This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 3, 2013

သီလဝါမဟာဗျူစီမံချက် အများပြည်သူကို သုံးကြိမ် အသိပေးပြသမည်


The Voice Weekly ရန်ကုန်၊ မေ ၁

မြန်မာ-ဂျပန်နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်မည့် သီလဝါ အထူးစီးပွားရေး စီမံကိန်း၏ မဟာဗျူဟာ စီမံချက် (Master Plan) ကို လုပ်ငန်း သဘောအရ အသေးစိတ်ဖော်ပြရန် မဖြစ် နိုင်သော်လည်း အများပြည်သူ သိရှိရန် လိုအပ်သော အချက်အလက်များကိုမူ
သုံးကြိမ် အသိပေး ပြသသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

အဆိုပါစီမံကိန်း Master Plan ကို စီမံကိန်းမစတင်မီ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှု လေ့လာဆန်း စစ်ချက် (EIA နှင့် SIA) မပြုလုပ်မီ၊ ပြုလုပ်စဉ် ကာလအလယ်နှင့် ပြုလုပ်အပြီးတွင် အများပြည်သူကို အသိပေးသွားမည် ဖြစ်ကြောင်း ဦးဆက်အောင် က ပြောကြားသည်။

ယင်းစီမံချက်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျောက်တန်းမြို့နယ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းနှင့် တာဝန်ရှိသူများက ဒေသခံရွာခြောက်ခုမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း အဆိုပါ ပွဲသို့ တက်ရောက်သည့် အလွမ်းဆွတ်ရွာ ရပ်မိရပ်ဖ ဦးမြလှိုင်က ဆိုသည်။

"စီမံကိန်းလုပ်မယ်ဆိုတာ ပြောပြီး နေရာက ဖယ်ခိုင်းတာပါ။ ဒီနေရာမှာ ဘာတွေလုပ်မယ်၊ ဘာတွေတည်ဆောက်မယ်ဆိုတာတော့ ဘာမှ မပြောပါဘူး"ဟု ၄င်းက ဆိုသည်။

လတ်တလောတွင် EIA နှင့် SIA ပြုလုပ်ရန် ကုမ္ပဏီ ရှစ်ခုခန့် လျှောက်လွှာ တင်ထားရာ ယင်းကုမ္ပဏီများအနက် Nippon Koei ဂျပန်ကုမ္ပဏီနှင့် မြန်မာ ကုမ္ပဏီတစ်ခုခန့် EIA နှင့် SIA စမ်းသပ် ပြုလုပ်မှုများရှိပြီး မေလ ပထမပတ်တွင် EIA နှင့် SIA ပြုလုပ်မည့် ကုမ္ပဏီကို ရွေးချယ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အဆိုပါ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ အတွင်းရှိ ကျေးရွာ ခြောက်ရွာတွင် လယ်မြေဧက ၃၅၅၀ ဒသမ ၃၉ ဧက၊ အိမ်ထောင်စုပေါင်း ၁၀၃၃ စု၊ အိမ်ခြေပေါင်း ၉၂၁ နှင့် လူဦးရေ ၃၈၉၈ ဦး ရှိပြီး ဒေသခံများ၏ လက်ရှိ ဘဝအခြေ အနေထက် မလျော့ကျသည့် အနေအထား မျိုး ပြန်လည်ဖန်တီး ပေးသွားမည်ဖြစ် ကြောင်း ဦးဆက်အောင်က ပြောကြား သည်။

သီလဝါ အထူးစီးပွားရေးဇုန် အတွင်းပိုင်းတွင် လိုအပ်သည့် လမ်း၊ တံတားနှင့် အခြေခံ အဆောက်အဦများ ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ပေး ဆပ်ရမည့် ဂျပန်ချေးငွေ ယန်းဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်)မှ ထုတ်ယူ သုံးစွဲကာ တည်ဆောက်သွား မည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မြေဟက်တာ ၂၄၀၀ အကျယ် အဝန်းရှိသော အမေရိကန်ဒေါ်လာ တစ် ဘီလီယံ ကုန်ကျမည့် အဆိုပါသီလဝါအထူး စီးပွားရေးဇုန် စီမံကိန်းကို EIA နှင့် SIA ပြုလုပ်အပြီး သြဂုတ်လကုန်တွင် စတင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင်နိုင်မည် ဖြစ်သည်။

ရုပ်ရှင်မင်းသားဦးကျော်သူ၏"သုခကုသိုလ်ဖြစ်ဆေးခန်း"သို့ဖုန်းလေးတစ်ခါဆက်ယုံဖြင့် ဆေးကုနိုင်တော့မည်။



သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူနာတိုကင်စနစ်အား တယ်လီဖုန်းဖြင့်သာ လက်ခံပါတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ကျန်ရစ်သူ မိသားစုတို့၏ သောကပရိဒေဝမီးများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေသိမ့်ပေးခဲ့ရင်း ၂ဝဝ၃ ခုနှစ် ကာလ တစ်ခုသို့ ရောက်ရှိချိန်တွင် သေရေး(နာရေး) ကိစ္စရပ်များကို အကူအညီပေးခဲ့ကြသကဲ့သို့ ကျန်ရစ်သူ (ရှင်သူ) များအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလိုကြသဖြင့် ပထမ နှစ်ပတ်လည်အခမ်းအနား၌ ဆေးကူညီမှုကော်မတီတစ်ရပ်အား တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက် ကမ္ဘာ့ကျန်းမာရေးနေ့ မှစတင်ကာ ချို့တဲ့နွမ်းပါး၍ ခွဲစိတ်မွေးဖွားရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များ (နှစ်သက်ကယ်တင် ရသောကုသိုလ်)နှင့် မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ စံပြဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ)ဆေးရုံ၊ တောင်ဥက္ကလာပ(မိခင်နှင့်ကလေး)ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင်တိုင်)ဆေးရုံ စသည့် ပြည်သူ့ ဆေးရုံကြီး (၆) ရုံတို့တွင် မည်သည့်ရောဂါ ဝေဒနာမဆို ကျား/မမရွေး၊ ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါး လူနာများအတွက် ခွဲခန်းစရိတ်အချို့အား ထောက်ပံ့ကူညီပေးသည့်အပြင် ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် ကလေးဆေးရုံနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့အား ထပ်မံတိုးချဲ့ကာ ဆေးကူညီမှုများ ယနေ့ အချိန်ထိ ပံ့ပိုးပေးလျှက်ရှိပြီး ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက် တောင်သူလယ်သမားနေ့တွင် “သုခကုသိုလ် ဖြစ်ဆေးခန်း” အား သင်္ဃန်းကျွန်းမြို့နယ်၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင်း၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူတို့၏ ကျန်းမာရေးအား အထွေထွေရောဂါကု ဆရာဝန်ကြီးများအပြင်၊ အရိုးအကြော၊ အရေ ပြား၊ ကင်ဆာ၊ သားဖွားမီးယပ်၊ နား - နှာခေါင်း - လည်ချောင်း၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်၊ ကလေးအထူးကု ဆရာဝန်များတို့မှ အလှည့်ကျ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးလျှက်ရှိပါသည်

ယခင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသော လူနာဦးရေ နည်းပါးခြင်းတို့ကြောင့် တိုက်ရိုက်ကုသမှုစနစ်ဖြင့် စတင်ခဲ့သော်လည်း သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လ၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာတွင် လူနာဦးရေ အဆမတန် များပြားလာခြင်းကြောင့် တစ်ရက်ကြိုတင်၍ တိုကင်ယူတန်းစီစနစ် ပြုလုပ်ခဲ့ရာတွင် နေရာပွဲစားများ၊ နေရာရောင်းချမှုများ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ ညအချိန်မတော် တိုကင်ရရှိရေးအတွက် ညအိပ်တန်းစီ စောင့်ဆိုင်းရာတွင် အရွယ်အရောက် အမျိုးသမီးများလည်း ပါဝင်ခဲ့ရာတွင် တိုကင်တန်းစီသည့် အမူးသမား များတို့၏ အနှောင့်အယှက်ရန်များ၊ လက်နက်ကိရိယာများဖြင့် ခြိမ်းခြောက်မှုများ၊ မော်တော်ယာဉ်လိုင်း ကား များ မှားယွင်း၍ စီးနင်းမှုများ အစရှိသည့် အမျိုးမျိုးသော အနှောင့်အယှက်များ အန္တရာယ်များတို့ ရင်ဆိုင်ကြုံတွေ့ရကြောင်း လူနာများတို့၏ ပြောကြားချက်များကြောင့် သိရှိခဲ့ရသည်။

