
။ Melody World အဆိုတော် ကိုကိုမောင် သည် မေလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က ဘုရင့်နောင် လမ်းမရှိ တပ်ထိပ် မှတ်တိုင်အနီးတွင် ယာဉ်မတော်မဆမှု ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပေးပို့ခဲ့ရာတွင် ယနေ့ နံနက် ၆ နာရီ အချိန်က ကွယ်လွန်သွားခဲ့ပြီ
ဖြစ်သည်။
သူငယ်ချင်းဖြစ်သူ ကိုဖြိုးကျော်ထိုက်က “ ည ၈.၃၀ လောက်မှာ သူ့သူငယ်ချင်း ကောင်းဇော်နဲ့အတူ တေးရေး
ဝေလဆီမှာ သီချင်းသွားရွေးပြီး ပြန်အလာမှာ အခုလိုဖြစ်တာပါ။ အဲဒီအချိန်တုန်းက မှောင်ကလည်း
မှောင် နေတဲ့အပြင် လမ်းဘေးမှာရှိတဲ့ ဘလောက်တုံးတွေကလည်း ရောင်ပြန် မတပ်ထားတော့ ရှေ့မှာရှိတဲ့ ဘလောက်တုံးကို သူတို့စီးတဲ့ ဆိုင်ကယ်နဲ့ တိုက်မိပြီး မှောက်သွားတယ်” ဟု ဖြစ်စဉ်ကို ရှင်းပြသည်။
ကိုကိုမောင်မှာ သွေးထွက်များသဖြင့် ဖြစ်ဖြစ်ချင်း ရန်ကုန်ဆေးရုံကြီးသို့ ည ၁၀နာရီတွင် ပို့ခဲ့သော်လည်း မနက် ခြောက်နာရီ အချိန်တွင် ကွယ်လွန်သွားခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကောင်းဇော်မှာ ခေါင်းကွဲသဖြင့် ယခုအချိန်ထိ အင်းစိန်ဆေးရုံတွင် ဆေးကုသခံနေဆဲ ဖြစ်ကြောင်း ကိုဖြိုးကျော်ထိုက်မှ မဇ္ဈိမသို့ ပြောသည်။
ကွယ်လွန်ချိန်တွင် အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ကိုကိုမောင်၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရေခဲတိုက် တွင် ထားရှိပြီး မေ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထိန်ပင်သုသာန်၌် မီးသဂြိုဟ် မည်ဖြစ်သည်။
ကိုကိုမောင်သည် ၂၀၀၇ ခုနှစ် Melody World တွင် နိုရာ ၊ မချစ်နဲ့တော့ ၊ ချစ်သူသိပါစေ စသော သီချင်းများ
ဖြင့် ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သူ ဖြစ်သည်။
ထို့အပြင် တစ်ကိုယ်တော် တေးစီးရီးထွက်ရှိရန် ကြိုးစားလျက်ရှိပြီး သြဂုတ်လ၌ ‘အနောက်ဘက်က မဇ္ဈိမ’
တေးစီးရီး ကိုဖြိုးကျော်ထိုက်၊ သာဒိလု တို့နှင့်အတူ ထွက်ရှိတော့မည်ဖြစ်သည်။
http://www.thithtoolwin.com/2013/05/melody-world.html
http://www.mizzimaburmese.com/news/obituary/11749-melody-world-.html
နိုရာ - ကိုကိုမောင် သီချင်းနာဆင်ရန် ဒီနေရာကို နှိပ်ပါ















6:22 PM
မောင်ပေါက်


7:14:00 PM
အမျိုးကောင်း သား








ဆင်ဆာမူဝါဒများ လျော့ပါးမှုနှင့် အတူ ယခုနောက်ပိုင်း မြန်မာဗီဒီယို
ဇာတ်ကားများ၌ မိသားစု အတူတကွ ကြည့်ရှုရန် မသင့်တော်သော ဇာတ်ဝင်ခန်း များအပေါ်
ပရိသတ် များမှ ဝေဖန်မှုများ ရှိခဲ့သည်။ အဆိုပါ ဇာတ်ကားများနှင့် ပတ်သက်၍
အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခိုက် မေးမြန်း ကြည့်ခဲ့သည်။













