Tuesday, April 17, 2012
တို့သိတဲ့သာသနာ (ဒယ်အိုးဆရာတော်)
သစ္စာလေးပါး သိမြင်တော်မူသော မြတ်ဘုရား၏ အဆုံးအမများကို သာသနာဟုခေါ်ပါ၏။
မြတ်စွာဘုရားဆုံးမသော အဆုံးအမများသည် မြတ်စွာဘုရား၏ အယူဝါဒများမဟုတ်၊ အကြိုက်အလိုက်များ မဟုတ်၊
သဘာဝ အမှန်တရားများဖြစ်၏။ သဘာဝအမှန်တရားဆိုသည်မှာ သဘာဝအတိုင်း မှန်နေသော အမှန်တရားများဖြစ်၏။
ဆိုလိုသည်မှာ - သဘာဝအမှန်တရားသည်၊ မည်သူတစ်ဦးတစ်ယောက်ကမှ ပြုပြင်စီရင်ထားခြင်းမဟုတ်၊
မည်သူမည်ဝါ၏အကြိုက် လိုက်ထားခြင်းမဟုတ်၊ တည်ဆောက် ပြုစုထားခြင်းမျိုးမဟုတ်ပေ။
သဘာဝအမှန် (သစ္စာ) တရားကို---
မည်သူမျှ ပြုလုပ်ယူ၍မရ၊
မည်သူမျှ ပြုပြင်၍ လည်းမရ၊
မည်သူမျှ ဖျက်ဆီး၍ လည်းမရ၊
မည်သူမျှ --------------
ပြုလုပ်သူမရှိ ၊ ပြုပြင်သူမရှိ ၊ ဖျက်ဆီးသူမရှိ ၊ သန့်စင်အောင်ပြုသူမရှိ ၊ ညစ်နွမ်းအောင် ပြုနိုင်သူမရှိ။
သာသနာဟုဆိုအပ်သော
သဘာဝအမှန်တရားသည် သဘာဝအတိုင်း မှန်နေပြီးဖြစ်၏၊ သဘာဝအတိုင်း
သန့်ရှင်းနေပြီးဖြစ်၏၊ တည်တန့်နေပြီး၊ သဘာဝအတိုင်း မြင့်မြတ်ပြီး၊
ခန့်ညားပြီး၊ ထည်ဝါပြီး ဖြစ်၏
ထို့ကြောင့် သာသနာ-သဘာဝအမှန် (သစ္စာ) တရားတွင် ပိုင်ရှင်မရှိ (မူပိုင်မရှိ) ၊ ရန်သူမရှိ ၊ မိတ်ဆွေမရှိ ၊ ချစ်သူ
မရှိ ၊ မုန်းသူမရှိ ၊ ငြိုးသူရန်ဘက် မရှိခြင်းကြောင့် သာသနာ (သဘာဝ အမှန်တရား) သည် ပျက်ဆီးသည်ဟူ၍မရှိ ၊ ညစ်နွမ်း
သည်ဟူ၍မရှိ ၊ တိုးတက်သည် မရှိ ၊ ဆုတ်ယုတ်သည် မရှိ ၊ မြင့်ခြင်းနိမ့်ခြင်း မရှိ ၊ သဘာဝအမှန် (သစ္စာ) သာသနာသည်
သဘာဝအမှန်(သစ္စာ) သာသနာအတိုင်းပင် အစဉ်တည်၏ ၊ သန့်ရှင်း၏။
သာသနာ-သဘာဝအမှန်(သစ္စာ)တရားကို ---
ဖျက်ဆီးသူသည်သာလျင် ပျက်စီးရ၏၊
ညစ်နွမ်းအောင် ပြုသူသာလျင် ညစ်နွမ်းရ၏။
မှေးမှိန်အောင် ပြုသူသာလျင် မှေးမှိန်ရ၏။
ဤသည်မှာလည်း သဘာဝအမှန်(သစ္စာ)တရားတွင် တာဝန်မရှိ ပြုသူ၏တာဝန်ပင်ဖြစ်ပေ၏။ ကိုယ်ပြုသည့်အတိုင်းပင် ကိုယ့်ထံသို့ ပြန်လာခြင်းသာဖြစ်၏။
မှတ်ချက်။ ။ ဒယ်အိုးဆရာတော်ရေးသားခဲ့သော ပို့စ်ဟောင်းလေး တစ်ပုဒ်ဖြစ်ပါသည်။ ဓမ္မဒါန မျှဝေပါသည်။
ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်
ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင် ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။
ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်
ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်
ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။
ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်
၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။
၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။
၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။
၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။
ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။

မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။
မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။
သက်တန့်ချို
From : Almost Hit A Billion
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။
သက်တန့်ချို
From : Almost Hit A Billion
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Posted by သက်တန့်ချို at 10:37 AM
Labels: ထူးဆန်းသောသတင်းများ
မြန်မာ့ရိုးရာသင်္ကြန်နဲ့  သရုပ်ပျက်ဝတ်စားမှု
Posted: 15 Apr 2012 12:29 AM PDT
ကျနော် တို့ လို ပြည်ပရောက်နေတဲ့ သူတွေ ဒီပုံတွေကို ကြည့်မိရင်တော့ တကယ့်ကို မြန်မာပြည်ကြီး ပျက်စီးနေပြီလို့  အထင်ရောက်စရာပါပဲ...ကျနော်လည်း ဒီလိုပဲ ထင်မိတာပဲ..ဒါပေမယ့် သေချာ ခုလက်ရှိဖြစ်ပျက်နေတာကိုကြုံတွေ့ နေတဲ့ မြန်မာပြည်က မှာ လက်ရှိ စတုဒီသာ ကျွေးမွေးမှု့ တွေ လုပ်တဲ့ သူငယ်ချင်းကိုမေးကြည့်မှ အဖြေမှန်ကို သိရှိလို့  သူငယ်ချင်းတို့ တွက် မျှဝေလိုက်ပါတယ်...
ခုလက်ရှိပုံတွေကတော့ မြန်မာအမျိုးကောင်းသားသမီးပုံေ
ကျနော်လည်း စဉ်းစားမိတယ် တကယ့်သိက္ခာရှိတဲ့ အမျိုးကောင်းသမီတယောက်က ဘီယာမူးပြီ အရှက်တွေအကုန်ဖော် သိက္ခာမရှိစွာ က ဖို့ ဆိုတာ အတော့်ကို လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်..အဲ့လို ဖြစ်နေသူတွေကလည်း ..သူတို့ မိဘတွေက မသိလို့ လား၊မရှိလို့ လား ဒါမှမဟုတ် သူ့ တို့ မိဘတွေက ၀ရမ်းပြေးနဲ့  -ါသည်မ မွေးထားလို့  ဒီလို မြန်မာ့ယဉ်ကျေးမှုတွေကို ပေါ်ပေါ်ထင်ထင် ဖျက်စီးနေကြတာ နေမှာ..အရက်ကုမ္ပဏီကြီးကလည်း မျှော်စင်ကျွန်းမှာ သူတို့  အရက် ရောင်းရဖို့  သိက္ခာမရှိတဲ့ မိန်းမတွေခေါ်ပြီ ကပြခိုင်းနေတာ တကယ့်ကို မကောင်းတဲ့ ပုံရိပ်တွေပါပဲ...ဒီလိုသာ လက်ပိုက်ကြည့်နေ ကြမယ်ဆိုရင် နောက်နှစ်တွေ ဒီထက်ပိုဆိုးဝါးလာပြီ တကယ့်အမျိုးကောင်းသမီးလေးတွေပါ ငါးခုံးမ တစ်ကောင်ကြောင့် တမျိုးသားလုံး ဂုဏ်သိက္ခာတွေ ကျဆင်းမယ့်ပုံတွေပါပဲ...
