This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, December 31, 2013

Mobile Guide Issue Vol-2 ၊ Issue-35 (30.12.13) ........................

Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (35)ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 30 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

ကမ္ဘာ့ အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား .................................









သမိုင်းတစ်လျှောက် ကမ္ဘာ့ အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သားLyudmila Pavlichenko လို့
အမည်ရတဲ့ ဆိုဗီယက် ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်
သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါ
တယ်။

ပထမ ၂ လခွဲကာလ အတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်
စခန်း တစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါ
က ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့်
ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ်သတ်နိုင်တာက လေးရာ
ကျော်ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင်မှတ်တမ်း
ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာ
သာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်
မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူ
နာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုး
သမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွားခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါ
တယ်။ တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့
သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။

နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦး
ကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။ စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်စု၊
ဂုဏ်ပြု ဆုများရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွား
ရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။

အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်
လွန်ခဲ့ပါတယ်။ သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်
ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါ
တယ်။

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကမ္ဘာ့ အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား http://www.simon-vlog.com/2013/12/blog-post_3511.html#ixzz2ozCWHX48
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Monday, December 30, 2013

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့.....................................

Myawady News · 214,482 like this
12 hours ago ·


လပ္ပတ္တာ ဒီဇင်ဘာ ၃၀

 
 
 

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာတွင် ယနေ့ နံနက် (၁)နာရီ (၁၅)မိနစ်အချိန်၌ ကန်ဘက် (၂) ရပ်ကွက်၊ ကမ်းနားဈေးတွင် မီးကြွင်း၊ မီးကျန်မှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှု ကြောင့် အိမ်ခြေ (၃၅၀)ခန့် ဆုံးရှုံးပြီး အမှတ် (၃)ရပ်ကွက်ဆီသို့ပါ ကူးစက်လောင်ကျွမ်းလျက် ရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းရာသို့ လပွတ္တာမြို့နယ် မီးသတ်မှ မီးသတ် တပ်ဖွဲ့ဝင်ပေါင်း အင်အား (၃၀)ခန့်၊ ရေစုပ်စက် (၂) လုံးဖြင့် ကန်ဘက်ကျေးရွားသို့ သွားရောက်ပြီး မီးငြိမ်းသတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းရာသို့ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာမှ ကယ်ဆယ် ရေးလုပ်ငန်းများသွား သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဦးခေါင်းအခွံ ၃ပိုင်းခန့် ကွဲသွား၍ ထုတ်လိုက်၇တဲ့ မနှင်းနှင်းခိုင်အတွက် အလှူငွေထက် အနီးကပ်ပြုစုသော အမျိုးသမီးစောင့်ရှောက်သူ လိုအပ်............................

 



အမည် =မနှင်းနှင်းခိုင်
အသက် =၂၂ နှစ်။
နေရပ်=လပွတ္တာ မြို့၊ချောင်းကြီးရွာ။
မနှင်းနှင်းခိုင်သူငယ်ချင်းများဟာ၂၀ ရက်နေ့ လစာငွေထုတ်ပြီး ညအခါ သူငယ်ချင်းမ များနှင့်ဈေးဝယ်သွားစဉ် ဆူစဝပ် ဆွိုင် ၇၀ ပတ်ဝန်းကျင် (တလာ ခုနိုင်း)မျာယာဉ်တိုက်မိပါတယ်။မှောင်နေတဲ့အတွက် ကားလမ်းကိုလူကျော်တံတားက မဖြတ်ကြဘဲ အလွယ်လမ်းကူးကြပါတယ်။ကားမောင်းသူက လူများတော့ ရှောင်မရဘဲ မိန်းခလေးတစ်ဦးကို တိုက်မိတာလို့ပြောပါတယ်။သူ့ကိုဆေးရုံတင်ဖို့ ဖုန်းဆက်ပြီး ရဲစခန်းတွင်သွားရောက်အမှု့ဖွင့်ခဲ့ကြောင်း ပြောပြပါတယ်။ဆေးရုံကို တရက်ခြား လာကြည့်တော့ လူမမာ သတိမလည်သေးတာမတွေ့ရကြောင်း။ဆွေမျိုးမရှိဘူးသိရသည့် အတွက် သနားနေမိကြောင်း။ဒါနဲ့ ဘဲ တရက်ခြားမှန်မှန် ဆရာဝန်တွေ နဲ့လူမမာ အခြေအနေမေး ခဲ့ကြောင်း ကားနှင့် တိုက်သူထိုင်းအမျိုးသမီးက ပြောပြပါတယ်။မနှင်းနှင်းခိုင်ဟာ လမ်းပေါ်ကို လွင့်စင်ကျသောအရှိန်နှငိ့် ဦးခေါင်းအခွံ ၃ပိုင်းခန့် ကွဲသွား၍ ထုတ်လိုက်ပါတယ်။ဆရာဝန်က န၈ိုမူလ ဦးဏှောက်ပြန်ဖြစ် မဖြစ်စောင့်ကြည့်နေပါတယ်။ဒီကနေ့တွေ့ရတဲ့ အခြေအနေအရ မနှင်းနှင်းခိုင် ဂဏှာမငြိမ်ဖြစ်နေပုံအရ စိတ်အစိုးမရပါဘူး။သတိရှိတယ်။သူ့ကိုညောင်းညာနေလို့ဖြစ်မယ်လို့ယူဆပြီးနှိပ်ပေးချင်တော့ ပေါင်၊ခြေသလုံးမှာ ဒဏ်ရာ ရှိမလား ရှာတော့ သူက ရှက်ပြီးဆွဲဖုံးပါတယ်။အိပ်မောကျအိပ်ချင်တော့ စောင်ကို ခေါင်းမြှီးခြုံပါတယ်။မျက်စေ့အမြင်နဲ့ အသိ တပြိုင်ထဲတထပ်ထဲမကျခြင်း.။စကားပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။လက်တဖက်က သတိလက်လွတ်ဆွဲဖြုတ်မျာစိုး၍ အိပ်စွတ်ကြိုးချည် ထားရပါတယ်။
အထက်ပါအခြေအနေအရ ။မနှင်းနှင်းခိုင်အတွက် အလှူငွေထက် အနီးကပ်ပြုစုသော အမျိုးသမီးစောင့်ရှောက်သူ လိုပါတယ်။ဆီးအိပ်ပြည့်လျှင်သွန်ရန်။တကိုယ်ရည်သွားတိုက်ရန်၊တ ကိုယ်သန့်ရှင်းရေး လုပ်ပေးရန်။သူမ၏ သတိလက်လွတ်လှုပ်ရှားမှု့ကို ထိန်းသိမ်းပေးရန် လိုအပ်နေပါတယ်။ကူညီမည့်သူများဆက်သွယ်ပါ။

မဦး(0859101184)https://www.facebook.com/maungsssk/posts/410569712407451

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့
— feeling special.

ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန် ရေဝက်ဝံ (Water Bear) ............................................



အရွယ်အစားကတော့ မီလီမီတာ အတိုင်းအတာသာရှိပြီး အလွန်သေး ငယ်ပါတယ်။ ထူးခြားချက်ကတော့
သေပြီးရင် ပြန် ရှင်နိုင်ပါတယ်။ အသက်ရှင်ရန် ခက်ခဲ ကြမ်းတမ်းပါတယ် ဆိုတဲ့ နေရာဒေသတွေမှာတောင် အသက်ရှင် နေထိုင်နိုင်ပါတယ်။
အပူချိန် သုည ဒီဂရီမှာလည်း နေထိုင်နိုင်သလို ရေနွေးပွက်ပွက်ဆူ ထဲမှာလည်း အသက်ရှင်နိုင်ပါတယ်။ လူသားတွေထက်လည်း ဓာတ်ရောင်ခြည် အဆ ၁ထောင်မက ခံနိုင်ရည်ရှိ ပါတယ်။ ရေမသောက် ပဲနဲ့လည်း ဆယ်စုနှစ် တစ်ခုမက နေနိုင်ပါတယ်။ အနက်ဆုံး သမုဒ္ဒရာ ကြမ်းပြင်အောက်က ဖိအား ထက် ၆ ဆ များနဲ့ Pressure တောင် ခံနိုင်ရည် ရှိပါတယ်။ အာကာသမှာလည်း အသက်ရှင်နိုင်ပါတယ်။
ပတ်ဝန်းကျင်အခြေအနေဆိုးတစ်ခုကြောင့် သေသွားတယ်ဆိုရင်တောင် တကယ်သေတာမဟုတ်ပါဘူး။ ကိုယ်တွင်းက လုပ်ဆောင်ချက်များ ယာယီ ရပ်တန့်သွားခြင်း မျှသာ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါ ပြန်လည် ရှင်သန် ပြီး ယခင် အတိုင်း နေထိုင်နိုင်ပါတယ်။ water bear ဟာ အသေးစား သတ္တဝါမျှ ဖြစ်ပြီး ခြေထောက်၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ အစာအိမ်၊ သွေးကြော အစရှိသဖြင့်တို့ဟာ တကယ်ပဲ သေးငယ်ပါတယ်။ပုံမှန်အတိုင်းဆိုရင် သေစရာ အကြောင်းမရှိပဲ အမြဲ စွမ်းအင် ပြန် လည် ပြည့်ဖြိုးနေတဲ့အတွက် ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်တို့ ကမ္ဘာက အသိမှတ်ပြုထားကြပါတယ်။

Sunday, December 29, 2013

ဦးလေးဖြစ်သူက အသက် ခုနစ်နှစ်နှင့်လေးနှစ် အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်................................









ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက် ခုနစ်နှစ်နှင့် လေးနှစ်အရွယ် သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေး
တော်စပ်သူက သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲက အမှုဖွင့်
တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်တစခုတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မိခင်က အမှု
ဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းကို အသိမိတ်ဆွေ အမျိုးသမီးတစ်ဦးက သမီးငယ်လေး၏ မိန်းမကိုယ်တွင် ဖူးရောင် စုတ်ပြဲကာ ပြည် ပုပ်
များဖြစ်နေကြောင်း ပြောပြရာမှ စတင်သိရှိခဲ့ရသည်ဟုလည်း ရဲအားထွက်ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်ပြီးခုနစ်နှစ်ရှစ်လရှိ နှစ်တန်းကျောင်းသူသမီးနှင့် အသက်လေးနှစ်ခြောက်လရှိ သ
မီးငယ်တို့ကို ချော့မော့မေးမြန်းခဲ့ရသည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးအား လွန်ခဲ့သော တစ်လကျော်ခန့် (ရက်မမှတ်မိ)က တစ်အိမ်တည်းအတူနေ ဦး
လေးတော်စပ်သူ ၁၆ နှစ်က ရက်ခြား၍ သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့သည်ကို ပြောပြကြ သည်
ဟုလည်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထည့်သွင်းပြောကြားထားသည်။

ထို့ကြောင့် သမီးငယ်နှစ်ဦးအား သားမယားပြုကျင့်သည့် မောင်တော်စပ်သူကို အရေးယူပေးရန် ကလေး
မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ထို့အတွက် ဒဂုံဆိပ်ကမ်း ရဲစခန်းက (ပ)၄၃၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် တိုင်
တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ထို့ပြင် အသက်သုံးနှစ်သာ ရှိသေးသော ကလေးငယ်ကို ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက သားမယား ပြု
ကျင့်ရန်ကြံစည်သည်ဟု ဒီဇင်ဘာ ၂၅ ရက်တွင် အမှုဖွင့်တိုင်ကြားထားသည်။

ယင်းတိုင်ကြားမှုကို လည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေ ရဲစခန်းက (ပ)၄၆၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး
ပြစ်မှုကျူးလွန် သူအဖြစ် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်
ပြန်ထား သည်။

ယင်းသို့သော အရွယ်မရောက်သေးသည့် ကလေးငယ်လေးများ အဓမ္မပြုကျင့်ခံနေရခြင်းများမှ ကာ ကွယ်နိုင်
ရန် ထိရောက်ဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ပြင်ဆင်ဖြည့်စွက်ပေးရန် လွှတ်တော်တွင် နှစ် ကြိမ်တိုင်တိုင်
အဆိုတင်သွင်းမှုများ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

ထို့ပြင် မြန်မာပြည်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ ပြဋ္ဌာန်းပေးထားသည့် ဥပဒေများမှာလည်း နိုင်ငံ တ
ကာစံနှုန်းဖြစ်သည့် အမျိုးသမီးများ အကြမ်းဖက်ခံရပါက လုံးဝသီးခံစရာမလိုဟုဆိုသော(ZeroTalerance)
ပေါ်လစီဖြင့် ကိုက်ညီမှုမရှိသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေသေးသည်ဟု သုံးသပ်မှု များရှိနေသည်။

From: Mizzima

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဦးလေးဖြစ်သူက အသက် ခုနစ်နှစ်နှင့်လေးနှစ် အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့် http://www.simon-vlog.com/2013/12/blog-post_1146.html#ixzz2ood1KoJ5
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

တရုတ် အလုပ်ကြမ်းစခန်းနဲ့ တစ်အိမ်ထောင်ကလေးတစ်ဦးစနစ် တရားဝင် ဖျက်သိမ်း .............................

