This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, October 27, 2012

ယမ်းငွေ့ ဝေနေသော ဘ၀နှင့် ငြိမ်းချမ်းရေး အိပ်မက်



win lay winchitlay@gmail.com

mgmgkhinသေနတ်ကိုင်ထားသော ဗိုလ်ကြီး မင်းဌေး လက်များ တုန်နေသည်။ ရှေ့တွင်ရှိသော ပိန်ပိန် ပါးပါး အမျိုးသမီး တစ်ဦးကို မပစ်ရဲ။ သူက ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူက ချိန်ထားသော သေနတ်ကို ဂရုမစိုက်ဘဲ တည်တည် ငြိမ်ငြိမ်ဖြင့် ဖြတ်ကျော်သွားသည်။
ယင်းမြင်ကွင်းမှာ သမိုင်းအလွဲများကို ရိုက်ကူး ထားသည်ဟု မြန်မာနိုင်ငံသားများက တူညီစွာ မှတ်ချက်ပြု ပြောဆိုနေကြသည့် The Lady ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်း တစ်ခုဖြစ်သည်။ ယင်း ဇာတ်ဝင်ခန်းတွင် သရုပ်ဆောင်ခဲ့သော ကိုမင်းဌေး သည် လက်ရှိတွင် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင် လွတ်လပ်ရေး တပ်မတော်နှင့် မဟာမိတ်တပ် အဖြစ် ရပ်တည်နေသော ABSDF (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) မြောက်ပိုင်းတပ်တွင် ဗိုလ်မှူး အဆင့်ဖြင့် တိုက်ပွဲ များကို ဆင်နွှဲနေသည်။

“၁၀၅ မမ အမြောက်တွေ ခေါင်းပေါ်မှာ ၀ဲ နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဟိုပင်(မြို့)က တပ်ရင်း ၄၀ နဲ့ တိုက်ကြသေးတယ်”ဟု စက်တင်ဘာ လကုန်ပိုင်း အခြေအနေကို ကိုမင်းဌေးက ပြော ပြသည်။ ကိုမင်းဌေးသည် ၁၉၉၈ စက်တင်ဘာတွင် စစ်တပ်မှ အာဏာ သိမ်းလိုက်သည့် အတွက် မိုးကောင်းမြို့တွင် ဒသမတန်း သင်ယူနေရာမှ လက်နက်ကိုင် တော်လှန်ရေး လုပ်ရန်အတွက် တောခိုခဲ့သည်။ တပ်မတော် အစိုးရက အာဏာ သိမ်းလိုက်ခြင်းကို လက်နက်ကိုင်ကာ ပြည်သူ့ အစိုးရ သို့မဟုတ် ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေး အတွက် ကြိုးစားမည်ဟု သန်္နိဋ္ဌာန်ချပြီး တော်လှန်ရေး စစ်သားအဖြစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“ကျွန်တော်က စစ်သား ဖြစ်ချင်စိတ်လည်း မရှိဘူး။ စစ်နဲ့ ပတ်သက်တာတွေကိုလည်း ကြိုက် နှစ်သက်ခဲ့တာ မဟုတ်ဘူး”ဟု ကိုမင်းဌေးက ရင်ဖွင့်သည်။
သူသည် အထက်တန်း ကျောင်းသား ဘ၀တွင် မောင်စိန်ဝင်း (ပုတီးကုန်း)၏ ရန်ကုန် တက္ကသိုလ် အကြောင်း ရေးသားထားသည့် စာအုပ်များကို ဖတ်ခဲ့ရသည့်အတွက် ရန်ကုန် တက္ကသိုလ်ကို ရောက်ချင်သည့် စိတ် ပြင်းပြခဲ့ကာ ဒသမတန်း တစ်ခါ ကျရှုံးသည်ကိုပင် နောက်တစ်ကြိမ် ပြန်တက်ကာ ကြိုးစားနေသည်။
ရန်ကုန် တက္ကသိုလ်တွင် ဘွဲ့ယူပြီး ကချင်ပြည်နယ်တွင် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ရန်မှာ ၎င်း၏အိပ်မက်ဖြစ်သည်။
“၁၉၈၈ အရေးတော်ပုံ ပေါ်လာပြီးတဲ့နောက် ပိုင်းမှာ ကျွန်တော့် အိပ်မက် ပြောင်းပြန် ဖြစ်ကုန် တယ်”ဟု သူကဆိုသည်။
၁၉၉၀ တွင် တပ်မတော် အစိုးရတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲပေါင်း များစွာတွင် တပ်စုမှူး တာဝန် ယူကာ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာ ရခဲ့သည်များလည်း ရှိသည်။ သို့သော် တိုက်ပွဲ တစ်ခုကို သူမေ့လို့ မရ။ ဖားကန့်မြို့နယ် ရွှေတွင်း တစ်ခု အနီးရှိ ရှေ့တန်းစခန်း တွင် တပ်မတော် အစိုးရ တပ်များ ပေါက်ထွက်လာကာ အနီးကပ် ပစ်ခတ်ခဲ့ရာ သူနှင့် နေကြာစေ့ အတူတူ စားနေသော တပ်သား တစ်ယောက်၏ ဗိုက်တွင် သေနတ်မှန်ခဲ့သည်။ လက်တစ်ကမ်း အလိုမှ ပစ်ခတ်ခြင်း ဖြစ်သည့်အတွက် သူသည် ချက်ချင်းလှိမ့်ထွက် လိုက်ပြီး လျှိုအတွင်းသို့ ကျသွားကာ ဒဏ်ရာရ တပ်သားကို ကယ်ထုတ်ရန် ကြိုးစားသည်။
“ဗိုက်ကနေ ထွက်လာတဲ့ အူတွေကို ကိုင်ပြီး သူလဲကျသွားတယ်။ အဲဒါကို ကျွန်တော်က ချက်ချင်း ထမ်းပြီးပြေးတယ်။ ဒါပေမဲ့ ကျွန်တော့်လက်ပေါ်မှာ သူ ကျဆုံးသွားတယ်။ ကောင်းကောင်း မသင်္ဂြိုဟ်လိုက် ရဘူး။ အဲဒီအတွက် ကျွန်တော် တာဝန် မကင်းသလို ခံစားရတယ်” ဟု သူ၏ ခံစားချက်ကို ရင်ဖွင့်သည်။
သူသည် ရှေ့တန်း စခန်းတွင် တိုက်ပွဲဝင်နေ သည့်ကာလ၌ ဌာနချုပ်၌မူ လတ်တလော လူတိုင်း စိတ်ဝင်စားနေသည့် မြောက်ပိုင်း ပါဂျောင် လူသတ် ပွဲကြီး ဖြစ်ပွားနေသည်။ ရှေ့တန်း စခန်းတွင် ကျဆုံးမှု များလာခြင်းသည် တပ်အတွင်းသို့ အစိုးရ ထောက်လှမ်းရေး သူလျှိုများ ရောက်လာသည် ဟူသော ခေါင်းစဉ် ဖြင့် ရက်ရက်စက်စက် လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုအကွဲအပြဲ လူသတ်မှုကြီး ပြီးဆုံးသွားပြီး တပ်မတော် အစိုးရနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) တို့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီး သည့်ကာလတွင် ကနဦးကတည်းက လက်နက် ထောက်ပံ့ပေးခဲ့သော ကေအိုင်အိုက ၎င်းတို့ နယ်မြေ အတွင်း ABSDF မြောက်ပိုင်းတပ်ကို မထားချင် တော့ပေ။ ယင်းကာလတွင် ကိုမင်းဌေးသည် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောက်လှမ်းရေးက လိုက်ဖမ်း သဖြင့် တောထဲသို့ ပြေးလာသည့် မနန်းနှင့် အိမ်ထောင်ကျကာ တောထဲတွင် ကလေးတစ်ယောက် ရရှိသော်လည်း မွေးမွေးချင်း သေဆုံးသွားခဲ့သည်။
“တောထဲမှာဆိုတော့ မွေးရ ခက်တယ်။ ဆေးဝါး ကိရိယာ မစုံတော့ လူကြီး (ဇနီး) အသက် ကိုပဲ ကယ်လိုက်နိုင်တယ်” ဟု ၎င်းကဆွေးမြည့်စွာ ပြောပြသည်။
မျိုးဆက် ရတနာလေးကိုသာ ဆုံးရှုံးလိုက်ရ သည်မဟုတ်ဘဲ ဇနီးသည်ကလည်း ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည့် အတွက် တောထဲတွင် လက်နက် ကိုင်ကျန်ရစ်သည့် ကိုမင်းဌေးအဖို့ ကြေကွဲ ခံစား ခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် ABSDF မြောက်ပိုင်း တပ်ကို ဖျက်သိမ်းလိုက်ပြီး သူသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကြုံရာ ကျပန်းလုပ်ကာ ၂၀၀၀ ပြည့်နှစ်တွင် ဇနီးသည် ရှိရာကို လိုက်သွားပြီး ၂၀၀၄ ခုနှစ်၌ သမီး ရတနာလေး တစ်ဦး မွေးဖွားခဲ့သည်။
ရဟန်း သံဃာတော်များနှင့် ပြည်သူများ အဖမ်းခံခဲ့ရသည့် ရွှေဝါရောင် တော်လှန်ရေးဖြစ်ခဲ့သော ၂၀၀၇ ခုနှစ်တွင် ကမ္ဘာကျော်မင်းသား စတားလုံး ပါဝင်သရုပ်ဆောင်ခဲ့သော Rambo 4 တွင် တပ်ရင်းမှူး ဗိုလ်မှူးကြီး မောင်တင့်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ သူမှာ ကိုမင်းဌေးပင်ဖြစ်သည်။
“အနုပညာကိုတော့ ၀ါသနာ ပါပါတယ်။ ဒါပေမဲ့ ရုပ်ရှင် ရိုက်မယ့် အဆင့်မျိုး အထိ တစ်ခါမှ မတွေးထားဘူး” ဟု ၎င်းကဆိုသည်။ ယင်း ရုပ်ရှင်ဇာတ်ကားသည် တပ်မတော်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့မှု အကြောင်းကို အခြေခံကာ ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။
ယင်း ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုဖူးသူ တို့သည် တပ်မတော်အစိုးရ ဖြတ်လေးဖြတ်တွင် ကိုမင်းဌေး၏ သရုပ်ဆောင်မှုသည် ပီပီပြင်ပြင် ရှိလှသည်ဟု မှတ်ချက်ပြုကြသည်။
သို့သော် ယင်းရုပ်ရှင်ကို ကြည့်ရှုဖူးသည့် တပ်မတော်မှ တပ်ရေးဗိုလ်ကြီးအဆင့်ရှိ အရာရှိ တစ်ဦးကမူ တစ်ဖက်သတ်ရိုက်ကူးထားသည့် ဇာတ် ကား ဖြစ်သည်ဟု မှတ်ချက်ပြုသည်။
ယင်းနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ကမ္ဘာကျော် သရုပ်ဆောင် မီရှယ်ယိုး သရုပ်ဆောင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် The Lady ရုပ်ရှင် ဇာတ်ကားတွင်လည်း ကိုမင်းဌေးသည် ဗိုလ်ကြီး အဖြစ် သရုပ်ဆောင်ခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့တွင် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ကတိက၀တ် ကျိုးပျက်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရာတွင် ABSDF မြောက်ပိုင်းတပ် သည် ပြန်လည်အသက်ဝင်လာသည်။
၂၀၁၁ ခုနှစ် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် ABSDF မြောက်ပိုင်းတပ်ကို ပြန်လည် ဖွဲ့စည်းကာ ကေအိုင်အေ၏ မဟာမိတ်တပ်အနေဖြင့် ရပ်တည်ထားပြီး တပ်အင်အား ၅၀၀ ခန့် ရှိနေချိန် ကိုမင်းဌေးသည် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ထိုင်း နိုင်ငံမှ ABSDF မြောက်ပိုင်းတပ်သို့ ဗိုလ်မှူးအဖြစ် ပြန်လည် တာဝန်ယူခဲ့သည်။ ABSDF မြောက်ပိုင်း တပ်သည် အစိုးရ တပ်မတော်နှင့် ထိပ်တိုက် အနီးကပ် ရင်ဆိုင် တိုက်ပွဲ ခုနစ်ပွဲခန့် ဖြစ်ပွားထားပြီး သုံးဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရထားကြောင်း ယင်း တပ်၏ မှတ်တမ်းများအရ သိရသည်။
ABSDF မြောက်ပိုင်းတပ်သည် တိုင်းရင်းသားအားလုံး တန်းတူ ညီမျှရေး၊ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး စသဖြင့် ရပ်တည်နေကြောင်း ၎င်းတို့၏ ဖွဲ့စည်းပုံတွင် ဖော်ပြထားသည်။
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများရပ်ကာ ငြိမ်းချမ်းရေး ရရှိရေးနှင့် ပတ်သက်၍လည်း ကိုမင်းဌေး က “စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့ တိုင်းရင်းသား အားလုံးကို တန်းတူ အခွင့်အရေးမျိုးနဲ့ ပူးပေါင်းမှရရှိ ပါလိမ့်မယ်” ဟု ဆိုသည်။ အစိုးရ တပ်မတော်အနေ နှင့်လည်း ကချင် လွတ်လပ်ရေး တပ်မတော်ကို ငြိမ်းချမ်းရေးလမ်းကြောင်း ဖော်ဆောင်မှုအတွက် ပြန်လည် ကမ်းလှမ်းနေပြီ ဖြစ်သည်။ ငြိမ်းချမ်းရေး အမှန်တကယ် ဆွေးနွေးနိုင်တော့မည်လော။
ကိုမင်းဌေးအဖို့မှာလည်း တိုက်ပွဲများ တိုက်ခိုက်နေရသော်လည်း တိုင်းရင်းသားများ တန်းတူ စုပေါင်း နေထိုင်ရေးကို မျှော်လင့်လျက်ရှိသည်။
Rambo 4 စစ်ကားတွင် ဗိုလ်မှူးကြီးအဖြစ် ရက်စက်ပြခဲ့သ The Lady ဇာတ်ကားတွင် ဗိုလ်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နှင့် မပစ် ရဲခဲ့သူသည် လက်ရှိတွင်တော့ ရှေ့တန်း စစ်မျက်နှာတွင် အသက်စွန့်ကာ တိုက်ပွဲဝင်နေရသည်။ သို့သော် သူ၏ စိတ်ကူးအိပ်မက်ကို အောက်ပါအတိုင်း ရင်ဖွင့်သည်။
“ငြိမ်းချမ်းတဲ့ အချိန်မှာ မိသားစုလေး နဲ့ အေးအေး ချမ်းချမ်း နေချင်လှပြီ။ ရုပ်ဝတ္ထုချမ်းသာ မှုထက် စိတ်ချမ်းသာမှုမျိုးလေးကို ပိုရချင်တယ်”
--

ရန်ကုန်မြို့တော်မှာ ဆိုင်ကယ် မစီးရဘူးဆိုတာ ဘာကြောင့်လဲ



ဂျပန်နိုင်ငံ ယာမဟာ ဆိုင်ကယ်ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဆိုင်ကယ်အရောင်းစင်တာ လာရောက် ဖွင့်လှစ်တော့မယ်လို့ မကြာသေးခင်က သတင်းများ ထွက်ပေါ်လာခဲ့တယ်။ မြန်မာနိုင်ငံ
စီးပွားရေး မြို့တော်မှာ ရန်ကုန်မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ အကြီးဆုံး အထင်ရှားဆုံး မြို့တော်မှာလည်း ရန်ကုန်မြို့တော် ဖြစ်တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ နေပြည်တော်ကို ဇွတ်အတင်း အဓိက မြို့တော်လို့ ဇွတ်သတ်မှတ်ခဲ့သော သွားလေသူ အာဏာရှင်တို့က ဘယ်လိုလုပ်လုပ် ရန်ကုန်မြို့တော်မှာ လူဦးရေ အရရော ခမ်းနားကြီးကျယ်မှုများ အပါအ၀င် အဆင့်မြင့် တည်ဆောက်ထားမှုများအရ အဓိက မြို့တော် ဖြစ်တယ်ဆိုတာ ငြင်းလို့မရနိုင်သော ခိုင်မာမှုတခုဖြစ်ပါတယ်။

သို့သော် ယာမဟာ ဆိုင်ကယ်များ ရန်ကုန်မြို့တော်မှ ပြည်သူများ ၀ယ်စီးခွင့်မရခြင်းကတော့ လူဖြစ်ရှုံးနေတယ်လို့ ပြောရမှာ ဖြစ်နေပါတယ်။ လက်ရှိ ရန်ကုန်မြို့တော်သည် မြို့အင်္ဂါရပ်နဲ့ မညီသော တားဆီးမှု၊ ကန့်သတ်မှုနဲ့အတူ မော်တော်ဆိုင်ကယ် စီးနင်း အသုံးပြုခွင့် ပိတ်ပင်ထားခြင်းခံနေရပါတယ်။ ၀န်ကြီးချုပ် ဦးမြင့်ဆွေ တိုင်းမှူးအဖြစ် တာဝန်ယူစဉ် ကာလမှာပဲ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ် ၃၁ မြို့နယ်အတွင်း ပြည်သူလူထုအများ မော်တော်ဆိုင်ကယ် စီးခွင့် ကန့်သတ် ပိတ်ပင်ခဲ့ပါတယ်။ ၀န်ကြီးချုပ် ဖြစ်နေတဲ့အထိ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အရင်တုန်းက ဌာနဆိုင်ရာများ စီးခွင့်ရခဲ့ပြီး အခုတော့ ဌာနဆိုင်ရာများထဲမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့က မော်တော်ဆိုင်ကယ် ၆၅ စီးသာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ နောက်ဆုံး ကန့်သတ် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က မြို့တော်တွေထဲမှာ ဆိုင်ကယ်မစီးရဘူးဆိုပြီး ထူးထူးဆန်းဆန်း ရူးရူးနှမ်းနှမ်း အမိန့်ထုတ် ကန့်သတ်ခြင်းခံရတာ ရန်ကုန်မြို့တော်ပဲရှိပါတယ်။

