This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဖုန်း နှင့်ဆိုင်သမျှ. Show all posts
Showing posts with label ဖုန်း နှင့်ဆိုင်သမျှ. Show all posts

Friday, August 22, 2014

SAMSUNG Phone ၀ယ်မည့် သူများ ဒါလေးတွေ သတိထားဖို့ပါ.................



ကဲ မနက်စောစော Facebook ဖွင့်ကြည့်တော့  သတင်းလေး တစ်ခုဖတ်ပြီး အံ့သြသွားတယ် ။
အရင်က သိမှ မသိခဲ့တာ ။ ခုမှ ပဲ သိတော့တယ် ။
ဘော်ဘော်တို့လဲ ဖတ်ကြည့် ။ ပြီးရင် စပြီး စစ်ဆေးတော့ဗျို့……..။
ပုသိမ် မှာ SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့
SIII နှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က
420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့
။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါ
တဲ့ ။ pi ဆို တာ ဘာ လဲ လို့ မေး လိုက် တော့ Quality Pass မ ရ တဲ့ အ လုံး
SAMSUNG က ထုတ် တဲ့ ဖုန်း တော့ ဟုတ် တယ် ချို့ ယွင်း ချက် အ နည်း
ငယ် ရှိ တဲ့ ၊ အ ရည် အ သွေး အ နည်း ငယ် နိမ့် တဲ့ ဖုန်း တွေ ပါ တဲ့ ။ သာ
မန် လူ တော့ မ သိ နိုင် ပါ ဘူး တဲ့။ ယူ ရ တဲ့ ဈေး လည်း မတူ ပါ တဲ့ ။ ။ ဒါ
ဆို တ ချို့ သော ဆိုင် တွေ က pi ဖုန်း တွေ ကို Official ဖုန်း ဈေး နဲ့ ရောင်း
တာ တွေ ရှိ မှာ ပေါ့ ။ ရှိ ပါ တယ် ။ ဒါ ကြောင့် လည်း ဖုန်း ချင်း တူ တူ ဈေး
နည်း တာ ကိုင် ချင် သူ တွေ အ တွက် ရောင်း ပေး တာ ပါ တဲ့ ။ pi နဲ့
official ကို ဘယ် လို ခွဲ ရ မ လဲ ဆို တော့ ဘက္ကရီ အောက် က ဖုန်း ကိုယ်
ထည် ကို ကြည့် လိုက် ပါ ။ Made in China par Samsung, Made in
Vietnam par Samsung စ သည် ဖြင့် နိုင် ငံ အ မည် တွေ နဲ့ ဆို ရင်
Official ဖုန်း ၊ အဲ ဒီ လို မ ဟုတ် ဘဲ Made by Samsung ဆို ရင် တော့ pi
ပါ တဲ့ ခင် ဗျာ ။ ကဲ ၀ယ် ပြီး သား သူ တွေ လည်း ကိုယ့် ဖုန်း ကိုယ် ပြန်
ကြည့် ပေ တော့ ဗျာ ။ SAMSUNG Phone Model တိုင်း မှာ pi ရှိ တယ် တဲ့
ခင် ဗျာ ။ ကျွန် တော့် ဖုန်း က တော့ Official ပါ ဗျာ ။ ဟဲ ဟဲ။
by ကျော်စွာထွန်း

လက်ရှိထွက်ရှိထားသော စမတ်ဖုန်းအချို့ရဲ့ ဘက်ထရီ စွမ်းရည် နှိုင်းယှဉ်ချက်...............



Tags
 
Smart Phone တွေရဲ့ ဘက်ထရီစွမ်းရည်ကို တိုင်းတာတဲ့ စံနှုန်းကတော့ mAh နဲ့ပဲဖြစ်ပါတယ်။
mAh ရဲ
အရှည်ကောက်ကတော့ milliampere-hour (mAh) ပါ။ mAh များလေ
ဘက်ထရီ ကြာကြာပို အသုံးခံလေပါပဲ။ ဥပမာ 1432 mAh ရှိတဲ့ iPhone 4S ရဲ့ဘက်ထရီဟာ
Stand By Time နာရီ၂၀၀ ခံပြီး၊ စကားပြောချိန် ၁၄ နာရီ၊ အင်တာနက် (3G) အသုံးပြုချိန်
၈နာရီထိ ခံနိုင်ရည် ရှိပါတယ်။
3200 mAh ရှိတဲ့ Samsung Galaxy Note 2 ဆိုရင်လည်း Stand By Time နာရီ ၉၀၀ ကျော်၊
စကားပြောချိန် ၃၅ နာရီကျော် ၊ အင်တာနက် (3G) အသုံးပြုချိန် ၁၆ နာရီထိ အသုံးပြုနိုင်မှာပါ။
ဒါပေမယ့် ဖုန်းအသုံးပြုတဲ့ သက်တမ်းတစ်လျှောက် ဒီပုံစံအတိုင်း သွားမှာတော့မဟုတ်ပါဘူး။
လူလိုပါပဲ။ တဖြည်းဖြည်း အိုလာလေ ကျန်းမာရေးချူချာလေပါပဲ။ ဒီလိုပဲ ဖုန်းသက်တမ်းကြာလာတဲ့
အမျှ ဘက်ထရီဟာ သူ့ရဲ့ စွမ်းရည်အပြည့်အ၀ ရရှိတော့မှာ မဟုတ်တော့ပါဘူး။ အချို့နာမည်ကြီး
နည်းပညာ ၀က်ဘ်ဆိုက်အချို့ရဲ့ လမ်းညွှန်ချက်အရတော့ ဖုန်းတစ်လုံးရဲ့ အကောင်းဆုံး ဘက်ထရီ
သက်တမ်းဟာ ၁နှစ်အတွင်းမှာပဲ ရှိပါတယ်။ အောက်မှာတော့ Smart Phone အချို့ရဲ့ ဘက်ထရီ
mAh ကိုဖော်ပြပေးလိုက်ရပါတယ်။ ကိုယ်သုံးမယ့်ပမာဏ နဲ့ချိန်ညှိ တွက်ချက်နိုင်အောင်လို့ပါ။ iPhone 4 – 1420 mAh
iPhone 4S – 1432 mAh
iPhone 5 – 1440 mAh
Samsung Galaxy S4 – 2600 mAh
Samsung Galaxy S3 – 2100 mAh
Samsung Galaxy Mega 6.3 – 3200 mAh
Samsung Galaxy Mega 5.8 – 2600 mAh
Samsung Galaxy Note – 2500 mAh
Samsung Galaxy Note II – 3200 mAh
Samsung Galaxy Grand – 2100 mAh
Sony Xpreia Z – 2330 mAh
Sony Xperia Z Ultra – 3050 mAh
LG G2 – 3000 mAh
HTC Butterfly – 2020 mAh
HTC One – 2300 mAh
BlackBerry Z10 – 1800 mAh
Huawei G510 – 1700 mAh
Huawei Ascend P6 – 2000 mAh
Huawei Ascend Mate – 4050 mAh
Ref & Credit: SQUAR

Wednesday, August 20, 2014



အသုံး၀င် iPhone Tricks ဆယ်ခု



iPhone ဟာ အလွန်ကောင်းမွန်တဲ့စမတ်ဖုန်းဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် iPhone ရဲ့ Settingsတွေကို သင့်ရဲ့ အသုံးပြုပုံပေါ်မူတည်ပြီး ပြောင်းလဲအသုံးပြုမှသာ အစွမ်းထက်မှာပါ။ နောက်ပြီး iPhoneမှာ စွမ်းဆောင်ချက်များစွာ ပါရှိတဲ့ အတွက် အဲဒါတွေအားလုံးကို သိနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အခုဆောင်းပါးမှာ အသုံးဝင်တဲ့ iPhone Tricksတွေကို ဖော်ပြလိုက်ပါတယ်။ ဒါတွေက iOS 7အတွက်ဖြစ်ပြီး iOS 8 Betaအတွက် မဟုတ်တာကို သတိပြုပါ။


ဓါတ်ပုံများ ပွားနေတာကို ပိတ်ပါ။

iPhoneမှာ HDR (High Dynamic Range) စွမ်းဆောင်ချက်ပါရှိပြီး ဓါတ်ပုံများ အရည်အသွေးကောင်းမွန်စေပါတယ်။ ဒါပေမယ့် ဓါတ်ပုံများရိုက်ကူးတဲ့ အခါမှာ HDR နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံရော သာမာန်အတိုင်းရိုက်ထားတဲ့ ဓါတ်ပုံကိုပါ သိမ်းပေးထားတာဖြစ်တဲ့အတွက် ဓါတ်ပုံများပွားနေတာက မနှစ်သက်စရာပါ။ သာမာန်အတိုင်းရိုက်ထားတဲ့ ဓါတ်ပုံတွေကို မလိုချင်ရင် အောက်က Settingsထဲမှာ ပိတ်ထားနိုင်ပါတယ်။



Settings > Photos & Camera > Keep Normal Photo

ကြေညာရှင်တွေရဲ့ စောင့်ကြည့်နေမှုကို ပိတ်ပါ။
Appleက iOSမှာ Appများက သင့်ရဲ့ အသုံးပြုမှုကို စောင့်ကြည့်နိုင်ပြီး သင့်တော်တဲ့ ကြော်ညာများ ပြသပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ သင့်ရဲ့ ပုဂ္ဂလိက လုံခြုံရေးကို ကြော်ညာရှင်များ မသိစေချင်ရင် အောက်က Settingsမှာ ပိတ်ထားနိုင်ပါတယ်။

Settings > Privacy > Advertising > Limit Ad Tracking
first photo



Emailများရဲ့ Previewကို ပိုမိုသိအောင် ပြုလုပ်ပါ။

Appleရဲ့ Email Appကို အသုံးပြုသူများအတွက် အီးမေးတစ်ခုကို ဖွင့်မကြည့်ခင်မှာ Previewအနေနဲ့ ပြသပေးထားတဲ့ စာကြောင်းရေကို တိုးမြှင့်နိုင်ပါတယ်။ အဲဒီအတွက် အရေကြီးတဲ့ အီးမေးတွေကို အလွယ်တကူသိနိုင်တာပေါ့။ စာကြောင်းရေ ငါးကြောင်းအထိ တိုးမြှင့်နိုင်ပါတယ်။

