This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 29, 2014

၁၅နှစ်အောက် မိန်းကလေးပေါင်း ၁၄.၂ သန်းကျော် ဟာ အရွယ် မ တိုင်မီ လက်ထပ် ထိမ်းမြားမှုနဲ့ ရင်ဆိုင်နေ ကြရ

Myanmar Youth Media Club 25 Jan 2014

MYMC - MYMHOT



Posted: 25 Jan 2014 03:44 AM PST
Child Marriage

WHO ရဲ့စစ်တမ်း တွေအရ ဆိုရင် နှစ်စဉ် အသက် ၁၅နှစ်အောက် မိန်းကလေးပေါင်း ၁၄.၂ သန်းကျော် ဟာ အရွယ် မ တိုင်မီ လက်ထပ် ထိမ်းမြားမှုနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ အဲ့ထဲမှာ Alemtsahye လည်း အပါအ၀င်ပါ။

Alemtsahye Gebrekidan တစ်ယောက် သူ့ကလေးဘ၀ ဆုံးခန်းတိုင်သွားခဲ့တာ အသက် (၁၀)နှစ်မှာပါ။ အဲဒီတုန်းက ကျွန်မ အပြင်မှာဆော့ နေတုန်း အမေက လှမ်းခေါ်လို့ အိမ်ထဲဝင် သွားတာ။ အမေက သမီး လက်ထပ် ရတော့မယ်လို့ ဆိုင်းမဆင့်၊ ဗုံမပါ ပြောပါတယ်။ ကျွန်မမှာ အံ့ အား သင့်လွန်းလို့ ငိုတောင် ငိုမိပါတယ်။ ဒါပေမယ့် ကျွန်မ သူတို့ကို ဘာမှ ပြန်မပြော ခဲ့ပါဘူး။ Alemtsahye ကသူမဘ၀ အပြီးတိုင် ပြောင်းလဲ ခဲ့တဲ့ နေ့အကြောင်းကို အခုလို ပြန်ပြောပြ ခဲ့ပါတယ်။ သူမအမေ ခေါ်ပြောပြီး နှစ်လကြာ တဲ့အခါ မှာတော့ Alemtsahye ဟာသူ့ထက် ၆နှစ် ကြီးတဲ့ အသက် ၁၆နှစ်အရွယ် သတို့သားနဲ့ လက်ထပ်ခဲ့ ရပါတယ်။ တကယ်တော့ Alemtsahye ရဲ့အဖြစ်ဟာ သူတစ်ဦး တည်းမှာ ဖြစ်တဲ့ အ ဖြစ်မျိုးတော့ မဟုတ်ပါဘူး။



WHO (World Health Organization) ရဲ့စစ်တမ်း တွေအရ ဆိုရင် နှစ်စဉ် အသက် ၁၅နှစ်အောက် မိန်းကလေးပေါင်း ၁၄.၂ သန်းကျော်ဟာ အရွယ် မတိုင်မီ လက်ထပ် ထိမ်းမြားမှုနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ အများစု ကတော့ အိန္ဒိယ နိုင်ငံနဲ့ အရှေ့  အလယ်ပိုင်း နိုင်ငံတွေမှာ အဲဒီ ပြ ဿနာကို အဓိက ရင်ဆိုင်နေ ရတာပါ။ ပြီးတော့ Alemtsahye လို Chad , sub-Saharan Africa - Niger, အာဖရိက အလယ်ပိုင်းနဲ့ အီသီ ယိုးပီးယား တို့က ကလေး သူငယ် တွေကလည်း အလားတူ ရင်ဆိုင်နေ ကြရပါတယ်။ အဲဒီလို အရွယ် မတိုင်မီ လက်ထပ် ထိမ်းမြား ပေးခံရ မှု နောက်မှာ ဖြစ်ပေါ် လာတဲ့ အကျိုးဆက် တွေက ကလေးသူငယ် တွေအတွက် ကြောက်ဖို့ ကောင်းလှ ပါတယ်။ အထူးသဖြင့် မိန်းကလေး ငယ် တွေဟာ လိင်မှုရေးရာ (Sexual Relationships) ကိုအရွယ် မတိုင်မီ တွေ့ကြုံကြ ရတဲ့အခါ သူတို့အတွက်  တစ်သက်တာ စိတ်ဒဏ်ရာ ဒဏ် ချက် ရသွားတတ် ပါတယ်။ အဲဒါထက် ပိုဆိုးတာ ကတော့ နောက်ဆက်တွဲ ပြဿနာ တွေအဖြစ် ကိုယ်ဝန် ဆောင်ချိန် မှာနဲ့ ကလေး မီးဖွားချိန် မှာ သေဆုံးနှုန်း အလွန်မြင့် တာပဲ ဖြစ်ပါတယ်။ UN ရဲ့စစ်တမ်း အရဆိုရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အသက် ၁၅နှစ်ကနေ ၁၉နှစ်အတွင်း မိန်းက လေးငယ်တွေ အဓိက သေဆုံးရ မှုဟာ အဲဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်၊ ကလေး မီးဖွားရမှု တို့ကြောင့် ဖြစ်ပါတယ်။

Child Marriage

တကယ်တော့ ကလေး တွေကို အရွယ် မတိုင်ခင် အိမ်ထောင်ချ ပေးတာဟာ လူသား အခွင့်အရေး ချိုးဖောက်ခြင်း တစ်မျိုး ဖြစ်ပြီး သူတို့တွေရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့သူ့ဘ၀ အခွင့်အလမ်း၊ အလားအလာ တို့ကိုပါ အဓမ္မ လုယူထား သလို ဖြစ်နေ ပါတယ်လို့ UNFPA ရဲ့ Executive Di rector ဖြစ်တဲ့ Babatunde Osotimehin က မှတ်ချက် ချပါတယ်။ ကလေး အရွယ်လေးမှာ အိမ်ထောင်ချ ပေးခံ လိုက်ရတဲ့ မိန်းကလေးဟာ သူ့ ဘ၀ တက်လမ်းတွေ အပိတ်ခံ လိုက်ရ သလိုပါပဲ။ အဲဒီအဆိုကို Alemtsahye ကသဘောတူ ပါတယ်။ အခုဆို သူမက အသက် ၃၈နှစ် ရှိပြီဖြစ် ပြီး လန်ဒန်မှာ နေထိုင်လျက် ရှိပါတယ်။ သူမက သူ့ရဲ့အရွယ် မတိုင်ခင် အိမ်ထောင်ချ ပေးခံလိုက် ရတာနဲ့ ပတ်သက်ပြီး သူမမိဘ တွေကို အ ခုချိန်ထိ စိတ်ခုနေ မိတုန်းဖြစ်ပြီး သူမဘ၀ဟာ အဲဒီအချိန် ကတည်းက ဖျက်ဆီးခံ လိုက်ရတယ်လို့ ခံစားခဲ့ ရပါတယ်တဲ့။ တကယ်တော့ ကျွန် မတို့ မင်္ဂလာပွဲကို သူ့မိဘ တွေနဲ့ ကျွန်မ မိဘတွေက ဆုံးဖြတ်ခဲ့ တာပါ။ ကျွန်မ ရွေးချယ် ခဲ့တာ မဟုတ်ဘူး လို့လည်း သူမက ဖြည့်စွက် ပြောပြ ခဲ့ ပါတယ်။

Child Marriage

လက်ထပ် ဖို့ကိစ္စ မတိုင်ခင်က ဆိုရင် အီသီယိုးပီးယားရဲ့ မြောက်ပိုင်း Tigray province မှာနေထိုင် ခဲ့ရတဲ့ သူမရဲ့ ကလေး ဘ၀လေးက ပျော် ရွှင် စရာပါ။ လက်ထပ်ပြီး တဲ့အခါ ကျောင်းထွက် လိုက်ရ ပေမယ့် အစက ကျွန်မ ကျောင်းနေ ပါတယ်။ ကလေး ဘ၀မှာ ပျော်စရာ အမှတ် တရတွေ အများကြီး ပါပဲ။ ကျွန်မ လုပ်စရာ ရှိတာ ဆိုလို့ စားရုံနဲ့ ကစားရုံ ပဲလေလို့ သူမက ဆိုပါတယ်။ Alemtsahye တစ်ယောက်ဟာ သူမနဲ့ လက်ထပ်ရ မယ့်သူကို မင်္ဂလာ ဆောင်တဲ့နေ့ အထိ မမြင်ဖူး ခဲ့ပါဘူးတဲ့။ ကျွန်မ သူ့ကို အရင်က မသိဘူး။ ဒါပေမယ့် သူ့ကို မြင်တော့ လည်း အဆင်ပြေ ပါတယ်။ သူလည်း ကျွန်မလို ကလေးလေး ပဲလေ။ ပြီးတော့ သူ့ကြည့် ရတာ ကျွန်မလိုပဲ စိတ်မချမ်းမသာ ဖြစ်နေပုံပဲ။ အဲဒီတုန်းက သူ့အသက် ၁၆နှစ် ရှိပါပြီလို့ ပြောပါတယ်။ Equility Now ကမ်းပိန်းရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်တဲ့ Jacqui Hunt ကတော့ အဓမ္မ လက်ထပ် ထိမ်းမြား ပေးမှုမှာ မိန်းကလေးတွေမှာ ခံစားရတာ ပိုဆိုးပေမယ့် မိန်းကလေး တွေတင် သားကောင် အဖြစ်ခံ ရတာ မဟုတ်ပါဘူး။ ယောက်ျား လေးတွေဟာလည်း ငယ်ငယ် ရွယ်ရွယ်နဲ့ လက်ထပ် နေကြပြီး အဲဒါကလည်း သေချာ ဆွေးနွေး ဆန်းစစ် ကြရမယ့် ကိစ္စပဲလို့  ရှင်းလင်း ခဲ့ပါ တယ်။

Child Marriage

ယောက်ျားလေး တွေက သူတို့နဲ့ သက်တူရွယ်တူ ဒါမှမဟုတ် သူတို့ထက် ငယ်တဲ့ မိန်းကလေး တွေကို လက်ထပ်ဖို့ ရည်ရွယ် ကြပြီး မိန်းက လေး တွေကတော့ သူတို့ထက် အတော်အတန် အသက် ကြီးတဲ့ ကောင်လေး တွေကို လက်ထပ် ကြရပါတယ်။ ဒါပေမယ့် မိန်းကလေး တွေက ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ကိုယ်ဝန် ဆောင်ရ၊ ကလေး မီးဖွားရ စတဲ့ အန္တရာယ် တွေကို ရင်ဆိုင် နေကြရ တဲ့အချိန်မှာ ယောက်ျားလေး တွေက တော့ ကျောင်းထွက် စရာတောင် မလိုပါ ဘူးတဲ့။ Alemtsahye ရဲ့ ခင်ပွန်းက သူမနဲ့ အသက် သိပ်မကွာလှ ပေမယ့် လက်ထပ် ပြီးတာနဲ့ သူမ ကျောင်းကနေ ထွက်ခဲ့ ရပါတယ်။ ပြီးတော့ အိမ်ကိုလည်း စွန့်ခွာပြီး အစဉ်အလာ အတိုင်း အီသီယိုးပီးယား ဇနီးသည် တစ်ယောက်ရဲ့ ဘ၀ကို စ တင်ခဲ့ ရတော့ တာပါပဲ။ ကျွန်မ ရေသွားခပ် ရတယ်။ ကျွန်မ ခင်ပွန်းအတွက် ချက်ပြုတ် ရတယ်။ တစ်နေ့တစ်နေ့ ဒီလိုပါပဲလို့ သူမက ပြန်ပြောင်း ပြောပြခဲ့ ပါတယ်။

