This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, April 9, 2012

Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း

Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း
 [ စိုင်းစိုင်း: အစ်ကိုရေ Huawei ဖုန်းတွေ root နဲ့ myanmar font ထည့်ချင်ရင်ကော ပြောပြပေးပါလား ]
ကျနော့ မှာ Huawei ဖုံး မရှိတဲ့ အတွက် ကိုယ်တိုင် ရှင်းမပြနိုင်ပါဘူး...:)  
ဒါပေမဲ့.... ကျနော် ကိုယ်တိုင် စမ်းသပ် ထားတာ မဟုတ်သည့်တိုင်... နားလည် တတ်ကျွမ်းတဲ့ ဆရာ့ ဆရာတွေ ရေးသား ထားသမျှတွေကို အများ အကျိုးအတွက် မွှေနှောက်ရှာဖွေပြီး ပြန်လည်မျှဝေ လိုက်ပါတယ်...။ ဓာတ်ပုံ ကိုတော့ ပို့စ်လေးနဲ့ တူအောင် Google ကနေ ခိုးပြီး တင်ပေးလိုက်တာပါ...:D

CDMA 800MHz ဖုန်းများဖြစ်သော Huawei C8500, C8600 ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းအသုံးပြုလိုသူများအတွက် ထည့်သွင်းနည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ထည့်သွင်းအသုံးပြုရန် လိုအပ်သော Installer များကတော့ z4 root, FontChangerLite နှင့် MyanDroid Keyboard စသည်တို့လိုအပ်ပါတယ်။ FontChanger အတွင်း သို့ ထည့်သွင်းရန် Myanmar Unicode.ttf နှင့် Zawgyi.ttf စသည့် Font များလည်း လိုအပ်ပါတယ်။ Software များကို ဖုန်းအတွင်းသို့ Install မပြုလုပ်ခင် ပထမဦးစွာ ဖုန်းအတွင်းရှိ Setting ထဲမှ Applications အတွင်းသို့ဝင်ပြီး Unknown Sources ကို အမှန်ခြစ်ပေးရပါမည်။ ထို့ပြင် Applications ထဲမှ Development ထဲဝင်ပြီး USB debugging ကိုလည်း အမှန်ခြစ်ပေးရပါမည်။ ဖုန်းကို Root ပြုလုပ်ခြင်း Software ထည့်သွင်းရာတွင် z4 root ကို အရင်ဆုံး Install ပြုလုပ်ရမည်ဖြစ်သည်။ ပြီးနောက် z4 root အတွင်းသို့ဝင်ပါ။ Superuser Request ပေါ်လာလျှင် Remember ကို အမှန်ခြစ်ပြီး Allow ကိုနှပ်ပါ။ ပြီးနောက် Root ကို ရွေးချယ်ပေးရပါမည်။ ထိုအခါ ဖုန်းကို Root လုပ်ပြီး ဖုန်းမှာ Restart