This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 2, 2012

gtalk မှာမြန်မာဖေါင့်မရတဲ့သူငယ်ချင်းတွေအတွက်မြန်မာဖေါင့်ဆော့ဝလ်လေးပါ


ရေးသားသူ crazylay
gtalkမှာမြန်မာစာမရတဲ့သူငယ်ချင်းတွေရောမြန်မာဖေါင့်ဆော့ဝဲလေးတွေကိုဆောင်ထားချင်တဲ့သူငယ်ချင်းတွေအတွက်ပါ.....                    ပြည်ပရောက်နေတဲ့အခါကျတော့မြန်မာဖောင့်လေးကကိုယ်ကွန်ပျူတာမှာဆောင်ထားသင့်ပါတယ်...အကြောင်းအမျိုးမျိုးကြောင့်             မြန်မာဖေါင့်လေးပျေက်သွားခဲ့ရင်ကိုယ့်ဆီမှာရှိနေတော့ထက်RUMလိုက်လို့ရတာပေါ့...ဒီမှာပါ   ဒါကနောက်တစ်ခုနော်   

ဆက်သွယ်ရေးဝန်ကြီးရဲ့ ကိုယ်ကျိုးရှာစီးပွား


မိုးမခပေးစာ
ဇွန် ၂၊ ၂၀၁၂


• ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ရှိမန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလှ၏ ကိုယ်ကျိုးရှာလုပ်စားနေမှုများ အား ဖော်ထုတ်အရေးယူပေးပါရန်

ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ လက်ရှိ မန်းနေဂျင်းဒါရိုက်တာရာထူးနေရာယူထားသော ဦးဣဒ္ဓိလှသည် ယခုလက်ရှိ MPT မှ ရောင်းချ လျှက်ရှိသော GSM Mobile Phone သန်း (၃၀) စီမံကိန်းမှ ၂ သိန်းတန် ဖုန်းကဒ်များကို နောက်ကွယ်တွင် သူနှင့် အကျိုး တူပူးပေါင်းဆောင်ရွက်လျှက်ရှိသော တပည့်များမှတဆင့် ကုမ္ပဏီများမှ တရားဝင်မရောင်းချခင်ကပင် မြို့အသီးသီးရှိဖုန်းဆိုင်များနှင့် ချိတ်ဆက်၍ ကြိုတင်ရောင်းချခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် GSM Phone Card များသည် အမှန်တကယ် ရောင်ချခွင့်ရက်မတိုင်ခင်ကပင် ဆိုင်အသီးသီး၌ ကြိုတင်ဝယ်ယူရရှိနိုင်ကြပြီး ဆိုင်များမှလည်း ဖုန်းကဒ်များအား မည်သည့်နေ့တွင် လိုင်းပွင့်မည် စသည်ဖြင့် လိမ်လည်ပြော ဆိုကာ ရောင်းချခဲ့ပါသည်။ လက်ရှိရောင်းချခွင့်ရရှိထားသည့်ကုမ္ပဏီများသည်လည်း ကိုယ်စားလှယ်အဖြစ် ရရှိရေးအတွက် နောက်ကွယ်တွင် လာဘ်ငွေများပေးကမ်း၍ ခွင့်ပြုမိန့်များကို ရယူခဲ့ကြပါသည်။ထို့အပြင် ဖုန်းနံပါတ်အလှ လေးလုံးတွဲ ငါးလုံးတွဲများကိုလည်း ငွေကျပ် သိန်း ပေါင်းများစွာယူ၍ ပြည်နယ်နှင့်တိုင်းများတွင် သူ၏လက်မှတ်ဖြင့် တပည့်များမှတဆင့် ထုတ်ယူရောင်းချလျှက်ရှိပါသည်။

