This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, December 8, 2012
မလှူကောင်းသော ဒါန(၁၀) ပါး
အလှူဒါန၀တ္ထုခေါ် မပေးလှူကောင်းသော အလှူ ၁၀-ပါး။ ပေးလှူသော် ကုသိုလ်မရ။
အပါယ်ကျတတ်သော အလှူ ၁၀-ပါးမှာ-
၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန - မိန်းမအလှူ။
၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန - အဆိပ်အလှူ။
၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။
(၁) - သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။
(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။
(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။
(၄) - ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလား တို့ကိုပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့တိုက်တွန်းပါတယ်။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။
၇။ ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။
၉။ ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။
ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်းနောင်တတွေ စိတ်မချမ်းသာမှုတွေမဖြစ်ကြပဲ ။နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်းလိုပါတယ်။ ထိုထိုသို့သော အလှူများကသည်ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကိုအားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေဟုဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။
စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ။
source:https://www.facebook.com/BuddhismBeams
Facebook video chat
ဖေ့ဘွတ်videoသိတဲ့သူတော့များမယ်ထင်တယ် ..ဘာဘဲဖြစ်ဖြစ်ပေါ့မသိတဲ့သူတွေအတွက်ပေါ့ သိရင်လဲကျော်သွားနော်
အောက်ကလင့်ကိုနှိပ်လိုက်တာနဲ့ facebook စာမျက်နှာကိုရောက်ပါတယ် ပုံမှာပြထားတဲ့ Get started ကိုနှိပ်လိုက်ပါ
http://www.facebook.com/videoc​alling သို့ သွားပြီး Get Stared ကိုနှိပ်ပါ...
ပီးလျှင် အွန်လိုင်းဖြစ်နေတဲ့ တစ်ယောက်ယောက်ကို ရွေးလိုက်ပါ....
အွန်လိုင်းဖြစ်နေတဲ့ ဖရန့် တွေရဲ့ ချက်ဘောက်စ်ကိုနှိပ်ကြည့်ရင် အပေါ်မှာ video camera ပုံလေး ပေါ်လာပါလိမ့်မယ်....
video camera ပုံလေးကို ကလစ်နှိပ်ပါ....
ထိုအခါ ဆော့ဝဲ ဒေါင်းခိုင်းပါလိမ့်မယ်....
ဆော့ဝဲလ်ဒေါင်းပြီး အင်စတောလုပ်လိုက်ပါ.... ချက်လို့ရပါပြီ        ချက်ပြီးရင်စားကြတာပေါ့       :)အဟိ အဆင်ပြေလားမသိဖူးမပြေရင်ချက်ဘောက်မှာမေးနော်အဟိ ကျေးဇူးတင်တယ်ဆိုရင်ဒီဆိုဒ်လေးကိုလာခဲ့နော်..http://friendsoftwarebyyanlin.blogspot.com
အဆင်ပြေကျပါစေဗျာာ...
ရဟန်းတော်များ ဆွမ်းခံရခြင်း အကြောင်းအရင်း
ဘာသာရေးနဲ့ပက်သက်လို့ အမေးအဖြေလေး တစ်ခု ဖတ်မိလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ကျွန်တော်လည်းသေချာမသိခဲ့ပါဘူး။ ဖြေကြားပေးတဲ့ ဆရာတော်က အရှင်ခေမာနန္ဒ ဖြစ်ပါတယ်။
မေး။ တပည့်တော် ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ရဟန်း၊သံဃာတွေ ဆွမ်းခံစားတဲ့ အကြောင်းအရင်းကို လာမေးတဲ့အခါ အကိုးအကားနဲ့ ပြန်မပြောနိုင်ဘူးဘုရား။ ဘုရားရှင်ရဲ့ ပညတ်ချက်တစ်ခုဆိုတာပဲ သိပါတယ်ဘုရား။ အဲဒါကို ရှင်းပြပေးစေလိုပါတယ် ဘုရား။
ဖြေ။ လူတွေရဲ့ ပထမ ဦးစားပေး ကိစ္စက၀မ်းရေးပဲမို့ ဒကာ။ လူတွေဟာ ၀မ်းရေးအတွက်ကြောင့် မတရားတာတွေရော၊ တရားတာတွေရော ပြုပ်လုပ်မိကြပါတယ်။ အများအားဖြင့်ပေါ့။လူတစ်ရာမှာ ရှစ်ဆယ်လောက်ကတော့ ၀မ်းရေးကိုအကြောင်းပြုပြီး မကောင်းမှုတွေ ပြုလုပ်မိကြတယ်။ မနက်ဖြန်အတွက်ဆန်အိုးထဲမှာ ဆန်ရှိသေးရဲ့လားလို့ ကြောင့်ကြမှုဖြစ်ကြရတယ်။ စိတ်ဆင်းရဲရတယ်။ ဆန်စပါးတွေကို စိုက်ပျိုးပြိး သိုးမှီးသိမ်းဆည်းမှုတွေ ပြုလုပ်ကြရတယ်။ သိမ်းဆည်း ထားတာရှိတဲ့သူတိုင်း ကြောင့်ကြမှုဖြစ်ရတယ်။ သိုးမှီးသိမ်းဆည်းထးတာ ဘာမှမရှိတဲ့သူက ကြောင့်ကြမှု မရှိတော့ဘူး။ သူခိုးလည်းကြောက်စရာမလိုတော့ဘူး။ ဓားပြလည်းကြောက်စရာမလိုတော့ဘူး။ ဒါကြောင့်မို့ ရဟန်းတော်တွေကို ဘုရားက ကိုယ်တိုင်ချက်ပြုတ်မစားဘူးလို့ ပညတ်ခဲ့တာဖြစ်တယ်။ ချက်ပြုတ်မစားတဲ့အတွက် ၀မ်းရေးအတွက် ထူးပြီး ပူပန်နေစရာမရှိဘူး။ သိမ်းဆည်း နေစရာမလိုတော့ဘူး။ မနက်ဖြန်အတွက် အိုးထဲမှာ ဆန်ရှိနေသေးရဲ့လား ဆိုတဲ့ ပူပန်မှုများလဲ မရှိတော့ပါဘူး။ ထင်းရှာရခြင်း စတဲ့ ဒုက္ခများမှလဲ လွတ်ကင်းသွားပါတယ်။ ဆွမ်းခံစားတဲ့အတွက် မာန်လဲကျသွားစေပါတယ်။ ငါဘာကောင်ဆိုပြီးတော့ မာန်တက်လို့မရတော့ပါဘူး။ ( ဥစ္စာ စပါး၊ သိမ်းမထား၊ ရှေ့ဖျား သမဏ မြတ်သုခ ) ဆိုတဲ့ရဟန်းတွေရဲ့ ချမ်းသာခြင်းရှစ်ပါးထဲမှာ ဆွမ်းခံစားရတာက တစ်းပါးအပါအ၀င် ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် တော့ သဘောပေါက်မယ်လို့ ထင်ပါတယ်။ ဒါပေ့မယ့် နည်းနည်းလေးထပ်ပြီး ရှင်းပြချင်သေးတယ်။
သာဝတ္တိပြည် ဖေတ်ဝန်ကျောင်းတော်မှာ ဘုရားရှင် သီတင်းသုံးစဉ်က ကောသလတိုင်းတ၀န်းလုံးမှ အသက်အရွယ်ကြီးရင့်ကြတဲ့ ပုဏ္ဏား သူဌေးကြီးတွေဟာ အခုခေတ်ပုဏ္ဏားတွေရဲ့ အကျင့်သီလဟာ ရှေးခေတ် က ပုဏ္ဏားတွေရဲ့ ကျင့်စဉ်အတိုင်း ကျင့်နေကြတာ ဟုတ်ပါရဲ့လား လို့ လာရောက်မေးမြန်းကြပါတယ်။ ဘုရားရှင်က မဟုတ်တော့ဘူးလို့ ပြန်လည်ဖြေကြားလိုက်ပါတယ်။ ဒီအခါမှာ ပုဏ္ဏားတွေက တောင်းပန်လျှောက်ထားလို့ ရှေးခေတ်ပုဏ္ဏားတွေရဲ့ အကျင့်ကောင်းတွေကို ထုတ်ဖော်ဟောကြားပေးခဲ့ပါတယ်။ ရှေးခေတ်ပုဏ္ဏားတွေက သိမ်းပိုက်မှု ဘာတစ်ခုမှ မရှိကြောင်း ၊ကိုယ်နှုတ်နှလုံးကို စောင့်ဆည်းကြကြောင်း၊ ထို့ကြောင့်လူတိုင်သည် ပုဏ္ဏားတို့အတွက် လောင်းလှူရန်အိမ်ရှေ့များမှာ ဆွမ်းဦးအမြဲချထားကြောင်း ၊ စသည်ဖြင့် ဟောကြားပေးပါတယ်။
ဒါကိုထောက်ရှု့ကြည့်ရင် အမျိုးဇတ်အားဖြင့် မြင့်မြတ်လှပါတယ်ဆိုပြီး မာန်မာန ခက်ထန်ကြတဲ့ ပုဏ္ဏားတွေတောင် ဆွမ်းခံကြတယ်ဆိုတာကို သိရပါတယ်။ ရသေ့တို့၊ ပစ္စေကာဗုဒ္ဓါတို့ ဆွမ်းခံစားတာကတော့ အများသိပြီးသားမို့ ထူးပြီး မပြောတော့ပါဘူး။ သူတော်ကောင်း ၊သူမြတ်လောင်း မှန်ရင် ဆွမ်းခံစားကြတာသေချာပါတယ်။ ။ ဆွမ်းခံစားတာဟာ သူတော်ကောင်းများရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာပါ။
သူရာ သောက်ထုတ်၊ သေတင်းကုတ် ၊ပဏ္ဍုတ် ဘက္ခုမ ၊ ပျိုကြီးဂေဟာ ပြည့်တန်ဆာ လင်ကွာမုဆိုးမ ၊ ဤခြောက်အိမ်တွင် အကျွမ်းတစ်ဝင် ဆွမ်းလျှင်မခံရ .........တဲ့။ ရဟန်းတော်တွေဟာ ဆွမ်းခံရာမှာလဲ ကျင့်ဝတ်နဲ့အညီ ဆွမ်းခံရတယ်။ ဖောပြခဲ့တဲ့ လင်္ကာလေးရဲ့ ဆိုလိုရင်းက ရဟန်းတော်တွေဟာ....အရက်ဆိုင် ၊အခြောက်ရဲ့အိမ် ၊ ဘိက္ခုနီမကျောင်း ၊ အပျိုကြီးရဲ့အိမ်၊ ပြည့်တန်ဆာမအိမ် ၊ မုဆိုးမရဲ့ အိမ် .......စတဲ့ အိမ်ခြောက်အိမ် ကို ဆွမ်းခံမ၀င်ရဘူးလို့ ပညတ်ခဲ့ပါတယ်။ လမ်းကိုထွက်လောင်းရင်တော့ ခံယူလို့ရပါတယ်။ ထိုင်အိမ်ဖြစ်တာ အ၀င်ကောင်းတာပါ။
နောက်ပြီး ရဟန်းတော်တွေဟာ ကိုယ်ဆွမ်းခံနေတဲ့အိမ်က လူတွေကို ဗေဒင်ဟောခြင်း ၊ဆေးကုခြင်း စတဲ့ အနေသန ၂၁ ပါးကိုလဲ ပြုလုပ်မပေးရပါဘူး။ ဒါတွေကို ပြုလုပ်ပေးတဲ့ရဟန်းတွေကို ...အမျိုးဖျတ်ရဟန်းတွေ ......လို့ ဘုရားရှင်က ဟောကြားခဲပါတယ်။ ဒီလိုရှောင်ကြဉ်စရာတွေ ရှောင်ပြီး တရားသဖြင့် ရလာတဲ့ ဆွမ်းကိုမှ ဓမ္မိယလာဘ် လို့ ခေါ်ပါတယ်။ ဓမ္မိယလာဘ် ကိုတောင်မှ ပစ္စဝေက္ခမဆင်ခြင်ဘဲ သုံးဆောင်ခွင့်မပြုခဲ့ပါဘူး။ ပစ္စဝေက္ခ ဏမဆင်ခြင်ပဲ သုံးဆောင်ရင် အပြစ်ရှိပါတယ်။ (အခုခေတ် ဆွမ်းခံအိမ်ကိုနှစ်လုံးသုံးလုံး ပေးနေသူများ ဆင်ခြင်နိုင်ကြပါစေ )
ဒါကြောင့် ( အပြစ် ကင်းကွာ၊ ဆွမ်းကိုရှာ ၊ ဤမှာ သာမဏ မြတ်သုခ ) လို့ကျေးဇူးတော် ရှင် တပိ ဋိ ကဓရဓမဘ္မ ဏ္ဍာဂါရကိ မင်းကွန်းဆရာတော်ကြီးက လကာင်္စပ်ဆိုခဲ့တာပါ။ နောက်ပြီးတော့ လောကမှာ တောင်းခြင်းနှစ်မျိုး ရှိတယ်။ ယာစကာ (သူတောင်းစား ) တို့၏ တောင်းခြင်းနှင့် အရိယာ တို့၏ တောင်းခြင်းပါ။ ယာစကာတို့ ၏တောင်းခြင်း ကတော့ ပေးပါကမ်းပါ သနားပါနဲ့ လိုချင်တာကို အော်ဟစ်ပြောဆိုကာ တောင်းခံကြပါတယ်။ အရိယာတို့တောင်းခြင်းဆိုတာက အရိယာအရှင်မြတ်တွေဟာ အိမ်ပေါက်စေ့ ရပ်တော်မူကြပါတယ်။ ဘာလိုချင်တယ်လို့နှုတ်ကဖွင့်မပြောပါဘူး။ အိမ်ရှင်ထွက်ပြီး အရှင်ဘုရား ဘာအလိုရှိပါသလဲလို့ လျှောက်ထားမှ အလိုရှိတာကို ပြန်လည် မိန့်ကြား တာပါ။ အဲလိုမလျှောက်ပဲ တစ်ခုခုလောင်းရင်လဲ လောင်းတာယူပြီး ထွက်ခွာသွားတာပါ။ ချိုတယ် ၊ချဉ်တယ် ၊ပူတယ်၊ စပ်တယ် ၊ မကောင်းဘူး ၊ကောင်းတယ်လို့ ဘာတစ်ခုမှ မပြောဆိုပါဘူး။ လှူတာကိုယူပြီး ပြန်သွားတာပါ။
ယာစကာတို့နှင့် အရိယာတို့ ရဲ့တောင်းဆို တဲ့နေရာမှာ ကွာခြားချက်က တော့ အဲဒါပါပဲ။ နောက်တစ်ခုက ရဟန်းတော်တွေဟာ ဆွေးမျိုးမတော်ရင် ၊ အလိုရှိတာကို လာရောက် အလှူခံပါလို့ လျှောက်မထားရင် ဘယ်လောက်ပဲ ရင်းနှီးနေပါစေ ဘာလိုတယ် လှူပါလို့ အလှူမခံကောင်းပါဘူး။
လက်ကြောမတင်းလို့ ၊ လုပ်မစားချင်လို့ ဆွမ်း ခံစားကြတာ မဟုတ်ပါဘူး။ ဆွမ်းခံစားတဲ့အတွက် ဆင်းရဲဒုက္ခတွေအတော်များများ ကင်းကွာသွားလို့ မာန်မာနကို ကျသွားစေလို့ ဆွမ်းခံစားကြရတာပါ။
အရှင်ခေမနန္ဒ
ကမ္ဘာ့ အမြင့်ဆုံးတံတားကြီးများ
ကမ္ဘာ့ အမြင့်ဆုံးတံတားကြီးများကို တင်ပြပါမယ်။အရင်ကလဲ ကမ္ဘာ့အမြင့်ဆုံးတံတားကြီး
ဆိုပြီးတင်ဆက်ထားပေးဖူးပါတယ်။ပြီးတော့ အခြား
ထူးခြားလှပသော တံတားများကိုတင်ပြပေးဖူးပါတယ်။အဲဒီထဲမှာပါတာတွေရော
မပါတာတွေကိုပါ ကမ္ဘာ့ အမြင့်ဆုံးတံတားကြီး(၁၀)စင်းကို အစဉ်လိုက်စုစည်းတင်ပြထားပါသည်....
