Monday, September 3, 2012

ပြည့်တန်ဆာများ နိုင်ငံကျတာ အမှုမထား၊ သူများက သေပွဲဝင် သူတို့ ကတော့ ပျော်ရွှင် The Flowers of War



ဒီတကားက တရုပ်ကားဟုတ်မဟုတ်မသေချာပါဘူး၊ နေ၇ာကတော့ တရုတ်ပြည် နန်ကင်းမြို့ ၊ ဒုတိယကမ္ဘာစစ် ဂျပန်တပ်များ ၀င်သိမ်းတဲ့အချိန်လေး
ကျနော်စကြည့်တော့၊ ခရစ်ယန်ဘုရားရှိခိုးကျောင်းကြီးထဲကို ဆောင်ကြာမြိုင်က အဖွဲ့ တွေ ၀င်ပုံးနေကြပြီ။ ဘုရားရှိခိုးကျောင်းထဲမှာ သာသနာပြု ကျောင်းသူလေးတွေရှိတယ်၊ နောက် ငယ်ငယ်ကထဲက ဘုန်းကြီး မွေးစားထားတဲ့ တရုတ် ကျောင်းသားကလေးတစ်ယောက်ရှိတယ်၊ နောက်အနောက်နိုင်ငံသား သုဘ၇ာဇာ အရက်သမားတစ်ယောက် ရောက်နေတာတွေ့ ရတယ်၊ သုဘရာဇာက နန်ကင်းရှိတဲ့ အလောင်းတွေကို ပြင်ရတဲ့လူပဲ၊ အလောင်းမိတ်ကပ် ဆံပင်ပြင်ကျွမ်းတယ်၊ လူသေလို လှဲပေးမှ ပြင်တတ်တယ်၊ (ဒီအချက်က ဇာတ်သိမ်းမှာ နိမိတ်ပုံတစ်ခုပဲ၊

ဇာတ်လမ်းကို သာသနာပြုကျောင်းသူလေးက ပြန်ပြောနေတဲ့ပုံနဲ့ ပြောနေတာပါ၊ ပြန်ပြောတဲ့ ကျောင်းသူကလေးက အဖေရှိတဲ့ လမ်းအင်ဂျင်နီယာပဲ၊ နန်ကင်းကျတဲ့အချိန် သူ့ အဖေက သူ့ သမီးကို ဒုက္ခသည် စခန်းပို့ ဘို့ လုပ်ထားတာကို သမီးက လက်မခံတာမို့  အဖေက ဂျပန်တွေနဲ့ ပေါင်းပြီး သမီးကို ခေါ်ထုတ်နိုင်အောင် ကျိုးစားရင်းနေခဲ့ရတာ၊ သမီးက အဖေကို မကျေနပ်ဘူး။
ဘုရားကျောင်းက ဖာသာကြီး ဆုံးသွားလို့ အလောင်းပြင်ပေးဖို့ ကျောင်းသားလေးက မင်းသားကို ငှါးလာတာပါ။ သုဘရာဇာ မင်းသားလဲ မရောက်ခင်လေးတင် ဖာသာကြီးအလောင်းပေါ် ဗုံးကျလို့ ကျင်းကြီး ဖြစ်ပြီး အလောင်းလဲ တစမှ မကျန်တော့တာ။ အပြန်လမ်းမှာ ဂျပန်တွေ လိုက်ပစ်နေလို့ သုဘရာဇာ အဲဒီကျောင်းမှာ သောင်တင်သွားတာပါ