၂၀၀၆ ခုနှစ် နေပြည်တော် ရုံးမစိုက်ခင်အထိ ရန်ကုန်မြို့တော်မှာ ဌာနဆိုင်ရာ မော်တော်ဆိုင်ကယ်တွေကို စီးခွင့်ပြုပြီး မြန်မာနိုင်ငံရဲ့ ဘယ်မြို့နဲ့မှ မတူတဲ့ ဆိုင်ကယ် နှစ်ယောက်စီးခွင့်ကို ပိတ်ပင် ကန့်သတ်ခဲ့ရာက ခုချိန်မှာ တယောက်ထဲတောင် စီးခွင့်မရတော့တာဖြစ်လို့ ရန်ကုန်မြို့ကလွဲပြီး မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ မော်တော်ဆိုင်ကယ်တွေကို လွတ်လွတ်လပ်လပ် စီးခွင့်ပြုထားတဲ့ ခွဲခြားဆက်ဆံမှုနဲ့ ဘာအကြောင်းပြချက်မှမရှိတဲ့ ကန့်သတ် ပိတ်ပင်မှုတွေကတော့ အံ့သြကုန်နိုင်ဖွယ်ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာရှိတဲ့ တက္ကသိုလ်တွေကို ဆူပူမှာကြောက်ပြီး မြို့ပြင်ကို ရွှေ့ပစ်တယ်။ မြို့ပြင်မှာရှိတဲ့ တက္ကသိုလ်တွေကို တက်နေတဲ့ ကျောင်းသူကျောင်းသားတွေ ဆိုင်ကယ်စီးခွင့်မရတော့ ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ ရူးကြောင်ကြောင် အမိန့်ထုတ်တဲ့လူတွေ ကိုယ်ချင်းစာတတ်မှာမဟုတ်ဘူး။

တချို့ကတော့ ပြောကြပါတယ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့သမီးကို စကော်ပီယံ လမ်းသူရဲတွေက ဆိုင်ကယ်နဲ့ တင်ပြီး ခိုးပြေးမယ်ပြောလို့ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပိတ်တာတဲ့။ ဒုတိယဗိုလ်ချုပ်မှူးကြီးရဲ့ သမီးလည်း အခု လင်ရနေပါပြီ။ အဲဒီ ဒုတိယဗိုလ်ချုပ်မှူးကြီးကို ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ စကော်ပီယံ လမ်းသူရဲတွေလည်း ထောင်ထဲ ရောက်ကုန်ပြီ။ ဒါပေမယ့် ရန်ကုန်မြို့တော်ကြီးမှာ ဆိုင်ကယ်စီးခွင့် မရှိသေးတာ ဘာကြောင့်လဲ။ အဲဒီ ပုဂ္ဂိုလ်ကြီး အနားယူသွားတာလည်း ကြာလှပါပြီ။ ရန်ကုန်မြို့တော်ကြီးက ပြည်သူတွေကတော့ ထူးထူးဆန်းဆန်း ရူးရူးနှမ်းနှမ်း အမိန့်ကြောင့် လူစဉ်မမီ လူဖြစ်ရှုံးနေတုန်းပါပဲ။

နိုင်ငံသားချင်းအတူတူ ရန်ကုန်မြို့တော်မှာ နေထိုင်သူများသာ မော်တော်ဆိုင်ကယ်စီးခွင့် အခွင့်အရေး ဆုံးရှုံးနေတာဟာ လူ့အခွင့်အရေး ဆုံးရှုံးနေမှုတခုပဲ ဖြစ်ပါတယ်။ ဘာမှအဓိပ္ပာယ်မရှိဘဲ၊ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ တားဆီး ချုပ်ချယ် ကန့်သတ် ပိတ်ဆို့မှုများဟာ အာဏာရှင်စစ်အစိုးရရဲ့ ဖိနှိပ်သော လုပ်ဆောင်မှုများသာဖြစ်လို့ ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်နေတဲ့ အစိုးရသစ်အနေနဲ့ ဒီကိစ္စကို စဉ်းစားသင့်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်သူလူထုတွေရဲ့ကိစ္စ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တာဝန်ရှိနေပါတယ်။

ခက်နေတာက လွှတ်တော်တွေမှာ ဘေးထိုင် ငိုက်မြည်း ထထ ကန့်ကွက်နေတဲ့ တမတ်သားတွေလိုပဲ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဆိုသူတွေကလည်း ရန်ကုန်မြို့တော်ကြီး မြို့အင်္ဂါရပ်နဲ့ ကင်းမဲ့နေတဲ့ လုပ်ရပ်တွေအတွက် ထုတ်ဖော်ဆွေးနွေး တောင်းဆို တင်ပြမှုတွေ မရှိဘဲ ပုတ်သင်ညိုတွေလို ယိမ်းကနေမယ်ဆိုရင် တိုင်းပြည်အတွက် ဘာအကျိုးရှိမှာလဲ။

ရန်ကုန်မြို့တော် အပါအ၀င် မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြင့်ဖို့ အတွက် မကြာမီ ကာလအတွင်း ဂျပန်ကားကုမ္ပဏီမှ ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်း များတွင် ၀င်ရောက်ဖို့၊ ဘတ်စကားလိုင်းတွေ အဆင့်မီ တိုးချဲ့နိုင်ဖို့ အမေရိကန် ဒေါ်လော သန်းပေါင်း ၄၅၀.၆၈၃ သန်း ရင်းနှီးမြှုပ်နှံမယ်လို့ ဂျပန်ကားကုမ္ပဏီ ဥက္ကဌ မစ္စတာ ဘာဇူဟီစာအီဂါမိုတိုက ပြောကြားခဲ့တာကြောင့် ရန်ကုန်မြို့တော်မှာ သွားလာရေး အခက်အခဲတွေ ရှိနေတာကို ကမ္ဘာက သိသွားပါပြီ။ ရန်ကုန်မြို့တော်မှာ ဘတ်စကားစီးသူ ၈၄ %၊ ကိုယ်ပိုင်ကားစီးသူ ၆ %၊ တက္ကစီးကားစီးသူ ၅ %၊ မီးရထားစီးသူ ၅ % ရှိကြောင်း ၂၀၁၁ ခုနှစ် မြို့ပြသယ်ယူပို့ဆောင်ရေးဆိုင်ရာ ပညာရှင်များ ကောက်ယူထားတဲ့ စစ်တမ်းများအရ သိရပါတယ်။

အရင်တုန်းက လူလတ်တန်းစားများနဲ့ အရာရှိငယ်အဆင့် ၀န်ထမ်းများဟာ ရန်ကုန်မြို့တော်မှာ မော်တော်ဆိုင်ကယ်စီးနင်း အသုံးပြုခွင့်ရခဲ့တာကြောင့် သွားလာရေး အဆင်ပြေခဲ့ပါတယ်။ ကားဝယ်မစီးနိုင်တဲ့အတွက် တန်ဘိုးအသင့်အတင့်ရှိတဲ့ မော်တော်ဆိုင်ကယ်များ ၀ယ်စီးရင် ရုံးသွားရုံးပြန်၊ ကျောင်းသွားကျောင်းပြန် အဆင်ပြေနေကြပါတယ်။

အခုနောက်ပိုင်းမှာတော့ မြန်မာတနိုင်ငံလုံး ရန်ကုန်မြို့တော်မှအပ မော်တော်ဆိုင်ကယ်စီးခွင့် ရကြလို့ တမြို့နဲ့တမြို့ တရွာနဲ့တရွာ ကူးသန်းသွားလာမှုတွေ လွယ်ကူခဲ့ပါတယ်။ တရုတ်နယ်စပ် မူဆယ်နမ့်ခမ်းမှာတော့ ကောက်စိုက်သမား၊ လယ်သူမတွေပါ ဆိုင်ကယ် ၀ယ်နိုင်တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာကောက်စိုက်သမား၊ လယ်သူမတွေလည်း ဆိုင်ကယ်ဝယ်စီးနိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တရုတ်လုပ် မော်တော်ဆိုင်ကယ်တွေ သုံးသိန်းနဲ့အထက်၊ ထိုင်းနိုင်ငံလုပ် မော်တော်ဆိုင်ကယ်တွေကတော့ ဆယ်သိန်းနဲ့အထက် ပေါက်ဈေးတွေ ရှိနေတာ တွေ့ရပြီး လမ်းပန်းဆက်သွယ်မှု ချောမွေ့စေတဲ့ ဆိုင်ကယ်အသုံးပြုခွင့်ကို ရန်ကုန်မြို့တော်မှာ ပိတ်ဆို့ကန်သတ်ထားမှုကို ပြန်လည် ခွင့်ပြု ပေးမယ်ဆိုရင် ပြည်သူအချို့ကတော့ ဘတ်စကားတိုးစီးရတဲ့ ဒုက္ခနဲ့ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ်ဆိုတာ အခြေခံလူတန်းစားများအတွက် အသုံးဝင်တဲ့ အသုံးအဆောင် ပစ္စည်းတခုဖြစ်ပါတယ်။ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါဘူး၊ ရာဇ၀တ်မှုတွေ ကျူးလွန်ကြသူများက အသုံးပြုခဲ့တာမျိုး ရှိခဲ့ပေမယ့် အရေအတွက်အားဖြင့် နည်းပါတယ်။ ပြည်သူလူထုတွေ ချောက်ချားခဲ့တဲ့ စိမ်းလဲ့ကန်သာလို လူသတ်မှုမှာ ဇိမ်ခံကားတွေနဲ့ လူသတ်မှု ကျူးလွန်တယ်လို့ ပြောရမှာဖစ်ပါတယ်။ သတင်းမီဒီယာသမားတွေလည်း ဆိုင်ကယ်စီးခွင့်ရရင် လုပ်ငန်းအတွက် အများကြီး အထောက်အကူပြုပါတယ်။ အရင်တုန်းက သတင်းစာတိုက်တွေက သတင်းထောက်တွေ ဆိုင်ကယ်တွေနဲ့ အဆင်ပြေပြေ လုပ်ငန်းလည်ပတ်နိုင်တာကိုလည်း သင်ခန်းစာယူသင့်ပါတယ်။ လောင်စာဆီဈေးတွေ ကြီးမြင့်နေချိန်မှာ ဆီစားသက်သာတဲ့ မော်တော်ဆိုင်ကယ် စီးနင်းအသုံးပြုခွင့်ပေးမယ်ဆိုရင် တဖက်တလမ်းက အထောက်အကူပြုမှာပါ။

အခု မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးနေပါတယ်။ ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံကို တရားဝင် ဆိုင်ကယ်တင်သွင်းတဲ့ အရေအတွက်က ၁,၈၇၇,၅၉၆ စီး ဖြစ်ပါတယ်။ မကြာခင်မှာ ယာမဟာ ဆိုင်ကယ်ကုမ္ပဏီက ဆိုင်ကယ်သစ်တွေ လာရောင်းမယ်ဆိုတော့ ဆိုင်ကယ်စီးခွင့် မရတဲ့ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေ မြင်သာမြင် မကြင်ရတဲ့ ဘ၀မျိုး မရောက်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဘာအကြောင်းပြချက်မှ မပေးဘဲ အဓိပ္ပာယ်မဲ့ ပိတ်ပင် တားဆီးကန့်သတ်ထားခြင်းကို အလျင်အမြန် သုံးသပ်ဆင်ခြင်မိပြီး ပြန်လည်စီးနင်းခွင့်ပြုပေးဖို့ လက်တို့ သတိပေးလိုက်ရပါတယ်။

စိန်သံလုံး

By Lubo

http://www.lubo601.com/2012/10/blog-post_1077.html

ကျိုက်ထီးရိုး ဂေါပက အဂတိ လိုက်စားမှုသတင်း ဖြစ်ပေါ်



မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်၌ ဂေါပက အဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များက အဂတိ လိုက် စားမှု များ ပြုလုပ်နေသည်ဆိုပြီး အလုပ်သမားများနှင့် ဈေးဆိုင်ခန်းရှင်များ၏ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရသည်။

ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်ရှိ ဆိုင်ခန်း ပိုင်ရှင်များသည် ဂေါပကအဖွဲ့သို့ ဆိုင်ခန်း မြေနေရာ အတွက် အခွန်အခကို ပေး ဆောင်ရ သည့် အပြင် သီးသန့် အပိုငွေ ထပ်မံပေးနေရခြင်းမျိုးလည်း ရှိကြောင်း ဆိုင်ခန်းရှင်များက ပြောပြသည်။

“ဆိုင် စဆောက်တုန်းကဆိုရင် အခွန်က ကျပ် ၃၀၀၀ သာ ရှိပေမယ့် ဂေါပက တာဝန်ခံတွေကို ၃၀၀၀၀ ထပ်ပေးရပါတယ်။ အခုဆို တရားဝင် အခွန်က ကျပ်၂ သိန်း၊ ဒါပေမယ့် ဆိုင်အရှေ့က ကလဖျဉ်းအမိုးအတွက် တရားမဝင် နေရာ ဆိုပြီး ၂ သိန်း ထပ်ပေးနေရ တယ်”ဟု ကျိုက် ထီးရိုးတွင် ဈေးရောင်းနေသူ ကိုစိုးမိုးက ပြောသည်။

အဝတ်အထည် ရောင်းချလိုသူများသည် ဂေါပကအား ကျပ် ၁၅ သိန်းပေးရပြီး တရားဝင် သတ်မှတ်ထားသော အခွန်နှုန်းထားသည် ကျပ် ၃ သိန်း ဖြစ်ကြောင်း၊ ဘောက်ချာစာရင်းတွင်လည်း ၃ သိန်းသာ ရေးပေးကြောင်း ဆိုင်ခန်းရှင်များ၏ ပြောကြားချက်အရ သိရ သည်။

ကျိုက်ထီးရိုးရှိ လူထမ်း၊ ကုန်ထမ်း အလုပ်သမားများကိုလည်း အဓမ္မ အလုပ်ခိုင်းစေမှုများနှင့်ငွေတောင်းခံမှုများ ရှိကြောင်းအလုပ်သမား များ က ပြောသည်။

“ကားတွေသွားတဲ့ တောင်ပတ်လမ်းက ပျက်စီးနေလို့ အထမ်းသမားတွေကို မြေတွေပေါက်ခိုင်း၊ ကားပေါ်ကိုထမ်းတင်ပြီး ကျင်းတွေ၊ ချိုင့် တွေကို လောင်းခိုင်းတယ်။ အဲဒီလို မလုပ်တဲ့သူတွေကို တယောက် ကျပ် ၅၀၀ ပေးရမယ်လို့ ပြောတယ်။ အဲဒီ ငွေ မှ မပေးရင် အထမ်း မ ထမ်းရဘူးလို့ ပြောတယ်”ဟု ကျိုက်ထီးရိုး လူထမ်း၊ ကုန်ထမ်း အလုပ်သမား သမဂ္ဂမှ ကိုစိန်ဝင်းက ပြောပြသည်။

ယင်း လူထမ်း၊ ကုန်ထမ်း အလုပ်သမား သမဂ္ဂအား အစိုးရက ဇူလိုင် ၁၇ ရက်နေ့တွင် တရားဝင်ဖွဲ့စည်းပေးပြီး လွပ်လပ်စွာလုပ်ပိုင်ခွင့် ပေးခဲ့ သော်လည်း ဂေါပကလူကြီးများနှင့် ကင်ပွန်းချောင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီသာ တရားဝင်ဖြစ်၍ ထိုကော် မတီက ခွင့်ပြု ထားသူ များသာ လူထမ်း၊ ကုန်ထမ်း လုပ်ငန်း လုပ်ကိုင်ရမည်ဟု ပြောဆိုလုပ်ကိုင်လျက် ရှိကြောင်းလည်း သိရသည်။

ထိုပြဿနာ အရပ်ရပ်အား မကျေနပ်သည့် ဒေသခံများသည် ကျိုက်ထိုမြို့ရှိ တပ်မ ၄၄ သို့ သွားရောက် တိုင်ကြားသော်လည်း မည်သည့် အ ရေး ယူ ဆောင်ရွက်မှုမှ မရှိကြောင်း အလုပ်သမားများက ပြောဆိုသည်။

“စေတီတော် ရင်ပြင်တာဝန်ခံ ဦးတင်ညွန့်နဲ့ ပတ်သက်ပြီး နေရာတော်တော်များများမှာ တိုင်ဖူးတယ်။ အထူးသဖြင့် တပ်မ ၄၄ မှာ တိုင်ဖူး ပါ တယ်။ သူက တပ်မ ၄၄ နဲ့ တော်တော်ရင်းနှီးသူပါ”ဟု ကိုစိုးမိုးက ဆိုသည်။

ကျိုက်ထီးရိုး ဂေါပက ဥက္ကဋ္ဌ ဦးစံမြင့်က စီးပွားရေးသမားများနှင့် ကျိုက်ထီးရိုး ဂေါပကများ ပူးပေါင်းကာ အာဏာရှင်ဆန်စွာ ပြုမူနေခြင်း မ ဟုတ် ကြောင်း၊ ယခင်က ဆိုင်ခန်း အငှားချခြင်းကိုလည်း ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက် မဟုတ်ဘဲ အစိုးရ တာဝန်ရှိသူများ၏ အမိန့်အရ လုပ် ရခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များကို တင်ပြပြီးမှသာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြန်ရှင်းသည်။

