This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, May 14, 2012
မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးလာမှာကို အင်မတန်မှ စိုးရိမ်ကြောက်ရွံ့တဲ့ အထဲမှာ ထိုင်းက ထိပ်ဆုံးက ရှိတယ်တဲ့
saw pyi oo sawpyioo@gmail.com
May 13 (1 day ago)
to mrsorcerer, auroragenerati., maeustudents, thawtar, ကိုမျိုးလွင်
နယ်စပ် တည်ငြိမ်ပြီး မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးလာမှာကို အင်မတန်မှ စိုးရိမ်ကြောက်ရွံ့တဲ့ အထဲမှာ ထိုင်းက ထိပ်ဆုံးက ရှိတယ် နယ်စပ်တည်ငြိမ်ရင် ထိုင်းဘက်မှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေဟာ
မြန်မာပြည်ဘက်ရွေ့လာမယ်..( ထိုင်းနယ်စပ်မှာ ထိုင်းအမျိုးသားပိုင်ဆိုင်တဲ့ စက်ရုံအလုပ်ရုံဆို
တာ တော်တော်ရှားပါတယ် တခြားနိုင်ငံသားတွေ လာရောက်ရင်းနှီးမြုတ်နှံကြတာများတယ် )
အလုပ်သမားတွေ အကုန်နီးပါးလောက်က မြန်မာနိုင်ငံသားတွေချည်းပဲ....မြန်မာနိုင်ငံဘက်မှာ
လာရောက်ရင်းနှီးမြုတ်နှံခြင်းဖြင့်...ကုန်ကျစရိတ်ဟာ ထိုင်းနိုင်ငံထက် လုပ်ငန်းရှင်တွေအဖို့ အများ
ကြီး သက်သာသွားမယ်...( ဒါကို ထိုင်း အစိုးရ အကြီးအကျယ်တုန်လှုတ်တယ် ) နောက်တခါ
ဒုက္ခသည်ကို အကြောင်းပြုပြီး အမြတ်ထုတ်လို့ရနေတာ..တနှစ် တနှစ် ဒေါ်လာ သန်းပေါင်းများ
စွာရတယ်...။ဒါတွေ ဆုံးရှုံးမှာကို စိုးတယ်..။ ထိုင်းနယ်စပ် မြို့ကြီးတွေဟာ..မြန်မာဘက်ကို
အလုပ်သမားက အစ..တော်တော်များများမှီခိုနေရတယ်....ဒါ့ကြောင့် ထိုင်းမြန်မာ နယ်စပ်
ငြိမ်းချမ်းသွားမှာကို စိုးရိမ်တယ်...။ဒါ့ကြောင့် DKBA ဗိုလ်စောလာပွယ် တို့ကို ပစ်မှတ်ထားပြသနာရှာ မမှန်မကန်
တွေ စွပ်စွဲပြီး နယ်စပ် မတည်ငြိမ်ဖြစ်အောင်ကြိုးစားတယ် ( ကလေးကွက်တွေ )........နောက်ထပ် ထိုင်းတွေဆုံးရှုံးနိုင်တဲ့ အရာတွေလည်း ရှိသေးတယ်...( ပြောချင်တာက ) ထိုင်း တွေ ကြီးပွားချမ်းသာဘို့..ကျနော်တို့ ပြည်သူတွေ သေပေးရမှာလား
ကမ္ဘာတည်သ၍ အမြဲတန်း ဒုက္ခသည် လုပ်ပေးနေရမှာလား....။မျှော့...လို့ခေါ်တဲ့ လူမျိုးစုသေးသေး လက်နှက်ကိုင် နည်းနည်းလေးတောင် နိုင်အောင် မတိုက်နိုင်လို့...ကရင် အကူ
ညီ ပေးမှ တည်ငြိမ်သွားတဲ့.....ကျေးဇူးကိုမှ မထောက်...မရဲပဲနဲ့ ကျွှဲပြဲစီးတဲ့....ထိုင်း ဒု ၀န်ကြီး
ချုပ်ဆိုသူကို သတိပေးလိုက်ချင်တယ်.....သာမည ဆရာတော်ကြီး ပျံတော်မမူခင် ပြောသွားတာ
ရှိတယ်...သာမညတောင် ၀န်းကျင်မှာရှိတဲ့ မြေယာတွေကို...“ ဒီနေရာတွေဟာ တနေ့မှာ ထိုင်း
တွေ လာအလုပ်လုပ်မဲ့ နေရာတွေ ”တဲ့....။ မြန်မာပြည်သူလူထု ဒီ အချက်တွေ သိသင့်တယ်ထင်
လို့ ပြောပြတာပါ...။ မျိုးချစ်စိတ် အပြည့်နဲ့ တိုင်းပြည်တိုးတက်အောင် အစွမ်းကုန် ကြိုးစားပြရင်းနဲ့ ထိုင်းကို သာအောင်လုပ်ကြမယ်...။
                          မြန်မာပြည် အေးချမ်းတည်ငြိမ်လို့ တိုင်းပြည်စီးပွားတိုးတက်ရင် အနိမ့်ဆုံး နယ်စပ်ဒေသတွေမှာ အလုပ်သမား
ရှားပါးမှု့ပြသနာတွေတောင် သူတို့ရင်ဆိုင်ရလိမ့်မယ်....ထိုင်း နိုင်ငံရေးခေါင်းဆောင်တော်တော်များများက ( အကုန်လုံးမဆိုလို )
မြန်မာ အပေါ်မှာ ထားတဲ့ သဘောထား မမှန်တာများတယ်...ဒါကို နိုင်ငံသားတွေသိစေချင်တယ်....သူတို့မှာ ကံကောင်းနေတာက
လူထုအပေါ်မှာ တကယ်စေတနာမှန်တဲ့ ဘုရင်ရှိနေတာပဲ..လူထုကလဲ သူ့ကို အရမ်းကြည်ညိုတယ်...တကယ်လည်း လေးစားထိုက်တာ
တွေရှိပါတယ်...။ ထိုင်း နိုင်ငံရဲ့သြဇာတက္ကိမ ကို အစစ်မှန် ရထားသူဖြစ်လေတော့...သူ့ရဲ့ပဲ့ကိုင်မှု့နဲ့ တိုင်းပြည်တိမ်းစောင်းသွားတာတွေကို
ပြန်တဲ့မတ်နိုင်တယ်.....ထိုင်း နိုင်ငံရေးခေါင်းဆောင်တွေတော်လို့ မဟုတ်ဘူး...ဘုရင်ရဲ့အထိန်းအသိမ်း ကောင်းမှု့ကြောင့် ထိုင်း နိုင်ငံဟာ
တိုးတက်သွားတာ....ဒါကို မြန်မာနိုင်ငံသားတွေ သိစေချင်တယ်။ တိုင်းပြည် အပေါ်မှာ ထားတဲ့ စေတနာမှန်သော ခေါင်းဆောင်ကောင်း
များများမဟုတ် တစ်ယောက်ပဲရှိ....တိုင်းပြည်တိုးတက်တယ်.....မယုံမရှိနဲ့...
                         ဒီကြားထဲမှာ KIA ကို အကြောင်းပြုပြီး...အပစ်အခပ်ရပ်ဆဲရေးကို ခြိမ်းခြောက်လာတဲ့...အသံတွေ တော်လှန်ရေးအင်
အားစုလို့ခေါ်တဲ့ သူတွေဆီက ထွက်လာတော့....စစ်တပ်က နောက်ကြောင်းပြန်မလှည့်ခင်...ခင်ဗျားတို့က အရင် နောက်ကြောင်းပြန်လှည့်
တော့မှာလားလို့ မေးခွန်းထုတ်စရာဖြစ်နေပြီဗျာ....။
                        လက်ရှိ ဦးသိန်းစိန် အစိုးရလည်း...KIA အပစ်အခပ်ရပ်စဲရေး ကိစ္စ လုပ်စရာရှိတာ မြန်မြန်လုပ်ပါတော့....။ ရှေ့တလှမ်းတက် မယ်မှ မကြံသေးဘူး နောက် သုံးလှမ်းဆုတ်ဘို့ ကိန်းဆိုက်နေမယ်ဆို မကောင်းပါဘူး...။
                          တောကြောင်တွေ ကိုသတိထားကြပါ......အထူးသတိထားကြပါ။
( အခု ကျနော်ရေးလိုက်တဲ့ စာဟာ စာတမ်းမဟုတ်သလို...သုတေသနပြုရေးထားတာလည်းမဟုတ်ဘူး...ကျနော် ကြုံတွေ့ခဲ့ရတဲ့
အတွေ့အကြုံပေါ်တည်မှီပြီး...ရင်ထဲခံစားရတာ ရေးလိုက်တာ...ဒါပါပဲ )
--
Thank u
SawPyi
ရွှေမြန်မာဥယျာဉ် Mon, May 14, 2012
Posted: 13 May 2012 10:14 PM PDT
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 09:04 PM PDT
            စပ်မိစပ်ရာလေးတွေ ရေးနေ ပြောနေတာကို သူငယ်ချင်းတွေကို ပြောကြည့်တော့ သူတို့ကပြောပါတယ်။ ဖတ်တဲ့သူရောရှိလားတဲ့ ဒါနဲ့ မသိဘူးလေ ရှိချင်ရှိမှာပေါ့။ လို့ပဲပြောလိုက်တယ်။ ဒါနဲ့ သူငယ်ချင်းတွေက မင်းဟာက ဖတ်မယ့်သူရှိမှာမဟုတ်ပါဘူးကွာ။ ခေါင်းစဉ်မှမပါ ဘဲတဲ့။ ဒါနဲ့ ပါပါတယ်ဟ စပ်မိစပ်ရာ ဘာညာကွကွ ဆိုပြီးတော့လေလို့။ ဒီတော့ သူငယ်ချင်းက အဲဒါတော့ဟုတ်တယ်။ အဲဒီရဲ့နောက်မှာ မင်းပြောချင်တဲ့ အကြောင်းအရာနဲ့ ဆီလျှော်မဲ့ ခေါင်းစဉ်လေးတွေတပ်ရသေးတယ်တဲ့။ အဲဒီလို အကြံပြုပါတယ်။ ဒါနဲ့ပဲ အခုတော့ ပြောချင်တဲ့ အကြောင်းအရာနဲ့ညီမယ့် ခေါင်းစဉ်လေး တပ်ပေးလိုက်ပါတယ်။
            ဒီနေ့ ပြောချင်တဲ့ အကြောင်းအရာကတော့ အသေမခက်ဖို့ အနေတတ်ဖို့လိုမယ်ဆိုတဲ့အကြောင်းလေးပါ။ ဒါကလည်း အခုမှကို တိုက်ဆိုင်လာလို့။ မနက်စောစောက အသိသူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ ဘယ်သွားမလို့လည်းလို့ မေးလိုက်မိတယ်။ သူငယ်ချင်းက ငါတို့ဆိုင်နားက ကောင်လေးတစ်ယောက်ရဲ့အသုဘသွားမလို့တဲ့။ အသက်က (၁၉)နှစ်ပဲရှိသေးတယ်။ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့လေ။ မောင်းတာကတော့ သူမောင်းတာမဟုတ်ပါဘူး။ လမ်းအကွေ့ကထွက်လာတဲ့ကားနဲ့တွေ့တော့ သူကခုန်ဆင်းလိုက်တာ ကံဆိုးချင်တော့ ကားအောက်ရောက်သွားတယ်တဲ့။ အဲဒါပွဲချင်းပြီးသေသွားတာ။ ဆိုင်ကယ်မောင်းတဲ့သူကတော့ မသေပါဘူး ဒဏ်ရာရယုံလောက်ပါတဲ့။
သြော်.....ကံကို မမြင်ရပါလားလို့ ပြောလိုက်ရင်း။ လမ်းခွဲလိုက်ပါတော့တယ်။
             တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အိမ်နားကနေ အိမ်ကိုအမြဲဆွမ်းခံကြွတဲ့ဦးဇင်းတစ်ပါး ဆွမ်းစားကပြန်ကြွလာတာတွေ့လို့။ ဦးဇင်းလေး ဆွမ်းစားကပြန်လာတာလားဘုရားဆိုတော့ မဟုတ်ပါဘူးဒကာရာ အသုဘတစ်ခုက သရဏဂုံတင်ပင့်လို့ သရဏဂုံတင်ပေးပြီးပြန်ကြလာ တာပါ။ အသက်ကတော့ (၉၇)နှစ်ရှိပါပြီ။ သားသမီးတွေ မြေး မြစ်တွေနဲ့။ သားသမီးတွေကတော့ ငိုနေကြတယ်။ အဲဒါကြောင့် ဘုရားရှင်က သေခြင်းတရားကို အမြဲဆင်ခြင်နေဖို့ အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်မှာ ဟောခဲ့တာနဲ့တူပါတယ်တဲ့။ ဒါနဲ့ ဦးဇင်းအချိန်ရမယ်ဆိုရင် တပည့်တော် ကို အနည်းငယ်လောက် ဟောပါဦးဘုရားလို့ လျှောက်ထားကြည့်တော့။ ဦးဇင်းလေးက ရပါတယ်ဒကာကြီးရဲ့တဲ့။ ဒီလိုနဲ့ ဦးဇင်းကို အိမ်ထဲ မှာပင့်ပြီး နေရာခင်းပေးကာ ဦးဇင်းရှေကနေ ရှိခိုးပြီး တရားနာယူလိုက်ပါတော့တယ်။
               ဒကာကြီးရေ မြတ်စွာဘုရားရှင်က အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်မှာ   (၁)အိုခြင်းတရား  (၂)နာခြင်းတရား  (၃)သေခြင်းတရား (၄)ခွဲခွါရခြင်းသဘောတရား (၅)ကံတရား ဒီတရားတွေကို အမြဲမပျက် နေ့စဉ်နေ့တိုင်း ဆင်ခြင်ပေးရမယ်လို့ ဟောထားတယ်။
                ဘာလို့လည်းဆိုတော့ လူတွေဆိုတာ အိုဖို့ နာဖို့ သေဖို့တွေကို မေ့နေပြီးတော့ လောဘ ဒေါသ မောဟတွေနဲ့ စီးပွါးရေး လူမှု ရေးစတဲ့ အရေးကိစ္စတွေနဲ့ပဲ အချိန်ကုန်နေကြတာ။ တကယ်တမ်းသေခြင်းတရားနဲ့တွေ့လာရပြီဆိုရင် ကြောက်လန့်လာကြတယ်။ ပူလောင်မှုတွေခံစားရတယ်။ အဲဒီလိုမဖြစ်အောင်လို့ သေခြင်းတရားကို အမြဲတမ်းဆင်ခြင်ပေးပါလို့ဟောတာ။
                မာန်လည်ဆရာတော်ကြီးဆိုရင်လည်း လောဘ ဒေါသ မောဟ တွေနဲ့ သေဖို့ကိုမေ့ပြီး ဒါမယားအတွက် ဒါသားအတွက်နဲ့ စီးပွါးဥစ္စာတွေချည်းရှာမနေပါနဲ့ဆိုပြီးတော့---  မယားစားဖို့၊ သားစားဖို့ဟု၊ ကိုယ့်ဖို့နောင်ရေး၊ မတွေးမဆ၊ မိုက်အန္ဓဖြင့်၊ လောဘအလို၊ လိုက်မပိုနှင့်၊ ဤကိုယ်ပျက်ပျား၊ ဘ၀လားသော်၊ မယားမပါ၊ သားမပါဘူး။ အဲဒီလိုဟောခဲ့တာပဲ။ ဒါကြောင့် ဒကာကြီးလေ စီးပွါးတွေချည်း ရှာမနေနဲ့ သေဖို့လည်း ဆင်ခြင်ဦးဆိုပြီးတော့ အောက်ကလင်္ကာလေးတွေကို ရှေ့ကိုဆိုပေးပါတယ်။ ကျုပ်ကတော့ နောက်ကလိုက်ဆို ရတာပေါ့။
၁။ ငါသည် မုချ အိုရမည်၊
အချိန်ပိုင်းသာ လိုတော့သည်။
အအို မဦးခင်၊ ဥာဏ်ဦးအောင်၊ အားထုတ်ပါတော့မည်။
၂။ ငါသည် မုချ နာရမည်၊
အချိန်ပိုင်းသာ လိုတော့သည်၊
အနာ မဦးခင်၊ ဥာဏ်ဦးအောင်၊ အားထုတ်ပါတော့မည်။
၃။ ငါသည် မုချ သေရမည်၊
အချိန်ပိုင်းသာ လိုတော့သည်၊
အသေ မဦးခင်၊ ဥာဏ်ဦးအောင်၊ အားထုတ်ပါတော့မည်။
၎။ ငါသည် သတ္တ၀ါသင်္ခါရတို့နှင့်
ခွဲခွဲရခြင်းသဘောရှိချေသည်၊
မခွဲခွါရသေးမီ၊ ဥာဏ်ဦးအောင်၊ အားထုတ်ပါတော့မည်။
၅။ ငါသည် ကံသာ ဥစ္စာရှိချေသည်၊
အကုသိုလ်ကံ မဖြစ်မီ
ကုသိုလ်ကံဖြစ်အောင်၊ အားထုတ်ပါတော့မည်။
            ဒကာကြီးရေ မိုးကုတ်ဆရာတော်ကြီးရဲ့ ငါသည် မုချသေရမည် ဆိုတာလေးကို ဦးဇင်းက အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်အတိုင်း ငါးမျိုးလုံး ဆင်ခြင်လို့ရအောင် ဖြည့်ပြီးရေးထားတာ၊ ဒကာကြီးတို့အတွက် ဆင်ခြင်ရလွယ်တာပေါ့တဲ့။
             ဒါနဲ့ တပည့်တော် မှတ်ထားပါမယ်ဘုရား၊ အမြဲလည်းဆင်ခြင်ပါ့မယ်ဘုရားလို့ လျှောက်ထားလိုက်တယ်။ ဦးဇင်းလည်း ပြန်ကြွဦးမယ် ဒကာကြီးဆိုပြီ ဦးဇင်းလေး ပြန်ကြွသွားပါတယ်။ ကျုပ်လည်း ဦးဇင်းလေးကို အိမ်ပေါက်ဝနားအထိလိုက်ပို့ရင်းနဲ့ အအိုမခက်ဖို့အတွက် ငါသည်မုချအိုရမည်၊ အနာမခက်ဖို့ ငါသည်မုချနာရမည်၊အသေမခက်ဖို့အတွက် ငါသည်မုချသေရမည်၊ အဲဒီလို အနေတတ်စွာနဲ့ပဲ နေ့စဉ်နဲ့အမျှ ကြိုတင်ဆင်ခြင်ထားမှပဲလို့တွေးလျက်နဲ့ အိမ်ပေါက်ဝဆီသို့ ဦးတည်ရင်း လျှောက်လှမ်းလာမိပါတော့ တယ်။
Posted: 13 May 2012 08:50 PM PDT
တောင်ပံကွန့်မြူး၊ ပိုးစုန်းကြူး၊ အထူးတဆန်းပင်၊
အရောင်တွဲ့တွဲ့၊ ထွန်းလင်းခဲ့၊ မီးရဲ့ပမာသွင်။
ပျင်းရိလျက်သာ၊ အိပ်နေပါ၊ ရောင်ဝါမပေါ်လွင်။
ထိုနည်းတူစွာ၊ လူတို့မှာ၊ ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊ အလုပ်ရှိ၊ လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊ အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။
ပျင်းပျင်းရိရိ၊ အိပ်နေဘိ၊ မရှိအလုပ်ခွင်။
မှေးတေးမှိန်တိမ်၊ သေးသိမ်သိမ်၊ အရှိန်ကင်းလိမ့်ပင်။
လူဖြစ်ပါခဲ့၊ အရှိန်မဲ့၊ တကယ့်နွားအသွင်။
အပျင်းရောဂါ၊ စွဲကပ်လာ၊ မြန်စွာကုဖို့ပြင်။
မကုစားပဲ၊ အပျင်းစွဲ၊ ငမွဲငနုံပင်။
( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)
                                   အထက်ပါကဗျာလေးမှာ ``ပိုးစုန်းကြူး´´ ကဗျာလေးဖြစ်ပါသည်။   ကျွန်တော်တို့ ငယ်ငယ်ကလဲ သင်ခဲ့ရ
ပါသည်။   အားလုံးနီးပါးလဲသိရှိကြမည် ထင်ပါသည်။  ဒီ သံပေါက်လေးကို ရေးဖွဲ့ခဲ့ခြင်းမှာ လူသားတို့၏  စွမ်းအားကို ဖြုန်းတီးခြင်း မိမိ
ကိုယ်ကို အယုံအကြည်မဲ့ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းများကြောင့် ညှိုးနွမ်းနေသူများကို သတိပေးခြင်းဖြစ်ပါသည်.... အစွမ်းအစမရှိ
နိုင်သော ပိုးစုန်းကြူးလေးသည်ပင်... ကိုယ်ပိုင်အလင်းရောင်ဖြင့် ထွန်းလင်းနိုင်ကြောင်း အသိပေးခဲ့ပါသည်...။
                                   လမင်းကြီး၏ ထွန်းလင်းတောက်ပမှုကိုသာလူအများက ဖွဲ့နွဲ့တင်စားခဲ့ကြသည်။အားလုံးလဲလက်ခံခဲ့ကြသည်
လရောင်တစ်ခုတည်းဖြင့် လောကကြီးဖြစ်မလာပါ၊လရောင်နှင့် လမင်းကြီးသည်လည်း ကမ္ဘာလောကကြီး အတွက်လိုအပ်ချက်တစ်ခုသာ
ဖြစ်ပါသည်။ လောကကြီးသည် အရောင်စုံပါသည်။ သက်ရှိ သက်မဲ့များ၊ အရောင်များ၊ သဘာဝအခြေခံအချက်များဖြင့် အားလုံးပေါင်းစပ်
ထားမှသာ ကမ္ဘာလောကကြီး ဖြစ်လာပါသည်။
                                    လူနှင့် လူ့အသိုင်းအ၀ိုင်းတွင် လူသားတို့အတွက်ကျင့်ဝတ်၊စည်းကမ်းနှင့်တရားမျှတမှုများကို လူသားများ၏
စိတ်ကူး အသိဥာဏ်မှ တဆင့် ပြဌာန်း စောင့်စည်းခဲ့ကြပါသည်......။
                                    ဥပဒေဖြင့် ကျင့်ဝတ်၊ စည်းကမ်းများကို သတ်မှတ်ထားရာတွင် လိုက်နာမှု မရှိပါက...... ဥပဒေအရ အတိုင်း
အတာဖြင့် အပြစ်ပေး အရေးယူခြင်းများ ဆောင်ရွက်ပါသည်...... စောင့်ထိန်းအပ်သည့် ကျင့်ဝတ်များအားဖောက်ဖျက်လာပါက ထိုကိစ္စ
အတွက် သတ်မှတ်ထားသော ပြစ်ဒဏ်မရှိပါ....... အတိုင်းအတာဖြင့် အပြစ်ပေး၍ မရပါ... မမျှော်မှန်းနိုင်လောက်သော အပျက်အစီးများ
အထိ ဖြစ်သွားနိုင်ပါသည်။
                                    လူသားတို့တွင်
Posted: 13 May 2012 07:17 PM PDT
သမိုင်းရာဇ၀င်မှာ
စောရငတက်ပြားထံ
သတိုးမင်းစော တပည့်ခံတော့
သူခိုးစည်းကမ်းပြောတယ်....။
လိုချင်တာကိုပဲယူပါ။
လိုတာထက်ပို မယူပါနဲ့ ။
သူ့ သားမယားကို မပြစ်မှားပါနဲ့ ။
သတိုးမင်းစောနဲ့  နန်းတော်ဝင်ခိုက်
အမိုက်ရယ်ခို
ငတက်ပြားကို ဆိုတယ်...
အရွယ်လေးက လှလှ
အိပ်မောကျနေတဲ့ မိဖုရား မလှဘူးလားကွယ်....
ဟဲ့......တပည့်နာ
နင့်မမှတ်ကရော ငါ့စကား
သူ့ သားမယား မပြစ်မှားလေဖို့    ဆိုခဲ့ပါသကော...။
ယူစရာရှိတာ ယူပါကွဲ့ 
သူခိုးစည်းကမ်း ဟိုဒီမရမ်းလေနဲ့ ....။
သူခိုးပေမယ့် သူခိုးဂုဏ်သိက္ခာ စောင့်ထိန်းတဲ့ရာဇာဝင်
အင်းဝတစ်ခေတ်က ပုံပြင်ပါ...။
စောင့်ထိန်းအပ်သောကျင့်ဝတ်ကိုယ်စီနဲ့ 
အဖိုးထိုက်တဲ့ ဂုဏ်သိက္ခာ.....။
အမှန်တရားအတွက်
ကမ္ဘာကြီးလုံးတယ်ပြောပြီး ကြိုးစင်တက်တဲ့ ဂယ်လီလီယို ရဲ့ ဂုဏ်သိက္ခာ။
အဲဒီဂုဏ်သိက္ခာတွေအစ
ဂျပန်ကိုလည်း မမုန်းဘူး....အင်္ဂလိပ်ကိုလည်း မမုန်းဘူး
ကိုယ့်လူမျိုးကိုယ့်နိုင်ငံကိုချုပ်ချယ်မယ့် တိုင်းတစ်ပါးသားကိုပဲမုန်းတယ်ပြောပြီး
ရန်သူ့ စခန်းမှာ အမျိုးသားရေးဆွေးနွေးဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲရင့်ခြင်းဂုဏ်သိက္ခာ အဆုံး
ဂုဏ်သိက္ခာဆိုတာ ဘယ်တော့မှ မုန်းဖို့ မကောင်းဘူး။
ဘယ်တော့မှလည်း   (ပျက်) သုဉ်းဖို့  မကောင်းဘူး။
မှတ်ချက်။        ။ညီမငယ် ခိုင်လေးရဲ့   ဂုဏ်သိက္ခာ ဆောင်းပါးပြိုင်ပွဲဖိတ်ခေါ်စာအတွက်
အားဖြည့်ရေးသားခြင်းမျှဖြစ်ကြောင်း.....ရွှေမြန်မာဥယျာဉ်ထဲ မှ သူငယ်ချင်းများ ပြိုင်ပွဲဝင်
ရေးသားကြဖို့  တလေးတစား တိုက်တွန်းအပ်ပါကြောင်း...........