1. Millau Viaduct Bridge
ပြင်သစ်နိုင်ငံမှာပါ။ဒီအကြောင်းကိုသီးခြားပိုစ့်တင်ပေးထားဖူးပါတယ်။
2. Sutong Yantze River Bridge  
တရုတ်နိုင်ငံမှာတည်ရှိတဲ့ ဒီတံတားကြီး ဟာအရှည်  8,206 meters ရှိပြီးJune 30th 2008 တွင်
ဖွင့်လှစ်ခဲ့ပါတယ်။
3. Akashi-Kaikyo Bridge
Akashi-Kaikyo တံတားကတော့ 298.3 meter မြင့်ပြီး 6,532 ပေရှည်ပါတယ်။
4. Stonecutters Bridge
ဒီတံတားကတော့ ဟောင်ကောင်နိုင်ငံမှာပါ။ ကျွန်းဆွယ်နှစ်ခုကို ဖြတ်ကူးတည်
ဆောက်ထားတဲ့ ဒီတံတား၏အမြင့်ကတော့ 298 meter  ပါ။
5. The Great Belt Fixed Link
ဒိန်းမတ်နိုင်ငံမှာ တည်ရှိပြီး 254 meter မြင့်ပါတယ်။ 
6. Golden Gate Bridge
ဒီလိုလှပ ခံညားတဲ့တံတားကြီးကတော့ ဆန်ဖရန်စစ်စကိုမှာပါ။227.4 meter မြင့်ပါတယ်။ 
၁၉၇၃ ခုနှစ်တတည်းက တည်ဆောက်ထားခဲ့တာပါ။
7. Tatara Bridge
ဂျပန်နိုင်ငံ က ရှိကိုးကု နှင့်ဟွန်းရှု့ ကျွန်းကိုဆက်သွယ်ထားပြီး 890 meters ရှည်ပါတယ်။
8. The Pont de Normandie
ကမ္ဘာကျော် နော်မန်ဒီ ကတံတားပါ။ 215 meters မြင့်ပြီး  7,032 ပေရှည်ပါတယ်။
9. The Runyang Bridge
တရုတ်နိုင်ငံမှာ တည်ရှိပြီး  705 ပေ(သို့) 215 meter မြင့်ပါတယ်။ အရှည်ကတော့
1.490 meter (သို့) 4,888 ပေ ရှိပါတယ်။
10. The Verrazano-Narrows Bridge
မီးရောင်စုံများနှင့်လှပ လှတဲ့ဒီတံတားကြီးက နယူးယောက်မှာတည်ရှိပြီး 211.3 meter မြင့်ပါတယ်။
ဒီလောက်ဆိုရင် ရှည်လျားမြင့်မားလှပသော တံတားတွေစုံသလောက်ရှိပါပြီ။
နောက်များမှာ ရှာဖွေတွေ့ရှိခဲ့ရင်ဆက်လက်တင်ဆက် ပေးပါအုံးမည်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ....................................နေခရမ်း
မူရင်း။     ။  နေခရမ်း(ထူးဆန်းထွေလာ)   တွင်ကြည့်နိုင်ပါသည်။
အမျိုးသားနေ့..ဒို့မမေ့
ဒီနေ့ဟာ...တန်ဆောင်မုံးလပြည့်ကျော်(၁၀)၇က်အမျိုးသားနေ့ဖြစ်ပါတယ်.
..တ၇ားဝင်နေ့ထူးနေ့မြတ်..သတ်မှတ်၇က်များမှာ..မြန်မာ.၇က်.လ
.သတ်မှတ်ထားတဲ့နေ့ဖြစ်ပါတယ်..အခြားသောနေ့တွေမှာ
..များသောအားဖြင့်ခ၇စ်နှစ်၇က်သာဖြစ်ပါတယ်...မြန်မာမျိုးချစ်စိတ်၇ှင်သန်ေ၇း..
အမျိုးသားေ၇းလက္ခဏာများထိမ်းသိမ်းထား၇ှိေ၇းတို့အတွက်မြန်မာ
၇က်ဖြင့်အထူးသတ်မှတ်ပေးထားသော..ဒီနေ့အမျိုးသားနေ့မှာ
..ကှိုလူမျိုးကိုယ့်ယဉ်ကျေးမှု..ကိုယ့်ဘာသာ..သာသနာကိုယ့်ထီးကိုယ့်နန်း.
.ကို့ကြမ္မာကိုယ်ဖန်တီးနိုင်ေ၇း...အမျိုးသားေ၇းလက္ခဏါများထိမ်းသိမ်းထား၇မှာ..
.အမျိုးသားေ၇းတာဝန်တ၇ပ်အဖြစ်..နိုင်ငံသားတိုင်းတွင်တာဝန်၇ှိပေသည်..ဒို့မြန်မာတွေဟာ.
.ကမ္ဘာမှာ..တမူထူးခြားတဲ့လူမျိုးအဖြစ်၇ပ်တည်နေတာဖြစ်တယ်..ေ၇မြေတောတောင်သဘာဝနှင်
့သယံဇာတ..ပေါကြွယ်ဝတယ်..နိုင်ငံ၇ဲ့တည်ဆောက်မှုပထ၀ီအနေအထားကလည်းလွန်စွာမှ.
.ကောင်းမွန်ပေတယ်..လူတှိုအင်မတန်မှအေ၇းကြီးလိုအပ်တဲ့..အဓိက.
.စားနပ်၇ိက္ခါအတွက်စိုက်ပျိုးမြေနှင့်ေ၇မြေသဘာဝက..ထူးခြားစွာကောင်းမွန်နေခြင်းဟာ.
.အနာဂါတ်မှာ..ဓါတုကင်းစင်တဲ့သဘာဝအစားအစာတွေ..ကမ္ဘာကအားထား၇မဲ့
တိုင်းပြည်ဖြစ်လာမှာဖြစ်တယ်.ဒါကြောင့်..ယနေ့ဆို..အာ၇ှကအလေးထားလာသလို
..ဥေ၇ာပနိုင်ငံများကလည်း..အထူးဂ၇ုစိုက်လာတာဖြစ်သည်ကို..ဒို့တစ်တွေညီညီညွတ်
ညွတ်နဲ့သွေးစီးပြီး..အမျိုးသားေ၇းစိတ်ဓါတ်ခိုင်မာကာ...လိမ္မာပါးနပ်စွာနှင့်.နေတတ်ဘို
့အင်မတန်မှအေ၇းကြီးပါတယ်...သူတလူ..ငါတမင်း..ဘယ်သူသေသေ..ငတေမာပြီးေ၇ာစိတ်ဓါတ်တွေ
..ထင်ပေါ်ခြင်တဲ့စိတ်ဓါတ်တွေ...ဘေးခယ်ထားကာ..သမိုင်းမှာ၇ှိပါတယ်..
.ကမ္ဘာတ၀က်သိမ်းပိုက်ခဲ့..နယ်ချဲ့ကျူးကျော်လာတဲ့ဗြိတိသျှကိုလိုနီနယ်ချဲ့တွေကိုတောင်..
.အခုလောက်..နိုင်ငံ့လူဦးေ၇မ၇ှိသေးခင်က..ဂျပန်နဲ့ပေါင်းတိုက်ထုပ်..ပြီးဂျပန်ကိုပြန်တိုက်..ဒီလိုနဲ့ဗျူ
ဟာကြွယ်ခဲ့..ဒို့မြန်မာ...သတ္တိ   ကာယဥာဏနှင့်ပြည့်စုံတဲ့ဒို့မြန်မာ...အခုလိုနှစ်ပေါင်းတွေကြာလာတဲ့အချိန်.
..အတွေးအခေါ်တွေမြင့်မားပြီး...တိုင်းတပါးအထင်ကြီးတဲ့စိတ်တွေဖြောက်..
.ကိုယ့်ေ၇မြေသဘာဝနှင့်ကိုက်ညီတဲ့..ကိုပိုင်အလှနဲ့..အေးချမ်းသာယာတဲ့.
.ကမ္ဘာကအားထား၇တဲ့တိုင်းပြည်ဖြစ်လာကာ..နိုင်ငံသားတိုင်း၈ုဏ်ကျက်သေ၇..
တိုးပွားပါစေ.အမျိုးသားေ၇းလက္ခဏါများ...အဆထက်တန်ဘိုး.တိုးတက်ပါစေ...
ကြေးနီတိုက်ပွဲက မွေးဖွားပေးလိုက်တဲ့ သံမဏိမိန်းမသားနှစ်ဦး
(နယူးယော့ခ်တိုင်းမ် သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge ကို ညွန့်ဝင်း ဆီလျော်အောင် ပြန်ဆိုပါသည်။
ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့သံမဏိမိန်းမသားနှစ်ဦး ဖြစ်တဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း တို့အကြောင်း နယူးယော့ခ်တိုင်းမ် New York Times သတင်းစာကြီးကပါ ဖွင့်ချ ချီးကျူးရပေပြီ။ လူထုကိုချစ်တဲ့ လက်ပန်တောင်းတောင်တွေကိုချစ်တဲ့ လူထုဒုက္ခတွေကို တိုက်ပွဲဝင်တောင်းဆိုတဲ့ ဖြူစင်တဲ့ ညီမငယ်များ အာဏာရှင်များရဲ့ ဒုက္ခပေးတဲ့ဘေးဘယာ အပေါင်းမှ ကင်းဝေးပါစေ
သူတို့တွေကို အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာလိုက်တာခံခဲ့ရပြီး အာဏာပိုင် အချို့က “နွားမတွေ”လို့ ခေါ်တာခံခဲ့ရတယ်။ သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ် ခဲ့ရတာမှာ လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ ၀ိုင်းတောင်းဆိုကြရတဲ့ အထိပါပဲ။
သူတို့ကတော့ အခုတလော နာမည် ကြီးနေတဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း ဆိုတဲ့ တောင်သူနှစ်ဦးပါပဲ။ သူတို့ဟာ အခြေခံ ပညာ လောက်ပဲ တတ်ပေမယ့် လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်းမှာသူတို့ ထက် အဆများစွာ အင်အားကြီးတဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးနဲ့ တရုတ်နိုင်ငံက လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့ လုပ်ငန်းခွဲတစ်ခုတို့ကို အံတုရင်းကနေ တစ်နိုင်ငံလုံးက သူတို့ကို သတိပြုမိကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ ကတော့ သူတို့နှစ်ဦးကို မိမိထက် အဆ မတန် အင်အားကြီးမားသူများနဲ့ထိပ်တိုက် တွေ့ရဲသူ သတ္တိရှင်မိန်းမနှစ်ဦးအနေနဲ့ ရေး သားဖော်ပြကြပါတယ်။
“သူတို့ဘယ်လိုပဲ ဖိအားလာပေးပေး၊ ကျွန်မတို့ အလျှော့မပေးဘူး။ ကျွန်မတို့ ကတော့ ဒီစီမံကိန်းလုံးဝ ရပ်ဆိုင်းရတဲ့ အထိဖြစ်စေချင်တယ်”လို့ကြေးနီမိုင်းတွင်း နားမှာရှိတဲ့ သူတို့ရွာမှာလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက သမ္မတကြီးဦးသိန်းစိန်က မြန်မာနိုင်ငံဟာ
ဒီမိုကရေစီစနစ်ဆီကို “နောက်ကြောင်း ပြန်မလှည့်စတမ်း ခြေလှမ်းနေပါပြီ”လို့ ကုလသမဂ္ဂမှာ ပြောကြားသွားပါတယ်။ အစိုးရအနေနဲ့လည်း သိသာထင်ရှားတဲ့ဖြေ လျှော့ပြောင်းလဲမှုတွေကို လုပ်ဆောင်လျက် ရှိပါတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲ တွေဟာ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် နေထိုင်ကြတဲ့ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ ဘ၀နဲ့တော့ ကမ္ဘာခြားသလောက် ကွာဝေးနေတုန်းပါပဲ။ အခုတော့ ၀က်မှေးရွာတစ်ဝိုက်မှာ အာဏာပိုင်တွေဟာ အရင်လုပ်နေကျ ဖြစ် တဲ့ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုတွေကို ကျင့်သုံးနေတုန်းပါပဲ။
ဝက်မှေးရွာဟာ စီမံကိန်းကြောင့် ရွှေ့ပေးရမယ့် ရွာပေါင်း ၂၀ ကျော်ထဲက တစ်ရွာပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာမှာဒေသခံ အာဏာပိုင်တွေက အဲဒီမှာရှိတဲ့ ဘုန်းကြီး ကျောင်းကို ၀င်ဖျက်ဆီးပြီး ဗုဒ္ဓဆင်းတု တွေကို ယူဆောင်သွားတယ်။ စာသင် ကျောင်းတစ်ခုမှာဆိုရင်လည်း ပရိဘောဂ တွေ၊ တခြားပစ္စည်းတွေကို ဖယ်ရှားပစ်ခဲ့ပြီး ဒေသခံရွာသားတွေ နေရာရွှေ့ပေးအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုကိစ္စတွေ ကြောင့် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာ ခဲ့ပြီး ရဲနဲ့ထိပ်တိုက်တွေ့ခဲ့ကြတာမှာ အစိုးရ သစ်တက်ပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒပြ မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရဲတွေဘက်ကလည်းခပ် မာမာပါပဲ။ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို ချုပ် ထားခဲ့တဲ့ မုံရွာရဲစခန်းရဲ့ စခန်းမှူး ဦးတင့်အောင်ကို ဘာလို့ ဒီအမျိုးသမီးနှစ်ယောက် ကို စောင့်ကြည့်နေရတာလဲ လို့ တယ်လီဖုန်း ဆက်ပြီးမေးရာမှာတော့ သူက ပြန်ပြီးအော် ငေါက်ပစ်ခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တွေဟာ ဒီကိစ္စကို နိုင်ငံခြားသားတွေ စိတ်ဝင်စားမှာကိုလည်း မလိုလားကြပါဘူး။ နိုင်ငံခြားသတင်း ထောက် တစ်ယောက် အဲဒီကိုနှစ်ရက် လောက်သွားတော့ သူ့ကို မော်တော်ဆိုင် ကယ်နဲ့ လူတွေက တောက်လျှောက်လိုက် တာခံရသလို လ၀ကအရာရှိရဲ့တစ်နာရီ လောက်ထိန်းသိမ်းပြီးနောက်ကို ဒီနေရာ ပြန်မလာဖို့ သတိပေးတာကိုလည်းခံခဲ့ရပါ တယ်။ သူ့ရဲ့စကားပြန်ကိုလည်း ဖမ်းမယ် ဆီးမယ်နဲ့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံရဲ့ အနည်းငယ်လွတ်လပ် လာတဲ့ ပြည်တွင်းမီဒီယာမှာ ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် ပါလာခဲ့ပါတယ်။ ဒီကိစ္စကို အဓိကဆန့်ကျင်ကြရတာက ဒီစီမံကိန်းကြောင့် အနီးအနား လယ်မြေ တွေပေါ် ဓာတုပစ္စည်းတွေ စုပုံရောက်လာ ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်၊ ဒါ့ ထက်မက အနီးအနား လယ်တွေအသိမ်း ခံရမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အကျယ်ကျယ်အငြင်းပွားမှုတွေဟာ မအေး နက်နဲ့ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို အာဏာ ပိုင်တွေက ပြုမူပုံတွေကြောင့်လည်း ဒီ လောက်အထိ ဂယက်ထခဲ့ရတာပါ။ “ဒီ အရေးကြောင့် သူတို့နှစ်ဦး သံမဏိမိန်းမတွေ ဖြစ်လာခဲ့ကြတယ်။ ဒါသူတို့အတွက် သေ ရေး ရှင်ရေးပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ဒေသ ကို သူတို့ကာကွယ်ကြလိမ့်မယ်”လို့ မုံရွာ မြို့ခံ ကဗျာဆရာ ဦးအံ့မောင်က ပြောပါ တယ်။
ဒီအမှုအခင်းဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးရဲ့ စစ်မှန်းမှုကို စမ်းသပ် စစ်ဆေးမှု ကောင်းတစ်ခုပဲလို့လည်း ဦးအံ့ မောင်က ပြောပါတယ်။ ပြဿနာက လွန်ခဲ့တဲ့နှစ်နှစ်လောက် မှာစတာပါ။ အစိုးရအာဏာပိုင်တွေက ဒီစီမံကိန်းအတွက် ဒေသခံတွေကို ရွှေ့ ပြောင်းခိုင်းပြီး အိမ်ရာအသစ်ဆောက်လုပ် ပေးတယ်၊ သူတို့ရဲ့သုံးလစာဝင်ငွေနဲ့ညီမျှ တဲ့လျော်ကြေးငွေကိုလည်း ပေးဖို့ ကမ်းလှမ်းပါတယ်။ ဒါပေမယ့် အသစ်ပေးမယ့် အိမ်ရာကတွေက ဖြစ်ကတတ်ဆန်းဆောက် ထားပြီး သူတို့လယ်တွေကို ဆုံးရှုံးရရင် ဘာမှလုပ်ကိုင်စားစရာ မရှိတော့ဘူးလို့ တချို့ကကန့်ကွက်ခဲ့ပါတယ်။ ကမ်းလှမ်း ချက်ကို လူတချို့က လက်ခံခဲ့ရာမှာတော့ အာဏာပိုင်တွေက အစည်းအဝေး ခေါ်ပြီး တော့ ရွာသားအားလုံးကို ရွှေ့ပြောင်းပေးဖို့ ပြောပါတယ်။
“သူတို့က ကျွန်မတို့ကို အော်တယ်၊ တိရစ္ဆာန်တွေလို့လည်း ပြောတယ်”လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ သူတို့က အစည်းအဝေးကို ရပ်ဖို့လုပ်ရာမှာ သူက အရပ်မခံခဲ့ဘူးလို့လည်း မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ “ကျွန်မလည်း “အခု ကျွန်မပြောဖို့ အလှည့်”လို့ ပြောလိုက်တယ်။ အဲဒီတုန်းက အုပ်ချုပ်ရေးမှူးကို လက်ညှိုးထိုးပြီး “ရှင် လူကြီးလူကောင်းမဟုတ်ဘူး။ ဒီလို အစည်း အဝေးကို ကျွန်မကို နောက်ထပ် ထပ်မခေါ် နဲ့”လို့ပြောလိုက်တယ်” အဲဒီတုန်းက ရပ်ရွာအုပ်ချုပ်ရေးမှူး ဟာ အခုအနားယူသွားပြီမို့ သူ့မှတ်ချက် ကို မရနိုင်ခဲ့ပါဘူး။
လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဒီလုပ် ငန်းကိုလုပ်ကိုင်နေတဲ့ ကနေဒါအိုင်ဗင်ဟိုး ကုမ္ပဏီနုတ်ထွက်သွားတဲ့နောက် တရုတ် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ “နိုရင်ကို” ရဲ့လက်အောက်ခံဖြစ်တဲ့ မြန်မာဝမ်ပေါင် ကြေးနီတူးဖော်ရေးက လက်လွှဲယူခဲ့ပါ တယ်။ အခုတော့ ဒီသတ္တုတွင်းကို တရုတ် ကုမ္ပဏီနဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး ဦးပိုင်လီမိတက်တို့ ပိုင်ဆိုင်လုပ်ကိုင်နေ ကြပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းကကုမ္ပဏီဝန် ထမ်းအချို့က ဒေသခံတွေကို ရိုင်းစိုင်းတဲ့ အမူအရာတွေလုပ်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ၀က်မှေးရွာသားတွေ မခံမရပ်နိုင် ဖြစ်ပြီး ဆန္ဒပြပွဲတွေ စခဲ့ကြပါတယ်။ မအေးနက်တို့နှစ်ဦးကို ဖမ်းဆီးတဲ့နောက် ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဒီကိုလာပြီး သူတို့ကို လွှတ်ပေးဖို့ ညှိနှိုင်းရာမှာတော့ သူတို့ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ လွှတ်ပေး ခဲ့ပါတယ်။
မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာကုံးယီကတော့ သူ့ဝန်ထမ်းတွေဟာ ဒေသခံတွေနဲ့ အဆင် ပြေအောင်နေလိုကြပြီး ရိုင်းရိုင်း စိုင်းစိုင်း အမူအယာတွေလုပ်ခဲ့တာ မရှိပါဘူးလို့ အီးမေးလ်နဲ့ ဖြေကြားပါတယ်။ ““ဒီမိုင်းတွင်းဟာ အလုပ်အကိုင် ထောင်နဲ့ချီဖန်တီးပေးနိုင်ပြီး ပတ်ဝန်းကျင် ဒေသဖွံ့ဖြိုးရေးကိုလည်း အများကြီး အထောက်အကူပြုမှာဖြစ်ပါတယ်။
ကုမ္ပဏီ မှာ မြန်မာဝန်ထမ်း ၂,၀၀၀ လောက်ရှိပြီး မကြာခင်မှာ ဒီအရေအတွက်ရဲ့ နှစ်ဆ လောက် ရှိလာနိုင်တယ်”လို့ သူကပြောပါ တယ်။ လောလောဆယ်မှာတော့ ဒေသခံတွေကို အတင်းအကြပ်ရွှေ့ခိုင်းဖို့ အစိုးရ မှာ စိတ်ကူးရှိဟန်မတူပါဘူး။ ဆားလင်း ကြီးမြို့နယ် အုပ်ချုပ်ရေးမªး ဦးဇော်မိုး အောင်က အဲဒီလိုလုပ်ဖို့အစီအစဉ် အခု မရှိပါဘူးလို့ ပြောပါတယ်။ ဘုန်းတော်ကြီးကျောင်း ကိစ္စဖြစ်ပြီးခဲ့ တဲ့နောက်မှာ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့ နှစ်ဦးဟာ မန္တလေးကိုသွားပြီး လယ်ယာ မြေပိုင်ဆိုင်ခွင့်ဆိုင်ရာကိစ္စအတွက် ရှေ့နေ တွေနဲ့တိုင်ပင်ခဲ့ပါတယ်။ နောက်ထပ် အာဏာပိုင်တွေဘက်က ၀င်ရောက်မှုတွေရှိ ရင် မှတ်တမ်းတင်ရအောင် ဗီဒီယိုကင်မရာ တစ်လုံးကိုလည်း ၀ယ်ယူခဲ့ကြပါတယ်။
မသွဲ့သွဲ့ဝင်းက အခုဆိုရင် ၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဖတ် နေတယ်လို့ ပြောပါတယ်။ အရင်တုန်းက စစ်အုပ်ချုပ်ရေးအောက်မှာ အာဏာပိုင် တွေက တစ်ချက်လွှတ်အမိန့်ကို သုံးခဲ့တယ် လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ “အခုတော့ စည်းနဲ့ကမ်းနဲ့ဖြစ်လာ ပြီဆိုတာ ကျွန်မတို့သိပါတယ်””လို့ သူက ပြောပါတယ်။
- သောမတ်စ်ဖူလာ
(နယူးယော့ခ်တိုင်းမ် သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge ကို ညွန့်ဝင်း ဆီလျော်အောင် ပြန်ဆိုပါသည်။)
http://tunwai-states.blogspot.jp/2012/12/blog-post_3164.html
------------------------------------------------------------ In Battle Over Myanmar Mine, Folk Heroines Emerge
WETHMAY, Myanmar — They were trailed by plainclothes police officers and called “cows” by government officials. They spent four nights in prison, until a public outcry prompted their release.
Aye Net and Thwe Thwe Win, the daughters of farmers whose education stopped at primary school, have rocketed to national prominence in Myanmar for their defiance of a vast copper mining project run by the powerful Myanmar military and its partner, a subsidiary of a Chinese arms manufacturer. Weekly news magazines portray them as being locked in a David-and-Goliath struggle, two unusually courageous villagers up against a constellation of the powerful.
“Whatever pressure they put on us, we won’t give up,” Ms. Thwe Thwe Win said in an interview in her village on the edge of the mine. “I want them to shut this project down completely.”br />
Myanmar’s new civilian government is moving swiftly toward a less dictatorial society, releasing hundreds of political prisoners and abolishing media censorship. At the United Nations on Thursday, the country’s president, Thein Sein, said Myanmar had “been taking tangible irreversible steps” toward democracy. But those changes are a world away from the everyday realities of the impoverished countryside, where two-thirds of the population live.br />
Here, in the shadow of the bustling copper mine in Wethmay, the authorities are following the old playbook of repression and harassment.br />
Wethmay is one of two dozen villages affected by the plan to expand the mine. In December, the authorities tried to force its inhabitants to move by attacking the local monastery with hammers, carting away Buddhist statues and removing all the furniture and equipment from the primary school. These and other episodes prompted a series of protests and clashes with the police, some of the largest demonstrations in Myanmar since the country’s civilian government came to power last year.br />
The police have been unbending. U Tint Aung, the chief of police of Monywa, the city where the two women were jailed, lashed out during a telephone interview when asked why the women were being followed.br />
“Why should you care?” he barked. “So what if we follow them?”br />
The authorities also appear eager to keep foreign eyes away. During a recent two-day visit, a reporter was constantly trailed by men on motorcycles, detained by immigration police for an hour and told not to return to the area. His interpreter was threatened with arrest.br />
The case has been widely reported in privately owned publications in Myanmar, a measure of the country’s newfound freedoms. But in March, a private weekly newspaper, The Voice, was sued by the Ministry of Mines after citing a report by the country’s auditor general that pointed to corruption in the sale of a stake in the project to the Chinese company.br />
At the heart of the case are environmental concerns — opposition to the copper mine is being championed by environmental groups concerned that surrounding farmlands will be contaminated by runoff from the mine — and more broadly about land seizures.br />
Land grabs are a longstanding problem in Myanmar, and activists fear they may increase as international sanctions ease and foreign development money and other investment rush in. Despite two laws passed last month that seek to clarify the land rights of farmers and policies governing vacant land, Parliament and opposition party offices have been flooded with complaints. A Land Investigation Committee set up by Parliament is traveling this week to several spots in the country to investigate reports of land seizures.br />
“There has been a failure to bring justice to farmers during the liberalization period — they are still marginalized,” said Tun Lin Oo, a co-founder of the Yangon School of Political Science, an organization that researches land rights, among other issues. The copper mine controversy appears to have resonated so deeply because of the strong-arm tactics used against Ms. Aye Net, 34, and Ms. Thwe Thwe Win, 29. “The struggle made them into iron ladies,” said Ant Maung, a celebrated poet who lives in Monywa. “This is life or death for them — they will defend it at the cost of everything.”br />
Mr. Ant Maung calls the case “a good test for the democratization process.” “Five years ago this would have been impossible — such a movement would have been cruelly crushed,” he said. The trouble began two years ago, when the government offered new housing and compensation equal to three months of annual income to villagers if they agreed to move to make way for the mine. But some complained that the new housing was shabby and that they would lose their fields, and thus their ability to make a living. When only a handful took up the offer, the authorities called a meeting and told villagers that they could leave or be evicted.br />
“They shouted at us and called us animals,” Ms. Thwe Thwe Win said. br />
She said they tried to end the meeting, but she interjected. “I said, ‘Now it’s my turn,’ ” said Ms. Thwe Thwe Win, who dropped out of school when she was 12 and spent her childhood foraging for mushrooms and plants in the hills where the copper mine now operates. “I pointed my finger at the governor: ‘You are not a gentleman. Don’t call me again to this kind of discussion.’ ”br />
The governor, who has been replaced, could not be reached for comment. Villagers say they are even more determined to stay after seeing the relocation area: a collection of shoddily built houses in a treeless field.br />
Like the controversy over the Myitsone hydroelectric dam, another Chinese project that was suspended last year after a popular outcry, the case of the copper mine has undertones of anti-Chinese sentiment commonly heard in Myanmar.br />
Two years ago, mining operations were taken over by a subsidiary of a Chinese arms and explosives manufacturer, Norinco, after a Canadian company, Ivanhoe, pulled out. The mine is now jointly owned by the Chinese company and the business arm of the Myanmar military, known as the Union of Myanmar Economic Holdings.br />
Tempers flared in June when three Chinese employees of the mining company made rude gestures toward villagers and a local employee rolled a large rock toward them from a pile of mining debris. The villagers from Wethmay, which means “sleepy pig” in Burmese, were roused into action and began the series of protests.br />
After the arrests of Ms. Aye Net and Ms. Thwe Thwe Win this month, coverage in the national news media drew prominent former political prisoners here to help negotiate their release. They were freed on Sept. 14.br />
Geng Yi, managing director of the mine operator, Myanmar Wanbao Mining Copper, denied in an e-mail that his employees had made rude gestures or rolled a rock toward villagers. He said the company wanted “to get along with the local community harmoniously by communicating, understanding and supporting each other.”br />
The mine, he said, “can generate thousands of jobs and contribute to the development of the surrounding area.” The company has 2,000 local employees, a number that he said could double “in the near future.”br />
The government appears to have dropped the idea of evicting villagers. “For the time being, we have no plan to do that,” said Zaw Moe Aung, the governor of Salin Gyi township, who was appointed six months ago. But the women of Wethmay village are taking no chances. After the raid on the monastery, Ms. Aye Net and Ms. Thwe Thwe Win traveled the old British road to Mandalay, a three-hour drive, to consult with lawyers about land rights. They bought a video camera to record any future incursions by the authorities.br />
Ms. Thwe Thwe Win said she was reading a copy of the country’s 2008 Constitution. During military rule, generals ran the country by fiat, Ms. Thwe Thwe Win said. “Now we know there are rules,” she said. br />
Photo Description: Thwe Thwe Win, left, and Aye Net walked on the field near Wethmay in northwest Myanmar. The two women have gained national prominence for protesting a copper mining project on the edge of their village.br />
http://www.nytimes.com/2012/09/29/world/asia/in-battle-over-myanmar-mine-folk-heroines-emerge.html?pagewanted=all
အမှောင်ကို အသုံးချကာ ချစ်တင်းနှော နေကြသူများ.............
