This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, December 24, 2012

ဘင်္ဂလီများတိုက်ခိုက်သဖြင့် ရခိုင်ညီကို နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ၊ တစ်ဦး စစ်တွေဆေးရုံရောက်နေ

--------------------------------------------
မြောက်ဦးမြို့နယ်၊ ဇေယျဝတီကျေးရွာမှ ညီအစ်ကိုနှစ်ဦးဖြစ်သည့် ဦးစိန်လှနှင့် ဦးသာထွန်း တို့သည် မောင်းဆွဲတောင်တန်း၊တောင်ခြေတွင် မိမိတို့၏ တလင်းပြင်တွင် စပါးနယ်နေစဉ် မွန်းတည့် ၁၂ နာရီခန့်တွင် ပေါင်းတုတ်ကျေးရွာမှ ရှော်နီယာနှင့်မောင်မောင်ချေ ဆိုသောဘင်္ဂလီ ၂ ဦးအပါအ၀င် ဘင်္ဂလီ ၂၀ ဦးခန့် ရောက်ရှိလာခဲ့ပြီး ၀ိုင်းဝန်း ရိုက်ပုတ်ခဲ့ကြရာ နှစ်ဦး စလုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်ပါ သည်။
ထိုသို့ ဘင်္ဂလီများ အုပ်စုဖြင့်ချီတက်လာသည်ကိုမြင်သော ကျွဲကျောင်းနေသည့် ကလေးငယ်(ဦးသာထွန်း ၏ သားများ) နှစ်ဦးက တစ်မိုင်ခန့်အဝေးတွင်ရှိသော ရခိုင်လယ်တဲသို့ ပြေးသွားပြီး အကြောင်းကြားရာမှ ရ ခိုင်များလိုက်လာစဉ် ပြန်လည်နောက်ဆုတ်သွားခဲ့ကြောင်းသိရသည်။
အစ်ကိုဖြစ်သူ ဦးစိန်လှ(အသက်-၅၆နှစ်)(ဘ) ဦးအောင်စံသိန်းမှာ မြောက်ဦးဆေးရုံတွင် လက်မခံသဖြင့် ယနေ့ နံနက်ပိုင်းတွင် စစ်တွေပြည်သူ့ဆေးရုံ သို့ရောက်ရှိကာ အရိုးဆောင်တွင် တက်ရောက် ကုသမှုခံယူနေရကြောင်း သိရသည်။ ယနေ့ နေ့လည်ပိုင်းတွင် ခွဲစိတ်ကုသကာ ကျိုးသွားသော ဘယ်ဘက် လက်မောင်းရိုးအား ကျောက်ပတ်တီးစည်းထားရကြောင်းသိရသည်။
ဦးစိန်လှမှာ လက်မောင်းကျိုးသည့်ဒဏ်ရာ အပြင် တစ်လုံးတွင်လည်း ဒဏ်ရာရရှိထားခြင်းဖြစ်ပြီး တူးရွင်း ဖြင့်ရိုက်သတ်ခြင်းဖြစ်ကြောင်းသိရသည်။လူ ၂၀ ဦးခန့် ၀ိုင်းဝန်းရိုက်ပုတ်ခဲ့ခြင်းကိုခံခဲ့ရသည့်အတွက် အတွင်းဒဏ်ရာလည်းရထားကြောင်းသိရသည်။
ညီဖြစ်သူ ဦးသာထွန်း(အသက် ၅၄ နှစ်)မှာ ဦးခေါင်းဒဏ်ရာအပြင် တစ်ကိုယ်လုံးဒဏ်ရာများဖြင့် မြောက်ဦး ဆေးရုံတွင်ကုသမှုခံယူနေရကြောင်းသိရသည်။
ယခုအချိန်ထိ ထိုဘင်္ဂလီများကို ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်းနှင့် ပေါင်းတုတ်ဘင်္ဂလီရွာသားဖြစ်သည့် ရှော်နီယာနှင့်မောင်မောင်ချေ အပါအ၀င် အခြားသောလူ ၂၀ အား ဖမ်းဆီးခြင်းအား အရေးတယူလုပ် ဆောင်ခြင်းမရှိသေးကြောင်းလည်းသိရှိရပါသည်။
— ဘင်္ဂလီများတိုက်ခိုက်ခံရသူစစ်တွေဆေးရုံရောက်

https://www.facebook.com/photo.php?fbid=310246122428035&set=a.1...

အသက် (၁၄)နှစ် အရွယ် ရခိုင်/မရမာ လုံမငယ် မုဒိမ်းကျင့် သတ်ဖြတ်ခံရ

 ဒီဇင်ဘာလ (၂၁)ရက်နေ့က စစ်တကောင်း
တောင်တန်းဒေသနေ ရခိုင်စကားပြော
 မရမာတိုင်းရင်းသူ မိန်းကလေးတစ်ဦးဖြစ်
သည့် သောင်းမချေ (Thomaching) မှာ

 ဘင်္ဂါလီရွာတစ်ရွာအနီးတွင် မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည်။

ကွယ်လွန်သူ ဦးဆူသီးဖြူ(Suithui Prue) ၏ သမီး အသက်(၁၄) နှစ်အရွယ် သောင်းမချေ မှာ ဘင်္ဂါလာဒေ့ရှ် နိုင်ငံ ရင်္ဂါမတီခရိုင်၊ ကာအိုခါလီ မြို့နယ်အတွင်းရှိ ဘာရာဒူဘာပါရာ ကျေးရွာမှဖြစ်ပြီး၊ ကာအိုခါလီ မိန်းကလေး ကျောင်းမှ ရှစ်တန်းကျောင်းသူတစ်ဦးဖြစ်သည်။

အခင်းဖြစ်သည့်နေ့ မွန်းလွဲ သုံးနာရီခွဲခန့်တွင်ရွာအနီးစားကျက်တွင်လွှတ်ထားသော   နွားများကို ပြန်သိမ်းရန် သောင်းမချေ တစ်ဦးတည်း အိမ်က ထွက်သွားခဲ့သည်။

သမီးဖြစ်သူ ပြန်မရောက်ဘဲ ကြာနေသည့်အခါကျမှ မိခင်ဖြစ်သူနှင့် သူမ၏ညီအစ်ကိုမောင်နှမများက လိုက်ရှာကြသည် ဟု ဆိုသည်။ နောက်ဆုံးတွင် မိခင်၏ မတ်ဖြစ်သူက သောင်းမချေ၏ အ၀တ်အစားမဲ့ အလောင်းကို နိုင်လာချာရီ (Nailachari) ဘင်္ဂါလီကုလားရွာ နှင့် အလွန်နီးသော နေရာတစ်ခုမှ ချုံဖုတ်များကြားတွင် တွေ့ရသည် ဟု ဆိုသည်။

စုံစမ်းစစ်ဆေးသူများက သောင်းမချေမှာ အသတ်မခံရခင် မုဒိမ်းကျင့်ခံရခဲ့သည် ဟု ယူဆကြသည်။ အလောင်း ကို ရင်္ဂါမတီမြို့ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးရန်အတွက် သယ်ဆောင်သွားခဲ့သည်။

သောင်းမချေ၏ ဦးလေးဖြစ်သူ ချိုင်သောင်းဝေဖြူ (Chaithowai Prue) က တရားလိုလုပ်ကာ ကာအိုခါလီ ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ပုလိပ်ဘက်မှ တရားခံတစ်စုံတစ်ယောက်ကို မှ သိရှိဖမ်းဆီးရမိခြင်း မရှိသေး ပေ။

ဘာရာဒူလူကျေးရွာ နှင့် အနီးတစ်ဝိုက်မှာ ယခင်က ရခိုင်အနွယ်ဝင် မရမာတိုင်းရင်းသားများသာ နေထိုင်ခဲ့ ကြသော်လည်း၊ ၁၉၈၀-ပြည့်လွန်နှစ်များမှစ၍ ဘင်္ဂါလီအခြေစိုက်သူများရောက်လာကာ မရမာများကို မိမိတို့ပိုင်မြေများထဲကနေ မောင်းထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ မောင်းထုတ်မြေယာလုယူမှုမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။

လွန်ခဲ့သော တစ်လခန့်က မရမာတောင်သူများ၏ ဂျင်းစိုက်ခင်းများကို ဘင်္ဂါလီအခြေချသူများက လာရောက် ဖျက်ဆီးခဲ့ကြရာ၊ မရမာများက ချက်ချင်းပြန်စိုက်ပျိုးပြီး စိုက်ခင်းဖျက်ဆီးခံရမှုကို အမှုဖွင့်ထားသည်။ ယင်းအမှုတွင်လည်း အပြစ်ကျူးလွန်သူများမှာ အရေးယူခြင်းမခံရသေးဘဲ ရှိနေသေးသည် ဟု ဆိုသည်။

လူဦးရေ မတန်တဆပွားများနေသော ဘင်္ဂါလီတို့၏ နယ်မြေချဲထွင်မှု နည်းဗျူဟာများ ထဲမှ တချို့မှာ အနီးအနားကျေးရွာများကို မကြာခဏဖျက်ဆီးခြင်း၊ ယင်းကျေးရွာများမှ အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း တို့ဖြစ်သည်။

ယင်းဖြစ်စဉ်များကို မြန်မာနိုင်ငံ ဘူးသီးတောင် မောင်တော ဒေသမှ ဒေသခံ ဌာနေတိုင်းရင်းသားများ နှစ်ပေါင်းရာချီခံနေခဲ့ရပြီးနောက် ၂၀၁၂-ခုနှစ် မေလထဲတွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရာမှ မငြိမ်မသက်မှုများဖြစ်ခဲ့ရာ၊

