This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, May 25, 2014

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မထင်မှတ်ပဲ အများသူငါကြားထဲ လမ်းလျှောက်လာ

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီက လူတချို့ တကယ့်ကို အံ့အားသင့်သွားစေခဲ့တာကတော့ ကမ္ဘာပေါ် မှာ သြဇာအကြီးဆုံးဖြစ်သူလို့ ပြောလို့ရမယ့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မထင်မှတ်ပဲ အများသူငါကြားထဲ လမ်းလျှောက်လာလို့ပါ။ 



သမ္မတ အိုဘားမားတယောက် အိမ်ဖြူတော်ကနေ ပြည်ထဲရေး ဝန်ကြီးဌာနဘက်ကို လမ်းလျှောက်သွားမယ် လို့ ဆုံးဖြတ်ခဲ့ပြီး လမ်းတလျှောက် တွေ့တဲ့ သူတွေကို ဖော်ဖော်ရွေရွေ နုတ်ဆက် စကားတွေပြော၊ တရင်း တနှီးနဲ့ ဆိုတော့ သူနဲ့ လူချင်း အနီးကပ် တွေ့သမျှလူတွေလည်း အံ့သြကုန်ကြတာပါ။ 

တချို့ဆို ဒီလိုမျိုး အမေရိကန်သမ္မတတရောက်နဲ့ မထင်မှတ်ပဲ ဆုံဆည်းဖို့ ဆိုတာ အိပ်မက်တောင် မမက်နိုင်ပါဘူးလို့ ထင်ထားခဲ့တာပါတဲ့။ 

အိုဘားမားရဲ့ အခုလို လုပ်ရပ်ကတော့ လမ်းတလျှောက်က အမေရိကန်တွေကို အံ့သြစေခဲ့သလို ဒီလို သမ္မတရဲ့ မထင်မှတ်တဲ့ သာမန်နိုင်ငံသားတွေနဲ့ လမ်းလျှောက်ရင်း တွေ့ဆုံနှုတ်ဆက်တာကို အိမ်ဖြူတော် က မှတ်တမ်းတင်ထားခဲ့ပြီး မေလ ၂၂ ရက်နေ့က ယူကျုပေါ် ရောက်လာတာ ကြည့်ရှုကြိမ်ရေပေါင်း ၂ သန်း
လောက် ရှိနေပါပြီ။
  
အိမ့်သံစဉ် ~

သွေးအတွင်း ကိုလက်စထရောများခြင်းက သားသမီးရနိုင်ခြေကို ထိခိုက်စေနိုင် ...................


Posted by: Ko Myo on Saturday, May 24, 2014 Categories:
သွေးထဲတွင် ကိုလက်စထရောဓာတ် များပြားခြင်းသည် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း လူအများ လက်ခံထားပြီး ဖြစ်သည်။ သို့သော်လည်း ယင်းအခြေအနေထက် ပိုမိုသော ဆိုးကျိုးတစ်ရပ်အဖြစ် လူသားတစ်ဦး၏ မျိုးပွားမှု စွမ်းရည်ကိုပါ ကျဆင်းစေကြောင်း ပညာရှင်များက သတိပေး ပြောကြားလိုက် သည်။ သွေးကြောနံရံများတွင် အဆီစုသည်အထိ ကိုလက်စထရော ပမာဏ များပြားနေသော အမျိုးသမီး များတွင် ပြုလုပ်ခဲ့သော လေ့လာမှုများအရ ယင်းတို့၏ သားသမီးရနိုင်ခြေသည် သာမန်ထက် သိသိ သာသာ လျော့ကျသွားကြောင်း သိရှိရသည်။