မန္တလေးမြို့၏ အထင်ကရ နေရာများ ထဲတွင် သုဓမ္မာ ဇရပ်တန်း တွေ သည်လည်း ပါဝင် ပေသည်။ သမိုင်းဝင် အမွေ အနှစ်များ ဖြစ်သောကြောင့် နို င်ငံတော်မှ ပြုပြင် ထိန်းသိမ်း ခဲ့ကြသည်။ နိုင်ငံခြားခရီးသွားများသည်လည်းထိုနေရာသို့လာရောက်၍ လေ့လာနေသည် ကိုလည်း တွေ့မြင်နေကြရသည်။ နန်းမြို့ကြီးနှင့် ကျုံး၊ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ မန္တလေးတောင်တို့ဖြင့် သုဓမ္မဇ ရပ်တန်းသည် အလွန် ပနံသင်
့ လှပေသည်။
ယခုအခါ ထိုနေရာတွင် အအေးဆိုင်များ၏ကြီစိုးရာဇုန်တစ်ခုလို ဖြစ်နေသည်။ သက်ဆိုင်ရာမှလည်း မျက်ကွယ်ပြုထားသည်ဟုထင် သည်။ အများသူငါ၏ ထမင်းလုတ်ကို ပုတ်ခြင်းမျိုး မဟုတ်ပေ။ အရှိန်အဟုန်မြင့်ဖွံ့ဖြိုးတိုးတက်လာသောအချိန်တွင်အမျိုးသားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရန်မှာနိုင်ငံသူနိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။
ရိုးရိုးသားသားဖြင့် မိသားစု ဝမ်းရေးကို ဈေးရောင်း၍ ဖြေရှင်းနေကြသည်ကို ဂုဏ်ယူမိပါသည်။ ရိုးရိုးသားသားဖွင့်လှစ် ရောင်းချနေလျှင် သုဓမ္မဇရပ်များနှင့် အအေးဆိုင်များမှာ အလွန် ပင်နှစ်လိုဖွယ်ဖြစ် သည်။ အခုတော့ ခြုံတွေကြားမှာ ထီးတိုင်ပုတွေနှင့် ကာရံထားကြပြီး အတွဲများသီးသန့် ထိုင်ရန် ပြုလုပ်မြူဆွယ်၍ ရောင်းချနေခြင်းမျိုးမှာ မဖြစ်သင့်ပေ။ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဗုဒ္ဓအမွေအနှစ်များ ထွန်းကားရာ နေရာတွင် ဤသို့သောအမြင်မတင့်စရာများ မရှိသင့်ဘူးဟု ထင်သည်။
မန္တလေးမြို့တော်သူမြို့တော်သားများသည်လည်း မြင်တွေ့ကြ ရမည်မှာမလွဲပေ။ အထူးသဖြင့် မြောက်ပြင်တွင်နေထိုင်ကြသူများ ပို၍ပင်မြင်တွေ့ကြရပေမည်။ ညမှောင်ရိပ်လေးသမ်းလာလိုက်သည်နှင့် သမီးရည်းစားအတွဲများသည် အလျှိုလျှိုအဖြိုင်ဖြိုင် လာရောက် နေထိုင်ကြပေတော့သည်။ ရိုးရိုးအတွဲရော၊ဆန်းဆန်းအတွဲရော အလွယ်တကူပင်ကူးလူး နေကြတော့သည်။ ည(၁၀)နာရီရောက်သည့် တိုင်အမှောင်ထုထဲတွင်အအေးသောက် နေကြသည်။ လူများကိုတော့မတွေ့ရ။ ရပ်ထားသည့်ဆိုင်ကယ်နှင့် စက်ဘီးတစ်ချို့သာမြင်တွေ့ နေကြရသည်။
ပို၍ဆိုးသည်ကမီးထွန်း မထားခြင်းပင်။ ဝန်ဆောင်မှုများမှာလည်းအလွန်ကောင်းသည်။ ခြင်ဆေးခွေများထွန်းပေးထား သောကြောင့်ဖြစ်သည်။
အသိမကြွယ်၊ စမ်းသပ်ချင်သောအရွယ်များသည်ထိုနေရာကို စမ်းသပ်ကွင်းတစ်ခုနှယ် အသုံးချနေကြသည်။ မိဘအများစုသည်လည်း သားသမီးများကျုံးဘေးအအေးသောက်သွားမည် ဆိုလျှင်ယုံကြည်စိတ်ချလွှတ်တတ်ကြသည်။ သို့ပေမယ့် သုဓမ္မဇရပ်တန်းကို မကျော်နိုင်ကြပေ။
ငယ်ရွယ်သူတွေကိုအမှားထဲဇွတ်တိုးဝင်စေရန် သုဓမ္မဇရပ်တန်းကိုအမှီပြုပြီး အအေးဆိုင်များဖွင့်လှစ်နေကြသူများက ကာဗာပေးပြီးတွန်းပို့ သလိုဖြစ်နေတော့ မိဘများမှာသောကမီးတွေ ဝေနေကြရတော့သည်။ အမျိုးဂုဏ် နှင့်ယဉ်ကျေးမှု အမွေကို ဖျက်ပြီး နိုင်ငံ၏ မျက်နှာကို အိုးမဲ သုတ်နေသလို ခံစားနေကြရသည်။နိုင်ငံတကာမှလေ့လာသူများ အများဆုံး ဝင်ထွက် သွားလာရာတွင် ဟန်ပြပြီးမဖွယ်မရာ ရောင်းချနေသော အအေးဆိုင်များ ဖယ်ရှားရှင်းလင်းပြီး စနစ်တကျအချိန်သတ်မှတ်ကာ မီးများ လင်းထိန်စွာ ထွန်းပြီးရောင်းချနိုင်လျှင်မိသားစု ဝမ်းရေးမခက်ခဲဘဲနှင့်မန္တလေး သည်လည်းမန္တလေးပင်ဖြစ်လာပေလိမ့်မည်။
From: အောင်ကိုဦး
Myanmar Daily Star Group
အေးချမ်းမွန်မှ Zaw Mintun Zawmintun တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Zaw Mintun Zawmintun
****** ရယ်စရာ...........အရေးပေါ် ရောဂါကျွမ်းနေပြီ ******
အရေးပေါ် ရောဂါကျွမ်းနေပြီ
မိခင်တစ်ယောက် သူမ၏ သမီးဖြစ်သူကို လွန်စွာစိတ်ပူနေသည်။
“ သမီး မျက်စိက အရမ်းကိုမှုန်နေပြီ မျက်မှန်တပ်ပါသမီးရယ် ၊
မေမေစိတ်ပူလို့ ပါ .. မျက်မှန်သွားစမ်းလိုက်နော်သမီး”...
သမီးဖြစ်သူက ခေါင်းခါလျက်
“ မေမေစိတ်မပူနဲ့ သမီးဘာမှမဖြစ်ဘူး”
ဒီလိုနဲ့ သမီးဖြစ်သူ အိမ်ထောင်ပြုပြီး ပျားရည်ဆမ်းခရီးထွက်သွားလေသည်။
အိမ်ပြန်ရောက်တော့ မိခင်ဖြစ်သူက သမီးအိမ်ကိုအလည်ရောက်လာသည်။
အိမ်ရောက်တော့ မိခင်ဖြစ်သူမျက်လုံးပြူး၊မျက်စံပြာနှင့် ပြာပြာသလဲ
မျက်စိဆရာဝန်ထံ ဖုန်းဆက်ပြောသည်။
“ ဆရာ ဆရာ ကယ်ပါအုံး ဆရာ ကယ်ပါအုံး မြန်မြန်လေးကြွလာပေးပါဆရာ ”
ဆရာဝန်က “ ဘာများဖြစ်လို့ လဲ ”
“ ကျွန်မသမီးလေးလေ သမီးလေးပေါ့ .. သူ့ မျက်စိလုံးလုံး ပျက်စီးသွားပြီ
ရောဂါကျွမ်းနေပြီဆရာ မြန်မြန်လေးလာပေးပါ မြန်မြန်”
ဆရာဝန် “ စိတ်မပူပါနဲ့  ကောင်းသွားမှာပါ မစိုးရိမ်နဲ့ ဒီရောဂါဆိုတာ...”
ဆရာဝန်စကားမဆုံးသေးမီ သူမစကားကိုဖြတ်ပြောလိုက်တယ်...
“ မဟုတ်ဘူး မဟုတ်ဘူးဆရာ တကယ်ကိုကျွမ်းနေပြီ
ကျွန်မသမီး ဟန်းနီးမွန်း သွားတုန်းက သူ့ ယောင်္ကျားက တစ်ယောက်
ခုပြန်လာတော့ သူ့ နဲ့ ပါလာတာ နောက်တစ်ယောက်ဖြစ်နေတယ်......
**************************************************************
*************************************
ကွဲမယ်
မိန်းကလေးတစ်ယောက် သူ့ သူငယ်ချင်းနဲ့ တွေ့ တော့..
“ ငါယောင်္ကျားရ ကံမကောင်းဘူး သူ့ ကိုယူပြီးတည်းက
ငါ့ကို အမျိုးမျိုးနှိပ်စက်နေလို့ ခုဆိုငါ လေးပေါင်တောင်ကျနေပြီ”
သူငယ်ချင်းဖြစ်သူက “ ဒါဆို ကွဲလိုက်တော့ ဒါမျိုးလူကိုနှမြောမနေနဲ့ ”
“ငါလည်းကွဲဖို့ စဉ်းစားထားပါတယ် နောက်ထပ် ငါးပေါင်လောက်ထပ်ကျတဲ့ချိန်ပေါ့”
******************************************
လှည်းတန်းခုံးကျော်တံတား ဧပြီလကုန် အပြီးသတ်မည်
ကျပ် ၁၄ ဘီလီယံကျော်ကုန်ကျမည့် လှည်းတန်းခုံးကျော်တံတား ဧပြီလကုန် အပြီးသတ်မည်ဟုဆို
Photo
မိုးညို
ရန်ကုန်၊ ဒီဇင်ဘာ - ၁
အတွဲ (၁၁)၊ အမှတ်(၃၉)
တည်ဆောက်ဆဲဖြစ်သည့် လှည်းတန်းခုံးကျော်တံတားစီမံကိန်းအတွက် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်မှ ကျပ်ငွေသန်းပေါင်း ၁၄ ဒသမ ၄၈၇ ဘီလီယံစိုက်ထုတ် အကုန်အကျခံ၍ တည်ဆောက်နေကြောင်း ယင်းကုမ္ပဏီ၏ အမှုဆောင် အရာရှိ ဦးအောင်ဇော်နိုင်က ပြောသည်။
ယင်းစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဘတ်ဂျက်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး လတ်တလောကုမ္ပဏီ၏ စိုက်ထုတ်ငွေဖြင့် စီမံကိန်းအား ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
စီမံကိန်းကုန်ကျငွေအတွက် ကမ္ဘောဇဘဏ်နှင့် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်တို့မှ ငွေကျပ် သုံးဘီလီယံစီချေးထားပြီး လက်ရှိ ကိုးဘီလီယံသုံးစွဲပြီးဖြစ်ကာ ခုံးကျော်တံတားမှာ ၆၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ၂၀၁၃ ဧပြီလကုန်ပိုင်းတွင် အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီ၏ တရားဝင်ထုတ်ပြန်ချက်များမှ သိရသည်။
“ကုမ္ပဏီအနေနဲ့ အကျိုးအမြတ်ကို မယူပါဘူး။ ဒီလိုလုပ်ကိုင်ခွင့်ရတဲ့အတွေ့အကြုံကိုယူတာပါ” ဟု အမှုဆောင်အရာရှိ ဦးအောင်ဇော်နိုင်က လှည်းတန်းခုံးကျော်တံတားစီမံကိန်းသတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။ “အစိုးရအဖွဲ့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့အတိုင်း စီမံကိန်း အတွက်သုံးစွဲထားတဲ့ ငွေကို ပြန်လည်ရယူသွားမှာပါ။ ဘဏ်နှစ်ဘဏ်က ချေးထားတဲ့အတိုးနှုန်းကို ကုမ္ပဏီကနေပဲ ကျခံရမှာပါ” ဟု ၎င်းကပင်ဆက်လက် ပြောကြားသည်။
ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီမှာ အစိုးရအဖွဲ့၏ ခုံးကျော်တံတားစီမံကိန်းလေးစင်းအနက် လှည်းတန်းခုံးကျော်တံတားစီမံကိန်းနှင့် တာမွေခုံးကျော်တံတားစီမံကိန်းကို ဆောင်ရွက်ခွင့်ရရှိထားသည်။ သို့သော် တာမွေခုံးကျော်တံတားမှာ ယာဉ်ကြောနှင့် မြေပြင်လေ့လာမှုများအရ တည်ဆောက်ရန် မလိုအပ်တော့ပေ။
လှည်းတန်းခုံးကျော်တံတား စီမံကိန်းပြီးစီးပါက လှည်းတန်း လမ်းဆုံ၏ ယာဉ်ကြောပိတ်ဆို့မှု ၆၀ ရာခိုင်နှုန်းကို ဖြေလျှော့ပေးနိုင်မည်ဖြစ်ကာ လက်ရှိတွင် ယင်းလမ်းဆုံ၌ တစ်နာရီလျှင် ယာဉ်အစီးရေပေါင်း ပျမ်းမျှ ၈၀၀ ကျော် ဖြတ်သန်းပြေးဆွဲအသုံးပြုလျက်ရှိ ကြောင်း ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီ၏ ကောက်ယူသော စစ်တမ်းများမှ သိရသည်။
ခုံးကျော်တံတားမှာ အရှည်ပေ ၂,၅၀၀ ကျော် ရှည်လျားပြီး ယာဉ်သွားလမ်းလေးလမ်းပါရှိမည်ဖြစ်ကာ လူသွားလမ်းတစ်ဖက်လျှင် သုံးပေစီထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။ ယာဉ်တစ်စီးချင်းစီ၏ ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ပြီး တံတားအမြင့် ယာဉ်ကင်းလွတ်မြေမှာ ၁၈ ပေခန့်ရှိကြောင်း ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့တွင်းပိုင်း၌ ခုံးကျော်တံတား လေးစင်းတည်ဆောက်ရန် လျာထားသော်လည်း လတ်တလောတွင် ကောက်ယူသောစစ်တမ်းများအရ သုံးစင်းသာ တည်ဆောက်တော့မည်ဖြစ်သည်။ ယင်းတံတားသုံးစင်းတွင် ဘုရင့်နောင်ခုံးကျော်တံတားအတွက် FMI ကုမ္ပဏီ၊ ရွှေဂုံတိုင်ခုံးကျော်တံတားအတွက် Capital Life ကုမ္ပဏီ၊ လှည်းတန်းခုံးကျော်တံတားအတွက် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်တို့က ရရှိထားခြင်းဖြစ် သည်။
ဘုရင့်နောင်ခုံးကျော်တံတား စီမံကိန်းအတွက် ၂၁ ဘီလီယံ ကျော် သုံးစွဲမည်ဖြစ်ကာ၊ ရွှေဂုံတိုင် ခုံးကျော်တံတားစီမံကိန်းအတွက် ၁၃ ဘီလီယံကျော်နှင့် လှည်းတန်းခုံးကျော်တံတားအတွက် ၁၄ ဘီလီယံကျော် သုံးစွဲသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်များမှ သိရသည်။
အာကာသယာဉ်မောင်းချင်သူများအတွက်...F-Sim Space Shuttle v2.0(Android Game)
Driving Game တွေကြိုက်တဲ့သူတွေအတွက်.....ကောင်းမွန်တဲ့ Game တစ်ခုပါ....
ရုပ်..သံ ကလည်း...ကြည်လင်တာကိုတွေ့ရပါတယ်....
ဒီGame က...အာကာသယာဉ်..ကွင်းဆင်းတာကို...ကိုယ်က..ငြိမ်ငြိမ်လေး..ထိန်းပေးရပါတယ်...
အဲ့လိုမဟုတ်ပဲ..ဟိုရွေ့...ဒီရွေ့ဆိုရင်တော့....လမ်းကြောင်းတွေလွဲတာပဲ... :)
Control ပေးနေတဲ့...အသံကလည်း..မိုက်ပါတယ်.....
လိုချင်သူများ..ဒေါင်းသွားပါခင်ဗျာ....