ထို့ကြောင့် ၇.၅.၂ဝ၁၃ ရက်နေ့ (အင်္ဂါနေ့)မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာ ရောက်၍ ကုသလိုကြသော လူနာများတို့သည် တိုကင်တန်းစီ စောင့်ဆိုင်းရန်မလိုတော့ချေ။ တယ်လီဖုန်း နံပါတ် ဝ၉ - ၈၅ဝ ၁၆၅၆ သို့ ဆက်သွယ်၍ တစ်ရက်ကြိုတင် တိုကင်ယူခြင်းအား လက်ခံဆောင်ရွက်မည် ဖြစ်သည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီးများတို့မှ တာဝန်ယူ စမ်းသပ်ကြည့်ရှုနိုင်မည့် လူနာအရေအတွက်သာ လက်ခံမည်ဖြစ်ပြီး ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက် (၇၅) နှစ်အထက် လူပုဂ္ဂိုလ်များတို့သည် လည်း တယ်လီဖုန်းဖြင့်သာ တိုကင်ယူဆောင်ရမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူရာတွင် ပြသ မည့်လူနာ၏ အမည်၊အသက်၊ မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ(အပြည့်အစုံ)တို့အား ပြောကြားရမည် ဖြစ်သည်။ တိုကင်လက်ခံချိန်သည် နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီ အထိသာဖြစ်သည်။ တယ်လီဖုန်း တစ်ကြိမ်လျှင် (သို့) တစ်ခါလျှင် လူနာတစ်ဦးသာ လက်ခံသွားမည် ဖြစ်သည့်အပြင် ၄င်းလူနာသည် တစ်ပါတ်လျှင် ရောဂါဝေဒနာတစ်မျိုး တစ်ကြိမ်သာ ပြသခွင့်ပြုမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူ ထားသည့် လူနာသည် မိမိတို့လာရောက်ပြသရမည့် နေ့ရက်၊ အချိန်တွင် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ မှတ်ပုံတင် (မူရင်း/ မိတ္တူ)၊ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ (သို့) ဧည့်စာရင်း (မူရင်း)တို့အား တစ်ပါးတည်း ယူဆောင်လာရန်လိုအပ်ပေသည်။ လူနာများသည် ဆရာဝန်ဖြင့် မပြသမှီ တစ်ရက်အတွက် သာကြိုတင်၍ တယ်လီဖုန်းဖြင့် တိုကင်ယူရမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွက် ကြိုတင်၍ တိုကင်ယူ ဆောင်ခြင်းအား လက်ခံမည်မဟုတ်ပေ။ လူနာအချင်းချင်း ကိုယ်ချင်းစာနာစိတ်မရှိသော လူအချို့တို့၏ လူ့ကျင့်ဝတ်များ ဖောက်ဖျက်သည့်အတွက်ကြောင့် ယခုကဲ့သို့ စည်းကမ်းများချမှတ် ပြုလုပ်ရခြင်းဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာရှင် ဆရာဝန်များတို့၏ အကြံပြုမေတ္တာရပ်ခံမှုကြောင့် တိုကင်တန်းစီ စနစ်အားဖျက်သိမ်းကာ တယ်လီဖုန်းဖြင့် တိုကင်လက်ခံမှု (စမ်းသပ်)အဖြစ် ပြုလုပ်မည် ဖြစ်သည်။ စမ်းသပ်မှုအောင်မြင်ခဲ့ပါက ဆေးဝါးကုသရာတွင် နေပူမိုးရွာ၌ ညအိပ်စောင့်ဆိုင်း၍ တိုကင်ယူ ခြင်းမှ ကင်းဝေးပြီး တယ်လီဖုန်း တစ်ချက်ဆက်သွယ်ပြီး မိမိတို့၏ ရောဂါဝေဒနာများအား ကုသနိုင်မည် ဖြစ်သည်။ သို့ရာတွင် လူနာများတို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ချမှတ်ထားရှိသည့် စည်းကမ်းချက် များအား စနစ်တကျလိုက်နာခြင်းဖြင့် ဆေးဝါးကုသကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(ကျော်သူ)