ဦးဣဒ္ဓိလမှာ ယခင်နအဖ စစ်အစိုးရ စစ်တပ်၏ဗိုလ်မှူးရာထူးမှ အရပ်ဖက်ဆက်သွယ်ရေးသို့ ပြောင်းရွှေ့လာသူဖြစ်ပါသည်။ ဆက်သွယ်ရေး နှင့်ပတ်သတ်ပြီး လုပ်ငန်းတွေ့အကြုံနှင့် နည်းပညာပိုင်းတို့တွင်လည်း ကျွမ်းကျင်မှုမရှိပါ။ သို့သော်လည်း သူ၏ဖခင် ဒေါက်တာ ဦးသာလှ နှင့်နီးစပ်ရာ လူကြီးအသိုင်းအ၀ိုင်း အကူအညီ၊ ကြံ့ခိုင်ရေးပါတီအားကိုးဖြင့် ယခုလက်ရှိရာထူးနေရာအထိ ရရှိထားသူဖြစ်ပါသည်။ ဆက်သွယ် ရေးဌာန အတွင်းပိုင်းတွင် လည်း နေရာကောင်းရယူလိုသူများကိုလည်း လာဘ်ငွေများရယူပြီး လက်ရှိအချိန်ထိ ဆောင်ရွက်ပေးလျှက်ရှိပါ သည်။ ထို့အပြင် မန္တလေးတိုင်းမန်နေဂျာဘ၀တွင်လည်းကောင်း၊ GM ဘ၀ တွင်လည်းကောင်း၊ အော်တိုကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းများကို အခ ကြေးငွေယူ၍လည်း ကိုယ်ကျိုးရှာလုပ်စားခဲ့ပါသည်။

၎င်းလုပ်ပိုင်ခွင့်ရရှိသည့် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း Phone Board ထိုင်လျှင်လည်း ငွေပေးနိုင်သောသူများကိုသာ ဖုန်းများကိုချ ပေးခဲ့ပါသည်။ ဖုန်းဈေးများကောင်းနေစဉ်အတွင်း ကြိုးဖုန်းတစ်လုံးကို ကျပ်သိန်း ၂၀ မှ ၃၀ အထိယူခဲ့ပါသည်။ ဖုန်းများဈေးတက်လျှင် ငွေ ပိုတောင်း၍ ဖုန်းဈေးများကျလျှင် ငွေပြန်မအမ်းပါ။ မိုးဘိုင်းဖုန်းများကို ကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ အပိုကြေးကောက်ခံ၍ ကိုယ်ကျိုးရှာ ခဲ့ပါသည်။

မန္တလေးတိုင်း ဆက်သွယ်ရေးရုံး ငွေစာရင်းဌာနမှ လက်ရှိမန်နေဂျာ အမျိုးသမီးနှင့်ပူးပေါင်း၍ Phone Board များတွင် အေးဂျင့်အဖြစ် ဆောင်ရွက်စေခြင်း၊ ဖုန်းဘီလ်သွင်းသောငွေများ၊MobilePhone အပျောက်အပျက်များ၏ ဌာနသွင်းငွေများကို ဘဏ်သို့မသွင်းသေးပဲ ထို ငွေများဖြင့် မြေအရောင်းအ၀ယ်လုပ်ခြင်း ပွဲရုံများလုပ်ခြင်း စသည်ဖြင့် ကိုယ်ကျိုးရှာသုံးစွဲခဲ့ပါသည်။ ထိုငွေများကို ရန်ကုန်မြို့တွင် လုံးချင်း တိုက်များ၊ ကားများ ၀ယ်ယူခဲ့ပါသည်။ ဌာနမှလူကြီးများ မန္တလေးမြို့သို့လာလျှင် ဧည့်ခံစရိတ်ကို နှစ်ဆသုံးဆတင်ပြ ၍ ကိုယ်ကျိုးရှာခဲ့ပါသည်။