“ကျနော်တို့ ဂေါပကတွေက မှန်မှန်ကန်ကန်ပဲ လုပ်ဆောင်နေပါတယ်”ဟု သူက ဆိုသည်။

ဆိုင်ခန်းများအတွက် အခွန်ငွေအပြင် အပိုငွေ ပေးရသည် ဆိုခြင်းမှာလည်း မဟုတ်ကြောင်း၊ တရားဝင် တောင်းခံခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ဆိုင်ခန်းရချင်လို့ လက်သိပ်ထိုး ပေးတာတို့၊ အပိုငွေ ပေးနေရတာတို့တော့ ကျနော်မသိပါဘူး။ အခု အချိန်မှ၊အားကိုးပေါ်လာမှပြောတဲ့ စ ကား တွေကလည်း ဘယ်လိုမှ အမှန်မဖြစ်နိုင်ပါဘူး”ဟုလည်း ဦးစံမြင့်က ပြောသည်။

ကျိုက်ထီးရိုးစေတီ ဂေါပက အဖွဲ့ဝင်ဟောင်း တဦးဖြစ်သည့် ဦးဉာဏ်ထွန်းကမူ စေတီတော် သာသနာ့မြေအား ဂေါပကများက မြေ လွတ် မြေရိုင်းဟု အမည်တပ်၍ ဝယ်ယူလိုသည့် စီးပွားရေးသမားများကို ကန့်ကွက်ရန်မရှိဆိုသည့် ထောက်ခံစာ ထုတ်ပေးမှု ရှိကြောင်း၊ ယခုထို သာသ နာ့ နယ်မြေတွင် တိုက်တာ အဆောက်အအုံများ တည်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

“ကျိုက်ထီးရိုးဘုရားရဲ့သစ်တောကြိုးဝိုင်း ဧရိယာကို ၆၆၉၈ ဧက ရှိတယ်လို့ ၂၀၀၁ မှာ သစ်တော ဝန်ကြီးက လက်မှတ်ထိုး ထုတ်ပြန် ထား တယ်။ အခု အဲဒီ သစ်တော ဧကတွေကို ဂေါပက က လန ၃၉ ပေးပြီး ဗိုလ်မှူးတွေ၊ ဗိုလ်ချုပ်တွေ ကို ရောင်းချတာတွေ လုပ် နေတယ် ဆို တာ ကျနော့်မှာ စာရွက်စာတမ်း အထောက်အထားတွေနဲ့ ရှိပါတယ်”ဟုလည်း သူက ဆိုသည်။

ထိုသို့ ကျိုက်ထီးရိုးစေတီ၌ ဖြစ်ပေါ်နေသော ပြဿနာများနှင့် ပတ်သက်ပြီး ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု(MDCF) အဖွဲ့က ပြီးခဲ့ သည့် သြဂုတ်လအတွင်း သွားရောက်လေ့လာ၍ စက်တင်ဘာ လဆန်းမှစတင်ပြီး သမ္မတ ရုံးနှင့် သာသနာရေး ၀န်ကြီး ဌာန အပါအ၀င် အစိုးရ အာဏာပိုင်များသို့ တိုင်ကြားခဲ့သော်လည်း တစုံတရာ ထူးခြားမှုမရှိ၍ အောက်တိုဘာ ၂၂ ရက်၌ ရန်ကုန် မြောက် ဥက္ကလာပ တွင် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျိုက်ထီးရိုး ဘုရားမှာ ဖြစ်နေတဲ့ အဂတိ လိုက်စားမှုတွေ၊ ဂေါပကတွေရဲ့ အလွဲသုံးစား လုပ်မှုတွေ ကို စာရင်းနဲ့ အတိအကျတိုင်တယ်။ ဒါပေ မယ့် ဘာမှလုပ်ပေးတာ မရှိဘူး”ဟု MDCF အဖွဲ့မှ ဦးဆောင်သူ တဦးဖြစ်သည့် ဦး ထင်ကျော်က ပြောသည်။

ယင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ကို ဖယ်ရှားပေးရန် MDCF က တောင်းဆို ထားကြောင်းလည်း သိရသည်။

ပုသိမ်မြို့နယ်မှ NlD ပါတီဝင် ၁၃၂ဦးနုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီကွန်ရက်အဖြစ် ဆက်လက်ရပ်တည်သွားမည်


ပုသိမ်မြို့နယ်မှ NlD ပါတီဝင် ၁၃၂ဦးနုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီကွန်ရက်အဖြစ် ဆက်လက်ရပ်တည်သွားမည်

ပုသိမ်မြို့နယ် NLD ပါတီမှ ပါတီဝင် ၁၃၂ ဦးမှာ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီကွန်ရက်အဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း နုတ်ထွက်ခဲ့ကြသည့် ခေါင်းဆောင်များက ပြောကြားသည်။
“အခြားပါတီကို ခိုလှုံချင်လို့ မဟုတ်ပါဘူး ၊အမေမရှိခိုက် ဦးကြီး ဘထွေးတွေက နှိပ်စက်တော့ မနေနိုင်လို့
အပြင်ထွက်နေရတဲ့ သဘောပါ၊” ဟု NLD ပါတီမှ နုတ်ထွက်ခဲ့သူ ဦးသန်းဝင်းက ဆိုသည်။
အဆိုပါ ပါတီဝင် ၁၃၂ ဦးနုတ်ထွက်ခြင်းနှင့် အတူ ပုသိမ်မြို့နယ် ပါတီရုံး၏ ဆိုင်းဘုတ်ပိတ်သိမ်းခြင်းနှင့် ပါတီအလံ ဖြုတ်ချမူ အခမ်းအနားကို တပေါင်း တည်း ပြုလုပ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌ သူရဦးတင်ဦး၏ အမိန့်အရ တိုင်းကော်မရှင် အဖွဲ့သည် ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက် စကားဝါလမ်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ်မြို့နယ် ရုံးခန်းကို
 ပါတီဆိုင်းဘုတ်နှင့် ပါတီအလံတို့ ဖြုတ်ချ အပ်နှင်းပေးရန် အမျိုးမျိုး ဖိအားပေးတောင်းဆိုလာသဖြင့် မလိုလားအပ်သော အခြေအနေများ မဖြစ်ပေါ်လာစေရန် ငြိမ်းချမ်းစွာ အပ်နှံပြီး ပါတီဝင်များအဖြစ်မှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ပါတီရုံး၏ မျက်နှာစာတွင် ထုတ်ပြန်ကြေညာထားချက် အရသိရသည်။ 
“ဗဟိုတာဝန်ရှိသူများက ဖြစ်ရပ်ကြောင်းကန် အဖြေမှန်ကို ရှာဖွေခြင်း ၊စုံစမ်းခြင်း၊ လေ့လာခြင်း၊ တွေ့ဆုံခြင်း၊ ညှိနှိုင်းခြင်း လုံးဝမရှိဘဲ စီမံရေးနဲ့မဆိုင်တဲ့ ဗဟိုကော်မရှင်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့သူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းခဲ့ရာကနေ စတာပါ “ ဟု NLD ပါတီဝင်ဟောင်း ဒေါက်တာ သန်းထိုက်ကပြောသည်။
အခြားသော ရပ်ကျေးအဆင့် ပါတီဝင်များကလည်း ကော်မရှင်၏ လုပ်ရပ်များကို စောင့်ကြည့်သွား မည်ဖြစ်ပြီး မမှန်မကန် ပြုလုပ်ပါကပါတီနှင့်လမ်းခွဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများကို ပြောခဲ့သည်။
ပုသိမ်မြို့နယ် NLD ပါတီမှ ပါတီဝင် ၁၃၂ ဦးမှာ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက် ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ ကွန်ရက်အဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း နုတ်ထွက် ခဲ့ကြသည့် ခေါင်းဆောင်များက ပြောကြားသည်။
 “အခြားပါတီကို ခိုလှုံချင်လို့ မဟုတ်ပါဘူး ၊ အမေမရှိခိုက် ဦးကြီး ဘထွေးတွေက နှိပ်စက်တော့ မနေနိုင်လို့
အပြင်ထွက် နေရတဲ့ သဘောပါ၊” ဟု NLD ပါတီမှ နုတ်ထွက်ခဲ့သူ ဦးသန်းဝင်းက ဆိုသည်။ အဆိုပါ ပါတီဝင် ၁၃၂ ဦးနုတ်ထွက်ခြင်းနှင့် အတူ ပုသိမ်မြို့နယ် ပါတီရုံး၏ ဆိုင်းဘုတ် ပိတ်သိမ်းခြင်းနှင့် ပါတီအလံ ဖြုတ်ချမူ အခမ်းအနားကို တပေါင်း တည်း ပြုလုပ်ခဲ့သည်။

 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဌ သူရဦးတင်ဦး၏ အမိန့်အရ တိုင်းကော်မရှင် အဖွဲ့သည် ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက် စကားဝါလမ်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ်မြို့နယ် ရုံးခန်းကို ပါတီဆိုင်းဘုတ်နှင့် ပါတီအလံတို့ ဖြုတ်ချ အပ်နှင်းပေးရန် အမျိုးမျိုး ဖိအားပေး တောင်းဆိုလာသဖြင့် မလိုလားအပ်သော အခြေအနေများ မဖြစ်ပေါ်လာစေရန် ငြိမ်းချမ်းစွာ အပ်နှံပြီး ပါတီဝင်များအဖြစ်မှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ပါတီရုံး၏ မျက်နှာစာတွင် ထုတ်ပြန် ကြေညာထားချက် အရသိရသည်။

 “ဗဟိုတာဝန်ရှိသူများက ဖြစ်ရပ်ကြောင်းကန် အဖြေမှန်ကို ရှာဖွေခြင်း ၊စုံစမ်းခြင်း၊ လေ့လာခြင်း၊ တွေ့ဆုံခြင်း၊ ညှိနှိုင်းခြင်း လုံးဝမရှိဘဲ စီမံရေးနဲ့မဆိုင်တဲ့ ဗဟိုကော်မရှင်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့သူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းခဲ့ရာကနေ စတာပါ “ ဟု NLD ပါတီဝင်ဟောင်း ဒေါက်တာ သန်းထိုက်ကပြောသည်။

 အခြားသော ရပ်ကျေးအဆင့် ပါတီဝင်များကလည်း ကော်မရှင်၏ လုပ်ရပ်များကို စောင့်ကြည့်သွား မည်ဖြစ်ပြီး မမှန်မကန် ပြုလုပ်ပါက ပါတီနှင့် လမ်းခွဲမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောခဲ့သည်။
 
Copy from - Messenger News Journal

မလေးရှားတွင် မြန်မာများကို ရဲများ နှင့် မလေးရှား ကုလား မူဆလင်များ ပူးပေါင်း၍ ဖမ်းဆီးနေ



မလေး၇ှား နိုင်ငံတွင်ဗုဒ္ဓဘာသာမြန်မာ
များကို ရဲများ နှင့် မလေးရှား ကုလား
မူဆလင်များ ပူးပေါင်းပါလိုက်လံ ဖမ်း
ဆီးနေကြောင်း ကျောက်ဖြူမြို့နယ်
မှ မလေးရှားရောက် ရခိုင်လူငယ်တဦးက ဆိုသည်။

အဆိုပါ လူငယ်က" ရခိုင်တခုတည်းကို ဖမ်းတာ မဟုတ်ဘူး၊ မြန်မာ ဗုဒ္ဓဘာသာ
ဆိုရင် အကုန်လိုက်ဖမ်းတယ်။ အခု အဖမ်းခံရသူတွေက အယောက်နှစ်
ဆယ်ကျော်ရှိနေပြီ။တရားမ၀င် လာရောက်သူတွေများတယ်။

ရခိုင်မှာ ဖြစ်နေတဲ့ ကိစ္စနှင့် သက်ဆိုင်နေတယ်။ မလေးမှာ မြန်မာနိုင်ငံက မူဆလင်
ကုလားတွေ အများကြီး အလုပ်လုပ်လို့ ရှိတယ်။ ဖမ်းဆီးတဲ့အချိန်က အလုပ်သိမ်းချိန်
ညပိုင်း လူအိပ်ချိန်မှာ ၀င်ဖမ်းတယ်။ အခု အရမ်းသတိထားပြီးနေနေရတယ်။
မထွက်ရဲ့တော့ဘူး။ အလုပ်သိမ်းရင် ကိုယ့်အချင်းချင်း စုဝေးပြီး အိမ်ထဲမှာ
ပဲနေနေရတယ်။

သူတို့လာဖမ်းမလားဆိုပြီး စိုးရိမ်ထိတ်လန့်နေ၇တယ်။ မလေးမှာက ဥပဒေက
မြန်မာနိုင်ငံနှင့် သိပ်မကွာဘူး။ တရားဥပဒေစိုးမိုးမှုနည်းတယ်။
ဒီကလေူတွေ မြန်မာနိုင်ငံကို ပြန်ချင်နေကြပြီ။ ကျွန်တော်တို့လည်း အမြန်ဆုံး
တတ်နိုင်ရင် ရခိုင်ကို ပြန်လာချင်ပြီ။ မြန်မာအစိုးရကိုလည်း မလေးရှးရောက်
တင်မဟုတ်ဘူး မူဆလင်နိုင်ငံများမှာ ရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေ
အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံများနှင့်
ပူးပေါင်းပြီး အမြန်ဆုံး လုပ်ပေးစေချင်တယ်" ဟု အဆိုပါ ရခိုင်လူငယ်က
ပြောကြားသည်။

ဇွန်၊ဇူလိုင် လအတွင်းကလည်း မလေး၇ှားတွင် ၇ခိုင့်အရေးနှင့် ဆက်နွယ်ပြီး
မလေးရှားရောက် ၇ခိုင်လူမျိုးများအပါအ၀င် မြန်မာနိုငံသားတချို့ လိုက်လံဖမ်း
ဆီး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

မိုးမြက် မလေး(ပူချုန်း)မှ ပို့ ပေးသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို



ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင်
ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား သည်။

ဇွန်လ အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု တဖန် ပြန်လည်၍မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင် ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။

"မင်းပြားမှာ ဒီနေ့ က OIC ကန့်ကွက် ဆန္ဒပြရင် နောက်နေ့ မှာ ပဋိပက္ခ စဖြစ်တယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ပြည်ပ အဖွဲ့ အ စည်း တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာ ပေါ်လွင် နေတယ်" ဟု ဦးမျိုးကျော် က ရှင်းပြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တွင် နောက်ကွယ် မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ လ ၂၅ရက် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခုအခါ ယင်းသို့ တစ်ကျော့ပြန် ဆူပူ အကြမ်းဖက်မှု များကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး ခဲ့ပြီး၊ ၉၀ကျော် ဒဏ်ရာကာ နေအိမ် ၃၀၀၀ နီးပါး မီးလောင် ပျက်စီး ခဲ့ကြောင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြသည်။
photo by - sein down

By The Voice Weekly

Wi-Fi လွင့်နည်း


အိမ်တွင်း၊ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။


Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ အဲဒီ Antenna ၀ယ်တဲ့အခါမှာ Omini တွေ Directional တွေ dBi ဆိုတဲ့ နည်းပညာစကားလုံးတွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါ့အပြင် Antenna မှာ Outdoor Antenna နဲ့ Indoor Antenna ဆိုပြီး ကွဲပြားပါသေးတယ်။


လောလောဆယ် လူသုံးများနေတဲ့ TP-Link Outdoor Antenna ANT-2421D ကို ကြည့်ကြည့်ရအောင်ပါ။ အောက်မှာ ဖော်ပြထားတဲ့ ပုံဟာ ANT-2421D ဖြစ်ပါတယ်။
Picture
ပုံကြည့်ရင်တော့ လက်တစ်တောင်လောက်ပဲ ရှိမယ်လို့ ထင်စရာပါ။ ဒါပေမဲ့ လူတစ်ရပ်စာနီးပါး ရှည်ပါတယ်။ ဒီ Antenna ကို Wireless Router နဲ့ ဆက်သွယ်လိုက်တာနဲ့ ကိုယ့်ရဲ့ Wi-Fi ဧရိယာက ခပ်ဝေးဝေးထိကို ရောက်ပါလိမ့်မယ်။

သူ့ရဲ့ Specification ကတော့ အောက်ပါအတိုင်းပါ။

Picture
Specification မှာ အဓိကထားပြီး ကြည့်ရမှာက Gain ပါ။ ဒီ Antennaဆိုရင် Gain က 15 dBi ထိ ရပါတယ်။ dBi ဆိုတာက decibel isotropic ရဲ့ အတိုကောက်ဖြစ်ပါတယ်။ decibel ဆိုတာက အသံရဲ့အတိုးအကျယ်ကို တိုင်းတာတဲ့ ယူနစ်တစ်ခုဆိုလည်း ဟုတ်ပါတယ်။ dBi ယူနစ်ဟာ Ominidirectional Antenna တွေအတွက် တိုင်းတာတဲ့ ယူနစ် ဖြစ်ပါတယ်။ dBi တန်ဖိုးများလေလေ လှိုင်းများကို ဖမ်းနိုင်၊ပို့နိုင်တဲ့ ခွင်ကျဉ်းလေလေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရပ်ရှစ်မျက်နှာအနှံ့ ၀ိုင်ဖိုင်ကွန်ယက် ဖြန့်ချင်ရင် dBi တန်ဖိုး နည်းတဲ့ Antenna တွေကို သုံးစွဲသင့်ပြီး လားရာတစ်ဖက်တည်းကို အဓိက ဦးတည်ချင်ရင်တော့ dBi တန်ဖိုးများတဲ့ Antenna ကို သုံးစွဲသင့်ပါတယ်။
dBi တန်ဖိုးအနည်းအများဟာ အကွာအဝေးနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ (dBi တန်ဖိုးများရင် အဝေးကြီးရောက်အောင် လွှင့်နိုင်တယ်လို့ မယူဆမိပါစေနဲ့) ဖမ်းယူနိုင်တဲ့ဧရိယာကိုတော့ Beamwidth ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒီ Antenna မှာ Beamwidth က horizontal ဆိုရင် ၃၆၀ဒီဂရီ ရရှိပြီး vertical က ၉ ဒီဂရီပဲ ရပါတယ်။ ဆိုလိုတာက Antenna နဲ့ horizonal အနေအထားအတိုင်း ဖမ်းမယ်ဆိုရင် ၃၆၀ ဒီဂရီရတာမို့ အရှေ့က ဖမ်းဖမ်း၊ အနောက်က ဖမ်းဖမ်း မိမှာပါ။ ဒါပေမဲ့ vertical အနေအထားနဲ့ ဖမ်းမယ်ဆိုရင်တော့ 9 ဒီဂရီအတွင်းမှာပဲ ရရှိနိုင်ပါလိမ့်မယ်။


ဒါကြောင့်လည်း ဒီ Antenna ကို Omini Antenna ရယ်လို့ အလွယ်ခေါ်ကြတာပါ။ ၃၆၀ ဒီဂရီ ဖမ်းနိုင်၊လွှတ်နိုင်တယ်ပေါ့လေ။

အပိုင်း (၁) တုန်းက Wi-Fi ဝေးဝေးရောက်ချင်ရင် Wireless Router ဒါမှမဟုတ် Access Point နဲ့ Omini Antenna နဲ့ တွဲသုံးဖို့ ရေးသားခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနှစ်ခုကို ချိတ်ဆတ်ရင် ဘယ်လိုချိတ်ဆတ်မလဲဆိုတာ ကြည့်ရအောင်ပါ။ Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။

Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။
Picture
အထက်ပါပုံစံအတိုင်း ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့ ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။ (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။

External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်းဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။

ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။

http://www.tp-link.com/support/wireless_calculator/index.asp

ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။
Picture
လွှင့်တဲ့ဘက်နဲ့ ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ် Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။ Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။
Picture
Result တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3 mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။

CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။
Picture
Antenna တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ CPE တွေကို Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့ အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။

CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

Picture
ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။

Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။

CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။

http://akarphyoe.mixxt.at မှ ကူးယူတင်ပြသည်။

Firefox ပြသနာတက်နေပြီလား..!!!


