This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, April 12, 2012

NLD အမတ်တွေ လွှတ်တော်မှာ ကျန်းသစ္စာဆိုရခက်

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ရွတ်ဆိုကြဖို့ဟာ မဖြစ်နိုင်
NLD အမတ်တွေ လွှတ်တော်မှာ ကျန်းသစ္စာဆိုရခက် by-VOA

သမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဧပြီ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးဟာ မနက် (၁၁) နာရီကနေ (၁၂) နာရီ (၂၇) မိနစ်အထိ တစ်နာရီခွဲနီးပါးကြာ သီးသန့် တွေ့ဆုံခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားတဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗီအိုအေကို ပြောပါတယ်။ ဆွေးနွေးမှုအပြည့်အစုံကို နှစ်ဘက်စလုံးက သတင်း ထုတ်ပြန်ခြင်းမရှိပါဘူး။ လွှတ်တော်တွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရဲ့အကျိုးစီးပွားတွေ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဦးသိန်းစိန်နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဦးခွန်သာမြင့်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ (၂၃) ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထအစည်းအဝေး စတင် ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်နှစ်ရပ် ရွေးကောက်ခံ ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခါ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ရွတ်ဆိုကြဖို့ဟာ မဖြစ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီစာသားတွေ ကို အချိန်မီပြင်ဆင်ပေးရင် NLD ရဲ့ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ကို တက်နိုင်မှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက Reuters သတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။ NLD အနေနဲ့ အခုပြီးစီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ရတဲ့ ရည်ရွယ်ချက် သုံးခုထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဟာ တစ်ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အတိအလင်း ကြေညာခဲ့တာဖြစ်ပါတယ်။

မနေ့က တွေ့ဆုံပွဲအပြီးမှာ သမ္မတဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က နေ့လည်ပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာခဲ့ပါတယ်

Android ဟန်းဖုန်းများအတွက် လွန်စွာအသုံးတည့်မည့် မြန်မာ Application - Mobile App Viewer for Android

ရေးသားသူ - ကိုသက်နိုင်စိုး
လိုချင်တဲ့သူတွေကိုပြန်လည်ဝေမျှလိုက်ပါတယ်။
မြန်မာ Mobile App မှာတင်ထားတဲ့ Android application တွေကိုဖုန်းထဲကနေ တိုက်ရိုက် download လုပ်ဖို့အတွက် ဒီ Android application လေးကိုထုတ်ဝေလိုက်ပါတယ်။ မြန်မာ Mobile App Website ထဲကိုဝင်စရာမလိုဘဲ Site မှာတင်ထားတဲ့ app တွေကို ဖုန်းထဲကနေတိုက်ရိုက် download လုပ်နိုင်ဖို့ရည်ရွယ်ပါတယ်။
ဒီ application လေးကိုဖုန်းထဲမှာသွင်းထားပြီး မိမိဖုန်းမှာ Wifi/3G အင်တာနက်ကွန်နက်ရှင်ရှိမယ်ဆိုရင် မြန်မာ Mobile App မှာတင်ထားတဲ့ app တွေကို ဖုန်းထဲကနေ direct download လုပ်နိုင်ပါပြီ။
ဒီ application မှ ဖုန်းဆော့ဝဲတစ်ခုချင်းစီရဲ့ အကြောင်းအရာများ ၊ စာများကို မြန်မာဘာသာနဲ့ရေးသားထားတဲ့အတွက် မြန်မာစာဖတ်ရှုနိုင်ဖို့ မိမိဖုန်းဟာ မြန်မာဖောင့်သွင်းထားပြီးဖြစ်ရပါမယ်။ မြန်မာဖောင့်မသွင်းရသေးတဲ့ဖုန်းဆိုရင်တော့ ဒီ application ထဲက မြန်မာစာများကိုမြင်ရမှာမဟုတ်ပါဘူး။
မြန်မာ Mobile App Viewer for Android ကိုအောက်က ကြိုက်နှစ်သက်ရာ link မှ download ရယူနိုင်ပါတယ်။