အဆိုးဆုံးမှာ မန္တလေးမြို့ ၆၆ လမ်း ၂၂x၂၃ လမ်းကြား ဆက်သွယ်ရေးဝန်ထမ်းအိမ်ရာမှ ၀န်ထမ်းတစ်ဦး၏နေအိမ်တွင် ဆေးခြောက်များနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိခဲ့ရာတွင်လည်း ယခုလက်ရှိ MD (ယခင် မန္တလေးတိုင်းမန်နေဂျာ) သည် ထိုဝန်ထမ်းကို အရေးယူမခံ ရအောင်ကာကွယ်ပေးခဲ့ပါသည်။ ထိုဝန်ထမ်းမှာ သူ၏တူတော်စပ်ပြီး ယခုလက်ရှိတွင် မန္တလေး GSM Radio ဌာနတွင် အငယ်တန်းအင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။

သို့ဖြစ်ပါ၍ ယနေ့ Clean Government Good Government ဖြစ်လာစေရေးအတွက် ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့သော ဆက်သွယ်ရေး ၀န်ကြီးဌာနမှ မန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလ၏နောက်ကွယ်တွင် ကိုယ်ကျိုးရှာလုပ်စားဆောင်ရွက်နေမှုများအား ထုတ်ဖော် အရေးယူပေးစေ လိုပါကြောင်း တင်ပြတိုင်ကြားအပ်ပါသည်။

ညီအမ(၂)ဦးကားတိုက်ခံရ၍သေဆုံးခြင်း(ဓာတ်ပုံနှင့်တကွ)





(၃၀-၅-၂၀၁၂)ရက်နေ့တွင်မယ်ကုရပ်တွင်နေထိုင်သောကိုသိန်းတိုးသည်၎င်း၏ညီမများဖြစ်သောမနီလာစိုး (၁၉)နှစ်နှင့်မဌေးဌေးဝင်း(၂၁)နှစ်တို့ကားတိုက်ခံရခြင်းအတွက်ကူညီဖြေရှင်းပေးပါရန်PVA ရုံးသို့လာရောက်
 အကူအညီတောင်းခံခဲ့ပါသည်။ဖြစ်စဉ်မှာမနီလာစိုးနှင့်မဌေးဌေးဝင်းတို့သည်(၂၉-၅-၂၀၁၂)ရက်နေ့ ည(၉)နာရီ ခန့်တွင် Top Formစက်ရုံမှအလုပ်ဆင်းပြီးထမင်းသွားဝယ်စဉ် အပြာရောင်ကားတစီးမှ
ဝင်တိုက်သွားခဲ့ခြင်းဖြစ်ပြီး မဌေးဌေးဝင်းမှာပွဲခြင်းပြီးသေဆုံးသွားခဲ့ပြီးမနီလာစိုးမှာဆေးရုံအရောက်တွင်
သေဆုံးသွားခဲ့ပါသည်။လမ်းဖြတ် ကူးစဉ်၎င်းတို့(၂)ဦးအပါအ၀င်လူ(၅)ဦးရှိရာ၊ကျန်လူများမှာမြ၀တီမြို့တွင်
နေထိုင်သူများဟုသိရှိရသော်လည်း စိတ်ပိုင်းဆိုင်ရာကြောက်ရွံမှုများကြောင့်မေးမြန်းစုံစမ်း၍မရနိုင်ဖြစ်နေ
ပါသည်။စက်ရုံကရဲစခန်းတွင်အမှုဖွင့်ထား ကြောင်း၊အသုဘကိစ္စကိုတာဝန်ယူပေးမည်ဖြစ်ကြောင်းနှင့်အသက်
အာမခံကြေးအဖြစ်တဦးလျှင်သုံးသောင်းခွဲ ပေးမည်ဖြစ်ကြောင်းစသည်ဖြင့်စက်ရုံမန်နေဂျာမှတဆင့်ပြောပြ
ခဲ့ကြောင်းသိရပါသည်။သေဆုံးသူနှစ်ဦး၏ ပတ်စပို့များကိုလည်းစက်ရုံကယာယီသိမ်းဆည်းထားပြီးအသုဘကိစ္စပြီးမှသာပြန်လည်ထုတ်ပေးမည်ဖြစ်
 ကြောင်းအကိုဖြစ်သူကPVAကိုပြောပြခဲ့ပါသည်။အလောင်းများကို မဲဆောက်ဆေးရုံကြီးမှတဆင့်
(၃၁-၅-၂၀၁၂) ရက်နေ့ကသဂြိုင်္လ်ခဲ့ပါသည်။
PVAအသင်းမှအသုဘချပြီးနောက်စက်ရုံမှလျှော်ကြေးငွေအပြည့်အ၀ရရှိရေးအတွက်စက်ရုံအားတရားစွဲဆိုရန်နှင့်
ယာဉ်မောင်းဖြစ်သူအားရှာဖွေအရေးယူနိုင်ရန်အလုပ်သမားအခွင့်အရေး ဥပဒေအထောက်အကူပြုရှေ့နေအဖွဲ့
(LLC)၊ထိုင်းရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။by-pvamas မှတဆင့်ဖော်ပြသည်။