Add-on ကြောင့်ပဲဖြစ်ဖြစ် ၊ ကိုယ်ထည့်လိုက်တဲ့ ဆော့ဝဲလ်တစ်ခုခုကြောင့်ပဲဖြစ်ဖြစ်  (ဥပမာ Babylon) Firefox ကို မူလအတိုင်းပြန်ဖြစ်ချင်တယ်ဆိုရင် Firefox ကို Reset ပြန်လုပ်နိုင်ပါတယ်.ပထမဆုံးအနေနဲ့...
Firefox Menu > Help > Restart with Add-ons Disabled ကိုဝင်လိုက်ပါ.
အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့ Restart ကိုနှိပ်ပါ.
Reset Firefox ကိုနှိပ်လိုက်ရင်တော့ Firefox လေး မူလပထမအခြေအနေကိုပြန်ရောက်ရှိသွားပါပြီ.

အားလုံးပြီးသွားရင်တော့ Add-ons ထဲဝင်ပြီးတော့ ကိုယ်အသုံးပြုချင်တဲ့ Add-ons လေးတွေပြန်ထည့်ပေါ့..
အဆင်ပြေပါစေဗျာ...

SMS For MM (မြန်မာ SMS) for Android


Application Developer Name- Joe Win

Android ဖုန်းတွေမှာ မြန်မာစာသွင်းထားစရာမလိုဘဲ တစ်ဖက်ဖုန်းကနေမြန်မာလိုပို့လာတဲ့ Message တွေကိုမြန်မာလိုမြင်နိုင်၊မြန်မာလိုပြန်ရိုက်နိုင်တဲ့ Message application လေးဖြစ်တဲ့ SMS for MM (မြန်မာ SMS) for Android ကိုတင်ပေးလိုက်ပါတယ်။ Message တွေကို မြန်မာစာမလိုဘဲ မြန်မာလိုဖတ်ရှုနိုင်သလို ၊ message ၀င်လာတဲ့အခါမှာလည်း Pop-up Window လေးနဲ့ Message ကိုဖတ်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုဖို့ ဖုန်းကို root လုပ်ထားစရာလည်းမလိုပါဘူး ။ ဒီဆော့ဝဲလေးထဲမှာ မြန်မာစာရိုက်ဖို့ကတော့ Frozen Keyboard လိုမြန်မာစာကီးဘုတ်တစ်ခုခု ဖုန်းထဲမှာသွင်းထားရမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို Android Developer ‘Ko Joe Win’ ကရေးသားထားတာဖြစ်ပါတယ်။ SMS for MM ကိုအောက်က link မှာရယူနိုင်ပါတယ်။

SMS For MM (မြန်မာ SMS) for Android အားရယူရန်
http://www34.zippyshare.com/v/65036312/file.html

ထိုင်းလုလင်ပျိုတို့၏ က္ကုတ္ထိယ တို့ နဲ့ အတူ ဓါတ်ပုံ တစ်ပုံ တွဲရိုက် လျှင် ၂၀၀၀ကျပ်(သယ်ရင်းတို.လှူချင်ရင်နောက်ကျသွားမှာစိုးလို.ပါ)


ထိုင်းလုလင်ပျိုတို့၏ က္ကုတ္ထိယ တို့ နဲ့ အတူ လာရောက်ကြည့်ရှုသော ပရိသတ်များက အမှတ်တရ ဓါတ်ပုံ ရိုက်ကူးနေကြပါတယ်။ ဓါတ်ပုံ တစ်ပုံ တွဲရိုက် လျှင် ၂၀၀၀ကျပ်ဖြစ်ကြောင်းသိရပါတယ်။
ရရှိသော ငွေကြေးများကို မြန်မာနိုင်ငံရှိလိုအပ်သောနေရာဒေသမျာကိုသွားရောက်လှူဒါန်းမှာ
ဖြစ်ကြောင်းသိရပါတယ်။
ထိုင်းလုလင်ပျိုတို့၏ က္ကုတ္ထိယအသွင် ကပွဲသဘင်ကို အောက်တိုဘာ ၂၅ ရက် နေလည် ၃း၀၀ နာရီက MCC ခန်းမတွင် ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခြင်းဖြစ်သည့် "ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်"ကို ယနေ့(အောက်တိုဘာ-၂၅)နေ့ညနေပိုင်းက ရန်ကုန်မြို့ MCC ခန်းမ၌ကျင်းပခဲ့ရာ ပရိသတ်များအားပေးကြည့်ရှုကြကြောင်းသိရသည်။

အဆိုပါကပွဲသဘင်ကို MCC ခန်းမတွင် အောက်တိုဘာ(၂၅)နှင့် (၂၆)နေ့များဝယ် ကျင်းပဖျော်ဖြေမည်ဖြစ်ပြီး၊ ပထမနေ့တွင် ၅နာရီခွဲမှ ၇နာရီ၊ ၈ နာရီမှ ၉ နာရီခွဲ စသည်ဖြင့် နှစ်ကြိမ်၊ ဒုတိယနေ့တွင် မွန်းလွဲ ၃ နာရီမှ ၄နာရီခွဲ၊ ၅နာရီခွဲမှ ၇ နာရီ၊ ၈ နာရီမှ ၉ နာရီခွဲ စသည်ဖြင့် ၃ကြိမ်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်းသိရသည်။

ပွဲကြည့်ပရိသတ်များအတွက် ဘန်ကောက်ခရီးစဉ်နှင့် ကျန်းမာရေးဆေးစစ်ပေးခြင်းကံစမ်းမဲအစီအစဉ်များလည်းပါရှိကြောင်းသိရသည်။

အသေးစိပ်အချက်အလက်များကို သိရှိလိုပါက ဖုန်း - ၀၉ ၄၃၀၃၀၃၀၃၊ ၀၉ ၇၃၂၅၂၉၉၉ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
Popular Journal
နောက်မကျစေနဲ.နော် သွားလှူလိုက်ဦး
မော်နီကာ
 
 

ကား အရစ်ကျဝယ်ယူခြင်း အတွက် စနစ်အသစ် *

Inbox
x








ကား အရစ်ကျဝယ်ယူခြင်း အတွက် စနစ်အသစ်

ကား အရစ်ကျဝယ်ယူခြင်း အတွက် စနစ်အသစ် ဆိုပြီး အာရှစိမ်းလမ်းဖွံ့ဖြိုးရေး ဘဏ်မှ ယခုလို ကြေညာစာ (Note) ကို ၎င်းတို့ Facebook Page မှာ တင်ထားပါတယ်။

အရစ်ကျ ကားဝယ်ယူရန် စိတ်ပါဝင်စားသူများ ဖတ်ရှုနိုင်ရန် ယခုလို တစ်ဆင့် မျှဝေပေးလိုက် ရပါတယ်။

ကား အရစ်ကျဝယ်ယူခြင်း အတွက် စနစ်အသစ်

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် ချေးငွေဌာနသည် အငှားဝယ်ယူ ရောင်းချသော စနစ်ဖြင့် မော်တော်ယာဉ် ဝယ်ယူလိုသူများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။



ယခင်က ငွေကြေးအာမခံဖြင့်သာ ဝယ်ယူနိုင်ကြသည့်စနစ်အစား၊ ယခုအခါတွင် ငွေကြေးအာမခံမလိုဘဲ မည်သူမဆို ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပေးအပ်ပါသည်။



၁။ ရောင်းချသည့်မော်တော်ယာဉ်အား မြန်မာ့အာမခံလုပ်ငန်းတွင် အလုံးစုံ အာမခံထားရှိပေးရမည်။



၂။ သက်တမ်းမပြည့်မီ ပြန်လည်ပေးဆပ်သော ချေးငွေများအတွက် ငှားရမ်းခ ပြန်လည်ထုတ်ပေးခြင်း (Refund) နှင့် အရစ်ကျ ပေးသွင်းရန် ပျက်ကွက်ခြင်းများအတွက် ပျက်ကွက်ကြေး (Penalty) စနစ်များလည်း ရှိပါသည်။



၃။ သက်တမ်းနှင့် နှုန်းထားများ -

သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၂၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၈%

ဝန်ဆောင်ခ (Service Charges)      ၁%



သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၃၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၇%

ဝန်ဆောင်ခ (Service Charges)      ၁%



သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၄၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၅%

ဝန်ဆောင်ခ (Service Charges)      ၁%



သက်တမ်း ၂နှစ် ကနဦး ပေးသွင်းငွေ ၂၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၁၂%

ဝန်ဆောင်ခ (Service Charges)      ၁%



သက်တမ်း ၂နှစ် ကနဦး ပေးသွင်းငွေ ၃၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၁၁%

ဝန်ဆောင်ခ (Service Charges)      ၁%



၎။ လိုအပ်သော စာရွက်စာတမ်းများ -

    မှတ်ပုံတင် မိတ္တူ
    ရပ်ကွက်/ရဲစခန်းထောက်ခံစာ မူရင်း
    အိမ်ထောင်စုစာရင်း မိတ္တူ
    ဓါတ်ပုံ ၂ပုံ


၅။ ဝယ်ယူနိုင်သော နေရာများ -


၁။ Fuji Yama Service Co.,ltd

    အမှတ်(၉)၊အေးရိပ်မွန်လမ်း၊ (၃)ရပ်ကွက်၊လှိုင်မြို့ နယ်၊ ရန်ကုန်မြို့ ။ ဖုန်း ၀၁-၅၃၁၃၇၃၊ ၀၁-၅၁၂၉၂၁
    အမှတ် (၁၅၈)၊ ရန်ကုန်-အင်းစိန်လမ်း၊ကမာရွတ်မြို့ နယ်။ (ဆင်ရေတွင်းမှတ်တိုင်အနီး) ဖုန်း ၀၁-၅၃၆၉ ၅၉
    အမှတ်(၆၈)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့ နယ်၊ ရန်ကုန်မြို့ ။ ဖုန်း ၀၁-၆၈၅၀၄၉* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)

၂။ Aung Gyi Trading Co.,Ltd

အမှတ် ၁၅၃၊ မောင်သန်းလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့ နယ်။ ဖုန်း  ၀၁-၆၄၃၆၂၁၊ ၀၁-၆၁၇၁၀၁၊ ၀၉ ၅၅၀၅၈၆၂

* ရောင်းချသည့် ပစ္စည်း အမျိုးအစား - မီးစက်နှင့် ကားများ၊ လုပ်ငန်းသုံးမော်တော်ယာဉ်။



၃။ Garmanit Trading Co.,ltd

အမှတ် ၇၅-စီ၊ အေးရိပ်သာ ၁လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့ နယ်။ ဖုန်း ၀၁-၅၄၇၅၃၈၊ ၀၁-၅၅၇၆၇၇

* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)



၎။ Shwe Yamone

အမှတ်၂၉၊ ပြည်လမ်း၊ ၇မိုင်၊ မရမ်းကုန်း။ ဖုန်း ၀၁-၆၈၅၃၂၀၊ ၀၁-၆၈၅၄၅၀၊ ၀၁-၆၅၆၇၀၈

* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)



၅။ Golden Fortune Co.,Ltd

အမှတ် ၃၂၇၊ ဦးဝိစာရလမ်း၊ စမ်းချောင်းမြို့ နယ်။ ဖုန်း ၀၁-၅၀၃၃၆၆၊ ၀၁-၅၀၃၃၈၈

* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)



၆။ Farmer Phoyarzar General Service Co.,ltd

အမှတ် ၆၄၊ ဆရာစံလမ်း၊ ဗဟန်းမြို့ နယ်။ ဖုန်း ၀၁-၅၄၂၅၄၄

* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)



၇။ Htet Myat Han Co.,ltd

ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးဝန်း၊ ပြည်လမ်း၊ ကမာရွတ်မြို့ နယ်။

ဖုန်း ၂၄၉၁၈၉၊ ၇၃၀၂၉၉၈၈၊ ၇၃၅၅၅၅၃၃

* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)



၈။ High Tech Princess Co.,ltd

အမှတ် (၁၁၅-ဘီ)၊ တက္ကသိုလ်ရိပ်သာလမ်း။ ဖုန်း ၂၄၆၁၈၆၊ ၀၉ ၄၃၆၂၆၆၆၆

* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)



၉။ Yaung Ni Oo Co.,ltd

အမှတ် (၃၈-၃၉)၊ မြကန်သာ ၃လမ်း၊ ပိတောက်ချောင်း၊ လှိုင်မြို့ နယ်။

* ရောင်းချသည့် ပစ္စည်း အမျိုးအစား - လူစီးမော်တော်ယာဉ် (ယာဉ်ငယ်)


ချေးငွေဌာန

အေဂျီဒီဘဏ်။
TSJ


--

Fwd: ပဲခူးတိုင်း။ကြို.ပင်ကောက်မြို.နယ်တွင်ပြည်ခိုင်ဖြိုးပါတီမှ ကူသလိုလိုနှင်. စီးပွားရေးအမြတ်ထုတ်နေ

Inbox
x

aye aye ayeaye720@gmail.com
8:23 PM (6 hours ago)

to me
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း
၊သာယာဝတီခရိုင်၊ကြို.ပင်ကောက်ြ
မို.နယ်၊စက်တိုင်ကုန်းရပ်ကွက်၊ဘောဂ၀တီလမ်းတွင်၁၃.၁၀.၂၀၁၂နေ.၌
ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ မှတ်ပုံတင်မရှိသေးသော
ရပ်ကွက်နေပြည်သူလူထု  အယောက်(၁၀၀)အား
မှတ်ပုံတင်ပြုလုပ်ပေးခဲ.ပါသည်။ထိုသို.ပြုလုပ်ပေးရာတွင် လူတစ်ဦးလျှင်
၁၅၀၀ကျပ်ပေးရပါသည်။အမှန်တကယ် လ၀ကခေါ်
လူဝင်မှုကြီးကြပ်ရေးဋ္ဌာနသို.ပေးသွင်းရငွေမှာ
၇၀၀ကျပ်ဟု လ၀ကမှပြောပါသည်။ကုန်းမြင်.ကျေးရွာတွင်မူ တစ်ဦးလျှင်
၆၀၀ကျပ်သာပေးခဲ.ရပါသည်။အဘယ်ကြောင်. ထိုသို.တစ်မြိုတည်းတွင် ပေးရငွေ
ကွာရပါသလဲ။သက်ဆိုင်ရာလူကြီးမင်းများ သိရှိစေလိုပါသည်။
ပြည်ခိုင်ဖြိုးပါတီသည် ကူသလိုလိုနှင်.ပြည်သူလူထုအး
စီးပွားရေးသဖွယ်အမြတ်ထုတ်နေခြင်းမှာ လက်ရှိ နိုင်ငံတော်အစိုးရမှ
ဖော်ဆောင်နေသော သန်.ှင်းသောအစိုးရဟူသောဂုဏ်ပုဒ်ကို
များစွာထိခိုက်စေပါသည်။
သို.ဖြစ်ပါ၍  နိုင်ငံတော်သမ္မတကြီးနှင်.တကွ သက်ဆိုင်ရာ ပါတီနှင်.
ဋ္ဌာနဆိုင်ရာလူကြီးမင်းများ သိရှိပြီး အမြန်ဆုံး အရေးယူဆောင်ရွက်ပေးပါရန်
ဤသတင်းဋ္ဌာနမှတစ်ဆင်. သတင်းပို. တိုင်ကြားအပ်ပါသည်ခင်ဗျား၊။
                          ရပ်ကွက်နေပြည်သူလူတုတစ်ဦး