Posted: 13 May 2012 12:50 PM PDT
ကောင်မလေးရေ..............
ငါ့ရဲ့ဘဝမှာ
မင်းပျော်စေဖို့  ငါသရုပ်ဆောင်ပေးခဲ.တယ်
တစ်ခါတစ်ခါ အနှိမ်ခံဘဝ
ဒါ..မင်းအတွက်ပါ။
တစ်ခါတစ်ခါ စွန့် ပစ်ခံဘဝ
ဒါလဲမင်းအတွက်ပဲ........
တစ်ခါတစ်ခါ လူကြမ်းဘဝ
ဒါတွေအားလုံးဟာ မင်းအတွက်ပါ...
ကိုယ် မင်းကိုပြောခဲ့ ဖူးပါတယ်
ကိုယ့်နှလုံးသားဟာ ကြေကွဲလွယ်တယ်လို့ 
တကယ်တော့ ကိုယ့်အသည်းနှလုံးကြေမွသွားတာ
ကြာလှရောပေါ့ ။
မင်းကတော့ ကိုယ်သရုပ်ဆောင်တာပဲဆိုပြီးတော့
ရယ်မောနေခဲ့တယ်.....
ဒါပေမဲ့ ကောင်မလေးရယ် ကိုယ် သရုပ်ဆောင်တယ်လို့ 
မင်းပြောလည်း ကျခဲ့တဲ့မျက်ရည်တွေက
မျက်ရည်အတု တစ်စက်မှမပါတဲ့
ငါ့မျက်ရည်စစ်စစ်တွေပါဟာ..............................
ဒါတွေဟာမင်းကို ချစ်ခဲ.ရတဲ.အတွက်
ရရှိခဲ့တဲ့ ဆုလဒ်တွေဆို ရင်
ငါကျေနပ်စွာ ခံယူပါမယ်
ကောင်မလေးရယ်............................
Posted: 13 May 2012 11:22 AM PDT
         အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း.....
(ခင်မမမျိုး )
                            ( တနေ့က အမေစု လုံခြုံရေး နဲ့ ဂျာနယ် သတင်းထောက်တစ်ယောက် ပဋိပကခဖြစ်တဲ့ သတင်း FB ပေါ်မှာ ဖတ်လိုက်ရတယ်။              အမေစု အကျယ်ချုပ်ကနေ လွတ်မြောက်လာတော့ သူ့ရဲ့ လုံခြုံရေးကို အမေစုကို ချစ်တဲ့ ပြည်သူတွေက စိုးရိမ်ပူပန်ကြတဲ့ အဲဒီအချိန်မှာ ဘလော့ဂါတော်တော်များများ လုံခြုံရေးနဲ့ပတ်သက်တဲ့ ပို့စ် တွေရေးကြတယ်။
ကျနော်ဖတ်မိသမျှ မှတ်မှတ်ရရ အဖြစ်ဆုံးကတော့ ဘလော့ဂါ   ခင်မမမျိုး ရေးတဲ့ ဒီပို့စ် လေးပါ
ပဲ။ ကျနော်သတိတရရှိနေချိန်မှာ ကိုသောင်း ပုလဲမြေ က ဒီပို့စ်လေးကို FB မှာတင်လိုက်လို့ ရွှေမြန်မာဥယျာဉ် မှာ ရှိတဲ့ သူငယ်ချင်းတွေအတွက် မျှဝေလိုက်ပါတယ်။ )
                                                       နိဒါန်း
       ပဋိပ က္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတွေမှာ ကာကွယ် စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။ လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီးကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့်လဲ VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ်သုံးနှုံးပါတယ်။
ယေဘုယျအားဖြင့် လူသားတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက် လေ့ရှိကြပါတယ်။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလဲ ခံယူလေ့ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံတနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေကျတော့ ကိုယ့်ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ရုံနဲ့တင် မလုံလောက်ပါဘူး။ အသက်အန္တရာယ် လုံခြုံရေးကို အနီးကပ်ကာကွယ် စောင့်ရှောက်ပေးနိုင်သူတွေ၊ သက်တော်စောင့်တွေကို အနီးမှာ ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေကတော့ အုပ်ချုပ်ရေး ယန္တရားတွင်းမှာရှိတဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကို အသုံးပြုတတ်ကြပါတယ်။ အစိုးရအဖွဲ့ဝင်မဟုတ်တဲ့ ထင်ပေါ်ကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကကျတော့ နီးစပ်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်တွေကိုပဲ ဖြစ်ဖြစ်၊ ပရိုက်ဗိတ် လုံခြုံရေးအရာရှိများကို ငှားရမ်းပြီးပဲဖြစ်ဖြစ် တာဝန်ပေးအပ်ရပါတယ်။ ဒီလိုတာဝန်ပေးအပ်လို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်များက မိမိတို့ဘာသာ အသိစိတ်နဲ့ပဲဖြစ်ဖြစ် အနီးကပ် ကာကွယ်စောင့်ရှောက်မှုကို ပြုလုပ်တဲ့အခါ VIP/ Close Protection နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်လေးတွေ ရှိပါတယ်။
လုပ်ကြံမှု သီအိုရီ
လူတယောက်ကို အခြားလူတယောက်ကဖြစ်စေ၊ လူတစုကဖြစ်စေ သေစေလိုသော ရည်ရွယ်ချက်နဲ့ သတ်ဖြတ်လိုက်တဲ့အခါ ဒါကို သတ်ဖြတ်မှု (murder) လို့ ခေါ်ပါတယ်။ သားကောင်ဟာ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ဖြစ်နေခဲ့ရင်တော့ ဒါကို လုပ်ကြံမှု (assassination) လို့ ခေါ်ပါတယ်။ ဒီလိုလုပ်ကြံတဲ့အခါမှာ လုပ်ကြံသူတွေအနေနဲ့ ပထမဦးစွာ ပစ်မှတ်ကို ရွေးချယ်သတ်မှတ်ကြပါတယ် (subject selection)။ ပြီးရင် ပစ်မှတ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် လေ့လာပါတယ် (surveillance)။ ပစ်မှတ်သွားလာလေ့ရှိတဲ့ နေရာဒေသတွေရဲ့ ၀န်းကျင်အနေအထားတွေကို သုံးသပ်ပါတယ်။ ပစ်မှတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပါတယ် (intelligence gathering)။ ဒီအချက်တွေ ရပြီးတဲ့အခါမှာ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို ချမှတ်ပါတယ် (planning)။ ဒါတွေ အားလုံးပြီးမှ အမှန်တကယ် လုပ်ကြံမှု ကို ပြုလုပ်ပါတယ် (execution)။
ဒီလုပ်ကြံမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို နားလည်ပြီးမှ လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့ risk ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် contra measures တွေကို ချမှတ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ရဲ့ လုံခြုံရေးတာဝန်ယူထားသူများဟာ
(၁) ခေါင်းဆောင်ရဲ့ ၀န်းကျင်အခြေအနေကို သိရပါမယ်
(၂) ခေါင်းဆောင်ကို အန္တရာယ်ပြုနိုင်မယ့် ရန်သူအခြေအနေကို သိရပါမယ်
(၃) အန္တရာယ် အဆင့်ကို သိရပါမယ် (အသက်အန္တရာယ်၊ ထိခိုက်အနာတရဖြစ်စေမှု အန္တရာယ်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု အန္တရာယ်)
(၄) အန္တရာယ်ပြုနိုင်မယ့် လူ (သို့) အဖွဲ့အစည်းတွေကို ခွဲခြားသတ်မှတ်ရပါမယ်
(၅) လုပ်ကြံသတ်ဖြတ်မှု ပြုလုပ်နိုင်တဲ့ အလားအလာရှိသူများ ခေါင်းဆောင်အနီးကို ရောက်မလာစေဖို့ သတိပြုရပါမယ်။ အလားအလာရှိသူတွေထဲမှာ အထီးကျန်သမားတွေ၊ ပြိုင်ဘက်တွေ၊ စိတ်ဖောက်ပြန် နေသူတွေ၊ အစွန်းရောက်တွေ ပါဝင်ပါတယ်။
ဒီလုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် အရေးပါသောခေါင်းဆောင်ရဲ့ လုံခြုံရေးကို အနီးကပ်ကာကွယ်စောင့်ရှောက်ပေးရမယ့် close protection အဖွဲ့တခု ဖွဲ့စည်းထားရှိဖို့ လိုပါတယ်။
Close Protection အဖွဲ့
ဒီအဖွဲ့မှာ ယေဘုယျအားဖြင့် အဖွဲ့ငယ် ငါးမျိုးထပ်ခွဲလေ့ရှိပါတယ်။
(၁) personal escort team
(၂) advance team
(၃) ယာဉ်မောင်းအဖွဲ့
(၄) mobile support team
(၅) Command team
(၁) personal escort team
ဒီအဖွဲ့ငယ်ဟာ အရေးပါ ပုဂ္ဂိုလ်က နေရာ အေကနေ နေရာ ဘီကို သွားတဲ့အခါ နေရာအေကို ပြန်ရောက်ချိန် အထိ အရေးပါ ပုဂ္ဂိုလ်မှာ ဘယ်လိုထိခိုက်မှုမှ မရှိအောင် တာဝန်ယူရမယ့် အဖွဲ့ငယ် ဖြစ်ပါတယ်။ ဒီအဖွဲ့ငယ်မှာ အဖွဲ့ခေါင်းဆောင်၊ သက်တော်စောင့်၊ ရှေ့ကနေသွားရမယ့်သူ (point), နောက်မှလိုက်ပါမည့်သူ ( tail), ဗယ်တောင်ပံလူ (left flank), ညာတောင်ပံလူ ( right flank) ပါဝင်ပါတယ်။
ဒီအဖွဲ့မှာပါတဲ့ အဖွဲ့ခေါင်းဆောင် (Team Leader) ဟာ တာဝန်အရှိဆုံးလူဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အရာအားလုံးကို နားရှင်ရှင်၊ မျက်စိရှင်ရှင်နဲ့ သုံးသပ်နိုင်ပြီး၊ လိုအပ်သလို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ သက်တော်စောင့် (Body Guard) ဟာ အရေးပါ ပုဂ္ဂိုလ် အနီးမှာ အချိန်ပြည့် ရှိနေရမယ့်သူ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်ဖြစ်ခဲ့ရင် အမျိုးသမီး သက်တော်စောင့်ထားရှိသင့်ပါတယ်။ ပွိုင့်၊ တေးလ်၊ ဗယ်တောင်ပံ၊ ညာတောင်ပံ လူတွေပါ ထပ်ထည့်လိုက်ရင် ခြောက်ယောက်ဖြစ်ပါတယ်။ အရံလူတယောက် ပါ ထပ်ထည့်ပြီး များသောအားဖြင့် ခုနစ်ယောက်ပါတဲ့ အဖွဲ့ငယ်လေးတွေကို ဖွဲ့လေ့ရှိပါတယ်။
(၂) advance team
အရေးပါပုဂ္ဂိုလ် မရောက်ခင်မှာ သူသွားမယ့်နေရာဒေသကို ကြိုတင်ရှင်းလင်းရေးလုပ်တဲ့ အဖွဲ့ငယ်ဖြစ်ပါတယ်။ များသောအားဖြင့် အဖွဲ့ဝင် ခြောက်ယောက်ခန့် ပါဝင်လေ့ရှိပါတယ်။ အရေးပါပုဂ္ဂိုလ်က ဟိုတယ်တခုမှာ ညစာစားပွဲသွားတဲ့အခါ ဒီအဖွဲ့ငယ်ဟာ ဟိုတယ်ရဲ့ ၀င်ပေါက်ထွက်ပေါက်၊ ဧည့်ကြိုနေရာ၊ လှေကား၊ ဓာတ်လှေကား၊ ဟိုတယ်ဝန်းကျင် စတာတွေမှာ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြိုတင်လေ့လာ ရှင်းလင်းရေးလုပ်ဖို့ ဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်ရောက်လာချိန်မှာ ၀န်းကျင်လုံခြုံရေး၊ လူအ၀င်အထွက်အခြေအနေ၊ သတင်းထောက်တွေရဲ့ လှုပ်ရှားမှု စတာတွေကို အကဲခတ်ပြီး၊ personal escort team နဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
(၃) ယာဉ်မောင်းအဖွဲ့
အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းတွေမှာ ပါဝင်တဲ့ ကားတွေကို မောင်းနှင်သူများ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သူများ၊ အသောက်အစား ကင်းသူများ ဖြစ်ရပါမယ်။ ယာဉ်တန်းကို တိုက်ခိုက်ခံရတဲ့အခါ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို အဓိကထားပြီး၊ အန္တရာယ်ကြားကနေ ဆွဲထုတ်ရမယ့် အရေးကြီးဆုံး လူဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်မှာ ကားအရေအတွက် များများ သုံးနိုင်ခဲ့ရင် အသွား၊ အပြန်မှာ ရှေ့ကား၊ နောက်ကားတွေ ပြောင်းလဲ စီးသင့်ပါတယ်။ အသွားမှာ ဗယ်ဘက်ထိုင်ရင် အပြန်မှာ ညာဘက်ထိုင်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဒီလိုလုံခြုံရေးလှည့်စားမှုတွေမှာ ယာဉ်မောင်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကိုယ့်ကားပေါ်မှာ အရေးပါပုဂ္ဂိုလ် အမှန်တကယ် မပါပဲ ပါသယောင် မောင်းထွက်ပြီး၊ ရန်သူ့အာရုံကို လှည့်စားရတာတွေလဲ ရှိတတ်တာကြောင့် ယာဉ်မောင်းအဖွဲ့မှာ ပါမယ့်သူများကို စနစ်တကျ ရွေးချယ်ဖွဲ့စည်းရပါမယ်။
(၄) mobile support team
တိုက်ခိုက်ခံရမှုမှာ လက်နက်ပစ္စည်းနဲ့ စက်ကိရိယာ ပံ့ပိုးပေးတဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ များသောအားဖြင့် အစိုးရအဖွဲ့ဝင်တွေကို ကာကွယ်စောင့်ရှောက်ရေးမှာပဲ အသုံးပြုလေ့ရှိပါတယ်။ ပရိုက်ဗစ်လုံခြုံရေးမှာတော့ အသုံးပြုလေ့ မရှိပါ။
(၅) Operation Commander and administrative team
ဒီအဖွဲ့ငယ်မှာတော့ အနီးကပ်လုံခြုံရေး အဖွဲ့တခုလုံးကို ကွပ်ကဲရတဲ့ ကွယ်ကဲရေးမှူးနဲ့ နည်းပညာအရ၊ လုပ်ထုံးလုပ်နည်းအရ သူ့ကို ပံ့ပိုးပေးရမယ့် အုပ်ချုပ်ရေးလက်ထောက်များ ပါဝင်ပါတယ်။
Close Protection အဖွဲ့ဝင်
အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ လုံခြုံရေးကို အနီးကပ်တာဝန်ယူရတဲ့ လုံခြုံရေးအဖွဲ့ဝင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ အနီးကပ်လုံခြုံရေး အဖွဲ့ဝင်တွေဟာ သူတို့တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်နဲ့အတူ အများပြည်သူအကြားကို ၀င်ထွက်သွားလာရမယ့် သူများဖြစ်ပါတယ်။ တနည်းဆိုရင် သူတို့ဟာ အရေးပါ ပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ ဒါကြောင့် ၀တ်စားဆင်ယင်မှု၊ လူအများနဲ့ ဆက်ဆံမှုတွေမှာ သတိရှိဖို့ လိုအပ်ပါတယ်။ သူတို့တတွေဟာ လူအများနဲ့ ဆက်ဆံရေးမှာ ရည်ရည်မွန်မွန် ဆက်ဆံတတ်သူများ ဖြစ်ရပါမယ်။ အရေးပါပုဂ္ဂိုလ်ဟာ လူအများရဲ့ ၀န်းရံမှုကို ခံနေရတဲ့ အခါ (သို့မဟုတ်) သတင်းသမားတွေရဲ့ ဓာတ်ပုံဝိုင်းရိုက်နေခြင်းကို ခံရတဲ့အခါ ရှေ့ဆက်သွားဖို့ လမ်းပိတ်နေတယ်ဆိုရင် လူထုကို အေးဆေးစွာနဲ့ပဲ ဖယ်ရှားခိုင်းဖို့ ကြိုးပမ်းရပါမယ်။ လူထုကို တွန်းထုတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုပါတယ်။
နိုင်ငံတကာလုံခြုံရေးနဲ့ သံတမန် အသိုင်းအ၀ိုင်းမှာတော့ close protection အဖွဲ့ဝင်တယောက်မှာ PPSS ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။
(၁) P- Personal
close protection အဖွဲ့ဝင်တယောက်ရဲ့ သွင်ပြင်လက္ခဏာဟာ ထက်မြက်တက်ကြွမှု ရှိရပါမယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။ အပြုသဘောနဲ့ ရှုမြင်တတ်မှု လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထိန်းချုပ်နိုင်သူ ဖြစ်ရပါမယ်။ စူးစမ်းလေ့လာတတ်သူဖြစ်ပြီး၊ တာဝန်ယူတတ်သူ ဖြစ်ရပါမယ်။ ဘယ်လောက်ပဲ စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူ ဖြစ်ရပါမယ်။
(၂) P- Physical
close protection အဖွဲ့ဝင်တယောက်ဟာ ကျန်းမာသန်စွမ်းသူ ဖြစ်ရပါမယ်။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ၀တ်စားနေထိုင်တတ်သူ ဖြစ်ရပါမယ်။ သက်တော်စောင့်ဟာ အရေးပါပုဂ္ဂိုလ်နဲ့ အလုံးအရပ်တူသူ ဖြစ်သင့်ပါတယ်။
(၃) S- Social
close protection အဖွဲ့ဝင်တယောက်ဟာ အရေးပါပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ လူအများကြားမှာ သွားလာလှုပ်ရှားရမယ့်သူ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေး ဗဟုသုတ ရှိသူဖြစ်သင့်ပါတယ်။ စကားကို ရှင်းရှင်းလင်းလင်း ပြောတတ်ပြီး၊ လူအများနဲ့ ပြေလည်အောင် ဆက်ဆံနေထိုင်တတ်သူတွေ ဖြစ်ရပါမယ်။ အချိန်တိကျပြီး၊ ယုံကြည်စိတ်ချသင့်တဲ့ လူတွေ ဖြစ်ရပါမယ်။ လူအများနဲ့ ဆက်ဆံရာမှာ လမ်းဘေးစကားများ၊ ရိုင်းပျသောစကားများကို အသုံးပြုမှုမှ ရှောင်ကြဉ်ခြင်း၊အပြုံးနှင့် ဆက်ဆံခြင်း၊ ကျေးဇူးတင်စကားပြောခြင်း စတဲ့ Professional Courtesy ကို ကျင့်သုံးနိုင်သူများ ဖြစ်ရပါမယ်။ အရေးပါတဲ့ ဘယ်ပုဂ္ဂိုလ်က ဘယ်အချိန်မှာ အစည်းအဝေး တက်ရမှာလို့ ရှေ့ကနေ လမ်းဖယ်ပေးပါ ဆိုတာထက် လမ်းဖယ်ပေးလို့ ရနိုင်မလား ခင်ဗျာ ဆိုတဲ့ စကားလုံးက လူအများနဲ့ ဆက်ဆံရေးကို ပိုကောင်းမွန်စေတတ်ပါတယ်။
(၄) S- Skills
ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများအား ခွဲခြားသိမြင်နိုင်မှု၊ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အခြေအနေများကို သိမြင်နိုင်မှု၊ အချိန်အခါနှင့် အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားတတ်မှု၊ ရှေးဦးသူနာ ပြူစုမှု၊ လိုအပ်ပါက အသုံးပြုနိုင်ရန် ကိုယ်လုံပညာများ တတ်ကျွမ်းမှု စတာတွေ ဖြစ်ပါတယ်။
နိဂုံး
ယခုဆောင်းပါးမှာ အရေးပါသော ပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ အဖွဲ့ဝင်များကို တိကျသော တာဝန်ပေးအပ်မှုများ လိုအပ်ကြောင်းနှင့် အဖွဲ့ဝင်များတွင် ရှိသင့်သည့် အရည်အချင်းလိုအပ်ချက်မျာကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ VIP/ Close Protection နဲ့ ပတ်သက်ပြီး အခြား သိသင့်သိထိုက်တဲ့ venue protection ၊ foot protection ၊ motorcades protection၊ လမ်းကြောင်းတွင် တိုက်ခိုက်ခံရပါက လုပ်ဆောင်ရမည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် အန္တရာယ်အငွေ့အသက်များ စသည်တို့ကို သီးခြားဆောင်းပါးများဖြင့် ရေးသားဖော်ပြပါမည်။
ခင်မမမျိုး
http://khinmamamyo.blogspot.com/2010/12/blog-post_03.html
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 10:28 AM PDT
ဒီနေ့  ကျမတည်းတဲ့ Takahama မြို့ လေးက တစ်နှစ်တစ်ခါကျင်းပတဲ့ Mochinage မိုချိနာ့ဂဲ
လို့ ခေါ်တဲ့ ကောက်ညှင်းပစ်ပွဲကို ရောက်သွားခဲ့ပါတယ်။
မြို့ သူမြို့ သားတွေကို ပျော်ရွှင်အောင်  မဲဖောက်ပေးတဲ့ သဘောနဲ့  ကောက်ညှင်းမုန့် လေး ထဲမှာ
ပစ္စည်း မဲစာရွက်လေး တွေ ထည့် ပြီး ပစ်ပေးတာကို အားလုံးက တပျော်တပါး လု ကောက်ကြရတာပါ။
ပစ္စည်းတွေက တီဗီ ၊ စက်ဘီး  ၊ ပန်းကန်ပြား --စသဖြင့် အစုံပဲ ။
ဘာမှ မပါတဲ့  ဗလာ ကောက်ညှင်းတွေလည်းပါတာပေါ့ ။
ကျမ တို့ ဆီမှာ ပေါက်ပေါက်နဲ့ ပိုက်ဆံကြဲတဲ့ သဘောပါပဲ။ ဒါပေမယ့်  မတူညီတာလေး ရှိပါတယ်။
သူတို့လူမျိုးတွေ စနစ်ကျတာလေး ပြောပြချင်ပါတယ်။
ကောက်ညှင်းပစ်ရင် ကောက်ဖို့ကို အသက်အရွယ်နဲ့ လိုက်ပြီး ခွဲပေးထားပါတယ်။
ပထမဆုံး မူကြိုအရွယ် ကလေး တွေကို အရင် ကောက်ခိုင်းပါတယ်။
 အဲ့ ဒီနောက် မှ--မူလတန်းကလေးတွေ--
အဲဒီနောက် မှ-- အလယ်တန်း ၊ အထက်တန်း အရွယ်တွေ
အဲဒီနောက် မှ--၆၅ နှစ်ကျော် အဖိုးအဖွားတွေ
နောက်ဆုံးမှ ကျန်တဲ့ သူတွေ ကောက်ရတာပါ။
 မြန်မာမှာ ပိုက်ဆံကြဲရင်ကလေးကြီးတွေက လုကောက်လို့ ကလေးလေးတွေ မရပါဘူး။ အသက်ကြီးတဲ့ သူတွေကလည်းရှက်လို့ ကလေးတွေနဲ့  လုမကောက်ကြပါဘူး။
ခုတော့ သူတို့ ပွဲ မှာ အရွယ်စုံ ကောက်လို့ ရအောင် စီစဉ်ထားတာ သိပ်ချီးကျူးဖို့ကောင်းတယ်။
ဘာမှမဟုတ်တဲ့ ဒီအသေးအဖွဲ ကိစ္စလေးကအစ သူတို့ က သေချာစီစဉ်ထားတာပါ။
ကျမလည်း ပျော်ပျော်ပါးပါး ၀င်ကောက်ပါတယ်။ ကြွားရဦးမယ်-- ဗလာတော့ မဟုတ်ဘူးရှင့် -
ကောက်ညှင်း ၃ ခု တောင်ရပြီး  မဲတစ်ခုပေါက်သေးတယ်။
ကဲ ---ဘယ်လိုကောက်ရလည်းသိအောင်ပွဲတော်ပုံတွေ ကြည့်ကြနော်--
 ကောက်ညှင်းပစ်ပွဲ သို့ အ၀င်
ဆုမဲပစ္စည်းတွေ အဆင်သင့်နော်
ကလေးတွေ က ကောက်ဖို့ အဆင်သင့်ပြင်နေကြပြီ။
ရပ်မိရပ်ဖ တွေက စင်ပေါ်ကနေ ပစ်ကြဲလိုက်လို့ ကောက်နေတဲ့ ကလေးတွေ
မူလတန်းကျောင်းသားလေးတွေအလှည့် 
ကဲ--လာပြီနော် ဆယ်ကျော်သက်အရွယ်လေးတွေ လုကောက်ကြတော့မယ်။
တစ်ဆယ်ကို ၅၅ နှစ်တာကျော်လာတဲ့  ဆယ်ကျော်သက်တွေက လည်း ဒီလို ဒီလို--
ကဲ--တို့ တွေ ကလည်း အလှည့် ကျတော့ မနွဲ့ စတမ်းပေါ့ 
ကောက်ညှင်းလေးထဲမှာ ဒီလို စာရွက်လေးပါပြီး ဘာပစ္စည်းပေါက်လည်းရေးထားတယ်
ကောက်လိုက်တာ ၃ ခု ပဲ ရတယ်ဟယ်-သူများတွေ ဆို အများကြီးပဲ
 ဒီအဖွားကလည်း လာကောက်တာ ၃ ခု ရတယ်တဲ့ --ဘ၀တူတွေပေါ့အဖွားရယ်
 သူများတွေ ဆုတွေ ထုတ်လာလိုက်တာ အားရပါးရပဲ
ကောက်ညှင်း ၃ လုံးကို ကြည့်လိုက်တော့  မဲ စာရွက် ပါတာတစ်ခု တွေ့ တယ်။
ရင်တခုန်ခုန် နဲ့ ဆုမဲ သွားထုတ်လိုက်တော့ ---
တစ်ရှူးအနုစားလေးပါ။ အော် -ကုသိုလ်ကံ ကောင်းချက်ကတော့ပြောချင်ဘူး--