စောက်ခွက်တစ်ချက်ရိုက်တိုင်း(၁၀၀၀)ပေးမယ်-Lamin(T@ttoo) & Jar Jar




ကဲ..ဘယ်သူအတွက်ရည်ရွယ်ပြီးဆိုတာလဲ..နားတာထောင်ကြည့်ပေးပါတော့ဂျာ...
Song Name-စောက်ခွက်တစ်ချက်ရိုက်တိုင်း(၁၀၀၀)ပေးမယ်
Lyric & Vocal-Lamin(T@ttoo) & Jar Jar
Music-TMP

Photobucket



right ထောက်ပြီး IDM နဲ့ဒေါင်ပါ

ကိုယ်ဝန်လွယ်ထားပြီး လက်ထပ်ခါနီးစုံတွဲ မိဘချင်းပေးတွေ့မှ မောင်နှမဖြစ်နေမှန်း သိလိုက်ရ

လောကကြီးဟာ ဆန်းကြယ်လွန်းတယ်... မရည်ရွယ်ပေမယ့်လည်း လူသားတွေကို အပြစ်တွေကျူးလွန်မိစေတယ်။ တိုက်ဆိုင်မှုတွေကလည်း တခါတလေမှာ ထူးဆန်းလွန်းလှပါတယ်။
ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ စုံတွဲဟာ တခြား သာမန် လူတွေလိုပါပဲ... တက္ကသိုလ်မှာ ကျောင်းတက်ရင်း နှစ်ဦးသားတွေ့ခဲ့ရာကနေ ချစ်ကြိုက်မိပြီး ငါးနှစ်ကြာ အတူနေထိုင်ခဲ့ပါတယ်။ ကောင်မလေးက ကိုယ်ဝန်လွယ်ထားတာ နောက်လထဲ မွေးဖွားရတော့မယ့် အခြေအနေမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး သူတို့ဆီက ထုံးစံအတိုင်း မိဘချင်းပေးတွေ့ပြီး လက်ထပ်ကိစ္စစီစဉ်ဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြတဲ့ မောင်နှမတွေမှန်း သိခဲ့ကြရပါတယ်။
သူတို့နှစ်ဦးစလုံးကို ယခုချိန်ထိ မိဘတစ်ဦးစီက ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး ကောင်လေးက သူ့တို့အဖေနဲ့ ကောင်မလေးက သူတို့အမေနဲ့ ကြီးပြင်းခဲ့ကြတာပါ။ သူတို့ အဖေနဲ့ အမေဟာ ကောင်လေး အသက် ၂နှစ်ခန့်အရွယ်၊ ကောင်မလေး အသက် ၈လအရွယ်ခန့်မှာ အငြင်းပွားဖွယ် လင်မယားကွဲကွာခဲ့ကြပြီး အဲဒီတုန်းက အဖေဖြစ်သူက အမေဖြစ်သူကို သူ့အပေါ်လိမ်ညာနေတယ်လို့ ပြောပြီး ၁၉၈၃ခုနှစ်ကတည်းက သူမကိုစွန့်ခဲ့တယ်လို့ ဆိုပါတယ်။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်လုံး သူတို့မှာ မောင်နှမရှိခဲ့ကြမှန်း လုံးဝ မသိခဲ့ပါဘူး...
သူတို့နှစ်ယောက်လုံး အခုချိန်ထိ အံ့သြပြီး ရှော့ခ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ... ကောင်မလေးက ရှင်းပြရာမှာ ကျွန်မတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်ခဲ့တာပါ။ အဲအချိန်ကစပြီး ကျွန်မတို့ ရှေ့ရေးအတွက်ပဲ စဉ်းစားခဲ့ကြပြီး ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့ မစဉ်းစားခဲ့ကြပါဘူး.. ကျွန်မတို့ ကလေးတွေ အများကြီးယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုကို ဖန်တီးဖို့ ရိုးရိုးလေးပဲ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အခုဒါကို သိလိုက်ရတဲ့အချိန်မှာ ဘာပြောလို့ ဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခံစားရပါတယ်။ ကောင်လေးကတော့ ကွဲကွာနေတဲ့ မိသားစုနှစ်ခုနဲ့ ဒီပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ လက်ထပ်ဖို့ကိစ္စကို လုံးဝ ဖျက်ပစ်လိုက်ကြပါပြီး...