Child Marriage

သူမ အသက် ၁၃နှစ်မှာ Alemtsahye ဟာ Tefsalen လို့ခေါ်တဲ့ သားလေး တစ်ယောက် မွေးဖွားခဲ့ ပါတယ်။ သူ့သားလေးကို မွေးဖွား တဲ့အ ချိန်မှာ Alemtsahye ကိုယ်တိုင် ကိုက ကလေး အရွယ်လေးပဲ ရှိနေခဲ့ ပါသေးတယ်။ ကိုယ်ဝန် ဆောင်ထား ရတဲ့ အချိန်နဲ့ မီးဖွားရ တဲ့အချိန် တွေက Alemtsahye အတွက် တကယ့်ကို ဆိုးဝါးတဲ့ အချိန် တွေပါပဲ။ ပိုဆိုးတာက သူမရဲ့ ကလေး သာသာ ခန္ဓာကိုယ် လေးက သန္ဓေသား လွယ်ထား ရလောက်အောင် မကြံ့ခိုင် ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန် ဆောင်ထား ရချိန်မှာ ကျွန်မ ခံစားရ ခက်လွန်းလို့ ငိုခဲ့ရ ပါတယ်။ ပြီးတော့ မီးဖွားတဲ့ အခါကျ တော့လည်း ကျွန်မ ကိုယ်တိုင်က ကလေးပဲ ရှိသေးတော့ အတော် နာကျင် ခံစားခဲ့ ရပါတယ်လို့ သူမက ပြန်ပြောပြ ခဲ့ပါ တယ်။ ကိုယ်ဝန် ဆောင်ရ တာထက် ကလေး မိခင် ဖြစ်လာတဲ့ အချိန်မှာပဲ အီသီယိုး ပီးယားပာာ ပြည်တွင်း စစ်ဒဏ် အခံရဆုံး နေရာ ဖြစ် လာတော့ ပိုလို့တောင် ဒုက္ခများ လာပါတယ်။ သူမရဲ့ ခင်ပွန်း ကလည်း အသက် ၁၉နှစ် အရွယ်မှာ စစ်ထဲမှာပဲ သေဆုံး သွားခဲ့တာမို့ Alemtsa hye တစ်ယောက် တစ်နှစ် အရွယ် သားလေး တစ်ယောက် နဲ့အတူ အသက် ငယ်ငယ် ကလေးနဲ့ မုဆိုးမ ဖြစ်ခဲ့ရ ပြန်ပါတယ်။ သူမက သူမ ခင်ပွန်း အတွက် စိတ်မကောင်း ပါဘူး။ သူလည်း ဘ၀မှာ ဘာမှ မပျော်လိုက် ရပါဘူး။ ငယ်ငယ် ရွယ်ရွယ် လေးနဲ့ လက်ထပ် ရတယ်။ နောက် သူ့ဘ၀ကို စစ်ထဲမှာ အဆုံးသတ် လိုက်ရတယ်။ အဲဒါကြောင့် သားလေးကို မြင်ရင် တစ်ခါတစ်လေ ငိုမိတယ်လို့ ပြောပါတယ်။

Child Marriage

သူမ ခင်ပွန်းသည် ဆုံးသွားပြီး တဲ့နောက် မှာတော့ သားလေးကို သူမအမေ ဆီမှာ ထားခဲ့ပြီး သူကိုယ်တိုင် ကတော့ လုပ်ခ မရတဲ့ အလုပ်သမား အဖြစ် အီဂျစ် နိုင်ငံကို ထွက်လာ ခဲ့ပါတယ်။ ရောက်ပြီး နှစ်လအကြာ မှာတော့ အီဂျစ် နိုင်ငံကို တစတစ ရောက်လာတဲ့ အာရပ်လူမျိုး ပွဲစားတွေ က သူတို့ကို အလုပ် လုပ်ပေးတဲ့ Alemtsahye ကိုအင်္ဂလန်ကို ခေါ်လာပြီး အဲဒီမှာပဲ ထားခဲ့ ပါတယ်။ ရောက်ကာစ မှာတော့ မွေးစား မိသား စု တစ်စုနဲ့ အတူ နေရပြီး နောက်တော့ ကိုယ်ပိုင် အခန်းကို ရွှေ့ လာ ခဲ့ပါတယ်။ နောက်တော့ သူမ ကျောင်းပြန် တက်ပြီး အင်္ဂလိပ်စာ သင်ပါ တယ်။ အခုဆိုရင် အီသီယိုးပီးသားက ငယ်ငယ် ရွယ်ရွယ်နဲ့ သတို့သမီး ဖြစ်ခဲ့ ကြရတဲ့ မိန်းကလေး တွေကို အကူအညီ ပေးနေတဲ့ Girls Not Brides ဆိုတဲ့ ပရဟိတ လုပ်ငန်း တစ်ခုကို ထူထောင် ထားပါတယ်။ အခုဆိုရင် အဲဒီ ပရဟိတ လုပ်ငန်းက ကလေးသူငယ် လက်ထပ်ထိမ်း မြား ပေးမှုကို တိုက်ဖျက် အဆုံးသတ်ဖို့  ဆောင်ရွက် နေတဲ့ ကမ္ဘာနဲ့ အ၀ှမ်း ချိတ်ဆက် ထားတဲ့ ကွန်ယက် တစ်ခု ဖြစ်နေပါပြီ။

Child Marriage

Alemtsahye ကနောက်ဆုံးမှာ သူ့ဘ၀ဟာ ကောင်းကောင်း မွန်မွန် ဖြစ်လာ ခဲ့ပေမယ့် Child Marriage ကပျောက်ကွယ် သွားဦးမယ့် သဘော မရှိတာ ကိုလည်း သတိပြု မိပါတယ်။ အကယ်လို့ WHO ရဲ့ခန့်မှန်းချက် တွေသာ မှန်ခဲ့မယ် ဆိုရင် နောင်ငါးနှစ် အတွင်းမှာ ပိုပြီးတော့တောင် ပျံ့ နှံ့လာမယ့် သဘောမှာ ရှိပါတယ်။ ကျွန်မ မိန်းကလေး တွေကို ပြောချင်တာက ငယ်ငယ်ရွယ်ရွယ်နဲ့ လက်မထပ် ပါနဲ့။ ကလေး ဘ၀ကို ပီပီသသ ခံစားပါ။ ကျောင်းကို သွားပြီး လေ့လာ သင်ယူစရာ ရှိတာ တွေကို သင်ယူကြပါ။ ကျွန်မ တုန်းက ကျွန်မရဲ့ ကလေး ဘ၀ကို အဓမ္မ လုယူခံ ခဲ့ရပါတယ်။ ပညာရေး အဆုံးသတ် ခဲ့ရတယ်။ ကျွန်မ ဘာမှ မရခဲ့ဘူး။ ကျွန်မ အရာ အားလုံးကို လန်ဒန်ကို ရောက်တော့မှ သင်ယူခဲ့ ရတာလို့ Alemtsahye ကဆိုပါတယ်။ ပြီးတော့ အဲဒီ မိန်းကလေး တွေရဲ့ မိဘတွေကို သူမပါး ချင်တဲ့ အကြောင်းအရာက ပိုပြီးတာ သွားပါတယ်။ ရှင်တို့ ဘာလို့ ကလေးတွေရဲ့ ဘ၀ကို ဖျက်ဆီးချင် ကြတာလဲလို့ သူမက မေးလိုက် ပါတယ်။ ကလေး တွေကို ကျောင်းကို ပို့ပေးပါ။ စာသင် ပါစေ။ က လေး တစ်ယောက်ကို အရွယ် မတိုင်ခင် အိမ်ထောင်ချ ပေးလိုက် တဲ့အခါ ဖြစ်လာတဲ့ ပြဿနာ တွေကို သိကြ ရဲ့လား။ သူတို့လေး တွေဟာ သူ တို့ရဲ့ ကလေး ဘ၀ကို ဆုံးရှုံးသွား ရတယ်လို့ Alemtsahye ကခိုင်ခိုင်မာမာ ဆိုခဲ့ ပါတယ်။

Images from dailymail.co.uk. Source: dailymail.co.uk


Author

Ei Pont

မြန်မာတရားရေးကို စိန်ခေါ်လာတဲ့ ဆေးဝါးကျောင်းသူလေး နော်မေသူသူဇော် သေဆုံးမှု

""

 2013 ဧပြီလ လောက်က ဆေးဖက်ကျောင်းသူလေး တစ်ယောက်ဟာ ဘုရင့်နောင် တံတားပေါ်က ခုန်ချပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ် ။ အဲ့ဒီကျောင်းသူလေးနာမည်က နော်မေသူသူဇော်ဖြစ်ပြီး အသက် ၁၉ နှစ်သာရှိပါ သေးတယ် ။
နော်မေသူသူဇော် ရဲ့ ရည်းစားဖြစ်သူက ရဲမင်းဦးလို့ခေါ်တဲ့ ဆေး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။ ကောင်မလေးသေတဲ့နေ့က သူဟာ သူ့ချစ်သူရဲမင်းဦးနဲ့ လျှောက်လည်ရာက ပြန် လာပြီး စော်ဘွားကြီးကုန်း ကနေ မှော်ဘီကို ည ၇ နာရီ ၄၅ မိနစ်မှာ ပြန်သွားတယ်လို့ ရဲမင်းဦးက စစ်ချက်ပေးပါတယ် ။ ရဲတပ်ဖွဲ့က မေသူဇော်ရဲ့လွယ်အိတ်ကို ဘုရင့်နောင် တံတားပေါ်မှာ တွေ့ရတာ ည ၈ နာရီလို့ ပြောပါတယ် ။ တွေ့တာကတော့လေညှင်းခံ ထွက်လာတဲ့ရွာမရပ်ကွက်က မိန်းခလေးသုံးယောက်ပါ ။ ဇော်ဘွားကြီးကုန်းကနေ မှော်ဘီကို သူ့ရည်းစားရှေ့မှာ ပြန်သွားတဲ့ မိန်းခလေးဟာ ဘုရင့်နောင်တံတား ပေါ်မှာ ည ၈ နာရီမှာ ဘယ်လို ကိုယ့်ဟာကိုယ် သတ်သေနိုင် မလဲ ??? ။ ဇော်ဘွားကြီးကုန်းနဲ့ ဘုရင့်နောင်ဆိုတာ ဆန့်ကျင့်ဘက်ပါ ။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ မိန်းခလေးဟာ ဇော်ဘွားကြီးကုန်းကလာပြီး ခရေပင်လမ်းခွဲမှာ ဆင်း တက်စီဌားပြီး ဘုရင့်နောင်တံတားကိုလာ ၊ ပြီးမှ လွယ်အိတ်ကို တံတားမှ ချပြီး ၊ မြစ်ထဲကို ခုန်ဆင်းသတ်သေတယ်လို့ ယူဆပါသတဲ့ ။ စော်ဘွားကြီးကုန်းကနေ ခရေပင်လမ်းခွဲ ကို ဟိုင်းလတ်စီးရင် အနည်းဆုံးငါးမိနစ် နဲ့ ဆယ်မိနစ်ကြားပါ ။ ခရေပင်လမ်းခွဲက ဘုရင်နောင် တံတား - ပေါက်တောဝ ကို တက်စီဌားရင်လည်း အနည်းဆုံး ၁၅ မိနစ်က နာရီဝက်လောက်ကြာနိုင်ပါတယ် ။ အင်းစိန်ပန်းခြံ ကစပြီး ဂုံးတံတား ၊ အင်းစိန်ဈေး ၊ ပေါက်တောဝ မီးပွိုင့် အထိ လမ်းတောက်လျှောက်ပွင့်နေတာတောင် ငါး မိနစ်က ဆယ်မိနစ်လောက်ထိကြာ ပါတယ် ။ ကဲ . . . ည ၇ နာရီ ၄၅ မှာ ရည်းစားနဲ့ လမ်းခွဲလာတဲ့ မိန်းခလေး ည ၈ နာရီမှာ ကိုယ့်ကို ကိုယ် ဘုရင့်နောင် တံတားမှာ သတ်သေတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းချက်ကို လက်ခံနိုင်ဖွယ်ရှိပါသလား ။ အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့အလောင်းပေါ်လာတယ် ။ ရဲက နှစ်ရက် ထားပြီးတော့ ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်တယ်လို့ဆိုတယ် ။ ဆေးရုံက သုံး ရက်ထားမဲ့ဟာကို ရဲက အမိန့်စာထုတ်ပြီး သဂြိုလ်ပါသတဲ့ ။ ပြီးတော့မှ ရဲမင်းဦး အိမ်က အရင်သိပြီး ကောင်မလေးအိမ်ကို အကြောင်းကြားတယ်လို့ဆိုတယ် ။ ကောင်မလေးတံတားမှာချန်ခဲ့တဲ့ အိတ်နဲ့ဖိနပ် ။ အိတ်မှာ ကောင်မလေးရဲ့ကျောင်း သားကတ်ဒ် ရှိပါတယ် ။ ကျောင်းသားကတ်ဒ်ထဲမှာ နေရပ်လိပ်စာလည်း ပါတယ် ။ ဒါပေမယ့် ကောင်မလေးကို ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်တယ် ။ ဆေးစာကိုရေးတာက အင်းစိန်က မူ့ခင်းဆရာဝန်ကြီး ဒေါက်တာရဲဝင်းဖြစ်တယ် ။ ဆေးစာမှာတော့ ကောင်မလေးမှာ ပြင်ပ ဒဏ်ရာ မတွေ့ရပဲ အဆုတ်ထဲရေ၀င် သေဆုံးတယ်လို့ ဆိုပါတယ် ။ ပြီးတော့ ကောင်မလေးဟာ အပျိုစစ်စစ်လို့ဆိုပါ တယ် ။ ကောင်မလေးရဲ့ အပျိုမှေးတောင်မပျက်စီးတဲ့သဘောပေါ့ ။ ဒါပေမယ့် ရဲတပ်ဖွဲ့က ပေးတဲ့ ပုံမဟုတ် ပဲ မိသားစုက စုံစမ်းပြီးရထားတဲ့ အလောင်း ဘေးတိုက်ပုံမှာ ကောင်မလေးရဲ့နောက်ကျောမှာ သွေးစွန်းနေတယ်လို့ ယူဆနိုင်တဲ့ အနီကွက်ကိုတွေ့ရသလို ၊ ရဲ ကပေးတဲ့ပုံမှာလည်း လက်ဝဲဘက်လက်ကျိုးနေတယ် လို့ ယူဆနိုင်ပါတယ် ။ မူ့ခင်းဆရာဝန်ကြီးက အပျိုစစ်စစ်လို့ ထွက်ချက်ပေးပေမယ့် သေဆုံးသူရဲ့ဖုန်းထဲမှာ သူ့ရည်းစား ရဲမင်းဦး နဲ့ ပို့ထားတဲ့ မက်ဆေခ်ျ့တွေ မှာတော့ ကောင်မလေးဟာ သူ့ရည်းစားနဲ့လွန်ကျုးထားတယ်လို့ တွေ့ရှိရပြီး ကောင်မလေးဟာ တားဆေးစား နေရပါသတဲ့ ။ တားဆေးစားနေရတဲ့ မိန်းခလေးဟာ အပျိုစစ်စစ်ဖြစ်ပါ့မလား ??? ။ အမှု့ရှုပ်ထွေးလာပါပြီ ။ ဒါဆို ဘာလို့ ရဲတပ်ဖွဲ့နဲ့ မှု့ခင်းဆရာဝန်ကြီး ၊ တရားသူကြီး တွေ က ဒီလို သံသယ ၀င်စရာတွေကို ပြုမှုခဲ့ကြပါသလဲ ။ ဆေးကျောင်းသား ရဲမင်းဦးရဲ့ ဖခင်ဟာ ဂျီအီး ( အင်ဂျင်နီယာ ) တပ်က အရာခံဗိုလ် ကြီးတစ်ဦးဖြစ်ပါတယ် ။ ဂျီအီးတပ်က ဆာဂျင်တွေ ၊ အင်ဂျင်နီယာတွေ ဘယ်လောက် ပိုက်ဆံရတယ် ၊ ချမ်းသာတယ် ဆိုတာ နီးစပ်သူတွေ သိကြမှာပါ ။ ဒါကြောင့် များ ??? ။ ဒါတင်မကပဲ ရဲမင်းဦးနဲ့ သေဆုံးသူကောင်မလေးတို့ဟာ အဲ့နေ့က ရွှေတိဂုံဘုရား နဲ့ ဂျန်းရှင်းစကွဲယားတို့ကိုလည်ပတ်ခဲ့ကြပါသတဲ့ ။ တိတိကျကျဆို ရဲမင်းဦ ၊ သူ့ အစ်ကိုတစ်ယောက်နဲ့ ၊ သေဆုံးသူကောင်မလေးပါ ။ ဒါပေမယ့် ရဲမင်းဦးရဲ့ သူငယ်ချင်းတွေဟာ အဲ့နေ့က သေဆုံးသူကောင်မလေး ၀တ်တဲ့ ဂါဝန် နဲ့ အရောင်ကို ပါ သိကြပါသတဲ့ ။ ဒီအကြောင်းကို သေဆုံးသူကောင် မလေးအိမ်က ရဲမင်းဦးနဲ့ သူ့အပေါင်းအသင်းများက ကောင်မလေးကို မုဒိန်းကျင့် ပြီး သတ်ဖြတ်ကာ ကိုယ့်ကို ကိုယ် သတ်သေသလို ဇတ်လမ်းဆင်ခဲ့တယ်လို့ စွပ် စွဲခဲ့ပါတယ် ။ နောက်ဆုံး သံသယဖြစ်စရာအကောင်းဆုံးကတော့ ကောင်မလေးအလောင်းပေါ် တဲ့ လှိုင်မြစ်ကမ်းနဲ့ နှစ်လမ်းအကွာ မှာ ရှိတာကတော့ လူသတ်သမားလို့ စွပ်စွဲ ခံရတဲ့ ကောင်မလေးရဲ့ ချစ်သူရဲမင်းဦး ရဲ့ အိမ်ပဲ ဖြစ်ပါတော့တယ် ။ ဒီလို သံသယတွေ ၊ ထောက်ပြစရာတွေ ၊ လျို့ဝှက်ချက်နေတဲ့ ပြည့်လျှမ်းနေတဲ့ အမှု့ ကိုလူသေမှု့ဆိုပြီး အမှု့ပိတ်လိုက်တာဟာ ရဲတပ်ဖွဲ့ရဲ့ စွမ်းရည်ကို ဝေဖန်စရာ ဖြစ်လာနေပြီး ၊ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့ဘုတ်နဲ့ ၀က်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာကြပါတယ် ။ လူအများစုကတော့ မြန်မာ့တရားစီရင် ရေးကို ကိုင်လှုပ်လာမလားဆိုတာ စောင့်ကြည့်နေကြရင်း ။ 
တရားဥပဒေ မြဲမြံကြပါစေ ။
 မာဃ ၂၆ ။ ၁ ။ ၂၀၁၃