ဒါကြောင့် မြန်မာ့ဂုဏ်သိက္ခာမညိုးနွမ်းစေဖိ
မြန်မာ့သင်္ကြန် ဖျော်ဖြေမှုနဲ့  မဏ္ဍပ် ၊စတိတ်ရှိုးတွေကို SKY NET လိုင်းမှ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်..ပြည်ပရောက် မြန်မာများအနေနဲ့  မြန်မာပြည် အလွမ်းပြေ အတွက် သင်္ကြန်ပုံရိပ်တွေကိုကြည့်ချင်
ခြေ ခြောက်ချောင်းနှင့် ကလေးငယ်
နှစ်သစ်ကူး အချိန်အခါမှာ မြန်မာပြည်သူတွေ ကျန်းမာချမ်းသာကြပါစေ။
ဒီမနက် ဒေးလီးမေးလ် သတင်းစာလေး ဖတ်လိုက်ရင်း တွေ့ရတဲ့ ထူးခြားတဲ့ သတင်းထူးလေး ဘာသာပြန် တင်ပေးလိုက်ပါတယ်။
လူပေါင်း တစ်သန်းမှာ တစ်ယောက်မဖြစ်နိုင်တဲ့ ခြေထောက် ခြောက်ချောင်းရှိတဲ့ကလေးငယ်လေး အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပါကစ္စတန် ဆရာဝန်တွေက ကြိုးစားနေကြပါတယ်။
အသက် ၇ သား အဲ့ဒီကလေးငယ်ကို စတင် ကိုယ်ဝန်ဆောင်စဉ်ကတော့ သုံးမွှာပူးလေး ဖြစ်ဖို့ စတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
ခြေချောင်းတွေဖြစ်လာပြီးကာမှ ဒုတိယ နဲ့ တတိယ ကလေးရဲ့ ခန္ဓာကိုယ်က ဆက်မဖြစ်တော့ဘဲ အခုလို ကလေးတစ်ယောက်ထဲမှာ ခြေထောက် ခြောက်ချောင်းဖြစ်နေတာလို့ ယူဆသူတွေလည်း ရှိကြပါတယ်။ ဒေါက်တာ Raza က သူတို့ အနေနဲ့ ဒီကလေးငယ်လေးကို ခွဲစိတ်ဖို့အတွက် ကြိုးစားနေပေမယ့် သူတို့ထက် အတွေ့အကြုံနဲ့ ပညာရင့်ကျက်တဲ့ ပြည်ပ ဆရာဝန်တွေရဲ့ အကူအညီကိုလည်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ညီနေမင်း April .17.2012
ညီနေမင်း
|
- Internet Download Manager 6.10 build 2
- Epson TX121 & ME 320 အတွက် resetter ပါ
- Hjsplit အသစ်ထပ်တင်ပေးလိုက်ပါတယ်။
- Download Dell Inspiron N4030 Windows 7 (32bit)
Posted: 15 Apr 2012 05:09 AM PDT
ကဲအောက်မှာ
ဖုန်းဆက်ပြီးတော့ကော မေးလ်နဲ့ပါ တောင်းထားတာတွေများလို့ လုပ်နည်းကို
တစ်ခါတည်း video file နဲ့ပါ ရှင်းပေးထား ပါတယ်. အသံပါ ထည့်ပြီး
ရှင်းထားတာဖြစ်လို့ နားလည် မယ်လို့ မျှော်လင့်ပါတယ်. နောက်ဆုံး ထွက်
version ပါပဲ. အောက်မှာ registration လုပ်တတ် တဲ့ သူတွေ အတွက်တော့
ရှင်းပြချက်က လိုမယ်မထင်ပါဘူး. မလုပ်တတ်တဲ့သူတွေအတွက် software ကော
tutorial movie ဖိုင်ကိုပါ download လုပ်ရမှာဖြစ်ပါတယ်.