တရုတ်နိုင်ငံမှာ အငြင်းပွားဖွယ် ပြန်လည်ပညာပေး ရဲဘက်စခန်းတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ တအိမ်ထောင် ကလေးတစ်ယောက်စနစ် တို့ကို ဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အထက်အလိုကျ လိုက်နာဆောင်ရွက်နေရတဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီရဲ့ စနေနေ့က ဒီ ဆုံးဖြတ်ချက်ဟာ နိုဝင်ဘာလက တရုတ် ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်တယ်လို့ ရှင်ဟွာသတင်းဌာနက ရေးသားပါတယ်။

အလုပ်ကြမ်းစခန်းကလူတွေအားလုံးဟာ စနေနေ့ကစပြီး လွတ်မြောက် လာကြတော့မှာ ဖြစ်ပေမယ့် ဒီစနစ်ကိုဖျက်သိမ်းလိုက်တာဟာ သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ရုပ်သိမ်းလိုက်တာ မဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။ ဒါဟာ ထိန်းသိမ်းခံခဲ့ရသူတွေက နစ်နာမှုနဲ့ ပြန်လည် တရားစွဲလာမှာကို ကာကွယ်ထားတာဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

နာမည်ဆိုးတဲ့ ဒီပညာပေးစခန်းတွေမှာ ပြစ်မှုကျူးလွန်တယ်လို့ ဆိုသူတွေကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ရဲက (၄) နှစ်အထိ ချုပ်ထားနိုင်ခဲ့ပါတယ်။ လူပေါင်း (၁) သိန်း၊ (၉) သောင်းလောက်ကို ထိန်းသိမ်းထားခဲ့တဲ့ ဒီ ရဲဘက်စခန်းတွေကို ဘာနဲ့အစားထိုးလာမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တခါ မိဘတစ်ပါးပါးဟာ သူကိုယ်တိုင် တစ်ဦးတည်းသောကလေး ဖြစ်ခဲ့တယ်ဆိုရင် သူ့အိမ်ထောင်မှာ ကလေး နှစ်ဦး ယူခွင့်ရှိတယ်လို့လည်း အမြဲတမ်းကော်မတီက ပြဌာန်းလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Thit Htoo Lwin - World News

မည်သို့ပင်ဆိုစေ NLD ၂ဝ၁၅ ရွေးကောက်ပွဲဝင်မည် ...................

Saturday, December 28, 2013
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း NLD မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယနေ့ မွန်းလွဲ တော်ဝင်နှင်းဆီတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ပြောဆိုသည်။ 


NLD သည် ပြိုင်ဖက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နှလုံးရည် အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်မည်ဖြစ်ကြောင်း၊ NLD အနေနှင့် ပုဒ်မ ၅၉ စ လုံးအပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြင်ဆင်လိုသော အချက် ၁၆၈ ချက်ရှိကြောင်း ယနေ့ ထုတ်ပြန်ပြောဆိုသည်။ 





Samsung Galaxy Note 3 အတွက် ကြိုးမလိုဘဲအားသွင်းနိုင်မဲ့ S-View Flip Cover တစ်မျိုးကို Samsung ကရောင်းချ....................




Galaxy Note 3 အတွက်ကြိုးမလိုဘဲအားသွင်းလို့ရတဲ့ S-View Flip Cover တစ်မျိုးကို Samsung က အမေရိကန်ဒေါ်လာ ၆၉.၉၉ နဲ့စတင်ရောင်းချနေ ပြီဖြစ်ကြောင်း Cnet ကသတင်းအရသိရသည်။

S View ဆိုတာကအခြားမဟုတ်ဘူး။Cover ဖြစ်ပြီးအဖုံးဖွင့်လိုက်ရင် Home Screen တန်းကျလာ မှာဖြစ်လို့တကူးတကသွားဖွင့်စရာမလိုပါဘူး။

အဆိုပါ S-View Flip Cover ကို Polyurethane Leather နဲ့ပြုလုပ်ထားပြီး Samsung ရဲ့ Wireless Charging Pad နဲ့အသုံးပြုနိုင်ရုံသာမက အခြားသော Qi အဆင့်မှီပြီး အရည်အသွေးပြည့်ဝတဲ့ Wireless Charging Pad တွေနဲ့တွဲပြီးအား သွင်းလို့ရပါတယ်။

အဖြူနဲ့အနက်နှစ်မျိုး ထုတ်ထားပြီးဝယ်ယူချင်တဲ့ဆိုရင် Smasung Online Store (US) မှာစတင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Ref: Cnet

ဦးခင်ညွှန့်ကို နိုင်ငံရေး မလုပ်ဖို့ အလိုတော်ပြည့် ဆရာတော်က သတိပေး ဟုဆို.....................................









စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော်
က ပြင်းပြင်းထန်ထန်သတိပေးစကား မိန့်ကြားခဲ့တယ်လို့ သံတော်ဆင့် သတင်းတပုဒ်က ဆိုပါတယ်။


အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို ဘာသာရေး လုပ်မယ်ဆို ဘာသာရေးကိုပဲ လုပ်ဖို့ အခု
နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်ပတ်သက်မယ်ဆိုရင် အားမပေးဘူးလို့ မိန့်ကြားခဲ့တယ်လို့ မြန်မာ
သံတော်ဆင့်က ဖော်ပြထားပါတယ်။

ဧရာဝတီနဲ့ ဦးခင်ညွှန့် မေးမြန်းခန်း မှာလည်း နိုင်ငံရေး မလုပ်ဘူး ဆိုတဲ့ အကြောင်း ၃ ကြိမ်တောင်
ပြောခဲ့ပါ တယ်။ ဒါပေမယ့် တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် ဦးခင်ညွှန့်အမျိုးသား နိုင်ငံရေး
လုပ်မှာဖြစ်တယ် လို့ ပြောခဲ့ဖူးပါတယ်။

အလိုတော်ပြည့်ဆရာတော်ဟာ စစ်အစိုးရလက်ထက်တွေတုန်းက ဦးခင်ညွှန့်နဲ့ ဆရာတပည့်ရယ်လို့
လူတွေ က ပြောခဲ့ကြတာပါ။ ဒီအပြင် အခြား စစ်အစိုးရ ခေါင်းဆောင်တွေကလည်း ဆရာတော်ကို
မကြာခဏ ဖူးမျှော်ပူဇော်တာတွေ ရှိခဲ့တာပါ။


ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခဏဆိုသလို အလိုတော်ပြည့် ဆရာတော်ဆီ
သွားရောက် ဖူးမျော်တာတွေလည်း ရှိခဲ့ပါတယ်။

ဦးခင်ညွှန့်အနေနဲ့ နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက်ပိုင်း တကြော့ပြန် ရုပ်/သံ လူမြင်ကွင်း
မှာတော့ သူရ ဦးရွှေမန်းနဲ့အတူ ပထမ ပြန်လည် ပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်း မီဒီယာတွေနဲ့ ထိ
တွေ့မှုတွေကိုတော့ အတော်သတိထားခဲ့တာပါ။

လူပြောအများဆုံး ဖြစ်ခဲ့တာကတော့ ဦးမြတ်ခိုင် ရေးသားထုတ်ဝေတဲ့ ဦးခင်ညွန့်နဲ့ အင်တာဗျူး စာ
အုပ် မိတ်ဆက်ပွဲတုန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်အကျဉ်း
သားတွေ သာ ဖြစ်တယ်လို့ ပြောဆိုခဲ့မှုဟာ အတော်ပွဲဆူသွားစေခဲ့တာပါ။

အဲဒီလိုတွေ ပြောဆိုခဲ့ပြီးနောက်ပိုင်းမှ အခုလို အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို မြန်မာ့
နိုင်ငံရေး အခင်းအကျင်းမှာ မပါဖို့ သတိပေး ဟန့်တားတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

အခုလို အလိုတော်ပြည့်ဆရာတော်ရဲ့ သတိပေး ဟန့်တားမှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်း
တွေ ရှိ နေတယ်ဆိုတာတော့ သိသူ အတော်နည်းမယ်လို့ ထင်ပါတယ်။

လင်းသန့် ~

The Irrawaddy's Blog by အိမ့်သံစဉ်

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဦးခင်ညွှန့်ကို နိုင်ငံရေး မလုပ်ဖို့ အလိုတော်ပြည့် ဆရာတော်က သတိပေး ဟုဆို http://www.simon-vlog.com/2013/12/blog-post_6420.html#ixzz2ooVYvWdn
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ရှဥ့်နီတို့ရဲ့  မွေးစားခြင်းဓလေ့.......................

ရှဥ့်နီတို့ရဲ့  မွေးစားခြင်းဓလေ့ အာရှနဲ့ ဥရောပမှာ အများဆုံး တွေ့ရတတ်တဲ့ ရှဥ့်တွေထဲမှာ ရှဥ့်နီက အထူးခြားဆုံးပဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ သူတို့ဟာ အစွန့်ပစ်ခံထားရတဲ့ ရှဥ့်ကလေးငယ် များ ကို ပြန်လည်မွေးစားတတ်ခြင်း ဖြစ်ပါတယ်။ မိခင်သေဆုံးလို့ ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် ပြုစုစောင့်ရှောင့်မယ့် ရှဥ့်အဖေ၊အမေ မရှိတော့ ရင် ယင်း အရွယ်ရောကပြီး ရှဥ့်နီ အမနဲ့ အထီးများဟာ ပြန် လည် မွေးစားလေ့ ရှိပါတယ်။ ယခုလို ပြန်လည်မွေးစားတဲ့ အလေ့အထဟာ ရှဥ့်နီတိုင်းမှာ ရှိနေပြီး လူတွေလိုပဲ ရင်းရင်းနှီးနှီး နွေးထွေးစွာ နေထိုင်တတ်တဲ့ တိရစ္ဆာန် များ ဖြစ်ပါတယ်။ -- Ref: dknowfacts အောင်ခမ်း ( ရိုးရာလေး ) http://www.yoyarlay.com/entertainment/123-discovery/39460-red-big-mouse .

Saturday, December 28, 2013

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက် သမား ဘဝ ပြန်ရောက်သူ..............................









ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူသက္ကရာဇ် ၂၀၀၂
ခုနှစ် တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိ
တိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါ
တယ်။

သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ထီပေါက်
ပြီး ရတဲ့ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၁သိန်း
ခွဲနီးပါး သုံးစွဲ ပါတယ်။ ဈေးအကြီးဆုံး ကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်းမှာ နေ ပါတယ်။ မူးယစ်ဆေး
ဝါး သုံးစွဲပါတယ်။ မိန်းမ အပျော်အပါး လိုက်စား ပါတယ်။

နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်ခု ပြန်လည် ရောင်းချလိုက်ရာမှာ ၂၀၁၀ ခုနှစ်ရောက်တော့
အမှိုက်ကောက်သမား အလုပ်ကို ပြန်လုပ်ဖို့ အလုပ်သမား ဝန်ကြီးဌာနကို မှတ်ပုံ တင်ပြန်လျှောက် ပါတယ်။
အခုတော့ အမိုက်ကောက် သမား ဘဝနဲ့ပဲ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်လျက် ရှိပါတယ်။ ပြည်ဗာရာက သူဌေး
သား ပုံပြင်တစ်ပုဒ် လိုပဲ အပြင်မှာ တကယ် ဖြစ်ခဲ့ တာလေး ဖြစ်ပါတယ်။

သင်ခန်းစာ - လက်ထဲမှာ ငွေရှိပြီး အကျိုးရှိရှိ အသုံးမချတတ်သူဟာ ပိုက်ဆံကို မီးရှို့ ပြီး မီးလှုံနေသူနဲ့ အတူ
တူပါပဲ။ တစ်ခဏတာအတွက် အနွေးဓာတ်ပေးသော် ငြားလည်း...

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက် သမား ဘဝ ပြန်ရောက်သူ http://www.simon-vlog.com/2013/12/blog-post_1537.html#ixzz2oiOzl2Nz
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

နယ်စပ်တွင် မြန်မာတပ် လူပ်ရှားမူ အာသံရိုင်ဖယ် စီစစ်မည်............................

Friday, December 27, 2013

နိရဉ္စရာ

မိုးရေးမြို့နှင့် ကပ်ရပ် တည်ရှိသော မြန်မာ- အိန္ဒိယ နယ်စပ်တွင် မြန်မာဘက်က တပ်အင်အားများ အကြီးအကျယ် ဖြည့်တင်းနေသည်ဆိုသော သတင်းဟုတ် မဟုတ်ကို စစ်ဆေးရန် အာသံရိုင်ဖယ်အား ညွှန်ကြားထားသည်ဟု The Economic Time တွင် ယနေ့ သတင်း ဖေါ်ပြသည်။

အင်ဖါးမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မူနီပူရ် Manipur ပြည်နယ် ပြည်ထဲရေးဝန်ကြီး Gaikhangam က တောင်ပိုင်း အာသံရိုင်ဖယ် အကြီးအကဲမှ ၎င်းအခြေအနေနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရသို့ များမကြာမှီ စာပေးပို့မည် ဖြစ်ပြီး ယင်းစာအား ဗဟို အစိုးရသို့လည်း မိတ္တူ ပေးပို့မည်ဟု ပြောဆိုသည်။

မြန်မာ စစ်တပ် အာဏာပိုင်များသည် မိုးရေးမြို့ အနီးရှိ နယ်စပ်တွင် အိန္ဒိယဘက်မှ Integrated Check Post – ICP- (စစ်ဆေးရေးဂိတ်) တည်ဆောက်နေသည့် နေရာမှာ မြန်မာပိုင် နယ်မြေဖြစ်ကြောင်း ပြောဆိုထားပြီး ကန့်ကွက်ထားသည်ဟု သတင်းတွင် ဖေါ်ပြသည်။

၎င်းဆောက်လုပ်နေသော နေရာသည် မိုးရေးမြိုနှင့် မြန်မာ နယ်စပ်အကြားတွင် တည်ရှိပြီး မြန်မာဘက်ကမှ အိန္ဒိယသို့ အဓိက သွင်းကုန်များကို စစ်ဆေးသော ဂိတ်ဖြစ်သည်ဟု ဆိုသည်။

ယခု မြန်မာ စစ်တပ် အာဏာပိုင်များက ICP စစ်ဆေးရေးဂိတ် တည်ဆောက်ခြင်းကို ကန့်ကွက်ခြင်းမှာ မြန်မာဘက်က တည်ဆောက်နေသော ခြံစည်းရိုးကို မူနီပူရ် အစိုးရနှင့် အိန္ဒိယ ဗဟိုအစိုးရ အာဏာပိုင်များက ကန့်ကွက်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာဘက်က ခြံစည်းရိုးကာရံရာတွင် မူနီပူရ် ပြည်နယ်ထဲမှ မြေအစိတ်အပိုင်း အချို့ပါဝင်သည်ဟု ဆိုကာ အိန္ဒိဘက်က ကန့်ကွက်ထားကြောင်း သိရသည်။

အိန္ဒိယ ဗဟို အစိုးရသည် ခြံစည်းရိုးကာရံမူ အငြင်းပွားနှင့် ပတ်သက်ပြီး မြန်မာ အစိုးရနှင့် တွေ့ဆုံ ဖြေရှင်းရန် အကြိမ်ကြိမ် ချဉ်းကပ် ကြိုးစားနေသည်ဟု ဆိုသည်။

နောက်ထပ် သတင်း တပုဒ်တွင် ယခု ICP စစ်ဆေးရေး ဂိတ် တည်ဆောက်နေသော နေရာမှာ အိန္ဒိယ-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် BP (Border piller) – ၇၇ နဲ့ ၈၇ ကြားတွင် ဖြစ်ပြီး နှစ်နိုင်ငံ နယ်နိမိတ် အပြီးပြတ် သတ်မှတ်မှု မရှိသေးသဖြင့် ယခုကဲ့သို့ ဆောက်လုပ်နေမူကို မြန်မာဘက်က အကြိမ်ကြိမ် ကန့်ကွက်ထားသော်လည်း အိန္ဒိယက ဆက်လက် တည်ဆောက်နေသည်ဟု ဖေါ်ပြသည်။

ယခုကဲ့သော အငြင်းပွားရာနေရာတွင် အိန္ဒိယဘက်က ICP အတွက် အဆောက်အဦး ဆောက်လုပ်ရန် ဆောင်ရွက်နေသဖြင့် ထောင်ချီရှီသော တမူးမြို့ခံများနှင့် အရပ်ဘက် လူမူ အဖွဲ့အစည်းများမှ ပူးပေါင်းပြီး တမူးမြို့ နန်းဖာလုံဈေးကနေ မြို့လယ်ထိ ယနေ့နံနက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

သားအမိနှစ်ဦး လည်လှီးအသတ်ခံရမှု တရားခံဖော်ထုတ်နိုင်ရန် ရဲက ပြည်သူကို အကူအညီတောင်းခံ ...................

Friday, December 27, 2013

ဇော်ဇော်ထွေး

မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦးလည်လှီးအသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ရန် လူသတ်မှုဖြစ်ပွားခဲ့ပြီး တစ်လကျော်အချိန် တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြည်သူကို ဒီဇင်ဘာ ၂၃ ရက်၌ အကူအညီတောင်းခံလိုက်သည်။

နိုဝင်ဘာ ၁၉ နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့သော အဆိုပါလူသတ်မှုတွင် မွန်လေးဟူသည့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က သံသယရှိထားပြီး ၎င်းကိုတွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးခြင်းဖြင့် ကူညီပေးရန် မေတ္တာရပ်ခံထားခြင်းလည်း ဖြစ်သည်။

“လူသတ်မှုမှာ သံသယရှိနေတဲ့ မွန်လေးဆိုတာ ဘောဂလမ်း၊ ဘောဂဘုန်းကြီးကျောင်းမှ ကိုရင်ဝတ်ပြီး နေသွားခဲ့တဲ့သူပါ၊ သူအခု ပုန်းရှောင်နေတဲ့နေရာကို သိရင်တော့ ကျွန်တော်တို့လည်း ကူညီဖော်ထုတ် ပေးသွားမှာပါ” ဟု လူသတ်မှုဖြစ်ပွားခဲ့သည့် ပလရ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်ဇော်မင်းက ပြောသည်။

အဆိုပါ လူသတ်မှုသည် မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်အတွင်းရှိ ဘောဂ(၂)လမ်းတွင် တန်ဆောင်မုန်းလ သူခိုးကြီးညက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းလမ်းအတွင်းရှိ ဂျိုးဖြူရေပိုက်လိုင်းအနီးတွင် အမျိုးသမီးတစ်ဦး လဲနေသည်ကို ရပ်ကွက်အတွင်းရှိ ကလေးများမှ စတင်တွေ့ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးပိုင်းမှ သူများထံသို့ အကြောင်းကြားပေးခဲ့ခြင်း လည်း ဖြစ်သည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ရဲများက စစ်ဆေးရာတွင် ယင်းလမ်းတွင် နေ ထိုင်သည့် အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ရ ခြင်းဖြစ်သည်။ ယင်းအပြင် တာဝန်ရှိသူများက အမျိုးသမီးနေထိုင်ရာ အိမ်အတွင်းသို့ သွားရောက်စစ်ဆေးရာတွင်လည်း ၎င်း၏သမီးငယ်ဖြစ်သူကို ခြင်ထောင်အတွင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသတ်ခံထားရသည်ကိုပါ တွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးသူသည် မမြတ်မြတ်စန်း (၃၆)နှစ်ဆိုသူဖြစ်ပြီး ၎င်းကို နေအိမ်ရှေ့ ၀ဲဘက် မျက်စောင်းထိုးဂျိုးဖြူပိုက်လုံးဘေး လမ်းပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ မေးစေ့ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ထို့ပြင် ယင်း၏ သမီးဖြစ်သူ မနှင်းဝေ (၉) နှစ်၊ စတုတ္ထတန်းကျောင်းသူကိုလည်း နေအိမ်ရှိ ခြင်ထောင် အတွင်း အိပ်ရာပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေလျက် တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ လူသတ်မှုကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းက (ပ)၇၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် တရားခံ ဖမ်းဆီး ရမိရေး စုံစမ်းဖော်ထုတ်နေသော အမှုလည်း ဖြစ်သည်။

ယင်းလူသတ်မှုကို ကျူးလွန်ခဲ့သူသည် အသက် (၂၅)နှစ်ရှိ မွန်လေး၊ (ဘ)ဦးအုန်း ရွှေ၊ ၁၀/မဒန (နိုင်) ၁၁၀၃၇၄ ဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

၎င်းသည် မွန်ပြည်နယ်၊ မုဒုံမြို့ ကော့ ပရံကျေးရွာနေသူဖြစ်ကြောင်းနှင့် ၎င်းင်းနှင့် ပတ်သက်၍ ဖုန်း ၀၁-၂၃၀၀၇၄၇ (ကွပ် ကဲမှုခန်းမ)၊ ၀၉-၅၂၄၀၁၁၂ (ရဲမှူး ဦးစီး)၊ ၀၉-၈၆၀၂၃၆၃ (ရဲမှူး၊ မှုခင်း)၊ ၀၉- ၈၆၀၂၃၈၆ (မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံး)၊ ၀၁-၆၃၅၁၄၈ (မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး)၊ ၀၁-၆၃၅၀၇၄ (မင်္ဂလာဒုံမြို့နယ် ရဲစခန်း)တို့ကို ဆက်သွယ်ပြီး ကူညီသတင်းပေးကြရန် အကူအညီ တောင်းခံထားခြင်းဖြစ်သည်။

မလေးရှားက မြန်မာအလုပ်သမားအရေး စိုးရိမ်စရာ မရှိတော့ဟု ဆို ..........................

Friday, December 27, 2013

မလေးရှားမှာ အန္တရာယ်အခက်အခဲတွေရင်ဆိုင်နေရတဲ့  မြန်မာအလုပ်သမားတွေရဲ့ ကိစ္စ  မြန်မာ အစိုးရ 
နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ အလုပ်သမား အေဂျင်စီက လူတွေ ဘယ်လို ကူညီပေးနေတယ် ဆိုတာကို သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးရဲ့ ဖေ့စ်ဘုတ်က တဆင့် အခုလို သတင်းထုတ်ပြန်ထားပါတယ်။ 



မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် ပြီးခဲ့သည့် ဇွန်လဆန်း ၃ ရက်က မြန်မာ အလုပ်သမား တဦး ၏ ရုပ် အလောင်း ကို မလေးရှား ရဲ တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဓာတ်ပုံ – Straits Times)

မလေးရှားရှိ မြန်မာသံရုံးမှ မြန်မာအလုပ်သမားဆိုင်ရာသံအရာရှိ ဦးစိုးဝင်း၊ မြန်မာ သံရုံး အရာရှိ(၁)ဦး၊ (မြန်မာအလုပ်သမားများကို စေလွှတ်လိုက်သော) မလေးရှားအလုပ်သမားအေဂျင်စီတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ကွာလာ လမ်ပူမှ ဆာရာဝပ်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် ထွက်ခွါခဲ့ကြောင်း၊ 
မြန်မာ အလုပ်သမားများ ကူညီရေးအဖွဲ့သည် ဆာရာဝပ်ပြည်နယ် မြို့တော် ကူချင်းသို့ ယနေ့ နေ့လည် ပိုင်းတွင် ရောက်ရှိခဲ့ပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ လေယာဉ်ဖြင့် စက်ရုံတည်ရှိရာသို့ ဆက်လက် ထွက်ခွါမည် ဖြစ်ကြောင်း၊ 
ကူချင်းမှ စက်ရုံသို့ မော်တော်ကားဖြင့် ၁၄ နာရီ ခရီးရှိပြီး လမ်းခရီး စိတ်ချရမှု မရှိခြင်းကြောင့် မနက်ဖြန်မှ ဆက်လက် ထွက်ခွါရန် ဖြစ်ကြောင်း၊ မလေးရှားရှိ မြန်မာသံရုံးကလည်း မလေးရှား အစိုးရသို့ အဆိုပါ
ဖြစ်စဉ်အား အသိပေး၍ ကာကွယ်စောင့်ရှောက်မှု အမြန်ဆုံးပေးရန် တောင်းဆို ထားပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးထားသဖြင့် မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း၊ 
မြန်မာအလုပ်သမားများ၏ အခြေအနေမှာလက်ရှိအချိန်တွင် အေးဆေးတည်ငြိမ်နေပြီ ဖြစ်ကြောင်း၊ 
မြန်မာအလုပ်သမားများထံသို့ မြန်မာအလုပ်သမားအေဂျင်စီမှ တာဝန်ရှိသူအချို့ ရောက်ရှိနေပြီ ဖြစ်ပြီး စက်ရုံ တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားများ၏ အခွင့်အရေး၊ လုံခြုံမှုကို ညှိနှိုင်းလျက် ရှိကြောင်း၊ 
နောက်ထပ် မြန်မာအလုပ်သမားအေဂျင်စီ(၂)ခုမှ တာဝန်ရှိသူများ မြန်မာနိုင်ငံမှ ယနေ့ လေကြောင်းခရီး
ဖြင့် မလေးရှားသို့ လိုက်ပါသွားကြပြီ ဖြစ်ကြောင်း၊ 
မလေးရှားရောက် မြန်မာ(စစ်ကိုင်းတိုင်းဒေသကြီးမှ)ဇနီးမောင်နှံ(၂)ဦးက မြန်မာအလုပ်သမားများအတွက် ဆန်များ လာရောက်လှူဒါန်းပေးအပ်ထားပြီး ဖြစ်၍ အစားအသောက် အခက်အခဲ ပြေလည်နေပြီ ဖြစ်
ကြောင်း၊ 
မြန်မာနိုင်ငံသံရုံးမှ အလုပ်သမားအရာရှိနှင့် သံရုံးတာဝန်ရှိသူများသည် မြန်မာအလုပ်သမားအေဂျင်စီ၊ မလေးအလုပ်သမားအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူများ၊ မလေးရှားအစိုးရမှ သက်ဆိုင်ရာ စသည်တို့ ပါဝင်
သော အလုပ်ရှင်(အလုပ်သမားအေဂျင်စီပါဝင်)-အလုပ်သမား-(၂နိုင်ငံ)အစိုးရ (၃)ပွင့်ဆိုင် တွေ့ဆုံပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာအလုပ်သမားများ၏ အခက်အခဲများ၊ လုံခြုံဘေးကင်းမှု၊ ရေရှည်အာမခံချက် စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် 
ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 
အထက်က အတိုင်း အစိုးရအရာရှိတဦးက သတင်းထုတ်ပြန်ထားသော်လည်း မလေးရှားက လာတဲ့ တချို့ သတင်းတွေမှာ ယနေ့ ညနေပိုင်းအထိ ထိရောက်တဲ့ ကူညီမှုမျိုး အစိုးရပိုင်းဆီက မရသေးဘဲ စိုးရိမ်နေရဆဲ
ဖြစ်တယ်လို့ ကာယကံ ရှင်တချို့က ပြောနေကြပါတယ်။  
ဒါပေမယ့် ဧရာဝတီကတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။ 




အိမ့်သံစဉ် ~

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း .....................

Saturday, December 28, 2013

ရွှေအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က လုံခြုံရေးအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးလိုက်ပါတယ်။

မိတ္တီလာအမတ် တပ်မတော်အရာရှိဟောင်း ဦးဝင်းထိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို ပါတီဥက္ကဋ္ဌရဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဝန်ယူဖို့ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ကမှ ခြေထောက်ခွဲစိတ် ကုသမှုခံယူထားတာဖြစ်ပြီး သူ့ရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေကတော့ ကြားသိရခြင်း မရှိပါဘူး။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကတော့ ဥက္ကဋ္ဌလုပ်ငန်းတွေ အထောက်အကူပြုနိုင်ဖို့ အဓိက ရည်ရွယ်ဖွဲ့လိုက်တာဖြစ်ပြီး သုတေသနအဖွဲ့ ဖွဲစည်းဖို့ ရှိတယ်လို့ ပြောပါတယ်။

ဥက္ကဋ္ဌလုံခြုံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရတဲ့ ဦးဝင်းထိန်ကတော့ လုံခြုံရေးအတွက် သူလုပ်မယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။

“ခါတိုင်းလိုပဲ ဒေါ်အောင်ဆန်းစုကြည်နားက အနီးကပ်လုံခြုံရေးတွေရယ်၊ နောက်ပြီးတော့ တနေရာကနေ တနေရာသွားမယ်ဆိုရင် ဒေသဆိုင်ရာ လူငယ်တွေ၊ လူကြီးတွေနဲ့ တွဲပြီး အလုပ်လုပ်ရမှာပါ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ သတင်းတပ်ဖွဲ့တို့၊ ရဲတို့ကလည်း တာဝန်ယူပြီးလုပ်တော့ သူတို့နဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အစိုးရဘက်က အခမ်းအနားတွေဆိုရင် လာပြီး ကူညီပါတယ်။ ခရီသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာ ဒေသတွေက မသိမသာ တာဝန်ယူပေးတဲ့ ကဏ္ဍတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လူငယ် လုံခြုံရေး ခေါင်းဆောင်ပါသွားတဲ့ ကလေးတွေနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိ ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အမြဲတမ်းညှိနှိုင်းပြီး ဆောင်ရွက်တာ ရှိပါတယ်။ ကျနော်တို့က အစိုးရဘက်ကို ဒေါ်စု လုံခြုံရေးအတွက် သတ်သတ်မှတ်မှတ် လုပ်ပေးပါလို့ မတောင်းဆိုဘူး။ ဒါပေမယ့် သူသွားလေရာ ဒေသတိုင်းမှာ ရှိတဲ့ ရဲတို့၊ အက်စ်ဘီတို့ ထောက်လှမ်းရေးရှိရင်လည်း ထောက်လှမ်းရေးတွေက ၀ိုင်းဝန်းကူညီပြီးတော့ ကျနော်တို့နဲ့ လက်တွဲ ဆောင်ရွက်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။”


ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ၁၉၈၈-၈၉ ကာလက သုံးရောင်ခြယ်လူငယ်တွေက တာဝန်ယူခဲ့ပြီး၊ ၁၉၉၅-၉၆ လောက်ကစပြီး သုံးရောင်ခြယ် လူငယ်အဖွဲ့နဲ့ အန်အယ်လ်ဒီလူငယ်တို့ ပူးပေါင်း တာဝန်ယူခဲ့ကြပါတယ်။ အခု ၂၀၁၀ နောက်ပိုင်းမှာတော့ အန်အယ်လ်ဒီ လူငယ်တွေကပဲ တာဝန်ယူ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ယခင်စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရဖူးပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အန္တရာယ် ကြီးကြီးမားမား ကြုံတွေ့ခဲ့ရတာ မရှိခဲ့ပါဘူး။

Friday, December 27, 2013

ဦးရွှေမန်း သမ္မတဖြစ်နည်း နိဿရည်း ..............................

Friday, December 27, 2013
~



ဦးရွှေမန်း 
သမ္မတဖြစ်ရေး ခေါင်းကိုက်နေသလား။
၂၀၁၅ အလွန်မှာ
သမ္မတ ဖြစ်လာနိုင်မလား။
ဖြစ်လာနိုင်ပါတယ်။  ထောက်ခံမှု အများအပြား ရမယ့်အပြင် နတ်သား နတ်သမီးတွေကတောင် ထောက်ခံကြလိမ့်မယ် တဲ့။ 
 


 


ဒီလို ထောက်ခံမှုရဖို့က သိပ်မခက်ပါဘူး။ ဒီအကြောင်း ဒီနေ့ထုတ် အောင်ဇေယျတု ဂျာနယ်မှာ ရေးထားပါတယ်။
ဒီဂျာနယ်က မောင်သွေးချွန် အယ်ဒီတာချုပ်လုပ်တဲ့ ၉၆၉ဂျာနယ် ဖြစ်ပါတယ်။

သူရဦးရွှေမန်းက
အနောက်နိုင်ငံခရီးစဉ်တစ်ခုမှာ '၉၆၉'လှုပ်ရှားသူတွေကို ဖမ်းမယ်ဆီးမယ်လို့ ကြိမ်းဝါးထားတဲ့အတွက် ရတနာသုံးပါးကို ပြစ်မှားထားသူ ဖြစ်ပါတယ်။
၉၆၉ ရတနာသုံးပါးကို တရားဝင် တောင်းပန်ပြီး အမျိုး ဘာသာ သာသနာ အတွက် တကယ် ဆောင်ရွက်မယ် ဆိုရင် လူသာမက နတ်တွေကပါ မဲပေးပါလိမ့်မယ်

လို့ အယ်ဒီတာချုပ်က ရေးပါတယ်။

သာသနာပြုအဓိဋ္ဌာန်မရှိသူဟာ ဒီနိုင်ငံနဲ့ မထိုက်တန်ဘူး
၂၀၁၅ ရွေးကောက်ပွဲအတွက် အချက်ပေးခေါင်းလောင်းသံ

ဆိုတဲ့ ဆောင်းပါးမှာ အဲဒီလို ရေးထားတာပါ။

ဒီရေးသားချက် မှန်ကန်ရင်တော့  ... ဆောရီး ပြောလိုက်တာနဲ့  ဦးရွှေမန်းကြီး သမ္မတဖြစ်လာမယ့်သဘောရှိပါတယ်။

ဆောင်းပါးမှာ သူရဦးရွှေမန်းအကြောင်း တခြား ရေးသားချက် မပါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုတော့ ခပ်များများ ရေးထားတာ တွေ့ရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်က
လွှတ်တော်ထဲရောက်သွားတော့လည်း ထူးခြားထင်ရှားတဲ့ ဆောင်ရွက်ချက်တွေ ဘာတစ်ခုမှ လုပ်ပြမသွားခဲ့ပါဘူး။ ပြည်ခိုင်ဖြိုးပါတီနဲ့ ပရောပရီ လုပ်ခဲ့ပြီး စစ်တပ်ကို ညိုမြလုပ်ခဲ့တာကလွဲရင် ပြည်သူလူထုအတွက် ဘာတစ်ခုမှ မဆောင်ရွက်နိုင်ခဲ့ပါဘူး
လို့ ရေးပါတယ်။

ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့က ၂၀၁၅ မှာ သမ္မတအဖြစ်  တာဝန်ယူလိုကြောင်း ပြောဆိုထားသူများပါ။

လက်ရှိသမ္မတရာထူး ယူထားသူ ဦးသိန်းစိန်ဖြစ်ပါတယ်။ ၂၀၁၅ အလွန်မှာ ဒီရာထူးကို ဦးသိန်းစိန်ကပဲ ဆက်ယူရဖွယ် ရှိတယ်လို့ သုံးသပ်သူတွေလည်း မနည်းပါဘူး။
ဦးသိန်းစိန်ကြီးကို မောင်သွေးချွန်က မည်သို့ ယူဆပါသလဲ။

လူပုဂ္ဂိုလ်အားဖြင့်တော့ လက်ရှိ
သမ္မတကြီး ဦးသိန်းစိန် မဆိုးရှာပါဘူး။ အောင်မှတ်လောက်တော့ ပေးနိုင်ပါတယ်
တဲ့။

ရွေးကောက်ပွဲမှာ NLD  နိုင်ရင် မြန်မာပြည်အနာဂတ်ဟာ ဘာသာခြားတွေလက်ထဲ ၀ကွက်အပ်လိုက်သလို ဖြစ်သွားမယ်၊
ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ ဆိုတာကလည်း  သည်မင်း သည်စိုး သည်သူခိုးနှင့် သည်မိုး သည်လေ သည်လူတွေ ဆိုတဲ့ စကား ရှိနေတယ် လို့ ဆိုတယ်။

သူ့ဆောင်းပါးရဲ့ လိုရင်းက ၉၆၉ ဘက်မှာသာ ရပ်တည်ရင် ဘယ်ပါတီ ဘယ်ခေါင်းဆောင်မဆို အများပြည်သူရဲ့ထောက်ခံမှုကို ရမယ် ဆိုတဲ့ သဘောပါပဲ။
ဒီအတိုင်းသာ ဆိုရင် နိုင်ငံရေးသမားတွေဟာ ၉၆၉ ကို ဝေဖန်ရေး လုပ်ရဲတော့ဘူး ထင်ပါရဲ့။

ဒီဂျာနယ်မှာ ... စစ်မရောက်ခင် မြားကုန်နေတဲ့ ဒေါက်တာသန်းထွဋ်အောင်သို့ (မွဲချင်တဲ့ခွေး ပြာပုံမတိုးမိစေဖို့) ... ဆိုတဲ့ ခေါင်းစဉ်တပ် ဆောင်းပါးရှည်ကိုလည်း မောင်သွေးချွန်က ရေးထားပါသေးတယ်။

စိတ်ဝင်စားသူများအတွက် လက်တို့လိုက်ပါတယ်။



ရွှေဆိုင် ဓားပြတိုက်သူမှာ လောက်ကိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တူတော်.....................................




မန္တလေး၊ ဒီဇင်ဘာ ၂၄

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်ရှိ နာမည်ကျော် မောင်ကိန်း
ရွှေဆိုင် ဓားပြတိုက်မှု၏ တစ်ကိုယ်တော် သေနတ်သမားမှာ လောက်ကိုင်မြို့နယ်မှ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလျူကွယ်ရှီ၏ တူတော်စပ်ပြီး
၎င်းကိုင်ဆောင်သည့် အီတလီ နိုင်ငံထုတ် ပစ္စတိုမှာလည်းနှင့် ဦးလေးဖြစ်သူ၏ နေအိမ်ရှိ ကိုးကန့်
လုံခြုံရေး အစောင့်များထံမှ ယူဆောင်လာခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
ထံမှ သိရသည်။

“အခုချိန်မှာတော့ သူကို စစ်နေတုန်းပဲ၊ ဘာအကြောင်းကြောင့် လုပ်တယ်ဆိုတာ မသိရပါဘူး၊ အဓိ
က ကလည်း ငွေကြောင့်ပါပဲ၊ သတိက ရလိုက်မရလိုက်နဲ့ ဆိုတော့” ဟု အဆိုပါရုံးမှ တာဝန်ရှိသူ
တစ်ဦးက ဆိုသည်။

သတိအနည်းငယ် ရသည့်အချိန်တွင် အသက် ၃၀ နှစ်အရွယ် ကိုးကန့်လူမျိုး တစ်ကိုယ်တော် သေ
နတ်သမား အားရှန်ကို မေးမြန်းရာ ၎င်းသည် ကျောက်အရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး
မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ် ၁ ရပ်ကွက် ၆၃- ၆၄ လမ်းကြားရှိ ဆွေမျိုးများအိမ်သို့ လွန်
ခဲ့သော တစ်ပတ်က ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ပြစ်မှုကျုးလွန်သည့် နေ့တွင် လက်ရှိ တည်းခို
နေသည့်အိမ်မှ နံပါတ်မပါ ဆိုင်ကယ်တစ်စီး ယူသွားပြီးနောက် အိမ်သို့ ဆိုင်ကယ်မပါဘဲ ပြန်လာ
ကာ နစ်ဆန်းဆလွန်း အနက်ရောင်ကားကို မောင်းကာ ပြန်လည် ထွက်သွားသည်ဟု ဖြေကြား
ကြောင်း အမှုစစ် ရဲအရာရှိတစ်ဦးက သုံးသပ် ပြောဆိုသည်။

မောင်ကိန်း ရွှေဆိုင်တွင် သေနတ် ပစ်ဖောက်၍ ရွှေထည်ပစ္စည်း ၁၁ ခုကို ယူဆောင်ပြီး ပြန်လည်
ထွက်ခွာရန် ဆိုင်ကယ်ပေါ်တက်စဉ် ၎င်းကို ဆိုင်ဝန်ထမ်းတစ်ဦးနှင့် ဆိုင်ပတ်ဝန်းကျင်မှ လူများ
ဝိုင်းဝန်းဖမ်းဆီး ရိုက်နှက်မှုတို့ကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ် လူနာဌာတွင် ကု
သလျက်ရှိရာ ဒဏ်ရာအရှိန် ပြင်းထန်သည့်အတွက် ယခုအချိန်ထိ သတိရတစ်ချက် မရတစ်ချက်ဖြစ်
ကာ အသေအချာ မစစ်ဆေးရသေးကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်ရှိ နာမည်ကျော် မောင်ကိန်း ရွှေ
ဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က အမည်မသိ အမျိုးသားတစ်ဦး သေနတ်ကိုင်
ဆောင် ဝင်ရောက်လာကာ သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်း ၁၁ ခုကို ယူဆောင်ပြီး ဆိုင်ရှေ့
မှ ထွက်ခွာချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူများနှင့် ဆိုင်ဝန်ထမ်းများက ပြောကြား
သည်။

The Voice Weekly  မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ရွှေဆိုင် ဓားပြတိုက်သူမှာ လောက်ကိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တူတော် http://www.simon-vlog.com/2013/12/blog-post_7022.html#ixzz2obsWRiUw
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ဗိုလ်ချုပ် စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက် ကုသ..................................










ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်
ခမ်းမွေးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကင်ဆာ
ရောဂါ ဆေး ကုသမှု ခံယူနေကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) မှ ဦးလှမောင်ရွှေက ပြော
ကြားသည်။

ဗိုလ်ချုပ် စောလားပွယ်သည် ကင်ဆာရောဂါ ကုသရန်အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြည်တွင်း
သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ဆေးရုံကို ရောက်နေတာ နှစ်ရက်လောက်ရှိပြီ။ ကင်ဆာလို့ပဲ သိပါတယ်။ အသေးစိတ်ကို မသိသေးပါ
ဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဗိုလ်ချုပ် စောလားပွယ်၏ ကင်ဆာရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် လိုအပ်သဖြင့်
အစိုးရက နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေကြောင်း MPC ထံမှ သိရသည်။

ဗိုလ်ချုပ် စောလားပွယ်၏ ရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် အစိုးရ အကူအညီ လိုအပ်သော
ကြောင့် ပြည်တွင်းရှိ ဆေးရုံသို့ တက်ရောက် ကုသခြင်း ဖြစ်ကြောင်း DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စော
ဆန်းအောင်က ဆိုသည်။

“ကင်ဆာအကျိတ် ဖြစ်နေတာ ကြာပါပြီ။ အခုမှ ပြည်ပသွားကုဖို့ လုပ်တာပါ။ ဂျပန်နဲ့ စင်ကာပူ တစ်ခုခုကို
သွားကုမှာပါ” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ် စောလားပွယ်မှာ ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်၍ DKBA ကို
ဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။

DKBA နှင့် အစိုးရတို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထား
သော်လည်း အစိုးရက နယ်ခြားစောင့် တပ်အဖြစ် ထားရှိမှုကို လက်မခံကြောင်း ငြင်းဆိုထားသည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဗိုလ်ချုပ် စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက် ကုသ http://www.simon-vlog.com/2013/12/blog-post_8939.html#ixzz2obrwpjzw
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မူကြိုကျောင်းကစားကွင်းထဲ ကလေးတယောက် မျက်လုံးနား ပွန်းပဲ့ ဒဏ်ရာရ............................

ကလေး ကစားကွင်း

~


  ကစားကွင်းတွေဟာ ကလေးများအတွက် အင်မတန် အရေးပါပါတယ်။ မွန်းကြပ်တဲ့မြို့ပြက ကလေးတွေအတွက်ဆို ပိုပြီး အရေးပါပါလိမ့်မယ်။



ဧရာဝတီကို ဒီမနက် ရောက်လာတဲ့ ပေးစာတစောင်မှာ မူကြိုကျောင်းကစားကွင်းထဲ ကလေးတယောက် မျက်လုံးနား ပွန်းပဲ့ ဒဏ်ရာရသွားပုံကို ဖော်ပြထားပါတယ်။ ကျောင်းက တာဝန်ရှိသူများရဲ့ တုန့်ပြန်ပုံ ဆောင်ရွက်ပုံကို မကျေနပ်ကြောင်းလည်း ရေးထားပါတယ်။ အသံဖိုင်လည်း ရှိပေမယ့် အင်တာနက်နှေးကွေးမှုအခြေအနေကြောင့် စာနဲ့ပုံတွေပဲ ဖော်ပြပေးလိုက်ပါတယ်။

ကစားကွင်းတွေက ကလေးများထိခိုက်ဒဏ်ရာမဖြစ်ရေးကို ဦးစားပေးဖို့ လိုအပ်သလို တခုခုဖြစ်လာရင်လည်း ကုသမှု ပြုစုစောင့်ရှောက်မှု ချက်ချင်းပေးဖို့ လိုတယ်၊ အုပ်ထိန်းသူကို လိုတိုရှင်း ပွင့်ပွင့်လင်းလင်း အသိပေးဖို့ လိုပါတယ်။

မူကြိုကျောင်း ကလေးထိန်းကျောင်းတွေဘက်ကလည်း ကလေးတွေ ထိခိုက်ဒဏ်ရာရမှာကို လိုလားကြမယ် မဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်တွေအတွက် ကလေးကစားကွင်းတွေရဲ့ အားနည်းချက်တွေ၊ ဆက်သွယ်ပြောဆိုမှုဆိုင်ရာ အားနည်းချက်တွေ ရှိမယ်ဆိုရင် ကြိုတင်ကာကွယ်ကြ ပြင်ဆင်ကြတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။








.

Wednesday, December 25, 2013

ကျပ်ဘီလီယံချီရှိနေသော အခွန်ကြွေးကျန်များ အကျေမဆောင်က အရေးယူမည်ဟုဆို .....................................

သီဟကိုကို

တစ်ဦးချင်းအနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်ကြွေးကျန် ကျပ်ငွေဘီလီယံနှင့်ချီကာရှိနေပြီး ယင်းတို့ကို လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းသန်းက မဇ္ဈိမသို့ ပြောသည်။

မဇ္ဈိမက အခွန်ကြွေးကျန်များနှင့် စပ်လျဉ်းကာ ဒီဇင်ဘာ ၁၉ ရက်တွင် မေးမြန်းခြင်းအပေါ် ဦးထွန်းသန်း က အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး တစ်ဦးချင်း၏ အခွန်ကြွေးကျန်များမှာ တစ်ဦးတည်းပိုင် စီးပွား ရေးလုပ်ငန်းများ၏ ယခင်ခေတ် အဆက်ဆက်မှ ကြွေးကျန်များဖြစ်ပြီး ၀င်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် အမြတ်ခွန်တို့ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။

ဦးထွန်းသန်းက “အခွန်ပေးဆောင်ဖို့ ကျန်ရှိနေတဲ့ အခွန်ထမ်းတွေအနေနဲ့ ကြွေးကျန်တွေကို ၂၀၁၄ မတ်လ ၃၁ ထိ ပေးသွင်းဖို့ ကျန်ရှိနေရင် အခွန်ဆိုင်ရာ ဥပဒေတွေအတိုင်း အရေးယူဆောင်ရွက်သွား မယ်” ဟု ပြောကြားသည်။

အခွန်ကြွေးကျန်များကိစ္စနှင့် စပ်လျဉ်းကာ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ထပ် မံမေးမြန်းရာတွင် ဒီဇင်ဘာ ၁၃ ရက်အထိ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်း၌ပင် အခွန် ကြွေးကျန် ကျပ်ငွေ ၆၇ ဘီလီယံအထိရှိနေကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ကျော်က မဇ္ဈိမသို့ ပြန်လည်ဖြေကြားခဲ့သည်။

အခွန်ကြွေးကျန်များကို သတ်မှတ်ကာလအတွင်း ပေးသွင်းရန်ကျန်ရှိသည့် လုပ်ငန်းများ၊ ပုဂိ္ဂုလ်များကို အခွန်ဥပဒေများအရ ကျန်ငွေ၏တစ်ဆအား ငွေဒဏ်အဖြစ်ဒဏ်ရိုက်နိုင်ပြီး ပိုင်ဆိုင်မှုပစ္စည်းများအား ၀ရမ်းကပ်ကာ လေလံတင်ရောင်းချသည်အထိ အရေးယူနိုင်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ တာဝန်ရှိသူများက ပြောကြားသည်။

အခွန်များ ကျပ်ငွေဘီလီယံနှင့်ချီကာ မပေးဆောင်ဘဲ ကျန်ရှိနေခြင်းသည် အခွန်စည်းကြပ်ပုံနည်းစနစ် အပြင်ဘဏ်အသုံးပြုမှု နည်းပါးသေးခြင်းကြောင့်လည်း ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးလှမောင်က ပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ့လူဦးရေ၏ တစ်ရာခိုင်နှုန်းသည်သာ အခွန်ပေး ဆောင်မှုရှိသေးပြီး ကျွမ်းကျင်သူများ၏အဆိုအရ နိုင်ငံGDP တွင် အခွန်၏ ပါဝင်မှုသည် သုံးရာခိုင်နှုန်း ၀န်းကျင်သာရှိနေကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံနှင့်နှိုင်းလျှင်ပင် နည်းပါးလွန်းနေသေးသည်ဟုဆိုသည်။

သတင်းထောက် နော်ခိုင်ခိုင်အေးချိုအား ထောင်ချမှုကို တရားမျှတစွာ ပြန်ဆောင်ရွက်ပေးရန် MJN ပြောဆို

စောထွန်းလင်း

The Daily Eleven ၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် သတင်းထောက် နော်ခိုင်ခိုင်အေးချိုကို လွိုင်ကော်မြို့နယ် ဒုတိယ တရားသူကြီးက ထောင်သုံးလ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မျှတသည့် တရားစီရင်မှုဖြစ်ရန် သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည် ဆောင်ရွက်ပေးစေလိုကြောင်း မြန်မာသတင်းထောက်များကွန်ရက်(MJN)က ဒီဇင်ဘာ ၂၀ရက်နေ့တွင် တောင်းဆိုလိုက်သည်။

နော်ခိုင်ခိုင်အေးချိုအား ဒီဇင်ဘာ ၁၇ရက်နေ့က ထောင်ချမှတ်လိုက်သည့်အပေါ် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအနေဖြင့် အဖြစ်မှန် ဖော်ထုတ်ပေးရန် (MJN)က ကြေငြာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

MJN အတွင်းရေးမှူးတစ်ဦးဖြစ်သူ ကိုအောင်သူရက “မခိုင်အမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ အသင့်တော်ဆုံးအချိန် မှာ အမှန်တရားအတိုင်း ဖော်ထုတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာပါ။ ဒါကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန် မလုပ်ပေးရင် ဆက် လုပ်သင့်တာကို လုပ်သွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သတင်းထောက် နော်ခိုင်ခိုင်အေးချိုအား သတင်းရယူမှုနှင့် ပတ်သက်၍ နေအိမ်ကျူးကျော်မှုဖြင့် လွိုင်ကော်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၇ရက်၌ ပြစ်မှုပုဒ်မ-၄၅၁ အရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုပုဒ်မ-၅၀၀ အရ ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ-၂၉၄(ခ) အရ ထောင်ဒဏ်တစ်လတို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုပုဒ်မ ၄၅၁မှာ ပိုင်နက်ကျူးလွန်မှုဖြစ်ပြီး ပြစ်မှုပုဒ်မ-၂၉၄ (ခ)မှာ ညစ်ညမ်းစွာ ပြောဆိုမှုဖြစ်ကာ ပြစ်မှုပုဒ်မ ၅၀၀မှာ အသရေ ဖျက်မှုဖြစ်ကြောင်း Eleven Media Group ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် ယင်းကဲ့သို့ သတင်းထောက်တစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်းခံရခြင်းနှင့် ပတ်သက်၍အ ပေါ် ပြည်တွင်းမီဒီယာများ၊ ပြည်တွင်းမီဒီယာအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းအချို့နှင့် ပြည်ပသတင်းမီဒီယာ အဖွဲ့အ စည်းများကလည်း ကန့်ကွက်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမြင့်ကျော်က “အခုလို ငွေဒဏ်ချမှတ်လို့ရတဲ့ အမှုတွေကို ထောင်ဒဏ်ချမှတ်လိုက်တယ်ဆိုတာ ပြင်းထန်လွန်းတယ်လို့တော့ မြင်တယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

လွိုင်ကော်ထောင်တွင် လက်ရှိ အကျဉ်းကျခံနေရသည့် သတင်းထောက် နော်ခိုင်ခိုင်အေးချိုသည် ၂၀၁၁ခုနှစ်မှစ၍ ကရင် သတင်းစဉ်တွင် သတင်းထောက်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့် ယခုနှစ် အောက်တိုဘာလ တွင် ၎င်းသတင်းစဉ်မှ အနားယူသွားခဲ့သူဖြစ်သည်။

ငြိမ်းချမ်းရေးအဖွဲ့နှင့် တင်းမာ၍ မိုဘိုင်း စစ်ဆေးရေးအဖွဲ့ လက်နက်တပ်ဆင် ..............................


Tuesday, December 24, 2013

သစ်နေမိုး

ကရင် ငြိမ်းချမ်းရေး အဖွဲ့ တဖွဲ့ ဖြစ်သော နောင်ရိုး အထူးဒေသ (KEAP) အဖွဲ့အား တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) က ကန့်သတ် ကုန်ပစ္စည်းများ စစ်ဆေးခဲ့သည့် ဖြစ်စဉ်တွင် တင်းမာမှု ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဆေးရေး အဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်များကို လက်နက်အစုံ တပ်ဆင်ပေး လိုက်ကြောင်း သိရသည်။

မြ၀တီ-ရန်ကုန်လမ်း စစ်တောင်း-ဒိုက်ဦးလမ်းဆုံ အနီး ညောင်ခါးရှည် ရွာတွင် ယခု လဆန်းပိုင်းကKEAP အဖွဲ့ သယ်ဆောင် လာ သော တရားမ၀င် ကန့်သတ် ကုန်ပစ္စည်းများကို မိုဘိုင်း စစ်ဆေးရေးအဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း၊ နောက်တရက်တွင် KEAP အဖွဲ့က လက်နက်ကိုင် လူအင်အား ၁၀ ဦးကျော်ဖြင့် လာရောက်၍ ပြန်လည် ယူဆောင်သွားခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကို လက်နက်များ တပ်ဆင်ပေးရခြင်း ဖြစ်ကြောင်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။

“ဒီလမ်းကြောင်းက ဒါကိုခွင့်ပြုပေးလို့ မရဘူး၊ ပစ္စည်းရော ကားတွေရော တားထားတာပေါ့၊ နောက်တနေ့ မနက်မှာ အဲ့ဒီအဖွဲ့က လက်နက်အင်အား ၁၀ ယောက်လောက်နဲ့လာပြီး မပေးဘူးလား ပေးမှာလား ခြိမ်းခြောက် ပြောဆိုပြီး ကားတွေ မောင်းသွားတယ်” ဟုလည်း ၄င်းက ဧရာဝတီကို ပြောပြသည်။

ကရင်ပြည်နယ် ဘီးလင်းဒေသ အခြေစိုက် KEAP အဖွဲ့က ဘီယာဖာ ၅၇၀ ကို Super Custom နှစ်စီးဖြင့် အပြည့်သယ်ဆောင် လာ ခြင်း ဖြစ်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ ဥပဒေအရ စစ်ဆေးဆုံးဖြတ်မှုကို လိုက်နာခြင်း မရှိဘဲ အလွတ် သယ်ယူသွားကြ ခြင်း လည်း ဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့က ပြည်နယ်အစိုးရသို့ တင်ပြခဲ့ရာ ပြည်နယ် လုံခြုံရေးဝန်ကြီး ကိုယ်တိုင် လာရောက်ခဲ့ကြောင်းနှင့် ကန့်သတ်ပစ္စည်းများနှင့် ထွက်ပြေးသွားသူများအား မွန်ပြည်နယ်တွင် ထိန်းသိမ်းမိခဲ့ကြောင်း သိရသည်။

ထွက်ပြေး သွားသူများကို ထိန်းသိမ်းနိုင်ခဲ့ပြီး နောက်ပိုင်း ရက်အနည်းငယ် အတွင်း KEAP အဖွဲ့ခေါင်းဆောင်က မိုဘိုင်း စစ်ဆေး ရေး အဖွဲ့သို့ လာရောက်ပြီး ရန်လိုသော သဘောမျိုးဖြင့် တင်းမာစွာပြောဆိုသွားခဲ့သည်ဟု မိုဘိုင်း စစ်ဆေးရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အဲ့ဒီကြားမှာ သူတို့ခေါင်းဆောင် လာပြီး ရန်ရှာမယ် ဘာညာ ပြောသွားပြန်ရော၊ ကျနော်တို့လည်း စဉ်းစားတာပေါ့၊ ဒီတိုင်းဆိုရင် တော့ မဖြစ်ဘူး၊ ဟိုက သေနတ်တွေ ဘာတွေနဲ့ လာတယ်၊ မတော် ပစ်သွားရင် ကိုယ့်မှာလည်း ဘောလ်ပင်ပဲ ရှိတယ်ပေါ့၊ ရဲတွေကိုတော့ သေနတ်တွေ ဘာတွေ ထုတ်ပေးသင့်တယ် ဆိုပြီး တင်ပြတော့ အခု ခရိုင် ရဲမင်းကြီး ကိုယ်တိုင်လာပြီး Mobile Team က ရဲအဖွဲ့ကို လက်နက် အပြည့်အစုံ ထုတ်ပေးထားတယ်”ဟု ၄င်းက ပြောပြသည်။

လက်ရှိတွင် မိုဘိုင်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က အဆိုပါ တရားမ၀င် ကန့်သတ် ကုန်ပစ္စည်းများ မောင်းနှင်သွားသူအား ပဲခူး အမှတ်(၁) ရဲစခန်းတွင် ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း တာဝန်မှူး ဒု ရဲအုပ် ညီညီက ပြောသည်။

“နောင်ရိုး အထူးဒေသ အဖွဲ့က ဗိုလ်မှူး အဆင့်ရှိတဲ့ စောငွေဟောက် ဆိုသူပါ၊ လက်ရှိကတော့ စစ်ဆေးဆဲပေါ့၊ သူက အာမခံနဲ့ အပြင် မှာပါပဲ၊ သူတို့အဖွဲ့ ခေါင်းဆောင် ကိုယ်တိုင် လာပြီး အပ်သွားခဲ့တာပါ”ဟု ၄င်းက ပြောပြသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု အဓိက လမ်းကြောင်းများ ဖြစ်သော မူဆယ်-မန္တလေး လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၁ နှင့် မြ၀တီ-ရန်ကုန် လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၂ ကို ထားရှိ စစ်ဆေးကြောင်း၊ အခြား နယ်စပ် ထွက်ပေါက် ရှောင်ကွင်း လမ်းများတွင်လည်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့ငယ်တချို့ဖြင့် တရားမ၀င်ကုန်သွယ်မှု ထိန်းချူပ်ခြင်းများ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

စားသုံးသူ ကာကွယ်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း ကျဆင်းစေရေး လှုပ်ရှား တားဆီးရေး အဖွဲ့ဟုခေါ်သည့် (Mobile Team) မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခု ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင် ၊ ဗွီဒီယို ဆင်ဆာ စနစ် ဖျက်သိမ်းမည် ...........................................


Tuesday, December 24, 2013

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ။ ။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက်မှစ၍ ရုပ် ရှင်၊ ဗွီဒီယိုဇာတ်ကားများနှင့် သက်ဆိုင်သည့် လုပ်ငန်းများ အားလုံး ဆင်ဆာတင်ရန်လုံးဝ မလိုအပ်တော့ကြောင်း သိရ သည်။

ယခင်က မြန်မာဗွီဒီယိုနှင့် ရုပ်ရှင် ဇာတ်ကား များ၊ ယင်းတို့ နှင့် သက်ဆိုင်သောကြော်ငြာ၊ ပိုစတာ၊ ကာဗာဓာတ်ပုံများ၊ ဒီဇိုင်းများ အစရှိသည်တို့အား အများပြည်သူသို့ ဖော်ပြရန်အ တွက်လုပ်ဆောင်ရာ တွင် မြန်မာ နိုင်ငံ ဆင်ဆာအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရယူနေရခြင်းအား ၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက်မှ စတင်ကာ ဖြေလျှော့ လိုက်ပြီဖြစ် ကြောင်း မြန်မာ့ ရုပ်ရှင်လုပ်ငန်း မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်း အောင်က ပြောသည်။

''ဆင်ဆာနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့ဘက်ကို လုံးဝတင်ပြစရာ မလိုတော့ပါ ဘူး။ အဲဒီလိုတင်ပြစရာမလိုအပ် တော့တာကိုလဲ မြန်မာ့ရုပ်ရှင် လုပ်ငန်းကနေပြီးတော့ တရား ဝင် သတင်းထုတ်ပြန်သွားဖို့ရှိ ပါတယ်''ဟု ယင်းကဆိုသည်။