အခုတော့ ၀ယ်မဲ့သူရှိသွားတဲ့ အပျိုစင်ဘဝကို ရောင်းပြီး ရတဲ့ငွေတွေကို ဆင်းရဲသားကို လှူမယ်ဆိုတဲ့ ဘရာဇီးသူလေး


အပျိုစင်ဘဝကို ရောင်းပြီး ရတဲ့ငွေတွေကို ဆင်းရဲသားကို လှူမယ်ဆိုတဲ့
ဘရာဇီးသူလေး အခုတော့ ဝယ်မယ့်သူ ရှိသွားပြီ။



ဝယ်တဲ့သူက ဂျပန်နိုင်ငံသားလို့ သိရပါတယ်။ အမည်ကို လျှို့ဝှက်ထားပါတယ်။ အခုဆို ဆေးစစ်နေပါပြီ။

ဒေါ်လာ 780 000 နဲ့ သဘောတူခဲ့ကြတာပါ။

လူတစ်ချို့ ဝေဖန်မှုကို ခံရပေမယ့် သူမရပ်ရွာ တိုးတက်ဖို့ တစ်ကြိမ်တည်းသော စွန့်လွတ်မှုလို့ သူမ ဆိုပါတယ်။

http://hilight.kapook.com/view/77675
မော်နီကာ

မြန်မာနိုင်ငံ၌ အမြင့်ဆုံးဖြစ်လာမည့် ၃၄ ထပ်မြင့် အဆောက်အအုံ အင်းလျားကန်အနီး တည်ဆောက်မည်



ဲမြန်မာနိုင်ငံ၌ အမြင့်ဆုံး ၃၄ထပ် အမြင့်ရှိ လူနေကွန်ဒိုမီနီယမ်တစ်ခုကို မရမ်းကုန်း မြို့နယ်၊အင်းလျားကန်အနီး၊ ဦးထွန်းငြိမ်းလမ်းပေါ်တွင် Mandalay Golden Wings(MGW) ဆောက်လုပ်ရေးက အမေရိကန်ဒေါ်လာ သန်း ၆၀အကုန်အကျခံကာ ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမည်ဖြစ်သည်။
ဒိုင်းမွန်းအင်လျားကွန်ဒိုကို ဧရိယာ နှစ်ဧကကျော်ကျယ်သည့် မြေကွက်လပ်တွင် လာမည့်နိုဝင်ဘာ
လဆန်းမှ စတင်တည်ဆောက်မည်ဖြစ်သည်။
ထို အဆောက်အအုံသည် အင်းယားလိတ်ခ် ဟိုတယ်အနီး၊ ပါရမီလမ်းမနှင့်လည်း နီးမည်ဖြစ်သည်။
ဒိုင်းမွန်းအင်းလျားကွန်ဒို တည်ရှိရာ နေရာသည် ယခင် အမှတ်(၁)စက်မှု ၀န်ကြီးဌာနပိုင် မျက်နှာ
သုတ်ပ၀ါစက်ရုံ ဟောင်းတည်ရှိခဲ့သည့် နေရာဖြစ်ကာ အစိုးရက လေလံတင်ရောင်းချခဲ့သည့်
မြေကွက်လည်းဖြစ်သည်။
အင်းလျားကန်နှင့် ပေ ၁၀၀ ခန့်သာဝေးကွာပြီး ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများနှင့်ဆိုင်ခန်းများ
တည်ရှိသည်။
၃၄ ထပ်မြင့်မည့် အဆိုပါကွန်ဒိုတွင် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည် ဖြစ်ကာ ပထမထပ်မှ
ဆဋ္ဌမထပ်အထိ ကားစီးရေ ၅၆၀ ဆံ့သော ကားပါကင် အဖြစ် ထည့်သွင်းမည်ဖြစ်သည်။
သတ္တမအထပ်နှင့် ၃၂ ထပ်တွင် ကွန်ဒိုနေထိုင်သူများအတွက် ၀န်ဆောင်မှု ပေးမည့် Service floor
facilities ၄၅ ရာခိုင်နှုန်းနှင့် အခန်းဧရိယာ ၅၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။
ဖျော် ဖြေရေးအတွက် ရုပ်ရှင်ရုံငယ်လေးများ အပြင် အားကစားအတွက်လည်း အဆင် ပြေစေမည့်
နေရာများ ဖန်တီးပေးထား မည်ဖြစ်သည်။
အဋ္ဌမထပ်မှ ၃၄ ထပ်အထိ လူနေ အခန်းများဖြစ်ကာ အများဆုံး အိပ်ခန်း လေးခန်းပါရှိသည့်
စတုရန်းပေ ၃,၀၀၀ အကျယ်မှ အကျဉ်းဆုံး အိပ်ခန်းတစ်ခန်း သာပါဝင်သည့် စတုရန်းပေ ၈၅၀
အကျယ် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည်ဖြစ်သည်။
အပေါ်ဆုံးထပ်တွင် တစ်လုံးလျှင် စတုရန်းပေ တစ်သောင်းကျော် ကျယ်သည့်ခေါင်မိုးအိမ်လေးလုံး
လည်းပါရှိ မည်ဖြစ်သည်။
"တိုင်းရင်းသားပိုင် ဖြစ်ပါတယ်။အခန်းတွေကို ပြည်တွင်းကော နိုင်ငံခြားသားတွေကိုပါ မျှပြီး
ရောင်းချမှာ ဖြစ်ပါ တယ်"ဟု အဆိုပါစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းအဆောက်အအုံသည် အင်္ဂလိပ်အက္ခရာ အယ်လ်ရှိတ်ဖြစ်ပြီး အဆောက်အအုံသုံးခုတွဲထား
သည့် ပုံစံဖြစ်ကာ ဓာတ်လှေကား စုစုပေါင်း ၁၄ စင်း ပါရှိမည် ဖြစ်သည်။
အများသုံးနေရာများ၊ အိုလံပစ်အဆင့်ရှိ ရေကူးကန်၊ အားကစားခန်းမ၊ မီနီမတ်ကက်တို့ ပါရှိမည်
ဖြစ်ပြီး လုံခြုံရေးအတွက် စီစီတီဗီကင်မရာများ နေရာ အနှံ့တပ်ဆင်ထားမည်ဟု ဆိုသည်။
"အရေးပေါ် မီးသတ်ဖို့အတွက် ထွက် ပေါက်တွေ၊ အချက်ပေးကိရိယာတွေ၊ မီးသတ်စက်အကြီးစား
နဲ့ ဂါလန်သုံးသိန်းကျော်ဆံ့တဲ့ မီးသတ်ရေကန်လည်း ပါရှိပါမယ်"ဟု အဆိုပါစီမံကိန်းမှအင်ဂျင်နီယာ
ချုပ် ဦးချစ်ဆွေညွန့်က ပြောသည်။
"အခန်းတိုင်းလိုလိုကို မီးလောင်တာနဲ့ အချက်ပေးမယ့်ကိရိယာတွေပါရှိမယ်။ ဒီအတွက် မီးလောင်
ရင် အချိန်မရွေး သုံး နိုင်မယ့် ဓာတ်လှေကားလည်းပါဝင်မယ်"ဟု စီမံကိန်းအင်ဂျင်နီယာဦးချစ်မောင်
က လည်း ပြောသည်။
အဆိုပါ ကွန်ဒိုမီနီယမ်စီမံကိန်းတွင် ၃၄ ထပ်အမြင့် ရှိမည်ဖြစ်သောကြောင့် အင်းလျားကန်နှင့်
နီးသဖြင့်လည်း မြေစမ်းသပ်မှုများကို လနှင့်ချီဆောင်ရွက်ထားပြီး လေတိုက်နှုန်း တစ်နာရီ မိုင်
၁၂၀ ဒဏ်နှင့် ငလျင်ဒဏ်ကိုလည်း ၈ ဒသမ ၅ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိအောင်
တည်ဆောက်မည်ဖြစ်သည်။
ဒိုင်းမွန်းအင်းလျားကွန်ဒိုကို ထိုင်းနိုင်ငံ အခြေစိုက် Process Myanmar အဖွဲ့ က ဒီဇိုင်းရေးဆွဲပေးပြီး
မြန်မာအင်ဂျင် နီယာများနှင့်အတူ တည်ဆောက်မည် ဖြစ်သည်။
ထို့ပြင် အဆောက်အအုံ အရည်အသွေးနှင့်ပတ်သက်ပြီး ထိုင်း နိုင်ငံရှိ AIT တက္ကသိုလ်မှ ပညာရှင်
တစ်ဦး ဦးဆောင်သည့်အဖွဲ့ကလည်း ကူညီမည် ဖြစ်သည်။
လူနေအိမ်ခန်းများကို နိုဝင်ဘာ ၁ ရက် နေ့မှ စတင်အရောင်းဖွင့်မည်ဖြစ်ကာ ဘဏ်ချေးငွေများဖြင့်
အရစ်ကျဝယ်ယူ နိုင်ရန်လည်း စီစဉ်မည်ဖြစ်သည်။
ယခုဒိုင်းမွန်းအင်းလျားကွန်ဒိုမီနီယမ်ကို တည်ဆောက်မည့် ဆောက်လုပ်ရေးကုမ္ပဏီသည်
မန္တလေးမြို့ရှိ ရတနာပုံဒိုင်းမွန်းပလာဇာကို တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီလည်း
ဖြစ် ကာ အစုရှယ်ယာဝင် အများအပြား ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံ၌ အမြင့်ဆုံးအထပ်မြင့် အဆောက်အအုံမှာ ကုန်သည်ကြီးများ ဟိုတယ်
ဖြစ်ပြီး စုစုပေါင်း ၂၂ ထပ် မြင့်မားသည်။
REF: The Myanmar Times

မြတ်စွာဘုရား ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့် ဂုဏ်တော်ပွားရကျိုး


ဣတိပိ သောဘဂဝါ
(၁)။အရဟံ
(၂)။သမ္မာသမ္ဗုဒ္ဓေါ
(၃)။ဝိဇ္ဇာစရဏသမ္ပန္တွော
(၄)။သုဂတော
(၅)။လောကဝိဒူ
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ
(၇)။သတ္ထာ ဒေဝမနုဿာနံ
(၈)။ဗုဒ္ဓေါ
(၉)။ဘဂဝါ
(၁)။အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
(၂)။သမ္မာသမ္ဗုဒ္ဓေါ = သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဥာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား။
(၃)ဝိဇ္ဇာစရဏသမ္ပန္တွော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။(ဝါ)ဝိဇ္ဇာသုံးပါး၊ဝိဇ္ဇာရှစ်ပါး၊စရဏတရား (၁၅)ပါးတို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာသုံးပါး
(၁)။ပုဗ္ဗေနိဝါသာနုဿတိဥာဏ်=ရှေးရှေးဘဝတို့၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်၍ သတိရနိုင်သောဥာဏ်။
(၂)။ဒိဗ္ဗစက္ခုဥာဏ် = နတ်မျက်စိကဲ့သို့ အဝေး၌ရှိသောအရာ၊သေးငယ်သော အရာတို့ကိုမြင်နိုင်သောဥာဏ်။
(၃)။အာသဝက္ခယဥာဏ်=ကိလေသာ အာသေဝေါတို့ကို ကုန်ခန်းစေသော ဥာဏ်။
ဝိဇ္ဇာရှစ်ပါး
(၁)။ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။
(၂)။ဒိဗ္ဗစက္ခုဥာဏ်။
(၃)။အာသဝက္ခယဥာဏ်။
(၄)။ဝိပဿနာဥာဏ်=ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသောဥာဏ်။
(၅)။စေတောပရိယဥာဏ်=သူတစ်ပါးစိတ်ကိုသိသောဥာဏ်။
(၆)။မနောမယိဒ္ဓိဥာဏ်=မိမိခန္ဓာကိုယ်အတွင်း၌ တစ်ခြားခန္ဓာကိုယ်တစ်ခုကို စိတ်ဖြင့်ဖန်ဆင်းနိုင်းသော ဥာဏ်။
(၇)။ဒိဗ္ဗသောတဥာဏ် =အဝေးမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သောဥာဏ်။
(၈)။ဣဒ္ဓိဝိဓဥာဏ်=တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဥာဏ်။
စရဏတရားတစ်ဆယ့်ငါးပါး
(၁)။သီလ=ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ပါတိမောက္ခသီလစသည်များ။
(၂)။ဣန္ဒြိယသံဝရ=မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဟူသော ဣနြေ္ဒခြောက်ပါးနှင့်စပ်၍ ကိလေသာမဖြစ်ရအောင် ဖြစ်ပေါ်သမျှကို သတိဖြင့် ရှုသိနေခြင်း။
(၃)။ဘောဇနေ မတ္တညုတာ=ချင့်ချိန်၍ စားသောက်ခြင်း။
(၄)။ဇာဂရိယာနုယောဂ=နိုးနိုးကြားကြားရှိမှု၊သတိတည်းဟူသော နိုးကြားမှု အမြဲရှိနေခြင်း။
(၅)။သဒ္ဓါ =ရတနာ သုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်မှု။
(၆)။သတိ=ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း။
(၇)။ဟိရီ=မကောင်းမှုပြုရမည်ကို ရှက်ခြင်း။
(၈)။သြတ္တပ္ပ=မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်း။
(၉)။ဝီရိယ=ကုသိုလ်ရေးတို့၌ အားထုတ်ခြင်း။
(၁၀)။သုတ=အပြစ်ကင်းသော အကြားအမြင်ဗဟုသုတ။
(၁၁)။ပညာ=အသိ၊ အလိမ္မာ၊အတတ်ပညာ။
(၁၂)။ပထမဈာန်။
(၁၃)။ဒုတိယဈာန်။
(၁၄)။တတိယဈာန်။
(၁၅)။စတုတ္ထဈာန်။
(၄)။သုဂတော=ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။(ဝါ)ကျိုးရှိဟုတ်မှန် သူခံသာသော စကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။
(၅)။လောကဝိဒူ=သတ္တလောက၊သြကာသလောက၊သခါင်္ရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ=မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။
(၇)။သတ္တာဒေဝမနုဿာနံ= လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ အစစ်ဖြစ်တော်မူသော မြတ်စွာဘုရား။
(၈)။ဗုဒ္ဓေါ=သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား။(ဝါ)သစ္စာလေးအင်ကိုယ်တိုင်မြင်၍ တပည့်တွေကိုလဲ သိစေတော်မူသော မြတ်စွာဘုရား။
(၉)။ဘဂဝါ=ဣဿရိယ စသည် ဘုန်းခြောက်လီနှင့်စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား။
(က)။ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင် နိုင်နင်းတော်မူခြင်းတည်းဟူသော ဣဿရိယဘုန်းတော်။
(ခ)။မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတည်းဟူသော ဓမ္မဘုန်းတော်။
(ဂ)။ဟုတ်တိုင်းမှန်စွာ သုံးဖြာသော လောကတွင် ပျံ့နှံ့ကျော်စေရခြင်းတည်းဟူသော ယသဘုန်းတော်။
(ဃ)။အင်္ဂါကြီးငယ် တင့်တယ် ပြည့်ဖြိုး အချိုးတကျ သပ္ပာယ်တော်မူလှခြင်းတည်းဟူသော သိရီ ဘုန်းတော်။
(င)။အလိုတော်ရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမဘုန်းတော်။
(စ)။အရဟတ္တ မဂ်ဥာဏ်၊သဗ္ဗညုတဥာဏ်တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင် ကြီးမားသော ဝီရိယတော်တည်းဟူသော ပယတ္တ ဘုန်းတော်။
ဤ ဘုန်းတော်ခြောက်စုံနှင့် ကုံလုံပြည့်ဝတော်မူသော မြတ်စွာဘုရား။
ဤသို့လျှင် အရဟံစသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။
ဘုရားဂုဏ်တော်ပွားရခြင်းအကျိုး(လင်္ကာ)
စေတီပမာ ၊စိတ်မှာတည်ကြည်။
ရောက်မည်နတ်ရွာ၊တွေ့ကာသိလွယ်။
မြတ်နွယ်အမျိုး၊ရိုကျိုးခံရ။
ပြည့်ဝအင်္ဂါ၊ဆင်းလှစွာဖြင့်။
သာယာခံတွင်း၊ကြိုင်သင်းမွှေးကြူ။
ကြီးမူပညာ၊နတ်ရွာထက်ရွှင်။
လျှင်မြန်ဆန်းကြယ်၊ကောင်းကြွယ်စကား။
ဆိုနိုင်ငြားသည်၊ဘုရားဂုဏ်တော်ပွားကျိုးတည်း။(ရှေးပညာရှိ ဆရာတော်များ)
ကိုးကား။ ။ချမ်းမြေ့ဆရာတော်(လူငယ်သင် အခြေပျိုးဗုဒ္ဓဘာသာစာအုပ်)
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် အိန္ဒိယနိုင်ငံ)