မောတယ်အဖွားရယ် --အတူတူထိုင်ပြီး သူများတွေ စက်ဘီးပေါက်လို့  ထုတ်လာတာထိုင်ကြည့်မယ်
ကောက်ညှင်းပစ်ပွဲ ပြီးသွားပြီးပျော်ရွှင်စွာ ပြန်လာကြသူတွေပါ
အားလုံးလည်း ကိုယ့်ရပ်ကိုယ့်ရွာမှာ ပိုက်ဆံကြဲမယ်၊ မဲတွေ ဝေမယ်ဆိုရင် စည်းစနစ်ကျပြီး ရန်ဖြစ်ဆူညံခြင်းမရှိတဲ့  ဂျပန်ရဲ့  ကောက်ညှင်းပစ်ပွဲ လေးကို အတုယူ ကြပါနော်--
မေတ္တာမွန်ဖြင့် 
သန္တာအောင်
Posted: 13 May 2012 10:14 AM PDT
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 08:43 AM PDT
ကောင်မလေးရေ ------ ------ ------
ရေရာမူမရှိတဲ့အချစ်လမ်းကို
ဆက်မလျှောက်နဲ့
မဖြစ်နိုင်တဲ့အကြောင်းတရားကိုလဲ
မစဉ်းစားပါနဲ့
အရာရာမာန်တင်ပြီး ပြေလည်မှုမရှိတဲ့
မင်းနဲ့ငါ---အကြောင်းတွေက
နီးဖိုးရာဝေးပြီး ဆုံဆည်းဖို့ဆိုတာလဲ
ဒီတစ်သက်မှာ ဖြစ်လာမယ်မထင်ဘူး
အကြောင်းပြချက်တွေ မရေရာမှုတွေများ
နှလုံးသားပစ်ချက်တွေက
အမုန်းတွေသာများနေပြီး
ဒီတော့  -------- ------- --------
ကောင်မလေးရယ် --------- --------
အလွမ်းတွေနဲ့ လမ်းခွဲယုံဘဲပေါ့ ------ ------- ------။
Posted: 13 May 2012 07:41 AM PDT
by Htoo Tint Naing on Saturday, May 12, 2012 at 2:14pm ·
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိ
==================================================
      မြန်မာနှစ် ၁၂၉၈ ခု၊ တပေါင်းလပြည့် (ခရစ်နှစ် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်) အင်္ဂါနေ့၌ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့ဖြစ်သည်။
       ၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။
      ၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ မှစ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ၄ နှစ်ကြာ ပဋိပတ်အလုပ် အားထုတ်ခဲ့ပြီး ၁၉၇၅ မှစ၍ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ ဟောကြားခဲ့သည်။
        ၁၉၇၇ တွင် စစ်ကိုင်းတောင်၌ သီတဂူကျောင်းတိုက်၊ ၁၉၇၈ တွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်ပြီး ၁၉၇၉ ၌ ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်ခဲ့ပြီး အစည်းအဝေးပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီးဖြစ်သည်။
         ၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် ‘သီတဂူ ရေအလှူတော်စီမံကိန်း’ကို တည်ဆောက်ခဲ့သည်။ ရေအလှူတော်စီမံကိန်းသည် ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေစက်ရုံ ၃ ရုံ၊ ရေသန့်စက်ရုံ ၂၊ ရေကန် ၁၂ လုံးဖြင့် စစ်ကိုင်းတောင် ချောင်ပေါင်း ၉ဝဝ ကျော်ရှိ ရဟန်း သာမဏေ၊ သီလရှင် ၉ဝဝဝ ကျော်တို့အား ရေပိုက်လိုင်း ပေပေါင်း ၂ သိန်းခွဲကျော်ဖြင့် တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့် ပေးဝေလျက်ရှိသည်။
         ၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံက ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထုကို အခမဲ့ ဆေးကုသနိုင်ရန် လှူဒါန်းဒါနပြုလျက်ရှိသည်။ ပြည်ပမှ မျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍လည်း နှစ်စဉ် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ဆရာတော်သည် ရေအလှူတော်၊ အာယုဒါန အလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေးများအတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိသည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် နှင့် မြိုင်ကြီးငူ တို့၌လည်း ဆေးရုံများတည်ဆောက်လျက်ရှိသည်။
        ၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။
       ဆရာတော်အား အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ (၁၉၉၃)၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ (၁၉၉၅)၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၉၇)၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ကပ်လှူပူဇော်ခဲ့ပြီး ၂ဝဝ၃ တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ် (D. Litt.) ဘွဲ့၊ ၂ဝဝ၅ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က ပီအိပ်ခ်ျဒီ (Ph.D) ဘွဲ့ အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။
     ဆရာတော်သည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် နှင့် ၂ဝဝ၇ ခုနှစ်တွင် တင်နက်စီ ပြည်နယ်၌ သီတဂူဗုဒ္ဓဝိဟာရကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။
   ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။ မြို့နယ်/ ကျေးလက်ဆေးရုံများသို့ လိုအပ်သည့် အဖိုးတန်စက်ကိရိယာများ ဆေးဝါးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး စာသင်ကျောင်းများသို့လည်း ကွန်ပျူတာများ၊ သင်ထောက်ကူပြု လျှပ်စစ်ပစ္စည်းများ လှူဒါန်းလေ့ရှိသည်။
      ၂ဝဝ၈ ခု မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့်ဒေသများသို့ ဆရာတော်ကိုယ်တိုင် သွားရောက်ပြီး ဒေသခံများနဲ့အတူ အပင်ပန်းအဆင်းရဲခံကာ သောက်သုံးရေသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ ဘုရားကျောင်းကန် နေအိမ်များ ပြုပြင်ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။ မုန်တိုင်းသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျှင် တစ်ဦးချင်းအနေဖြင့် ငွေကြေးပမာဏအများဆုံးကို ပြည်သူလူထုထံမှ ထိထိရောက်ရောက်အလှူခံကာ ဒုက္ခသည်များအတွက်လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းခြင်းတို့ကို စနစ်တကျ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။  
        ဆရာတော် ဟောကြားခဲ့သော တရားတော်များအနက် ၁၉၈၈ တွင် ဟောကြားခဲ့သည့် ‘ရာဇောဝါဒ -မင်းကျင့်တရားဆယ်ပါး တရားတော်’၊ ၂ဝဝ၇ တွင် ဟောကြားခဲ့သော ‘ဧကရာဇ်မင်းကြီးရဲ့ ဘဝနိဂုံးတရားတော်’ နှင့် ‘လူမိုက်တို့ သွားရာလမ်း တရားတော်’တို့ ပြည်သူများအကြား အထူးပျံ့နှံ့ ကြိုက်နှစ်သက်ခဲ့သည်။
        ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရသည် သပိတ်အိုင်တောရတွင် သီတင်းသုံးခဲ့ဖူးသောကြောင့် ‘သပိတ်အိုင်ဆရာတော်’ ဟူ၍လည်းကောင်း၊ သဲကုန်းမြို့နယ် ဇာတိဖွားဖြစ်သောကြောင့် ‘သဲကုန်းဆရာတော်’ ဟူ၍လည်းကောင်း၊ သီတဂူကျောင်း သီတဂူရေအလှူ သီတဂူဆေးရုံ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဗုဒ္ဓဝိဟာရ(အမေရိကန်) တို့ကို တည်ထောင်တော်မူခဲ့သည်ဖြစ်ခြင်းကြောင့် ‘သီတဂူဆရာတော်’ ဟူ၍လည်းကောင်း လူသိများထင်ရှားသည်။
    ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း ၃ဝ ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။     ။
http://www.citizenofburma.org နှင့် http://lapyae456.multiply.com/journal/item/1  တို့ မှ ရှာဖွေကူးယူတင်ပြပါသည်ခင်ဗျာ။
မှတ်ချက်။
     ယခုအခါ ဆရာတော်ဘုရားကြီးသည် သက်တော် ၇၅ ၊ ၀ါတော် ၅၅ ဖြစ်ပါသည်။ ဆရာတော်ကြီးလို သူတော်ကောင်း ပုဂ္ဂိုလ်မျိုးဟာ အလွန်ကြည်ညို လေးစားချီးကျုးထိုက်ပါတယ်။ ဆရာတော်ကြီးဟာ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သလို နိုင်ငံ့အရေးမှာလည်း ခေါင်းဆောင်မှုကောင်းကောင်းနဲ့ ကိုယ်တိုင်မနေ မနားပါဝင်ဦးစီးဦးဆောင်လုပ်ခဲ့တာဆိုရင်ဖြင့် နာဂစ်အပြီး ကယ်ဆယ်ရေးလုပ်ငန်းများက သက်သေခံနေပါတယ်။ ဆရာတော်ကြီးသည် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိ၍ နိုင်ငံ့အရေးတွေမှာ ခွန်အားအပြည့်နဲ့ အင်တိုက်အားတိုက် လုပ်ဆောင်နေတာ အများမျက်မြင်ဖြစ်ပါတယ်။ ဘယ်တော့မှ နားမနေပဲ အမျိုး ဘာသာ သာသနာအတွက် ကဏ္ဍအသီးသီးမှ  တတ်စွမ်းနိုင်သလောက် အစွမ်းကုန် အများအကျိုးဆောင်ရွက်တော်မူနေပါတယ်။ ဆရာတော်ဘုရားကြီးဟာ တစ်သက်မှာ တစ်ခါ ပေါ်ထွန်းလာတဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်မျိုးပါ။
သီတဂူဆရာတော်ဘုရားကြီး၏ အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်ချက်များကို ထပ်မံသိရှိလေ့လာလိုပါက http://www.sitagu.info/ သို့ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။
        ဆရာတော်ဘုရားကြီး၏ အများအကျိုးဆောင်ရွက်မှုသည် ကမ္ဘာကပင် ချီးကျုးရလောက်အောင် အလွန်ပြောင်မြောက်ပါတယ်။ ဆရာတော်ဘုရားကြီး၏ ပရဟိတ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုမျိုးသည် မည်သူတစ်ဦးတစ်ယောက်မျှ မလုပ်နိုင်သော ဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားထားလေးစားရသော ပုဂ္ဂိုလ်မြတ်များတွင် ဆရာတော်ဘုရားကြီးသည် တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတွင်မက ကမ္ဘာ့ သမိုင်းတွင်ပါ တွင်ကျန်၍ ဆရာတော်ဘုရားကြီး ဂုဏ်သတင်းသည် ကျော်ဇောပျံ့ နှံ့ နေမည်ဖြစ်ပါသည်။  ဆရာတော်ဘုရားကြီးလို သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ အမိမြန်မာနိုင်ငံတွင် များများပေါ်ထွက်လာပါစေလို့ လည်း ဆုတောင်းပေးပါတယ်။
       ဆရာတော်ဘုရားကြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နှင့် သက်တော်ရာကျော်ရှည်ပါစေ ၊ အမျိုး ဘာသာ သာသနာ အကျိုးကို ဆထက်ထပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ တပည့်တော် ဆုတောင်းမေတ္တာပို့ သရင်း  ဤ ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိလေးကို အများသူငါ သိရှိအောင်ပြန်လည်ကုသိုလ်ပြု ဖော်ပြခြင်းဖြင့် အဝေးမှနေ၍ ရှိခိုးပူဇော် ကန်တော့လိုက်ရပါတယ် အရှင်ဘုရား။
ထူးတင့်နိုင်  /၁၂-၅-၂၀၁၂  /နေ့ လည်၂း၀၀
သီတဂူဆရာတော် ဆရာတော်ဘုရားကြီးအား ပိုမိုကြည်ညိုနိုင်အောင်
                                                        ထပ်မံ၍ ကုသိုလ်ပြုလိုက်ပါသည်။
                                                    လေးစားစွာဖြင့်      ...      မောင်မြင့်
Posted: 13 May 2012 07:25 AM PDT
ငယ်စဉ်က ဒဏ္ဍာရီတစ်ခုကို ကြားဖူး၏ ။
ထိုဒဏ္ဍာရီမှာ နတ်ရေကန်ဒဏ္ဍာရီ ဖြစ်လေ၏ ။
မွေးစ ကလေးငယ်တစ်ယောက်ကို နတ်ရေကန်ထဲ ပစ်ချလိုက်လျှင်
ထိုကလေးငယ်သည် ၁၆ နှစ်အရွယ် ဖြစ်လာသည်ဟူ၍လည်းကောင်း၊
အဘိုးအို၊ အဘွားအိုများကို နတ်ရေကန်ထဲ ပစ်ချလိုက်လျှင်
ထိုအဘိုးအို၊ အဘွားအိုများသည် ၁၆ နှစ်အရွယ်
ဖြစ်လာကြသည်ဟူ၍လည်းကောင်း ကြားဖူး၏။
နတ်ရေကန်ထဲကရေသည် ဤသို့လျှင်
အရာရာကို ပြောင်းလဲစေနိုင်သော စွမ်းအင်ရှိ၏ ။
ဗုဒ္ဓစာပေထဲ၌ အာသ၀၏ မာယာရေကန်ကို ဖတ်ရ၏ ။
အာသ၀၏ မာယာရေကန်ကား နတ်ရေကန်လို ဒဏ္ဍာရီမဟုတ်။
တကယ့်မာယာရေကန် ဖြစ်၏ ။ မျက်စိဖြင့် ကြည့်၍ရ၏ ။
မျက်စိဆိုသော်လည်း ပကတိမျက်စိတော့ မဟုတ်။ ဉာဏ်မျက်စိ ဖြစ်၏ ။
..................................
အာသ၀၏ မာယာရေကန်ကို ပထမဦးဆုံးမြင်သူမှာ "မြတ်စွာဘုရား" ဖြစ်ပါ၏ ။
မြတ်စွာဘုရားက အာသ၀၏ မာယာရေကန်သည်
ရဟန္တာ မဟုတ်သေးသူတိုင်း၏ သန္တာန်၌ ရှိသည်ဟု ဟောကြားတော်မူထား၏ ။
....................................
သတ္တ၀ါ ဟူသမျှသည်  အာသ၀၏ မာယာရေကန်ထဲသို့
ဆင်းဖူးကြသူများချည်း ဖြစ်၏ ။
အာသ၀၏ မာယာရေကန်ထဲသို့ ဆင်းဖူးပါမှလည်း
"သတ္တ၀ါ" ဟူ၍ ဖြစ်ကြရ၏ ။
သို့မဟုတ်ပါက "သတ္တ၀ါ" ဟူ၍ ဖြစ်မလာနိုင်။
အမှန်အားဖြင့် အာသ၀၏ မာယာရေကန်သည်
အရာရာတိုင်းကို အသက်သွင်းပေးနိုင်စွမ်း ရှိပါ၏ ။
.......................................
ဗုဒ္ဓအဘိဓမ္မာဆောင် မထေရ်များက အာသ၀၏ မာယာရေကန်မှ
အာသ၀ မာယာရေသည် ကြာမြင့်စွာ "ထုံ" အပ်သော
"စိမ်ရေ" နှင့် တူသည်ဟု မိန့်ကြ၏ ။
"စိမ်ရေ" ဆိုသည်မှာ "အရက်" ပင် ဖြစ်၏ ။
အရက်သည် အရက်သမားများကို မူးအောင် လုပ်၏ ။ ရူးအောင် လုပ်၏ ။
ထို့ကြောင့် အရက်မူးသမားများသည် မူးကြ၏ ။ ရူးကြ၏ ။
..........................................
မူးကြ၊ ရူးကြသောအခါ အရက်မူးသမားများသည်
အာရုံများကို အမှန်အတိုင်း မသိကြတော့။
"အကောင်း" ကိုလည်း "အဆိုး" ဟူ၍ ထင်ကြ၏ ။
"အဆိုး" ကိုလည်း "အကောင်း" ဟူ၍ ထင်ကြ၏ ။
..........................................
အရက်သမားများ၏ အထင်သည် အားလုံးကမောက်ကမချည်းသာ ဖြစ်၏ ။
အမှန်အကန်ဟူ၍ မရှိသော်လည်း အရက်မူးသမားများသည်
သူတို့၏အထင်မှ သူတို့၏ အထင်။
အခြားသူများ၏ အထင်ကား ဖွဲနှင့်ဆန်ကွဲပမာသာ ဖြစ်ချေ၏ ။
ဤသို့လျှင် အရက်မူးသမားများသည် တစ်ယူသန်ကြ၏ ။
.............................................
အာသ၀၏ မာယာရေကန်နှင့် ပတ်သက်၍ ဆိုရလျှင်
ဘ၀တွင် "အသိခံနှင့်အသိ" ဟူ၍ နှစ်မျိုးရှိ၏ ။
"အသိခံ" ကို "အာရုံ" ဟူ၍ ဆို၏ ။ အာရုံဟူသည်မှာ သိစရာများ ဖြစ်၏ ။
"အသိ" ကို "စိတ်" ဟူ၍လည်း ဆို၏ ။ "အာရမ္မဏိက" ဟူ၍လည်း ဆို၏ ။
စိတ် သို့မဟုတ် အာရမ္မဏိက ဟူသည်မှာ သိစရာများကို သိတတ်ပါ၏ ။
...............................................
ထို့ကြောင့် ဘ၀တွင် သိစရာများနှင့် အသိတရားများသည်
အချင်းချင်း မလွဲမသွေ ဆက်ဆံနေကြရ၏ ။
တစ်ရံတစ်ဆစ်မျှ ပြတ်သည်ဟူ၍ မရှိ။
အိပ်မောကျနေသော အခါ၌ပင် "သိစရာနှင့် အသိ" သည် ဆက်ဆံနေသည်ပင် ဖြစ်၏ ။
သတ္တ၀ါများ အနေဖြင့် ထိုသို့ ဆက်ဆံနေကြောင်း
"သိခြင်းနှင့် မသိခြင်း" သည် တစ်ကဏ္ဍ ဖြစ်၏ ။
..............................................
ဗုဒ္ဓအဘိဓမ္မာ ဝေါဟာရ အနေဖြင့် ဆိုရလျှင်
စိတ်ဟူသမျှ၌ သိစရာအာရုံသည် အမြဲပါရ၏ ။
သိစရာအာရုံ မရှိဘဲနှင့် စိတ်ဟူသည် ဖြစ်ကောင်းသောသဘော မရှိပေ။
ဤသည်မှာ စိတ္တနိယာမ ဖြစ်၏ ။
ဤနိယာမအတိုင်း စိတ်ဖြစ်သည် ဆိုသည်နှင့် တစ်ပြိုင်နက်
ဘာစိတ်ပင်ဖြစ်ဖြစ် အာရုံသည် အမြဲပါလေ၏ ။
.................................................
ဗုဒ္ဓဒေသနာအရ အာရုံဟူသမျှသည် ပုထုဇဉ်တို့၏ အာရုံသာ ဖြစ်ပါက
"အာသ၀၏ မာယာရေကန်" ကို ဖြတ်သန်းရသည်ချည်း ဖြစ်၏ ။
ဤနေရာ၌ သေက္ခပုဂ္ဂိုလ်တို့ကား အာသ၀၏ မာယာရေကန်မှ
"အာသ၀ မာယရေ" ကို ခန်းခြောက်အောင်
အားထုတ်နေသော အရိယာ သူတော်စင်များ ဖြစ်ကြသဖြင့်
ယင်းတို့ကို ထည့်သွင်း၍ မဆိုခြင်း ဖြစ်ပါ၏ ။
...............................................
စိတ်ဟူသမျှသည်လည်း ပုထုဇဉ်တို့၏ သိစိတ်သာ ဖြစ်ပါက
အာသ၀၏ မာယာရေကန်ကို ဖြတ်သန်းရသည်ချည်း ဖြစ်၏ ။
ထိုသို့ ဖြတ်သန်းလိုက်သည်နှင့် တစ်ပြိုင်နက် အာသ၀၏ မာယာရေကန်က
အာသ၀၏ မာယာရေသည် သူ၏အစွမ်းကို ပြလေတော့၏ ။
သူ၏ အစွမ်းကား မည်မျှ ထက်ပါလေသနည်း။
...............................................
ပုထုဇဉ်တို့၏ ဆိုင်ရာဆိုင်ရာ ဒွါရများ၌
ဆိုင်ရာဆိုင်ရာ အာရုံများ ထင်လာသောအခါ
ထိုထိုအာရုံများသည် ပုဂ္ဂိုလ်များလည်း မဟုတ်ကြ။
သတ္တ၀ါများလည်း မဟုတ်ကြ။ အသက်ဇီဝလည်း မရှိကြ။
အရာဝတ္ထုများလည်း မဟုတ်ကြ။ဲဒပ်လည်း မရှိကြ။
အစိုင်အခဲလည်း မရှိကြ။ ဒြပ်မဲ့၊ အစိုင်အခဲမဲ့၊ အသက်မဲ့
သဘာဝသက်သက်မျှသာ ဖြစ်ကြပါ၏ ။
....................................................
သို့ရာတွင် အာသ၀၏ မာယာရေကန်ကို ဖြတ်သန်းလိုက်သည်နှင့် တစ်ပြိုင်နက်
အာသ၀ရေ၏ စွမ်းအင်ကြောင့် ထိုထိုအာရုံတို့သည်
ဒြပ်မဲ့အဆင့်မှ ဒြပ်ရှိအဆင့်သို့ ရောက်သွားကြ၏ ။
အစိုင်အခဲမဲ့အဆင့်မှ အစိုင်အခဲ အဆင့်သို့ ရောက်သွားကြ၏ ။
သက်မဲ့အဆင့်မှ သက်ရှိအဆင့်သို့ ရောက်သွားကြ၏ ။
ပုဂ္ဂိုလ် မဟုတ်သောအဆင့်မှ ပုဂ္ဂိုလ်အဆင့်သို့ ရောက်သွားကြ၏ ။
.....................................................
သတ္တ၀ါ မဟုတ်သော အဆင့်မှ သတ္တ၀ါ အဆင့်သို့ ရောက်သွားကြ၏ ။
အရာဝတ္ထု မဟုတ်သောအဆင့်မှ အရာဝတ္ထု အဆင့်သို့ ရောက်သွားကြ၏ ။
ပရမတ်အဆင့်မှ ပညတ်အဆင့်သို့ ရောက်သွားကြ၏ ။
ဤသည်မှာ သိစရာ အာရုံပိုင်း အပေါ်၌သာ
အာသ၀ မာယာရေ၏ အစွမ်းသတ္တိပြမှု ဖြစ်ပါ၏ ။
...................................................
(ဆရာကြီး ဦးရွှေအောင်၏ အာသ၀၏ မာယာရေကန် ဆောင်းပါးမှ ...)
                                                                         ရှာဖွေတင်ပြသူ - မာလာထွေး
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 07:19 AM PDT
.........."အခန်းပျက် ရီဝေဝေစစ်ပွဲ".........
.............................................................
....................................
ငါသောက်တဲ့အရက်က မချိုဘူးခါးတယ်
မတ်မနိုင်ယိုင်လဲ ရီဝေစွာမူးတယ်
ခလုတ်ခဏခဏတိုက်တက်တဲ့ ဒီလျှာ
ပါးစပ်ဟလိုက်တိုင်းအာပုပ်စော်နံတယ်
ခံတွင်းရှင်းဖို့မေ့နေတဲ့ ငါလိုလူတွေအတွက်
အဓိကဖော်စပ်ထားတယ်
ဆိုတော့ကာ
ငါ့ဦးနှောက်ပေါ် ဂျော်နီလမ်းလျှောက်သွားတယ်
ကစော်ဖတ်နဲ့ချက်တဲ့တောအရက်
ကောင်ညှင်းနဲ့ပဲချက်ချက်
မုယောနဲ့ပဲချက်ချက်
သစ်သီးသစ်ဥနဲ့ပဲချက်ချက်
ဘယ်လိုပဲချက်ချက်ပါ
လူကိုလူနဲ့ပြန်ချက်တာလောက် ရူးတဲ့အရပ်မရှိဘူး
အရက်ကိုအရက်နဲ့ပြန်ချက်တာလောက် မူးတဲ့အရက်မရှိဘူး
အဲ့တာ
ကောလိပ်ဂျင်နေဝင်းရဲ့စတိုင်
ငါသောက်နေတဲ့အရက်ကမူးတော့မူးတယ်
ငါ့အိပ်ကပ်ထဲမှာ
သူရာမေရယ မဇ္ဇ ပမာဒဠာနာ ဝေရမဏိသိက္ခာပဒံသမာဓိယာမိ
ငါ့နှလုံးသားနဲ့လာလာထိပေမယ့်
ငါ့စိတ်ကူးတွေအလိုင်းမင်းကပ်နေလို့
ခဏလေးဖြစ်ဖြစ်ညိပါရစေ ရီဝေဝေဒီသေရည်
အမှားကိုအမှားနဲ့ပြာချ အမှန်ရတယ်
အကြားကိုအကြားနဲ့ပြာချ အသိရတယ်
အသွားကိုအသွားနဲ့ပြာချ ခရီးရတယ်
အစားကိုအစားနဲ့ပြာချ ဗိုက်ဝတယ်
တခုတော့ရှိတယ်
စကားကိုစကားနဲ့ပြာမချမိစေနဲ့ ရန်များလိမ့်မယ်
ငါသောက်နေတဲ့အရက်ကမူးတော့မူးတယ်
ဒါပေမယ့်
လူကိုလူနဲ့ပြန်ချက်တာလောက် ရူးတဲ့အရပ်မရှိဘူး
အရက်ကိုအရက်နဲ့ပြန်ချက်တာလောက် မူးတဲ့အရက်မရှိဘူး
.............................................