၂၀၁၄ခုနှစ်မှ စတင်ကာ ရုပ်ရှင်ဗွီဒီယိုဇာတ် ကားများနှင့်ပတ်သက်၍ ဆင်ဆာတင်ပြရခြင်း၊ ဆင်ဆာထောက်ညွှန်ခြင်းများ လုံးဝပြုလုပ်တော့ မည် မဟုတ်တော့သောကြောင့် ယင်းကာလမှ စတင်ကာပုံနှိပ်ထုတ်ဝေခြင်းနှင့် သက်ဆိုင်သော ဥပဒေ၊ ဓာတ်ပုံပိုင်ဆိုင်ခွင့်၊ အမြင်မသင့်တော် သောကိစ္စရပ်များနှင့်ပတ်သက်၍ ဖြစ်ပေါ်လာ မည့်ကိစ္စရပ်များ ရုပ်ရှင်၊ ဂီတအစည်းအရုံးများ မှ ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း နှင့် ရုပ်ရှင်ဇာတ်ကားများထုတ်လုပ်ဖြန့်ချိသော ထုတ်လုပ်သူများမှ ဖြစ်ပေါ်လာမည့်ကိစ္စအဝဝတို့ အား တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဗွီဒီယိုဇာတ်ကားများ ရိုက်ကူးပြီး စီးပါကဗွီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြ၍ ဆင် ဆာအဖွဲ့၏ထောက်ပြချက်များအား ပြင်ဆင်ခြင်း၊ ဖြတ်တောက်ခြင်း၊ ပြန်လည်ရိုက်ကူးခြင်းအစ ရှိသော လုပ်ငန်းဆောင်တာ များကိုထုတ် လုပ်သူ များနှင့် ဒါရိုက်တာအစရှိသောတာဝန်ရှိသူ များ တိုင်ပင်၍ ပြင်ဆင်ရကြောင်း သိရသည်။ ဗွီဒီယိုဆင်ဆာအဖွဲ့မှ ဦးမျိုးဇော်အောင် က ''ဆင်ဆာမကြည့်တာ တော်တော်ကြာပြီ။ ဘာဖြစ်လို့ မကြည့်တာလဲဆိုတဲ့ အကြောင်းပြ ချက်ကတော့ အများ ကြီး ရှိတယ်။ ဆင်ဆာမကြည့် ရသေးဘဲနဲ့ သူတို့ ဘာသာသူတို့ အခွေဖြန့်မယ် ဆိုရင်လဲ ရတယ်။ ဒါပေမဲ့ ဖြစ်လာသမျှတာဝန် အားလုံးကို သူတို့ဘာသာသူတို့ဖြေရှင်းကြလေ။ ဒီဘက်ကလုံးဝဖြေရှင်းပေးမှာ မဟုတ်ဘူး။ ဆင် ဆာမ ကြည့် ဘူးဆို ပေမယ့် ထုတ်လုပ်ရေးက ဒီဇာတ်ကားဖြန့်ပါတော့မယ်ဆိုပြီးတော့ လာပြရင် သူတို့ကို ဘယ်အခန်းကတော့မသင့်တော်ဘူး ဆိုတာမျိုးကိုပြောတယ်။ စာပို့တယ်၊ သူတို့ကရပြီ ဖြန့်တော့မယ်ဆိုရင်ရတယ်။ ခံဝန်ထိုး လက်မှတ် ထိုးပြီး ရင်ဖြန့်လို့ရပြီ။ ကျန်တဲ့ဖြစ်လာသမျှ ပြဿနာအားလုံးကတော့ သူတို့တာဝန်ယူရမှာ ပဲ''ဟု ရှင်းပြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ယခင် ကဆင်ဆာဖြတ်တောက်ရန်အတွက် ပြင်ဆင် ရမည့်အချက်များအား ပြင်ဆင်စေရန်အတွက် တရားဝင် ထုတ်ပြန်ကြော်ငြာချက်များရှိသော် လည်း ယခုအခါတွင် တရားဝင်ထုတ်ပြန်ခြင်း များမရှိတော့ ကြောင်း သိရသည်။

''ကျွန်တော်တို့လောကသားတွေမှာ အခြေ အနေအမျိုးမျိုးရှိပါတယ်။ ဗွီဒီယိုတစ်ကားထွက် ဖို့အတွက် ခက်ခက်ခဲခဲထုတ်လုပ်ရတာတွေရှိ တယ်။ အဲဒီလိုအချိန်မျိုးမှာ ဆင်ဆာအဖွဲ့က ပြည်သူလူထုကို ပြသခွင့်မရှိဆိုတဲ့ထောက်ညွှန် ချက်မျိုး ဖြစ်လာ ရင် အစည်းအရုံးကနေကြားဝင် ပြီး ထုတ်လုပ်ရေးနဲ့ နှစ်ဖက်ခေါ်ဆွေးနွေးမယ်။ သူတို့ဘက်က ဒီလိုမျိုးဖြတ်တောက်ပေးနိုင်မယ် ဆိုရင်လဲဖြတ်ပေးမယ်။ မဖြတ်ပေးနိုင်ဘူး ဆိုရင်လဲ ကျွန်တော်တို့ဘက်ကပဲ အတတ်နိုင်ဆုံး ကြားဝင် ဆောင်ရွက် ပေးမယ်။ ဆင်ဆာဖြတ်တောက်မှု ရှိနေတာကို မနှစ်သက်တဲ့အထဲမှာ ကျွန်တော် လဲပါပါတယ်''ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းက ပြောသည်။

နွေးနွေး - Yangon Media Group

Thit Htoo Lwin - News

အသက်မပြည့်သေးသူကို ခိုးယူပေါင်းသင်းမှုဖြင့် တပ်ပြေးတစ်ဦး အမှုဖွင့်ခံရ ............................

Tuesday, December 24, 2013

ဇော်ဇော်ထွေး

အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းမှုဖြင့် စစ်တပ်မှတပ်သားတစ်ဦးကို အရေး ယူပေးရန် တိုင်တန်းမှုတစ်ခုကို မင်္ဂလာဒုံရဲစခန်းက ဒီဇင်ဘာ ၂၁ ရက်တွင် အမှုဖွင့် ဖမ်းဆီးထားသည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို မင်္ဂလာဒုံ ထောက်ကြန့်နေ ကာယကံရှင် ကလေးငယ်၏ အုပ်ထိန်းသည့် အဒေါ်ဖြစ်သူ က အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

အသက် (၁၃နှစ် ၇) လရှိ တူမဖြစ်သူကို ဒီဇင်ဘာ ၁၇ ရက်ည ၉ နာရီက ဓာတ်ခဲဝယ်ရန် စေလွှတ်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာမှု မရှိခဲ့သည့်အတွက် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ဘဲ ဒီဇင်ဘာ ၁၉ ရက်တွင် ကလေးငယ်၏ အဘွားဖြစ်သူ နေအိမ်တွင် ရောက်ရှိနေကြောင်း သိရသဖြင့် လိုက်လံခေါ်ယူပြီး မေးမြန်းခဲ့ရာမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်သည်။

ထိုအခါတွင် တူမဖြစ်သူက ဓာတ်ခဲဝယ်ခိုင်းသည့်ညက ၎င်းနှင့်ချစ်ကြိုက်နေသည့် တစ်ရပ်ကွက်တည်းနေ အသက် ၁၉ နှစ်အရွယ်ရှိ တပ်သားတစ်ဦးနှင့် ချိန်းတွေ့ခဲ့ခြင်းကို ပြန်လည်ပြောပြသည်ဟုလည်း တရားလိုက ရဲထံတွင် ပြောပြထားသည်။

တပ်သားက သားမယားအဖြစ် သုံးကြိမ်ခန့် နေထိုင်ခဲ့ပြီး တစ်ညလုံး ၎င်းနှင့်အတူရှိနေခဲ့သည်ဟု အဆိုပါ ကလေးငယ်က ပြန်ပြောပြထားသည်။

ထို့ကြောင့် အုပ်ထိန်းမှုအောက်မလွတ်ကင်းသေးသော ကလေးငယ်ကို သားမယားပြုကျင့်သူအဖြစ် အဆိုပါ တပ်သားအား အရေးယူပေးရန် တရားလို အဒေါ်ဖြစ်သူက စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၄၅၄/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၃၆၃ တို့ဖြင့် အရေးယူ နိုင်ရန် စခန်းမှူးဖြစ်သူ ရဲအုပ်မြင့်အောင်က စစ်ဆေးနေသည်။

ထို့ပြင် တိုင်တန်းခံထားရသူ တပ်သားသည် အမှတ် (၅)စစ်အခြေခံလေ့ကျင့်ရေး တပ်၊ တောင်ငူ ရေနီမှ ခွင့်မဲ့စစ်သည်တစ်ဦးဖြစ်ပြီး အမှတ် (၅) ပညာရေးသင်တန်းကျောင်း (တောင်ငူ)တွင် သင်းတန်းတက် ရောက်နေသူတစ်ဦးဖြစ်သည်ကို စစ်ဆေးအတည်ပြုထားသည်။

၎င်းသည် သင်တန်းမှ ထွက်ပြေးခဲ့ပြီး အဘိုးဖြစ်သူ နေထိုင်ရာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တိုးချဲ့ (၂/၁) ရပ်ကွက်၊ လမ်းသစ်လမ်း၊ အမှတ်မရှိ နေအိမ်တွင် တိမ်းရှောင်နေသူတစ်ဦးဖြစ်သည်ဟု ရဲစခန်း က အတည်ပြုထားသည်။

လက်ရှိတွင် ၎င်းအား မိခင်တပ်ရင်းသို့ လွှဲပြောင်းပေးရန်အတွက် ဆက်သွယ်ထားပြီး စခတ(၅) တောင် ငူနှင့် အမှတ် (၅) ပညာရေးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး နှစ်ဦးတို့မှ လာရောက်ခေါ်ဆောင်ရန် စီစဉ်နေသည်ဟုဆိုသည်။

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေး ၇ ဦး သေဆုံးပြီးနောက် ကာကွယ်ဆေး ထိုးခြင်း ရပ်ဆိုင်း..........................









(နိရဉ္စရာ- ၂၄ ဒီဇင်ဘာ ၂-၀၁၃)

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ် (၇) ဦး သေဆုံးသွားခြင်းမှာ ကာကွယ်ဆေးကြောင့်ဟု သံ
သယ ရှိနေသဖြင့် ယခုအခါ ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းကို ရပ်ဆိုင်းထားလိုက်သည်
ဟု တရုတ်အစိုးရပိုင် Xinhua မှ ယမန်နေ့ (တနင်္လာနေ့)က သတင်း ဖေါ်ပြသည်။

တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူများမှ အဆိုပါ ကလေးငယ်များ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး
စစ်ဆေးမူများ ပြုလုပ်နေကြောင်း၊ ၎င်းမွေးကင်းစ ကလေးငယ် ၇ ဦးမှာ ဘီအမျိုးအစား အသည်းရောင်
ရောဂါ ကာကွယ်ဆေး (Hepatitis B Vaccinations) ကို ပုံမှန် အတိုင်း ထိုးပြီးနောက် သေဆုံးသွား
ခြင်း ဖြစ်ကြောင်း ၎င်းသတင်းဌာက ဆိုသည်။

သေဆုံးသွားသည့် ကလေးငယ် များမှာ တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ် တစ်ခု ဖြစ်သော
Guangdong မှ ၄ ဦးနှင့် ကျန်ကလေးငယ်များမှာ တောင်-အလယ်ပိုင်း ပြည်နယ် တစ်ခုဖြစ်
သော Hunan နှင့် အနောက်တောင်းပိုင်းပြည်နယ် Sichuan တို့မှ ဖြစ်ကြသည်ဟု ဆိုသည်။

ကျန်းမာရေး ၀န်ကြီးဌာနမှ Shenzhen ပြည်နယ် အခြေစိုက် Biokangtai မှ ထုတ်သော ဆေးများကို
စစ်ဆေးမူ မပြီးမချင်း ဆေးရုံများအားလုံးတွင် ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းကို ရပ်
တန့်ထားရန် အမိန့်ထုတ်ပြန်လိုက်သည်ဟု သတင်းတွင် ဖေါ်ပြသည်။

၎င်းဆေးကုမ္ပဏီမှလည်း ကျေညာချက် တစ်စောင်ထုတ်ပြန်ပြီး လုံခြုံမူ ရှိစေရေးအတွက် လိုက်နာ
ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း ဆေးကြောင့် ဟုတ်မဟုတ်ကို စစ်ဆေးနေကြောင်း ဖေါ်
ပြသည်။

နိဉ္စရာ-သတင်းဋ္ဌာန by admin

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေး ၇ ဦး သေဆုံးပြီးနောက် ကာကွယ်ဆေး ထိုးခြင်း ရပ်ဆိုင်း http://www.simon-vlog.com/2013/12/blog-post_6525.html#ixzz2oQctEsIA
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း .................................


Tuesday, December 24, 2013

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ။ ။ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး ၊ ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်လေးအများ စုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ် တပ်ဆင်ကာ သီချင်း နားထောင်၊ အင် တာနက်သုံးစွဲလာသည့် ဟန်းဖုန်း ရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူငယ်လေးများ ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်းပို့ သလိုဖြစ် သွား တတ်သည်။

ဖုန်းဟန်းဆက်တစ်လုံး၏ ပေါက်ဈေးသည် ဟန်းဆက်အ မျိုးအစားပေါ်မူ တည်ပြီး ကျပ် သိန်းဂဏန်းဝန်းကျင် ပေါက် ဈေးရှိရာ လူငယ်တိုင်း သုံးစွဲနိုင် ကြသည်တော့ မဟုတ်ပေ။ ခေတ်လူငယ်လေးများ ပီပီ လှိုင်မြို့နယ်အတွင်းမှ လူ ငယ်လေး ရှစ်ဦးသည် လည်း သူ များနည်းတူ ထိုသို့သောဟန်း ဆက်များ ကို ကိုင်ချင် သုံးချင် ကြသည့် ဖုန်းခရေဇီများဖြစ်ကြ သည်။

သို့ရာတွင် ကျောင်းသား လူငယ်ဖြစ်သည်က တစ်ကြောင်း အခြေခံလူတန်း စား မိသားစု များမှ မွေးဖွား လာ ကြသူများ ဖြစ်သည်က တစ်ကြောင်း တို့ ကြောင့် သူတို့အဖို့ ဝယ်မကိုင် နိုင်ကြပေ။

ဒီဇင်ဘာ၆ရက် ညတွင် လှိုင်မြို့နယ်၊ သံလမ်းရှိ ဟန်း ဆက် အရောင်း ဆိုင်တစ်ဆိုင် ကို အဆိုပါလူငယ်ဆယ်ဦးတို့ ဝင်ရောက် ဖောက်ထွင်း ခိုးယူ ခဲ့ကြသည်။ ထိုသို့ ခိုးယူခဲ့ကြပြီး ရရှိ လာခဲ့သည့် ဟန်းဆက်များကို အချင်းချင်းခွဲဝေယူခဲ့ကြပြီး ယင်း တို့အနက်မှ သုံးဦးက ဟန်းဆက် ကိုးလုံးနှင့် ငွေ သုံးသောင်းယူကာ မွန်ပြည်နယ် ကျိုက်ထီးရိုးသို့ ဘုရားဖူး ထွက်ခဲ့ကြ သည်။

ကျိုက် ထီးရိုးတွင် ပါလာသည့်ပိုက်ဆံ များမလုံလောက်သဖြင့် ကျိုက် ထီးရိုးမုခ်ဝအနီးရှိ ရွှေနန်းကျင် နတ်နန်း အလှူခံရာနေရာမှ ငွေ ခုနစ်ထောင်ကို ခိုးယူခဲ့ရာ ကျိုက် ထီးရိုးလုံခြုံရေးရဲများက တွေ့ ရှိပြီး ယင်းတို့သုံးဦးကို ကလေး များဖြစ်နေသည့်အတွက် အပြစ် ပေးသည့် အနေဖြင့် ကတုံးတုံး ကာ ကင်မွန်းစခန်းတောင်ခြေ သို့ ပြန်လွှတ် ရာ တွင် ရန်ကုန် ၌ကျူးလွန်ခဲ့သည့် ဖောက်ထွင်း မှုနှင့်ဆက်စပ်နေကြောင်း သိ ရှိရသဖြင့် ရန်ကုန်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဒီဇင်ဘာ၁၂ရက် တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ပြစ် မှုကျူးလွန်ခဲ့သည့် အသက်၁ရ နှစ်အရွယ် ကျော်ကျော်(အမည် လွှဲ)က ''ကျွန်တော်တို့ ဟန်းဆက် အကောင်းစားနဲ့ ဖုန်းတွေကိုင် ချင်လွန်းအားကြီးလို့ အခုလို မလုပ်သင့်တာကို လုပ်မိကြတာ ပါ။ အခုတော့ နောင်တရ နေ ပြီ။ ဒါပေမဲ့ ကျွန်တော့် အသက် က ၁ရနှစ်ထဲကိုရောက်နေလို့ ကျွန်တော့်သူငယ်ချင်းတွေလို သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာမနေရဘူးတဲ့။ အင်း စိန်ထောင်ကိုပဲ ပို့မယ်လို့ပြော တယ်။ ကျွန်တော်တို့ အခုတော့ မှားမှန်း သိပါပြီ''ဟု ပြောသည်။

ကျော်ကျော်က ''ကျွန်တော် တို့ သုံးယောက်ဆီမှာ ဟန်းဆက် ကိုးလုံးနဲ့ ငွေသုံးသောင်းပဲပါ တယ်။ ဒါနဲ့ ကျိုက်ထီးရိုးတက် တာ။ ရလာတဲ့ဖုန်းတွေကို သူ ငယ်ချင်းတွေလဲ ခွဲပေးတယ်။ ကျွန်တော်တို့လဲ ယူထားတယ်။ ကျိုက်ထီးရိုးကို ရထားနဲ့သွား တာ။ ဟိုရောက်တော့ ပိုက်ဆံ မလောက်လို့ ရင်ပြင်တော်က ရွှေနန်းကျင်နတ်ရုပ်ကို ပူဇော် တဲ့ပိုက်ဆံထဲက ခုနစ်ထောင်ကို ယူခဲ့တာ။ ကင်မွန်းစခန်းတောင် ခြေမှာမိတယ်။ ဒါနဲ့ ကလေး တွေ နောက်မလုပ်နဲ့ဆိုပြီး ခေါင်း တုံးတုံးပြီး လွှတ်လိုက်တယ်။ နောက်တော့ ရဲတွေက ရန်ကုန် ဖောက်ထွင်းမှုတစ်ခုနဲ့လဲ ဆက် စပ်တယ်လို့ သတင်းရထားတယ် ဆိုပြီးတော့ ကျွန်တော်တို့ကို လာခေါ်တဲ့ ရဲတွေလက်ထဲထည့် ပြီး ရန်ကုန်ကိုရောက်လာတာ ပဲ။ အခုတော့ ကျွန်တော်တို့ မှားမှန်းသိပါပြီ''ဟု ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင် သည့် တခြားသောလူငယ်ခြောက် ဦးကို လှိုင်မြို့နယ်ရှိ ယင်းတို့ ၏နေအိမ်များမှာပင် ဒီဇင်ဘာ ၁၁ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုပြစ်မှုကျူးလွန်သော ကလေးများမှာ အသက်၁၃နှစ်၊ ၁၄နှစ်၊ ၁၅နှစ်အရွယ် လူငယ် များဖြစ်ပြီး ゞင်းတို့ထဲမှလေးဦး မှာ လှိုင်မြို့နယ် အလက(၄)၊ အထက(၁)နှင့် အထက(၄)တို့ တွင် ပညာသင်ကြားနေသော ကျောင်းသားများဖြစ်ကြောင်း၊ ゞင်းတို့မှာ လှိုင်မြို့နယ် (၁)ရပ် ကွက်၊ (၅)ရပ်ကွက်နှင့် (၇)ရပ် ကွက်တွင် နေသူများဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အဆိုပါအမှုကိုစစ်ဆေးသော လှိုင် မြို့နယ်မှ အမှုစစ်ဒုရဲအုပ်ကိုကို ဝင်းက ''ကလေးတွေကို ကျွန် တော်တို့က အတင်းအဓမ္မဖမ်း တာလဲ မဟုတ်ပါဘူး။ ပျောက် တဲ့ကလေးတွေကိုရှာပြီး ခေါ် တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ သူတို့တွေက လူငယ်တွေစုပြီး ပျော်ပျော်ပါးပါးနဲ့ကိစ္စတစ်ခုကို အတူလုပ်လိုက်ကြတဲ့ သဘော လိုပဲ။ မေးရင်လဲ အမှန်အတိုင်း ဖြေတယ်။ ဒါပေမဲ့ သူတို့ကျူး လွန်ထားတဲ့ ပြစ်မှုတွေကိုတော့ ပိတ်သိမ်းလို့မရဘူး။ စာရိတ္တ မှုနဲ့ ဆိုင်တယ်။ အခု လှိုင်ရဲ စခန်းမှာ တစ်ယောက်ချုပ်ထား တယ်။ နောက်ရှစ်ယောက်က သန်လျင် လူငယ်ထိန်းသိမ်းရေး စခန်းမှာ။ သူတို့တွေအနေနဲ့ အမှုတော့ ရင်ဆိုင်ရလိမ့်မယ်။ တစ်ယောက်ကတော့ လွတ်နေ သေးတယ်။ သက်သေခံပစ္စည်း တချို့ကိုလဲရထားပြီးပြီ။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ ဆက်လက် ရှာဖွေနေတယ်။ သူတို့ ကလေး တွေကို အတင်းအကျပ်မေးရ တာမျိုးမရှိဘူး။ အကုန်အမှန် ဖြေတယ်''ဟုပြောသည်။

ဖောက်ထွင်းခံရသောလှိုင် မြို့နယ် သံလမ်းရှိ  family ဟန်း ဖုန်းနှင့် ဟန်းဆက်ပစ္စည်းများ အရောင်းဆိုင်ပိုင်ရှင် ကိုရာဇာ က ''ကျွန်တော်က ဆိုင်ကို နံနက် ၁ဝနာရီကနေ ည၁ဝနာရီအထိ ဖွင့်တာ။ နှစ်ယောက်ဝင်ပြီးတော့ ခေါင်မိုးကနေ ဖောက်သွားတာ။ ဟန်းဆက် ၉၂လုံးပါသွားတယ်။ ဖုန်းငွေဖြည့်ကတ်၊ စပီကာ၊ နား ကြပ်တွေနဲ့ ငွေနှစ်သိန်း စုစု ပေါင်း သိန်း၆ဝနီးပါးလောက် ခိုးခံလိုက်ရတာ။ ရဲစခန်းက အ တတ်နိုင်ဆုံး ရှာပေးလို့ အခု ဟန်းဆက်၃၁လုံး ပြန်ရပြီလို့ တော့ သိရတယ်။ တကယ့်ဝါ ရင့် ဖောက်ထွင်းသမားတွေလို လုပ်တာ။ ကျွန်တော်ကတော့ ဆိုင်က ပစ္စည်းတွေပြန်ရရင်ပြီး ပြီ။ ကလေးတွေကိုလဲ ဘာပြ ဿနာမှ မလုပ်စေချင်ဘူး။ ဒီ ကလေးတွေနဲ့ပတ်သက်ပြီး မိဘ တွေက စနစ်တကျ သွန်သင် ဆုံးမ ဖို့လို ပါတယ်''ဟု ပြောသည်။

အဆိုပါကလေးများနှင့် ပတ်သက်သည့်အမှုကို ဒီဇင်ဘာ ၃ဝရက်တွင် ရန်ကုန်ရှိ ကလေး သူငယ်များ တရားရုံးတွင်စစ် ဆေးမည်ဖြစ်ကြောင်း၊ ယင်း နေ့အမှုအခြေအနေကို ကြည့် ပြီး လုပ်ဆောင်စရာများကို ဆက် လက်လုပ်ဆောင် သွားမည်ဖြစ် ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဖခင်ဖြစ် သူက စိတ်မကောင်းဖြစ်သော အမူအရာဖြင့် ''ကျွန်တော့်သား လေးကို အဲဒီအမှုမှာပါဝင်ပတ် သက်တယ်လို့ဆိုပြီး အိမ်ကို ရဲ နဲ့ (၇)ရပ်ကွက်ဥက္ကဋ္ဌဌတွေ လာ ပြီး လှိုင်ရဲစခန်း ကို လွန်ခဲ့တဲ့တစ် ပတ်ကျော်က ခေါ်သွားတာ။ အခုတော့ ကလေးမိဘတွေစု ပြီး အခိုးခံရတဲ့ဖုန်းဆိုင်ပိုင်ရှင်ကို တောင်းပန်မယ်လို့တော့ စိတ် ကူးထားတာပဲ။ သားက အခု သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာ။ ဒါပေမဲ့ ဒီဇင် ဘာ၃ဝ ရက်ကျရင် ကလေးသူ ငယ်များတရားရုံးမှာ အမှုရင် ဆိုင်ဖို့ရှိတယ်။ ဘယ်လိုတွေဖြစ် မလဲတော့မသိဘူး။ ကျွန်တော့် သားက ရှစ်တန်းတက်နေတဲ့ ကျောင်းသားလေးပါ။ စာလဲ တော်ပါတယ်။ အပေါင်းအသင်း မှားလို့ ဒီလိုမ ဖြစ်သင့် တာတွေ ဖြစ်သွားခဲ့တာပါ။ အရမ်းစိတ် မကောင်းဖြစ်ရတယ်။ သားလေး က ကျွန်တော်တို့ကိုတွေ့တော့ နောက်ဆိုရင် အပြင်ကို ထွက် မလည်တော့ပါဘူး။ မိဘစကား တွေပဲ နားထောင်တော့မယ်ဆို ပြီး ပြောတာမြင်ရတော့ အရမ်း စိတ်မ ကောင်းဖြစ်မိတယ်။ ဘယ် လိုလုပ်ရမလဲ မသိပါဘူးဗျာ''ဟု ပြောသည်။

ကျော်မြတ်ဇံ - Yangon Media Group

Thit Htoo Lwin - News