HIV ပိုးရှိမှန်း သိနိုင်သည့် လက္ခဏာများ



ခန္ဓာကိုယ်ထဲကို HIV ပိုး ဝင်ရောက်ခံရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းဟာ တစ်လမှ နှစ်လအတွင်း Acute retroviral syndrome လို့ခေါ်တဲ့ တုပ်ကွေးရောဂါလိုမျိုး လက္ခဏာ ဖြစ်ပေါ်တတ်ပါတယ်။
တစ်ခါတစ်ရံမှာ HIV ရောဂါပိုးဝင်တဲ့ လက္ခဏာဟာ နှစ်ပေါင်းများစွာ ဒါမှမဟုတ် ဆယ်စုနှစ်ထိတောင် မပေါ်ပေါက်ပဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် HIV ရောဂါပိုးရှိသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ သူတို့မှာ ပိုးရှိမှန်း မသိရှိကြပါဘူး။ ပိုးရှိ၊ မရှိ စစ်ဆေးဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် မိမိအိမ်ထောင်ဖက်အပေါ် သစ္စာမရှိဘဲ တခြားသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုလုပ်သူတွေနဲ့ မူးယစ်ဆေးကို အကြောဆေးအဖြစ် ထိုးသွင်းသူတွေ အနေနဲ့ HIV ပိုးအတွက် စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ဟာ HIV ပိုးရှိနေမှန်း သိနိုင်တဲ့ လက္ခဏာတချို့ပါ။
၁။ အဖျားရှိခြင်း
HIV ပိုး ဝင်ရောက်တဲ့ ပထမဆုံး လက္ခဏာ အနေနဲ့ အဖျားရှိတာပါ။ ၁၀၂ ဒီဂရီလောက်ထိ ရှိတတ်ပါတယ်။ မောပန်းတာ၊ အကျိတ်ရောင်တာနဲ့ လည်ချောင်းနာတာတွေပါ တွဲပြီး ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ သွေးအတွင်း ရွေ့လျားနေပြီး အများအပြား ပေါက်ဖွားလာတဲ့ အခါမှာ ခုခံအားစနစ်က တုံ့ပြန်တာကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာပါ။
၂။ မောပန်းခြင်း
ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် မောပန်းတဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။ မောပန်းတာဟာ HIV ပိုးရှိတဲ့ ပထမနဲ့ နောက်ဆုံး လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
၃။ ကြွက်သားနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲခြင်း
HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ တုပ်ကွေးနဲ့ မှားယွင်းတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကာလသားရောဂါ ဒါမှမဟုတ် အသည်းရောင်ရောဂါနဲ့လည်း မှားယွင်းတတ်ပါတယ်။ အဲဒီရောဂါတွေ အားလုံးမှာ အဆစ်နဲ့ ကြွက်သားကိုက်ခဲ နာကျင်တာ၊ အကျိတ်တွေ ရောင်တာတွေ ဖြစ်ပေါ်တတ်လို့ပါ။ ခန္ဓာကိုယ်တွင်း ပိုးဝင်ရောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ရဲ့ တုန့်ပြန်မှုကြောင့် အကျိတ်ရောင်တာဖြစ်ပြီး များသောအားဖြင့် လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံနေရာတွေက အကျိတ်တွေမှာ ရောင်ရမ်းနေတတ်ပါတယ်။
၎။ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း
လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာဟာလည်း အကျိတ်ရောင်တာလိုပဲ HIV ပိုးဝင်ရောက်တဲ့ တခြားလက္ခဏာတွေပါ။
၅။ အရေပြားတွင် အဖုအပိမ့် ပေါက်ခြင်း
အရေပြားမှာ အဖုအပိမ့် ပေါက်တာဟာလည်း HIV ပိုးဝင်ရောက်တဲ့ စောစောစီးစီး လက္ခဏာ ဒါမှမဟုတ် နောက်ကျတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေဟာ လက်မောင်းနဲ့ ခန္ဓာကိုယ်အတွင်း ပေါက်နေတတ်ပါတယ်။
၆။ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း
HIV ပိုး ဝင်ရောက်သူ ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းဟာ ပျို့တာ၊ အန်တာ ဒါမှမဟုတ် ဝမ်းပျက်တာတွေ ဖြစ်တတ်ပါတယ်။
၇။ ကိုယ်အလေးချိန်ကျဆင်းခြင်း
HIV ပိုး ဝင်ရောက်တာကြောင့်ဖြစ်တဲ့ AIDS ရောဂါရဲ့ နောက်ဆုံးအဆင့်ကြောင့် ဖြစ်နိုင်သလို ဆိုးဆိုးရွားရွား ဝမ်းပျက်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းနေတာဟာ ခုခံအားစနစ် ကျဆင်းနေတယ်လို့ အဓိပ္ပာယ်ရပါတယ်။မိမိခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်ပိုပြီး ကျဆင်းကာ ဝမ်းပျက်နေပြီး ရက်ပေါင်း ၃၀ ကျော်ထိ အဖျားရှိနေမယ်ဆိုရင် HIV ပိုး ဝင်ရောက်နိုင်တယ်လို့ သံသယရှိရပါမယ်။
၈။ ချောင်းခြောက်ဆိုးခြင်း
ချောင်းခြောက်ဆိုးနေပြီး ချောင်းဆိုးပျောက်ဆေးနဲ့ တခြားဆေးဝါးတွေ အသုံးပြုရင်တောင် မပျောက်ကင်းခဲ့ရင် HIV ရောဂါပိုးရှိတယ်လို့ သံသယဝင်ရပါမယ်။
၉။ နမိုးနီးယား အဆုတ်ရောင်ရောဂါ
ချောင်းဆိုးတာနဲ့ ကိုယ်အလေးချိန်ကျတာဟာ HIV ပိုး ဆိုးရွားစွာ ဝင်ရောက်တဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကလည်း ကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ဖြစ်တာပါ။ခုခံအားစနစ် ကျဆင်းတာကြောင့် ဒါကို အခွင့်ကောင်းယူပြီး ရောဂါပိုးများစွာ ဝင်ရောက်နိုင်ပါတယ်။ နမိုးနီးယားအပြင် ရေယုန်နဲ့ မှိုပိုးတွေပါ ဝင်ရောက်နိုင်ပါတယ်။
၁၀။ ညဘက် ချွေးထွက်ခြင်း
HIV ပိုး ဝင်ရောက်သူ ထက်ဝက်ခန့်ဟာ ညဘက်မှာ ချွေးထွက်တတ်ပါတယ်။ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေ ခံစားရတဲ့ ဝေဒနာလိုမျိုးပါ။ အခန်းအပူချိန် ဒါမှမဟုတ် လေ့ကျင့်ခန်း ပြုလုပ်တာနဲ့ မသက်ဆိုင်ပါဘူး။
၁၁။ လက်သည်း ခြေသည်း ပြောင်းလဲခြင်း
HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ လက်သည်းခြေသည်းတွေ တင်းပုတ်ပုံသဏ္ဌာန် ပြောင်းလဲတာ၊ လက်သည်းကွဲတာ ဒါမှမဟုတ် လက်သည်းအရောင် ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။ မှိုပိုးကူးစက်တာကြောင့် ဖြစ်တတ်ပြီး ခုခံအားကျဆင်းနေတဲ့အတွက် ပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်လို့ပါ။
၁၂။ မှိုရောဂါပိုး ဝင်ရောက်ခြင်း
မှက္ခရုပေါက်တာဟာ HIV ပိုးရှိသူတွေမှာ အဖြစ်များပါတယ်။ ကန်ဒိတာ မှိုပိုးကြောင့်ဖြစ်ပြီး ပါးစပ် ဒါမှမဟုတ် အစာမျိုပြွန်မှာ ဖြစ်တတ်တာမို့ အစာမျိုရတာ ခက်ခဲတတ်ပါတယ်။
၁၃။ အာရုံစူးစိုက်နိုင်ရန် ခက်ခဲခြင်း
မှတ်ဉာဏ်ပြဿနာ၊ အာရုံစူးစိုက်ရ ခက်ခဲတဲ့ပြဿနာ၊ စိတ်တိုလွယ်တာ ဒါမှမဟုတ် စိတ်ဆတ်တာဟာ HIV ပိုး ဝင်ရောက်ခံရတဲ့ လက္ခဏာပါ။ စာရေးတာလိုမျိုး နေ့စဉ် အလွယ်တကူ ပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့လည်း ခက်ခဲတတ်ပါတယ်။
၁၄။ ရေယုန်ပေါက်ခြင်း သို့မဟုတ် လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း
ပါးစပ်ရေယုန်နဲ့ လိင်အင်္ဂါမှာ ရေယုန်ပေါက်တာဟာ HIV ပိုးရဲ့ နောက်ဆုံးအဆင့် လက္ခဏာတွေပါ။ ဒါ့အပြင် ရေယုန်ပေါက်တာကြောင့်လည်း HIV ပိုး ကူးစက်ဖို့ ပိုလွယ်သွားပါတယ်။ ရေယုန်ပေါက်တာကြောင့် အနာဖြစ်ရာမှ လိင်ဆက်ဆံနေစဉ်အတွင်း HIV ပိုးဟာ ခန္ဓာကိုယ်တွင်း အလွယ်တကူ ဝင်ရောက်နိုင်လို့ပါ။
၁၅။ ထုံကျဉ်ခြင်း၊ အားနည်းခြင်း
HIV ပိုး ရှိနေရင် ခြေထောက်နဲ့ လက်မှာ ထုံတာတွေ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ အာရုံကြောပျက်စီးတာကြောင့် ဖြစ်ပြီး ဆီးချိုရောဂါကို မထိန်းနိုင်သူတွေမှာ ဖြစ်တတ်တာနဲ့ တူပါတယ်။
၁၆။ ဓမ္မတာမမှန်ခြင်း
HIV ပိုးရှိသူတွေ အနေနဲ့ ရာသီသွေးနည်းတာ၊ သွေးကျဲတာတွေ ဖြစ်တတ်ပါတယ်။ အချိန်မတိုင်ခင် မီးယပ်သွေးဆုံးတာ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ၄၉ နှစ်မှ ၅၃ နှစ်အရွယ်မှာ သွေးဆုံးတတ်ပေမယ့် HIV ပိုး ကူးစက်ခံရသူတွေမှာ ၄၇ နှစ်မှ ၄၈ နှစ် အရွယ်မှာ သွေးဆုံးတတ်ပါတယ်။
ဒေါက်တာခင်မိုးမိုး
By Good Health

ကင်မ်ဂျုံအီလ်ကို မလေးမခန့်ပြုလုပ်သည့် ဝန်ကြီး မော်တာကျည်ဆန်ဖြင့် ပစ်သတ်ခံရ


မြောက်ကိုရီးယားနိုင်ငံတွင် သမ္မတ
ဟောင်းကင်မ်ဂျုံအီလ်ကို မလေးမခန့်
 ပြု လုပ်မိသူ စစ်ဘက် ဝန်ကြီးတစ်ဦး
အား မော်တာကျည်ဆန်ဖြင့် ပစ်ခတ်
သတ်ဖြတ် ခဲ့ေ ကြာင်း သိရသည်။


ကွယ်လွန်သူ သမ္မတဟောင်း ကင်မ်အတွက် ရက်ပေါင်း(၁၀၀)ကြာ ကြေကွဲမှု
သတ်မှတ်ထားချိန် အတောအတွင်း စစ်တပ်၏ဒုတိယဝန်ကြီး ကင်မ်ချိုလ်မှာ အရက်သေစာ သောက်စားခဲ့မှုအတွက် သေဒဏ်စီရင် ခံရခြင်း ဖြစ်သည်။
၎င်းသည် ယခုနှစ် အစောပိုင်းက ထောင်သွင်း အကျဉ်းချခံထားရပြီး ယခုအခါ
 ခေါင်းဆောင်သစ် ကင်မ်ဂျုံအန်းက သေမိန့် ချမှတ်ခဲ့ခြင်း
 ဖြစ်သည်။

သမ္မတဟောင်း ကင်မ်သည် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလက ကွယ်လွန်ခဲ့ပြီး
သားဖြစ်သူ ဂျုံအန်းက မြောက်ကိုရီးယား၏ အာဏာစက်ကို ဆက်ခံခဲ့သည်။



(မြောက်ကိုရီးယား စစ်ဘက်ဝန်ကြီးအား ပစ်သတ်ခဲ့သည့် မော်တာကျည်
ဆန်အမျိုးအစား)

တောင်ကိုရီးယား သတင်းဌာနများက ချိုလ်သည် သတ်မှတ် နေရာတစ်ခုတွင် ရပ်နေရန် အတင်းအကျပ် စေခိုင်းခံရပြီး မော်တာဖြင့် ချိန်ရွယ်ပစ်ခတ်ကာ အစိတ်စိတ် အမြွှာမြွှာ
 ဖြစ်သွားအောင် သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။

 ထိုလုပ်ရပ်သည် ဂျုံအန်း၏ နိုင်ငံရေးဝါဒအပေါ် ဆန့်ကျင်လာနိုင်သည့် အခြေအနေများအတွက် ပြည်တွင်းတွင် တိုက်ရိုက်ကျကျ သတိပေး ခြိမ်းခြောက်မှု
 တစ်ခုဟုလည်း သတင်းများက သုံးသပ်ခဲ့သည်။

 ယခုနှစ်အတွင်း ဂျုံအန်းသည် ဖခင်လက်ထက်က ခန့်အပ်ထားသည့် ထိပ်တန်း
အရာရှိ အနည်းဆုံး (၁၄)ဦးကိုလည်း ရာထူးများမှ ဖယ်ရှားခဲ့ပြီး ဖြစ်သည်။

ယင်းတို့အနက် စစ်တပ် အကြီးအကဲ ရီယွန်ဟိုနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ ရီကွမ်ဂွန်တို့လည်း
ပါရှိခဲ့သည်။ အသက်(၃၀)ပင် မပြည့်သေးသည့် ခေါင်းဆောင်သစ် ဂျုံအန်းသည် ဖခင်သေဆုံးမှုအတွက် ကြေကွဲမှု အခမ်းအနားကို ရက်ပေါင်း(၁၀၀)တိတိ သတ်မှတ်ကျင်းပရန် စေခိုင်းခဲ့ကြောင်း မြောက်ကိုရီးယား သတင်းရင်းမြစ်များက
 ချိုဆန်အီဘိုလ် သတင်းစာသို့ ပြောကြားခဲ့ကြသည်။

အမှုအခင်းများတွင် ပတ်သက်နေသော ကလေးငယ်များနှင့် ပြစ်မှုကျူးလွန်ခြင်းခံရသော ၁၈နှစ်အထက် အမျိုးသမီးများ ရှေ့နေအကူအညီ အခမဲ့ရရှိနိုင်


ဆက်သွယ်ရန် လိပ်စာ
သမာဓိ ဖောင်ဒေးရှင်း
အမှတ် ၁၀၄ _ စီ၊ ပထမထပ် တိုက် ၁၀/ ၁၂ ၊ ၃၅လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း _ ၀၉ ၈၆ ၁၈၁ ၉၆၊ ၀၉ ၅၁ ၆၀ ၇၈၄
အကူအညီ တောင်းခံနိုင်သူများ
(၁) အမှုအခင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်နေသော ၁၈နှစ်အောက် ကလေးသူငယ်၊ လူငယ်များ။
(၂) ၁၈နှစ် အောက်ဖြစ်ပါက ပြစ်မှုကျူးလွန်ခြင်း ခံရသူများ၊ ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲခြင်း ခံရသူများ။
(၃) ၁၈နှစ် အထက် ပြစ်မှုကျူးလွန်ခြင်း ခံရသူ (နစ်နာသူ) အမျိုးသမီးများ။
အဆိုပါ အခမဲ့ ရှေ့နေ အကူအညီပေးမှုများကို ၂၀၀၇ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သည့် ယူနီဆက်(UNICEF) နှင့် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ(MCC) တို့ အကူအညီဖြင့် Legal Aid Project အမည်ဖြင့်အခြေခံခဲ့ကြောင်း။ အဆိုပါစီမံကိန်းသည် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလတွင် ပြီးဆုံးသွားသော်လည်း ဆက်လက် အကူအညီတောင်းခံမှုများကြောင့် စေတနာရှင် ရှေ့နေများစုစည်း၍ သမာဓိဖောင်ဒေးရှင်း အမည်ဖြင့် ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှုး ဦးငိုင်ဆာ့ခ် က ပြောသည်။
ဆက်လက်၍ "တစ်ပိုင်တစ်နိုင် လုပ်နေရတယ်။ အချို့နေရာတွေမှာ အခက်အခဲရှိတယ်။ ဘယ်ကမှ အကူအညီမရဘဲ စေတနာသက်သက် လိုက်လုပ်ပေးကြတော့ စားဝတ်နေရေးလည်း ရှိသေးတာကြောင့် ထင်သလောက် အကူအညီမပေးနိုင်ဘူး " ဟု ဆိုသည်။ အင်အား ၁၀၀၀ ကျော်ဖြင့် ကူညီခဲ့ကြသော်လည်း ယခုအခါ အခက်အခဲ အမျိုးမျိုးကြောင့် အင်အား ၄၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း။ တစ်မြို့နယ်တွင် တာဝန်ခံလုပ်ဆောင်ပေးမည့် ရှေ့နေတစ်ဦး ထားရှိသည့် ပုံစံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
7Day News Journal

ကေအိုင်အေ၊ တပ်မဟာ(၄)အဖွဲ့များ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား


ကေအိုင်အေ၊ တပ်မဟာ(၄)အဖွဲ့များ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသတွင် ကေအိုင်အေ၊ တပ်မဟာ(၄)လက်အောက်ခံ ရင်း(၃၆)မှ အဖွဲ့များသည် ဓါးပြတိုက်၊ ဆက်ကြေးကောက်ရာမှ ရရှိသည့်ငွေများအား ဝေစုခွဲရာ တွင် အဝေမတည့်သဖြင့် အချင်းချင်း ပစ်ခတ်ရာမှ တပ်ခွဲမှူး လကျွေးဆိုသူ သေဆုံးသွားကြောင်း မုံးကိုးအနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံများမှ သတင်းရရှိသည်။ တပ်မဟာ(၄)မှ အဖွဲ့များသည် ငွေကြေးကိစ္စများနှင့်ပတ်ကသ်၍ အုပ်စုငယ်များ ကွဲပြားနေပြီး အလင်းဝင်သူ၊
ထွက်ပြေးသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည်ဟု ဒေသခံရွာသားများမှတဆင့် သတင်းရရှိသည်။
 by-မြ၀တီ

တူရကီ C-130 လေယာဉ် ၂ စင်း ဘာကြောင့် မြန်မာပြည်ရောက်နေသလဲ ?


