This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, September 3, 2012
မေတ္တာဖြင့်...နှောင်ချည်သော..ကရင်ရိုးရာလက်ချည်ပွဲ
“ကျေးရွာရှိရင် ရိုးရာရှိတယ်။ ရိုးရာရှိရင် ယဉ်ကျေးမှုရှိတယ်။ ယဉ်ကျေးမှုရှိရင် အဆင့်အတန်း ရှိတယ်” လို့ ကျမ မှတ်သားခဲ့ဖူးပါတယ်။ သဘာဝတရားနဲ့ ယှဉ်တဲ့ အရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဒီသဘာဝတရားတွေကို ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့တွဲပြီး ယဉ်တွဲဖေါ်ပြခဲ့တဲ့ ဝါခေါင်လပြည့် ကရင်ရိုးရာ လက်ချည်ပွဲကို ထိုင်းနိုင်ငံ၊ နို့ဖိုးဒုက္ခ သည်စခန်းထဲ မှာ ကျင်းပခဲ့ပါတယ်။
မိုးဖွဲ မှုန်မှုန်တွေကြားမှာ ရိုးရာဝတ်စုံ ဝတ်ထားတဲ့ အဘိုးအဘွားတွေ လူကြီးလူငယ် ပျိုရွယ်သူတွေ စခန်းရုံးထဲမှာ ကျင်းပမယ့် လက်ချည်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ စခန်းရုံးထဲမှာ လူတွေ အပြည့်ပါပဲ။ နိုင်ငံခြားသားတွေလည်း ကရင်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝိဉာဉ်ခေါ်မယ့် စကောတွေရှေ့မှာ အဘိုးအဘွားတွေနဲ့ လူငယ်
ယောက်ျားလေး မိန်းကလေးတွေနဲ့ အတူ ထိုင်နေကြပါတယ်။
karean
စားပွဲရှည်ကြီးပေါ်မှာ စကောအချပ်ပေါင်း ၃ဝ လောက် ရှိပါတယ်။ ကြံကို အခွံခွာပြီး ပိုင်းထားတဲ့ ကြံဆစ်ပိုင်းတွေ၊ ငှက်ပျောတဖီး၊ ထမင်း ခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်၊ ဝါးရေခွက်၊ ဝါးယောက်မ၊ ချည်ဖြူလုံးတွေ ပန်းနုနွယ်အညွှန့်
တွေကို စကောထဲ စုထည့်ထားတယ်။
စခန်းရုံးထဲမှာ ကလေးငယ်တွေကလည်း လူကြီးတွေကြားထဲမှာ “ဘယ်သူရေ ဘယ်ဝါရေ” လို့ အော်ဟစ်ပြီး အတင်းတိုးဝှေ့လို့ စားပွဲပေါ်က စကောတွေကို ကြည့်ပြီး သွားရည် ကျနေကြတယ်။ ဝိဉာဉ်ခေါ်ပြီး ချည်ဖြူချည်ပြီးရင် စားရမယ်ဆိုတာ သိလို့ အနားက မခွာနိုင်ကြပါဘူး။ ဖိနပ်မပါတဲ့ ခြေထောက်ကို မြဲအောင်ရပ်ပြီး စောင့်နေကြတယ်။
ကရင့်ရိုးရာတွေ မွှန်းထုံနေတဲ့ စခန်းရုံးထဲမှာ စခန်းလုံခြုံရေးတာဝန်ရှိသူ တီးလှရွှေ က “ဝါလေးဂေ” မင်္ဂလာနံနက်ခင်း ပါ လို့ နှုတ်ဆက်လိုက်တဲ့အခါ လူထုပရိတ်သပ်ကလည်း “ဝါလေးဂေ” လို့ ပြန်နှုတ်ဆက်လိုက်တဲ့ အသံက စခန်းရုံး တခုလုံး ဟိန်းထွက်သွားတယ်။ ဝါခေါင်လပြည့် ချည်ဖြူပွဲအတွက် အမှတ်တရစကား ပြောပြီး အခမ်းအနားကို ဖွင့်လှစ်လိုက်ပါတယ်။
ချည်ဖြူပွဲအကြောင်း သရုပ်ဖေါ်ကြတယ်။ ကရင်လူငယ်လေးတွေ ရိုးရာဝတ်စုံ အပြည့်မှာ ပလိုင်း၊ စကော၊ စကာ၊ စူး၊ ပေါက်ပြား၊ ပေါက်တူး၊ ဝါးချွန်၊ ကျွဲချိုကိုင်ပြီး စင်မြင့်ပေါ် တက်သွားကြတယ်။ မကြာခင်မှာပဲ မြူးကြွတဲ့ ရိုးရာတေးဂီတသံ အောက်မှာ သရုပ်ဖေါ်ကြတယ်။ ခေါင်း၊ ခါး၊ ခြေ၊ လက် သွက်လက်တဲ့အကနဲ့ ကပြီး မကြာခင်မှာ လက်ချည်ပွဲမှာ ပါတဲ့ ပစ္စည်းလေးတွေကိုင်ပြီး အဓိပ္ပါယ်ကို ရှင်းပြကြတယ်။
သောကြာအဲ (မြန်မာလို သစ္စာကို ချစ်တယ်)ဆိုတဲ့ ကရင်မလေးက “အသက်မွေးဝမ်းကြောင်းအရ သမီးတို့ ကရင် လူမျိုးတွေဟာ တောင်ယာနဲ့အများစု အသက်မွေးကြပါတယ်။ ဒါကြောင့် တောင်ယာစိုက်တဲ့ စူးဝါးကို အမြတ်တနိုး ထားကြတယ်။ တောင်ယာ ခုတ်တယ်။ တောင်ယာ စိုက်ပြီးရင် စပါးခင်းကို ရိတ်သိမ်းတယ်။ စပါးလှေ့တယ်။ ဒီအခါ စုပေါင်းကူညီပေးကြတယ်။ ကရင်လူမျိုးတွေ ပြန်လည်စုပေါင်း နေထိုင်ရအောင် အသံပေးတဲ့အနေနဲ့ ကျွဲချိုမှုတ်တယ်။ ကျွဲချိုသံဟာ စည်းလုံးခြင်း အဓိပ္ပါယ်လည်း ပြောနိုင်တယ်။ လက်ချည်ပွဲမှာ ပါတဲ့ ပစ္စည်းတွေထဲမှာ ပန်းနုနွယ်က ဘယ်မြေကြီးပေါ်ပဲ ပစ်ချပစ်ချ ရှင်သန်တယ်။ ကြီးထွားတယ်။ သန်မာတယ်။ ဘယ်မှာစိုက်စိုက် မသေဘူး။ ဒါ ကရင်လူမျိုးနဲ့ တူတယ်။ သတ္တိကောင်းတယ်။ ငှက်ပျောသီးက အခိုင် တခုထဲက ဆင်းသက်လာတဲ့ ငှက်ပျောဖီးလေး
တွေဟာ တဖီးစီပေမယ့် ငှက်ပျောဖီးမှာ အသီးလေးတွေ စုဖွဲ့နေတယ်။ ဒါ သမီးတို့ ကရင်လူမျိုးလိုပဲ။ သမီးတို့ ကရင်လူမျိုးတွေလည်း အစုအဖွဲ့နဲ့ နေတတ်သူတွေပါ” တဲ့။
နောက်ပြီး “ယောက်မက သစ်ဝါးနဲ့လုပ်ထားတော့ ထမင်းချက်တဲ့အခါ မီးအပူဒဏ်ကို ခံနိုင်တယ်။ သမီးတို့ ကရင်လူမျိုး
တွေကလည်း ယောက်မလို အပူခံနိုင်တယ်ပေါ့။ အဖီးတို့ ပြောသလို လောကဓံကို ခံနိုင်ရည်ရှိတဲ့ လူမျိုးပေါ့။
ကောက်ညှင်းနဲ့ လုပ်ထားတဲ့ ခွက်ပြင်က စီးကပ်တယ်။ သမီးတို့ ကရင်လူမျိုးတွေကိုလည်း တခြား ဘယ်လူမျိုးက ခွဲခွဲ မကွဲဘူး၊ စီးကပ်နေတယ်” တဲ့။
“ကြံဆစ်ပိုင်းလေးတွေက ကရင်လူမျိုးတွေရဲ့ အနာဂတ်ပါ။ ကြံအညွှန့်က စိုက်လို့ လွယ်တယ်။ ကြံပင်က ကြီးလာရင် တဆင့်ပြီးတဆင့် တက်သွားတယ်။ သမီးတို့ဘဝလိုမျိုး တဆင့်ခြင်း တက်သွားတယ်။ ထမင်းဆုပ်က သမီးတို့ အသက် သခင်။ ကရင်လူမျိုးက ထမင်းကိုပဲ အဓိက အားထား စားရတယ်။ ထမင်းဆုပ်နဲ့ တူတဲ့ ကရင်လူမျိုးက စုပေါင်း လုပ်ဆောင်တတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ”
ဆက်ပြီး စင်ပေါမှာ ကျန်နေသေးတဲ့ “ရေက ဖြူစင်တယ်။ သန့်စင်တယ်။ ကရင်လူမျိုးကလည်း ဖြူစင်သန့်စင်တယ်
လေ။ ကောက်ညှင်းထုပ် ထုပ်ရင် ပူးပြီး နှစ်ခု ထုပ်သလို ကရင်လူမျိုးတွေလည်း အမြဲတမ်း တွဲနေတယ်။ မခွဲခွာဘူး။