မြန်မာ Mobile App Viewer for Android အားရယူရန်(Dropbox link)
မြန်မာ Mobile App Viewer for Android အားရယူရန်(Minus link)
မြန်မာ Mobile App Viewer for Android အားရယူရန်(Ziddu link)

MMAS Viewer သုံးပုံသုံးနည်း
-မြန်မာ Mobile App Viewer ဆော့ဝဲကိုလည်းသွင်းပြီး ဖုန်းကို အင်တာနက်ကွန်နက်ရှင်လည်းချိတ်ထားပြီးလို့ ဆော့ဝဲထဲကိုဝင်ကြည့်တာ application တစ်ခုမှ မတွေ့ရတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့တယ်ဆိုရင် ဖုန်းရဲ့ setting => Applications => Manage Applications ထဲကိုဝင်ပြီး MMAS Viewer ထဲကိုဝင်ပါ။ အောက်ပုံအတိုင်းပါ။

-Clear data ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ပြီးလျှင် မြန်မာ Mobile App Viewer ဆော့ဝဲထဲကိုပြန်ဝင်ကြည့်ပါက တင်ထားသော application များကိုတွေ့ရပါလိမ့်မယ်။

သွေးအားကောင်းစေရန်

သွေးအားကောင်းစေရန်




မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. .

ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်. .

ဆလတ်ရွက်သည်လည်းကောင်း ၊ဟင်းနုနွယ်ရွက်တို့သည်. သွေးအားနည်းရောဂါကာကွယ် စေသော အရွက်ဖြစ်ပြီး သံဓာတ်များ အလွန်ကြွယ်ဝပါသည်. . . ၄င်းကဲ့သို့ သံဓာတ်ကြွယ်ဝသည့် အပြင် ပရိုတိတ်း ဓာတ်ပါရရှိစေနိုင်သည့် အစားအစာတစ်မျိုးမှာ ပဲပုတ်( Soya Bean) ဖြစ်ပါသည်. . ၄င်းကို ပဲနို့ရည် အသွင်ဖြင့် ထုတ် လုပ်ကြပြီး အစာကြေညက်လွယ် စေ၍ လူကြိုက်များလှပါသည်. .

မက်မွန်သီး ခုနှစ်လုံးခန့်ကို ရေတွင် နှစ်နာရီ ခန့်စိမ်၍ မှုန့်ညက်အောင် ကြိတ်ခြေပြီး သုံးလခန့် နံက်တိုင်း စားသုံးပေးလျှင် သွေးအားကောင်းစေပါတယ်.

နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေးထဲတွင် နာရီ အတန်ကြာ စိမ်ထားပြီး ကြိတ်၊မွှေထားသော အရည်များ အဖတ်များ ကို နို့တစ်ခွက် (သို့) အခြားအချိုရည် တစ်ခုခုနှင့် တွဲဖက် သုံးဆောင်ပေးပါကလည်း သွေးအားနည်းရောဂါကို ပျောက်ကင်းစေပါသည်. . . နှမ်းနက်စေ့သည် သွေးအားကောင်းစေသည့် ဆေးကောင်း အရင်းအမြစ်တစ်ခုပင်ဖြစ်ပါသည်.

