Illegal Land Transfer - အလုပ်ဖြစ်နေဆဲအိမ်မြေဈေးများ
ရန်ကုန်မြို့တွင်းရှိလမ်းမဘေးတိ
ဘာကြောင့်မှန်းတော့မသိပါ။ အသက်ကြီးလာလို့ဟုထင်ပါသည်။ လက်ရှိမြန်မာနိုင်ငံအဖြစ်ပျက်
နိုင်ငံတော်ကြီးကို ပုံစံအမျိုးမျိုးနှင့်စဉ်းစား
လူ့ဘဝတွင် များစွာသောအသီးအနှံကြဲသော်လည်း အသီးအနှံနည်းပါးရသည်။ စားရသော်လည်း ဝစွာမစားမသောက်ရကြ၊ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာမဝတ်ကြရ၊ အလုပ်လုပ်၍အခရသော်လည်း မလုံလောက်သောအိပ်မှာသိုထားရသည်.
အထူးသဖြင့် ခေတ်ပြောင်းကာလအချိန်တွင် တောကြောင်လက်ခမောင်းခတ် ဆိုသည့်အတိုင်း၊ ဂျပန်ခေတ်၊ ဒုကမ္ဘာစစ်တွင် ဓါးပြများစွာပေါ်ပေါက်ခဲ့သည်။ ယခု မြန်မာပြည်ခေတ်ပြောင်းသောအခါ အေးဆေးစွာ၊ ပြောင်းလဲနေခြင်းမှာ ကျေနပ်စရာဖြစ်သည်။ လူသားဖြစ်သောကြောင့် မကျေနပ်စရာများစွာ ရှိနေသေးရာတွင် ခြစားမှုကို စိတ်အပျက်ဆုံးဖြစ်သည်။ ယခင်အစိုးရလက်ထက်ကတည်းက ကမ္ဘာ့ခြအစားဆုံးနိုင်ငံဖြစ်ရသော
အိမ်မြေဈေးကြီးမှုသည် အရှေ့တောင်အာရှတွင်သာမက၊ ကမ္ဘာ့အဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် သိသမျှရေးပါမည်။ ကမ္ဘာ့ခြအစားဆုံး (အကျင့်ပျက်ဆုံး) မြန်မာနိုင်ငံနှင့် ခြမစားဆုံး(အကျင့်မပျက်ဆုံး) စင်ကာပူနိုင်ငံကို ယှဉ်ရေးမည်ဖြစ်သည်။ ကျနော်တို့ ပြည်ပရောက်မြန်မာအများစုတွင် ဝင်ငွေများသောအနောက်နိုင်ငံရော
မင်္ဂလာတောင်ညွန်၊ ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်ခန်းများ
အိမ်မြေဈေးနှုန်းထိမ်းချုပ်ချု
အစိုးရတိုင်းသည် ပြည်သူလူထုအများစုကို စားဝတ်နေရေး၊ အဆင်ပြေရန် အလုပ်အကိုင်ရရှိရေး အိမ်မြေပိုင်ရေး၊ သက်ကြီးပင်စင်ကိစ္စများ စသည်တို့ကို လုပ်ဆောင်ပေးရသည်။ အထူးသဖြင့် နေစရာသည် အရေးကြီးသည်။ ဝင်ငွေကောင်းပါက အိမ်ငှားခမထောင်းသာ၊ ဝင်ငွေမရှိပါက အိမ်ငှားခသည် ပြသနာကြီးဖြစ်လာသည်။ စင်ကာပူ၊ အမေရိကားတွင် အလုပ်မရှိလျှင် Homeless အိမ်ခြေမဲ့အဖြစ် ရှောက်သွားနေရသူများစွာ ရှိသည်။ အိမ်ငှားဖို့ပင် မတတ်နိုင်ပါ။ စားစရိတ်က သိပ်မကြီးလှပါ။ မြန်မာပြည်တွင် အလုပ်မရှိပါက တောပြန်ပြီး၊ ထမင်းနှင့်ငပိ၊ငြုတ်သီးစား နေလို့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲနိုင်ငံများမှာ နေစရာထက်၊ စားဖို့ကို ပိုခက်ပါသည်။ ယခု မြန်မာပြည်ပြုပြင်ပြောင်းလဲလာသြ
စင်ကာပူတွင်
၂၀၀၇တွင် ကမ္ဘာ့စီးပွားပျက်ချိန်၊ စကာပူနိုင်ငံသားများစွာ အလုပ်လက်မဲ့ဖြစ်ရသည်။ နိုင်ငံသားအားလုံးနီးပါးမှာ အကြွေးနှင့်အိမ်ဝယ်ကြသဖြင့် လစဉ်အိမ်ဖိုး Installment ဒေါ်လာ တစ်ထောင်မှ၊ နှစ်ထောင်အထိ ပေးသည်။ အလုပ်မရှိ၊ ဝင်ငွေမရှိသောအခါ အလုပ်သစ်ကလည်း အရင်လောက်လစာမရတော့။ အိမ်ကို အစိုးရထံထိုးအပ်လိုက်ရသည်။ (စင်ကာပူတွင် ၈၀% အိမ်အများစုမှာ အစိုးရကပိုင်သည်)။ စင်ကာပူအစိုးရတွင် အိမ်များစွာ ပိုလျှံနေပြီး၊ အရေးထဲ Reserve Money ဆိုသော ဒေါ်လာ ဘီလျှံ၂၀၀ကျော်မှာ ကမ္ဘာ့ ကုမ္ပဏီရှယ်ယာဈေးကသည်နှစ် တစ်ဝက်ခန့် တဟုန်ထိုးကျဆင်းသွားသည်။ တနည်းအားဖြင့် ဘလျှံ၁၀၀ကျော် ကမ္ဘာ့စီးပွားကပ်နှင်အတူ ဆုံးရှုံးသွားသည်။ နိုင်ငံသေးသဖြင့် ပိုခံရသည်။ နိုင်ငံတွင်းမှ အလုပ်သမားများစွာ အလုပ်ပြုတ်ရာတွင်၊ နိုင်ငံခြားအလုပ်သမားများ သိန်းနှင့်ချီပြီး အလုပ်ပြုတ်၊ မိမိနိုင်ငံသို့ပြန်ရသည်။ အိမ်ဈေးနှုန်းများမကျရန် အစိုးရက ရာဖြတ် Valuation ဖြင့်ထိန်းထားသည်။ လူများက အစိုးရရာဖြတ်ဈေးထက် လျှော့ရောင်းကြနေချိန်၊ အစိုးရက နိုင်ငံခြားသား တစ်သန်းကျော်ကို အမြဲနေထိုင်ခွင့် PR Permanence Resident ချပေးလိုက်သည်။ ထိုသူများက ငွေစုဆောင်းမိထားသူများဖြစ်သောေ
ယခု ၂၀၁၂တွင် အိမ်ဈေးများ ထပ်မံထိုးတက်လာသည်။ ကမ္ဘာ့စီးပွားရေးကလည်း ၂၀၀၈နောက်ပိုင်း နာလံမထူးနိုင်သေးပါ။ စင်ကာပူတွင်လည်း အိမ်များစွာ ပိုလျှံနေချိန်က အိမ်ဝယ်ရန်၊ ဘဏ်ချေးငွေ ၈၀%နှင့်၊ ကျန်သော၂၀%ကိုလည်း ချေးရနိုင်သဖြင့် လူတိုင်း Cash down payment မလိုပဲ ဝယ်ခွင့်ရသည်။ ထို့ကြောင့် အိမ်ဈေးများ ထိုးတက်လာရာ၊ ၂၀၁၂တွင် အမြင့်ဆုံးရောက်ခဲ့သည်။ ထိုအခါ စင်ကာပူနိုင်ငံသားများက အိမ်ကိုရောင်းပြီး အမြတ်ကိုထုတ်ယူ၊ နောက်တစ်အိမ်ကို ၈၀% ဘဏ်ချေးငွေဖြင့် ပြန်ဝယ်ကြသည်ဖြင့်၊ အိမ်အရောင်းအဝယ် အရမ်းကောင်းလာသည်။ အိမ်ဈေးအရမ်းတက်လာသဖြင့် စီးပွားရေးနလံထူနိုင်ပြီးဖြစ်ေ
စင်ကာပူနှင့်တိုးတက်သောနိုင်ငံ
မြန်မာပြည်တွင်
၂၀၀၇ မတိုင်မီကတည်းက တရုပ်နှင့်မြန်မာကုမ္ပဏီများက မြန်မာနိုင်ငံရှိ လယ်မြေ၊ခြများစွာကို ဈေးသက်သာစွာဖြင့်၊ ဝယ်ယူထားပြီးဖြစ်သည်။ ၂၀၀၇နောက်ပိုင်းတွင် လယ်မြေကွက်သာမက မြို့ပေါ်မှအိမ်များပါ အရောင်းအဝယ် အရမ်းကောင်းလာသည်။ အရောင်းအဝယ် ကောင်းလာလျှင် ဈေးတက်လေ့ရှိသည့်အတိုင်း၊ ဝယ်ရောင်းလုပ်စားသူ၊ ငွေမဲပိုင်ရှင်များက အိမ်များကို ဆက်ကာ၊ ကုမ္မဏီငွေဖြင့် နိုင်ငံခြားကုမ္ပဏီကြီးများနှင့်
အစိုးရဌာနအားလုံး မြေပိုင်ရှင်ကြီးများဖြစ်နေသည်။ (ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးမွေးမြူရေးခြံ၊ တောင်ကြီးမြို့)
သမ္မတဦးသိန်းစိန်လည်းမတတ်နိုင်
အိမ်မြေ၊ ၂ခု၊ ၃ခု ပိုင်ရှင်များအတွက် ယခုကာလသည် အလွန်ကောင်းသည်။ တစ်လုံးကို သိန်းတစ်သောင်းနှင့် ရောင်းလိုက်သည်။ ဒေါ်လာ တစ်သန်းရသည်။ စင်ကာပူတွင် ကုမ္ပဏီလာထောင်ပြီး အိမ်ဝယ်သည်။ ဒေါ်လာ၂သိန်းပေးလျှင် ကွန်ဒိုတစ်လုံး ၈၀% အကြွေးဖြင့် ဝယ်ရသည်။ အိမ်ငှားတင်လျှင် တစ်လ ၄၀၀၀ဒေါ်လာရသည်။ ထိုအိမ်ငှားရငွေကို လစဉ်အိမ်ဖိုး ဘဏ်ချေးငွေပြန်သွင်းခြင်းဖြင့် စင်ကာပူတွင်လည်း အိမ်ပိုင်ရှင်ဖြစ်သည်။ အမေ၇ိကား၊ သြစတြေးလျားသွားပြီးလျှင် ဟိုမှာလည်း ကုမ္ပဏီထောင်ပြီး အိမ်ဝယ်ပြန်သည်။ နိုင်ငံခြာနေတာ သဘောကျသော ငယ်ရွယ်သူသားသမီးများကို နိုင်ငံခြားတွင်ထားခဲ့သည်။ သူတို့ကတော့ နိုင်ငံခြားမှ ပို့ပေးသောငွေဖြင့် နိုင်ငံတကာတွင် အိမ်ပိုင်ဖြစ်နေသည်။ စီးပွားလုပ်တတ်သောသူဖြစ်ပါက ခရိုနီဖြစ်လာတော့သည်။ ခရိုနီ၊ မိုနိုပိုလီ ငွေရှင်များသည် စစ်အာဏာရှင်ဟောင်းများနှင့်ပေါ
ဖားအံမြို့ကို ကြည့်ပါ။ ကရင်ပြည်နယ်တွင် တောမြို့ကလေးက ၄၀x၆၀ ပေမြေနှင့်၊ အိမ်အစုတ်လေးတစ်ခုကို သိန်းတစ်ထောင်၊ နှစ်ထောင် အော်ဟစ်နေကြသည်။ တကယ်ဝယ်လျှင် သိန်း၇၀၀လောက်ဖြင့် ရနိုင်ပါသည်။ သို့သော် အိမ်ပိုင်ရှင်များက သူတို့အိမ်ဈေးကို ပါးစပ်ဖျားကမလျှော့၊ မနေ့က မြန်မာပြည်အလယ်ပိုင်မှ စင်ကာပူအလည်လာသော ခရစ်ယန်တရားဟောဆရာတစ်ဦးက သူဝယ်တုန်းက တစ်သိန်းပဲပေးရတယ်။ အခုတော့ သိန်းတစ်ထောင်ဖြစ်သွားပြီး..ဟု ကြွားဝါလိုက်ရာ၊ တရားနားထောင်နေသူ လူ၁၀၀ခန့်က ဟာကနဲ ဖြစ်သွားသည်။ စင်ကာပူတွင် အလုပ်လာလုပ်သူများမှာ တစ်လထောင်ဂဏန်းမျှသာ ရသဖြင့် တစ်နှစ်ငွေ၅ထောင်စုမိဖို့ဆိုသည်
အမေရိကားမှာ စင်ကာပူသို့ အလယ်လာသော မြန်မာလူငယ်တစ်ဦးက စင်ကာပူလူငယ်၊ ဆွေမျိုးများကို ကြည့်ပြီး အင်း၊ တစ်ခန်းကို ဒေါ်လာ၄၀၀ပေးပြီး ၂ယောက်နေကြတယ်။ မာစတာအိပ်ခန်းဆို ကုတင်၃လုံးသွင်းပြီး ပြွတ်ကျပ်နေရတယ်။ အိမ်ဈေးတွေက ခေါင်ခိုက်လို့ အစိုးရကလဲ အိမ်မဝယ်နိုင်အောင်လုပ်ထားတော့ စင်ကာပူရောက်၊ မြန်မာများဘဝကို ကြည့်ပြီးစိတ်ပျက်တယ်တဲ့။ သူတို့ Taxas တက္ကဆက်ပြည်နယ်မှာ ဒေါ်လာတစ်သိန်းတန်အိမ်ဆို အကြီးကြီးပဲ၊ ဒေါ်လာတစ်သောင်း လက်ထဲရှိရင် ဝယ်လို့ရပြီး၊ အခန်းပေါင်း ၁၀ခန်းလောက်၊ ၂ထပ်တိုက်နဲ့ နေစမ်းပါ ..တစ်လကို အိမ်ဖိုး အရစ်ကျငွေ ဒေါ်လာ၅၀၀လောက်ပဲပေးရတယ်။ အမေရိကားဘဝ ကောင်းမွန်ကြောင်း လာပြီးပြောပြတယ်။ စင်ကာပူမှာ ၁၀နှစ်လောက်နေပြီး အိမ်တွေ၊ စီပီအက်စုဆောင်းငွေတွေ တန်ဖိုးက ဒေါ်လာတစ်သန်းခွဲလောက် ပိုင်ဆိုင်နေတဲ့ စင်ကာပူရောက်မြန်မာကတော့ အမေရိကားရောက်မြန်မာကို သနားနေမှာပါပဲ။ ဒီလိုပါပဲ။ လူဆိုတာ ကိုယ်နေတဲ့နေရာ ကုတင်ရွှေနန်းပါပဲ။
အိမ်မြေအရောင်းအဝယ် ခြစားမှုကြီးများ
ဖားအံက မြို့နယ်ဦးစီးမှုးတွေဆို လယ်မြေ၊ အိမ်တွေ အများကြီးပိုင်နေကြတာကို တွေ့ရတယ်။ တိုင်းဦးစီးမှုးဆို တိုင်းတစ်ခုထဲမှာ ပါတဲ့မြို့နယ်တိုင်းက အိမ်မြေ၊ ဝေစုတွေရယူထားတော့ အစိုးရဝန်ထမ်းများဟာ အိမ်မြေပိုင်ရှင်ကြီးဘဝကနေ၊ မမျှော်လင့်ပဲ ၂၀၁၂နောက်ပိုင်းမှာ မြေပိုင်ရှင်သူဌေးအကြီးစားဘဝ ရောက်သွားပါတော့တယ်။ အာဏာပိုင်များ၊ ကုမ္ပဏီပိုင်ရှင်သူဌေးများ၊ နိုင်ငံခြားသားပေါက်ဖေါ်များက အိမ်မြေအေ၇ာင်းဝယ်လုပ်တိုင်း ဝန်ထမ်းရာထမ်း၊ စာရေးများလည်း မြတ်မြတ်ကလေးရပါတယ်။ အရင်ခေတ် မနှစ်ကမကြည့်ပဲ ခြစားမှု အပြင်ထန်တိုက်ဖျက်နေတယ်ဆိုတဲ့ အခုခေတ်ကို ကြည့်ပါ။
ဖားအံမှာ သိန်း၅ထောင် တန်တဲ့ မြေကွက်အစုတ်တစ်ခုကို ပိုက်ဆံအလွယ်တကူသူ၊ လူတစ်ယောက်က ဝယ်မယ်ဆိုပါသည်။ ထိုလူ အလွယ်တကူ ကျပ်သိန်း၅ထောင်ရသလဲဆိုသည်ကို ထားတော့။ လောလောဆယ်တော့ အိမ်ပိုင်ရှင်က သိန်း၅ထောင် ပက်ကနဲရမည်။ ဖားအံတွင် တစ်သက်လုံးနေခဲ့ပြီး အထီးကျန်ဖြစ်နေချိန် သားသမီးများရှိသော ရန်ကုန် (သိုမဟုတ်) စင်ကာပူမှာ အိမ်ဝယ်ဖို့ ငွေမရှိဖြစ်နေတဲ့ သားသမီးများကို ပံ့ပိုးဖို့ဖြစ်လာသည်။ အရောင်းအဝယ်လုပ်သောအခါ ဝယ်သူက ၃၇% အခွန်ပေးရမည်ဆိုပါက ကျပ်သိန်းပေါင်း ၁၈၅၀ ပေးရမည်။ ဝယ်သူက မပေးချင်ပါ။ အလွန်များလှသောငွေကို ဘာဖြစ်လို့ အစိုးရဆိုတဲ့ အကောင်ထည်မရှိသူကို ပေးရခြင်းထက်၊ အခွန်ဆောင်ရုံး၊ မြေစာရင်းရံးမှာလူတွေကို သိန်း၃၀၀လောက် ပေးလိုက်တာက ကျေးဇူးတောင်ရှိသွားပြီး မိတ်ဆွေကောင်းတိုးပွားမယ် ဟု ခံယူသူချည်းဖြစ်သည်။ ထို့ကြောင့် ယခုထုံးစံအတိုင်း ရာဖြတ်၊ တန်ဖိုးသတ်မှတ်သူက သုံးပုံတစ်ပုံ အိမ်တန်ဖိုးကို သိန်း၁၅၀၀ ဟု သတ်မှတ်လိုက်သည်။ အခွန်သိန်း၅၅၀ ကျသင့်သည်ဟု အခွန်ရုံးမှတွက်ပေးသည်။ အိမ်ဝယ်သူကလည်း မိမိငွေသည် ငွေမဲမဟုတ်၊ ဘာညာ၊ စာရွက်စာတမ်းတင်ပြကာ နောက်ဆုံး ဝယ်ခွန်သိန်း၄၀၀နှင့် တည့်သွားသည်။ ရောင်းဝယ်တွင် ပါဝင်သည့် ဌာနဆိုင်ရာလူ အဓိကလူ၃ဦးကို သိန်း၃၀ဆီ ပေးလိုက်သည်။ ကျန်လူမျာကို ကြည့်ပေးလိုက်သည်။ အစိုးရကတော့ သိန်း ၁၈၅၀ ရမည့်အစား သိန်း၄၀၀ပဲ ရရှိသည်။ အိမ်ရောင်းသူက ဘိုးဘွားပိုင်ဖြစ်လျှင် အခွန်သိပ်ပေးစရမလို၊ သို့သော် အရောင်းဝယ်လုပ်ပေးသူများနှင့် ပွဲစားခပေးရမည်ပင်။
ထိုနည်းဖြင့် ဖားအံမြို့ငယ်လေးတွင် အိမ်ယာများစွာ အရောင်းအဝယ်ဖြစ်နေရာ၊ ခြစားခွင့်ရှိသော ဝန်ထမ်းများသည် အကြီးအကျယ် ချမ်းသာနေသည်။ ယခင်က ဝန်ထမ်းများကိ မြေကွက်များဖေါ်ပေးသဖြင့် ရထားသောမြေယာများကိုလည်းေ၇ာင်းစားလျှင်လည်း ငွေလက်ဖျားသီးနေပြီဖြစ်သည်။ သူတို့ကတော့ ရှေးကုသိုလ်ကောင်းလှသည်ဟု ကြွေးကြော်၊ ကျေနပ်နေမည်ဖြစ်သည်။ အခြားသူများကလည်း ထိုသူများနှင့်စစ်အာဏာရှင်ဟောင်
ရန်ကုန်၊ ဒဂုံတောင် စက်မှုဇုံ
အဆင်ပြေသူလူနဲစုနှင့်ရွှေပုံေ
မြို့ပေါ်တွင် ကန်ထရိုက်တိုက် ထပ်မံဆောက်ခွင့်ရသောသူများမှာ ၁၀ထပ်တိုက်ဆောက်ပြီး၊ အခန်း၃၀တွင် ၁၀ခန်းပဲရောင်းချလျှင် အရင်းကျေပြီဖြစ်သည်။ ကျန်တိုက်ခန်းများကို မိမိတို့ကုမ္မဏီပိုင်အဖြစ် သတ်မှတ်ထားသည်။ သို့နှင့် ကုမ္မဏီပိုင်ဆိုင်မှုမှာ ကြီးသထက်ကြီးလာသည်။ ငွေစာရင်းရှင်းလိုက်သောခါ စာရင်းစစ်က အမြက်မရှိအောင်လုပ်ထားသော ကုမ္မဏီကြီးအတွက် အမြတ်ခွန်ပေးစရာမလိုတော့။ မိမိမိသားစု အားလုံးကို လခအများကြီးပေးထားပြီး၊ အလုပ်မလုပ်ပဲ တစ်လ ကျပ်သိန်း၂၀၊ ၄၀ လစာထုတ်သည်။ အပြင်မှာအလုပ်ခန့်ထားသော လုပ်သက်၂၀နှစ် အင်ဂျင်နီယာကြီးကို တစ်လ ၂သိန်းပေးပြီး၊ ဦးလေးက သိပ်တော်တယ်နော် ..ဟု သိန်း၂၀ရသူက မြှောက်ပင့်ခိုင်းစားနေသည်။ အလုပ်သမားများမှာ မြန်မာပြည်ပေါက်ဈေး တစ်လ ကျပ်၅သောင်း၊ ခရီးစရိတ်၊ စားစရိတ် ၂သောင်း၊ အိုဗာတိုင် တစ်သောင်း .. မြန်မာလစာဖြင့် ကျေနပ်နေရသည်။ ထိုအလုပ်သမားများ (အထူးသဖြင့် အမျိုးသမီးဝန်ထမ်းများ)မှာ ယခုခေတ်တွင် ထိုလစာဖြင့်မည်သို့ရှင်သန်မည်
အိမ်မြေဈေးတက်ရာတွင် ထူးဆန်းသည့်တစ်ချက်မှာ နေပြည်တောရှိ အိမ်မြေ၊ တိုက်ခန်းများ ဈေးမတက်ခြင်းဖြစ်သည်။ ရောင်းခွင့်မရှိ၍လား၊ ရောင်းရခတ်သောကြောင့်လာ .. ဈေးတော့မတက်ပါ။ သမ္မတဦးသိန်းစိန်ကို ကြောက်သောကြောင့်လား၊ လေးစားသောကြောင့်လား..နေပြည်တော
နိုင်ငံခြားကုမဏီများလည်း မြန်
သို့သော် အခွင့်အရေးကို အသုံးချတတ်သော လူငယ်၊လူကြီးများသည် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်
အိမ်မြေ၊ လယ်မြေများ အဆမတန်ဈေးကြီးပြီး မြန်မာပြည် အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲနေချိန်ဖြစ်သည်။ စင်ကာပူအထိ စင်ကြယ်အိမ်ယာများ လာရောက်ရောင်းချရာ ကုန်သွားသည်ဟု ဆိုသည်။ အိမ်မြေဈေးတက်ချိန် ဈေးကြီးသော ကန်ထရိုက်တိုက်များလည်း အရောင်းကောင်းနေသည်ကို တွေ့ရသည်။ စက်မှုဇုံများတွင်လည်း မြေယူထားပြီး၊ စက်မှုမလုပ်သော စက်မှုလုပ်ငန်းရှင်။ လယ်မြေ ဝယ်ထားပြီး လယ်မလုပ်သော လယ်ပိုင်ရှင်၊ အိမ်ခြံမြေအများကြီးပိုင်ထားပြီ
ဝတ်မှုန် (ဝန်ထမ်းဟောင်းတစ်ဦး)
၃၀-သြဂုတ်-၂၀၁၃
Asian Wings Airway ပြည်တွင်းလေယာဉ်ကုမ္ပဏီ
Posted in: ဆောင်းပါး
0 ကွန်မန့်ရေးရန်:
Post a Comment