ကျသွားမည်ဖြစ်သည်။ ဖုန်းပြန်ပွင့်လာပါက Root လုပ်ခြင်း ပြီးဆုံးမည်ဖြစ်သည်။ FontChanger Life ထည့်သွင်းခြင်း Root လုပ်ခြင်းပြီးဆုံးပါက FontChangerLite Software ကို Install ပြုလုပ်ရပါမည်။ ဖုန်းအတွင်းသို့ FontChangerLite Software ကို ထည့်သွင်းပြီးပါက ဖုန်းကို Computer ဖြင့် ချိတ်ဆက်ပြီး SD Card အတွင်းသို့ ၀င်ကြည့်ပါက FontChanger ကိုတွေ့မြင်ရပြီး ထို FontChanger အတွင်းသို့ မြန်မာစာ Font များဖြစ်သည့် Myanmar Unicode.ttf နှင့် Zawgyi.ttf ကို ထည့်သွင်းပေးရပါမည်။ ပြီးနောက် Computer နှင့် ချိတ်ဆက်မှုကိုဖြုတ်၍ ဖုန်းအတွင်းရှိ Font Changer Lite အတွင်းသို့ဝင်ကြည့်ပါက ထည့်သွင်းထားသော Fonts နှစ်ခုကို တွေ့မြင်ရပါ မည်။ ကြိုက်နှစ်သက်ရာ Font ကို ရွေးချယ်နိုင်ပါတယ်။ MyanDroid Keyboard ထည့်သွင်းအသုံးပြုခြင်း FontChanger Lite အတွင်း Font ကို ရွေးချယ်ပြီးပါက MyanDroid Keyboard Software ကို Install ပြုလုပ်ရပါမည်။ Keyboard ကို ထည့်သွင်းပြီးပါက ဖုန်း Setting အတွင်းရှိ Language & Keyboard အတွင်းသို့ဝင်ပြီး MyanDroid Soft Keyboard ကို အမှန်ခြစ် ပေးရပါမည်။ အထပ်ပါလုပ်ဆောင်ချက်များ အားလုံးပြုလုပ်ပြီးပါက ဖုန်းအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းခြင်း ပြီးဆုံးမည်ဖြစ်ပါတယ်။ မြန်မာစာ Keyboard ကို အသုံးပြုရန် Browser (သို့) Message ပို့သော နေရာသို့သွားပြီး Android Keyboard ပေါ်ရှိ ( ?123 ) ခလုပ် (သို့) စာတန်းပေါ်သော နေရာလွတ်ကို ဖိနှိပ်ထားပါ။ Keyboard Menu ပေါ်လာလျှင် Input Method ကို နှိပ်၍ MyanDroid Soft Keyboard ကို ရွေးချယ်ပေးပါက မြန်မာစာ လက်ကွက်ဖြင့် ရိုက်နှိပ်နိုင်သော Keyboard ပေါ်လာပြီး စတင်အသုံးပြု နိုင်မည်ဖြစ်သည်။ 
 လိုအပ်တဲ့ ဆော့ဝဲလ် တွေကိုတော့ ပေးထားတဲ့ လင့်မှာ ဒေါင်းမရလို့.... ရှာဖွေပြီး တင်ပေးလိုက်ပါတယ်..။  အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။


အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

Diarrhea ဝမ်းတလုံးကောင်း ခေါင်းမခဲ

PDF Print E-mail
Medical Writings - Medical Writings
Written by Administrator   
Monday, 13 June 2011 10:08
Diarrheaမဖြစ်ဘူးသူ မရှိတဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံးက ဘာလဲ။ မှန်အောင်ဖြေနိုင်သူတွေရော မှားသူတွေပါ ဝမ်းလျှောတာ မကြာမကြာ ဖြစ်ကြရတယ်။ ဘယ်ဆေး သောက်ရမလဲကိုလည်း လူတိုင်းလိုလိုက ဆေးနည်း ပေးတတ်ကြသေးတယ်။ အရင်ကဆို ဗမာပြည်မှာ (သာလာဆပ်) သောက်ခိုင်းကြမယ်။ နောက်ပိုင်းလူတွေက ပိုသိလာကြတာမို့ ORS ဓါတ်ဆား ထုပ်ကို ညွှန်းမယ်။ စေတနာ ပိုသူတွေက (မက်ထရို) ကိုပါ အသောက် ခိုင်းချင်ခိုင်းလိမ့်မယ်။ မသိတသိတွေ၊ နည်းနည်း သိတာတွေထဲက လွဲတာတွေ့ရင် ပြင်နိုင်အောင် ရေးပါရစေ။
ရောဂါနာမည်တွေက Diarrhea, Loose motion, GE, Traveler’s diarrhea အမျိုးမျိုး ခေါ်ပါတယ်။ တနေ့မှာ ၃ ခါထက် ပိုသွားရင် ဝမ်းလျှောတာလို့ WHO က ဦးတိကျတွေက သတ်မှတ်ပါတယ်။ အမှန်ကတော့ လူတိုင်း ကိုယ့်အကျင့်နဲ့ ကိုယ် ရှိကြတာပါ။ သွားနေကြထက် “ပိုရင်၊ ပြောင်းရင်” တခုခုဖြစ်ပြီလို့ သိလိုက်ပါ။ တခုခုလုပ်ပါ။
ဝမ်းပျက်-ဝမ်းလျှော ကို (ဗိုင်းရပ်စ်) ပိုးကြောင့်က အများဆုံး ဖြစ်စေတယ်။ အများဆုံးဆိုတာ တကယ့်အများဆုံး။ ၁ဝ ခါ ဖြစ် ၉ ခါ ဖြစ်စေတာ (ဗိုင်းရပ်စ်)ပါ။ ကြုံတုံးရေးရအုံးမယ်။ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တဲ့ တခြားရောဂါတွေကလည်း များတယ်။ HIV ပိုး၊ အသဲရောင် A, B, C ပိုး၊ တုပ်ကွေး၊ အအေးမိ၊ ကျောက်၊ ဦးနှောက်မြှေးရောင်၊ ဝက်သက်၊ ကြွက်နို့၊ (ပိုလီယို)၊ ခွေးရူး၊ စတာတွေပါ။ (ဗိုင်းရပ်စ်) ဆိုတဲ့ အင်မတန် သေးငယ်လွန်းလှတဲ့ ဒီအကောင်ကို အလွန်မတန် နာမည်ကြီးလှတဲ့ ဆရာဝန်တွေတောင်မှ မနိုင်ကြသေးပါ။
Virus ကြောင့် မဟုတ်ရင် (ဗက်တီးရီးယား) ကြောင့် ဝမ်းပျက်စေပါတယ်။ (ပါရာဆိုက်) ဆိုတဲ့အကောင်တွေလဲ ပါသေးတယ်။ ဘယ်ကဝင်သလဲ။ ပါးစပ်ကနေဝင်တာ။ ပါးစပ်ထဲ ဘာထည့်ကြလဲ။ အစားအသောက်နဲ့ ရေ။ ကလေးငယ် ဆိုရင် တွေ့ကရာထည့်တာ။ ဘယ်အကောင် ဝင်လာလာ အူသိမ်ကို ရောင်စေတယ်။ အစာအိမ်ရော အူပါ ရောင်ရင် GE ခေါ်တယ်။ ရောင်လာရင် လှုပ်ရှားတာ ပိုမြန်လာတယ်။ အူတွေ လှုတ်လွန်းတာ နားကြပ်မပါဘဲ လူနာကိုယ်တိုင် သိတယ်။ ဗိုက်နာမယ်။ စားလိုက် သောက်လိုက်တဲ့ အစာနဲ့ ရေကို ကောင်းကောင်း စုပ်မယူနိုင်တော့ဘဲ၊ ဝမ်းထဲပါသွားမယ်။ ဝမ်းသွားရတဲ့ အကြိမ်တွေ များမယ်။

လူဆိုတာက ရေကို စုပ်တာဖြစ်ဖြစ်၊ ထုတ်တာဖြစ်ဖြစ် ဆားပါမှ လုပ်နိုင်တာ။ ရေတွေထွက်တော့ ဆားတွေပါ ထွက်တာပေါ့။ ဒါ့ကြောင့် ဝမ်းလျှော-ဝမ်းပျက်ရဲ့ မကောင်းကျိုးဆက်ဟာ ရေဓါတ်-ဆားဓါတ် ဆုံးရှုံးတာ ဖြစ်တယ်။ ဝမ်းသွားရင်း ရေတွေ အများကြီး ပါသွားတာက ကောင်းကျိုး တမျိုးတော့ ရတယ်။ ပိုးတွေပါ ပါသွားတာကိုး။ ဒါ့ကြောင့် ဝမ်းပိတ်ဆေးကို အလွယ် မသုံးသင့်ကြဘူး။ ပြောခဲ့သလို (ဗိုင်းရပ်စ်) ကို သတ်တဲ့ဆေးက မရှိဘူး။ ဓါတ်ဆားထုပ်သာ အရင်လုပ်ပါ။