ကျနော် စကြည့်တဲ့အချိန် ဂျပန်တပ်တွေ မိန်းကလေး ကျောင်းသူတွေ ရှိရမယ်ဆိုပြီး ကျောင်းကို ၀င်ရှာနေကြတယ်။ မိန်းကလေးတွေ ပုံးနေကျ အောက်ကို ဆောင်ကြာမြိုင်က မိန်းကလေးတွေ အတင်းဝင်ပုံးကြတယ်၊ ဇာတ်ဆောင်ကျောင်းသူလေးက မျှားခေါ်သွားလို့ စစ်သားတွေ ကျောင်းသူတွေနောက်လိုက်ကြတယ်၊ ရုံးရင်းဆန်ခပ်တွေကြားမှာ တဦးထဲသော တရုတ်စနိုက်ပါ တပ်သားက ဂျပန် တပ်စိတ်ကို အမျိုးမျိုးမျှားခေါ်ပြီး သူပါ အဆောက်အဦးဗုန်းခွဲပစ်ပြီး အသေခံရ၊ ရှင်းပစ်လိုက်တာလေး ကြည့်လိုက်ရတယ်၊
ကျောင်းသူလေးတွေကို နောက်ဆုံးတွေ့ သွားပြီး ဘလက္ကာရတွေ လုပ်နေတုံး နှစ်ယောက်သေသွားတယ်၊ သုဘရာဇာက ဘုန်ကြီးယောင်ဆောင်ပြီး ဘယ်ကရောက်လာမှန်းမသိတဲ့ သတ္တိတွေနဲ့ တားတယ်၊ မရဘူး၊ သူ အရိုက်ခံရလို့ မေ့သွားတယ်၊ ကျနော်က အစက တကယ့် ဖာသာလို့ ထင်နေတာ၊ ဖာသာက ဆုံးသွားပြီ၊ မကြည့်လိုက်ရပါဘူး။
နောက်ဆုံး ခလေးတွေ အားလုံး ဒုက္ခရောက်တော့မယ့်အနေအထားမှာ ဂျပန် စစ်ဗိုလ်ကြီးတစ်ယောက် ရောက်လာပြီး အခြေအနေ ငြိမ်သွားတယ်။ သူက စန္ဒယားတွေပါတွေ တီးပြသေးတယ်၊ စစ်သားတွေ အစောင့်ချပြီး ကျောင်းသူတွေကို စောင့်ရှောက်တယ်၊ အစားအစာပေးတယ်၊ သီချင်းဆိုတတ်လားလို့ လဲ မေးသွားလေရဲ့ ။
ခလေးတွေဟာ သုဘရာဇာကို တကယ့် ဖာသာအနေနဲ့ လက်ခံလိုက်ကြတယ်၊ ဖာသာလို့ ပဲ ခေါ်တယ်။ တရုတ်ကလေးနဲ့ သုဘရာဇာ ဖာသာနဲ့ စကားပြောခန်းလေးတွေ ကောင်းတယ်။
ကျောင်းသူလေးတွေက ဆောင်ကြာမြိုင်အုပ်စုကို မတူမတန်သလို ဆက်ဆံတယ်၊ အလှဆုံး မိန်းကလေးနဲ့ သုဘရာဇာတို့ ဇာတ်လမ်းလေးပြတယ်၊
သုဘရာဇာဟာ ထွက်ပြေးလို့ ရအောင် ကြံစီတယ်၊ ထရပ်ကားဟောင်းကြီးကို ပြင်တယ်၊ ကျောင်းသူလေး အဖေက ကူညီတယ်၊ သွားခွင့်လက်မှတ်တစ်ခု တောင်းထားတယ်၊ သူ့ သမီးအတွက်။
ဒီကြားထဲမှာ ဆောင်ကြာမြိုင်က ပါလာတဲ့ မိန်းမငယ်လေးတစ်ယောက်က နောက်တယောက်နဲ့ ပေါင်းပြီး ကျောင်းမှာ သေမလိုဖြစ်နေတဲ့ တရုတ်ကလေးစစ်သား လူမမာလေးကို တရုတ်စောင်းနဲ့ ကြိုးအပြည့် တီးပြချင်လို့ ဆိုပြီး ကြိုးပြန်ယူကြတာ၊ ဂျပန်တွေနဲ့ တိုးပြီး သေသွားကြတယ်၊ မင်းသားက ခလေးတွေက သေနတ်နဲ့ မှားပစ်မိလို့ ပဲလို့ ညာပြောလိုက်ရတယ်၊ ဆောင်ကြာမြိုင်မင်းသမီးလေးကတော့ သိတယ်ပေါ့လေ။