Settings > Mail, Contacts, Calendar > Preview

ဖုန်းဝင်လာရင် စာပြန်ပို့မယ့် စာသားများကို သတ်မှတ်ရေးသားပါ။


ဖုန်းဝင်လာတဲ့ အခြေအနေမှာ ဖုန်းပြောဖို့ မအားသေးရင် Messageနဲ့ အကြောင်းပြန်နိုင်တဲ့ စွမ်းဆောင်ချက်ဟာ iPhoneမှာ ပါရှိပါတယ်။ “I’ll call you later,” or “I’m on my way.”စသဖြင့်ပေါ့။ အဲဒီစာသားများကို အောက်က Settings မှာ ရေးသားသတ်မှတ်ထားနိုင်ပါတယ်။


Settings > Phone > Respond with Text

သင့်ရဲ့ အဖိုးတန်အချိန်တွေကို ကာကွယ်ပါ။


သင့်ရဲ့ အနားယူချိန်တွေ၊ အိပ်စက်ချိန်တွေ၊ ထမင်းစားချိန်တွေမှာ သင့်ဖုန်းမှ အချက်ပေးမှုတွေ၊ ဖုန်းဝင်လာမှုတွေက စိတ်ပျက်စရာပါ။ ဒီလိုအဖိုးတန်အချိန်တွေမှာ အနှောင့်အယှက်မဖြစ်စေချင်ရင် Do Not Disturb စွမ်းဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။

Settings > Do Not Disturb
second photo

အဲဒီစွမ်းဆောင်ချက်ကို Settingsထဲမှာ ဖွင့်နိုင်ပါတယ်။ သာမာန်အချိန်တွေမှာတော့ ပြန်ပိတ်ဖို့ မမေ့နဲ့ပေါ့။ ဖွင့်ထားတဲ့ အချိန်မှာ အရေးကြီး မိတ်ဆွေများက ဖုန်းဆက်ရင် သိနိုင်ဖို့ Allow Calls Fromမှာ သတ်မှတ်နိုင်ပါတယ်။

သင့်ရဲ့ အီမေးအကောင့်များမှ မှားယွင်းမပို့မိအောင် တားဆီးပါ။


လူတွေမှာ ကိုယ်ရေးကိုယ်တာအတွက်၊ အလုပ်အတွက် အီးမေးအကောင့်များစွာ ရှိတတ်ပါတယ်။ iPhoneရဲ့ Mail Appမှာလည်း အီးမေးအကောင့်များစွာ အသုံးပြုနိုင်ပါတယ်။ ပြဿနာက အလုပ်အတွက် အီးမေးပို့တဲ့အခါမှာ ကိုယ်ရေးကိုယ်တာ အီးမေးအကောင့်ကနေ ပို့မိတတ်တာပါပဲ။ ဒီလိုမဖြစ်အောင် အောက်က Settingsထဲမှာ Default Accountကို သတ်မှတ်ထားနိုင်ပါတယ်။

Settings > Mail, Contacts, Calendar > Default Account

ဖုန်းရဲ့ Equalizer Settingsကို ချိန်ညှိပါ။


iPodတွေ ခေတ်စားချိန်မှာတော့ EQ Settingsတွေကို ချိန်ညှိပြီး အသုံးပြုရတာကို လူတွေတော်တော် အကြိုက်တွေ့ကြပါတယ်။ သင့်ရဲ့ iPhoneမှာလည်း EQ Settingsကို ချိန်ညှိနိုင်ပါတယ်။ ဒါဆိုရင် သင့် iPhoneကို iPodလို အသုံးပြုနိုင်ပါပြီ။

Settings > Music > EQ

Stock Notificationတွေကို ပိတ်ပါ။


သင်ဟာ Stockကစားသူမဟုတ်ရင် Notification Centerမှာ Stockတွေပြနေတာ စိတ်ရှုပ်စရာပါ။ အဲဒါကို အောက်က Settingsမှာ ပိတ်နိုင်ပါတယ်။


Settings > Notification Center > Include/Don’t Include

လျှင်မြန်စွာ စာရိုက်ပါ။


စကားစုတစ်ခုကို အမြဲရိုက်နေကျဆိုရင် Shortcutကို အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် omw လို့ ရိုက်လိုက်ရင် On my wayလို့ အကျယ်ဖြန့်ပေးမှာပါ။

Settings > General > Keyboard > Shortcuts

သင့်ရဲ့ လုံခြုံရေးကို အဆင့်မြှင့်ပါ။


Touch IDကို အသုံးမပြုချင်သူများအတွက် Passcodeကို အသုံးပြုသင့်ပါတယ်။ ဒါပေမယ့် ဖုန်းကို Unlockလုပ်တိုင်း ကုဒ်တွေရိုက်ထည့်ရတာ အလုပ်ရှုပ်ပါတယ်။ အဲဒီအလုပ်ရှုပ်မှုကို လျှော့ချပေးနိုင်ဖို့ ငါးမိနစ်ကြာ ဒါမှမဟုတ် ဆယ်မိနစ်ကြာမှ ဖုန်းကို Lockလုပ်ဖို့ သတ်မှတ်ထားနိုင်ပါတယ်။


Settings > Passcode > Require Passcode (After five minutes)


(C) MMICT

လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက် ...................




iPhone သုံးစွဲ သူများသည် သတိ မထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များဖြင့် အသုံးပြုနိုင် သည်။ ထို့ကြောင့် iPhone သုံးစွဲသူများ သတိမထား မိနိုင်သော hidden feature များကို ဖော်ပြလိုက် ပါသည်။

(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း



စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။

(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း



Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။

(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း



“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှု လိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။

(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း



“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။

(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း



Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။

(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း



ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။

(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း



ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ် သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင် သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။

(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း



တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုး အကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။

(၉) ခလုတ် တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း



ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူး ပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံး တည့်စေသည်။

(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း



Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင် သည်။

(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း



အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။

(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း



Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက် ဖတ်စေနိုင်သည်။

(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း



စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း



Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။

(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း



ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ် သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။

(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း



Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။

(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း



Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထား သည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။

(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း



Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ် ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။

(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း



Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ် သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။

(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း



 
Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။

(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း



 
ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။
Internet Journal

Wednesday, July 30, 2014

MPTအား2500 ပေးသွင်းရုံဖြင့် တစ်မိနစ် 25 ဖြင့် Friends and Family Service ခေါ်နေကျ ဖုန်းနံပါတ် သုံးကဒ်သာ.....


10580193_351506894999010_5596626011574155962_n
ယနေ့မှစ၍ သြဂုတ်လ ၃၁ ရက်နေ့အထိ Friends and Family Service ၀န်ဆောင်မှု အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြိုတင်ငွေဖြည့်ကဒ်သုံး GSM/WCDMA ဖုန်းသုံးစွဲသူများမှ ပါဝင်ဆင်နွဲနိုင်ရန် ဖိတ်ခေါ်ပါသည်။ အစီအစဉ်တွင် ပါဝင်လိုသူများသည် 1331 သို့ Massage ပေးပို့ရန်သာ လိုအပ်ပါသည်။
(က) ဦးစွာ မိမိမှ ရွေးချယ်ထားသည့် သူငယ်ချင်း/မိသားစုဝင် တို့၏ မိုဘိုင်းဖုန်းနံပါတ်များကို 1331 သို့ စာရင်းပေးသွင်းနိုင်ရန်အတွက် ADD နှင့် (ပေးပို့လိုသော ဖုန်းနံပါတ်) ကို ရိုက်၍ Message ပေးပို့ရပါမည်။ နမူနာ ( ADD 095888999 )  
(ခ) ဖုန်းနံပါတ်များကို ပေးပို့ပြီးသည့်အခါတိုင်း အောက်ပါ Massage ကို လက်ခံရရှိမည်ဖြစ်ပါသည်။ " Success! you can call 095888999 for 25 kyats/min until 2014-8-31"  
(ဂ) အကယ်၍ မိုဘိုင်းဖုန်းနံပါတ် ၃ ခုထက် ပို၍ ပေးပို့မိပါက အောက်ပါ Massage ကို လက်ခံရရှိပါမည်။ " Sorry you have exceded friend list, you can add only 3 friends, for more info please call 1876"  
 (ဃ) စာရင်းပါ ဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါက မိမိ၏ ဖုန်းတွင် VIEW ဟုရိုက်၍ 1331 သို့ Massage ပေးပို့၍ ကြည့်ရှုနိုင်ပါသည်။  
(င) စာရင်းသွင်းထားပြီးသော ဖုန်းနံပါတ် ၃ ခုကို အခြား မိုဘိုင်းဖုန်းနံပါတ်ဖြင့် အစားထိုး ပြောင်းလဲလိုပါက မိမိ၏ ဖုန်းတွင် MODIFY(ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးပြောင်းလဲလိုသော ဖုန်းနံပါတ်အသစ်) တို့ကို ရိုက်ပြီး 1331 သို့ Message ပေးပို့နိုင်ပါသည်။ (နမူနာ - MODIFY 094111222 094777888)  
(စ) ဖုန်းနံပါတ်ပြောင်းလဲပြီးပါက အောက်ပါ Message ကိုလက်ခံရရှိပါမည်။ " Number 094777888 is now your new friend list"  
သတိပြုရန် အချက်များ ============= 
(၁) ၀န်ဆောင်မှု အစီအစဉ်အတွက် မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ ကျပ်ကို ၀န်ဆောင်မှုအသုံးပြုမည့်သူ၏ GSM/WCDMA မိုဘိုင်းဖုန်း လက်ကျန်ငွေမှ နုတ်ယူမည်ဖြစ်ပြီး မိမိ ADD ပြုလုပ်ပေးပို့သော မိုဘိုင်းဖုန်း နံပါတ်များသို့ (တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့်) စတင် အသုံးပြုသည့်နေမှစ၍ ရက်ပေါင်း ၃၀ အတွင်း ခေါ်ဆို အသုံးပြုနိုင်မည်ဖြစ်သည်။  
(၂) လောလောဆယ် အနေဖြင့် GSM/WCDMA မိဘိုင်းဖုန်းများသာ အသုံးပြုနိုင်ပြီး မိမိ၏ နံပါတ်တစ်ခုလျှင် မိုဘိုင်းဖုန်း နံပါတ် အများဆုံး ၃ ခုသာ ၀န်ဆောင်မှုကို ခွင့်ပြုထားပါသည်။ CDMA ဖုန်းကိုင်ဆောင်သူများအတွက်လည်း မကြာခင် အချိန်အတွင်း အသုံးပြုနိုင်အောင် စီစဉ်လျှက်ရှိပါသည်။  
(၃) 1331 သို့ Message ပေးပို့ခြင်းအတွက် အခမဲ့ ဖြစ်ပါသည်။ သို့သော်လည်း လက်ကျန်ငွေ ၂၅၀၀ ကျပ်အနည်းဆုံး ရှိရန် လိုအပ်ပါသည်။  
(၄) ADD (သို့မဟုတ်) MODIFY ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် မိုဘိုင်းဖုန်းနံပါတ် ၁ ခုသာ ဆောင်ရွက်ရပါမည်။ 
(၅) စာရင်းပေးသွင်းထားသော ဖုန်းနံပါတ် ၃ ခုအနက် နှစ်သက်ရာ ၁ ခုကို ၁ ကြိမ်သာ လျှင် အစားထိုး ပြောင်းလဲ အသုံးပြုခွင့် ရရှိပါမည်။  
(၆) အသေးစိတ် သိရှိလိုပါက www.mcit.gov.mm သို့ ၀င်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့ လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

♪ မန္တလေးတွင် အော်ရီးဒူးဆင်းမ်ကတ် ရောင်းပြီ ♫...........


