Monday, December 24, 2012

ဘာလဲဟဲ့ထိုးစစ်..

Mr-Daung Char Sai was tagged in ဖိုး သားလေး's photo. — with Hnin Si Ni and 19 others.
ဘာလဲဟဲ့ထိုးစစ်..

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်.. အပြာရောင်ဝတ်စုံများနဲ့ လူပေါင်းများစွာ.တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဟု ခေါင်းစဉ်
တပ်သူများကတပ်၊ စစ်ပြေးဒုက္ခသည်များအတွက်ဟုခေါင်းစဉ်တပ်
သူများ ကတပ် နဲ့ ပြည်တွင်းစစ်ပွဲ ရပ်တန့်ဖို့အတွက် ခွင့်ပြုချက်
မရဘဲ ဆူပူလှုပ်ရှားခဲ့ကြသည်။ တစ်တိုင်းပြည်လုံး၏ ထောက်ခံမှု
များဖြင့် ရွေး ချယ်ထားသော အစိုးရရှိသည်၊ ပြည်သူအများ၏ အရေးကိုဆောင်ရွက်ရန် ရွေးချယ်ပေးထားသော လွှတ်တော် အမတ်များရှိသည်၊ တစ်ကမ္ဘာလုံးမှဆုပေါင်းများစွာ ပေးထားသော
 ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့အကျိုး လုပ်ပါ့မည် ဆို၍ မဲပေးထားကြသော ပါတီများရှိသည်။ 

ထိုမျှရွေးချယ်ထားသော လူများရှိပါသော်လည်း ထိုသူများ 
မမြင်တွေ့နိုင်ဟု ယူဆသောကြောင့်ကချင်ပြည်နယ်၏
 တောတောင်များထဲမှ တံတားချိုးလိုက်၊မိုင်းထောင်လိုက်နှင့်
လက်နက်ကိုင်ပြီး မြို့ပေါ်နေချင်သော သောင်းကျန်းသူများနှင့် စစ်ပွဲရပ်တန့်ရန် လမ်းပေါ်လျှောက်၍ တစ်မျိုး၊ အင်းယား
ကန်ဘောင်ပေါ်မှ တစ်မျိုး ပြောပြကြလေသည်။

ကချင်စစ်ပွဲကာလအတွင်းထိခိုက်ဆုံးရှုံးမှုအများဆုံးခံရသူမှာ
 ဒေသခံပြည်သူများနှင့်တပ်မတော်သားများပင် ဖြစ်သည်။
နယ်နိမိတ်တိကျစွာသတ်မှတ်ရန် ခဲယဉ်းသော နယ်စပ်နေရာ
များစွာရှိသည်၊ အချိန်မရွေးပြဿနာ ဖြစ်ပွားနိုင်သည့် ရေပိုင်နက်
များရှိသည်၊ အခွင့်အရေးရသည်နှင့် မြန်မာနိုင်ငံတွင်းဝင်ရောက်
လာနိုင်သည့် ရိုဟင်ဂျာများနှင့် ၄င်းတို့ကိုထောက်ခံပေးမည့် အဖွဲ့အစည်းများ အန္တရာယ်များလည်း ရှိသေးသည်။

ဒို့တာဝန် အရေး(၃)ပါးအတွက် တပ်မတော်အင်အားတောင့်တင်း
အောင် တည်ဆောက်ရမည့်အချိန်တွင် ငြိမ်းချမ်းသော နိုင်ငံတော်ကြီးဖြစ်ရန်အတွက် ကချင်ပြည်နယ်အတွင်း 
တပ်မတော်သားများ အသက်စွန့်တာဝန်ထမ်းဆောင်
 နေရသည်။ မီဒီယာများမှ ဖော်ပြနေသည့် တိုက်ပွဲဖြစ်စဉ်
များအတွင်း ကျဆုံးသူများမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် တပ်မတော်သားများနှင့် အပြစ်မဲ့ပြည်သူများသာ ဖြစ်ကြသည်။ 

ထိုသို့ဖြစ်နေပါလျှက် ကန်ဘောင်တွင်ထိုင်ကာ ကေအိုင်အေ လက်နက်ချ၊ သောင်းကျန်းသူ အမြစ်ဖြတ်ဟူ၍ အော်ရမည့်အစား ထိုးစစ်ရပ်ခိုင်းခြင်းသည့်လိုင်ဇာ၊ဖားကန့်မှ မြစ်ကြီးနား၊ရန်ကုန်အထိ
 ကေအိုင်အေမိုင်းများ ရောက်လာစေသည်အထိ ဖြစ်လာနိုင်ပေသည်။