Download ပြုလုပ်ရန်
ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ သတိထားစားသုံးသင့်ဟု စားသုံးသူကာကွယ်ရေးအသင်းပြော
ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍
ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီး
မှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး
အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်
တောင်သူကြီးများဂျာနယ်ကို ပြောကြားသည်။
“ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့တစ်လလောက်
တုန်းက မအူပင်မြို့နယ်ကနေ ဆက်သွယ်လာပါတယ်။ ငါးပိထုတ်လုပ်မှု အများဆုံးကလည်း ဧရာဝတီတိုင်းဘက် ဖြစ်တယ်။သူတို့တွေဘက်မှာက ငါးပိရည်ကျိုလုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင်ဆိုပြီးတော့ ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆို
ရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်းကြာ
တယ်။ ဒါကိုလုပ်ငန်းရှင်တွေက ငွေမြန်မြန်ပေါ်ချင်တော့ ယူရီးယားမြေသြဇာကိုသုံးပြီးငါးပိကိုနှပ်တော့ သုံးရက်ကနေ ခုနစ်ရက်
လောက်ပဲကြာတယ်။ အရိုးတွေ အကုန် လုံးနူးကုန်တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ရပြီလေ။ ပြုလုပ်တဲ့
အဆင့်တွေကိုကျော်ပြီး မြန်မြန်ငွေပေါ်ချင်တော့ စားသုံးတဲ့
ပြည်သူတွေမှာလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါပိုင်းတွေက ပိုဖြစ်လာတာပေါ့”ဟု ၎င်းကပြောသည်။
ယူရီးယား ဓာတ်မြေသြဇာ ပါဝင် သောငါးပိရည်ကျိုကို စားသုံးခြင်းဖြင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကို
ဖြစ်ပေါ်စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။
“ငါးပိရည်ကျိုစားသုံးတဲ့ ပြည်သူတွေကလည်း ကိုယ်က ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် ဈေးနှုန်းပိုင်းကို မကြည့်ပါနဲ့။ ဈေး
ပေါတယ်ဆိုရင် ရောဂါပိုဖြစ်နိုင်တယ်။ငါးပိရည်ကျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာကလည်း ခန့်မှန်းဖို့ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်းကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယားပါဝင်တယ်ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ
တွေအနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ်နေတာတောင် မသမာတဲ့ နည်းလမ်းတွေက
ပါလာပြီ။ အန္တရာယ်တွေလည်း အများကြီးရှိလာနိုင်တယ်။ စားသုံးသူ
တွေအနေနဲ့ စားသောက်ကုန်တွေအပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ” ဟု ၎င်းကဆိုသည်။
သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်
ကျိုများကို လတ်တလောတွင် ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးမည့် အစီအစဉ်မရှိသေးသော်လည်း ဒီဇင်ဘာလပိုင်းလောက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍
ဈေးများအတွင်း စစ်ဆေးပညာပေးခြင်းများ လုပ်ဆောင်သွား
မည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။
စားသုံးသူကာကွယ်ရေးအသင်းတွင် ဓာတုဗေဒပညာရှင်များ၊ ရှေ့နေများ၊ အနုပညာရှင်များ၊ စာရေးဆရာများလည်း ပါဝင်ပြီး မကြာသေးမီက
ဈေးကွက်အတွင်းမှအချဉ်ရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်
စစ်ဆေးခဲ့သည်။
- ဂျူးမေဇင်
www.thefarmermedia.com
DASSK & UTS Talk in 2012 ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည် ပြောစကား၂ခု။
Speaking at British Parliament as first time for Asian Country's Feature
ဗြိတိန်ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့မိန့်ခွန်း
ဗြိတိန်ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့မိန့်ခွန်း
ဇွန် ၂၂၊ ၂၀၁၂  (မိုးမခ)
လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -
ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါပဲ။
ကျမ အခုပဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမ အတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံ သတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်းလမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာပဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။
ဒုတိယ ကမ္ဘာစစ် အတွင်းက ကျမ ဖခင်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ထောင်ချင်လို့ ဒီတာဝန်ကို သူယူခဲ့တာပါ။ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့ ထိုက်တန်တဲ့ နိုင်ငံရေး စနစ်ဟာ ဒီမိုကရေစီ စနစ်သာ ဖြစ်တယ်လို့ သူယုံကြည်ခဲ့ပါတယ်။ ကျမလည်း ဒါကို ယုံကြည်လက်ခံပါတယ်။ ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီး ဆလင်းက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကျမ ဖခင်နဲ့ ပထမဆုံး တွေ့ဆုံပုံ အကြောင်း ရေးထားတာ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မဟာမိတ်တွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီး ဆလင်းနဲ့ သွားတွေ့တဲ့ အခါမှာ ဗိုလ်ချုပ်ကြီးဆလင်းက ငါတို့ စစ်နိုင်နေလို့ လာပေါင်းတာ မဟုတ်လားလို့ ပြောတဲ့အခါ ကျမ အဖေက ခင်ဗျားတို့ စစ်မနိုင်ရင် လာပေါင်းလို့ ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောခဲ့တယ်လို့ သူက ရေးထားပါတယ်။
ကျမ အဖေကို လက်တွေ့သမားလို့ ဗိုလ်ချုပ်ကြီး ဆလင်းက ယုံကြည်ပြီး လက်တွဲ လုပ်နိုင်မယ့်သူလို့ မှတ်တမ်း တင်ထားပါတယ်။ အခု အနှစ် ၆၀ ကျော်လာတဲ့ အခါမှာ ကျမလည်း ဖခင်ကြီးလို လက်တွေ့ကျကျ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အခုလို လာရောက်ပြီး လက်တွေ့အကူအညီပေးဖို့ မိတ်ဆွေအနေနဲ့ ဒိုးတူပေါင်ဖက် လာရောက် ပြောကြားနေတာပါ။ အခွင့်အရေးတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ မြန်မာပြည်သားတွေရဲ့ ဘ၀နဲ့ အခွင့်အလမ်းတွေ အတွက် ပြုပြင်ရေး လုပ်ငန်းတွေကို ကူညီထောက်ခံကြဖို့ ကျမပြောလိုပါတယ်။
ကောင်းမွန်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့ ကျမတို့ တိုင်းပြည်ဟာ အခုမှ တာစူနေတုန်းပါ။ ကျော်ဖြတ်ရမယ့် တောင်ကုန်းတွေ ချောက်ကမ်းပါးတွေ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ကျမတို့ ကြိုးစားလို့ အခုအခြေအနေထိ ရောက်လာတာပါ။ ဗြိတိန်နဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုပြီး ခရီးတွင်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းဆိုတာဟာ အခု ဒီ ၀က်စ်မင်နင်စတာခန်းမကြီးမှာ ပြောရတာ အသင့်တော်ဆုံးပါဘဲ။ ကျမတို့ တိုင်းပြည်မှာ ပါလီမန် စနစ် ခိုင်မာရေးဟာ အဓိက အကျဆုံး ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်ဟာ ကမ္ဘာ့ အဖိနှိပ်ခံတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စံ ထားရမယ့် အကောင်းဆုံး သင်္ကေတပါဘဲ။ ဒီနိုင်ငံမှာ ဒီလွတ်လပ်ခွင့်တွေဟာ အလိုအလျောက် ရှိနေပြီးသားမို့ အမှုမဲ့ ဖြစ်နေတတ်ကြပါလိမ့်မယ်။ ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလွတ်လပ်မှုတွေကို နှစ်ပေါင်းများစွာ အနစ်နာခံပြီး တိုက်ပွဲဝင်နေရတာပါ။ လူတွေ အများအပြား စွန့်လွှတ် ဆုံးရှုံးခဲ့ရတာတွေ ရှိပါတယ်။ အခုမှ ဒီစွန့်လွှတ်မှုတွေရဲ့ ရလဒ် အသီးအပွင့်ကို စပြီး မြင်တွေ့စ ရနေတာပါ။
ဥပဒေပြုတဲ့ ဖြစ်စဉ်မှာ ပြည့်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာ Wesrminster ဟာ ပြောင်မြောက်တဲ့ ဥပမာ ဖြစ်နေတာကြာပါပြီ။ မြန်မာ့ ပါလီမန်ကတော့ အခုမှ အစပဲ ရှိပါသေးတယ်။ ၂၀၁၁ မတ်လမှာ အသက်ဝင်တဲ့ ပါလီမန်ဖြစ်ပြီး ၄၉ နှစ်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဓလေ့ကို ကျော်လွှားနေရတဲ့ အတွက် မိမိဘာသာရပ်တည်ပြီး ပြောနိုင်ဆိုနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အရင်ရှိခဲ့တာထက် စာရင် ပိုပြီး ခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သိသာမြင်သာမူ ရှိသင့်သလောက် မရှိသေးပါဘူး။
အခြေခိုင်ပြီးသား ပါလီမန် ဒီမိုကရေစီနိုင်ငံတွေကို လေ့လာလိုပါတယ်။ ဒါမှ အချိန်ရလာတဲ့ အခါ ကျမတို့ရဲ့ဒီမိုကရေစီ ဓလေ့ဟာလည်း နက်ရှိုင်းလာမှာဖြစ်ပါတယ်။ ပါလီမန်စနစ်ကို ယုံကြည်မူ တည်ဆောက်တဲ့ ဖြစ်စဉ်ဟာ ပါလီမန်မကျင်းပမီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ကျမ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီကနေ့အထိ ဘယ်ရွေးကောက်ပွဲမှာမှ ကျမ လွတ်လွတ်လပ်လပ် မဲဆန္ဒ မပေးဖူးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ် ကနေ ကြိုတင်မဲပေးပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်ခွင့်တော့ မရပါဘူး။ နိုင်ငံခြား အကူအညီယူတယ်။ ဘီဘီစီက ကျမဘက်က ပါတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာပါဘဲ။
လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ အသိသာဆုံးကတော့ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်လို ပါဝင်ရမယ် ဆိုတာကို မဲဆန္ဒနယ်မြေက ပြည်သူက သိရှိနေတာပဲဖြစ်ပါတယ်။ မဲပေးခွင့် ဆိုတာ လူတိုင်းကို ပေးတာ မဟုတ်လို့ အခွင့်သာတုန်း ရယူရမယ်။ ဒီအခွင့်အရေး ဆုံးရူံးရင် ဘာဖြစ်မယ် ဆိုတာကို ပြည်သူတွေ သဘောပေါက်သွားကြတာဖြစ်ပါတယ်။
ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘ၀မှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်သြပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။ ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘ၀ရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ကျမ အိမ်ထောင်သည် ဘ၀မှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမ ကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး ငါ့ကို စည်းရုံးနေလို့ အပိုပဲ၊ ငါဘယ်သူ့ကို မဲပေးရမယ် ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ သူ အပြင်သွားနေတယ်။ နောက်မှ ပြန်လာပါလားလို့ ပြောလိုက်တယ်။ လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့မဲဆွယ်သူဟာ နောက်တစ်ခေါက် ပြန်လာပါသေးတယ်။
မြန်မာတပြည်လုံးမှာ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းခဲ့တာ အခုဆိုရင် ရက် ၁၀၀ တောင် မရှိသေးပါဘူး။ ဧပြီလ ၁ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတာမို့ April Fool ဆိုတာကို သတိထားမိပါတယ်။ ဒါပေမယ့် April of New Hope ဖြစ်နေပြီး မဲဆန္ဒပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာတာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်က ရွေးကောက်ပွဲဟာ ဗြိတိန်လို အခြေခိုင်ပြီးသား ဒီမိုကရေစီ နိုင်ငံတွေနဲ့ မတူပါဘူး။ မြန်မာပြည်မှာ လူငယ်တွေ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမူ နည်းပါးတဲ့ ပြသနာ မရှိပါဘူး။ လူငယ်တွေ အများအပြား ပါဝင်လာတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ တက္ကသိုလ် ကျောင်းသားတွေနဲ့ မြို့လုံး လမ်းတလျှောက် ကြိုဆိုကြတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းရတာဟာ တကယ့် စိန်ခေါ်မူကြီး ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တောင်ကုန်းလေး တစ်ခုပေါ်မှာ အသက် ၁၀ နှစ်၊ ၁၁ နှစ် အရွယ် ကလေးတစ်စုနဲ့ သူတို့ခေါင်းဆောင်က NLD အလံထောင်ပြီး ကြိုဆိုနေတာတောင် တွေ့ခဲ့ရဖူးပါတယ်။ ကာလကြာရှည် ငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေကို မဲဆန္ဒရှင်တွေက လိုချင်စိတ် ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
၁၉၄၈ မှာ မြန်မာပြည် လွတ်လပ်ရေးရတော့ ဗြိတိန်မှာ ကျင့်သုံးတဲ့ စနစ်ကို အခြေခံတဲ့ ပါလီမန် စနစ်ကို ကျင့်သုံးတဲ့အတွက် မြန်မာလို ပါလီမန်ခေတ်လို့ ခေါ်ပါတယ်။ ကျမတို့ ပါလီမန်စနစ်ဟာ ၁၉၆၂ အထိ ခံခဲ့ပါတယ်။ အပြစ်ကင်းစင်တဲ့ စနစ်မဟုတ်ပေမယ့် တိုတောင်းလှတဲ့ လွတ်လပ်ရေးခေတ်မှာ အတိုးတက်ဆုံးနဲ့ အလားအလာ အရှိဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာကို အရှေ့တောင်အာရှမှာ အောင်မြင်မယ့် အလားအလာ အရှိဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် မျှော်မှန်းထားတိုင်း ဖြစ်မလာတတ်တာတွေဟာ မြန်မာနိုင်ငံတင်မက နေရာတိုင်းမှာ ရှိခဲ့ပါတယ်။ အခုတခါ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာပြည်မှာ ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါပြီ။ ဒီအခွင့်အလမ်းကို အသုံးမပြုနိုင်ရင် ဒီလို အခွင့်အလမ်းမျိုး ပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်။
ဒါကြောင့်မို့ ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုကရေစီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီ ထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ပြောလိုပါတယ်။ ဒါပေမယ့် ပြုပြင်ရေးဟာ ပုဂ္ဂိုလ်မှာ အခြေခံတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မရှိရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။
ကျမတို့ လွှတ်တော်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အတော်လေ့လာဖို့ လိုပါသေးတယ်။ ဒီနေရာမှာ ဗြိတိန်က အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့လက မြန်မာ့လွှတ်တော်မှာ မိနစ်ပိုင်းလောက်နေပြီး ကျမ်းကျိန်ဆိုပွဲမှာ ပါဝင်ခဲ့ပါတယ်။ ကျမ အမြင်တော့ သိပ်ပြီး အခမ်းအနား ဆန်လွန်းနေတယ် ထင်ပါတယ်။ သမားရိုးကျအတိုင်း လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေဟာ ခေါင်းပေါင်းတွေ ပေါင်းကြရပါတယ်။ Westminster မှာလို ခွန်းကြီးခွန်းငယ်နဲ့ အဖြေရခက်တဲ့ အပြန်အလှန် မကြားရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကျမတို့ လွှတ်တော်မှာလည်း ဗြိတိသျှ ပါလီမန်လို ၀န်ကြီးချုပ်နဲ့ တိုက်ရိုက် မေးမြန်းခန်း ဆိုတဲ့ အစီအစဉ်မျိုးတွေ ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ကျမတို့ရဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အသက်ဝင်လာပြီလို့ ပြောရပါလိမ့်မယ်။