10483168_349961211820245_8831800196369528366_n
ဇူလိုင် ၂၉ ယနေ့နေ့လည် ၁၂ နာရီနောက်ပိုင်းမှ စတင်၍ အော်ရီးဒူး၏ မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်များတွင် ၀ယ်ယူအသုံးပြု နိုင်ခဲ့သည်။

ရွှေအဆင့်ကိုယ်စားလှယ်အရောင်းဆိုင်တစ်ခုလျှင် ဆင်းမ်ကတ်ပေါင်း ၈၀၀ ခန့်ရောင်းချပေးခဲ့သည်ဟုသိရသည်။အဆိုပါဆင်းမ်ကတ်များသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းဆီသို့ ခေါ်ဆိုမည်ဆိုပါ တစ်မိနစ်လျှင် ၃၅ ကျပ်ကျ သင့်ပြီး အချင်းအချင်းပြန်လည်ခေါ်ဆိုပါ ၂၅ ကျပ်ကျသင့်သည်ဟု သိရသည်။

အော်ရီဒူးအနေဖြင့် သြဂုတ်လ ၂ ရက်နေ့မှသာ ဆင်းမ်ကတ်များရောင်းချရန် ကိုယ်စားလှယ်များကို ပြောကြားထား ခဲ့သော်လည်း နာမည်ရရှိရန်အတွက် အရောင်းဆိုင်များ ကြိုတင်ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့ညနေပိုင်း၌ အော်ရီဒူး၏ငွေအဆင့်အရောင်းကိုယ်စားလှယ်များထံမှ ဆင်းမ်ကတ်များ ထပ်မံထွက်ရှိလာမည် ဟုလည်း မန္တလေးမြို့၌ သတင်းထွက်ပေါ်နေသည်။ လက်ရှိအချိန်၌ ဆင်းမ်ကတ်များသည် မိနစ် ၉၀၀ ကို အခမဲ့ပြော ဆိုနိုင်မည်ဖြစ်ပြီး အင်တာနက်အနေဖြင့်လည်း တစ်ရက်လျှင် 20M အခမဲ့အသုံးပြုနိုင်မည်ဟု သိရသည်။

ငွေဖြည့်ကတ်များအနေဖြင့် ၁ ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ သက်မှတ်ရောင်းချပေးမည်ဖြစ်သော်လည်း လက်ရှိ အချိန်၌ ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ်များသာ အရောင်းဆိုင်များဆီသို့ ရောက်ရှိနေခဲ့သည်ဟု သိရသည်။ ၀ယ်ယူရန် အတွက် မှတ်ပုံတင်မိတ္တူနှင့် ဓာက်ပုံတစ်ပုံသာလိုအပ်ကြောင်းသိရသည်။

Friday, July 25, 2014

အရောင်းကိုယ်စားလှယ်များ စမ်းသပ်သုံးနိုင်ရန် အူရီးဒူးက ဆင်းမ်ကတ်များ ချထားပေးပြီ...............

မောင်မန်း

ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ရ ကာတာနိုင်ငံအခြေစိုက် အူးရီးဒူးကုမ္ပဏီက ၎င်းတို့၏ ဆင်းမ်ကတ် ရောင်းချပေးမည့် ကိုယ်စားလှယ်များ စမ်းသပ် အသုံးပြုနိုင်ရန် ဆင်းမ်ကတ်များနှင့်ဟန်းဆက်များကို စတင် ချထားပေးလိုက်သည်ဟု ရရှိခဲ့သည့် ကိုယ်စားလှယ် အချို့က မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၂၂ ရက်က ဟန်းဆက်နှင့် ဆင်းမ်ကတ်များ ချထားပေးရာတွင် အူးရီးဒူးနှင့် ချိတ်ဆက်ထားသည့် အရောင်းကိုယ်စား လှယ်ဆိုင်များကို ချထားပေးခြင်းဖြစ်သည်ဟု အူးရီးဒူး နှင့် ချိတ်ဆက်ထားသည့် အရောင်းကိုယ်စားလှယ်ဆိုင် QPS မိုဘိုင်း၏ ဆော့ဖ်ဝဲလ်ပညာရှင် ကိုမျိုးမင်းဟန်က မဇ္ဈိမ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ကိုမျိုးမင်းဟန်က “အူရီးဒူးက ဆင်းမ်ကတ်နဲ့ ဟန်းဆက်ပေးလိုက်တယ်။ အစမ်းသုံးနိုင်အောင် ပေးတာပါ။ အူးရီးဒူးနဲ့ ချိတ်ဆက်ထားတဲ့ ပါတနာဆိုင်တွေကို ပေးတာပါ” ဟုဆိုသည်။

၎င်းကဆက်လက်ပြီး “ အူးရီးဒူးဖုန်းအချင်းချင်း နဲ့ ပြင်ပ ဖုန်းတွေကို စမ်းသပ်ခေါ်ယူလို့ရပါပြီ” ဟုဆိုသည်။

အူရီးဒူး ဖုန်းဆင်းမ်ကတ်များကို အသုံးပြုနိုင်ရန်အတွက် Activate ပြုလုပ်ရန်လိုအပ်မည်ဖြစ်သည်။ အစမ်းအသုံးပြုရန် ချထားပေးသည့် အူးရီးဒူးဖုန်းများသည် ဝ၉၉၇ နှင့်စသည့် ဆင်းမ်ကတ်များ ဖြစ်ပြီး ဂဏန်း ၁ဝ လုံးပါဝင်သည်ဟု ကိုမျိုးမင်းဟန်က ဆိုသည်။

Ooredoo မြန်မာရဲ့ စမ်းသပ်ချက် ...................

Thursday, July 24, 2014
  ~


 .
  အော်ရီဒူးက စမ်းသပ်မှုတခုလုပ်တယ် ဆိုတဲ့ အကြောင်း ထုတ်ပြန်ကြေညာရာမှာ ကြည်လင် ပြတ်သားတဲ့ အသံ၊ အဆင့်မြင့် ကောင်းမွန်တဲ့ အသံ အရည်အသွေး အင်တာနက်ပေါ်က အချက်အလက်တွေ အမြန်အရယူနိုင်တဲ့ လှိုင်းအား
စတာတွေကို  သင့်တင့်ချိုသာတဲ့ ဈေးနှုန်း နဲ့ သုံးစွဲသူ မိဘပြည်သူတွေ ကိုယ်တွေ့ အကျိုးခံစား ရတော့မယ် ဆိုတာ ယုံကြည်ပါတယ် ဆိုပြီး အော်ရီဒူးတာဝန်ရှိသူတယောက်က ပြောထားပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။
အပေါ်ပုံကိုတော့ အော်ရီဒူးအွန်လိုင်းကနေ ကူးယူပါတယ်။


ယနေ့သတင်းထုတ်ပြန်ချက်
ဇူလိုင်လ ၂၄ ရက် ၂၀၁၄



Ooredoo မြန်မာ က မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် အသစ် ကို လက်လီအရောင်း ကိုယ်စားလှယ်တော်များ နှင့် စမ်းသပ်မှုများ ပြုလုပ်


ယခုကဲ့သို့ စမ်းသပ်ခေါ်ဆိုခြင်း သမိုင်းမှတ်တိုင် သည် အလွယ်တကူ ရရှိနိုင်ပြီး ဈေးနှုန်းလည်း ချိုသာ မြန်နှုန်းလည်းမြင့် သော မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှု များ စတင် မိတ်ဆက်ချိန်ဆီသို့ လျှောက်လှမ်းနေခြင်းဖြစ်

ရန်ကုန်၊ မြန်မာ။


Ooredoo မြန်မာ သည် ၄င်း၏ အရောင်း ကိုယ်စားလှယ်တော် စီပွါးဖက် လက်တွဲဖေါ်များ ကို ဖိတ်ခေါ်၍  ကုမ္ပဏီ၏ နောက်ဆုံးပေါ်မျိုးဆက်သစ် မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် အသစ်ကို စမ်းသပ် ခေါ်ဆိုမှုများ စတင်ပြုလုပ်လျှက် ရှိ ကြောင်း ယနေ့ တရားဝင် သတင်း ထုတ်ပြန်လိုက်သည်။

ကမ္ဘာ အရပ်ရပ် ရှိ မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်းများ ၏ လုပ်ထုံးများ အတိုင်း ၀န်ဆောင်မှုများ နှင့် မိုဘိုင်း ဆက်သွယ်ရေး ကရိယာများ ဖုန်းများကို လူထု ထံသို့ စတင် မိတ်ဆက်ခြင်း မတိုင်မီ လူအများကို ဖိတ်ခေါ်၍ ကွန်ရက် ကို စမ်းသပ် စစ်ဆေးသည့် အနေဖြင့် ခေါ်ဆိုမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း Ooredoo မြန်မာ ၏ အရောင်းဌာန ဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် က ရှင်းလင်း ပြောကြားလိုက်သည်။

၎င်းက “ အခုလို လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ ရဲ့ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် ရဲ့ စွမ်းဆောင်ရည်တွေ ပိုကောင်းမွန် လာစေပါတယ်။ ပြီးတော့ လုပ်ငန်းအားလုံး ကောင်းကောင်းမွန်မွန် လည်ပတ်ဖို့လည်း သေချာ သွားပါမယ်။ လူတစ်ဦးချင်းဆီက ရော ကျွန်တော်တို့ရဲ့ လုံးလုံးလျားလျား လည်ပတ်နေပြီ ဖြစ်တဲ့ Contact စင်တာကရော ကျွန်တော် တို့ရဲ့ မိသားစုဝင် ကိုယ်စားလှယ်တော်တွေ ကပေးလာတဲ့ အသေးစိတ် တုံပြန်ချက်တွေ ကို ကောက်ခံနေ ပါတယ်။ ဒါမှလည်း ဘယ်နေရာတွေ မှာ လိုအပ်ချက်တွေ ရှိနေသလဲဆိုတာ သိပြီး ဒီနှစ်ရဲ့ တတိယ သုံးလပတ် အတွင်း ကျွန်တော်တို့ ၀န်ဆောင်မှုတွေ စတင်မိတ်ဆက်ချိန်မှာ သုံးစွဲသူ မိဘပြည်သူတွေအားလုံး အကောင်းဆုံး ၀န်ဆောင်မှုတွေကို  ကိုယ်တွေ့ အသုံးပြု နိုင်ကြတော့မှာ ဖြစ်ပါတယ်။

