This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 16, 2013

Android ဖုန်းသုံး အိပ်မက်ကျမ်း ပါတဲ့ဗျား။ (မနက်က တင်တဲ့ ကိုးန၀င်းပုတီးစိတ်ပြီး ထူးခြားတဲ့ အိပ်မက်တွေရခဲ့ရင် အဓိပ္ပါယ်ကောက်ရတာပေါ့ခင်ဗျာ။)

Android ဖုန်းသုံး အိပ်မက်ကျမ်း

Android ဖုန်းသုံးအိပ်မက်ကျမ်း

Credit to - Original Developer
မင်္ဂလာပါ.......
မိတ်ဆွေများ ......
အိပ်မက် မက်တဲ့အခါ မိမိအိပ်မက်ကိုအဓိပ္ပါယ်ကောက်ယူရန်အတွက် Android ဖုန်းသုံး အိပ်မက်ကျမ်း
ပါတဲ့ဗျား။ (မနက်က တင်တဲ့ ကိုးန၀င်းပုတီးစိတ်ပြီး ထူးခြားတဲ့ အိပ်မက်တွေရခဲ့ရင် အဓိပ္ပါယ်ကောက်ရတာပေါ့ခင်ဗျာ။) လိုအပ်ရင်ဒေါင်းစရာ Link တွေကတော့ >>>
>>> Zippyshare   :   4shared   :   Solidfile


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ဦးတေဇအား ရေခဲတောင်မှ ကယ်ထုတ် ခဲ့သူ တပ်မတော် အရာရှိ တစ်ဦး ခေါင်းဖြတ် သတ်ခံရ...........................









ဗိုလ်ဇော်မျိုးထက် (နောက်တန်းဝဲမှ လေးဦးမြောက်) ကို
ဦးတေဇအား ရေခဲတောင်မှ ကယ်တင်ခဲ့စဉ်က တွေ့ရစဉ်

တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော် အရာ
ရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အ သတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ
သိရှိရသည်။

''ဗိုလ်ဇော်မျိုးထက်ရဲ့ မျက် နှာကို ဓားနဲ့အမွှန်းခံရပြီးခေါင်း ဖြတ်ပြီးတော့ ဗိုက်ထဲခွဲထည့်ထား တယ်။ တခြား
အဆင့်နှစ်ဦးကတော့ အသတ်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦး
ဆောင်တဲ့ ငြိမ်း ချမ်းရေး ကောင်စီ က ကေအိုင်အို ကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင် ရွက်ပေးဖို့ တရားဝင်
စာပေးပို့ထား တယ်။ သူတို့ဆီကပြန်ကြားတာ မလာသေးဘူး။ ကေအိုင်အိုအနေ နဲ့ ဘယ်လိုဖြေရှင်းပေးမလဲ
ဆိုတဲ့ အပေါ်မူတည်ပြီး ဆက်လက် ဆောင် ရွက်သွား ပါမယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်
ဦးက ပြောသည်။

အဆိုပါစစ်ပွဲဖြစ်ပွားရာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာသည် စစ်စခန်းနယ် မြေသတ်မှတ်မှု
အရ ကေအိုင်အိုနယ် မြေမဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံးသွား
သောအရာရှိ မှာ ဗိုလ်ဇော်မျိုးထက် ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သားခင်မောင် သန့်တို့ဖြစ်ကြောင်း ဩဂုတ်
၃၀ ရက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း သိရသည်။

''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီ
လိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက်သတ်ဖြတ်တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိ
သူက ဆက်လက် ပြောသည်။

ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။
ဦးတေဇကို ရေခဲ တောင်မှ ကယ်ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ်ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ
တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့ သားကိစ္စ ကို ယခုလ ၅ ရက်ကမှ သိရတာ
ဖြစ်ပါတယ်''ဟု အတည်ပြုပြော ကြားခဲ့သည်။

ဓာတ်ပုံ- ရောင်နီဦးဖေ့ဘွတ်ခ်
The Yangon Times

Low blood pressure သွေးဖိအားနည်းခြင်း... ..........................