internet download manager 6.10.2 Software & patch
ifile | mediafire | Minus
internet download manager 6.08.8 ကို registration လုပ်ပုံလုပ်နည်း video ဖိုင်
|
Posted: 15 Apr 2012 04:43 AM PDT
winechit: အကို ကျွန်တော် မေးထားတာလေးကော ရရဲ့လားခင်ဗျာ EpsonTX121 Resetter
ကဲ ကိုဝိုင်းချစ်ရေ အောက်မှာ တင်ပေးလိုက်ပါပြီဗျာ. အပေါ်က ခေါင်းစဉ်ကလိုမျိုးပဲ . Epson TX121 နှင့် EPSON ME-320
နှစ်မျိုးစလုံး အတွက် အဆင်ပြေပါ တယ်. ခေါင်းစဉ်မှာ မြန်မာလို
ထည့်ထည့်ထားတာကတော့ အကြောင်းရှိလို့ပါ. တမင်မြန်မာလို ထည့်ရေးထားတာပါ. ကဲ
အဆင်ပြေမယ် လို့ မျှော်လင့်ပါ တယ်. အောက်မှာ သင့်တော်တဲ့ Link ကနေသာ
Download လုပ်လိုက်ပါ.
Download minus | Mediafire | ifile |
Posted: 15 Apr 2012 04:35 AM PDT
HJSplit ဆိုတာဘာလဲဆိုရင် သူကလဲ ဖိုင်တွေကို win rar လို မျိုး ပါပဲ
ဖိုင်တွေကို အပိုင်းပိုင်းခွဲထုတ်လို့ရတယ် ပြီးရင် ပြန်ဆက်လို့လဲရတယ် .
hosting ဆိုက်တွေမှာ ဖိုင်တင်တဲ့အခါ လိုင်းကောင်းတဲ့သူတွေအတွက်
တစ်ခါတည်းနှင့် 100 MB ကိုတင်လို့ရပေမယ့် .. Download လုပ်တဲ့
မြန်မာပြည်ကလို အင်တာနက် speed နှေးတဲ့နေရာမျိုးကနေဆိုရင် 100MB ကို မနည်း
Download လုပ်ရမယ် . ဒီကြားထဲ Downloader တွေနဲ့ ကြားကန်ပြီး Download
လုပ်တာဆိုရင် နဲနဲသက်သာဦးမယ် . Browser ကပေးတဲ့ Downloader နဲ့သာဆိုရင်
မချောင်ဘူး . ပြုတ်ကျသွားလိုက် အသစ်က ပြန်စလိုက်နဲ့ 100 MB ကို
ဘယ်နှစ်ရက်လောက် Download လုပ်ရမလဲမသိဘူးလေ . အဲတင်တဲ့သူက 100 MB ကို 5
ပိုင်းခွဲတင်ပေးလိုက်မယ်ဆိုရင် .. တင်တဲ့သူအတွက် အလုပ်နဲနဲ ရှုပ်ပေမယ့် ..
Download လုပ်ရတဲ့သူအတွက် ပိုပြီးအဆင်ပြေတာပေါ့ .. အခု HJSplit က အဲလို
ဖိုင်တွေကို ခွဲထုတ်ပေးတဲ့ software ပါပဲ .. HJ နဲ့ ခွဲထားတဲ့ ဖိုင်တွေကို
HJSplit program နဲ့သာလျှင် ပြန်ဆက်လို့ရပါတယ် .. နောက်တစ်ခုက HJ
နဲ့ခွဲထားလား မခွဲထားလား သိချင်တယ်ဆိုရင် ရလာတဲ့ File Format
ရဲ့နောက်ပိုင်းမှာ 001,002,003 ... အဲ့လိုမျိုး အဆုံးသတ်ပါတယ် .. Rar
နဲ့ဖိုင်ခွဲလို့ရှိရင် Format ရဲ့နောက်ဆုံးမှာ .rar .. win zip နဲ့ ဆိုရင်
.zip အဲ့လို အဆုံးသတ်ပါတယ် .. သဘောပေါက်မယ်လို့ထင်ပါတယ် .