ကောက်ညှင်းထုပ် ထိပ်လေးက  ရန်သူတွေကို ကာကွယ်ဖို့ အမြဲချွန်နေမြနေတယ်ပေါ့။ စကောထဲမှာ ဆန်ထည့် ဝိုင်းလိုက်ရင် ကောင်းတဲ့ ဆန်ကို ရွေးတယ်။ မကောင်းတဲ့ဆန်ကို လွှင့်ပစ်တယ်။ မကောင်းတာကို မယူဖို့နဲ့ သူများရိုးရာ ကိုယ့်ရိုးရာထဲ မရောက်အောင် ကျင်လိုက်တဲ့သဘောပါ” လို့ ရေလည်စွာပဲ ရှင်းပြသွားပါတယ်။
အဲဒီနောက် အဘိုးအဘွားတွေက ဝိဉာဉ် ခေါ်ကြပါတယ်။
ဝိဉာဉ် ခုနှစ်ပါးကို ပြန်ခေါ်နေတာပါ။ ကျားပါးစပ်၊ ဆင်ပါးစပ်၊ ငှက်ပါးစပ်ထဲက၊ သင်္ချိုင်းထဲက၊ တောတောင်ထဲက၊ ရှိသမျှ နေရာက ဝိဉာဉ်တွေ ဒီနှစ်၊ ဒီလ၊ ဒီရက်မှာ လူတွေရဲ့ အသုံးအဆောင်၊ လယ်ယာ အသုံးအဆောင် ခိုင်းနေတဲ့
နွားကအစ အဝေးမှာရောက်နေတဲ့ မိသားစုတွေရဲ့ ဝိဉာဉ် အားလုံးကို ပြန်ခေါ်တာ။ အဘိုးအဘွားတွေက ခုနှစ်ရက် သားသမီး ဝိဉာဉ် ခုနှစ်ပါး ပြန်လာပြီလားလို့ သုံးကြိမ် မေးတယ်။ အားလုံးက ပြန်လာပြီလို့ သုံးကြိမ် ပြန်အော်ရတယ်။
အဲန် စားဖီ (မြန်မာလို လူမျိုးတိုင်းက ချစ်တဲ့ပန်း) ဆိုတဲ့ ကရင်အမျိုးသမီးလေးက “အဘိုးအဘွားက ဆုတောင်းပေးပြီး သမီးတို့လက်ကို ချည်ဖြူနဲ့ ချည်ပေးတယ်။ လပြည့်ညမှာ ဝိဉာဉ်က နတ်ဆိုးတွေကြားကနေ ကာကွယ်ပေးတယ်။ မကောင်းတဲ့ ဝိဉာဉ် ခေါ်တိုင်း ပါမသွားအောင် ချည်ဖြူချည်ပေးတာ” လို့ ရှင်းပြလို့ သိရပါတယ်။
ရိုးရာကို မချစ်ရင် လူမျိုးပျောက်သွားမှာပေါ့လို့ဆိုတဲ့ အဲန်စားဖီ ကပဲ “လူကြီးတွေက သမီးတို့ကို ချည်ဖြူ ချည်ပေးတာ လည်း မေတ္တာနဲ့ပဲ။ လူငယ်တွေလည်း သူတို့ချစ်ခင်နှစ်သက်သူကို ချည်ဖြူချည်ပေးတာလဲ မေတ္တာနဲ့ပဲ။ သမီးကတော့ ဘယ်နေရာရောက်ရောက် ကိုယ့်ယဉ်ကျေးမှုကို ထိမ်းသိမ်းသွားမယ်”
ရွာက ထွက်ပြေးလာခဲ့ရတာ ရှစ်နှစ်တောင် ကြာပြီဖြစ်တဲ့ သောကြာအဲ ကတော့ “စစ်ပွဲဖြစ်လို့ ဇာတိမြေကို စွန့်ခွာခဲ့ရ တာ။ အဲဒီ့မှာပဲ ပျော်တယ်။ သမီးတို့ တောင်ယာတွေ ရှိတယ်။ စာသင်ခန်းတွေ ရှိတယ်။ မီးလောင်မြေ ဖြစ်သွားပေမယ့် သမီး လွမ်းနေတုန်းပါပဲ။ သမီးတို့ တောင်ယာ စိုက်ခင်းတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ အသက်မွေးချင်တာပေါ့။ ခုလို ရိက္ခာစားနေပြီး သူများကို မှီခိုနေရတဲ့ဘဝက လွတ်ချင်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တယ်” တဲ့။
“သမီးတို့က ခုခံစစ်နဲ့ အမြဲရင်ဆိုင်နေရသူတွေမို့ အဘိုးအဘွားတွေက သမီးတို့ ကရင် မိန်းကလေးတွေကို ဆံပင်ရှည် ထား ခိုင်းတယ်။ ကရင်အမျိုးသမီးလေးက ဆံပင်ရှည်ထားရင် စစ်ပွဲမှာ တန်ခိုးကြီးတယ်တဲ့။ သမီးတို့ ဆံပင်ရှည်ထား တာမြင်ရင် အဘိုးအဘွားက ဒီမိန်းကလေး လူမျိုးကို ချစ်တတ်တဲ့သူလို့ ချီးမွမ်းတတ်တယ်။ ငြိမ်းချမ်းရေးကို လူတိုင်း လိုချင်တာပေါ့။ သမီးတို့ ဇာတိမြေကို စွန့်ခဲ့ရသူတွေက ပိုလိုချင်ပါတယ်” လို့ဆိုတဲ့ လူမျိုးတိုင်းချစ်တဲ့ပန်းအမည်ရ သူလေးရဲ့ အသံက လက်ချည်ပွဲကို ပိုပြီးလေးနက်စေခဲ့ပါတယ်။
ယဉ်ကျေးမှုရဲ့ တန်ဖိုးဟာ လူ့ဘဝအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။
သဘာဝက ပေးတဲ့ နှစ်သိမ့် ကြည်နူးစရာတွေထဲမှာ ကရင်လူမျိုးတွေအတွက် လက်ချည်ပွဲက နှစ်သက်စရာ အကောင်းဆုံး၊ စိတ်ချမ်းသာစရာ အကောင်းဆုံး မေတ္တာတွေ ထုံမွှန်းနေပါတော့တယ်။   ။
နှင်းပန်းအိမ်...ရဲ့ဘလော့ပိုစ့်ကို...ပြန်လည်ဝေမျှလိုက်ပါတယ်ဗျာ
ပြည့်တန်ဆာများ နိုင်ငံကျတာ အမှုမထား၊ သူများက သေပွဲဝင် သူတို့ ကတော့ ပျော်ရွှင် The Flowers of War
ဒီတကားက တရုပ်ကားဟုတ်မဟုတ်မသေချာပါဘူး၊ နေ၇ာကတော့ တရုတ်ပြည် နန်ကင်းမြို့ ၊ ဒုတိယကမ္ဘာစစ် ဂျပန်တပ်များ ၀င်သိမ်းတဲ့အချိန်လေး
ကျနော်စကြည့်တော့၊ ခရစ်ယန်ဘုရားရှိခိုးကျောင်းကြီးထဲကို ဆောင်ကြာမြိုင်က အဖွဲ့ တွေ ၀င်ပုံးနေကြပြီ။ ဘုရားရှိခိုးကျောင်းထဲမှာ သာသနာပြု ကျောင်းသူလေးတွေရှိတယ်၊ နောက် ငယ်ငယ်ကထဲက ဘုန်းကြီး မွေးစားထားတဲ့ တရုတ် ကျောင်းသားကလေးတစ်ယောက်ရှိတယ်၊ နောက်အနောက်နိုင်ငံသား သုဘ၇ာဇာ အရက်သမားတစ်ယောက် ရောက်နေတာတွေ့ ရတယ်၊ သုဘရာဇာက နန်ကင်းရှိတဲ့ အလောင်းတွေကို ပြင်ရတဲ့လူပဲ၊ အလောင်းမိတ်ကပ် ဆံပင်ပြင်ကျွမ်းတယ်၊ လူသေလို လှဲပေးမှ ပြင်တတ်တယ်၊ (ဒီအချက်က ဇာတ်သိမ်းမှာ နိမိတ်ပုံတစ်ခုပဲ၊
ဇာတ်လမ်းကို သာသနာပြုကျောင်းသူလေးက ပြန်ပြောနေတဲ့ပုံနဲ့ ပြောနေတာပါ၊ ပြန်ပြောတဲ့ ကျောင်းသူကလေးက အဖေရှိတဲ့ လမ်းအင်ဂျင်နီယာပဲ၊ နန်ကင်းကျတဲ့အချိန် သူ့ အဖေက သူ့ သမီးကို ဒုက္ခသည် စခန်းပို့ ဘို့ လုပ်ထားတာကို သမီးက လက်မခံတာမို့  အဖေက ဂျပန်တွေနဲ့ ပေါင်းပြီး သမီးကို ခေါ်ထုတ်နိုင်အောင် ကျိုးစားရင်းနေခဲ့ရတာ၊ သမီးက အဖေကို မကျေနပ်ဘူး။
ဘုရားကျောင်းက ဖာသာကြီး ဆုံးသွားလို့ အလောင်းပြင်ပေးဖို့ ကျောင်းသားလေးက မင်းသားကို ငှါးလာတာပါ။ သုဘရာဇာ မင်းသားလဲ မရောက်ခင်လေးတင် ဖာသာကြီးအလောင်းပေါ် ဗုံးကျလို့ ကျင်းကြီး ဖြစ်ပြီး အလောင်းလဲ တစမှ မကျန်တော့တာ။ အပြန်လမ်းမှာ ဂျပန်တွေ လိုက်ပစ်နေလို့ သုဘရာဇာ အဲဒီကျောင်းမှာ သောင်တင်သွားတာပါ