တူရကီ C=130 စစ်သုံး လေယာဉ်တစီး၊ ဓာတ်ပုံ- flickr.com 
October 26, 2012,
တူရကီ နိုင်ငံက စစ်လေယာဉ် ၂ စီး ရောက်ရှိနေသည့်အပေါ် သမ္မတ ရုံ့း ညွှန်ကြားရေးမှူး ( ဖေ့စ်ဘုတ် အမည် မှူးဇော်)၏ စာမျက်နှာတွင် အသိပေး ကြေညာထားပါတယ်။
အဆိုပါ လေယာဉ် ၂ စီး ဆိုတာ C- 130 လေယာဉ်များဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ဒုက္ခခံစားနေရတဲ့ လူမျိုး၊ ဘာသာမရွေး ကူညီထောက်ပံ့မှုများအတွက် ထောက်ပံ့ ပစ္စည်းတွေ သယ်လာတဲ့ လေယာဉ်တွေ ဖြစ်တယ် လို့ ဆိုပါတယ်။
အဆိုပါ လေယာဉ်ကြီးတွေနဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မှာ စစ်တွေကို အစိုးရ ရဲ့အစီအစဉ်နဲ့ လေကြောင်း ချာတာများဖြင့် အနည်းဆုံး ၃ ခေါက် သယ်ပို့ရမယ် လို့ ရေးသား ထားပါတယ်။
"(၄) စုစုပေါင်း တန်ချိန်(၃၀) အလေးချိန်ရှိသော စားသောက်ကုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- -
Candy 2280 Boxes -
Food 960 Parcels -
Biscuit 11000 Bags -
Slipper 500 Boxes -
Clothing 1000 Packages -
Toy 500 Boxes
(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။
(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။"
မှူးဇော်၏ စာမျက်နှာပါ ဖော်ပြချက်ဖြစ်ပါတယ်။ "မှူးဇော်" ခေါ် ဦးဇော်ဌေးသည် သမ္မတရုံး ညွှန်ကြားရေးမှူး တဦးလည်း ဖြစ်သည်။
 
အိမ့်သံစဉ်

သတင်းရင်းမြစ် - ဧရာဝတီ

ရခိုင်အကြမ်းဖက်မှု တပတ်အတွင်း လူတရာကျော် သေဆုံး


ရခိုင်အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု တရာကျော်သွားပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ထားတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူပေါင်း ၁၀၀ ကျော်ရှိနေပြီး၊ ဒုက္ခရောက် နေသူတွေ အတွက် အစားအသောက် အကူအညီတွေကို ပေးနေပါတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူက ပြောပါတယ်။ နေရေးထိုင်ရေး အတွက် စီစဉ်ပေး နိုင်ဖို့ကိုလဲ စပြီးဆောင်ရွက် နေတယ်လို့ ပြောပါတယ်။ တချိန်ထဲမှာပဲ ရခိုင်ပြည်ထဲက ပရဟိတ အဖွဲ့တခုကလဲ ဆေးရုံတက် နေရသူတွေ၊ တခြား ဒုက္ခ ရောက်နေသူတွေ အတွက် အကူအညီတွေ ပေးနေပါတယ်။ ခုလို အခြေအနေနဲ့ ပါတ်သက်လို့ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ဒီကနေ့ သောကြာနေ့မှာတော့ ရခိုင်ပြည်နယ်ဖက်မှာ အခြေအနေတွေ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းကစပြီးတော့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တွေမှာ သေဆုံး ဒဏ်ရာရသူပေါင်း ရာကျော် ရှိသွားပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က VOA မြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဖြစ်စဉ် စဖြစ်တဲ့နေ့ကနေ စပြီးတော့ ခြောက်မြို့နယ်ပေါ့၊ ရသေ့တောင်နဲ့ ကျောက်တော်ပါ အပါ၊ သေဆုံးတာ ယောက်ကျား ၅၁ဦး၊ အမျိုးသမီးက ၆၁ဦး၊ ဒဏ်ရာရတာက အမျိုးသားက ၆၈ဦး၊ အဲ့မှာ ကလေး ၁၀ယောက်ပါတယ်။ နှစ်ဖက်စလုံးပါ။ အမျိုးသမီးလေးက ၄ဦး၊ ဖြစ်စဉ်တခုလုံးရဲ့ သေဆုံးတဲ့ လူဦးရေပေါ့ခင်ဗျ။”

ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေ အားလုံးမှာ ဒုက္ခရောက်နေသူတွေအတွက် အစားအသောက် အကူအညီတွေကို ပြည်နယ်အစိုးရက စတင်ပေးနေပြီ ဆိုတာကိုလဲ ဦးဝင်းမြိုင်က ခုလို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ခရိုင်အုပ်ချုပ်ရေးမှူးက မြေပုံမှာ ထိုင်ပြီးတော့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျန်တာကတော့ မြို့နယ်တိုင်းမှာတော့ သူ့အုပ်ချုပ်ရေးမှူးတွေမှာ အရင်ဖြစ်စဉ်ကတည်းက ကြိုတင်ပို့ထားတာတွေရှိတယ်။ အဲ့ဒီ့မှာ သူတို့မှာ အကုန်လုံး စားစရာ၊ သောက်စရာတွေ အကုန်လုပ်ထားပေးပြီးသား၊ အဲ့ဒီ့မှာ သူတို့ကူညီနေ ပါတယ်။ နေရေးထိုင်ရေး ကတော့ အခုမှ ဖြစ်တယ်ဆိုတော့ အဲ့ဒီ့မှာ သူတို့မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးဖို့ ရှိပါတယ်။ အဲ့ဒီ့မှာ တာဝန်ကျတဲ့သူတွေရော၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရော၊ သူတို့ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က အစိုးရအဖွဲ့ ဆိုတော့ ဘက်လိုက်တာတွေ၊ ဘာတွေ မရှိပါဘူး။ နှစ်ဖက်စလုံးကိုပဲ ပေးပါတယ်။”

လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးအတွက် အစိုးရအဖွဲ့တွေနဲ့ တခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

“ အခုလောလောဆယ်တော့ ဘာမှ မသိရသေးဘူး။ သူတို့လည်း အဲ့ဒီ့ဘက်တွေက မမျှော်လင့်ပဲ ပြန်ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်ဖြစ်နေတဲ့ဟာတွေပဲ ပြီးပြီဆိုပြီးတော့ နောက်ထပ်ဖြစ်တာတွေက မမျှော်လင့်ပဲ ဖြစ်သွားတဲ့ အခါကျတော့ လောလောဆယ် ဒီမှာပဲ ပုံနေတာပေါ့။ အဲ့ဖက်တွေ အခုသွားဖို့ပြင်ဆင်နေပါပြီ။ ကြက်ခြေနီအဖွဲ့တွေ၊ ဘာတွေရောပဲ အခုပဲ ကျနော်တို့ပြည်နယ်ရုံးမှာ သူတို့ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လုပ်ဖို့။”

ပြည်နယ်အစိုးရရဲ့ စာရင်းအရ အခုတခေါက် ထပ်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူပေါင်း ၄ ထောင်ဝန်းကျင် လောက်ရှိတယ်လို့ ပြောပါတယ်။ အခုလို ဒုက္ခရောက်နေကြသူတွေအတွက် ရခိုင်ပြည်နယ်ထဲက ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလဲ အကူအညီတွေ ပေးနေပါတယ်။ ဝံလက် အဖွဲ့ပြောခွင့်ရသူ ကိုခိုင်ကောင်းစံက သူတို့ ဘယ်လိုကူညီနေသလဲဆိုတာကို ခုလိုပြောပြပါတယ်။

“ဝံလက်ဖောင်ဒေးရှင်းကနေ လူငယ် ၂၀ကနေ ၃၀လောက်အထိ ကွင်းဆင်းပြီးတော့ အလှူခံပါတယ်။ ရတဲ့အလှူငွေတွေကို ကျနော်တို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ ရောက်ရှိနေတဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ နောက်ပြီးတော့ မင်းပြားမြို့နယ်တွေက လာတဲ့ လူနာတွေ လာပြီးဆေးကုသမှုခံနေတဲ့ လူနာတွေ၊ နောက် ရန်ကုန်ကို ပို့နေရတဲ့ လူနာတွေ၊ အဲ့တာတွေကို ကျနော်တို့က ငွေကြေးသွား လှူဒါန်းပါတယ်။

ဒီနေ့မှာဆိုရင် ကျနော်တို့ ကျောက်ဖြူမြို့ကို  ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးဆောင်ပြီးတော့မှ သွားနေပါတယ်။ ဘာကြောင့်ဆိုတော့ ကျောက်ဖြူမှာ မီးလောင်ခံထားရတဲ့ မိသားစုတွေရှိပါတယ်။ နောက် ဆေးရုံတက်နေရတဲ့ လူနာတွေ ရှိတယ်။ နောက် ကျောက်တော်၊ မြောက်ဦးကိုလည်း ကျနော်တို့ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက်ရော၊ မီးရှို့ခံရတဲ့သူတွေအတွက်ရော ကျနော်တို့ စစ်တွေမှာ အလှူခံကောက်ပြီးမှ အဲ့ဒီ့ကို သွားလှူဒါန်းနေပါတယ်ခင်ဗျ။”

ဒီရက်ပိုင်းပြန်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဆေးရုံတွေမှာ ကုသမှုခံယူနေရသူပေါင်း ၅၀ လောက်ရှိတယ် လို့လဲ ဝံလက်အဖွဲ့က ဆိုပါတယ်။

“ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ် နောက်ပြီးတော့ စစ်တွေ၊ မြောက်ဦး၊ နောက်ပြီးတော့ ရသေ့တောင်၊ မင်းပြားပါခင်ဗျ။  ကျောက်တော်ရော ပါ ပါတယ်ခင်ဗျ။ လူနာ ၅၀လောက်ရှိပါတယ်ခင်ဗျ။”

မေး။   ။ အဲ့တော့ သူတို့ကရော ဘယ်လိုဒဏ်ရာတွေ ရတာများပါလဲရှင့်။

“အဲ့ဒီ့မှာ ဓားဒဏ်ရာ တချို့ပါတယ်။ နောက်ပြီးတော့ ဂျင်ကလိလို့ခေါ်တဲ့ မြှားနဲ့ပစ်တဲ့ ဒဏ်ရာ၊ နောက် မီးနဲ့ အပစ်ခံရတဲ့ ဒဏ်ရာပါ ပါတယ်။ နောက် ကျည်ဆံထိတဲ့ လူနာတွေလည်း ပါပါတယ်ခင်ဗျ။”

မေး။  ။ ကျည်ထိတယ်ဆိုတော့ ကျည်က ဘယ်သူပစ်တာပါလဲရှင့်။

“ လူနာနဲ့ပါလာတဲ့သူတွေက သူတို့က ပြောရခက်တယ်လို့ ပြောပါတယ်ခင်ဗျ။ ဒါပေမယ့် မနေ့က ကျောက်တော်မှာ ဖြစ်တဲ့ဟာဆိုရင် စစ်တပ်က ပစ်တယ်ဆိုတဲ့သတင်းက ခိုင်ခိုင်လုံလုံ ပြောနေကြပါတယ်ခင်ဗျ။

ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သမ္မတရုံးက ကြာသပတေးနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ရှိနေတာကိုလဲ ဖော်ထုတ်ပြီးတော့ ဥပဒေအရ အရေးယူသွားမယ် လို့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

မစုမြတ်မွန် (ဗွီအိုအေ မြန်မာပိုင်း)

ထိုင်းဘုရင့်သမီးတော် မြန်မာပြည်ခရီးနှင့် ကျောင်းအိမ်သာလိမ်လည်မှုကြီး

ထိုင်းဘုရင့်သမီးတော် မြန်မာပြည်ခရီးနှင့် ကျောင်းအိမ်သာလိမ်လည်မှုကြီး
ကိုသောင်း (ပုလဲမြေ)
အောက်တိုဘာ ၂၆၊ ၂၀၁၂

မကြာသေးမီက ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး ဘေလ်ဂိတ်စ်သည် အနာဂတ်အိမ်သာပြိုင်ပွဲတစ်ခုကို ငွေကုန်ကြေးကျများခံကာ ကျင်းပပြု လုပ်ပေးလိုက်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ တက္ကသိုလ်ကျောင်းများကို ဆင်းရဲသောနိုင်ငံများအတွက် အသင့်လျော်ဆုံးနှင့် အကျိုးအရှိဆုံး အိမ်သာများဖြစ်ရေး ဒီဇိုင်းထုတ်ခိုင်းခြင်းဖြစ်ပါသည်။ ကျောင်းသားများသည် အုပ်စုလိုက်ဝင်ပြိုင်ကြပြီး အနာဂတ်အိမ်သာကို ပုံဖော်ပြကြ သည်။

အနာဂတ်အိမ်သာသည် နေရောင်ခြည် ဆိုလာပြားအမိုးတွေနှင့်ဖြစ်သည်။ စွန့်ပစ်ပစ္စည်းများကို လောင်စာ၊ မြေဩဇာအဖြစ်ပြန် ထုတ်သုံးနိုင် ရန် ရည်ရွယ်ကြသည်။ အိမ်သာဆိုသည်မှာ စိတ်ပျော်မွေ့စရာ ခေတ္တအနားယူ အပန်းဖြေနိုင်သည့် နေရာတစ်နေရာဖြစ်အောင် ဖန်တီး ပြသူတွေလည်းရှိသည်။ ဆင်းရဲသောနိုင်ငံများတွင် အိမ်သာစနစ် ကောင်းမွန်စွာ အသုံးမပြုနိုင်ခြင်းကြောင့် ရောဂါဘယထူပျောကာ မသေ သင့်ဘဲ သေဆုံးနေကြရသည်ဟုမြင်ပြီး စရိတ်ကျဉ်း၊ အကျိုးရှိ၊ အသုံးတည့်အိမ်သာများကို တည်ဆောက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ပါသည်။

ကျွန်တော်သည် မကြာမီကနယ်မှ သူငယ်ချင်းတစ်ယောက်၏ ကျောင်းသို့အလည်ရောက်ခဲ့ပါသည်။ ကားပေါ်မှ ဆင်းဆင်းချင်း တလမ်းလုံး အောင့်အည်းသီးခံနေရသော ဆီးသွားချင်သည့်ဝေဒနာကို ဖြေရှင်းချင်သဖြင့် ကျောင်းရုံးခန်းသို့မတက်မီ အိမ်သာဆီသို့ပြေးခဲ့ရပါသည်။ ကျောင်းအိမ်သာတွင် ဆရာများသာဆိုသည့် အိမ်သာကြီး ၄ ခန်းတွဲလုံးကို သော့တွေခတ်ထားသဖြင့် ကျောင်းသားများဆီးသွားရန် ပြုလုပ် ထားသော သေးပေါက်ခန်းသို့ ဝင်လိုက်မိပါသည်။

ကျွန်တော့်နှာခေါင်းထဲသို့ ဆိုးရွားလှသည့်အနံ့အသက်တစ်ခုက ပြေးဝင်ဆောင့်တော့သည်။ မူးမေ့လုမတတ် နံလှပါသည်။ သေးစီးဆင်း ရာမြောင်းထဲတွင် စက္ကူစတွေက ပြည့်ပိတ်နေသည်။ နီကျင်ကျင် ဆီးအိုင်ကြီးတွေက မြောင်းထဲတွင် ဟိုတစ်အိုင် သည်တစ်အိုင် ပုပ်အက်နံ ဟောင်နေသည်။ ကျွန်တော် အသက်အောင့်ပြီး ကိစ္စပြီးလိုက်ရသည်။

ကြုံတုန်း ကျွန်တော် ကျောင်းသား ကျောင်းသူတွေ အိမ်သာဘက်ကိုလျှောက်ကြည့်မိသည်။ ကျောင်းပိတ်ရက် ဖြစ်သဖြင့် ကျောင်းသားတွေ မရှိ။ တံခါးတွေက ပျက်သည့်အခန်းတွေ ပျက်နေသည်။ မည်သို့မျှ ကျောင်းသားတွေဝင်ထိုင်ပြီး ကိစ္စမပြီးနိုင်။ အိမ်သာခွက်တွေက ပလပ် စတစ်အဖြူရောင်ဟုဆိုသော်လည်း အရောင်အဆင်းပျောက်နေပြီ။ အိမ်သာကန်တွင် ရေမရှိ။ ကျောင်းသားအိမ်သာများအတွင်းတွင်လည်း ရေခွက် ရေပုံးမရှိ။ ရေဆင်းအပေါက်တွေပိတ်ဆို့ပြီး မည်သို့မျှ အိမ်သာသွားနိုင်စရာ အကြောင်းမမြင်။ အနံ့အသက်တွေကလည်း ပြောမ ကောင်းလောက်အောင် နံဟောင်နေသည်။ ထိုအရာကို ကျောင်းအိမ်သာဟုခေါ်ပါသည်။

ကျွန်တော်က သူငယ်ချင်း ကျောင်းအုပ်ဆရာကြီး ရုံးခန်းသို့ရောက်သောအခါ ကျောင်းရှိအိမ်သာများအကြောင်း ပြောပြသည်။ သူက သူ့ ရုံးခန်းကိုတက်လာရင်ပြီးရောဆိုပြီး အပြစ်တင်သည်။ သူ့ရုံးခန်းတွင်လည်း အိမ်သာသီးသန့်ရှိသည်။ ကျောင်းအုပ်ဆရာကြီး သီးသန့်သုံးရန် ဘိုထိုင်၊ ကြွေပြားကပ်တွေနှင့်ဖြစ်ပြီး အနံ့ကလည်း မွှေးကြိုင်သင်းပျံ့နေသည်။ ကိုယ့်အတွက် ကိုယ်ကောင်းအောင်လုပ်ထားပြီး ကျောင်း သားတွေအတွက် ပစ်စလက်ခတ်ထားရက်သော သူငယ်ချင်းကျောင်းအုပ်အပေါ် အတော်လေးအထင်သေးသွားမိသည်။