ရန်ကုန်တိုင်း အတွင်း သတိပေး ခံရသော တရုတ်ဆေး ကုခန်း ဆယ်ခု ကျော်ရှိ.................









ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသော ကြော်ငြာလွန် တရုတ်ဆေးကုခန်းများ
ထဲက တိုင်ကြားမှု လက်ခံထားသော ဆေးခန်း ဆယ်ခုကျော်ကို တိုင်းအစိုးအရ အဖွဲ့က
အရေးယူရန်သတိပေးထားကြောင်း အဆိုပါအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက The Voice
သို့ပြောကြားသည်။

လိုင်စင်မဲ့ ဆေးကုသနေသော နိုင်ငံခြားသား ဆရာဝန်များရှိရာ ဆေးကုခန်းများကို သတိ
ပေးထားခြင်း ဖြစ်ပြီး အများစုမှာ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်နှင့် ကျောက်တံတား
မြို့နယ် များရှိ တရုတ်လူမျိုး ဆရာဝန်များ ရှိရာ ဆေးပေးခန်းများ ဖြစ်ကြောင်း ၄င်းက ထပ်
လောင်းပြောကြားသည်။

လက်ရှိအချိန်တွင် သတိပေးခံရသော ဆေးကုခန်းများမှာ စောင့်ကြည့်စစ်ဆေးမှု အားနည်း
ချက်ကြောင့် တရားမဝင် ဖွင့်လှစ်မှုများ ရှိနေကြောင်း၊ ယင်းကြောင့် သက်ဆိုင်ရာ မြို့နယ်
များက မြို့နယ် ကျန်းမာရေးဆရာဝန်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များကို စောင့်ကြည့်အရေး
ယူရန် ညွှန်ကြားထားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ဆရာဝန်များ လာရောက်ဆေးကုသမည် ဆိုပါက ဆေး
ကောင်စီ၏ ခွင့်ပြုချက် လိုင်စင်ရှိမှသာ ကုသနိုင်ကြောင်း၊ သို့သော် နိုင်ငံခြားသား တိုင်း
ရင်းဆေးဆရာဝန်များ အတွက်မူ တိုင်းရင်းဆေး အက်ဥပဒေ မရှိသည့်အတွက် တိုင်း
ရင်း ဆေးကုခန်းများ တရားဝင်ဖွင့်လှစ်ခွင့် မပြုထားကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့
ရုံး ထံမှ သိရသည်။

"ထိထိရောက်ရောက်တော့ အရေးယူတော့မှာ။ ဆေးခန်းပိတ်သိမ်းမယ်။ တရားဥပဒေအ
ရ အရေးယူတဲ့ အခါမှာလည်း လူကို လိမ်လည်တာလား၊ လူနာ ထိခိုက်အောင် လုပ်တာ
လားပေါ် မူတည်ပြီး ပြစ်ဒဏ်ပေးမယ်။ ထောင်ဒဏ်လည်းဖြစ်နိုင်တယ်" ဟု ရန်ကုန်တိုင်း
အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

အဆိုပါဆေးခန်းများ အတွက် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ပုဂ္ဂလိက ကျန်းမာ
ရေးစောင့်ရှောက်မှု ဥပဒေနှင့် အညီ ဆောင်ရွက်နေပြီး စီမံကိန်း အနေနှင့် ဆက်လက်
ဆောင်ရွက်ရန် မရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က The Voice သို့
ပြောကြားသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် လမ်းမတော် မြို့နယ်ရှိ ပုဂ္ဂလိက
ဆေးကုခန်းနှင့် တရုတ်လူမျိုး ဆရာဝန်ကို သွားရောက်စိစစ်ပြီး အရေးယူရန် စီစဉ်လျက်ရှိ
သည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ရန်ကုန်တိုင်း အတွင်း သတိပေး ခံရသော တရုတ်ဆေး ကုခန်း ဆယ်ခု ကျော်ရှိ http://www.simon-vlog.com/2014/01/blog-post_679.html#ixzz2rivJv2HI
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Yabba (ယာဘ).... ............

Tuesday, January 28, 2014



“လူစည်စည်မှာ အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့။ သူများကို အပြစ်ပြောတဲ့နေရာမှ သူရဲကောင်း အထင်ခံရလောက်အောင် ဆေးစွမ်းကထိရောက်တယ်။ ပြောတာဟောတာကို အဟုတ်မှတ်လို့ နောက်လိုက် နောက်ပါ ဖြစ်သွားသူတွေလဲ များတာာတွေ့ရတယ်။ အရေးအသားလဲ ပြောင်မြောက်လို့ စာဖတ်ပရိသတ်လဲ မရှားဘူး။”
(ယာဘ) ဆိုတာ Methamphetamine (မက်သမ်ဖတမင်း) ဖြစ်တယ်။ မြန်မာပြည်မှာ ရေခဲလို့လဲခေါ်တယ်။ သူများ နိုင်ငံတွေမှာ Ice, Speed, Meth, Crystal, Crank စသဖြင့်ခေါ်တယ်။ Methamphetamines နဲ့ Caffeine ကိုသာ Ice လို့ခေါ်တာကမှန်တယ်။ အဖြူရောင် အနံ့မရှိဘူး။ ရေ၊ အရက်ထဲမှာ ပျော်ဝင်တယ်။ ပါးစပ်ကနေ သောက်တယ်။ နှာခေါင်းကနေ ရှူတယ်။ ဆေးထိုးအပ်နဲ့လဲ ထိုးတယ်။ ဆေးလိပ်လိုလဲ သောက်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။ ကလပ်တွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ နာမည်ခွဲတွေ ရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank လို့ ခေါ်တယ်။ ဆေးကုရာမှာလဲ Desoxyn 5-mg tablets ဆေးပြားအနေနဲ့ သုံးတယ်။ ADHD နဲ့ Exogenous obesity အဝလွန်ရောဂါတွေအတွက် ပေးတယ်။ Narcolepsy နဲ့ Depression တခြားဆေးတွေနဲ့ မရတဲ့ စိတ်ဓါတ်ကျ ရောဂါအတွက်လဲ သုံးတယ်။ (မက်သမ်ဖတမင်း) ဟာ အားကောင်းတဲ့ စိတ်ကြွဆေးတမျိုးဖြစ်တယ်။ Psychostimulant ခေါ်တယ်။ Amphetamine ကနေထုတ်တယ်။ ဆေးအဆ နည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမယ်။ အာရုံစိုက်မှုလဲ ပိုမယ်။ အားကုန်ရင်လဲ အားရစေတယ်။ ဆေးအဆများများပေးရင် Mania (မဲနီးယား) နဲ့ Euphoria (ယူဖိုးရီးယား) စိတ်အခြေအနေတွေအထိ ပြောင်းလာမယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ အစပိုင်းလေးမှာ လိင်စိတ်များစေမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေမယ်။ လူထဲအတင်းလိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေပြား ဆိတ်နေမယ်။ သူများ မမြင်-မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေ ရှိနေတယ်လို့ ထင်နေမယ်။ အဲလိုလူတွေမှာ ဆေးမသုံးရရင် အားယုတ်မယ်၊ စိတ်ဓါတ်ကျမယ်၊ အစားတွေ သိပ်စားချင်မယ်၊ စိုးရိမ်စိတ်ကဲမယ်၊ စိတ်တိုမယ်၊ ခေါင်းကိုက်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အိပ်ချိန်များမယ်၊ အိပ်မက်အမျိုးမျိုး မက်မယ်။ ရေရှည်မှာ ဆိုးတာတွေ ဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျလွန်းလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။ နှလုံးရောဂါရမယ်။ စိတ်ရောဂါရမယ်။ စိုးရိမ်စိတ် များလွန်းလာမယ်။ စိတ်ကြမ်းတမ်းလာမယ်။ ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေရှိတယ်။ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံထွက်မယ်၊ ဖြူဖတ်ဖြူယော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်။ ဆေးတလွဲသုံးမှုနဲ့ ဆေးစွဲတာပါ ဆက်ဖြစ်လာမယ်။ Amphetamine/Stimulant psychosis စိတ်အခြေအနေတမျိုး ဖြစ်လာမယ်။ တာရှည်သုံးရာကနေ Post-withdrawal syndrome ဆေးဖြတ်ချိန်မှာ ခံစားရမှာတွေ ဖြစ်လာမယ်။ Neurotoxicity အာရုံကြောအဆိပ်သင့်တာလို့ခေါ်တယ်။ တကယ် ဆေးဖြတ်ပြီးနောက် အချိန်အတော်ကြာအထိ ခံစားနေရမယ်။ (နှလုံးသွေးကြောရောဂါ) လဲ ရလာနိုင်တယ်။ Cocaine (ကိုကိန်း)၊ Amphetamine (အင်ဖက်တမင်း) တို့နဲ့မတူတာက Methamphetamine ဟာ Midbrain ဦးနှောက် အလယ်ပိုင်းမှာရှိတဲ့ Dopamine neurons အာရုံကြောကို ထိခိုက်စေတဲ့ Neurotoxic အာရုံကြောအဆိပ်မျိုး ဖြစ်တယ်။ Parkinson's disease ရောဂါရလမ်းလဲ များတယ်။ ဆေးခံနိုင်စွမ်းကို စမ်းသပ်တာမှာ တယောက်နဲ့တယောက် မတူကြဘူး။ သာယာမှုလမ်းကြောင်းကို သင့်တာထက်ပိုပြီး သက်ရောက်စေထားတဲ့အတွက် Anhedonia ဖြစ်လာမယ်။ ဆေးစွဲသုံးသူတွေမှာ သွားတွေ၊ သွားဖုံးက ပျက်စီးလွယ်တယ်။ အဲဒါကို Meth mouth လို့ ခေါ်တယ်။ ဆေးစွဲတာကို ကုရတာဟာ အတော်ကြီးခက်တယ်။ Bupropion, Aripiprazole, Baclofen ဆေးတွေပေးတာ များတယ်။ ဒါပေမဲ့ အောင်မြင်မှု နည်းတယ်။ L-tyrosine and L-5HTP/tryptophan ခေါ်တဲ့ အမိုင်နိုအက်စစ် အားဆေး နေ့တိုင်း ပေးနိုင်တယ်။ ဗီတာမင် (စီ) ပေးတာလဲ ကောင်းတယ်။ Modafinil ဆေးကိုလဲသုံးတယ်။ Ibogaine နဲ့ Mirtazapine ဆေးတွေကိုလဲ သုံးတယ်။ Behavioral activation therapy စိတ်ကုနည်းလဲသုံးရတယ်။ 
ဒေါက်တာတင့်ဆွေ 
၂၈-၁-၂ဝ၁၄