တချို့သော မြန်မာခေါင်းဆောင် အချို့က ယင်းအရေးမှာ ဘာမှမဟုတ်သည့် မုဒိမ်းကျင့် လူသတ်မှုတစ်ခုကို အကြောင်းပြုပြီး ဖြစ်ပွားသည်ဟု ပြောကြ သည်ကို ရခိုင်ဒေသခံ အတော်များများက စိတ်ပျက်မိကြောင်းကို Coral Arakan အား ပြောကြားသည်။

ဥတုခင်စိုင်း
 Coral Arakan New

နမ်း ရမည့် ဇတ်ဝင်ခန်းကို မရိုင်နိုင်သောကြောင့် နှုတ်ထွက်သွားသော သက်မွန်မြင့် နေရာတွင် အနမ်းခံလိုသော မြန်မာ sexy မင်းသမီး ဖွေးဖွေး သရုပ်ဆောင်မည်

နမ်း ရမည့် ဇတ်ဝင်ခန်းကို မရိုင်နိုင်သောကြောင့် နှုတ်ထွက်သွားသော သက်မွန်မြင့် နေရာတွင် အနမ်းခံလိုသော ဖွေးဖွေး သရုပ်ဆောင်မည် ဟု သတင်းရရှိပါတယ်။ 

 မင်္ဂလာဦးညမှာ နှစ်ယောက်သား ကုတင်ပေါ်မှာ အကျီချွတ်နှင့် စောင်ခြုံထားချိန် ကောင်လေးကို နမ်းပြီး မုန်းတဲ့ စကားပြောတာကို ရိုမန်တစ် ဖြစ်အောင် ရိုက်ပြ မယ်လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။
အဲဒီနောက်မှာ မင်းသမီးသက်မွန်မြင့် မှ  ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်။ ကျန်တဲ့ နှုတ်ခမ်းချင်း နမ်းပြီး လျှာသပ်တာ၊ ကောင်လေး အကျီင်္ကို ဆွဲဖြဲပြီး နှလုံးသားနေရာကို နမ်းတာ၊ အဲဒါတွေတော့ သက်မွန် မလုပ်နိုင်ဘူးလို့ ပြောခဲ့တဲ့ အကြောင်း ဂျာနယ်များမှ ဖော်ပြခဲ့ပါတယ်။

သက်မွန်မြင့် မှ ပြင်းပြင်းထန်ထန် ငြင်းဆန်နေသဖြင့် ရုပ်ရှင်လောကတွင် ရက်ရော သည်ဟု နာမည်ထွက်နေသော ဖွေးဖွေးကို ဒါရိုက်တာ ဝိုင်းမှ သက်မွန်မြင့်နေရာတွင် အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။

ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ကျွန်မ ကနှင်းဆီပါမောင်" ဇာတ်ကားကိုလည်း နေတိုးနဲ့ အတူ သရုပ်ဆောင်ဖို့ ရှိကြောင်း ပြောတဲ့ ဖွေးဖွေး ကို ဒီဇာတ်ကားလေးကို ဘယ်လို ကြောင့် လက်ခံဖြစ်သွား လဲဆိုတာကို မေးကြည့်တော့..

"ဒီကားလေးက ဇာတ်လမ်း တအားကောင်းတယ်။ ဖွေးဖွေးလည်း လုပ်နိုင် တယ်လို့ ထင်တယ်။ ကိုဝိုင်းက ကိုယ့်ရဲ့ဆရာထဲက တစ်ယောက်လည်း ဖြစ် တယ်။ ကိုဝိုင်းသာရိုက်မယ်ဆိုရင် တော့ လုပ်ရဲပါတယ်။ ကိုဝိုင်းကို ယုံကြည် တာလည်း ပါတယ်။ ဇာတ်လမ်းကိုလည်း ဖွေးဖွေးကြိုက်တယ်" လို့ ပြောပါ တယ်။ 
 
ဒါရိုက်တာဝိုင်းကတော့ " ပရိသတ်က ဇာတ် ကားထွက်ပြီးမှ ဒါရိုက်တာက တော် တော်မိုက်ရိုင်း တဲ့ကောင်လို့ပြောရင် လက်ခံမှာပါ။မရိုက်ကူးခင်မှာ ဘေး က ဝေဖန်တာမျိုး ကိုတော့ လက်မခံ နိုင်ဘူး။"

လို့ ဆိုပါတယ်။

ဆင်ဆာဌာန ဖြတ်သိမ်းပြီးနောက် မြန်မာကားအများစုတွင် ၁၀ ကားထွက်လျှင် ၅ ကားမှာ သရဲ ကားဖြစ်နေပြီး ဇတ်လမ်းအများအပြားမှာ မိဘ နှင့် သားသမီး အတူ မကြည့်သင့်သော လိင်အသားပေး ဇတ်လမ်းအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါရိုက်တာ ဝိုင်း ဆိုသည်မှာ အနုပညာ နယ်ပယ်က အဲဒီအခန်းဖြတ် ဆိုတဲ့ ဆုရ ဒါရိုက်တာကြီးနဲ့ အကယ်ဒမီ မင်းသမီးတို့က ဒီလို ယဉ်ကျေးမှုတွေ အကြောင်း ပြော ကာ လူသိများလာသူ တစ်ဦးဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းလိုသူများကတော့ ဒါရိုက်တာဝိုင်း နှင့် မင်းသမီး ဖွေးဖွေး တို့ကို စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။
  Myanmar Express Group 

ပြည့်တန်ဆာများတရားဝင်လိုင်စင်ရရှိအောင် NLD မှ အမျိုးသမီးလွှတ်တော်အမတ်တစ်ဦး ကြိုးပမ်းသွားမည်ဟုပြောကြား

ပြည့်တန်ဆာများကို တရား ဝင်လိုင်စင်ထုတ်ပေးပြီး၊ စနစ်တကျ လုပ်ကိုင်နိုင်အောင် ကြိုးစားဆောင် ရွက်သွားမည်ဟု NLD ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပြောသည်။''ပြည့်တန်ဆာမရှိတဲ့ နိုင်ငံဆို တာမရှိပါဘူး၊ ပြည့်တန်ဆာဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိတာပါ။ ပပျောက်အောင်လုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ပပျောက် အောင်လည်း လုပ်လို့မရပါဘူး''ဟု ¤င်းက ပြောသည်။
ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြည့်တန်ဆာနှင့်ပတ်သက်၍ တရား ဝင်လိုင်စင်များ ထုတ်ပေးပြီးစနစ် တကျဖြစ်အောင် ဆောင်ရွက်ပေး ထားကြောင်း၊ ထိုသို့ တရားဝင်လိုင် စင်များချထားပေးပါက 4င်းတို့ကို အခွန်ကောက်ခံကာတိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများလည်းရရှိမည်ဖြစ် ကြောင်း ပြည့်တန်ဆာများကို တရားဝင်လိုင်စင်ချထားပေးနိုင်ရန်လွှတ်တာ်၌ အဆိုပြုတင်သွင်းသွားမည် ဖြစ်ကြောင်း¤င်းကဆက်ပြောသည်။
 
''လိုင်စင်ထုတ်ပေးရင်ကောင်း တာပေါ့။ အခုဆိုရင် ရဲကို ကြောက် နေရတယ်။ လိုင်းကြေးလည်း ပေးရ သေးတယ်။ တကယ်ဖြစ်ရင်တော့ ကောင်းမှာလို့ မျှော်လင့်မိတယ်''ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လိင်လုပ်သားတစ်ဦးက ပြောသည်။
 
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီး အများစုသည် အခြားအတတ်ပညာ များ တတ်မြောက်ခြင်းမရှိသည့်အပြင် ထွက်ပေါက်မရှိသည့်အတွက် ယင်း အလုပ်ကိုလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။
 
''လိုင်စင်ထုတ်ပေးနိုင်ပြီဆိုရင် တော့ ကောင်းတာပေါ့။ ကူးစက် ရောဂါဆိုတာ Sexworker တွေက တစ်ဆင့် အများဆုံး ကူးစက်နေတာ ပါ။ တခြားနိုင်ငံတွေမှာဆိုရင် ကူး စက်ရောဂါတွေ မဖြစ်နိုင်အောင်ကွန် ဒုံးသုံးရတယ်။ မသုံးရင် Sexworker ရောပျော်ပါးတဲ့သူနှစ်ယောက်စ လုံးကို ပြစ်ဒဏ်ချမယ်ဆိုတဲ့ ဥပဒေ ပြဌာန်းထားပါတယ်'' ဟု မင်္ဂလာ တောင်ညွန့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
 
HIV,AIDS အပြင် အခြားကူးစက် ရောဂါများဖြစ်ပွားမှုနှုန်းနည်းစေရန် ကွန်ဒုံးသုံးစွဲသင့်ပြီး Sexworker များကို လည်း ကျန်းမာရေးစစ်ဆေးမှုများပုံမှန် ပြုလုပ်ကာတရားင်ဝင်လိုင်စင်များထုတ် ပေးသင့်ကြောင်း 4င်းကပြောသည်။  ဧဒင်အချစ်ပုပြင်မှ
You might also like:

ဘာလဲဟဲ့ထိုးစစ်..