ယင်းနောက် ဦးမြင့်ဇော်က ထပ်လောင်း ပြောကြားသည်မှာ “ နေ့တိုင်း တာဝါတိုင် တည်ဆောက်ရေး တွေ ပြီးစီး နေတာကြောင့် ကျွန်တော်တို့ရဲ့ ကွန်ရက်ဖြန့်ကြက် တဲ့ ဧရိယာဟာလည်း တစ်မုဟုတ်ချင်း ကျယ်ပျံ့နေပါပြီ။ ကျွန်တော်တို့ သုံးထား တဲ့ နည်းပညာ နဲ့အတူ UMTS 900 လှိုင်းနှိုင်း နဲ့ဆိုရင် ကြည်လင် ပြတ်သားတဲ့ အသံ၊ အဆင့်မြင့် ကောင်းမွန်တဲ့ အသံ အရည်အသွေး အင်တာနက်ပေါ်က အချက်အလက်တွေ အမြန်အရယူနိုင်တဲ့ လှိုင်းအား စတာတွေကို  သင့်တင့်ချိုသာတဲ့ ဈေးနှုန်း နဲ့ သုံးစွဲသူ မိဘပြည်သူတွေ ကိုယ်တွေ့ အကျိုးခံစား ရတော့မယ် ဆိုတာ ယုံကြည်ပါတယ်။”

နိဂုံးချုပ်အနေ နှင့် ဦးမြင့်ဇော်က “ ကျွန်တော်တို့ ဆင်းမ်ကဒ် တွေကို အခု မရောင်းသေးပါဘူး ။ ဒါပေမယ်လို့ အခုလို စမ်းသပ်ခေါ်ဆိုတာတွေ လုပ်နေနိုင်ပြီဆိုတော့ ကျွန်တော်တို့ ၀န်ဆောင်မှုတွေရဲ့ စတင် မိတ်ဆက် ချိန်နားရောက်ဖို့ ခြေတစ်လှမ်း နီးလာပါပြီ။ ဆိုလိုချင်တာကတော့ မြန်မာပြည်က တိုင်းသူပြည်သားတွေ အားလုံး တတ်နိုင်တဲ့ မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို အချိန်အကြာကြီး စောင့်စားနေရတာတွေ ဆုံးခန်းတိုင်တော့မှာပါ။”


ကုမ္ပဏီ၏ ၀န်ဆောင်မှုများကို စတင်မိတ်ဆက်ချိန်တွင် နယ်မြေဒေသအလိုက် ကျွမ်းကျင်သော ဖြန့်ချီရေး ကုမ္ပဏီများ နှင့် အထူး သဘောတူ စာချုပ်များ ချုပ်ဆိုပြီး ဖြစ်ကြောင်း မကြာသေးမှီ က တရားဝင် ကြေငြာခဲ့သည်။ Ooredoo ၏ ကုန်ပစ္စည်းများ နှင့် ၀န်ဆောင်မှုများကို ကိုယ်စားလှယ် အဖြစ် လက်လီရောင်းဝယ် ဖောက်ကားလိုပါက နယ်မြေဒေသ အလိုက် အောက်ပါ ဖြန့်ချီရေး ကုမ္ပဏီများ ထံဆက်သွယ် စုံစမ်း နိုင်ပါသည်။ ဖြန့်ချီရေး ကုမ္ပဏီများ မှာ အောက်ပါအတိုင်း ဖြစ်သည်။


၁) Great Ayerwaddy ကုမ္ပဏီ လိမိတက် တစ်ဦးတည်းပိုင်သော ကုမ္ပဏီအခွဲ ဖြစ်သည့် Great Ayewaddy တယ်လီကွန်
   ကုမ္ပဏီ လိမိတက်။

၂) Myanmar Distribution Group လိမိတက် တစ်ဦးတည်းပိုင် ကုမ္ပဏီအခွဲဖြစ်သည့် MDG မိုဘိုင်း ကုမ္ပဏီ လိမိတက်။

၃) Consumer Group Myanmar လိမိတက် တစ်ဦးတည်းပိုင်သော ကုမ္ပဏီအခွဲဖြစ်သည့် Direct Consumer လိမိတက်။

၎) Capital Diamond Star Group လိမိတက် တစ်ဦးတည်းပိုင်သော ကုမ္ပဏီအခွဲဖြစ်သည့် Capital Connect လိမိတက်။

၅) UMG ကုမ္ပဏီ လိမိတက် တစ်ဦးတည်းပိုင် ကုမ္ပဏီအခွဲဖြစ်သည့် Kiwi & I ကုမ္ပဏီ လိမိတက် ။

၆) Myanmar Golden Star ကုမ္ပဏီ လိမိတက် နှင့် MDR လိမိတက် တို့ ကုမ္ပဏီ အခွဲဖြစ်သည့် MDR Golden Myanmar
    Sea ကုမ္ပဏီ လိမိတက်။

 



Sunday, July 13, 2014

ဆမ်ဆောင်း ဂလက်ဇီ S5 နဲ့ အက်ပဲလ် iPhone 5s ဘယ်လောက် အမြတ်တင်ရောင်းသလဲ............






ဆမ်ဆောင်း အုပ်စုဟာ စမတ်ဖုန်း လောကမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီးဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ စမတ်ဖုန်းပေါင်း ၃၁၄ သန်း ဈေးကွတ်တင်ခဲ့ပြီး အက်ပဲလ် ထုတ်ကုန်တွေထက် နှစ်ဆလောက် ရှိနေပါတယ်။ iPhone တွေရဲ့ ရောင်းအားက အလုံးရေ ၁၅၃ ဒသမ ၄ သန်း ရှိခဲ့ပြီး iPhone နဲ့ ဆမ်ဆောင်းကုမ္ပဏီ နှစ်ခုပေါင်းရင် ကမ္ဘာ့စမတ်ဖုန်းတွေရဲ့ ၄၇ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

၂၀၁၄ ခုနှစ် ပထမ ၃ လပတ်မှာတင် ဆမ်ဆောင်းက ၈၉ သန်းနဲ့ အက်ပဲလ်က ၄၃ ဒသမ ၇ သန်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကြီး နှစ်ခုရဲ့ ရောင်းဈေးနဲ့ အမြတ်ရာခိုင်နှုန်းကို ကြည့်ရင် သူတို့ရဲ့ ထုတ်ကုန်တွေဟာ သူတို့ဘာသာ ထုတ်ယူတာပဲဖြစ်ဖြစ်၊ တခြားကုမ္ပဏီတခုခုကို တာဝန်ယူ ထုတ်လုပ်တာပဲဖြစ်ဖြစ် အမြဲ ဈေးမြင့်လွန်းနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ဆောင်ချက်တွေဟာ ပြည့်စုံလုံလောက်မှု ရှိတဲ့အတွက် ရောင်းအားကျသွားတာမျိုး မဖြစ်ပါဘူး။

အခုလို အမြတ်ကြီးစားထားတဲ့ ကိစ္စမျိုးတွေဟာ နောက်ပိုင်း အဆင်မပြေဖို့ များပါတယ်။ အက်ပဲလ်ကနေ အခုနှစ်ကုန်လောက်မှာ iPhone 6 ကို ဖြန့်ချိပါလိမ့်မယ်။ iPhone 6 ရဲ့ ဈေးနှုန်းကို တရားဝင် မပြောကြားသေးပေမယ့် ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှု အသစ်တွေ၊ ကုမ္ပဏီအသစ်တွေ၊ ထုတ်ကုန်အသစ်တွေ အများကြီးရှိနေတဲ့ ကိစ္စကို ထည့်စဉ်းစားဖို့ လိုပါလိမ့်မယ်။ အဲဒီလို အခြေအနေမှာ ဆမ်ဆောင်းနဲ့ အက်ပဲလ်က  အရင်လိုပဲ  အမြတ်များများစားစား တင်ရောင်းဦးမှာလား၊ ဒါမှမဟုတ် သူတို့ရဲ့ဈေးကွက် ဖန်တီးမှု  နည်းဗျူဟာတွေကို  ပြန်လည်ပြုပြင်ပြီး ဈေးနှုန်းလျှော့ချ ရောင်းမှာလားဆိုတာ အဓိကအချက် ဖြစ်နေပါတယ်။

အဲဒီအချက်တွေကို သိဖို့အတွက် ထုတ်လုပ်မှု လုပ်ငန်းတွေ၊ တပ်ဆင်တဲ့ လုပ်ငန်းတွေ၊ တပ်ဆင် အသုံးပြုထားတဲ့ပစ္စည်းတွေရဲ့ တန်ဖိုးတွေ သိဖို့လိုပါတယ်။ ဆမ်ဆောင်းက လုပ်ဆောင်မှု တော်တော် များများကို ပြင်ပကုမ္ပဏီတွေကို အပ်လေ့မရှိပါဘူး။ ဒါပေမယ့် Galaxy S5 လိုမျိုး ဖုန်းတွေရဲ့ အဓိက အရေးပါတဲ့ ပရိုဆက်ဆာကို တခြားကုမ္ပဏီကြီးဖြစ်တဲ့ Qualcomm က ထုတ်တဲ့ ပရိုဆက်ဆာကို သုံးထား ပြီး ၄၁ ဒေါ်လာလောက် ကျသင့်ပါတယ်။