ပြသနာက အခုမှ စလေရဲ့ ၊ နန်ကင်းအောင်ပွဲ အထိမ်းအမှတ်ကြရင် ဒီကျောင်းသူလေးတွေ ၁၃ယောက် လာပြီး အဆိုနဲ့ ဖျော်ဖြေရမယ်ဆိုပြီး အမိန့် လာပါရော၊ အထက်ကလာတဲ့အမိန့် ၊ စန္ဒယားတီးတဲ့ ဗိုလ်ကြီးလဲ ဘာမှ မတတ်နိုင်တော့ပါဘူး။ (ဆောင်ကြာမြိုင်က တစ်ယောက်ကို ကျောင်းသူလို့ ထင်နေလေရဲ့ )၊ ကျောင်းသူက ၁၂ယောက်ရှိတယ်၊ ဆောင်ကြာမြိုင်သူတွေက ကျောင်းသူအထင်ခံရတဲ့ တယောက်အပါအ၀င် ၁၂ယောက်ရှိတယ်။
အဲဒီမှာ မင်းသမီးကျောင်းသူလေးက သူတို့ ဘ၀အပျက်မခံနိုင်တော့ဘူး ဆိုပြီး သတ်သေဘို့ ကျိုးစားတယ်၊ ကျောင်းပေါ်က ခုံချမယ်ပေါ့။ အဲဒီမှာ ဆောင်ကြာမြိုင်မင်းသမီးလေးက မင်းတို့ မသွားရပါဘူး၊ မင်းတို့ ကိုယ်စား အမတို့ သွားပါမယ်လို့ ချော့ပြီး ဆွဲချကြရတယ်။
တကယ့်ကောင်းခန်းတွေ အဲဒီမှာ စတာပါပဲ
ဆောင်ကြာမြိုင်သူတွေ အစည်းအဝေးခန်းပေါ့။
မင်းခလေးကို ချော့ပြောလိုက်တာမဟုတ်လား ငါတို့ သူတို့ ကိုယ်စား မသွားပါဘူးနော်တဲ့။
သွားရင် မပြန်လာရဘို့ က လုံးဝသေချာသလောက်ပဲလေ။
ဒီစကားလေးကို မင်းသ္မီးကပြောတယ်။ တရုပ်ဆိုရိုး စကားတစ်ခုရှိတယ်တဲ့
``ပြည့်တန်ဆာများ နိုင်ငံကျတာ အမှုမထား၊ သူများက သေပွဲဝင် သူတို့ ကတော့ ပျော်ရွှင်´´
စစ်ဖြစ်နေတာတောင်မှ ငါတို့ ကို မကောင်းပြောကြတယ်တဲ့။
ဒီတော့ငါတို့ ကောင်းမှုတစ်ခု ကျိုးစားလုပ်ကြည့်ရအောင်။
ဂျပန်တွေက သီချင်းဆိုတာတို့ ကျောင်းသူတို့ အလေးထားတာမဟုတ်ဘူးပေါ့၊ သူတို့ လိုချင်တာက ပျော်ရွှင်မှုပဲ။
ငါတို့ က ကလေးတွေကိုယ်စားလိုက်သွားရင် မသေပဲ ပြန်ထွက်လာတဲ့အခါ ဘ၀ကို ရပ်တည်နေနိုင်သေးတယ် မထူးဘူး၊
ခလေးတွေက မသေတောင်မှ ဘ၀ကို ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး၊
အဲဒီလို အတွေးအခေါ်တွေနဲ့ ကလေးတွေကိုယ်စား သွားကြဘို့ ရဲရဲတောက် ဆုံးဖြတ်ချက်ချကြတယ်။
ခလေးတွေက ခရစ်မတ်ကျရင် ၀တ်ဘို့ သိမ်းထားကြတဲ့ ၀တ်စုံအသစ်တွေ လာပေးကြတယ်။ ဆောင်ကြာမြိုင်သူတွေရဲ့ ရင်သားတွေကို ဖုံးနိုင်ဘို့ လိုက်ကာတွေနဲ့ ဆက်ပြီး ချူပ်ကြတယ်။