Ice ဆိုတာ ရေခဲမဟုတ်ပါ ...................

Tuesday, January 28, 2014

သတင်း = အခုပေါ်နေတဲ့ Ice ပါ။ မူးယစ်ဆေးဝါးအဖြစ် ကျန်းမာရေးက ကြေငြာထားပါတယ် (လွင်သန္တာစိုး) Ice ဆိုတာ တရားမဝင်မူးယစ်ဆေးဖြစ်တယ်။ Methamphetamine ဖြစ်တယ်။ Base လို့လဲခေါ်တယ်။ Amphetamine ဆေးအုပ်စုထဲက ဖြစ်တယ်။ အဲဒီထဲမှာ Speed လဲပါသေးတယ်။ ကွာကြတာက ဘယ်လောက်စစ်သလဲ ဆိုတာသာ ဖြစ်တယ်။ Ice ကထိပ်ဆုံး၊ ဒိနောက် Base နဲ့ Speed စဉ်တိုက်ဖြစ်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။ Ice မှာနည်မည်ခွဲတွေရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, yabba နဲ့ crank လို့ခေါ်ကြသေးတယ်။ Crystal meth ကို ကလပ်တွေ၊ လူစီစီရှိရာတွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ Crystal meth ကိုသူများတွေဆီမှာ အများအားဖြင့် နှာခေါင်းကနေရှူကြတယ်၊ ဆေးလိပ်လိုလဲသောက်တယ်၊ ဆေးထိုးအပ်နဲ့လဲထိုးတယ်။ တချို့ကဆေးသောက်သလိုလဲ သောက်သေးတယ်။ ဘယ်ကနေလုပ်လုပ် ဆေးအစွမ်းကို ဆက်ရချင်တဲ့ဆေးစွဲမှုနဲ့ မှားယွင်းတဲ့ပျော်ရွှင်မှုကိုရစေတယ်။ သိပ်ပြီးကိုယ့်ကိုယ်ကို အထင်ကြီးလာတယ်။ ဘာလုပ်လုပ် သိပ်တက်ကြွနေမယ်။ အားတွေလဲရှိနေမယ်။ စားချင်စိတ်မရှိဘူး။ ဆေးစွမ်းက ၆-၈ နာရီခံတယ်။ စသုံးသူတွေဆိုပိုကြာလို့ ၂၄ နာရီခံတယ်။ ဆေးသုံးကာစ ပျော်ရသလိုနေပေမဲ့ ဆေးကို လူကိုဖျက်ဆီးလာနေပါပြီ။ မှတ်ဥာဏ်လျော့မယ်။ ကြမ်းတမ်းစိတ်ဝင်မယ်။ စိတ်မမှန်အမူအယာတွေပြမယ်။ နှလုံးနဲ့ ဦးနှောက်တွေ ပျက်စီးစေမယ်။ အလွန်စွဲတယ်။ ဆေးမရရင်မနေနိုင်ဖြစ်လာမယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးတော့မယ်။ အလုပ်ပြုတ်မယ်။ လမ်းပေါ်ကနေ မူးယစ်ဆေးဖြတ်ဆေးရုံ၊ ဒါမှမဟုတ် အချုပ်ထဲ၊ ထောင်ထဲရောက်မယ်။ နောက်ဆုံး ရေခဲတိုက်ထဲရောက်မယ်။ 
ဒေါက်တာတင့်ဆွေ 
၂၈-၁-၂ဝ၁၄

2014 Miss International Beauty Pageant Winner (Japan) ........

မိုဘိုင်းဖုန်းသုံးလမ်းညွှန် - SM3 Mobile Directory v3.1.0111 APK (Latest Version).........


Android Phone ပေါ်ကနေပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံ ၊ ဆေးခန်း ၊ ဆိုင် ၊ ဟော်တယ် ၊ ဈေး ၊ အစရှိ တဲ့ ဖုန်းနံပါတ် တွေကိုကြည့်နိုင်တဲ့ SM3 Mobile Directory နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ် ဗျာ။ အတော်လေးကိုအသုံးတည့်တဲ့အတွက် ဆောင်ထားစေချင်ပါတယ်ဗျာ။ နောက်ဆုံးထွက် Version ဖြစ်တဲ့ အတွက် ဖုန်းနံပါတ်တွေကလည်း Update ဖြစ်ပါတယ်။ အခု Version အသစ်မှာတော့ နိုင်ငံခြားငွေဈေး ၊ ရွှေဈေး တို့ကိုထည့်သွင်းပေးထားပါတယ်။ ဒါပအပြင် အသုံးဝင်ဖုန်းနံပါတ်ကုတ်များကိုလည်း ပြည်တွင်းမှာ နယ်ဝေး ကုတ်နံပါတ်များနဲ့ နိုင်ငံတကာမှ ကုတ်နံပါတ်များကိုပါထည့်သွင်းပေးထားပါတယ်ဗျာ။ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။





 ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

စင်ကာပူတွင် မြန်မာတစ်ဦး အသက်မပြည့်သော အမျိုးသမီးနှင့် ငွေပေးပျော်ပါး၍ ထောင်ချခံရ ..................


ရန်ကုန်၊ ဇန်နဝါရီ ၂၇

စင်ကာပူနိုင်ငံတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အခကြေးငွေ ပေးကာ လိင်ဆက်ဆံခဲ့သော မြန်မာတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၂ ပတ် ချလိုက်ကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် The Straits Times သတင်း တစ်ရပ်တွင် ဖော်ပြသည်။

အင်ဂျင်နီယာတစ်ဦး ဖြစ်သူ အသက် ၃၄ နှစ်အရွယ် လူမော်အမည်ရ အဆိုပါ မြန်မာနိုင်ငံသားသည် အသက် မပြည့်သေးသည့် အမျိုးသမီးငယ်ကို ၂၀၁၃ ခုနှစ် မတ်လတွင် စင်ကာပူဒေါ်လာ ၂၂၀ ပေးကာ ပျော်ပါးခဲ့ခြင်းဖြစ်ပြီး လူမော်သည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသမီးသည် လုပ်ခကောင်းကောင်း ရရှိမည့် အက၊ ညစာ အတူစားခြင်း၊ စကားပြောဆိုခြင်း စသည် တို့အပြင် အခြားဝန်ဆောင်မှုပါ ပေးနိုင်သည့် အဆင့်မြင့် အမျိုးသမီးအဖော် လုပ်ငန်းတွင် လုပ်ကိုင်ရန် ခေါ်ဆောင်လာခြင်း ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လိင်လုပ်သား ဘဝသို့ သွတ်သွင်းခံ ခဲ့ရကြောင်း The Straits Times တွင် ဖော်ပြသည်။

အသက်မပြည့်သူနှင့် ပျော်ပါးသဖြင့် ထောင်ချခံရသည့် မြန်မာနိုင်ငံသားမှာ အလားတူ ပြစ်မှုအမှုဖြင့် ပြစ်ဒဏ်ပေးခံရသူ များအနက် ခုနစ်ဦးမြောက် ဖြစ်သည်။

The Voice Weekly

ကမ္ဘာလှည့် မြန်မာအဆိုတော် ၄ ဦး ....................

Tuesday, January 28, 2014
~

လူလျော့သွားပေမယ့် မြန်မာမလေးများအဖွဲ့ အခွေသစ်ထွက်နိုင်ဖို့ ရှေ့ဆက်


အမျိုးသမီးအဆိုတော် ၄ ဦးနဲ့ နိုင်ငံတကာတန်းဝင် ပေါ့ပ်သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ဆိုနေတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး မြန်မာမလေးများ (Me N Ma Girls) အဖွဲ့ ဟာ လူစုကွဲသွားပေမယ့် အသစ်ထွက်မယ့် သီချင်းအယ်လ်ဘမ်အတွက် ဆက်လက်လုပ်ဆောင်သွားမှာပါလို့  အဖွဲ့ဝင်တဦးဖြစ်သူ အမွန်းက ဧရာဝတီကို ပြောပါတယ်။ 
 

 

အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိမြို့မှာရှိတဲ့ ပါဝါမြူးဇစ် စတီရီယိုမှာ ဆက်လက်အသံသွင်းနေပြီး ဒီနှစ်အတွင်း ပထမဆုံး အခွေသစ်ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ကချင်တိုင်းရင်းသူ အမွန်းက ဆိုပါတယ်။

အရင်က မြန်မာမလေးများအဖွဲ့မှာ အမွန်း၊ ကီမီ၊ ချာချာ နဲ့ ထိုက်ထိုက် တို့ လေးယောက်အတူတူ လော့အိန်ဂျလိမြို့က ပါဝါမြူးဇစ်ကုမ္ဗဏီနဲ့ သီဆိုခဲ့ရာက ၂၀၁၄ နှစ်စမှာပဲ ၂ ယောက်ထွက်သွားပြီး အမွန်းနဲ့ ကီမီ တို့သာ ကျန်ခဲ့ပါတယ် ဆိုပြီး
သတင်းထောက် ငြိမ်းငြိမ်းက   http://www.irrawaddy.org/burma/split-n-ma-girls-continue-us-recorded-album.html မှာ ရေးပါတယ်။  ခေါင်းစဉ်က After Split, Me N Ma Girls Continue With US-Recorded Album ဖြစ်ပါတယ် -  အမွန်း ဆက်ပြောတာက ...  တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ အနုပညာဖန်တီးမှုတွေကို ကုမ္ဗဏီက ပိုင်ဆိုင်တာဖြစ်ပြီး ထွက်သွားတဲ့ ၂ ဦးက တကိုယ်တော် အနုပညာ လှုပ်ရှားမှုတွေဘက် အားသန်ကာ လေ့ကျင့်မှုမှာ ပျက်ကွက်မှုတွေ ရှိတာကြောင့် ကုမ္ဗဏီက လက်တွဲဖြုတ်ခဲ့တာပါ တဲ့။