ဈေးကွက် သုတေသနကုမ္ပဏီ IHS ရဲ့ ပြောကြားချက်အရ S5 မှာ သုံးထားတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ကန်ဒေါ်လာ ၂၅၁ ဒသမ ၅၂ ဒေါ်လာလောက်ပဲ ရှိပါတယ်။ တခြားပစ္စည်း အတိုအထွာလေးတွေအတွက် ထပ်ပေါင်းရင် နောက်ထပ် ၅ ဒေါ်လာလောက် ကုန်ကျပါမယ်။ သူ့ထဲမှာ သုံးထားတဲ့ ပစ္စည်းတွေဖြစ်တဲ့ Display၊ ဆင်ဆာ၊ ပရိုဆက်ဆာ၊ ကင်မရာ၊ မင်မိုရီ စတာတွေက S4 ထက် ပိုကောင်းတဲ့ပစ္စည်းတွေ သုံးထားတဲ့ အတွက် S5 ရဲ့ ပစ္စည်းတွေက ပိုအကုန်အကျ များပါလိမ့်မယ်။ Flash Memory က ၂၈ ဒေါ်လာ၊ Display, Touch Screen အဲဒီအထဲမှာ ဂေါ်ရီလာ မှန် (Gorilla Glass) တွေရဲ့ တန်ဖိုးက ၆၃ ဒေါ်လာလောက် ရှိပါတယ်။ သူတို့ ဆန်းစစ် လေ့လာချက်တွေထဲမှာ ဝိုင်ဖိုင်၊ Bluetooth အတွက် သုံးထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ရေးမထားပါဘူး။

ဆမ်ဆောင်း ဂလက်ဆီ S5 ဟာ ထုတ်လုပ်ခဲ့ပြီးတဲ့ ဖုန်းတွေထဲမှာ စရိတ်အကုန်အကျ အများဆုံးဖုန်း ဖြစ်ခဲ့ပါတယ်။ S5 ဟာ iPhone 5S ထက် ဒေါ်လာ ၅၀ လောက် ပိုကုန်ကျခဲ့ပါတယ်။ Galaxy S5  မှာ Qualcomm WTR 1625 ရေဒီယို ဖရီ ကွင်စီ ဖမ်းစက် (Reciver) ကို သုံးထားပြီး အဲဒီ ပစ္စည်းတွေအပြင် ဘာရိုမက်ထရစ် ဖိအားဆင်ဆာ (Barometric Pressure Sensor) နဲ့ သွေးခုန်နှုန်း၊ လက်ချောင်း (Finger) ဆင်ဆာတွေ ထပ်တိုးထား ပါသေးတယ်။

  • iPhone 5s နဲ့ iPhone 5

ပစ္စည်းတွေ ထုတ်လုပ်မှု ကုန်ကျစရိတ်အနေနဲ့ iPhone 5s ဟာ iPhone 5 ထက် လျော့နေပါတယ်။ 16 GB iPhone 5s ဟာ  ကုန်ကျစရိတ် ၁၉၉ ဒေါ်လာရှိပြီး ပစ္စည်းဖိုးက ၁၉၁ ဒေါ်လာ၊ တခြား ပစ္စည်းအသေးလေးတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် ၈ ဒေါ်လာ ရှိပါတယ်။ ဖုန်းဆက်သွယ်မှု ကုမ္ပဏီတွေနဲ့ ကန်ထရိုက်မပါတဲ့ iPhone 5s (16 GB) ရောင်ဈေးဟာ ၆၄၉ ဒေါ်လာ ရှိပါတယ်။ ကုမ္ပဏီအတွက် အမြတ် သိသိသာသာ ရထားတာ တွေ့ရပါမယ်။ ဒါဟာ iPhone 5 ထက် ကုန်ကျစရိတ် ၁၃ ဒေါ်လာ သက်သာပါတယ်။ 16 GB ကနေ 64 GB txd Memory ထပ်တိုးထားတဲ့ iPhone ကတော့ ၁၉ ဒေါ်လာ ထပ်ပေါင်းရပါမယ်။

iPhone ရဲ့ Display က ဂျပန်နိုင်ငံက Display ထုတ်လုပ်တဲ့ ရှပ် (Sharp) နဲ့ LG Display တွေကို သုံးထားပြီး ၄၄ ဒေါ်လာ ကုန်ကျပါမယ်။ iPhone 5s က ပိုလီကာဗွန်နိတ်ကာဗာ သုံးမထားဘဲ အလူမီနီယံကာဗာ သုံးထားတဲ့အတွက် ကုန်ကျစရိတ် ပိုပါလိမ့်မယ်။ NAND Flash Memory က သုံးထားတဲ့ ထုတ်ကုန်ပစ္စည်းတွေထဲမှာ ကုန်ကျစရိတ် တော်တော်မြင့်နေပါတယ်။ ဒါပေမယ့် ဝယ်ယူသူ အများစုကိုဆွဲ ဆောင်မှုပေးနိုင်တဲ့ ပစ္စည်းတခု ဖြစ်နေပါတယ်။ နောက်တချက်ကတော့ NAND Flash Memory တွေရဲ့ ဈေးနှုန်းဟာ တစ်နှစ်လောက်ကြာရင် ဈေးတဝက် လျော့ကျသွားလေ့ရှိတာဖြစ်ပါတယ်။

  • ဆမ်ဆောင်းရဲ့ Galaxy S5

Galaxy S5 ဟာ ကန်ထရိုက်မပါ ရောင်းဈေး ဒေါ်လာ ၆၅၀ လောက် ရှိနေတဲ့အတွက် အကြမ်းဖျင်း အနေနဲ့ အမြတ် ဒေါ်လာ ၄၀ဝ လောက် ရှိနေပါ တယ်။ အလားတူပဲ အက်ပဲလ်ရဲ့ iPhone 5s ဟာ ၄၄၉ ဒေါ်လာလောက် အမြတ်ရှိနေပါတယ်။ အဲဒီ ကုန်ကျစရိတ်ထဲမှာ ဈေးကွက်တင် အရောင်းမြှင့်တင်ဖို့၊ ကြော်ငြာစရိတ်တွေ၊ အခွန်အခ၊ တခြား မူပိုင်ခွင့်ဆိုင်ရာ ပေးရတဲ့ ငွေကြေးနဲ့ Operation System အတွက် ကုန်ကျစရိတ်တွေ ရှိနေပါသေးတယ်။ အခုတွက်ပြတဲ့ အမြတ်ငွေတွေဟာ အသားတင်အမြတ် မဟုတ်ပါဘူး။ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ရောင်းဈေးကို တွက်ချက်ပြထားတာဖြစ်ပါတယ်။ ဘယ်လိုပဲ တွက်တွက်၊ ဘယ်လိုပဲ တွေးတွေး အဲဒီကုမ္ပဏီနှစ်ခုဟာ သူတို့ဖုန်းတစ်လုံး ရောင်းလိုက်ရတိုင်း အမြတ်ငွေ တော်တော်များများ ရနေတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် စမတ်ဖုန်းဈေးကွက်ဟာ တော်တော်အေးနေပေမယ့် အိန္ဒိယ၊ တရုတ် စတဲ့ နိုင်ငံမျိုးတွေအတွက် ဈေးကွက်အနေအထား အရမ်းကောင်းနေပြီး ဌာနေရောင်းချသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်စေပါတယ်။ နိုင်ငံတကာ  အမှတ်တံဆိပ်  မဟုတ်ဘဲ  ဒေသတွင်းက ထုတ်လုပ်ရောင်းချသူတွေဖြစ်တဲ့ Xiaomi နဲ့ Micromax လို ကုမ္ပဏီတွေကလည်း ဒေသတွင်း ဈေးကွက်ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ အဲဒီထဲမှာ အိန္ဒိယနဲ့ တရုတ်ဈေးကွက်ထဲက အိန္ဒိယဈေးကွက်မှာဆိုရင် မိုလ်ဘိုင်းဖုန်း သုံးစွဲသူ ၉၀၁ သန်းလောက် ရှိနေပေမယ့် စမတ်ဖုန်းသုံးစွဲသူတွေက ၉၄ ဒသမ ၁ သန်းပဲ ရှိပါသေးတယ်။ တရုတ်နိုင်ငံမှာဆိုရင်လည်း မိုလ်ဘိုင်း သုံးစွဲသူ ၁ ဒသမ ၂ ဘီလီယံ ရှိနေပြီး စမတ်ဖုန်းသုံးသူက သန်း ၇၀ဝ လောက်ပဲ ရှိနေပါတယ်။ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းက ၁၉၁၇ လောက်မှာ ဆိုရင် ၂၆၅ ဒေါ်လာလောက်ပဲ ရှိတော့မယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအခြေအနေမှာ ဈေးကွက်ရှယ်ယာ နည်းနေတဲ့ မိုတိုရိုလာ (MOtorola) ကလည်း နည်းပညာဆိုင်ရာ အချက်အလက်တွေမြင့်တဲ့ သူ့ရဲ့ စမတ်ဖုန်းတွေကို ၁၁၇ ဒေါ်လာကနေ ဒေါ်လာ ၄၀ဝ လောက်နဲ့ ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။

IHS ရဲ့ ဈေးကွက် သုတေသန အကြီးအကဲ အင်ဒရူး ရပ်စ်ဝေလာ (Andrew Rassweiler) ရဲ့ ပြောကြားချက်အရ ဆမ်ဆောင်းဟာ ကမ္ဘာကြီးရဲ့ မတူညီတဲ့ ဈေးကွက်နေရာ ဒေသတွေအလိုက် မတူညီတဲ့ ရသတွေ၊ စွမ်းဆောင်ရည်တွေ မျိုးစုံကိုပေးနိုင်ပြီး ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဆမ်ဆောင်းရဲ့ အားသာချက် ဖြစ်နေပါတယ်။

အခု ရေးခဲ့ပြီးသလို ဈေးကွက်အနေအထား၊ ပြိုင်ဆိုင်မှု၊  စွမ်းဆောင်ရည်၊  ဝန်ဆောက်မှုတွေ အမျိုးမျိုးပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ စမတ်ဖုန်းလောကမှာ ဆမ်ဆောင်းနဲ့ အက်ပဲလ်ဟာ အမြတ် များများစားစား တင်ပြီးရောင်းချတာမျိုးလုပ်ဖို့ အခွင့်သာတော့မှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ဈေးနှုန်း သက်သာတဲ့ ပေါချောင်ကောင်း အမျိုးအစားတွေကို ထုတ်လုပ်ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်ပါတယ်။ အဲဒီလို လုပ်ရာမှာလည်း iPhone 5c နဲ့ Galaxy S4 တို့လို အဆင့်မြင့်မော်ဒယ်တွေနဲ့ သိသိသာသာ နိမ့်နေခဲ့ရင်၊ စွမ်းဆောင်ရည် သိသိသာသာ ကွာနေခဲ့ရင် တန်ဖိုးနည်းတယ် ဆိုပေမယ့် သုံးစွဲသူတွေက ဈေးပိုကြီးပေမယ့် စွမ်းဆောင်ရည် ပိုမြင့်တဲ့ မော်ဒယ်ကို ရွေးချယ်မှာဖြစ်လို့ အဲဒီလို လုပ်ဆောင်တာဟာ ဘာအကျိုးထူးမှ ရမှာမဟုတ်ပါဘူး။ တကယ်ကို စွမ်းဆောင်ရည်မြင့်ပြီး  ဈေးနှုန်းသက်သာတဲ့  အမျိုးအစားတွေကို ထုတ်လုပ်ရောင်းချမှသာ ဈေးနှုန်းကို အဓိကထား ဝယ်ယူကြမယ့် ဈေးကွက်အတွက် အဆင်ပြေပါလိမ့်မယ်။