ကျနော် စကြည့်တဲ့အချိန် ဂျပန်တပ်တွေ မိန်းကလေး ကျောင်းသူတွေ ရှိရမယ်ဆိုပြီး ကျောင်းကို ၀င်ရှာနေကြတယ်။ မိန်းကလေးတွေ ပုံးနေကျ အောက်ကို ဆောင်ကြာမြိုင်က မိန်းကလေးတွေ အတင်းဝင်ပုံးကြတယ်၊ ဇာတ်ဆောင်ကျောင်းသူလေးက မျှားခေါ်သွားလို့ စစ်သားတွေ ကျောင်းသူတွေနောက်လိုက်ကြတယ်၊ ရုံးရင်းဆန်ခပ်တွေကြားမှာ တဦးထဲသော တရုတ်စနိုက်ပါ တပ်သားက ဂျပန် တပ်စိတ်ကို အမျိုးမျိုးမျှားခေါ်ပြီး သူပါ အဆောက်အဦးဗုန်းခွဲပစ်ပြီး အသေခံရ၊ ရှင်းပစ်လိုက်တာလေး ကြည့်လိုက်ရတယ်၊
ကျောင်းသူလေးတွေကို နောက်ဆုံးတွေ့ သွားပြီး ဘလက္ကာရတွေ လုပ်နေတုံး နှစ်ယောက်သေသွားတယ်၊ သုဘရာဇာက ဘုန်ကြီးယောင်ဆောင်ပြီး ဘယ်ကရောက်လာမှန်းမသိတဲ့ သတ္တိတွေနဲ့ တားတယ်၊ မရဘူး၊ သူ အရိုက်ခံရလို့ မေ့သွားတယ်၊ ကျနော်က အစက တကယ့် ဖာသာလို့ ထင်နေတာ၊ ဖာသာက ဆုံးသွားပြီ၊ မကြည့်လိုက်ရပါဘူး။
နောက်ဆုံး ခလေးတွေ အားလုံး ဒုက္ခရောက်တော့မယ့်အနေအထားမှာ ဂျပန် စစ်ဗိုလ်ကြီးတစ်ယောက် ရောက်လာပြီး အခြေအနေ ငြိမ်သွားတယ်။ သူက စန္ဒယားတွေပါတွေ တီးပြသေးတယ်၊ စစ်သားတွေ အစောင့်ချပြီး ကျောင်းသူတွေကို စောင့်ရှောက်တယ်၊ အစားအစာပေးတယ်၊ သီချင်းဆိုတတ်လားလို့ လဲ မေးသွားလေရဲ့ ။
ခလေးတွေဟာ သုဘရာဇာကို တကယ့် ဖာသာအနေနဲ့ လက်ခံလိုက်ကြတယ်၊ ဖာသာလို့ ပဲ ခေါ်တယ်။ တရုတ်ကလေးနဲ့ သုဘရာဇာ ဖာသာနဲ့ စကားပြောခန်းလေးတွေ ကောင်းတယ်။
ကျောင်းသူလေးတွေက ဆောင်ကြာမြိုင်အုပ်စုကို မတူမတန်သလို ဆက်ဆံတယ်၊ အလှဆုံး မိန်းကလေးနဲ့ သုဘရာဇာတို့ ဇာတ်လမ်းလေးပြတယ်၊
သုဘရာဇာဟာ ထွက်ပြေးလို့ ရအောင် ကြံစီတယ်၊ ထရပ်ကားဟောင်းကြီးကို ပြင်တယ်၊ ကျောင်းသူလေး အဖေက ကူညီတယ်၊ သွားခွင့်လက်မှတ်တစ်ခု တောင်းထားတယ်၊ သူ့ သမီးအတွက်။
ဒီကြားထဲမှာ ဆောင်ကြာမြိုင်က ပါလာတဲ့ မိန်းမငယ်လေးတစ်ယောက်က နောက်တယောက်နဲ့ ပေါင်းပြီး ကျောင်းမှာ သေမလိုဖြစ်နေတဲ့ တရုတ်ကလေးစစ်သား လူမမာလေးကို တရုတ်စောင်းနဲ့ ကြိုးအပြည့် တီးပြချင်လို့ ဆိုပြီး ကြိုးပြန်ယူကြတာ၊ ဂျပန်တွေနဲ့ တိုးပြီး သေသွားကြတယ်၊ မင်းသားက ခလေးတွေက သေနတ်နဲ့ မှားပစ်မိလို့ ပဲလို့ ညာပြောလိုက်ရတယ်၊ ဆောင်ကြာမြိုင်မင်းသမီးလေးကတော့ သိတယ်ပေါ့လေ။
ပြသနာက အခုမှ စလေရဲ့ ၊ နန်ကင်းအောင်ပွဲ အထိမ်းအမှတ်ကြရင် ဒီကျောင်းသူလေးတွေ ၁၃ယောက် လာပြီး အဆိုနဲ့ ဖျော်ဖြေရမယ်ဆိုပြီး အမိန့် လာပါရော၊ အထက်ကလာတဲ့အမိန့် ၊ စန္ဒယားတီးတဲ့ ဗိုလ်ကြီးလဲ ဘာမှ မတတ်နိုင်တော့ပါဘူး။ (ဆောင်ကြာမြိုင်က တစ်ယောက်ကို ကျောင်းသူလို့ ထင်နေလေရဲ့ )၊ ကျောင်းသူက ၁၂ယောက်ရှိတယ်၊ ဆောင်ကြာမြိုင်သူတွေက ကျောင်းသူအထင်ခံရတဲ့ တယောက်အပါအ၀င် ၁၂ယောက်ရှိတယ်။
အဲဒီမှာ မင်းသမီးကျောင်းသူလေးက သူတို့ ဘ၀အပျက်မခံနိုင်တော့ဘူး ဆိုပြီး သတ်သေဘို့ ကျိုးစားတယ်၊ ကျောင်းပေါ်က ခုံချမယ်ပေါ့။ အဲဒီမှာ ဆောင်ကြာမြိုင်မင်းသမီးလေးက မင်းတို့ မသွားရပါဘူး၊ မင်းတို့ ကိုယ်စား အမတို့ သွားပါမယ်လို့ ချော့ပြီး ဆွဲချကြရတယ်။
တကယ့်ကောင်းခန်းတွေ အဲဒီမှာ စတာပါပဲ
ဆောင်ကြာမြိုင်သူတွေ အစည်းအဝေးခန်းပေါ့။
မင်းခလေးကို ချော့ပြောလိုက်တာမဟုတ်လား ငါတို့ သူတို့ ကိုယ်စား မသွားပါဘူးနော်တဲ့။
သွားရင် မပြန်လာရဘို့ က လုံးဝသေချာသလောက်ပဲလေ။
ဒီစကားလေးကို မင်းသ္မီးကပြောတယ်။ တရုပ်ဆိုရိုး စကားတစ်ခုရှိတယ်တဲ့
``ပြည့်တန်ဆာများ နိုင်ငံကျတာ အမှုမထား၊ သူများက သေပွဲဝင် သူတို့ ကတော့ ပျော်ရွှင်´´
စစ်ဖြစ်နေတာတောင်မှ ငါတို့ ကို မကောင်းပြောကြတယ်တဲ့။
ဒီတော့ငါတို့ ကောင်းမှုတစ်ခု ကျိုးစားလုပ်ကြည့်ရအောင်။
ဂျပန်တွေက သီချင်းဆိုတာတို့ ကျောင်းသူတို့ အလေးထားတာမဟုတ်ဘူးပေါ့၊ သူတို့ လိုချင်တာက ပျော်ရွှင်မှုပဲ။
ငါတို့ က ကလေးတွေကိုယ်စားလိုက်သွားရင် မသေပဲ ပြန်ထွက်လာတဲ့အခါ ဘ၀ကို ရပ်တည်နေနိုင်သေးတယ် မထူးဘူး၊
ခလေးတွေက မသေတောင်မှ ဘ၀ကို ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး၊
အဲဒီလို အတွေးအခေါ်တွေနဲ့ ကလေးတွေကိုယ်စား သွားကြဘို့ ရဲရဲတောက် ဆုံးဖြတ်ချက်ချကြတယ်။
ခလေးတွေက ခရစ်မတ်ကျရင် ၀တ်ဘို့ သိမ်းထားကြတဲ့ ၀တ်စုံအသစ်တွေ လာပေးကြတယ်။ ဆောင်ကြာမြိုင်သူတွေရဲ့ ရင်သားတွေကို ဖုံးနိုင်ဘို့ လိုက်ကာတွေနဲ့ ဆက်ပြီး ချူပ်ကြတယ်။
မင်းသားက သူတို့ ကို ဆံပင်ညှပ်ပေးတယ်၊ အလှပြင်ပေးတယ်၊ အဲဒီမှာ ကထဲက သူက အလောင်းတွေပဲ ပြင်ခဲ့တာဆိုတော့ မိန်းကလေးတွေက အလောင်းလိုပဲ လှဲပေးကြရတယ်၊ နမိတ်မကောင်းလိုက်တာ၊ အဲဒီထဲက ရင်က ဆို့ သွားရတယ်။
အားလုံးပြင်ဆင်ပြီးတဲ့အချိန်မှာ ဆောင်ကြာမြိုင်သူတွေဟာ ပီဘိ ပညာတတ် ကျောင်းသူလေးတွေ ဖြစ်သွားကြတယ်၊ စလိုက်နောက်လိုက်ကြတာ၊ ငါ့ အမေကို ပြလိုက်ချင်ပါပေ့၊ ဒီလိုမျိုး ကိုယ့်ကိုယ်ကို မြင်ရမယ်မထင်ရဘူး၊ သေပန်းပွင့်၇မဲ့ အခြေအနေမှာ အောက်ဆုံးအတန်းအလွှာကလူတွေရဲ့ ဖြစ်ရာအခြေအနေမှာ ပျော်ပျော်နေနိုင်တဲ့ စရိုက်ဟာ တိုက်ပွဲတိုက်ရမဲ့ စစ်သားတွေရဲ့ မဆုတ်မရွံ့ သတ္တိနဲ့ တူညီပါ့ဗျာ၊
ဆောင်ကြာမြိုင်မင်းသမီးက ကျောင်းသူမင်းသမီးလေးကို ဗျတ်စောင်းကိုအပ်တယ်၊ အဲဒီမှာ တရုတ်ရိုးရာ သီချင်းကို တီးခတ်ပြီး သူတို့ အားလုံး ၀တ်စုံပြည့်နဲ့ ဂေဟာမှာ ကတဲ့ အခန်းကို ပြတယ်၊ မခံစားနိုင်ဘူးဗျာ၊ တော်တော်ရက်စက်တဲ့ ဒါရိုက်တာပဲ၊
အကြမ်းတမ်းဆုံးအချိန်တွေနဲ့ အနူးညံ့ဆုံးပြကွုက်တွေနဲ့ 