.................................................................။
အားလုံးကိုခင်မင်လေးစားလျက်
GOODBYE
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 05:37 AM PDT
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ကျနော်လည်း အခုတလော ဟာဒယတွေထဲမှာ နစ်မျှောလို့ နေတာကို အားလုံး အသိပဲ ဖြစ်မှာပါ၊ ကျနော့ရဲ့ အားသာချက်ကလည်း မှတ်သားစရာနဲ့ ဟာဒယပဲဆိုတော့ သူငယ်ချင်းတို့လည်း နားလည်မှု ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ ဒီတစ်ခါတော့ ပြီးခဲ့တဲ့နေ့တွေမှာ ရေးခဲ့တဲ့ ဟာဒယ ခေါင်းစဉ်နဲ့ နီးစပ်ပြီး မှတ်သားစရာလေးဖြစ်တဲ့ ဆရာဦးဖုန်း (ဓါတု) ပြောခဲ့ဖူးတဲ့ စကားလေးကို ကိုးကားပြီး ရေးသားလိုက်ရပါတယ် ခင်ဗျာ။
          ကျနော် ရိုးသားစွာ ၀န်ခံပါရစေ၊ ကျနော့မှာ မိန်းမ(၃)ယောက် ရှိပါတယ်၊ အဲ့ဒီအထဲမှာ ပထမ ဦးစားပေးက နောက်ဆုံး ယူထားတဲ့ အငယ်ဆုံး ကောင်မလေးပါ၊ သူက လှလည်းလှ၊ တီတီတာတာလည်း ပြောတတ်ဆိုတော့ သူ့ကို ကျနော် အချစ်ဆုံးပေါ့ဗျာ၊ ကျနော် ငွေရှာနေတာဟာ သူ့အတွက်ပါ၊ ကျနော်လေ ညအိပ်ယာဝင်လည်း သူ့ကိုသတိရတယ်၊ မနက် လင်းတော့လည်း သူ့ဆီပဲ စိတ်က ရောက်တယ်၊ ကျနော် ဘယ်ကိုသွားသွား၊ ဘာပဲစားစား၊ ဘာပဲလုပ်လုပ် သူ့ရဲ့စိတ်နဲ့ ကျနော် ရှင်သန်နေသူပါ၊ သူက ဘာပဲတောင်းဆို တောင်းဆို၊ သူလိုချင်တာ မှန်သမျှ၊ သူဖြစ်ချင်တာ မှန်သမျှတွေကို ကျနော် လိုက်လျှော မိပါတယ်။
          ဒုတိယ ဦးစားပေးကတော့ ဒုတိယမြောက် ယူထားတဲ့ ကောင်မလေးပါ၊ သူ့ကိုလည်း ကျနော် ချစ်တာပါပဲ၊ ဘာလို့လည်း ဆိုတော့ သူက ကျနော့ကို ဂုဏ်သတင်းတွေ ကျော်ဇောအောင်၊ လုပ်ဆောင်ချက်တွေ အောင်မြင်အောင် အမြဲ အကူအညီပေးနေလို့ပါ၊ ကျနော် အခုလို အလုပ်တွေ များများ လုပ်နိုင်တာ သူကူညီလို့ပေါ့ဗျာ၊ ကျနော် ဖြစ်ချင်တာ မှန်သမျှ သူကလုပ်ပေးပါတယ်၊ ကျနော့ စိတ်ကူးတွေ အားလုံးကို သူက အကောင်အထည် ဖေါ်ပေးတယ်၊ ဒီတော့ ကျနော် သွားလေရာမှာ သူအမြဲ ပါတယ်လေ။
           တတိယ ဦးစားပေးကတော့ ပထမဆုံး ယူထားတဲ့ မယားကြီးပါ၊ သူ့ကို ကျနော် သိပ်မချစ်ဖူးဗျ၊ ဘာလို့လဲ ဆိုတော့ ကျနော် မကြိုက်တာတွေကို သူလုပ်ခိုင်းတယ်၊ စကားကလည်း များမှများပဲ၊ ကျနော့ကိုလည်း အလိုမလိုက်ဖူး၊ အဲ့ဒီတော့ သူ့အိမ်ကို တစ်နှစ် တစ်ခေါက် လောက်ပဲ ကျနော် ရောက်ဖြစ်ပါတယ်၊ ရောက်ရင်လည်း (၄/၅)ရက် လောက်ပဲ နေတယ်လေ၊ ဒါပေမယ့် သူခိုင်းတဲ့ အလုပ်တွေက တကယ့်ကို တန်ဖိုးရှိတဲ့ အလုပ်တွေပါ၊ သူပြောတဲ့ စကားတွေကလည်း အမှန်တွေချည်းပါပဲဗျာ၊ ဒါပေမယ့် ကျနော် သူ့အိမ်ကို ရောက်နေချိန်တွေတောင် ကျနော့်စိတ်တွေက အငယ်ဆုံး ကောင်မလေးဆီိကိုပဲ ရောက်နေမိပါတယ်။
          သူငယ်ချင်းတို့ရေ... ဒီလိုနဲ့ ကျနော်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အသည်းအသန် နာမကျန်း ဖြစ်ခဲ့ပါတယ်၊ ကျနော်ဟာ လူ့လောကကြီးမှာ မနေရတော့ဘူး လို့လည်း ထင်မိပါတယ်၊ အဲ့ဒီအချိန်မှာ ကျနော်ဟာ အငယ်ဆုံး ကောင်မလေးကို အရမ်း သတိရမိတယ်၊ သိပ်မကြာပါဘူး အဲ့ဒီကောင်မလေး ကျနော့အနားကို ရောက်လာပါတယ်၊ ဒီတော့ ကျနော်က အသံ တိုးတိုးလေးနဲ့ သူ့ကို မေးမိတယ်လေ၊ ""ချစ်ဆုံးရေ... ကိုယ်တော့ သေမယ်ထင်တယ်၊ ဒါပေမယ့် ချစ်ဆုံးသာ ကိုယ့်အနားမှာ ရှိနေရင် ငရဲပြည်ဖြစ်ပါစေ ကိုယ်သွားရဲတယ်၊ ဘယ်ကိုပဲ သွားရ သွားရ ကိုယ်သွားနိုင်ပါတယ်၊ ဒီတော့ ကိုယ်နဲ့အတူ မင်းလိုက်ခဲ့ပါ"" ဆိုတော့... ကောင်မလေးက မဲ့ပြုံးလေးပြုံးပြီး ""ရှင့်ကို ကျမ ချစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီလောက်တော့ မချစ်ပါဘူး"" လို့ ငြင်းဆိုပါတယ်၊ ဒီတော့ ကျနော့ အသည်းတွေ ကွဲခဲ့ရပါတယ်၊ ဒါပေမယ့် သူက ငယ်တာကိုးးး ဆိုတဲ့ အတွေးနဲ့ ဖြေသိမ့်ပြီး ဒုတိယ ကောင်မလေးကို မျှော်လင့်ခဲ့တယ်။ သိပ်မကြာပါဘူး ကျနော်ချစ်တဲ့ ဒုတိယမိန်းမ ရောက်လာတော့လည်း အထက်ပါအတိုင်းပဲ သူ့ကို ပြောမိပြန်တယ်၊ ဒီတော့ သူက ""အင်း... ရှင်နဲ့အတူ မလိုက်ချင်လို့၊ မလိုက်ရဲလို့ မဟုတ်ပါဘူး၊ ဒါပေမယ့်... ရှင့်ကို ကျမ အဲ့ဒီလောက်ထိ ချစ်ရဲ့လားလို့ စဉ်းစားလိုက်ဦးမယ်"" တဲ့ဗျာ၊ ကျနော့ရဲ့ အသည်းတွေ ဒုတိယ အကြိမ်မြောက် ကွဲပြန်ပါပြီ၊ ကျနော် မမျှော်လင့်ထားတဲ့ စကားတွေကို ကျနော် အရမ်းချစ်တဲ့ မိန်းမတွေဆီက ကြားခဲ့ရပါတယ်၊ အဲ့ဒီတော့ ကျနော် ဘာကိုမှ မမျှော်လင့်တော့ပဲ ငြိမ်နေမိချိန်မှာ ကျနော်က မချစ်သော်လည်း ကျနော့ကို ချစ်နေတဲ့ မယားကြီးဟာ ကျနော့အနားကို ရောက်လာပါတယ်၊ သူ့ကို ကျနော်က လှည့်တောင် မကြည့်ပေမယ့် ကျနော့ကို အခုလို ""ရှင် အားမငယ်နဲ့နော်၊ ရှင်နဲ့အတူ ကျမ ရှိနေမှာပါ၊ သံသရာ တစ်လျှောက်လုံး ရှင့်အနားမှာ ကျမ အမြဲရှိနေမယ် ယုံနော်"" တဲ့ဗျာ၊ ကျနော် အရမ်းပဲ အံ့သြမိပါတယ်၊ ကျနော် မချစ်လို့ တစ်နှစ်မှ (၄/၅)ရက်လောက် အချိန်ပေးနိုင်တဲ့ မယားကြီးက ကျနော့်အနားမှာ အမြဲရှိနေမယ်လို့ အားပေးစကား ပြောတယ်ဗျာ။
          သူငယ်ချင်းတို့ရေ... ကျနော့ရဲ့ မိန်းမ (၃)ယောက်ကို သိချင်တယ်မို့လား၊ ပြောပြမယ်နော်၊ ကျနော် အချစ်ဆုံး မိန်းမ ဆိုတာက ကျနော့ရဲ့ မိသားစုပါ၊ ကျနော်ကသာ သူတို့ကို တီတီ တာတာ ပြောတတ်လို့ ချစ်တယ်၊ စိတ်မချလို့ ချစ်တယ်၊ စိတ်ကောက်တတ်လို့ ချစ်တယ်၊ ပုံစံ အမျိုးမျိုးနဲ့ ချစ်လွန်းလို့ သူတို့ ဆန္ဒတွေကို ဖြည့်ဆည်း နေရတာပါ၊ သူတို့တွေက ကျနော့ကို မချစ်ကြပါဘူးဗျာ၊ ကျနော် သေရင် သူတို့ငိုမယ်၊ ပြီးရင်မေ့မယ်၊ ကျနော် ရှာဖွေထားတာတွေကို သူတို့ သုံးစွဲမယ်၊ ပြီးရင် ကျနော့်ကို သတိ မရကြတော့ဘူးလေ၊ ဒါပေမယ့် ကျနော်တို့တွေဟာ သူ့ကိုပဲ အမြဲသတိ ရနေခဲ့မိတယ်နော်၊ ကျနော် ဒုတိယ အချစ်ဆုံး မိန်းမ ဆိုတာက ကျနော့ရဲ့ လုပ်ငန်းတွေ၊ အောင်မြင်မှုတွေ၊ ကြော်ကြားမှုတွေ၊ ပိုင်ဆိုင်မှုတွေပါ၊ သူတို့ ကလည်း ကျနော်နဲ့အတူ လိုက်ပြီး မသေကြပါဘူး၊ အဲ့ဒါတွေကို ကျနော် တကယ် မပိုင်ဘူးဗျာ၊ ဒါပေမယ့် ကျနော်တို့ ဘယ်သွားသွား သူနဲ့ တတွဲတွဲပဲ မဟုတ်လားဗျာ၊ အင်း... ကျနော် မချစ်တဲ့ မယားကြီး ဆိုတာက ကျနော် လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ၊ အကုသိုလ်ကံတွေပေါ့၊  ကျနော် သေသည့်တိုင် သံသရာ အဆက်ဆက်ထိ အတူလိုက်ပါမယ့် ချစ်သူ စစ်စစ်ပါ၊ တကယ်တော့ သူ့ဆီကို တစ်နှစ် တစ်ခါလောက်သာ ကျနော်တို့ ရောက်ကြတာ မဟုတ်လား၊ သူ့ဆီ ရောက်နေချိန်မှာလည်း မိသားစုတွေဆီ၊ အလုပ်တွေဆီကိုပဲ စိတ်က ရောက်သွားတာပဲ မဟုတ်လားဗျာ၊ ဒီတော့ ကျနော် တစ်ယောက်တည်း မဟုတ်ပါဘူး သူငယ်ချင်း ယောက်ျားလေး တိုင်းမှာ မိန်းမ (၃)ယောက် ရှိသလို၊ သူငယ်ချင်း မိန်းခလေးတိုင်း မှာလည်း  ယောက်ျား (၃)ယောက် ရှိကြမယ် ထင်ပါတယ်နော်......။
Posted: 13 May 2012 04:26 AM PDT
ချစ်သူ- - - - -
လူ့လောကမှာ လူတွေဟာ
မရနိုင်တာကိုမှ လိုချင်ကြတာ
သဘာဝပါ။
ငါလည်း နင့်ဆီက
အချစ်ဆိုတဲ့အရာကို
မရနိုင်မှန်းသိနေရက်နဲ့
လိုချင်ခဲ့မိပါရဲ့။
ဆင်းရဲလွန်းလို့
ဝမ်းရေးအတွက်
လမ်းဘေးမှာ ထိုင်ပြီး
“ အကြွေးလေးတွေရှိရင် ပေးခဲ့ပါ ” လို့
တောင်းခံနေတဲ့
သူတောင်းစားတွေရှိပေမဲ့
သိပ်ချစ်လွန်းလို့ - - - - -
” အချစ်တစ်ခြမ်းလောက်ပေးခဲ့ပါ ” ဆိုပြီး
တောင်းခံနေတဲ့
အချစ်သူတောင်းစားဆိုတာ
ကြားဖူးခဲ့လို့လားးး???
တကယ်လို့များ ရှိခဲ့ရင်
ငါအရင်ဆုံး တောင်းခံလိုက်ပါရစေ။
နင့်ရဲ့ရက်စက်မှုကြောင့်
နာကြင်နေတဲ့
ငါ့နှလုံးသား အတွက်
နင့်ရင်ထဲက အချစ်တစ်ခြမ်း
ဖဲ့ပေးလို့ရခဲ့မယ်ဆိုရင်
ပေးခဲ့လိုက်ပါ။
ငါရှေ့ ဆက်
ရှင်သန်ရပ်တည်ဖို့အတွက်
နင့်ရဲ့ အချစ်ကို ရမှာဖြစ်မှာမို့ပါ။
                           (အရိပ်မင်း)
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 02:31 AM PDT
သမထ၏အဓိပ္ပာယ်
လောဘ စသော အပူဓာတ်(ကိလေသာ)များကို ငြိမ်းအေးစေတတ်သောကြောင့် တည်ငြိမ်မူ (သမာဓိ)ကို သမထဟု ခေါ်ပါသည်။
ပုထုဇဉ်ပုဂ္ဂိုလ်သည် သမာဓိထူထောင်မူလုပ်ငန်း (သမထကျင့်စဉ်)ကို ကျင့်သောအခါ ရူမှတ်နေသော အာရုံအပေါ်၌ စူးစိုက်တည်ငြိမ်သော သမာဓိတရားများ ဖြစ်ပွားလေ့ရှိ၏။ ထိုအခါ လောဘ၊ ဒေါသ စသော အပူဓာတ်(ကိလေသာ)များ ဖြစ်ပွားခွင့်မရဘဲ မိမိ၏စိတ်သည် ငြိမ်းအေးနေတတ်၏။ ထိုသို့ငြိမ်းအေးနေမူ သမာဓိကိုပင် သမထဟုခေါ်သည်။ အပူဓာတ်(ကိလေသာ)တို့ကို ငြိမ်းအေးစေတတ်သောတရားဟု အဓိပ္ပာယ်ရှိသည်။
ကိလေသာကုန်ခမ်း၍ ရဟန္တာဖြစ်ပြီးမှ လောကီဈာန်များကို အားထုတ်ရာ၌ကား အပူဓာတ်(ကိလေသာ)များကို ငြိမ်းအေးစဖွယ်မလို၊ ပင်ကိုကပင်ငြိမ်းအေးပြီးဖြစ်သည်
ခြုံ၍ဆိုရလျှင် လောဘ စသော အပူဓာတ်(ကိလေသာ)များ၊ မငြိမ်သက်သော စိတ်များ၊ ရုန်းရင်းကြမ်းတမ်းသော ဈာန်အင်္ဂါများကို ငြိမ်းအေးစေတတ်သောကြောင့် သမထ မည်သည်။
ဝိပဿနာ၏အဓိပ္ပာယ်
လောကတွင် ပုဂ္ဂိုလ် သတ္တ၀ါ အရာဝတ္ထုဟူ၍မရှိ၊ ရုပ်နှင့်နာမ် သဘာဝသာ ရှိသည်။ ယင်း ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည်ဖြင့် ထူးထူးခြားခြား ရူမြင်တတ်သော ဉာဏ်ပညာကို ၀ိပဿနာဟုခေါ်၏။
ဝိပဿနာဉာဏ်အမြင်မရှိသော ပုဂ္ဂိုလ်တို့အား ရုပ်နှင့်နာမ် ပေါင်းစပ်နေသော သတ္တ၀ါများကို လူ နတ် ဗြဟ္မာ၊ ယောက်ျား၊ မိန်းမ စသည်ဖြင့်ဖြစ်စေ၊ ရုပ်ကလာပ် အပေါင်းအစုဖြစ်သော အရာဝတ္ထုတို့ကိုလည်း အိမ် ကျောင်း ဇရပ် သစ်ပင် တော တောင် စသည်ဖြင့် ဖြစ်စေ ထင်မြင်တတ်ကြသည်။ ထိုအရာတို့ကို မြဲ၏(နိစ္စ)၊ ချမ်းသာ၏(သုခ)၊ ကိုယ်ပိုင်ဖြစ်၏(အတ္တ)၊ ကောင်း၏ (သုဘ)ဟုလည်း ထင်မြင်တတ်ကြသည်။
ဤအမြင်များကား အန္ဓပုထုဇဉ်တို့ ထင်မြင်လေ့ရှိသော သာမန်အမြင်များဖြစ်၏၊ ၀ိပဿနာဉာဏ်ကား ထိုသာမန်အမြင်ထက် ထူးခြားထွင်းဖောက်ပြီး သတ္တ၀ါနှင့် အရာဝတ္ထုတို့သည် ရုပ်နာမ်သဘာဝသာဖြစ်၏၊ အမြဲမရှိ(အနိစ္စ)၊ ဆင်းရဲ၏(ဒုက္ခ)၊ အစိုးမရ(အနတ္တ)၊ မတင့်တယ်(အသုဘ)ဟု နက်နက်နဲနဲ သိမြင်လာသည်။ ထိုသို့ သိမြင်နိုင်သော ဉာဏ်ပညာကိုပင် ၀ိပဿနာဟု ခေါ်ဆိုခြင်းဖြစ်သည်။
သမထ၀ိပဿနာရူပွားနည်း
ဤလောက၌ သတ္တ၀ါများစွာတို့သည် ဆင်းရဲဒုက္ခများနှင့် မကြုံတွေ့လိုကြ၊ ချမ်းသာသုခများကို ခံစားလျက် ငြိမ်းချမ်းပျော်ရွှင်စွာ နေလိုကြ၏၊ သို့သော် သတ္တ၀ါများစွာတို့သည် မတွေ့လို မကြုံလိုသော ဆင်းရဲဒုက္ခများကို ရှောင်ကွင်း၍ မရဘဲ ခံစားနေကြရ၏။ ရောဂါဝေဒနာအမျိုးမျိုး ဖိစီးနှိပ်စက်ခြင်း ခံနေကြရ၏။ နုပျိုစွာ အသက်ရှည်လိုကြလျက် အိုမင်းရင့်ရော်နေကြရ၏။ မသေချင်ဘဲလျက် သေကြရ၏။ မိမိ ချစ်ခင်နှစ်သက်သူများနှင့် မခွဲမခွာချင်ဘဲလျက် သေကွဲ ရှင်ကွဲ နေကြရ၏။ မိမိ မချစ်မနှစ်သက်သူများနှင့် မပေါင်းဆုံချင်ဘဲလျက် ပေါင်းဆုံနေကြရ၏။ ထို့ပြင် အခြားသော လောကဓံတရားဆိုး များကိုလည်း တွေ့ကြုံခံစားနေကြရ၏။
သတ္တ၀ါများစွာတို့သည် ထိုဆင်းရဲဒုက္ခအဖုံဖုံကို တစ်ခဏ တစ်ဘ၀မျှသာ ကြုံတွေ့ခံစားနေကြရသည် မဟုတ်၊ ဆင်းရဲဒုက္ခအားလုံး၏ ကုန်ဆုံးရာ နိဗ္ဗာန်သို့ မရောက်သေးသမျှ ရှည်ကြာသော ဘ၀သံသရာခရီးတလျှောက်လုံးမှာပင် တွေ့ကြုံခံစားနေကြရမည်ဖြစ်၏။ လောက၌ ချမ်းသာကြွယ်ဝ ပြည့်စုံလှသော စည်းစိမ်ရှင် တန်ခိုးရှင် အာဏာရှင်ကြီးများလည်း အို-နာ-သေ ဘေးဒုက္ခများကို အံမတုနိုင်ကြချေ။ ထို အို-နာ-သေ ဘေးဒုက္ခတို့ကား အမိက သားအတွက်၊ သားက အမိအတွက်၊ လူချင်း လဲကာ ခံစားပေး၍ မရနိုင်သော ဘေးဒုက္ခကြီးများဖြစ်၏။
ထိုသို့ ဆင်းရဲဒုက္ခများကို ခံစားနေကြရခြင်း၏ အဓိကတရားခံကား ရရှိထားသည့်ဘ၀ကို အပြစ်မမြင်သော အ၀ိဇ္ဇာ(မောဟ)နှင့် ချစ်ခင်တွယ်တာတတ်သော တဏှာ(လောဘ)တို့ပင်တည်း၊ ထိုအ၀ိဇ္ဇာနှင့် တဏှာတို့၏ လက်ချက်ကြောင့် သတ္တ၀ါများစွာတို့သည် အသစ်အသစ်သော ဘ၀များကို ထူထောင်နေကြခြင်းဖြစ်၏၊ ရရှိတိုင်းသော ဘ၀များတွင်လည်း အို-နာ-သေ ဒုက္ခများကို ခံစားပြီးယင်း ခံစားနေကြရပြန်၏။ အမှန်စင်စစ် ဘ၀အသစ်ဖြစ်နေသမျှ ဆင်းရဲဒုက္ခနှင့် ကင်းလွတ်နိုင်ကြမည် မဟုတ်ချေ။ ထိုဆင်းရဲဒုက္ခများမှ ကင်းလွတ်လိုလျှင် ဘ၀အသစ်မဖြစ်ရအောင် ကြိုးစားကြရမည် ဖြစ်သည်။ ထို့ကြောင့် ဘ၀သစ်ကို ထူထောင်ပေးတတ်သော အ၀ိဇ္ဇာနှင့် တဏှာစက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်စေရန် ရုပ်နာမ်တို့၏ အပြစ်နှင့် ဒုက္ခအားလုံးငြိမ်းရာနိဗ္ဗာန်ကို သိမြင်အောင် ကျင့်ဆောင်အားထုတ်ရပေမည်။ အားထုတ်ကျင့်ကြံရမည့် နည်းလမ်းကား အခြားမဟုတ်၊ သမထ ၀ိပဿနာပွားများခြင်းပင် ဖြစ်သည်။
ဤသမထ၀ိပဿနာ ကျင့်ကြံအားထုတ်ခြင်းသည် နာမ်ပိုင်းဆိုင်ရာ အသိဉာဏ်များ ဖွံ့ဖြိုးတိုးတက်သည့်အပြင် ရုပ်ပိုင်းဆိုင်ရာတွင်လည်း ကျန်းမာရေးကောင်းခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတ၀န်ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်သည် ဂိရိမာနန္ဒအမည်ရှိသော ရဟန်းတစ်ပါးသည် ပြင်းထန်စွာ မမာမကျန်းဖြစ်နေကြောင်း အရှင်အာနန္ဒာက မြတ်စွာဘုရားအား လျှောက်ထားရာ ထိုရဟန်းထံသို့ သွားရောက်၍ ၀ိပဿနာတရား ဟောကြားရန် အရှင်အာနန္ဒာကိုပင် စေလွှတ်ခဲ့၏။ အရှင်ဂိရိမာနန္ဒသည် အရှင်အာနန္ဒာဟောကြားသော ၀ိပဿနာတရားကို နာယူရူပွားရသဖြင့် ရောဂါဝေဒနာများ ပျောက်ကင်း ခဲ့သည်။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လည်း ပရိနိဗ္ဗာန်ပြုခါနီး ဝေသာလီပြည် ဝေဠုဝရွာ၌ ၀ါကပ်သီတင်းသုံးနေစဉ် အလွန်ပြင်းထန်သော ရောဂါဝေဒနာ စွဲကပ်တော်မူ၏၊ မဟာဝိပဿနာ ဖလသမာပတ်တရားဆေးဖြင့် ချက်ချင်းငြိမ်းပျောက်တော်မူစေခဲ့ကြောင့် ဒီဃနိကာယ် မဟာဂ္ဂပါဠိတော်၌ လော့လာတွေ့ရှိရ၏။
ခြုံ၍ဆိုရလျှင် စိတ်ဓာတ်ကြံ့ခိုင်ရေး၊ ကြီးပွားတိုးတက်ရေး၊ ပစ္စုပ္ပန်ဘ၀ငြိမ်းချမ်းသာယာရေး၊ သံသရာဘ၀ငြိမ်းချမ်းသာယာရေး၊ လောကီရေး၊ လောကုတ္တရာရေး စသော ကောင်းကျိုးများကို ရရှိစေနိုင်သော သမထ၀ိပဿနာ ဘာဝနာတရားများကို လက်တွေ့ကျင့်ကြံ ရူပွားနိုင်ကြစေရန်အတွက် ဆက်လက်ဖော်ပြပေးပါအုံးမည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
Posted: 13 May 2012 02:13 AM PDT
ရေကိုရေတွက်လို့မရဘူးလို့
လူတွေကလည်းပြောတယ်
တစ်လောကလုံးကလည်း
သတ်မှတ်ထားကြတယ်
မင်းလေးလည်းဒါကိုသိတယ်
အဲဒီ ရေတွက်လို့မရတဲ့ရေ ၁ဆ နဲ့
ရေတွက်လို့မရတဲ့ရေ ၁၁ဆ ကို
မြှောက်လိုက်လို့ ရတဲ့ရလဒ်ထက်
မင်းလေးအပေါ်ချစ်တဲ့
ကိုယ့်ရဲ့အချစ်တွေက သာပါတယ်
အသက်မက ချစ်ရတဲ့ ကိုယ့်ချစ်သူ ............