မိမိ Download လုပ်ထားသော ဖိုင်သည် အောက်ပါ format ဖြင့် ဆုံးလျှင် အောက်ပါ software ဖြင့် ဖိုင်များကို
ဖြည်ရမှာ ဖြစ်ပါတယ်. အောက်မှာ ခွဲပေးထားပါတယ်.
Minus | Mediafire | Ifile |
Posted: 15 Apr 2012 04:06 AM PDT
kyawkyaw555@gmail.com : အကိုညီနေမင်း
မင်္ဂလာပါ ကျနော့်စက် dell inspiron n4030 အတွက် ၀င်းဒိုးအသစ်တင်ပြီး driver
တွေလိုနေလို့ ကျနော်ရှာတာမရလို့ ပြီးတော့ DriverPack Solution 11
(x32-x64) ဆိုတဲ့ ဆော့ဝဲလ်နဲ့ လုပ်တာလဲ မရလို့ပါ ကူညီပါအုံး
အကိုမအားတဲ့ကြားက ခုလို အလုပ်ပေးမိ သလိုဖြစ်သွားတဲ့ အတွက်တောင်းပန်ပါတယ်
ကျနော်လဲ ဘယ်လိုမှ မရတော့လို့ပါ ..
ကျွန်တော်တင်ပေးလိုက်ပါတယ်
ကိုကျော်ကျော်ရေ. ကိုတင်ထားတဲ့ window က 32bit လား 64 bit လားဆိုတာကို
အရင်ဦးဆုံး စစ်လိုက်ပါ. စစ်ပြီးတော့မှ သက်ဆိုင်ရာ Driver ကို download
လုပ်လိုက်ပါ. အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်.
Download Dell Inspiron N4030 Windows 7 x32 Drivers (32 bit)
Audio
IDT 92HD79B1 DriverDell Inspiron N4030 Driver Windows 7 x32-32 bit (Download)
Bios
Dell Inspiron Laptop N4030 System BIOSDell Inspiron N4030 Driver Windows 7 x32-32 bit (Download) PLDS DS-8A5SH 12.7 SATA Trayload DVDRW Firmware Dell Inspiron N4030 Driver Windows 7 x32-32 bit (Download)
Chipset
Intel Management Engine Interface DriverDell Inspiron N4030 Driver Windows 7 x32-32 bit (Download)
Realtek RTS5138 Card Reader Driver
Dell Inspiron N4030 Driver Windows 7 x32-32 bit(Download)
Communication
Conexant D400,External USB 56K Modem ApplicationDell Inspiron N4030 Driver Windows 7 x32-32 bit (Download)
Conexant D400,External USB 56K Modem Diagnostics Utility
Dell Inspiron N4030 Driver Windows 7 x32-32 bit(Download)
Conexant D400,External USB 56K Modem Driver
Dell Inspiron N4030 Driver Windows 7 x32-32 bit(Download) Conexant D400,External USB 56K Modem Utility Dell Inspiron N4030 Driver Windows 7 x32-32 bit (Download)
Mouse & Keyboards
Alps TouchPad Driver
Dell Inspiron N4030 Driver Windows 7 x32-32 bit(Download)
SATA Drives
Intel Rapid Storage Technology DriverDell Inspiron N4030 Driver Windows 7 x32-32 bit (Download)
System Utilities
Dell System Software Utility
Dell Inspiron N4030 Driver Windows 7 x32-32 bit (Download)
Video
AMD ATI Mobility Radeon™ HD 530v Driver Dell Inspiron N4030 Driver Windows 7 x32-32 bit (Download) AMD ATI Mobility Radeon™ HD 5430 Driver Dell Inspiron N4030 Driver Windows 7 x32-32 bit (Download) Intel Graphics Media Accelerator HD Driver Dell Inspiron N4030 Driver Windows 7 x32-32 bit (Download) |
Laptop အသုံးပြုသူများ သတိပြုရန်