အကယ်၍ ယင်းအမျိုးသမီးများ၏ မိတ်ဖက်အမျိုးသားသည်လည်း ကိုလက်စထရော ပမာဏ ကြွယ်ကြွယ်ဝဝ စုဆောင်းထိန်းသိမ်းထားသူ ဖြစ်နေပါက သားသမီး ထွန်းကားနိုင်ခြေသည် သုညရာခိုင်နှုန်း နီးပါးထိ လျော့ နည်းသွားလိမ့်မည်ဟု အမေရိကန် ကျန်းမာရေး သုတေသီများက မှတ်ချက်ပြုခဲ့သည်။ အမေရိကန် အစိုးရ၏ ကျန်းမာရေး သုတေသန ဌာနမှ ပညာရှင်များသည် သားသမီးယူရန် ကြိုးစားနေသည့် စုံတွဲပေါင်း (၄၀၁)တွဲ ၏ အနေအထားကို လေ့လာဆန်းစစ်ခဲ့ကြသည်။ ယင်းတို့အားလုံးသည် အသက်(၁၈)နှစ်နှင့် (၄၄)နှစ်ကြား အရွယ်များ ဖြစ်ကြသည်။ (၁)နှစ်အကြာတွင် အမျိုးသမီး (၃၄၇)ဦး ကိုယ်ဝန်ရလာပြီး (၅၄)ဦးမှာမူ ကလေး မရကြချေ။ သုတေသီများက အဆိုပါစုံတွဲ အားလုံးထံမှ သွေးနမူနာများကို ရယူကာ တိုက်ဆိုင် စစ်ဆေးပြီးနောက် သွေးထဲတွင် ကိုလက်စထရောဓာတ် များပြားခြင်းသည် ကလေးရနိုင်ခြေ နည်းပါးခြင်း အပေါ် တိုက်ရိုက် အချိုးကျနေကြောင်း တွေ့ရှိခဲ့သည်။

သုတေသီ တစ်ဦးဖြစ်သည့် ဒေါက်တာ အင်းနရစ် ရှိန်စတာမန်းက “ကိုလက်စထရော အရမ်းများရင် နှလုံး မှာ ရောဂါတွေဖြစ်အောင် အားပေးရာရောက်မှန်း သိထားပြီးသားပါ။ ဒါပေမဲ့ လက်ရှိ အချက်အလက်တွေ အရ ဒီအခြေအနေဟာ နှလုံးသွေးကြောတွေ အတွက်ပဲ အန္တရာယ်များတာ မဟုတ်ဘူး။ စုံတွဲတွေရဲ့ သားသမီးရနိုင်ခြေကိုပါ လျော့ကျသွားစေကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သားသမီးရချင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့သွေးထဲမှာ ကိုလက်စထရော ပါဝင်မှုဟာ လက်ခံနိုင်လောက်တဲ့ အဆင့်မျိုး ရှိနေတာ သေချာစေဖို့ သတိပြုသင့်ပါတယ်”ဟု အကြံပြုခဲ့သည်။ ကိုလက်စထရော များပြားခြင်း သည် မျိုးပွားမှု စွမ်းရည်ကို အဘယ်ကြောင့် ထိခိုက်စေကြောင်း တိတိကျကျ မသိရသေးသော်လည်း ၎င်းတွင် ပါဝင်သည့် အဆီဆန်ဆန် ပစ္စည်းများက Oestrogenနှင့် Testosteroneတို့ကဲ့သို့ လိင်ပိုင်းဆိုင်ရာ ဟိုမုန်းများ ပေါင်းစပ်ဖွဲ့စည်းမှုကို ဟန့်တားနှောင့်ယှက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပညာရှင်များ က ကောက်ချက်ချထားသည်။

Planet Myanmar Network
May 24 14
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ပေါင်တံဖြူဖြူလေးများပေါ်မှ ကြော်ငြာများ......................