Ref:Poem Flower

မေမွန်ကျော်

ဘယ်သူများ …ဘာတတ်နိုင်ကြသေးတုံး...ရိုက်ချက်ကတော့ ကမ်းကုန်ပါပဲ…

ဂေါ်ဖီအတု…

ကျွန်တော်တို့ ရွှေပြည်ကြီးရဲ့ အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်ကြီးများကတော့ တစ်မျိုးနဲ့ တစ်မျိုး
မရိုးရအောင်ပါပဲ….
အခုတစ်ခါလည်း ဂေါ်ဖီအတုပါတဲ့ …
ဘယ်သူသေသေ ကိုယ်ချမ်းသာယင်ပြီးရောဆိုတဲ့ စိတ်ထားရှိတတ်ကြတာ အံ့ သြလို့ မဆုံးပါ
ဘူး…
ဒီလိုစိတ်မျိုးဆိုတာကလည်း တရုတ်မှ၊ ဗမာမှ၊ ကုလားမှ မဟုတ်ပါဘူးလေ…
တစ်ဦးချင်းစီရဲ့ စိတ်နေသဘောထား၊ ခံယူချက်နဲ့ ဆိုင်ပါတယ်…
ဘာပဲဖြစ်ဖြစ်လောလောဆယ်တော့ အင်တာနက်ပေါ်ရောက်လာတာ တရုတ်ပြည်ကမို့ တရုတ်
လုပ် အစားအစာအပြင်၊ အသီးအနှံပါ စိတ်မချရဘူးဆိုတာ သတိပြုစေချင်ပါတယ်…
ကဲဗျာ ….
ဘယ်သူများ ဘာတတ်နိုင်ကြသေးတုံး…
ရိုက်ချက်ကတော့ ကမ်းကုန်ပါပဲ…ကိုပီတာအတွေးပုံရိပ်မှကူးလာသည်။
(ရဲဇော်ကို)

အငှားကျွန်လုပ်ငန်း တိုးချဲ့မည့်သတင်းနှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတသို့ မေတ္တာရပ်ခံခြင်း


(နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့ဆိုတာ စာဖတ်သူများရဲ့ ထပ်မံ ဖြန့်ဝေပေးကြမှုအပေါ်မှာ မူတည်ပါတယ်)

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………..

လွန့်ခဲ့သည့် ရက်အနည်းငယ်ခန့်က မလေးရှားဝန်ကြီးချုပ် နာဂျစ်မှ နိုင်ငံတော်သမ္မကြီးထံသို့ လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ကူသန်းရောင်းဝယ်ရေး၊ စီးပွားရေးလုပ်ငန်းကိစ္စများ တွေ့ဆုံဆွေးနွေးရာတွင် မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ် တင်ပို့ပေးရန် လုပ်ငန်းကိစ္စတခုလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ထိုလုပ်ငန်းနှင့်ပတ်သတ်၍ မလေးရှားရောက် မြန်မာပြည်သားတဦးမှ သမ္မတကြီးအား မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ..

မြန်မာနိုင်ငံသည် ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ကို မြေစမ်းခရမ်းပျိုးလျက်ရှိပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။ တိုင်းတပါးသို့ အိမ်ဖော်တင်ပို့သည့်လုပ်ငန်းသည် တိုးတက်လာမည့် နိုင်ငံတော်သစ်အတွက် မည်ကဲ့သို့ အထောက်အကူဖြစ်နိုင်ပါသနည်း။ နိုင်ငံရပ်ခြားသို့ အိမ်ဖော်စေလွှတ်ခြင်းအားဖြင့် ရနိုင်မည့် အတတ်ပညာမှာ လူတဦး (သို့) မိသားစုတစု၏ အောက်ခြေသိမ်း ဝေယျာဝစ္စများဖြစ်သော အိမ်တွင်းဗာဟီရကိစ္စများ ပြုလုပ်ပေးရခြင်း၊ အတွင်းခံအ၀တ်အစားများမှအစ ခြေအိတ်အဆုံး လျှော်ဖွတ်ပေးရခြင်း၊ ချက်ပြုတ်ကျွေးမွေးရခြင်း၊ ကလေးထိန်းပေးရခြင်း စသည့်တို့သာ ဖြစ်ပါသည်။ အိမ်ဖော်အဖြစ် တင်ပို့ခံရမည့် အမျိုးသမီးတဦး၏ ကုန်လွန်ရမည့် အချိန်ကာလအတွင်း နိုင်ငံတော်မှ လူသားရင်းမြစ် ဆုံးရှုံးရသည့်အတွက် ပြန်လည်ရရှိလာမည့် အတတ်ပညာမှာ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူမဖြစ်နိုင်ဟု ထင်မြင်မိပါသည်။ ထိုအမျိုးသမီးငယ်များသည် အိမ်ဖော်လုပ်ငန်းသို့ တင်ပို့ခံရမည့်အစား ၄င်းတို့ထဲမှ အစွမ်းအစရှိသူများ ထိုကာလအတွင်း တဦးတယောက်မျှ ပေါ်ထွက်လာခဲ့ပါက တိုင်းပြည်အတွက် လွန်စွာတန်ဖိုးရှိလှပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံခြားဝင်ငွေရနိုင်သည်ဆိုသော အကျိုးအမြတ်တခုတည်းနှင့် နိုင်ငံ၏ အဖိုးတန်လှစွာသော လူသားရင်းမြစ်များ အချိန်ကာလတခုအထိ ဆုံးရှုံးရမည်ကို ထည့်သွင်းစဉ်းစားပေးပါရန် ပဏာမ မေတ္တာရပ်ခံလိုပါသည်ခင်ဗျား….။

