ဟာ ချွေးတွေကို စုပ်ယူ ထားပြီး ခြောက်သွေ့ တာနှေးကွေးပါတယ်။ ဒါကြောင့် သင်ဟာ ချွေးတွေရွှဲနေသလိုဖြစ်နေပြီး ခန္ဓာကိုယ် က လေးလံနေ ပါလိမ့်မယ်။ ချွေးတွေစိုစွတ်နေတဲ့ ချည်ထည်ကြောင့် အအေးမိနိုင်ပြီး အရေပြားကျိန်းစပ် တာ၊ အရေပြား ပွန်းတိုက်တာတွေဖြစ်နိုင်ပါတယ်။ ချည်ထည်အ၀တ်အစားတွေအစား ပေါ့ပါးပြီး ချွေးစုပ် လွယ်၊ ခြောက်သွေ့  မြန်တဲ့ အထည်ကို လဲလိုက်ပါ။

၂။ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဖိနပ်

ဖိနပ်က အောက်သားရေပြားကွာနေတဲ့အချိန်ထိ၊ ဒါမှမဟုတ် ခြေချောင်းလေးတွေ ထွက်နေတဲ့အထိ ဖိနပ်တွေကို မလွှင့်ပစ်ဘူးဆိုရင်တော့ သင့်ခြေထောက်ကို ဒုက္ခပေးနေတာပဲ။ သားရေဖတ်ကွာနေတဲ့ ဖိနပ်နဲ့  ခြေကောက်ကြောကို အထောက်အပံ့မပေးနိုင်တဲ့ ဖိနပ်တွေကြောင့် အရိုးအဆစ်တွေ ထိခိုက်စေနိုင်ပါတယ်။ နယူးယောခ့်မြို့ က တစ်ကိုယ်ရည်သင်တန်းဆရာ Melissa Paris က မိုင် ၅၀၀ ပြည့်ပြီးတိုင်း တင်းနစ်ဖိနပ်တွေ ကို လဲသင့်တယ်လို့ ဆိုပါတယ်။ တစ်ပတ်မှာ ခြောက်ရက်၊ခုနှစ် ရက်လောက် ပြေးမယ်ဆိုရင်တော့ သုံးလတစ်ကြိမ် လောက်လဲလှယ်သင့်တယ်လို့ အကြုံပြုခဲ့ပါတယ်။

၃။ သက်တောင့်သက်တာမဖြစ်တဲ့ အားကစားဘရာစီယာ

သက်တောင့်သက်သာမရှိဘဲ တစ်ခုခုကို ထိတ်တလန့် လန့် ဖြစ်နေရင် စွမ်းသလောက် လေ့ကျင့်ခန်းတွေ လုပ်နိုင်မှာမဟုတ်ပါဘူး။ အိပ်ထမတင်လိုမျိုး လေ့ကျင့်ခန်းတွေမှာ ကောင်းမွန်တဲ့ အားကစားဘရာစီယာ က သင့်ရဲ့ ရင်ပတ်က တစ်သျှူးတွေနဲ့ အရွတ် တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ အသင့်တော်ဆုံး ဘရာစီယာ ကို ရွေးချယ်ဖို့ အတွက် သင့်ရဲ့ ပုံမှန်လေ့ကျင့်ခန်းအမျိုးအစား နဲ့ ခန္ဓာကိုယ် အသွင်အပြင်ကို အဓိက ထားပါ။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် ကြိုးပတ်အပြားကြီးတဲ့ အမျိုးအစားကို ရွေးချယ် သင့်ပြီး ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ပခုံးမှာတင် စုမနေစေဘဲ ပျံ့ နှံ့ သွားစေဖို့ ဖြစ်ပါတယ်။ ဘရာစီယာရဲ့ အောက်ခြေမှာ အပတ်ပြားပါတဲ့ ဘရာစီယာမျိုးက လေ့ကျင့်ခန်းလုပ်ရာမှာ အကောင်းဆုံးအထောက်အ ကူဖြစ်စေနိုင်ပါတယ်။