Posted by: Ko Myo on Saturday, May 24, 2014 Categories:
မိမိ၏ ထုတ်ကုန် လူသိများစေရန် ကြော်ငြာကြသည့်အခါ အမျိုးမျိုး အဖုံဖုံ စိတ်ကူးလေ့ ရှိကြပြီး တရုတ်နိုင်ငံ မှ ကြော်ငြာနည်းစနစ် တစ်ခုမှာမူ အတန်ငယ် ထူးခြားနေသည်။ တရုတ် ကြော်ငြာကုမ္ပဏီ တစ်ခု သည် ကျောင်းသူမိန်းကလေး (၁၀၀)ကျော်တို့ကို ကြော်ငြာကဏ္ဍအတွက် ငှားရမ်းခဲ့သည်။ အခကြေးငွေ ရယူထားသည့်နောက် အဆိုပါ ဆယ်ကျော်သက် မိန်းကလေးများသည် သူမတို့၏ သွယ်လျလှပသည့် ပေါင် တံလေးများ ပေါ်လွင်စေမည့် စကက်တို၊ ဘောင်းဘီတိုများကို ဝတ်ဆင်ရမည်ဖြစ်ပြီး ထိုနေရာတွင် ကြော်ငြာ လိုသည့် အကြောင်းအရာကို ကပ်ထားမည် ဖြစ်သည်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ရှိ ဇွန်ဂမ်း စီးပွားရေးနှင့် ဥပဒေတက္ကသိုလ် ကျောင်းဝင်းထဲတွင် ကြော်ငြာကုမ္ပဏီ တစ်ခုက ကျောင်းသူလေးများကို စုစည်း ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။



အမျိုးသမီး သန့်စင်ရေးအတွက် အသုံးပြုသည့်ပဝါ အမှတ်တံဆိပ်အတွက် ယင်းကဲ့သို့ ကြော်ငြာခြင်း ဖြစ် သည်။ မိန်းကလေးများ၏ ပေါင်တံပေါ်တွင် ကြော်ငြာလိုသည့် ကုန်ပစ္စည်းနှင့် ပတ်သက်သည့် အချက် အလက်များကို ကပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ကုန်ပစ္စည်း၏ ကြော်ငြာဝက်ဘ်ဆိုက်နှင့် ဘားကုတ် အမှတ်တံဆိပ်များပါ ပါရှိသည်။ “တကယ်လို့ အမျိုးသားတစ်ယောက်က ဖြစ်ဦးတော့၊ ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး ဒီထက်ပိုသိချင်တယ် ဆိုပါစို့။ အဲဒီအတွက် ကြော်ငြာက ဘားကုတ်ကို မိုဘိုင်းလ်ဖုန်းနဲ့ Scanဖတ်နေရင်တောင် ဒီမိန်းကလေးတွေက ကြည်ကြည်သာသာ မတ်တပ်ရပ်နေပေးဖို့ သဘောတူ ထားပါတယ်”ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ယွမ်ကွန်းက ပြောကြားခဲ့သည်။



ကြော်ငြာအစီအစဉ်တွင် ပါဝင်ခဲ့သည့် အသက်(၁၉)နှစ်အရွယ် ကျောင်းသူလေး ရှီယာယုက “ဘာမှ အမှားအယွင်း မရှိဘူးလို့ ကျွန်မထင်ပါတယ်။ ကျွန်မရဲ့ ခြေထောက်တွေပေါ်မှာ ကြော်ငြာသေးသေးလေး တစ်ခု ကပ်ရုံပဲ။ ဒီအတွက် ကျွန်မက ပိုက်ဆံရတယ်လေ။ ဒီအတွက် ဘာများ စိတ်ပူနေရမှာလဲ”ဟု မှတ်ချက်ပြုသွားသည်။ အင်တာနက်တွင်မူ ယခုလုပ်ရပ်သည် အရှက်မဲ့သော စတန့်ထွင်မှုအဖြစ် ဝေဖန် မှုများ ရှိနေသလို ထောက်ခံသူများလည်း ရှိနေကြောင်း သိရှိရသည်။



Planet Myanmar Network
May 24 14
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုတွင် စစ်တပ်ရဲ့ ဗီတိုအာဏာအပေါ် စိုးရိမ်ကြောင်း ကင်တားနား ပြော .............