Mr-Daung Char Sai was tagged in ဖိုး သားလေး's photo. — with Hnin Si Ni and 19 others.
ဘာလဲဟဲ့ထိုးစစ်..

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်.. အပြာရောင်ဝတ်စုံများနဲ့ လူပေါင်းများစွာ.တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဟု ခေါင်းစဉ်
တပ်သူများကတပ်၊ စစ်ပြေးဒုက္ခသည်များအတွက်ဟုခေါင်းစဉ်တပ်
သူများ ကတပ် နဲ့ ပြည်တွင်းစစ်ပွဲ ရပ်တန့်ဖို့အတွက် ခွင့်ပြုချက်
မရဘဲ ဆူပူလှုပ်ရှားခဲ့ကြသည်။ တစ်တိုင်းပြည်လုံး၏ ထောက်ခံမှု
များဖြင့် ရွေး ချယ်ထားသော အစိုးရရှိသည်၊ ပြည်သူအများ၏ အရေးကိုဆောင်ရွက်ရန် ရွေးချယ်ပေးထားသော လွှတ်တော် အမတ်များရှိသည်၊ တစ်ကမ္ဘာလုံးမှဆုပေါင်းများစွာ ပေးထားသော
 ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့အကျိုး လုပ်ပါ့မည် ဆို၍ မဲပေးထားကြသော ပါတီများရှိသည်။ 

ထိုမျှရွေးချယ်ထားသော လူများရှိပါသော်လည်း ထိုသူများ 
မမြင်တွေ့နိုင်ဟု ယူဆသောကြောင့်ကချင်ပြည်နယ်၏
 တောတောင်များထဲမှ တံတားချိုးလိုက်၊မိုင်းထောင်လိုက်နှင့်
လက်နက်ကိုင်ပြီး မြို့ပေါ်နေချင်သော သောင်းကျန်းသူများနှင့် စစ်ပွဲရပ်တန့်ရန် လမ်းပေါ်လျှောက်၍ တစ်မျိုး၊ အင်းယား
ကန်ဘောင်ပေါ်မှ တစ်မျိုး ပြောပြကြလေသည်။

ကချင်စစ်ပွဲကာလအတွင်းထိခိုက်ဆုံးရှုံးမှုအများဆုံးခံရသူမှာ
 ဒေသခံပြည်သူများနှင့်တပ်မတော်သားများပင် ဖြစ်သည်။
နယ်နိမိတ်တိကျစွာသတ်မှတ်ရန် ခဲယဉ်းသော နယ်စပ်နေရာ
များစွာရှိသည်၊ အချိန်မရွေးပြဿနာ ဖြစ်ပွားနိုင်သည့် ရေပိုင်နက်
များရှိသည်၊ အခွင့်အရေးရသည်နှင့် မြန်မာနိုင်ငံတွင်းဝင်ရောက်
လာနိုင်သည့် ရိုဟင်ဂျာများနှင့် ၄င်းတို့ကိုထောက်ခံပေးမည့် အဖွဲ့အစည်းများ အန္တရာယ်များလည်း ရှိသေးသည်။

ဒို့တာဝန် အရေး(၃)ပါးအတွက် တပ်မတော်အင်အားတောင့်တင်း
အောင် တည်ဆောက်ရမည့်အချိန်တွင် ငြိမ်းချမ်းသော နိုင်ငံတော်ကြီးဖြစ်ရန်အတွက် ကချင်ပြည်နယ်အတွင်း 
တပ်မတော်သားများ အသက်စွန့်တာဝန်ထမ်းဆောင်
 နေရသည်။ မီဒီယာများမှ ဖော်ပြနေသည့် တိုက်ပွဲဖြစ်စဉ်
များအတွင်း ကျဆုံးသူများမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် တပ်မတော်သားများနှင့် အပြစ်မဲ့ပြည်သူများသာ ဖြစ်ကြသည်။ 

ထိုသို့ဖြစ်နေပါလျှက် ကန်ဘောင်တွင်ထိုင်ကာ ကေအိုင်အေ လက်နက်ချ၊ သောင်းကျန်းသူ အမြစ်ဖြတ်ဟူ၍ အော်ရမည့်အစား ထိုးစစ်ရပ်ခိုင်းခြင်းသည့်လိုင်ဇာ၊ဖားကန့်မှ မြစ်ကြီးနား၊ရန်ကုန်အထိ
 ကေအိုင်အေမိုင်းများ ရောက်လာစေသည်အထိ ဖြစ်လာနိုင်ပေသည်။

ထိုးစစ်ရပ်သည်ဖြစ်စေ၊ငြိမ်းချမ်းရေးပင်ဖြစ်စေ၊ လက်နက်ကိုင်နေသမျှ စစ်ပွဲများ ဖြစ်ပွားနေအုံးမှာမလွဲပင်။ ပြည်သူအများထပ်မံ သေဆုံးနေရအုံး
မည်ဖြစ်သည်။ သက်ဆိုင်ရာအစိုးရများရှိပါလျှက် ကချင်ပြည်နယ်အား KIA,KIO တို့အုပ်ချုပ်စေရန်အတွက်မည်သို့စဉ်းစားကာ ကျောက်တိုင်စိုက်
ပေးကြသနည်း…လမ်းများ၊တံတားများ၊၀န်ထမ်းများ၏အဆောက်အအုံများအား ဖျက်ဆီးသူများအား မည်သည့်အတွက်ကြောင့်
 နေရာ ပေးမည်နည်း။

တပ်မတော်သည် ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်မည်ဖြစ်သည်။ အစိုးရအဖွဲ့သည် တိုင်းပြည်တည်ငြိမ်တိုးတက်ဖွံ့ဖြိုးအောင်
 ဆောင်ရွက်မည်ဖြစ်သည်။ စစ်ပွဲတွင်လည်းပါဝင်ခြင်းမရှိ၊ စစ်ဘေး ကြောင့်ဖြစ်သည့် ဒုက္ခကိုလည်းခံစားဖူးခြင်းမရှိဘဲ
 ထိုးစစ်ဟု အမည်တပ်၊ ထိုးစစ်ကိုရပ်ပါ ဟု ပြောသူများအတွက် မိုင်းထောင်တာကိုရပ်၊ တံတားချိုးတာကိုရပ်၊ လက်နက်ကိုင်တာကိုရပ်၊ အပစ်အခတ်ရပ် ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်စေပြီး ကချင်ပြည်နယ်သို့သာ စေလွှတ်လိုက်စေချင်တော့သည်
(via -လမ်းပြကြယ်)

စစ်ပွဲ.........တရားသောစစ်ပွဲ

..
ကေအိုင်အေနှင့်အစိုးရတပ် တိုက်ပွဲများပြင်းထန်၊ ဖားကန့်
မြို့နယ်အနီး လက်နက်ကြီးသံများ ကြားနေရ အစရှိသည့် 
သတင်းများ ယခုနောက်ပိုင်း သတင်းမီဒီယာများတွင် အကြိမ်များစွာ မြင်တွေ့နေရသော သတင်းများပင်
 ဖြစ်သည်။ အစိုးရသစ် ပြောင်းပြီးနောက်ပိုင်းကာလတွင်
 နိုင်ငံတ၀န်းလုံး၌ စာသင်ကျောင်း သစ်များ ဆောက်ပေးရေး၊ 
လမ်းများ တံတားများ ဆောက်ပေးနိုင်ရေး၊ လယ်သမားများ၊ 
အလုပ်သမား ဆိုင်ရာ ဥပဒေများ၊ အခွင့်အရေးများ ရရှိရေးတို့ကို လွှတ်တော်အတွင်းမှ တရားဝင် တင်ပြကာ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်နေချိန်တွင် ဤသတင်းများသည် ပြည်ထောင်စုကြီးအား မပြိုကွဲစေချင်သော တိုင်းရင်းသား မှန်သမျှ လက်ခံနိုင်ဖွယ်မရှိသော ကိစ္စပင် ဖြစ်ပေသည်။

 ကေအိုင်အေ မည်သည့် အတွက်ကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသနည်း........ နိုင်ငံတွင် တရားဝင်ရွေးကောက်
ထားသော အစိုးရအဖွဲ့ရှိသည်၊ နိုင်ငံတော်၏ တရားဝင်အသိ
အမှတ်ပြု တပ်မတော် ရှိသည်။

 မိမိတို့ပြည်နယ်တိုးတက်ဖို့အတွက် မိမိတို့လူမျိုးကောင်း
စားရေးအတွက် အခွင့်အရေးမှန်သမျှအား ပြည်ထောင်စုမြန်မာနိုင်ငံတော်
အစိုးရအဖွဲ့ထံသို့ လွှတ်တော်များမှ တစ်ဆင့် တင်ပြနိုင် ပါလျှက် 
မည်သည့် အတွက်ကြောင့်ကိုယ်ထင်ရာကို တောထဲကနေ
 တောင်းဆိုနေရသနည်း။

 နိုင်ငံတော်အား ပြည်တွင်းပြည်ပရန်မှ ကာကွယ်ရန်အတွက် တိုင်းရင်းသားအားလုံးဖြင့် ဖွဲ့စည်းထားသော တပ်မတော်ရှိပြီး
ဖြစ်ပါလျှက် မည်သူများအား ကာကွယ်ရန်လက်နက်ကိုင်ဆောင်
တိုက်ပွဲဝင်နေရသနည်း။