သမ္မတကြီးခင်ဗျား…………..

သမ္မတကြီးတို့၏ လက်ရှိအစိုးရ မအုပ်ခင်အချိန် ယခင်စစ်အစိုးရလက်ထက်တွင် တိုင်းပြည်မှ လူသားရင်းမြစ်များစွာတို့သည် မိမိနိုင်ငံတွင် ၀မ်းစာဖူလုံအောင် ရှာဖွေမရနိုင်သည့်အတွက် တပြည်ရပ်ခြားတွင် အငှားကျွန်အဖြစ် လာရောက်လုပ်ကိုင်နေကြသည်မှာ ယခုအချိန်ထိပင် ရှိနေပါသေးသည်။ လက်ရှိ မလေးရှားနိုင်ငံတွင်လည်း မြောက်များစွာ ကျန်ရှိနေပါသေးသည်။ ထိုကဲ့သို့ မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေစဉ်ကာလအတွင်း ဘာသာစကားမကျင်လည်မှု၊ ပွဲစားများမှလိမ်လည်မှု၊ သူဌေးမှမတရားခိုင်းစေမှု၊ လုပ်ခလစာမရမှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ မတရားသဖြင့်ပြန်ပို့ခံရမှု၊ တရားဝင်ပတ်စပို့ အလုပ်လုပ်ခွင့်ပါမစ်များနှင့် နေထိုင်နေသော်လည်း အဖမ်းခံရမှု၊ စသည့်ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့၊ ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ထိုကဲ့သို့ ပြဿနာဖြစ်လာပါကလည်း ယခင်စစ်အစိုးရလက်ထက် မြန်မာသံရုံးများမှ မိမိလူမျိုးများအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးခဲ့ခြင်း လုံးဝ (လုံးဝ) မရှိခဲ့သည်မှာလည်း ယနေ့အချိန်ထိပင် ဖြစ်နေပါသေးသည်။ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာလူမျိုးများမှ နိုင်ငံတကာရှိ မြန်မာသံရုံးများကို အခွန်ရုံးဟုပင် တင်စားခေါ်ဝေါ်ရလောက်အောင် မြန်မာသံရုံးမှ အခွန်ကောက်သည့်အလုပ်တခုတည်းကိုသာ လုပ်ဆောင်ခဲ့ပါသည်။

သမ္မတကြီးဦးဆောင်သော လက်ရှိအစိုးရအနေနှင့် ပြည်သူများ၏အကျိုးကိုလိုလားပြီး တိုင်းပြည်တိုးတက်ကောင်းစားဖို့ရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါလျှင် အိမ်ဖော်တင်ပို့မည့်လုပ်ငန်းကို ဦးစားပေးမစဉ်းစားဘဲ မိမိတိုင်းပြည်နှင့်ခွဲခွာ၍ တိုင်းတပါးတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခများ၊ ပြဿနာများကို ပထမဦးစားပေးအဆင့်အနေနှင့် မြန်မာသံရုံးများမှတဆင့် တတ်နိုင်သလောက် ၀ိုင်းဝန်း ကူညီဖြေရှင်းပေးစေလိုပါသည်ခင်ဗျား…….။ ထပ်မံ၍လည်း တိုင်းတပါးတွင် သွားရောက်အလုပ်လုပ်ကြရန် မတိုက်တွန်းစေလိုဘဲ လက်ရှိ တိုင်းတပါးတွင် အငှားကျွန်အဖြစ် အလုပ်လုပ်နေကြရသည့် မြန်မာလူမျိုးများကိုသာ အနှေးနှင့်အမြန် ပြန်လည်ခေါ်ယူနိုင်ရန် စွမ်းဆောင်ပေးစေလိုပါသည်ခင်ဗျား…..။

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား……….

မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များ အိမ်ဖော်အဖြစ်တင်ပို့ရာတွင် ဖြစ်လာနိုင်မည့် အကြီးမားဆုံးပြဿနာမှာ ဘာသာစကားအခက်အခဲပင် ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် မလေးရှားဘာသာစကားနှင့် အကျွမ်းတ၀င် မရှိပါ။ မြန်မာအမျိုးသမီးသည် အင်္ဂလိပ်ဘာသာစကား အထိုက်အလျောက် ပြောနိုင်ပါသည် ဆိုစေကာမူ မလေးရှားလူမျိုးအများစုသည် အင်္ဂလိပ်ဘာသာစကားကို လိပ်ပတ်လည်အောင် ပြောနိုင်ခြင်းမရှိပါ။ မလေးရှားတွင် အင်္ဂလိပ်စကားကို အသုံးပြုပြောဆို၍ ရနိုင်မည့်နေရာများမှာ ရုံးများ၊ လူစည်ကားရာနေရာများ၊ စီးပွားရေးအချက်အချာကျရာနေရာများ စသည့်အနည်းငယ်သာ ရှိပါသည်။ သို့သော် အိမ်ဖော်ဆိုသည်မှာ ထိုကဲ့သို့သော နေရာများတွင် အလုပ်လုပ်ရမည် မဟုတ်ပါ။ အိမ်ဖော်ဆိုသည်မှာ အလုပ်ရှင်နှင့် နှစ်ဦးတည်းသာ ဆက်ဆံရမည် ဖြစ်ပါသည်။ ကြားမှကူညီပြောပေးရန်၊ ဘာသာပြန်ပြရန် တခြားသူမရှိပါ။ ပြဿနာတစုံတရာ ပေါ်ပေါက်ပါက နစ်နာရမည့်သူ၊ ခံရမည့်သူမှာ အိမ်ဖော်သာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘာသာစကားအခက်အခဲကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကိုလည်း ထည့်သွင်းစဉ်းစားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား………။

ပြီးခဲ့သည့်နှစ်များအတွင်းက ကမ္ဘောဒီယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အစိုးရများသည် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို ရပ်တန့်လိုက်ကြောင်း သတင်းများကိုလည်း သမ္မတကြီးတို့ ကြားသိပြီးဖြစ်ကြောင်း ယုံကြည်မိပါသည်။ အင်ဒိုနီးရှားဘာသာစကားသည် မလေးဘာသာစကားနှင့် လွန်စွာတူညီပါသည်။ မလေးရှားနိုင်ငံသို့ စရောက်စအင်ဒိုနီးရှားနိုင်ငံသားတိုင်းသည် မလေးဘာသာစကားကို ကျင်လည်စွာ ပြောဆိုနိုင်ကြပါသည်။ ထို့ကဲ့သို့သော အင်ဒိုနီရှားနိုင်ငံမျိုးကပင်လျှင် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို မည်ကဲ့သို့သော အကြောင်းရင်းများကြောင့် ရပ်တန့်ပစ်ခဲ့ရသည်ကို နိုင်ငံတော် သမ္မတကြီးတို့မှ ပညာရှိပီသစွာ မိမိနိုင်ငံသားတို့၏ အကျိုးကိုလိုလားစွာ သုံးသပ်ဆန်းစစ်စေလိုပါသည်ခင်ဗျား…….။

မလေးရှားအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေများကို ၁၉၅၅-ခုနှစ် မလေးရှားအက်ဥပဒေအတွင်း ထည့်သွင်းရေးဆွဲခဲ့ခြင်းမရှိပါ။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံသားအလုပ်သမားများနည်းတူ အကျိုးခံစားခွင့်ရှိကြောင်း သိရှိရပါသည်။ မလေးရှားအလုပ်ရှင်သူဌေးများသည် ရွေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားများနည်းတူ အကျိုးခံစားခွင့်ပေးရန် မဆိုထားဘိ၊ နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို အရင်းရှင်ဆန်စွာ ပြုမူဆောင်ရွက်လျက်ရှိကြသောကြောင့် အထက်ဖော်ပြပါ အလုပ်ရှင် အလုပ်သမားပြဿနာများသည် အချိန်တိုင်း၊ နေရာတိုင်းတွင် ဖြစ်ပေါ်လျက်ရှိပါသည်။ မလေးရှားအစိုးရအနေနှင့်လည်း အလုပ်လုပ်ခွင့်ပါမစ်ကြေးကိုသာ နှစ်စဉ်မပြတ်တောင်းယူလျက်ရှိပြီး ထိုထိုသော ပြဿနာများကို လျစ်လျူထားကြသည်။ ရွေ့ပြောင်းအလုပ်သမားများမှ မခံနိုင်၍ နီးစပ်ရာ NGOs များမှတဆင့် အစိုးရဌာနများသို့ တိုင်တန်းသောအခါတွင်လည်း နိုင်ငံသားအလုပ်ရှင်သူဌေးများဘက်မှသာ ဘက်လိုက်ဆုံးဖြတ်ပေးလေ့ရှိပြီး အလုပ်သမားများမှာ နစ်နာကြစမြဲသာ ဖြစ်သည်။ သို့ဖြစ်၍ ယခု မလေးရှားသို့ အိမ်ဖော်တင်ပို့ရေးလုပ်ငန်းတွင်လည်း အမျိုးသမီးငယ်များ၏ ဘ၀လုံခြုံမှုနှင့် အထွေထွေပြဿနာများအတွက် မလေးရှားဝန်ကြီးချုပ် နာဂျစ်၏ တာဝန်ယူနိုင်မှုအပေါ် သမ္မတကြီးတို့မှ အလေးထားစဉ်းစားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား…………။

လေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား….

နိဂုံးချုပ်အနေဖြင့် မေတ္တာရပ်ခံပြောကြားလိုသည်မှာ ကိုယ်ချင်းစာတရားနှင့် ပတ်သက်ပါသည်ခင်ဗျား……။ သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ အသက်အရွယ်သည် သမီးများ၊ မြေးမကလေးများနှင့် ပျော်ရွှင်ချမ်းသာစွာ နေနေကြသည့်အရွယ်များ ဖြစ်ပါသည်။ ထိုကဲ့သို့ ပျော်ရွှင်စွာနေနေကြမည့် သမီးများ၊ မြေးမကလေးများအား မိမိတို့ရင်ခွင်တွင်းမှနေ၍ တခြားနေရာဒေသသို့ အငှားကျွန်အဖြစ် အပို့ခံရမည်ဆိုပါလျှင် နာကျင်ကြေကွဲရမည်ဖြစ်သော သမ္မတကြီးတို့၏ ခံစားချက်များကို စဉ်းစားတွေးတောပြီး မိမိနိုင်ငံတွင်းမှ အမျိုးကောင်းသမီးငယ်များကို ရင်ဝယ်သားကဲ့သို့ သဘောထားကာ မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ်စေလွှတ်ရန် စီစဉ်နေမှုများကို ရပ်တန့်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား……………..။