ကျောက်ဖြူကလာသော မွတ်ဆလင် ဒုက္ခသည်များနှင့် ဒေသခံ ဆင်တက်မော်မှ မွတ်ဆလင် အုပ်စုတွေ အကြားတွင် တစ်ဘက်နှင့် တစ်ဘက် တုတ်၊ ဓါးလက်နက်များနှင့် တိုက်ခိုက်ခဲ့ကြ

ပေါက်တော ဆင်တက်မော်တွင် မွတ်ဆလင်အုပ်စု နှစ်စုအကြား ခိုက်ရန် ဖြစ်ပွား၍ ၂ ဦး ဒဏ်ရာရ

နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ရွာတွင် ဒုက္ခသည် ဘင်္ဂလီ အုပ်စု (၂) စုအကြား ခိုက်ရန် ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူငယ် (၂) ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

ထိုသို့ ဒဏ်ရာ ရရှိသွားကြောင်းကို ပေါက်တောမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်တယ်။ (၂) ဦး ဒဏ်ရာ ရတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေကို ပေါက်တောမြို့နယ် ဆေးရုံကို ယူဆောင်လာတာတော့ မရှိပါဘူး။ဆင်တက်မော်မှာဘဲ ကုသနေကြပါတယ်” ဟု ဆိုသည်။

 ခိုက်ရန် ဖြစ်ပွားရခြင်း အကြောင်းအရင်းကို မသိရသေးသော်လည်း ကျောက်ဖြူကလာသော မွတ်ဆလင် ဒုက္ခသည်များနှင့် ဒေသခံ ဆင်တက်မော်မှ မွတ်ဆလင် အုပ်စုတွေ အကြားတွင် တစ်ဘက်နှင့် တစ်ဘက် တုတ်၊ ဓါးလက်နက်များနှင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

“မနက်ကတည်းက ဖြစ်ကြတာလို့ သိရတယ်။ အခုတော့ ငြိမ်သွားပြီ။ အထက်က သွားရောက် စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် အခု အသေးစိတ် မပြောနိုင်သေးဘူး။ ဒဏ်ရာရတဲ့ သူ (၂) ဦးရှိတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်” ဟု ဆိုသည်။

ပေါက်တော ဒေသခံ တစ်ဦးကလည်း ရန်ပွဲ ဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်းနှင့် လူနှစ်ဦး ဒဏ်ရာ ရသွားကြောင်း အတည်ပြု ပြောကြားသည်။ ယင်းပြင် ကျောက်ဖြူကလာသော မွတ်ဆလင် တစ်ဦးကို ဒေသခံ ဘင်္ဂလီ အုပ်စု တစ်စုက ပြန်ပေးဆွဲထားကြောင်း ကြားသိရသည်ဟု သူက ပြောကြားသည်။

Microsoft အကောင့်အသုံးပြုသူများဟာ မိမိ၏ အကောင့် Security မြင့်မားဖို့အတွက် Password ကို 16 လုံးနှင့်အထက် ထားရှိဖို့ လိုအပ်ကြောင်း ပြောကြားထား

Microsoft က မိမိ၏ password ကို ၁၆လုံးနှင့်အထက် ထားရှိရန် ပြောကြား

 

ယခုအချိန်မှာ Microsoft အကောင့်အသုံးပြုသူများဟာ မိမိ၏ အကောင့် Security မြင့်မားဖို့အတွက် Password ကို 16 လုံးနှင့်အထက် ထားရှိဖို့ လိုအပ်ကြောင်း ပြောကြားထားပါတယ်။ Password များကိုလဲ လူတိုင်း ရှည်နိုင်သမျှရှည်အောင်နဲ့ ပိုမိုရှုပ်ထွေးတဲ့ Password များကို အသုံးပြုကြဖို့ ပြောကြားလိုက်ပါတယ်။

၎င်းကို Microsoft ပိုင် Outlook.com Team က Reddit ရဲ့ AMA session မှာ ပြောကြားထားတာဖြစ်ပြီး အောက်ပါအတိုင်း ဆက်လက်ရှင်းပြထားပါတယ်။ Password များကို 16 လုံး ထားရှိရန် ကန့်သတ်လိုက်ခြင်းအားဖြင့် user အကောင့်တွေကို ၀င်ရောက်ဖို့ကြိုးစားနေတဲ့ cybercriminals တွေကို တော်တော်လေး ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်လာလို့ပါ ပြောကြားထားပါတယ်။
ဒါကြောင့်မို့ Passwords များကို 16လုံးအနည်းဆုံးထားရှိဖို့ ကန့်သတ်ထားတယ်လို့ Microsoft Outlook Team ၏ အဖွဲဝင်တစ်ယောက်က ရှင်းပြထားပါတယ်။ ဒါပေမဲ့လဲ Phishing နဲ့ malware တွေကနေ Passwords ခိုးယူမှုက ရှိနေဆဲပဲလို့  ၄င်းက ဆက်လက်ပြောကြားသွားပါတယ်။