ဟန်းဖုန်းတွေဟာ အရင်းဘယ်လောက်၊ အမြတ်ဘယ်လောက် ရှိတယ်ပြောပြော သုံးမယ့်သူတွေကတော့ ဝယ်သုံးနေကြပါလိမ့်မယ်။ အဲဒီအကြောင်းတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းတာက အဆင့်မြင့် နည်းပညာ ထုတ်ကုန်တွေဟာ ကုန်ကြမ်းတွေ ဘယ်လိုရသလဲ၊ ဘယ်လိုထုတ်လုပ်ကြသလဲ ဆိုတာဖြစ်ပြီး သူတို့ ထုတ်လုပ်ရောင်းချသလို တချိန်ချိန်မှာတော့  ကိုယ့်ဆီမှာလည်း ထုတ်လုပ်နိုင်ကောင်းရဲ့လို့ တွေးရင်း အခုဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။

 
ဖိုးနိုင်ဝင်း (မာစတာပိစ်)

Ref:
Samaung Galaxy S5 and Apple iPhone 5S Cost less Than 40% Of Their Selling Price: Will The Huge Margin Strategy Survive In Future?
By Bhavya Srivastava.

 

 



Tuesday, July 8, 2014

♪ လေးမိနစ်အတွင်း အလုံးရေ ၅၀,၀၀၀ ရောင်းချခဲ့ရသည့် Xiaomi MiPad ♫...................


တရုတ်နိုင်ငံ၏ စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်လာသော Xiaomi သည် Apple ၏ iPad mni နှင့် ယှဉ်ပြိုင်နိုင်မည့် MiPad tablet အလုံးရေ ၅၀,၀၀၀ ကို လေးမိနစ်အတွင်း ရောင်းချခဲ့ရကြောင်း ပြောကြားခဲ့သည်။
Xiaomi သည် အဆိုပါ MiPad အလုံးရေ ၅၀,၀၀၀ ကို တရုတ်နိုင်ငံတွင် ရောင်းချခဲ့ရခြင်း ဖြစ်သည်။
MiPad သည် စွမ်းဆောင်ရည် မြင့်မားသည့်အပြင် ဈေးနှုန်းသက်သာသောကြောင့် tablet ကွန်ပျူတာအသစ်တစ်လုံး ရှာဖွေသူများ အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့သည်။ MiPad တွင် ၇.၉ လက်မ 2,048x1,536 pixel resolution IPS display ပါဝင်ပြီး NVIDIA Tegra K1 processor အပြင် 2GB RAM နှင့် အနည်းဆုံး 16GB onboard storage တို့ပါဝင်သည်။ ထို့အပြင် microSD card များကိုလည်း အထောက်အပံ့ပေးနိုင်သည်။
ကျောဘက်ကင်မရာသည် 8-megapixel ဖြစ်ပြီး အရှေ့ဘက် ကင်မရာက 5-megapixel ဖြစ်သည်။ ဘက်ထရီမှာ 6,700mAh ဘက်ထရီဖြစ်ပြီး အရောင်ငါးမျိုးဖြင့် ရရှိနိုင်သည်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၄၀ ဝန်းကျင်သာရှိသည်။
Ref: Ubergizmo

Ooredoo ရဲ့ ညောင်လေးပင် ဘကကျောင်းအလှူ ..........................

Tuesday, July 8, 2014

 ~




Ooredoo မြန်မာကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင်ရရှိခြင်း တနှစ်ပြည့်အမှတ်တရအဖြစ် ညောင်လေးပင်မြို့နယ်ထဲက ဘုန်းတော်ကြီးသင်စာသင်ကျောင်းတခုမှာ အလှူဒါနပြုခဲ့ပါတယ် တဲ့။

သူတို့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


  • ဇူလိုင်လ ၇ ရက်နေ့ ၂၀၁၄  
  • ရန်ကုန်၊ မြန်မာ။

Ooredoo မြန်မာ သည် မြန်မာနိုင်ငံ တွင် တယ်လီကွန် လိုင်စင် ရရှိသော တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Ooredoo မြန်မာ မှ ကိုယ်စားလှယ်များ အဖွဲ့ သည် ဆရာတော် အရှင် ဘဒ္ဒန္တပဏ္ဍိတ ဦးဆောင်၍ တည်ထောင် ထားသော ပဲခူး တိုင်း ဒေသကြီး ၊ ညောင်လေးပင်မြို့နယ် ၊ ခုံအင်း ကျေးရွာ အုပ်စု ၊ ကြံခင်းရွာ  ရှိ ပြည်သူ့အားမာန် ဘုန်းတော်ကြီးသင် စာသင်ကျောင်း သို့ ဇွန်လ ၂၇ ရက်နေ့ သောကြာနေ့တွင် သွားရောက်ပြီး အလှူဒါနများ ပြုလုပ်ခဲ့သည်။

ကြံခင်း ကျေးရွာ ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က စတင် တည်ထောင် ခဲ့သော်လည်း ယမန်နှစ်ကမှ စ၍ စာသင်ကြောင်း  ရှိခဲ့သည်။

Ooredoo မြန်မာက စာသင်ကြားရေး တွင် ကျောင်းသားများ နှင့် ဆရာများကို အထောက်အကူ ဖြစ်စေမည့် ကျောင်းသုံး စာရေး ကိရိယာများ ကို ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ လှူဒါန်းခဲ့သည်။

အလှူဒါန ပြုလုပ်ရခြင်း နှင့် စပ်လျှင်း ၍ Ooredoo မြန်မာ ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က 
“ဒီနေ့ ဟာ ကျွန်တော်တို့ လိုင်စင် ရရှိကြောင်း သတင်းကောင်းကြားတာ တစ်နှစ်တိတိ ပြည့်တဲ့ နေ့ဖြစ်ပါတယ်။
ကျွန်တော် တို့ အနေ နဲ့ အင်မတန် မြတ်နိုးစရာ ကောင်းတဲ့ မြန်မာမှူ မြန်မာ့ဟန်ကို ထိမ်းသိမ်း ရင်း အလှူဒါန ပြုရခြင်း ဖြစ်ပါတယ်။
မြန်မာပြည်သူ လူထု ရဲ့ဘ၀တွေ တိုးတက် ပြောင်းလည်း ဖို့ အင်အားတွေ ဖြည့်ရန် ဆိုတာ က ကျွန်တော်တို့ အဓိက ရည်မှန်းချက် ဖြစ်ပြီး ဒီနေ့အလှူဒါနလေး ကလည်း အခြေခံ လူမှူဘ၀တွေ ကို တတ်စွမ်းသမျှ ကူညီတဲ့ အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟုပြောကြားလိုက်ပါသည်။

ဆရာတော် အရှင် ဘဒ္ဒန္တပဏ္ဍိတ က Ooredoo မြန်မာ ၏ အလှူဒါန ကို ၀မ်းမြောက်စွာ လက်ခံ ရရှိပြီး၊
“မြန်မာ့ ကျေးလက် ပညာရေး ကို မြေတောင် မြှောက်ပေးနေကြသည့် Ooredoo မြန်မာ မိသားစုဝင် များ ကျန်းမာကြပါစေ။” ဟု ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။
 

 



.

Monday, July 7, 2014

WhoViewMyProfile. Apk......................


အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................

Facebook မှာမိမိ Profile ကို ဘယ်သူ က အများဆုံး
ကြည့်တယ် ဆိုတာကိုဖော်ပြပေးတဲ့ APK လေးပါနော်
ကွန်ပြူတာနဲ့ကြည့်သလိုအလုပ်မရှုပ်ပါဘူး
Apk လေးကို install လုပ် ဖွင့်ပီး
FB Account ကို ၀င်ယုံပါပဲ

 
Download link - Dမှာဒေါင်းပါ

အဆင်ပြေပါစေ............... 
Minokekar(ဘီလူးကျွန်းသားလေး)


Download အဆင်မပြေရင် ပြောပါ
အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားပေးသွားပါ့မယ်





 



♪ Ooredoo ဆင်းမ်ကတ်များအတွက် တန်ဖိုးနည်းဟန်းဆက် မသုံးရန် ကန့်သတ်ချက်ရှိ ♫....................


http://www.ooredoo.qa/idc/groups/public/documents/document/qtel-hala-portlet-en.jpg
လာမည့်နှစ်လအတွင်း ရောင်းချပေးမည့် အူရီးဒူးမြန်မာကုမ္ပဏီမှ 3G မိုဘိုင်းဆင်းမ်ကတ်များကိုဖြန့်ဖြူးရောင်း ချပေးရန် စီစဉ်နေရာ အချို့သော တန်ဖိုးနည်း မိုဘိုင်းဟန်းဆက်များဖြင့် မသုံးစွဲရန် ကန့်သတ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

အူရီးဒူးမြန်မာကုမ္ပဏီမှ ရောင်းချမည့် မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးနိုင်မည့် လက်ကားမိုဘိုင်းဖု န်းဆိုင်ကြီးများသာမက မြို့နယ်ရပ်ကွက်အတွင်းရှိလက်လီဆိုင်များတွင်ပါဖြန့်ဖြူး ရောင်းချပေးရန်အတွက်ဈေး ကွက်ရှာဖွေမှုများ ဆောင်ရွက်နေခြင်းဖြစ်ရာ အဆိုပါလက်လီဆိုင်များတွင် ဟန်းဆက်ကန့်သတ်မှုများ ရှိသည်ဟု ပြောကြားထားကြောင်း စုံစမ်းသိရသည်။

‘‘ဆိုင်မှာ ယူရောင်းမလား မေးတယ်၊ စစချင်း ကတ် ၂၀ ချပေးမယ်ပြောတယ်။ ဒါပေမဲ့ သုံးတဲ့အခါကျရင် နှစ်သောင်း၊ သုံးသောင်းတန် ဟန်းဆက်လောက်နဲ့တော့ အဆင်မပြေလောက်ဘူးပြောတယ်။ လေး ငါးခြောက်သောင်းတန် ဟန်းဆက် နည်းနည်းကောင်းမှ သုံးရမယ်လို့ ပြောသွားတယ်’’ဟု သာကေတ မြို့နယ် ရှိ ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

