This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, September 1, 2013

၂၀၁၃ ဈေးအကြီးဆုံး ကားများ...

10. McLaren F1       Price: $970,000
Most Expensive Cars of 2013

 

9. Hennessey Venom GT Spyder     Price: $1.1 million
Most Expensive Cars of 2013

 

8. Zenvo ST1    Price: $1.2 million
Most Expensive Cars of 2013

 

7. Maybach Landaulet     Price: $1.38 million
Most Expensive Cars of 2013

 

6. Koenigsegg Agera R & Lamborghini Reventon  Price: $1.6 million
Most Expensive Cars of 2013

 

5. Aston Martin One 77 & Pagani Zonda Cinque Roadster 
Price: $1.85 million
Most Expensive Cars of 2013

 

4. Bugatti Veyron Super Sports     Price: $2.6 million
Most Expensive Cars of 2013

 

3. Lykan Hypersport      Price: $3.5 million
Most Expensive Cars of 2013

 

2. Lamborghini Veneno     Price: $3.9 million
Most Expensive Cars of 2013

 

1. Maybach Exelero       Price: $8.0 million
Most Expensive Cars of 2013
xcitefun

ပည်တွင်း ကားဈေးကွက်အတွင်း အရောင်းအဝယ် အေးနေခြင်းကြောင့် ဂျပန် လေလံ ဈေးကွက်မှ ဝင်ရောက်လာသည့် ယာဉ်များ အပါအဝင် ပြည်တွင်း မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်း နေကြောင်း ရန်ကုန်မြို့တော် မော်တော်ယာဉ် ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရ

Saturday, August 31, 2013

အရောင်းအဝယ် အေး၍ ကားဈေးကျ

ရန်ကုန်၊ သြဂုတ် ၃၀https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDnc_MFQoY5-hUBhs7pvHp-O5w4x0CT3Q6yd1-ydKXNhoAab7F4b2MIsRiw_0k1B3NY__oJXE0jJZtsC_tjpi4Em9E7602gx4zcdhKivweNxdQ1eHmde1pqoe1_xKp3nULsBVx22F9GEL6/s1600/7.jpg

ပြည်တွင်း ကားဈေးကွက်အတွင်း အရောင်းအဝယ် အေးနေခြင်းကြောင့် ဂျပန် လေလံ ဈေးကွက်မှ ဝင်ရောက်လာသည့် ယာဉ်များ အပါအဝင် ပြည်တွင်း မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်း နေကြောင်း ရန်ကုန်မြို့တော် မော်တော်ယာဉ် ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ယခင်က လူကြိုက်များခဲ့သည့် ကျပ် သိန်း ၃၀၀၀ ခန့် လင်ခရူဇာ၊ လပ်ဇပ် (၂၀၀၇ ခုနှစ် မော်ဒယ်လ်) ယာဉ်များကို ယခု ကျပ်သိန်း ၁၀၀၀ ဖြင့် ရောင်း ချသော်လည်း အရောင်းအဝယ် မဖြစ်တော့ကြောင်း ဟံသာဝတီ ယာဉ်ရပ်နားစခန်း (အဟောင်း) မှ ဝယ်ရောင်း ဦးကျော်စိုးက ပြောကြားသည်။

“ကားမျိုးစုံပါပဲ ဘယ်ကားမှ ဈေးမရတော့ဘူး။ ကျပ် ၁၁၅ သိန်းလောက် ကား ကို ၁၁၇ လောက်နဲ့ ရောင်းတာ အရောင်းအဝယ် မဖြစ်ဘူး။ နှစ် သိန်းတောင် ဈေးဟလို့ မရဘူး။ အရင်က ၁၀ သိန်းလောက် ဈေးဟ ရင်တောင် ရောင်းလို့ရတယ်” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

ကားဈေးကွက်အတွင်း အင်ဂျင်ပါဝါ နည်းသည့် မီနီထရပ် အမျိုးအစား ယာဉ်များမှာ ဈေးသင့်၍ အိမ်စီးနှင့် လုပ်ငန်းသုံးများတွင် အဆင်ပြေခြင်းကြောင့် အဝယ်ရှိသော်လည်း ယင်းကားများသည် လည်း ဈေးတင်ရောင်း၍ မရခြင်းကြောင့် အမြတ်အစွန်း မရှိကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်း ဝယ်ရေး စခန်းမှ ကားဝယ်ရောင်း ဦးဇော်ဇော်က ပြောကြားသည်။

ဟိန်းမြတ်စိုး

The Voice Weekly

Thit Htoo Lwin - News

အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်များ

ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တချို့ ဗီတာမင်ဘီ အမျိုးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။
ဗီတာမင် B1 - သိုင်ယာမင်း
သိုင်ယာမင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အတွက် နှလုံးဆီသို့ သာမက လိင်အင်္ဂါဆီကိုလည်း သွေးစီးဆင်း ရောက်ရှိစေ ပါတယ်။ စွမ်းအင်အဆင့် တိုးစေပြီး ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေကို စွမ်းအင် ပိုရှိစေပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းလည်း ရှိတဲ့ အတွက် ခန္ဓာကိုယ်ကို အိုမင်းမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေက ပိုမို နုပျိုကြည့်ကောင်း လေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိ လေလေ ဖြစ်ပြီး လိင်ဆွဲဆောင်အား ပိုကောင်း လေလေပါ။
ဗီတာမင် B1 ပါဝင်မှု မြင့်မားသည့် အစာများ - ဆန်လုံးညို၊ မြေပဲ၊ ပဲစိမ်း၊ ပင်လယ်ရေညှိလို ပင်လယ် ဟင်းသီးဟင်းရွက်တွေ၊ ဖွဲနုနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ အများစုထဲမှာ သိုင်ယာမင်းဓာတ် ပါဝင်ပါတယ်။
ဗီတာမင် B2 - ရိုင်ဘိုဖလေဗင်
ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တို့ တည်ဆောက် ဖြိုခွဲရာမှာ အသုံးဝင်ပါတယ်။ ဗီတာမင် B1 ခိျု့တဲ့ရင် စားသမျှ အစာတွေကို တည်ဆောက်ဖြိုခွဲမှု မပြုလုပ်နိုင်ဘဲ အဆီအဖြစ် သိုလှောင် ထားတတ်ပါတယ်။ ဆံပင်တစ်သျှူးတွေ၊ အရေပြားနဲ့ လက်သည်း ခြေသည်းတွေမှာ အောက်ဆီဂျင် အသုံးပြုမှု အားကောင်းစေတဲ့ အတွက် ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်အား ကောင်းမွန်စေပါတယ်။
ဗီတာမင် B2 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာထဲမှာ ရိုင်ဘိုဖလေဗင် ပါဝင်ပါတယ်။
ဗီတာမင် B3 - နိုင်ယာစင်
နိုင်ယာစင်ဟာ အသားအရေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်း မွန်စေတဲ့အတွက် အသားအရေကို ထိ တွေ့လိုက်ရုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစား ချက်ကို ဖြစ်စေနိုင်ပါတယ်။ လိင်ဟော်မုန်း တည်ဆောက်မှုမှာ ပါဝင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စ ထရောတွေကို လျော့ကျစေပါတယ်။
ဗီတာမင် B3 ပါဝင်မှု မြင့်မားသည့် အစာများ - နိုင်ယာစင် ပါဝင်မှုများတဲ့ အစာတွေက မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂျုံစေ့၊ စွန်ပလွံသီးနဲ့ မြေပဲတို့ ဖြစ်ကြပါတယ်။
ဗီတာမင် B5 - ပန်တိုသီးနစ်အက်စစ်
ဗီတာမင် B5 ဟာ အဒရီနယ်ဟော် မုန်းထွက်ရှိမှုကို သက်ရောက်စေပြီး စိတ် ဖိစီးမှု လျော့ကျစေတဲ့အတွက် စိတ်ခံစား မှုကို ကောင်းမွန်စေပါတယ်။ အဒရီနယ် ဂလင်းက ကောင်းကောင်း အလုပ်မလုပ် ရင် သက်လုံလျော့ကျပြီး လိင်စိတ်ဆန္ဒ လည်း လျော့နည်းတတ်ပါတယ်။ နည်း နည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ချွေး ထွက်ပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်လည်း နည်းပါတယ်။
ဗီတာမင် B5 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ အစိမ်းအတိုင်း စား နိုင်တဲ့ ဟင်းသီးဟင်းရွက် အများစု၊ မှို၊ အခွံမာတဲ့ အစေ့အဆန်၊ ပျားရည်စတာ တွေထဲမှာ ဗီတာမင် B5 ပါဝင်မှုများပါ တယ်။
ဗီတာမင် B6 - ပရီဒေါက်စင်း
ရာသီအကြိုဝေဒနာ လက္ခဏာတွေ ကို လျော့ကျစေသလို ၀မ်းမှန်မှန် သွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။ နှလုံးကြွက်သားတွေကို ဟိုမိုစစ္စ တင်းဓာတ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပြီး ကိုလက်စထရော စုပုံမှု မဖြစ်စေပါဘူး။
ဗီတာမင် B6 ပါဝင်မှု မြင့်မားသည့် အစာများ - ဟင်းနုနယ်ရွက်၊ နေကြာ စေ့၊ မုန်လာဥနီ၊ ပဲ၊ သီဟိုဠ်စေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ တို့မှာ ဗီတာမင် B6 ပါဝင်ပါတယ်။
ဗီတာမင် B12 - ဆိုင်ယာနိုကိုဘက်လမင်း
ဗီတာမင် B12 ဟာ မျိုးအောင်နိုင်စွမ်း ကောင်းမွန်အောင် ကူညီပေးပြီး ပန်းသေပန်းညှိုး ဖြစ်တာကို လျော့ကျစေ ပါတယ်။ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှု တို့ အားကောင်းစေဖို့ ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ဟာ စားသမျှ အစာတွေကို စွမ်းအင် ဖြစ်အောင် အသုံးပြုပေးပါတယ်။ စွမ်းအင်ရှိလေ၊ အိမ်ထောင်မှု သုခ ပြည့်ဝလေပါ။
ဗီတာမင် B12 ပါဝင်မှု မြင့်မားသည့် အစာများ - ပင်လယ်ရေမှော်လို ပင်လယ်အောက်က ရတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ပါဝင်မှု များပါတယ်။

By ပြည်မြန်မာ

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့ ရှေ့ဆုံးတန်းမှာ ပြေးနေ

Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ

မြတ်သူအောင်

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့ ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်။

အဲဒီ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar ခင်ဝင့်ဝါဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရုက္ခဗေဒ ကျောင်းသူ တဦးဖြစ်ပြီး မော်ဒယ်လ် တဦးလည်း ဖြစ်သလို Miss Myanmar သရဖူကို ရရှိပြီးချိန်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဘီလာရုစ်မှာ သွားရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ ဂုဏ်ဆောင် Miss တဦး ဖြစ်ပါတယ်။