မောင်ပါလ
(ပြည်ပရောက် မြန်မာလူမျိုးတဦး)
၁၂.၄.၂၀၁၂

--
Posted By မောင်ပါလ to မောင်ပါလ at 4/12/2012 04:45:00 AM

စာပေ၊ နည်းပညာ၊ သတင်းနှင့် အသိပညာဆိုင်ရာ Web Site လိပ်စာများ

ကျနော်စာကြည့်တိုက်ပေါ်တင်မလို့ သူငယ်ချင်းပေးပို့ တာပါ

စာပေ၊ နည်းပညာ၊ သတင်းနှင့် အသိပညာဆိုင်ရာ Web Site လိပ်စာများ

1. www.worldenglishinstitute.org (အင်္ဂလိပ်စာလေ့လာလိုသူများအတွက် TOEFL
အထောက်အကူပြုစာစဉ်ရရှိနိုင်သည်)
2. www.shareme.com (ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များအပါအ၀င်
ဆော့ဖ်ဝဲလ်များအကြောင်းစုံလင်စွ
ာရရှိနိုင်သည်)
 3. www.learningpage.com (ဘာသာရပ်အတော်စုံပါသည်။ လူလတ်ပိုင်းများလေ့လာသင့်သည်)
4. www.myanmarnlp.org.mm ( အင်္ဂလိပ်မှ မြန်မာသို ဘာသာပြန်ဆိုနိုင်သည့်
ဆော့ဖ်ဝဲလ်စမ်းသပ်ရန်အတွက် အခမဲ့ ရယူနိုင်သည်)
5. www.merriam-webster.com (အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနေရာဖြစ်သည်)
6. www.commerce-database.com (စီးပွားရေးစကားအသုံးများကို လေ့လာနိုင်သော
အဘိဓါန်ဖြစ်သည်)
7. www.computerweekly.com (နည်းပညာဆိုင်ရာ သတင်းစုံဖော်ပြထားသည်)
8. http://knowfree.net (စာအုပ်တော်တော်များများကို ဖတ်ရှုနိုင်၊ ကူးယူနိုင်သည်)
9. www.fixya.com ( အလွန်ကောင်းပါသည် အိမ်သုံးလျှပ်စစ်
ပစ္စည်းများအတွက်ပြင်ဆင်နည်း၊ အသုံးပြုနည်းများ အတော်စုံလင်ပါသည်)
10. www.universalclass.com (အွန်လိုင်းပေါ်မှ
အဝေးရောက်သင်ယူနိုင်သောတက္ကသိုလ်ဖြစ်သည်။ ရုပ်မြင်စနစ်ဖြင့်
တိုက်ရိုက်သင်ယူနိုင်သည်)
11. www.houseofplant.co.uk (အိမ်တွင်းပန်းအလှဆင်နည်းပညာများအကြောင်းလေ့လာနိုင်သည်)

*******************************************************************************************************************

ကွန်ပျူတာပညာရပ်များ


1. www.thelinuxlab.net www.lpi.org (Linux စနစ်ကိုလေ့လာနိုင်ရန်ဖြစ်သည်။
စာမေးပွဲများ အကြောင်းလည်ပါရှိသည်)
2. www.helpwithpcs.com (ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာတွေ့ရသည်)
 3. www.simplehelp.net (မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင်
မေးမြန်းနိုင်သည်)
4. www.asia-oss.net (Open Source စနစ်ကိုလေ့လာသူများ မဖြစ်မနေ၀င်လေ့လာသင်သည်)
 5. www.databasejournal.com (Database သီးသန့်စုစည်းထားသည်။
အလွယ်တကူသင်ယူနိုင်သည်)
 6. www.wwpi.com (ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည်)
 7. www.fstutorials.com www.psdfreebee.com (Photoshop နည်းပညာကို
စလယ်ဆုံးလေ့ကျင့်ခန်းများစွာဖြင့် လေ့လာနိုင်သည်)
 8. www.educational-software.com (ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာသင်ယူနိုင်သည်)
 9. www.educationalsoftware.co.uk (ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်သည်)
 10. www.okino.com (ဂရပ်ဖစ်သုံးဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည်)

 *********************************************************************************************8


အခမဲ့ရနိုင်သော E-mail များ


 1. www.emailaccount.com (Domain များစွာကို
စိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံးချ အခမဲ့ရသော mail ဖြစ်သည်)

 2. www.gawab.com (Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး
လွယ်ကူစိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံး ချ အခမဲ့ရသော mail ဖြစ်သည်)