အူရီးဒူးမြန်မာအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များရောင်းချရာတွင် 3G စနစ် ဖြစ်သောကြောင့် အသုံးပြုမည့် မိုဘိုင်းဟန်းဆက်များမှာ UMTS(Universal Mobile Telecommunications System) 900 နှင့် 2100 ကို လက်ခံနိုင်စွမ်းရှိသည့် ဟန်းဆက်ဖြစ်မှသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အူရီးဒူးမြန်မာ၏ လူမှုဆက်ဆံရေး နှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုကပြောသည်။

 ‘‘တရုတ်ဖုန်းတွေဆိုလည်း အမျိုးမျိုးရှိတယ်။ UMTS 900 နဲ့ 2100 ပြည့်မီတဲ့ ဟန်းဆက်ဆို ဘယ်လောက် တန်ဖြစ်ဖြစ် သုံးလို့ရတယ်။ အဲဒါမပြည့်မီရင်တော့ လုံးဝ သုံးလို့ရမှာမဟုတ်ပါဘူး။ အဲဒီအတွက်လည်း အခုဈေးကွက်ထဲမှာရှိတဲ့ Brand အစုံနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်’’ဟု ဒေါ်သီရိကြာညိုကပြော သည်။ ဈေးနှုန်းသက်သာသည့် မိုဘိုင်းဟန်းဆက်များနှင့်လည်း တွဲဖက်အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ရာ လက်ရှိတွင်လည်း Samsung ကုမ္ပဏီနှင့်  ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး မိုဘိုင်းဆင်းမ်ကတ် များ ရောင်းချမည့် အစီအစဉ်ကို သြဂုတ်လအတွင်း ထုတ်ပြန်ပြီး ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
http://www.7daydaily.com/

Wednesday, July 2, 2014

♪ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ မိုဘိုင်းအင်တာနက် အသုံးပြုခ ကောက်ခံမည့် စနစ်ကို သုံးစွဲသူများ စိတ်ဝင်စားနေ ♫.................

Internet Watch - screenshot
နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် Telenor Myanmar နှင့် Ooredoo Myanmar တို့မှ ၎င်းတို့၏ အင်တာနက်အသုံးပြုခအတွက် မည်သည့်ပုံစံဖြင့် ကောက်ခံမည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးသော် လည်း ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူအများစုက ယင်းအပေါ်တွင် စိတ်ဝင်စားမှုများပြားလျက်ရှိကြောင်း စုံစမ်းသိရသည်။     ယခုလက်ရှိ ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူများသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်း အင်တာနက် သုံးစွဲခများကို ပေးချေရာတွင် တစ်မိနစ်လျင်နှစ်ကျပ် (သို့မဟုတ်) လေးကျပ်နှုန်းဖြင့် မိနစ်အလိုက်ကျသင့်သည့် သုံးစွဲခကို ပေးချေနေရခြင်းဖြစ်သည်။     ပြည်တွင်းမှ မိုဘိုင်းဖုန်း သုံးစွဲနေသူ အချို့ကလည်း ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းအင်တာနက် အသုံးပြုခများကို Data Rate စနစ်ဖြင့်သာ ကောက်ခံဖွယ်ရှိနေသည်ဟု သုံးသပ်ကြသည်။     ထိုကဲ့သို့ မိနစ်အလိုက် ပေးချေရ သည့် စနစ်သည် မိုဘိုင်းအင်တာနက်၏ 3G Network ကို ဖွင့်လိုက်သည်နှင့် သုံးစွဲသူ၏ မိုဘိုင်း ဖုန်းလက်ကျန်ငွေမှ အင်တာနက်သုံးစွဲခကို တောက်လျှောက်ဖြတ်တောက် နေခြင်းဖြစ်သည်။  “အင်တာနက် သုံးပြီး သရီးဂျီကို ပြန်မပိတ်မိတဲ့နေ့တွေဆိုရင် ဖုန်းထဲက လက်ကျန်ဘီလ်ကို စစ်ဖို့ဝန်လေးနေမိတယ်။ သရီးဂျီ ကို ဖွင့်ထားလည်းပဲ အင်တာနက်စာမျက်နှာ တစ်ခုခုကို သုံးမှ၊ အင်တာနက်ပေါ်က အချက်အလက်တွေကို သုံးနေမှသုံးစွဲခ ကုန်ကျမယ့် ဒေတာစနစ်ဖြစ်လာစေချင်ပါတယ်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ က ဒေတာ စနစ်နဲ့ ကောက်ခံမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ"ဟု ရန်ကုန်မြို့တွင်းနေထိုင်သည့် မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသားတစ်ဦး ကပြောသည်။     ထို့ကြောင့် ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူများထဲမှ အချို့သည်မိုဘိုင်း အင်တာနက်သုံးစွဲခကို အင်တာနက် စာမျက်နှာများပေါ်ရှိ အချက်အလက်များကို အသုံးပြုရှာဖွေနေသည့် အချိန်မှသာ သုံးစွဲခဖြတ်တောက်သည့် Data Rate စနစ်ကိုသုံးစွဲရန် ဆန္ဒရှိနေကြခြင်းဖြစ်သည်။ သို့သော် ယင်းကဲ့သို့အင်တာနက်ပေါ်မှ အချက်အလက်များကို သုံးစွဲနေမှသုံးစွဲခ ကုန်ကျမည့် အဆိုပါ Data  Rate  စနစ်သည် မိုဘိုင်းဖုန်းသုံးစွဲသူများ အဆင်ပြေသည့်မျှတသည့် နှုန်းထားများဖြစ်ရန်လည်း လိုအပ်ကြောင်းသိရသည်။     မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၂၀၁၁ ခုနှစ်အတွင်းတွင် ၎င်းတို့၏ မိုဘိုင်းဖုန်းသုံးစွဲခများကို မိနစ်အလိုက်ကောက်ခံနေရာမှ Data Rate ဖြင့် ပြောင်းလဲကောက်ခံမည်ဟု တရားဝင်ကြေညာခဲ့သော်လည်း ယင်းသို့ပြောင်းလဲ ကောက်ခံမည့် နှုန်းထားများကို မိုဘိုင်းဖုန်းသုံးစွဲသူ အများစုက ကန့်ကွက်ခဲ့ကြခြင်းကြောင့် အဆိုပါအစီအစဉ်ပျက် ပျယ်ခဲ့ရသည်။     “ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေက အင်တာနက်သုံးစွဲခကို ဘယ်လိုပုံစံနဲ့ ပေးမလဲဆိုတာကိုဘ စိတ်ဝင်စားနေတယ်။ နိုင်ငံတကာမှာဆိုလည်း အင်တာနက်ပေါ်က အချက်အလက်တွေကို သုံးနေမှသုံးစွဲခကုန်ကျတဲ့ ဒေတာစနစ်နဲ့ သွားနေတာဆိုတော့ ဒီမှာလည်းအဲ့လို စနစ်ဖြစ်စေချင်တယ်။ ဒေတာနဲ့ကောက် မယ်ဆိုလည်း ဈေးနှုန်းကတော့ အားလုံးလက်ခံနိုင်တဲ့ အနေအထားဖြစ်ရပါမယ်" ဟု အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ မိုဘိုင်းအင်တာနက် အသုံးပြုခကောက်ခံမည့် အစီအစဉ်များကို စောင့်မျှော်နေသည့် မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသမီးတစ်ဦးကဆိုသည်။     နော်ဝေနှင့် ကာတာနိုင်ငံတို့မှ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများကမူ  ယခုအချိန်အထိ ၎င်းတို့ကောက်ခံမည့် မိုဘိုင်းအင်တာနက် အသုံးပြုခများကို ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း အများပြည်သူနှင့် အဆင်ပြေမည့် စနစ်ကိုသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြောကြားသည်။     မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့နှင့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် မိုဘိုင်းအင်တာနက် အသုံးပြုခများကို Data Rate ဖြင့်သာကောက်ခံခြင်းကြောင့် မိုဘိုင်းဖုန်းဖြင့်အင်တာနက် အသုံးပြုသူများသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက်ကိုအချိန်မရွေး အလွယ်တကူ အသုံးပြုနိုင်နေကြကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသား အချို့ထံမှ သိရသည်။
Internet Journal

အင်တာနက် မရှိဘဲနှင့်ပင် လူအများနှင့် အပြန်အလှန် မက်ဆေ့ဂ်ျ ပို့နိုင်မည့် Firechat .................

Posted by: Ko Myo on Tuesday, July 01, 2014 Categories:


အီရတ် နိုင်ငံတွင် အစိုးရနှင့် သူပုန်များ တိုက်ပွဲများကြောင့် အင်တာနက်များ ဖြတ်တောက် ထားချိန်တွင် အီရတ် နိုင်ငံသားများကြား အသုံးအများဆုံး ဖြစ်လာသော ဖုန်းအပလီကေးရှင်းကား Firechat ဖြစ်သည်။

သူပုန်များ အင်တာနက်မှတစ်ဆင့် ဆက်သွယ်မှုများ၊ ၀ါဒဖြန့်မှုများကို ဖြတ်တောက် နိုင်ရန် ဒေသ အတော်များများတွင် အင်တာနက် ဖြတ်တောက်ထားရာ ပြည်သူများပါ အင်တာနက် ကွန်ရက် အပြင် ဘက် ရောက်ကုန် ရသည်။ Firechat အပလီကေးရှင်းက လူနှစ်ယောက်မှသည် လူတစ်သောင်းထိ တစ်ပြိုင်တည်း မက်ဆေ့ဂ်ျပို့နိုင် စကားပြော နိုင်အောင် ကူညီပေးမည် ဖြစ်သည်။ အင်တာနက် မရှိလည်း စကားပြောနိုင်ကြအောင် ကူညီပေးသည်။

ကွန်ရက် နည်းပညာကို အသုံးပြု၍ ၀န်းကျင် တစ်ဝိုက်ရှိ Firechat အပလီကေးရှင်း ရှိသော ဖုန်းများသို့ မက်ဆေ့ဂ်ျ ပေးပို့နိုင်သည်။ တစ်ခု အားနည်းချက် ရှိသည်မှာ သီးခြားစီ ပို့မရဘဲ မိမိပို့ထားသည်ကို အနီး တစ်ဝိုက်ရှိ Firechat အပလီကေးရှင်းသုံး ဖုန်းအားလုံးက မြင်နိုင်ခြင်း ဖြစ်သည်။ Firechat ၏ ရည်ရွယ် ချက်သည်လည်း လူအများ တစ်စုတစ်ဝေးတည်း ချိတ်ဆက် ပြောဆိုနိုင်ကြအောင် ဖန်တီးပေးထားခြင်း ဖြစ်သည်။

အန်းဒရွိုက်နှင့် အိုင်အိုအက်စ် စနစ်သုံး ဖုန်းနှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည်။ ပေ (၂၃၀) အ၀န်းအ၀ိုင်း အတွင်း ကောင်းစွာ ဆက်သွယ် ပြောဆိုနိုင်ကြသည်။ မက်ဆေ့ဂ်ျ များသည် Firechat သုံးသည့် ဖုန်း တစ်လုံးမှ တစ်လုံးသို့ ခုန်ကူး နိုင်အောင် ဖန်တီးထား သဖြင့် ပေ(၂၃၀) အ၀န်းအ၀ိုင်းချင်း စပ်နေပါက မက်ဆေ့ဂ်ျများသည် ပိုဝေးဝေးထိ ပျံ့နှံနိုင်စွမ်း ရှိသည်။

Firechat ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Open Garden ကုမ္ပဏီက ထုတ် လုပ်ခြင်း ဖြစ်သည်။
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Friday, June 27, 2014

WeChat ကြောင့် တရုတ်နိုင်ငံတွင် SMS ပေးပို့မှု ကျဆင်း ................