သူ့ရဲ့ facebook စာမျက်နှာမှာ ခင်ဝင့်ဝါက “ပရိသတ်ကြီး မင်္ဂလာပါ။ ညီမကို အားပေးတယ်ဆိုရင် အောက်က Link က တဆင့် အနီရောင် စာလုံးကို နှိပ်ခြင်းဖြင့် ညီမကို Vote ပေးနိုင်ပါတယ်။ နေ့စဉ် မဲပေးနိုင်ပါတယ်၊ သြဂုတ် ၂၆ ရက်နေ့က စပြီး စက်တင်ဘာ ၄ ရက်နေ့ည ၁၂ နာရီ အထိ မဲပေးလို့ရပါတယ်။ Chrome ကနေ မဲပေးပြီးပေမယ့် Firefox နဲ့ ဖွင့်ပြီး မဲပေးလို့လည်း ရပါတယ်။ Browser မတူပါက မဲထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ်။ ညီမလေး ကြိုးစား ထားပါတယ်ရှင့်၊ ခင်ဝင့်ဝါရဲ့ ဓာတ်ပုံ (သို့) အမည်ကို Click လုပ်ပြီး နေ့စဉ် စိတ်ကြိုက် မဲပေးနိုင်ပါတယ်” လို့ သူ့ကို အားပေးတဲ့ မြန်မာ ပရိသတ်တွေကို ရေးသား တောင်းဆိုထားတာကို တွေ့ရပါတယ်။

ခင်ဝင့်ဝါဟာ ဒီနေ့ဒီအချိန်အထိ ပရိသတ်တွေက ပေးတဲ့ မဲ အနေနဲ့ ၂၃၄၃၉၁ မဲ ရရှိထားပြီး သူနဲ့ အပြိုင် Miss တွေကတော့ Miss Luxembourg ၂၃၅၇၉၅ မဲ၊ Miss Russia က ၁၂၅၈၁၆ မဲ၊ Miss Sweden က ၁၂၃၄၈၀ မဲ၊ Miss Australia က ၇၀၁၂၂ မဲ၊ Miss Thailand က ၆၉၉၂၈ မဲနဲ့ Miss Philippines က ၅၄၆၄၂ မဲတို့ ဖြစ်ကြပါတယ်။ သြဂုတ် ၂၉ ရက်နေ့ ညကတော့ ခင်ဝင့်ဝါနဲ့ Miss Philippines တို့ဟာ မဲ ၅ သောင်းကျော်နဲ့ အပြိုင်ဖြစ်နေရာက ဒီနေ့ သြဂုတ် ၃၀ ညနေမှာ ခင်ဝင့်ဝါက မဲ အပြတ်အသတ် ကျော်ဖြတ်တက်ခဲ့တာ ဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ facebook မှာ သူ့ကို အကဲဖြတ်ဒိုင်များက မေးခွန်းများမေးတဲ့အချိန် သူ ပြန်လည် ဖြေဆိုထားတဲ့ Link တွေကိုလည်း တွေ့ရပါတယ်။

သူ့ရဲ့ ပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားမှုကို ဒိုင်တွေက မေးမြန်းတဲ့အခါမှာ “ကျမ အရမ်းကို စိတ်လှုပ်ရှား ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နိုင်ငံရပ်ခြားကို တခါမှ မရောက်ဖူးဘူးလေ” လို့ ဖြေကြားထားတာ တွေ့ရပါတယ်။

ဒါ့အပြင် သူက သူ့ရဲ့ မြန်မာနိုင်ငံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံ တခုမှာ ခြားနားတဲ့ အရာတွေကို မြင်ရတာ အရမ်းကောင်းတယ် ဆိုတဲ့ အကြောင်း၊ မြန်မာနိုင်ငံက အရမ်းလှပသလို၊ ဘီလာရုစ် ကလည်း အတူတူပဲ ဆိုတဲ့အကြောင်း၊ နှစ်နိုင်ငံ စလုံးမှာ ကောင်းမွန်တဲ့ အရာတွေ၊ သွားရောက်လည်ပတ်ဖို့ ကောင်းတဲ့ နေရာတွေ ရှိတယ် ဆိုတဲ့ အကြောင်းတွေလည်း ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံက လတ်တလော အဟြေင်းအလဲတွေ အကြောင်းကို မေးတဲ့အခါ သူက “ကျမတို့ နိုင်ငံက အခုဆိုရင် ပိုပြီး ပွင့်လင်းလာပါပြီ။ လှပပြီး အရောင်အသွေးစုံတဲ့ ကျမတို့နိုင်ငံကို အလည်လာဖို့ ရှင်တို့ အားလုံးကို ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။

အကဲဖြတ် ဒိုင်တွေက မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက် လည်ပတ်ဖို့ အကြံပြုချင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက သွားစရာ နေရာတွေ အများကြီးရှိတဲ့ အကြောင်း၊ ဒါပေမယ့် လာရောက်လည်ပတ် သူတွေ အနေနဲ့ အချိန်နည်းမယ် ဆိုရင်တော့ ရွှေတိဂုံ ဘုရားကို သွားစေချင်တဲ့ အကြောင်း အကြံပြုထားပါတယ်။

“အချိန် ပိုရမယ်ဆိုရင်တော့ မြန်မာဘုရင်တွေရဲ့ ရှေးဟောင်းမြို့တော် ပုဂံကိုသွားပါ။ မြန်မာနိုင်ငံရဲ့လှပမှုတွေ၊ အရောင်အသွေး စုံလင် မှုတွေက ရှင်တို့ကို အံ့သြစေလိမ့်မယ်လို့ ကျမဟြေရဲပါတယ်” လို့လည်း သူက ဆက်ပြော ထားပါတယ်။

ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ အင်္ဂလိပ်စကား အားနည်းမှုကို ခွင့်လွှတ်ဖို့ ဒိုင်တွေကို တောင်းပန်တဲ့အခါမှာ ဒိုင်တွေက “Miss Supranational 2013 ပြိုင်ပွဲဝင်များထဲမှာ ချစ်စရာ အကောင်းဆုံးနဲ့ အယဉ်ကျေး၊ အသိမ်မွေ့ဆုံး ဖြစ်တဲ့ Miss Myanmar က သူရဲ့ အင်္ဂလိပ်စကား အားနည်းမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်တဲ့ အတွက် ကျနော်တို့က သူရဲ့ အင်္ဂလိပ်စကား အမှန်တကယ် ကောင်းမွန်ပါတယ်” လို့ ပြန်လည် ဟြေဆိုခဲ့ပါတယ်။

အဲဒီလို ဒိုင်တွေက ပြောတဲ့ အခါမှာ သူက ပြုံးလိုက်ပြီး “ကျမ ကျေးဇူးတင်ပါတယ်၊ ကျမ တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခဲ့ပါတယ်၊ ဒါပေမယ့် သိပ်ပြီး ချောချောမွေ့မွေ့ မဟြေနိုင်ပါဘူး၊ ကျမထပ်ပြီး သင်ယူချင်ပါ သေးတယ်၊ မနက်ဖြန်မှာ လုပ်မယ့် ပင်ကိုယ်စွမ်းရည် ပြိုင်ပွဲမှာ ကျမတို့ တိုင်းပြည်ရဲ့ ရိုးရာအက ကပြဖို့ ပြင်ဆင်ထားပါတယ်။ ရှင်တို့ သဘောကျမယ်လို့ ကျမ မျှော်လင့်ပါတယ်” လို့ ပြန်ပြောတာ တွေ့ရပါတယ်။

နောက်ဆုံး ပရိသတ်တွေကို စကားဟြေတဲ့ အခါမှာတော့ ခင်ဝင့်ဝါက သူ့ကို အားပေးတဲ့ သူတွေထဲမှာ သူ လုံးဝ မသိတဲ့သူတွေ ပါနေတဲ့အတွက် သူ့ကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။

“အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်၊ ကျမ သူတို့ကို သိစေချင်တာက ဒီသရဖူကို မြန်မာနိုင်ငံကို ယူလာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာပါပဲ။ ကျမ အားလုံးကို ချစ်ပါတယ်ရှင်” လို့ သူက အားပေးတဲ့ ပရိသတ်တွေကို တလေးတစား ကတိပေး ဖြေကြားတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒေါ်နော်အုန်းလှ မိန့်ခွန်းပြောတိုင်း ပြည်သူတွေက လက်ခုပ်တီးတဲ့ အတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ် ဟု ဒေသခံ တစ်ဦး ဆို

ဒေါ်နော်အုန်းလှကို ထောင်ဒဏ်နှစ်နှစ် ချမှတ်

ခိုင်ခိုင်

လက်ပံတောင်းတောင်အရေး ဆန္ဒဖော်ထုတ်သူ ဒေါ်နော်အုန်းလှကို သြဂုတ်၂၉ ရက်တွင် မုံရွာမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ကြောင်း ၎င်း၏ရှေ့နေ ဦးရောဘတ်ဆန်းအောင်က မဇ္ဈိမကို အတည်ပြု ပြောသည်။

မုံရွာမြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင် ဒဏ်နှစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားရုံးတွင် သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ ရုံးချိန်း သုံးရက်ဆက်တိုက် သတ်မှတ်ခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်နော်အုံးလှ၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ယခုဖြစ်စဉ်မှာ ဆန္ဒထုတ်ဖော်ခွင့် မရရှိခြင်းကြောင့်ဖြစ်လာသော အကြောင်းအရာများသာဖြစ်ပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ထုတ်ခွင့် ပေးသင့်ကြောင်း၊ ယခုချမှတ်သော ပြစ်ဒဏ်မှာ အနည်းငယ်ပြင်းထန်သည်ဟု ထင်မြင်ကြောင်း မဇ္ဈိမကို ပြောသည်။

၎င်းက “ဒေါ်နော်အုံးလှ ဆန္ဒပြခွင့်မရဘဲဆန္ဒပြတာက ခွင့်ပြုချက်မရတာကြောင့် မုံရွာမှာပြဖို့တင်တာ ကိုးကြိမ်ရှိပြီ။ တစ်ခါမှ မရခဲ့ဘူး။ ခွင့်ပြုချက်မရတာက ခွင့်မပြုလို့ဘဲ။ လွှတ်တော်သုံးရပ်မှာ ဆွေးနွေးသင့်တယ် ဆွေးနွေးပေး ပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဆိုသည်။

ဒေါ်နော်အုန်းလှကို သြဂုတ် ၁၃ ရက် မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ ဖမ်းဆီးခဲ့သည်ဟု အဆိုပါရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့ပြီး အမှုအတွက် တရားလိုပြုလုပ်ခဲ့သူမှာ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ရွှေဖြစ်ကြောင်း လည်း ဦးရောဘတ်စန်းအောင်က ပြောသည်။

ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဘထူးကလည်း ဒေါ်နော်အုန်းလှကို အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး ကြိုတင်စီစဉ်ထားသော အမိန့်ချမှတ်မှုသာဖြစ်သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

ဒေါ်နော်အုန်းလှသည် ဒေသခံ ၁၅၀ ခန့်ကို ဦးဆောင်ကာ သြဂုတ် ၁၃ ရက်က မုံရွာမြို့ပေါ်တွင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ အခြေခံဥပဒေပြင်ပေးရေး၊ ကြေးနီစီမံကိန်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် ရဲများအား အရေးယူပေးရေး စသည်တို့ကို တောင်းဆို ဆန္ဒပြခဲ့ရာ ၎င်းအပါအ၀င် ဆန္ဒပြသူ ၁၀ ဦးကို ရဲများက ဖမ်းဆီးခဲ့ သည်။ ယင်းနေ့ညနေတွင်ပင် ဒေသခံကိုးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်နော်အုန်းလှကို ဆက်လက် ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၀ ရက်ကလည်း ရန်ကုန်တွင် ဒေါ်နော်အုန်းလှနှင့် မတရားဖမ်းဆီးခံရသူရွာသားများ လွှတ်ပေးရန် Generation Youth အဖွဲ့မှ ကိုကျော်သူက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဒေါ်နော်အုန်းလှကို အမိန့်ချခဲ့သည့် သြဂုတ် ၂၉ ရက်သည် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်သော သံဃာများနှင့် ဒေသခံများအား အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့သည့် ကိုးလပြည့်နေ့လည်းဖြစ်သည်။ ယင်းနေ့တွင်ပင် မုံရွာ၌ လူအင်အား ၁၂၀၀ ခန့်က စီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသေးသည်။