"Phishing, Malware ကိုက်ခံထားရတဲ့ စက်တွေ, မိမိ၏ Password ကို အခြားသော Site မှာ ပြန်သူတဲ့ သူတွေကိုတော့ ရှည်လျားသော Password ထားရှိခြင်းကူညီမှာမဟုတ်ပါဘူး။ ဒါပေမဲ့လဲ ကျွနှုပ်တို့ရဲ့ Research က Password ရှည်ရှည်ထားရှိခြင်းဟာ ပိုကောင်းတယ်လို့ တွေ့ရှိထားတဲ့ အတွက် ကျွနှုပ်တို့ ယခုနှစ်တွေမှာ Password Sixteen characters ထားရှိဖို့ လုပ်ထားခဲ့ပြီးပါပြီ။
ကျွနှုပ်တို့ဟာ အမြဲတမ်း Userတွေရဲ့ အကောင့်တွေကို ကာကွယ်ပေးသွားမှာပါ။ ထို့ပြင် hijackers နဲ့ spammers တွေရဲ့ ရန်ကနေပြီးတော့လဲ ကာကွယ်ဖို့ ဆက်လက် research အသစ်များပြုလုပ်နေပြီး Feature အသစ်များနဲ့ ကာကွယ်ပေးနေပါတယ်။ကျွနှုပ်တို့ ဒီကနေပြီးတော့ User[customer] များကို မကြာခဏPassword ပြောင်းလဲခြင်း၊ မိမိ၏ Password များကို အခြားသော Site များမှာ မတူညီအောင်ထားဖို့ တိုက်တန်းအကြံပြုလိုက်ရပါတယ်။" ဟု Microsoft က ပြောကြားပြီး နိဂုံချုပ်သွားခဲ့ပါတယ်။
Credit Link - http://www.techmilo.tk/2013/09/microsoft-password.html


Ref: Softpedia News
https://www.facebook.com/TechMilo >> Tech Milo [Miloboy Inc.] ဘာသာပြန်တင်ပြသည်။

ကမ္ဘာ့ အန္တရာယ်အများဆုံး လေယာဉ်ကွင်း (၁၀) ကွင်း..................

(vedio)ဖိုင်

၁။  ။ LUKLA (နီပေါ)......  လေယာဉ်ပြေးလမ်းတိုခြင်း၊လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှစပြီး
ကွန်ကရစ်ခင်းလမ်းအဖြစ် ပြုပြင်ခြင်း၊ တောင်ကမ်းပါးကြားတွင် တည်ဆောက်ထားပြီး လူနေအိမ်များနှင့် နီးကပ် သောကြောင့် အန္တရာယ်များခြင်း။
၂။  ။ TONCONTIN (ဟွန်းဒူးရပ်) ...... လေယာဉ် ပြေးလမ်းကို ဆင်းသက်ဖို့ အန္တရာယ်များ ပြီး လေယာဉ်ပြေးလမ်း တိုခြင်း။