DVB

မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အကူးအပြောင်းနဲ့ နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တွေအတွက် အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုတွေအပေါ် စစ်တပ်ရဲ့ ဗီတိုအာဏာအပေါ် စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် တောမတ်စ် အိုဟေး ကင်တားနားက မေလ ၂၄ ရက်နေ့မှာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီလဆိုရင် သူ့ရဲ့ အထူးသံတမန်အဖြစ် ၆ နှစ်ကာလ ရာထူးသက်တမ်း ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြင်ဆင်မှုကို တားမြစ်ပိုင်ခွင့်ဟာ ၂၀၁၅ ရွေးကောက်ပွဲတွေ အတွက် နိမိတ်ကောင်း မဟုတ်ဘူးလို့လည်း သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဆိုပါတယ်။

စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ပြည်သူလူထုက စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုဟာ ပိုပြီး ဒီမိုကရေစီနည်းကျတဲ့နိုင်ငံ တနိုင်ငံဖြစ်လာအောင် အကူးအပြောင်းမှာ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

မိတ်ဆွေတုများ၏ သဘောသဘာဝ..................

Posted by: Ko Myo on Saturday, May 24, 2014 Categories:


၁။ မိတ်ဆွေကိုတွေ့လျှင် ပြုံးရွှင်မှုမပြုသူ၊
၂။ မိတ်ဆွေ၏စကားကို မနှစ်သက်သူ၊
၃။ ကိုယ့်အကျိုးကိုသာကြည့်ပြီး မိတ်ဆွေ၏အကျိုးကိုပြန်မကြည့်သူ။
၎။ မိတ်ဆွေကိုဆန့်ကျင်ဘက်ပြုတတ်သူ၊
၅။ မိတ်ဆွေ၏ ရန်သူများနှင့်ပေါင်းသင်းသူ၊
၆။ မိတ်ဆွေ၏ ကောင်းသောမိတ်ဆွေများနှင့်မပေါင်းသင်းသူ၊
၇။ မိတ်ဆွေ၏ ဂုဏ်ကျေးဇူး ပြောသူအားတားမြစ်သူ၊
၈။ မိတ်ဆွေအား ဆဲရေးသူကို ချီးကျူးသူ၊
၉။ မိတ်ဆွေအား မိမိလျှိုဝှက်ချက်ကို မပြောပြသူ၊
၁၀။ မိတ်ဆွေ၏ လျှိုဝှက်ချက်ကို ပြောပြသူ၊
၁၁။ မိတ်ဆွေ၏ အလုပ်ကို မချီးမွမ်းသူ၊
၁၂။ မိတ်ဆွေ၏ ပညာကို မချီးမွမ်းသူ၊
၁၃။ မိတ်ဆွေ၏ မကြီးပွားခြင်းကို နှစ်သက်သူ၊
၁၄။ မိတ်ဆွေ၏ ကြီးပွားခြင်းကို မနှစ်သက်သူ၊
၁၅။ ကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိမရသူ၊
၁၆။ မကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိရသူ။

စာရှုသူများ မိတ်ဆွေတု မိတ်ဆွေစစ် ခွဲခြား၍ ဘ၀တစ်လျှောက်လုံး အဆင်ပြေချောမွေ့ကြပါစေ။

ရွှေအိမ်စည်စာကြည့်တိုက် —
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

မိတ်ဆွေစစ်များ၏ သဘောသဘာဝ .......................

Posted by: Ko Myo on Saturday, May 24, 2014 Categories:


၁။ အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေအားသတိရတတ်သူ၊
၂။ မိတ်ဆွေရောက်လာလျှင်နှစ်သက်တတ်သူ၊
၃။ မိတ်ဆွေကို အလိုရှိသူ ချစ်ခင်မြတ်နှိုးသူ၊
၎။ မိတ်ဆွေအား စကားဖြင့်နှစ်သက်တတ်သူ၊
၅။ မိတ်ဆွေ၏ မိတ်ဆွေများကိုသာ ပေါင်းသင်းတတ်သူ၊
၆။ မိတ်ဆွေ၏ ရန်သူများနှင့် မပေါင်းသင်းသူ၊
၇။ မိတ်ဆွေအား ဆဲဆိုသူကို တားမြစ်တတ်သူ၊
၈။ မိတ်ဆွေ၏ ဂုဏ်ကျေးဇူး ပြောသူများအား ချီးမွမ်းတတ်သူ၊
၉။ မိတ်ဆွေအား မိမိလျှို့ဝှက်ချက်ကိုပြောကြားသူ၊
၁၀။ မိတ်ဆွေ၏ လျှို့ဝှက်ချက်ကို လျှို့ဝှက်ထားတတ်သူ၊
၁၁။ မိတ်ဆွေ၏ အလုပ်ကို ချီးမွမ်းသူ၊
၁၂။ မိတ်ဆွေ၏ ဥာဏ်ပညာကို ချီးမွမ်းသူ၊
၁၃။ မိတ်ဆွေ၏ ကြီးပွားခြင်းကို နှစ်သက်သူ၊
၁၄။ မိတ်ဆွေ၏ မကြီးပွားခြင်းကို မနှစ်သက်သူ၊
၁၅။ ကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိရတတ်သူ၊
၁၆။ မကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားမပေးချင်သူ။

စာရှုသူများ မိတ်ဆွေတု မိတ်ဆွေစစ် ခွဲခြား၍ ဘ၀တစ်လျှောက်လုံး အဆင်ပြေချောမွေ့ကြပါစေ။

ရွှေအိမ်စည်စာကြည့်တိုက် —
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အမျိုးသမီး တစ်ဦးတည်းကို (၆) ကြိမ် လက်ထပ်ခဲ့တဲ့ ရိုမေးနီးယားသူဌေး.......................................

Posted by: Ko Myo on Saturday, May 24, 2014 Categories:
အေသင်အောင်

ရိုမေးနီးယားသူဌေး ပရီဂိုအာနာဟာ အမျိုးသမီး တစ်ဦးတည်းကို ခြောက်ကြိမ်တိုင် လက်ထပ်မှုပြုလုပ်ခဲ့ တာမို့ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ဖြစ်ခဲ့ပါတယ်။ အသက် (၅၀) နှစ်အရွယ်ရှိ ပရီဂိုအာနာဟာ အသက် (၃၉)နှစ် အရွယ်ရှိ အက်ဒရီယာနာကို လက်ထပ်ပြီး တဲ့နောက် အကြိမ်ကြိမ် ကွာရှင်းခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ သမိုင်းတွင်လောက်အောင် ခြောက်ကြိမ် တိတိ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်ကြိမ်မြောက် လက်ထပ်အပြီးမှာ အက်ဒရီယာနာဟာ ခင်ပွန်းဖြစ်သူကို ထပ်မံထားရစ်ခဲ့တယ်လို့ သိရပါတယ်။ပရီဂိုအာနာဟာဇနီးဖြစ်သူရဲ့ အပြုအမု အပေါ် နားမလည်အောင်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ပရီဂိုအာနာဟာ ငွေကြေးချမ်းသာ ကြွယ်ဝပေမယ့် ငယ်စဉ် က ပိုလီယိုရောဂါ ဝေဒနာခံစားခဲ့ရ တာမို့ခြေထောက် တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။

ပရီဂိုအာနာဟာ နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူကိုပြီး ပြည့်စုံအောင် ထားရှိခဲ့ပါတယ်။ ပရီဂိုအာနာက သူဘာကြောင့် မပျော်ရွှင်ရ သလဲဆိုတာ ကျွန်တော်မသိပါဘူး။ ငွေတွေ အကြိမ်ကြိမ်ပေး ခဲ့ပေမယ့် ပြန်မေးတဲ့အခါ ဘယ်ရောက် သွားသလဲ ဆိုတဲ့အဖြေ မရခဲ့ပါဘူး။ သူ့ကို ကျွန်တော်နှင်ချခဲ့တာမျိုး မရှိပါဘူး။ သူက အိမ်ပေါ်က ဆင်းသွားတာမို့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ပါဘူးလို့ပြော သွားခဲ့ပါ တယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Online video download guide apk ဗီဒီယို တောင်းလောက် လျှမ်းညွန် ................