ဆီးရီးယား အရေးကြောင့် ကမ္ဘာ့ရွှေ ဈေးကွက် မြင့်တက်လာမှုနဲ့ အတူ မြန်မာ့ရွှေ ဈေးကွက်လည်း အခု တပတ်အတွင်း မြင့်တက်နေ




ဆီးရီးယား အရေးကြောင့် ကမ္ဘာ့ရွှေ ဈေးကွက် မြင့်တက်လာမှုနဲ့ အတူ မြန်မာ့ရွှေ ဈေးကွက်လည်း အခု
တပတ်အတွင်း မြင့်တက်နေပါတယ်။

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်နဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀၀၀ ကျာ် သေခဲ့ရပြီးတဲ့နောက် အမေရိ
ကန်နဲ့ ဗြိတိန်တို့က ဆီးရီးယားကိစ္စကို စစ်ရေးအရစွက်ဖက်ဖို့ ပြင်ဆင်မှုလုပ်လာပြီး အရှေ့အလယ်ပိုင်း
ဒသ မတည်မငြိမ် ဖြစ်လာတာနဲ့အတူ ကမ္ဘာ့ရွှေဈေး
ထိုးတက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေဈေးကွက်က ဒီရက်ပိုင်းအတွင်း ကျပ် ၇၂၀,၀၀၀ ကျော်
အထိ တက်လာပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “ပြီးခဲ့တဲ့
အပတ်က ကမ္ဘာ့ရွှေဈေးကွက်မှာ ဈေးနှုန်းတွေ တက်လာပြီးတော့ ပြည်တွင်း ရွှေဈေးကွက်လည်း လိုက်ပါ
မြင့်တက်လာတာပေါ့။ ကမ္ဘာ့ရွှေဈေးမြင့်တက်ရတဲ့အကြောင်းရင်းက ဆီးရီးယား ပြည်တွင်းစစ်ကြောင့်ပေါ့။
ရွှေဈေးတက်သွားလို့ ကြားထဲက ဘာမှ ရိုက်ခတ်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။

မနေ့ကအထိ ပြည်တွင်းရွှေဈေးက ၁ ကျပ်သားကို ကျပ် ၇၂၆,၀၀၀ ရှိပြီးတော့ ဒီနေ့ရွှေဈေးက ၇၂၄,၅၀၀ ပါ။

အခုလို ပြည်တွင်း ရွှေဈေးမြင့်တက်တာကြောင့် ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအား အခြေအနေနဲ့
ပတ်သက်ပြီး တိတ်စိန်ရွှေဆိုင်တာဝန်ရှိသူ ဦးဇော်အောင်က အခုလို ပြောပါတယ်။

“အမေရိကန်-ဆီးရီးယားကိစ္စကြောင့် ရွှေဈေး ၇၂၀၀၀၀ ဖြစ်သွားတာ တပတ်လောက်ရှိသွားပြီ။ အခုရက်
ပိုင်း အတက်အကျ အရမ်းများတော့ အရောင်းအ၀ယ်တွေလည်း ပိုသွက်တာပေါ့။”

မြန်မာနိုင်ငံရဲ့ ရွှေဈေးကွက်က အခုနှစ် ဧပြီလတုန်းကတကြိမ် ၇၆၀၀၀၀ အထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး အဲ့ဒီအ
ချိန်တုန်းကလည်း ကမ္ဘာ့ဒေါ်လာဈေး မြင့်တက်မှုအရှိန်ကြောင့် ဖြစ်ခဲ့ရတာပါ။

အရှေ့အလယ်ပိုင်း ဒေသ မတည်မငြိမ်ဖြစ်မှုနဲ့အတူ နိုင်ငံတကာမှာ လောင်စာဆီဈေး တက်စပြုနေပေ
မယ့် မြန်မာနိုင်ငံတွင်းက လောင်စာဆီဈေးကွက်ကိုတော့ သိသိသာသာ ရိုက်ခတ်ခြင်း မရှိသေးပါဘူး။

by ယုဇနကိုကို (ဒီဗွီဘီ)

ဘလော့ဂါးဒေးနေ့(သြဂုတ်31)

အားလုံးမင်္ဂလာပါရှင့်

သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးအမှတ်တရအနေနဲ့

ဘလော့ဂါအားလုံးကိုလေးစားမိပါတယ်။



ဘလော့ဂါဒေးဆိုတာဘာလည်း

တကယ်တော့ကျွန်မလည်းအရင်ကမသိခဲ့ပါဘူး။

စာရေးဖန်များလာစာဖတ်ဖန်များလာတဲ့အခါ

ဘလော့ဂါဆိုတာဘာလည်းသိလာပါတယ်

ဘလော့ဂါဆိုတာစာရေးသူများကိုဆိုလိုတာပါ

ကဗျာပဲရေးရေး၊သုတပဲရေးရေး၊ဆောင်းပါးပဲရေးရေး

စာရေးသူတိုင်းအားလုံးကဘလော့ဂါတွေပါပဲ။

ဘလော့ဂါတိုင်း(စာရေးသူတိုင်း)စိတ်ထဲမှာ ရည်ရွယ်ချက်ကတော့တူညီပါလိမ့်မယ်။

စာဖတ်သူများကို ပညာတခုခု၊အသိတခုခု၊ရသတခုခုပေးဖို့ရေးကြခြင်းဖြစ်ပါတယ်။

ဘလော့ဂါတိုင်းအားလုံးလိုလို

ကိုယ့်ရဲ့အသိပညာ၊ ဗဟုသုတ၊အတွေ့အကြုံ၊ စိတ်ခံစားချက်ကို

ဘလော့ဂ်ပေါ်မှာမျှဝေကြသူတွေပါ။

စာရေးသူတွေကစာမရေးရရင်ကိုမနေနိုင်သူတွေပါ

ဘယ်လောက်ကွန်နက်ရှင်ကျကျ

ဘယ်လိုပဲဖြစ်နေဖြစ်နေစာအလွန်ရေးချင်သူတွေပါ



ဝေဖန်ဒဏ်လည်းခံရလည်းပျော်ပျော်ပဲ

ကိုယ်မသိလို့ပြောတာပဲလေ.ပိုကြိုးစားလိုက်မယ်

ဒီလိုစိတ်လေးနဲပေါ့


အားပေးစကားများကလည်း အားဆေးတခွက်ပါပဲ

စာရေးသူများအတွက်တော့

(စာရေးသူတိုင်းအတွက်ကော်မက်တခုကအားဆေးတခွက်ပါပဲ)


ကိုယ်ရေးတဲ့စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို

စိတ်ညစ်တာတွေလည်း မကူးစက်ချင်သူပါ

စာဖတ်သူတွေ ဘလော့တွေဖန်တီးပေးနေရတာကိုကျေနပ်နေသူတွေပါ။

ဤစာဖြင့်ဒီနေ့

သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးမှာ

စာရေးသူ ဘလော့ဂါအားလုံးကိုဂုဏ်ပြုလိုက်ပါတယ်။

စာပေအကျိုးဆထက်တိုးလို့ထမ်းရွတ်နိုင်ပါစေ။

အားလုံးလေးစားလျက်
ရှင်းသန့်မေ
Photo: အားလုံးမင်္ဂလာပါရှင့် သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးအမှတ်တရအနေနဲ့ ဘလော့ဂါအားလုံးကိုလေးစားမိပါတယ်။ ဘလော့ဂါဒေးဆိုတာဘာလည်း တကယ်တော့ကျွန်မလည်းအရင်ကမသိခဲ့ပါဘူး။ စာရေးဖန်များလာစာဖတ်ဖန်များလာတဲ့အခါ ဘလော့ဂါဆိုတာဘာလည်းသိလာပါတယ် ဘလော့ဂါဆိုတာစာရေးသူများကိုဆိုလိုတာပါ ကဗျာပဲရေးရေး၊သုတပဲရေးရေး၊ဆောင်းပါးပဲရေးရေး စာရေးသူတိုင်းအားလုံးကဘလော့ဂါတွေပါပဲ။ ဘလော့ဂါတိုင်း(စာရေးသူတိုင်း)စိတ်ထဲမှာ ရည်ရွယ်ချက်ကတော့တူညီပါလိမ့်မယ်။ စာဖတ်သူများကို ပညာတခုခု၊အသိတခုခု၊ရသတခုခုပေးဖို့ရေးကြခြင်းဖြစ်ပါတယ်။ ဘလော့ဂါတိုင်းအားလုံးလိုလို ကိုယ့်ရဲ့အသိပညာ၊ ဗဟုသုတ၊အတွေ့အကြုံ၊ စိတ်ခံစားချက်ကို ဘလော့ဂ်ပေါ်မှာမျှဝေကြသူတွေပါ။ စာရေးသူတွေကစာမရေးရရင်ကိုမနေနိုင်သူတွေပါ ဘယ်လောက်ကွန်နက်ရှင်ကျကျ ဘယ်လိုပဲဖြစ်နေဖြစ်နေစာအလွန်ရေးချင်သူတွေပါ ဝေဖန်ဒဏ်လည်းခံရလည်းပျော်ပျော်ပဲ ကိုယ်မသိလို့ပြောတာပဲလေ.ပိုကြိုးစားလိုက်မယ် ဒီလိုစိတ်လေးနဲပေါ့ အားပေးစကားများကလည်း အားဆေးတခွက်ပါပဲ စာရေးသူများအတွက်တော့ (စာရေးသူတိုင်းအတွက်ကော်မက်တခုကအားဆေးတခွက်ပါပဲ) ကိုယ်ရေးတဲ့စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို စိတ်ညစ်တာတွေလည်း မကူးစက်ချင်သူပါ စာဖတ်သူတွေ ဘလော့တွေဖန်တီးပေးနေရတာကိုကျေနပ်နေသူတွေပါ။ ဤစာဖြင့်ဒီနေ့ သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးမှာ စာရေးသူ ဘလော့ဂါအားလုံးကိုဂုဏ်ပြုလိုက်ပါတယ်။ စာပေအကျိုးဆထက်တိုးလို့ထမ်းရွတ်နိုင်ပါစေ။

Mutual Friend ရှိနေလဲ Friend list ထဲမှာ မရှိရင် ပိုက်ဆံ ပေးရ မဲ့ Facebook Messge




နောက်နေတယ် အောက်မေ့နေတာ။ ဧပြီလ ၉ ရက်နေ့ကစလို့ တစ်ကမ္ဘာလုံးက နာမည်ကြီး သတင်းဌာန အတော်များများက အတည်ပြု ဖော်ပြနေတဲ့ သတင်း ဖြစ်ပါတယ်။

ကံဆိုးချက်များ Facebook မှာ ကိုယ်မသိတဲ့သူနဲ့ နာမည်ကြီး Celebrity တွေဆီကို စာ (Message) ပို့မယ်ဆိုရင် ဗြိတိန်ပေါင် ၁၀နဲ့ ညီမျှတဲ့ တန်ဖိုးကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ကံအဆိုးဆုံးကတော့ ဗြိတိန်ပါ။ ဗြိတိန်မှာ စတင်မှာ ဖြစ်ပါတယ်။ စတောင်စနေပါပြီ။

