Tuesday, July 8, 2014

♪ လေးမိနစ်အတွင်း အလုံးရေ ၅၀,၀၀၀ ရောင်းချခဲ့ရသည့် Xiaomi MiPad ♫...................


တရုတ်နိုင်ငံ၏ စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်လာသော Xiaomi သည် Apple ၏ iPad mni နှင့် ယှဉ်ပြိုင်နိုင်မည့် MiPad tablet အလုံးရေ ၅၀,၀၀၀ ကို လေးမိနစ်အတွင်း ရောင်းချခဲ့ရကြောင်း ပြောကြားခဲ့သည်။
Xiaomi သည် အဆိုပါ MiPad အလုံးရေ ၅၀,၀၀၀ ကို တရုတ်နိုင်ငံတွင် ရောင်းချခဲ့ရခြင်း ဖြစ်သည်။
MiPad သည် စွမ်းဆောင်ရည် မြင့်မားသည့်အပြင် ဈေးနှုန်းသက်သာသောကြောင့် tablet ကွန်ပျူတာအသစ်တစ်လုံး ရှာဖွေသူများ အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့သည်။ MiPad တွင် ၇.၉ လက်မ 2,048x1,536 pixel resolution IPS display ပါဝင်ပြီး NVIDIA Tegra K1 processor အပြင် 2GB RAM နှင့် အနည်းဆုံး 16GB onboard storage တို့ပါဝင်သည်။ ထို့အပြင် microSD card များကိုလည်း အထောက်အပံ့ပေးနိုင်သည်။
ကျောဘက်ကင်မရာသည် 8-megapixel ဖြစ်ပြီး အရှေ့ဘက် ကင်မရာက 5-megapixel ဖြစ်သည်။ ဘက်ထရီမှာ 6,700mAh ဘက်ထရီဖြစ်ပြီး အရောင်ငါးမျိုးဖြင့် ရရှိနိုင်သည်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၄၀ ဝန်းကျင်သာရှိသည်။
Ref: Ubergizmo

0 ကွန်မန့်ရေးရန်:

Post a Comment