Posted: 13 May 2012 02:00 AM PDT
ရွှေမြန်မာ မိသားစုဝင်အားလုံး မင်္ဂလာပါရှင် ။ ခိုင်လေးတို့ ဆိုဒ်လေးညိမ်နေတယ် ။ လှုပ်ရှားမှုလေးတွေ နည်းနေသလိုဘဲ။
ခိုင်လေးတို့ ဆိုဒ်က တာဝန်ရှိသူတွေလည်း ကိုယ်ရေးကိုယ်တာတွေကော ဆိုဒ်အတွက်ပါ ခေါင်းတွေ ရှုတ်နေရတာနဲ့
လှုပ်ရှားမှုတွေ နည်းနေကြတယ်လေ။ လေးလေးလည်း မနှိပ်စက်ရတာ ကြာလို့ အစီစဉ်လေးတစ်ခု တွေးမိလိုက်ပါတယ် ။
အစီစဉ်လေးကတော့ ဆောင်းပါးပြိုင်ပွဲလေး တစ်ခု ကျင်းပဖို့ပါပဲ ။ ဒီပြိုင်ပွဲလေး ကျင်းပရခြင်း ရည်ရွယ်ချက်လေးကတော့
သီလ၊ သမာဓိ၊ ပညာ နှင့် ကိုယ်ပိုင်ရပ်တည်မှုတန်ဘိုးအတွက်ပါ ။ သံပုရာသီးဆိုရင် ချဉ်ရမယ် ၊ ငရုတ်သီးဆိုရင် စပ်ရမယ်
သူခိုးမှာလဲ သူခိုးရဲ့ စောင့်စည်းအပ်တဲ့စည်းနဲ့ သူခိုးရဲ့ ဂုဏ်သိက္ခာ ကိုယ်တိုင် သူတစ်ပါးအတွင် စောင့်စည်းအပ်တဲ့ တရားနဲ့
ကိုယ့်ကိုယ်ကိုယ် စောင့်စည်းအပ်တဲ့ တရားတွေကို သိရှိနားလည် တန်ဘိုးထားတတ်စေရန် ရည်ရွယ်ပါတယ် ။ 
တစ်ချို့ လူငယ်တွေ စိတ်ပျက်နေတယ် ။ တစ်ချို့လဲ အားငယ်နေတယ် ။  ဘယ်သူမဆို ဘယ်ပစ္စည်းမဆို သူ့နေရာနဲ့ သူ့နေရာမှာ
အသုံးဝင် တန်ဘိုးရှိကြောင်း ၊  အဆိုးတရားတစ်ခုကလဲ အခြားအကောင်းတရား တစ်ခုကို ကာကွယ်ပေးတတ်ကြောင်းပေါ့
နားလည်စေချင်လိုတဲ့ ရည်ရွယ်ချက် နဲ့ ဒီဆောင်းပါးပြိုင်ပွဲလေးကိုကျင်းပလိုက်ရပါတယ် ။ အတွေးခေါ် ဆောင်းပါး ပြိုင်ပွဲလေး
ဆိုရင်လည်း မမှားပါဘူးရှင် ။ ခေါင်းစဉ်လေးကတော့ * ဂုဏ်သိက္ခာ * လို့အမည်ပေးထားပါတယ် ။ ဒီဆောင်းပါးလေးကို
မည်သူမဆို လွတ်လပ်စွာ ရေးသားပါဝင်နိုင်ပါတယ် ။ ခိုင်လေးတို့ ရေးသားလာသော ဘလော့ဆောင်းပါးလေးများပေါ်က စကားလုံး
တွေကို ဘဲ ဖတ်ရှုရွေးချယ်ပေးမှာ ဖြစ်ပါသည်။ ဆိုလိုရင်းကတော့ လူတွေ ၊ နာမည်တွေကို ကြည့်မှာမဟုတ်ပါဘူး ၊ ပြိုင်ပွဲ ဆောင်းပါး
စာမူလေးတွေကိုဘဲ ဖတ်ရှူရွေးချယ်မှာ ဖြစ်တဲ့ အတွက် မည်သည့်မန်ဘာဝင်မဆို လွတ်လပ်စိတ်ချမ်းသာစွာ ရေးသားပြိုင်ပွဲဝင်နိုင်ပါ
တယ်ရှင်။ ပထမဆု တစ်ဆုတည်းကိုသာ ရွေးချယ်ပေးမှာ ဖြစ်ပါသည်။ ဆုရရှိသူကို မှတ်တမ်းဂုဏ်ပြုလွှာလေးနှင့်တစ်ကွ ဆုငွေ
15000 (တစ်သောင်းခွဲ ကျပ်ကျပ်တိတိ ) ကို အချစ်ကို ကိုးကွယ်သူလေး ခိုင်လေး မှာ ချီးမြှင့်ပေးမှာ ဖြစ်ပါသည်။ ဆုရွေးချယ်ရေး
ဒိုင်များကတော့ 
လေးလေး ဥယျာဉ်မှူးလေး ၊ အကို ကွန်ဆူးမား ၊ ကိုကျော်မင်းအောင်
တို့ဘဲဖြစ်ပါတယ် ။ ပြိုင်ပွဲဝင် ဘလော့ဆောင်းပါးများကို ( 13.6.2012 ) နောက်ဆုံးထားပြီး ဘလော့တင်ပေးရပါမည်။
ရွှေမြန်မာ မိသားစုဝင်တွေ အားတက်သရော ရေးသားကြပါလို့ လေးလေးစားစား ဖိတ်ခေါ်ပါရစေရှင်။ ဆုရ
ခြင်း မရခြင်းထက် မိမိတို့ ကိုယ်ပိုင် အတွေးခေါ် အယူဆလေးတွေကို လွတ်လပ်စွာ ဖလှယ်ကြရအောင်ရှင် ။ ရွှေမြန်မာ မိသားစု
ဝင်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ ချမ်းသာ ကြပါစေရှင် ။
သဗ္ဗေသတ္တာ အဝေယာ ဟောန္တု…သဗ္ဗေ ခပ်သိမ်း သော သတ္တာ သတ္တ၀ါအပေါင်းတို့ သုခိတာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းခြင်းဖြင့် အဝေရာ ရန်မာန်တို့သည် မရှိကုန်ကြသည် ဟောန္တုဖြစ်ကြပါစေသတည်း………………..။
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)
ဒီပြိုင်ပွဲလေး အစတည်ဖြစ်လာအောင် လမ်းညွှန်ပေးတဲ့
အကို ကွန်ဆူးမားကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်
Posted: 13 May 2012 02:00 AM PDT
မမ...နားလည်မှုတွေ ပေးပါလား
မောင်ရဲ့ဘဝမှာ
မမသာ နားလည်မှုတွေ ပေးမယ်ဆိုရင်
မောင် ပျော်မိမှာပါ မမရယ်..
အခုတော့ ဘာမှမဟုတ်တဲ့
အဖြစ်တွေကြောင့်
မောင်တို့နှစ်ယောက် ခွဲရတော့မယ်နော်
မမဘက်က ကြည်ရင် မှန်နေသလို
မောင်ဘက်က ကြည့်ရင်လည်း မှန်ပါတယ်
လူတိုင်းမှာ သူဘက်ကိုယ့်ဘကိဆိုတာ ရှိကြပါတယ်
ဥပမာကိုပြောရရင်
ကိုယ့်ရဲ့လက်ထောင်ကြည့်ပါ
တွေ့ရပါလိပ်မယ် မမ
ထောင်ကြည့်တဲ့သူရဲ့လက်က
လက်ဖဝါးနဲ့ လက်ဖမိုးပဲ ကွာနေတာပါ
အားလုံးက အတူတူပါပဲလ
ဘယ်သူဘက်က ကြည့်ကြည့်ပေါ့
အရာရာတိုင်းဟာ ကိုယ့်က ဖြစ်ချင်ပေမယ့်
ဖြစ်ခွင့် မရတာတွေ အများကြီးပါ
ဖြစ်တိုင်းတာ ဖြစ်ခွင့် ရမယ်ဆိုရင်လေ
လူတိုင်မှာ ဒုတ္ခတွေ..သောကတွေ..ဆုံးရှုံးမှု ဆိုတာရှိမှာ
မဟုတ်ဘူး...မမရယ်...
ပြစ်မထားနဲ့ မမရယ်
မောင်လေ မနေတတ်တော့ဘူး
မမ မကြိုက်တဲ့ အပြစ်တွေ အကုန်လုံး
ဆင်ချင် သွားပြီးပဲ မမရယ်
စိတ်မဆိုးနဲ့ မမရေ
မောင်လေ အအိပ် အစားတွေပျက်
အရိုးရှင်းဆုံး ချစ်သူကိုတော့ မမရေ..
အသဲခွဲသွားရက်တယ်
ဒီအချိန်ဆို မမရေ
ဘယ်လိုနေရမယ်
ခံနိုင်ရည် မရှိတဲ့ မောင်ကို
ပြစ်မထားနဲ့ မမရယ်
မောင်လေ မနေတတ်တော့ဘူး
မမ...မကြိုက်လို့ တခြားလူရင်ထဲ နေရာပေးလိုက်ပြီးလား
စိတ်မဆိုးနဲ့ မမရယ်...
မောင်လေ ဒီစိတ်တွေနဲ့ ဆိုးခဲ့ မိုက်ခဲ့ ပေမယ့်လည်း
မမကို အသက်ထက်ဆုံး ချစ်နေမယ်...
အောက်ဆုံးကစာပုဒ်လေးသည်သီချင်းတစ်ပုဒ်အားခံစားတင်ပြပါသည်။
သီချင်းလေးအားကူညီပေးသော
ညီလေးအပြာရောင်ချစ်သူအား
အထူးကျေးဇူးတင်ပါသည်။
(ရဲဇော်ကို)
Posted: 13 May 2012 01:57 AM PDT
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5m5L_BPXCkA8LZ-FKqT5CRPhkmOhyphenhyphenHTK_Zgi8r5N-Fn56SvgWjHjyGUOnnmVRd3P4cjmOV6YT9VAseiqUWeiWEY7SEflQ7RX0e7uUPaTtxEKu8TGU4iLM60yk84HKw5Yw0f1Afs4hc2c/s320/Alabastrite20Mother20Holding20Child-1.jpg
မြတ်စွာဘုရားက မိဘများကို ဗြဟ္မာနှင့်တူသော ပုဂ္ဂိုလ်များဟုလည်း ဟောတော်မှုသည်။
ဗြဟ္မာဘုံ၌နေသော ဗြဟ္မာတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မ၀ိဟာရတရား လေးပါးနှင့် အမြဲနေထိုင်ကြသည်၊ ထို့အတူ မိဘတို့သည်လည်း ယင်းဗြဟ္မစိုရ်တရား လေးပါးနှင့် အမြဲနေထိုင်ကြသည်၊ ထို့အတူ မိဘတို့သည်လည်း ယင်းဗြဟ္မစိုရ်တရားလေးပါးနှင့် နေကြသည်ဟု ဟောတော်မှု၏။ မိဘများနေပုံမှာ-
(၁)မိခင်သည် သားသမီးများ ကိုယ်ဝန်သန္ဓေတည်ရှိသောအခါ ပူစပ်ချဉ်ငန် အစားအသောက် ရှောင်ရခြင်း၊ အကုန်းအကွ အထအထိုင် ဆင်ခြင်ရခြင်း၊ အလေးအပင်မထမ်းမရွက် ဆင်ခြင်ရခြင်း၊ ကိုယ်ဝန်သားငယ် ဒုက္ခဖြစ်စေမည့် အနေအစားအားလုံး ဆင်ခြင်နေရခြင်း စသည်ဖြင့် “ငါ့သားသမီး ကလေး ချမ်းသာပါစေ၊ ခြေလက်အင်္ဂါ ပြည့်ပြည့်စုံစုံနှင့် ချမ်းသာစွာ မွေးဖွားပါစေ” ဟု ချစ်ခြင်း မေတ္တာစိတ်သည် အမြဲဖြစ်ပွားနေ၏။ ဖခင်လုပ်သူကလည်း လိုအပ်သည်များကို အမြဲဖြည့်ဆည်းပေးနေလေ့ရှိသည်။
(၂) မွေးဖွားလာသောအခါတွင်လည်း သားသမီးကလေးမျက်နှာမြင်ရသည်နှင့် ကိုးလလွယ် ဆယ်လဖွားရသော အာဝေဏိက ဒုက္ခကြီးကိုပင် မေ့ပျောက်သားရှာ၏။ မွေးဖွားပြီးနောက် တအူဝဲ၀ဲ ငိုယိုကာ ထားသလိုနေရခြင်း၊ တစ်စုံတစ်ရာ အခံခက်၍ နာကျင်၍ ဆာလောင်၍နေသော်လည်း မပြောမဆိုတတ်၊ ပက်လက်ကလေး ထားသည့်အတိုင်းပင် နေရပြီး တစာစာငိုကြွေးလျှင် မိခင်၏ နှလုံးသားတွင် သနားခြင်း ကရုဏာစိတ်များ ဖြစ်ပွားရပြန်သည်။
(၃) သားသမီးကလေးများ မှောက်နိုင် လှန်နိုင် ထိုင်နိုင် ထနိုင် သွားစပြုနိုင် ပြုံးရယ်စပြုနိုင်၊ စကားတီတီတာတာ ပြောနိုင်ဆိုနိုင် ချိုမိုင်မိုင်လုပ်နိုင်လာသောအခါ မိဘတို့ရင်၌ ဖြစ်ရသော ၀မ်းမြောက်ကြည်နှုးမှု မုဒိတာစိတ်မှာ ပြောဖွယ်ရာ မရှိပြီ။ မိဘကို မဆိုထားဘိ၊ ဘေးကမြင်တွေ့ရသူများပင် ၀မ်းမြောက်၍ နေကြရ၏။ သားသမီးငယ်များက ကစားပြေးလွှား၍ ကျန်းမာပျော်ရွှင်နေသည်ကို မြင်ရတိုင်း မိဘတို့နှလုံးသားတွင် မုဒိတာတရား ဖြစ်ပွားရ၍ အရွယ်အလိုက် စာကြိုးစားခြင်း၊ အလုပ်ကူညီလုပ်ခြင်း စသည်ဖြင့် သားသမီးတို့ လိမ္မာလျှင် လိမ္မာသလောက် မိဘတို့ ၀မ်းမြောက်ရ၏။ ချမ်းသာရ၏။ အသက်ရှည်၏။ ထို့ကြောင့် သားသမီးတို့သည် မိဘတို့ အသက်ရှင်သမျှ ၀မ်းမြောက်ဝမ်းသာ ကျန်းမာချမ်းသာ၍ အသက်ရှည်စေရန် သားသမီးတို့က လိမ္မာအောင်နေထိုင်ပြကြဖို့ အင်မတန်မှ အရေးကြီးလှပေသည်။
(၄) သားသမီးများ အချိန်တန် အရွယ်ရောက်၍ အိမ်ထောင်ပြုကြသောအခါ၊ ကိုယ့်အိုး ကိုယ့်အိမ်နှင့် နေထိုင် ကြသော အခါ “
သြော် - ငါ့သားသမီးများ ကိုယ်စွမ်းကိုယ်စဖြင့် နေထိုင်နိုင်ကြပေပြီ” ဟု လျစ်လျူပြုသောအားဖြင့် သင့်တင့်မျှတသော ဥပေက္ခာစိတ်ထားကို ထားကြလေသည်။ သားသမီးများနှင် စပ်၍ တွယ်တာမှု (လောဘ)၊ ပူပန်စိုးရိမ်နေရမှု၊ ကြောင့်ကြမှု (ဒေါသ) ဟူသော အစွန်းနှစ်ဘက်မှ လွတ်ကာ ဥပေက္ခာစိတ်ထားဖြင့် ငြိမ်းအေးစွာ စိတ်ချလက်ချ နေထိုင် သွားနိုင်ကြခြင်း ဖြစ်သည်။
အနန္တငါးပါးကျေးဇူး
လောကလူသားတို့အတွက် ကျေးဇူးကြီးမားသော အရာငါးမျိုးရှိသည်၊ ပေးဆပ်၍ မကုန်အောင် ကျေးဇူးများလှသောကြောင့် အနန္တငါးပါးဟု ခေါ်၏။ ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့် ဆရာသမားများ ဖြစ်ကြသည်။
ဘုရား၊ တရား၊ သံဃာ ရတနာတော် မြတ်သုံးပါ၏ ကျေးဇူးကား အကြီးမားဆုံးဖြစ်၏။ အတုမဲ့ ဖြစ်၏၊ သံသရာတလျောက်လုံး ဘေးရန်ကင်းကွာ၍ ကြီးပွားချမ်းသာစေနိုင်၏၊ ရတနာသုံးပါးပြီးလျှင် ကျေးဇူးကြီးမားသူများမှာ မိဘနှင့် ဆရာသမားတို့ ဖြစ်သည်၊ အနည်းဆုံး တစ်ဘ၀တာအတွင်း ဘေးကင်းချမ်းသာအောင် စောင်မ၊ လမ်းညွှန် ပေးနိုင်ကြ၏။
ကမ္ဘာ့လူသားတိုင်းအတွက် ရတနာသုံးပါးကို ထား၍ မိဘနှင့်ဆရာသမားတို့၏ ကျေးဇူးကိုမှု လူသားတိုင်း သိသင့်၏၊ ကျေးဇူးသိမှုသည် ပထမ၊ သိသည့်အတိုင်း ပေးဆပ်နိုင်မှုသည် ဒုတိယဖြစ်၍ သိလျှင်ပင် တော်လှပြီ၊ မိဘနှင့် ဆရာသမားတို့၏ ကျေးဇူးသိမှု ဆပ်မှုသည် ဘာသာတရားက ဟောပြောညွှန်ပြ၍ ဘာသာတရားအရသာလျှင် တုံ့ဆပ်ရသည်မဟုတ်၊ သတ္တလောက၏ သဘာဝတရားတစ်ခုလည်း ဖြစ်သည်၊ လူကို မဆိုထားဘိ၊ တိရစ္ဆာန်တို့ပင်လျှင် ဆရာ(အထူးသဖြင့်) မိဘကျေးဇူးကို သိကြ၏၊ ကူညီပံ့ပိုးကြ၏၊ တုံ့ဆပ်ကြ၏။
လူငယ်နဲ့ မိဘမေတ္တာ
လူငယ်များအတွက် မိဘမေတ္တာနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ရှိနေကြတဲ့ လူငယ်တွေဟာ မိဘကျေးဇူးဖြင့် လူလားမြောက်လာကြပါပြီ၊ ယခုလို လူငယ်လေးတွေရဲ့ ဘ၀မှာ သင်ယူမှုတွေ လုပ်ကြရတယ်။ ဘာကြောင့်ပါလဲ။
လူရဲ့ ဦးနှောက်မှာ ဗီဇစိတ်အင်မတန်နည်းတယ်။ ဗီဇစိတ်ဆိုတာက မွေးကတည်းက တတ်မြောက်လာမှုပေါ့၊ ဥပမာ- ခွေးဆိုရင် ရေကူးမသင်ဘဲ ရေကူးတတ်တယ်။ စာဘူးတောင်ဆိုရင် သင်ယူခြင်း မပြုဘဲ အင်မတန်လှတဲ့ အသိုက်ေးလကို ဆောက်တတ်တယ်။ လူကတော့ ဗီဇအရ ဘာမှ မတတ်ခဲ့ဘူး။ လူဟာ ပတ်ဝန်းကျင်ကနေ သင်ယူရတယ်။ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယ မိနဲ့ဖဆိုတဲ့အတိုင်း မိဘဆီက သင်ယူတယ်။ ဒီတော့ မိဘတွေဟာ သားသမီးတွေကို ကျွေးမွေးသည်သာမက တက်သင့်သည်များကိုသင်ပေးတာ အသေအချာပဲ။ လူကြီးတွေက စကားပြောတတ်အောင်၊ ယဉ်ကျေးလိမ္မာအောင် သင်ပေးပါတယ်။ ဒါပေမယ့် လူရဲ့ ဦးနှောက်လက်ခံနိုင်မှု အင်အားကိုလျော့တွက်လို့ မရဘူး။ တစ်ဖက်ကကြည့်ရင် လူတွေရဲ့ ဦးနှောက်ဟာ မကောင်းမှုတွေကိုလည်း လက်ခံကြတယ်။ ဒါကြောင့် လူတွေရဲ့ ဦးနှောက်ထဲမှာ ကောင်းတာနဲ့ မကောင်းတာတွေ ရောပြွမ်နေတယ်။
ကောင်းတဲ့လူဟာ လူကောင်း၊ မကောင်းတဲ့လူဟာ လူဆိုး။ မိဘတွေက သားသမိးတွေကို လူကောင်းတွေအနေနဲ့ပဲ မြင်ချင်တယ်။ အဲဒီအတွက် လူငယ်လေးတွေဟာ မိမိကိုယ်ကို လူကောင်းဖြစ်အောင်ပြုပြင်မှသာ မိဘကျေးဇူးဆပ်ရာရောက်မယ်။ လူကောင်းဖြစ်အောင် ဘယ်လိုလုပ်မလဲ။
ဥပမာ - တစ်ခုပြောပြမယ်။ လူငယ်များ မိုက်ကယ်အိန်ဂျလိုကို ကြားဖူးကောင်း ကြားဖူးလိမ့်မယ်။ သူဟာ ထူးချွန်တဲ့ ပန်ချီဆရာ ပန်းပု ဆရာ ဗီသုကာနဲ့ ကဗျာဆရာ (Painter, Sculptor, Architect, and Poet)
တစ်ယောက်ဖြစ်တယ်။ တစ်ခါက မိုက်ကယ်အိန်၈ျလိုဟာ သစ်တုံးကြီးတစ်တုံးကို ပန်းပုရုပ်ထုနေတယ်။ ဒါကို လူအများက လာရောက်စောင့်ကြည့်ကြတယ်။ တစ်ရက် နှစ်ရက် ရက်အတော်ကြာလာတဲ့အခါ ဆင်ရုပ်ကြီးဟာ ရုပ်လုံးပေါ်လာတယ်။ နောက်ဆုံး စွယ်စုံဆင်ကြီးဟာ လူတွေက တအံ့တသြဖြစ်လောက်အောင် အသက်ဝင်နေတာကို တွေ့ရတယ်။ ဒီအခါမနေနိုင်တဲ့ လူတစ်ယောက်က မိုက်ကယ် အိန်ဂျလိုကိုမေးတယ်။ “ဆရာကြီးခင်ဗျာ၊ ဆင်ကို ဘယ်လိုထုတာလဲ” “ခင်ဗျားတို့ ကြည်နေ့တာပဲလေ” “မဟုတ်ဘူးဆရာကြီး၊ ခုလို အသက်ဝင်နေတဲ့ ဆင်ရုပ်ကြီးဖြစ်လာဖို့ ဘယ်လိုထုသလဲ၊ ဆရာကြီး စိတ်ထဲကို ၀င်ကြည့်လိုတာပါ။” “သြော်၊ ဒါလား၊ ကျုပ်က သစ်တုံးကို ယူတယ်။ ဒီသစ်တုံး ထဲမှာပါတဲ့ ဆင်မဟုတ်တဲ့ အရာတွေကို ဖယ်ထုတ်လိုက်တာပါပဲ” တဲ့လေ။
စာဖတ်သူများ သဘောပေါက်နိုင်မယ် ထင်ပါတယ်။ ဆင်လိုချင်ရင် ဆင်မဟုတ်တာတွေကို ဖယ်လိုက်ရပါတယ်။ ဒီအတိုင်းပါပဲ။ လူပီသတဲ့ “လူ” ဖြစ်လာဖို့ လူထဲမှာရှိတဲ့ မကောင်းတဲ့ စိတ်ထားကို ဖယ်ထုတ် လိုက်ရမှာပါပဲ။ နှလုံးလှတဲ့ လူငယ်များ ဖြစ်ကြစေဖို့ မလှတာလေးတွေကို ဖယ်ထုတ်ရပါတယ်။ တကယ်တော့ လူ့ဘ၀ဆိုတာ ရခဲပါတယ်။ မိမိရတဲ့ ဘ၀ကို အကောင်းဆုံးတည်ဆောက်ဖို့ လိုတယ်။ မိဘတွေက လူငယ်တွေကို ပညာသင်ဖို့ ကျောင်းတွေကို ပို့တယ်။ ဆရာ၊ ဆရာမတွေက ပညာတွေသင်ပေးတယ်။ စောစောကပြောတဲ့ လူမျာ၇ှိတဲ့ ဦးနှောက်ဟာ သင်ယူမှု အင်မတန်စွမ်းအားကောင်းပါတယ်။ ငယ်ငယ်က စာသင်လို့မရဘူး။
ဥပမာ - အိုင်စတိုင်းပေါ့။ ငယ်ငယ်က စာညံ့တယ်။ သူဟာ ဘွဲ့ရပြီးနောက် သူအင်မတန်လုပ်ချင်တဲ့ တက္ကသိုလ်ဆရာ အဖြစ်တောင် အလုပ်မရခဲ့ဘူး။ နောက်မှ ပါမောက္ခဖြစ်လာတယ်။ နောက်တော့ သူ့ကို အစ္စရေးက သမ္မတရာထူးကို ကမ်းလှမ်းတယ်။ သူလက်မခံဘူး။
နောက်တစ်ယောက်က နယူးတန်ပါ။ သိပ္ပံမှာ အကြီးကျယ်ဆုံးပုဂ္ဂိုလ်တစ်ဦးပါပဲ။ သူဟာ ကျောင်းမှာ လုံးဝစာမတော်ဘူး။ ဒါပေမယ့် သူဟာ အတန်းထဲမှာ ပထမရလေ့ရှိတဲ့ သူငယ်တစ်ယောက်နဲက ရန်ဖြစ်တယ်။ အဲဒီကလေးက နယူတန်ရဲ့ ရင်ဘတ်ကို ဆောင့်ကန်တယ်။ နယူတန်ဟာ အင်မတန်နာသွားတယ်။ ဒီတော့ သူက အဲဒီကောင်လးကို လက်စားချေတဲ့အနေနဲ့ စာကြိုးစားတယ်။ အဲဒီကောင်လေး ပထမရခွင့် သူမပေးတော့ဘူး။ အဲဒီကစပြီး နယူတန်ဟာ တော်လာပါတယ်။ ကြီးကျယ်တဲ့ သိပ္ပံပညာရှင်ကြီးဖြစ်လာတာ အမျးအသိပါပဲ။
ဒီတော့ လူငယ်တွေအနေနဲ့ အားငယ်စိတ်တွေကို ဖယ်ထုတ်ပါ။ အမြင်တွေကို ပြောင်းပါ။ ဒီခေတ်ဟာ ပညာခေတ်ပါ။ လူတွေဟာ ကွန်ပျူတာတွေလုပ်နိုင်တယ်။ လက်ကိုင်ဖုန်းတွေ လုပ်လာနိုင်တယ် ဂြိုလ်တုစလောင်းတွေ အင်တာနက်တွေနဲ့ တစ်ကမ္ဘာလုံးရဲ့ သတင်းအချက်အလက်တွေကို စက္ကန့်အတွင်း မိနစ်မဆိုင်း သတင်းတွေကို ကြည့်ရူနိုင်တယ်။ တစ်ကယ်တော့ အင်တာနက်ဆိုတာဟာ သုံးတက်သူ ပညာယူတတ်သူတွေအတွက် ဗဟုသုတတွေ ပညာတွေ ပြည့်နှက်နေတဲ့ ပဒေသာပင်ကြီးပါ။ သုံးတဲ့သူနဲ့ အသုံးပြုပုံပေါ်ပဲမှုတည်နေပါတယ်။ ကောင်းတာတွေသင်ယူရင် ကောင်းတာရပါတယ်။ မကောင်းတာတွေသင်ယူရင်တော့ မကောင်းတာတွေရမှာပါ။ လူတွေအားလုံးဟာ တစ်နေ့နေ့မှာ တစ်ချိန်ချိန်မှာတော့ ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ရိတ်သိမ်းရတာဖြစ်ပါတယ်။ စပါးပင်စိုက်ရင် စပါးပင်ရိတသိမ်းရသလို၊ မြက်ပင်စိုက်ရင် မြက်ပင်ပဲ ရိတ်သိမ်းရမှာဖြစ်ပါတယ်။ အဲ့ဒါက လူတွေရဲ့ အတွေးအခေါ်နဲ့ အသိအမြင်တွေပေါ် အများကြီးမှုတည်နေပါတယ်။