Posted by: Ko Myo on Thursday, June 26, 2014 Categories:


နာမည်ကျော် messaging app ဖြစ်သည့် WeChat သည် SMS သုံးစွဲသူများအပေါ်တွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ပျှမ်းမျှ SMS ပေးပို့မှုနှုန်းသည် လူတစ်ဦးလျှင် တစ်လ ၃၉.၈ စောင်သာ ရှိခဲ့ကာ တစ်ရက်လျှင် ၁.၃ စောင်သာရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန (MIIT) က ပြောကြားလိုက်သည်။

MIIT ၏ အဆိုအရ တရုတ်နိုင်ငံ၏ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ SMS ပေးပို့မှုနှုန်းသည် ၃၁၄.၆၂ ဘီလီယံရှိခဲ့ပြီး ၎င်းသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ မေလ အထိ ပေးပို့မှုနှုန်းထက် ၁၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖုန်းအသစ်ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူသည် ၂၇.၂၅ သန်းအထိ မြင့်တက်လာခဲ့ပြီး ဖုန်းကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူ စုစုပေါင်း ၁.၂၆ ဘီလီယံ ရှိလာကြောင်း MIIT မှ ဖော်ပြခဲ့ သည်။

MMS ပေးပို့မှုနှုန်းသည်လည်း ပိုမိုကျဆင်းခဲ့ပြီး ဇန်နဝါရီလမှ မေလအထိ MMS ပေးပို့မှု ၂၆.၀၉ ဘီလီယံ သာ ရှိခဲ့ကာ ၎င်းသည် ပြီးခဲ့သည့်နှစ်ထက် ၃၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် မိုဘိုင်းအင်တာနက် အသုံးပြုသူ အရေအတွက်သည် တိုးပွားလာလျက်ရှိသော်လည်း WeChat, Line, Laiwang, Yixin စသည့် messaging app များကြောင့် SMS ပေးပို့မှု ကျဆင်း လာခြင်း ဖြစ်ကြောင်း၊ လာမည့်နှစ်တွင်လည်း SMS ပေးပို့မှု အလေ့အထသည် ပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်နိုင် ကြောင်း MIIT က တွက်ချက်ဖော်ပြခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အင်တာနက် အသုံးပြုမှုနှုန်းသည် ပြီးခဲ့သည့်နှစ်အတိုင်း ၅၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၎င်းသည် ၂၀၁၁ ခုနှစ်ကထက် ၃ ဆ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံ မိုဘိုင်းအင်တာနက် အသုံးပြုသူ ၇၀၁ သန်းရှိကြောင်း သိရသည်။

Ref: TechInAsia

Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Thursday, June 26, 2014

INVITE ဖြစ်နေသော သူများအတွက် VIBER မှာ မဖြစ်ရအောင်..................


image
ပထမဆုံး viber ဖွင့်လိုက်ပါ
အောက်ဆုံးက messade ပုံနဲ့(+) အပေါင်းကိုနှိပ်လိုက်ပါ
အပေါ်ကပုံလည်းကြည့်နိုင်ပါတယ်
image
ဒုတိယ ထွက်လာတာသောပုံမှာ အပေါ်ဆုံးက
search box ထဲမှာ မိမိပြောချင်သော phone
no ရေးရပါမယ် အောက်ကမှာ Add phone no
နှိပ်ပေးပါ internet တော့ ဖွင့်ထားရမယ်နော်
ဥပမာ။  ။09256027722 ကို contact ထဲ ထည့်
မထားပါနဲ့ search box ထဲမှာ 09256027722
ထည့်လိုက်ပါ အောက်မှ ပေါ်လာပါလိမ့်မယ့်
Add +959256027722 နှိပ်လိုက်ပါ ဒါဆို
invite မဖြစ်တော့ပါဘူး
မိတ်ဆွေတို့ခင်ဗျာ
www.kaungkalayprogram.blogspot.com
knowledge3
အဆင်ပြေပါစေ လေ့လာသူ

Saturday, June 21, 2014

Ooredoo မြန်မာနဲ့ Samsung ပေါင်းပြီး အင်တာနက်ဝန်ဆောင်မှုပေးမယ်..............

Friday, June 20, 2014





Ooredoo မြန်မာက မြန်မာပြည်ဈေးကွက်အတွက် စမတ်ဖုန်းလောက ထိပ်သီးကုမ္ပဏီကြီးတခုနဲ့ စာချုပ် ချုပ်လိုက်ကြောင်း ဒီကနေ့ သတင်းထုတ်ပြပါတယ်။

အဲဒါကတော့ Samsung ပါပဲ။

ထုတ်ပြန်ချက် အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။


  •   ရန်ကုန်မှာ တွေ့ရတဲ့  Ooredoo ရဲ့ မိတ်ဆက်ပွဲတခု မြင်ကွင်း (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

Ooredoo နှင့် Samsung တို့ မြန်မာပြည် တွင် မိုဘိုင်း အင်တာနက် ၀န်ဆောင်မှုများ ပေးအပ်ရန် ပူးပေါင်း ဆောင်ရွက်ကြမည်။

အကျိုးတူ  ပူးပေါင်း ဆောင်ရွက်မှုကြောင့် ကုန်ကျ စားရိတ် သက်သာသော မိုဘိုင်း အင်တာနက် အသုံးပြုမှုများ ပိုမို တိုးတက် များပြားစေ

ရန်ကုန်၊ မြန်မာ။

Ooredoo မြန်မာ၏ ဆင်းမ်ကဒ်များ စတင် အသုံးပြု၍ ရသည့် အချိန်မှ စပြီး မြန်ဆန် သွက်လက်သော ကုန်ကျ စားရိတ် သက်သာ သည့် မိုဘိုင်းအင်တာနက်  ၀န်ဆောင်မှုများ ပေးဆပ်နိုင်ရန် အတွက် နည်းပညာ ကုမ္ပဏီကြီး Samsung နှင့် နားလည်မှု သ၀ဏ်လွှာ ယနေ့ လက်မှတ် ရေးထိုး လိုက်ပါသည်။

ဒေတာ အသုံးပြု ၍ ရသော Samsung မိုဘိုင်း စက်ပစ္စည်းများ တွင် Ooredoo မြန်မာ ၏ 3G ကွန်ရက် ကို အကောင်းဆုံး အသုံးပြုနိုင် ရန်အတွက် နိုင်ငံတကာ မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီ Ooredoo မြန်မာ သည် အထူး စီမံ ထားသော သုံးစွဲနည်းများကို Ooredoo မြန်မာ၏ သုံးစွဲသူ ပြည်သူ လူထုထံ အားပေးအပ်သွားရန် အစီအစဉ် ရှိပါသည်။

ကမ္ဘာတလွှား ရှိ ဈေးကွက်များ တွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိနေသော Samsung Galaxy စမတ်ဖုန်း နှင့် tablet များကို ဒေသခံ လက်လီ မိုဘိုင်းဆိုင်များတွင် လွယ်ကူစွာ ၀ယ်ယူနိုင်ပါသည်။

Android စနစ်သုံး smart ဖုန်း လောကတွင် နံပါတ်တစ် ဖြစ်ပြီး ကမ္ဘာတ၀ှမ်း လုံးတွင်လည်း smart ဖုန်း ဈေးကွက် ၏ ခေါင်းဆောင် ဖြစ်သည့် Samsung နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် မြန်မာပြည်သူ လူထု သုံးစွဲသူများ အတွက် မိုဘိုင်း အင်တာနက် ၀င်ဆောင်မှု အခွင့်အလမ်းများ ပွင့်လင်း လာမည် ဖြစ်ပါသည်။

Ooredoo မြန်မာ မှ ပေးဆပ်မည့် ထုတ်ကုန် နှင့် ၀န်ဆောင်မှု များတွင် ဈေးနှုန်း သက်သာ သော အသံ (ဖုန်းလိုင်း)၊ SMS နှင့် Data Bundle အချက်အလက်များ ရရှိနိုင်သော အင်တာနက် နှင့် တွဲလျှက် ရောင်းချသော အစီအစဉ်များ၊ အရည်အသွေး မြင့် ဆင်းမ်ကဒ်များ ၊ သုံးစွဲသူ ၀န်ဆောင်ရေး နှင့် သုံးစွဲသည့် မိုဘိုင်း စက်ပစ္စည်း ကို သိရှိနိုင်သော စွမ်းရည် များ ပါဝင်မည် ဖြစ်ရာ ကမ္ဘာတ၀ှမ်း နှင့် ယှဉ်သော် သုံးစွဲသူ အနည်းဆုံး ဖြစ်နေသေးသည့် ဈေးကွက် တစ်ခု တွင် မိုဘိုင်း နှင့် အင်တာနက် သုံးစွဲသူများ လျှင်မြန်စွာ တိုးတက် ဖွံ့ဖြိုး လာမည်ဖြစ်ပါသည်။

http://blog.irrawaddy.org/2014/06/microsoft-ooredoo.html
http://blog.irrawaddy.org/2014/06/blog-post_9.html