၂၀၁၃ ခုနှစ်မှာ Girl Strong ဆိုတဲ့ သီချင်းနဲ့ နိုင်ငံတကာမှာ လူသိများခဲ့ပြီး နယူးယောက်က ၂၀၁၃ ခုနှစ် အမျိုးသမီးညီလာခံမှာ ဖျော်ဖြေခဲ့သလို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား နဲ့ ဟောင်ကောင်တွေမှာလည်း ရေဒီယို ရုပ်သံ အင်တာဗျူးတွေနဲ့အတူ လိုက်ဗ်ရှိုး ဖျော်ဖြေမှုတွေ ရှိခဲ့ပါတယ်။

မြန်မာမလေးများအဖွဲ့ဆိုပြီး  မဖြစ်တည်ခင်က ကျားမလေးများ (Tiger Girls) အဖြစ်နဲ့ ၂၀၁၁ ခုနှစ်မှာ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ သီချင်းတွေ ထွက်ရှိခဲ့ပါတယ်။ ကျားမလေးများအဖွဲ့တုန်းက အမွန်း၊ ကီမီ၊ ချာချာနဲ့ ထိုက်ထိုက်အပြင် ဝေနှင်း လည်းရှိပါသေးတယ်။ ဝေနှင်းကတော့ ၂၀၁၃ ခုနှစ်အစောပိုင်းမှာ လက်တွဲဖြုတ်ခဲ့တာပါ။

 အခု ပထမဆုံး နိုင်ငံတကာအခွေထဲမှာ အင်္ဂလိပ်လို သီဆိုထားတဲ့ သီချင်း ၆ ပုဒ်ထက်မနည်း ပါမှာဖြစ်ပြီး မြန်မာသံစဉ် သီချင်းတွေလည်း ပါမယ်လို့ သိရပါတယ်။ သီချင်းတွေက ကိုယ်တိုင်သံစဉ်တွေဖြစ်တယ်၊ ထုတ်လုပ်သူနဲ့ အဆိုတော်တို့ ပူးပေါင်းရေးသားကြတယ်၊ အမေရိကန် နာမည်ကြီးပေါ့ပ်အဆိုတော် လေဒီဂါဂါရဲ့ သီချင်းရေးဆရာက ရေးထားပေးတဲ့ သီချင်းတပုဒ်လည်း ပါတယ်လို့ သိရပါတယ်။

ကချင်တိုင်းရင်းသူ အမွန်း နဲ့ ချင်းတိုင်းရင်းသူ မီကီတို့ဟာ ဇန်န၀ါရီ လ အစောပိုင်းကလည်း မလေးရှားနဲ့ ဟောင်တောင်တို့မှာ ရေဒီယို အင်တာဗျူးတွေ သွားဖြစ်ခဲ့ပြီး၊ မလေးရှားက မိဘမဲ့ဂေဟာတခုကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။  ဒီအကြောင်း ဒီဘလော့ http://blog.irrawaddy.org/2014/01/me-n-ma-girls.html မှာ ဖတ်ခဲ့ရပြီးဖြစ်မှာပါ။

မလေးခရီးစဉ်မှာ ... အသက် ၈ လ ကနေ ၁၈ နှစ်အထိ ကလေးငယ် အများအပြားအတွက် သီချင်းသီဆို ဖျော်ဖြေခဲ့ပြီး သူတို့စိတ်ချမ်းသာအောင် လုပ်ဆောင်ပေးခဲ့ရတဲ့အတွက် ပီတိ ဖြစ်ရတယ်လို့ အမွန်းက ဆိုပါတယ်။
 
“လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ ဒီလို အကူအညီလိုနေတဲ့လူတွေကို ကူညီဖို့က အမွန်းတို့အိပ်မက်ပါပဲ။ မြန်မာပြည်မှာလည်း လုပ်ဖြစ်ပါတယ်”
လို့ အမွန်းက ဧရာဝတီကို ပြောပါတယ်။

ငြိမ်းငြိမ်း

http://www.irrawaddy.org/burma/split-n-ma-girls-continue-us-recorded-album.html


.

ရန်ကုန်-အန်ကောဝပ် ကုန်းလမ်းဘတ်စ်ကား ခရီးစဉ်စတင်...............

ပီတာအောင်

မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် နာမည်ကျော်ကြားတဲ့ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းထိ ကုန်းလမ်းခရီး ဘတ်စ်ကားနဲ့ စတင် သွားရောက် လည်ပတ်နိုင်ပြီလို့ ၀န်ဆောင်မှုပေးနေတဲ့ VEGA Travel ခရီးသွားလုပ်ငန်းက ပြောပါတယ်။

ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကတဆင့် အန်ကောဝပ်ဘုရားကျောင်းရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိပ်မြို့ထိ ကုန်းလမ်းခရီးစဉ် ဘတ်စ်ကားနဲ့ အလည်အပတ် သွားလိုသူတွေအတွက် ၀န်ဆောင်မှု စပေးနေတာလို့ VEGA Travel ခရီးသွားလုပ်ငန်း ကုမ္ပဏီက လက်မှတ်အရောင်းမန်နေဂျာ ဦးသန့်ဇင်က ပြောပါတယ်။

“ရန်ကုန်ကနေ မနက် ၆ နာရီလောက် စထွက်တယ်။ ညနေ ၄ နာရီဆိုရင် မြ၀တီဘက်ကို ရောက်သွားတယ်။ ညဘက် ၁ နာရီ ၂ နာရီလောက် ခဏနားပြီး ဟိုဘက် မြ၀တီကနေ ဘန်ကောက်ကိုတက်တဲ့ ကားရှိတယ်။ သူက ည ၇ နာရီ ၈ နာရီလောက် စထွက်တယ်။ မနက် ၅ နာရီလောက် ဘန်ကောက်ကို ရောက်တယ်။ ဘန်ကောက်မှာ တည အိပ်ပြီး နောက်နေ့ အန်ကောဝပ်ကို သွားချင်တယ်ဆိုရင်လည်း ကျနော်တို့ စီစဉ်ပေးတယ်။ တိုက်ရိုက် သွားချင်တဲ့သူတွေကိုလည်း အန်ကောဝပ်ကားနဲ့ ကျနော်တို့ ပြန်ဖြည့်ပေးတယ်။ အဲအတွက် ရန်ကုန်မှာ ပိုက်ဆံရှင်းပြီးတဲ့နောက်ပိုင်း ဟိုဘက်ခြမ်းအထိ လက်မှတ်တွေ ၀ယ်ပေးထားတာ။ ဧည့်သည်က လက်မှတ်ထုတ်ပြီး ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကနေ စစီးရုံပဲ။”


ရန်ကုန်မှ မြ၀တီထိ အဆင့်မြင့် မှန်လုံကားငယ်တွေနဲ့ ပြေးဆွဲမှာ ဖြစ်ပြီး မဲဆောက်- ဘန်ကောက်ခရီးကိုတော့ အဆင့်မြင့်မှန်လုံ ၂ ထပ်ဘတ်စ်ကားကြီးတွေနဲ့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားခနှုန်းထားတွေကတော့ ရန်ကုန်မှ ဘန်ကောက်ထိ ၁ ကြောင်းကို မြန်မာ ကျပ်ငွေ ၅ သောင်းခွဲ ဖြစ်ပြီး ရန်ကုန်ကနေ အန်ကောဝပ်ထိ ကျပ်ငွေ ၆ သောင်း သတ်မှတ်ထားပါတယ်။

ခရီးသည်တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လက်ဝယ်ရှိရာမှာ ဖြစ်ပြီး ထိုင်း ပြည်ဝင်ခွင့် ဗီဇာကြေးနဲ့ တည်းခိုခတွေကတော့ ခရီးသည်က သီးခြားပေးဆောင်ရမှာ ဖြစ်ပါတယ်။ ထိုင်းဗီဇာကြေးအတွက်တော့ အမေရိကန်ဒေါ်လာ ၄၀ နဲ့ ၀န်ဆောင်ခ မြန်မာငွေ ကျပ် ၅ ထောင်ပေးပြီး ကုမ္ပဏီက တဆင့် လျှောက်ထားနိုင်သလို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လည်း ဗီဇာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ကနေ အန်ကောဝပ်ထိ ၀န်ဆောင်မှုပေးတဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့က VEGA Travel ရုံးက လက်မှတ်အရောင်း တာဝန်ရှိသူ ခွန်ဆာရာက ခုလို ရှင်းပြပါတယ်။

“ဧည့်သည်က ရန်ကုန်-ဘန်ကောက်ကို လာရမယ်။ ဘန်ကောက်ကနေပြီးမှ ကမ္ဘောဒီးယားကို ကားနဲ့ ပြန်သွားရမယ်။ တိုက်ရိုက်တော့ သွားလို့ မရဘူး။ မြန်မာပြည်သားတွေက ဗီဇာမလိုဘူးလေ။ ထိုင်းတခုကိုပဲ ဗီဇာယူလာရုံပဲ။ ကမ္ဘောဒီယားကိုတော့ ဟိုမှာ on arrival visa ပေးတယ်။ အဲဒါပြီးရင် ဗီဇာကြေး ကိုယ့်ဘာသာကိုယ် ပေးရတာပေါ့။ ဗီဇာ ဒီကနေပြီး တခါတည်း လျှောက်စရာမလိုဘူး။ ဒါပေမယ့် ဟိုရောက်ရင်တော့ ဗီဇာက ဒေါ်လာ ၃၀ ပေးရတယ်။ အဲဒါက ဟိုရောက် ကိုယ့်ဘာသာကိုယ်ပေးပေါ့။”

ဘတ်စ်ကား ခရီးစဉ်ကြာမြင့်ချိန်ကတော့ ခန့်မှန်းချေ ရန်ကုန် – မြ၀တီ ၁၀ နာရီခန့် – မဲဆောက်မှ ဘန်ကောက် ၉ နာရီခန့်နဲ့ဘန်ကောက်မှ အန်ကောဝပ်ထိ ၈ နာရီခန့် အချိန် ကြာမြင့်မှာ ဖြစ်ပါတယ်။

အလားတူ မော်လမြိုင်နဲ့ ဘားအံမြို့တွေကနေ ဘန်ကောက်နဲ့ အန်ကောဝပ်ကို ခရီးသွား လိုသူတွေ အတွက်လည်း သီးခြား ၀န်ဆောင်ခတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံ မြ၀တီ၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ ရန်ကုန်၊ မန္တလေး၊ ကျိုက်ထီးရိုးနဲ့ ပုဂံမြို့တွေကို သွားရောက် လည်ပတ်လိုတဲ့ နိုင်ငံခြားသားခရီးသည်တွေအတွက်လည်း VEGA Travel က ကုန်းလမ်းခရီးစဉ် ၀န်ဆောင်မှုတွေ ပေးနေပြီ ဖြစ်ပါတယ်။

Saturday, January 25, 2014

DVB - မြန်မာပြည်မှာ မိုဘိုင်းဖုန်းကတဆင့် ငွေလွှဲလို့ ရပြီ



https://www.facebook.com/pages/Myanmar-Mobile-Money/265519463593344



Myanmar Mobile Money



Mobile Money ကို သုံးစွဲခြင်း အားဖြင့်


1.ငွေစက္ကူ အများအပြား ထိန်းသိမ်းရန်မလိုတော့ခြင်း


2.24/7 Service ရှိခြင်း (1212)


3.ငွေကြွှေမလိုတော့ခြင်း


4.ငွေသွင်း/ထုတ်ရန် ဘဏ်အထိသွားလာရသည့် အချိန်ကုန်သက်သာခြင်း


5.ဘဏ်မရှိသော ကျေးရွာလေးများအထိ ဖုန်းရှိရုံဖြင့်ငွေလွှဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။





Mobile Money အကောင့်ဖွင့်ခြင်း၊


Mobile Money
Service အသုံးပြုမည်ဆိုပါက ရှေးဦးစွာ Myanmar Mobile Money  နှင့်
ချိတ်ဆက်ထားသည့် ဘဏ်များတွင် အကောင့်ဖွင့်ပြီး Register လုပ်ရပါမည်။



Bank Account ရှိပြီးသူများလည်း Mobile Money အသုံးပြုရန်အတွက် သီးသန့်အကောင့်တစ်ခု ထပ်ဖွင့်ရပါမည်။