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။
၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။
၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။
၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။
၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။
၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။
၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။
၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။
၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

ဘယ်လိုလဲ သမ္မတ ဦးသိန်းစိန်
တူမောင်ညို ၊ ဧပြီ ၁၇၊ ၂၀၁၂
ဧပြီ ၁၄ ရက်နေ့တွင် (NLD) ပါတီက သမ္မတ ဦးသိန်းစိန်ထံ “ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ပတ်သက်ပြီး အကြံပြုစာ” ပေးပို့ခဲ့သည်။
“ဥပဒေနဲ့အညီပြင်စေချင်တယ်” လို့လည်း ပြောသည်။
စကားအသုံးအနှုန်းပြင်ဆင်ချက် အတည်ပြု မပြီးမချင်း ရွေးချယ်ခံထားရတဲ့ (NLD) ပါတီ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ သွားမှ မဟုတ်ဘူးဆိုတဲ့ ပြောသံလည်းကြားရပါသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင်ပါရှိသော စကားလုံးကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပေးခဲ့သဖြင့် (NLD) ပါတီ က ပြန်လည်မှတ်ပုံတင်ခဲ့သည်။
ဧပြီ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးသည့်နေရာ (၄၅) နေရာ အနက် (၄၃) နေရာ တွင် (NLD) ပါတီက အနိုင်ရခဲ့သည်။ လွှတ်တော်ထဲဝင်ရတော့မည်။
သို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ (ခ) နှင့်အညီ လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုရမည်။
ယခု အခြေအနေက ကတိသစ္စာပြုရမည့်အဆင့်တွင် တစ်နေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)“ကတိသစ္စာပြုချက်”တွင်ပါရှိသည့်စကားလုံးအသုံးအနှုန်းက (NLD)ပါတီ ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်များအတွက် အဟန့်အတားဖြစ်နေသည်။
ကတိသစ္စာပြုချက်တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပြီး နိုင်ငံတော်၏ဥပဒေများကို လည်းလိုက်နာပါမည်” ဟု ရေးသား၊ ဖေါ်ပြ၊ ပြဋ္ဌာန်းထားသည်။
(NLD) ပါတီက “ထိန်းသိမ်းကာကွယ်စောင့်ရှောက်” ဆိုသည့်စကားလုံးအသုံးအနှုန်းအစား “လေးစားလိုက်နာ” ဟူသော စကားလုံးအသုံးအနှုန်းဖြင့် ပြင်ဆင်လိုသည်။ ထို စကားလုံးအသုံးအနှုန်းကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် (၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၁ )၊ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ထုတ်ပြန်၍ ပြင်ဆင်ပေးခဲ့ပြီးဖြစ်သည်။
ယခုလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ တွင်ပါရှိသော စကားအသုံးအနှုန်းကို ပြင်ဆင်ခဲ့သည့်နည်းတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) “ကတိသစ္စာပြုချက်” တွင် ရေးသား၊ ဖေါ်ပြ၊ပြဋ္ဌာန်းထားသည့် စကားလုံးအသုံးအနှုန်းကိုလည်း ပြင်ဆင်ပေး ရန် (NLD) ပါတီက သမ္မတ ထံအကြံပြုစာပေးပို့ထားခြင်းဖြစ်သည်။
