Monday, December 24, 2012

ဘင်္ဂလီများတိုက်ခိုက်သဖြင့် ရခိုင်ညီကို နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ၊ တစ်ဦး စစ်တွေဆေးရုံရောက်နေ

--------------------------------------------
မြောက်ဦးမြို့နယ်၊ ဇေယျဝတီကျေးရွာမှ ညီအစ်ကိုနှစ်ဦးဖြစ်သည့် ဦးစိန်လှနှင့် ဦးသာထွန်း တို့သည် မောင်းဆွဲတောင်တန်း၊တောင်ခြေတွင် မိမိတို့၏ တလင်းပြင်တွင် စပါးနယ်နေစဉ် မွန်းတည့် ၁၂ နာရီခန့်တွင် ပေါင်းတုတ်ကျေးရွာမှ ရှော်နီယာနှင့်မောင်မောင်ချေ ဆိုသောဘင်္ဂလီ ၂ ဦးအပါအ၀င် ဘင်္ဂလီ ၂၀ ဦးခန့် ရောက်ရှိလာခဲ့ပြီး ၀ိုင်းဝန်း ရိုက်ပုတ်ခဲ့ကြရာ နှစ်ဦး စလုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်ပါ သည်။
ထိုသို့ ဘင်္ဂလီများ အုပ်စုဖြင့်ချီတက်လာသည်ကိုမြင်သော ကျွဲကျောင်းနေသည့် ကလေးငယ်(ဦးသာထွန်း ၏ သားများ) နှစ်ဦးက တစ်မိုင်ခန့်အဝေးတွင်ရှိသော ရခိုင်လယ်တဲသို့ ပြေးသွားပြီး အကြောင်းကြားရာမှ ရ ခိုင်များလိုက်လာစဉ် ပြန်လည်နောက်ဆုတ်သွားခဲ့ကြောင်းသိရသည်။
အစ်ကိုဖြစ်သူ ဦးစိန်လှ(အသက်-၅၆နှစ်)(ဘ) ဦးအောင်စံသိန်းမှာ မြောက်ဦးဆေးရုံတွင် လက်မခံသဖြင့် ယနေ့ နံနက်ပိုင်းတွင် စစ်တွေပြည်သူ့ဆေးရုံ သို့ရောက်ရှိကာ အရိုးဆောင်တွင် တက်ရောက် ကုသမှုခံယူနေရကြောင်း သိရသည်။ ယနေ့ နေ့လည်ပိုင်းတွင် ခွဲစိတ်ကုသကာ ကျိုးသွားသော ဘယ်ဘက် လက်မောင်းရိုးအား ကျောက်ပတ်တီးစည်းထားရကြောင်းသိရသည်။
ဦးစိန်လှမှာ လက်မောင်းကျိုးသည့်ဒဏ်ရာ အပြင် တစ်လုံးတွင်လည်း ဒဏ်ရာရရှိထားခြင်းဖြစ်ပြီး တူးရွင်း ဖြင့်ရိုက်သတ်ခြင်းဖြစ်ကြောင်းသိရသည်။လူ ၂၀ ဦးခန့် ၀ိုင်းဝန်းရိုက်ပုတ်ခဲ့ခြင်းကိုခံခဲ့ရသည့်အတွက် အတွင်းဒဏ်ရာလည်းရထားကြောင်းသိရသည်။
ညီဖြစ်သူ ဦးသာထွန်း(အသက် ၅၄ နှစ်)မှာ ဦးခေါင်းဒဏ်ရာအပြင် တစ်ကိုယ်လုံးဒဏ်ရာများဖြင့် မြောက်ဦး ဆေးရုံတွင်ကုသမှုခံယူနေရကြောင်းသိရသည်။
ယခုအချိန်ထိ ထိုဘင်္ဂလီများကို ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်းနှင့် ပေါင်းတုတ်ဘင်္ဂလီရွာသားဖြစ်သည့် ရှော်နီယာနှင့်မောင်မောင်ချေ အပါအ၀င် အခြားသောလူ ၂၀ အား ဖမ်းဆီးခြင်းအား အရေးတယူလုပ် ဆောင်ခြင်းမရှိသေးကြောင်းလည်းသိရှိရပါသည်။
— ဘင်္ဂလီများတိုက်ခိုက်ခံရသူစစ်တွေဆေးရုံရောက်

https://www.facebook.com/photo.php?fbid=310246122428035&set=a.1...

0 ကွန်မန့်ရေးရန်:

Post a Comment