တရားမ၀င်လက်နက်ကိုင်ဆောင်လျှင် သောင်းကျန်းသူပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံမှ သောင်းကျန်းသူကိုလက်ခံမည်မဟုတ်ပါ။
 မြန်မာ့တပ်မတော်ကဲ့သို့သော အင်အားတောင့်တင်းသည့် တပ်မတော်ရှိပြီး ဖြစ်သည့် နိုင်ငံအဖို့မှာ သာ၍ပင် လက်မခံနိုင်စရာပင်။

 နှစ်များစွာ၊အချိန်များစွာ ငြိမ်းချမ်းရေးအောင်မြင်စေရန်အတွက်
 ပေးဆပ်ခဲ့ပြီးဖြစ်သည်။ စေ့စပ်ဆွေးနွေး၍ တိုင်းပြည်အေးချမ်းသာယာစေရန်အတွက် စွန့်လွှတ်မှုပေါင်းများစွာဖြင့် ပေးဆပ်ခဲ့ပြီး ဖြစ်သည်။ 

နိုင်ငံတော်သမ္မတကြီး၏စကားကြောင့် စစ်ပွဲရပ်ဆိုင်းပေးခဲ့ရသည့်
ကာလတွင် အသက်ပေးခဲ့ရသည့် တပ်မတော်သားများနှင့် အပြစ်မဲ့ပြည်သူများ၏ ၀ိဥာဉ်များက ငြိမ်းချမ်းမှုမရနိုင်သေးသည့်
အတွက် ထာဝရငြိမ်းချမ်းနိုင်မည့်နည်းလမ်းတစ်ခုအတွက် ဆုတောင်းနေကြလေပြီ။

မြန်မာနိုင်ငံကြီးတစ်ခုလုံးနီးပါး သောင်းကျန်းသူများသိမ်းပိုက်၍ သူ့ပြည်ကိုယ့်ပြည် ဝေစုခွဲတော့မည့်အချိန်တွင် ရန်ကုန် တစ်ကွက်အား အခြေပြု၍ ယခုကဲ့သို့အခြေအနေရောက်သည်အထိ
 ဆောင်ရွက်နိုင်ခဲ့သော သမိုင်းကြောင်းကောင်း သည့် တပ်မတော်သည်ယခုလက်တစ်ဆုပ်စာ တောတွင်းအခြေပြုအဖွဲ့လေး
တစ်ဖွဲ့အား သွေးမြေမကျသော ငြိမ်းချမ်းရးကိုသာ
ဆောင်ရွက်ဖို့ အစီအစဉ်မရှိလျှင် အမြစ်ပြတ်ချေမှုန်းနိုင်ပြီး ဖြစ်မှာ
 မလွဲပင်။ အခြားတိုင်းပြည်သို့ထွက်ပြေး၊ ထိုနိုင်ငံမှ လက်မခံ၊ ပြည်တွင်းသို့ပြန်ရောက် တောထဲတောင်ထဲမှာ
နေနေရသော ကချင်တိုင်းရင်းသား ဒုက္ခသည်များအတွက်၊ တိုင်းပြည်တစ်ခုလုံး တစ်ပြေးညီဖွံ့ဖြိုးပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူအားလုံးအတွက် တရားသောစစ်ကို ဆင်နွှဲမှသာ ပြီးပြည့်စုံလိမ့်မည်ဖြစ်သည်။

မိမိတို့ကိုယ်ကျိုးကိုစွန့်၍ ဒေသခံပြည်သူတို့၏ 
မျက်နှာကိုကြည့်သော တစ်ချိန်ကအမြင်လွဲမှားခဲ့သည့် 
ညီအစ်ကိုများ လက်နက်စွန့်ခဲ့သည့်အတွက်
 ဆက်သွယ်ရေးလမ်းများ၊ တံတားများ၊ ဆက်သွယ်ရေးစနစ်များ၊ တည်ငြိမ်အေးချမ်းမှုများ ပိုင်ဆိုင်နေကြပြီး ဖြစ်သည်။ 

ဆူညံနေသော အသံများ တိတ်ဆိတ်ငြိမ်သက်သွားစေရန်အတွက် 
တိတ် ဆိုသော အသံကျယ်စကား တစ်ခွန်းအား ပြောရမည်ဖြစ်သလို လက်နက်သံများချုပ်ငြိမ်းဖို့ အားလုံးအပေါ် လွှမ်းခြုံနိုင်သော 
လက်နက်ကို အသံကျယ်ကျယ်တစ်ခါ အသုံးပြုရပေမည်။ 

ကချင်ပြည်နယ် ကိုချစ်သော၊ကျန်ပြည်နယ်များကဲ့သို့ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်စေချင်သော ကျွန်တော့်အနေဖြင့် တပ်မတော်သာ စစ်တိုက်မည်(အမှန်တကယ်တိုက်မည်)ဆိုပါက ကျွန်တော် စစ်သားလုပ်ပါမည်။။။။။။။။။။
 (via Nay Oake Shin)

ငါတို့ ဘယ်သူ့ ကိုမှ ရန်သူလို့ မသတ်မှတ်ခဲ့ဖူးကချင်မို့ လို့ 
ကယားမို့ လို့  ကရင်မို့ လို့ ရှမ်းမို့ လို့ ငါတို့ မှာ မရှိခဲ့ဖူးငါတို့ 
သွေးချင်းတွေ မှန်းသိလို့ လည်း ဘယ်လို ဘဲအယူဆတွေ 
ကွဲလွဲနေပါစေ ငါတို့ ငြိမ်းချမ်းရေး ဆိုတာ ကိုကမ်းလှမ်းတယ် 
ဂျပန် အင်္ဂလိပ်တရုတ်ဖြူ(ကွန်မင်တန်)လို တိုင်းပြည်ကနေ 
ပပျောက်ပြီး အမြစ်ပြတ်မလှုပ်ခဲ့ဖူး ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်တယ်။

ငါတို့ ရန်သူ တိုင်းပြည်ကို အချုပ်ခြာအာဏာ ထိပါးပြီး
မငြိမ်မသက်ဖြစ်အောင် ကြံဆောင်သူ အားလုံး ငါတို့ 
တိုက်ခဲ့တယ်။ ခင်များတို့ ကလောင်စွမ်းတိုင်းပါးစပ် အရသာခံကောင်းတိုင်းကိစ္စတခုကို သေချာမသိဘဲ စွတ်ဝေဖန် တိုင်းပြည်တွက် ပြည်သူ့ အတွက်လား ဆိုတာတော့
ခဏထားဦး ကိုယ့်အသက်ကိုရင်း ဒုက္ခ တွေ ခံပြီးအမိန့် နဲ့ 
တာဝန်ကို ဦးလည်မသုန်ထမ်းရွက်ပြီး အသက်ပေးခဲ့တဲ့ အရာရှိ 
စစ်သည်တွေကတော့ ဒုနဲ့ ဒေးဘဲ ခြေထောက်ပြတ်ခဲ့တဲ့လူတွေ
ကျဆုံးခဲ့တဲ့ လူတွေမိသားစုအားလုံး နောက်ဆုံး ဖြည်ခဲ့တာတော့
 အော် တိုင်းပြည်တွက်ဘဲလေ ဆိုပြီး မျက်ရည်တွေ ခါထုတ်ပေးခဲ့သူတွေ အများကြီးဆိုတာ သိစေချင်တယ် ...

လေးစားစွာဖြင့်
ဖိုးသားလေး
ဘာလဲဟဲ့ထိုးစစ်..

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်.. အပြာရောင်ဝတ်စုံများနဲ့ လူပေါင်းများစွာ.တစ်နိုင်ငံလုံး
ငြိမ်းချမ်းရေးအတွက်ဟု ခေါင်းစဉ်

ယနေ့(၂၃.၁၂.၂၀၁၂)ညနေ ၄နာရီဝန်းကျင်က ရွှေတိဂုံပေါ်တွင် လဒ(၆)ကောင်တွေ့

ယနေ့(၂၃.၁၂.၂၀၁၂)ညနေ ၄နာရီဝန်းကျင်က ရွှေတိဂုံပေါ်တွင် လဒ(၆)ကောင်တွေ့

ဒီနေ့ညနေ ၄နာရီခွဲလောက်ရွှေတိဂုံရောက်တော့ စေတီမှာငှက်ကြီးတွေ တက်နေတယ်ပြောတာတွေ့လိုက်ရတယ်။

အကောင်ကတော်တော်ကြီးတော့ ဒေါင်းလို့ထင်လိုက်မိတာ အမှန်က "လဒ" တွေဖြစ်နေပါတယ်။

အင်္ဂါထောင့်က ခေါင်းလောင်းတော်အထက်ဖောင်းရစ် နေရာနဲ့ တနင်္ဂနွေထောင့် ငှက်ပျောဖူးအောက်ကြာမှောက်ကြာလန်နားမှာ (၃)ကောင်စီပါ ။ ဘာကြောင့်ရောက်လာလဲမသိပေမဲ့ထူးခြားလို့တွေ့ဖူးရအောင်တင်ပေးပါတယ်။

____________________________________
Reference and Credit to -သတင်းဓာတ်ပုံခွင့်ပြုပေးခဲ့တဲ့ မချိုဝေလွင်ကို ကျေးဇူးအထူးတင်ရှိပါသည်။
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

ပလီပလာ ထွေကာလီကာ

@[148980878505812:274:ပလီပလာ ထွေကာလီကာ]