ပြသနာတက်တယ်၊ လူလိုနေတယ်၊ ၁၃ယောက်ပြည့်အောင် တရုတ်ကလေးက မိန်းကလေးယောင်ဆောင်ပြီး လိုက်သွားရတော့တယ်၊ သူတို့ သွားနေတဲ့အချိန်မှာ သုဘာရာဇာ ဖာသာနဲ့ ကျောင်းသူလေးတွေ ထရပ်ကားနဲ့ ထွက်ပြေးချိန်ပို၇အောင်၊ တရုတ်ကလေးက ကားပေါ်ကနေ မခုန်ချပဲ အသေခံဘို့ ဆုံးဖြတ်ထားပါတယ်၊ ဆုံးသွားတဲ့ ဖာသာကြီးက သူ့ ကို ခလေးတွေကို စောင့်ရှောက်ဘို့ မှာကြားချက်ကို သူ မဖြည့်နိုင်ခဲ့လို့  အခုကိစ္စမှာ ဒီလို ဆုံးဖြတ်တာပါပဲတဲ့။ အသက်နဲ့ လဲပြီး စောင့်ထိမ်းကြတဲ့ ဂတိ
တကယ်လဲ ကားပေါ်တက်ကြရော အစားထိုးလိုက်ရမဲ့ထဲက တယောက်က သူ ကျောင်းသူမဟုတ်ပါဘူးလို့ အတင်းအော်ပါသေးတယ်၊ မင်းသားက အရုပ်ခလေးပေးပြီး ချော့လိုက်ရတယ်၊ မိန်းကလေးတွေဟာ ဂျပန်တွေကို အနဲဆုံးတော့ မျက်လုံးတစ်လုံးရအောင်ဖေါက်မယ်ဆိုပြီး လက်နက်လေးတွေ ဆောင်သွားကြလေရဲ့ ၊ ကျောင်းသူမင်းသမီးလေးရဲ့ အဖေဟာ သု့ သမီးကို မထဲ့ပါဘူးလို့ ဂျပန်ကို လာဘ်ထိုးထားတာကို လာကြည့်ရင် ခလေးတွေ အားလုံး တက်သွားကြတာမြင်လိုက်ရတယ်၊ ပြောမရတဲ့အဆုံး မျက်နှာလေးတော့ ကြည့်ပရစေပြော၊ ဆောင်ကြာမြိုင်က မိန်းကလေးတွေမှန်း သိလိုက်ရလို့ စိတ်ချလိုက်တဲ့အချိန်မှာပဲ ဂျပန်က ကဲ မင်းတွေ့ ပြီးပြီမဟုတ်လားပြောပြီး သတ်ပလိုက်တယ်။
နောက်ကျန်တာက ခလေးတွေနဲ့ မင်းသားနဲ့ ချောချာမောမောပဲ ဂျပန်ဂိတ်ကို ဖြတ်ပြီး လွတ်မြောက်သွားကြတယ်။
ဟိုဖက်က ကိစ္စ ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး၊ ဒါရိုက်တာကလဲ ဘာမှ မပြောဘူး၊ ပရိတ်သတ်ကြီးရဲ့ ရင်ထဲမှာပဲ
ဖြစ်ချင်တာကတော့ ကျောင်းသူမိန်းကလေးရဲ့ ဆန္ဒပုံစံနဲ့ ဆောင်ကြာမြိုင်က မိန်းကလေးတွေ ခရီးသွား ဧည့်သည်ပုံစံများနဲ့ အ၀တ်အစားသေတ္တာတွေ ဆွဲလို့ ကျောင်းဝင်းထဲကို ၀င်ချလာကြတဲ့ ပုံစံပါပဲ
အဲဒီပြကွက်က ဇာတ်လမ်းအစမှာ ပြထားသလားလဲ ကျနော်မသိတော့ဘူး
ဇာတ်ကားနာမည်
The Flowers of War
ကိုယ်ဘာသာပဲ အဓိပ္ပါယ်ကောက်ကြပေတော့ဗျာ
ကျနော်တော့ ကချင်နယ်စပ်တွေကိုပဲ စိတ်ထဲမြင်နေမိတယ်၊ ရောက်ခဲ့တဲ့ ဘာသာမျိုးစုံရဲ့ သာသနာကျောင်းတွေ၊ ခလေးတွေ၊
ဘုရားသခင်
(အင်း ခတ်ရှက်ရှက်နဲ့ ပြောရရင် ကျနော်တို့ အဲဒီ မိန်းကလေးတွေလောက်တောင် သတ္တိရှိပါ့မလား၊ အဲဒီလို ပြန်မေးမိအောင် လုပ်သွားတာပဲဗျာ ဆရာကြီး ကျန်းရိမင်းက The Road Home တုံးကလဲ သူဒီလိုပဲ ဆောင်ပုဒ်လေးတစ်ခု၊ အယူအဆလေးတစ်ခုကို main theme လုပ်ပလိုက်တယ် ရသကို အပြည့်ထားခဲ့တယ်၊ နောက် အခုကားလဲ flowers of war ဆိုတဲ့ အဆိုအမိန့် ကို ပြောင်းပြန်ဖြစ်အောင် ဘယ်သူသေသေ ငတေမာရင်ပြီးရော ပေါ့ပျက်ပျက် ပန်း ဆိုတဲ့ flower ကို သတ္တိပန်း၊ ရဲရင့်တဲ့ ပန်းဖြစ်အောင် ပြောင်းပလိုက်တယ်)
မိုဘိုင်းဖုန်းအသုံးပြုလျှင် ရှောင်ကြဉ်ရန် သတိထားရန် အချက်များ
ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။ 
မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့
ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း)ကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-
skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။
ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်
မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။
မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်
မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယိုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ် ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။
အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
---
အောင်ခမ်း
http://techspacejournal.blogspot.com/2012/08/blog-post_31.html
မြန်မာကုမ္ပဏီ၏ လျှောက် ထား မှုကြောင့် ကျောက်စိမ်းများကို ဝရမ်းချိတ်ပိတ်ထား
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ထွက်ရှိသော ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံး နှင့်ပတ်သက်၍ မြန်မာနှင့် တရုတ် ကျောက်စိမ်းကုမ္ပဏီတို့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူဆန်မြို့ ပြည်သူ့တရားရုံးတွင် တရားရင်ဆိုင်နေပြီး မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းတုံးများကို ချိပ်ပိတ်ထားကြောင်း သီတာ မြနန်းကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သိရပါသည်။
မြန်မာလုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနှ
င့် တရုတ် လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့ အကြား တရားရင်ဆိုင်နေခြင်း ဖြစ်ပါသည်။ ယခု နှစ် နိုဝင်ဘာလတွင် ခုံရုံးဖွဲ့ကာ တတိယအကြိမ် အမှုစစ်ဆေးမည်ဖြစ်ပြီး
စီရင်ချက်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့် ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန်ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင် ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်း ကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ်ခြင်း မရှိသည့် အတွက် . . .