အိမ်သာပြဿနာကို ကျွန်တော် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကလည်း ထူးဆန်းစွာဖြင့် အတွေ့အကြုံတစ်ခုရှိခဲ့ဖူးသည်။ ကျွန်တော်က ထိုစဉ် အချိန်တွင် မာလ်တီမီဒီယာစာသင်ခန်းများအတွက် လိုအပ်သည့်ကွန်ပျူတာများ လိုက်လံဆင်ပေးခြင်း၊ ကျောင်းသားကျောင်းသူများကို အမှန်တကယ် ကွန်ပျူတာမတတ်သော်လည်း ဌာနဆိုင်ရာမှတာဝန်ပေးချက်အရ တစ်နေ့ တစ်ညလောက်နှင့် ကွန်ပျူတာဖွင့်တတ်၊ ပိတ် တတ်၊ ပြတတ်စေရန် (တစ်နည်းအားဖြင့် လူကြီးမင်းများလာကြည့်လျှင် အပြကောင်းစေရန် ရှေ့ပြေးအညာတပ်တွင် ပါဝင်ခဲ့ရသူဖြစ်သည်)

တနေ့တွင် မြို့နယ်ပညာရေးမှူးက ကျွန်တော့်ကို ရုံးသို့ဆင့်ခေါ်ပြီး အမှတ် (--) အခြေခံပညာ အလယ်တန်းကျောင်းသို့ ကွန်ပျူတာများယူ သွားကာ သွားတပ်ဆင်ပြီး ကလေးများကိုသင်ကြားပေးရန် အမိန့်ပေးလာသည်။ ကျွန်တော်က ထိုအချိန်တွင် အထက်တန်းကျောင်းကြီးတစ် ကျောင်းတွင် စာမသင်ရသော ကွန်ပျူတာဆရာဘဝဖြင့် ကျင်လည်နေရသည်။ ထိုစဉ်က အလယ်တန်းကျောင်းများကို မာလ်တီမီဒီယာ စာသင်ခန်းများတပ်ဆင်ပေးရန် အစီအစဉ်မရှိသေးပေ။ မြို့ပေါ်ရှိ အထက်တန်းကျောင်းများတွင်သာ မာလ်တီမီဒီယာစာသင်ခန်းများ ဖွင့် လှစ်ရန် ပြင်ဆင်နေကြသောကြောင့် အလယ်တန်းကျောင်းတွင် ကွန်ပျူတာတွေသွားဆင်ပြီး သင်ပေးရမည်ဆိုသဖြင့် ထူးဆန်းနေသည်။

ကွန်ပျူတာသွားဆင်ပေးရသည်ဆိုသည့်အကြောင်းကို ရှင်းပြချင်ပါသည်။ တစ်မြို့လုံးတွင် စုစုပေါင်းလိုက်မှ Apple Macintosh ကွန်ပျူတာ ၁၀ လုံးလောက်ရှိမည်ထင်ပါသည်။ ထိုကွန်ပျူတာများသည် မာလ်တီမီဒီယာ စာသင်ခန်းများဖွင့်မည့် ကျောင်းတိုင်းကို အလှည့်ကျသွား ရောက် အသုံးတော်ခံရသည်။ ကွန်ပျူတာတတ်သော ကျွန်တော့်မှာလည်း ကွန်ပျူတာတွေ ကားနှင့်တင်သွားပြီး ဇာတ်ဆရာလို ဇာတ်ဝင် တိုက်ပေးနေရသည်ကို သဘောမကျသော်လည်း ဝန်ထမ်းဖြစ်နေသောကြောင့် ခိုင်းတာလုပ်နေခဲ့ရသည်။

မာလ်တီမီဒီယာစာသင်ခန်းဖွင့်မည့်စာရင်းတွင်မပါသေးသည့် အလယ်တန်းကျောင်းတစ်ကျောင်းကို မာလ်တီမီဒီယာပုံစံလုပ်နေသဖြင့် အံ့ အားသင့်ပြီး စုံစမ်းကြည့်လိုက်မှ ထိုင်းနိုင်ငံ ဘုရင့်သမီးတော် သီရိဒုံနှင့်အဖွဲ့ရောက်လာမည်။ ကျောင်းပတ်လည်ရှိ နာမည်ကျော် တန်ခိုးကြီး ဘုရားများကို လာဖူးမည်။ ကျောင်းသို့ဝင်ကြည့်မည်ဖြစ်သဖြင့် ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်က ကိုယ့်တာဝန်ကျရာ ကွန်ပျူတာခန်းတွင် ကလေးတွေနှင့် အလုပ်ရှုပ်နေသလို၊ သီရိဒုံလာလျှင် ကွန်ပျူတာပရိုဂျက်တာဖြင့် ညွှန်ကြားရေးမှူးချုပ်ကရှင်းပြလျှင် ကွန်ပျူတာမှ PowerPoint ဖြင့်ပြနိုင်ရန်လည်း တာဝန်ယူထားရသေးသည်။ အခြားစိုက်ပျိုးရေး၊ အိမ်တွင်း လက်မှုလုပ်ငန်း၊ သိပ္ပံခန်းစသည်ဖြင့်လည်း ပြင်ဆင်နေကြရသေးသည်။

ကျွန်တော့်သူငယ်ချင်း စိုက်ပျိုးရေးတာဝန်ခံဆရာက စိတ်တွေတိုပြီး အော်ဟစ်နေသံကို ကွန်ပျူတာခန်းမှ အတိုင်းသားကြားနေရသည်။ ကျောင်းရှေ့စိုက်ခင်းကို မြက်တွေ ဦးစွာရှင်းရသည်။ မြောင်းဘောင်တွေဖော်ပြီး မုန်လာ၊ ဆလပ်၊ မုံညင်းပင်တွေကို ဈေးမှသွားဝယ်ကာ နေ့ ချင်းပြီး အပင်ပေါက်စိုက်ပြရသည်။ ဘူးစင်ကိုလည်း လတ်တလောဆောက်ကာ ဘူးညွှန့်၊ ဘူးနွယ်တွေကို စင်ပေါ်တင်ရသည်။ ဘူးသီးကို ဈေးမှသွားဝယ်ပြီး စင်ပေါ်တွင် သွပ်နန်းကြိုးနှင့် လူမမြင်နိုင်အောင်တွဲရသည်။

ဆောင်းဦးပေါက်ဖြစ်သော်လည်း နေရောင်ရှိနေသဖြင့် ယနေ့စိုက်သည့်အပင်တွေက နွမ်းလျလျဖြစ်နေသည်။ သူက ထိုအဖြစ်ကို စိတ်တိုနေ သည်။ ရေလောင်းစရာမှာလည်း ကန်ကအဝေးကြီး သူကိုယ်တိုင်သွားထမ်းနေရသဖြင့် အဆင်မပြေ။ နောက်ဆုံး မီးသတ်တပ်ဖွဲ့ထံ အကူ အညီတောင်းပြီး မီးသတ်ပိုက်ကြီးဖြင့် စိုက်ခင်းကို ရေဖြန်းနေရသည်။

မနက်ဖြန် မင်းသမီး သီရိဒုံရောက်လာတော့မည်။ ထိုအချိန်တွင် ရှေ့ပြေးအနေဖြင့် ဗိုလ်ချုပ်တစ်ဦးနှင့်အဖွဲ့ရောက်လာကာ ဘာတွေ လုပ် ဆောင်ထားသနည်းဆိုပြီး ကြိုတင်လာကြည့်သည်။ ထိုင်းဘုရင်သမီးတော်ဆိုသည့် အရှိန်အဝါကလည်းရှိနေသည်။ ပြဿနာတစ်ခုခု ဖြစ် မည်ကို စိုးရိမ်နေပုံလည်းရသည်။ ဗိုလ်ချုပ်က ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများကို “ဒါနဲ့ နေစမ်းပါဦး။ ခင်ဗျားတို့ အိမ်သာကောင်းကောင်း ရှိသလား” ဟု မေးသည်။ ကျောင်းအုပ်ဆရာမကြီးက အဝေးမှ ဆရာအိမ်သာကို လက်ညှိုးထိုးပြသည်။ စစ်ဗိုလ်တစ်ယောက်က သွားကြည့်ပြီး ခေါင်းခါကာ ပြန်လာသည်။

“မင်းသမီးက မင်္ဂလာဒုံလေဆိပ်ကနေ မိုင် ၅၀ ဝေးတဲ့နေရာကို တောက်လျှောက်လာမှာ။ ဒီရောက်လို့ အိမ်သာဝင်ချင်ပါပြီတဲ့၊ ခင်ဗျားတို့ လေးတိုင်စင်အိမ်သာမှာ မင်းသမီးကိုသွားခိုင်းရမှာလား။ ဘယ်မှာလဲအင်ဂျင်နီယာ ခေါ်စမ်း” ဟုဆိုကာ ခေါင်းချင်းရိုက်ကြတော့သည်။

ရှင်းလင်းဆောင်ဘေးတွင် ၁၀ ပတ်လည် အုတ်စီ၊ သွပ်မိုး၊ ကြွေပြားကပ်၊ ဘိုထိုင်အိမ်သာကြီးကို ချက်ချင်း တစ်ညလုံးဆောက်ကြသည်။ အင်္ဂတေတွေ မခြောက်သည်ကိုပင် မီးတွေအပူပေးကြရသည်။ မနက်မိုးလင်းလျှင် အိမ်သာအသင့်ဖြစ်သွားသည်။ အိမ်သာတစ်လုံးကြေးက ကွန်ပျူတာ ၁၀ လုံးဖိုးလောက်ကုန်သွားသည်။

နောက်တစ်နေ့တွင် မင်းသမီး သီရိဒုံအလာကို ကြိုဆိုကြသည်။ မနက် ၁၀ နာရီခန့်တွင် မင်းသမီးနှင့်အဖွဲ့ ကားသုံးစီးဖြင့် ရောက်လာကြသည်။ ယမန်နေ့က ရှေ့ပြေးအဖွဲ့မှ ဗိုလ်ချုပ်၏ ကြိုတင်မှန်းဆထားချက်အတိုင်း မင်းသမီးသည် ကားပေါ်မှဆင်းဆင်းချင်း သူ့အတွင်းရေးမှူးလားမသိ အမျိုးသမီးကို အနားကပ်ပြောသည်။ ထိုအမျိုးသမီးက ကျောင်းအုပ်ဆရာမကြီးကို ဘာသာပြန်မှတဆင့် ကပ်ပြောသည်။ တွေးထင်ထားကြ သည့်အတိုင်း မင်းသမီးကို အိမ်သာတော်ဆီသို့ ဦးစွာခေါ်သွားကြရသည်။ ကျွန်တော်ကတော့ မီးဖြင့်အခြောက်ခံထားသည့် ဘိုထိုင်ကြီး မင်းသမီးဝိတ်ဖြင့် ဝုန်းခနဲအသံ မကြားရပါစေနှင့်ဟု ဆုတောင်းနေမိသည်။

မင်းသမီးက ရှင်းလင်းဆောင်တွင်နားနေပြီး ရှင်းပြသည်များကို စကားပြန်မှတစ်ဆင့် နားထောင်သည်။ ပြီးတော့ ကျောင်းကိုလှည့်ကြည့် သည်။ မင်းသမီးကျောင်းပေါ်တက်ကြည့်နေစဉ်တွင် မင်းသမီးနှင့်ပါလာသည့် အဖွဲ့ဝင်ထဲမှ သုံးဦးက စိုက်ခင်းဆီသို့သွားသည်။ လူကြီးတွေ မျက်လုံပြူးပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ တစ်ယောက်က ဘူးစင်သို့သွားပြီး ဘူးသီးကို သေသေချာချာကိုင်ကြည့် သည်။ နောက်တစ်ယောက်က စိုက်ခင်းသို့သွားပြီး မုန်လာပင်ကိုနုတ်ကြည့်သည်။ သူတို့အချင်းချင်း ဘာတွေပြောကြသည်မသိ။ သဘော တွေကျပြီး ခေါင်းတွေညိမ့်ကြသည်။ မနက်ကတည်းက ရေတစ်ကြိမ်ဖြန်းပြီး နေအပူဒဏ်ကြောင့် အပင်တွေက ဦးကျိုးနေကြသည်။

ကျွန်တော် အိမ်သာအကြောင်းပြန်ဆက်ပါမည်။ မကြာမီက ထိုင်းနိုင်ငံမှပြန်လာသော မောက္ခပညာရေးအဖွဲ့နှင့် ကျွန်တော်တွေ့ဆုံရသည်။ သူတို့က ထိုင်းနိုင်ငံကျောင်းများတွင် သန့်ရှင်းသောအိမ်သာ စနစ်၊ လမ်းဘေး အများသူငါအသုံးပြုရသောနေရာများတွင် သန့်ရှင်းသည့် အိမ်သာစနစ်တွေအကြောင်း အားရပါးရပြောကြသည်။ ကျွန်တော် တောကျောင်းများတွင် နှစ်ပေါင်း ၁၀ နှစ်ကျော်ကျော် တာဝန်ထမ်း ဆောင်ခဲ့ရသူဖြစ်ပါသည်။ အိမ်သာမရှိ၊ ကျင်းပေါ်တွင် ဝါးလုံးနှစ်တန်းပစ်ကာ တုတ်တံဖြင့် အသုံးပြုသောစနစ်၊ ချောက်ထဲ၊ ဝါးတောထဲ ကျင် ကြီး ကျင်ငယ်စွန့်စေသည့်စနစ်များကို ကျွန်တော်တို့ခေတ်က ပြုပြင်ရန်မည်သို့မျှ မတတ်နိုင်ခဲ့ပါ။ အိမ်သာဆိုသည်မှာ ဘုန်းကြီးကျောင်းများ တွင် ဆရာတော်အတွက် ဆောက်လုပ်လှူဒါန်းရသည့် အဆောက်အအုံဟု ခံယူထားပုံရသည်။ အိမ်ထောင်စု ၁၀ လုံးတွင်ပင် အိမ်သာတစ် လုံးမရှိသည့်ခေတ်တွင် ကျွန်တော်တို့ကျေးရွာ၌ အမှုထမ်းခဲ့ကြရသည်။

နောက်ပိုင်း ယင်လုံအိမ်သာစနစ်၊ ပလပ်စတစ်ခွက်စနစ်များဖြင့် ကျေးရွာများတွင် ထွန်းကားလာရန် ကြံဆောင် ကြသည်ဆိုစေ၊ ရေအမြဲ ပြည့်ကာ ပုပ်ဟောင်နေသောကျင်းစနစ်ကြောင့် ယခင်ခြင်ကြားကြီးတွေမရှိသော ရွာများတွင် ထူးဆန်းစွာခြင်ကြားကြီးတွေ ရောက်လာသည် ကိုလည်း ရွာသားတွေပါးစပ်ဖြားတွင် ပြောစမှတ်ဖြစ်ကြရသည်။ အိမ်တိုင်း၊ ကျောင်းတိုင်းတွင် ယင်လုံအိမ်သာများကို အကောင်အထည် ဖော်ကြသည်မှန်စေ၊ ရေလောင်းအိမ်သာစနစ်သည် ရေပေါများမှသာ အဆင်ပြေနိုင်ပါသည်။ ကျောင်းတွင် သောက်သုံးရန် သောက်ရေတစ် အိုးကိုပင် နာရီဝက်လောက်လျှောက်ရသော ရွာဦးကျောင်းမှသွားခပ်နေရသော ရွာကျောင်းရှိ အိမ်သာအဖြေမှာ တုတ်မစင်များဖြင့်ပြည့်ပြီး အိမ်မသာနိုင်မှာကတော့ သေချာသည်။

ရုပ်မြင်သံကြား ပညာပေးအစီအစဉ်မှ “လက်ဆေးပြီးပြီလား”ဆိုသည့် ဇာတ်လမ်းတိုလေးကို ကြိုက်ပါသည်။ သို့သော် လက်ဆေးစရာနေရာ မရှိ၊ ရေမရှိ၊ ဆပ်ပြာမရှိသည့်ကျောင်းများ၊ ထိုသို့လုပ်ဆောင်နိုင်ရန် ပါးစပ်ကပြောပြီး လက်တွေ့မပါသည့် စေတနာများ၊ အိမ်သာကို အလေး ထားရကောင်းမှန်းမသိသော ပညာရေးဌာနမှပုဂ္ဂိုလ်များဖြင့် စံပြုလောက်သည့်ကျောင်းတစ်ကျောင်းကို ထူထောင်နိုင်မည်မဟုတ်ပါ။ မြန်မာ့ ပညာရေးတွင် ဘက်စုံပြုပြင်စရာတွေက များလှပါသည်။ အထူးသဖြင့် အိမ်သာကို အလေးထားရကောင်းမှန်းမသိသော၊ အိမ် သာမှထွက် လာလျှင် လက်ဆေးရမည်ကို လူကြီးလာမှ ဟန်ပြလုပ်တတ်သော၊ လက်ဆေးပွဲကို အခမ်းအနား ဖင့် တစ်ခမ်းတနားလုပ်ပြကာ တီဗွီထဲတွင် အရှက်မရှိ လက်ဆေးပြနေသောလူကြီးများ၊ ကျောင်းအုပ်ကြီးများကို ကျောင်းအိမ်သာများတွင် ရေအလုံအလောက်ရအောင်လုပ်ပေးပြီးမှ လက်ဆေးပြကြပါဟု မေတ္တာရပ်ခံချင်ပါသည်။

  
ဤနေရာမှ ကူးယူဖော်ပြပါသည်။