သူတို့လူမှုအဖွဲ့အစည်းမှာတော့ သွေးနီးချင်း နှီးနှောတာကို လုံးဝလက်မခံတတ်ပါဘူး... ဒါဟာ စဉ်းတောင်မစဉ်းစားသင့်တဲ့ ကိစ္စလို့ ယုံကြည်ထားတဲ့ လူတွေဖြစ်ပါတယ်။ ဗြိတိန်က ဆေးဂျာနယ်ရဲ့ သုတသနမှာတော့ ဒီလိုကိစ္စဟာ မောင်နှမအရင်း၊ တစ်ဝမ်း နှစ်ဝမ်းကွဲမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ကြီးလာမှ ပြန်တွေ့ကြတဲ့အခါ ကာမရာဂနဲ့ ချစ်ကြိုက်မိတဲ့ စိတ်တွေ ဖြစ်ပေါ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို မောင်နှမနဲ့ ၀မ်းကွဲအချင်းချင်း အတူကြီးပြင်းခဲ့ရင်တော့ ဒီစိတ်တွေဟာ သွေးချင်းနှီးနှောလို့ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်နဲ့ ကာမရာဂစိတ်တွေကို တွန်းလှန်ပြီးသား ဖြစ်သွားတယ်လို့ ဒီသုတေသနက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ဒါကို သူတို့က Genetic Sexual Attraction (GSA) လို့ အမည်ပေးထားပါတယ်။ အောက်မှ အသေးစိတ် ရှင်းပြထားပါတယ်။ ဘာသာတော့ မပြန်တော့ဘူး... သတင်းဖတ်ပြီး ကိုယ်တိုင်လည်း အင်မတန်မှ ရှော့ခ်ရပြီး ကြောက်စရာကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ်တွေ ဗုဒ္ဓဘာသာအမြင်နဲ့ဆိုရင် ၀ဋ်ကြွေးလို့ပဲ ပြောရမလားပါပဲ။
THE POWER OF GENETIC SEXUAL ATTRACTION
Genetic Sexual Attraction (GSA) is a term that describes the phenomenon of sexual attraction between close relatives, such as siblings, first and second cousins or a parent and offspring who first meet as adults.
It is not the same as incest, though this is what it is called if a sexual relationship is then entered into.
The term GSA was coined 30 years ago by American Barbara Gonyo. She wrote a book about the lust she felt for the adult son she had given up for adoption 26 years earlier.
She never acted on her feelings.
GSA is rare between people raised together in early childhood due to a reverse sexual imprinting known as the Westermarck effect, which desensitizes them from sexual attraction.
Experts believe that this effect evolved to prevent inbreeding.
News Source:
http://www.dailymail.co.uk/news/article-2057081/Engaged-couple-disc...
သတင်းကိုဖတ်ပြီးတော့စိတ်မကောင်းပါဘူး