သမ္မတသည်၎င်း၏ သဘောထားဆန္ဒတစ်ခုတည်းဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည့် အခွင့်အာဏာမရှိကဲ့သို့ပင်၊ အခြေခံ ဥပဒေပြင်ဆင်ရာတွင်လည်း သမ္မတတစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ပြင်ဆင်နိုင်ခြင်းမရှိပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စု လွှတ်တော်ကသာပြင်ဆင်နိုင်ပါသည်။
ပြင်ဆင်ရမည့် နည်းလမ်း၊ စည်းကမ်းများကို အခန်း (၁၂) အခြေခံဥပဒေပြင်ဆင်ခြင်း အခန်းတွင် ပုဒ်မ (၄၃၃) မှ ပုဒ်မ (၄၃၆) ထိ ဖေါ်ပြ၊ ပြဋ္ဌာန်းထားပါသည်။
အခန်း (၁၂) တွင်ပြဋ္ဌာန်းထားသည့် ပုဒ်မများအရ ဆိုလျှင် (NLD) ပါတီက ပြင်ဆင်ပေးရန် အကြံပြုထားသော ပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော်အတွင်း နေရာအများစုကိုစိုးမိုးထားသည့် ကြံ့ဖွံ့ပါတီ (USDP)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်း အောင်လှိုင် ၏ စစ်သားအမတ်များ၏ သဘောထား၊ ဆန္ဒ အပေါ်တွင်အဓိကတည်မှီနေပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် လိုအပ်သည့် “၇၅%ကျော် ”ရရှိဖို့အတွက်ဆိုလျှင် ကြံ့ဖွံ့ပါတီ (USDP) အမတ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်၏ စစ်သားအမတ်များက တညီတညွတ်တည်း ထောက်ခံဆန္ဒမဲပေးမှသာလျှင် ပြင် ဆင်နိုင်ပါလိမ့်မည်။
ယင်းသို့ပြင်ဆင်ရေးကိစ္စအပေါ် (တစည) ပါတီက မည်သို့သဘောထားသည်ကို မကြားရ၍မသိပါ။
(RNDP) ပါတီဥက္ကဋ္ဌ ကတော့ “ပြင်ဆင်ပေးသင့်သည်” ဟုပြောသံကြားရပါသည်။
ယင်းသို့ ပြောတာကောင်းပါသည်။ သို့သော်လည်း ဗြောင်မဲဆန္ဒပေးရ သည့် အခါမျိုးကြုံတွေ့လာရလျှင် မတ်တပ်ထရပ်ရဲဖို့တော့ လိုပါလိမ့်မည်။
အနှစ်သာရပိုင်းအရ ချုပ်လိုက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေးကိစ္စသည် ကြံ့ဖွံ့ပါတီ (USDP)နှင့် ဗိုလ်မင်းအောင် လှိုင်တို့၏ လက်ထဲတွင်ရှိနေသောကိစ္စဖြစ်သည်။
ကြံ့ဖွံ့ပါတီ (USDP)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်တို့က သူတို့၏ အမတ်များထံ ညွန်ကြား/ အမိန့်ပေးရမည့်ကိစ္စ ဖြစ်နေသည်။
နိုင်ငံရေးပါတီမှ ရွေးချယ်ခံအမတ်သည် သူ့မိခင်ပါတီ၏ ညွန်ကြားချက်ကိုနာခံရမည်သာဖြစ်သည်။
စစ်သားအမတ်များသည် လည်း တပ်မတော်ကာကွယ်ရေးဦးချုပ်၏ အမိန့်ကိုနာခံရမည်သာဖြစ်သည်။
သို့ပါ၍ “ပြုပြင်လိုသူ (reformist)၊ ပျော့ပြောင်းသူ ၊ ယုံကြည်ထိုက်သူ”ဟူ၍ ပြည်တွင်းပြည်ပမှ သူတမျိုးငါတဖုံ အကဲဖြတ် အမှတ်ပေးခြင်းကိုခံယူရရှိနေသူ သမ္မတဦးသိန်းစိန်သည် (NLD) ပါတီ၏ အကြံပြုချက် လက်တွေ့အကောင်အထည်ပေါ်လာစေရန် ကြံ့ဖွံ့ ပါတီ (USDP)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် တို့ကိုနားဝင်အောင် ဖြောင့်ဖျနားချနိုင်ပါမည်လော။
ဤအချက်သည် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ပြည်တွင်းပြည်ပလေ့လာသူများနှင့်ပြည်သူများက စိတ်ပါဝင်စား၊ အလေး ထားကာ စောင့်ကြည့်ရမည့်ကိစ္စတစ်ခု မလွဲဧကန် ဖြစ်ပါသည်။
ညွန်း = ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၊ ၂၀၁၀ မေ၊
from MoeMaKa Burmese News & Media by admin
Simon-Vlog
ပြည်သူများ ကျေနပ်မှု မရှိက တိုင်ကြားနိုင် .....