အကောင့်ဖွင့်ရန်အတွက်
မှတ်ပုံတင်၊ မိမိကိုယ်ပိုင်ဖုန်းနှင့် ဆိုင်းထိုးရန်အတွက်
အကောင့်ဖွင့်လိုသူကိုယ်တိုင် လာရောက်၍ အနည်းဆုံး ငွေငါးထောင် စသွင်းပြီး
ဖွင့်နိုင်သည်။



အကောင့်ဖွင့်၍
Register လုပ်ပြီးပါက မိမိ၏ မိုဘိုင်းလ် ဖုန်းအကောင့်အတွက် Pin Code. 4-8
(number only) ရမည်။ ထို Pin Code. အခြား မည်သူမှမသိအောင်
ထိန်းသိမ်းထားရမည်။






http://myanmarmobilemoney.com/

အုပ်စုလိုက်မုဒိမ်းကျင့်ဖို့အမိန့်ပေးတဲ့ ရွာသူကြီးကိုလည်း ထိန်းသိမ်းထားတယ် လို့ Birbhum ဒေသ ရဲဌာနအကြီးအကဲ C. Sudhakar က ပြော

ရွာသူကြီးအမိန့်အရ အမျိုးသမီးကို အုပ်စုဖွဲ့ မတရားကျင့်

Saturday, January 25, 2014
~

အိန္ဒိယနိုင်ငံမှာ အသက် ၂ဝ အရွယ် အမျိုးသမီးတဦးကို ကျေးရွာခုံရုံးရဲ့စီရင်ချက်အရ အမျိုးသား ၁၃ ဦးက ဝိုင်းဝန်း မုဒိမ်းကျင့်ခဲ့တယ်လို့ ရဲအရာရှိကြီးတဦးက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
 -
 


Students in Ahmedabad, India, hold candles as they pray during a candlelight vigil for a woman who in December 2012 was gang-raped on a bus. This week police announced another 20-year-old woman in West Bengal was gang-raped as punishment by a village court for allegedly falling in love with someone from another community. (Photo: Reuters)
 -
ဒီအမျိုးသမီးရဲ့ပြစ်မှုက တခြားရွာသားတဦးနဲ့ ငြိစွန်းနေခြင်းလို့ ဆိုပါတယ်။

ဒီအကြောင်း ဧရာဝတီပင်မစာမျက်နှာက Indian Woman Says Gang-Raped on Orders of Village Court ဆိုတဲ့ သတင်းတပုဒ်  http://www.irrawaddy.org/asia/indian-woman-says-gang-raped-orders-village-court.html မှာ ရေးထားပါတယ်။

အနောက်ဘန်ဂေါပြည်နယ်ရဲ့ Birbhum ဒေသမှာ အဲဒီလို ပြုမူခံရတာဖြစ်တယ်လို့ ဒီအမျိုးသမီးက ရဲကို ထွက်ဆိုပါတယ်။ အခုတော့ ဒီအမျိုးသမီး ဆေးရုံတခုကိုရောက်နေပါတယ်။

ဒီအမျိုးသမီးကို အိမ်ထဲမှာ စော်ကားနေချိန် သူ့အမျိုးသားကိုတော့ အပြင်ဘက် တနေရာမှာ ကြိုးတုပ်ထားတယ်လို့ ဆိုတယ်။

အမျိုးသား ၁၃ ယောက်စလုံးကို ထိန်းသိမ်းထားတယ်၊ အုပ်စုလိုက်မုဒိမ်းကျင့်ဖို့အမိန့်ပေးတဲ့ ရွာသူကြီးကိုလည်း ထိန်းသိမ်းထားတယ် လို့ Birbhum ဒေသ ရဲဌာနအကြီးအကဲ  C. Sudhakar က ပြောပါတယ်။

ဒီအမျိုးသမီးရဲ့မိသားစုက စာနယ်ဇင်းတွေကို ပြောပြတာကတော့ ... သူနဲ့ တခြားဒေသကအမျိုးသား ငြိစွန်းကြခြင်းဟာ မျိုးနွယ်စုရဲ့ဓလေ့ကို ဆန့်ကျင့်ရာရောက်တယ်လို့ ကျေးရွာခုံရုံးက ယူဆတာကြောင့်ဖြစ်တယ်၊
သူတို့နှစ်ဦးက ဒဏ်ကြေး ရူပီး နှစ်သောင်းခွဲ (ဒေါ်လာ လေးရာ) ပေးဆောင်ရတယ်၊ ဒါ့အပြင် အမျိုးသမီးကို မတရားကျင့်ဖို့ သူကြီးက အမိန့်ပေးခဲ့တာလို့ ဆိုပါတယ်။

အနောက်ဘန်ဂေါပြည်နယ်ဟာ အမျိုးသမီးတွေကို အကြမ်းဖက်ရာမှာ ထင်ရှားတဲ့နေရာ ဖြစ်နေပါပြီ။ ပြည်နယ်ဝန်ကြီးချုပ် Mamta Banerjee  လည်း ဒီအမှုတွေရပ်သွားရေးအတွက် လုံလောက်တဲ့ လှုပ်ရှားဆောင်ရွက်မှု မရှိဘူး ဆိုပြီး ဝေဖန်ခံနေရတာပါ။

ပြည်နယ်မြို့တော် ကာလကတ္တားမှာ ၁၆ နှစ်အရွယ် အမျိုးသမီးတဦး အုပ်စုဖွဲ့မတရားကျင့်ခံရစဉ် ဟန့်တားကာကွယ်ခြင်းမရှိဘူးဆိုပြီး ရဲတွေကို ဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။
နောက်ပိုင်းမှာ ဒီအမျိုးသမီး အသတ်ခံရတယ်လို့ ဆိုပါတယ်။

၂၀၁၂ ဒီဇင်ဘာတုန်းကလည်း မောင်းနေတဲ့ဘတ်စ်ကားတစီးပေါ်မှာ အုပ်စုလိုက်မုဒိမ်းပြုကျင့်မှုတခု အိန္ဒိယမှာ ဖြစ်ခဲ့ပါသေးတယ်။
အဲဒီကတည်းကစပြီး လိင်ပိုင်းဆိုင်ရာပြစ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို တင်းကျပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း အသက် ၅၁ နှစ်အရွယ် ဒိန်းမတ် ခရီးသွား အမျိုးသမီးတဦး ဒေလီမှာ အုပ်စုလိုက်မတရားပြုကျင့်တာခံရတယ်၊ သူ့ကို မတရားပြုကျင့်ခဲ့သူပေါင်း အနည်းဆုံး ၅ ဦး ရှိမယ်လို့ ဆိုပါတယ်။

မူရင်းသတင်းကို
Indian Woman Says Gang-Raped on Orders of Village Court ဆိုတဲ့ သတင်းတပုဒ်  http://www.irrawaddy.org/asia/indian-woman-says-gang-raped-orders-village-court.html မှာ ဖတ်နိုင်ပါတယ်။

 
.

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေ ဖမ်းမိတာ ၁ဝ တန် အထိ ရှိတယ်၊ အဲဒီထဲမှာ မြန်မာဆေးတွေပါ ပါနေပါတယ်

အဘထ နဲ့ ကေသီပန်ကို မလေးရှားအစိုးရ သိမ်းဆည်း

Saturday, January 25, 2014
~


မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေ ဖမ်းမိတာ ၁ဝ တန် အထိ ရှိတယ်၊ အဲဒီထဲမှာ မြန်မာဆေးတွေပါ ပါနေပါတယ် တဲ့။

  



အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ thestar အွန်လိုင်းမှာ အဲဒီသတင်းကို ဓာတ်ပုံတပုံနဲ့အတူ ဖော်ပြထားတာပါ။

သိမ်းဆည်းတဲ့ဆေးဝါး ဆိုတာတွေကို ကျန်းမာရေးဌာနအရာရှိကြီးတဦးက ကိုင်ပြထားတဲ့ပုံပါ။
သူ ကိုင်ထားတာကတော့ အဘထ နဲ့ ကေသီပန် သွေးပုပ်ချဆေးတို့ ဖြစ်နေပါတယ်။

(ကေသီပန်အကြောင်း ပါဝင်တဲ့ ဧရာဝတီ အင်တာဗျူးတခုကို http://burma.irrawaddy.org/%E1%81%80_women-right/2013/07/29/45224.html မှာ ဖတ်ပါ။
ထိုင်းနိုင်ငံဈေးကွက်ရောက် အဘထ အကြောင်းကိုတော့ ဒီဘလော့ http://blog.irrawaddy.org/2011/09/blog-post_1130.html မှာ ဖော်ပြခဲ့ပြီးပါပြီ)

 ဒီဆေးတွေက မြန်မာပြည်မှာတော့ အများပြည်သူ  ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလို့ အရောင်းသွက်လွန်းတဲ့ဆေးတွေပါ။

မလေးရှားမှာ ဖမ်းဆီးခြင်းက အဲဒီဆေးတွေ မလေးရှားမှာ မှတ်ပုံတင်မထားလို့ ဖြစ်နိုင်ပါတယ်။

 မှတ်ပုံတင်ထားတယ် ဆိုရင်လည်း ဆေးတွေမှာ စာရွက်စာတမ်း မပြည့်စုံလို့ ဖမ်းတာလည်း ဖြစ်နိုင်ပါတယ်။

 တရားမ၀င်ဆေးတွေကို လိုက်လံစစ်ဆေးရှာဖွေတဲ့အတောအတွင်း ကွာလာလမ်ပူ Lebuh Pudu အရပ်မှာ ဆိုင်တဆိုင်ဖွင့်ထားတဲ့ မြန်မာပြည်သား ၄ ဦး ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဆေးတွေကို လက်ကားဖြန့်တဲ့ဆိုင်များကို စောင့်ကြည့်ပြီး ၀င်ဖမ်းတယ်၊ သိမ်းသွားတဲ့ဆေးတွေက မြန်မာပြည်ကလာတဲ့ဆေးတွေချည်းပဲ မဟုတ်ဘဲ အိန္ဒိယနိုင်ငံထုတ်ဆေးများလည်း ပါဝင်ပါတယ် တဲ့။

မလေးရှားမှာ မြန်မာပြည်သားတွေ အများအပြား ရောက်ရှိနေပြီး မြန်မာပြည်သားတွေ အသုံးများတဲ့ မြန်မာအစားအစာ၊ ဆေးဝါးတွေ အရောင်းသွက်လျက်ရှိပါတယ်။

အပေါ်ပုံမှာ မြင်ရတဲ့အတိုင်းဆိုရင် အာဏာပိုင်တွေ ၀င်စီးတဲ့ ဆိုင်က မြန်မာဆေးတွေ လက်ကားဖြန့်တဲ့ဆိုင်တဆိုင် ဖြစ်ဖွယ်ရှိပါတယ်။
ပြည်ပရောက် မြန်မာပြည်သားတို့ရဲ့ ဈေးကွက်က အင်မတန် ကြီးမားလွန်းတဲ့အတွက် အဘထ နဲ့ ကေသီပန်တို့ကို ထုတ်ဝေတဲ့ လုပ်ငန်းရှင်များလည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တုန့်ပြန်ကြမယ် ထင်ပါတယ်။


Feature အသစ်များနဲ့ - Viber v4.2.0.1656 (Latest Version)

Viber မှာ Call & SMS Block ဆိုတဲ့ Feature အသစ်များနဲ့ - Viber v4.2.0.1656 (Latest Version)

http://www.arabianbusiness.com/incoming/article504236.ece/BINARY/viber.jpg
Viber ဆိုတာကတော့ Android User တိုင်းသိထားပြီးသား Free Call Application တစ်မျိုးပါ။ အခု လည်း Viber ကနောက်ထပ် Version အသစ်ကို မနေ့ကထွက်လာပါပြီ။ အခုအသစ်ထွက်လာတဲ့ Version မှာတော့ ကျွန်တော်လေ့လာကြည့်ရလောက် ကို့ဆီကို မ၀င်စေချင်တဲ့ Contact နဲ့ Message တွေကို Block လုပ်ပေး နိုင်တဲ့ Feature တစ်ခုပါဝင်လာပါတယ်။ ဒါ့အပြင် ဓါတ်ပုံ 10ပုံကို တစ်ပြိုင်နက်ထဲ ပို့နိုင်လာပါပြီ။ Viber Incoming Call နဲ့ Message အသံတွေကိုပါ မိမိစိတ်ကြိုက်အသံပြောင်းလဲနိုင်ပါတယ်ဗျာ။ ဒါ့အပြင်အခြားသော Feature တွေလည်းပါဝင်လာတယ်လိုသိရပါတယ် ကျွန်တော်လည်း ရရချင်း ချက်ခြင်းတင်ပေးလိုက်တာ ဆိုတော့ အားလုံးတော့ မစမ်းရသေးပါဘူး။ ကျွန်တော်စမ်းကြည့်ရသလောက်လေးရှင်းပြပေးလိုက်တာပါဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။ s6.sfcdn.in/M2FmNjU2OWYwNjBlMDA1ZDhhMmJkMjJmYmY1ZmRmNTE0NmRlZmEyMjoxVzZtNlU6ZWFYQlp2RHZubTVSV1AzTGUwQW5lRW9OUXJV/b89afa00fa/Viber_v4.2.0.1656_By_www.pyaephyo.com.apk

Do you like this post? Please link back to this article by copying one of the codes below.
URL: HTML link code:

Friday, January 24, 2014

ဆိုင်ကယ်များကို တက္ကစီ လိုင်စင် ထုတ်ပေးရန် မရှိ .......................