စည်ပင်ကငွေစား အုပ်ချုပ်ရေးမှူးက ဖျင်းဖျင်း ရဲတွေက စုတ်စုတ်

Inbox
x

aye aye <ayeaye720@gmail.com>
7:40 PM (5 hours ago)

to thithtoolwin9, demowaiyen, me, news, Irrawaddy, myanmarnews4u, mizzima
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်  ကြို.ပင်ကောက်မြို.နယ်က
မြို.ပေါ်လမ်းတွေဟာ နေ.စဉ်လိုလို လမ်းတွေပိတ်ဆို.မှုတွေနဲ.ကြုံတွေ.နေရလို.
ပြည်သူတွေမှာ အခက်အခဲတွေနဲ. ဒီနေ.ထိရင်ဆိုင်နေရတုန်းပါ။
လမ်းတွေကကျယ်ပါလျက်နဲ. ကျဉ်းမြောင်းလာရတာဟာ  အိမ်တွေ ဆိုင်တွေ လမ်းမြေကို
ကျူးကျော်နေကြတာရယ်    စည်းကမ်းမဲ. လမ်းဘေးဈေးသည်တွေကို
လက်ခံခွင်.ပြုထားနေတာတွေရယ် စည်းကမ်းမဲ. ယာဉ်ရပ်နားနေတာတွေကို
ခွင်.ပြုထားနေတာရယ်တြွေေ့ကာင်. လမ်းတွေက ကျဉ်းမြောင်းလာပြီး
လမ်းပိတ်ဆို.မှုတွေနေ.စဉ်ဖြစ်ပေါ်လာနေရတာပါ။  ဒါတွေကို စည်ပင်သာယာကလည်း
လက်ခံခွင်.ပြုထားသလို မြို.နယ်အုပ်ချုပ်ရေးမှူးကလည်း ခပ်ညံ့ ညံ့ 
ရဲတွေကလည်း ယာဉ်စည်းကမ်းမထိန်းသိမ်း မြ့ကပ်မတ်ဆိုတော. မြိုနေ
ပြည်သူတွေမှာ နေ.စဉ်လို လမ်းပိတ်ဆို.မှုတွေ ခံစားနေရပါတယ်။ ဒါကို
သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများ သိရှိပြီး အမြန်ဆုံး
အရေးယူဆောင်ရွက်ပေးပါလို.
ဒီသတင်းဋ္ဌာနကတစ်ဆင်.ရင်ဖွင်.တင်ပြလိုက်ရပါတယ်ခင်ဗျာ..........
                                         မြိုခံတစ်ဦး

အဆိုတော် ရဲလေး လက်ထပ်ပြီ

Thursday, May 2, 2013

အဆိုတော် ရဲလေးက သူ့ချစ်သူ မအေးမြနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လက်ထပ်လိုက်ပါပြီ။
မအေးမြရဲ့ အိမ်မှာ နှစ်ဘက်မိဘ၊ တရားသူကြီးရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တာပါ တဲ့။


ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။

မင်္ဂလာဆွမ်းကျွေးအစီအစဉ်ကို ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၊ ဇွန် ၁ ရက်နေ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ဆီဒိုးနားဟိုတယ်မှာ လုပ်မယ် လို့ ဆိုတယ်။

ရဲလေးက စိန်ပေါလ် လို့ ထင်ရှားတဲ့ ရန်ကုန်မြို့ အ.ထ.က (၆) ဗိုလ်တထောင် ကျောင်းသားဟောင်းဖြစ်တယ်၊
 "မိခင်က  ဆွဲကြိုးပေါင်ပြီး studio  စရိတ်ရှင်း ပေးခဲ့ရင်း ဘ၀ကို ကြိုးစား ဖြတ်သန်းခဲ့တဲ့ ရဲလေးက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ်
၂ နှစ်တာ ကာလ အတွင်းမှာ ပိုင်ဆိုင်ခဲ့ပါတယ်။ 
တခြားသူတွေ အနေနဲ့ ငါးနှစ်တာ ကာလလောက် ကြိုးစားခဲ့ကြရတာတွေ ရှိတာကြောင့် ရဲလေးက အချိန်တို အတွင်းမှာ အောင်မြင်ခဲ့တာပါ"
လို့  ဖေဖော်ဝါရီလ ၂၀၁၂ လုထတ် Teen မဂ္ဂဇင်းမှာ ခင်လေးမြင့်က ရေးသားထားပါတယ်။

- ကျွန်တော်နဲ့ သက်ဆိုင်သော
- အိမ်
- First Live Concert
- တတိယ ကာရန်
- ရကောက်ဘ၀ဖြင့် နေထိုင်ခြင်း

အစရှိတာတွေက ရဲလေးရဲ့ တကိုယ်တော်တေးစီးရီးတွေ ဖြစ်ကြောင်း  Teen မဂ္ဂဇင်းမှာ ရေးထားပါတယ်။



.