မင်းသားက သူတို့ ကို ဆံပင်ညှပ်ပေးတယ်၊ အလှပြင်ပေးတယ်၊ အဲဒီမှာ ကထဲက သူက အလောင်းတွေပဲ ပြင်ခဲ့တာဆိုတော့ မိန်းကလေးတွေက အလောင်းလိုပဲ လှဲပေးကြရတယ်၊ နမိတ်မကောင်းလိုက်တာ၊ အဲဒီထဲက ရင်က ဆို့ သွားရတယ်။
အားလုံးပြင်ဆင်ပြီးတဲ့အချိန်မှာ ဆောင်ကြာမြိုင်သူတွေဟာ ပီဘိ ပညာတတ် ကျောင်းသူလေးတွေ ဖြစ်သွားကြတယ်၊ စလိုက်နောက်လိုက်ကြတာ၊ ငါ့ အမေကို ပြလိုက်ချင်ပါပေ့၊ ဒီလိုမျိုး ကိုယ့်ကိုယ်ကို မြင်ရမယ်မထင်ရဘူး၊ သေပန်းပွင့်၇မဲ့ အခြေအနေမှာ အောက်ဆုံးအတန်းအလွှာကလူတွေရဲ့ ဖြစ်ရာအခြေအနေမှာ ပျော်ပျော်နေနိုင်တဲ့ စရိုက်ဟာ တိုက်ပွဲတိုက်ရမဲ့ စစ်သားတွေရဲ့ မဆုတ်မရွံ့ သတ္တိနဲ့ တူညီပါ့ဗျာ၊
ဆောင်ကြာမြိုင်မင်းသမီးက ကျောင်းသူမင်းသမီးလေးကို ဗျတ်စောင်းကိုအပ်တယ်၊ အဲဒီမှာ တရုတ်ရိုးရာ သီချင်းကို တီးခတ်ပြီး သူတို့ အားလုံး ၀တ်စုံပြည့်နဲ့ ဂေဟာမှာ ကတဲ့ အခန်းကို ပြတယ်၊ မခံစားနိုင်ဘူးဗျာ၊ တော်တော်ရက်စက်တဲ့ ဒါရိုက်တာပဲ၊
အကြမ်းတမ်းဆုံးအချိန်တွေနဲ့ အနူးညံ့ဆုံးပြကွုက်တွေနဲ့ 
ပြသနာတက်တယ်၊ လူလိုနေတယ်၊ ၁၃ယောက်ပြည့်အောင် တရုတ်ကလေးက မိန်းကလေးယောင်ဆောင်ပြီး လိုက်သွားရတော့တယ်၊ သူတို့ သွားနေတဲ့အချိန်မှာ သုဘာရာဇာ ဖာသာနဲ့ ကျောင်းသူလေးတွေ ထရပ်ကားနဲ့ ထွက်ပြေးချိန်ပို၇အောင်၊ တရုတ်ကလေးက ကားပေါ်ကနေ မခုန်ချပဲ အသေခံဘို့ ဆုံးဖြတ်ထားပါတယ်၊ ဆုံးသွားတဲ့ ဖာသာကြီးက သူ့ ကို ခလေးတွေကို စောင့်ရှောက်ဘို့ မှာကြားချက်ကို သူ မဖြည့်နိုင်ခဲ့လို့  အခုကိစ္စမှာ ဒီလို ဆုံးဖြတ်တာပါပဲတဲ့။ အသက်နဲ့ လဲပြီး စောင့်ထိမ်းကြတဲ့ ဂတိ