 3. www.inbox.com (သုံးအားကောင်းပြီး လိုင်းဝင်ထွက်လွယ်ကူမြန်ဆန်ကာ 5GB
ပေးထားသော free mail ၀န်ဆောင်မှုဖြစ်သည်)

 4. www.hotmail.com (Microsoft မှ လွှင့်တင်ထားသော ၀န်ဆောင်မှုဖြစ်သည်)

5. www.mail.com (အလွန်ကောင်းမွန်သော ၀န်ဆောင်မှုများစွာကိုရရှိသုံးစွဲနိုင်သည်)

 6. www.myway.com (အလှဆုံးသောပြင်ဆင်မှုများဖြင့် ရရှိနိုင်သော ၀န်ဆောင်မှု ဖြစ်သည်)

7. www.dora.com (၎င်းတွင်လည်း ပြင်ဆင်ပုံအလှတစ်မျိုးနှင့် မြင်တွေ့ရရှိနိုင်သည်)

8. http://mail.yahoo.com (အတန်အသင့် နာမည်ရှိသော yahoo mail ဖြစ်သည်)

 9. www.eudora.com (နာမည်တော့ရှိပါတယ် မြန်မာပရိသတ်နည်းပါတယ်)

10. www.30gigs.net (အခမဲ့ 30GB ရရှိနိုင်သော မေးလ် ၀န်ဆောင်မှုဖြစ်သည်)

************************************************************************************************

 မြန်မာပရိသတ်တွေဟာ တစ်ခုခုရှာမယ်ဆိုင်ရင် google ကိုပဲ သတိရမိကြပါတယ်။

ဒါပေမယ် အခြားရှာဖွေရေးအင်ဂျင်အသစ်တွေပေါ်နေတယ်ဆိုတာကို အချို့က မသိကြပါဘူး။

 တစ်ချို့ ရှာဖွေရေးအင်ဂျင်တွေဆိုရင် google လောက်နီးပါးကောင်းမွန်ပြီး၊
အချို့ဆိုရင် သာတယ်လို့တောင်ဆိုနိုင်လောက်အောင်ကောင်းတာတွေ့ရပါတယ်။


အခု ရှာဖွေရေးအင်ဂျင်အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်……

 1. www.goodsearch.com

 2. www.kumo.com

 3. www.WolframAlpha.com

4. www.clusty.com

 5. www.dogpile.com


 6. www.bing.com

 7. www.altavista.com

 8. www.ask.com

9. www.lycos.com

10. www.webcrawler.com

 11. www.cuil.com

12. www.yahoo.com

13. www.ixquick.com

14. www.msn.com

15. www.alltheweb.com

16. www.excite.com စသည်တို့ပဲဖြစ်ပါတယ်

 စမ်းသပ်သုံးစွဲကြည့်ကြပါလို့ အကြံပြုပါရစေ

လွှတ်တော်သို့ဧပြီ ၂၃တွင် စတင်ဝင်ရောက်မည့် အမေ့အား ဂုဏ်ပြုလျှက်

စာရင်းတို့ ထားလိုက်စမ်းပါဗျာ
ဒေါ်အောင်ဆန်းစုကြည်အတွက်
အသက်ပေးရဲတဲ့အထဲမှာ ကျုပ်ပါတယ်လို့။  ( ပုဂံသား)

2012/4/11 ☺☺☺☺ ☺☺☺☺ <smith.mt354@gmail.com>
Inline image 1Inline image 2
Inline image 3Inline image 4
Inline image 5Inline image 6Inline image 7

Inline image 8Inline image 9
Inline image 10Inline image 11Inline image 12
Inline image 13
Inline image 14
Inline image 15Inline image 16Inline image 17
Inline image 18Inline image 19
ပြည်သူတို့ခေါင်းဆောင်ကောင်း ပြည်သူတို့ချစ်ခင်မြတ်နိုး လေးစားတန်ဖိုးထားရပါသော အမေစု အသက်ရာကျော်ရှည်ကာ ဒီမိုကရေစီ နိုင်ငံတော်ကြီး အပြီးတည်ဆောက်နိုင်ပါစေ.............ဆုတောင်းလျှက်

                                                                                                                   ပုဂံသား