နိုင်ငံရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်ကို ပါလီမန် လွှတ်တော်က ထိန်းချုပ်ရမယ်ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်ကိုလည်း ကျမ ထောက်ပြလိုပါတယ်။ ဒါဟာ ဘာကို ညွှန်ပြသလဲ ဆိုတော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီရဲ့ အဓိက အကျဆုံး အချက်ကို ဖော်ညွှန်းနေခြင်းပါဘဲ။ အခြေခံ ဥပဒေ တရပ်ဆိုတာ ထိထိရောက်ရောက် ရှိဖို့အတွက် အလုံးစုံ တသမတ်တည်း ရေးချထားဖို့ မလိုဘူး ဆိုတာကို ဗြိတိသျှ ပါလီမန် စနစ်က လက်တွေ့ သက်သေပြနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာကို လူထုက လက်ခံဖို့ဘဲ လိုအပ်ပါတယ်။ သူတို့နဲ့ မဆိုင်ဘဲ သီးသန့် တည်ရှိနေတဲ့ ဥပဒေ စာရွက်စာတမ်းတွေ အဖြစ်မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခြေခံ ဥပဒေ တခု အဖြစ် လက်ခံ ထားဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားကြောင်း အတိအကျ ဖော်ပြထားပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ အရင်က ရှိခဲ့တဲ့ အခြေခံဥပဒေဟာ ကျမ အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့ ၁၉၄၇ ခုနှစ် လန်ဒန်မှာ တွေ့ခဲ့အပြီး သိပ်မကြာခင်မှာဘဲ ရေးဆွဲခဲ့တာပါ။
အဲဒီ အခြေခံ ဥပဒေဟာ လုံးဝ ပြည့်စုံကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့် လူထုရဲ့ လိုလားချက်တွေနဲ့ ဆန္ဒတွေကို လေးစားနားလည်မှုတွေ ပါရှိခဲ့ပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ ဒီအခြေခံ ဥပဒေကို မြန်မာတိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးနဲ့ လိုလားချက်တွေ နဲ့ အညီ ထင်ဟပ်နိုင်ဖို့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။
လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံမှာ တနိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချိန် မရှိခဲ့ပါဘူး။ အခုဆိုရင်ဘဲ နိုင်ငံမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့တွေနဲ့ တပ်မတော် အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
နိုင်ငံ အနောက်ပိုင်းမှာ ဆိုရင်လည်း လူထုအတွင်း အဓိကရုဏ်းတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတဲ့ အပြင် ထောင်သောင်းချီပြီး ရပ်ရွာစွန့် ထွက်ပြေးနေရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ရေးနေတဲ့ အချိန်မှာဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ရှမ်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်နေပြန်ပြီ ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။ ကျမတို့ အနေနဲ့ ဒီပြသနာတွေရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းကြရမှာပါ။ နှစ်ဘက် ညှိနှိုင်းပြီး နိုင်ငံရေး အရ အဖြေရှာတဲ့ ဓလေ့ကို ထွန်းကားအောင် လုပ်ရပါလိမ့်မယ်။ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေ အားလုံး လွတ်လပ်လုံခြုံစွာ နေခွင့်ရစေမယ့် ဥပဒေရဲ့ စိုးမိုးမှုဆိုတာကိုလည်း မြှင့်တင်ပေးကြရပါလိမ့်မယ်။
လတ်တလော အားဖြင့်တော့ ကျမတို့ အနေနဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက လူထု အတွက် လူသားချင်းစာနာတဲ့ ကူညီမှုတွေ လိုအပ်နေပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အပါအ၀င် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေးနည်းလမ်းကျ ဖြေရှင်းဖို့ အဓိက ဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ သဘောပေါက်ပြီး ဒီလို နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဖြစ်လာဖို့ကို ရေတိုစီးပွားရေး လုပ်ငန်းတွေထက် ပိုပြီး ဦးစားပေး လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကွဲလွဲမှုတွေကို မစေ့စပ်ပေးနိုင်ရင် လိုလားမှုတွေကို မဖြည့်ဆည်းပေးနိုင်ရင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှု အတွက် အခြေခံ ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုလက်ရှိ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်၊ ညွှန့်ပေါင်းအစိုးရ အပါအ၀င် စဉ်ဆက် တလျှောက်လုံး မြန်မာနိုင်ငံကို အကူအညီတွေ ပေးလာခဲ့တာပါ။
ကျမတို့ နိုင်ငံအပေါ် လိုအပ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံး အကူအညီ ပေးနေခဲ့တာပါ။ အထူးသဖြင့် ပညာရေးပိုင်းမှာ ဗြိတိန်နိုင်ငံက အဓိက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့ ဘ၀မှာ ကောင်းကျိုးရလဒ် လက်ငင်း ရနိုင်ပါတယ် ဆိုတဲ့ အမြင်မျိုး ရသွားဖို့ လိုပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေ အပြင် မြန်မာလူငယ်တွေကြားထဲမှာ ရေရှည် ခံစားနေကြရတဲ့ အလုပ်လက်မဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ အလုပ်ခွင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အင်မတန် အရေးပါပါတယ်။ ရေရှည်အားဖြင့်ဆိုရင်တော့ မြန်မာ့ ပညာရေး စနစ်ဟာ အင်မတန် နိမ့်ကျနေတာမို့ ပြုပြင် ပြောင်းလဲရေးတွေ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေး ဆရာ ဆရာမတွေ လေ့ကျင့်သင်ကြားရေး အပြင် လတ်တလောအားဖြင့် ပညာရေး စနစ်အပေါ် ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေကိုလည်း ပြုပြင်ရပါလိမ့်မယ်။
ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျမ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမား အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ၀င်ပြီး ရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့ ပြည်သူ အားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။
ဗြိတိန်နိုင်ငံဟာ ဒီလုပ်ငန်းကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှုတွေကို ဆန်းစစ်လေ့လာရေး အဖွဲ့တခု မြန်မာနိုင်ငံကို ရှေ့လအတွင်း စေလွှတ်ဖို့ အဓိက လုပ်ဆောင်ပေးနေတာ တွေ့ရတယ်။ ဒါဟာ ရှေ့လာမယ့် ကာလတွေ အတွင်း ကောင်းသော ခြေလှမ်းတွေရဲ့ အစလို့ ကျမ မြင်ပါတယ်။
အောက်စဖို့ဒ်မှာ ပညာသင်ခဲ့စဉ်က ဗြိတိန်နိုင်ငံရေးသမာကြီး နှစ်ဦးရဲ့ အတွေးအခေါ်တွေက တဆင့် ပါလီမန်ဒီမိုကရေစီ ဆိုတဲ့ အကြောင်း ကျမ ပထမဆုံး နားလည်ခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် အရ အုပ်ချုပ်သူတွေဟာ အာဏာကို ရယူရမယ်၊ စွန့်လွှတ်ရမယ် ဆိုတဲ့ အခြေခံအချက် ဖြစ်ပါတယ်။ ဒီစနစ်အတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင် အချိန်နဲ့အမျှ အားလုံး အတွက် အခွင့်အရေးတွေ မလွဲမသွေ ရကြရမှာပါ။ ဒီအခွင့်အလမ်းတွေကို ဗြိတိန်မှာတော့ အားလုံးရပြီးသားပါ။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော် ခေါ်ခွင့်တောင် မရခဲ့ပါဘူး။ ကျမ အနေနဲ့ ဒီလို ဖြစ်ရပ်ဆိုးတွေကို အတိတ်မှာဘဲ ချန်ထားခဲ့ချင်ပါတယ်။ ရှေ့ အနာဂတ်မှာတော့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ လူထုရဲ့ ဆန္ဒတွေကိုဘဲ သစ္စာရှိစွာ ဖြည့်ဆည်း ထင်ဟပ်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခု ကျမ ဗမာပြည်က ထွက်လာတဲ့ ခရီးစဉ်မှာ အတိတ်က အရိပ်တွေကို လွမ်းလွတ်ဆွတ်ဆွတ် ပြန်ပြောင်းကြည့်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ လက်မှာ ဘယ်လို အခွင့်အလမ်းတွေ ရောက်လာနိုင်မလဲ ဆိုတာကို ရှာဖွေပေးဖို့ ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ် တလျှောက်မှာ ကမ္ဘာ့ပြည်သူတွေက ကျမတို့ အပေါ် ဘယ်လောက်များ ထူးထူးခြားခြား နွေးနွေးထွေးထွေး ရင်ဖွင့်ကြိုဆိုခဲ့ကြတယ် ဆိုတာ မြင်ခဲ့ရပြီးပါပြီ။ ကမ္ဘာကြီးနဲ့ ဝေးနေခဲ့ရပြီး နောက်ပိုင်း အခုလို ကြုံရတဲ့ အတွက် သိပ်လဲ စိတ်လှုပ်ရှားဝမ်းသာခဲ့ရပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ဝေးနေတာတောင်မှဘဲ တကယ့်အရေးကိစ္စတွေမှာ နီးစပ်ပါတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို သူတို့ နီးနီးစပ်စပ် သိကြပါတယ်။ ပထ၀ီဝင် အနေအထားအရ ကွာခြားမှု လူသားတွေ လုပ်ထားတဲ့ အကာအရံ အတားအဆီး ဘယ်အရာကမှ ကျမတို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ အတွက် စည်းတားမထားနိုင်ပါဘူး။
ကျမ နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေ အတွင်းမှာလည်း ဘီဘီစီတင်မက ကမ္ဘာ့အသံလွှင့်ဌာနတွေဟာ ကျမကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ရှိစေခဲ့ပါတယ်။ မိုးဇက်နဲ့ ရာဘီရှန်ဂါရဲ့ ဂီတ၊ လူမျိုးဘာသာ ပေါင်းစုံက အမျိုးသမီး အမျိုးသားတွေရဲ့ ကိုယ်ရေးရာဇ၀င် စတာတွေကို ကြားနေခဲ့ရတာ ကျမ အတွက် ဒီ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အထီကျန် တယောက်တည်း မဟုတ်ဘူးဆိုတာ ဖြေသိမ့်စေခဲ့ရပါတယ်။
နိုင်ငံတကာဆုတွေ ဂုဏ်ပြုမှုတွေ လက်ခံရရှိတယ်ဆိုတာကလည်း ကျမတယောက်တည်း အတွက် မဟုတ်ပါဘူး။ ဒါတွေဟာ အထီးကျန် ပိတ်ဆို့ခံထားရတဲ့ သူတယောက်အတွက် ကျန်တဲ့ ကမ္ဘာကြီးနဲ့ ကူးလူးဆက်ဆံပေးနေတယ်ဆိုတဲ့ အခြေခံ လူသားခြင်းစာနာတဲ့ အသိအမှတ်ပြုမှုတွေပါဘဲ။ အခက်အခဲတွေ အများကြီးကြုံနေခဲ့ရတဲ့ ၁၉၉၀ နှစ်တွေတုန်းက ကျမကို မိတ်ဆွေတယောက်က ကဗျာဆရာ အာသာဟူဂ်ျတပ်ခ်ျရဲ့ ကဗျာတပုဒ် ပို့ပေးခဲ့ဖူးပါတယ်။ ကြိုးပမ်းမှုနဲ့ လိုအပ်ချက်တွေ အကြောင်း ရေးထားတဲ့ ဒီကဗျာရဲ့ အစပိုဒ်လေးကို ဗြိတိန်နိုင်ငံရေး သမားကြီး ၀င်စတန်ချာချီ ကိုယ်တိုင်က နာဇီဂျာမဏီတို့ရဲ့ ရန်ကနေ ကူညီ တွန်းလှန်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို မေတ္တာရပ်ခံခဲ့စဉ်မှာ သုံးခဲ့ဖူးတယ် ဆိုတာ အားလုံး သိပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျမ အနေနဲ့ ဒီကဗျာထဲက တခြား အပိုဒ်ကလေး တခုကိုဘဲ သုံးပြီးတော့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရှေ့နဲ့ အနောက်ရဲ့ နိုင်ငံရေး အမြော်အမြင်တွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ပြည်သူတွေ အားလုံး ဒီမိုကရေစီ အကျိုးအမြတ်တွေကို ခံစားနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ လိုအပ်ချက်တွေ အများဆုံး ရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံနဲ့ မိတ်ဆွေများကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မျှတတဲ့ လူ့ဘောင်ပေါ်ထွန်းရေး လုပ်ငန်းစဉ်မှာ ၀ိုင်းဝန်းပါဝင် ကူညီပေးကြပါလို့ ပန်ကြားလိုပါတယ်။ အခုလို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ ခန်းမကြီးတခုမှာ လွှတ်တော်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ နိုင်ငံဟာ လက်ရှိမှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ဆီကို မရောက်ရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာဘဲ အားလုံးရဲ့ အကူအညီနဲ့ ရောက်နိုင်ပါတော့မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
(မိန့်ခွန်းမူရင်း ဗီဒီယိုကိုကြည့်ရှု၍ ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)
မူရင်း – http://www.voanews.com/burmese/news/06-21-2012-suuspeech-159950595.html
Youtube - English Original
www.youtube.com/watch?v=Uo1MHK1FBic
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွှာ ပြုပြင် ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် နိုင်ငံတော် သမ္မတကြီး ၏ လမ်းညွှန် မိန့်ကြားချက်
အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဒုတိယ သမ္မတနှင့်
ပြည်ထောင်စုဝန်ကြီးများ ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရ ၀န်ကြီးချုပ်များ ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဌ များခင်ဗျား
ဒီနေ့ အစည်းအဝေးကို ခေါ်ယူရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အစိုးရရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ ပထမအဆင့်
(First Stage of Reform Strategy for National Development) ကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခု ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို တစ်ဆင့်တက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ် ၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်း လုပ်ဟန်တွေအတိုင်းလုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့်  Reform ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ 
ကျွန်တော်တို့က လမ်းကြီးတွေဖေါက် ၊ တံတားကြီးတွေ ဆောက်၊ စက်မှုဇုန် ၊ စီးပွှားရေးဇုန်တွေတစ်ဘက်က တည်ဆောက်နေပေမယ့် ဒီတည်ဆောက်မှုထက် ပြည်သူတစ်ဦးချင်း ထိတတွေ့ခံစား နေရတဲ့ နေ့စဉ် တတွေ့ကြုံနေတဲ့ စားဝတ်နေရေး ၊ သွှားလာနေထိုင်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြောင်းလဲတိုးတက်အောင် တစ်နည်းအားဖြင့် ပြည်သူတစ်ဩးချင်းရဲ့ လူမှု စီးပွှားရေး ဘ၀ကို ထိထိရောက်ရောက် တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ့် အစီအမံတွေကို ကျေးရွာမှအစ ကျေးရွာဖွံ့ဖြိုးမှု အစီအမံ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေထိထိရောက်ရောက် စီမံကြဖို့ အရေးတကြီး လိုအပ်လာပါတယ်။ ဥပမာ အားဖြင့် နေထိုင်စရာ နေအိမ် အဆောက်အအုံ နဲ့ ရေလိုအပ်ချက်၊ မီးလိုအပ်ချက်၊ သွှားလာစရာ ဘတ်စ်ကား ကြပ်တည်းမှု ၊ အဆင်မပြေမှု လိုအပ်ချက်၊ အလုပ်အကိုင် အခွင့်အလမ်းတွေစီမံ ဖန်တီးပေးဖို့ ၊ သိသိသာသာ ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူဩးရေအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တော်ဟာ တစ်နိုင်ငံလုံး လူဩးရေရဲ့ ၁၀ ပုံ ၁ ပုံ ရှိပြီး ထိုင်းနိုင်ငံ ၊ ဘန်ကောက် နဲ့ နှိုင်းယှဉ်ရင် များစွှာ ကွှာဟနေမှုအအပေါ်အားမလို အားမရ ဖြစ်တဲ့ လူတန်းစားအလွှာတွေရှိသလို ၊ ထက်ဝက်ကျော်သော မြို့လူထု ရဲ့ နေထိုင်ရာ ရပ်ကွက်တွေဟာ ပျဉ်ကာ ၊ ထရံကာ မီးဘေး စိုးရိမ်ရတဲ့ အဆင့်ကနေ တိုက်တာအပေါ်မတင်နိုင်သေးတဲ့ အနေအထားတွေ၊ သူတို့ရဲ့ ရေ လိုအပ်ချက် ၊ မီးလိုအပ်ချက်တွေ၊ သွှားလာရေးမှာလည်း ဘတ်စ်ကား ကြပ်တည်းမှုနဲ့ လုပ်ငန်းခွင်သွှားဖို့ မနက်ပိုင်းမှာ နှစ်နာရီလောက် သွှားလာရေးအတွက် အချိန်ကုန်ရသလို ၊ လုပ်ငန်းခွင်က အပြန်မှာလည်း ည မိုးချုပ်မှ အိမ်ပြန်ရောက် ၊ မနက် မိုးလင်း အစောကြီး ပြန်သွှား ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ မကျေမနပ် အားမလို အားမရ ဖြစ်နေတဲ့ လူတန်းစား အလွှာတွေရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဈေးကွက်နေရာ ဖန်တီး မပေးနိုင်လို့ ဖြစ်စေ လမ်းဘေး ဈေးသည်များနဲ့ အာဏ္ဍာပိုင်များရဲ့ အပြန်အလှန် တားမြစ်နေမှု မြင်ကွင်းများ ၊ မြို့တွင်း ကားရပ်နားရန် နေရာ ရှားပါးလာတဲ့ က အစ ဒီမြင်ကွင်း အားလုံးကို ပြောင်းလဲသွှားအောင် ကျွန်တော်တို့ စီမံရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဟာ လူဩးရေ များပြား၍ သိသာထင်ရှားပြီး နိုင်ငံရေး ၊ စီးပွှားရေး အချက်အခြာ၊ ထင်ရှားတဲ့ ဥပမာ ဖြစ်လို့ မြင်သာအောင် ဥပမာ ပေးရခြင်း ဖြစ်ပါတယ်။ အခြား တိုင်းဒေသကြီး/ ပြည်နယ်များလည်း အလားတူ ဖြစ်စဉ်များ သူ့နေရာနဲ့သူ ရှိကြပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် ပြည်သူ တစ်ဦးချင်း နေ့စဉ် ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ ပြေလည်ပြီး ပြည်သူတို့ရဲ့ လူမှုစီးပွှားရေးဘ၀ သိသိသာသာ ပြောင်းလဲ သွှားအောင် Reform လုပ်ရမှာ ဖြစ်ပါတယ်။ Reform  လုပ်ရာမှာ ငါးပွက်ရာ ငါးစာချ ၊ မြေပုံ ကြည့်ပြီး ကြုံသလို နေရာချ ဆောင်ရွက်မှုမျိုး ရှောင်ကြဉ်ပြီး မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို နောင် ရေရှည်အတွက် တိုးတက်လာမယ့် လူဦးရေနဲ့ ဖွံ့ဖြိုးလာမယ့် မြို့ပြ စီးပွားရေး အခြေအနေတွေကိုပါ ထည့်သွင်းတွက်ချက်ပြီး ခပ်မြန်မြန် ဆောင်ရွက်နိုင်မယ့် အစီအမံများကို ဆောင်ရွက်သွှားကြရမှာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေထဲမှာ မြို့ပြတွေမှာ စားသောက်ဆိုင် ဖွင့်ချင်တာ ၊