ဆေးလိုလို့ သုံးရင် Loperamide (Imodium, Kaopectate II) ကို ၄ မီလီဂရမ်၊ ၂ ပြား စသောက်ပြီး၊ ဝမ်း ၁ ခါ သွားတိုင်း၊ ၁ ပြား သောက်နိုင်တယ်။ အာခေါင်ခြောက်၊ ခေါင်းနဲနဲမူးတာသာ ဖြစ်တတ်တယ်။ Lomotil ကိုတော့ တခါသောက် ၂ ပြား၊ တနေ့ ၃-၄ ကြိမ်။ တခြား ဆေးတွေကတော့ Bismuth Subsalicylate, Diphenoxylate and Atropine, Tincture of Opium (ဘိန်း)၊ Charcoal (မီးသွေး) စတာတွေ ဖြစ်တယ်။ ဘိန်းလည်း အရမ်းမစားနဲ့ မီးသွေးလဲ အရမ်းမဝါးနဲ့။

ဝမ်းသွားတာအပြင် နဲနဲဖျားတာ ရှိမယ်။ သွေး-အကြိအချွဲပါမယ်၊ တပြည်တရွာ သွားရင်းဖြစ်မယ် ဆိုရင် (ဗက်တီးရီးယား) ကြောင့် ဖြစ်နိုင်တယ်။ ORS အပြင် ပိုးသေစေမဲ့ဆေးကို သေခြာပေါက် သောက်ရမယ်။ Septrin လို့ လူသိများတဲ့ဆေး Co-trimoxazole ကို (ဆာလ်မိုနဲလား) ကြောင့် ဝမ်းပျက်တာ။ (ရှီဂဲလား) ဝမ်းကိုက်တာတွေမှာ သုံးနိုင်တယ်။ ၂ နှစ် အောက် ကလေးတွေကိုတော့ မပေးသင့်ဘူး။ ဒီဆေးက ယောက်ျား ဆီးအိမ်-ဆီးကြိတ်ရောင်၊ ကျောက်ကပ်ပြွန်ရောင်၊ ဆိုင်းနပ်စ်၊ နားကိုက်တာတွေ အတွက်ပါ သုံးပါသေးတယ်။

လူကြီး ဝမ်းပျက်ခြင်းအတွက် ဆေးများ
•    Fluoroquinolones x 3-5 days
•    Ciprofloxacin 500 mg BD x 3-5 days
•    Norfloxacin 400 mg BD x 3-5 days
•    Oflofacin 300 mg BD x 3-5 days
•    Trimethroprim-Sulfamethoxazole TMP-SMX 10 mg/kg/day x 3-5 days
•    Metronidazole 15 mg/kg divided TDS (maximum = 1000 mg/day) for 5-10 days
•    Loperamide 3 mg stat 2 mg/diarrhea maximum 16 mg/day

Antiemetic အအန်သက်သာဆေးများ
•    Promethazine 25 mg IM/IV/PR QID
•    Prochlorperazine 10 mg IV/IM
•    Metoclopramide 10-20 mg (1 mg/kg)

ကလေးဝမ်းပျက်ခြင်း
(1)    (ဗိုင်းရပ်စ်) ကြောင့် ဝမ်းပျက်ခြင်းများ
•    Roravirus, Enteric Adenovirus, Norwark ဝမ်းရေလိုသွားမယ် ဓါတ်ဆားသာလိုတယ်။