အမေရိကန်ဒေါ်လာနဲ့ဆို မနည်းပါဘူး။ ဒါတောင် ဗြိတိန်ပေါင် ၁၀ ဒေါ်လာက အခြေခံတန်ဖိုးပဲ ရှိပါသေးတယ်။ Fan ၁.၃၄ သန်း ကျော်တဲ့ သူတွေဆီကိုပို့မယ်ဆိုရင် ၁၀.၆၈ ဗြိတိန်ပေါင် အထက်မှာ ရှိပါတယ်။ အမေရိကန်မှာ စမ်းသပ် လို့အောင်မြင်ပြီး ဗြိတိန် နိုင်ငံမှာ စတင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။

Message ရိုက်ပြီး စာပို့ခါနီးဆိုရင် ဘယ် Payment စနစ်နဲ့ ငွေချဲမလဲ ဆိုတဲ့ Pop up window က ပေါ်လာတာမျိုး ဖြစ်ပါတယ်။ အဲ့ဒီမှာမှ Paypal, Master Card အစရှိသဖြင့်တို့ကို ရွေးချယ်ပြီး မိမိ အကောင့် ထဲက ငွေကိုတွေ ထုတ်သွားမှာ ဖြစ်ပါတယ်။

ဒါကို အတော်များများက လက်မခံကြပါဘူး။ ရည်ရွယ်ချက်ကတော့ Cyber bulling နဲ့ အကောင့်လုံခြုံရေးအတွက်လို့ ဆိုပါတယ်။ Message ကို ပို့ချင်တိုင်းပို့ခွင့်ပေးထားတော့ နာမည်ကြီး လူပုဂ္ဂိုလ် သို့ ရောက်သောစာ နဲ့ မသိမကျွမ်းပဲ စာလာလာပို့သော သူစိမ်းများကြောင်း စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတို့ ရှိတယ်လို့ ဆိုပါတယ်။ Mutual Friend ရှိနေလဲ Friend list ထဲမှာ မရှိရင် ပိုက်ဆံ ပေးရမယ်လို့တောင် ဆိုပါတယ်။

ပေးလိုက်ရတဲ့ ပိုက်ဆံကိုလည်း ဘယ်သူမှမရပါဘူး။ Facebook က ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ဆီကို သူစိမ်းတစ်ယောက်က စာပို့ရင် ကိုယ့်အတွက်သူ ၁၅ ဒေါ်လာကုန်ထားပေမယ့် ယင်း ၁၅ ဒေါ်လာကို ကိုယ်မရပါဘူး။ Facebook ရဲ့  ဝင်ငွေတစ်ခုအဖြစ် ရှိမှာ ဖြစ်ပါတယ်။

Facebook တည်ထောင်သူ ဇူကာဘတ်ဆီကိုလည်း အလကားပို့လို့ မရ တော့ပါဘူး။ အမေရိကန်ဒေါ်လာ ၁၆ ဒေါ်လာ မကတောင် ပေး ရမယ်ထင်ပါတယ်။ ရည်ရွယ်ချက်တော့ ကောင်းပါတယ်။ သို့ပေမယ့် မကောင်းတာကလည်း တွဲပါနေတော့ ဝေဖန်သူများနေပါပြီ။

နောက်ဆို Comment ပေးတာတောင် ပိုက်ဆံပေးမှ ပေးလို့ရတာမျိုး၊ Post သွားတင်တာတောင် ပိုက်ဆံပေးမှ တင်ခွင့်ရှိ တာမျိုးတို့ကို ပါ ပြုလုပ်နိုင်ချေ ရှိပါတယ်။ ယခုကဲ့သို့ ငွေကောက်ခံမှု စနစ်ကြောင့် Google Plus နှင့် Twitter ဘက်ကိုသာ User အရေအတွက် ပိုမို တိုးလာ နိုင်ချေရှိတယ်လို့ ဝေဖန်ခန့်မှန်းလျက်ရှိကြကြောင်း သိရပါတယ်။
--
               
 တစ်ဆင့်မျှဝေသည်..။
ငှက်ငယ်

သွေးပေါင်ချိန် ကျသူများ အတွက် ပဲပင်ပေါက် အစွမ်း


============================

(အစာသည်ဆေး)
သွေးပေါင်ချိန် ကျတက်လို့ ခေါင်းနေမှုးပြီး လှုပ်လိုက်တာနဲ့ ချာချာလည်မှုး ချွေးစီးတွေ ပြန်တက် ကြပါသည်။

အခုပြော တာလေးကို သင်သည် အမြဲတမ်း စားပေးပါ၊ ပဲပင်ပေါက် တချို့ ကလည်း တိုရ လို့ ခေါ်ကြပါသည်။

( ဥပမာ...မြီးရှည်စားလျှင် ၊ မုန့်တီ စားစား ဘာစားစား ပေါများများ ထည့်စားပေးပေါ့တိုရ ပဲပင်ပေါက် ကိုပါ ) ။သင်သည် သွေးပေါင်ချိန် ကျတတ်သောသူ ဖြစ်နေပါက ယနေ့မှစပြီး ပဲပင်ပေါက်ကို များများ ထည့်စားပေးခြင်း ကြော်စားခြင်း အချဉ် လုပ်စားခြင်း များဖြင့် သွေးပေါင်ချိန် ကျခြင်းမျိုး မဖြစ်တော့ပါ။ လအတော်ကြာကြာ စားပေးခဲ့ပါလျှင် သွေးပေါင်ချိန် ကျတတ်ခြင်းမှ ကင်းဝေး သွားပါလိမ့်မည်.

credit to Mg Mandalay

http://www.myawady.net.mm/health/preventing/item/16833-2013-06-17-11-42-41

ဘဝမှာ စိတ်ချမ်းသာစေနိုင်တဲ့ အကြံပြုချက် ( ၇ ) ချက်



၁- လိမ်လည်ခြင်းကို ရှောင်ပါ။
၂- မျှော်လင့်ချက်ကို လျှော့ပါ။
၃- အလုပ်ကိုများများလုပ်ပါ။
၎- အချိန်ကိုလေးစားပါ။
၅- ရိုးသားဖြောင့်မတ်စွာ နေထိုင်ပါ။
၆- အမြဲတမ်းပြုံးနေပါ။
၇- ပေါင်းသင်းဆက်ဆံရေးကို အစဉ်ခိုင်မြဲပါစေ။

သူငယ်ချင်းတို့ရေ……
ဒီအချက်( ၇ ) ချက်ကို လိုက်နာကျင့်ကြံမယ်ဆိုရင်
ကမ္ဘာမှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်မှာပါလို့ ပြောပါရစေ….။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ…..
လင်းမြတ်(ပန်းတောင်း)

Seven free tips to be happy in your life:
1.Do not cheat.
2.Expect little.
3.Word more.
4.Never be late.
5.Live Simple.
6.Always smile.
7.Never ever break good relations.
If you do that, believe me you will be the happiest persom in the world.
-Unknown
Credit @ copy from >>>myanmar light<<<Thanks

ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့

Kyaw Ko Kyaw shared သုတစွယ်စုံ's photo.
Internet ကို ဆိုင်မှာ သုံးရင် သတိထားပါ

အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။

အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။
ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက် ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက် ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့၊ သေချာအောင် ပုံပါထည့်ပေးလိုက်တယ်။

အင်တာနက် မှာ သတိထား နိုင်ပါစေနော်

အိမ် ခြံ မြေ ဈေးကွက် အားလေ့လာခြင်း

Illegal Land Transfer - အလုပ်ဖြစ်နေဆဲအိမ်မြေဈေးများ


ရန်ကုန်မြို့တွင်းရှိလမ်းမဘေးတိုက်ခန်းများ (၂၀၁၃)

ဘာကြောင့်မှန်းတော့မသိပါ။ အသက်ကြီးလာလို့ဟုထင်ပါသည်။ လက်ရှိမြန်မာနိုင်ငံအဖြစ်ပျက်အများစုမှာ ကြေနပ်တာစရာများပါသည်။ အခုကိစ္စကိုတော့ အချိန်ယူ (နှစ်နဲ့ချီပြီး) ရှင်းရမဲ့ကိစ္စဖြစ်သည်။ လွန်ခဲ့သော၂နှစ်က အိမ်မြေဈေးနှုန်းအဆမတန် တက်သွားခြင်းအကြောင်းဖြစ်သည်။

နိုင်ငံတော်ကြီးကို ပုံစံအမျိုးမျိုးနှင့်စဉ်းစားကြသည်။ ယခင်က မြန်မာနိုင်ငံသည် ၁၉၆၂မှစတင်ပြီး စစ်အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သည်မှာ နှစ်၅၀ကြာသွားသည်။ တိုင်းပြည်လည်း အဖတ်ဆယ်စရာမရှိသလောက် ပျက်စီးသွားသည်။ အဆိုးဝါးဆုံးမှ အကျင့်ပျက်သူအလွန်များပြားလာခြင်းဖြစ်သည်။ ခရစ်ယာန်သမ္မာကျမ်းစာ၊ သုတ္တကျမ်းတွင် ဆင်းရဲခြင်းနှင့်ငွေရတတ်ခြင်း၂မျိုးကို မပေးပါရန်၊ ဆင်းရဲလွန်းပါက ခိုးယူအကျင့်ပျက်မည်ကိုစိုးရိမ်ရသို၊ ငွေရတတ်လွန်းပါက ဘုရားမေ့သွားမည်ကို စိုးရိမ်သည်ဟု ဆိုသည်။ လူတစ်ဦး၊ မိသားစုတစ်ခု၊ ကုမ္မဏီတစ်ခု ..ခပ်သေးသေးစဉ်းစားပါက ချမ်းသာလျှင် ဘုရားမေ့၊ တရားကိုကိုယ့်အကြိုက်လုပ်တတ်ကြသည်။ ဆင်းရဲလွန်းပါက အကျင့်ပျက်ပြီး၊ ခိုးယူတတ်လာပါသည်။

လူ့ဘဝတွင် များစွာသောအသီးအနှံကြဲသော်လည်း အသီးအနှံနည်းပါးရသည်။ စားရသော်လည်း ဝစွာမစားမသောက်ရကြ၊ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာမဝတ်ကြရ၊ အလုပ်လုပ်၍အခရသော်လည်း မလုံလောက်သောအိပ်မှာသိုထားရသည်..စကားရပ်အတိုင်း လူလောကတွင်လူများစွာတို့သည် ချိုးခြံချွေတာရင်း သေသွားကြသည်။ ဥပမာ မက်ဒေါနယ်သူဌေးကြီးသည် ကွယ်လွန်သောအခါ ဒေါ်လာသန်းပေါင်း ၈ထောင်ကျော် ချန်ထားခဲ့သည်။ သူ့ကို ချစ်မေတ္တာပြနိုင်သော ညစားသောက်ဆိုင်အလုပ်သမလေးတစ်ဦးနှင့် လက်ထပ်ခဲ့သဖြင့် ထိုငွေအားလုံးသည် အလုပ်သမလေးလက်ထဲသို့ ရောက်သွားလေသည်။ အလုပ်သမလေးတဖြစ်လဲ ..သူဌေးမကြီးက ထိုငွေအားလုံးနီးပါးကို ဘုရားသခင်နှင့်လူမှုရေးဆိုင်ရာများသို့ လှုဒါန်းပစ်လိုက်သည်။ နိုင်ငံတကာတွင် ဘဏ်ထဲစုထားသောပိုက်ဆံများ ပိုင်ရှင်လာမထုတ်ပဲ နှစ်ပေါင်းများစွာ အကောင့်အသေဖြစ်သွားပါက၊ ဆွေမျိုးရှာမရလျှင့် နိုင်ငံတော်က ပိုင်သည်။ ဘဏ်ကလည်း ထိမ်းသိမ်းစောင့်ရှောက်သည့် အခကြေးငွေရပါသည်။ ထို့ကြောင့် လောကတွင် ရှာသမျှငွေများကို သားစဉ်မြေးဆက် စားမကုန်အောင် စုဆောင်းပေးထားလိုသူများကို မြန်မာပုံပမာ ကဋေကြွယ်သူဌေးသား - ကောင်သေလင်းတကျ၏တည်း ...ဟု ပညာမတတ်ပါက၊ ရှိသမျှအကုန်ပြောင်မည်သာဖြစ်သည်