၎။ လက်ဝတ်လက်စားတွေ

တိုးလို့ တွဲလောင်းဖြစ်ဖြစ် ဖောက်ချိတ်ထားတာဖြစ်ဖြစ် လက်ဝတ်တန်ဆာတွေအတွက် Gym ခန်းမမှာ နေရာမရှိပါဘူး။ “ လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ဖြစ်မယ့်ပစ္စည်းတွေ၊ လေ့ကျင့်ခန်းကို အာရုံ မရောက်ဘဲ အဲ့ဒီဘက်အာရုံရောက်နေမယ့်ပစ္စည်းတွေကို အိမ်မှာပဲ ထားခဲ့သင့်ပါတယ်” လို့ Paris Matthews က ပြောကြားခဲ့ပါတယ်။ လက်ထပ်လက်စွပ်အပါအ၀င် လက်စွပ်တွေဟာ အတင်၊အချ လေ့ကျင့်ခန်းလုပ်ရာမှာ သက်တောင့်သက်တာမဖြစ်စေဘဲ ဒုက္ခတွေ့ စေနိုင်ပါတယ်။ ယောဂ နဲ့ လက်ထောက် လေ့ကျင့်ခန်းတွေမှာ ဒါတွေက ထိခိုက်မိစေနိုင်ပါတယ်။ ဒါကြောင့် လက်ဝတ်တန် ဆာတွေ ကို အိတ်ထဲမှာဖြစ်ဖြစ် လော့ခ်ကာ ထဲမှာဖြစ်ဖြစ် သိမ်းထားတာ အကောင်းဆုံးပါပဲ။


Ref: womenshealthmag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဗီယက်နမ် ဘဏ်သူဌေး၊ အခွန်ရှောင်မှု၊ အလွဲသုံးစားမှုထောင်အနှစ်၃၀ကျ (9-June-2014)..........



ဗီယက်နမ် ဘဏ်သူဌေး၊ အခွန်ရှောင်မှု၊ အလွဲသုံးစားမှုထောင်အနှစ်၃၀ကျ   (9-June-2014)
မိုးမခအထောက်တော် (စင်္ကာပူ)၊ ဇွန် ၁၁၊ ၂၀၁၄
 
