Wednesday, May 29, 2013

တစ်ထောင့်ငါးရာတန်ဖုန်း သုံးခွင့်ရသည့်နေရာတိုင်း လက်ဟောင်း CDMA 800 လိုင်းမိမည်မဟုတ် ”

လက်ရှိ အသုံးပြုနေသည့်CDMA 800 MHz ဖုန်းများ ထပ်မံ ချထားပေးမည့် တစ်ထောင့်ငါးရာ CDMA 800 MHz ဖုန်းကွန်ရက်များ အတွင်း Roaming သုံးစွဲခွင့် ရရှိ မည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
”အခုလုပ်ထားတဲ့စနစ်နဲ့ အရင် လုပ်ထားတဲ့ CDMA 800 စနစ် မတူပါဘူး။ ဒါကြောင့် အရင် CDMA 800 MHz ဖုန်းတွေ လက်ရှိ အသုံးပြုနိုင်တဲ့ နယ်မြေတွေမှာပဲ အသုံးပြုနိုင်မှာပါ။ တစ်ထောင့်ငါးရာ CDMA 800 MHz Roaming ထဲမှာ သွားသုံးလို့မရပါဘူး”ဟုမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြော သည်။
                        လက်ရှိတွင် နိုင်ငံတော်အစိုးရမှ ကျပ် တစ်ထောင့်ငါးရာ CDMA 800 MHz ဖုန်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှလွဲ၍ ကျန်ရှိသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ယခုလ ၂၄ ရက်မှစ၍ ရောင်းချပေး မည်ဟု သတင်းထုတ်ပြန်ထားသည်။
                       ယင်းကြောင့် ကျပ်တစ်ထောင့် ငါးရာ CDMA 800 MHz ဖုန်း အသုံးပြုနိုင်မည့် ဧရိယာမှာ တစ် နိုင်ငံလုံးနီးပါး အသုံးပြုနိုင်မည် ဖြစ်သော်လည်း ယခင် ရောင်းချခဲ့သော ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်းခွဲ ဖုန်း များမှာမူ အထက်ပါ တစ်ထောင့်ငါး ရာ ဖုန်းကဲ့သို့ အသုံးပြုခွင့် ရရှိမည် မဟုတ်ဟု သိရသည်။
                    ”အခုရောင်းမယ့် ဖုန်းတွေက အရင် MEC က လုပ်နေတဲ့ ဖုန်း တွေပါ။ ဒါကို ဆက်သွယ်ရေးက တာဝန်ယူဆောင်ရွက် လုပ်ပေးတာပါ။ ရောင်းတဲ့အပိုင်းကတော့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရပဲ လုပ် မှာပါ။ အကူအညီတောင်းမှသာ ဆက်သွယ်ရေးက ရောင်းပေး မှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။
                     ယင်းကြောင့် လက်ရှိ CDMA 800 MHz ဖုန်းကိုင်ဆောင်သူ အများစုမှာ ဈေးကြီးပေးဝယ်ယူထားပြီး နယ်မြေကန့်သတ်ချက်ဖြင့် အသုံးပြုနေရသည့်အတွက် ကျေနပ်မှု မ ရှိကြပေ။
                    ”အဓိပ္ပာယ် မရှိတာ၊ ငါးသိန်းတန်ဖုန်းက ထောင့်ငါးရာတန် ဖုန်း လောက်နယ်မြေသယ်ဆောင် အသုံး ပြုခွင့် မရဘူးဆိုတာဘယ်လို အစီ အစဉ်နဲ့ လုပ်မှန်းမသိဘူး။ ဒီဖုန်း တွေ ထပ်မထုတ်တော့လို့ နယ်မြေ တိုးချဲ့သုံးစွဲခွင့်မရဘူးဆိုတာ လက်ခံ နိုင်ပါသေးတယ်။ အခုတော့ နယ်မြေတိုးချဲ့ထားတာ တစ်နိုင်ငံလုံးနီးပါး ဖြစ်နေတာတောင် သုံးစွဲခွင့် မပေး တာကတော့ လုံးဝမတရားပါဘူး” ဟု ကျပ်ငါးသိန်း CDMA 800 MHz ဖုန်းကိုင်ဆောင်သူ ပဲခူးမြို့မှ မဝင်း မော်က ပြောသည်။
                     လက်ရှိတွင် ရောင်းချထားသည့် CDMA 800 MHz ဖုန်းများ သယ် ဆောင်အသုံးပြုနိုင်သည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံ ရွာ၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ မော်လ မြိုင်၊ ပြည်၊ စစ်ကိုင်း စသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ ကြီးများသာ အသုံးပြုနိုင်ပြီး မြို့ငယ် အချို့တွင် သုံးစွဲနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
                     မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို ၂ဝ၁ဝ နှစ်ဆန်း ပိုင်းတွင်လည်းကောင်း၊ ကျပ်နှစ် သိန်းခွဲ CDMA 800 MHz ကို ၂ဝ၁၂ ခုနှစ် ဧပြီလတွင်လည်းကောင်း ရောင်းချပေးခဲ့သည်။

0 ကွန်မန့်ရေးရန်:

Post a Comment