(2)    (ဗက်တီးရီးယား) ကြောင့် ဝမ်းပျက်ခြင်းများ
•    Campylobacter jejuni ဖျား၊ ဗိုက်နာ၊ ဝမ်းအရည်၊ သွေးပါ၊ Erythromycin 20-40 mg/kg/day
•    Shigella ဖျား၊ ဗိုက်နာ၊ အချွဲပါ၊ ခေါင်းကိုက်၊ TMP-SMX 10 mg/kg/day x 3-5 days or Ampicillin
•    Salmonella ဖျား၊ သွေးပါ၊ TMP-SMX 10 mg/kg/day x 3-5 days
•    E coli, Entrotoxigenic, Enterohemorrhagic ဝမ်းအရည်ပါ၊ ဝမ်းကိုက်၊ TMP-SMX 10 mg/kg/day x 3-5 days
•    Vibrio cholera, Yersinia enterocoliticus ဆန်ဆေးရည်လိုဝမ်းသွား၊ ဖျား၊ အန်၊ ဗိုက်နာ၊ TMP-SMX 10 mg/kg/day x 3-5 days
•    Clostridium difficile, Staplococcus aureus အစာဆိပ်သင့် ပဋိဇီဝဆေးသောက်ထား၊ Metronidazole 15 mg/kg

(3)    ပါရာဆိုက်ကြောင့် ဝမ်းပျက်ခြင်း၊
•    Giardia lamblia ဝမ်းပျက်၊ လေချည်တက်၊ Metronidazole 15 mg/kg
•    Entamoeba histolytica သွေးပါ၊ ချွဲပါ၊ ဗိုက်နာ၊ နောက်ဆက်တွဲ အသဲရောင်၊ Metronidazole 15 mg/kg

Furazolidone ဆေးကိုတော့ (ဂိုင်ယာဒီးယား) ပိုးဝင်လို့ ဝမ်းပျက်တာ၊ (ဗက်ဆလရီ) ဝမ်းကိုက် နဲ့ ခရီးသွား ဝမ်းပျက်တာ တွေအတွက် ပေးနိုင်တယ်။

Metronidazole (မက်ထရို-နိုက်ဒါဇိုးလ်) ဆိုတဲ့ဆေးက ရောဂါအတော်များများအတွက် သုံးနိုင်တယ်။ (GE) အစာလမ်း ရောင်တာ၊ ခရီးသွားဝမ်းပျက်တာ၊ (ဂိုင်ယာဒီးယား) ပိုးဝင်လို့ ဝမ်းပျက်တာ၊ (အမီးဘား) ဝမ်းကိုက်တာ၊ (အမီးဘား) သွားဖုံး ရောင်တာ၊ (အမီးဘား) အသဲပြည်တည်တာ၊ လေမကြိုက်တဲ့ပိုးကြောင့် အူမကြီးရောင်တာ၊ မွေးလမ်းကြောင်း ရောင်တာ၊ တင်ပါးဆုံအတွင်း အင်္ဂါတွေ ရောင်တာ၊ ဦးနှောက် ပြည်တည်နာ၊ ဆီးပြွန်ရောင်တာတွေ အတွက်ပါ ပေးတယ်။ ရောဂါ မတူရင် ဆေးအဆ မတူပါ။ ၁ ပြား ၃ ကြိမ်ကနေ ၂ ပြား ၃ ကြိမ်အထိ ပေးရတယ်။ ကိုယ်ဝန် နုသေးရင် မပေးသင့်ဘူး။ နို့တိုက်နေရင် နို့ထဲပါတယ်။ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးရှိတယ်။ ပျို့-အန်၊ ဗိုက်နာ၊ ဆီးနီ၊ အစားပျက်၊ ကိုယ်ပူမယ်။ တကယ် မလိုဘဲ မသောက်ပါနဲ့။

ORS ဓါတ်ဆားထုပ်ကို ပါးစပ်ကနေ နိုင်အောင် ဖြည့်မပေးနိုင်ရင် သွေးကြောထဲကနေ သွင်းရမယ်။ လူကို ကြည့်ရင် ပြော့ခွေနေမယ်။ မျက်တွင်းချိုင့်-ငယ်ထိပ်ခွက်နေမယ်။ လက်နဲ့ ဗိုက်က အရေပြား မ, ကြည့်ရင် တော်တော်နဲ့ အောက်ကို ပြန်မကျဘူး။ ခြေ-လက် အေးစက်နေမယ်။ လက်ကောက်ဝတ် သွေးခုန်တာ စမ်းလို့ခက်၊ စမ်းမရဖြစ်မယ်။ သွေးဖိအားကျ၊ တိုင်းမရ။ အရေးကတော့ ပေါ်ပြီ။ အသက်လုရပါတော့မယ်။