အဲဒီလူတွေဟာ ဘယ်လိုလူတွေလဲ၊ ဒီလူ့လောကထဲကို ရောက်နေကြတဲ့ လူငယ်တွေအားလုံးပါပဲ။ ခွေးတစ်ကောင်ကို ကွန်ပျူတာ သင်ပေးလို့ မတတ်ဘူး။ စကားပြောဖို့ သင်္ချာတွက်ဖို့လည်း သင်ပေးလို့ မရဘူး။ လူတွေကတော့ ဘာကိုမဆို သင်ပေးလို့ရတယ်။ ဒီတော့ မိမိရဲ့ ပညာရေးကို ဦးစားပေးတဲ့ မိဘတွေရဲ့ကျေးဇူးကိုတော့ သိထားသင့်တယ် မဟုတ်ပါလား။
မိခင်စိတ်
ဤ မျှတ၍ မြင့်မြတ်သော ဥပေက္ခာအရသာကို ခံစားလိုသဖြင့် မျက်စိမမှိတ်ခင် သားသမီးများကို အိမ်ထောင်လျာထား ချထားပေး သွားကြသည်လည်း ရှိပေသည်။
သားသမီးများအပေါ် သူစိမ်းတရံဆံတို့ ချစ်သည်၊ အကျိုးလိုလားပါ သည်ဆိုခြင်းမှာ မိဘများ မုန်းသလောက်သာ ရှိပေသေး၏။ သားသမီးတို့ အပေါ်၌ ထားရှိသော မိဘတို့ မေတ္တာကား သေခါမှသာ ရပ်စဲတော့၏။
ထို့ကြောင့် သတ္တာလောက၌ “မိခင်စိတ်” လောက် မြင့်မြတ်သော စိတ်မရှိပေ။ မြတ်စွာဘုရားကလည်း သတ္တ၀ါတိုင်း အပေါ် မေတ္တာထားရန် ညွှတ်ပြတော်မှုရာ၌ ထိုမိခင်စိတ်ကို ဥပမာပေးတော်မှုခဲ့သည်။
သားသည် နွားမကြီးအား လှံဖြင့် ထိုးသတ်၍ မသေခြင်းမှာ နို့စို့နေသော နွားသားငယ် အပေါ်ထားသော ထိုသည့် မိခင်မတ္တောကြောင့်ပင် ဖြစ်ပေသည်။
မဟာပထ၀ီမြေကြီးသည် လည်းကောင်း၊ မဟာသမုဒ္ဒရာ၊ မြင်းမိုရ်တောင်နှင့် အဇဋာ ကောင်းကင်ကြီးသည် လည်းကောင်း မိဘမေတ္တာနှင့် နှိုင်းစာလျှင် သေးငယ်ကျဉ်း ကျုံး၍ သွားကုန်၏၊ မိဘမေတ္တာသည် အနန္တဖြစ်သောကြောင့်ပေတည်း။
မိဘ၀တ္တရား
မိဘများ လိုက်နာရမည့် ကျင့်ဝတ်ငါးပါးကို ဟောကြားတော်မှုရာ၌ “မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြှားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ” ဟူ၍ ထိမ်းမြားမင်္ဂလာ ပြုလုပ်ပေးရမည်ဟု ညွှန်ပြတော်မှုခဲ့သည်။
ထိမ်းမြှားပေးလျှင် မိဘတာဝန် ကျေပွန်ပြီဆိုပြီး တော်စွလျော်စွ မယူဆစေလိုသောကြောင့် ဗုဒ္ဓဘာသာက အိမ်ထောင်ရေးတာဝန်ကို အလေးအနက် ထားကာ ပတရူပေန သံယောဇေန္တိ-မိမိတို့၏ မျိုးရိုးစဉ်လာ ကိုးကွယ်သည့်ဘာသာ၊ ရုပ်ဆင်းအင်္ဂါ၊ ကိုယ်ကျင့်သီလ စသည်တို့ဖြင့် သင့်လျော် လျောက်ပတ်သည့် အမျိုးသား အမျိုးသမီးများနှင့် ထိမ်းမြားပေးရမည်ဟု ထပ်ဆင့် ညွှန်ပြတော်မှုသည်။
မိဘကျေးဇူး အထူးသိပါ
- လောကတွင် မိဘကျေးဇူး အထူးသိတတ် ကျေးဇူးဆပ်ကြသူ ရှိကြကုန်၏။
- တချို့က ကျေးဇူးရှိကြောင်း သိရုံသ သိသည်။ တုံ့ပြန်မှုမပါ။
- တချို့က မိဘကျေးဇူးသိတတ်၍ ဆပ်ချင်သော်လည်း ကိုယ့်ဘ၀ကိုယ် ခိုင်မတ်အောင် မရပ်တည်နိုင်သဖြင့် မိဘကျေးဇူးဆပ်နိုင်ဖို့ ဝေးစွ၊ မိဘကို ပြန်မှီခိုစားနေရသည်။
- တချို့က မိဘကျေးဇူးသိသော်လည်း စိတ်နာစရာ အကြောင်းတွေကိုအမြဲတမ်း ခေါင်းထဲထည့်တွေးနေသဖြင့် မိဘကိုအပြစ်တင် အပြစ်မြင်ပြီး သံယောဇဉ် ကင်းကင်းနေကြသော သားသမီးများလည်း ရှိသည်။
- တချို့က မိဘရှိစဉ်က ကောင်းမွန်စွာ အနာခံစောင့်ရှောက်သော်လည်း မိဘ၏စည်းစိမ်ဥစ္စာ ယုတ်လျော့ပျက်စီးသောအခါ ကိုယ့်အိမ်မှာ မထားချင်တော့ဘဲ ညီအစ်ကိုမောင်နှမများထံ ပုတ်ထုတ်ကြတာမျိုးလည်း ရှိ၏။
- တချို့သးသမီးက မိဘကို ၀တ္တရားအရ စောင့်ရှောက်သော်လည်း အော်ဟစ်မာန်မဲ ဆူပူပြစ်တင်နေတတ်ကြသဖြင့် မိဘက သားသမိးကို ကြောက်ကြောက် လန့်လန့် မှီခိုနေရတာမျိုး လည်းရှိသည်။
- တချို့က သူတို့၏ဆင်းရဲကြပ်တည်းမှုမှ သက်သာရာ ရစေရန်အတွက် မိဘနေသည့် အိမ်နှင့်ခြံကို မိဘသက်ရှိထင်ရှား ရှိတုန်းမှာပင် အတင်းအကြပ်ရောင်းချ အမွေခွဲဝေပြီး ကိုယ်လွတ်ရုန်းသွားကြ သည်။
- မိဘက ဘယ်သူနှင့် နေရမှန်းမသိ။ မလွဲသာ၍ ခေါ်ရသူမှာလည်း မိဘပိုက်ဆံလက်ထဲပါနေသော ကြောင့် ကြည်ဖြူဟန်ပြ၏။ သူတို့ ယူသုံး၍ ကုန်သောအခါ မိဘကို ဆူပူငြူစူတော့သည်။
- တချို့က ဇနီးခင်ပွန်းစကားနားယောင်ပြီး ပစ္စည်းဥစ္စာနှင့် ပတ်သက်၍ မိဘကို တရားစွဲတာမျိုးလည်း ရှိသေးသည်။
- ဤလိုမျိုး သားသမီးတွေရှိသော်လည်း မိဘကို ထိပ်မှာတင် ရင်မှာ သိမ်းထားပြီး သေသည့်တိုင် ပြုစု ကျွေးမွေး စောင့်ရှောက် သွားကြသည့် သားသမီးမျိုးတွေလည်း အများကြီး
- မိဘအတွက် ဘ၀ကိုစတေးပြီး ကျွေးမွေးပြုစုကြသော သးသမီးများလည်းရှိ၏။
- မိဘသာလျင် ငါ့ဘ၀မှာ ပထမ၊ ဒုတိယ၊ တတိယဟူ၍ ထိပ်တန်းဦးစားပေးအဆင့်ဖြင့် အနီးကပ်ပြုစုစောင့်ရှောက်ကြသော သားသမီးများလည်း ရှိသေးသည်။
- မိဘရှိစဉ်က မိရိပ်ဖရိပ်၏ တန်ဖိုးကို အစဉ်လေးစားတန်ဖိုးထားပြီး မိဘမရှိသောအခါမှာလည်း ထိုအရိပ်၏တန်ဖိုးကို အစဉ်အမြဲ ပြောဆိုတသသသ ရှိနေကြသူများလည်းရှိ၏။
- တချို့က မိဘကွယ်လွန်သွားသဖြင့် ကောင်းစွာကျေးဇူးမဆပ် လိုက်နိုင်သောကြောင့် မိဘကျေးဇူးကို နည်းအမျိုးမျိုးဖြင့် ကျေးဇူးဆပ်နေကြသူများလည်း ရှိသည်။
- မိဘသေဆုံးကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း မနေံတစ်နေ့ကလို အောက်မေ့ပြီး မိဘအတွက်ရည်စူးပြီး အလှူဒါနပြုကြသူမျိုးလည်းရှိသေးသည်။
- မိဘကို သက်ရှိထင်ရှားရှိစဉ်မှာ ကောင်းစွာချစ်ခင်မြတ်နှိုးတန်ဖိုးထားပြီး၊ မရှိတော့သည့်အခါ မိဘဂုဏ်ကျေးဇူးကိုအစဉ်အောက်မေ့ သတိရနေတတ်သော သားသမီးမျိုး ရှား၏။
- မိဘကျေးဖူးသိတတ်သော ထိုသားသမီးမျိုးသည် လောကတွင် တင့်တယ်၏။ ထင်ရှား၏။ ပြည့်စုံ၏။ အတိတ်ကံ ၀ဋ်ကြွေးကြောင့် ဆင်းရဲတွင်းနက်စေကာမှု ကယ်သူရှိတတ်၏။ ချီးမွမ်းပေးကမ်းသူ ရှိတတ်၏။ အကြောင်းကြောင်းကြောင့် အဆင်ပြေတတ်၏။
- ထို့ကြောင့် မိဘကျေးဇူးကို သိတတ်၊ တန်ဖိုးထားတတ်ကြရာ၏။
မိဘ ကျေးဇူးဆပ်နိုင်သူများ ဖြစ်ကြပါစေလို့………
ကျေးဇူးဆပ်တယ်ဆိုတာ...
- အမိနှင့် အဖတို့ကို စိတ်ဆင်းရဲအောင်မလုပ်ပါနှင့်။
- အမိအဖတို့ကို စိတ်ချမ်းသာအောင် ထားပေးကြစမ်းပါ။
- အမိအဖတို့ကို စိတ်ချမ်းသာအောင် ထားပေးနိုင်တဲ့ သားသမိးများ ဖြစ်ကြပါစေ။
- သားသည် အမိအဖတို့အတွက် အားဖြစ်ရမျာပါ။ ကျား မဖြစ်ကြပါစေနဲ့။
- သမီးသည် အမိအဖတိုပအတွက် ထီးဖြစ်ရမှာပါ။ မီး မဖြစ်ကြပါစေနဲ့။
- အမိအဖတို့အတွက် အားဖြစ်စေရအောင် ကြိုးစားနေတဲ့သားမျိုး၊ အမိအဖတို့အတွက် ထီးဖြစ်အောင် ကြိုးစားနေတဲ့ သမိးမျိုးက မိဘကျေးဇူးကို သိတတ်နေကြသူတွေပါပဲ။
- ယနေ့သည် မိဘကျေးဇူးကို ဆပ်ခွင့်ကြုံတဲ့ အခါသမယပါ။
- အခါသင့်အခွင့်ကြုံနေတဲ့ ယနေ့ကာလကို မနက်ဖြန်သို့ မရွှေ့ဆိုင်း လိုက်ပါနဲ့။
- မနက်ဖြန်ဆိုတာက အစိုးမရနိုင်ပါဘူး။
- စိုးပိုင်ခွင့်ရနေတဲ့ ယနေ့ကာလမှာပဲ မိဘကျေးဇူးကို ဆပ်လိုက်ကြစမ်းပါ။
- မိဘကျေးဇူးကို လောကနည်း၊ ဓမ္မနည်းနဲ့ ပေးဆပ်နိုင်ပါတယ်။
- အမိအဖတို့ရဲ့ လိုအင်ဟူသမျှကို ဖြည့်ဆည်းပေးနိုင်ရမယ်။ ပေးနေရမယ်။
- လိုအင်ပြည့်တော့ အမိအဖတို့ စိတ်ချမ်းသာတာပေါ့။
- အမိအဖတို့ကို စိတ်ချမ်းသာအောင်ထားနိုင်တဲ့ ကျေးဇူးဆပ်နည်းကို လောကနည်းလို့ခေါ်ပါတယ်။
- သဒ္ဓါစိတ်နည်းပါးတဲ့ အမိအဖကို သဒ္ဓါတရားထက်သန်လာအောင် ကိုယ်ကျင့်တရားယိုင်နဲ့နေတဲ့ အမိအဖကို ကိုယ်ကျင့်တရားဖြောင့်မတ်လာအောင်၊ စာရိတ္တညစ်ညူးနေတဲ့ အမိအဖကို စာရိတ္တဖြူစင်လာအောင် မင်္ဂဖိုလ်ရကြောင်း တရားကောင်းနဲ့ မတွေ့ရဘူးသေးတဲ့ အမိအဖကို မင်္ဂလမ်း ဖိုလ်လမ်း လမ်းမှန်ပေါ်သို့ရောက်ရှိသွားရအောင် ဖြည့်ဆည်းပေးနေတာက ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။
- လောကနည်းနဲ့ဖြစ်စေ၊ ဓမ္မနည်းနဲ့ဖြစ်စေ ကျေးဇူးဆပ်နေဖို့က အဓိကပါပဲရှင်။
မိဘကျေးဇူးဆပ်နိုင်သော သာ၊ သမီးများ ဖြစ်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။
ဆပ်၍မကုန်သော ကျေးဇူး
လောက၌ ရွှေငွေ စသည်ကြွေးဆပ်လျှင် ကြွေးတင်သည် အရေအတွက် အားလျော်စွာ ပေးဆပ်လို့ရ၏။ ကြွေးကျေ၏။ မိဘတို့မေတ္တာကား အနန္တဖြစ်၍ မကျေနိုင်။ မကျေနိုင်၍ မဆပ်လျှင် ကြွေးထပ်တင်ရန်သာ ရှိတော့သည်။
မြတ်စွာဘုရားဟောတော်မှုသည်မှာ သားသမီးတို့သည် ကျေးဇူးရှင် မိဘနှစ်ပါးအား ပခုံးတစ်ဘက်စီ၌ တင်ထား၍ အမြဲတမ်း မိဘနှစ်ပါးအား အစာကျွေးမွေးပေးခြင်း၊ ရေချိုးပေးခြင်း၊ နင်းနှိပ်ပေးခြင်း၊ သိပ်ပေးခြင်း၊ မိမိတို့ ပခုံးပေါ်၌ပင် ကျင်ကြီးကျင်ငယ်စွန့်သော်လည်း မငြူမစူ ပြုစုသုတ်သင်ပေးခြင်း စသည်ဖြင့် အနှစ်တစ်ရာတိုင်တိုင် ပခုံးထမ်း၍ ပြုစုလုပ်ကျွေးသော်လည်း ကျေးဇူးကျွေး မကျေနိုင်ဟုပင် ဟောတော်မှုလေသည်။
မိဘကျေးဇူးကို ကျေးအောင် ဘယ်လိုဆပ်မလဲ ?
တိရစ္ဆာန်ဖြစ်တဲ့ နွားမကြီးတောင်မှ သူ့သားသမီးအတွက် အသက်ပေးသွားရဲသေးတယ်ဆိုလျှင် ငါတို့အမေတွေဟာ ငါတို့ကို ဘယ်အထိချစ်နိုင်လိမ့်မလဲဆိုတာ နှလုံးသားမှာ ခံစားပြီးတော့ သိလာလိမ့်မယ်။
အဲဒီတော့ သားသမီးတွေအပေါ်မှာ ဒီလောက်ထိ မေတ္တာထားနိုင်ကြတဲ့ ချစ်နိုင်ကြတဲ့ မိဘတွေအတွက် သားသမီးတွေကလည်း တာဝန်ကျေဖို့ ကျေးဇူးပြန်ဆပ်နိုင်ဖို့ လိုပါလိမ့်မယ်။
မိဘတိုင်းဟာ သားသမီးတွေဆီက မျှော်လင့်တဲ့ မျှော်လင့်ချက် (၅)ချက် ရှိတယ်လို့ တို့ မြတ်စွာဘုရားက ဟောကြားတော်မှုခဲ့ပါတယ်။ အဲဒီငါးချက်ကတော့ -
(၁) ငါတို့ အိုမင်းလာတဲ့အခါ ငါတို့ကို ပြန်ပြီး ပြုစုလုပ်ကျွေးကြမှာပဲ။
(၂) ငါတို့ရဲ့ လုပ်ငန်းတွေကို ကူညီပြီးလုပ်ကိုင် ပေးကြမျာပဲ။
(၃) ငါတို့ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်နိုင်ကြမှာပဲ။
(၄) ငါတို့ရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းနိုင် ခံယူနိုင်ကြမှာပဲ။
(၅) ငါတို့ သေဆုံးသွားခဲ့လျှင် ငါတို့အတွက် အလှူအတန်းတွေ ပြုလုပ်ပြီး အမျှအတန်းပေးဝေကြမှာပဲ။
အဲဒီလိုမျှော်လင့်ချက် ငါးမျိုးကိုတော့ မိဘတိုင်းရင်မှာ ရှိကြပါတယ်လို့ မြတ်စွာဘုရားက ဟောာကြားခဲ့ပါတယ်။
ဒီတော့ မိဘကျေးဇူးကို ဆပ်ချင်တယ်ဆိုလျှင် မိဘတွေ မျှော်လင့်တဲ့အရာတွေကို သားသမီးတွေက ဖြည့်ဆည်းပေးရုံပဲရှိပေမပေါ့။ အဲဒီငါးချက်ကို ဖြည့်ဆည်းပေးတာဟာပဲ မိဘကျေးဇူးဆပ်ရာ ရောက်ပါတယ်။
ဒါပေမယ့်ကျေးဇူးဟာ ဆပ်လို့ မကုန်ပါဘူးတဲ့။ ကျေးဇူးကို ကုန်အောင်ဆပ်ချင်ရင်တော့ -
(၁) သဒ္ဓါတရားမရှိသေးတဲ့ မိဘကို သဒ္ဓါတရား ဖြစ်ပေါ်လာအောင် တရားဟောဖို့
(၂) သီလမရှိသေးတဲ့ မိဘကို သီလနဲ့ ပြည့်စုံလာအောင် တရားဟောဖို့
(၃) ပေးကမ်းစွန့်ကြဲချင်စိတ်မရှိတဲ့ မိဘကို ပေးကမ်းစွန့်ကြဲချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်ဖို့
(၄) ၀ိပဿနာတရားမပွားများသေးတဲ့ မိဘကို ၀ိပဿနာတရားအားထုတ်ချင်လာအောင် စည်းရူံးဟောပြောဖို့
အဲဒီအချက်တွေကိုသာ သားသမီးတွေက ပြုလုပ်တိုက်တွန်း ဆောင်ရွက်သွားနိုင်မယ်ဆိုလျှင်တော့ မိဘရဲ့ကျေးဇူးကို ကုန်အောင်ဆပ်နိုင်ပါပြီလို့ ကျွန်ုပ်တို့ မြတ်စွာဘုရားက ဟောကြားတော်မှုခဲ့ပါတယ်။
အကောင်းဆုံး ကျေးဇူးဆပ်နည်း
“ကျေးဇူကြွေး မကျေနိုင်” ဟုဆိုသည်မှာ ကျေးဖူးကြီးမားပုံကို ပြဆိုလိုခြင်းသာ ဖြစ်ပေသည်။
မိဘနှစ်ပါးအသက်ထင်ရှားရှိစဉ် ပြဆိုခဲ့သည့်အတိုင်း ရာသီအလိုက် ကျွေးမွေးပြုစုပေးခြင်း၊ အထူးသဖြင့် အမွေခံထိုက်အောင် နေခြင်း၊ မိဘနှစ်ပါး စိတ်ချမ်းသာအောင် သားသမီးတို့ လိုက်နာရမည့် ၀တ္တရားငါးပါးနှင့်အညီ လိမ်လိမ်မာမာ နေပြခြင်း၊ ကွယ်လွန်သွားကြသော အခါတွင်လည်း မိဘနှစ်ပါးကို ရည်စူး၍ အလှူဒါန ပြုလုပ်ပြီး အမျှတမ်းပေးဝေခြင်း ပြုပေးလျှင်ပင် ၀တ္တရားကျေသည်ဟု ဆိုသင့်၏။
ကျေးဇူးရှင် မိဘနှစ်ပါးတို့၏ ကျေးဇူးကြွေးကို ပေးဆပ်ရာ၌ အကောင်းဆုံးနည်းကို မြတ်စွာဘုရားဟော ကြားထားသည်မှာ တရားဖြင့် ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။ တရားဖြင့် ကျေးဇူးဆပ်ခြင်းဆိုသည်မှာ-
(၁) ရတနာသုံးပါး မယုံကြည်သေးသော မိဘတို့အား ယုံကြည်လာအောင်၊ သရဏံဂုံမတည်သေးသော မိဘတို့အား သရဏဂုံတည်အောင် ဆောင်ရွက်ပေးခြင်း၊
(၂) အလှူဒါနအားနည်းသော မိဘတို့အား အလှူဒါန ပြုလုပ်ဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊
(၃) စစ်မှန်သော ကိုယ်ကျင့်သီလ မရှိသေးသော မိဘတို့အား ကိုယ်ကျင့်သီလစောင့်ထိန်းလာအောင် ဆောင်ရွက်ပေးခြင်း၊
(၄) အသိပညာမရှိသေးသော မိဘတို့အား အသိပညာရှိအောင် ရတနာသုံးပါးနှင့် စပ်သော အသိပညာ၊ ၀ိပဿနာပညာ၊ သစ္စာမြင်သော ပညာများသည် အမြတ်ဆုံးဖြစ်၍ ထိုပညာများဖြစ်ပွားအောင် စာဖက်ပြခြင်း၊ တရားနာဖြစ်အောင်၊ တရားထိုင်ဖြစ်အောင် ဆောင်ရွက်ပေးခြင်းများသည် အကောင်းဆုံး သော ကျေးဇူးဆပ်ခြင်း ဖြစ်ပေသည်။
သားသမီးများ ကိုယ်တိုင်က သီလရှင်၊ ရှင်သာမဏေ၊ ရဟန်းပြု၍ တရားအားထုတ်ခြင်း၊ မိဘများအပေါ် မေတ္တာပွားများခြင်းများလည်း မိဘနှစ်ပါးအား သာသနာအမွေခံစေ၍ တရားဖြင့် အကောင်းဆုံး ကျေးဖူးဆပ်ခြင်း ဖြစ်ပေသည်။
အရှင်သာရိပုတ္တရာသည် မိစ္ဆာအယူရှိသော မိခင်အား၊ သမ္မာအယူရှိအောင် ဆောင်ရွက်ပေးခြင်း၊ မြတ်စွာဘုရားသည်ပင် မယ်တော် တော်စပ်ဖူးသော သန္တုသိတနတ်သားအား အဘိဓမ္မာတားဟောကြား ခြင်းဖြင့် အကောင်းဆုံး မွေးကျေးဇူးပေးဆပ် တော်မှုသွားကြလေသည်။
ဤမျှ ကျေးဇူးကြီးမားလှသောကြောင့် မိဘလုပ်ကျွေး ကျေးဇူးဆပ်၍ ချမ်းသာကြီးပွားသော ဖြစ်ရပ်များကို များစွာ ဟောတော်မှုထားသည်။ မိဘတို့အား စိတ်ဆင်းရဲအောင်လုပ်၍၊ တမင်ပြစ်မှား၍ ယခုဘ၀မှာပင် ဆင်းရဲရသူများ၊ မြေမျိုခံရသူများ၊ နောက်ဘ၀တွင် ငရဲကျသူများလည်း များလှလေပြီ။ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးသော်မှပင် နုစဉ်ဘ၀က မိုက်မဲသော မယားစကားနားထောင်မိ၍ မိဘနှစ်ပါးကို ရိုက်နှက်မိသောကံကြောင့် ခိုးသားရိုက်နှက်ခံရ၍ ပရိနိဗ္ဗာန် ပြုတော်မှုရရှာပေသည်။
ကျေးဇူးဆပ်ကြ မိနှင့်ဖ
လူတို့တွင် အခက်(၃)မျိုးရှိ၏။ သူ့ကျေးဇူးကို သိဖို့ခက်သည်။ သိပါသော်လည်း ထုတ်ဖော်ပြောဖို့ ခက်သည်။ ထုတ်ဖော်ပြောသော်လည်း ဆပ်ဖို့ခက်သည်။ သူ့ကျေးဇူးကို သိရမည်။ ထုတ်ဖော်၍လည်း ပြောရမည်။ ဆပ်လည်း ဆပ်ရမည်။
ကျေးဇူးတကာတို့တွင် မိဘကျေးဇူးသည် အကြီးမားဆုံးဖြစ်၏။ မြင်းမိုရ်တောင်ဦး မကကျူးသည်။ အမေက သန္ဓေသားကို ၀မ်းတွင် လွယ်ထား၍ တရွေ့ရွေ့ ကြီးထွားစေ၏။ နေ့ လ စေ့သော် ပင်ပန်းဆင်းရဲစွာ ဝေဒနာခံစား၍ မွေးဖွားစေ၏။ အမေ၏ မွေးကျွေးကျေးဇူးရှိသည်။ အဖေက သန္ဓေသား လွယ်ထားသည့် မိခင်နှင့် တကွ မိသားဟုကို စားဝတ်နေရေး ပြည့်စုံစေရန် ကျွေးမွေးရသည်။ အစစအရာရာ ကာကွယ်စောင့်ရှောက်ရသည်။ အဖေ၏ ကျွေးကျေးဇူးရှိသည်။
မွေးပြီးသည်နှင့် အမေက ရောဂါအန္တရာယ်တို့ကို ကာကွယ်နိုင်သော နို့ဦးရည်ကို တိုက်ကျွေး၏။ သားသမီးများ အမေ့နို့အာဟာရဖြင့် ကြီးထွားရ၏။ အဖေက သားသမီးတို့ကို လူလားမြောက်အောင် လုပ်ကိုင် ကျွေးရသည်။ ပညာသင်ပေးရသည်။ အမေ့နို့ဖိုးရှိသလို အဖေ့ချွေးဖိုးရှိသည်။
မိနှင့်ဖသည် သားသမီးတို့ကို အလွန်ကြီးမားသော မေတ္တာ၊ စေတနာ၊ ကရုဏာထားကြသည်။ ထို့ကြောင့် အနစ်နာခံနိုင်သည်။ အပင်ပန်းခံနိုင်သည်။ ကိုယ်ကျိုးကိုယ့်အသက်ကိုပင် စွန့်လွှတ်နိုင်ကြသည်။
သားသမီးတိုင်း မိဘတို့၏ ကျေးဇူးတရားများဖြင့် လူလား မြောက်ကြရ၏။ လူတစ်လုံး သူတစ်လုံးဖြစ်ကြရ၏။ မိဘတို့၏ ဆင်းရဲ၊ ချမ်းသာကွာခြားမှုကြောင့် သားသမီးအပေါ် ချီးမြှင့်ထောက်ပံ့မှု ကွာခြားနိုင်သော်လည်း ကြီးမားသော မေတ္တာတရားမှာ ခြားနားမည်မဟုတ်ပါ။ လူ့မျိုးနွယ်ဆက်တို့ အစဉ်သဖြင့် တစည်ပင်ပြန့်ပွား တိုးတက်ထွန်းကားနေသည်မှာ မိဘတို့၏ ကြီးမားသော မေတ္တာတရားဖြစ်သည်။