တကယ်လဲ ကားပေါ်တက်ကြရော အစားထိုးလိုက်ရမဲ့ထဲက တယောက်က သူ ကျောင်းသူမဟုတ်ပါဘူးလို့ အတင်းအော်ပါသေးတယ်၊ မင်းသားက အရုပ်ခလေးပေးပြီး ချော့လိုက်ရတယ်၊ မိန်းကလေးတွေဟာ ဂျပန်တွေကို အနဲဆုံးတော့ မျက်လုံးတစ်လုံးရအောင်ဖေါက်မယ်ဆိုပြီး လက်နက်လေးတွေ ဆောင်သွားကြလေရဲ့ ၊ ကျောင်းသူမင်းသမီးလေးရဲ့ အဖေဟာ သု့ သမီးကို မထဲ့ပါဘူးလို့ ဂျပန်ကို လာဘ်ထိုးထားတာကို လာကြည့်ရင် ခလေးတွေ အားလုံး တက်သွားကြတာမြင်လိုက်ရတယ်၊ ပြောမရတဲ့အဆုံး မျက်နှာလေးတော့ ကြည့်ပရစေပြော၊ ဆောင်ကြာမြိုင်က မိန်းကလေးတွေမှန်း သိလိုက်ရလို့ စိတ်ချလိုက်တဲ့အချိန်မှာပဲ ဂျပန်က ကဲ မင်းတွေ့ ပြီးပြီမဟုတ်လားပြောပြီး သတ်ပလိုက်တယ်။
နောက်ကျန်တာက ခလေးတွေနဲ့ မင်းသားနဲ့ ချောချာမောမောပဲ ဂျပန်ဂိတ်ကို ဖြတ်ပြီး လွတ်မြောက်သွားကြတယ်။
ဟိုဖက်က ကိစ္စ ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး၊ ဒါရိုက်တာကလဲ ဘာမှ မပြောဘူး၊ ပရိတ်သတ်ကြီးရဲ့ ရင်ထဲမှာပဲ
ဖြစ်ချင်တာကတော့ ကျောင်းသူမိန်းကလေးရဲ့ ဆန္ဒပုံစံနဲ့ ဆောင်ကြာမြိုင်က မိန်းကလေးတွေ ခရီးသွား ဧည့်သည်ပုံစံများနဲ့ အ၀တ်အစားသေတ္တာတွေ ဆွဲလို့ ကျောင်းဝင်းထဲကို ၀င်ချလာကြတဲ့ ပုံစံပါပဲ
အဲဒီပြကွက်က ဇာတ်လမ်းအစမှာ ပြထားသလားလဲ ကျနော်မသိတော့ဘူး
ဇာတ်ကားနာမည်
The Flowers of War
ကိုယ်ဘာသာပဲ အဓိပ္ပါယ်ကောက်ကြပေတော့ဗျာ
ကျနော်တော့ ကချင်နယ်စပ်တွေကိုပဲ စိတ်ထဲမြင်နေမိတယ်၊ ရောက်ခဲ့တဲ့ ဘာသာမျိုးစုံရဲ့ သာသနာကျောင်းတွေ၊ ခလေးတွေ၊
ဘုရားသခင်
(အင်း ခတ်ရှက်ရှက်နဲ့ ပြောရရင် ကျနော်တို့ အဲဒီ မိန်းကလေးတွေလောက်တောင် သတ္တိရှိပါ့မလား၊ အဲဒီလို ပြန်မေးမိအောင် လုပ်သွားတာပဲဗျာ ဆရာကြီး ကျန်းရိမင်းက The Road Home တုံးကလဲ သူဒီလိုပဲ ဆောင်ပုဒ်လေးတစ်ခု၊ အယူအဆလေးတစ်ခုကို main theme လုပ်ပလိုက်တယ် ရသကို အပြည့်ထားခဲ့တယ်၊ နောက် အခုကားလဲ flowers of war ဆိုတဲ့ အဆိုအမိန့် ကို ပြောင်းပြန်ဖြစ်အောင် ဘယ်သူသေသေ ငတေမာရင်ပြီးရော ပေါ့ပျက်ပျက် ပန်း ဆိုတဲ့ flower ကို သတ္တိပန်း၊ ရဲရင့်တဲ့ ပန်းဖြစ်အောင် ပြောင်းပလိုက်တယ်)

0 ကွန်မန့်ရေးရန်:

Post a Comment