အထူးသဖြင့် ခေတ်ပြောင်းကာလအချိန်တွင် တောကြောင်လက်ခမောင်းခတ် ဆိုသည့်အတိုင်း၊ ဂျပန်ခေတ်၊ ဒုကမ္ဘာစစ်တွင် ဓါးပြများစွာပေါ်ပေါက်ခဲ့သည်။ ယခု မြန်မာပြည်ခေတ်ပြောင်းသောအခါ အေးဆေးစွာ၊ ပြောင်းလဲနေခြင်းမှာ ကျေနပ်စရာဖြစ်သည်။ လူသားဖြစ်သောကြောင့် မကျေနပ်စရာများစွာ ရှိနေသေးရာတွင် ခြစားမှုကို စိတ်အပျက်ဆုံးဖြစ်သည်။ ယခင်အစိုးရလက်ထက်ကတည်းက ကမ္ဘာ့ခြအစားဆုံးနိုင်ငံဖြစ်ရသော်လည်း စစ်အစိုးကဖမ်းမည်စိုးရိမ်သဖြင့် မပြောရဲ၊ မပြောဝံ့၊ ယခုအခါ မီဒီယာ၊ ဖေ့စ်ဘုတ်များဖြင့် လွတ်လပ်ခွင့်ကိုပေးထားသောကြောင့် ဖွဘုတ်အဖြစ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဖေါ်ပြနေကြသည်။

အိမ်မြေဈေးကြီးမှုသည် အရှေ့တောင်အာရှတွင်သာမက၊ ကမ္ဘာ့အဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် သိသမျှရေးပါမည်။ ကမ္ဘာ့ခြအစားဆုံး (အကျင့်ပျက်ဆုံး) မြန်မာနိုင်ငံနှင့် ခြမစားဆုံး(အကျင့်မပျက်ဆုံး) စင်ကာပူနိုင်ငံကို ယှဉ်ရေးမည်ဖြစ်သည်။ ကျနော်တို့ ပြည်ပရောက်မြန်မာအများစုတွင် ဝင်ငွေများသောအနောက်နိုင်ငံရောက်မြန်မာများက လစာကောင်းမည်ဖြစ်သော်လည်း၊ စင်ကာပူရောက်မြန်မာများက ငွေစုဆောင်းနိုင်မှုအကောင်းဆုံးဖြစ်သည်။ ထိုင်းနိုင်ငံကို ယှဉ်ပြီး မြေဈေးကြီးမှုကို ယှဉ်လိုသော်လည်း ထိုင်း၊မလေးရှားနိုင်ငံတွင် အိမ်ပိုင်သောမြန်မာများ အလွန်နည်းပါးသည်။ အမေရိကန်၊သြစတြေးလျှားရောက် မြန်မာများက လည်း စင်ကာပူကဲ့သို့သဘောထားနိုင်ပါသည်။

မင်္ဂလာတောင်ညွန်၊ ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်ခန်းများ


အိမ်မြေဈေးနှုန်းထိမ်းချုပ်ချုပ်ခြင်း
အစိုးရတိုင်းသည် ပြည်သူလူထုအများစုကို စားဝတ်နေရေး၊ အဆင်ပြေရန် အလုပ်အကိုင်ရရှိရေး အိမ်မြေပိုင်ရေး၊ သက်ကြီးပင်စင်ကိစ္စများ စသည်တို့ကို လုပ်ဆောင်ပေးရသည်။ အထူးသဖြင့် နေစရာသည် အရေးကြီးသည်။ ဝင်ငွေကောင်းပါက အိမ်ငှားခမထောင်းသာ၊ ဝင်ငွေမရှိပါက အိမ်ငှားခသည် ပြသနာကြီးဖြစ်လာသည်။ စင်ကာပူ၊ အမေရိကားတွင် အလုပ်မရှိလျှင် Homeless အိမ်ခြေမဲ့အဖြစ် ရှောက်သွားနေရသူများစွာ ရှိသည်။ အိမ်ငှားဖို့ပင် မတတ်နိုင်ပါ။ စားစရိတ်က သိပ်မကြီးလှပါ။ မြန်မာပြည်တွင် အလုပ်မရှိပါက တောပြန်ပြီး၊ ထမင်းနှင့်ငပိ၊ငြုတ်သီးစား နေလို့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲနိုင်ငံများမှာ နေစရာထက်၊ စားဖို့ကို ပိုခက်ပါသည်။ ယခု မြန်မာပြည်ပြုပြင်ပြောင်းလဲလာသဖြင့် ခုပဲ အနောက်နိုင်ငံများကဲ့သို့ ချမ်းသာတော့မည့်အလား အိမ်မြေဈေးများ တဟုန်ထိုးတက်လာသည်ကို အစိုးရက ဝယ်ခွန် ၃၇%ဖြင့် ထိန်းချုပ်ထားသော်လည်း ယခုအချိန်တွင် ကမ္ဘာထိပ်ဆုံးတွင် တန့်နေပြီဖြစ်သည်။ တက်ပြီးပြန်ကျလေ့မရှိတော့။ ငွေဖေါင်းပွနှုန်း Inflation က ကမ္ဘာ့ပေါက်ဈေးပြန်ရောက်အောင် ဆွဲချမည်ဖြစ်သည်။ ၃နှစ်မှ ၅နှစ်ထိ စောင့်ရမည်။ ယခု သိန်း၁၀၀၀ တန်အိမ်သည် (1USD = 1000 kyat) ဒေါ်လာတစ်သိန်းနှင့်ညီမျှသည်။ နောက်၅နှစ်ကြာလျှင် (1USD=2000kyat) မလွဲမသွေဖြစ်လာတော့မည်။ ထိုအခါ သိန်း၁၀၀၀အိမ်ဈေးက မတက်၊မကျတော့ပဲဖြစ်နေမည်။ ထိုအချိန်တွင် ကျပ်ငွေဖြင့် သိန်း၁၀၀၀ ဈေးပေါက်သော်လည်း ဒေါ်လာအားဖြင့် ၅သောင်းပဲ တန်ဖိုးရှိတော့မည်ဖြစ်သည်။ ၅နှစ်အတွင်း အိမ်တန်ဖိုး ၂ဆ ပြန်ကျသွားမည်။ ကျပ်ငွေကိုသာ အာရုံထားသော ၉၀ရာနှုန်းသော မြန်မာများအဖို့ မိမိပိုင်သောအိမ်တန်ဖိုး ဈေးမကျဟု ဖြေပြီး၊ ကျေနပ်နေမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာနှင့် ကူသန်း၊ရောင်းဝယ်နေသူအဖို့ ယခုအချိန်၊ သူပိုင်သော အိမ်မြေအများပြားမှာ သိန်း၁၀၀၀တန်အိမ်ကို ရောင်းချပြီး၊ အရောင်းအဝယ်လုပ်သဖြင့် ငွေတိုးပွားလာဦးမည်။ နောက်၅နှစ်ကြာချိန် ကျပ်ငွေပြန်ပြောင်းပြီး အိမ်၂လုံးဝယ်နိုင်မည်ဖြစ်သည်။ အချိုက စီးပွားမလုပ်တတ်သဖြင့် အိမ်ရောင်းလိုက်မှ၊ အိမ်လဲဆုံး၊ ရောင်းရငွေလဲဆုံး ဖြစ်သွားမည်ကိုသိသဖြင့် ဒီအတိုင်းပဲနေကြသည်။

စင်ကာပူတွင်
၂၀၀၇တွင် ကမ္ဘာ့စီးပွားပျက်ချိန်၊ စကာပူနိုင်ငံသားများစွာ အလုပ်လက်မဲ့ဖြစ်ရသည်။ နိုင်ငံသားအားလုံးနီးပါးမှာ အကြွေးနှင့်အိမ်ဝယ်ကြသဖြင့် လစဉ်အိမ်ဖိုး Installment ဒေါ်လာ တစ်ထောင်မှ၊ နှစ်ထောင်အထိ ပေးသည်။ အလုပ်မရှိ၊ ဝင်ငွေမရှိသောအခါ အလုပ်သစ်ကလည်း အရင်လောက်လစာမရတော့။ အိမ်ကို အစိုးရထံထိုးအပ်လိုက်ရသည်။ (စင်ကာပူတွင် ၈၀% အိမ်အများစုမှာ အစိုးရကပိုင်သည်)။ စင်ကာပူအစိုးရတွင် အိမ်များစွာ ပိုလျှံနေပြီး၊ အရေးထဲ Reserve Money ဆိုသော ဒေါ်လာ ဘီလျှံ၂၀၀ကျော်မှာ ကမ္ဘာ့ ကုမ္ပဏီရှယ်ယာဈေးကသည်နှစ် တစ်ဝက်ခန့် တဟုန်ထိုးကျဆင်းသွားသည်။ တနည်းအားဖြင့် ဘလျှံ၁၀၀ကျော် ကမ္ဘာ့စီးပွားကပ်နှင်အတူ ဆုံးရှုံးသွားသည်။ နိုင်ငံသေးသဖြင့် ပိုခံရသည်။ နိုင်ငံတွင်းမှ အလုပ်သမားများစွာ အလုပ်ပြုတ်ရာတွင်၊ နိုင်ငံခြားအလုပ်သမားများ သိန်းနှင့်ချီပြီး အလုပ်ပြုတ်၊ မိမိနိုင်ငံသို့ပြန်ရသည်။ အိမ်ဈေးနှုန်းများမကျရန် အစိုးရက ရာဖြတ် Valuation ဖြင့်ထိန်းထားသည်။ လူများက အစိုးရရာဖြတ်ဈေးထက် လျှော့ရောင်းကြနေချိန်၊ အစိုးရက နိုင်ငံခြားသား တစ်သန်းကျော်ကို အမြဲနေထိုင်ခွင့် PR Permanence Resident ချပေးလိုက်သည်။ ထိုသူများက ငွေစုဆောင်းမိထားသူများဖြစ်သောကြောင့် ပိုလျှံနေသော အစိုးရအိမ်များကို ဝယ်ခွင့်ရသည်။ ထိုနည်းဖြင့် စင်ကာပူသည် နိုင်ငံခြားသားပေါင်းများစွာထံမှာ တစ်ဦးလျှင့် ဒေါ်လာတစ်သိန်းခန့် ပြန်ယူထားနိုင်ခဲ့သည်။
ယခု ၂၀၁၂တွင် အိမ်ဈေးများ ထပ်မံထိုးတက်လာသည်။ ကမ္ဘာ့စီးပွားရေးကလည်း ၂၀၀၈နောက်ပိုင်း နာလံမထူးနိုင်သေးပါ။ စင်ကာပူတွင်လည်း အိမ်များစွာ ပိုလျှံနေချိန်က အိမ်ဝယ်ရန်၊ ဘဏ်ချေးငွေ ၈၀%နှင့်၊ ကျန်သော၂၀%ကိုလည်း ချေးရနိုင်သဖြင့် လူတိုင်း Cash down payment မလိုပဲ ဝယ်ခွင့်ရသည်။ ထို့ကြောင့် အိမ်ဈေးများ ထိုးတက်လာရာ၊ ၂၀၁၂တွင် အမြင့်ဆုံးရောက်ခဲ့သည်။ ထိုအခါ စင်ကာပူနိုင်ငံသားများက အိမ်ကိုရောင်းပြီး အမြတ်ကိုထုတ်ယူ၊ နောက်တစ်အိမ်ကို ၈၀% ဘဏ်ချေးငွေဖြင့် ပြန်ဝယ်ကြသည်ဖြင့်၊ အိမ်အရောင်းအဝယ် အရမ်းကောင်းလာသည်။ အိမ်ဈေးအရမ်းတက်လာသဖြင့် စီးပွားရေးနလံထူနိုင်ပြီးဖြစ်သော စင်ကာပူအစိုးရက အိမ်ဝယ်သူများ ငွေသားမရှိပဲ ဝယ်မရအောင် နည်းမျိုးစုံဖြင့် ကျပ်ပစ်လိုက်ပါသည်။ ဒေါ်လာတစ်သိန်း လက်ထဲမရှိလျှင် အိမ်ဝယ်ရန်မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်သွားသည်။  အစိုးရတိုက်ခန်းအိမ်တစ်ခါေ၇ာင်းပြီး ၅နှစ်အတွင်း ပြန်မရောင်းရ သတ်မှတ်သည်။ ယခု ၂၀၁၃တွင် အိမ်အရောင်းအဝယ်မရှိသလောက်ဖြစ်သွားသည်။ အိမ်ဈေးလည်း တရိပ်ရိပ်ကျလာပါတော့သည်။ ဒေါ်လာ၎သိန်းတန် အိမ်ကို ငှားစားပါက တစ်လ ၂၄၀၀ဒေါ်လာ၊ တစ်နှစ်လျှင့်၂၈၈၀၀  ဒေါ်လာ (အိမ်တန်ဖိုး၏ ၇%) ရမည်ဖြစ်သည်။ စင်ကာပူတွင် ဘဏ်တိုးနှုန်းသည် ၀.၂ရာနှုန်းသာရှိသည်။
စင်ကာပူနှင့်တိုးတက်သောနိုင်ငံများတွင် Valuation ဟုခေါ်သောအိမ်မြေတန်ဖိုးဖြတ်ခြင်း (ရာဖြတ်)သည် ၅%မျှပင် အတိမ်စောင်မရှိအောင် စနစ်ကျလှသည်။ မြန်မာနိုင်ငံမှရာဖြတ်များ တကယ်အရောင်းဝယ်တန်ဖိုး၏ ၃၃%ဖြင့် ရာဖြတ်ပေးခွင့် အောက်ပါဖြစ်ရပ်မျိုး စင်ကာပူ၊အမေရိကားတွင် သွားလုပ်မိပါက ထောင်နှစ်ပေါင်းများစွာကျသွားနိုင်ပေသည်။ မြန်မာပြည်တွင် ထိုသို့အစိုးရကိုခြစားမှ အိုကေသည်။

မြန်မာပြည်တွင်
၂၀၀၇ မတိုင်မီကတည်းက တရုပ်နှင့်မြန်မာကုမ္ပဏီများက မြန်မာနိုင်ငံရှိ လယ်မြေ၊ခြများစွာကို ဈေးသက်သာစွာဖြင့်၊ ဝယ်ယူထားပြီးဖြစ်သည်။ ၂၀၀၇နောက်ပိုင်းတွင် လယ်မြေကွက်သာမက မြို့ပေါ်မှအိမ်များပါ အရောင်းအဝယ် အရမ်းကောင်းလာသည်။ အရောင်းအဝယ် ကောင်းလာလျှင် ဈေးတက်လေ့ရှိသည့်အတိုင်း၊ ဝယ်ရောင်းလုပ်စားသူ၊ ငွေမဲပိုင်ရှင်များက အိမ်များကို ဆက်ကာ၊ ကုမ္မဏီငွေဖြင့် နိုင်ငံခြားကုမ္ပဏီကြီးများနှင့်အပြိုင်ပေးပြီး ဝယ်ယူကြသည်။ နောက်ဆုံး အရှေ့တောင်အာရှတွင် အိမ်မြေဈေးအကြီးဆုံး နိုင်ငံဘဝသို့ ရောက်သွားသည်။ စင်ကာပူတွင် ဒေါ်လာ ၃သိန်းတန်တိုက်ခန်းကိုလည်း မြန်မာပြည်တွင် ဒေါ်လာ၃သိန်းနီးပါးဈေးပေါက်သွားသည်။ ၇န်ကုန်တွင်သာမက နယ်မြိုအားလုံး ဈေးတက်သွားပြီး၊ အစိုးရကလဲ ၃၇% ဝယ်ခွန်တောင်းပြီး၊ ထိန်းချုပ်သည်။ နိုင်ငံခြားသားများနှင့်မြန်မာနိုင်ငံသားများက အိမ်မြေဈေး အဆမတန်ဈေးကြီးသွားခြင်းသည် တိုင်းပြည်စီးပွားပျက်၊ ခေတ်ပျက်သို့ ပိုပြီး ဇောက်ထိုးကျသွားရသည်။ မြန်မာနိုင်ငံတွင်နေသူများသာမက နိုင်ငံခြား (စင်ကာပူ)တွင် ကုတ်ကပ်လုပ်ကိုင်ပြီး၊ စုဆောင်းမိသော  ဒေါ်လာတစ်သိန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မြန်မာပြည်သို့သွားက အိမ်ဝယ်ရန် လိုက်စုံစမ်း၊မေးမြန်းသည်။ တပ်ခေါက်ပြီး ဈေးမတတ်နိုင်သဖြင့် ပြန်လာရသည်။ ဒေါ်လာတစ်သိန်း (ကျပ်သိန်း၁၀၀၀) မှာ အိမ်ကောင်းကောင်း မရတော့ပါ။ ယခင်၂၀၀၆ခန့်က သိန်းတစ်ထောင်တန်အိမ်သည် ယခု သိန်း၅ထောင် အထက်ဖြစ်နေလေပြီ။  မြန်မာပြည်တွင် သိန်း၁၀၀၀တန် အိမ်ကိုငှားစားပါက တစ်လ၂သိန်းခန့်သာရသည်။ တစ်နှစ် ၂၄သိန်း (အိမ်တန်ဖိုး၏၂.၄%) သာရသည်။ စင်ကာပူတွင် ၇% ရသဖြင့် မြန်မာပြည်သည် ၃ဆခန့် အိမ်ဈေးဖောင်းပွနေသည်ဟု သတ်မှတ်ရပေမည်။


အစိုးရဌာနအားလုံး မြေပိုင်ရှင်ကြီးများဖြစ်နေသည်။ (ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးမွေးမြူရေးခြံ၊ တောင်ကြီးမြို့)

သမ္မတဦးသိန်းစိန်လည်းမတတ်နိုင်
အိမ်မြေ၊ ၂ခု၊ ၃ခု ပိုင်ရှင်များအတွက် ယခုကာလသည် အလွန်ကောင်းသည်။ တစ်လုံးကို သိန်းတစ်သောင်းနှင့် ရောင်းလိုက်သည်။ ဒေါ်လာ တစ်သန်းရသည်။ စင်ကာပူတွင် ကုမ္ပဏီလာထောင်ပြီး အိမ်ဝယ်သည်။ ဒေါ်လာ၂သိန်းပေးလျှင် ကွန်ဒိုတစ်လုံး ၈၀% အကြွေးဖြင့် ဝယ်ရသည်။ အိမ်ငှားတင်လျှင် တစ်လ ၄၀၀၀ဒေါ်လာရသည်။ ထိုအိမ်ငှားရငွေကို လစဉ်အိမ်ဖိုး ဘဏ်ချေးငွေပြန်သွင်းခြင်းဖြင့် စင်ကာပူတွင်လည်း အိမ်ပိုင်ရှင်ဖြစ်သည်။ အမေ၇ိကား၊ သြစတြေးလျားသွားပြီးလျှင် ဟိုမှာလည်း ကုမ္ပဏီထောင်ပြီး အိမ်ဝယ်ပြန်သည်။ နိုင်ငံခြာနေတာ သဘောကျသော ငယ်ရွယ်သူသားသမီးများကို နိုင်ငံခြားတွင်ထားခဲ့သည်။ သူတို့ကတော့ နိုင်ငံခြားမှ ပို့ပေးသောငွေဖြင့် နိုင်ငံတကာတွင် အိမ်ပိုင်ဖြစ်နေသည်။ စီးပွားလုပ်တတ်သောသူဖြစ်ပါက ခရိုနီဖြစ်လာတော့သည်။ ခရိုနီ၊ မိုနိုပိုလီ ငွေရှင်များသည် စစ်အာဏာရှင်ဟောင်းများနှင့်ပေါင်းဖေါ်ပြီး လက်ဝါးအုပ်စီးပွားရေးများတွင် ပါဝင်က ဒေါ်လာတစ်သန်းသည် တစ်နှစ်အတွင် ၁၀သန်းဖြစ်လာသည်။ ၂နှစ်အတွင်း အိမ်မြေဈေးများကို အစိုးရက မည်သို့မျှမချုပ်ကိုင်နိုင်တော့ပါ။ အစိုးရတွင် အခြား Fire Fighting များစွာရှိနေသဖြင့် အိမ်မြေဈေးကို ခရိုနီများဦးဆောင်သော၊ မြန်မာလူထုကြီးက အဆမတန်ဖြစ်အောင် ဈေးမြှင့်ပေးလိုက်သဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကို အဟန်တားကြီးစွာဖြစ်စေခဲ့သည်။

ဖားအံမြို့ကို ကြည့်ပါ။ ကရင်ပြည်နယ်တွင် တောမြို့ကလေးက ၄၀x၆၀ ပေမြေနှင့်၊ အိမ်အစုတ်လေးတစ်ခုကို သိန်းတစ်ထောင်၊ နှစ်ထောင် အော်ဟစ်နေကြသည်။ တကယ်ဝယ်လျှင် သိန်း၇၀၀လောက်ဖြင့် ရနိုင်ပါသည်။ သို့သော် အိမ်ပိုင်ရှင်များက သူတို့အိမ်ဈေးကို ပါးစပ်ဖျားကမလျှော့၊ မနေ့က မြန်မာပြည်အလယ်ပိုင်မှ စင်ကာပူအလည်လာသော ခရစ်ယန်တရားဟောဆရာတစ်ဦးက သူဝယ်တုန်းက တစ်သိန်းပဲပေးရတယ်။ အခုတော့ သိန်းတစ်ထောင်ဖြစ်သွားပြီး..ဟု ကြွားဝါလိုက်ရာ၊ တရားနားထောင်နေသူ လူ၁၀၀ခန့်က ဟာကနဲ ဖြစ်သွားသည်။ စင်ကာပူတွင် အလုပ်လာလုပ်သူများမှာ တစ်လထောင်ဂဏန်းမျှသာ ရသဖြင့် တစ်နှစ်ငွေ၅ထောင်စုမိဖို့ဆိုသည်မှာ အရမ်းခက်ခဲသည်။ စင်ကာပူတွင် ကျွန်လာခံ၊ အလုပ်၅နှစ်လုပ်ပြီး ဒေါ်လာတစ်သောင်းရရင် မြန်မာပြည်မှာ ကိုယ်ပိုင်အိမ်နဲ့ အေးအေးဆေးဆေးနေမယ်။ စင်ကာပူက ဒေါ်လာ၎သိန်းတန်အိမ်မဝယ်နုင်တော့ မြန်မာပြည်မှာ ဒေါ်လာတစ်သောင်းဆို သိန်းတစ်ရာနဲ့ အိမ်ဝယ်ဖို့ ရည်မှန်းချက်ကြီးတွေ အားလုံးပြိုကျ၊ပျက်စီးသွားလို့ ...ဟာ..ကနဲ့ အော်လိုက်ကြတာပါ။  မပူပါနဲ့။ ဒေါ်လာတစ်သောင်းကိုသာ စီးပွားမလုပ်တတ်ရင် မလုပ်ပါနဲ့။ ကျစ်ပါဆုတ်ထားရင် နောက်၅နှစ်ဆို ဒေါ်လာတစ်သောင်းနဲ့ အိမ်ပြန်ဝယ်နိုင်မှာပါ ။ မလေးရှားမှာဆို ဒေါ်လာတစ်သောင်းဆို အိမ်တစ်လုံး ရေမီးအပြည်စုံ၊ ကားတစ်စီး ဒေါ်လာ၅၀၀ နဲ့ဝယ်လို့ရပါသည်။

အမေရိကားမှာ စင်ကာပူသို့ အလယ်လာသော မြန်မာလူငယ်တစ်ဦးက စင်ကာပူလူငယ်၊ ဆွေမျိုးများကို ကြည့်ပြီး အင်း၊ တစ်ခန်းကို ဒေါ်လာ၄၀၀ပေးပြီး ၂ယောက်နေကြတယ်။ မာစတာအိပ်ခန်းဆို ကုတင်၃လုံးသွင်းပြီး ပြွတ်ကျပ်နေရတယ်။ အိမ်ဈေးတွေက ခေါင်ခိုက်လို့ အစိုးရကလဲ အိမ်မဝယ်နိုင်အောင်လုပ်ထားတော့ စင်ကာပူရောက်၊ မြန်မာများဘဝကို ကြည့်ပြီးစိတ်ပျက်တယ်တဲ့။ သူတို့ Taxas တက္ကဆက်ပြည်နယ်မှာ ဒေါ်လာတစ်သိန်းတန်အိမ်ဆို အကြီးကြီးပဲ၊ ဒေါ်လာတစ်သောင်း လက်ထဲရှိရင် ဝယ်လို့ရပြီး၊ အခန်းပေါင်း ၁၀ခန်းလောက်၊ ၂ထပ်တိုက်နဲ့ နေစမ်းပါ ..တစ်လကို အိမ်ဖိုး အရစ်ကျငွေ ဒေါ်လာ၅၀၀လောက်ပဲပေးရတယ်။ အမေရိကားဘဝ ကောင်းမွန်ကြောင်း လာပြီးပြောပြတယ်။ စင်ကာပူမှာ ၁၀နှစ်လောက်နေပြီး အိမ်တွေ၊ စီပီအက်စုဆောင်းငွေတွေ တန်ဖိုးက ဒေါ်လာတစ်သန်းခွဲလောက် ပိုင်ဆိုင်နေတဲ့ စင်ကာပူရောက်မြန်မာကတော့ အမေရိကားရောက်မြန်မာကို သနားနေမှာပါပဲ။ ဒီလိုပါပဲ။ လူဆိုတာ ကိုယ်နေတဲ့နေရာ ကုတင်ရွှေနန်းပါပဲ။


အိမ်မြေအရောင်းအဝယ် ခြစားမှုကြီးများ
ဖားအံက မြို့နယ်ဦးစီးမှုးတွေဆို လယ်မြေ၊ အိမ်တွေ အများကြီးပိုင်နေကြတာကို တွေ့ရတယ်။ တိုင်းဦးစီးမှုးဆို တိုင်းတစ်ခုထဲမှာ ပါတဲ့မြို့နယ်တိုင်းက အိမ်မြေ၊ ဝေစုတွေရယူထားတော့ အစိုးရဝန်ထမ်းများဟာ အိမ်မြေပိုင်ရှင်ကြီးဘဝကနေ၊ မမျှော်လင့်ပဲ ၂၀၁၂နောက်ပိုင်းမှာ မြေပိုင်ရှင်သူဌေးအကြီးစားဘဝ ရောက်သွားပါတော့တယ်။ အာဏာပိုင်များ၊ ကုမ္ပဏီပိုင်ရှင်သူဌေးများ၊ နိုင်ငံခြားသားပေါက်ဖေါ်များက အိမ်မြေအေ၇ာင်းဝယ်လုပ်တိုင်း ဝန်ထမ်းရာထမ်း၊ စာရေးများလည်း မြတ်မြတ်ကလေးရပါတယ်။ အရင်ခေတ် မနှစ်ကမကြည့်ပဲ ခြစားမှု အပြင်ထန်တိုက်ဖျက်နေတယ်ဆိုတဲ့ အခုခေတ်ကို ကြည့်ပါ။

ဖားအံမှာ သိန်း၅ထောင် တန်တဲ့ မြေကွက်အစုတ်တစ်ခုကို ပိုက်ဆံအလွယ်တကူသူ၊ လူတစ်ယောက်က ဝယ်မယ်ဆိုပါသည်။  ထိုလူ အလွယ်တကူ ကျပ်သိန်း၅ထောင်ရသလဲဆိုသည်ကို ထားတော့။ လောလောဆယ်တော့ အိမ်ပိုင်ရှင်က သိန်း၅ထောင် ပက်ကနဲရမည်။ ဖားအံတွင် တစ်သက်လုံးနေခဲ့ပြီး အထီးကျန်ဖြစ်နေချိန် သားသမီးများရှိသော ရန်ကုန် (သိုမဟုတ်) စင်ကာပူမှာ အိမ်ဝယ်ဖို့ ငွေမရှိဖြစ်နေတဲ့ သားသမီးများကို ပံ့ပိုးဖို့ဖြစ်လာသည်။ အရောင်းအဝယ်လုပ်သောအခါ ဝယ်သူက ၃၇% အခွန်ပေးရမည်ဆိုပါက ကျပ်သိန်းပေါင်း ၁၈၅၀ ပေးရမည်။ ဝယ်သူက မပေးချင်ပါ။ အလွန်များလှသောငွေကို ဘာဖြစ်လို့ အစိုးရဆိုတဲ့ အကောင်ထည်မရှိသူကို ပေးရခြင်းထက်၊ အခွန်ဆောင်ရုံး၊ မြေစာရင်းရံးမှာလူတွေကို သိန်း၃၀၀လောက် ပေးလိုက်တာက ကျေးဇူးတောင်ရှိသွားပြီး မိတ်ဆွေကောင်းတိုးပွားမယ်  ဟု ခံယူသူချည်းဖြစ်သည်။ ထို့ကြောင့် ယခုထုံးစံအတိုင်း ရာဖြတ်၊ တန်ဖိုးသတ်မှတ်သူက သုံးပုံတစ်ပုံ အိမ်တန်ဖိုးကို သိန်း၁၅၀၀ ဟု သတ်မှတ်လိုက်သည်။ အခွန်သိန်း၅၅၀ ကျသင့်သည်ဟု အခွန်ရုံးမှတွက်ပေးသည်။ အိမ်ဝယ်သူကလည်း မိမိငွေသည် ငွေမဲမဟုတ်၊ ဘာညာ၊ စာရွက်စာတမ်းတင်ပြကာ နောက်ဆုံး ဝယ်ခွန်သိန်း၄၀၀နှင့် တည့်သွားသည်။ ရောင်းဝယ်တွင် ပါဝင်သည့် ဌာနဆိုင်ရာလူ အဓိကလူ၃ဦးကို သိန်း၃၀ဆီ ပေးလိုက်သည်။ ကျန်လူမျာကို ကြည့်ပေးလိုက်သည်။ အစိုးရကတော့ သိန်း ၁၈၅၀ ရမည့်အစား သိန်း၄၀၀ပဲ ရရှိသည်။ အိမ်ရောင်းသူက ဘိုးဘွားပိုင်ဖြစ်လျှင် အခွန်သိပ်ပေးစရမလို၊ သို့သော် အရောင်းဝယ်လုပ်ပေးသူများနှင့် ပွဲစားခပေးရမည်ပင်။ 

ထိုနည်းဖြင့် ဖားအံမြို့ငယ်လေးတွင် အိမ်ယာများစွာ အရောင်းအဝယ်ဖြစ်နေရာ၊ ခြစားခွင့်ရှိသော ဝန်ထမ်းများသည် အကြီးအကျယ် ချမ်းသာနေသည်။ ယခင်က ဝန်ထမ်းများကိ မြေကွက်များဖေါ်ပေးသဖြင့် ရထားသောမြေယာများကိုလည်းေ၇ာင်းစားလျှင်လည်း ငွေလက်ဖျားသီးနေပြီဖြစ်သည်။ သူတို့ကတော့ ရှေးကုသိုလ်ကောင်းလှသည်ဟု ကြွေးကြော်၊ ကျေနပ်နေမည်ဖြစ်သည်။ အခြားသူများကလည်း ထိုသူများနှင့်စစ်အာဏာရှင်ဟောင်းများ၊ ခရိုနီများကို မုဒိတာမထားကြ၊ သြော် ကုသိုလ်ထူးတယ်  ..ဟု ခြအကြီးစားကြီးများကိုပင် ရိုသေလေးစားနေကြသည်မှာ ခေတ်ပျက်ကြီးဖြစ်လေတော့သတည်း။
 

ရန်ကုန်၊ ဒဂုံတောင် စက်မှုဇုံ

အဆင်ပြေသူလူနဲစုနှင့်ရွှေပုံပေါ်ထိုင်ထမင်းငတ်နေသူလူများစု
မြို့ပေါ်တွင် ကန်ထရိုက်တိုက် ထပ်မံဆောက်ခွင့်ရသောသူများမှာ ၁၀ထပ်တိုက်ဆောက်ပြီး၊ အခန်း၃၀တွင် ၁၀ခန်းပဲရောင်းချလျှင် အရင်းကျေပြီဖြစ်သည်။ ကျန်တိုက်ခန်းများကို မိမိတို့ကုမ္မဏီပိုင်အဖြစ် သတ်မှတ်ထားသည်။ သို့နှင့် ကုမ္မဏီပိုင်ဆိုင်မှုမှာ ကြီးသထက်ကြီးလာသည်။ ငွေစာရင်းရှင်းလိုက်သောခါ စာရင်းစစ်က အမြက်မရှိအောင်လုပ်ထားသော ကုမ္မဏီကြီးအတွက် အမြတ်ခွန်ပေးစရာမလိုတော့။ မိမိမိသားစု အားလုံးကို လခအများကြီးပေးထားပြီး၊ အလုပ်မလုပ်ပဲ တစ်လ ကျပ်သိန်း၂၀၊ ၄၀ လစာထုတ်သည်။ အပြင်မှာအလုပ်ခန့်ထားသော လုပ်သက်၂၀နှစ် အင်ဂျင်နီယာကြီးကို တစ်လ ၂သိန်းပေးပြီး၊ ဦးလေးက သိပ်တော်တယ်နော် ..ဟု သိန်း၂၀ရသူက မြှောက်ပင့်ခိုင်းစားနေသည်။ အလုပ်သမားများမှာ မြန်မာပြည်ပေါက်ဈေး တစ်လ ကျပ်၅သောင်း၊ ခရီးစရိတ်၊ စားစရိတ် ၂သောင်း၊ အိုဗာတိုင် တစ်သောင်း   .. မြန်မာလစာဖြင့် ကျေနပ်နေရသည်။ ထိုအလုပ်သမားများ (အထူးသဖြင့် အမျိုးသမီးဝန်ထမ်းများ)မှာ ယခုခေတ်တွင် ထိုလစာဖြင့်မည်သို့ရှင်သန်မည်မသိတော့။ အစိုးရ ကျောင်းဆရာမတစ်ဦး၊ ဆေးဆရာမတစ်ဦးမှာ လစာ တစ်သိန်းခန့်ရသော်လည်း ပြင်ပတွင်ကျူရှင်ဖွင့်ခြင်း၊ ဆေးခန်းဖွင့်ခြင်းများဖြင့် လုပ်စားနိုင်သည်။ အစိုးရဝန်ထမ်းအရှိန်အဝါဖြင့် လုပ်ပိုင်ခွင့်များစွာရှိသည်။ ကုမ္မဏီဝန်ထမ်းများမှာ ခြစားခွင့်မရပါ။ ခြစားနိုင်သောနေရာများ (ဥပမာ ဝယ်ယူရေး၊ အရောင်းမန်နေဂျာ စသည်တို့မှာ ဆွေမျိုးများကိုသာ ခန့်ထားကြသည်။ ထို့ကြောင့် ယခုခေတ် မြန်မာပြည်သည် ဆင်းရဲသူများ ပိုဆင်းရဲသွားပြီး၊ ချမ်းသာသူများ အဆမတန် ကျိကျိတက်ချမ်းသာလာသည့် ခေတ်ပျက်ကြီးဖြစ်သည်။

အိမ်မြေဈေးတက်ရာတွင် ထူးဆန်းသည့်တစ်ချက်မှာ နေပြည်တောရှိ အိမ်မြေ၊ တိုက်ခန်းများ ဈေးမတက်ခြင်းဖြစ်သည်။ ရောင်းခွင့်မရှိ၍လား၊ ရောင်းရခတ်သောကြောင့်လာ .. ဈေးတော့မတက်ပါ။ သမ္မတဦးသိန်းစိန်ကို ကြောက်သောကြောင့်လား၊ လေးစားသောကြောင့်လား..နေပြည်တော်အိမ်မြေများမှာ အေးချမ်းနေပါသည်။ အခြားတပြည်လုံး အိမ်ယာမြေဈေးမှာ ပူလောင်လှပေသည်။ ကျနော့်မိတ်ဆွေတစ်ဦး အကြောင်းတစ်ခုကြောင့် သူတို့ဇနီးမောင်နှံပိုင်ဆိုင်သော သိန်း၁သောင်းခန့်တန်သော အိမ်မြေဥစ္စာများ ရောင်းမရဖြစ်နေသည်။ စီးပွားရေးလုပ်ငန်းကလည်း တပြည်လုံးလုပ်ငန်းရှင်များကဲ့သို့ ခွက်လန်ရှုံးနေသဖြင့် လုပ်ငန်းကိုရပ်ထားရသည်။ မလည်မဖြစ် လည်ပတ်နေသောလုပ်ငန်းကလေးမှာပင် တစ်လကို သိန်း၅၀ခန့် ရှုံးနေသောကြောင့် ဘာမှမလုပ်ပဲ၊ အိမ်မြေအားလုံးကို အငှားတင်လိုက်ပြီး၊ ရတဲ့ငွေသိန်း၅၀နဲ့ပဲ ထိုင်စားနေပါလား...ဟု အကြံပေးသောအခါ၊ အမျိုးသမီးက လုပ်ငန်းရပ်လိုက်ပါက၊ အရှက်ကွဲပြီး၊ မိမိကိုယ်သတ်သေပစ်ချင်သည်ဟု ပြန်ပြောသည်။ သြော်..ပူလောင်လှပါသည်။ မိမိအိမ်မြေများ ရောင်းလဲမရ၊ ငှားလဲမရ၊ တရားတဘောင်ရင်ဆိုင်နေရသူများအတွက် ..ရွှေပုံပေါ်ထိုင်ငိုနေရသော စီးပွားပျက်သူဌေးများစွာရှိသည်။ သူတို့ထံတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးက သူဌေးခွက်ပျောက်တာ အရေးမကြီးဘူး၊ သူတို့လစာမှန်မှန်ရဖို့လိုရေကြာင်း ..ပြောပြသည်။ အချို့ မြန်မာပြည်မှလုပ်ငန်းရှင်များစွာ စီးပွားပျက်၊ ငွေထုတ်ပိုက်ပြီး၊ အမေရိကားရောက်လာကြသည်။

နိုင်ငံခြားကုမဏီများလည်း မြန်မာပြည်ကို အချဉ်ဖမ်းဖို့လာကြည့်သည်။ ရင်းနှီးမြှတ်နှံရာတွင် ကန့်သတ် ပြည်တွင်သယံဇာတနှင့်ကန်သတ်ပြည်ပဇိမ်ခံ၊အထူးကုန်များကို ထုတ်/သွင်းလုပ်ခွင့်ရသူများ ကျိကျိတက် ချမ်းသားရင်းမက၊ ချမ်းသာနေသည်။ အခွန်လဲပေးစရာမလို။ နိတ်ဟ...။ အမေရိကန်၊စင်ကာပူဆို အခွန်၄၀% ပေးရမည်..မြန်မာပြည်တွင် ရှောင်နိုင်သည်။ အစိုးရက ဟေ့ကောင်..ထောင်ချ၊ဒဏ်ငွေတပ်တော့ အမေရိကန်၊စင်ကာပူတွင် အခွန်မရှောင်ရဲ။ မြန်မာပြည်မှာ အခွန်ရှောင်သူများကို အစိုးရက တောင်းပန်ပြီး အခွန်ပေးရန် တိုးရှိုးနေရသည်မှာ ရယ်စရာဖြစ်သည်။ Infra Structure လျှပ်စစ်၊ ရေ၊ မြေ မရှိသေး၊ အဆင့်မပြေသေးသောကြောင့်ဟု အကြောင်းပြပြီး ခဏပဲလာကြည့်၊ ရီပို့ရေးပြီး ပြန်သွားကြသည်။ အရေးကြီးဆုံး Infra Structure မှာ စာရင်းစစ် Audit နှင့် အာမခံ Insurance ဖြစ်သည်။ ထို၂ချက်မရှိပဲ နိုင်ငံခြားကုမဏီများ မလာရဲပါ။ ပြည်တွင်းစာရင်းစစ်နှင့်ပြည်တွင်းအာမခံများကို သုံးပါ ..ဟုဆိုသောအခါ ဆောရီးပြောပြီး၊ ပြန်သွားသည်။ ၂၀၁၅နောက်ပိုင်းမှာ လာတော့မည်ဟု ဘိုင်ဘိုင်လုပ်ကြသည်။ ကမ္ဘာ့လူလည် ကုမဏီကြီးများပဲ မြန်မာပြည်လာရင်းနှီးမြှတ်နှံကြသည်။

သို့သော် အခွင့်အရေးကို အသုံးချတတ်သော လူငယ်၊လူကြီးများသည် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်ပြီး၊ လုပ်ကိုင်ကြသည်ဖြင့် ထိုလူငယ်၊လူကြီးအတွက် အခွင့်အရေးကြီးတစ်ခုဖြစ်သည်။ ပြောင်းလဲသောခေတ်တွင် မိမိကိုယ်ကိုပြောင်းလဲနိုင်ပါက အဆင်ပြေမည်ဖြစ်ပါသည်။ အင်္ဂလိပ်လို Illegal Land Transfer ဟုခေါ်သော လယ်မြေများအား လွန်ခဲ့သော ၅နှစ်ကျော်က ပေါက်ဈေး၊ တဧက ကျပ်တစ်သိန်းခန့်ပေးဝယ်ခဲ့ခြင်းများမှာ ယခုအခါ ထိုမြေများက သိန်း၁၀၀ကျော် ဈေးပေါက်နေပြီးဖြစ်သည်။ လယ်သမားများနှင့်နော်အုန်းလှကဲ့သို့ ဆင်းရဲသားများဖက်တွင် လိုက်ပါလုပ်ဆောင်သူများမှာ အဖမ်းခံ၊ ထောင်ချ လုပ်ခံနေရသည်။

အိမ်မြေ၊ လယ်မြေများ အဆမတန်ဈေးကြီးပြီး မြန်မာပြည် အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲနေချိန်ဖြစ်သည်။ စင်ကာပူအထိ စင်ကြယ်အိမ်ယာများ လာရောက်ရောင်းချရာ ကုန်သွားသည်ဟု ဆိုသည်။ အိမ်မြေဈေးတက်ချိန် ဈေးကြီးသော ကန်ထရိုက်တိုက်များလည်း အရောင်းကောင်းနေသည်ကို တွေ့ရသည်။ စက်မှုဇုံများတွင်လည်း မြေယူထားပြီး၊ စက်မှုမလုပ်သော စက်မှုလုပ်ငန်းရှင်။ လယ်မြေ ဝယ်ထားပြီး လယ်မလုပ်သော လယ်ပိုင်ရှင်၊ အိမ်ခြံမြေအများကြီးပိုင်ထားပြီး Property Tax မပေးသောသူ သူဌေးကြီးများကို အစိုးရက မြေကွက်အသစ်ဖေါ်ကာ အိမ်မြေများ၊ တန်ဖိုးနည်းအိမ်ယာများ၊ စက်မှုဇုံများစွာ လုပ်ပေးနိုင်ပါသည်။ ထိုအခါ အိမ်မြေခြံများ ဈေးကျသွားမည်။ မိမိပိုင်သော အိမ်မြေခြံများအား ဈေးကျသွားအောင် အစိုးလူတန်းစားက ဘယ်တော့မှမလုပ်ပါ။ သူတို့ပိုင်သော အိမ်မြေဈေးကျသွားလျှင့် အိပ်မပျော်ဖြစ်နေကြရှာသည်။ ပူလောင်နေကြရှာသည်။ သမ္မတဦးသိန်စိန် မိသားစုကတော့ စီးပွားမလုပ်ကြဟုဆိုသည်။ စီးပွားမလုပ်သော ဝန်ထမ်းမျိုး၊ လခစားမျိုးဖြစ်သော သမ္မတဦးသိန်းစိန်၏ သမီးသည်လည်း ပူလောင်နေမည်မဟုတ်ပါ။ သို့သော် အခြားသူများ ပူလောင်နေခြင်းကို သူမသိမည်ဖြစ်သည်။ သို့သော် မကယ်နိုင်ပါ။ ထို ပူလောင်နေသော အစိုးရလူတန်းစားဘဝတွင် ကျန်ုပ်မပါဝင်ရခြင်းသည်၊ အပယ်ငရဲမှလွတ်သည့်အပြင်၊ နိဗာန်ရောက်ဖို့ဖြစ်လာသည်ဟုသာ ဖြေသာမိပါကြောင်း။
ဝတ်မှုန် (ဝန်ထမ်းဟောင်းတစ်ဦး)
၃၀-သြဂုတ်-၂၀၁၃
 

Asian Wings Airway ပြည်တွင်းလေယာဉ်ကုမ္ပဏီခရီးစဉ်များ