နေပြည်တော်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံအတွင်း ဆိုင်ကယ်တိုက်မှု မြင့်တက် လာသောကြောင့် မော်တော်ဆိုင်ကယ်များကို
ခရီးသည် တင်ဆောင် ပြေးဆွဲနိုင်သော ဆိုင်ကယ် တက္ကစီများအဖြစ် တရားဝင် လိုင်စင်ထုတ်
aပးမည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်
သိန်းက ပြောကြား သည်။

ဇန်နဝါရီ ၂၂ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ဧရာ
ဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်
ရီက ဆိုင်ကယ် တက္ကစီများကို တရားဝင်လိုင်စင် ထုတ်ပေးရန်အတွက် ပြည်ထောင်စုအစိုးရမှ
ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် မေးခွန်းအပေါ် ၎င်း
က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု (ယာဉ်မတော်တဆမှု)
ထက်ဝက်မှာ ဆိုင်ကယ်ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သောကြောင့် ဆိုင်ကယ်များမှာ ခရီးသည်
များအတွက် စိတ်ချယုံကြည်၍ မရသော အငှားယာဉ်များ ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

“လက်ရှိ အလုပ်ကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ဒေသတွင်း သယ်ယူပို့ဆောင်မှု မပြည့်စုံခြင်း
တို့ကြောင့် ယာယီခွင့်ပြုထားခြင်း ဖြစ်ပြီး ဥပဒေအရ အငှားယာဉ်အဖြစ် ခွင့်ပြုမထားဘူး” ဟု
၎င်းကဆိုသည်။

တက္ကစီအဖြစ် ပြေးဆွဲနေသော မော်တော်ဆိုင်ကယ်များကို အနှေးယာဉ် (ဆိုက်ကား) များကဲ့
သို့ လိုင်စင်ပေးပြီး မြို့နယ် စည်ပင်သာယာ နယ်နိမိတ်များတွင် ပြေးဆွဲ ပို့ဆောင်ခြင်းအားဖြင့်
နိုင်ငံတော်က အခွန်ငွေများရရှိမည် ဖြစ်ပြီး စည်းကမ်းတကျ ဖြစ်ကာ ပဋိပက္ခများကို ရှောင်
ရှားနိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောကြား
သည်။

မော်တော်ဆိုင်ကယ် တက္ကစီအဖြစ် ပြေးဆွဲသူများသည် စားဝတ်နေရေး မပြေလည်သူ အများ
စုဖြစ်ပြီး နိုင်ငံတော်က ထပ်မံအခွန်ကောက်ခံရန် မပြုသင့်ကြောင်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုး
တက်လာသည်နှင့် အမျှ ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ဆိုသည်။

တစ်နိုင်ငံလုံးတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁၁,၃၈၃ မှု ရှိရာတွင် မော်တော်
ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် အမှုပေါင်း ၅၉၇၆ မှုရှိပြီး ဒဏ်ရာရသူ ၈၉၃၁ ဦးနှင့် သေဆုံး
သူ ၁၃၁၀ ဦး ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းအရ သိရ
သည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဆိုင်ကယ်များကို တက္ကစီ လိုင်စင် ထုတ်ပေးရန် မရှိ http://www.simon-vlog.com/2014/01/blog-post_883.html#ixzz2rGhSGgkN
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

********* အမျိုးသမီးများ အတွက် အရေပြားပေါ်က ကျန်းမာရေး နှင့် အလှတရား *********.....

********* အမျိုးသမီးများ အတွက် အရေးပြားပေါ်က ကျန်းမာရေး နှင့် အလှတရား *********
မိန်းမသားလေးတွေ အစဉ်လှပကျန်းမာနေဖို့ န္ဓာကိုယ်ပေါ်က အရေပြား တစ်ထောက်စာလေးအတွက်
ဒီလို မကောင်းတဲ့ အမူအကျင့်လေးများကို ရှောင်ရှား နိုင်ဖို့တင်ပြပေးလိုက်ပါတယ် ။

ကိုယ်တို့ အမျိုးသမီး အတော် များများဟာ လှချင်ပချင် အလှအပကို မက်မောသလောက် အလှအပ
ကိုထိန်းသိမ်းဖို့ ကြတော့ မေ့လျော့ နေတတ်ကြတယ်လေ ။ အလှအပကို တွယ်တာတတ်ရင် အလှအပနဲ့ စပ်ဆက်နေတဲ့
န္ဓာကိုယ် ကျန်းမာရေး အထူးသဖြင့် အရေးပြား ကျန်းမာရေးကိုလည်း ထိန်းသိမ်းသင့်လှပါတယ် ။

ကျွန်မတို့ အမျိုးထုအတွက် အလှအပနဲ့ ကျန်းမာရေးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်နေတတ်လို့ ပါ။
အမျိုးသမီးလေးများ အနေနဲ့ ဆံပင် မျက်နှာ အသားအရေ ခြေသည်းလက်သည်း ပိုင်းဆိုင်ရာလေးတွေကို သွားရင်း
ဟန်လွဲ နေ့စဉ် အပြုအမူလေးတွေကို ဂရူ့မူတတ်မယ်ဆိုရင် လှပကျော့ရှင်းပြီး ကျက်သရေရှိတဲ့ ကြည်လင်စိုပြေ၀င်းလတ်
တဲ့ အရေပြားအလှကို ပိုင်ဆိုင်စေမှာ မလွဲပါဘူးရှင် ။

အမျိုးသမီးလေးများ အနေနဲ့ မိမိအလှကို ဘယ်အရာတွေက ဖျက်ဆီးနေလဲဆိုတာ တခါတခါ မေ့လျော့
နေတတ်ကြပါတယ် .................. အမျိုးသမီးလေးတွေ နေ့စဉ်သတိမမူမိတဲ့ အရာတွေက အလှအပအတွက် အဆိပ်
အတောက်တွေ ဖြစ်လာစေတတ်ပါတယ် ။

ခေါင်းအစ ခြေအဆုံး သိမ်းကျုံး ကြည့်လိုက်ရင် အရာအားလုံးဟာ သူ့အစပ်အဆက်နဲ့ သူပြည့်စုံနေမှသာ
လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံး ဆိုသလို ပြည့်စုံလှပနေမှာပါ ။ဒီလို မဟုတ်ပဲ မျက်နှာလေးကတော့ အမြဲဆေးကြောသန့်
စင်ထားတော့ လှပါရဲ့ ဆံပင်က စီးကပ်ကပ် မွဲတဲတဲ မျက်ခုံးက ပုံမကျ ပန်းမကျ ရူပ်ပွပွ ဆိုလည်း ဒီအမူအကျင့်ဆိုးက
အမျိုးသမီးတစ်ယောက် ရဲ့ အလှကို ပျက်စေပါတယ်ရှင် ။

မျက်နှာလေး လှပသလို မျက်ခုံးလေးတွေကို ဂရုတစိုက် ပြုပြင်ပေးပြီး သေသပ်လှပစွာ ပုံဖော်ပေးထားမယ်
ဆံပင်လေးများကိုလည်း ၂ ရက်တစ်ခါလောက် ဆေးလျော်သန့်စင်ထားမယ်ဆိုရင်တော့ လှတစ်မျက်နှာ ပိုင်ရှင်လေး ဖြစ်
မယ်ပေါ့ ။

ဒီလို ဆံပင်တွေ မျက်နှာလေးတွေကို သတိမမူပဲ နေချင်သလို နေ လျော်ချင်မှလျော် ဆိုရင်တော့ ဒီမ
ကောင်းတဲ့ အမူအကျင့်လေး တခုကြောင့် တစ်ကိုယ်ရေ ကျန်းမာရေးကို ထိခိုက်သလို အလှတရားတခုကိုလည်းပျက်စေ
ပါတယ် ................. ဖောက်တွေထလာမယ် အရေပြားတွေ ယားယံလာမယ် ကုတ်ခြစ်မိရင် အနာတွေပါဖြစ်လာတတ်
ပါတယ် ။ ဒါကြောင့် အမျိုးသမီးလေးများ မျက်နှာ အလှကို ဂရုစိုက်သလို ဆံပင်ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပါ ။

သင့်မျက်နှာလေးမှာ အဖုအပိန့် ၀တ်ခြံတွေ ထွက်တတ်ရင်လည်းကုတ်ခြစ်ဖဲ့ညှစ်မပြစ်ပဲ သန့်ရှင်းစွာ
တနေ့ ၃ ကြိမ်လောက် မျက်နှာသစ်ပေးပြီး သကြားနုနုလေးကို မျက်နှာပြင်ပေါ် ညင်သာဖွဖွလေးပွတ်တိုက်ပြီး နာရီဝတ်
တနာရီး ထားပေးပြီး သန့်စင်လိုက်ရင် ၃ ခါ လုပ်ပြီးရင် အသားအရေလေးများ နူးညံ့လာပြီး ၀တ်ခြံတွေ အမဲစက်တွေက
နေ ကင်းစင် ပပျောက်ပါလိမ့် ။

နောက် မျက်နှာလေး တစ်ခုကတော့ ဖွေးသန့်နေပါရဲ့ ကျန်န္ဓာကိုယ် အရေပြားတွေက တွန့် အရေး
ကြောင်းတွေက ထ လက်ခြေ လည်ပင်းတွေ က အရွယ်လွန်တစ်ယောက်လို ရူံ့တွန့်လာနေတတ်တာကို အမျိုးသမီးတော်
တော်များများ သတိမမူမိကြပါဘူး ။ ငွေကုန်မှ လှတာ မဟုတ်ပါဘူး ။ အိမ်မှာသုံးနေတဲ့ အရာ များကလည်း သင်တို့ အရေ
ပြား အလှကို အမှန်တကယ် အကူအညီ အများကြီး ပေးပါတယ် ။

အရေပြားလေးတွေ တင်းရင်း စိုပြေနေစေဖို့ သင်တို့မမေ့လျော့ဖို့ပဲ လိုပါတယ် ။ ခရမ်းချင်သီး ဆားဆိုတာ
အိမ်တိုင်းမှာ နေ့စဉ် အသုံးအဆောင် တခုပါရှင် ။ ခရမ်းချင်သီးကိုဟင်းချက်ရာမှာ သုံးကြရင် အထဲက အရေတွေကို ညှစ်ထုတ်
သုံးတတ်ပါတယ် ။ အဲဒီအရည်တွေကို ခွက်သန့်လေးတခုနဲ့ထည့်ထားပြီး ခြေ လက်တွေ လည်ပင်းတွေကို လူးပေးထားပြီး
ရေးချိုးတဲ့ အခါမှ သန့်ရှင်းပြစ်လိုက်ပါ ။ ရေချိုးခါနီး ပြီဆိုရင်လည်း ဆားနုနုလေး လက်တဆုတ်စာနဲ့ ခြေ လက်တွေကို ပွတ်
တိုက်ပေးသင့်ပါတယ် ။ ဒီနှစ်မျိုးကို အမြဲမဟုတ်တောင် ရက်ခြားလေး အသုံးပြုမယ်ဆိုရင် သင့်တို့တွေရဲ့ အရေပြားအလှ
`ဟာ ၀င်းစိုချောမွတ်ပြီး တင်းရင်းလာတာကို ၂ ပတ်ကျော်ရင် မလွဲမသေ တွေ့မြင်ပိုင်ဆိုင်ရမှာပါ ရှင် ။

ဒီအမူအကျင့်လေးကို အမျိုးသမီးထုတွေ မေ့လျော့နေတတ်ပါတယ် ။ ဆယ်ကျော်သက် အမျိုးသမီးလေး
များရဲ့ မကောင်းတဲ့ အမူအကျင့်လေးကတော့ မျက်နှာခြေလက်တွေကတော့ စိုပြေပါရဲ့ ခြေသည်းလက်သည်းလေးများကို
တော့မေ့လျော့တတ်ပြန်ပါတယ် ။