ထိုးစစ်ရပ်သည်ဖြစ်စေ၊ငြိမ်းချမ်းရေးပင်ဖြစ်စေ၊ လက်နက်ကိုင်နေသမျှ စစ်ပွဲများ ဖြစ်ပွားနေအုံးမှာမလွဲပင်။ ပြည်သူအများထပ်မံ သေဆုံးနေရအုံး
မည်ဖြစ်သည်။ သက်ဆိုင်ရာအစိုးရများရှိပါလျှက် ကချင်ပြည်နယ်အား KIA,KIO တို့အုပ်ချုပ်စေရန်အတွက်မည်သို့စဉ်းစားကာ ကျောက်တိုင်စိုက်
ပေးကြသနည်း…လမ်းများ၊တံတားများ၊၀န်ထမ်းများ၏အဆောက်အအုံများအား ဖျက်ဆီးသူများအား မည်သည့်အတွက်ကြောင့်
 နေရာ ပေးမည်နည်း။

တပ်မတော်သည် ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်မည်ဖြစ်သည်။ အစိုးရအဖွဲ့သည် တိုင်းပြည်တည်ငြိမ်တိုးတက်ဖွံ့ဖြိုးအောင်
 ဆောင်ရွက်မည်ဖြစ်သည်။ စစ်ပွဲတွင်လည်းပါဝင်ခြင်းမရှိ၊ စစ်ဘေး ကြောင့်ဖြစ်သည့် ဒုက္ခကိုလည်းခံစားဖူးခြင်းမရှိဘဲ
 ထိုးစစ်ဟု အမည်တပ်၊ ထိုးစစ်ကိုရပ်ပါ ဟု ပြောသူများအတွက် မိုင်းထောင်တာကိုရပ်၊ တံတားချိုးတာကိုရပ်၊ လက်နက်ကိုင်တာကိုရပ်၊ အပစ်အခတ်ရပ် ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်စေပြီး ကချင်ပြည်နယ်သို့သာ စေလွှတ်လိုက်စေချင်တော့သည်
(via -လမ်းပြကြယ်)

စစ်ပွဲ.........တရားသောစစ်ပွဲ

..
ကေအိုင်အေနှင့်အစိုးရတပ် တိုက်ပွဲများပြင်းထန်၊ ဖားကန့်
မြို့နယ်အနီး လက်နက်ကြီးသံများ ကြားနေရ အစရှိသည့် 
သတင်းများ ယခုနောက်ပိုင်း သတင်းမီဒီယာများတွင် အကြိမ်များစွာ မြင်တွေ့နေရသော သတင်းများပင်
 ဖြစ်သည်။ အစိုးရသစ် ပြောင်းပြီးနောက်ပိုင်းကာလတွင်
 နိုင်ငံတ၀န်းလုံး၌ စာသင်ကျောင်း သစ်များ ဆောက်ပေးရေး၊ 
လမ်းများ တံတားများ ဆောက်ပေးနိုင်ရေး၊ လယ်သမားများ၊ 
အလုပ်သမား ဆိုင်ရာ ဥပဒေများ၊ အခွင့်အရေးများ ရရှိရေးတို့ကို လွှတ်တော်အတွင်းမှ တရားဝင် တင်ပြကာ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်နေချိန်တွင် ဤသတင်းများသည် ပြည်ထောင်စုကြီးအား မပြိုကွဲစေချင်သော တိုင်းရင်းသား မှန်သမျှ လက်ခံနိုင်ဖွယ်မရှိသော ကိစ္စပင် ဖြစ်ပေသည်။

 ကေအိုင်အေ မည်သည့် အတွက်ကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသနည်း........ နိုင်ငံတွင် တရားဝင်ရွေးကောက်
ထားသော အစိုးရအဖွဲ့ရှိသည်၊ နိုင်ငံတော်၏ တရားဝင်အသိ
အမှတ်ပြု တပ်မတော် ရှိသည်။