စင်ကာပူအသင်းက (၄)ကြိမ်မြောက် ဆူဇူကီးဖလားကို ဆွတ်ခူးသွားခဲ့သည်။

ထိုင်းနှင့် စင်ကာပူတို့၏ ဆူဇူကီးဖလား ဒုတိယအကျော့တွင် ထိုင်းက စင်ကာပူကို (၁-၀)ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပထမအကျော့က အရှုံးရလဒ်ကို ချေဖျက်နိုင်ခြင်း မရှိသောကြောင့် စင်ကာပူအသင်းက (၄)ကြိမ်မြောက် ဆူဇူကီးဖလားကို ဆွတ်ခူးသွားခဲ့သည်။

ထိုင်းသည် တိုက်စစ်မှူး ကီရာတီ၏ သွင်းဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပထမအကျော့က စင်ကာပူကို (၃-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ရာ နှစ်ကျော့ပေါင်း (၂-၃)ဂိုးဖြင့် ချန်ပီယံဆုဖလားကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ စင်ကာပူသည် အုပ်စုပွဲစဉ်များတွင် အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သော်လည်း အုပ်စု ပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်းဖြစ်သည်။ ဆီမီးတွင် ဖိလစ်ပိုင်ကို နှစ်ကျော့ပေါင်း (၁-၀)ဂိုးဖြင့် ကပ်ကာ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက် လာခဲ့သည်။ ဗိုလ်လုပွဲတွင်မူ ဒုတိယအကျော့တွင် ရှုံးနိမ့်ခဲ့သော်လည်း ပထမအကျော့က ဂိုးပြတ် အနိုင်ရလဒ်ကြောင့် (၄)ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စင်ကာပူ အသင်း ဗိုလ်စွဲခဲ့သောကြောင့် စင်ကာပူ နည်းပြချုပ် အေဗရာမိုဗစ် သည်လည်း ဆူဇူကီးဖလားကို (၃)ကြိမ် ရယူထားနိုင်သည့် နည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

*အာဆီယံ- အိန္ဒိယကားပြိုင်ပွဲ(၂၀၁၂) ပြိုင်ပွဲတွင်ပါဝင်သော မြန်မာ အသင်းမှအနုပညာရှင်များ

Lu Bo shared Richelle Ko's photo.
Congratulations to you all !!!

*အာဆီယံ- အိန္ဒိယကားပြိုင်ပွဲ(၂၀၁၂) ပြိုင်ပွဲတွင်ပါဝင်သော မြန်မာ အသင်းမှအနုပညာရှင်များ(Photo: ဝေဠုကျော်၊ကိုပေါက်၊မေသဉ္ဖာဦး၊ဆုပန်ထွာ)အန္ဒရယ်ကင်းစွာပန်းဝင်ခဲ့ပြီးဆုတွေလဲယူခဲ့နိုင်ခဲ့ပြီ။

>>>ကျွန်တော်တို့လေးယောက်အန္ဒရယ်ကင်းစွာပန်းဝင်ခဲ့ပြီးဆုတွေလဲယူခဲ့နိုင်ခဲ့ပြီ။ပရိတ်သတ်ကြီးအတွက်တာဝန်ကျေပါတယ်နော်။ (ကိုပေါက်)

Photo fr:Wailukyaw(actor)
Post by Richelle Ko.
Photo:at Malaysia
Congratulations to you all !!!

*အာဆီယံ- အိန္ဒိယကားပြိုင်ပွဲ(၂၀၁၂) ပြိုင်ပွဲတွင်ပါဝင်သော မြန်မာ အသင်းမှအနုပညာရှင်များ(Photo: ဝေဠုကျော်၊ကိုပေါက်၊မေသဉ္ဖာဦး၊ဆ
ုပန်ထွာ)အန္ဒရယ်ကင်းစွာပန်းဝင်ခဲ့ပြီးဆုတွေလဲယူခဲ့နိုင်ခဲ့ပြီ။

>>>ကျွန်တော်တို့လေးယောက်အန္ဒရယ်ကင်းစွာပန်းဝင်ခဲ့ပြီးဆုတွေလဲယူခဲ့နိုင်ခဲ့ပြီ။ပရိတ်သတ်ကြီးအတွက်တာဝန်ကျေပါတယ်နော်။ (ကိုပေါက်)

Photo fr:Wailukyaw(actor)
Post by Richelle Ko.
Photo:at Malaysia

လင်ကွန်း၏ မ ၁၀ လုံး

Lu Bo and မိုး ခါး shared Aye Chan Mon's photo.
လင်ကွန်း၏ မ ၁၀ လုံး
***************

၁။ ချွေတာစုဆောင်းခြင်းကို အားမပေးဘဲ မချမ်းသာနိုင်ပါ။

၂။ အားကြီးသူကို အစိတ်စိတ်ခွဲခြင်းဖြင့် အားငယ်သူကို မကူညီနိုင်ပါ။

၃။ အားကြီးသူကိုအားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူများကို အားပြည့်လာအောင် မလုပ်နိုင်ပါ။

၎။ လစာပေးနေသူတွေကို နှိမ်ချခြင်းဖြင့် လစာရသူတွေ၏ လစာကိုတိုးမြှင့်
မပေးနိုင်ပါ။

၅။ ချမ်းသာသူတွေကို ပျက်စီစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ။

၆။ ၀င်ငွေထက် ပိုသုံးခြင်းဖြင့် ဒုက္ခမှ မလွတ်မြောက်နိုင်ပါ။

၇။ လူတန်းစား မုန်းတီးမှုကို အုံကြွအောင်လုပ်ခြင်းဖြင့် ညီရင်းအကို စိတ်ဓါတ်မျိုး တိုးတက် မလာနိုင်ပါ။

၈။ ချေးငှားထားသော ငွေဖြင့် လုံခြုံမှု မရရှိနိုင်ပါ။

၉။ လူတို့၏ လုပ်ကိုင်လိုစိတ်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်ကို ဖယ်ရှားခြင်းဖြင့် သတ္တိနှင့် ကိုယ်ကျင့်တရားကို မတည်ဆောက်နိုင်ပါ။

၁၀။ လူတို့ သူတို့ကိုတိုင် လုပ်နိုင်သောကိစ္စ၊ သူတို့အတွက် သူတို့ကိုတိုင် လုပ်သင့်သော ကိစ္စများကို လုပ်ပေးနေခြင်းဖြင့် သင်သည် လူများကို ထာဝရ မကူညီနိုင်ပါ။

အလင်းစေတမန်

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

အေးချမ်းမွန်မှ  ဝေဟင်ချစ်သူ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဝေဟင်ချစ်သူ

ကိုယ့်ညီကို ကိုယ်ဝန်ဆောင်ရသူ

A Linn Thit shared ထူးထူးဆန်းဆန်း's photo.
ကိုယ့်ညီကို ကိုယ်ဝန်ဆောင်ရသူ

လွန်ခဲ့သောနှစ်က အိန္ဒိယနိုင်ငံ   Nagpurမြို့တော်မှာနေထိုင်တဲ့အိန္ဒိယနိုင်ငံသားSanju bhagat ရဲ့အစာအိမ်ဟာ အလွန်ကိုဖောင်းကားလာတာကိုသိသိသာသာမြင်တွေ့လာရပါတယ်...။သူ့ကိုတွေ့မြင်သူတိုင်းက ယောက်ျားလေးတစ်ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင်နေသူလို့ကောက်ချက်ချခံရပါတယ်...။ 

ဒီလိုဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမျိုးသူ့အပေါ်မှာကျရောက်လာလို့ 
Sanju Bhagat ဟာအလွန်ကို အံ့အားသင့်နေရပါတယ်...။ ဆရာဝန်တွေနဲ့ပြသကြည့်ချိန်သောအခါတွင်လည်း 
သေသေချာချာအဖြေမထုတ်နိုင်ပဲ အိန္ဒိယဆရာဝန်တွေတော်တော်ခေါင်းစားကြခဲ့ရပါတယ်..။ 

ဆရာဝန်တွေကအာထရာဆောင်းရိုက်ကြည့်သောအခါတွင်လဲဗိုက်ထဲတွင်လူသားတယောက်လက္ခဏာများကို မြင်တွေ့ရတယ်လို့ အတည်ပြုဆိုခဲ့ပါတယ်..။ ဒါကြောင့်ဆရာဝန်တွေဟာ ခွဲလဲမခွဲစိတ်ဝံ့တော့ပါဘူး..။ အမှန်တကယ်သန္ဒေ တည်နေခြင်းဆိုလျှင် 
ချက်ချင်းခွဲစိတ်ပါက ကလေးအသက်ဆုံးမည်မဟုတ်ပါလော...။ sanju bhamaဟာသူ့ပုံစံကိုသူ မယုံနိုင်အောင်လဲဖြစ်၊ ငြင်းလဲမငြင်းရှာနိုင်တဲ့အခြေအနေဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ရခြင်းမှန်ရင်ကိုးလကြာရင် ဗိုက်နာပြီးကလေးမွေးမှာပဲ။ 

ဒါကြောင့် အချိန်ကိုစောင့်ကြည့်မယ်ဆိုပြီးကိုးလတိတိ ကိုယ်ဝန်ဆောင်အသွင်နဲ့နေခဲ့ရပါတယ်...။ 
ကိုးလကြာသော်လည်းပဲ သူ့ဟာဗိုက်နာခြင်းအလျဉ်းမရှိတာကြောင့် 
ဆရာဝန်တွေက ခွဲစိတ်ကြဖို့ဆုံးဖြတ်ခဲ့ပါတယ်..။ 
ဆရာဝန်တွေက ကိုးလပြည့်လိုခွဲစိတ်ကြတဲ့အခါမှာတော့ သူ့ဗိုက်ထဲကထွက်လာတာတွေက....?????? 