ဖြစ်စဉ်မှာ သီတာမြနန်း ကုမ္ပဏီပိုင် ဖားကန့်ကျောက်စိမ်းလုပ်ကွက်မှ ၂၀၀၆ ခုနှစ် ဇူလိုင်လအတွင်း ၃၂တန်ရှိ ကျောက်စိမ်းအရိုင်းတုံး ကို တူးဖော်ရရှိခဲ့ပြီး လေးခြမ်းရအောင် ဖြတ်တောက်ခဲ့သည်။ ယင်း လေးခြမ်းမှ နှစ်ခြမ်းကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည့် (၂၂)ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ချန်လုံကျောက်မျက်ကုမ္ပဏီမှ တစ်ဆင့် တင်ပြရောင်းချခဲ့သည်။ ထို့နောက် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူစန်မြို့ နန် ဟိုင်ရပ်ကွက်မှတစ်ဆင့် တင်သွင်းပြီး အကောက်ခွန်ဆောင်ရန် သီတာမြနန်း ကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ်ကျောက်စိမ်းကုန်သွယ်ရေး ကုမ္ပဏီထံ အလုပ်အပ်နှံခဲ့ကြောင်း သိရပါသည်။
ထိုသို့ ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီး နောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့်ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန် ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်းကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ် ခြင်းမရှိသည့်အတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း သီတာမြနန်းကုမ္ပဏီ ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားပါသည်။
“ပြဿနာစဖြစ်ကတည်းက ချန်လုံကုမ္ပဏီနဲ့ တဲ့တုဝမ်ကုမ္ပဏီပိုင်ရှင် ဦးရန်ကြားဆိုက်က သီတာမြနန်း တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းမှုလုံးဝ မလုပ်ခဲ့ပါဘူး။ အခု ချိန်မှာတော့ ဦးလှထွန်းနဲ့ ဦးရန်ကြားဆိုက်တို့ တရားခွင်မှာပဲ ဖြေရှင်းဖို့ ရှိတော့တယ်”ဟု ဦးကျော်ကျော်ဟိန်းက ဆိုပါသည်။
မြန်မာကျောက်စိမ်းကုမ္ပဏီ အသိုင်းအ၀ိုင်းတွင်ဦးရန်ကြားဆိုက် ပိုင်ချန်လုံကုမ္ပဏီမှာ ထင်ရှားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး Treasure Star Co., Ltd နှင့် တရုတ်နိုင်ငံ ကွမ်တုံ အခြေစိုက် နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့ကိုလည်း ဦးရန်ကြားဆိုက် နှင့် ဆက်နွှယ်မှုရှိကြောင်း သီတာမြနန်း ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားပါသည်။
အခြားတစ်ဖက်တွင် နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီမှ တာဝန်ရှိသူလျန်စွတ်ဖိန်းက ဦးရန်ကြားဆိုက်နှင့် တဲ့တုဝမ်ကုမ္ပဏီတို့အကြား မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်း တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ဖူဆန် မြို့ပြည်သူ့တရားရုံးတွင် ထုချေထွက်ဆိုသွားခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကျောက်စိမ်းတုံးနှစ်တုံးကို (၂၂)ကြိမ်မြောက် ကျောက်မျက်ပွဲအတွင်း Lot No.601 နှင့် Lot No.602 တို့ဖြင့် တင်သွင်းပြသခဲ့ ခြင်းဖြစ်ပြီး အလေးချိန် ၈၈၀၀ ကီလိုနှင့် ၈၉၀၀ ကီလိုတို့ရှိကြောင်း၊ တန် ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကာ နှစ်တုံးပေါင်းယူရို ၁ ဒသမ ၈၅ သန်း တန်ကြေးရှိကြောင်း သိရသည်။
မြန်မာတပ်ရင်း(၅၀၁)အား TNLA နှင့် KIA တို့ ပူးတွဲစစ်ဆင်တိုက်ခိုက်
TNLA တပ်သားများ 
02 September 2012
ယမန်နေ့ သြဂုတ် ၃၁ ရက်တွင် ယခင် PSLA ဌာနချုပ်မန်တုံမြို့နယ် နမ့်ယန်းကျေးရွာနှင့် မန်မောက်ရွာကြား၌ မြန်မာတပ်ရင်းအား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် ကချင်ပြည်နယ် လွတ်လပ်ရေး တပ်မတော်တို့ ပူးတွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ချိန်မှာ နံက် ၁၀-နာရီခန့်ဖြစ်ပြီး ကျောက်မဲ ၅၀၁-တပ်ရင်း ဦးဆောင်တဲ့ အစိုးရတပ် အင်အား ၁၀၀ ကျော် ရှိကြောင်းလည်း ဒေသခံ ရွာသားများက ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် TNLAနှင့် KIA တို့ ပူးတွဲ စစ်ဆင်တဲ့ တိုက်ပွဲဖြစ်ပြီး မြန်မာအစိုးရဘက်မှ ၃-ဦးကျဆုံးပြီး ၃-ဦးဒဏ်ရာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဒဏ်ရာရရှိသည့် တပ်သား ၃-ဦးကို လားရှိုး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးမှ ဆိုပါသည်။
''ဟုတ်တယ် မနေ့က ဒီမှာတိုက်ပွဲဖြစ်တယ်၊ အနီးတ၀ိုက်မှာ တိုက်ပွဲတွေ ခဏခဏဖြစ်တော့ တို့ရွာသူရွာသားတွေတော့ အမြဲပူပန်နေရတယ် စစ်ကြောင်းတွေလည်း ရွာထဲရော ရွာဝန်းကျင်မှာရော  အမြဲလိုလို ရှိနေတော့ အလုပ်သွားလာတာ လည်း လုံခြုံမှု မရှိဘူးဖြစ်နေတယ်'' ဟု ဒေသခံ ရွာသားတစ်ဦး ပြောပြခဲ့သည်။
Copy from - Ta'ang Land
မြန်မာပြည်သားတစ်ယောက်အား ဆိုင်တံခါးပိတ်ပြီး ၀ိုင်းဝန်းရိုက်နှက်မှု
https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-snc6/284482_3702937132922_900522986_n.jpg1.9.2012 ည ၉နာရီဝန်းကျင်က မလေးရှားနိုင်ငံ.ကွာလာလမ်ပူမြို့.ပေါ်သစ်မြန်မာစားသောက်ဆိုင်မှာ သွားရောက်စားသုံးသူ မြန်မာပြည်သားတစ်ယောက်အား ဆိုင်တံခါးပိတ်ပြီး ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်...၀ိုင်းဝန်းရိုက်နှက်ရုံမျှမက ပိုက်ဆံအိတ်နှင့် ဖုန်းကိုပါ လုယက်ယူနှင်ထားပြီး ဆိုင်အောက်လမ်းမဘေးတွင် သွားရောက်ပစ်ထားခဲ့ရာ မလေးလူမျိုးများက တွေ့ရှိပြီး ဆေးရုံကားခေါ်ပေးသောကြောင့် အသက်ချမ်းသာ၇ခဲ့ပါသည်..ယခုအခါ ကွာလာလမ်ပူမြို့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း ကြားသိရပါသည်..
သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုများပြုလုပ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိ နေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌ ဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း Eleven Media Group အင်တာနက် သတင်းအရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာတို့လည်း ပါဝင်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လကစပြီး အစိုးရ အဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှု ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အရင်အစိုးရ လက်ထက်မှာ ခင်ဗျားတို့ဟာ Black List ဖြစ်နေပေမယ့် အစိုးရသစ် လက်ထက်မှာတော့ ခင်ဗျားတို့က Black List မဟုတ်တော့ပါဘူး။ အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်နေတာပါ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ သိက္ခာမကျအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆိုတာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ" ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲကို ကိုမိုးသီးဇွန်နှင့်အဖွဲ့က စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသူများကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်ဟု Eleven Media Group  အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။
သစ်ထူးလွင်
ဝန်ကြီး ကလင်တန်နဲ့ ပစိဖိတ်ခေါင်းဆောင်များ ကျား-မ တန်းတူညီရေးဆွေးနွေး
ပစိဖိတ်တောင်ပိုင်း ကျွန်းစု နိုင်ငံတွေ
ထဲက Cook Islands ရဲ့ မြို့တော်
Rarotonga မှာ ပစိဖိတ်ကျွန်းစု
၁၆ နိုင်ငံရဲ့ ထိပ်သီးအစည်းအဝေးကို
တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပစိဖိတ်
 ဒေသမှာ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ ကျားမ မခွဲခြားဘဲ တန်းတူညီမျှ ရှိရေးကို တောင်းဆိုလိုက်ပါတယ်။
ဒီဒေသမှာ အမျိုးသား အမျိုးသမီး တန်းတူ ညီမျှ ဖြစ်ရေး နှေးကွေးနေတာကို ထောက်ပြတဲ့ ပစိဖိတ်ကျွန်းစု ၁၆ နိုင်ငံခေါင်းဆောင်တွေနဲ့ ၀န်ကြီးကလင်တန် တို့ရဲ့ ပူးတွဲ ကြေညာချက်တစောင် ကို မနေ့က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊
အမျိုးသမီးတွေရဲ့ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းတွေ ကန့်သတ်ခံရမှုနဲ့ ပစိဖိတ်ဒေသ နိုင်ငံတွေက ဥပဒေပြု လွှတ်တော်တွေမှာ အမျိုးသမီးတွေ ပါဝင်ရေး စတဲ့ အရေးကြီးတာတွေ ဆောင်ရွက် သွားကြဖို့ သတိပြုခဲ့ကြပါတယ်။
ဒီဒေသဟာ ကမ္ဘာပေါ်မှာ အမျိုးသား အမျိုးသမီး ခွဲခြား ဆက်ဆံမှု အခြေအနေ အနိမ့်ဆုံးအဖြစ် တည်ရှိနေသေးတယ်လို့ ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
Cook Islands ကျွန်းစုနိုင်ငံ အပါအ၀င် အင်ဒိုနီးရှား၊ တရုတ်၊ ဘရူနိုင်း၊ အရှေ့တီမောနဲ့ ရုရှား နိုင်ငံတွေ
ကိုလည်း ၀န်ကြီး ကလင်တန် ခရီးဆက်မှာ ဖြစ်ပါတယ်။ Cook Islands ပြီးရင်တော့ အင်ဒိုနီးရှား နိုင်ငံကို အရင်ဆုံး သွားရောက်မှာ ဖြစ်ပါတယ်။
 ဂျကာတာ မြို့တော်မှာ အမေရိကန်-အင်ဒိုနီးရှား လက်တွဲ ဆောင်ရွက်မှု အစီအစဉ်တရပ်ကို အင်ဒိုနီးရှား ခေါင်းဆောင်တွေနဲ့ ၀န်ကြီးကလင်တန် ဆွေးနွေးကြမယ်လို့ အမေရိကန် နိုင်ငံခြားရေး
VOA( မြန်မာပိုင်း)
ရွှေမြန်မာ
ဖားကန့် ပေါက်ကွဲမှု၊ KIA,မှ ပြည်သူများအား ရှင်းလင်း
ပေါက်ကွဲမှု အပြီး သိမ်းယူရရှိခဲ့သော ပျက်စီးနေသော လက်နက်များ
စက်တင်ဘာလ ၁ ရက်နေ့တွင် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင် (၆) တွင် သြဂုတ်လ (၂၉) ရက် နေ့တွင် ဖြစ်ပွားခဲ့သော ရှရော်ခမော် ပေါက်ကွဲမှု အကြောင်း ပြည်သူလူထုအား ရှင်းလင်ပွဲပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
ပေါက်ကွဲမှုမှာ ကောလဟာလ အမျိုးမျိုး ထွက်ပေါ်နေသဖြင့် လူထုအား ရှင်းပြရခြင်းဖြစ်ကြောင်း ဒုတပ်ရင်မှူးက ပြောပြပါသည်။ ပေါက်ကွဲမှု အမှန်ဖြစ်စဉ်မှာ ဗမာစစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး၊ ဆီသိုလှောင်ရုံကို ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းရာမှ ယမ်းဂိုဒေါင် ပေါက်ကွဲခြင်းသာ  ဖြစ်ကြောင်း၊ ဗမာစစ်တပ်၏ လမောင်ကုန်း သိမ်းယူရေးအတွက် မဆင်မခြင် အတင်း ထိုးစစ် ဆင်ခြင်းကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှုအတွင်း ဗမာတပ်ရင်း တစ်ရင်လုံး ပေါက်ကွဲမှုအထဲ ပါသွားခြင်းဖြစ်
ကြောင်း၊ KIA အနေဖြင့် ခံစစ်ဖြင့်သာခုခံခြင်းဖြစ်သဖြင့်၊ လက်နက်ကြီးများ မသုံးကြောင်းနှင့် ဗမာစစ်တပ် အနေဖြင့် ၄င်းတို့၏ လက်နက်ဖြင့် ၄င်းတို့ထိခိုက်ခြင်းသာ ဖြစ်ကြောင်း သူက ကချင်ပြည်သူ များကိုရှင်းလင်း တင်ပြပါသည်။
ထိုရှင်းလင်းပွဲတွင် ပေါက်ကွဲမှု အပြီး သိမ်းယူရရှိခဲ့သော ပျက်စီးနေသော လက်နက်များအား ပြည်သူလူထုများအား ဗဟုသုတရရန်အလို့ငှါ ပြသထားပေးကြောင်း သတင်းရရှိပါသည်။
Copyfrom -Lachid Kachin
Task Killer ပါ
Ram Blow For Nokia S60v3,S60v5 And S^3 Anna Belle
ဒီကောင်လေးက Task Killer ပါ။သုံးတဲ့ App တွေများလာရင် Ram တိုးလာပါတယ်။Ram တိုးလာရင်စိတ်လေးလာပါလိမ့်မယ်။အဲ့ဒီလိုမဖြစ်အောင်ဒီကောင်လေးကဖြေရှင်းပေးပါလိမ့်မယ်။
အဆင်ပြေပါစေဗျာ။
                                         Download Here
""ဇာဂနာမှ မီဒီယာသမားများသို့ စာပေးပို့ တောင်းပန်""
ရန်ကုန်လေဆိပ်တွင် ဆဲဆိုခဲ့ခြင်းအပေါ် မီဒီယာသမားများသို့ တောင်းပန်ကြောင်းစာ
တစ်စောင့်ကို ဇာဂနာမှ အီးလ်မေးမှတဆင့်
 ပေးပို့ခဲ့သည်။
ယင်းစာကိုသတင်းဂျာနယ်တိုက်များနှင့်
ဂျာနယ်လစ်ဆိုင်ရာအသင်းအဖွဲ့များသို့
ယနေ့ နေလည် ၃ နာရီကျော်က ပေးပို့ခဲ့ခြင်းဖြစ်သည်။
ပေးပို့သည့်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
" ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း"
၂၀၁၂ သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက
 ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက်