RL ဆိုတဲ့ Drip က ORS ပါဘဲ။ များများသွားရင် မြန်မြန်သွင်းပါ။ အကြိမ်များတာထက် ပြောခဲ့တဲ့ လက္ခဏာတွေက ပိုအရေးကြီးတယ်။ သွင်းတာ နှေးသေးရင် နှစ်လုံး တပြိုင်နက် သွင်းပါ။ တခါတလေ လက်နှစ်ဖက်၊ ခြေနှစ်ချောင်းကနေ Drips လေးစင်း တပြိုင်ထဲ သွင်းရတတ်တယ်။ ဒါမှ လေးဘက်နာတာ။ GE နဲ့ ကာလဝမ်းလိုဖြစ်ရင် လုပ်ရတတ်တာမျိုး။

Cholera ကာလဝမ်း ဖြစ်စေတဲ့ အကောင်တွေကနေ အဆိပ်လိုမျိုးပါ ထုတ်တယ်။ Secretory diarrhea ခေါ်တယ်။ အူနံရံက (ဆဲလ်) တွေထဲက ရေတွေပါ ထွက်သွားစေတယ်။ ကပ်ရောဂါတခု ဖြစ်တယ်။ အမြန်ကူးစက်လို့၊ နေရာတခုမှာ လူတွေ အများကြီးလာ ဖြစ်တယ်။ ရေနဲ့ဓါတ်ဆား နိုင်အောင် ပြန်မဖြည့်နိုင်ရင် သေတယ်။

ရွာတရွာမှာ ကာလဝမ်းဖြစ်တယ်။ တချို့သေကုန်ကြပြီ။ အဖိုးကြီးတယောက် သားတွေ၊ သမီးတွေက အစားအသောက် ဆင်ခြင်ဘို့ ပြောတာ နားမထောင်ဘူး။ သူ့မှာ အားကိုးစရာ ရှိတာကိုး။ ဗေဒင်က “သူများသတ်လို့သာ သေရမယ်” လို့ ဟောထားတာ။ ဝမ်းရောဂါကအစ ဘာရောဂါမှ ဂရုစိုက်စရာ မလိုဘူးပေါ့။ ကူးပါလေရော၊ ဖြစ်ပါလေရော။ သေပါလေရော။ ကာလဝမ်းမို့ ချက်ချင်း သင်္ဂြိုလ်ကြရတယ်။ အကာလညအခါ ဖျာလိပ်ထဲမှာထည့် သင်္ချိုင်းကုန်းပို့ရတယ်။ သုဘရာဇာများက မူးချိန်ပေါ့။ အဖိုးကြီးအလောင်း တွင်းထဲပြစ်ချ၊ အရက် ဆက်ချနေလိုက်ကြတယ်။ အဖိုးကြီးက တကယ် မသေသေးဘူး။ Coma-like state မြောနေတယ် ခေါ်တာမျိုးပေါ့။ သတိပြန်ရလို့ မြေကျင်းထဲက ထလာတော့တယ်။ အရက်မူးမူးနဲ့ သုဘရာဇာတွေက တစ္ဆေမှတ်ပြီး၊ ပေါက်ပြားနဲ့ ခေါင်းချလိုက်တာ အခုမှ တကယ်သေပါလေရော။ မှန်လိုက်တဲ့ ဗေဒင်။

ဝမ်းရောဂါ ကင်းစင်ကြပါစေ။

Dr. တင့်ဆွေ
၁၄-၆-၂ဝ၁ဝ

iPhone အသုံးပြုနည်း နှင့် Android ဖုံးအသုံးပြုနည်း ( မြန်မာ Ebook )

