Monday, September 3, 2012

မြန်မာတပ်ရင်း(၅၀၁)အား TNLA နှင့် KIA တို့ ပူးတွဲစစ်ဆင်တိုက်ခိုက်


TNLA တပ်သားများ 
02 September 2012

ယမန်နေ့ သြဂုတ် ၃၁ ရက်တွင် ယခင် PSLA ဌာနချုပ်မန်တုံမြို့နယ် နမ့်ယန်းကျေးရွာနှင့် မန်မောက်ရွာကြား၌ မြန်မာတပ်ရင်းအား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် ကချင်ပြည်နယ် လွတ်လပ်ရေး တပ်မတော်တို့ ပူးတွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ချိန်မှာ နံက် ၁၀-နာရီခန့်ဖြစ်ပြီး ကျောက်မဲ ၅၀၁-တပ်ရင်း ဦးဆောင်တဲ့ အစိုးရတပ် အင်အား ၁၀၀ ကျော် ရှိကြောင်းလည်း ဒေသခံ ရွာသားများက ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် TNLAနှင့် KIA တို့ ပူးတွဲ စစ်ဆင်တဲ့ တိုက်ပွဲဖြစ်ပြီး မြန်မာအစိုးရဘက်မှ ၃-ဦးကျဆုံးပြီး ၃-ဦးဒဏ်ရာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဒဏ်ရာရရှိသည့် တပ်သား ၃-ဦးကို လားရှိုး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးမှ ဆိုပါသည်။

''ဟုတ်တယ် မနေ့က ဒီမှာတိုက်ပွဲဖြစ်တယ်၊ အနီးတ၀ိုက်မှာ တိုက်ပွဲတွေ ခဏခဏဖြစ်တော့ တို့ရွာသူရွာသားတွေတော့ အမြဲပူပန်နေရတယ် စစ်ကြောင်းတွေလည်း ရွာထဲရော ရွာဝန်းကျင်မှာရော  အမြဲလိုလို ရှိနေတော့ အလုပ်သွားလာတာ လည်း လုံခြုံမှု မရှိဘူးဖြစ်နေတယ်'' ဟု ဒေသခံ ရွာသားတစ်ဦး ပြောပြခဲ့သည်။
 
Copy from - Ta'ang Land

0 ကွန်မန့်ရေးရန်:

Post a Comment