မိဘမေတ္တာနှင့် မိဘတို့၏ ကျေးဇူးတရားမှာ ကြီးမားလှပေစွ။ သားသမီးတို့လောကအလုပ်မှာ တိုးတက်ကြီးပွား၍ တင့်တင့်တယ်တယ် အောင်မြင်ကြသောအခါ ကျေးဇူးကြီးလှ မိနှင့်ဖ တို့ကို မေ့မေ့လျော့လျော့ ပစ်ပစ်ပယ်ပယ်မပြုသင့်၊ ကျေးဇူးကိုမမေ့သင့်ကြပါ။
မိဘကျေးဇူးနှင့် လူတစ်လုံး သူတစ်လုံးဖြစ်ခါမှမိဘကို ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ပြစ်မှားလျှင် ကျေးဇူးကန်းသူဖြစ်၏။ အပြစ်ကြီးပေစွ။ မြင်ရကြားရသည်ပင် အကျဉ်းတန် အရုပ်ဆိုးလေစွ။ မေတ္တာကြီးမားသော မိဘတို့က ခွင့်လွှတ်ကြသော်လည်း မှားသည့် အပြစ်က ကြေပျက်မည်မဟုတ်။
ကျေးဇူးရှင် မိဘတို့ကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် မပြစ်မှားမိအောင်၊ ကျေးဇူမးကန်းမိအောင် သတိထားသင့်ကြသည်။ မိဘတို့၏ ကျေးဇူးကို မမေ့မလျော့ ရှိရမည်။ ကျေးဇူးကြွေးကို တုံ့ပြန်ဆပ်ကြ ရမည်။
လောကအလယ်မှာ မိမိတို့ကလည်း အိမ်ထောင်ကျ မိသားစုဘ၀ သားသမီးရ၍ မိဘမေတ္တာဖြင့် သားသမီးများကို စုန်နေကြရသောအခါ ကျေးဇူးကြီးမားသော ကိုယ့်မိဘထံဆန်ရန် မေ့လျော့နေတတ်သည်။ ဤနည်းအားဖြင့် သက်ကြီးရွယ်အိုမိဘများစွာတို့သည် သားသမီးတို့၏ မေ့လျော့ပစ်ပယ်ခံဘ၀မျာ ဆင်းရဲဒုက္ခ ရောက်နေကြသည်တို့ များစွာရှိကြသည်။
စုန်လည်း စုန်ရပါမည်။ ဆန်လည်း ဆန်ရပါမည်။ သားသမီးတို့ကို မေတ္တာဖြင့် ကျွေးမွေးစောင့်ရှောက်ရင်း မိဘတို့၏ ကျေးဇူးကိုလည်း ဆပ်နေကြရပါမည်။ ဘယ်သားသမီး ဘယ်ညီအစ်ကို မောင်နှမနှင့်မှ တွက်ကပ်နေရန် အကြောင်းမရှိပါ။ ကိုယ်ဆပ်ရမည်မှာ ကိုယ့်တာဝန်ဖြစ်ပါသည်။ ကိုယ်ကျေးဇူးသိလျှင် ကိုယ်ကောင်းကျိုးရမည်။
မိဘကျေးဇူးကိုဆပ်ရာတွင် အ၀တ်ပေးခြင်း၊ အစာကျွေးခြင်း၊ နေစရာပေးခြင်း၊ မကျန်းမာလျှင် ကုသပေးခြင်း လိုအပ်သမျှ ထောက်ပံ့စောင့်ရှောက်ခြင်းမှာ လောကီနည်းဖြင့် ကျေးဇူးဆပ်ခြင်းဖြစ်၏။
မိဘကို သံသရာအတွက် ကောင်းမှုပါစေရန် သဒ္ဓါတရားနည်းလျှင် သဒ္ဓါအားကောင်းရန် တိုက်တွန်းပြောဆိုခြင်း၊ တရားဘာဝနာ ပွားများအားထုတ်ရန် ဆန္ဒဖြစ်စေခြင်း၊ သဒ္ဓါရှိလျှင် လှူနိုင်အောင် ကူညီထောက်ပံ့ခြင်း၊ သီတင်းသီလ ဆောက်တည်နိုင်ရန် တရား ဘာဝနာပွားများ အားထုတ်နိုင်ရန် စီစဉ်ပံ့ပိုး ပေးခြင်းသည် လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်ခြင်း ဖြစ်၏။
သားသမီးတိုင်း ကျေးဇူးကြီးလှ မိနှင့်ဖကို လောကီးနည်း၊ လောကုတ္တရာနည်းတို့ဖြင့် ကျေးဇူးဆပ်နိုင်ကြပါစေ။ မိဘကျေးဇူးကို သိလည်းသိ၊ ထုတ်ဖော်လည်းပြော၊ ဆပ်လည်းဆပ်ခြင်းဖြင့် ကေင်းကျိုးမင်္ဂလာနှင့် တင့်တယ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါရစေရှင်။
ယနေ့ ၁၃.၅.၂၀၁၂ ရက်နေ့တွင်ကျရောက်သော အမေများနေ့အားရည်ရွယ်၍ ကျွန်မ ဖတ်ဖူး ရေးဖူး မှတ်ဖူးသော မိဘမေတ္တာဆိုင်ရာ စာစုများအား ချစ်ခင်ရသော ညီအစ်ကို မောင်နှမများအတွက် ပြန်လည်မျှဝေလိုက်ရပါသည်။ မိဘကျေးဇူးသိသော မိဘကျေးဇူးဆပ်နိုင်သော သားသမီးရတနာများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း အနန္တ ကျေးဇူးရှင် မွေးမိခင်ဖြစ်သူ အမေ့အား လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးကန်တော့လိုက်ပါတယ်ရှင်။
PhotobucketPhotobucket
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 01:35 AM PDT
ကမ္ဘာ့ရုပ်အဆိုးဆုံး သတ္တ၀ါများ
ကြမ်းပိုးတစ်ကောင်၏ အနီးကပ်မျက်နှာ
သင့်ရဲ့ မျက်နှာကို တစ်စုံတစ်ယောက်က အနီးကပ်ပြီး မိုက်ကရိုစကုပ်နဲ့ ကြည့်မယ်ဆိုရင် သင်နှစ်သက်လိမ့်မယ် မဟုတ်ပါဘူး ။ Dobsonfly ဆိုတာကတော့ Khing bug လို့လည်း ခေါ်ပါတယ် ။ Corydalinae subfamily အင်းဆက်အမျိုးစားဖြစ်ပြီး သူတို့ကို Oklahoma Microscopy အဖွဲ့အစည်းကနေ ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး အင်းဆက်ပြပွဲကြီးမှာ တင်သွင်းခံရပါတယ် ။ ဒီပုံဟာ ပြိုင်ပွဲအတွင်းမှာ ပြထားတဲ့ပုံဖြစ်ပြီး Scanning Electron Microscope ကိုအသုံးပြုပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ အဲဒီမိုက်ကရိုစကုပ်က ဒီကြမ်းပိုးကို ဆယ်ဆကနေ အဆ၅၀၀ လောက်ထိအောင် သူတို့ရဲ့ ကိုယ်ပိုင် အရွယ်အစားကနေ ချဲ့ပေးနိုင်ပါတယ် ။ ဒါပေမယ့်လည်း ဒါဟာ တကယ့် ကြမ်းပိုး တစ်ကောင်ပဲ ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ မပြောဖြစ်တဲ့ အမှန်တရားတွေ ရှိနေပါသေးတယ် ။
Fine Cuisine
အကယ်၍ monkfish တစ်ကောင်ဟာ အလွန်တရာကြီးမားတဲ့ သွားတွေနဲ့ ပြည့်နေတဲ့ ပါးစပ် ၊ သီးခြားဖြစ်နေတဲ့ ခန္ဓာကိုယ် ပြားပြား ၊ လျော့ရဲပြီး ပါးလွှာတဲ့ရေပြားနဲ့ဆို ဘယ်လိုပုံစံများ ဖြစ်နေမှာပါလိမ့် ။ ဥရောပ ဂျပန် နဲ့ ယူနိုက်တက် ပြည်နယ်တွေမှာ လူသန်းပေါင်းများစွာဟာ ဒီလို ကြီးမား ၊ ရုပ်ဆိုး ၊ ငါးပြားပြားကြီးတွေကို မွေးမြူလေ့ ရှိကြပါတယ် ။ ဒါပေမယ့် သင် မအိပ်ခင်မှာတော့ ငါးမျက်နှာကို မကြည့်မိပါစေနဲ့ ။
အမေသာလျှင် ချစ်နိုင်မယ့် မျက်နှာတစ်ခု
Warthog ဆိုတဲ့ အကောင်တွေဟာ အလွန်တရာပဲ ရုပ်ဆိုးလှပါတယ်။ ဒီကောင်တွေက ၀က်အနွယ်ဝင်တွေ ဖြစ်ပြီး စည်ပိုင်းပုံ ခန္ဓာကိုယ် ကြီးမား ကျယ်ပြန့်တဲ့ ဦးခေါင်းမှာ ထိုးထွက်နေတဲ့ ကြွက်နို့ကြီး ခြောက်ခု နဲ့ ကြီးမားပြီး ကွေးနေတဲ့ ခွေးစွယ်လို အစွယ်မျိုးတွေလည်း ပါရှိပါတယ် ။ သူတို့ရဲ့ အရပ်က ၂၅ မှ ၃၃ လက်မလောက်ပဲ ရှိပြီး ပေါင် ၁၁၀ မှ ၃၃၀ လောက်ထိကို အသာလေး ခံနိုင်ပါတယ်။
သေခြင်းမှ လွတ်မြောက်လာသော
Almiqui တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပင် မျိုးသုန်းပျောက်ကွယ်ခဲ့တာ ၂၀၀၃ ခုနှစ်တိုင်အောင်ပါပဲ ။ စူးစမ်းရှာဖွေသူတွေက ကျွန်းစွယ် အရှေ့ပိုင်းတွေမှာ ဒီကောင်တွေကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့ ခရီးစဉ်ကို ဘ၀သစ်ဆီပြန်လာခြင်းလို့ အမည်ပေးထားပါတယ် ။ ဘာကြောင့်လဲဆို ကမ္ဘာ့ရုပ်အဆိုးဆုံးစားရင်း ၀င်အဖြစ် မှတ်တိုင်ထူခွင့်ရတော့မှာ ဖြစ်ပါတယ် ။
ကြည့်တာနဲ့ သေစေနိုင်တယ်
ဒီပြိုင်ပွဲကြီးမှာ Matamata လိပ်တစ်ကောင်ရဲ့ မျက်နှာပြင်ကလည်း ဦးဆောင်နေပါတယ် ။ Matamata ဆိုတာကတော့ စပိန်ကနေ ဘာသာပြန်ရမယ်ဆိုရင် I Kill, I Kill လို့ ဆိုလိုပါတယ် ။ သင်တကယ်ပဲ ကျွန်တော်တို့ မျက်လုံးတွေကို သတ်ပစ်မှာလား ။ ထူးဆန်းထွေလာ သတ္တ၀ါတွေကြားမှာ သူရဲ့ကျော်ကြားမှုကတော့ ဦးခေါင်းနဲ့ လည်ပင်းဟာ အလွန်ကြီးပြီး ပြားနေခြင်း ၊ များပြားသော အဖုအထစ်များက ဖုံးအုပ်နေခြင်း ။ ဥပမာ ကြွက်နို့ ၊ အမာရွတ်များ ။ သူကလည်း အလွန်ကျယ်ဝန်းတဲ့ ပါးစပ်ရှိပါတယ် ။ သေးငယ်တဲ့ မျက်လုံး ကတော့ ရှည်လျားတဲ့ နှာယောင် နီးမှာ တည်ရှိပါတယ် ။ ၀မ်းနည်းစရာကတော့ Matamata လိပ်မှာ ခြေလက်တွေကတော့ ဖွံ့ဖြိုးမှုအားနည်းပါတယ် ။ ဒါကြောင့် မျက်နှာနဲ့ ခန္ဓာကိုယ် ပါးပါးကိုပဲ မြင်ရလေ့ရှိပါတယ် ။
                                                                                                 သက်တန့်ချို
                                        စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.....................
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 01:30 AM PDT
စင်ကာပူနိုင်ငံမှ ရေပေါ်ကစားကွင်း
Marina Bay ပေါ်မှာ တည်ရှိတဲ့ ဒီကစားကွင်းကို Marina Bay Floating Platform လို့ခေါ်ပါတယ် ။ သူက World's Largest Floating Stage လည်း ဖြစ်ပါတယ် ။ စင်ကာပူနိုင်ငံ Marina Bay မှ Marina Reservoir မှာ တည်ရှိပါတယ် ။
စတီးတွေနဲ့ချည်းပြုလုပ်ထားပြီး Marina Bay မှ Floating platform ရဲ့ အကျယ်အ၀န်းဟာ ၁၂၀ မီတာ ရှည်ပြီး ၈၃ မီတာ ကျယ်ပါတယ် ။ National Stadium မှ ဘောလုံးကွင်းထက် ၅% မျှပိုကြီးမားပါတယ် ။ အလေးချိန် ၁၀၇၀ တန်ကို ခံနိုင်ရည်ရှိပြီး အဲဒီအလေးချိန်ဟာ လူပေါင်း ၉၀၀၀ ၊ stage props ပေါင်း ၂၀၀ တန် နဲ့ military vehicles တန်ပေါင်း ၃၃၀ နဲ့ညီမျှတယ်လို့ဆိုပါတယ် ။ ဒီစတေဒီယမ်မှာလူပေါင်း ၃၀၀၀၀ လောက်လည်း ၀င်ရောက်ကြည့်ရှုနိုင်တယ်လို့ဆိုပါတယ် ။
                                                                        သက်တန့်ချို
                                စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 01:26 AM PDT
ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်
သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ။ ဒီကလေးနာမည်က Varya Akulova ဖြစ်ပါ တယ် ။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို သာသာလေးမ နိုင်ခဲ့တယ် ။ ကမ္ဘာ့အ သန်မာဆုံးမိန်းကလေးငယ်ပါပဲ ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်းကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီး ပါပြီ ။
Varya ရဲ့ ကြွက်သားတွေက မြင်သာတယ်ဆိုယုံလေးပါ အရမ်းကြီးသန်မာထွားကြိုင်နေတာတော့မဟုတ်ခဲ့ဘူး ။ ဒါပေမယ့် သူ့ရဲ့ အလေးချိန်တွေကို ` မ ´ နိုင်တဲ့ စွမ်းအင်ကတော့ အံ့သြလောက်စရာပါပဲ ။ သူ့မှာ တောင့် တင်းတဲ့ ခန္ဓာနဲ့ ကြိုးတွေလို အရွတ်တွေလည်းပိုင်ဆိုင်ထားတယ် ။
Varya ကပြောတာကတော့ ` ကျွန်မ ကြီးထွားချင်ပါတယ်တကယ့်ကို ကြီးထွားချင်ပါတယ် ၁၉၀ စင်တီ မီတာလောက်အရပ်မြင့်ပြီး ကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ်ထက်ပိုလေးချင်ပါတယ် ဖေဖေ့လိုပေါ့ ´ တဲ့ ။ တ ကယ်တော့ Verya ဟာ သူမအတန်းမှာလည်း အတော်ဆုံးကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ် ။ အခုဆို သူမ ၇ တန်းကိုတက်ရောက်နေပြီဖြစ်ပါတယ် ။
                                                                                       သက်တန့်ချို
                                                    စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Posted: 13 May 2012 12:48 AM PDT
မြတ်စွာဘုရားက “ဒီကမ္ဘာလောကကြီးမှာ လူတွေဟာ အမျိုးအစား လေးမျိုးလေးစားရှိတယ်”လို့ ဟောကြားတော်မူခဲ့ပါတယ်။ ပထမအမျိုးအစားကတော့ အမှောင်ထဲကနေ အမှောင်ထဲကို ပြေးနေကြတာ ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ အလင်းထဲက အမှောင်ထဲကို ပြေးနေကြပါတယ်။ တတိယအမျိုးအစားကတော့ အမှောင်ထဲကနေ အလင်းထဲကို ပြေးနေကြပါတယ်။ စတုတ္ထအမျိုးအစားကတော့ အလင်းထဲကနေ အလင်းထဲကို ပြေးနေကြပါတယ်။
ပထမအမျိုးအစားထဲက လူတွေဟာ အမှောင်ထဲကနေ အမှောင်ထဲကို ပြေးနေကြပါတယ်ဆိုတာကတော့ အခုသူတို့ဘ၀မှာ ဒုက္ခအမျိုးမျိုးတွေကို ခံစားနေရပါတယ်။ ကိုယ်ရော စိတ်ပါ ဒုက္ခရောက်နေကြပါတယ်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမူရေးတွေဟာလဲ ဘာမှ အဆင်မပြေကြပါဘူး။ သူတို့ဘ၀ဟာ မှောင်အတိကျနေကြတာပါပဲ။ သူတို့ရဲ့အတွင်း စိတ်မှာလည်း အလိမ္မာတရား မရှိကြပါဘူး။ အကုသိုလ်စိတ်တွေပဲ ပွားနေကြပါတယ်။ သူတို့ဘ၀ မချမ်းသာတာတွေကို ငါ့ယောက်ျားက မကောင်းလို့၊ ငါ့မိန်းမက မကောင်းလို့ အပြစ်တင်ပြီး နေကြပါတယ်။ စိတ်ထဲမှာတော့ မုန်းတာတွေ၊ မနာလိုတာတွေ၊ လိုချင်တဲ့လောဘတွေ ပျိုးနေတာဆိုတော့ နောင်အနာဂတ်မှာလည်း အကုသိုလ်အသီးတွေ သီးကြပြီး ဆင်းရဲ ဒုက္ခတွေနဲ့ပဲ နေကြရပါလိမ့်ဦးမယ်။ အခုလဲ ဒုက္ခ၊ နောင်လဲ ဒုက္ခ၊ ဒီလိုပုဂ္ဂိုလ်များကို အမှောင်ထဲကနေပြီး အမှောင်ထဲကို ပြေးနေတယ်လို့ ခေါ်ရပါတယ်။
ဒုတိယအမျိုးအစားကတော့ အလင်းထဲကနေပြီး အမှောင်ထဲကို ပြေးနေတာဖြစ်ပါတယ်။ အလင်းထဲမှာဆိုတော့ ဒီပုဂ္ဂိုလ်ဟာ အခုဘ၀မှာ လောကစည်းစိမ်တွေ ခံစားနေရပါတယ်။ စီးပွားရေး၊ လူ့အဆင့်အတန်း၊ ဥစ္စာပစ္စည်းအားလုံး ပြည့်စုံပါတယ်။ သူ့ဘ၀လင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စိတ်အတွင်းကတော့ အမှောင်အတိပါပဲ။ အလိမ္မာ တရားမရှိပါဘူး။ လောဘ ဒေါသ မောဟ တရားတွေ အမြဲလွှမ်းမိုးနေပါတယ်။ အကုသိုလ်စိတ်က သိပ်များနေပါတယ်။ အကုသိုလ်မျိုးစေ့ဆိုတော့ အကုသိုလ်အသီး ဒုက္ခအသီးတွေ သီးမှာဖြစ်ပါတယ်။ နောင်ဘ၀ ဘ၀တွေမှာဆိုရင်တော့ ဒုက္ခကြီးတွေ သီးမှာ ဖြစ်ပါတယ်။ နောင်ဘ၀ ဘ၀တွေမှာဆိုရင်တော့ ဒုက္ခကြီးပဲ ဖြစ်နေမှာပါပဲ။ ရှေးရှေးဘ၀ ဘ၀တွေ အတိတ်ဘ၀ဘ၀က ကောင်းမူကုသိုလ်တွေကြောင့် အခုခံစားနေရပါတယ်။ ဒါတွေကုန်ခန်းသွားပြီဖြစ်တဲ့ အခါကျတော့ မှောင်အတိဒုက္ခထဲ ရောက်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီပုဂ္ဂိုလ်ဟာ အလင်းထဲကနေ အမှောင်ထဲပြေးနေတာပါပဲ။
တတိယအမျိုးအစားကတော့ အမှောင်ထဲကနေပြီး အလင်းထဲပြေးနေတာ ဖြစ်ပါတယ်။ အခုဘ၀မှာ ဆင်းရဲအတိဖြစ်တဲ့ အမှောင်ထဲမှာနေရပေမယ့် အတွင်းစိတ်ထဲမှာတော့ တရားရှိပါတယ်။ ကုသိုလ်စိတ်တွေလဲ ရှိပါတယ်။ ကောင်းတဲ့ ကရုဏာစိတ်၊ မေတ္တာစိတ်၊ ဥပေက္ခာစိတ်တွေလဲ ရှိပါတယ်။ အခုဘ၀မှာ မှောင်နေပေမယ့်လို့ အလင်းမျိုးစေ့တွေကို စိုက်ပျိုးနေတော့ နောင်အနာဂတ်မှာ အလင်းရောင် အသီးတွေ သီးကြပြီး နောင်ဘ၀ နောင်ဘ၀တွေမှာ ချမ်းသာကြပါလိမ့်မယ်။ ဒီလိုပုဂ္ဂိုလ်တွေကတော့ အမှောင်ထဲကနေပြီး အလင်းထဲကို ပြေးနေကြတာ ဖြစ်ပါတယ်။
စတုတ္တအမျိုးအစားကတော့ အလင်းထဲကနေပြီး အလင်းထဲကို ပြေးနေတဲ့သူတွေ ဖြစ်ပါတယ်။ အခုဘ၀မှာ အားလုံးပဲ ချမ်းသာသုခရှိကြပြီး အဆင်ပြေကြပါတယ်။ အတွင်းစိတ်မှာလဲ အလိမ္မာရှိကြပါတယ်။ တရားရှိကြပါတယ်။ ကုသိုလ်စိတ်တွေလဲထားပြီး ကုသိုလ်တွေလဲပွားများပါတယ်။ သတ္တ၀ါတွေ အပေါ်မှာ မေတ္တာကရုဏာတွေ ထားကြပါတယ်။ အလှူဒါလဲရက်ရောပါတယ်။ သီလလဲမြဲပါတယ်။ အကုသိုလ်စိတ် လုံးဝမထားပါဘူး။ အကုသိုလ်အလုပ်လဲ လုံးဝမလုပ်ပါဘူး။ အခုဘ၀မှာ ပျိုးနေတာကလည်း အလင်းရောင်မျိုးစေ့ဆိုတော့ နောင်ဘ၀ ဘ၀တွေမှာ သီးမှာကလဲ အလင်းရောင် အသီးပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ကတော့ အလင်းထဲကနေပြီး အလင်းထဲကို ပြေးနေကြသူများပဲ ဖြစ်ပါတယ်။
ခုဒီစာလေးကိုဖတ်နေကြတဲ့ သူငယ်ချင်းတို့တွေရော ဒီ ၄-မျိုးထဲမှာ ဘယ်အမျိုးအစားထဲမှာ ပါကြပါသလဲ။ အခုဘ၀မှာ ဖြစ်နေတာကိုတော့ ရွေးလို့မရပါဘူး။ အရင်အတိတ်တုန်းက လုပ်ခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံအလျောက် အခုဖြစ်နေကြရပါတယ်။ အခုဘ၀ခရီးလမ်းကြောင်းမှာ တစ်ခေါက်တစ်လေလဲ အမှောင်ရှိပါတယ်။ တစ်ခါတစ်လေလဲ အလင်းရှိပါတယ်။ ဒါပေမယ့် နောင်အနာဂတ်ကိုတော့ သူငယ်ချင်းတို့ စိတ်ကြိုက်ရွေးနိုင်ကြပါတယ်။ ဖန်တီးနိုင်ကြပါတယ်။ အခုဘယ်လောက်ပဲ မှောင်အတိ ကျနေပေမယ့်လို့ နောင်ကို လင်းအောင် လုပ်နိုင်ကြပါတယ်။ မိမိကိုယ်တိုင်ရော ဘုရားဟောကြားခဲ့တဲ့ လူ ၄-မျိုးထဲက ဘယ်အမျိုးအစားထဲမှာများ ပါနေသလဲဆိုတာလေး ဖြေကြား ရေးသားရင်း အလင်းထဲကနေ အလင်းထဲကို သွားနေသူများသာ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
Posted: 13 May 2012 12:47 AM PDT
........."အိပ်မက်သီချင်းနဲ့တိမ်မင်းသား"........