နာမည်ကြီးနေတဲ့ iPhone နဲ့ Android ဖုံး အသုံးပြုနည်း တွေကို မြန်မာလို ရေးသား ထားတဲ့ စာအုပ်လေးတွေပါ... မသိသေး မရှိသေးတဲ့ သူငယ်ချင်းများ လေ့လာလို့ အဆင်ပြေအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်...။
ဗဟုသုတ တိုးပွားကြပါစေ....။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)
အဆင်မပြေတာလေးများရှိရင် အောက်လင့်မှာ ကွန်မက်ပေး မေးမြန်နိုင်ပါတယ်

(သီလ၀ါ အထူးစီးပွားရေးဇုန်၏ တောင်ဘက်အခြမ်းကိုမူ တရုတ်စီးပွားရေး လုပ်ငန်းရှင်များအတွက် )

လက်ရှိ ဖော်ထုတ်နေဆဲဖြစ်သော သီလ၀ါ အထူးစီးပွားရေးဇုန်၏ တောင်ဘက်အခြမ်းကိုမူ တရုတ်စီးပွားရေး လုပ်ငန်းရှင်များအတွက် လျာထားပြီး ကျန်သည့် မြောက်ဘက်အခြမ်းအား ကိုရီးယား၊ ဂျပန်၊ စင်ကာပူ နှင့်နိုင်ငံတကာ ကုမ္ပဏီများပေးရန် လျာထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိထားသော သတင်းများအရ သိရှိရသည်။

မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေ (The Union of Myanmar Special Economic Zone Law) ကို ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် ပြဋ္ဌာန်းခဲ့ပြီး လက်ရှိအခြေအနေတွင် ထားဝယ် အထူးစီးပွားရေးဇုန်၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို ဖော်ထုတ်နေကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်ဥပဒေမှာ tau holiday ကို ငါးနှစ်ပေးထားပါတယ်။ ပြီးတော့ ဒုတိယငါးနှစ်မှာ နောက်ထပ် ၅၀ရာခိုင်နှုန်း ထပ်ပေးမှ ဖြစ်ပါတယ်။ တစ်ခါ တတိယငါးနှစ်မှာ ၅၀ ရာခိုင်နှုန်း ထပ်လျော့ပြီး reinvest လုပ်လို့ expart sale အပေါ်မှာလည်း သက်သာခွင့်ထပ်ပေးသွားမှာပါ။ ပြီးတော့ Custom duty  ကင်းလွတ်ခွင့်နဲ့ ပတ်သက်လို့ကတော့ export Processing Zone အတွက်သွင်းလာတဲ့ ကုန်ကြမ်းတွေ၊ စက်တွေ၊ ယန္တရားတွေ ကို အခွန်ကင်းလွတ်ခွင့် ပေးသွားမှာပါ။ export Processing Zone က အပ အခြားဇုန်တွေမှာ စက်ပစ္စည်းတွေ၊ ယန္တရားတွေ တင်သွင်းလာရင် အခွန်ငါးနှစ် ကင်းလွတ်ခွင့်ပေးမှာဖြစ်သလို နောက်ထပ်ငါးနှစ်အတွက် လည်း အခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ကာကွယ်ရေး သဘောတူစာချုပ်ကို နိုင်ငံပေါင်းခုနစ်နိုင်ငံနှင့် ချုပ်ဆိုထားပြီ ယင်းခုနစ်နိုင်ငံမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ အိန္ဒိယနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့ဖြစ်သည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ၀င်ငွေကို ဈေးကွက်ပေါက်ဈေးနဲ့ လဲလို့ရနေပါပြီ။  account Transfer ကိုလည်း ခွင့်ပြုလိုက်ပြီ။ မလိုအပ်တဲ့ စာရွက်စာတမ်းတွေ လျှော့ချပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့လည်း အမြန်ဆုံးညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။ လိုအပ်တဲ့ အကြံဥာဏ်တွေကိုလည်း ပေးပါတယ်။ အရင်တုန်းက ပါမစ်ရဖို့လချီပြီးတော့ ကြာပေမယ့် အခုနှစ်ပတ်အတွင်း ပါမစ်ထုတ်ပေးနေပါပြီ။ ဟိုတုန်းကဆိုရင် ၀န်ကြီးအဖွဲ့ကို တင်ရတယ်။ အခုအဖွဲ့ဝင်တွေ ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံမှု ပါမစ်ကို ထုတ်ပေးနေပါတယ်။ ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းကိုလည်း One stop Service အနေနဲ့ဆောင်ရွက်ပေးနေပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဒေါ်မြသူဇာက ပြောပြခဲ့သည်။