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း နှင့် စက်ဆပ်လျက်ရှိသော တိုင်ကြားစာများ၊ အသနားခံစာများ၊
တင်ပြချက်များကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားသော
"နိုင်ငံသားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ" သို့ ပေးပို့တိုင်ကြားနိုင်သည်...
ယင်းကော်မတီသည် ...
*နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကူညီဆောင်ရွက်ပေးသည်။
* နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရရှိရေးကို ဆောင်ရွက်ပေးသည်။
* သက်ဆိုင်ရာနယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ပယ်ဖျက်ရန်၊
ပြင်ဆင်ရန်၊ အသစ်ပြဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြမည်။
*တည်ဆဲဥပဒေများအရ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွန်ကြားချက်များ
သည် လက်ရှိအခြေအနေနှင့် ညီညွတ်ဆီလျော်ပါက အမိန့် ညွန်ကြားချက်များအား လိုက်နာဆောင်ရွက်ရာတွင်
စောင့်ကြည့်ထိန်းညှိ ကူညီမည်။
* သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း နှင့် စက်ဆပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊
တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဌမှတဆင့် လွှတ်တော်သို့ တင်ပြ အစီရင်ခံပေးမည်ဖြစ်သည်။
ယင်း ကော်မတီသည်....
* လုပ်ငန်းနှင့် ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍
မေးမြန်း ဆွေးနွေးပိုင်ခွင့် ရှိသည်။
ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နှင့် ပုဒ်မ ၂၇ တို့အရ အပ်နှင်းထားသော
လုပ်ပိုင်ခွင့် ကို ကျင့်သုံး၍ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပါသည်...
(၁) ဦးဌေးဦး(ဟင်္သာတ မဲဆန္ဒနယ်) ဥက္ကဌ
(၂) ဦးကျော်စိုးလေး(မိုးညှင်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၃) ဦးစောထွဋ်ခေါင်လွင်(ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်) အဖွဲ့ဝင်
(၄) ဦးရဲထွဋ်တင်(ဖားဆောင်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၅) ဗိုလ်မှူးကြီး မြင့်ကိုကို (တပ်မတော်သား ကိုယ်စားလှယ်လောင်း) အဖွဲ့ဝင်
(၆) ဦးဌေးလွင် (နမ့်ဆန် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၇) ဦးအောင်ကျော်ခင် (ကျောက်တန်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၈) ဦးစိုးစိုး (ထီးချိုင့် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၉) ဦးစောဘသိန်း (သထုံ မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၀) ဦးစိုင်းဘိုးအောင် (မူဆယ် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၁) ဦးစိုးဝင်း (စမ်းချောင်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၂) ဦးမောင်ဦး ( ဖောင်းပြင် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၃) ဦးစံလင်း (တောင်ကြီး မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၄) ဦးမောင်မောင်တင် (ရေကြည် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၅) ဦးတင်မောင်ဝင်း (မင်္ဂလာဒုံ မဲဆန္ဒနယ်) အတွင်းရေးမှူး ....
သို့ဖြစ်ပါ၍ ...ပြည်သူများ အနေဖြင့် ....
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း နှင့် စက်ဆပ်လျက်ရှိသော တိုင်ကြားစာများ၊ အသနားခံစာများ၊
တင်ပြချက်များကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားသော
"နိုင်ငံသားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ" သို့
ပေးပို့တိုင်ကြားနိုင်ပါကြောင်း ....

Views: 186
Tags: သတင်း(ဗဟုသုတ)