၃။  ။St BARTS (ပြင်သစ်)...... ပြေးလမ်း အရမ်းနိမ့်ပြီး တောင်တန်းတွေကြားမှာတည်ဆောက်ထားခြင်း။
လေယာဉ်ပြေးလမ်းအဆုံးတွင် ပင်လယ်ရှိသောကြောင့် အခန့်မသင့်လျှင် ပင်လယ်ထဲ ထိုးကျနိုင်ခြင်း။
၎။  ။ St MAARTEN ..... ပြေးလမ်းတိုခြင်း၊ပင်လယ်ကမ်းခြေနှင့် နီးသောကြောင့် လူအများ အနားယူ၊အပန်းဖြေသည့်အချိန် လေယာဉ်ဆင်းသက်ရာတွင် အလွန် အန္တရာယ်များခြင်း။
၅။  ။GIBRALTAR (ဗြိတိန် အပိုင်လို့တော့ ထင်သည်)...... ပြေးလမ်းတိုခြင်း၊ ဂျီဘရော့တာ ကျောက်ဆောင်ကြီး နံဘေးရှိ အဆောက်အအုံများနှင့် နီးကပ်ခြင်း၊ပြေးလမ်းအား အဝေးပြေး လမ်းမကြီးကိုဖြတ်လျက်
 ဆောက်လုပ်ထားခြင်း။
၆။  ။ KAI TAK (ဟောင်ကောင်)..... လေယာဉ်ကွင်း အနီးတ၀ိုက်တွင် အဆောက်အအုံ အမြင့်များဆောက်လုပ်ထားခြင်း၊
ပင်လယ်ဆိပ်ကမ်းနှင့် နီးခြင်း။
၇။  ။ COURCHEVEL (ပြင်သစ်).... ပင်လယ်ရေမျက်နှာပြင် အထက် အတော်မြင့်မြင့်တွင်ရှိသောကြောင့် ဆီးနှင်းများ အမြဲ ဖုံးလွှမ်းနေခြင်း၊ ဆီးနှင်းများကြောင့် လေယာဉ်ပြေးလမ်းချော်နိုင်ခြင်း ၊ ပြေးလမ်းအဆုံးတွင် လျှိုမြှောင်ရှိသောကြောင့် အခန့်မသင့်လျှင် ချောက်ထဲ ပြုတ်ကျနိုင်ခြင်း။
၈။  ။ EAGLE VAIL (အမေရိကန်) ..... တောင်တန်းများကြားတွင် ဆောက်လုပ်ထားခြင်း၊ ပင်လယ်ရေမျက်နှာပြင် အတော်မြင့်မြင့်တွင် ဆောက်လုပ်ထားခြင်းကြောင့် ဆီးနှင်းများကျရောက်ပြီး လေယာဉ် အဆင်း/အတက် ပြုလုပ်ရာတွင် အန္တရာယ်များခြင်း။
၉။  ။ MADEIRA (ပေါ်တူဂီ).... လေယာဉ်ပြေးလမ်းအောက်တွင် ဆိုင်ခန်းများ ၊ စားသောက်ဆိုင်များ ၊ အများပြည်သူ နှင့်သက်ဆိုင်သော နေရာများ၊ ကားပါကင်များ တည်ရှိသောကြောင့် လေယာဉ်ဆင်းသက်ရာတွင် သတိရှိစွာ ဆင်းသက်မှုပြုလုပ်ရခြင်း။
၁၀။  ။ SAN DIEGO (ဘရာဇီး) .... လေယာဉ်အတက်/အဆင်းများသောကြောင့် ပါကင်ထိုးရာတွင် အခက်အခဲဖြစ်ခြင်း။ အဆောက်အအုံများနှင့် နီးကပ်စွာတည်ရှိခြင်း။

တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ် ....................


Photo: တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်


Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေ ချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့်မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေ ရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင် သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။
အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။

http://myawadynews.blogspot.com/2013/09/blog-post_4113.html
Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေ ချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့်မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေ ရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင် သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။
အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။

myawadynews

ဖေ့စ်ဘုတ် ကာတွန်းစုစည်းမှု (၁၂-၉).........................

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်) .........................

 
တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

      ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့  facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ (သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)

အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)
 [Android ဖုန်းကနေ Gmail အကောင့် မဖွင့်တတ်သေးရင် ဒီနေရာ  မှာလေ့လာနိုင်ပါတယ်]

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို (1.EasyOvpn   2.OpenVPNConnect (or)  2.OpenVPNConnect )  ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
   အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ...



3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ







4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ




5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ



6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။

7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ



8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan      နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်





မှတ်ချက်။  facebook နာမည်တွေ ဖြည့်တဲ့အခါ  English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ 

(ကျွန်တော်ကိုယ်တိုင် အကောင့်နှစ်ခုစမ်းသပ်ထားပြီးမှ သေချာရေးထားတာပါခင်ဗျ  ကျွန်တော်မိတ်ဆွေတွေ သူများကိုယ်တိုင် လုပ်တတ်စေချင်၊ သူများကိုလည်း ပြန်ပြီးကူညီလို့ရအောင် တစ်ခါမှ မေ၇းဖူးဘဲ ရေးထားလိုက်ပါတာ တစ်ခုခုလိုအပ်ခဲ့ရင် နားလည်ပေးပါနော်)

Credit & Ref :  http://readtohelp.blogspot.com/