“အထူးစီးပွားရေးဇုန် ဥပဒေနဲ့ ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေ မတူပါဘူး။ FDI နဲ့ရင်းနှီးမြှုပ်နှံမယ် ဆိုရင် အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်ပေးတယ်။ ဒါပေမယ့် ထုတ်လုပ်တဲ့ ပစ္စည်းကို ပြည်တွင်းရော ပြည်ပမှာပါ ရောင်းချခွင့်ရှိတယ်။ SEZ lawနဲ့ဆိုရင်တော့ အခွန်ကင်းလွတ်ခွင့်ကို ငါးနှစ်ပေးပြီးတော့ သူကတော့ ပြည်တွင်းမှာ ရောင်းချခွင့်မရှိဘဲ ပြည်ပကို ပြန်ပြီး Export လုပ်ဖို့အတွက်ပဲ ခွင့်ပြုပေးပါတယ်” ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောပြခဲ့သည်။
(ရဲဇော်ကို)

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ

Posted: 07 Apr 2012 08:34 AM PDT
ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့
ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ အဲဒီစာတမ်းမှာ သူမကို
"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။


သူမမှာ ကြီးမားကျယ်ပြန့်တဲ့ တင်ပါးဆုံအရိုးကွင်း ရှိပြီး ကောင်းစွာဖွံ့ဖြိုးမှုမရှိတဲ့ြေ
ခထောက်နှစ်ချောင်းနဲ့  တတိယခြေထောက်တစ်ချောင်းက သူမရဲ့ ပေါင်ခွကြားမှာ ကပ်နေတယ် ။ နောက်ပြီး သူမမှာ ကောင်းစွာဖွံ့ဖြိုးတဲ့ ပုံမှန်ရင်သားနှစ်ဖက်ပါရှိပြီး ၊ ဆီးခုံအပေါ်ဘက်မှာ နို့သီးခေါင်းပါဝင်ပြီး ဖွံ့ဖြိုးမှုမရှိ တဲ့ သေးငယ်တဲ့ ရင်သားတစ်စုံလည်း အပိုပါရှိပါတယ် ။ ဒါ့အပြင် ဘလန့််ခ်ျဆီမှာ ကောင်းစွာဖွံ့ဖြိုးပြီး ပုံမှန်အတိုင်းဖြစ်တဲ့ မမျိုးပွားအင်္ဂါအပြည့်အစုံ နှစ်ခု ရှိပါတယ် ။ (ဟုတ်မဟုတ်မသေချာပေမဲ့) အဲဒီနှစ်ခုလုံးက ပုံမှန်အတိုင်း ကောင်းစွာအာရုံခံစားနိုင်မှုရှိတယ်လို့ ဆိုပါတယ် ။


သူမရဲ့ တဏှာရာဂ စိတ်ဆန္ဒပြင်းပြမှုကတော့ အလွန်သိသာလှပါတယ် ။ သူမဟာ အမျိုးသားများနဲ့ ဆက်ဆံလိုစိတ်ပြင်းပြပြီး၊ သူမရဲ့ လိင်အင်္ဂါနှစ်ခုလုံးကို ဆက်ဆံစေချင်စိတ်ဖြစ်တာပါ တဲ့ …
သူမဟာ ပဲရစ်မြို့တော်ကို ပြောင်းရွေ့သွားပြီးနောက် ပြည့်တန်ဆာတစ်ယောက်ဖြစ်လာခဲ့တယ် ။