 မိမိတို့ပြည်နယ်တိုးတက်ဖို့အတွက် မိမိတို့လူမျိုးကောင်း
စားရေးအတွက် အခွင့်အရေးမှန်သမျှအား ပြည်ထောင်စုမြန်မာနိုင်ငံတော်
အစိုးရအဖွဲ့ထံသို့ လွှတ်တော်များမှ တစ်ဆင့် တင်ပြနိုင် ပါလျှက် 
မည်သည့် အတွက်ကြောင့်ကိုယ်ထင်ရာကို တောထဲကနေ
 တောင်းဆိုနေရသနည်း။

 နိုင်ငံတော်အား ပြည်တွင်းပြည်ပရန်မှ ကာကွယ်ရန်အတွက် တိုင်းရင်းသားအားလုံးဖြင့် ဖွဲ့စည်းထားသော တပ်မတော်ရှိပြီး
ဖြစ်ပါလျှက် မည်သူများအား ကာကွယ်ရန်လက်နက်ကိုင်ဆောင်
တိုက်ပွဲဝင်နေရသနည်း။

တရားမ၀င်လက်နက်ကိုင်ဆောင်လျှင် သောင်းကျန်းသူပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံမှ သောင်းကျန်းသူကိုလက်ခံမည်မဟုတ်ပါ။
 မြန်မာ့တပ်မတော်ကဲ့သို့သော အင်အားတောင့်တင်းသည့် တပ်မတော်ရှိပြီး ဖြစ်သည့် နိုင်ငံအဖို့မှာ သာ၍ပင် လက်မခံနိုင်စရာပင်။

 နှစ်များစွာ၊အချိန်များစွာ ငြိမ်းချမ်းရေးအောင်မြင်စေရန်အတွက်
 ပေးဆပ်ခဲ့ပြီးဖြစ်သည်။ စေ့စပ်ဆွေးနွေး၍ တိုင်းပြည်အေးချမ်းသာယာစေရန်အတွက် စွန့်လွှတ်မှုပေါင်းများစွာဖြင့် ပေးဆပ်ခဲ့ပြီး ဖြစ်သည်။ 

နိုင်ငံတော်သမ္မတကြီး၏စကားကြောင့် စစ်ပွဲရပ်ဆိုင်းပေးခဲ့ရသည့်
ကာလတွင် အသက်ပေးခဲ့ရသည့် တပ်မတော်သားများနှင့် အပြစ်မဲ့ပြည်သူများ၏ ၀ိဥာဉ်များက ငြိမ်းချမ်းမှုမရနိုင်သေးသည့်
အတွက် ထာဝရငြိမ်းချမ်းနိုင်မည့်နည်းလမ်းတစ်ခုအတွက် ဆုတောင်းနေကြလေပြီ။

မြန်မာနိုင်ငံကြီးတစ်ခုလုံးနီးပါး သောင်းကျန်းသူများသိမ်းပိုက်၍ သူ့ပြည်ကိုယ့်ပြည် ဝေစုခွဲတော့မည့်အချိန်တွင် ရန်ကုန် တစ်ကွက်အား အခြေပြု၍ ယခုကဲ့သို့အခြေအနေရောက်သည်အထိ
 ဆောင်ရွက်နိုင်ခဲ့သော သမိုင်းကြောင်းကောင်း သည့် တပ်မတော်သည်ယခုလက်တစ်ဆုပ်စာ တောတွင်းအခြေပြုအဖွဲ့လေး
တစ်ဖွဲ့အား သွေးမြေမကျသော ငြိမ်းချမ်းရးကိုသာ
ဆောင်ရွက်ဖို့ အစီအစဉ်မရှိလျှင် အမြစ်ပြတ်ချေမှုန်းနိုင်ပြီး ဖြစ်မှာ
 မလွဲပင်။ အခြားတိုင်းပြည်သို့ထွက်ပြေး၊ ထိုနိုင်ငံမှ လက်မခံ၊ ပြည်တွင်းသို့ပြန်ရောက် တောထဲတောင်ထဲမှာ
နေနေရသော ကချင်တိုင်းရင်းသား ဒုက္ခသည်များအတွက်၊ တိုင်းပြည်တစ်ခုလုံး တစ်ပြေးညီဖွံ့ဖြိုးပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူအားလုံးအတွက် တရားသောစစ်ကို ဆင်နွှဲမှသာ ပြီးပြည့်စုံလိမ့်မည်ဖြစ်သည်။