.............................................................
ဒီနေ့
ငါ့မျက်ဝန်းတွေကျိန်းစပ်စပ်
မှောင်မဲသွေး ကြပ်တည်းလိုက်ပုံရယ်
အခိုးအငွေ့တွေ ပျို့ပျို့တက်တယ်
ရွာရန်ရွာနှုန်း..........?
မိုးရေချိန်လက်မ.......?
သည်းသည်းမဲမဲရွာချလိုက်တယ်
တိမ်တွေနေတဲ့အရပ်ထဲ
ဒီနေ့
သက်ပြင်းတွေခဏခဏ လိပ်ပြာလွင့်တယ်
သဘောတရားအမှားတွေ ဝတ္တရားတွေများများလာတယ်
တိမ်မှန်ရင်ရွေ့ရမတဲ့လား
အေးလေ........ငါ့ရင်ဘက်ကလည်း
မိရိုးဖလာတိမ်သလာ
ကံဇာတ်ဆရာနဲ့စိမ်ပြေးတမ်းကစားတယ်
ဒီနေ့
ကောင်းကင်နဲ့မြေပြင်အသိသက်သေ
အိပ်မက်နဲ့တိမ်လက်မှတ်ထိုးတယ်
ရာသက်ပန်ရိုးမြေကျပေါင်းရပါစေသားတဲ့
ဒီနေ့
တိမ်မှောင်မဲမဲ အလွမ်းမိုးတွေသည်းလိမ့်မယ်
ရွာရန်ရွာနှုန်းခပ်ပြင်းပြင်း
အိပ်မက်တွေအဖော်လုပ်ရင်း
ပုစဉ်းရင်ကွဲတစ်ကောင်ကတော့ သူဆိုနေကျတေးသွားအတိုင်းပဲ
ကံဇာတ်ဆရာကတော့ ဖာသိဖာသာပေါ့
မပြောမဆိုလှည့်ထွက်သွားခဲ့တယ်
Goodbye..........တဲ့
.........................................................။
အားလုံးကိုခင်မင်လေးစားလျက်
လိုအပ်တာဖြည့်တွေးပေးကြပါဗျာ
This posting includes an audio/video/photo media file: Download Now
Posted: 13 May 2012 12:23 AM PDT
ငွေအသပြာရဲ့ တခါးခေါက်သံကြားမှ တခါးဖွင့်ပေးချင်တဲ့
လောကဓံရဲ့ ခြေဖဝါးအောက်မှာ
မျှော်လင့်ခြင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့
သေဆုံးနေခဲ့ရတယ်.....
ဆုတောင်းတိုင်း ပြည့်မယ်ဆိုရင်
ဒီစာသားပါတဲ့ သီချင်းကို ဆိုဖို့မလိုသလို
ဒီကဗျာကိုလဲ ရေးလိုက်မိမယ် မထင်ဘူး
ခံစားမှုက ဓားအိမ်ထဲကဓားလို
ဆွဲထုတ်လိုက်တိုင် အသွားတလက်လက်...
လကာင်္မချောချင် နေပါစေ
မုသားတော့ မသုံးချင်ဘူး
ဥပေကာ တရားအတွက်
နိမ့်ကျသွားတဲ့ပုခုံးတွေပေါ်
ချစ်ခြင်းတွေထားဝရ ရှင်သန်နေဆဲ...
ဒီကဗျာလေးရေးလိုက်မိတဲ့ ငါ့ရဲ့အပြုံးမှာ
အမုန်းတော့မပါစေ ချင်ဘူး
               (face book    ကတွေ့လို့ တင်လိုက်တဲ့ကဗျာလေးပါ)
Posted: 12 May 2012 11:42 PM PDT
ဗုဒ္ဓဘာသာနှင့်အင်္ဂလန်နိုင်ငံ
အင်္ဂလန်နိုင်ငံသည် ဥရောပတိုက်၌ ဗုဒ္ဓဘာသာအထွန်းကားဆုံး နိုင်ငံဖြစ်၏။ ဗုဒ္ဓသာသနာထွန်းကားသည်မှာ
ယခုမှမဟုတ်။ ပထမကမ္ဘာစစ်မဖြစ်မီက စ၍ အင်္ဂလန်နိုင်ငံ၌ ဗုဒ္ဓဘာသာအသင်းများ ဗုဒ္ဓ၀ါဒလေ့လာရေးအဖွဲ့
များနှင့် ဗုဒ္ဓဓမ္မဂျာနယ်များရှိခဲ့၏။ ထိုသို့အင်္ဂလန်နိုင်ငံ၌ ရှေးပဝေဏီက စ၍ ဗုဒ္ဓဘာသာထွန်းကားခဲ့ခြင်းမှာ
ဒေါက်တာရိုင်း(စ်)ဒေးဗစ် စသော ပါဠိပညာရှင်များ၏ ဗုဒ္ဓစာပေများ ဘိက္ခူအာနန္ဒာ မေတ္တယျ မစ္စတာ ခရစ္စ
မတ် ဟန်ဖရီကဲ့သို့သော ဗုဒ္ဓ၀ါဒီ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တို့၏ ကြိုးပမ်းမှုများ၊ မြန်မာသီဟိုဠ်၊အိန္ဒယ ဗုဒ္ဓ၀ါဒီ
တို့၏ ကူညီအားပေးမှုများကြောင့် ဖြစ်ပေသည်။
လန်ဒန်မြို့၌ အကြီးဆုံး ဗုဒ္ဓဘာသာအသင်းမှာ အင်္ဂလိပ်ဗုဒ္ဓဘာသာဝင်များ ဖွဲ့စည်းတည်ထောင်ထားသော
အသင်းဖြစ်၏။ အသင်း၏ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာကို လေ့လာ၍ ကျင့်ကြံအားထုတ်ရန်နှင့် စာပေထုတ်
ဝေပြန့်ပွားစေရန်ဖြစ်၏။ အသင်းဝင်ကြေးမှာ အင်္ဂလန်ပြည်တွင် နေထိုင်သူတို့အတွက် တစ်နှစ်လျှင် ၂ပေါင်
၅၀ပဲနိ ဖြစ်၍ အမေရိကန်နှင့် ကနေဒါအတွက် ၅ဒေါ်လာ၊ အခြားနိုင်ငံများအတွက် ၂ပေါင်ဖြစ်၏။ ရာသက်
ပန်အသင်းသားဖြစ်လိုပါက အင်္ဂလန်အတွက် ၂၅ပေါင်၊ အခြားနိုင်ငံများအတွက် ၁၅ပေါင် ပေးရ၏။ အသင်း
က (အလယ်လမ်း) အမည်ဖြင့် တစ်နှစ်လျှင်လေးကြိမ် ဗုဒ္ဓဓမ္မဂျာနယ်စာစောင်ထုတ်ဝေ၏။ အသင်းသားများ
အားဂျာနယ်ကိုအခမဲ့ပေး၏။ အသင်းသားမဟုတ်သူများအတွက် တနှစ်လျှင် အင်္ဂလိပ်ငွေ တစ်ပေါင်ပေးရ၏
အသင်း၏စာကြည့်တိုက်၌ ဗုဒ္ဓဘာသာစာအုပ်ပေါင်း လေးထောင်ခန့်ရှိ၍ အသင်းသားများ ငှားရမ်းဖတ်ရှုနိုင်
၏။ လန်ဒန်မြို့ပေါ်၌ အခြားဗုဒ္ဓဘာသာ အသင်းလေးခုရှိပြီး အောက်စဖို့၊ကိန်းဗရစ် စသောတက္ကသိုလ် ငါးခု၌
ဗုဒ္ဓဘာသာအသင်းအဖွဲ့များရှိ၏။ လီဗာပူး၊နိုဗာ၊မန်ချက်စတာ၊အီဒင်ဗာ၊ဟမ်းရှိုင်းယား စသောမြို့ကြီး ၁၂ မြို့၌
လည်း ဗုဒ္ဓဘာသာစာပေ လေ့လာ၍ ဗုဒ္ဓဓမ္မကို ကျင့်ကြံအားထုတ်ရန် ဖွဲစည်းထားသော ဗုဒ္ဓ၀ါဒီအဖွဲ့များကို
တွေ့ရပေ၏။
အင်္ဂလိပ်ဗုဒ္ဓ၀ါဒီတို့သည် သဒ္ဓါယုံကြည်စိတ် ပြင်းပြလှပေရာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက လန်ဒန်မြို့ကို
ဂျာမန်တို့ သဲသဲမဲမဲ ဗုံးကြဲတိုက်ခိုက်နေသောအချိန်၌ပင် ရက်သတ္တတပတ်လျှင် သုံးလေးကြိမ်မျှ တရားဆွေး
ပွဲများ မှန်မှန်ပြုလုပ်ခဲ့ကြ၏။ ဓမ္မစာစောင် ထုတ်ဝေသည့်အပြင် ဗုဒ္ဓဘာသာစာအုပ်စာတမ်းများ ရေးသားဖြန့်
ချိခြင်း၊တရားပွဲနှင့်ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ဗုဒ္ဓနေ့ ကျင်းပခြင်း ၊ နွေရာသီ ဗုဒ္ဓဘာသာသင်တန်း ဖွင့်လှစ်
ခြင်း စသည်ဖြင့် အင်္ဂလိပ် ဗုဒ္ဓ၀ါဒီတို့၏ သာသနာရေးလုပ်ငန်းများမှာ စုံလင်များပြားလှပေ၏။
အနောက်နိုင်ငံ ဗုဒ္ဓဘာသာသမိုင်းကို ရေးသားရမည်ဆိုပါက လန်ဒန်ပါဠိစာပေအသင်း၏ ကဏ္ဍကိုကျွန်ုပ်တို့
မေ့ထား၍ရမည်မဟုတ်ချေ။ဤအသင်းသည် အနောက်နိုင်ငံ ဗုဒ္ဓစာပေပြန့်ပွားမှုလုပ်ငန်းကို ထိထိရောက်
ရောက် ဆောင်ရွက်ခဲ့သောအသင်းဖြစ်၏။ အသင်း၏ ကြိုးပမ်းမှုကြောင့် ယခုအခါ ပိဋိကတ် ပါဠိတော်အား
လုံးကို ရောမအက္ခရာဖြင့် ထုတ်ဝေပြီး၍အဘိဓမ္မာကျမ်း အနည်းငယ်မှတပါး အခြားပါဠိတော်အားလုံးကို
အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပြီးဖြစ်ပေပြီ။ အသင်းမှာ ရေးသားပြုစုသောပါဠိ အင်္ဂလိပ် အဘိဓါန်ကြီးမှာအ
နောက်နိုင်ငံ ဗုဒ္ဓစာပေနယ်၌ ထင်ရှား၍ ပါဠိစာပေလေ့လာသော သုတေသီတို့အဖို့ အသုံးဝင်လှပေ၏
လန်ဒန်ဗုဒ္ဓဘာသာအသင်းဝင်က ရေးသားပြုစုခဲ့သော စာအုပ်အတော်များများရှိသည့်အနက် စာအုပ်
နှစ်အုပ်မှာ အင်္ဂလိပ်ဗုဒ္ဓစာပေနယ်၌ ထင်ရှား၍ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံ၌ပင် အလားတူ
စာအုပ်မျိုးမရှိသေးချေ။
၎င်းစာအုပ်များမှာ ဗုဒ္ဓ၀ါဒ သရုပ်ပြအဘိဓာန်နှင့် ဗုဒ္ဓစာပေလမ်းညွှန်ဖြစ်၏။ သရုပ်ပြအဘိဓာန်၌ ဗုဒ္ဓ၀ါဒ
ဆိုင်ရာ သိမှတ်ဖွယ်ရာများကို အက္ခရာစဉ်ဖြင့် အတိုချုပ်ရှင်းပြထား၍ စာပေလမ်းညွှန်ဖြစ်၏။ ယနေ့အ
ထိ ပုံနှိပ်ထုတ်ဝေပြီးသော အင်္ဂလိပ် ဗုဒ္ဓဘာသာစာအုပ်ကို စာရေးသူအမည်၊အဖိုး၊ပုံနှိပ်တိုက်၊ပုံနှိပ်သော
နှစ်စသည်ဖြင့် တိကျစုံလင်စွာ ညွှန်ပြထား၏။
ဦးအေးမောင် ရေးသားသော ဗုဒ္ဓအမြင်လူသားစွမ်းအင် စာအုပ်မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။
ဗုဒ္ဓဘာသာကို ပိုမိုသက်ဝင်ယုံကြည်လာကြစေရန်ရည်ရွယ်ပါသည်။
Posted: 12 May 2012 11:39 PM PDT
(NET ထည်းမှာထားရစ်ခဲ့ )
ချက်ဘောက်မှာ.....မက်လောက်စရာ
       စကားလေးတွေနဲ့ စ.....
ဆုံခဲ့ ရတဲ့ နင်နဲ့ ငါ.....ကြာလာတော့ 
       ချစ်သူတွေဖြစ်....အချစ်ရှိရာအချစ်လာ
           ဒါဟာဆုံမှတ်တစ်ခုရဲ့ နေရာလား........
အနေခြားရွှေအားငယ်လျှက်.....
        ချစ်ရက်ကရှည်......နှစ်သက်တွေအလီလီပြောင်း
        အဟောင်းတွေကအသစ်ဖြစ်.....တရစ်ရစ်နဲ့ 
       အချစ်ရဲ့ ကျေးကျွန်.....နွံမှာနစ်ခဲ့ တဲ့ ငါ
       ကြာလာတာနဲ့ အမျှ....ခနခနသံယောဇဉ်တွေအမြစ်တွယ်
       အချစ်နယ်တောမှာ.....မျောခဲ့ တဲ့ နင်နဲ့ ငါ
       တကယ်ပါအလွမ်းခြင်းဆက်
       NET ထည်းမှာကျခဲ့ တဲ့ မျက်ရည်
       တာရှည်တဲ့ မိုးလိုပါဘဲလား.................................
အခုတော့ ဟယ်..........
       ယုံစားခဲ့ တဲ့ ငါ့ ရဲ့ အချစ်
       နင်ပုံထားလို့ ပစ်ခဲ့ ပြီလား
       အစစ်လို့ ထင်ခဲ့ တဲ့ နင့် ရဲ့ အချစ်
       အသစ်တွေ့ လို့ နင်ပြေးလေသလား
       ဆွေးနေရသူငါ့ အတွက်
       NET ထည်းမှာနေ့ တိုင်းရှာ
       ပေါ်မလာတော့ ရင်မှာမော
       သောကတွေနင်ပေးရက်
       NET ထည်းကဆုံမှတ်မှာ.....အယုံဇာတ်လာသွင်းလို့ 
       ငါ့ ရဲ့ ချစ်ခြင်းတွေ.....နင်နင်းချေခဲ့ လေသလား
       ထားသွားခဲ့တဲ့ ချစ်သူ....ငါအပြစ်မယူပါဘူးဟယ်
       တကယ်တော့ ဒီဆုံမှတ်ရဲ့ ရလဒ်က
       ငါ့ ဇာတ်မှငါမနိုင်....ငါ့ ကံကိုကမခိုင်တာလေဘဲနော်
       တော်ရာမှာပျော်နိုင်ပါစေတော့ ..........ချစ်သူရေ...........
                                                    Kyawshein.....
This posting includes an audio/video/photo media file: Download Now
Posted: 12 May 2012 11:27 PM PDT
ဆံပင်က ရှည်တာနှေးတယ် ကျွတ်လည်း အရမ်းကျွတ်တယ်ဆိုရင်တော့ ဆံပင်တွေဟာ လုံလောက်တဲ့
အာဟာရမရလို့ပဲပေါ့။ လူတွေတောင် အဟာရပြည့်ပြည့်၀၀ မစားသောက်ရရင် ပိန်လှီသေးကွေးနေတတ်သေးတာလေ။ ဒီလောက်ဆိုရင် အရိပ်ပြအကောင်မြင်တတ်တဲ့ ရင်နှင်းသူငယ်ချင်းတွေ ရင်နှင်းဘာပြောမလဲသိနေလောက်ပြီ။ ဆံပင်တွေလည်း လိုအပ်တဲ့ အာဟာရတွေရှိမှ ကောင်းကောင်းရှင်သန်နိုင်မှာပေါ့။ ဒါကြောင့် အာဟာရပြည့်ဝအောင် စားသောက်ဖို့ လိုပါတယ်။ အထူးသဖြင့် ဆံပင်သန်စွမ်းဖို့ အဓိကလိုအပ်တဲ့ အာဟာရလေးတွေကိုပေါ့။
Foods For Hair
a . ဆံပင်ကို ပရိုတိန်းလို့ ခေါ်တဲ့အသားဓာတ်တွေနဲ့ ဖွဲ့စည်းထားတာလေ။ အဲဒီတော့ ဆံပင်သန်ချင်ရင် အသားဓာတ်များများ စားဖို့လိုတာပေါ့။ အသား၊ ငါး ၊ ပဲအမျိုးမျိုး၊ ဥ၊ နို့ထွက်ပစ္စည်း၊ ပဲပင်ပေါက်တို့မှာ အသားဓာတ်များများပါတော့ များများစားပေးနော်။
b . အိုင်အိုဒင်းဓာတ်က ဆံပင်သန်စေတယ်လေ။ အိုင်အိုဒင်းဆားသုံးပေါ့။ ပင်လယ်စာတွေမှာလည်း အိုင်အိုဒင်းဓာတ် ပါပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိပြုအုံးနော်။
c . သံဓာတ်ကလည်း ဆံပင်သန်စွမ်းဖို့အတွက် အရေးပါတဲ့ ဓာတ်လေးပေါ့။ အဲဒီတော့ သံဓာတ်များများပါတဲ့
အသား၊ အသည်း၊ ဟင်းနုနွယ်၊ ဘူးညွှန့်တွေကို များများစားပါ။
d . ဗီတာမင်စီက ခန္ဓာကိုယ်သံဓာတ် စုပ်ယူမှုကို အားကောင်းစေသလို ဆံပင်ကိုလည်း ကျန်းမာသန်စွမ်းစေလို့ နေ့စဉ်စားတဲ့အစားအစာတွေထဲမှာ ဗီတာမင်စီဓာတ် လုံလုံလောက်လောက်ပါဖို့ လိုတယ်နော်။
e . ဖောလစ်အက်စစ်တွေပါတဲ့ အစားအစာတွေ များများစားပေးရင်လည်း ဆံပင်တွေ ကျန်းမာသန်စွမ်းစေ
ပါတယ်။
f . Biotin လို့ခေါ်တဲ့ ဗီတာမင် B3 နဲ့ ဗီတာမင်ဘီအုပ်စုတွေနဲ့ ဗီတာမင်အီး၊ ဗီတာမင်အေ ကလည်း ဆံပင်အတွက် အရမ်းအရေးပါတယ်နော်။ ဦးရေပြားကို သွေးများများသွားစေတော့ လိုအပ်တဲ့ အဟာရဓာတ်တွေများများရပြီး  ဆံပင်တွေလည်း သန်တာပေါ့။
ဘယ်ဗီတာမင်ကို ဘယ်အစားအစာကနေ ရနိုင်တယ်ဆိုတာကို သဘာဝရဲ့အာဟာရမှာ ဖတ်ကြည့်နော်။
Avoid Certain Foods
ဆံပင်မကျွတ်အောင် ဆံပင်သန်အောင် ဘာတွေစားရမလဲဆိုတာ သိပြီးပြီဆိုတော့ ရှောင်ရမယ့် အစားအစာတွေကိုလည်း ပြောပြမယ်နော်။
a . ဆေးလိပ်၊ အရက်၊ ကော်ဖီနဲ့ အချိုတွေကို အများကြီးစားသောက်ရင် ဆံပင်ကျွတ်တတ်သတဲ့။ ရင်နှင်းကတော့ ယောင်္ကျားတွေ ထိပ်ပြောင်ရတဲ့အကြောင်းရင်းကို နည်းနည်းသဘောပေါက်သလိုလိုတော့ ရှိလာပြီ။ :D
b . ကိုလက်စရောများတဲ့ အစားအစာတွေ၊ ဆီကြော်တွေ၊ တိရစ္ဆာန်ဆီတွေကို များများစားရင်လည်း ဆံပင်ကျွတ်နိုင်တယ်နော်။
c. ဆားကို အများကြီးစားတာကလည်း ဆံပင်ကျွတ်စေတယ်လေ။ ဒါကြောင့် ဆားကိုလည်း တော်ရုံပဲစားပါ။ သွေးတိုးမှာလည်း မပူရတော့ဘူးပေါ့။ :D
ဆံပင်တွေ  ကျွတ်တာသက်သာပြီး  ဆံပင်တွေသန်ဖို့အတွက်  အစားအသောက်ကို ဂရုစိုက်ရမယ်။ ပြီးတော့ ဆံပင်လေးတွေကို ဂရုစိုက်ဖို့လည်း လိုပါသေးတယ်
myanmarskylink.comမှာကူးယူဖော်ပြပါတယ်ဗျာ..
Posted: 12 May 2012 11:11 PM PDT
သူငယ်ချင်းရဲ့ အသားအရေက ခြောက်သွေ့နေလား၊ အဆီပြန်နေလား၊ ပေါင်းစပ်အသားအရေလား၊ ဆဲလ်အသေတွေကြောင့် ညိုညစ်နေလား၊ ၀က်ခြံတွေနဲ့လား၊ အရေးအကြောင်းတွေပေါ်နေတဲ့အသားအရေလား?? စိတ်မပူပါနဲ့။ အားလုံးအတွက် ပေါင်းတင်နည်းကိုယ်စီရှိပါတယ်။ လုပ်ကြည့်ပါဦးနော်။
ခြောက်သွေ့တဲ့အသားအရေ
Avocado honey mask
ကြိတ်ချေထားတဲ့ထောပတ်သီးနဲ့ ပျားရည်လက်ဘက်ရည်ဇွန်း၂ဇွန်းစာစီရယ်၊ ကြက်ဥအနှစ်တစ်လုံးရယ်ကို သေချာရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ်၂၀ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။
အဆီပြန်တဲ့အသားအရေ
Lemon Egg Mask
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး အမြှပ်ထွက်အောင် ခေါက်ထားတဲ့ကြက်ဥအကာနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။
Stawberry honey cream mask
အမှည့်လွန်နေတဲ့ အရွယ်တော်စတော်ဘယ်ရီသီး ၄လုံး၊ အစိုဓာတ်ထိန်းခရမ် (နှစ်သက်ရာ) လက်ဘက်ရည်ဇွန်း
၂ဇွန်း၊ ပျားရည်လက်ဘက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။
ပေါင်းစပ်အသားအရေ
Cucumber Yogurt Mask
သခွားသီး အရွယ်တော်တစ်ခြမ်းကို ကြိတ်စက်နဲ့ ကြိတ်ပြီး ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သေချာရောမွှေပေးပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။
ဆဲလ်သေတွေနဲ့ ညိုညစ်နေတဲ့အသားအရေ
Papaya Mask
သဘောင်္သီးတစ်လုံးကို အခွံခွာပြီး အစေ့တွေကို ဖယ်ထားပါ။ အသားကို ကြိတ်စက်ထဲထည့်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာအနှံ့လိမ်း လိုက်ပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။
ဝက်ခြံရှိတဲ့အသားအရေ
Apple Honey Mask
အရွယ်တော်ပန်းသီးတစ်လုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ပျားရည်စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။
အရေးအကြောင်းရှိတဲ့အသားအရေ
Banana Mask
ငှက်ပျောသီးတစ်လုံးရဲ့လေးပုံ၁ပုံကို ချေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၂၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။
Helpful Hints
- သစ်သီးတွေဟာ အသားရေအတွက် အကောင်းဆုံးအရာတွေပါ။ အသားအရေကို ၀င်းလက်စိုပြေစေပြီး နုပျိုလန်းဆန်းစေတဲ့ သဘာဝရဲ့လက်ဆောင်တွေပါ။
- ပေါင်းတင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရမ်တစ်ခုခုလိမ်းပေးရင် အသားအရေပိုမိုနူးညံ့ချောမွတ်စေပြီး ပေါင်းဆေးရဲ့အာနိသင်လည်း ပိုထိရောက်ပါတယ်။
- ပေါင်းတင်တဲ့အချိန်မှာဖြစ်ဖြစ်၊ မျက်နှာပေါ်မှာတစ်ခုခုလိမ်းနေတဲ့အချိန်မှာဖြစ်ဖြစ် အားနဲ့ပွတ်လိမ်းတာမျိုး မလုပ်ပါနဲ့။ အရေပြားဆဲလ်လေးတွေပျက်စီးပြီး စပ်ဖျဉ်းဖျဉ်းလေး ဖြစ်လာနိုင်ပါတယ်။
- တစ်ပါတ်တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် အသားအရေပြဿနာတွေ တဖြည်းဖြည်းနဲလာပြီး ဇရာကိုလည်း နှေးစေပါတယ်။
- ပေါင်းတင်ပြီးအသားအရေက အရမ်းကိုနုပြီး နေလောင်ဒဏ်ကို ပိုခံရနိုင်လို့ ၁ ရက်လောက် နေပူဒဏ်က ပိုပြီးသေချာကာကွယ်သင့်ပါတယ်။ကဲ သူငယ်ချင်းတို့ ဘယ်အသားအရေရှိရှိ စိတ်ပူစရာမလိုတော့ဘူးနော်…
Myanmarskylink.comမှာကူးယူဖော်ပြပါတယ်ဗျာ..
You are subscribed to email updates from Everyone's Blog Posts - ရွှေမြန်မာဥယျာဉ်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610