Friday, January 24, 2014

ဆိုင်ကယ်များကို တက္ကစီ လိုင်စင် ထုတ်ပေးရန် မရှိ .......................









နေပြည်တော်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံအတွင်း ဆိုင်ကယ်တိုက်မှု မြင့်တက် လာသောကြောင့် မော်တော်ဆိုင်ကယ်များကို
ခရီးသည် တင်ဆောင် ပြေးဆွဲနိုင်သော ဆိုင်ကယ် တက္ကစီများအဖြစ် တရားဝင် လိုင်စင်ထုတ်
aပးမည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်
သိန်းက ပြောကြား သည်။

ဇန်နဝါရီ ၂၂ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ဧရာ
ဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်
ရီက ဆိုင်ကယ် တက္ကစီများကို တရားဝင်လိုင်စင် ထုတ်ပေးရန်အတွက် ပြည်ထောင်စုအစိုးရမှ
ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် မေးခွန်းအပေါ် ၎င်း
က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု (ယာဉ်မတော်တဆမှု)
ထက်ဝက်မှာ ဆိုင်ကယ်ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သောကြောင့် ဆိုင်ကယ်များမှာ ခရီးသည်
များအတွက် စိတ်ချယုံကြည်၍ မရသော အငှားယာဉ်များ ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

“လက်ရှိ အလုပ်ကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ဒေသတွင်း သယ်ယူပို့ဆောင်မှု မပြည့်စုံခြင်း
တို့ကြောင့် ယာယီခွင့်ပြုထားခြင်း ဖြစ်ပြီး ဥပဒေအရ အငှားယာဉ်အဖြစ် ခွင့်ပြုမထားဘူး” ဟု
၎င်းကဆိုသည်။

တက္ကစီအဖြစ် ပြေးဆွဲနေသော မော်တော်ဆိုင်ကယ်များကို အနှေးယာဉ် (ဆိုက်ကား) များကဲ့
သို့ လိုင်စင်ပေးပြီး မြို့နယ် စည်ပင်သာယာ နယ်နိမိတ်များတွင် ပြေးဆွဲ ပို့ဆောင်ခြင်းအားဖြင့်
နိုင်ငံတော်က အခွန်ငွေများရရှိမည် ဖြစ်ပြီး စည်းကမ်းတကျ ဖြစ်ကာ ပဋိပက္ခများကို ရှောင်
ရှားနိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောကြား
သည်။

မော်တော်ဆိုင်ကယ် တက္ကစီအဖြစ် ပြေးဆွဲသူများသည် စားဝတ်နေရေး မပြေလည်သူ အများ
စုဖြစ်ပြီး နိုင်ငံတော်က ထပ်မံအခွန်ကောက်ခံရန် မပြုသင့်ကြောင်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုး
တက်လာသည်နှင့် အမျှ ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ဆိုသည်။

တစ်နိုင်ငံလုံးတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁၁,၃၈၃ မှု ရှိရာတွင် မော်တော်
ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် အမှုပေါင်း ၅၉၇၆ မှုရှိပြီး ဒဏ်ရာရသူ ၈၉၃၁ ဦးနှင့် သေဆုံး
သူ ၁၃၁၀ ဦး ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းအရ သိရ
သည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဆိုင်ကယ်များကို တက္ကစီ လိုင်စင် ထုတ်ပေးရန် မရှိ http://www.simon-vlog.com/2014/01/blog-post_883.html#ixzz2rGhSGgkN
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment