This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, October 4, 2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒသဘောထား ရယူပွဲတွေကို မြန်မာပြည်အနှံ့ ခရိုင်၊ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ မကြာခင် စတင်ကျင်းပတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တာဝန်ရှိသူတွေက ပြောကြား

ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒခံယူပွဲ အန်အယ်လ်ဒီ စတင်တော့မည်

ရွှေအောင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒသဘောထား ရယူပွဲတွေကို မြန်မာပြည်အနှံ့ ခရိုင်၊ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ မကြာခင် စတင်ကျင်းပတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလလယ်ကစပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထု သဘောထားအမြင်တွေကို တတိုင်းပြည်လုံးမှာ အဖွဲ့ ၇ ဖွဲ့ခွဲ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအတွက် တာဝန်ယူလုပ်ဆောင်မယ့် အန်အယ်လ်ဒီပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဝင် ရှေ့နေကြီးဦးကိုနီက ပြောပါတယ်။

“လူထုကြားထဲအထိ ရှင်းပြမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ၊ တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးသလဲ၊ ဒီမိုကရက်တစ်ဖွဲ့စည်းပုံအခြေခံဥပဒေတခုရဲ့ စံနှုန်း ၂ ခုပေါ့။ လူထုဆန္ဒပါရမယ်၊ နိုင်ငံတော်အာဏာ ပြည်သူလူထုကို အပ်တာ ဖြစ်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီ ၂ ခုလုံးနဲ့ မညီဘူး။ စရေးကတည်းက လူထုဆန္ဒမပါဘူး၊ လူထုဆန္ဒကို အခြေမခံဘူး၊ နိုင်ငံတော်အာဏာကို ပြည်သူလူထုကို မအပ်ဘူး။ ဒီအကြောင်း ၂ ခုကြောင့် ကျနော်တို့ ဒါကို ပြန်ပြီးတော့ ပြင်ချင်တယ်။ ပြင်ဆင်ဖို့ကိစ္စမှာ အင်မတန်ခက်ခဲတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရမယ်။ ဒါ့အပြင် ပြင်ရမယ့်အချက်အလက်တွေကလည်း အလွန်များတယ်။ အဲဒါကြောင့် ပြင်တဲ့နည်းနဲ့အသစ်ရေးတဲ့နည်း ဘယ်နည်းကို လူထုက ကြိုက်သလဲ ရွေးကြပါလို့ ကျနော်တို့က ပြောမယ်။”

ခရိုင်၊ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ ပြည်သူကို ဘယ်ပုံ၊ ဘယ်နည်း ချပြကြမလဲဆိုတဲ့ အသေးစိတ်တွေကိုတော့ ဆွေးနွေးကြတုန်းဖြစ်တဲ့အကြောင်းနဲ့ ဒီဆန္ဒခံယူပွဲတွေကို လာမယ့် နိုဝင်ဘာလ နောက်ဆုံးထားပြီး ပြီးစီးအောင်ဆောင်ရွက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြည်သူဆန္ဒသဘောထား ရယူမယ့်အလုပ်ဟာ ဒီလောက်အချိန်တိုအတွင်း ဖြစ်နိုင်ပါမလားဆိုတော့ ဦးကိုနီက “ဒီလောက်အချိန်တိုအတွင်းပြည်သူ့သဘောထား ထိထိမိမိရယူဖို့တော့ မလွယ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် မှာတာက ဆန္ဒခံယူပွဲလည်းမဟုတ်ဘူး၊ လူထုကြားထဲကို ဆင်းမယ်၊ ပြောပြမယ်၊ လူထုဘက်က တုံ့ပြန်မယ့်အသံကို နားစွင့်မယ်။ ဒီအပေါ်မှာ အခြေခံပြီး တင်ပြမယ်။ သူက ဒီလောက်ပဲ ပြောတာပါ။ အသေးစိတ်ကျကျ လူထုဆန္ဒကို တိတိကျကျကောက်မယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး” လို့ ပြောပါတယ်။

အဖွဲ့ချုပ်က ကောက်ခံရယူတဲ့ ပြည်သူ့ဆန္ဒတွေကို လွှတ်တော် ၂ ရပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံ ဆက်လက် ပေးပို့သွားမှာဖြစ်ပြီး၊ ကော်မတီက ဒီဇင်ဘာလအကုန် လွှတ်တော်ထံ အစီရင်ခံတင်ရမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းအတွက် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းဘေးခံနေရချိန်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းကျော်ရဲ့ ကောက်ခံမှုရရှိခဲ့တယ်လို့ အတည်ပြုခဲ့တယ်လို့ အရင် နအဖစစ်အစိုးရက ကြေညာထားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီဖွဲ့စည်းပုံမှာ ဒီမိုကရေစီနည်းမကျတာတွေ ပါဝင်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဖွဲ့စည်းပုံကို ပြင်မလား၊ အသစ်ဆွဲမလားဆိုတာကို ပြည်သူ့ဆန္ဒခံယူမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး မော်တော် ဆိုင်ကယ် FE Ti XX.................


FE Ti XX လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ကို Ecosse Moto Works မှ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။
အင်ဂျင်အရွယ် ၂၄၀၀ စီစီ ရှိပြီး အလူမီနီယာသားနဲ့ ပြုလုပ် ထားတဲ့ အင်ဂျင် ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၂၂၅ ရှိပြီး ဆိုင်ကယ် ပေမယ့် ပြိုင်ကား နီးနီး စွမ်းဆောင်ရည်ရှိတဲ့ ဆိုင်ကယ် ပဲ ဖြစ်ပါတယ်။ ဆိုင်ကယ်ဝယ်ရင် FE Ti XX အမှတ်တံဆိပ်ပါ နာရီတစ်လုံး ပါ လက်ဆောင် ပေးတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်ရဲ့  ကာလတန်ဖိုးက အမေရိကန်ဒေါ်လာ ၃ သိန်းပြီး ပထမ တစ်သုတ်ကို တရုတ်ပြည်သို့ စတင်တင်ပို့ ရောင်းချလိုက်ပါပြီ။ FE Ti XX ကို ဆက်လက်ပြီးတော့ ကမ္ဘာ့အနှံ့ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ရိုးရာလေး

ယခုနှစ်အတွက် Miss Universe Myanmar 2013 ပြိုင်ပွဲမှာ အသက် ၂၅ နှစ်ရှိ မိုးစက်ဝိုင် ( ခါးနံပတ် ၁၆ )က ဆွပ်ခူးရရှိ

မိုးစက်ဝိုင် Miss Universe Myanmar 2013 သရဖူဆောင်း

Friday, October 4, 2013


အမျိုးသား ကဇာတ်ရုံမှာ အောက်တိုဘာလ ၃ ရက်နေ့ ညက ကျင်းပခဲ့တဲ့ ယခုနှစ်အတွက် Miss Universe Myanmar 2013 ပြိုင်ပွဲမှာ အသက် ၂၅ နှစ်ရှိ မိုးစက်ဝိုင် ( ခါးနံပတ် ၁၆ )က ဆွပ်ခူးရရှိသွားပါပြီ။ 



မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ တိမ်မြုပ်နေခဲ့တဲ့ အခုလို မယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ကျင်းပနိုင် တာဖြစ်ပြီး ထူးဖောင်ဒေးရှင်းနဲ့ ညီနောင်ကုမ္ပဏီတွေက စပွန်ဆာပေးခဲ့ကြတယ်လို့ သိရပါတယ်။ 



မိုးစက်ဝိုင်အနေနဲ့ အခု Miss Universe Myanmar 2013 ဆုကို ငွေကျပ်သိန်း ၁၀၀ နဲ့ ရရှိခဲ့တာဖြစ်ပြီး ထူး ဖောင်ဒေးရှင်းက Honda Fit ကားတစီးလည်း ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ 



အခုလို Miss Universe Myanmar 2013 ဆုကို မိုးစက်ဝိုင်က ဆွပ်ခူးရသွားတဲ့အတွက် ရုရှားနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့ ကျင်းပမယ့် Miss Universe 2013 မယ်စင်္ကြာဝဠာပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ၀င် ရောက်ယှဉ်ပြိုင်ခွင့် ရသွားပြီလည်း ဖြစ်ပါတယ်။ 



မိုးစက်ဝိုင်ဟာ နိုင်ငံခြားမှာ ပညာသင်ကြားခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ကိုင်နေသူလည်းဖြစ် ပါ တယ်။ 

သူကတော့ အခုလို ဆုရတဲ့အပေါ် အရမ်းစိတ်လှုပ်ရှားနေပြီး ဒီ ဆုကို ရလိုက်တဲ့ အတွက် နိုင်ငံကို ကိုယ်စားပြုသူ အဖြစ် နားလည်ခံစားရတာကြောင့် သူ့ရဲ့ အပြောအဆို၊ အနေအထိုင်တွေကို အတော် သတိထားသွားရ မယ် လို့ စကိုင်းနက်နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားပါတယ်။ 

ဆုပေးပွဲမှာတော့ ပထမဆုံး အကြိမ်လည်းဖြစ်ပြီး အားနည်းချက်တချို့ကိုတွေ့လိုက်ရပါတယ်။
 

မိုးစက်ဝိုင်ကို Miss Universe Myanmar 2013 စိန်သရဖူဆောင်းပေးခိုက် လေ့ကျင့်ထားမှု မရှိသည် ကို ပေါ် လွင်ပြီး အဆင်မပြေစွာ သရဖူဆောင်းပေးခဲ့တဲ့ မြင်ကွင်းကတော့ မဖြစ်သင့်ပါဘူး။ 

 နောက်ဆုံး ဇကာတင် ပြိုင်ပွဲဝင် ၅ ဦး

ပဉ္စမဆုကို ခါးနံပတ် ၁၀ မေချစ်ပုံ၊ စတုတ္ထဆုကို ခါးနံပတ် ၁၉ နှင်းယမုံဦး၊ တတိယ ဆုကို ခါးနံပတ် ၁၅ မြတ်နှင်းဖြူ၊  ဒုတိယ ဆုကို ခါးနံပတ် ၄ အေးချမ်းမိုးတို့က အသီးသီး ရရှိသွားကြတာပါ။ 

 နောက်ဆုံး ဇကာတင် ပြိုင်ပွဲဝင် ၃ ဦး

 

အိမ့်သံစဉ် ~