ဗီယက်နမ်နီုင်ငံ ACB ဘဏ် စတင်တည်ထောင်ခဲ့သူ ငုရင်ဒုကင် Nguyen Duc Kien (၅၀နှစ်)ကို အခွန်ရှောင်မှု၊ တရားမဝင်ကုန်သွယ်မှု၊ အလွဲသုံးစားမှု၊ ဥပဒေလက်တလုံးခြားလုပ်မှု ..တွေနဲ့ ထောင်ဒဏ်အနှစ်၃၀ ချလိုက်ပါတယ်။ ဘဏ်ရဲ့ စီအီးအို အကြီးကဲလုပ်သူ လီဇွမ်ဟိုင် Ly Xuan Hai ကိုလည်း ထောင်ဒဏ် ၉နှစ်ချလိုက်ပါတယ်။ ဘဏ်ဒါရိုက်တာ နဲ့ ဘဏ်ငွေစာရင်းကိုင် တို့ကိုတော့ ထောင်ဒဏ် ၅နှစ် ချလိုက်ပါတယ်။ ဒဏ်ငွေ ဒေါ်လာသန်းနဲ့ချီပြီး ချမှတ်လိုက်ပါတယ်။
ငုရင်ဒုကင် ရဲ့ ဇနီးသည်နဲ့ သမီးကိုလည်း ရာဇဝတ်မှုနဲ့ စုံစမ်းလျှက်ရှိပါတယ်။
ယခင် ဗီယက်နမ်အစိုးရ ရင်းနှီးမြှတ်နှံမှုဝန်ကြီးဖြစ်သူ အသက်၇၅နှစ်အရွယ်ရှိတဲ့ ထရမ်စွမ်ဂီ ကိုတော့ အသက်ကြီး၊ကျန်းမာရေးကြောင့် တရားရုံမလာနိုင်ပါ။ တရားစီရင်မဲ့နေ့ကို ရွှေ့လိုက်ပါတယ်။ သူဟာ အစိုးရဝန်ကြီးအဖြစ်မှ အငြိမ်စားယူပြီး ၂၀၀၈မှ ACB ဘဏ်ရဲ့ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ဗီယက်နမ် ဘဏ်ဥပဒေအရ၊ ဘဏ်မှာအပ်နှံငွေများကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ အတိုးနှုန်း ၁၄% ရှိပါတယ်။ ACB ဘဏ်က  ပြည်သူလူထုငွေများ၊ အခြားဒေသဆိုင်ရာ ဘဏ်အငယ်လေးများထံမ တရားမဝင်လုပ်ဆောင်မှုများစွာနဲ့ ဒေါ်လာသန်းပေါင်းများစွာ အမြတ်ထုတ်ယူခြင်းဖြစ်ပါတယ်။ ငုရင်ဒုကင် ကိုယ်တိုင် ရွှေအရောင်းဝယ်များ၊ တရားမဝင်ကုန်သွယ်မှုများ စတဲ့ အလွဲသုံးစား၊ ဥပဒေမဲ့ စီးပွားရှာခြင်းများစွာအတွက် ထောင်ဒဏ်ပေးခံရခြင်းဖြစ်ပါတယ်။
တိုင်းပြည်ကို ပြုပြင်ပြောင်းလဲနေတဲ့ ဗီယက်နမ်အာဏာပိုင်များဟာ စီးပွားရေးခရိုနီများ၊ အစိုးရအရာရှိဟောင်းကြီးများရဲ့ အခွန်ရှောင်မှု၊ ဥပဒေအလွဲသုံစားလုပ်မှုများကို ဖမ်းဆီး၊ ဒဏ်ငွေချ၊ ထောင်ဒဏ်ချမှတ်ခြင်းများ ဆောင်ရွက်လေ့ရှိပါတယ်။ ဥပဒေစိုးမိုးမှုကို ဗီယက်နမ်အစိုးရက အထူးလုပ်ဆောင်ပေးပါတယ်။ ဗီယက်နမ်နိုင်ငံတွင်းမှာ အလုပ်လက်မဲ့မရှိသလောက် ဖြစ်ပြီး၊ အိမ်မြေခြံဈေးနှုန်းများကို ဈေးမတက်ဖို့ အစိုးရက ကောင်းမွန်စွာထိမ်းချုပ်ထားပါတယ်။ လုပ်ငန်းငယ်များကိုလဲ အစိုးရအားပေးမှုနဲ့ တိုးတက်စေပါတယ်။ ဗီယက်နမ်လုပ်ငန်းရှင် အမြောက်အများ မြန်မာနိုင်ငံကိုလာရောက် ရင်းနှီးမြှတ်နှံလုပ်ကိုင်လျှက်ရှိပါတယ်။ အလုပ်သမားများရဲ့ ပျမ်းမျှဝင်ငွေ တစ်နှစ်ဒေါ်လာ၄၀၀၀ (တစ်လ ဒေါ်လာ၃၀၀) ရရှိကြပြီး၊ ရရှိတဲ့လစာနဲ့ စားဝတ်နေစရိတ်များ လူတန်းစေ့နေနိုင်ပါတယ်။ လူတိုင်းလဲ မိုဘိုင်းဖုန်း ဈေးချိုစွာအသုံးပြုနိုင်ပြီး၊ ဆင်းရဲမွဲတေမှုကို ၁၅နှစ်အတွင် ပပျောက်သွားအောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ အစိုးရရဲ့ အားနည်းချက်များ ရှိပေမဲ့ ဗီယက်နမ်လူမျိုးများဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ Happy Planet ဒုတိယရရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
Photo: ဗီယက်နမ်ရဲအမှုထမ်းများနှင့်တရားရုံးအမိန့်နာခံနေစဉ် 9-June-2014)