အမျိုးသမီးထုအတွက် ခြေသည်း လက်သည်း အလှကျန်းမာရေးကလည်း အရေးပါ
အရာရောက်လွန်းပါတယ် ။ ခြေသည်း လက်သည်း တွေ များမိုစွဲရောဂါ ရပြီဆိုရင် ကုရခတ်သလို ငွေကုန်ကြေးကျ အရမ်းများ
ပါတယ် ။ ဒီဆိုးကျိုး တရားကို ဖြစ်တည်စေတတ်တာက ခနခန ခြေသည်းလက်သည်း ဆိုးတတ်သူတွေ ဖျက်ဆေးနဲ့ ခနခန
ဖျတ်တတ်သူမျိုးတွေပေါ့ ။ လက်သည်း ခြေသည်း ကြားထဲမှာ အညစ်အကြေးတွေကို နေ့စဉ်သန့်ရှင်းဖို့မေ့လျော့နေတတ်
ကြသူတွေပေါ့ ။

ခြေသည်းလက်သည်း အိတ်လေးတွေ စိုပြေ ပြီး ပန်းရောင်လေးသန်းနေစေဖို့ဆိုရင် အိမ်သုံး သံပုရာသီး
နဲ့ ပွတ်တိုက်သန့်စင်ပေးပါ ။ နောက် BODY LOTION လေးနဲ့ ပွတ်လိမ်းပေး ပါ ။အရှည်ထားချင်သူတွေ`ဟာ
သွားပွတ်တံလေးနဲ့ ခြေသည်းခြား လက်သည်းလေးတွေကို သန့်ရှင်းပေးသင့်ပါတယ် ။

ဒါတွေကတော့ အပြင်ပန်းကနေ မြင်နိုင်တဲ့ ဂရုစိုက်သင့်တဲ့ တကိုယ်ရေ အလှအပကျန်းမာရေးတွေပေါ့ ။
နောက် အမျိုးသမီးလေးများရဲ့ မမြင်နိုင်တဲ့ အလှတရား များအတွက် လည်း ဆက်လက်တင်ပြပေးလိုက်ပါတယ် ။
ဒီအတွင်း အလှတွေကို ဂရုစိုက်တတ်ရင် သင့်ရဲ့ ကျန်းမာရေးကိုလည်း တစ်ဝတ်ထိန်းသိမ်းပြီးသားဖြစ်ပါလိမ့်မယ် ရှင်။

သွားလေးတွေကို ပုလဲသွယ်လေးလို ဖြူစင် နေဖို့ သတိပြုပါ ။ မိမိသွားလေး က၀င်းနေတတ်တယ် သွေး
ထွက်တတ်တယ် အနံဆိုး နံတတ်တယ်ဆိုရင်တော့ သွားလေးတွေ ဖြူဖွေးစေဖို့ ငှတ်ပျော်ခွံနဲ့ ပွတ်တိုက်ပေးပါ သွေးနဲ့ အပုပ်
နံ့အတွက်ကိုတော့ ဆားရေနဲ့ လုပ်ကျင်းတဲ့ အလေ့အကျင့်လေးကို စွဲမြဲလုပ်ဆောင်ပေးပါ ။

နောက် ချိုင်းသားလေးတွေ ဖြူစင်စေဖို့ အမွှေးအမျှင်တွေကို တချို့ အမျိုးသမီးတွေက ပြီးစလွယ် ဓားနဲ့
ရိတ်သိမ်းတတ်ပါတယ် ။ ဒီအပြုအမူဟာ အမွှေးအမျှင်တွေကို ပိုမိုသန်မာစေပြီး အပေါက်မြန်စေပါတယ် ။ မိန်းမသားတစ်
ယောက်ရဲ့ အလှတရားကို ဖျတ်ဆီးတတ်ရာမှာ ချိုင်းသားတွေလည်း ပါပါတယ် ။ ချိုင်းက မသန့်ရှင်းရင်လည်း အနံ့ဆိုးနဲ့
ဘတ်တီးရီးယား ပိုးတွေ ခိုဝင်အောင်းနေတတ်ပြန်ပါတယ် ။

ဒါကြောင့် ချိုင်းသားတွေကို နူးညံ့ဖြူစင်နေဖို့ သံပုရာသီးနဲ့ ရေချိုးပြီးတိုင်း အပြင်သွားတိုင်း ပွတ်လိမ်းပေး
ပါက အနံ့ဆိုးတွေကို ဖယ်ရှားပေးတတ်လို့ အမျိုးသမီးလေးတွေ လူကြားသူကြား အများ နှာခေါင်းရူံ့ခြင်းမှကင်းဝေးမူ့ကို
အာမခံပါတယ်ရှင် ။

နောက်တခု အမျိုးသမီးလေးများရဲ့ (( BEAUTY BUST )) တွေ လှပတင်းရင်း စိုပြေ နူးညံ့ပြီး
ကျန်းမာနေစေဖို့ ရေချိုးပြီးတိုင်း LOTION တခုခုနဲ့ စက်ဝိုင်းပုံ ပွတ်တိုက်ဆွဲတင်ပေးပါ ။ ဒီလိုနေ့စဉ် ပြူမူပေးထားရင်
လှပတင်းရင်း စိုပြေလာသလို ရင်သား ကင်ဆာ ဖြစ်ခြင်းမှ မလွဲမသွေရှောင်ရှားနိုင်ပါတယ် ဆိုတာ အကြံပြုပါရစေ ။

အမျိုးသမီးထုအတွက် အရေးပါဆုံး အတွင်းတနေရာက ဆိုးကျိုးနဲ့ ယှဉ်တွဲနေတတ်တဲ့ ကျန်းမာရေးကို
လည်း ထိခိုက်စေနိုင်တဲ့ နေရာကတော့ ပေါင်ခြံ အခြေ အတွင်းသားတွေနဲ့ (( VULVA AND CLITORIS ,LABIA ))
တွေပါ ။ တချို့ တချို့သော အမျိုးသမီးတွေဟာ ဒီနေရာတွေသန့်ရှင်းမူ့ကို အနောက်တိုင်းသူတွေလို မထိန်းသိမ်း
တတ်ကြပါဘူး ။ ဒီနေရာ အားလုံးဟာ အမျိုးတွေရဲ့ အဓိက အကျဆုံးနဲ့ သန့်ရှင်းမူ့ အလိုအပ်ဆုံး နေရာပါ ။

ဒီလိုနေရာတွေနားမှာ ရှိတဲ့ အမွှေးအမျှင်တွေကို အမြဲရိတ်သိမ်းပေးသင့်ပါတယ် ။ ဒီလိုလုပ်ပေးခြင်းအား
ဖြင့် ဘတ်တီးရီးယား ပိုးတွေကို ကာကွယ်ပေးနိုင်ပါတယ် ။ အပျိုအအို နှစ်စားလုံးအတွက် ကောင်းတဲ့ အလေ့အကျင့်ပါ ။
တချို့ အမျိုးသမီးများဟာ ဆီးသွားပြီးရင် မေ့လျော့စွာနေထိုင်တတ်ပါတယ် ။ ဆေးကြောသန့်စင်မူ့ မရှိတတ်ကြပါဘူး ။

နောက် အတွင်းခံဘောင်းဘီတွေကို တနေ့တာဝတ်ဆင်ပြီး နောက်နေ့ဆက်ဝတ်တတ်သူတွေဟာ
အဲဒီကနေ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ် ။ ဘောင်းဘီတွေရဲ့ စိုထိုင်းမူ့တွေကြောင့် ပိုးတွေဝင်ရောက်တတ်ပါတယ် ။
အနံ့ဆိုးတွေကိုလည်း ထွက်စေပါတယ် ။

ဒါကြောင့်ဘောင်းဘီတွေကို နေ့စဉ် လျော်ဖွတ် မီးမူတိုက်ပေးပြီးမှ ၀တ်ဆင်သင့်ပါတယ် ရှင်။ ဆီသွားပြီး
တိုင်း ရေနဲ့စင်စင်ဆေးသင့်သလို တစ်ရူးသန့်သန့်လေးနဲ့လည်းသုတ်သင် သင့်ပါတယ် ။

ဒီလို အမူအကျင့်ကို မပြုလုပ်သူတွေဟာ အများအားဖြင့် ယားယံခြင်း ကပ်ပါး မွှားများကပ်ညှိတတ်ခြင်း
အဖုအပိန့် အကျိတ်များထွက်ခြင်း စတာတွေ ခံစားရတတ်ပါတယ် ။ နောက် ပေါင်ခြံသားတွေကိုလည်း ဆေးကြောသန့်စင်မူ့
မရှိရင် မဲညစ်စေတတ်ပါတယ် ။ ဒါကြောင့်သန့်ရှင်းဆေးကြောသန့်စင်သင့်ပါတယ် ။ ပြီးရင် ပေါင်ခြံသားတွေကို LOTION
တခုခု လိမ်းပေးသင့်ပါတယ် ။

အိမ်ထောင်သည် အမျိုးသမီးတွေ အတွက်ကောင်းကျိုး အများဆုံးရစေနိုင်တာကတော့ အဲဒီနားပတ်လယ်
အမွှေးအမျှင်တွေကို ရိတ်သိမ်းသန့်စင်သင့်ပါတယ် အဲဒီအလေ့အကျင့်ကောင်းလေးများကို ပြုလုပ်ပေးရင် သင့်အတွက်
ကောင်းကျိုး ရစေနိုင်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်ရှင်။

အမျိုးသမီးတွေ အားလုံး မေ့လျော့နေတဲ့ ဒီအမူအကျင့်လေးများကို လိုက်နာကျင့်သုံးတတ်လာမယ်
ဆိုရင်တော့ တကိုယ်ရေ အလှတရားနဲ့ လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံး သိမ်းကျုံးကြည့်လိုက်တာနဲ့ မိန်းမသားတစ်
ယောက်ရဲ့ စိုပြေကြည်လင်သန့်ရှင်းတဲ့ အလှတရားတခုကို သင်ကိုယ်တိုင် ပိုင်ဆိုင်နိုင်ပါလိမ့်မယ်ဆိုတာ .................
........................................................................
(((( အမျိုးသမီးတိုင်း ကျက်သရေရှိစွာ ကြည်လင်လှပစိုပြေ ကျန်းမာတဲ့ အလှတရားတွေကို ပိုင်ဆိုင်နိုင်ပါစေရှင် ))))

******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******
( ၂၁ . ၁ . ၂၀၁၄ .)

Android Phone ထဲမှာ Facebook အသုံးပြုသူအချင်းချင်း Free Call ခေါ်မယ်....................


မင်္ဂလာပါ ဒါလေးကတော့ တော်တော်ကိုကောင်းမွန်တဲ့ apk ကောင်းလေးတစ်ခုပါ .။
facebook အသုံးပြုသူအချင်းချင်း free call ခေါ်နိုင်တဲ့ apk လေးပါ
ထွေထွေ ထူးထူး ပြောပြမနေတော့ပါဘူး .။ အသုံးပြုလိုသူများ အောက်ပါလင်ခ့်မှာ ဒေါင်းလုပ်ယူနိုင်ပါတယ် ခင်ဗျာ .။

                                                                 Downlaod here

http://www37.zippyshare.com/v/75897255/file.html
http://sayarchan.blogspot.com/2013/12/android-phone-facebook-free-call.html

XXX video တွေကို ဒေါင်းယူနိုင်မယ့် apk ကောင်းကောင်းလေး (မိန်းခလေးများ မပါပါ)....................


ဒါဟာ သင့်တော်ပါ့မလား လို့  စဉ်းစားခဲ့ပါသေးတယ် .။ ဒါပေမယ့်လည်း တစ်ခြား browxer တွေ လည်း ဒေါင်းလုပ်လုပ်ကြဦးမှာပဲလေ .။ ဒီပိုစ့်တင်ခြင်း မတင်ခြင်းက ဘာမှ မထူးတာကြောင့်  Android ပိုင်ရှင်များအတွက် လွယ် ကူ အဆင်ပြေ နိုင်စေတဲ့ ရည်ရွယ် ချက်လေး နဲ့  တင်ပေးလိုက်တာပါ .။
ဘာလဲဆိုရင် လူတော်တော် အသိများနေတဲ့  www.xvideos.com  နဲ့ တစ်ခြား porn ဆိုဒ်တွေက နေ viedo သီးသန့်  ဒေါင်းယူနိုင်တဲ့  apk လေးပါ .။ Screen Shoot ကတော့ မလုပ်တော့ပါဘူး .။ အသုံးပြုလိုသူများ အောက်ကလင်ခ့်ကို ကလစ်ပီး ဒေါင်းလိုက်ပါ.။

                                                            download here

http://www.mediafire.com/download/c3t1z6l3mm3ztp9/prank.xxx.videos.p*rn.app.apk
မှတ်ချက် ။      ။ မိန်းကလေးများ မပါ .။
http://sayarchan.blogspot.com/2014/01/xxx-video-apk.html