မိမိတို့ကိုယ်ကျိုးကိုစွန့်၍ ဒေသခံပြည်သူတို့၏ 
မျက်နှာကိုကြည့်သော တစ်ချိန်ကအမြင်လွဲမှားခဲ့သည့် 
ညီအစ်ကိုများ လက်နက်စွန့်ခဲ့သည့်အတွက်
 ဆက်သွယ်ရေးလမ်းများ၊ တံတားများ၊ ဆက်သွယ်ရေးစနစ်များ၊ တည်ငြိမ်အေးချမ်းမှုများ ပိုင်ဆိုင်နေကြပြီး ဖြစ်သည်။ 

ဆူညံနေသော အသံများ တိတ်ဆိတ်ငြိမ်သက်သွားစေရန်အတွက် 
တိတ် ဆိုသော အသံကျယ်စကား တစ်ခွန်းအား ပြောရမည်ဖြစ်သလို လက်နက်သံများချုပ်ငြိမ်းဖို့ အားလုံးအပေါ် လွှမ်းခြုံနိုင်သော 
လက်နက်ကို အသံကျယ်ကျယ်တစ်ခါ အသုံးပြုရပေမည်။ 

ကချင်ပြည်နယ် ကိုချစ်သော၊ကျန်ပြည်နယ်များကဲ့သို့ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်စေချင်သော ကျွန်တော့်အနေဖြင့် တပ်မတော်သာ စစ်တိုက်မည်(အမှန်တကယ်တိုက်မည်)ဆိုပါက ကျွန်တော် စစ်သားလုပ်ပါမည်။။။။။။။။။။
 (via Nay Oake Shin)

ငါတို့ ဘယ်သူ့ ကိုမှ ရန်သူလို့ မသတ်မှတ်ခဲ့ဖူးကချင်မို့ လို့ 
ကယားမို့ လို့  ကရင်မို့ လို့ ရှမ်းမို့ လို့ ငါတို့ မှာ မရှိခဲ့ဖူးငါတို့ 
သွေးချင်းတွေ မှန်းသိလို့ လည်း ဘယ်လို ဘဲအယူဆတွေ 
ကွဲလွဲနေပါစေ ငါတို့ ငြိမ်းချမ်းရေး ဆိုတာ ကိုကမ်းလှမ်းတယ် 
ဂျပန် အင်္ဂလိပ်တရုတ်ဖြူ(ကွန်မင်တန်)လို တိုင်းပြည်ကနေ 
ပပျောက်ပြီး အမြစ်ပြတ်မလှုပ်ခဲ့ဖူး ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်တယ်။

ငါတို့ ရန်သူ တိုင်းပြည်ကို အချုပ်ခြာအာဏာ ထိပါးပြီး
မငြိမ်မသက်ဖြစ်အောင် ကြံဆောင်သူ အားလုံး ငါတို့ 
တိုက်ခဲ့တယ်။ ခင်များတို့ ကလောင်စွမ်းတိုင်းပါးစပ် အရသာခံကောင်းတိုင်းကိစ္စတခုကို သေချာမသိဘဲ စွတ်ဝေဖန် တိုင်းပြည်တွက် ပြည်သူ့ အတွက်လား ဆိုတာတော့
ခဏထားဦး ကိုယ့်အသက်ကိုရင်း ဒုက္ခ တွေ ခံပြီးအမိန့် နဲ့ 
တာဝန်ကို ဦးလည်မသုန်ထမ်းရွက်ပြီး အသက်ပေးခဲ့တဲ့ အရာရှိ 
စစ်သည်တွေကတော့ ဒုနဲ့ ဒေးဘဲ ခြေထောက်ပြတ်ခဲ့တဲ့လူတွေ
ကျဆုံးခဲ့တဲ့ လူတွေမိသားစုအားလုံး နောက်ဆုံး ဖြည်ခဲ့တာတော့
 အော် တိုင်းပြည်တွက်ဘဲလေ ဆိုပြီး မျက်ရည်တွေ ခါထုတ်ပေးခဲ့သူတွေ အများကြီးဆိုတာ သိစေချင်တယ် ...

လေးစားစွာဖြင့်
ဖိုးသားလေး
ဘာလဲဟဲ့ထိုးစစ်..

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်.. အပြာရောင်ဝတ်စုံများနဲ့ လူပေါင်းများစွာ.တစ်နိုင်ငံလုံး
ငြိမ်းချမ်းရေးအတွက်ဟု ခေါင်းစဉ်

0 ကွန်မန့်ရေးရန်:

Post a Comment