sanju bhagat အရမ်းကိုကြောက်ရွံ့အံ့သြစရာကောင်းအောင်ကိုပဲ ပထမဆုံး ခြေထောက်တဖက် ပြီးတော့ နောက်ခြေထောက်တဖက် ပြီးတော့ ဆံပင်တွေ၊လက်တွေ.. မေး၇ိုးတွေ....လူကိုယ်ခန္ဒာရဲ့အပိုင်းအစတွေ ပြွတ်ကာသီကာထွက်ကျလာပါတော့တယ်.... 
ခွဲစိတ်ကုဆရာဝန်ကြီးများဟာကိုယ့်မျက်လုံးကိုယ်ပင်မယုံကြည်နိုင်ဖြစ်ကြရပြီး နောက်သေသေချာချာဆန်းစစ်ကြည့်ပါတော့မှ 
sanju bhagat ရဲ့ဗိုက်ထဲမှာရှိတာတွေက သူ့ရဲ့အမွှာညီအကိုရဲ့ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေဖြစ်နေပါတော့တယ်။ 

တကယ်တော့ sanju bhagatကို သူ့မိခင်ကမွေးဖွားစဉ်က အမွှာ သန္ဒေကိုလွယ်ခဲ့တာပါ..။ 
ဘာလို့နောက်တယောက် က sanju bhagatရဲ့ဗိုက်ထဲရောက်နေခဲ့ရတာလဲဆိုတာကို အဖြေထုတ်တော့ သူတို့နှစ်ဦးကို သွေးနဲ့အစာအာဟာရအထောက်အပံ့ပေးတဲ့ချက်ကြိုးဟာ sanju bhagat ရဲ့ဘက်ကပွင့်နေပြီး သူနဲ့ညီအကိုတော်တဲ့တယောက်ဖက်မှာတော့ ကံမကောင်းစွာပိတ်နေခဲ့ပါတယ်..။ 

အဲ့တာကြောင့် မဖွံမဖြိုးနဲ့သန္ဒေတည်ခဲ့တဲ့ sanju bhagat ရဲ့ညီအကိုဟာ လူခြောက်တယောက်ကဲ့သို့ ဖြစ်တည်နေပြီး၊ မိခင်ဝမ်းထဲမှာ အခြေအနေအမျိုးမျိုးကြောင့် bhagatရဲ့ဗိုက်ထဲကိုရောက်ခဲ့ရာကနေခုလိုထူးထူးဆန်းဆန်းဖြစ်လာခဲ့ရတာပါ...။ 
ထိုအဖြစ်အပျက်ဟာ အိန္ဒိယဆေးသမိုင်းမှာပထမဆုံးကြုံခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပြီး 
ဒီလိုထူးထူးဆန်းဆန်းဖြစ်တည်မှုကို ဆရာဝန်တွေတော်တော်များများလဲသြချခဲ့ရပါတယ်...။

Source : http://www.payvand.com/news/11/jan/1306.html

လွန်ခဲ့သောနှစ်က အိန္ဒိယနိုင်ငံ Nagpurမြို့တော်မှာနေထိုင်တဲ့အိ
န္ဒိယနိုင်ငံသားSanju bhagat ရဲ့အစာအိမ်ဟာ အလွန်ကိုဖောင်းကားလာတာကိုသိသိသာသာမြင်တွေ့လာရပါတယ်...။သူ့ကိုတွေ့မြင်သူတိုင်းက ယောက်ျားလေးတစ်ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင်နေသူလို့ကောက်ချက်ချခံရပါတယ်...။

ဒီလိုဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမျိုးသူ့အပေါ်မှာကျရောက်လာလို့
Sanju Bhagat ဟာအလွန်ကို အံ့အားသင့်နေရပါတယ်...။ ဆရာဝန်တွေနဲ့ပြသကြည့်ချိန်သောအခါတွင်လည်း
သေသေချာချာအဖြေမထုတ်နိုင်ပဲ အိန္ဒိယဆရာဝန်တွေတော်တော်ခေါင်းစားကြခဲ့ရပါတယ်..။

ဆရာဝန်တွေကအာထရာဆောင်းရိုက်ကြည့်သောအခါတွင်လဲဗိုက်ထဲတွင်လူသားတယောက်လက္ခဏာများကို မြင်တွေ့ရတယ်လို့ အတည်ပြုဆိုခဲ့ပါတယ်..။ ဒါကြောင့်ဆရာဝန်တွေဟာ ခွဲလဲမခွဲစိတ်ဝံ့တော့ပါဘူး..။ အမှန်တကယ်သန္ဒေ တည်နေခြင်းဆိုလျှင်
ချက်ချင်းခွဲစိတ်ပါက ကလေးအသက်ဆုံးမည်မဟုတ်ပါလော...။ sanju bhamaဟာသူ့ပုံစံကိုသူ မယုံနိုင်အောင်လဲဖြစ်၊ ငြင်းလဲမငြင်းရှာနိုင်တဲ့အခြေအနေဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ရခြင်းမှန်ရင်ကိုးလကြာရင် ဗိုက်နာပြီးကလေးမွေးမှာပဲ။

ဒါကြောင့် အချိန်ကိုစောင့်ကြည့်မယ်ဆိုပြီးကိုးလတိတိ ကိုယ်ဝန်ဆောင်အသွင်နဲ့နေခဲ့ရပါတယ်...။
ကိုးလကြာသော်လည်းပဲ သူ့ဟာဗိုက်နာခြင်းအလျဉ်းမရှိတာကြောင့်
ဆရာဝန်တွေက ခွဲစိတ်ကြဖို့ဆုံးဖြတ်ခဲ့ပါတယ်..။
ဆရာဝန်တွေက ကိုးလပြည့်လိုခွဲစိတ်ကြတဲ့အခါမှာတော့ သူ့ဗိုက်ထဲကထွက်လာတာတွေက....??????

sanju bhagat အရမ်းကိုကြောက်ရွံ့အံ့သြစရာကောင်းအောင်ကိုပဲ ပထမဆုံး ခြေထောက်တဖက် ပြီးတော့ နောက်ခြေထောက်တဖက် ပြီးတော့ ဆံပင်တွေ၊လက်တွေ.. မေး၇ိုးတွေ....လူကိုယ်ခန္ဒာရဲ့အပိုင်းအစတွေ ပြွတ်ကာသီကာထွက်ကျလာပါတော့တယ်....
ခွဲစိတ်ကုဆရာဝန်ကြီးများဟာကိုယ့်မျက်လုံးကိုယ်ပင်မယုံကြည်နိုင်ဖြစ်ကြရပြီး နောက်သေသေချာချာဆန်းစစ်ကြည့်ပါတော့မှ
sanju bhagat ရဲ့ဗိုက်ထဲမှာရှိတာတွေက သူ့ရဲ့အမွှာညီအကိုရဲ့ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေဖြစ်နေပါတော့တယ်။

တကယ်တော့ sanju bhagatကို သူ့မိခင်ကမွေးဖွားစဉ်က အမွှာ သန္ဒေကိုလွယ်ခဲ့တာပါ..။
ဘာလို့နောက်တယောက် က sanju bhagatရဲ့ဗိုက်ထဲရောက်နေခဲ့ရတာလဲဆိုတာကို အဖြေထုတ်တော့ သူတို့နှစ်ဦးကို သွေးနဲ့အစာအာဟာရအထောက်အပံ့ပေးတဲ့ချက်ကြိုးဟာ sanju bhagat ရဲ့ဘက်ကပွင့်နေပြီး သူနဲ့ညီအကိုတော်တဲ့တယောက်ဖက်မှာတော့ ကံမကောင်းစွာပိတ်နေခဲ့ပါတယ်..။

အဲ့တာကြောင့် မဖွံမဖြိုးနဲ့သန္ဒေတည်ခဲ့တဲ့ sanju bhagat ရဲ့ညီအကိုဟာ လူခြောက်တယောက်ကဲ့သို့ ဖြစ်တည်နေပြီး၊ မိခင်ဝမ်းထဲမှာ အခြေအနေအမျိုးမျိုးကြောင့် bhagatရဲ့ဗိုက်ထဲကိုရောက်ခဲ့ရာကနေခုလိုထူးထူးဆန်းဆန်းဖြစ်လာခဲ့ရတာပါ...။
ထိုအဖြစ်အပျက်ဟာ အိန္ဒိယဆေးသမိုင်းမှာပထမဆုံးကြုံခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပြီး
ဒီလိုထူးထူးဆန်းဆန်းဖြစ်တည်မှုကို ဆရာဝန်တွေတော်တော်များများလဲသြချခဲ့ရပါတယ်...။

Source : http://www.payvand.com/news/11/jan/1306.html

ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ

Written by  မင်းထက်စံ၊ ဉာဏ်မျိုးအောင်

“ကျွန်မတို့က မြေစာပင်တွေပါ"