ဗီဒီယို တောင်းလောက် လုပ်လိုသူများအတွက် လျမ်းညွန်
ဒီလျမ်းညွန်ကတော့ Android သုံးသူများ အတွက်ဖြစ်ပါတယ်။ Firefox browser ကိုအသုံးပြု ပြီး အွန်လိုင်း ဗီဒီယိုတွေအားလုံး တောင်းလောက် လုပ်နိုင်မှာဖြစ်ပါတယ်။

၁။ android ဖုန်းပေါ်တွင် Play Store ကိုနိုပ်ပါ



၂။ Play Store ဖွင့်ပြီးပါလျှင်၊ Search မှန်းမလူးပုံ ကိုနိုပ်ပါ။ 

၃။ Search bar ထဲမှာ Firefox Browser for Android လို့ ရိုက်ထဲ့ပါ။ ပြီးလျှင် Search လုပ်ပါ။


၎။ Firefox Browser install လုပ်ရန် install ကိုနိုပ်ပါ။


၅။ လိုင်စင်သဘောတူရန်အတွက် Accept ကို နိုပ်ပါ။


၆။ Firefox browser ဖွင့်ရန်အတွက် Open ကို နိုပ်ပါ။



၇။ ဖုန်းအမျိုးစားပေါ်မူတည်ပါသည်။ Samsumg note ဆိုပါလျှင် အောင်ပါ ပုံအတိုင်း နိုပ်ပါ။ 


၈။ အောင်က ပေါ်ထွက်လာသော ဘား ပေါ်က More ခလုတ်ကို နိုပ်ပါ။


၉။ ပေါ်ထွက်လာသော ရွေးချယ်စရာ စာတန်းများတွင် Add-ons ကို နိုပ်ပါ။


၁၀။ Add-ons Search ဘားထဲကို Flash Video Downloader လို့ ရိုက်ထဲ့ပါ။ ပြီးလျှင် search လုပ်ပါ။


၁၁။ ပေါ်ထွက်လာသော Flash Video Downloader - Full HD Download - Mozilla Add-ons ကို နိုပ်ပါ။



၁၂။ Add to firefox ကို နိုပ်ပါ။



၁၃။ Install ကို နိုပ်ပါ။



၁၄။ ပြီးလျှင် Firefox browser ကို ပိတ်ပြီး ပြန်ဖွင့်ပါ။


၁၅။ www.myanmarsex4u.blogspot.com ဒါမှမဟုတ် အချားသော ဗီဒီယိုဆိုက် များသို့ ၀င်ကြည့်ပါ။ ပြီးလျှင် ဗီဒီယိုကို play လုပ်ပါ။ 


၁၆။ ဗီဒီယို playing ကြည့်နေချိန်တွင်၊ အောင်ဆုံး ဘယ်ဘက်ပိုင်း တောင့်တွင် တောင့်လောက် လုပ်ရန် အစိမ်းမြှားလေး ပေါ်နေပါမည်။ အဲဒီမြှားကို နိုပ်ပါ။ 




၁၇။ တောင်းလောက် လုပ်ရန် ပေါ်လာပါမည်။ Download ကို နိုပ်ပါ။ ဗီဒီယိုရဲ့ size ဖေါ်ပြပါမည်။


၁၈။ ဗီဒီယို တောင်းလောက် လုပ်ပြီးလျှင်။ Android ဖုန်း မျက်နှာပြင်ပေါ်က My files ကို နိုပ်ပါ။


၁၉။ Download ကို နိုပ်ပါ။


၂၀။ တောင်းလောက်လုပ်ပြီးသော ဗီဒီယိုကို ဖွင့်ကြည့်နိုင်ပါပြီ။


ဒီ Firefox add-ons Flash Video Downloader ကို အသုံးပြုခြင်းဖြင့်။ ၀က်ဆိုက်က ဗီဒီယိုတွေ အားလုံး တောင်းလောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။