တိုင်းပြည်သို့ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊
 ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
သွားရောက် ကြိုဆိုခဲ့ပါသည်။
 လေဆိပ်တွင်သတင်းရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား
 အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြား
ခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။
 ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာ
မှ အမှတ်မဲ့ဆဲမိခဲ့ပါသည်။
ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအားလည်းကောင်း၊
စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်းစိတ်
မကောင်းဖြစ်ရပါသည်။
ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေးအတွက်သာ
အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကား
လိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင် ပါတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်းအပ်ပါသည်။
ဇာဂနာ
ရွှေမြန်မာ
""အင်ဒိုနီးရှားမှ လူသေပြုစုပွဲတဲ့ ""
အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ
 (Ma' Nene festival) ကျင်းပနေမှုအား
ယခုကဲ့သို့ တွေ့မြင်ရသည်။
ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး
အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို
 ပြုလုပ်သောပွဲဖြစ်သည်။
ထိုကဲ့သို့  ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အလောင်းပြန်တူးဖော်ခွင့်ရရှိကြသည်။
အလောင်းပြန်တူးဖော်ခွင့် ရသော မိသားစုများမှ ၎င်းတို့ မိဘ၊ ဘိုးဘွား၊
သားသမီး၊ ဇနီးခင်ပွန်း အစရှိသဖြင့် ဆွေမျိုးရင်းချာတို့ အလောင်း ကို
သန့်စင်ပေးပြီး အဝတ်အစားသစ်များဝတ်ပေးသည်။
အစားအသောက်များ ပူဇော်ပေးပြီး မြေနေရာသို့ ပြန်လည်
 မြှုပ်နှံပေးသည်။
ယင်းကဲ့သို့ ပွဲတော် Ma' Nene festival သည် အင်ဒိုနီးရှားတို့၏ ကမ္ဘာကျော် ရိုးရာပွဲ
တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
---
Ref:renews.cn
ရွှေမြန်မာ
""ကုလားဟာ ဘင်္ဂလီ -အမေရိကပြည်ထောင်စုမှာ ပြောပြီ""
ကုလားဟာ ဘင်္ဂလီ- မြန်မာနိုင်ငံမှာ
ရိုဟင်ဂျာလူမျိုးဆိုတာ မရှိ-တိုင်းရင်း
သားလဲ မဟုတ်-အမေရိကပြည်ထောင်စု
မှာ ပြောပြီအမေရိကပြည်ထောင်စုအစိုး
ရက ( Managing Media and Rupblic )
အစီအစဉ်အရမြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့ သည် ။
သတ္တသုံးပတ်ကြာမြင့်မည်ဖြစ်သည် ။
ထို့ ကြောင့် နိုင်ငံရေးပါတီများမှကိုသန်းဇေါ်အောင် ( DP ) ။ ကိုဇင်မောင်မောင်ဋ္ဌေး
( NUP ) ။ကိုစိုင်းဝင်းမြင့် ( SNDP ) ။ ကိုမောင်ဝင်းစိုး ( RNDP )ကိုထိယန်အုပ်ထန်း
( CND ) ။ကိုကျော်သူရ(NDF ) ။ ကိုစိန်ထွန်း ( CPP )။
Wali Ullah ( National Democratic Party of Development ) ။ တို့ လေ့လာရေးခရီး
 ရောက်ရှိလာခဲ့  ကြသည် ။
 လေ့လာရေးအဖွဲ့ မှာ အမေရိကပြည်ထောင်စုဝါရှင်တန်မြို့ တွင် ပထမလေ့လာရေးဖြစ်ပြီး ဒုတိယအစီအစဉ်အဖြစ်ဖလော်ရီဒါပြည်နယ် ၊ တတိယအစီအစဉ်အဖြစ် အိုင်အိုးဝါးပြည်
နယ်ဖြစ်ပြီး၎င်းမှတဆင့် ကာလီဖိုးနီးယားပြည်နယ် သို့ သွားရောက်ကာ စက်တင်ဘာလ
-၁၅-ရက်နေ့ တွင် ပြန်လည်ထွက်ခွါသွားကြမည့် အစီအစဉ်များ ရှိသည် ။
( Freedom House –1301, Comnecticut avenue –Washington –Dc )ခန်းမမှာ
 ပြုလုပ်ခဲ့ ရသည် ။
Mr-Robert Heman က ဥက္ကဋ္ဌဖြစ်ပြီးမြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် လွပ်လွပ်စွာေ
မးကြမြန်းကြလေ့လာကြနှင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ ကြသည် ။
၎င်းဆွေးနွေးပွဲတွင်လေ့လာသူများက မိမိတို့ ၏ ပါတီအမည်နှင့် နာမည်များကိုမိတ်ဆက်
စကားပြောကြပြီး မိမိတို့  သိလိုသမျှနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေများကို
ရှင်းလင်းတင်ပြခဲ့ ကြသည် ။
    သို့ သော်လည်း ရခိုင်ပြည်နယ် ဘူးသီတောင်မြို့ နယ်မှ ကုလား ( WaliUllah )
က သူသည် ရိုဟင်၈ျာပါတီမှဖြစ်ကြောင်း ။ ယခုဖြစ်ပျက်နေသောရိုဟင်ဂျာလူမျိုး
များ၏ ရခိုင်ပြည်နယ်မှ အခြေအနေများကို ပြောပြရလျှင်ငိုချင်ပါကြောင်း ၊
ရိုဟင်ဂျာလူမျိုးများအား ကူညီပေးစေလိုပါကြောင်းကို-၃-မိနစ်ခန့် 
အစည်းအဝေး ဆွေးနွေးချက်များနှင့် မည်သို့ မျှ မပါတ်သက်မဆီမဆိုင်ဘဲ
 ပြောဆိုသွားသည် ။
သူပြောပြီးနောက်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပြန်ကြားရေးနှင့်ဆက်
သွယ်ရေးမှူးဖြစ်သူ ကိုမောင်ဝင်းစိုးက ချက်ချင်းပင် ဖြေရှင်းကန့် 
ကွက်တင်ပြလိုက်ရသည် ။
  ကိုမောင်ဝင်းစိုးက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးများမရှိကြောင်း ။
သူတို့ လူမျိုးကို ကုလားလို့ ခေါ်ကြောင်း ။ ကုလားဆိုသည်မှာဘင်္ဂလီမူဆလင်
ခေါ်တောများကို ရခိုင်ပြည်နယ်တွင်မှာပါမက မြန်မာနိုင်ငံမှာပါခေါ်ဝေါ်ကြောင်း ။
ယင်းသို့ ခေါ်ဝေါ်ကြခြင်းမှာနှိမ့်ချခေါ်ဝေါ်ခြင်းမဟုတ်ကြောင်း ။ ဘင်္ဂလီမူဆလင်
 ခေါ်တောလူမျိုးများမှာတဘက်နိုင်ငံက ခိုးဝင်လာသောလူမျိုးများသာဖြစ်ကြောင်း ။ အိမ်ရှင်ကိုစော်ကားသူများသာဖြစ်ကြောင်း ။ ဧည့်သည်များမှာ ဧည့်သည်လို မနေဘဲအိမ်ရှင်ကို စော်ကားလာသော ပြသနာများဖြစ်ပါကြောင်း ။
 မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးထဲတွင်
(ရိုဟင်ဂျာ ) ဆိုသောလူမျိုးမှာ မပါကြောင်း ပြောဆိုကြေညာထားပါကြောင်း ( ၈ )မိနစ်ခန့် 
သေသေချာချာ ရှင်းပြသွားခဲ့ သည် ။
 ယင်းသို့ ရှင်းလင်းတင်ပြသည်များကို ( Freedom House ) ဥက္ကဋ္ဌ ( Robert Haman ) က
မှတ်တမ်းတင်ထားမည့်အကြောင်း ပြောဆိုသွားသည် ။
ကိုမောင်ဝင်းစိုး၏ ဖြေရှင်း
ပြောဆိုချက်မှာ ထိရောက်အောင်မြင်သွား၍ လေ့လာရေးခရီးစဉ်တွင်ပါလာသူများက
အထူးအားရနှစ်ထောင်းဖြစ်ကြရသည်ဟု သိရသည် ။
 ယခုလို ရိုဟင်ဂျာပါတီကပါဟု ပြောပြီး လေ့လာရေးခရီးစဉ်တွင် ပြောကြားသော( Wali Ullah ) မှ သူတို့ ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ကာပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်ဟု မိတ်ဆက်ပြောဆိုသွားသည် ။
သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဟုကမ္ဘာကိုတိကျ သေချာစွာ
 ပြောဆိုထားရာ ယခုကဲ့ သို့  အမေရိကပြည်ထောင်စုဝါရှင်တန်ဒီစီမြို့ တွင် လေ့လာရေး
ခရီးစဉ်၌ ယခုကဲ့ သို့ ထုတ်ဖေါ်ပြောဆိုခြင်းကို မည်သို့ မျှ ခွှင့်လွှတ်နိုင်စရာ
အကြောင်းမရှိ ။
လေ့လာရေးခရီးစဉ်များတွင် ပါဝင်ကြသူ အခြားသော ကိုယ်စားလှယ်များကလည်း ၄င်း
(Wali Ullah ) နှင့် ပတ်သက်၍ အထူးစောင့်ကြပ်ကြည့်ရှူနေကြရာ သူကအခြားသူများ
နားမလည်သောကုလားစကားများနှင့်တိတ်တခိုးဖုံးဖြင့်ဆက်သွယ်ပြောနေသည်ကို
 တွေ့ နေရသည်ဟုဆိုသည် ။
နိုင်ငံတကာသို့  အစိုးရမှ ကိုယ်စားလှယ်များအဖြစ် စေလွှတ်သောအခါ ယခုကဲသို့  သမ္မတ
ဦးသိန်းစိန်၏ မျက်နာကို ခြေထောက်နှင့် တက်နင်းစေသည့်အပြောအဆိုများ ၊ နိုင်ငံကို
သိက္ခာကျစေအောင် ဖန်တီးသူများ  မဖြစ်ရအောင်အထူးစီစစ်ပြီး စေလွှတ်ရ
မည်ဖြစ်တော့သည် ။
မကြာခင်မှာပင် အမျိုးသားပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အင်ဒိုနီးရှားနိုင်ငံသို့ 
ကိုယ်စားလှယ်သုံးဦးနှင့်အတူ လွှတ်တော်ညီလာခံအပြီး လေ့လာရေးခရီးသွားရောက်ကြတော့
 မည်ဖြစ်သည် ။
ဤသို့ သွားရောက်မည်ဆိုခြင်းကို ပြည်သူလွှတ်တော်၌ မကြေညာသေးသော်လည်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်နှင့်သွားရောက်မည့် ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်များမှာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးဟုသတ်မှတ်ခြင်းခံရသော သူများမဟုတ်ဘဲ ယာယီဧည့်နိုင်ငံသားမှတ်ပုံတင်ကိုကိုင်ဆောင်ထားသူများဖြစ်ကာဤသို့ လွှတ်တော်ကိုယ်စား
လှယ်များ
ဖြစ်အောင်နှင့် ပါ့စ်ပို့ များရအောင် အဓိကဖန်တီးလုပ်ကိုင်ခဲ့ သူမှာ ( မောင်ဦး ) က
 ဆောင်ရွက်ပေးခဲ့ သည်ဟုသတင်းများ ထွက်ပေါ်နေသည် ။
ယာယီဧည့်နိုင်ငံခြားသားများကိုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းမခံရမှီကပင်
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာကော်မရှင်ထိတိုင်ကြားခဲ့
 သောကြောင့် ၄င်းသူများမှာ ရွေးကောက်ပွဲဝင်ရန်အရည်အချင်း ပြည့်မှီသူများ မဟုတ်ကြချေ ။
 သို့ သော်လည်း ဗဟိုရွေးကောက်ပွဲကော်မရှင်မှ နေပြည်တော်မှနေပြီး၎င်းယာယီ ဧည့်နိုင်ငံသား ကဒ်ပြားကိုင်ဆောင်သူများအားလွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့ ရာ
ဘင်္ဂလီမူဆလင် လူဦးရေ ထူတပ်သော ဘူးသီးတောင်နှင့် မောင်တောမြို့ တွင် သူတိုက ရွေးချယ်ခံခဲ့ ကြရသည် ။
သို့ သော် သူတို့  ရွေးချယ်ခံခဲ့ ကြရသောနိုင်ငံရေးပါတီမှာ ( national Democratuc Oarty for
ဆိုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည် ။
 ယခုကဲ့ သို အမျိုးသားပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် သွားရောက်မည့်
သူတို့ မှာ အင်ဒိုးနီးရှားနိုင်ငံသို့ ရောက်သွားလျှင် ဦးခင်အောင်မြင့်ကရခိုင်တိုင်းရင်းသားတိုး
တက်ရေးပါတီမှ ကိုမောင်ဝင်းစိုးလိုချက်ချင်းတုန့် ပြန်ပြောဆိုရဲပါမည်လားဆိုသည်မှာ
 စောဒကတက်စရာ ဖြစ်နေပါသေးသည် ။
သို့ သော် တုန့် ပြန်ပြောဆိုနေရခြင်းထက် အင်ဒိုနီးရှား ခရီးစဉ်အားသွားရောက်ရာ၌
အခြားသော နိုင်ငံရေးပါတီများကိုသော်၎င်း အစိုးရမှစေလွှတ်သင့်သည်ဟု
ထင်မြင်ယူဆမိသည် ။
အဘယ့်ကြောင့်ဆိုသော် နောက်သွားမည့်ကုလားကိုယ်စားလှယ်က လွှတ်တော်
မှာတောင် သမ္မတက ပြောဆိုသော စကားတွေဟာအဓိပ္ပါယ် မရှိပါကြောင်းလို့ 
 ပြောကြားခဲ့ ပါပြီ ။
အမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်၏အင်ဒိုနီးရှားခရီးစဉ်တွင်နိုင်ငံသားမ
ဟုတ်သောအမတ်(၃)ဦးလိုက်ပါမည့် သူများမှာ အောက်ဖေါ်ပြသူများဖြစ်သည်။
(၁) ဦးဇါကီးအာမတ် -၁၂/ပဘတ( နိုင်) ၀၂၉၉၅၁--( ဘ ) နုရ်အာလမ် -၁၁/မတန
( (ယ ) ၀၉၂၂၂၈-မိ-ခေါတိဇါ-၁၁/မတန( ယ ) ၀၉၂၂၂၈  ဖြစ်ပြီး သူ့ အား
 မောင်ဦးမှလာဘ်ငွေစားပြီး ထုတ်ပေးခြင်းဖြစ်သည်ဟု သိရသည် ။
မိဘနှစ်ဦးစလုံးမှာယယယီကဒ်ပြားမျှသာ ကိုင်ဆောင်ထားသူဖြစ်ပါလျှက်နှင့် ဦးဇါကီး
အာမတ်ကပန်းဘဲတန်းမြို့ နယ် ရန်ကုန်မှ မှတ်ပုံတင်ကဒ်ရရှိထားသည်မှာလိမ်လည်ရယူ
ထားခြင်းဖြစ်ကြောင်း သိနိုင်သည် ။
 ( ၂ ) ဦးဇါယဒ်ရော်မန် -MDW--၂၄၇၄၇၇ -ယခု( နိုင် ) ၁၁-မတန( ယ ) ကိုင်ဆောင်
ထားသူဖြစ်သည် ။
မောင်တောမြို့ က ယာယီကဒ်ပြားကိုင်ဆောင်သူမှာ လွှတ်တော်ကိုယ်စားလှယ်၏အရည်
အချင်းနှင့် ကိုက်ညီမှုရှိမရှိကို နေပြည်တော်ဗဟိုရွေးကောက်ပွဲကော်မရှင်မျှမည်သည့်
အတွက်ကြောင့် ရွေးကောက်ပွဲဝင်ခွင့်ပြုရပါသနည်း ။
ဦးဇါယဒ်ရော်မန်၏ ( ဘ ) အိုဆီဒူရော်မံ -AKB-၀၄၇၂၇-( မိ ) ဇိန်ရ်ဘာဟာ -
AKB-၁၀၈၃၆၈ -ဖြစ်သည် ။
မိဘနှစ်ဦးစလုံးက စစ်တွေမြို့ မှ ယာယီကဒ်ပြားကိုသာ ကိုင်ဆောင်ရပြီး သားဖြစ်သူက
 မောင်တောမြို့ မှနိုင်ငံသား -ယာယီကဒ်ပြား ကိုင်ဆောင်ထားခြင်းမှလိမ်ညာယူထားခြင်း
ဖြစ်ကြောင်း ထင်ရှားနေသည် ။
ဦးအဒူရာဇတ် -( ၁၁/မတန ( ယ) တို့ သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြရာ
ယခုကဲ့ သို့ တိုင်းရင်းသားလူမျိုးမဟုတ်သူများကမည်သည့်အတွက်မှတ်ပုံတင်ရသွား
ရသနည်းဆိုသည်မှာ ပြေးကြည့်စရာမလို ။
ထို့ ကြောင့်သူတို့ အားချက်ချင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်များမှရုပ်သိမ်းပြီး
အမြန်ဆုံးထုတ်ပါယ်ရေးကို ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ပြောချင်သည် ။
သို မဟုတ်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှာအင်ဒိုနီးရှားနိုင်ငံ
ခရီးစဉ်အတွင်း ဤလွှတ်တော်ကိုယ်စားလှယ်များ၏ပြောဆိုနေသော စကားများကို
 ကြားသိရသည်နှင့်တလုံးတပါဒမျှ မဖြေရှင်းဘဲမြန်မာနိုင်ငံသို့  ပြန်လာခဲ့ ပြီးမှအရေး
ယူဆောင်ရွက်ရမည်ဆိုပါကကျော်မကောင်း ကြားမကောင်း ဖြစ်ရပါတော့မည်ဟု
ထင်မြင်ယူဆရပါကြောင်း ။။
အရှင်စန္ဒာဝရ ပို့ ပေးသည်။
ခိုင်အောင်ကျော် ( နယူးယောက် )
ရွှေမြန်မာ