ခန္ဓာကိုယ်ဖြင့် ရင်းတည်ကာ အသက်မွေး ဝမ်းကျောင်းပြုနေရသည့် လိင်အလုပ်သမ ဖြစ်သူ အသက် ၃၃ နှစ်အရွယ် မနဒီ(အမည်လွှဲ)က ငိုသံ ဖြင့် မျက်ရည်ဝဲကာ ပြောပြသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရန်ကုန်မြို့တော်၏ လူ စည်ကားသည့် တစ်နေရာတွင် ပြည့်တန်ဆာ ကျော်ဇောမှု ၃(ဃ)ဖြင့် ဖမ်းဆီး ခံလိုက်ရသည့် လုပ်ဖော်ကိုင်ဖက် များနှင့် ပတ်သက်၍ သူမက အထက်ပါ အတိုင်း ပြောပြခြင်းဖြစ်သည်။ ရန်ကုန်မြို့ပြ၏ ဝါကြန့်ကြန့် မီးရောင်နှင့် ဝေးရာ တစ်နေရာ။ အမှောင်ထုကို အကာအကွယ် ပြုကာ ရပ်နေသည့် ဆံပင် ကျောလယ်လောက်ရှိ သည့် ယွန်းအိမ်စည် (အမည်လွှဲ) တစ်ယောက် တစ်စုံတစ်ရာကို စောင့်မျှော် နေသည်။
လူတစ်ယောက် သူမအနီးသို့ ကပ်လာသည်။ တိုးတိုး ပြောသည်။ မရှေးမနှောင်းပင် တက္ကစီတစ်စီး ဆိုက်လာသည်။ ထိုလူနှင့် သူမကားပေါ် တက်လိုက် သည်နှင့် ကားထွက်ခွာ သွားသည်။

နံနက် နေရောင်ခြည်သည် အားကောင်းနေ သော်လည်း နဒီအဖို့ အားအင် ကုန်ဆုံးနေသည်။ ထိုမနက်ခင်းတွင် အင်္ဂလိပ် သီချင်းသံ ဖုန်းသံလေး မြည်လာသည်။ ဟဲလို ထူးလိုက်ပြီးနောက် သူမတုန် လှုပ်သွားသည်။ မနေ့ညက ယွန်းအိမ်စည် အဖမ်းခံ လိုက်ရပြီဆိုသော သတင်းကို ကြားသိ လိုက်ရသည့် အတွက် သူတုန်လှုပ်သွားသည်။

နောက်နေ့ ပြန်သိလိုက်ရသည်မှာ ယွန်းအိမ် စည်၏ ခန္ဓာ တစ်ညတာ နေ့တွက်ကြေးဖြင့် ယစ်မူးရန် ငှားရမ်းခဲ့သူမှာ ရဲဖြစ်နေပြီး တည်းခိုခန်း ရောက်သည့် အချိန်တွင် ဖုန်းဆက်လိုက်ပြီးနောက် ဖမ်းဆီး ရဲတပ်ဖွဲ့များ ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း နဒီ ပြန်သိလိုက်ရသည်။ သို့သော် အခြား အခန်းတွင် ညဥ့်ငှက် ကချေသည် လေးများ ယိမ်းထိုး နေသော်လည်း သူတို့ကို မဖမ်းသွားဟု သိလိုက်ရ သည့်အခါ နဒီသည် ဒေါသများ တရိပ်ရိပ် တက်လာသည်။
"ခုဟာက ပြည့်တန်ဆာကို နှိပ်ကွပ်တဲ့ ဥပဒေပဲ ရှိတယ်။ ကာကွယ်ပေးတဲ့ ဥပဒေ မရှိဘူး။ ဖမ်းချင် သလို ဖမ်းနေတာတွေက မင်းမဲ့ စရိုက်ဆန်တယ်"ဟု နဒီက ဆိုသည်။

လတ်တလော အခြေအနေတွင် ရန်ကုန်မြို့ တော်ကြီးတွင်သာမက နယ်မြို့များတွင်လည်း ခန္ဓာကိုယ်ကို အရင်းတည်ကာ အသက်မွေး ဝမ်းကျောင်း ပြုနေသော လိင်အလုပ်သမတို့ကို နှိမ်နင်း ဖမ်းဆီးမှု များ ပြုလုပ်လျက် ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပခုက္ကူမြို့စွန်ရှိ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသော ကျေးရွာ တစ်ရွာကို ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သည်။
"ဂျာနယ်မှာ အဲဒီရွာ အကြောင်း ပါလာတော့ နောက်နေ့ အဲဒီရွာကို ဝင်ဖမ်းတယ်။ ငါးယောက်ပါ သွားတယ်။ ထောင်တစ်နှစ် ချလိုက်တယ်" ဟု ပခုက္ကူဒေသခံတစ်ဦးကဆိုသည်။

ယင်းကဲ့သို့ ပြည့်တန်ဆာများကို ဖမ်းဆီး နှိမ်နင်းခြင်းဖြင့် အမှန်တကယ် ပြည့်တန်ဆာလုပ် နေသူတို့ ပျောက်ကွယ် သွားနိုင်မည်လော။ သို့ တည်းမဟုတ် ထိုသို့ နှိမ်နင်းခြင်းကြောင့် လိင်လုပ် သမအဖြစ် လုပ်နေသူတို့၏ မိသားစုများထဲမှ ကျန်ရှိ သမီးပျိုတို့ ခန္ဓာရင်းရသည့် ဘဝသို့ လက်ယပ်ဆွဲ ခေါ်လိုက်ခြင်းပေလော။
sex-worker-by-news.coom
ရန်ကုန်တိုင်း ဒေသကြီး လေးခရိုင်အတွင်း ညပိုင်းတွင် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများနှင့် ဧည့်စာရင်းများ စစ်ဆေးခြင်းများကို ရဲတပ်ဖွဲ့ဝင် များသည် အရန်ရဲ၊ စွမ်းအားရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့အထိ ပြည့်တန်ဆာ အမှုပေါင်း ၅၉ မှု ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိကြီးများ ဦးစီး ထုတ်ဝေ သော မှုခင်းဂျာနယ်တွင် ဖော်ပြထားသည်။ လိင်အလုပ်သမလေး နဒီက "ဒီအလုပ်မှာ လုပ်နေတဲ့သူတွေက အိမ်ရဲ့ စားဝတ်နေရေးကို တာဝန် ယူထားရတဲ့ သူတွေ များတယ်။ သူတို့ကို ဖမ်းသွားရင် ညီမတွေ၊ အစ်မတွေ ဒီအလုပ်ထဲ ဝင်လုပ်ရမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီအလုပ်လုပ်မှ ကျွန်မတို့ တွေရဲ့ မိသားစု ပြေလည်မှာ"ဟု ရှင်းပြသည်။

နဒီတို့ နေထိုင်သော ရပ်ကွက်တွင်းရှိ မိန်းကလေး အချို့တို့ လုပ်ကိုင်နေသည်မှာ အထည်ချုပ် စက်ရုံ များတွင်ဖြစ်ပြီး ရရှိသည့် လခမှာ ခြောက်သောင်း နီးပါးပင်ဖြစ်သည်။ ယခင်က ဆိုလျှင် သုံးသောင်း ဝန်းကျင်သာ ရရှိခဲ့သည်။ ထိုဝင်ငွေနှင့် မိသားစုဘဝ စားဝတ်နေရေး မလုံလောက် နိုင်သည့်အတွက် မြို့စွန် အထည်ချုပ် စက်ရုံများမှ အလုပ်သမများသည် တစ်ရက်တွင် သောင်းချီငွေဝင်သော လိင်အလုပ်သမ လိုင်းသို့ ကူးပြောင်းလာသူများပြားကြောင်း ယင်းအသိုင်း အဝိုင်းအတွင်းမှ စုံစမ်း သိရှိရသည်။

လွန်ခဲ့သည့် တစ်လကျော် ဝန်းကျင်ကပင် အသက် ၁၄ နှစ်သာရှိသေးသည့် အပျိုစင် စစ်စစ် မိန်းကလေးတစ်ဦးကို မိခင်ဖြစ်သူကိုယ်တိုင် လိင် အလုပ်သမအဖြစ် သွတ်သွင်းရန် အတွက် ဈေးညှိ နှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အန်ဂျီအိုအဖွဲ့ အစည်း တစ်ခုက သိရှိပြီး ထိုမိခင်အား ယင်းကဲ့သို့ လုပ်ဆောင်ခြင်းတွင် သမီးသည် အသက်မပြည့် သေးသည့်အတွက် မိခင်ကို သာမက ငွေကြေးပေး ခေါ်ယူသည့် လိင်ယစ်မူးသူ ကိုပါ အရေးယူနိုင် ကြောင်းတို့ကို ရှင်းပြခဲ့ရသည့် ဖြစ်ရပ် တစ်ခုဖြစ်ပွား ခဲ့သည်။
ထိုအန်ဂျီအို အဖွဲ့အစည်းမှ အမျိုးသမီးက မှတ်ချက်ပေးသည်မှာ "ရှင်းပြလိုက်လို့ ပြန်သွား ပေမယ့် ကျွန်မတို့ မမြင်နိုင်တော့တဲ့ အခြေအနေမှာ ပြန်ဖြစ် သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အရေးတကြီး လိုနေတာက ငွေပဲ" ဟုဖြစ်သည်။

ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင် ရည်မှန်းချက်အရ ၂၀၁၅ တွင် ဆင်းရဲနွမ်းပါးမှု ထက်ဝက် လျှော့ချရမည် ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံ အစိုးရသည် ဆင်းရဲမှုနှုန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း လျှော့ချရမည် ဖြစ်ရာ ယင်းလုပ်ငန်း ဆောင်ရွက်ချက်များ ထိထိ ရောက်ရောက် လုပ်ဆောင်ရာတွင်လည်း စားဝတ် နေရေး မပြေလည်၍ လိင်အလုပ်သမ ဖြစ်သွားရ သည့် လူမှုဘဝများကိုပါ ထည့်သွင်း ရလိမ့်မည်။