Shopping Mall ၊ ကာရာအိုကေ ၊ ကာစီနို၊ ဖွင့်ချင်တာက အစ လာရောက် စုံစမ်းကြပြီး ဒေသ အသီးသီးမှာ ရရာ မြေနေရာ ၊ ရရာ အဆောက်အဩ ရရှိရေး ကြိုးစားနေကြတာ တွေ့ရှိနေရ ပါတယ်။ ဒေသ လူတွေကလည်း မြေနေရာ လွတ်ရင်ပြီးရော ၊ ပေးလို့ရတာ အရင်ပေး စနစ်နဲ့ သွှားရင် နောင်တစ်ချိန်မှာ မြို့ပြ ဖွံ့ဖြိုးမှု အခင်းအကျင်း ပုံစံ မမှန်တော့ဘဲ Environmental Impact, Social Impact  တွေရလာနိုင်မှာ ဖြစ်ပါတယ်။ အခြားနိုင်ငံ မြို့ကြီး ပြကြီးတွေလို City Development Master Plan  ရေးဆွှဲပြီး ဘယ်နေရာကတော့ Commercial Area ဘယ်နေရာကတော့ Residential Area  ဘယ်နေရာကတော့ Plantation  ၊ ဘယ်နေရာကတော့ Forest Area, ဘယ်နေရာကတော့ Industrial Area စသဖြင့် ကြိုတင် လျာထား အကွက်ချဖို့ လိုအပ်ပါတယ်။ မြေလွတ်မြေရိုင်းများနဲ့ တောင်သူ လယ်သမားတွေစိုက်ပျိုး ဖြစ်ထွန်းမှု မြေဆီ မြေသြဇာ မကောင်းတဲ့ မြေတွေမှာ တစ်ဧကအပေါ်မှာ ရတဲ့ အကျိုးအမြတ်နဲ့ စက်ရုံတစ်ရုံမှာ ရရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို နှိုင်းယှဉ် တွက်ချက်ပြီး ကြိုတင် လျာထား စီမံ သွှားကြရမှာ ဖြစ်ပါတယ်။
မြို့နယ်တွေမှာ အစိုးရ ဘတ်ဂျက်နဲ့ စည်ပင်သာယာ ရတဲ့ အခွန်လေး ပေါ်မှာ မြို့လူထုအတွက် ရေ ၊ မီး ၊ လမ်းပန်း ဆက်သွယ်ရေးက အစ ထိရောက်အောင် မလုပ်ပေးနိုင်တာက ငွေကြေး အရင်းအနှီး လိုအပ်ချက်ကြောင့် ဖြစ်တာ တွေ့ရပါတယ်။ လယ်တစ်ဧကပေါ်မှာ ရတဲ့ အခွန်အခနဲ့ စက်ရုံ တစ်ရုံပေါ်မှာ ရရှိမယ့် အခွန်အခ ၊ အခြား ရရှိမယ့် ရေခွန် ၊ မီးခွန် ၊ ကုန်ထုတ်လုပ်မှု အခွန်အခများဟာ မြို့နယ်တစ်ခုအတွက် အခွန် တိုးတက် ရရှိစေမယ့် နည်းလမ်းတွေကိုလည်း တိုးတက် ကြံဆ သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ မြို့ပြတွေကို ကောင်စီ အုပ်ချုပ်ရေး ဘုတ်အဖွဲ့များကို ရွေးချယ်တင်မြှောက်ပြီး မြို့တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် လူများနဲ့ နေ့စဉ် ၊ အပတ်စဉ် လေ့လာ ဆွေးနွေးတိုင်ပင် ဆောင်ရွက်ယင်း မြို့ပြတွေတစ်နှစ်ထက် တစ်နှစ် အရှိန်အဟုန်နဲ့ တိုးတက်အောင် ဆောင်ရွက် နေတဲ့ အနေအထားတွေ လေ့လာ အတုယူ ဆောင်ရွက်သွှားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့်
(Second Stage of Reform Strategy for National Development) ကို ဆောင်ရွက်ရာမှာ
(၁) ပြည်သူလူထုရဲ့ လူမှုစီးပွှားရေး လိုအင်တွေကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ့် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး
(People Centered Development)  ဖြင့် ဆောင်ရွက်ရေး ၊
(၂) ပြည်သူလူထု ဗဟိုပြု တိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါ လာသည့် လူမှုရေး ၊ စီးပွှားရေး အသင်းအဖွဲ့များ ပါဝင်သော လူမှုအဖွဲ့အစည်
(Civil Society) များ၏ ပူးပေါင်း ဆောင်ရွက်မှု အရေးပါ လာသည့်အလျောက် မြို့နယ် တိုင်းမှာ လူမှုရေး ၊ စီးပွားရေး အသင်းအဖွဲ့များ ၊ ကျေးလက်သမ၀ါယမ အစုအဖွဲ့များ ၊ မြို့နယ် သမ၀ါယမ အသင်းများ တိုးချဲ့ ဖွဲ့စည်းပေးပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်အောင် တိုးချဲ့ ဆောင်ရွက် ခြင်းဖြင့် တိုင်းပြည်၏ စွမ်းအားကို မြှင့်တင် ဆောင်ရွက်ရေး ၊
(၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု စီးပွှားရေး တိုးတက်မှုအတွက် ငွေကြေး အရင်းအနှီးများ ရင်းနှီးမြုပ်နှံ သုံးစွဲ နိုင်မှု အခြေအနေ အခွင့်အလမ်းသည် လူ့စွမ်းအား အရင်းအမြစ် ပြီးလျှင် အခြေခံ အကျဆုံး အဓိက လိုအပ်ချက် ဖြစ်သည့်အတွက် ဘဏ္ဍာရေးမူဝါဒ ၊ ငွေကြေး မူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ အောက်ပါ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲ ရင်းနှီးမြုပ်နှံမှုများကို ထိရောက် အကျိုးရှိစွှာ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေးတွင် -
(က) နိုင်ငံတော် ဘဏ္ဍာရေးငွေ ဘတ်ဂျက် တိုးမြှင့် သုံးစွဲနိုင်ရေး၊ အခွန်အကောက် တိုးတက် ရရှိရေးနည်းလမ်းများ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ခြင်း ၊ ပြည်သူ့ ဘဏ္ဍာရေး
(Public Finance)  အား ထိရောက်သော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ခြင်း၊
( ခ ) ပြည်သူတို့၏ ငွေကြေး ရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုများ တိုးပွှားလာစေရန် ကုမ္ပဏီများ ၊ အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းခြင်းနှင့် ငွေကြေး ဈေးကွက် ဖြစ်ပေါ်လာရေး ဆောင်ရွက်ခြင်း ၊
( ဂ ) ဘဏ္ဍာများ ၊ ငွေစုငွေချေး လုပ်ငန်းများ ၊ သမ၀ါယမ အစုအဖွဲ့များ စုပေါင်း ရင်းနှီးမြုပ်နှံ လုပ်ကိုင်မှု တိုးချဲ့ ဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံခြား အကူအညီ အထောက်အပံ့များ အကျိုးရှိ ထိရောကစွာခွှဲဝေ အသုံးပြုခြင်း ၊
( င ) နိုင်ငံခြား ချေးငွေများအား နိုင်ငံတော် စီမံကိန်းများနှင့်  ဒေသန္တရ စီမံကိန်းများတွင် အကျိုးရှိ ထိရောက်စွာအသုံးပြုခြင်း၊
( စ ) ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ၏ ငွေကြေး စီးဆင်း လည်ပတ်မှုများ စနစ်တကျ မှန်ကန်အောင် ဆောင်ရွက်ခြင်း၊
(၄) ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှု အတွက်
(Regional Development Plan, City Development Plan, Township Development Plan, Village Development Plan)တွေ ကြိုတင် ရေးဆွဲ၍ မြေ အသုံးချမှု မူဝါဒ နှင့် အစီအမံ (Land Use Policy and Plan) ထားရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု များကို ဖိတ်ခေါ် တိုးချဲ့ ဆောင်ရွက်ရေး၊
(၅) မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး အမြင်ဖြင့် ဆောင်ရွက်ယင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွှားရေး ပြသနာများ ဒွန်တွဲ ပါလာမှု အအပေါ်ဥပဒေ စည်းမျဉ်းဖြင့် ထိန်းကျောင်း နိုင်သည့် လုပ်ထုံးလုပ်နည်းများ
(Code of Conduct for Township Development)ရေးဆွဲ ဆောင်ရွက်ရေး ၊ ကူးသန်း ရောင်းဝယ်ရေး အဟန့် အတားများ ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင် သွှားလာရေး အဟန့်အတားများ၊ ရုံးဌာန ညွှန်ကြားချက်နှင့် ထောက်ခံချက်များ ဆိုင်ရာ အဟန့် အတားများ စသည့် အုပ်ချုပ်မှု ဆိုင်ရာ စီမံခန့်ခွဲမှု (Administration Management) များကို Decentralize  လုပ်ပြီး ဥပဒေ စည်းမျဉ်းဖြင့် သာ ထိန်းကျောင်း၍ ပြည်သူများ အတွက် သိသာထင်ရှားသော အပြောင်းအလဲ တစ်ရပ် ပေါ်ပေါက်ရေး တစ်နည်းအားဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance )  သန့်ရှင်းသော အစိုးရ အုပ်ချုပ်မှုစနစ် (Clean Government) ဖြစ်ပေါ်လာရေး ၊
(၆) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် အပါအ၀င်ဖြစ်သော အောက်ပါ စီမံကိန်းများကို ပိုမို ထိရောကစွာတိုးမြှင့် ဆောင်ရွက်ရေးတွင် -
(က) ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းတွင် ကျေးရွာတိုင်း၌ ကျေးရွာ အစုအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရေးနှင့် မြို့နယ် အဆင့်တွင်လည်း မြို့နယ် သမ၀ါယမ အသင်းများကို အမိန့်ပေးစနစ်ဖြင့် မဟုတ်ဘဲ ၄င်းတို့ ဆန္ဒအရ ဖွှဲ့စည်း၍ တစ်ဦးချင်း ကုမ္ပဏီ မထောင်နိုင်မီ စုပေါင်း ထည့်ဝင် ဆောင်ရွက်တတ်သည့် အလေ့အထဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက် တတ်သည့် အလေ့အထများ ဖြစ်အပေါ်လာအောင် ဆောင်ရွက်ခြင်း ၊
( ခ ) လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဘဏ္ဍ်ဝန်ဆောင်မှု ၊ ဟိုတယ်နှင့်ခရီးသွှား ၀န်ဆောင်မှု ၊ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုနှင့် အခြား ကုန်ထုတ် လုပ်မှု၊ ရင်းနှီးမြုပ်နှံမှု အသီးသီး၌ ကျွမ်းကျင် ၀န်ထမ်းများ ပိုမို လိုအပ်လာသည့် အလျောက် အသက်မွေး ၀မ်းကျောင်း ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်၍ လေ့ကျင့် ပြုစုပျိုးထောင်ခြင်း ၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက် ဖန်တီးပေးခြင်း ၊
( ဂ ) ကျန်ကဏ္ဍစီမံကိန်း (၁၄) ခုအား ဒေသအလိုက် ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် ကဏ္ဍ စီမံကိန်း တာဝန်ယူသော ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် ဒေသ စီမံကိန်း တာဝန် ယူသော ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊
အချက်များဟာ ဒုတိယအဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ အတွက် အဓိက ဆောင်ရွက်သွှားရမယ့် အချက်တွေ ဖြစ်ကြောင်း ပြောကြားလိုပါတယ် ။
အထက်ပါ မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပြည်ထောင်စု ၀န်ကြီးဌာနများအလိုက် နိုင်ငံတော် စီမံကိန်းများကို လည်းကောင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များအလိုက်  ဒေသန္တရ စီမံကိန်းများကို လည်းကောင်း ဆောင်ရွက်ရာမှာ ပြည်ထောင်စု အစိုးရရဲ့ ချမှတ် ဆောင်ရွက်မယ့် မူဝါဒဟာ တစ်နိုင်ငံလုံးအတွက် တူညီသော်လည်း တိုင်းဒေသကြီး / ပြည်နယ်များ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များရဲ့ တည်နေရာ အကျယ်အ၀န်း မတူညီမှု၊ လူမျိုး ဓလေ့နှင့် လူဩးရေ အချိုး အစားချင်း မတူညီမှု ၊ သဘာဝ အရင်းအမြစ်နဲ့ ရာသီဥတု မတူညီမှု စတဲ့ ကွှဲပြား ခြားနားမှု များကြောင့် လည်းကောင်း၊ လုံခြုံရေး ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သွှားလာရေး အခြေအနေ များကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု ၊ အလုပ်အကိုင် အခွင့်အလမ်း မတူညီမှု စတဲ့ အခြေအနေများ အပေါ်မှာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရများ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ များ အနေနဲ့ အသေးစိတ် အစီအမံ နည်းလမ်းများကို ကိုယ်တိုင် ၀ါယမထုတ် ၊ လေ့လာကြံဆ ကြိုးပမ်း အားထုတ်ဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။
ရှေးကကဲ့သို့ ပြည်ထောင်စု အစိုးရက
Top Downချမှတ်ပေးမှ ဆောင်ရွက် အကောင်အထည်ဖော်တဲ့ ပုံစံအစား ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ ကိုယ်တိုင် လေ့လာ ကြံဆကြိုးပမ်းပြီး Bottom Up Initiative နဲ့ ကိုယ်လုပ်ချင်တဲ့ အစီအမံတွေကို ပြည်ထောင်စု အစိုးရထံ အသိပေး တင်ပြပြီး ဆောင်ရွက်သွှားကြဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရအနေနဲ့ကလည်း တိုင်းဒေသကြီး/ ပြည်နယ်များကို တင်ပြ ဆောင်ရွက်စေခြင်းဟာ ပြုပြင်ပြောင်းလဲရေးကာလ (Transition Period) မှာ အောက်ပါ အချက်များကို အခြေခံ အုတ်မြစ် (Foundation)  ခိုင်မာအောင် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းရမယ့် ကာလတစ်ရပ် ၊ အချိန်တစ်ရပ် လိုအပ်ချက်ကြောင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး အောက်ခြေအဆင့်အထိ ဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့ ခိုင်မာ သွားတဲ့အခါမှာ အခြားနိုင်ငံများ နည်းတူ နိုင်ငံတော် အဆင့်က လုပ်ရမယ့်အပိုင်း ၊ ပြည်ထောင်စု အဆင့် ၀န်ကြီးဌာန များက လုပ်ရမယ့်အပိုင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များက လုပ်ရမယ့်အပိုင်း ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်‌ရ တိုင်း/ဒေသများက လုပ်ရမယ့်အပိုင်း ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်က လုပ်ရမယ့် အပိုင်းတွေဆိုပြီး သူ့အဆင့်နဲ့သူ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု (Administrative Management System)  ပြောင်းလဲ တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ယခုလို အပြောင်းအလဲ ကာလမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများဟာ
မူဝါဒ ညှိနှိုင်းခြင်း ၊
မဟာဗျူဟာ ၊ နည်းဗျူဟာ အကောင်အထည် ဖော်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း၊
မြေအသုံးချမှု အပါအ၀င် သဘာဝ သယံဇာတ အရင်းအမြစ် အသုံးချမှုများ စီမံခန့်ခွဲမှု ညှိနှိုင်းခြင်း၊
တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ပြည်သူတို့၏ လူမှု စီးပွှားရေး ညွှန်းကိန်း တိုးတက်ရန် လိုအပ်ချက်များ ညှိနှိုင်းခြင်း၊ ကျေးလက်ဒေသ ဖွှံ့ဖြိုးရေးနှင့် ဆင်းရဲမှု လေ်ာ့ခေ်ရး ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းခြင်း၊
နိုင်ငံတော် ဘဏ္ဍာရေးငွေ ဘတ်ဂျက် ခွှဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊ အခွန်အကောက် ဆိုင်ရာ ခွှဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုင်ရာ ထိရောကစွာခွှဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီး မြုပ်နှံမှုများ ဖိတ်ခေါ် ရင်းနှီးမြုပ်နှံ ဆောင်ရွက်ရေး ညှိနှိုင်းခြင်း၊
ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အုပ်ချုပ်မှု လုပ်ငန်းများ ခွှဲဝေ ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းခြင်း၊
ကဏ္ဍ စီမံကိန်းများ ၊  ဒေသန္တရ စီမံကိန်းများနှင့် သီးခြား ဖွံဖြိုးရေးလုပ်ငန်းစီမံကိန်းများ ၊ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ၊ ရင်းနှီးမြုပ်နှံမှုများနှင့် ပြည်သူ လူထုနှင့် ထိတွေ့ ဆောင်ရွက်နေသော လုပ်ငန်းများကို လေးလပတ်အလိုက် လေ့လာ သုံးသပ် အကဲဖြတ်ခြင်းနှင့် လေ့လာသုတေသနပြုရေး လုပ်ငန်းများ ညှိနှိုင်းခြင်း
စတဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို လေးလပတ် အစည်း အဝေးတွေ ပြုလုပ်ပြီး ဆောင်ရွက် သွှားကြရန် လိုအပ်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစီအစဉ် ရှိရှိ၊ ထိထိရောက်ရောက်ဖြစ်အောင် ယခုဆိုရင် ဘဏ္ဍရေး ကော်မရှင်ကဲ့သို့ စီမံကိန်း ကော်မရှင်ကို ဖွှဲ့စည်း ဆောင်ရွက်သွှားမှာ ဖြစ်ပါတယ်။ ဖွှဲ့စည်းပုံ အခြေခံ ဥပဒေများ ဘဏ္ဍရေး ကော်မရှင် ဖွှဲ့စည်းမှု ပါဝင်ပြီး ယင်းကော်မရှင်မှာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ၀န်ကြီးချုပ်များနဲ့ ဘဏ္ဍရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီးတို့သာ ပါဝင်သော်လည်း စီမံကိန်း ကော်မရှင်မှာတော့ ပြည်ထောင်စု ၀န်ကြီးဌာနများ အားလုံး နဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ၀န်ကြီးချုပ်အားလုံး ပါဝင်ကြမှာ ဖြစ်ပါတယ်။
အလားတူ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ထိရောကစွာစီမံခန့်ခွဲ အသုံးပြု နိုင်ရန်အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဖွှဲ့စည်း ထားပြီး ဖြစ်ပါတယ်။ ယင်းဗဟိုကော်မတီ အောက်မှာ အကောင်အထည်ဖော် ဆောင်ရွက် ကြမယ့် ပြည်ထောင်စု ၀န်ကြီးဌာနများနဲ့ လုပ်ငန်းကော်မတီ ဖွှဲ့စည်းထားပြီး ပုဂ္ဂလိက ကဏ္ဍ ကမ်းလှမ်းလာမှု များအတွက်
(Civil Society) ကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ လူမှုစီးပွှားရေး အကြံပေး ကောင်စီ ဖွှဲ့စည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြား အကူအညီ အထောက်အပံ့များကို သုံးစွဲရာမှာ တိုင်းဒေသကြီး/ ပြည်နယ်များ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များမှာ ဒေသ ဖွှံ့ဖြိုးရေးနဲ့ ပြည်သူများရဲ့ လူမှု စီးပွှားရေး ဘ၀ ထိရောက် အကျိုးရှိစွှာ ဖြစ်ထွန်းရေး အတွက် အဓိက စောင့်ကြည့် ကြပ်မတ် ပူးပေါင်း ဆောင်ရွက် အကောင်အထည်ဖော်ကြရမှာ ကတော့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့ ဒေသအလိုက် ၊ မြို့နယ်အလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများဘဲ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှသာ ထောင်စုနှစ် ရည်မှန်းချက်အတိုင်း ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်သလို ဘတ်ဂျက်ငွေနဲ့ ဒေသ ဖွံ့ဖြိုးမှု တိုးတက်အောင် လုံလောက်မှာ မဟုတ်တဲ့အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များကို ထိရောက် အကျိုးရှိအောင် ဒေသအတွက် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ များသော အားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့ ၄င်းတို့ ခန့်အပ်သောသူများနဲ့ တိုက်ရိုက်ဆောင်ရွက်ပြီး ၄င်းတို့ သုံးသော ၀န်ဆောင်မှုစရိတ်က (၃၀% - ၄၀%) ခန့် ရှိနေတဲ့အတွက် ပြည်သူများအတွက် တစ်ဝက်ကျော် ခန့်ဘဲ ခံစားရတာ ဖြစ်ပါတယ်။ အလှူရှင်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကလည်း ၄င်းတို့၏ ကူညီ ပံ့ပိုးမှုများကို အစိုးရ အဖွဲ့အစည်းများ လက်သို့ အပ်နှံ ဆောင်ရွက်ပါက Corruption နှင့် ၄င်းတို့ သုံးစေလိုသောနေရာ မရောက်ရှိသည့် အတွက် ၄င်းတို့ ခန့်အပ်သူများနှင့် ဒေသရှိ လူမှုရေး အဖွဲ့အစည်းများ တိုက်ရိုက်ချိတ်ဆက် ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဒေသရှိ လူမှုရေး အဖွဲ့အစည်းများကလည်း အကူအညီ အထောက်အပံ့ ရရင် ပြီးရော သဘောထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းနှင့် စာရင်းဇယားများကို တောင်းယူ သိရှိနိုင်ခြင်း မရှိဘဲ ပေးသမျှဖြင့် ဆောင်ရွက် ခဲ့မှုများ ရှိသလို အချို့ အောက်ခြေ ပါတီ နိုင်ငံရေး အဖွဲ့အစည်းများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက် ပေးခဲ့သည့်အတွက် ပြီးခဲ့သည့် ကိုးကန့် အရေးအခင်းတွင် နိုင်ငံခြား ရိက္ခာထောက်ပံ့ရေး အဖွဲ့အစည်း တစ်ခုမှ ရိက္ခာများသည် အဖွဲ့အစည်း အသုံးပြုရန်သာ ဖြစ်ခဲ့ပြီး ပြည်သူ့ လက်ဝယ် မရောက်ရှိခဲ့သည်ကို တွေ့ရှိရပါတယ်။ အချို့ကလည်း နိုင်ငံရေးပါတီ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ပေးပြီး ဆောင်ရွက်မှုကြောင့် ပြည်သူက ထိုသူနှင့် ထိုပါတီက ကူညီသည်ဟု ထင်မှတ်မှားခဲ့သည်ကို တွေ့ရှိခဲ့ ရပါတယ်။
နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခန့်ခွဲ ဗဟို ကော်မတီ အနေနဲ့ နိုင်ငံတကာမှ အစိုးရဖြစ်စေ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်စေ မည်သည့် အဖွဲ့အစည်း ၊ မည်သည့် အကူအညီ ၊ မည်သည့် ချေးငွေ လာသည်ဖြစ်စေ ပင်မ သက်ဆိုင်သည့် ပြည်ထောင်စု ၀န်ကြီးဌာနနှင့် ကနဦးညှိနှိုင်း MOU နှင့် Agrement များကို တရားဝင် ဆောင်ရွက်စေပြီးမှသာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ခွှဲဝေ ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် တိုင်းဒေသနှင့်ပြည်နယ် အစိုးရများဟာ မိမိတို့ ဒေသအတွင်း နိုင်ငံတကာ အကူအညီ အထောက်အပံ့ ပေးမည့် အဖွဲ့အစည်းများ ရောက်ရှိလာပါက သတင်းပို့စေပြီး ၄င်းတို့၏ လုပ်ငန်း Project များကို ရှင်းလင်းတင်ပြစေခြင်း ၊ မြို့နယ် ဒေသအထိ ပူးပေါင်း ဆောင်ရွက် ကြီးကြပ်မှု အသွင်ဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ခြောက်လပတ် အလိုက် တိုးတက်မှု အကဲဖြတ်ခြင်း များကို ညှိနှိုင်း ဆောင်ရွက်သွှားရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံအတွင်း ကမဘာ့ ကုလသမဂ⍀ဂ အဖွဲ့အစည်း (၉)ခုနဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO ပေါင်း (၅၃) ခုခန့် ရှိပြီး ၄င်းတို့အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့လည်းကောင်း ၊ ပုဂ္ဂလိက လူမှုရေး ၊ စီးပွှားရေး အသင်း အဖွဲ့များ ၊ ဖောင်ဒေးရှင်းများနှင့် တိုက်ရိုက် ချိတ်ဆက်၍လည်းကောင်း ဆက်သွယ်ပေးအပ်ရန် ကမ်းလှမ်းကြတာကို တွေ့ရပါတယ်။ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO များအနေနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနမှာ မှတ်ပုံတင်ပြီးခြင်း ၊ ၄င်းတို့လုပ်မယ့် လုပ်ငန်းကဏ္ဍနဲ့ ဆိုင်တဲ့ ပြည်ထောင်စု ၀န်ကြီးဌာနထံ သတင်းပို့ တင်ပြပြီး ယင်းမှ နိုင်ငံတကာ အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟို ကော်မတီ ခွင့်ပြုချက် ရယူ ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ များက တိကျစွှာ လိုက်နာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး အနေနဲ့ မြို့နယ်တိုင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ၀င်ရောက် ဆက်သွယ်လာလျင် အစိုးရနဲ့ရော နိုင်ငံရေး ပါတီများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ပါ ပတ်သက်ခြင်း မရှိဘဲ ဒေသ ဖွှံ့ဖြိုးရေး အမြင် သက်သက်ဖြင့် ဆောင်ရွက်နေကြတဲ့ အောက်ပါ လူမှုရေး ၊ စီးပွှားရေး အဖွဲ့အစည်းများကို ဖွှဲ့စည်းသွှားရန် ဖြစ်ပါတယ် -
ကုန်သည် အသင်းအဖွဲ့များ 
စိုက်ပျိုးရေး ၊ မွှေးမြူရေး အသင်းအဖွဲ့
အန်တီစု၊ ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်
===================================
ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။ အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။ နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ
့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သလိုလို။
ဟိုးတုန်းက သတင်းတွေဆိုတာ တီဗီမှာ လာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲ ပျောက်သွားပြီ။ သတင်းစာတွေဆိုရင်တော့ တစ်ထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ အဟောင်းဆိုင်မှာ ရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တစ်ချက် ခေါက်လိုက်တာနဲ့ ဘယ်နှနှစ်စာ လိုချင်သလဲ၊ အကုန်ရ။ အချိန်ဆိုတာကို ချုံ့ချပစ် လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ် ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်း တစ်ပုဒ်စာ ထွက်ပါရော လား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ဆိုတာ ဒိုမီနို သီအိုရီလို တစ်ဆက် တစ်စပ်တည်း ရှိနေ တာကလား။
ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူး နေတာပဲ။ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး ရိုက်ပြထား တဲ့ An Inconvenient Truth သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မှတ်တမ်းခွေ ကို ကြည့်ရတော့မှ ပဲ နည်းနည်း တီးမိ ခေါက်မိတာ။ ကမ္ဘာမြေ အပူချိန် ဒီဂရီဟာ ၀ ဒသမ ၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေ ပါသတဲ့။ အလွယ် စဉ်းစားနိုင်တာကတော့ အပူချိန် များလာတော့ ရေအပြန့် ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် ပျော်လာတယ်။ ရေထုထည် များတော့ ပင်လယ်ရေ မျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့ မြင့်တက် နေပါတယ်တဲ့။ ပင်လယ်ရေ မျက်နှာပြင် မြင့်လာတော့ ကုန်းမြေ ကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံ သေးသေးလေးတွေဆို ၁၀ နှစ်ကနေ နှစ် ၅၀ အတွင်း ရေအောက် ရောက်သွားမယ်ဆိုပဲ။ လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ မော်လဒိုက် ကျွန်းနိုင်ငံဆိုရင် ဆောက်တည်ရာ မရ ဖြစ်နေတာ ကြာပြီ။ ဘယ်ပြေး ရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။
ကမ္ဘာကြီး ဘာကြောင့် ပူနွေးလာသလဲ ဆိုတော့ ကာဗွန် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဗွန်ဓာတ်ငွေ့ ဘယ်ကထွက် လဲဆိုတော့ စက်ရုံတွေ၊ ကားတွေကတဲ့။ နောက်ဆုံး စာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ် ပါတဲ့။ ဘယ်လူတွေလဲဆိုတော့ စက်ရုံတွေ၊ ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဗွန်ထုတ်လုပ်မှု အများဆုံး သုံးနိုင်ငံ - အမေရိကန်၊ တရုတ်၊ အိန္ဒိယတဲ့။ တခြားသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါတာပေါ့။
ဒီပြဿနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကောဆိုတဲ့ စာချုပ် ကြီး ပေါ်လာပါရော။ စည်းကမ်းတွေ သတ်မှတ်၊ ကာဗွန်တွေ လျှော့ထုတ် ကြမယ်ပေါ့။ နိုင်ငံစုံ အစည်းအဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံး ထုတ်တဲ့ သုံးနိုင်ငံက လက်မှတ် မထိုးလို့။ နင်လျှော့ရင် ငါလည်း လျှော့မယ်နဲ့ အပြန်အလှန် လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူး တဲ့။ ကောင်းရော။
အားတက်စရာလေး ပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ က ကာဗွန် ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ် ၉၁။ လူတစ်ယောက်ချင်း ထုတ်တဲ့နှုန်းနဲ့သာ ပြန်တွက်ရင် နံပါတ် ၁၈၅။ တစ်ကမ္ဘာလုံး ထုတ်လုပ် မှုရဲ့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။ ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေ တော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းအောင် နေတဲ့ တိုင်းပြည်လို့။ လူသားတစ်မျိုးလုံးနဲ့ တောရိုင်း တိရစ္ဆာန်များကို တစ်ထောင့် တစ်နေရာကနေ စောင့်ရှောက်ပေးနေ တဲ့အကြောင်း ကမ္ဘာ့ဆူပါ ပါဝါ သုံး နိုင်ငံသားတွေ ရှေ့မှာ ခေါင်းကို မော့ပြီးပြောလို့ရတယ်။
အဲဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာရင် ရေအောက် ရောက်သွားမယ်လို့ စာရင်းပြုစု ခံရတဲ့ နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။
(၁) မော်လဒိုက် ကျွန်းစုများ၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) ဖိလစ်ပိုင်၊(၄) အီဂျစ်၊ (၅) တူဗာလု၊ (၆) ပေါ်ပူဝါ နယူးဂီနီ၊ (၇) ဘာဘေးဒိုး၊ (၈) ကီရိဘာတီတို့ ပါတယ်။
ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ဒုက္ခကို ပြက်ရယ် မပြုချင်ပေမယ့် သူ့ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းလေး တွေကိုတော့ အနီးကပ်နေရသူ ပီပီ သိထားဖို့ လိုပါတယ်။
ပင်လယ်ရေ တက်လာမှုကြောင့် တစ်ကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်း နေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဒီလိုမျိုး လူလုပ်တဲ့ ဘေးအန္တရာယ်ကို ခံစား ရတာမို့ အနောက် အုပ်စုထံက ဒေါ်လာ လေးဘီလီယံ လိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ တောင်းပုံလေးက သင်းတယ်နော်။
ဒါ့အပြင် ဒီလို ဒုက္ခရောက်တဲ့ လူတွေကို လက်ခံဖို့ ဗြိတိန် နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့် သတဲ့။ ဥရောပနဲ့ အမေရိကန် ကလည်း ဒီသန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေကို တာဝန် ယူသင့် တာတဲ့။ သိပ်ရယ်ရတာပဲ။ ဒါတွေက ၂၀၀၉ ခုနှစ် ကတည်းက တောင်းဆိုနေ ခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။
ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင် အရေးအခင်း ပြဿနာ ထဲကို ဘာလို့များ တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ကရုဏာ တွေသက်ပြီး စုတ်တသပ်သပ်နဲ့ တက်တက်ကြွကြွကြီး ဝင်ရောက် ကူညီ ချင်နေသလဲ ဆိုတာကို ဆက်စပ်လို့ ရလောက်ပါပြီ။
OIC ရယ်၊ BBC , VOA, RFA, Irrawaddy, DVB တို့အပြင် လက်သည် တရားခံတွေ ထဲမှာ ရေကြီးတာလည်း ပါသကိုး။ ဒါကြောင့် လည်း အန်တီစုက ဘင်္ဂလားဒေ့ရှ် ကလည်း နယ်စပ်ကို တာဝန်ယူ သင့်ကြောင်း ပြောလိုက်တာနဲ့ ဆတ်ဆတ်ခါ ထွန့်ထွန့်လူး ဖြစ်ကုန်ကြ တာပဲ။
သူ့လူသန်း ၂၀ ကို နဂိုကမှ ဘယ်ပို့ရမှန်း မသိရတဲ့ အထဲနော်။ တရုတ်ကြီးလိုပဲ တစ်အိမ်ထောင် ကလေးတစ်ယောက် အမိန့် ထုတ်လိုက်ပြီးရော။
နောက်ခံအကြောင်းတွေ အများကြီး ရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီ အရေးကို လူမျိုးစု နှစ်စု မကျေမနပ် သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ် ကလေး လက်ခံဖို့ မသင့်ပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးလို့ အကျယ်ကြီး အော်နေပေမယ့်လည်း အနောက်ဘက် စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက် ချင်းတိုက်တာ ထင်သာမြင်သာ ရှိလှပေမယ့်လည်း လူကိုလူချင်း
ဖိသတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျည်ဆန်ကလည်း အသုံးဝင်လိမ့် မယ် မဟုတ်ပါဘူး။
လတ်တလော သတင်းကောင်းကတော့ အာဆီယံ အဖွဲ့ကရော၊ ဧည့်သည်တော်ကြီး အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့် ဆိုတာကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူးလို့ ပြောသွားပါတယ်။ နားလည် သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်း ကူညီမှုတော့ ပြုရမယ်။ နိုင်ငံသားပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင် တယ်လို့ ဆိုပါတယ်။ နိုင်ငံသား ဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့် မရှိပါဘူးတဲ့။
အချုပ် ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာ တစ်မျိုးသားလုံး အရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။
သန္တာဝင်း