လတ်တလောတွင် လိင်အလုပ်သမများကို တရားဝင် လိုင်စင်ပေးရေး၊ မပေးရေးသည် လူထု အကြားငြင်းခုံမှု ကျယ်ကျယ်လောင်လောင် ထွက်လာသည်။
"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ်တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်စင် ထုတ်ပေးရင် စနစ် တကျနဲ့ အခွန်ကောက်လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးလို့ ရတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်း၏ ပြောဆိုထား ချက်ကို ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။

အသက် ၃၀ ကျော်အရွယ် အလွတ်တန်း သတင်းထောက် တစ်ဦးကမူ "ပြည့်တန်ဆာတွေ ကို ခုချိန်မှာ တရားဝင် လိုင်စင် မပေးသင့်ဘူး။ Rule and Regulation မရှိဘဲနဲ့ သူ့တို့ကို လိုင်စင် ပေးလိုက်လို့ မဖြစ်ဘူး" ဟု မှတ်ချက် ပေးသည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်မူ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်း အရ ညအချိန် လမ်းပေါ်ထွက်သည့် ညဥ့်ငှက်လို ထွက်လည်နေခြင်းမျိုး သာမက အင်တာနက်၊ ဖုန်းများ ဖြင့် ချိတ်ဆက် ခေါ်ယူနေသည့် ပြည့်တန်ဆာမယ် များလည်း ထွက်ပေါ်နေပြီဖြစ်သည်။ လိင်အလုပ်သမလေး နဒီကမူ "စီးပွားဖြစ် လုပ်နေတာ မဟုတ်ဘူး။ ဝမ်းစာ အတွက် လုပ်နေ တာ။ ဝမ်းစာ အတွက်လောက်တော့ တရားဝင်ရတဲ့ အခြေအနေ ဖြစ်ချင်တယ်" ဟု ရင်ဖွင့် ပြောဆိုသည်။

နိုင်ငံတကာတွင် ပြည့်တန်ဆာလုပ်ငန်းကို မုဒိန်းမှု ကဲ့သို့သော ရာဇဝတ်မှုများ လျော့နည်းစေ ရန်အတွက် တရားဝင် လိုင်စင်များ ချပေးသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ တရားဝင် လိုင်စင် ချထားရန် စဉ်းစား ဆွေးနွေးသည့် အဆင့်တွင်ပင် မရောက်သေးပေ။ မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည် သည့် လုပ်ငန်းဖြစ်နေခြင်းဟူသော အကြောင်း ပြချက်ဖြင့် ဖမ်းဆီး အရေးယူနေခြင်း ဖြစ်သည်။

ပြည့်တန်ဆာ လုပ်ကိုင်သူများကို ဖမ်းဆီး အရေးယူသည့်အတွက် ခိုးလုပ်ကြသည်။ အဖမ်းခံ ရမည်ကို စိုးရိမ်ပြီး ကျန်းမာရေး ဆေးစစ်ရန်ပင် မသွားရဲကြ။ အမည်မဖော်လိုတော့ ဒုရဲအုပ် တစ်ဦးကမူ "ကျွန်တော်တို့လည်း မဖမ်းချင်ပါဘူး။ အထက်က ဘယ်နေရာ စီမံချက်လုပ်ဆို ဝင်ဖမ်းရတာပဲ" ဟု မှတ်ချက်ပေးသည်။

ပြည်လမ်းမကြီးသည် ညမီးရောင်များဖြင့် ဝါကြန့်ကြန့် ဖြစ်နေသည်။ အလွှာစုံ ဖြူနီဝါ လိမ်း ခြယ်ထားသည့် တိုတိုရှည်ရှည် ဝတ်ဆင်ထားသော လှပျိုဖြူများ၊ ချစ်သူ ရည်းစားလက်ကို ချိတ်ကာ ဟန်ပါပါ လျှောက်နေသည့် စုံတွဲများ ဥဒဟိုသွား လာနေကြသည်မှာ ည ၈ နာရီ အချိန် ဖြစ်သည်။ နဒီတစ်ယောက်လည်း သာမန် အမျိုးသမီး ကဲ့သို့ပင် စကတ်တိုတို မိတ်ကပ် လိမ်းခြယ်ကာ ကော့ကော့ရွရွ ထွက်လာခဲ့သည်။ တစ်နေရာတည်း တွင် ကြာကြာ ရပ်မနေရဲ။ လမ်းလျှောက်ရင်းနှင့်ပင် သူ၏ ခန္ဓာကိုယ်အပေါ် ယစ်မူး လိုသူများကို ရှာဖွေကာ သွားလာနေရသည်။ ဤသည်မှာ လက်ရှိညဥ့်ငှက် တို့၏ ကြောက်ရွံ့မှုနှင့် ဝမ်းရေးကြားက ရုန်းကန် နေရသည့် ဘဝပင်ဖြစ်သည်။

နဒီက အဝေးကို ကြည့်ရင်း အောက်ပါအတိုင်း ညည်းဆိုလိုက်သည်။
"လှပတဲ့ အချိန်မှာ ငွေလျှံ သူတွေက Welcome ပေါ့၊ ရောဂါဖြစ်ပြီဆိုရင် အားလုံးကပစ်ထားကြမှာပါ"http://thevoicemyanmar.com/2/index.php/society/item/3281-%E1%80%8A%E1%80%A5%E1%80%B9%E1%82%95%E1%80%84%E1%80%BD%E1%80%80%E1%80%B9%E1%80%80%E1%80%B1%E1%80%81%E1%80%BA%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%80%9B%E1%80%B2%E1%82%95-%E1%80%9C%E1%80%BC%E1%80%94%E1%80%B9%E1%80%86%E1%80%B2%E1%80%BC%E1%80%95%E1%80%BC%E1%80%B2.html

သူဇာတ်ကားကြည့်ဖူးတဲ့လူဆို သိမှာပါ သူသေ သွားတောနှမျော်မိတယ် ဟီးဟီး

The Gods Must Be Crazy မှ မင်းသား N!xau

Nixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြပါတယ်။ 

တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်နဲ့ ကမ္ဘာကျော်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စုက ဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ 

အဲ့တုန်းက ရုပ်ရှင်အတွက် သူရတဲ့ငွေက ဒေါ်လာ ရာဂဏန်းပဲ ရှိပါတယ်။ သို့ပေမယ့် ၁၉၈၉ ခုနှစ်က ဒုတိယမြောက် The Goss Must Be Crazy မှာတော့ ဒေါ်လာ သန်း တစ်ဝက်လောက်ထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းတော့ 
  Kwacca Strikes Back (1990), Crazy Safari (1991), Crazy Hong Kong (1993), The Gods Must be Funny in China (1994), Sekai Ururun Taizaiki (1996) အစရှိသဖြင့် ဟောလိဝုဒ်တင် မကပဲ ဟောင်ကောင် ရုပ်ရှင်များပါ ရိုက်ကူးရန် အခွင့်ကြုံခဲ့သူ ဖြစ်ပါတယ်။ 

ဟောင်ကောင်မှာ ရုပ်ရှင်အားလုံးရိုက်ကူးပြီးတော့ နမီးဘီးယားက သူ့ရဲ့ ဇာတိမြေကိုသာ ပြန် သွားပါတယ်။ ငွေကြေးများစွာ ပိုင်ဆိုင်သည့်တိုင် ဘယ်လို သုံးစွဲရမယ်ဆိုတာတောင် မသိပါဘူး။ သင်္ချာဂဏန်းအားဖြင့်လည်း ၂၀ အထိသာ ရေတွက်နိုင်တယ်ဆိုတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါ တယ်။ ငွေတွေကို စီမံခန့်ခွဲ သုံးစွဲဖို့ဆိုတာ ဝေလာဝေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင် မရိုက်ကူးမှီကဆိုရင် လူဖြူ သုံးဦးတိတိသာ မြင်ဖူးသူ ဖြစ်ပါတယ်။ 

၁၉၉၆ ရုပ်ရှင်ရိုက်ကူးပြီး သူ့ဇာတိရွာမှာပဲ လယ်အလုပ်၊ အမဲလိုက် အလုပ် ကို ပြန်လုပ်ပါတယ်။ ငှက်ဖျား ရောဂါ တစ်မျိုးနဲ့ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ N!xau ဟာ သူ့အသက်သူတောင် သိတဲ့သူ မဟုတ်ပါဘူး။ ဒေသခံများ ခန့်မှန်းချက်အရတော့ အသက် ၅၉ နှစ်မှာ ကွယ်လွန်တာလို့ ဆိုပါတယ်။ 

နမီးဘီးယားနဲ့ တောင်အာဖရိကရဲ့  လူ့ယဉ်ကျေးမှုနဲ့ အကျင့်စရိုက်ကို ကမ္ဘာ သိအောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ဟာသမင်းသား N!xau ဟာ ယနေ့တိုင် ကမ္ဘာ့ ဟာသရုပ်ရှင်အနုပညာသမိုင်းမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ 
--
Ref: wiki

http://www.innewsmyanmar.com/2012/12/the-gods-must-be-crazy-nxau.html